Pages

Thursday, May 10, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် ဖွဲ့စည်းကြောင်း ကြေငြာချက်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်နယ်နှင့်တိုင်း မြို့နယ်နှင့် ရပ်ကျေးများတွင် ညီလာခံများ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်။

5 comments:

  1. နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရလို့ ပါတီစည်းရုံးရေးတွေ မလုပ်နိုင်ခဲ့ပါ။
    ယခု အချိန်မှာ ပါတီကို စနစ်တကျ စုစည်းခိုင်မာအောင် လုပ်ဆောင်ခြင်းသည် အမှန်တကယ်လိုအပ်ပါသည်။
    ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုကြောင့် ပါတီအင်အားသည် တဟုတ်ထိုး တိုးတက်လာနေပါသည်။
    အဖိနှိပ်ခံပြည်သူတို့သည် NLD မှတပါးအားကိုးရာ မရှိပါ။
    လက်နက်ကိုင် လူ့ငနွားတို့၏ အဓမ္မအနိုင်ကျင့်မှုကို လည်စင်းခံနေရသော လယ်သိမ်းခံ လယ်သမားတို့အတွက်၊ စပါးဈေး ပဲဈေးအဆမတန်ကျဆင်းနေသည့်အတွက် ကျွဲ နွား လယ်ယာတို့ကို ရောင်းချပြီး ကြွေးဆပ်နေရသော တောင်သူဦးကြီးများ၏ မျက်ရည်ကို သုတ်ပေးဘို့အတွက်၊ ကိုယ့်ကျောင်းသင်္ခဏ်းထဲမှာကိုယ်နေ သာသနာပြုအလုပ် အားထုတ်နေပေမဲ့ အာဏာပိုင်တို့၏ ခြိမ်းခြောက်မှုကြောင့် တရားဘာဝနာကို ဖြောင့်ဖြောင့် အားမထုတ်နိုင်သော ဘယ်နေ့ ကျောင်းကနေ နှင်ထုတ်မလဲဟု စိတ်နှလုံးပူပန်နေရသော ဘုရားသားတော် သံဃာတော်တို့အတွက် NLD ၏ အင်အားခိုင်မာမှုကို အမြန်တည်ဆောက်ဘို့လိုအပ်နေပါသည်။
    ဘဘ ဦးဝင်းတင်ပြောသလို မသူတော်တွေက အုပ်ချုပ်ရေး တရားစီရင်ရေး နေရာတိုင်းမှာ ရှိနေပါသည်။
    ဒါတွေကို ပြည်သူ့အားကို အရယူပြီး ဖယ်ရှားမှသာ တန်းတူညီမျှသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ထင်မြင်ချက်ပေးလိုက်ပါသည်။

    ReplyDelete
  2. NLD ကိုစနစ်တကျစုစည်းခိုင်မာအောင်လုပ်ဆောင်ခြင်း
    မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်သလိုစည်းရုံးညီညွတ်ဖို့လဲအရေးကြီးပါသည်။ ပြသနာများရှိတတ်သည်မှာထုံးစံဖြစ် သောကြောင့်ပြသနာများကိုစိတ်ဆန္ဒဒေါသများဖြင့်မဖြေရှင်းပဲ.ခွင့်လွတ်သည်းခံစိတ်ဖြင့်ဖြေရှင်းရန်လိုအပ်ပါသည်။ယခင်ခောတ်ကဖဆပလပါတီကြီးဟာလူထုထောက်ခံမူ့အပြည့်ရရှိထားသော်လည်း.စည်းလုံးမူ့ပျက်စီးခဲ့လို့ ဖဆပလ ၂ခြမ်းကွဲခဲ့ရတဲ့သာဓကတွေရှိခဲ့ပါသည်။ ယနေ့ NLD ကိုဘယ်နည်းနဲ့မှ ၂ ခြမ်းအကွဲမခံနိုင်ပါ။ ထာဝရခိုင်မာသောအဖွဲ့အစည်းတစ်ခုဖြစ်စေချင်ပါသည်။

    ReplyDelete
  3. NLD ကိုစနစ်တကျစုစည်းခိုင်မာအောင်လုပ်ဆောင်ခြင်း
    မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်သလိုစည်းရုံးညီညွတ်ဖို့လဲအရေးကြီးပါသည်။ ပြသနာများရှိတတ်သည်မှာ
    ထုံးစံဖြစ် သောကြောင့်ပြသနာများကိုစိတ်ဆန္ဒဒေါသများဖြင့်မဖြေရှင်းပဲ.ခွင့်လွတ်သည်းခံစိတ်ဖြင့်ဖြေရှင်းရန်လိုအပ်ပါသည်။ယခင်ခောတ်ကဖဆပလပါတီကြီးဟာလူထုထောက်ခံမူ့အပြည့်ရရှိထားသော်လည်း.စည်းလုံးမူ့ပျက်စီးခဲ့လို့ ဖဆပလ ၂ခြမ်းကွဲခဲ့ရတဲ့သာဓကတွေရှိခဲ့ပါသည်။ ယနေ့ NLD ကိုဘယ်နည်းနဲ့မှ ၂ ခြမ်းအကွဲမခံနိုင်ပါ။ ထာဝရခိုင်မာသောအဖွဲ့အစည်းတစ်ခုဖြစ်စေချင်ပါသည်။

    ReplyDelete
  4. NLD ကိုစနစ်တကျစုစည်းခိုင်မာအောင်လုပ်ဆောင်ခြင်း
    မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်သလိုစည်းရုံးညီညွတ်ဖို့လဲအရေးကြီးပါသည်။ ပြသနာများရှိတတ်သည်မှာ
    ထုံးစံဖြစ် သောကြောင့်ပြသနာများကိုစိတ်ဆန္ဒဒေါသများဖြင့်မဖြေရှင်းပဲ.ခွင့်လွတ်သည်းခံစိတ်ဖြင့်ဖြေရှင်းရန်လိုအပ်ပါသည်။
    ယခင်ခောတ်ကဖဆပလပါတီကြီးဟာလူထုထောက်ခံမူ့အပြည့်ရရှိထားသော်လည်း.စည်းလုံးမူ့ပျက်စီးခဲ့လို့ ဖဆပလ ၂ခြမ်းကွဲခဲ့ရတဲ့သာဓကတွေရှိခဲ့ပါသည်။ ယနေ့ NLD ကိုဘယ်နည်းနဲ့မှ ၂ ခြမ်းအကွဲမခံနိုင်ပါ။ ထာဝရခိုင်မာသောအဖွဲ့အစည်းတစ်ခုဖြစ်စေချင်ပါသည်။

    ReplyDelete
  5. ရပ်ကျေးအဆင့်အဖွဲ့ဝင်တွေ ကို အရည်အချင်ရှိသူတွေ ပညာတတ်ပြီး ယုံကြည်ချက်ခိုင်မာသူတွေနဲ့ အားကောင်း မောင်းသန်ဖြစ်နေအောင် ဖွဲ့စည်းကြဖို့ လိုပါတယ်။ ပြည်သူနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အတွက် အလွန်ကို အရေးကြီးပါတယ်။
    လက်ရှိအနေအထားအရ အောက်ခြေအဖွဲ့ဝင်တွေရဲ့ အရည်အချင်းက အားရဖွယ် မကောင်းပါ။ တစ်ချိန်တုန်းက NLDအဖွဲ့ဝင်လည်းလုပ် ရဲသတင်းပေးလည်း လုပ်နေသူတွေက အခုအခါမှာ ထောင်ထောင်နဲ့ ပြည်သူတွေ မျက်မောင်းကျိုးစရာ အလုပ်တွေ လုပ်နေတာကို တွေ့နေရပါတယ်။ တစ်ချို့ ရပ်ကွက်တွေမှာ အလောင်းအစားသမားတွေ လူမိုက်တွေက နေရာဝင်ယူနေကြ ပါတယ်။လုံးဝကို မဖြစ်သင့်ပါ။
    အန်တီစု အနားမှာလဲ သတိကြီးကြီးထားပြီး အမှားကင်းအောင် လုပ်ဆောင်ပေးနိုင်သူတွေ ၀န်ရံနေသင့်ပါတယ်။
    လွှတ်တော်တက်ဖို့အတွက် ကျမ်းကျိန်လွှာမှာ ပါတဲ့ စာသားကို ကြိုတင်လေ့လာထားခြင်း မရှိခဲ့တာဟာ အန်တီစုအနားက လူကြီးတွေရဲ့ အားနည်းချက်ပါ။ အန်တီရဲ့ အားနည်းချက် မဟုတ်ပါဘူး။ ဒီလိုအားနည်းချက်တွေ နောင်မဖြစ်ရအောင် သတိကြီးစွာထားကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။