နော်ေ၀၀န်ကြီးချုပ်ဟောင်း၏ အမေ့အိမ် ခရီးစဉ်
နော်ေ၀၀န်ကြီးချုပ်ဟောင်း Mr. Kjell Magon Bondevik နှင့် အဖွဲ့ဝင် လေးဦး လိုက်ပါသော အဖွဲ့သည် အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ)သို့ (၁၅.၅.၁၂) နေ့မနက် (၉) နာရီတွင်ရောက်ရှိလာပြီး ကျောင်းတာဝန်ရှိ သူများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။
ထိုနောက် ကလေးများ၏ ပညာသင်ကြားနေမှုအား လေ့လာ ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ဘောလုံးဝါသနာပါသော နော်ဝေ ၀န်ကြီးချုပ်ဟောင်းမှ ကလေးများနှင့်အတူ Waka Waka သီချင်းကို ရင်းနှီးစွာ သီဆိုခဲ့ပြီးနောက် ကလေးများနှင့် အတူတကွ ပျော်ရွှင်စွာ ဘောလုံးကစားခဲ့ ကြပါသည်။
နော်ေ၀၀န်ကြီးချုပ်ဟောင်း၏ အမေ့အိမ် ခရီးစဉ်သည် ကျနော်တို့ ကလေးများအတွက် စိတ်ဓါတ်ခွန်အားကို များစွာ ပေးစွမ်းနိုင်ခဲ့ပါသည်။
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ
ကိုငယ်...
အမေစုရဲ့ အမေ့အိမ် ပညာဒါနကျောင်းတွေရဲ့ မေတ္တာ၊ စေတနာကို နားလည်သိရှိကြသော နိုင်ငံတကာက ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများက စိတ်ဓါတ်အား၊ ရုပ်ဝတ္ထုအားတွေနဲ့ ထောက်ပံ့အားပေးနေကြတာကို တွေ့
ReplyDeleteမြင်ရတာ တကယ် ၀မ်းသာ အားတက်ပါတယ်။
အမေ့အိမ်ကျောင်း၊ ဗေဒါသင်တန်းကျောင်းတွေရဲ့ ဦးဆောင်သူတွေဟာ တိုင်းပြည်အနာဂတ်အတွက် ကိုယ်ကျိုးမဖက် လုပ်ဆောင်ခဲ့ကြပေမဲ့ စစ်အာဏာရှင်ကြီးများနဲ့ လက်ကိုင်ဒုတ် အတို အရှည်တို့၏ ခြိမ်းခြောက်မှု ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံပြီး ကျောင်းတွေကို ဇွဲနဘဲနဲ့ သတ္တိရှိရှိ လုပ်ဆောင်ခဲ့ကြရတာမို့ သူတို့ကို မြင့်မြတ်သော သူရဲကောင်းဆရာ ဆရာများအဖြစ် ကမ္ဗည်းထိုးသင့်ပါသည်။
လူသားအချင်းချင်း စာနာထောက်ထားမှုအပြည့်ရှိတဲ့ လူမျိုးခြားတွေရဲ့ အားပေးကူညီမှုကို ကျေးဇူးတင်ပါတယ်..
ReplyDelete