Pages

Wednesday, May 9, 2012

ယနေ့ ဘဘဦးတင်ဦးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးတဲ့ တာမွေမြို့နယ် အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနား..


 ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေ မြို့နယ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားး

အဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦးနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ ပါတယ်..။ တာမွေမြို့နယ် ပြည်သူလူထု(၄ ထောင်ကျော်မှ   နေ့လည် ၁ နာရီ ခွဲ ခန့်မှ စ၍ စုဝေးစောင့်ဆိုင်းခဲ့ကြပါတယ်..။ ညနေ ၅နာရီ ခွဲ ကျော်မှာ အဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦးနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ရောက်ရှိလာခဲ့ပြီး ပြည်သူလူထုအား အမှာစကား မိန့်ခွန်းများ ပြောကြားခဲ့ပြီး ည ၇ နာရီခန့်မှာ ပြန်လည်ထွက်ခွါ သွားခဲ့ပါတယ်..။

အခန်းအနားအား အစီအစဉ် ၆ ရပ်ဖြင့် ကျင်းပခဲ့ပါတယ်.။

၁ ။ တာမွေမြို့နယ် အဖွဲ့ချုပ်မှ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာခြင်း

၂ ။ တာမွေ မြို့နယ် NLD ဥက္ကဌ မှ အဖွင့် အမှာစကားပြောကြားခြင်း

၃ ။NLD နာယက ဦးတင်ဦးမှ မိန့်ခွန်းပြောကြားခြင်ဒ

၎။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားခြင်း

၅ ။တာမွေမြို့နယ် NLD ဥက္ကဌ မှ ကျေးဇူးတင်စကားပြောကြားခြင်း

၆။ အခမ်းအနားပြီးဆုံးကြောင်း ကြေငြာခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြတဲ့ ပြည်သူလူထုမှ အဖွဲ့ချုပ် ခေါင်းဆောင်များအား သောင်းသောင်းဖြဖြ ကြိုဆိုကာ ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်..။

1 comment:

  1. ဒိထက်မက များများ စားစား မြို့တွေ ကော ရွာတွေ ကော အနံ့လိုက်ဖွင့်ပေးထား သင့်ပြီး 2015 အတွက်။
    စက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။