ထို့ ကြောင့်..ဆန်စပါးနှင့်ပါတ်သက်ေ
ယခုအပတ်ထုတ် 7 Day News ဂျာနယ်..အချပ်ပိုတွင်..ဒေးဒရဲ ဒေသ၌ပေါ်ဆန်းစပါးဈေး ထိမ်းထားနှိုင် ရန်..မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း ( MAPCO ) မှပေါ်ဆန်းစပါး တန် နှစ်သိန်း ၀ယ်ယူပေးသွားမည်ဖြစ်ကြောင်း..၄င်းကော်ပိုရေးရှင်း ၏ ဥက္ကဌ ဖြစ်သူဦးရဲမင်းအောင် မှ ပြောကြား ကြောင်း..ဖေါ်ပြထား၏။ စပါးတန် နှစ်သိန်း ဆိုသည်မှာ တင်းရေအား ဖြင့် တင်ပေါင်း ၁၀၀သိန်းခန့် ဖြစ်၏။ကာလပေါက်ဈေးဖြင့်တွက်မည်ဆိုပါက..ကျပ်သိန်းပေါင်း ၅ သိန်း ခန့် တန်ဘိုး ရှိ၏။မဖြစ်နှိုင် စပါးတင်းနှစ်သိန်းသာဖြစ်မည်ထင်ပါ၏။၎င်းကော်ပိုရေးရှင်း၏ ဥက္ကဌ ဖြစ်သူ ဦးရဲမင်းအောင် ဟု ဖေါ်ပြထားသော်လည်း..၄င်းကော်ပိုရေးရှင်း၏ဥက္ကဌမှာ ဦးရဲမင်းအောင် မဟုတ်..သတင်း ရယူသူနှင့် သတင်းပေးဖြေဆိုသူအကြားနားလည်မှုကွဲလွဲခြင်းရှိနှိုင်၏။စပါးတင်း နှစ်သိန်း ၀ယ်ယူမည် နှင့် စပါးတင်း တစ်ရာ သိန်းဝယ်ယူမည်ဆိုသော ကွဲလွဲချက်သည် မည်မျှအထိ ဆန်စပါးလောကကို ရိုက်ခတ်သွားမည်
ဆိုသည်ကို ဆန်စပါးလောကသားများ သိကြ၏။
မကြာမှီက..ကျွန်ုပ်ထံသို့  သတင်းသမားတဦးမှ မြို့ ၏ဆန်စပါးအခြေအနေသိလိုကြောင်း လာမေး၏။ကျွန်ုပ် အတတ်နှိုင်ဆုံး ရေလည်အောင်ရှင်းပြ၏။ သို့ သော် သူ ရေရေ လည်လည် နားလည်ပုံ မရ..ကျွန်ုပ် ကပြော၏။ နားလည်မှုကွဲလွဲပါက သတင်းမှားဖြစ်သွားနှိုင်..ရေးပြီးသောသတင်းကို မပေးပို့ မှီ ကျွန်ုပ်
အားပြနှိုင်ကပြရန်..သို့ မဟုတ် ဖုံးဆက်ရန်ပြောပြီး ဖုန်းနံပါတ်ပေးလိုက်၏။ယနေ့ အထိတော့ ဆက်သွယ်မှုမရှိ...
သတင်းဌာနများနှင့် အသင်းအဖွဲ့ တာဝန်ရှိသူများ အကြား နားလည်မှုရှိသင့်၏။သတင်းသမားများ အနေဖြင့် အသင်းအဖွဲ့ များ၏တာဝန်ရှိသူများကိုသာမေးမြန်းရေးသားကြခြင်းဖြစ်၏ ။ မေးသူနှင့်ဖြေသူကြား နားလည်မှုကွဲလွဲတတ်ပါ၏။ဖြစ်တတ်ပါ၏။သို့ သော် ပြည်သူများ နားလည်မှုလွဲမှာ စိုးရိမ်ပါ၏
အကြံပြုလိုပါ၏။သတင်းသမားများအနေ ဖြင့်..မည်သို့ ပင်အသံသွင်းယူထားသည် ဖြစ်စေ..သတင်းမပေး ပို့ မှီ ဖြေကြားသူများအား မိမိရေးသည့် သတင်းအား ဖတ်ပြ၍အတည်ပြု ရယူစေလိုပါ၏။ဖြေကြားသူများ အနေဖြ င့်လည်း သတိထားသင့်၏။ တာဝန်ရှိသူမိမိ၏ဖြေ ကားချက်သည်..ပြည်သူတရပ်လုံးနှင့်  ပါတ်သက်မှု ရှိနေသည်ကိုသတိပြုရမည်ဖြစ်၏။
သတင်းသမားများနှင့် ဖြေကြားသူများကိုဝေဖန်နေခြင်းမဟုတ်ပါ.ပြည်သူများအနေဖြင့်သတင်းမှန်များ သိရှိနှိုင်ရေးကို စေတနာထားအကြံပြုခြင်းသာဖြစ်ပါကြောင်းတင်ပြလိုက်ရပါ၏။
Nay la ၏ ဖေ့ဘွတ်စာမျက်နှာ မှ
မကြာမှီက..ကျွန်ုပ်ထံသို့  သတင်းသမားတဦးမှ မြို့ ၏ဆန်စပါးအခြေအနေသိလိုကြောင်း လာမေး၏။ကျွန်ုပ် အတတ်နှိုင်ဆုံး ရေလည်အောင်ရှင်းပြ၏။ သို့ သော် သူ ရေရေ လည်လည် နားလည်ပုံ မရ..ကျွန်ုပ် ကပြော၏။ နားလည်မှုကွဲလွဲပါက သတင်းမှားဖြစ်သွားနှိုင်..ရေးပြ
အားပြနှိုင်ကပြရန်..သို့ မဟုတ် ဖုံးဆက်ရန်ပြောပြီး ဖုန်းနံပါတ်ပေးလိုက်၏။ယနေ့ အထိတော့ ဆက်သွယ်မှုမရှိ...
သတင်းဌာနများနှင့် အသင်းအဖွဲ့ တာဝန်ရှိသူများ အကြား နားလည်မှုရှိသင့်၏။သတင်းသမားများ အနေဖြင့် အသင်းအဖွဲ့ များ၏တာဝန်ရှိသူများကိုသာမေးမြန်းရေးသားကြခြင်းဖြစ်၏ ။ မေးသူန
အကြံပြုလိုပါ၏။သတင်းသမားများအနေ
သတင်းသမားများနှင့် ဖြေကြားသူများကိုဝေဖန်နေခြင်းမဟ
Nay la ၏ ဖေ့ဘွတ်စာမျက်နှာ မှ
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။