Pages

Thursday, November 29, 2012

လက်ရှိနောက်ဆုံးရ သတင်း

 လက်ရှိနောက်ဆုံးရ သတင်း (နေမျိုးဇင် ဖေ့စ်ဘွတ်)
ဝမ်ပေါင် ကြေးနီ စက်ရုံ ၀င်ပေါက်မှ ပုသိမ်မုံရွာလမ်းဆုံ ထိ ကို သံဆူးကြိုးများ ပိတ်ပြီး ရဲလက်နက်ကိုင်များ အပိတ်ဆို့ထားသည်။ ယဉ်ကျေးမှု ကင်းမဲ့သော တုန့်ပြန်ဆက်ဆံတတ်သူ ရဲ တပွင့် နှင့် ကျနော် ပြသနာ တက်သည်။ ပြည်သူ လူထုကို ၇ိုင်းပြစွာ ဆက်ဆံသောကြောင့် ကျနော်က ယဉ်ကျေးစွာပြောဆိုရန် ပြောပြီး ကျနော် ကိုယ်တိုင် တပ်မတော် အရာရှိဟောင်း ဖြစ်ကြောင်း ပြည်သူ့လစာကို စားပြီး ပြည်သူကို ယဉ်ကျေးစွာဆက်ဆံဖို့ လိုကြောင်း ပြောသော အခါ ထို လ ၂၄၇၆၅၉ ဒုရဲအုပ် မျိုးမင်းနိုင် ( တန့်ဆည်စခန်း မုံရွာခရိုင်) က စစ်ဗိုလ်ဟောင်းလည်း ဖင်ခံ လိုက်ကွာ ဟု ဆိုသည် အထိ ရိုင်းစိုင်းစွာ တုန့်ပြန်သည်ကို ၀မ်းနည်းစွာ တွေ့ရှိရသည်။

ရဲတပ်ဖွဲ့ဝင်များ မျက်နှာသည် လွန်စွာမှပင် ၀မ်းနည်းစဖွယ်ကောင်းလောက်အောင် ယဉ်ကျေးမှု ကင်းမဲ့နေသည်ကို တွေ့ရှိရသည်။ ထို ဒုရဲအုပ်မှာ တိုင်းရင်းသား တဦးဖြစ်နေသည်ကို လည်း သတိပြုလိုက်မိသည်။

ရဟန်း သံဃာ လူ ပရိသတ် စုစုပေါင်း ၇၀ ခန့် ထိခိုက် ဒါဏ်ရာ ရခဲ့ပြီး၊ သံဃာတော် တပါး ပျံလွန်တော်မူသွားသည်ဟု တွေ့မြင်လိုက်ရသော ရွာသားများက ပြောပြ သော်လည်း အခြေအနေမှ စစ်မြေပြင် အတွင်း ညဖက် စိနင်း သတ်ဖြတ်တိုက်ခိုက်သကဲ့သို့ အလစ်အငိုက် အမိုက်ထု ကို အကာကွယ်ယူပြီး လက်နက်များ၊ မီးခိုးဗုံးများ၊ မီးလောင်ဗုံးဟု ယူဆ ရသော မီးလောင်စေတတ်သည့် ပေါက်ကွဲမှုများဖြင့် အလစ်အငိုက် တိုက်ခိုက် စီးနင်းခြင်း ဖြစ်ရာ ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မရနိုင်ပေ။

ပြောင်းခင်းများ အတွင်း ပုန်းအောင်းနေသေးသော ရွာသားများစွာ တို့ ယခုထက်တိုင် အဆက်သွယ် မရသေး။ ပျောက်ဆုံးနေဆဲဖြစ်သည်။

မိုးကြိုးပစ် ရွာနှင့် ၀မ်ပေါင် ဂိတ်ကြား တွင်လည်း သံဆူးကြိုးတာား လက်နက်ကိုင်များ ပိတ်ဆို့ ထားသောကြောင့် ရွာသား သုံးရာခန့်မှာ ပိတ်မိနေသည်။

ကျနော်တို့ အဖွဲ့ ထိုရွာသားများကို သွားရောက် ခေါ်ယူကာ ပိတ်ဆို့ထားသော ရဲများအား အဘယ်ကြောင့် အများသူငှာလမ်းအား ပိတ်ထားလဲဟု မေးပြီး အတင်းဖြတ်ရန် ကြိုးစားမှ ငါးဦးစီ ဖြတ်သန်းခွင့် ပေးသည်။ ထို လူပေါင်း ၂၀၀ ခန့်ကို ခေါ်ထုတ်လာခဲ့ပြီး ကျန်ရစ်နေသေးသော ရွာသားများကို ဆက်လက် ခေါ်ယူနေဆဲဖြစ်သည်။

မကြာမှီ ယခု ဖြစ်စဉ်များနှင့် မနီးမဝေး ကွင်းပြင်ကျယ် ထဲတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့် စင်မြင့် အနိးတွင် လူပရိတ်သတ် ရာပေါင်းမျာါးစွာ နှင့်အတူ ကျနော်တို့ စောင့်ဆိုင်းနေသည်။

ဓါတ်ပုံပင် တင်မရအောင် ကွန်နက်ရှင်က နှေးကွေးလွန်းသဖြင့် စာ အရင် တင်ပြလိုက်သည် မကြာခင် ပုံများတင်ပြပါမည်။
 Nay Myo Zin

2 comments:

  1. ဒေါ်အောင်ဆန်းစုကြည်လာပြီးဖြေရှင်းပေးမှာကိုသိရဲ့သားနဲ့စောင့်သင့်တယ်။ နောက်ကြောင်းပြန်လည့်တဲ့ အကြမ်းဖက်ဖြိုခွင်းခြင်းပဲ၊ နိုင်ငံတော်သမတကြီးနှင့် ၄င်း၏ အစိုးရအဖွဲ့အားပြင်းပြင်းထန်ထန်ရှုံ့ချ ကန့်ကွက်ပါသည်။

    ReplyDelete
  2. မြန်မာပြည်ဟာ ယဉ်ကျေးသိမ်မွေ့သော ကူညီရိုင်းပင်းတတ်သောကိုယ်ချင်းစာတရားရှိသောဗုဒ္ဓဘာသာ တိုင်းပြည် ဟုကမ္ဘာ ကသိထားကြပြီး
    အခုလိုနေ့ကြီး အခါကြီးမှာ သံဃာတော်တွေနဲ့ ပြည်
    သူတွေကို ရက်စက်ပြီး အကြမ်းဖက်နှိမ်နှင်းခဲ့တာ
    တွေဟာ အကြီးတန် ရုတ်ဆိုးစေခဲ့ပါတယ်။ အခုချိန်
    ဟာပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ပြောပြီး
    ယ္ခင် စနစ်ဟောင်းစနစ်ဆိုးကြီးကို လက်ကိုင် ထားဆဲဆိုတာ လက်တွေ့ ဖေါ်ထုတ်ပြလိုက်တာပါ။
    ပြည်သူတွေကို ကာကွယ် ရမယ်ဆိုတဲ့ ဥပ ဒေက
    စာရွက်ထဲဘဲ ပြန်ရောက်သွားပြီထင် ပါ့။ ပြဿနာ
    တစ်ခုကို ငြိမ်းချမ်းသောနည်းဖြင့်အ ဖြေ မရှာဘဲ လက်နက်အားကိုးပြီး ဖြေရှင်းခဲ့တာတွေဟာဥာဏ်
    မရှိတဲ့စစ်တပ် ရဲ့ စီမံခန့်ခွဲမှု ကလွှမ်းမိုးနေ ကြောင်း
    အလုပ်ကသက်သေပြလိုက်တာပါ။ ယုံကြည်မှုမရှိ
    ပါကြောင်း။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။