Pages

Monday, August 27, 2012

ကမ္ဘာ့ကုန်ကျ စားရိတ် အသက်သာဆုံး လျှပ်စစ်မီးထုတ်လုပ်နိုင်သည့် သဘာဝ ဓါတ်ငွေ့များထွက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီးမှ မြိတ်ခရိုင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ ပြဿနာ..

ကမ္ဘာ့ကုန်ကျ စားရိတ် အသက်သာဆုံး လျှပ်စစ်မီးထုတ်လုပ်နိုင်သည့် သဘာဝ ဓါတ်ငွေ့များထွက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီးမှ မြိတ်ခရိုင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ ပြဿနာ

၂၅ ရက်၊သြဂုတ်လ၊ ၂၀၁၂ ခုနှစ် မြိတ်ခရိုင် လော့လော့ကျေးရွာတွင် မဂ္ဂါဝပ်(၅၀) ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် အမှတ်(၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် ဦးကျော်လွင်ပိုင် သန်းဖြိုးသူကုမ္ပဏီတို့ ပူးတွဲတည်ဆောက် စီမံကိန်းအား ဖျက်သိမ်းပေးစေရေး ကျေးရွာလူထုများမှ စုပေါင်းလက်မှတ်ရေးထိုးကြပြီး ၈၈ မျိုးဆက်ကျောင်းသားများ (မြိတ်ခရိုင်)မှ တဆင့် သက်ဆိုင်ရာ အသီးသီးသို့ တင်ပြပေးပါရန် ဆောင်ရွက်ကြပါတယ်။

ယခုတည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ လူနေရွာအတွင်းရှိသည့် အပြင် အခြေခံပညာ မူလတန်းကျောင်းဖြင့် ထိစပ်လျက်ရှိပြီး၊ ၄င်းစက်ရုံစွန့်ပစ် ပစ္စည်းများဖြစ်သော ပြာများ၊ ရေများနှင့် မီးခိုးငွေ့များမှာမိုင်ပေါင်းများစွာ ပြန့်လွှင့်လျက် ကာဗွန်ဒိုင်အောက်ဆိုဒ်များ၊ နိုက်ထရိုတ်အောက်ဆိုဒ်များ၊ ကန့်၊ပြဒါးအဆိပ်၊ အာစင်းနက်( စိန်အဆိပ်)နှင့် အရည်အသွေးနိမ့် ယူရေနီယံဓါတ်သတ္တိကြွများထွက် ရှိမှာဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုအနေဖြင့် မီးခိုးငွေ့နှင့် ပြာများကြောင့် လေထုအဆိပ်သင့်ပြီး အသက်ရှုလမ်းကြောင်းရောဂါများ၊ ပန်းနာရင်ကြပ်ရောဂါ၊ ကင်ဆာရောဂါ၊ အရေပြားယားယံမှုများ၊ အာရုံကြောထိခိုက်မှုများ၊ နှလုံးရောဂါများနှင့် အခြားအဆိပ်သင့် ရောဂါများပါ ဖြစ်ပွားနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်အား ပျက်စီးစေလျက် မီးခိုးကြောင့် ရာသီဥတုပူပြင်း ခြောက်သွေ့လာပြီး ရေတွင်း၊ ရေကန်၊ မြစ်၊ ချောင်းများ ခန်းခြောက်ကာ အက်ဆစ်မိုးများ ရွာသွန်းလာပါမည်။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ စွန့်ပစ်ရေနှင့် ပြာများမှ ပြဒါးနှင့် အခြားအဆိပ်များကို မြစ်အတွင်းငါး၊ ပုစွန်များသေဆုံးပြီး၊ ၄င်းသား၊ ငါးများကို ပြည်သူများ စားသုံးမိပါက အစာအဆိပ် သင့်နိုင်ပါသည်။

မြစ်အတွင်းရှိ ငါး၊ ပုစွန်တို့ အပေါ်မှီခိုလျက် စီးပွားရှာနေကြရသော ရိုးသားဖြူစင်သည့် ရွာသူ၊ ရွာသားများ စားဝတ်နေရေးကို တိုက်ရိုက် ထိခိုက်နိုင်ပါသည်။ ဥပမာ- ငါးပိ၊ ငါးခြောက်လုပ်ငန်းများ၊ ကမ်းနီး ငါးဖမ်းလုပ်ငန်းများသို့၊ ပြာများပြန့်လွင့်သွားပြီး လယ်ယာမြေများ ၊ ဥယျာဉ်မြေများ အတွင်းရောက်ရှိပါက အပင်များ ပျက်စီးစေပါတယ်။
စက်ရုံတည်ဆောက်မည့်လုပ်ငန်းရှင်များမှ ဘေးထွက်ဆိုးကျိုးများကို ကျေးရွာလူထုအား သေချာစွာရှင်းလင်း တင်ပြခြင်းမရှိဘဲ ကျောက်မီးသွေး အသုံးပြု လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်မှုသည် ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်သည်ဟုသာ ဝါဒဖြန့် ပြောဆိုနေပါသည်။ သို့သော် Capital Cost Estimates for Electricity Generation Plants 2010 (EIA) နှင့် Annual Energy Outlook 2011(EIA) တို့၏ အစီရင်ခံစာအရ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကုန်ကျစားရိတ်မှာ အသက်သာဆုံး မဟုတ်ဘဲကမ္ဘာပေါ်တွင် ကုန်ကျစရိတ် အသက်သာဆုံးနှင့် လူထု ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံးမှာ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသာဖြစ်ကြောင်း သိရပါတယ်။
တနင်္သာရီတိုင်း အတွင်းတွင် သဘာဝဓါတ်ငွေ့များ အလုံအလောက် ထွက်ရှိလျက် ရှိသောကြောင့် ပြည်သူလူထု၏ ကျန်းမာရေး၊ လူမှုရေးနှင့် နောက် အနာဂါတ်မျိုးဆက် ကလေးများ ကျန်းမာသန်စွမ်းရေးအတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ခြင်း စီမံကိန်းအစား သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းသည်သာလျှင် သင့်လျှော်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူသားချင်း စာနာထောက်ထားလျက် ကျောက်မီးသွေးသုံး စက်ရုံတည်ဆောက်မှု စီမံကိန်းအား ဖျက်သိမ်းရေးအတွက် မြိတ်ခရိုင်လော့လော့၊ ကျွဲကူး၊ သမုတ်၊ ကျောက်ဖျာရွာသူ၊ ရွာသားများမှ စုပေါင်းလက်မှတ်ပြီး ၈၈ မျိုးဆက်ကျောင်းသားများ (မြိတ်ခရိုင်)အကူအညီဖြင့် သမ္မတကြီးထံ တင်ပြသွားမည် ဖြစ်ကျောင်း ကျေးရွာသားတစ်ဦးမှ ပြောဆိုပါတယ်။

မြိတ်ခရိုင်သားတဦး

7 comments:

  1. ပြည်သူကိုတကယ်အန္တရာယ်ရှိတယ်
    ဆိုရင်တော့သမ္မတဆီတင်ပြရမည်
    တနင်္သာရီတိုင်းက ၈၈ မျိုးဆက်ကျောင်း
    သားတွေအခုလိုပြည်သူကိုထိခိုက်နိုင်
    တဲ့ကိစ္စတွေမှာပြည်သူအရှေ့ကရပ်ပေး
    တဲ့အတွက်အရမ်းလဲလေးစားတယ်
    ဂုဏ်လဲယူပါတယ်။

    ReplyDelete
  2. good...good...good

    ReplyDelete
  3. ၀န်ကြီးချူပ်ဦးမြတ်ကိုကတော့မြိတ်
    ကိုလာပြီးရှင်းသွားတယ်အမေ၇ိကန်
    လိုနိုင်ငံမှာတောင်ကျောက်မီးသွေးကို
    ၄၉%သုံးနေလို့ဘေးထွက်ဆိုးကျိုးမရှိ
    ဘူးမရှိနိုင်ဘူးလို့ပြောသွားတယ်။
    ပြည်သူအတွက်တကယ်ကိုအန္တရာယ်
    ရှိမရှိတိတိကျကျသိချင်တယ်။
    ကျောက်မီးသွေးနှင့်ပတ်သက်ပြီးတိတိ
    ကျကျသုတရှိသူများသေသေချာချာ
    ရှင်းပြစေချင်တယ်။

    ReplyDelete
  4. မြိတ်မှာတင်မဟုတ်တော့ဘူးသူငယ်ချင်တို့ထားဝယ်မှာလဲ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ တစ်ခုထပ်မံဆောက်ဖို့အတွက်စီစဉ်နေ တယ်ဆိုတာ သိရပါတယ်။ စီးပွားရေးသမားတွေက အမြတ်ရဖို့ အတွက် ၀န်ကြီးချုပ်ကိုလည်း ပုံးကြီးကြီးပစ်ပေးထားတယ်လို့ ကိုကျော်လွင်(ကော့သောင်း)နဲ့ နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။ လျှပ်စစ်မီးမလုံလောက်မှုကိုအကြောင်းပြပြီး ကိုယ်ကျိုးကိုဘဲကြည့် တတ်ပါတယ်။

    ReplyDelete
  5. ၀န်ကြီးချူပ်ကထွေအုပ်ညွှန်ချူပ်
    ဟောင်းဆိုတော့အ၀င်အထွက်
    အပေးအယူနပ်ပြီးသားပါ။
    ပြည်သူအတွက်ငါဘာလုပ်
    ပေးပြီးပြီလဲဆိုဒါညအိပ်ရင်
    နဖူးပေါ်လက်တင်ပြီးစဉ်းစားပါ။

    ReplyDelete
  6. ကျောက်မီးသွေး မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ဟာ ကဘာမှာ ရာခိုင်နှုန်းအားဖြင့် အများဆုံး ဖြစ်ပါတယ်။ ထွက်လာမဲ့ ဘေးထွက်ပစ်စည်းများ ဖြစ်တဲ့ ဆာလဖာ နိက်ထရစ်အက်ဆစ် နဲ့ ကာဗွန် ဒိုင်အောက်ဆိုဒ် ဓါတ်တွေ ကိုတော့ အဆင့် ဆင့် ဓါတ်ပြယ်အောင်လုပ်ပြီး လေထဲ ရေထဲကို ညစ်ညမ်းမှု အနည်းဆုံး ကိုသာစွန့်ပစ်စေအောင်ပြုလုပ်ကြပါတယ်။ နောက်ဆုံး ကျန်တဲ့ ပြာမှုန့်တွေကိုတော့ ဘိလပ်မြေလုပ်တဲ့ နေရာမှာထဲ့ သုံး ကြတာဖတ်ဖူး ပါတယ်။ အခုလုပ်မဲ့ စက်ရုံတွေမှာ ပါတ်ဝန်းကျင်ညစ်ညမ်းမှု အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ထားသလဲဆိုတာ လုပ်ကိုင်မည့် ပိုင်ရှင်များက ပွင့် လင်း မြင်သာအောင်ရှင်းလင်းပြဖို့  လိုအပ်ပါတယ်။ တဖက်ကလည်း လျှပ်စစ်ရဘို့ ကအရေး ကြီးပါသေးတယ်။

    ReplyDelete
  7. ပညာရှင်တွေနဲ့ သေချာစိစစ်ပြီး ဆုံးဖြတ်ကြတာ အကောင်းဆုံးပဲလို့မြင်တယ်ဗျာ။ ၈၈ မျိုးဆက် ထဲကကော၊ အတွေ့အကြုံများပြီး တိုင်းပြည်အတွက် ဘက်မလိုက်ပဲ ပြောရဲတဲ့ တခြား ပညာရှင် အုပ်စုကြီး တွေရော ရှိပါသေးတယ်။ ဒါတွေမှ စိတ်မချလည်း အမေရိကန်၊ အီးယူ၊ စတဲ့ တတိယ နိုင်ငံကြိးတွေကို ပါ ခေါ်စစ်ဆေးခိုင်း၊ ဘယ်လောက် ဆိုးကျိုးကောင်းကျိုး ရှိလဲ လေ့လာခိုင်း ရင် လုပ်သင့်မသင့် အဖြေ ထွက် ပါလိမ့်မယ်။ မှန်းဆ ပြောနေကြရုံနဲ့တော့ ဘယ်သူမှ အကျိုးရှိမယ်လို့ မထင်မိဘူး။ အဓိက က ပွင့်လင်းမှု က (၁)၊ နည်းပညာက (၂)။ စစ်ဆေးခံနိုင်မှု က (၃) ဖြစ်ပြီး အားလုံး ပေါင်းလဒ်ကို အကျိုး ရလဒ်ဖြစ်တဲ့ လျှစ်စစ်မီးနဲ့ တိုင်းတာရမှာပါ။ ပြည်ပရောင်းမယ့် မီး ဆိုရင်တော့ စဉ်းစားစရာမလိုဘူးပေါ့။ ဒေသ အတွက် ဆိုရင်တော့ တွက်ကြည့်ရမှာပေါ့။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။