Pages

Monday, September 30, 2013

ဂျပန် ချစ်ကြည်ရေး စစ်သဘောင်္(၃)စီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိ(ရုပ်သံ၊ ဓာတ်ပုံ)

ဂျပန်၊ မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ...
စက်တင်ဘာ(၃၀)

ဂျပန် စစ်သဘောင်္များဖြစ်တဲ့ Kashima, Shirayuki and Isoyuki,သုံးစီးဟာ ချစ်ကြည်ရေးခရီးစဉ် အဖြစ် ယနေ့ နေလည်ပိုင်းက သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာပါတယ်..။ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဂျပန်ရေတပ် သဘောင်္(၃)စီးမှ အရာရှိနှင့် တပ်သား ၇၀၀ခန့်ပါရှိလာခဲ့ပြီး အောက်တိုဘာလ(၄)ရက်နေ့မှာ မြန်မာနိုင်ငံမှ
ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။


စစ်ရေး စီးပွားရေး မဟာဗျူဟာ ကျတဲ့ မြန်မာနိုင်ငံသို့ အာရှမှ ဂျပန်နဲ့ အနောက်နိုင်ငံများမှ စစ်ရေး၊ စီးပွားရေးပိုမို ရင်းနှီးနီးကပ်လာမှု အပေါ်တရုတ်နိုင်ငံမှ အထူးသတိထား စောင့်ကြည့်နေပါတယ်..။ ယနေ့ တရုတ်ရုပ်သံ သတင်းများမှာလည်း ဂျပန်စစ်သဘောင်္များ ရောက်ရှိလာတဲ့ သတင်းအား ထုတ်လွှင့် ပြသသွားခဲ့ပြီး သီလဝါဆိပ်ကမ်းသို့ တရုတ်သတင်းထောက်များမှ သတင်းလာရောက်ယူ ရိုက်ကူးတာကို မြင်တွေ့ရကြောင်း သတင်းသွားရောက် ရယူခဲ့တဲ့ မြန်မာသတင်းထောက် တဦးမှ ဒီမိုဝေယံသို့ ပြောကြားပါတယ်..။

နှစ်ပေါင်းများစွာ တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုအောက်မှာ နေခဲ့ရတဲ့ မြန်မာတပ်မတော် အနေနဲ့ ယခုကဲ့သို့ ဒီမိုကရေစီနိုင်ငံများ ဖြစ်ကြတဲ့ ဂျပန်နဲ့ အနောက်နိုင်ငံများနဲ့ စစ်ရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံလာမှု အပေါ် အထူးဝမ်းသာမိကြောင်း အဆိုပါ သတင်းထောက်က ဆိုပါတယ်..။

ဂျပန်စစ်သဘောင်္များ ယခုအကြိမ် လာရောက်ခြင်းဟာ စစ်ရေးထက် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ကြောင်း သိရှိရပါတယ်..။

ဂျပန်၊ မြန်မာချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ..။
ဒီမိုဝေယံ

ဓာတ်ပုံ စိုးဇေယျာထွန်း (Reuters)
ရုပ်သံ EMG

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။