Pages

Sunday, May 27, 2012

တကောင်းတောင် နီကယ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှ စုံစမ်းမေးမြန်း ပေးကြပါရန်...

 တကောင်းတောင် နီကယ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှ စုံစမ်းမေးမြန်း ပေးကြပါရန် 
(ဒီမိုဝေယံ)

ဓာတ်ပုံကတော့ ဧရာဝတီမြစ်ရေပြင်မှ တကောင်းတောင် တရုတ်နီကယ် စီမံကိန်း ကွန်ဗေယာလိုင်းနဲ့ စက်ရုံကို တောင်ကြောတလျှောက် ပတ်ဝန်းကျင် အမှောင်ထုကြားမှာ မီးထိန်ထိန်နဲ့ လှမ်းမြင် နေရတဲ့ မြင်ကွင်းပါ..။

ထီးချိုင့်မြို့နယ်ထဲက ၂၃၅၀၀ ဧကရှိတဲ့ တကောင်းသစ်တော ကြိုးဝိုင်းထဲမှာတော့ တရုတ်CNICO ကုမ္ပဏီက အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဒေါ်လာသန်း(၈၀၀)တန် နီကယ် စီမံကိန်းကြီးကို ပြုလုပ်နေလေရဲ့..။

အဆိုပါ တကောင်းစီမံကိန်းအတွက် ကားလမ်းဖောက်လုပ်ခွင့်ကို ကန်ထရိုက် ရရှိထားတာကတော့" ပြည်တွင်းက ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းကုမ္ပဏီ လီမီတက်" ကရရှိထားတယ်လို့ ဆိုပါတယ်.။  ဒီစီမံကိန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့က မိုင်းမှားယွင်း ပေါက်ကွဲလို့ တရုတ်(၁)ဦးသေဆုံးပြီး မြန်မာ(၃)ဦး ဒဏ်ရာရခဲ့ ပါသေးတယ်..။
ထီးချိုင့်မြို့နယ် အတွင်းက စေတီတော် တွေရဲ့ နောက်ဘက်မှာ ရေးရေးမြင်တွေ့ နေရတာကတော့ တကောင်းတောင် နီကယ် စီမံကိန်းပါ..

ညောင်မြစ်တူးတော့ ဖွတ်ဥပေါ်သလို အဆိုပါ နီကယ်စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားတွေကို  ရွှေလီစီမံကိန်းကနေ စာရင်းပျောက်၊ အင်းပျောက် ရရှိနေသလားပဲ။ လျှပ်စစ်မီး အပြည့်အဝရရှိရေး လူထုလှုပ်ရှားမှုတွေ မဖြစ်ပေါ်ခင် ဓာတ်အား မလုံလောက်မှုအတွက် ရွှေလီကနေ ဓာတ်အားတွေ ပြန်ဝယ်ပြီး ပြည်တွင်းကို ပြန်ဖြန့်မယ်လို့ လျှပ်စစ်ဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေ ထုတ်ဖော် ပြောဆိုခဲ့တာ မှတ်မိကြဦးမှာပါ။ တိုက်ဆိုင်တယ်လို့ ဆိုရလေမလား အဆိုပါပြောဆိုချက် အပြီး မကြာခင်မှာပဲ တာဝါတိုင်တွေ မိုင်းခွဲခံရတယ်ဆိုပြီး ထွက်ပေါ်လာလေရဲ့။ စဉ်းစားစရာတွေပါ..။
ယခင် ဒီမိုဝေယံမှ တကောင်းနီကယ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေမှာ မြင်ရတဲ့အတိုင်း အဆိုပါ စက်ရုံဆောက်လုပ် ပြီးစီးတဲ့ ၂၀၁၁ခု နှစ်စပိုင်းကတည်းက ယခုလို မီးထိန်ထိန် လင်းနေကြောင်း ဒေသခံများက ဆိုပါတယ်...။ ပြည်သူတွေ ယခင်ကတည်းက အပြည့်အဝမရရှိခဲ့တဲ့ လျှပ်စစ်ကို ခြိုးခြံချွေတာဖို့ လက်လွတ်စပယ် ပြောဆိုခဲ့တဲ့ ဦးကိုကိုလှိုင် သိမှသိပါလေစ...။
အဆိုပါ တကောင်းစီမံကိန်းအတွက် ကားလမ်းဖောက်လုပ်ခွင့်ကို ကန်ထရိုက် ရရှိထားတာကတော့ " ပြည်တွင်းက ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းကုမ္ပဏီ လီမီတက်" ကရရှိထားတာပါ..။ စဉ်းစားကြည့်ကြပေါ့။ ဒီစီမံကိန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ ဖေဖော်ဝါရီလ ၁၂ရက်နေ့က မိုင်းမှားယွင်း ပေါက်ကွဲလို့ တရုတ်(၁)ဦးသေဆုံးပြီး မြန်မာ(၃)ဦး ဒဏ်ရာရခဲ့ ပါသေးတယ်..။

ဒီစီမံကိန်းက ရရှိမယ့် အကျိုးအမြတ် မည်၍မည်မျှ ရရှိတယ်ဆိုတာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှု၊ ပတ်ဝန်းကျင်က ဒေသခံ ပြည်သူတွေ မည်မျှ နှစ်နာဆုံးရှုံး၊ ထိခိုက်ရတယ် ဆိုတာလည်း ပြည်သူတွေ သိရှိအောင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေမှလည်း ဖော်ထုတ် တင်ပြပေးဖို့ လိုအပ်ပါလိမ့်မယ်..။

လောလောဆယ်မှာတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး မြင်တွေ့နေရတာကတော့ နေ့မှာလည်းစံ ညမှာလည်းစံဆိုသလို နေ့မှာ စက်ယန္တယားကြီးငယ် အသွယ်သွယ်နဲ့ ရသမျှ တူးဖော် ထုတ်လုပ်နေသလို ညမှာလည်း ပတ်ဝန်းကျင် ပြည်သူတွေ အိပ်မက်တောင် မမက်နိုင်တဲ့ ထိန်ထိန်ညီးနေတဲ့ လျှပ်စစ်မီးတွေ ထွန်းညှိထားတဲ့ မြင်ကွင်းတွေပါပဲ...။ အဆိပါ တကောင်းတောင် နီကယ်စီမံကိန်းအတွက် ရွှေလီမှ ဓာတ်အားတွေ ရယူနေမှုနဲ့ အဆိုပါစီမံကိန်းအတွက် လျှပ်စစ်ပမာဏ မည်၍ မည်မျှသုံးစွဲနေတယ်ဆိုတာ မီဒီယာများမှ တာဝန်ရှိသူ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းနဲ့ ဦးကိုကိုလှိုင် ဆိုသူတို့အား စုံစမ်းမေးမြန်းပေးဖို့ ပြည်တွင်း ပြည်ပမီဒီယာများအား မေတ္တာရပ်ခံအပ်ပါတယ်..။

ဒီမိုဝေယံ

တကောင်းတောင် စီမံကိန်းအတွက် ရွှေလီမှ 220KV လိုင်း(၂)လိုင်းနဲ့ ပေးပို့နေတဲ့ အကြောင်း မတ်လ(၂၈)ရက်နေ့ အစီရင်ခံစာ..

ဧရာဝတီမြစ်အတွင်းမှ မြင်ကွင်းဓာတ်ပုံ ဒီမိုဝေယံ စာဖတ်ပရိသတ်တဦး ပေးပို့ပါသည်...

2 comments:

  1. Mandalay က စတင်စမ်းသပ် ပြီးတော့ရန်ကုန်က လိုက်လုပ်၊ မုံရွာပါပါလာပြီး တစ်ခြားမြို့ တွေက လိုက်လုပ်၊ ဆိုတော့ ၈၈၈၈ အတိုင်းပါဘဲလား အင်း ဗကပ လက်ချက်ပါ (Myanmar Express)မှာလည်း ဒီကွန်မင့် ကို ဗကပကို အထိမခံတဲ့ ဒီမိုဝေယံမှာ တင်ထားတယ် လို့ ရေးထားတယ်)

    ReplyDelete
  2. နေ၀င်း သန်းရွှေတို့ ဖျက်ဆီးခံထားရသော အိမ်တော်ပါ ငယ်ကျွန် စစ်အာဏာရှင်တို့ကား တိုင်းပြည် မြေပေါ်မြေအောက်သာမက ပင်လယ်ထဲက သယံဇာတ သဘာဝဓါတ်ငွေ့ပါမကျန် စာရင်းမရှိ အင်း မရှိ လက်ညှိုးထိုးရောင်းစားပြီး လူထုအား အမှောင်ထဲမှာ အငတ်ထားခြင်းဖြင့် သူတို့ပြောသော ခေတ်မီ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိင်ငံတော်ကြီးကို လက်တွေ့ သရုပ်ဖော်ပြနေပေသည်။
    သူတို့ တည်ထောင်သော စည်းကမ်းပြည့်နိုင်ငံတော်ကြီးကား
    တောင်သူလယ်သမားတို့၏ ငိုကျွေးသံ၊ အလုပ်သမားတို့၏ မချိမဆန့် ဒုက္ခဆင်းရဲကြောင့် အစာငတ်ခံကြွေးကြော်သံတို့ဖြင့် ငရဲပွက်သကဲ့သို့ ရှိပေ၏။
    ပြည်သူကိုကာကွယ်မည်ဆိုသော တပ်မတော်မှ အကျင့်ပျက် စစ်ဗိုလ်တို့ကလည်း လယ်သမားပိုင်စိုက်ပျိုးမြေများကို ယောက္မမထံမှ အမွေရသော မြေပမာ ထင်သလို သိမ်းပိုက်ပြီး ဂုတ်သွေးစုတ် ကုမ္ပဏီကြီးများနဲ့ ဝေစား မျှစား လုပ်နေသည်မှာ အတင့်ရဲလှပြီး ရဲတပ်ဖွဲ့ကလဲ အကိုကြီး စစ်ဗိုလ်တို့ကို အားကျမခံ ကိုလိုနီခေတ်က ချစ်တီးများလို မြေသိမ်းပွဲကြီးများ ဆင်နွှဲလာခဲ့သည်မှာ သမတကြီး ဦးသိန်းစိန်လက်ထက်မှာ ဖုံးမရ၊ ဖိမရ။ ရှေ့ကဖုံး နောက်ကပေါ်ဆိုသလို အရုပ်ဆိုးသော စံပြနိုင်ငံတော်ကြီးကား ကမ္ဘာ့အလည် ရှက်စဖွယ် ကိုးကွယ်ရာ ဘာသာတရားပါ နာမည်ပျက်မည့်ကိန်းဆိုက်နေပေပြီ။
    ခေတ်အဆက်ဆက် ပြည်သူတို့ လှူဒါန်းသော ကျောင်းသင်္ခဏ်းအတွင်း သာသနာရေး၊ ဘာသာရေး။ လူမှုရေးဆောင်ရွက်နေသော သံဃာတော်တို့ကို ဖိနှိပ်ရေး အမိန့်တွေကို ညွှန်ကြားလွှာဟု နာမည်လှလှ သုံးပြီး ရိုးသားသော မဟနဆရာတော်ကြီးများမှ တဆင့်ထုတ်ပြန်ထားသည်မှာ များပြားလွန်းသဖြင့် သံဃာများမှာ လက်လှုပ်လျှင်ပင် အဖမ်းခံ၊ ကျောင်းမှ နှင်ထုတ်ခံရမည့် အခြေဆိုက်အောင်ပင် နိုင်ငံတော်ကြီးကား စည်းကမ်းရှိလှပေသည်။
    လျှပ်စစ်မရတာ နှစ်ပေါင်း ဆယ်စုနှစ် သုံခုခန့် ရှိနေသည်ကို မှန်ကန်စွာ အဖြေမထုတ်၊ ကေအိုင်အေကို လွှဲချ၊ အမှောင်ကျလို့ ဖယောင်းတိုင်ထွန်းသူများကို နံပါတ်ဒုတ်နဲ့ အတင်ဝင်ရိုက်ပြီး ဒီမိုကရေစီပါးစပ်ကပြော၊ နံပါတ်ဒုတ်ကို တွင်တွင်သုံးပြီး ဒုတ်ရိုက် ဓားမိုးကရေစီကို တည်ထောင်နေသည်ကို ပြည်သူများ စင်းခံမလား တွန်းလှန်မလားဟု မေးရပါတော့မည်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။