Pages

Saturday, October 5, 2013

အမေးဘုရားအလောင်း အဖြေနွားကျောင်းသား.. (လွှတ်တော်အတွင်းမှ NLD အမေး ကြံ့ဖွံ့အဖြေ..)

အမေးဘုရားအလောင်း အဖြေနွားကျောင်းသား.. (လွှတ်တော်အတွင်းမှ NLD အမေး ကြံ့ဖွံ့အဖြေ..)

http://www.youtube.com/watch?v=Xohg0uHjATM&feature=youtu.be
 ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတနဲ့ ဝန်ကြီးအဖွဲ့ဝင် အတွင်းမှာ တာဝန်တွေရရင် ပါတီနဲ့ ပတ်သက်ခွင့် မရှိဆိုတဲ့ အခြေခံဥပဒေပါ အချက်နဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ပုသိမ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့  အမေးကို ကြံ့ဖွံ့ပါတီက ပြန်လည် ဖြေဆိုရာမှာတော့
 လေလုံးမကွဲ ဝေ့လည်ကြောင်ပတ် မြန်မာစကားနဲ့ ဖြေရှင်းရမှာကို Dictionary ပါမချန် Definitionဖွင့်ပြီး ရောချသွားလေရဲ့...။ ဒီလို အနှစ်သာရမရှိ ရောချတဲ့ အဖြေကိုတောင် တို့လူလေးများ ဆိုသလေး ဝေလေလေ ဆိုပြီး လက်ခုပ်သံတွေ တညံညံကိုလည်း နားဆင်ရမှာပါ..။ 

မြန်မာစကားပုံမှာ ပါရှိတာကတော့ အမေးနွားကျောင်းသား အဖြေဘုရားအလောင်းတဲ့ ယခုရုပ်သံမှာ မြင်တွေ့ရတာကတော့ အမေးဘုရားအလောင်း အဖြေနွားကျောင်းသား လို့ဆိုရလေမလားပဲ..။

ဒီမိုဝေယံ
ရုပ်သံ Aldo Sawaldo

1 comment:

  1. NLD မှာ ဦးဝင်းမြင့်လို ပုဂ္ဂိုလ်မျိုး များများလိုပါတယ်။
    လေးစားပါတယ်ဗျာ ။ ပြည်သူတွေအတွက် သံသယရှင်း
    အောင် နှိုက်နှိုက်ချွတ်ချွတ်မေးတတ်ပါပေတယ်။
    သမ္မတကြီးအနနဲ့ကလည်း ဘာလို့မြန်း ဒီလိုသံသယ
    ဖြစ်စရာကောင်းတဲ့ နေရာမှာ ဆက်နေနေတာလဲ။ သူ့အတွက် ကော တိုင်းပြည်အတွက်ကော ဘာအကျိုး
    ရှိလို့လဲ။ စစ်သားပီသတယ် ယောက်ျားပီသတယ်ဆိုရင် ပြတ်ပြတ်သားသား လုပ်လိုက်စမ်းပါ။
    ကိုယ့်သမိုင်းကို ရဲရဲဝံ့ဝံ့ ရေးလိုက်စမ်းပါ။ အရွယ်တွေကလည်း သေမင်း တွင်းဝရောက်နေပြီ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။