Pages

Tuesday, May 22, 2012

ယနေ့ မုံရွာမြို့ (လျှပ်စစ်ရုံး)ရှေ့မှာ ပြုလုပ်တဲ့ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြထုတ်ဖော်ပွဲ...

လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းစက်တွေရဲ့ အပူကိုတောင် မမှုတော့တဲ့ မုံရွာသားတဦးရဲ့ ရဲရဲတောက် မီးလျှံကြားက ဖယောင်းစက်များ.. ”ဖယောင်းတိုင်အပူမီးတွေနဲ့ မုံရွာမြို့ကြီးမီးလင်းအံ့”တဲ့ မေ(၂၁)ရက် မုံရွာည..
ဓာတ်ပုံ.. Myo Minoo
ယနေ့ ၂၁၊ ၅၊ ၂၀၁၂ရက်နေ့က၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ (လျှပ်စစ်ရုံး)ရှေ့မှာ လျှပ်စစ်မီး ၂၄ နာရီ မီး မလာတဲ့အတွက် မုံရွာမြို့ခံများက ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်..။

ယနေ့ ည ၈နာရီခန့် အချိန်တွင် မုံရွာမြို့သူ၊ မြို့သားများက မုံရွာမြို့ (လျှပ်စစ်ရုံး) ရှေ့၊ လျှပ်စစ်မီး ၂၄ နာရီ မီး မလာတဲ့အတွက် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ကြပါသည်။ ဆန္ဒထုတ်ဖော် နေချိန်တွင် လူဦးရေပေါင်း ၅၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းပါသည်။ ၁၅မိနစ်ခန့်ကြာ မြင့်ခဲ့ပါသည်။

ဓာတ်ပုံ.. Ayemyamya Lwinနှင့် Myo Minooဖေ့စ်ဘွတ်ခ်မှ ဖော်ပြပါသည်..။

ဒီပဲယင်း လုပ်ကြံမှု မတိုင်ခင် တရက်အလို ၂၀၀၃ခုနှစ် မေလ (၂၉)ရက်နေ့ ညကလည်း ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကို ရောက်ရှိစဉ်မှာ တမြို့လုံး မီးဖြတ်ထားပေမယ့် မုံရွာမြို့သူ၊ မြို့သားတွေ မြို့လုံးကျွတ် ဖယောင်းတိုင် ကိုယ်စီနဲ့ ကြိုဆိုခဲ့ကြတာပါ..။

2 comments:

  1. ညစ်ပတ်စုတ်ပဲ့ပြီး အောက်တန်းကျတဲ့ အလုပ်တွေကို လုပ်တဲ့နေရာမှာ ကမ္ဘာကျော်ခဲ့သော သန်းရွှ၏နောက်လိုက်များကား ယခုထိ သူတို့ စိတ်ဓါတ်ကို မပြင်ကြသေး။
    ရန်ကုန်မြိုကြီးကို ၂၀၁၀- မဲခိုး မဲရွေးပွဲအပြီး ၂၄-နာရီ မီးပေးနိုင်ခဲ့ပေသည်။
    ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီချုပ်က အပြတ်အသတ် အောင်ပွဲခံပြီး နောက်ပိုင်းမှာတော့ မီး ရေတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖြတ်တောက်လာခဲ့သလို
    ဈေးကြီးများလဲ သံသယရှိဘွယ်ရာ မီးလောင်မှုတွေ ဖြစ်ပွါးလာခဲ့ပါတော့သည်။
    မုံရွာသားတို့သည် နိုင်ငံရေးမှာ နိုးကြားတက်ကြွမှုရှိကြပြီး ညီညွတ်သူများဖြစ်ကြပါသည်။
    မတရားမှုများကို ခေါင်းငုံ့ မခံ တွန်းလှန်သော မုံရွာသားတို့၏ လူသားအခြေခံ ရေမီး ရရှီရေး တောင်းဆိုမှုများသည် မလွဲမသွေလုပ်ရမည့် အလုပ်များဖြစ်ကြောင်း ထောက်ခံလိုက်ပါသည်။

    ReplyDelete
  2.ှလျှပ်စစ်ဝန်ထမ်းတစ်ဦးပါ။
    ကျွန်တော်တို.တိုင်းပြည်တွင်လျှပ်စစ်ဓာတ်မလုံလောက်ခြင်းဟာစစ်အစိုးရဧ။်အမွေဆိုးများပဲဖြစ်ပါတယ်။ဒါ့အပြင်အကျင့်ပျက်ဝန်ထမ်းဟာလည်းနိုင်ငံကိုနောက်ပြန်ဆွဲချင်နေကြပါတယ်။
    ဥပမာ။ ။တိုက်ခိုက်ပြီးပြောတာမဟုတ်ပါဘူး။
    Mandalay DE Daw Aye Aye Win ကအရမ်းဆိုးပါတယ်။ပိုက်ဆံမတရားမက်ပါတယ်။ကြုံဘူးသူတိုင်းသိပါတယ်။လျှပ်စစ်လူကြီးပိုင်းအကုန်လုံးကလာဘ်စားပါတယ်။သူ့နည်းသူ့ဟန်ပါပဲ။လျှပ်စစ်ဓါတ်အားကထပ်ထုတ်ဖို့မရှိတော့လို့ပါ။တိုင်းပြည်အတွက်အမာခံဓါတ်အားကအရမ်းနည်းပါတယ်။
    ရေအားဆိုတာကသဘာဝပါတ်ဝန်းကျင်အပေါ်မူတည်နေလို့ပါ။ အခုမှစ အကောင်အထည်ဖေါ်မယ်ဆိုရင် အနည်းဆုံးတစ်နှစ်ခွဲနှစ်နှစ်တော့စောင့်ရမယ်ထင်ပါတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။