လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ
သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း
နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား
၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)နှင့်မြင်တွေရစဉ်။ သတင်းဓာတ်ပုံ- သလ္လာဝတီတိုင်းမ်
တ်စခန်းများအား
ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။
ထို့အပြင် အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖေါ်ပြထားချက်မှာလည်း မတိကျ မခိုင်လုံကြောင်း ပြောကြားခဲ့ပါသည်။
"ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ တပ်မတော်သုံး မှိုင်းကာချတဲ့ဟာ မဟုတ်ဘူး။ နောက် နပမ်းဗုံးတွေလည်း မဟုတ်ဘူး။ " ဟု ဦးဇော်ဌေးက ပြောပါသည်။
ယခုဖြစ်စဉ်တွင် မီးခိုးဗုံးသာ အသုံးပြုခဲ့သည်ဟု ဆိုလျှင် မည်သည့် အတွက်ကြောင့် မီးလောင်ကြွမ်းမှုများ ဖြစ်ပွားရကြောင်း၊ ယခုမီးလောင်သည့် သပိတ်စခန်းများမှာ မိုရေကာဖျဉ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Eleven Media Group မှ မေးမြန်းမှုအပေါ် "ကျွန်တော်တို့ ပြည်ထဲရေးကို မေးတော့ မီးခိုးဗုံးလို့ ပဲပြောတယ်။ အဓိကရုဏ်း နှိမ် နင်းတဲ့နေရာမှာသုံးတယ်။ နိုင်ငံတကာမှာလည်း သုံးတယ်။ စစ် မြေပြင်သုံး မီးခိုးဗုံး မဟုတ်ဘူး။ သုံးခုစလုံးက အဓိကရုဏ်းနှိမ်နင်းတဲ့ဟာတွေ ချည်းပဲ။" ဟု ဦးဇော်ဌေးက ရှင်းပြပါသည်။
ထို့နောက် "အဓိကကတော့ စိုင်းသိန်းဝင်းဟာကြီးကတော့ မတိ ကျဘူး၊ မခိုင်လုံ ဘူး" ဟု ဆက်လက် ပြောကြားခဲ့ပါသည်။
ထို့ပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ရန်နှင့် ပတ်သက်၍မေးမြန်းမှုအပေါ် လုပ် ဆောင်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ မီးကျည်ရဲ့ အစနဲ့ ထိတာနဲ့ အရေပြားတွေ လောင်ကုန်တယ်။ တစ်ချို့ကြတော့ အရေခွံမလန်ဘဲ အသားချိုင့်သွားတာလည်း တွေ့ရတယ်။ သပိတ်စခန်းတွေက ၀ါးလုံးတိုင်တွေနဲ့ ပလပ်စတစ်မိုးကာတွေအုပ်မိုးထားတာ။ " ဟု ယင်းဖြစ်စဉ်အား မျက်မြင် သတင်းရယူနေသူ Eleven Media Group သတင်းထောက် ကိုအောင်သူက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာရသူများ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ သာမန်မီးလောင်နာနှင့် မတူဘဲ ဓါတုပစ္စည်း တစ်ခုခုကြောင့် ယခုကဲ့သို့ ဒဏ်ရာများကို ဖြစ်ပေါ်စေသည်ဟု ယူဆကြောင်း အမည် မဖေါ်လိုသူ ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါသည်။
"ကျွန်တော်သိရသလောက် မီးလောင် ဒဏ်ရာတွေက သာမန် မီးလောင်ဒဏ်ရာပုံမျိုး မပေါက်ဘူး။ ဓါတုပစ္စည်း တစ်ခုခုနဲ့ ထိထားတဲ့ ပုံမျိုးတွေ့ရတယ်။ သာမန် အဓိကရုဏ်း လက်နက်မျိုးမဟုတ်တဲ့ အတွက် အစိုးရအနေနဲ့က လုံလောက်တဲ့ ဖြေရှင်းမှုမျိုး လိုပါတယ်။ အစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ပြည်သူကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်။" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
Eleven Media Group

dr.သန်းထွဋ်အောင်လိုလူမျိုးနိုင်ငံအတွက်အများကြီးလိုအပ်ပါတယ်။တဆက်တည်းမှာဘဲအောင်ထွဋ်(နေဝင်းမောင်)ကိုသတိရတယ်။
ReplyDeleteThis comment has been removed by the author.
ReplyDeleteI appreciate you (dr than htut aung) for your stand for Burmese people and the true.
ReplyDeleteone of the Police officer (ko san oo - left hand writing man)told me openly,. polices use chemical weapon for testing order by government.
ReplyDeleteso, ko zaw htay ,don't blame the people.