Pages

Wednesday, October 24, 2012

ဖေ့စ်ဘုတ်ခ် မှာ မှတ်ချက်ရေးရင် သတိထားဖို့လိုဟု ဦးဇာဂနာဆို

ရန်ကုန်၊ ။ ဖေ့စ်ဘုတ်ခ်ပေါ်မှာရှိတဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်အတွက် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက်ရေး နေကြတာတွေမှာသည် မှတ်ချက်တွေကို တခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဖိအားပေးဖို့ လက်နက်တစ်ခုလို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးဇာဂနာက “ဖေ့စ်ဘုတ်ခ်မှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက် ရေးနေကြတာတွေကို ကျွန်တော်တို့က မလုပ်နဲ့ဆိုပြီး တားဆီးပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ကျွန်တော် မေတ္တာရပ်ခံချင်တာ တစ်ခုက စိတ်ထဲမှာရှိတဲ့ စိတ်ခံစားချက်တွေကို မရေးဖို့တောင်းဆိုချင်ပါတယ်။ အခုလိုလုပ်နေရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးကို နိုင်ငံတကာက ဖိအားပေးဖို့ ဒီမှတ်ချက်တွေကို လက်နက်တစ်ခုလို သုံးနေတာကို အားလုံးသိစေချင်တယ်” လို့ပြောပါတယ်။

ပြည်တွင်းကဘယ်သူတွေမှန်း မသိတဲ့သူတွေက တခြားဘာသာဝင်တွေကို ဖေ့စ်ဘုတ်ခ်ကနေ နစ်နစ်နာနာ ပြောပြီး ဆဲဆိုတဲ့ မှတ်ချက်တွေကို အိုအိုင်စီလိုအဖွဲ့အစည်းက စနစ်တကျစုပြီး ကမ္ဘာ့ကုလသမဂ္ဂကို တိုင်စာပို့ထား ပါတယ်။
အခုလိုစုပြီး ပို့ထားတဲ့အခါကျတော့ ဖေ့စ်ဘုတ်ခ်မှာရှိတဲ့ မြန်မာလိုရေးနေကြတာကို ကြည့်ပြီး သူတို့ ဘာသာဝင်တွေ အပေါ် စေတနာမမှန်ဘူး၊ လူမျိုးပြုတ်စေချင်တဲ့ စိတ်တွေ ရှိနေပါတယ်ဆိုပြီး အိုအိုင်စီ အဖွဲ့အစည်းက တိုင်ကြားတာဖြစ်တယ်လို့ ဦးဇာဂနာထံမှ သိရပါတယ်။

ဒါတွေကလည်း ယူအင်န်မှာ စဉ်းစားစရာတစ်ချက် ရသွားတာပေါ့။ အကယ်၍ သည်မှာ ဘာမှ မရေးကြဘူးဆိုရင် ထောက်ပြစရာ အချက်က ရှိလာမှမဟုတ်ဘူး။ ကမ္ဘာ့အလယ်မှာ ထောက်စရာအချက်တစ်ချက် ရှိလာတာကြောင့် သူ တို့တွေမေးရင် ကော်မရှင် အနေနဲ့လည်း ရှင်းရခက်တယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ရှင်းရခက်တယ် လို့သူကဆိုပါတယ်။

ဘက်ပေါင်းစုံရဲ့ဒဏ်ကို ပြည်တွင်းမှာခံနေရတဲ့အချိန်မှာ ဖေ့စ်ဘုတ်ခ်က ကိုယ့်ရဲ့စိတ်ခံစားချက် မှတ်ချက်တွေကို မီဒီယာ တိုက်ကွက်တစ်ခု အနေနဲ့ အသုံးချလာတဲ့အခါမှာ ကိုယ့်ဘက်မှာ ဘာအင်အားမှမရှိဘူးဆိုတာကို မှတ်ချက်ရေး တဲ့ သူတိုင်းကို အသိပေးချင်ပါတယ် လို့ ဦးဇာဂနာကဆိုပါတယ်။



မူရင်းလင့်....http://www.blogger.com/blogger.g?blogID=6686096359471540135#editor/target=post;postID=1831359681443021551

6 comments:

  1. How come Mr. U Zarganar "Warn to Comment from Publice."Public Comment is Public Voice" Why he care "OIC" and "UN". His sound is like "Stupid Army General". Then How about his fucking Muslim Bangalis are assaulting to Our Buddha,Buddhism and Buddhist Monks.He should clearly to know that "This Problem is not OIC Problem,is not UN Problem. This Problem is "Our National Affair". No Country or UN can not justify, only they can help us. We have to decide "What to do" Ourselves,that's all.

    ReplyDelete
  2. ERမှတ်ချက်ရေးရင်သတိထား မွတ်စလင်မကောင်းကြောင်းလုံးဝလုံးဝ မရေးရ......ဒီမိုကရေစီဆိုတာ ဒီလိုပါခင်ဗျ.....မကောင်းတာကို မကောင်းဘူးလို့ မပြောရ....ရင်ထဲက စိတ်ထဲက ဘယ်လိုဘဲ မကောင်းဘူး ..မကောင်းဘူး...လို့ သိနေ သိနေ....လုံးဝ ပါးစပ်ကနေ ထုတ်ဖော်မပြောဆိုရ....မှတ်ချက်လုံးဝမရေးရ ..မပေးရ...ဒါလား ဒီမိုကရေစီ....သိပ်တော်တာဘဲ ....တော်တီးတော်ကြီးရယ်..ကြည့်ကျက်လဲလုပ်ဦး...အရူးတွေလိုက်ဖမ်းနေတယ်..ပါသွားဦးမယ်.........

    ReplyDelete
  3. ဒီလိုဆိုရင်သူတို.ဖာသာရေးမယ် ပြီးရင်တိုင်မယ် ဦးဇာဂနာဘာပြောမလဲ။ သိပ်မခိုင်လုံဘူးလို.ထင်ပါတယ်။

    ReplyDelete
  4. ဇာဂနာခင်ဗျား!!!!! ဘဂါလီကုလားကိုကြတော့ ၇ပ်မိ၇ပ်ဖ ၇ခိုင်တွေကတော့ ရွှာသူ၇ွာသားတဲ့ ခင်ဗျားေ၇းတာနော် ခင်ဗျာလည်းသူများကိုသတိမပေးခင် ခင်ဗျားကိုယ်ကိုကိုယ်ခင်ဗျားသတိပေး တော်ကြာခ ဘင်ဂလီကို ခမည်းခမက်လို့ မှားေ၇းမိ၇င် ခင်ဗျားသမီးဖင်ကျိန်မဲ့အဖြင့် U N က ဖေ့ဘုတ် က ကော်မန့် တွေကို လက်ခံ၇အောင်မ၇ူးပါ ခင်ဗျားသာ၇ူးနေတာဖြင့်နိုင်တယ်

    ReplyDelete
  5. ဇာဂနာရဲ့ အယူအဆဟာလည်း စဉ်းတော့၊ စဉ်းစားစရာပါ။ ဒါပေမယ့် ဖေ့စ်ဘွတ် ကွန်မန့်တွေနဲ့ ပက်သက်ပြီး ရိုင်းစိုင်းစွာ ပြောဆိုတုံ့ပြန်ပေါက်ကွဲကြတာကို အားမပေးပေမယ့်.. လူထုရဲ့ ရင်ထဲက စစ်မှန်တဲ့စကားသံဟာ ရိုးသားမှုအပြည့် ရှိတယ်ဆိုတာကို လက်သင့်ခံရပါမယ်။ ဒါဟာ စစ်မှန်တဲ့ အမှန်တရားပါ။ အမှန်တရားမှာ အင်အား အပြည့်ရှိပါတယ်။
    ကျွန်တော့အနေနဲ့ကတော့ ရိုင်းစိုင်းတဲ့ စကားလုံးတွေကလွဲရင် စိတ်ရင်းအမှန်အတိုင်း ကွန်မန့်ပေးတာကို အပြည့်အ၀ ထောက်ခံအားပေးပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတွေရဲ့ စစ်မှန်တဲ့ သဘောထားကို ထုတ်ဖော်ပြသခြင်းပါ။ ဒီမိုကရေစီ ယဉ်ကျေးမှုရဲ့ အနှစ်သာရရှိတဲ့ အလေ့အထကောင်း တစ်ခုပါ။ ယူအန်ပဲဖြစ်ဖြစ်၊ အိုအိုင်စီပဲဖြစ်ဖြစ် သိပ်ကြီးအလွန်အကျွံ ထည့်စဉ်းစားဖို့ မလိုပါဘူး။ ကျွန်တော်တို့ စစ်ကျွန်သဘောက်ဘ၀အောက် ရေချိန်အမြင့်ဆုံး ရောက်နေချိန်မှာတောင် ဒီအဖွဲ့အစည်းတွေ ဘယ်လောက်များ ထိရောက်အောင် ကူညီ လုပ်ပေးခဲ့ပါသလဲ။ မြန်မာပြည်အရေးကို တကမ္ဘာလုံးမှာရှိတဲ့ မြန်မာတွေကပဲ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြတာပါ။

    ReplyDelete
  6. အပြင်မှာ ထိန်းရသိန်းရတော့ လွတ်လွတ်လပ်လပ်ပေါက်ကွဲလို့ရတဲ့နေရာရောက်ရင်ပေါက်ကွဲတတ်ကြတာပါဘဲ။ဒါတွေထိ ပိတ်ပင်တားဆီးဖို့မလိုဘူးထင်ပါတယ်။လူတကာမျက်နှာကြည့်ပြီးနေခဲ့ရတာမောလှပြီလေ။facebookမှာတော့လွတ်လွတ်လပ်လပ်ပြောချင်ကြမှာပေါ့။ဒါတွေက ဘယ်သူ့အပေါ်မှ မျက်နှာထောက်ထားစရာမလိုတဲ့နေရဘဲ။စစ်မှန်တဲ့တကယ့် သဘောထားတွေကိုသိရတဲ့နေရာပါ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။