Pages

Monday, August 27, 2012

ရန်ကုန်မြို့ တော်ဝင်စင်တာမှာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကလေးများ ပညာရေးအတွက် ရံပုံငွေဈေးရောင်းပွဲတော်..

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကလေးများ ပညာရေးအတွက် ရံပုံငွေဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာတွင် စနေနေ့ နံနက်(၉)နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် ရွှေရောင်လူသား၊ အပြာရောင်လူသားနှင့် စနိုးဝှိုက်တို့နှင့် ဓါတ်ပုံတွဲရိုက်ခြင်း၊ မြန်မာမုန့်အမျိုးမျိုး၊ အလှစိုက်ပန်းပင်များ၊ ထီး၊ တီရှပ်အင်္ကျီများအား ကချင်၊ ရခိုင်ပြည်နယ်ရှိ ကလေးများ ပညာရေးရံပုံငွေအတွက် ရောင်းချခဲ့ပါသည်..။  သြဂုတ်လ(၂၅)ရက်နေ့နှင့်(၂၆)ရက်နေ့ အထိ(၂)ရက်တိုင်တိုင် ကျင်းပရောင်းချခဲ့ကြောင်း သိရှိရပါသည်။

သတင်း ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်..

2 comments:

  1. ကိုယ့်ဆရာ ရန်ပုံငွေ ဈေးပွဲတော်က (၂၅ ) ရက်နေ့ တစ်ရက်တည်း လုပ်တာပါဗျ........သေချာလဲ လုပ်ပါအုန်းဗျာ

    ReplyDelete
  2. ကိုတရုတ်September 3, 2012 at 10:19 PM

    သတင်းသမားတွေ စည်းကမ်းရှိရှိနှင့်

    မှန်မှန်ကန်ကန်ရေးကြပါ


    -------------------
    မှတ်ချက်
    ကျွန်တော်ကုလားမဟုတ်ပါ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။