တောင်ဒဂုံ လေးဒေါင့်ကန် စံပြရပ်ကွက်ရှိ ၀မ်းလျှော ၀မ်းပျက် ဝေဒနာများ ခံစားနေရတဲ့ လူနာများအား NLD-BG လူငယ်များမှ သွားရောက် ကူညီ၊ ကုသ လှူဒါန်းပေးအပ်..
(သတင်း၊ ဓာတ်ပုံ မေမေ့သားလင်းဆက်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLD-BG လူငယ်များမှ၊ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ လေးဒေါင့် ကန်စံပြရပ်ကွက်ရှိ ပခန်းပိုင်း၊ တောင်ဘက်ကမ်းပိုင်း၊ ဘောလုံးကွင်းပိုင်း၊ အောင်မင်္ဂလာပိုင်း၊ ဘူတာပိုင်း၊ ရွာလယ်ပိုင်းများတွင် ၀မ်းပျက်၊၀မ်းလျှောဖြစ်နေသော ဒေသခံများရှိရာသို့ သွားရောက်၍ ဓာတ်ဆားထုတ်များ၊ သောက်ရေသန့်များ၊ ဆပ်ပြာခဲများ၊ ဆေးဝါးများကို ဝေဒနာရှင်များ နေထိုင်ရာနေအိမ် အသီးသီးသို့ NLD-BG တာဝန်ခံ ဒါရိုက်တာ ကိုညီညီ၊ NLD-BG ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ကျော်စွာဦးနှင့် NLD-BG လူငယ်များ၊ နောက် ဒေသခံ NLD-ရပ်ကျေး ဥက္ကဋ္ဌ ဦးအေးသွင်၊ ရာအိမ်မှူး ကိုနေ၀င်း တို့နှင့်အတူ သွားရောက် လှူဒါန်းနိုင်ခဲ့ပါသည်။
ဒေသခံရာအိမ်မှူး ကိုနေ၀င်း၏ ပြောကြားချက်အရ-အခုလို ၀မ်းပျက် ၀မ်းလျှောတွေဖြစ်နေတာ တစ်ပတ်လောက်ရှိနေပြီး၊ထိုရောဂါဝေဒနာကြောင့်ပဲသေသွားတဲ့ဝေဒနာရှင်တွေရှိသလို၊ဆေးရုံအသီးသီးသို့ တက်ရောက်ကုသနေသော ဝေဒနာရှင်များလည်းရှိသည်ဟုသိရှိရပါသည်။ ပိုဆိုးသည်မှာ ရပ်ကွက်တွင်းရှိ အိမ်တိုင်းအိမ်တိုင်း၌ ယင်လုံအိမ်သာမရှိလို့ ယင်လုံအိမ်သာတစ်လုံးကို မိသားစု များစွာက ခွဲဝေပြီး သုံးစွဲနေကြရတာက ဝေဒနာရှင်တွေအတွက် ၊အနီးနား မိသားစုတွေအတွက် ဖြစ်နေဆဲဝေဒ နာကို လက်ယက်ပြီး စိန်ခေါ်နေသလိုပဲဟုလည်းသိရှိရပါသည်။ ယနေ့ ညနေပိုင်း ၇း၂၀ အချိန် တစ်အိမ်ဆင်း၊ တစ်အိမ်တက် ဝေဒနာရှင်များကို ကုသပြီးပြန်လာရာတွင် ရောဂါရရှိသူဦးရေမှာ အချိန်တိုင်း၊ မိနစ်တိုင်းဦးရေ တိုးလာတဲ့ အတွက်ကြောင့် ၁၀၀ ကျော်ခန့် ရှိနေပြီဟု သိရှိခဲ့ရပါသည်။
ထိုဒေသခံရာအိမ်းမှူး ကိုနေ၀င်းကပဲ တဆက်တည်း လေးဒေါင့်ကန် တိုက်နယ်ဆေးရုံ (စစ်မှု ထမ်းဟောင်း၊ စိုက်/မွေး ဆေးရုံ)ဆရာဝန်မှ ရပ်ကွက်အတွင်း ထုံးတွေဖြူးပေးဖို့နှင့် ယင်လုံအိမ်သာ တွေကိုစစ်ဆေး၊ ၀မ်းနူးမည့် အစားအသောက်များ မစားသောက်ဖို့အတွက်ကို ရပ်ကွက်အတွင်း ဆင်းပြီး မှာကြား သွားသည်ဟုလည်း သိရှိရပါသည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ NLD-BG တာဝန်ခံ ဒါရိုက်တာက လက်ရှိခံစားနေ ကြရသော ဝေဒနာရှင်များ အမြန်သက်သာလာနိုင်ဖို့အတွက် ယင်လုံအိမ်သာများအိမ်တိုင်းရရှိရေးနှင့် ဝေဒနာရှင်များအတွက် ဆေးဝါးများ၊ သောက်ရေသန့်များ၊ ဆပ်ပြာများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD-BG နှင့် ပူးပေါင်း၍ လှူဒါန်းလိုလျင် အောက်ပါလိပ်စာအတိုင်း ဆက်သွယ်၍ လှူဒါန်းနိုင် ကြောင်းကို သိရှိရပါသည်။
အမှတ် (၈၃၉၊ခ။) မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။ ကျန်းမာရေး မှတ်တိုင်။ ဖုန်း-၀၉-၇၃၁၂၅၈၈၅။ ၀၉-၄၉၃၂၈၀၅၅။ ၀၉-၄၂၁၀၈၀၃၆၁။
သတင်း၊ဓာတ်ပုံ။ ။ လင်းဆက်
ပြည်သူ့ထောက်ခံမှု နေရာတိုင်းမှာ ရရှိပြီး အောင်ပွဲခံနေတဲ့ NLD ပါတီကြီးရဲ့ အဓိကလူငယ်အင်အားစုတွေထဲမှာ ပညာတတ်တွေ အများအပြား ပါဝင်လာတာ အနာဂတ်အတွက် အားတက်စ၇ာပါ။
ReplyDeleteလုပ်ငန်းတွေ ထိရောက်ပြီး သဘောတရားခံယူချက်တွေလဲ ခိုင်မာပြတ်သားလာပါတယ်။
ပါတီဟာလဲ ကျစ်လစ်သိပ်သည်းလာပြီး အရည်အချင်ပြည့်ဝလာမှာပါ။
ကြံ့ဖွတ်ပါတီကြီးကတော့ အနှစ်(၅၀) သက်ဆိုးရှည် လာခဲ့တဲ့ အခွင့်ထူးခံ စစ်အာဏာရှင်ကြီးများရဲ့ အသုံးချခံဖြစ်နေလို့ လူကောင်းတွေ။ တိုင်းပြည်အပေါ်စေတနာ ရှိသူတွေဟာ ဘာမှ မလုပ်နိုင်ပါ။
နေအိမ်မှာ အချုပ်ခံနေရတဲ့ မုဆိုးမ လူထုခေါင်းဆောင် အမေစုကို စင်ပေါ်တက်ပြီး လက်သီး လက်မောင်းတန်း ဆဲဆိုရဲလောက်အောင် သတ္တိကောင်းခဲ့ကြတဲ့ တန့်ဆည်သား ဦးဝင်းမြင့်တို့၊ လက်နက်မဲ့ အကြမ်းမဖက် မေတ္တာဝါဒ အမေစုနဲ့ ဦးတင်ဦးတို့ကို လူအုပ်စုနဲ့ ၀င်ပြီ ရိုက်နှက်လုပ်ကြံရဲသော သတ္တိပြောင် စစ်သားဟောင်းကြီး ဦးအောင်သောင်းတို့ကား ကြံ့ဖွတ်ပါတီ၏ စင်မြင့်ပေါ်မှာ အခန့်သားနေ၇ာယူဆဲဖြစ်နေပေသည်။
အမှန်ဆို ပြည်သူ့အကျိုးလုပ်ပါမည်ဟု အာမခံထားသော အစိုးရက ၀မ်းလျှောနေသော ပြည်သူတို့ကို အားတက်သရော ကူညီရမည်ဖြစ်သော်လည်း ဒီချုပ်လူငယ်များက စေတနာ မေတ္တာဟူသော ဗြဟ္မစိုရ်တရားနဲ့ လူသားချင်း ကူညီနေကြရသည်မှာ အစိုးရက အပြောသက်သက် သတင်းစာထဲ လူလုံးပြ ဓါတ်ပုံအရိုက်ခံယုံသက်သက် ဟန်ပြဖြစ်နေခြင်းကြောင့်ပင် ဖြစ်ပေသည်။
ကြံ့ဖွတ်ထိပ်သီး စစ်ဝတ်ဝတ်ဆဲနှင့် စစ်ဗိုလ်ထွက် စားဖားကြီးများက ရာထူးနေ၇ာကောင်းမှန်သမျှ ခွစီး၊ မြေပေါ်မြေအောက် သယံဇာတမှန်သမျှ လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်ကို သူတို့အဖေက အမွေပေးခဲ့သော မြေပမာ ထင်ရာလုပ်နေခြင်းကား အနာ၈တ်မျိုးဆက်တို့အတွက် အငတ်ဘေး၊ အမွဲဘေးကို မလွဲမသွေ ၇င်ဆိုင်ရပေတော့မည်။။
ဦးပိုင်လီမီတက်ဆိုသော စစ်တပ်ပိုင် စီးပွါးရေး မောင်ပိုင်စီး အုပ်စုကို ကြိုးကိုင်နေသော စစ်ဗိုလ်ဟောင်းများ၏ လူမှုရေး ဖောက်ပြန်မှု၊ တပ်ပိုင်ငွေများကို ထင်သလိုသုံးနေမှု။ မယားငယ်များထားပြီး တပ်မတော်သားများပိုင်ငွေတွေကို မယားငယ်များအတွက်သုံးမှုတွေကို သူတို့ ဦးပိုင်အတွင်းတိုင်ကြားမှုများကို အင်တာနက်မှတဆင့် ပြည်သူများ ကြားသိလာရလို့ စစ်ဗိုလ်များကို မုန်းတီး ရွံရှာစက်ဆုပ်နေကြပေသည်။
တိုင်းပြည်၏ အဓိက အင်အားစုဖြစ်သော လယ်သမားတို့ လယ်သိမ်းခံ၇ပြီး မျက်ရည်စက်လက်ဖြစ်နေခြင်း၊ အလုပ်သမားတို့ မသေရုံလုပ်ခဖြင့်ေ၇ာမခေတ်က ကျွန်များလို လုပ်အားခေါင်းပုံဖ်ြတ်ခံနေ၇ခြင်းများကို အလုပ်သမားဝန်ကြီး အောင်ကြည်က မျက်နှာလွှဲ ခဲပစ်လုပ်နေခြင်းမှာ အလုပ်ရှင်တို့၏ လာဘ်ငွေများကို မြိုဆို့ ထားသောကြောင့်သာ ဖြစ်ပေမည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်ကြီးများကို မစားရ ၀ခမန်း သတင်းစာမှာ ဖတ်ရ မြင်ရပေမဲ့ မီးကိုလဲ မသုံးရ။၊ေ၇ကိုလဲ ၀အောင် မသောက်ရ၊ မီးစက်နဲ့ မီးပေးနေတာကလဲ မုဆိုးမ စည်းရိုးကာသလို ဖြစ်သလို လုပ်နေခြင်း၊ ယာယီ ဆေးမြီးတိုနဲ့ နာတာရှည် စစ်ဂုတ်သွေးစုတ်ေ၇ာဂါကြီးကို ကုသနေခြင်းကား အနာတခြား ဆေးတခြားေ၇ာဂါကျွမ်းသွားမှာ စိုး၇ိမ်လှကြောင်းပါ။