Pages

Wednesday, October 24, 2012

ကျောက်ဖြူမြို့ လုံခြုံရေး စစ်တပ်အားလွှဲပြောင်း၊ မြေပုံမြို့သို့ပါ မငြိမ်သက်မှုကူးစက်


ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦးမြို့များတွင် မငြိမ်သက်မှုများ တပြိုင်နက်ထဲ ဆိုသလို ဖြစ်ပွားခဲ့သည့်နောက် ယမန်နေ့က ကျောက်ဖြူမြို့သို့ ကူးစက်ကာ ယနေ့ညပိုင်းတွင် မြေပုံမြို့သို့ပါ ကူးစက်ခဲ့သည်ဟုရခိုင်ပြည်နယ်မှ လာသော သတင်းများအရ သိရှိရသည်။

အသေးစိတ်အဖြစ်အပျက်များ မသိရှိရသေးသော်လည်းယနေ့ ညနေတွင် ကျောက်ဖြူမြို့ လုံခြုံရေးကို စစ်တပ်လက်ဝယ်သို့ လွှဲအပ်ခဲ့ကြောင်း ကျောက်ဖြူမှ လာသည့်သတင်းများ အရသိရှိရသည်။

မြေပုံမြို့တွင်လည်း မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသော်လည်း အသေးစိတ်အချက် အလက် များ မရရှိသေးပေ။
 
သတင်း..  Yangon Press International

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။