မြွေပွေးခါးပိုက် ပိုက်
(ကဗျာရှင် နေရဲနီ)
ပြုံ့ယမ်းလှပျိုဖြူတို့ရဲ့ စွဲမက်ဖွယ်အပြုံး
နားဝင်ချိုမြ မြန်မာသံ မပီတပီ ဂီတ
ထူးကဲတဲ့ ဂင်ချီ အရသာ
ဆရာစံလမ်းမှာ ရတယ်။
တောင်ကိုးရီးယားသမ္မတ
မကြာခင်မှာ မြန်မာပြည် အလည်လာမယ်
၁၉၈၃ ခုနှစ်ကအဖြစ်မျိုး မကြုံရလေအောင်
လုံခြုံရေးတွေ ခုကတည်းက
အပြင်းအထန် လေ့ကျင့်နေကြတယ်။
မြွေပွေးမှန်းသိရက်နဲ့
ခါးပိုက် ပိုက်ထားပြီး
မိတ်ဆွေကို လက်ယက်ခေါ်နေမှတော့
ဒီလောက်တော့ရှိမှာပေါ့။
နေရဲနီ
ဓာတ်ပုံ ၁၉၈၃ခုနှစ် အောက်တိုဘာလက လုပ်သားသတင်းစာမှာ ဖော်ပြထားတဲ့ မြောက်ကိုရီးယား သူလျှို ဗိုလ်မှူးဇင်မိုနဲ့ ဗိုလ်ကြီးကင်မင်ချူးတို့အား ရုံးထုတ်လာစဉ်မြင်ကွင်း

ဘုရားရှင်က ကြီးပွါးချမ်းသာလိုလျှင် လူမိုက်ကို ဝေးဝေးက ရှောင်ပါတဲ့၊
ReplyDeleteစစ်ဗိုလ်ချုပ်ကြီးတွေကတော့ လူမိုက် မြောက်ကိုရီးယားတို့၊ ဂုတ်သွေးစုတ် ဘာသာမဲ့တရုတ်တို့ကို ပေါင်းသင်းတယ်။
ပြည်သူကိုသတ်ဘို့ လက်နက်ရရင်ပြီးရော ကိုယ့်မြေပေါ်မှာ အကြမ်းဖက်ဗုံးခွဲတဲ့ မကောင်းဆိုးဝါးနိုင်ငံက လူတွေကို ခြေထောက်ဖက်ရန် ၀န်မလေး။
လူမိုက်နိုင်ငံတွေကို ပေါင်းသင်းတဲ့ ရလာဒ်ကတော့ တိုင်းပြည်စီးပွါးရေး ချွတ်ခြုံကျ၊ နိုင်ငံရဲ့ပုံရိပ်လဲ ရုပ်ပျက် ဆင်းပျက်ဖြစ်ကျန်ခဲ့တာဘဲ အဖတ်တင်တယ်။
မြောက်ကိုရီးယားလူမိုက်ကို ပေါင်းသင်းခဲ့တဲ့ ဦးရွှေမန်းကြီးကတော့ ပြောင်းလဲခဲ့ပါပြီ။ လူလိမ္မာနိုင်ငံကြီးများ၊ လူကို လူလိုဆက်ဆံသော၊ လူ့ကျင့်ဝတ်၊ လူ့အခွင့်အရေးကို တန်ဖိုးထားသော နိုင်ငံကြီးများက စစ်မှန်သော(မဲခိုးပြီးတက်လာသူများမဟုတ်သော)ပါလီမန်ကိုယ်စားလှယ်ကြီးများနဲ့ တွေ့ပြီး လွှတ်တော်အလုပ်တွေကို မှန်မှန်ကန်ကန် ဘယ်လိုလုပ်ရမယ်ဆိုတာ လေ့လာနေပါပြီ။
တစ်ဖက်သတ်တွေပဲရေးနေရင် နိုင်ငံအပေါ်
ReplyDeleteတကယ်စေတနာရှိတာလို့ ကျွန်တော်မမြင်ဘူး။
ဒီအချိန် မှာကျွန်တော်တို့ နိုင်ငံက စည်းလုံးသင့်နေ
တဲ့အချိန်။NLD ရော ပြည်ခိုင်ဖြိုး ရော ကောင်းတာ
တွေရှိသလို ဆိုးတာတွေရှိကြတာပဲ။NLD ရဲ့ မကောင်းမှု
တွေ ၊ အားမရတဲ့အချက်တွေကြတော့ ရေးဖို့သတ္တိမရှိကြ
ဘူးလား။တစ်ဖက်သတ်တွေရေးနေရင် ခင်းဗျားမရိုးသားလို့ပဲ။