ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ရွှေညဝါဆရာတော်. Show all posts
Showing posts with label ရွှေညဝါဆရာတော်. Show all posts

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ ဇေယျာသီရိကျောင်းမှာ ကျင်းပတဲ့ မြန်မာမိသားစုများရဲ့ ရဟန်းခံ၊ရှင်ပြုပွဲသို့ ရွှေညဝါဆရာတော်ကြီး ကြွရောက်ချီးမြှင့်..

ဇူလိုင်လ ၁၃ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ ဇေယျာသီရိကျောင်းမှာ ကျင်းပတဲ့ မြန်မာမိသားစုများရဲ့ ရဟန်းခံရှင်ပြုပွဲသို့ ရွှေညဝါဆရာတော်ကြီးနှင့် လက်ထောက် ဆရာတော် အရှင်သူရိယတို့ ကြွရောက်ချီးမြှင့်..

 ရွှေညဝါဆရာတော်ကြီးနဲ့ လက်ထောက် ဆရာတော် အရှင်သူရိယတို့ဟာ ဇွန်လ(၁၁)ရက်နေ့ ရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဇွန်လ(၁၇)ရက်နေ့အထိ နေထိုင် သီတင်းသုံးခဲ့ပြီး လက်ရှိ မြန်မာပြည်တွင်း အခြေအနေများအား ရှင်းလင်းပောာပြောခဲ့ပါတယ်..။ ထို့မှ ဥရောပနိုင်ငံများ ဖြစ်တဲ့ ဂျာမဏီနိုင်ငံနဲ့ နော်ဝေနိုင်ငံသို့ ရောက်ရှိသတင်းသုံးခဲ့ပြီး..  ဇူလိုင်လ(၃)ရက်နေ့က အမေရိကန်နိုင်ငံ သို့ရောက်ရှိခဲ့ပါတယ်...။ လက်ရှိအမေရိကန် နိုင်ငံမှာ နေထိုင်စဉ်အတွင်း မြန်မာပြည်တွင်း အခြေအနေများနဲ့ တရားဓမ္မများ ဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်..။ 

ရွှေညဝါဆရာတော်ရဲ့ အမေရိကန်နိုင်ငံမှ အပြန်ခရီးမှာတော့ ထိုင်းနိုင်ငံသို့ ဝင်ရောက်မှာ ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်..။

သတင်း ဓာတ်ပုံ.. ဦးသူရိယ။ 
ဒီမိုဝေယံ၊

ရွှေညဝါဆရာတော်ကြီး ဂျာမဏီနိုင်ငံသို့ရောက်ရှိ ....

ရွှေညဝါဆရာတော်ကြီး ဂျာမဏီနိုင်ငံသို့ရောက်ရှိ 

 ရွှေညဝါ ဆရာတော်နှင့် လက်ထောက် ဆရာတော် ဦးသူရိယဆရာတော်တို့ဟာ ယနေ့ ၁၈.၀၆.၂၀၁၃ မနက် ဂျာမဏီစံတော်ချိန် မနက် ၆နာရီခွဲခန့်က ဂျာမဏီနိုင်ငံ ဖရန့်ဖတ်လေဆိပ်သို့ ရောက်ရှိလာပါတယ်..။ ဂျာမဏီနိုင်ငံမှာ နေထိုင်စဉ်အတွင်း ဓမ္မဒူတကျောင်းမှာ သီတင်းသုံးနေထိုင်မှာ ဖြစ်ပြီး..။ နော်ဝေးနိုင်ငံသို့လည်း ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်..။ နော်ဝေနိုင်ငံမှာတော့ နော်ဝေးဆရာတော် ရွှေဝါရောင် အရှင်ထာဝရကျောင်းမှာ သီတင်းသုံးနေထိုင်မှာ ဖြစ်ပါတယ်..။

 ဓာတ်ပုံ ...ဒီမိုဝေယံ

ဧပြီလ(၂၄)ရက်နေ့က ရွှေညဝါဆရာတော်ကြီးထံမှာ ဒုလ္လဘရဟန်းခံခဲ့ကြတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများ ရဟန်းခံ၊ ရှင်ပြုပွဲ (ဓာတ်ပုံ၊ မှတ်တမ်း)..

ရွှေညဝါဆရာတော်ကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ ဂါရဝပြုစဉ်..
 

ရွှေညဝါဆရာတော်ကြီးအား ဂါရဝပြုနေတဲ့ အမေစု..
ရဟန်းဘောင် ဝင်ရောက်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကိုကြီးစမ်းချောင်း(ဝဲစွန်)၊ ကိုဇော်ဇော်မင်း(ညာစွန်)
ရဟန်းဘောင် ဝင်ရောက်ခဲ့တဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများနဲ့ အဖွဲ့
မှော်ဘီ ရွှေညဝါတောရကျောင်းမှာ ဆွမ်းကပ်လှူစဉ်...
မှော်ဘီ ရွှေညဝါတောရကျောင်းမှ ဧည့်ခံပွဲ..
ဧပြီလ(၂၄)ရက်နေ့က ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှာ ရွှေညဝါဆရာတော်ကြီးအား သိက္ခာထပ်ပွဲနှင့်   ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများမှ ရွှေညဝါ ဆရာတော်ကြီးထံမှာ ရဟန်းခံ၊ ရှင်ပြုပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်..။

 အဆိုပါ အခမ်းအနားသို့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နယ်ပယ်အသီးသီးမှ နိုင်ငံရေး လှုပ်ရှားသူများနဲ့ ဖိတ်ကြားထားတဲ့ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်..။

ဓာတ်ပုံ... ဒီမိုဝေယံ

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံမည်နှင့် ကြည်ညိုစရာ ရွှေညဝါ.. (ရုပ်သံ)

လာမယ့်(၂၄)ရက်နေ့ မှာ ရွှေညဝါဆရာတော်ကြီးအား သိက္ခာထပ်ပွဲ မင်္ဂလာအခမ်းအနားနှင့် အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများမှ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံပြီး  ရွှေညဝါတောရကျောင်း (မှော်ဘီ)မှာ သီတင်းသုံးနေထိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ 

၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးဇော်ဇော်မင်း၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးနေဝင်းထွန်း၊ ဦးဥာဏ်လင်းတို့နှင့် ဗမာ့နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)မှ ကိုဒီငြိမ်းလင်း အပါအဝင် ရဟန်းလောင်း (၂၄)ဦးတို့၏ ဒုလ္လဘ ရဟန်းခံပွဲ  မင်္ဂလာအခမ်းအနားအား သာဓုကျောင်းတိုက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ရေစက်ချ တရားနာယူရန်နေရာအား ရွှေညဝါတောရကျောင်း မှော်ဘီမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်..။

ကြည်ညိုစရာ ရွှေညဝါ 
ညီငယ် ဇေယျာ ဖန်တီး တင်ဆက်သည်။

ရွှေညဝါဆရာတော်ကြီး တရားဓမ္မများ ဟောကြားရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ..

ရွှေညဝါ ဆရာတော်ကြီး ထိုင်းနိုင်ငံသို့ တရားဓမ္မများ ဟောကြားရန် ရောက်ရှိ..
၂၀၁၁ စက်တင်ဘာလက မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြီးခဲ့တဲ့  သြဝါဒတရား ချီးမြှင့်ခဲ့သည် ဆိုသော အကြောင်းပြချက်ဖြင့် ယခုနှစ် ဖေဖော်ဝါရီလက ကြည့်မြင်တိုင်... သာဓုပရိယတ္တိ စာသင်တိုက်မှ ထွက်ခွာသွားရန် မတရားဖယ်ရှားခြင်း ခံခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးဟာ ဧပြီလ ၁၀ရက်နေ့က ထိုင်းနိုင်ငံသို့ တရားဓမ္မများ ဟောကြားရန် ရောက်ရှိနေပြီဖြစ်ပါတယ်..။
မနက်ဖြန်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားဓမ္မများ ဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်..။

သာသနာကို ခုတုံးလုပ်တဲ့ ခေတ်နောက်ပြန်ဆွဲ အာဏာရှင်လူတစုရဲ့ မတရား စွပ်စွဲချက်နဲ့ မတရားအမိန့်ချမှတ် ခဲ့မှုအပေါ်မှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဆရာတော်ဟာ ကျောင်းတိုက်မှ ထွက်ခွာပေးခဲ့ပြီး မှော်ဘီမြို့မှာ ပြောင်းရွှေ့သီတင်းသုံး နေထိုင်ခဲ့ပါတယ်..။ သာသနာ့အရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိမိရဲ့ တိုင်းသူပြည်သားတွေအတွက် မိမိကိုယ်ကိုယ် အမြဲပေးဆပ်နေတဲ့ ဆရာတော်ဟာ ပတ္တမြားမှန် နွံ့မနစ်ဆိုတဲ့ စကားအတိုင်း ဆရာတော်ကို လေးစားကြည်ညိုသူတွေ ယခင်ကထက်ကို ပိုမိုများပြားနေပါတယ်..။

လက်ရှိ မှော်ဘီမှိ(၅) ဧကရှိတဲ့ ဆရာတော်အား လှူဒါန်းထားတဲ့ မြေကွက်မှာတော့ ဗုဒ္ဓတက္ကသိုလ် ပြန်လည် ဆောက်လုပ်ပြီး ပြည်နယ်နဲ့တိုင်း အသီးသီးမှ စာသင်သား သံဃာတော်များအား ပြန်လည်လက်ခံဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်..။ သာသနာ အကျိုး၊ အများအကျိုး ကြိုးပမ်းဆောင်ရွက်နေတဲ့ ဆရာတော်ကြီးရဲ့ သာသနာ့အကျိုးအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းပါဝင် လှူဒါန်းကြဖို့ ဒီမိုဝေယံမှ တိုက်တွန်း နှိုးဆော်ပါရစေ ခင်ဗျာ...

ရွှေညဝါဆရာတော်ကြီးအား ဆက်သွယ်ရန်ဖုန်း

မြန်မာပြည် ဆက်သွယ်ရန်ဖုန်း... ၀၉၈၆၂၁၃၃၂
ထိုင်းနိုင်ငံ ဆက်သွယ်ရန်ဖုန်း ၆၆ + ၉၀၀၁၃၇၁၇၉

ရွှေညဝါဆရာတော်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဘုရားထီးတော်တင်ပွဲ ..

ရွှေညဝါဆရာတော်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေမှ ထီးတော်တင်မည့် စေတီတော် ..
မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ် ၊ ဘုရားကုန်းကျေးရွာ သိရိမင်္ဂလာကျောင်းတိုက် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် နှင့် ကျောင်းဝင်း အတွင်းတည်ထားကိုးကွယ်ပြီးဖြစ်သော စေတီတော်ကြီးအား ထီးတော် တင်ပွဲကို ရွှေည၀ါ ဆရာတော် ဦးဆောင်၍ ၂၅-၂-၂၀၁၂ နေ့ မှစပြီး ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်...

ယင်းပွဲတော်ကို ဂဂ မျိုးဆက်ကျောင်းသားများနှင့် ဗကသ အဖွဲ့ဝင်များ ရန်ကုန်မြို့မှ အလှုရှင် အမြှောက်အများ တတ်ရောက် သွားမှာ ဖြစ်ပါတယ်... ၂၃-၂-၂၀၁၂ နေ့ည ဂ နာရီခွဲမှ နေ၍ ရန်ကုန်မြို့ မှ စတင်ပြီး ထွက်ခွာ ခဲ့ပါတယ်...

ဖျော်ဖြေပွဲ အနေနဲ့ ..၂၆-၂-၂၀၁၂ ည စတိတ်ရှိုးဖြင့် ဖျော်ဖြည် ဧည့်ခံသွားမှာဖြစ်ပါတယ်..

ပါဝင် သီဆို ဖျော်ဖြေ ကြမည့် အဆိုတော်များကတော့........... ဖြိုးကြီး၊ ဂျေညီညီ ၊ အနဂ္ဂ နေရဲလင်း ၊ ဝေလျှံ ၊ စစ်သွေး ၊ ဂျက်မြသောင်း ၊ သံသာဝင်း ၊ ကာကာ ၊ သန္တာဗိုလ် ၊ လင်းဇာနည်ဇော် ၊ ပင်ကီ ၊ ရွေရည်မိုးဦး ၊ မိုးခမ်း ၊ လိမ္မော်သီး ၊ စတဲ့ နာမည်ကြီး အဆိုတော်များစွာ သီဆို ဖျော်ဖြေမှာ ဖြစ်ပြီး ၊ ၂၅-၂-၂၀၁၂ ညမှ သီးလေးသီး အငြိမ့်နှင့် ဖျော်ဖြေ ဧည့်ခံသွားမှာ ဖြစ်ပါတယ်.။
မှော်ဘီ ကျောင်းမှ ရွှေညဝါ ဆရာတော်ကြီးနဲ့ တပည့်သံဃာတော်များ...

မနေ့က တိုင်ရီဖိနပ် စက်ရုံဆန္ဒပြ အလုပ်သမားများအား ရွှေညဝါဆရာတော်ကြီးမှ ဆန်နှင့်ခေါက်ဆွဲခြောက်များ လှူဒါန်းပေးအပ်ခဲ့ပါတယ်...

မနေ့က လှိုင်သာယာမြို့၊ တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြ အလုပ်သမားများအတွက် ရွှေည၀ါ ဆရာတော်ကြီးမှ ဆန်နှင့် မားမား ခေါက်ဆွဲခြောက် စသည်များ ထောက်ပံ့လှုဒါန်းခဲ့ပါသည်။ ရွှေညဝါဆရာတော်ကြီးရဲ့ လက်ထောက် ဆရာတော် ဦးသူရိယ၊ စမ်းချောင်းကိုကိုကြီးနှင့် မစုစုနွေးတို့မှ လိုက်ပါ ကူညီ ဆောင်ရွက်ပေးခဲ့ပါပြီး အလုပ်သမားများရဲ့ အခက်အခဲများအား မေးမြန်းအားပေး ကူညီခဲ့ပါတယ်..။
တနာရီကို ကျပ်တစ်ရာတောင် မရရှိရှာတဲ့ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေရဲ့ ဘဝတွေပါ..။ တနေ့ ကိုးနာရီလောက် လုပ်မှ ၁ဒေါ်လာနဲ့ ညီမျှတဲ့လုပ်ခ ရရှိတာပါ။
ဓာတ်ပုံ ဒီမိုဝေယံ

ရွှေညဝါဆရာတော် သီတင်းသုံးနေထိုင်မည့် မှော်ဘီမြို့သို့ ရောက်ပြီ...

မှော်ဘီမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တ ဇနိန္ဒအား ဦးစွာဝင်ရောက် ဖူးမြော်ခဲ့သည်။
ရွှေည၀ါဆရာတော် သီတင်းသုံးမည့် မြေကွက်လပ်အတွင်းရှိ ကြက်ခြံဟောင်းတွင် ဆရာတော်အား စောင့်ဆိုင်းနေကြသည့် ရဟန်း၊သံဃာ၊ သီလရှင်များအား တွေ့ရစဉ်။
ရွှေည၀ါဆရာတော် သီတင်းသုံးနေထိုင်မည့် ကျောင်းသင်္ခန်းအား ယခုမှ ဆောက်လုပ်နေကြသည်ကို တွေ့ရစဉ်...
ရွှေည၀ါဆရာတော် သီတင်းသုံးမည့် ခြံဝန်းအတွင်း ၀င်ရောက်လာစဉ် ကြိုဆိုနေကြသည့် ပရိသတ်များ.
 ရွှေည၀ါဆရာတော် ခြံဝန်းအတွင်းရောက်ရှိလာစဉ်။
ခြံဝင်းအတွင်း လာရောက်ဖူးမြော်ကြသည့် ပရိသတ်များ။
သတင်း၊ ဓာတ်ပုံ 7Day News Journal
ဆရာတော်နှင့် တသားတည်းရှိသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ...
ဓာတ်ပုံ...The Voice Weekly
သာဓုကျောင်းတိုက်မှ ထွက်ခွာလာသော ရွှေညဝါဆရာတော် ဦးပညာသီဟကို သီတင်းသုံးဖော် သံဃာတော်များနှင့် တပည့်ဒါယကာ ဒါယိကာမများက လိုက်လံပို့ဆောင်ကြရာ BM ကား အစီး ၂၀ ခန့်နှင့် အိမ်စီးကား အများအပြား ပါဝင်ကြောင်း၊ ဆရာတော် ဦးပညာသီဟသည် အဆိုပါ ယာဉ်တန်း ရှေ့ဆုံးမှ လင်ခရူဆာ အမျိုးအစား ၃ခ/၂၂၃၄ မော်တော်ယာဉ်တွင် စီးနင်း လိုက်ပါလာကြောင်း၊ ဆရာတော်သည် မှော်ဘီမြို့ သဲအင်းဂူရှိ ကြက်ခြံနှစ်ခြံကို ဖျက်၍ ယာယီ ဆောက်လုပ်ထားသော ကျောင်းသင်္ဃန်းတွင် သီတင်းသုံးမည် ဟုသိရကြောင်း အဆိုပါ ခရီးစဉ်တစ်လျှောက် လိုက်ပါ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။