"အမေစုကို ဖတ်ကြည့်ခြင်း"
ကဗျာရှင် ကြီးမြင့်(ရေဦး)
-အမေစုနေရာ
အဖြေယခုဖွေရှာအံ့။
မကြာမီမှာပင်
ပါတီဝင်မှာက
ချမ်းသာချင်လို့
လှမ်းကာခင်တာမဟုတ်။
ရာထူးတောင်းဖို့
လာပူးပေါင်းတာမဟုတ်၊
အာဏာရဖို့
ပါဝါပြတာမဟုတ်၊
တစ်ဖက်သားကို
ရတက်ပွားစေဖို့မဟုတ်၊
တစ်ယောက်အတွက်မှ
ကောာက်ချက်ချခြင်းမဟုတ်၊
သူပုန်ဟန်ပမာ
ပုန်ကန်တာ မဟုတ်။
ကမ္ဘာသိသူမို့
ညာမည့်လူမဟုတ်၊
အများဆန္ဒကို
အသွားအပြန်ရစေဖို့၊
ကောင်းအောင်လို့
ခေါင်းဆောင်ပြီး
သေနတ်များမကိုင်
အရပ်သားစတိုင်နဲ့
ပြည်သူအတွက်
ဒီလူတက်လာတာပါ။
အမေစုရဲ့
အသွင်သဏ္ဍာန်ကို
အမြင်မှန်နဲ့
တင်ရန် ဆုံးဖြတ်ကြပါစို့။
ကြီးမြင့်(ရေဦး)

မြန်မာပြည်အတွက် ထူးခြားတဲ့ ရတနာပါ
ReplyDeleteသေနတ်ကိုင်တွေကကော.... ပြည်သူတွေအတွက်ပဲ မဟုတ်ဘူးလား။ သေနတ်ကိုင်တိုင်း မူယစ်ဂိုဏ်းမဟုတ်ပါ။
ReplyDeleteပဲ၊ အာလူး၊ ဆန်ကွဲတောင် ပုံမှန်အောင်စားတဲ့ ရဲဘော်တွေမဟုတ်ဘူး။
၈၈ ကသွေး
၉၉ ရလာဒ်
ရွှေဂုံတိုင်ကြေငြာစာတမ်း
ဒီပဲရင်း....
ရွှေဝါရောင် ဒဏ်ရာ
နာဂစ်ဥပဒေ
....
ရန်ငါမပြတ်လို့ သံဃာသတ်ခံရတာ သွေးကြွေးမှာ ဆွေးနွေးစရာအကြောင်းမရှိတဲ့....။
နည်းလမ်းတဲ့....(ဒီနည်းလမ်းပဲ ရှိတာလား)။
ရဲဘော်တို့ ထာဝစဉ် နီ
၉၉ ရလာဒ် ဆိုတာ ၉၀ ရလာဒ်လို့ ပြင်ဖတ်ပေးပါ။
ReplyDelete