အမှတ်(၅၄)
တက္ကသိုလ်ရိပ်သာလမ်း
ဗဟန်းမြို့နယ်
ရန်ကုန်မြို့။
ဒီခြံထဲက အိမ်ကြီးမှာ
တို့ဖခင်ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်
အသက်ထက်ဆုံး နေသွားခဲ့ဘူးတယ်။
ညီမဖြစ်သူရဲ့ကရုဏာနဲ့
သခင်သန်းထွန်းဇနီး ဒေါ်ခင်ကြီး
ဒီခြံထဲမှာဘဲချို့ချို့တဲ့တဲ့ နေသွားခဲ့ဘူးတယ်။
မိခင်ဖြစ်သူကို နေစရာ ပေးထားသည့်အတွက်
ကျေးဇူးဆပ်သောအားဖြင့်
ဒေါ်ခင်ကြီးက ပါလာတဲ့သား
ဗိုလ်မှူးခင်မောင်အေးဆိုသူက
သူ့အမေနေခဲ့တဲ့ မြေနေရာကို
ပိုင်းရောင်းစားဖို့ ကြံခဲ့ဖူးတယ်။
ပါဝါ(၅၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမွေးဖွားပေးရာ
ဘူမိနက်သန် နေရာမှန်ဖြစ်တယ်။
အကြောက်တရား ကြီးမားလှတဲ့
လက်နက်ကိုင် အာဏာပိုင်တို့အတွက်
မုဆိုးမတစ်ယောက်ရဲ့ နှုတ်ဖျားက
ထွက်လာတဲ့ စကားသံတွေ
ဒီမိုကရေစီအရေး တိုက်ပွဲခေါ်သံ
လူထုခေါင်းဆောင်
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်
ဒီမိုကရေစီမိခင် အတွက်
အင်းစိန်ထောင်ရဲ့လက်ခွဲအဆောင်
တစ်ဆယ့်လေးနှစ် ကျော်ကျော်
အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့
အကျဉ်းထောင်လည်း ဖြစ်ခဲ့ဘူးတယ်။
ပြဿနာကို မီးခွက်ထွန်းရှာဖို့အတွက်
ဂျွန်ယက်တောဆိုတဲ့ လူ
ဒီခြံထဲကိုတိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့ဖူးတယ်။
ဒီခြံထဲကို နဝတ နအဖ အစရှိတဲ့အဖွဲ့တွေက
နိုင်ငံ့ခေါင်းဆောင်တွေ လူမသိသူမသိ
ဝင်ထွက်သွားလာဖူးတယ်။
လူထုခေါင်းဆောင်နဲ့ တွေ့ဆုံဖို့
နိုင်ငံခြား သံတမန်တွေ
ဒီခြံထဲကို ဝင်ထွက်သွားလာဖူးတယ်။
ဟီလာရီကလင်တန် ဒေးဗစ်ကင်မရွန်း
အစရှိတဲ့ ကမ္ဘာ့နိုင်ငံအသီသီးက နိုင်ငံ့ခေါင်းဆောင်တွေ
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ
ဝင်ထွက်သွားလာဘူးတယ်။
စကားမစပ်
အကျဉ်းကျနေတဲ့လူထုခေါင်းဆောင်ကို
UNကအတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းက
ထောင်ဝင်စာတွေ့ဖို့ ကြိုးစားခဲ့ပေမဲ့
တန်းစီးက တံခါးဖွင့်မပေးလို့
ဘန်ကီမွန်းကြီး နောက်လှည့်ပြန်ခဲ့ရဘူးတယ်။
လှပတဲ့အနာဂတ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက်
တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ခေါင်းဆောင်တွေ
လူထုအမေနဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ဆွေးနွေးကြရာ
နေရာလည်း ဖြစ်တယ်။
ပါဝါ(၅၄)
နိုင်ငံတော် ဧည့်ဂေဟာမဟုတ်
ခမ်းနားထည်ဝါတဲ့ ဧည့်ခန်းမရှိသော်ငြား
နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေ
သံတမန်ဧည့်သည်တွေ ဝင်ထွက်သွားလာနေမြဲ။
ပါဝါ(၅၄)
ပင်လုံဒေသ မဟုတ်သော်ငြား
ငြိမ်းချမ်းရေး လိုလားတဲ့
တိုင်းရင်းသား ခေါင်းဆောင်တွေ
ဝင်ထွက်သွားလာနေမြဲ။
ပါဝါ(၅၄)
ရှားရှားပါးပါး
ဒီအစ်ကိုဒီနှမ
မိဘတွေ မရှိကြတဲ့နောက်
အစ်ကိုဖြစ်သူ ဈေးသုံးပြတ်လို့
နေစရာမရှိတဲ့ နှမထံမှာ
အမွေခွဲတဲ့ အတွက်
အမှုဆိုင်နေရဆဲ မြေဇာပင်အိမ်တလုံး။
နေရဲနီ
ဓာတ်ပုံ On Asia (1996)ခုနှစ်.
ဓာတ်ပုံ On Asia (1996)ခုနှစ်.

This is a very good poem showing comprehensive history of Burma Democracy movement and the 54, University Avenue Building
ReplyDeleteA precious historical place!
ကောင်းသားဘဲ
ReplyDeleteစက်တင်ဘာဦးနေ
ပါဝါ 54 ကို ကျမ ဟိုး .... ငယ်ငယ်လေးကတည်းက ဆယ်တန်းအောင်ပြီးစ ထင်ပါရဲ့..... အဲဒီအချိန်တုန်းက အဆိုတော်လေးဖြူ ပါဝါ 54 စီးရီးထွက်ကတည်းက ရင်းနှီးနေတာ၊ အခု အဲဒီ ကဗျာလေးကို ရလိုက်လို့ ကျေးဇူးတင်ပါတယ်။
ReplyDeleteပါဝါ ၅၄ လေးဖြူဆိုတုန်းက အပိတ်ခံရတယ်လေ ... လေးဖြူပါဝါ ဆိုပြီးပြန်ထွက်လာတယ် .... အကယ်လို့ လေးဖြူတာ ခြင်္သေ့ဘက်ကဆိုရင် ထာဝရ ပုရိတ်သက် ကနေ နုတ်ထွက်လိုက်ပါမယ်
ReplyDeleteထောင်ထဲကနိုင်/ကျဉ် ကို ဗန်းပြပြီး လုပ်စားတဲ့ ( AAPP က ဘိုကြည် ၊ တိတ်နိုင် တို့ လို) ဂန်ဂလား ကို သိက္ခာကို ခွာချတာထားခဲ့တဲ့  ပါဝါ 54 ပါ
ReplyDeleteကောင်းလိုက်တဲ့ ဖွဲ့နွဲ့ စုစည်းမှု့လေးပဲဗျာ.. ထိထိ မိမိ ရှိတယ်.. Bravo !
ReplyDelete