ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာစစ်အစီုးရ၏ ဥပဒေမဲ့ လုပ်ရပ်များကို ကမ္ဘာကသိအောင်ဆောင်ရွက်ြကပါ။

 လာမည့်ဇွန်လ (၅)ရက်နေ့ မှာ ဒေါ်စုအမှုအတွက် အပြန်အလှန် လျှောက်လဲချက်များ ပေးကြပါမယ်။အဲဒီနေ့မှာပဲ စီရင်ချက် ချကောင်းချနိုင်ကြောင်း ကျွန်တော်ဆက်သွယ် မေးမြန်းရာမှသိရှိရပါတယ်။
ဒေါ်စုအမှုတွင် အစိုးရဖက်မှသက်သေ ၁၅ဦးအထိလျှောက်လဲခွင့် ရရှိခဲ့သော်လည်း
ဒေါ်အောင်ဆန်းစုကြည်ဖက်မှ တစ်ဦးသာလျှောက်လဲခွင့်ရရှိခြင်းသည် တရားစီရင်ရာတွင်မျှတမှုမရှိခြင်းမှာ ပေါ်လွင်ကြောင်း၊
တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ Rule & Law မရှိဘူးဆိုတာ ကမ္ဘာကသိအောင် သက်ဆိုင်ရာနိုင်ငံတွေမှာ
ဆော်သြပေးစေလိုကြောင်း မှာကြားလိုက်ပါတယ်။

သတင်းမှန်ရရှိရေးအတွက်အထူးကြိုးစားနေပါသည်။

အရေးကြီးတဲ့အခုလိုအချိန်မှာ မြန်မာပြည်က သတင်းတွေကို မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန် တင်နိုင်ဖို့အတွက် ဒီဘလော့လေးကိုရေးဖြစ်တာပါ။ ဝေဖန်အကြံပေးဆွေးနွေးနိုင်ပါတယ်။

တရားဥပဒေ ချိုးဖောက်ပြီးရင်း ချိုးဖောက်နေသောနအဖ

NLDရှေ့နေကြီးဦးဥာဏ်ဝင်းမှဆက်လက်ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်နအဖ၏ လုပ်ရပ်တစ်ခုအပေါ်ဝေဖန် ပြောဆိုခဲ့ကြောင် ကြားသိရပါသည်။အကြောင်းရင်းမှာ မေလ၂၈ ရက်နေ.တွင် မစ္စတာယက်တောအား အာဏာပိုင်များမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ခေါ်ဆောင်သွားပြီး အမှုဖြစ်စဉ်အားသရုပ်ပြစေခြင်းနှင့် ပတ်သက်ကြောင်း သိရပါသည်။ ဒေါ်စုအား နေအိမ်အကျယ်ချုပ်ချထားခြင်းကို မေလ၂၆ ရက်နေ့တွင်ရုပ်သိမ်းခဲ. ပြီးဖြစ်သော်လည်း ဒေါ်စုခွှင့်ပြုချက်မရပဲ မေလ၂၈ ရက်နေ. ၌ အာဏာပိုင်များမှ မစ္စတာယက်တောအား ဒေါ်စုနေအိမ် သို့ခေါ်ဆောင်သွားခြင်းမှာ တရားဥပဒေမဲ့ လုပ်ရပ်ြဖစ်ကြောင်း ဝေဖန် ပြောဆိုခဲ့ပါသည်။

အထူးသတင်း။

ယနေ့နေ့လည် ၂နာရီ မှ ၄နာရီခွဲ အချိန်ထိအင်းစိန်ထောင် ဧည့်ရိပ်သာတွင်ဒေါ်အောင်ဆန်းစုကြည် နှင့်ရှေ့နေများတွေ.ဆုံခွင့်ရရှိခဲ့ပါသည်။
ဦးကြည်ဝင်း၊ဦးဥာဏ်ဝင်းနှင့်ဒေါ်ခင်ဌေးကြွယ် တို့တွေ့ဆုံခွင့်ရခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်
ပတ်သက်၍ဆက်လက်လုပ်ဆောင်ရန်ရှိသည်များကိုဆွေးနွေးခဲ့ ကြကြောင်း NLDရှေ့နေကြီး
ဦးဉာဏ်ဝင်းထံမှကြားသိရပါသည်။

ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး(၆)နှစ်ပြည့်ဝမ်နည်းခြင်းအထိမ်းအမှတ်ဂျပန်နိုင်ငံတိုကျိုမြို့















မေ၃၀ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု (၆)နှစ်မြောက်
ဝမ်နည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ
တိုကျိုမြို့ နအဖသံရုံးရှေ့တွင် ယနေ့နေ့လယ် ၃နာရီ
မှညနေ၅နာရီ အထိ ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ
အဖွဲ့အစည်း အသီးသီးမှမြန်မာလူမျိုးများနှင့်ဂျပန် လူမျိုးများ စုစုပေါင်း အင်အား ၄၀၀ ကျော် တက်ရောက် ခဲ့ကြပြီး အဖွဲ့အစည်း အသီးသီးမှ ဝမ်းနည်းခြင်း အထိမ်းအမှတ် အမှာစကားများ ပြောကြား ခဲ့ပါသည်။ ထိုနောက် လွမ်းသူ ပန်းခွေချခြင်းများ ပြုလုပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်း ခဲ့ပါသည်။

ကျွှန်တော့်ညီလေးတစ်ယောက်ရဲ့ကဗျာပါ။နာမည်က ဘီလူးတဲ့.....

ဘီလူး
ယူထားတဲ့မူယာ ဆင်မြန်းတဲ့ပို့စ်
အားလုံးကမ္ဘာကျော် မင်းသားအရှုံး
အသုံးအနှုံးကျပြန်တော့လည်း
Morden Art သိပ်ဆန်လွန်းလို့
ကျုပ်ဘယ်လိုပြောရမှန်းတောင်မသိ
အေးဗျာခင်ဗျားအစွယ်တွေတောင်ရှည်နေပြီ
လူတွေသေပေးရဦးမှာပေါ့။။

ဝါဝါး။


ကိုကောင်းကင်ကိုရဲ့ ကဗျာလေးပါ။ ကျွန်တော်တို့ အားလုံးရဲ့ခံစားချက်တွေနဲ့ တစ်ထပ်ထဲပါပဲ။

အငိုဒုက္ခ တိုင်းပြည်

လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။

သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။

ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။

အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။

သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။

ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။

ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။

ကောင်းကင်ကို


အရေးကြီးပြီ သွေးစည်းကြပါစို့။

ပြည်တွင်းမှာ အမေစု အတွက် မခံမရပ်နိုင် ဖြစ်မိလို့ ဒီဘလော့လေးကို ရေးမိတာပါ။ အမှားပါရင်လည်း ခွင့်လွှတ် ပေးစေချင် ပါတယ်။ ကိုယ်ကိုယ်တိုယ် ပြည်တွင်းကို အင်တာဗျုးခွင့်ရတဲ့ သတင်းတွေကို တင်ပြချင်လို့ပါ။ လိုအပ်တာလေးတွေရှိရင် ပြင်ဆင် ပေးကြပါနော်။

ဒီမိုဝေယံ ။...။

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား

Friday, 29 May 2009 မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၅.၂၀၀၉ နေ့လည် ၃း၀၀နာရီ မှ ၅း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ (မပျက်မကွက်) ၊ ဂျပန်ရောက် မြန်မာဒီမိုကရေစီလိုလားသူများ အားလုံး တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

အာဇာနည်ဘလော့မှ ရယူပါသည်။

ဒီမိုဝေယံ

အမိမြန်မာပြည် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင် နိုင်ပြီး အာဏာရှင် စံနစ်အပြီးသတ် ချုပ်ငြိမ်းစေရန်
ဝိုင်းဝန်း လက်တွဲ လုပ်ဆောင်ကြပါစို့။


ဒီမိုဝေယံ။....။