(၂၄)နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားအဖြစ် ဝါဆို သင်္ကန်းကပ်လှူခြင်းနှင့် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံအတွင်း ထားဝယ်မြို့တွင် ကျဆုံးခဲ့ရသော 'ဆရာဦးပန်းကျော်၊ ဆရာဦးချမ်းလှ၊ ဦးတင်ရှိန်၊ မမူမူအေးနှင့် တနိုင်ငံလုံးတွင် ကျဆုံး အသက်စတေး ခဲ့ရသော သူရဲကောင်းတို့အား ဂုဏ်ပြုအောက်မေ့သော အားဖြင့် အလှူဒါနပြု ရေစက်ချအမျှဝေခြင်း အခမ်အနားအား ထားဝယ်မြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ထားဝယ်မြို့မှာ ကျင်းပပြုလုပ်မည့် ၈၈၈၈လုံး နှစ်ပတ်လည် အခမ်းအနားသို့ ရန်ကုန်မြို့မှ ရောက်ရှိလာမည့် (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဒေသခံပြည်သူလူထုတို့ တွေ့ဆုံ နှုတ်ဆက်မည့် အခမ်းအနားအား ထားဝယ်မြို့ ဇေယျဝတီကျောင်းတိုက်၊ ဓမ္မဘေရီဓမ္မာရုံတွင် (၈.၈.၂ဝ၁၂) ဗုဒ္ဓဟူးနေ့ နံနက်(၇းဝဝ)နာရီ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ထားဝယ်မြို့ ၈၈၈၈လုံး အခမ်းအနားသို့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ ဗကသအဖွဲ့မှ ကိုမင်းဇေယျာ၊ ကိုချစ်ကိုလင်း၊ ကိုသော်ဇင်ထွန်း၊ မသက်သက်အောင်၊ ကိုစည်သူမောင်နှင့် ကိုငွေစိုးလင်း တို့လာရောက်မည် ဖြစ်ပါကြောင်း ထားဝယ်သူ၊ ထားဝယ်သားများအား အသိပေးအကြောင်းကြား အပ်ပါသည်..။
ထားဝယ် ၈၈

Very Good!
ReplyDeleteဖြစ်အောင်လုပ်ပါ
ထားဝယ်(၈၈)အဖွဲ့အတွက်ဂုဏ်ယူပါတယ်။
ကြိုဆိုပါတယ်
ReplyDelete၈၈၈၈ အ
ရးတော်ပုံမှာကျဆုံးသွားသူေ
တွကို အလေးပြုပါတယ်
မြန်မာပြည်တောင်ပိုင်းသား
အမှန်တရားအတွက်ဆက်လုပ်ပါ
ReplyDeleteထားဝယ်၈၈အဖွဲ့ကိုအားပေးပါတယ်
ဒီမိုကရေစီအတွက်အမှန်တရားဘက်
ကရပ်ပြီးအသက်ပေးလူသွားတဲ့ရဟန်း
သံဃာကျောင်းသားပြည်သူများအား
လုံးကိုအလေးပြုပါတယ်။
ကောင်းရာသုကတိလားပါစေ။
ကြိုဆိုပါတယ်
ReplyDelete၈၈၈၈ အရေးတော်ပုံနေ.ကိုယနေ.ထက်တိုင်
အမှတ်ရနေဆဲပါ။စဉ်းစားလိုက်တိုင်းဝမ်းနည်းမိတယ်။
သမိုင်းဆိုတာ မေ့ဖျောက်လို့ မရစကောင်းပါ။နှောင်းလူတွေ သင်္ခန်းစါယူနိုင်ဖို့ ဖြစ်ရပ်မှန်တွေ ဖော်ထုပ်ပေးရမှာပါ။လေးစါးပါတယ်။
ReplyDeleteအမှတ်တရပါပဲဗျာ
ReplyDeleteထူးအိမ်သင်ကတော့အစိမ်းရင့်ရောင်နေ့ရက်များလို့သူ့ရဲ့
Albemတခု့ မှာ title သုံးခဲ့ဖူးတယ်
ကျွန်တော့်အတွက်တော့၈ ၈ ၈၈ နေ့ဟာ အနီရောင်နေ့
ရက်တွေပါပဲဗျာ