လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းခြင်းနှင့်
ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော
ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)မှ ဒီဇင်ဘာလ ၁၄ ရက် (ယနေ့)
နံနက်ပိုင်းတွင် မြ၀တီမြို့တွင်း၌ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယခင်(DKBA)၊ ယခု ကရင်အမျိုးသားတပ်မတော်မှ စစ်မှန်သည့် ငြိမ်းချမ်းရေးလိုလားသူ ဗိုလ်မှူးကြီးစန်းအောင် ဦးဆောင်သည့် အင်အားတစ်ထောင်ကေ
ျာ်ခန့်ရှိ
ကရင်တပ်မတော်များသည် ကားအစီး (၁၀)ကျော်ဖြင့် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက်
တောရကျောင်းလမ်းမှ စတင်ထွက်လာပြီး ဘုရင့်နောင်လမ်းမကြီးအတိုင်း ချစ်ကြည်ရေးတံတားဖက်သို့ လှည့်လည်သွားကာ ကြခတ်တောကျောင်းလမ်းအတိုင်း ချိုးဝင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။
ယင်းကဲသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်များကိုချက်ချင်းရပ် ပေးဖို
့၊သံဃာတော်တွေနဲ့ ပြည်သူလူထု တောင်းဆိုချက်များကို လိုက်လျော့ပေးဖို
့၊သံဃာတွေကို အကြမ်းဖက် နှိမ်နင်းမှုမှ တာဝန်ရှိသူတွေကို
ချက်ချင်းအရေးယူပေးဖို့ ၊စုံးစမ်းစစ်ဆေးရေးကော်မတီ တရားမျှတစွာ
ဆောင်ရွက်ဖို့  တောင်ဆိုခဲ့သည့် စာတမ်းများ ကိုင်ဆောင်ပြီး လှည့်လည်
ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုကို နံနက် ၇ နာရီ မိနစ် ၃၀ အချိန်မှ နံနက် ၈ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်များကိုချက်ချင်းရပ်
ဆန္ဒထုတ်ဖော်မှုကို နံနက် ၇ နာရီ မိနစ် ၃၀ အချိန်မှ နံနက် ၈ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Eleven Media Group




very goods news
ReplyDelete၇ဲတွေလာတား၇င် သေနတ်နဲ.ပစ်သတ်