ဘုန်းနှင့်ကံနှင့် သဇင်နီ
(ကဗျာရှင် နေရဲနီ)
၁၉၈၉ခုနှစ်က ပုသိမ်ကို သူမ လာရင်
အိမ်ထဲက အိမ်ပြင် ဘယ်သူမှ မထွက်ရ။
ငါတိုင်းမှူးလုပ်တဲ့
ဟောဒီ ဧရာဝတီတိုင်းမှာ
NLD ဆိုတာ မရှိစေရ။
ဆီခမ်းလုမီးခွက်၏ အန္တိမ မီးတောက်သည်
ငြိမ်းလုဆဲဆဲကာလ၌ ဟုန်းကနဲ တချက်
ထ၍ တောက်လိုက်သကဲ့သို့
တိုင်းမှူးမှ လယ်စိုက် ဝန်ကြီး
ထိုမှတဖန် အသံကြောင့်သေရသောဖားကဲ့သို့
အနားပေးခံရပြီး မကြာခင်ပင်
ကမ္ဘာမြေအပြင်၌ သူမရှိတော့။
ဧရာဝတီတိုင်း၌ ခွပ်ဒေါင်းတို့
ရဲရဲတောက်နေသည်ကို သူ မမြင်သွားရရှာပေ။
ဒေါ်စုကြည်ဟာ...............
သူမဟာ အာဏာကို....................
အနောက်နိုင်ငံများ အားကိုး....................
ပြည်ပနိုင်ငံ.................................
အစရှိသော စကားလုံးများဖြင့်
အာဏာစင်ပေါ်မှ ချိုးချိုးဖဲ့ဖဲ့ ပြောခဲ့လေသော
မြွေပွေးမျက်နှာနဲ့လူ ခုတော့
အဆိပ်ထုတ် အစွယ်ချိုးခံခဲ့ရပြီး
နှုတ်ပါအပိတ်ခံနေရပြီ
ရှင်လျက်နဲ့ သေနေတဲ့လူ သူမှအစစ်။
ဧပြီလ(၁)ရက်နေ့က မဲပေးနေစဉ်..
သူမဟာ သာမန်လူတစ်ယောက်ပါ
ဥပဒေနဲ့အညီ နေထိုင်သွားလာမယ်ဆိုရင်
ဘေးရန်ကင်းပါတယ်လို့ ပြောခဲ့လေသူ
ပျောက်နေတာ အတော်ကြာပြီ
လည်ချောင်းမှာ ကင်ဆာအဖု အကြိတ်တွေ့လို့တဲ့
မျက်စေ့ကလည်း အမြင်မကြည်လင်တော့ဘူး
နှုတ်ထွက်စာတင်မယ့် သတင်း
မရေမရာနဲ့ အုတ်အော်သောင်းနင်း ဖြစ်နေပြီ။
တို့အမေ သဇင်နီကတော့
ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ဘဲ။
နေရဲနီ
ဓာတ်ပုံများ.. ညီငယ်ဇော်တူး၊ AP, Getty Images


man is mortal they must go their ways.it is truth.
ReplyDeleteYes exactly, all these bad guys with bad attitudes are going one by one.
ReplyDeleteIt is a good poem indeed. Just to suggest to include Soe Win in the poem who died of Leukemia.
ဖြောင့်မှန်သော ကိုယ်ကျင့်တရား၊ ခိုင်မြဲ့သော သန္နိဌာန်နဲ့ ပြည်သူပေါ်စစ်မှန်တဲ့ စေတနာထားသော အမေစု အောင်ပွဲရတာ မဆန်းပါ။
ReplyDeleteသူမသည် ပိန်လှီသော ကိုယ်ကာယပိုင်ရှင်ဖြစ်သော်ငြား စိတ်ဓါတ်ခွန်အား ကြီးမားသောကြောင့် ငါးသိန်းကျော်လက်နက်ကိုင်တပ်ပေါင်းစုကြီးနှင့် လူကို ရိုက်နှက်ရန် သတ်ဖြတ်ရန် ၀န်မလေးသော ပါတီဝင် စွမ်းအားရှင်လူမိုက်တို့၏ အရှင်သခင်ကြီးဖြစ်သော ဗိုလ်သန်းရွှေ၏ ချေမှုန်းမှုကို ကျော်လွှားနိင်ခဲ့လေပြီ။
သူတို့ကအမေစုကို အနောက်နိုင်ငံအားကိုးလို့ စွပ်စွဲခဲ့ပေမဲ့သူတို့ကမြောက်နိုင်ငံ (မြောက်အရပ်မှတရုပ်. နှင့်မြောက်ကိုးရီးယားနိုင်ငံ) အားကိုးပုဆိန်ရိုးတွေ ဖြစ်ခဲ့တယ်တိုတာ အခုတော့ဗူးပေါ်သလိုပေါ်နေပါရောလား(⌒-⌒; )
ReplyDeleteသွားလေသူမြင့်အောင်နဲ့စိုးဝင်းကတော့ မကြာခင်ကြွလာမဲ့ တင်အောင်မြင့်ဦးနဲ့အဘတို့ တဖွဲ့လုံးအတွက်
ReplyDeleteB 8 F မှာနေရာ စီစဉ်ထားပြီး ဆီပူကန်ကိုလဲ မလေးရှားမှ စားအုန်းဆီဖြင့် အသစ်လဲထားပါကြောင်း၊
ဝမ်းမြောက်ဖွယ်ရာ အထူးသတင်း အနေဖြင့် လွန်ခဲ့သော လပိုင်းအတွင်းက မြောက်ကိုးရီးယား
ခေါင်းဆောင် ကင်ဂျုံးအီလဲ ရောက်ရှိလာပါသဖြင့် မိတ်ဟောင်းဆွေဟောင်း ဆွေမျိုးပေါက်ဖေါ်များဖြင့်
အထူးစည်ကားနေပါသည်၊ အထပ်တူအခန်းကွဲ နေရာများတွင် အခြားနိုင်ငံများမှ ပြည်သူ့
အော်ကျော့လန်များဖြစ်သည့် ဆဒမ်ဟူစိန်နှင့်ကဒါဖီကိုလဲ အဖေါ်ရစေရန် တခန်းထဲတွင် နေရာချထားပေးပါသည်။
B 8 F ဆိုတာ ငရဲကြီးရှစ်ထပ်ရဲ့. အဝီစိ ငရဲ ကိုဆိုလိုတာနော်
ReplyDeleteလန်းတယ်ဗျာ ရေးထားတာ ။စေတနာ အကျိုးပေးတယ်ဆိုတာအဲတာပဲ ။ အမေစု ပုသိမ်ကိုလာတုန်းက ဒုက္ခပေးဖို့ ကြိုးစားခဲ့တဲ့ အောက်တန်းအလွန်ကျတဲ့ ဧရာဝန်ကြီးချုပ်သိန်းအောင်တို့ တဖွဲ့လုံးကို အဝီငရဲကြီး(၈)ထပ်မှာ အောက်ဆုံးထပ်ကို ပို့လိုက်စမ်းပါဗျာ
ReplyDeleteဒီပဲယင်း မင်းသား အဖြစ် နာမည်ကြီးတဲ့ သွားလေသူ ဝန်ကြီးချုပ် အကြောင်း ကျနိခဲ့သောကြောင့် စာဖတ်ပရိတ်
ReplyDeleteသတ်အား အနူးအညွတ် တောင်းပန်ပါသည်။ နေရဲနီ
that's right. you'd forgotten about this late PM.
ReplyDeleteဒီပဲယင်းကို နောက်ကွယ်က အကြံပေးကြိုးကိုင် စီစဉ်သူက
ReplyDeleteအလွန်ယုတ်မာကောက်ကျစ်တဲ့ အောင်သောင်းဆိုဗျ
ဦးစိုးဝင်း သေခါနီးဝေဒနာ ခံစားနေရတဲ့ နောက်ဆုံး အချိန်မှာ နောင်တရပြီး ပြောသွားခဲ့တာ
Deleteလေး တွေကိုအခွင့်သာတဲ့ တနေ့နေ့တချိန်ချိန်မှာ မြန်မာပြည်သူပြည်သား အားလုံးကို ကြား
စေချင်လို့ဖွင့်ပြပါမယ်။ သူကမှားမှန်းသိလို့ တောင်းပန်ချင်ပေမဲ့ ဘုန်းကြီးသတ်တဲ့ အပြစ်က
မြန်မြန်ပြန်ခံရတယ်လေ။ အခုဆိုရင် ဦးရှစ်လုံးလဲခေါင်းကိုက်နေပြီပေါ့။ သံဃာ သတ်တဲ့
အပြစ်က သေချာပေါက်အဝီစိဘဲ။
ကဲဒါဆိုရင် ဦးရှစ်လုံးကို တတ်သမျှ ဘာသာစကားလေးတွေ နဲ့နှုတ်ဆက်လိုက်ရအောင်‼
Deleteဗမာလို တာ့တာဦးရှစ်လုံးရေ၊ တရုတ်လို ကျိုင့်ကျင့်န့်၊ ဂျပန်လို ဆာယိုနာရာ၊ အင်္ဂလိပ်လို ဘိုင့်ဘိုင်၊ ကုလားလို ဂျောင်း အာဆတ်ဂျောင်းဂျောင်း၊ ဖိလစ်ပိုင်လို ဆာလာမာဘို၊ ကိုးရီးယားလို
ဟန်ဆန်မီဒါ(ကျေးဇူးတင်ပါတယ်)။ မွန်လို အ ပရောပရော(မြန်မြန်သွား)၊ယိုးဒယားလို ပိုင် ပိုင်
(နောက်ထပ်လေ့လာလိုက်အုံးမယ်)
ဖြစ်ချင်တော့ စင်္ကာပူဆေးရုံကို ဦးစိုးဝင်း ဆေးကုဘို့လာတုံးက ကျွန်တော့အမျိုးသ္မီးက အဲဒီဆေးရုံမှာ
ReplyDeleteတာဝန်ကျနေတဲ့ အထူးကုဆရာဝန်လေ၊ စင်္ကာပူသူဆိုတော့ လူကြီးမင်းတို့ ဘယ်သံသယဝင်ပါ့မလဲ၊
အဲဒီတုံးက I Phone မပေါ်သေးဘူး၊ ကျွန်တော့အမျိုးသ္မီး ကဂျပန်ကလာတဲ့ I C recorder OlympusအမျိုးအစားDigital Voice Recorder WS series ဖြစ်တဲ့ အသံဖမ်းစက်နဲ့ ဖမ်းခဲ့တာဗျ၊ ဓါတ်ခဲကရိုးရိုးဓါတ်ခဲဖြစ်ပေမဲ့ Memoryကရှစ်နာရီစာသွင်းလို့ရတယ်ဗျ၊ ဓါတ်ခဲက သုံးခါသွင်းစာ ၂၄နာရီစာလောက်ခံတယ်ဗျ၊ အေးဗျာ ကိုယ်လဲတချိန်ကျရင်သေရမှာပါဘဲ၊ သေခြင်းတရားဆိုတာ လူတိုင်းကြုံတွေ့ရမှာ ဆိုပေမဲ့ သေခါနီးရင်တော့ မကောင်းမှုအ ကု သိုလ်များတဲ့သူဟာ တည်တည်ငြိမ်ငြိမ်နဲ့ တော့မသွားနိုင်ဘူးပေါ့ဗျာ။ လူကြီးမင်းပြောသလို မြန်မာပြည် မလွတ်လပ်သေးပါဘူး၊၂၀၀၈ အခြေခံဥပဒေ ကြီးဆိုတဲ့ စစ်သံကြိုး ကိုခြေထိပ် လက်ထိပ် ကနေ မဖြုတ်မချင်းတော့ ရွှေရေစိမ်ဒီမိုကရေစီပါဗျာ၊ မြင့်မြင့်တက်ကြည့်မှ ဝေးဝေးမြင်တယ်၊ အပြင်ကကြည့်မှ
ထုံးသုတ်ထားတာလား?ရွှေကပ်ထားတာလား? ကွဲကွဲပြားပြားသိနိုင်ပါမယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ အသံတွေကို လူကြီးမင်းနားထောင်ယုံနဲ့ စစ်သံမှူးလား၊?သူ့ဆွေမျိုးလား?စစ်ရုံးကကိုယ်ရေးအရာရှိလား?လုံခြုံရေးကိုယ်ရံတော်လား?ရုရှားကပညာတော်သင်တွေလား?ခွဲခြားနိုင်ပါ့မလား?