ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label မိန့်ခွန်းများ. Show all posts
Showing posts with label မိန့်ခွန်းများ. Show all posts

၁၉ နိုဝင်ဘာ ၂၀၁၂ တနင်္လာနေ့ ရန်ကုန်တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ

ယနေ့ သမ္မတအိုဘားမား မိန့်ခွန်းပြောကြားမည့် ရန်ကုန်တက္ကသိုလ်ရှေ့မြင်ကွင်း.. (EMG)
 
၁၉ နိုဝင်ဘာ ၂၀၁၂ တနင်္လာနေ့ ရန်ကုန်တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ
 (အိမ်ဖြူတော်သတင်းဌာနမှ ထုတ်ပြန်သည်)
အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။

တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ၀တ်စုံဖြူတွေ၊ ၀တ်ပြီးသွားတွေ့အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့တွေ့ခဲ့ရပါတယ်။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ အကြောင်း၊ ကျောင်းသားတွေရဲ့ အသံ၊ လွတ်လပ်ခြင်းသီချင်းတွေကို သီကျူးနေတဲ့ ဟစ်ပ်ဟော့ပ်ဂီတသမားတွေရဲ့ အသံ၊ အားလုံးကိုလည်း ကျနော်တို့ကြားခဲ့ရပါတယ်။ ပြည်ပမှာရောက်ရှိနေပြီး အမိမြေနဲ့ မိသားစုထံ အမြဲတမ်းတဆက်သွယ်ချင်နေတဲ့ ဒုက္ခသည်တွေ၊ ပြည်ပရောက်အင်အားစုတွေ အကြောင်းလည်း ကျနော်တို့ သိခဲ့ရပါတယ်။


 ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အံ့မခန်း ဂုဏ်သိက္ခာကြီးမားမှုကိုလည်း ကျနော်တို့ လေးစားအားကျခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက်နှလုံးသားခိုင်မြဲသူတွေကို ဘယ်လိုမှ အကျဉ်းချထားလို့မရနိုင်ဘူးဆိုတာ သက်သေပြခဲ့တာပါ။
သမ္မတရာထူးလက်ခံခဲ့တဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာရှိနေတဲ့ ခြိမ်းခြောက်အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ကျနော်သ၀ဏ်လွှာစကား ပါးခဲ့ဖူးပါတယ်။ အဲဒါကတော့ - “တင်းကြပ်တဲ့လက်သီးတွေကို ဖြေလိုက်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လက်ကမ်းပါမယ်” ဆိုတဲ့ စကားပါပဲ။ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်းမှာပဲ၊ အပြောင်းအလဲတွေဟာ အရှိန်အဟုန်နဲ့ပေါ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ၅ ခုကြာ၊ အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့သူတွေဟာ သူတို့ရဲ့ချုပ်ကိုင်မှုတွေကို ဖြေလျော့လာခဲ့ပါပြီ။ 


သမ္မတဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြောင်းလဲမှုလိုလားတဲ့ဆန္ဒတွေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တခု ဆုံဆည်းပေါ်ထွက်လာခဲ့ပါပြီ။ အခုဆိုရင်၊ အရပ်သားအစိုးရတခုနဲ့ အတူ၊ ပြည်သူ့လွှတ်တော်ဟာလည်း အင်အားယူပေါ်ထွက်လာနေပါပြီ။ တချိန်က တရားမ၀င်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုလျှင်လည်း၊ ရွေးကောက်ပွဲဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေလည်း ရာနဲ့ချီပြီ လွတ်မြောက်လာခဲ့သလို၊ အဓမ္မလုပ်အားစေခိုင်းမှုတွေကို တားဆီးမှုတွေရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဏာမအပစ်အခတ်ရပ်စဲရေးတွေလုပ်နိုင်ခဲ့သလို၊ ပိုပြီးပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေအသစ်တွေလည်း ပေါ်လာနေပါပြီ။
ဒါ့ကြောင့် ဒီနေ့မှာ ကျနော်အနေနဲ့ ပေးခဲ့တဲ့ကတိအတိုင်း၊ မိတ်ဆွေအဖြစ်လက်ကမ်းဖို့ ရောက်လာခဲ့တာပါ။ အခုဆိုရင်၊ ရန်ကုန်မြို့မှာ အမေရိကန်သံအမတ်ကြီးလည်း ရှိနေပါပြီ။ ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း လျှော့ချထားပြီးပါပြီ။ မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည် နာလန်ထူနိုင်ပြီး၊ ပြည်သူတွေအတွက် အခွင့်အလမ်းတွေပေါ်လာအောင် ကျနော်တို့ ကူညီပါ့မယ်။ ဒါဟာ တကမ္ဘာလုံးဖွံ့ဖြိုးဖို့အတွက် အင်အားတရပ်လည်းဖြစ်စေရပါမယ်။ ဒါပေမဲ့လည်း ဒီခရီးဟာ အခုမှ အစပဲရှိသေးပြီး၊ ရှေ့ဆက်အများကြီးသွားရအုံးမှာပါ။ လူမှုအသိုင်းအ၀ိုင်းရဲ့ ထိပ်ပိုင်းကနေ၊ ဆင်းသက်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အခြေခံမှာရှိနေတဲ့ ပြည်သူတွေရဲ့ မျှော်မှန်းမှုတွေနဲ့ တထပ်တည်းရှိဖို့လိုပါတယ်။ ကျနော်တို့ အခုမြင်နေရတဲ့ တိုးတက်မှု ရောင်ခြည်မီးပွားလေးတွေ၊ ငြိမ်းမသွားစေရေးနဲ့ ဒီမီးပွားလေးတွေဟာ မြန်မာပြည်သူတရပ်လုံးအတွက်၊ ရှေ့ဆောင်လမ်းပြ ဓူဝံကြယ်ကြီးလိုဖြစ်သွားစေဖို့ လိုပါတယ်။
*******
အဖိနှိပ်ခံရမှုတွေအစား အားလုံးစုံရုံးပိုင်ခွင့်ကို အပြည့်အ၀လေးစားလိုက်နာရပါမယ်။ ချုပ်ချယ်ကန့်သတ်မှုတွေအစား သတင်းဆင်ဆာဖြတ်တောက်မှုတွေကို ဆက်ပြီးဖယ်ရှားသွားရပါလိမ့်မယ်။ ဒီလမ်းစဉ်အတိုင်း ဆက်လျှောက်သွားရင်၊ တိုးတက်မှုတွေ တွေ့လာမှာပါ။ မြစ်ဆုံရေကာတာစီမံကိန်းမှာဆိုရင်၊ ကန့်ကွက်ကြတဲ့ ပြည်သူတွေရဲ့ အသံကို လစ်လျူမရှု့ဘဲ၊ လေးစားလိုက်နာခဲ့တာကို တွေ့ခဲ့ရပါပြီ။ မတရားအသင်းလို့ ကြေငြာမှုတွေမရှိတော့ဘဲ နိုင်ငံရေးပါတီတွေကိုလည်း လှုပ်ရှားလုပ်ဆောင်ခွင့်တွေ ပေးလာနေပါပြီ။ လွှတ်တော်ရွေးကောက်ပွဲတွေတုန်းကဆိုရင်၊ မဲဆန္ဒရှင်တဦးက - ကျနော့်အဖိုးအဖွားတွေ၊ တချိန်လုံးစောင့်ဆိုင်းခဲ့ပြီး၊ မတွေ့သွားတဲ့ ဒီအခွင့်အရေးပါပဲလို့ ပြောခဲ့တာ ကြားရပါတယ်။
ဒီလိုမဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် အာဏာရှိသူတွေအနေနဲ့ သဘောထားကြီး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ ပုံစံပါပဲ။ အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။ ကျနော်တို့ကိုယ်တိုင်ဟာ သမ္မတ နိုင်ငံတော်စစ်သေနာပတိချုပ် ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက်လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်းလို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ကလေးငယ်လေးကနေ၊ သမ္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီတညာတည်းဖြစ်နေလို့ပါပဲ။
ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ်ရောက်ချင်တဲ့အနာဂတ်ကို ရောက်အောင်သွားနိုင်မှာပါ။ အဲဒီအနာဂတ်မှာဆိုရင်၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရှိနေတယ်ဆိုရင်တောင် များလွန်းလှပြီလို့ ဆိုကြပါလိမ့်မယ်။ ဥပဒေဟာလည်း ခေါင်းဆောင်တွေရဲ့ အထက်မှာရှိနေပြီး၊ ဘယ်ကလေးသူငယ်ကိုမှလည်း စစ်သားအဖြစ်ခိုင်းစားတာမျိုးမရှိသလို၊ ဘယ်အမျိုးသမီးကိုမှလည်း မတရားခေါင်းပုံဖြတ်တာ မရှိတော့ပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေးကို အရပ်သားထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်တပ်က ကာကွယ်ပေးထားပြီး၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ သူတွေ အုပ်ချုပ်ခွင့်ရှိစေမယ့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လည်း ရှိနေမယ့်အနာဂတ်ဖြစ်ပါတယ်။ ဒီခရီးလမ်းကို ရောက်အောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက အဆင့်တိုင်းမှာ ကူညီသွားပါမယ်။ လူထုလူတမနးစားအဖွဲ့အစည်းတွေ အားကောင်းလာစေဖို့ အကူအညီတွေ၊ ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးလေးစားတဲ့ စစ်တပ်တရပ်ဖြစ်လာစေဖို့ ၊ ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့ အတူ၊ ဒီမိုကရေစီလမ်းစဉ်ဆီကို ရှေ့တိုးလုပ်ဆောင်လာနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ ကူညီသွားမှာပါ။
**********
နိုင်ငံသားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ဘယ်နိုင်ငံမဆို အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဆွေးနွေးငြင်းခုံခဲ့ရတာပါ။ အခုထိလည်း ဆက်ပြီး ငြင်းခုံရဆဲပါ။ ဒါပေမယ့် အဓိကအခြေခံအချက်တွေကတော့ တကမ္ဘာလုံးအတွက် အတူတူပါပဲ။ ဘယ်သူဖြစ်ဖြစ် အခြိမ်းခြောက်မခံရပဲ နေထိုင်နိုင်ခွင့် ရှိဖို့ လိုပါတယ်။ မိသားစုတွေ ဘေးရန်ကင်းကင်း နေနိုင်ဖို့ လိုပါတယ်။ သူတို့ ဘယ်သူဘယ်ဝါဖြစ်နေလို့ ဒါမှမဟုတ် သူတို့ ဘယ်နေရာကနေ ရောက်လာလို့ ဆိုပြီး သူတို့အိမ်တွေ မီးရှို့ခံရတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်ရဲ့ နိုင်ငံညီညွတ်မှုကို လုပ်နိုင်တာပါ။ မြန်မာနိုင်ငံသားတွေဟာ မတူကွဲပြားမှုဆိုတာကို အားနည်းချက်တရပ်အနေနဲ့ မဟုတ်ဘဲ၊ အင်အားအဖြစ် အသုံးချနိုင်လိမ့်မယ်လို့ ကျနော်အခိုင်အမာ ယုံကြည်ပါတယ်။

ကျနော့် နိုင်ငံ၊ ကျနော် လျှောက်လှမ်းခဲတဲ့ ဘ၀အတွေ့အကြုံတွေကို ကျနော် ပြောပြနေတာပါ။ အမေရိကန် ပြည်ထောင်စုဟာ ခရစ်ယာန်တွေနဲ့ ဂျူးတွေ၊ မူစလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူနဲ့ ဘာသာ အယူဝါဒမရှိသူတွေ အတူနေကြတဲ့ နိုင်ငံပါ။ ကျနော်တို့ နိုင်ငံဟာ ဘာသာစကားမျိုးစုံနဲ့ ယဉ်ကျေးမှု မျိုးစုံ ထွန်းကားတဲ့ နိုင်ငံပါ။ ကျနော်တို့မှာ ပြည်တွင်းစစ်ရဲ့ ခါးသီးမှုတွေ ရှိခဲ့ပေမယ့် လူသားတွေဟာ အမုန်းတရားတွေကို အသဲနှလုံးထဲကနေ ဖယ်ရှားနိုင်စွမ်း ရှိတယ်၊ ဘာသာ နဲ့ လူမျိုးဆိုတဲ့ ကဏ္ဍခြားထားတဲ့ လိုင်းတွေကလည်း မှေးမှိန်သွားနိုင်ပါတယ် ဆိုတာကို သမိုင်းကပြနေပါတယ်။ တကယ်တမ်း ဘာကျန်နေသလဲဆိုတော့ ရိုးသားတဲ့ အမှန်တရား ပါပဲ။ အမေရိကန်နိုင်ငံမှာ ကွဲပြားမှုတွေ အများကြီး ရှိပေမယ့် ကျနော်တို့ဟာ တစိတ်ထဲ တ၀မ်းထဲ လူမျိုး တမျိုးထဲပါ။ ကာလကြာလာတာနဲ့ အမျှ ဒီအမှန်တရား ကနေ ကျနော်တို့ နိုင်ငံကို အင်အားဖြစ်စေခဲ့ပါတယ်။

ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့ ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။ ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။ ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနိုင်ငံမှာလည်း မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်။

Excerpts of President Obama's Speech in Burma

FOR IMMEDIATE RELEASE:

Above all, I came here because of America’s belief in human dignity. Over the last several decades, our two countries became strangers. But today, I can tell you that we always remained hopeful about you – the people of this country. You gave us hope. And we bore witness to your courage.

We saw the activists dressed in white visit the families of political prisoners on Sundays, and monks dressed in saffron protesting peacefully in the streets. We learned of ordinary people who organized relief teams to respond to a cyclone, and heard the voices of students and the beats of hip hop artists projecting the sound of freedom. We came to know exiles and refugees who never lost touch with their families or their ancestral home. And we were inspired by the fierce dignity of Daw Aung San Suu Kyi, as she proved that no human being can truly be imprisoned if hope burns in your heart.

When I took office as President, I sent a message to those governments who ruled by fear: “we will extend a hand if you are willing to unclench your fist.” And over the last year and a half, a dramatic transition has begun, as a dictatorship of five decades has loosened its grip. Under President Thein Sein, the desire for change has been met by an agenda for reform. A civilian now leads the government, and a parliament is asserting itself. The once-outlawed National League for Democracy stood in an election, and Aung San Suu Kyi is a Member of Parliament. Hundreds of prisoners of conscience have been released, and forced labor has been banned. Preliminary cease-fires have been reached with ethnic armies, and new laws allow for a more open economy.

So today, I have come to keep my promise, and extend the hand of friendship. America now has an Ambassador in Rangoon, sanctions have been eased, and we will help rebuild an economy that can offer opportunity for its people, and serve as an engine of growth for the world. But this remarkable journey has just begun, and has much further to go. Reforms launched from the top of society must meet the aspirations of citizens who form its foundation. The flickers of progress that we have seen must not be extinguished – they must become a shining North Star for this entire nation’s people.

***

Instead of being repressed, the right of people to assemble together must now be fully respected. Instead of being stifled, the veil of media censorship must continue to be lifted. As you take these steps, you can draw on your progress. Instead of being ignored, citizens who protested the construction of the Myitsone dam were heard. Instead of being outlawed, political parties have been allowed to participate. As one voter said during the parliamentary elections, “Our parents and grandparents waited for this, but never saw it.”

To protect the freedom of that voter, those in power must accept constraints. That is what our American system is designed to do. America may have the strongest military in the world – but it must submit to civilian control. As President and Commander-in-Chief, I cannot just impose my will on our Congress – even though sometimes I wish I could. I appoint some of our judges, but I cannot tell them how to rule – because every person in America, from a child living in poverty to the President – is equal under the law.

That is how you must reach for the future you deserve – a future where a single prisoner of conscience is one too many, and the law is stronger than any leader; where no child is made to be a soldier, and no woman is exploited; where national security is strengthened by a military that serves under civilians, and a Constitution guarantees that only those who are elected by the people may govern. On that journey, America will support you every step of the way: by using our assistance to empower civil society; by engaging your military to promote professionalism and human rights; and by partnership with you as you connect your progress towards democracy with economic development.

***

Every nation struggles to define citizenship – America has had great debates about these issues, and they continue to this day. But certain principles are universal – the right of people to live without the threat that their families may be harmed or their homes may be burned simply because of who they are or where they come from. Ultimately, only the people of this country can define your union, but I have confidence that – as you do – you can draw on diversity as a strength, not a weakness.

I say this because my own country, and my own life, has taught me this. The United States of America is a nation of Christians and Jews; Muslims and Buddhists; Hindus and non-believers. Our story is shaped by every language and enriched by every culture. We have tasted the bitterness of civil war and segregation, but our history shows us that hatred in the human heart can recede, and the lines between races and tribe fade away. What is left, then, is a simple truth: e pluribus unum; in America, out of many, we are one nation, we are one people. Time and again, that truth has made our union stronger.

We amended our Constitution to extend the democratic principles that we hold dear. And I stand before you today as President of the most powerful nation on Earth, with a heritage that would have once denied me the right to vote. So I believe deeply that this country can transcend its differences, and that every human being within these borders is a part of your nation’s story.

(White House Press Office)

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နိုဘယ် ငြိမ်းချမ်းရေး ဆုလက်ခံရယူပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ဘာသာပြန် စဆုံး (Dr ကောင်းမြတ်ကျော်)

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အစအဆုံး(ရုပ်သံဖိုင်)

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နိုဘယ် ငြိမ်းချမ်းရေး ဆုလက်ခံရယူပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ဘာသာပြန် စဆုံး 
(Dr ကောင်းမြတ်ကျော်)

ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….

လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုးပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးကကျွန်မကို မေမေ တစ်ချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်လို့ထင်လား လို့မေးပါတယ်။ ဘာလို့မရ မလဲ ဟုကျွန်မက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ်ဆိုတာ သိရက်နှင့်ပင် ကျွန်မကို ဘာအတွက်ကြောင့် မေမေ့ကိုဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်းသိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျွန်မခဏလောက်စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆုရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျွန်မတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာခက်တာပါ။

အခုတော့ကျွန်မဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန်မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။

၁၉၈၉ တုန်းက ကျွန်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျွန်မနေအိမ်တွင်း အကျဉ်းကျခံ နေရတုန်းလာတွေ့တယ်။ သူက ဂျွန်ဖန်နစ် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်ပေးသွင်းထားကြောင်း ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်. နောက်မှ ကျွန်မဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ မှန်းချက်ကသာဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျွန်မတကယ် နိုဘယ်ဆုရတဲ့အခါ ကျွန်မဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျွန်မကို ခဏခဏမေးဘူးတယ် ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျွန်မအတွက်ဘာလဲ ငြိမ်းချမ်းရေးဆိုတာ ကျွန်မဘယ်လို အဓိပ္ပာယ်ဖော်လည်းဆိုတာ ကိုပြန်လည်သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီ။

ကျွန်မ အင်တာဗျူးတော်တော်များများမှာ လည်းအကြိမ်ကြိမ်ပြောခဲ့ဘူးပါတယ်… တစ်ညနေမှာရေဒီယိုက ကျွန်မနိုဘယ် ငြိမ်းချမ်းရေးဆုရကြောင်းကြေငြာသွားတာကြားလိုက်ရတယ်။ ကျွန်မ မအံ့သြခဲ့ပါဘူး ဒီမတိုင်ခင် ရသတ္တပါတ်က ကျွန်မဟာ နိုဘယ်ဆုအတွက် စကာတင်ထဲမှာပါတယ်ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကိုကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်းစီနေတုန်းမှာပဲ ကျွန်မ ဆုကိုကြေငြာလိုက် တဲ့အချိန်ပြီးပြီးချင်း ဘယ်လိုဖြစ်သွားလည်းဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျွန်မသိပ် မသေချာဘူးလို့ထင်တယ် သြော်သူတို့တွေ ငါ့ကိုဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ်မဟုတ်သလိုပဲ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့မဆန်သလို၊ တကယ်မဟုတ်သလို ခံစားခဲ့ရပါတယ်။

ကျွန်မနေအိမ်အကျယ်ချုပ်နှင့် နေရစဉ်က မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တစ်ဆက်တည်း နေရတာမဟုတ်သလို ခံစားရတယ်။ အိမ်ကပဲကျွန်မ ရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ် ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တစ်ခုအနေနှင့် ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို ကျွန်မနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တစ်ဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့်လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီးဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနှင့် ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျွန်မနားလည်လာ ရပါတယ်။ ဒီဆုဟာကျွန်မကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။ ကျွန်မတို့ကို မေ့မသွားကြပါဘူး။

မေ့သွားကြမယ်ဆိုရင။် ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့တဲ့။ အမေ့ခံရတယ်ဆိုတာကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံးပျက်စီးကြစေပဲတဲ့။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုတွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာ အချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ ကျွန်မ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် ဒုက္ခသည်တွေ ဆီကို မကြာသေးမီကမှ သွားရောက်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာလူအများက ကျွန်တော်တို့ကို မေ့မထားပါနဲ့ လို့အော်ကြတယ်။ သူတို့ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကိုကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျွန်တော်တို့ကလည်း ခင်ဗျားတို့နဲ့ တစ်ကမ္ဘာတည်းနေနေတာပါဆိုတာမေ့မထားပါနဲ့ပေါ့။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့်နေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစ်စိတ်တပိုင်းပါလား ဆိုတာကိုသတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက်တစ်ခုတည်းဖြစ်တဲ့ လူသားချင်း စားနာထောက် ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့်ကျွန်မအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျွန်မရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်း အတွက် မဟုတ်ပဲနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျွန်မ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။

မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။ ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက်ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့အေးချမ်းမှုလို့ ဆိုပါတယ်။ ဆင်းရဲတဲ့ခံစားမှုနှင့် အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်းတောက် လောင်နေပါတယ်။ ကျွန်မရဲ့ နိုင်ငံအတွင်းမှာရော မြောက်ဖက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်စီးမှုတွေ၊ လူသတ်မှုတွေ ဟာလည်း ကျွန်မဒီခရီးမထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေရဲ့သတင်း တွေလည်း အများကြီးရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက်အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြားဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့မတူရင် နှိပ်ကွပ်တာတွေ ဟာဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ထိမ်းသိမ်းရန်လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ အလဟသတ်ဆုံးရှုံးနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့အင်အားတွေဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဝါးစွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျွန်မအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။ ပြင်သစ်တပ်တွေနဲ့အတူတိုက်နေရတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်ဆိုရင် ၁၉၁၆ တိုက်ပွဲမှာမကျခင် ဒီလိုရေးသားခဲ့ပါတယ် `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေတဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေနှင့် ချစ်ခြင်းမေတ္တာနှင့် ဘ၀တွေဟာဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လည်း။ ၁၀ စုနှစ်တစ်ခုသာ ကုန်ခဲ့တယ် ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။

ကျွန်မတို့ရဲ့ လူ့ဘောင်ကြီးနှင့် အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ကနည်းအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့မခံစားရဘူးလား။ စစ်ဆိုတာ ငြိမ်းချမ်းရေး အသတ်ခံလိုက်ရတဲ့ ကြိုးဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ ဒီဒုက္ခ သုက္ခတွေ လျစ်လျူရှုခံရပါစေ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေ ကတော့ တစ်ချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။

အကျယ်ချုပ် နေလိုက်ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ကျွန်မဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းတွေးဆဖို့ အချိန်အလုံ အလောက်ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ် ယေဘုယျဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ နေ့တိုင်းလိုလို ကျွန်မနားက လူကြီးတွေနဲ့ တစ်ချို့သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့နည်းနည်း နာတာကျင်တာခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲခြောက်မျိုး အကြောင်းကို သေချာလေ့လာခွင့်ရခဲ့တာပါ။ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနှင့်ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွနေရခြင်း တို့ဖြစ်ပါတယ်။ ကျွန်မဟာ ဒီခြောက်ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့မဟုတ်ပဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျွန်မတို့ ရဲ့ဘ၀မှာ ရှောင်လို့မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကိုပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကိုပေးနိုင်ရမယ်၊ ကျန်းမာရေးအခြေခံစောင့်ရှောက်မှု တွေ၊ မေတ္တာစေတနာနှင့်သုနာပြုစုမှုတွေ၊ နောက်ဆုံးနေ၀င်ချိန်မှာ စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်ကကျန်တဲ့ ချစ်သောသူနှင့် ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျွန်မပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။ ကျွန်မတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာသူကိုယ်တိုင် ဘာလို့ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဘူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျွန်မကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရတာ သူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီ ကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာနေဖို့ ဆွဲနှုတ်ပြောင်းရွေ့ ခံခဲ့ရသလိုပါပဲ။

ကျွန်မတို့ဟာ လူ့အခွင့်အရေးအပြည့်နှင့် အထောက်အကူ ကောင်းကောင်းနှင့် အသက်အရွယ် ကြီးသည်အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက်အလျောက် နေရနေရမယ်ဆိုရင်ကံကောင်းပါတယ်။ ကျွန်မဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်းစိတ်ဝင်စား တဲ့အချိန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို တစ်ကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဆိုပြီး လက်ခံလာတဲ့ အချိန်ထိနေရတာ ကံကောင်းပါတယ်။

နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျွန်မဟာ လူအခွင့်အရေး ကြေငြာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။

……….လူသားတွေ ရသင့်တဲ့အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆိုယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်………

…… လူသားတွေဟာ အနန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး၍ မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်….

ကျွန်မကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာအဖြေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနှင့် လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက်လိုအပ်တယ်ဆိုတာကိုယုံတယ်။

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေဟာ ယုံကြည်သူတွေ အတွက်ဆိုရင် စတင်ပြီး အသီးအပွင့်တွေခံစားရမယ့် လက္ခဏာမျိုးတွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကိုမြင်နေ ရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေစတင်နေပြီလို့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဟာသတိကြီးကြီးနဲ့ အကောင်းအမြင် ၀ါဒကို လုပ်ဆောင်နေတယ် ပြောလို့ရပါတယ် ဒါဟာ ကျွန်မ နောက်အနာဂါတ်ကို မယုံလို့မဟုတ်ပါဘူး ဒါဟာကျွန်မ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂါတ်ကို မယုံပဲနှင့်၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိပဲနှင့် လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ မယုံပဲနှင့် ကျွန်မတို့လှုပ်ရှားမှု ဟာဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံတည်တံ့ လာဖို့မလွယ်ပါဘူး။ တချို့တချို့သောကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ရပ်တည်ချက်တွေကနေ ပြိုလဲခဲ့တယ်၊ ကျွန်မတို့ကိုစွန့်ခွာခဲ့တယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နှင့် ကျန်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစားလုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော်များတယ် ဆိုတာကျွန်မ အံ့သြမိတယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဖူး၊ သေချာမျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျွန်မတို့ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို လေးစားတဲ့အနေနှင့် ကျန်ခဲ့တာပါ။

အခုကျွန်မ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျွန်မတို့နိုင်ငံရဲ့မကြာခင်ကပြောင်လဲခဲ့မှုတွေကြောင့်ပါ။ ဒီပြောင်းလဲမှု တွေကလည်း သင်တို့ကြောင့်နှင့် တခြားသော လွတ်လပ်ရေးနှင့် တရားဥပဒေကို မြတ်နိုးသူတွေ ကနေပြီးတော့ ကျွန်မတို့အခြေအနေကို တစ်ကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်မှု တို့ကြောင့်ပါပဲ။

ကျွန်မနိုင်ငံ အကြောင်းဆက်မပြောခင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိစ္စ နည်းနည်းပြောချင်ပါတယ် ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိမများတဲ့ သူတွေကျန်ပါသေးတယ် သူတို့အမေ့ခံ နေရမှာကို ကြောက်မိပါတယ်။ ကျွန်မဟာအခုဒီမှာရပ်နေရတာဟာလည်း တစ်ချိန်က ကျွန်မကိုယ်တိုင် ယုံကြည်ချက် အကျဉ်းသား တစ်ယောက်ပါ။ ကျွန်မကိုကြည့်နေတုန်း ကျွန်မပြောတာ နားထောင်နေတုန်း မှာ ယုံကြည်ချက်အကျဉ်းသားဟာ တစ်ယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို သတိရကြပါ။ ကျွန်မတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တစ်ယောက်မက များပါတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်၊ သူတို့ကိုမြန်မြန်နှင့် ချွင်းချက်မရှိ လွတ်ပေးနိုင်ရန် သက်ရောက်စေမဲ့ မည်သည့်လုပ်ရပ်ကို မဆိုလုပ်ဆောင်ပေးကြပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ် နိုင်ငံရဲ့ အနာဂါတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်မှုရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုးမရှိခဲ့ပါဘူး။ ပြသနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုနှင့် နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြားအပစ်အခတ်ရပ်ဆဲရေးကြောင့် တောက်ပလာတဲ့ မျော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။ တစ်ချက်တည်းသော မဆင်မခြင် လုပ်ရပ်တွေဟာဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး ကိုတစ်ခါတည်း ရပ်တန့်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်အောင်မြင်တာကို တွေ့ရပါတယ်။ ကျွန်မယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓါတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။

ကျွန်မရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျွန်မဟာ တိုင်းရင်းသား ပြန်လည် သွေးစည်းညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာဆိုရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့စတင်ပေးခဲ့ပြီး အမြဲတမ်း အကောင်အထည်ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။

ပြည်သူတွေရဲ့ ဘ၀တွေတိုးတက်မှုရှိတယ်ဆိုမှ ပြန်လည်သင့်မြတ်ပေါင်းစည်းတာအောင်မြင်တယ် လို့ ကျွန်မတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားသောကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနှင့် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀တိုးတက်စေရန်၊ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျွန်မတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျွန်မတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့မရပါဘူး။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မကောင်းတဲ့အား က ကောင်းတဲ့အားထက်သာနေရင် ကျွန်မတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူးလို့ ပဲဖြစ်ပါတယ်။ အကောင်းနှင့်အဆိုး တွဲပြီးရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။ ဒါပေမယ့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြည့်နေရပါမယ်။ ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုး ကဒီကမ္ဘာမှာမရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဲ့ ရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနှင့် လူတစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်းစီကို ယုံကြည်မှုနှင့် မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနှင့် ပို၍ကြင်နာတက်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ကျွန်မ ပို၍ကြင်နာတက်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ချိုတယ်ဆိုတဲ့ အရသာအမျိုးမျိုး ရှိတဲ့အထဲက၊ ကျွန်မကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျွန်မ အချိုမြိန်ဆုံးသော အရာကိုတွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျွန်မသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျွန်မရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနှင့် ခဏလေး ထိတွေ့ကိုင်တွယ်လိုက် တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။ အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တစ်ခုပါပဲ ကမ္ဘာမြေရဲ့ တစ်နေရာက အဖယ်ခံလိုက်ရတယ် သူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ပုန်းအောင်းစရာ နေရာပေးတယ်။

ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည်ဆိုတာရှိတာပဲ. ကျွန်မ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာတုန်းက တကယ့်ကိုပဲ ကိုယ့်လိုသူတွေရဲ့ဒုက္ခတွေ ပင်ပန်းဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့ စိုးရိမ်တာက အလှူရှင်တွေ မရတော့မှာ သေအချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာ။ အလှူရှင်တွေ လျော့ရင် တော့ ရန်ပုံငွေတွေ လျော့ မယ်။ နောက်တစ်ခုက ပထမတစ်ခုရဲ့ရလာဒ်ပါ စာနာထောက်ထားမှု လျော့တာ ကတော့ ဂရုစိုက်မှုတွေလျော့ကုန် တာပေါ့။ ဒါကိုကျွန်မတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာမဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲဆောင်လိုက်တာများလား။ ကမ္ဘာပေါ်မှာရှိတယ် အလှူရှင်တွေကို ကျွန်မ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။

မယ်လမှာတုန်းကဆိုရင် ဒီစခန်းနဲ့ တခြားသော ဒုက္ခသည်စခန်းတွေရှိတဲ့ တပ်ဒေသက ထိုင်းအာဏာပိုင်တွေနှင့် အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ သူတို့က ဒုက္ခသည်စခန်းနှင့် ပတ်သတ်တဲ့ အရေးကြီးတဲ့ပြသနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြသနာတွေ၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည် တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံက လည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနှင့် ကြုံတွေ့ရတဲ့အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နှင့် လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။

နောက်ပိုင်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်မတို့အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ  နိုးထနိုင်မဲ့ ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့လက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့…..။

(အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ  ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နှင့် ပါတိတ်စ အတွင်းနှင့် အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနှင့် live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနှင့် အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။

(Dr ကောင်းမြတ်ကျော်)

အများသိရှိနိုင်ရန် ကြိုးစားဘာသာ ပြန်ပေးသော  (Dr ကောင်းမြတ်ကျော်)အား ကျေးဇူးတင်ပါသည်။။

ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ လူ့ဘဝတန်ဖိုး...

လူမှာ အရေးအကြီးဆုံး နှစ်ခုပဲရှိတယ်။

အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။

ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်။ ပြောခဲ့တဲ့ သတ္တိလဲရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း

နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်ရတဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်းလုပ်ရမယ်။ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူတွေကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ဆိုင်ရာ ဆိုင်ရာ၊ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နီုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင်လုပ်နိုင်ဖို့ ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း အမြဲတမ်း နိုင်ငံရေးမှာ စိတ်ဝင်စားပြီးတော့ တတိုင်း တပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဒီလိုအဖွဲ့တွေရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း

(၂၃.၁.၁၉၄၆) ရွှေတိဂုံဘုရား အလယ်ပစ္စယံ (ပထမ ပြည်လုံးကျွတ် ညီလာခံ)

ဘလော့ခ်ဂါ အလင်းဆက်

(၂၂.သြဂုတ်လ.၂၀၁၀)

ညီငယ် အလင်းဆက်မှ တင်ပြပါသည်....။

မုန်တိုင်းကြားက ယုံကြည်ချက်ခိုင် ကလောင်ကိုင် သူရဲကောင်းများ....


“ ပြဿနာ အခက်အခဲတွေ အတွက်

ထွက်ပေါက်ကိုသာ

စဉ်းစားခြင်းမပြုဘဲ

ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ”

ဟံသာဝတီ ဦးဝင်းတင်


“ ကျွန်မတို့လွတ်လပ်မှုတွေမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုတွေကို အသုံးချကြပါ။ ”

“ မြင်ရင်လဲမြင်တယ်ဆိုပြီး ရပ်ကြည့်မနေပါနဲ့။

လျစ်လျှူမရှုထားကြပါနဲ့။

တတ်နိုင်ရင် တတ်နိုင်တဲ့ဘက်က

ရပ်တည်ပေးကြပါ။

ဒါတွေဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ”

“ ကျွန်မတို့က နိုင်ငံရေးသမားတွေပဲ

နိုင်ငံရေးအရ လူ့အဆင့်အတန်းကို

ကျွန်မတို့က မြှင့်တင်နိုင်ရမယ်။

နိုင်ငံရေးအရ လူ့အဆင့်အတန်းကို

မြှင့်တင်နိုင်မှ ကျွန်မတို့ဟာ

လူဖြစ်ရကျိုးနပ်တယ်လို့ သတ်မှတ်နိုင်မယ်။

ဒီလိုစိတ်ထားမထားနိုင်ရင်တော့

ကိုယ့်ကိုကိုယ် နိုင်ငံရေးသမားလို့လည်း မခေါ်သင့်ဘူး။

နိုင်ငံရေးနယ်ထဲမှာလည်း ၀င်ပြီးတော့ မလုပ်သင့်ဘူး။ ”

“ “ အသက်ရှင်ရကျိုးမနပ်ဘဲ

နေရမယ့်အစား

သေရတာပဲ ကောင်းတယ် ” ဆိုတဲ့

စိတ်ဓါတ်ထားပြီး

အသက်ရှင်ရကျိုးနပ်မယ့်

ဒီမိုကရေစီအကျိုးဖြစ်အောင်

အားလုံးဝိုင်းဝန်းကြိုးစားကြပါ။ ”

“ မြန်မာနိုင်ငံမှာ

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ

အမျိုးသားရင်ကြားစေ့ရေးမပါဘဲ

ကျင်းပတဲ့ရွေးကောက်ပွဲဟာ

တရားဝင်မှာ မဟုတ်ကြောင်း

ကုလသမဂ္ဂအနေနဲ့

ဆုံးဖြတ်သင့်တယ်လို့ ပြောလိုလိုက်ပါတယ်။ ”

“ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လုပ်သွားရမယ်။ ကိုယ့်အလုပ်လုပ်တဲ့အခါကျရင် အများကြိုက်စေချင်လို့ လုပ်တာမဟုတ်ဘူး။ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ရာထူးရာခံ လိုချင်လို့ လုပ်တာမဟုတ်ဘူး။ နာမည်လိုချင်လို့ လုပ်တာမဟုတ်ဘူး။ ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်တာသာဖြစ် ရမယ်။ ကိုယ့်ရဲ့ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်လို့ရှိရင် ဘယ်သူက ဘယ်လိုဘဲ အန္တရာယ်ပြုပြု၊ ခံနိုင် ရည်ရှိရမယ်။ ဘယ်သူက ဘယ်လိုပဲ ကိုယ့်ကိုပုတ်ခတ်ပုတ်ခတ် ခံနိုင်ရည်ရှိရမယ်။ ဒီလိုခံစားချက်တွေနဲ့ လုပ် သွားမှသာ လူငယ်များဟာ တိုင်းပြည်အကျိုးထမ်းဆောင်နိုင်မှာ ဖြစ်တယ်။ ”

၁၉၈၉ ဧပြီလက ချင်းခရီးစဉ် NLD လူငယ်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သော မိန့်ခွန်း )


“ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ

ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အုပ်ချုပ်တာပဲဖြစ်ရမယ်။

လက်နက်အားကိုးနဲ့အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူး ဆိုတာ

မွေးကတည်းက ကျွန်မကိုသင်ထားတဲ့၊ သိခဲ့တဲ့

သင်ခန်းစာပါပဲ။ ”

“ လုပ်လည်းလုပ်ရမယ်၊ ခံလည်းခံရမယ်၊ ကိုယ်လုပ်လို့ကိုယ်ခံတယ်ပေါ့။

မလုပ်ပဲနဲ့ခံတာတော့ ခံရကျိုးမနပ်ဘူး။

အဲ့ဒီတော့ ပထမလုပ်လိုက်၊ လုပ်ပြီးမှ ခံမယ်။ ”

“ ရှေ့ဆောင်တယ်ဆိုတာ တိုင်းပဲဖြစ်ဖြစ်၊ မြို့နယ်ပဲဖြစ်ဖြစ်၊

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဖြစ်ဖြစ်၊ ရှေ့ ဆောင်ပြီဆိုမှဖြင့် ကိုယ်ဟာတခြားသူတွေထက်ပိုပြီးတော့ ကြိုးစားရမယ်။

တခြားသူတွေထက်ပိုပြီးတော့ စွန့်စား ရမယ်။

ကိုယ့်ရဲ့ရှေ့ဆောင်နေပါတယ်ဆိုတဲ့ အနေအထားကို

ကိုယ်ကနေပြီးတော့ သိက္ခာရှိရှိနဲ့ ထိန်းသိမ်းသွား ရမယ်။ ”


“ ခံရဲတာ

သတ္တိ ဆိုတာ မှန်ပါတယ်

ဒါပေမယ့်

လုပ်ရဲတဲ့သတ္တိလည်း

ကျွန်မတို့ ရှိရပါမယ်။ ”

“ လူနဲ့တူအောင် မနေနိုင်တဲ့ နိုင်ငံမှာ နေရမှတော့

နေရကျိုးလည်း မနပ်ပါဘူး။

အဲ့ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ကျွန်မတို့ရဲ့

လမ်းစဉ်အောင်မြင်ရေးအတွက် လုပ်ကြပါ။ ”

Your browser may not support display of this image.

“ ကျွန်မတို့ရုန်းကန်ခဲ့ရတာတွေ

အနစ်နာခံခဲ့ရတာတွေဟာ

အနစ်နာခံရကျိုးနပ်အောင်လို့

ကျွန်မတို့ထပ်ပြီးတော့

ပိုပြီးတော့ ၀ိရိယထုတ်ပြီးတော့

ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ”

“ အခုအခြေအနေ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ထောင်ချည်းဘဲ။

ဒီထောင်ကြီးထဲကနေ ထောင်သေးလေး ကို ၀င်သွားရမှာ

ဘာဖြစ်လို့ ကြောက်နေရမှာလဲလို့ ကျွန်မတို့ပြန်မေးရပါမယ်။ ”

“ နိုင်ငံရေးအတွက် ကိုယ့်ရဲ့ဘ၀ကို

အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ

ဒါ အင်မတန်မှ သိက္ခာရှိပါတယ်။

အင်မတန်မှလဲ ကျေနပ်မှုရှိစရာပါ။

အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

Your browser may not support display of this image.

“ To people of Myanmar must have the courage to say no to injustice and yes to the truth.
They must also work to correct their own wrongdoing that hurt society.

Min Ko Naing

( Speech at the first 88 Generation meeting in August 2006 )

“ ဟိုဟိုအရင်တုန်းက ကြားဖူးနားဝရှိတဲ့ ဖြစ်ပျက် ဖြစ်ပျက်ဆိုတာ ဒီတစ်ခါ ကိုယ့်ကျတော့မှ တည့်တည့်ကို တိုး တာပေါ့ဗျာ။ အဲ့ဒီတော့ စွဲသမျှ ဒါသည် တစ်ချိန်ကြရင် ပျယ်မယ်ဆိုတာကြီးကို ကျနော်က နှလုံးသွင်းထားရပြီ ပေါ့။ ဒါပေမယ့် ပျက်ခါမှပျက်ရောပေါ့။ ဖြစ်နိုင်သမျှတော့ ဖြစ်ရဦးမယ်ဆိုပြီးတော့ ဖြစ်တည်ပျက် ဆိုပြီးတော့ အဲ့ ဒါကို ဥပါဒ်ဘီဘင် ကိုယူပြီး အဲ့ဒါဟာ နှလုံးသွင်းပြီး စွဲရတာပေါ့ဗျာ။ ”

အနုပညာကို သိမ်မွေ့စွာ ဖန်တီးခံစားနိုင်သော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်

သူ၏ အကျဉ်းတိုက်အတွင်း ခံစားရသော ခံစားချက် ( ၂၀၀၅ )

“ မပြီးမြတ်သော တော်လှန်ရေးတွင်

ကျွန်ုပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍

မချင့်မရဲ သတ္တိနည်းလျှင်

သင်တို့ ၀ိဥာဉ်ပူးကပ်ဝင်၍

ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်

ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက်

သစ္စာဖောက်ဟု

မထောက်မညှာပြုမိပါလျှင်

အသင်တို့၏ မညွတ်ပြောင်းသော

ခွပ်ဒေါင်းလက်ဖြင့်

ဝိုင်းညှပ်အပြစ်ပေးကြပါလေ။ ”

( ကိုမင်းကိုနိုင် သစ္စာကဗျာမှ )

Your browser may not support display of this image.

“ ဟော

မျက်လှည့်ပွဲ ပြီးတော့မယ်

ပြန်စရာကလည်း အိမ်မရှိဘူး

မက်စရာ အိပ်မက်လည်း မရှိဘူး။

အိတ်ထဲနှိုက်တော့

မနေ့ည နောက်ဆုံးရထားလက်မှတ်

အထက်တန်း အိပ်ခန်းတွဲနှစ်စောင်။ ”

ကိုမင်းကိုနိုင်

( စစ်တွေထောင်တွင်းစပ်ကဗျာ )


“ သွားနှင့်သူငယ်ချင်း

ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓါတ်ပြားထဲ

မင်းရဲ့ ကဗျာတွေ

မာတိကာစီဖို့

ငါတို့နေရစ်ခဲ့ဦးမယ်

သွားနှင့် သူငယ်ချင်း

ကျောင်းနံရံတ၀ိုက်

ဒေါင်းအလံပြန်စိုက်တဲ့တစ်နေ့

ငါတို့ …………။

ကိုမင်းကိုနိုင်

( ၂၀၀၇ သြဂုတ်လ ၇ ရက် နေ့က တာရာမင်းဝေ ရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား ကိုမင်း ကိုနိုင်ရေးဖွဲ့ရွတ်ဆိုတဲ့ ကဗျာမှ )

“ ဆယ်နှစ်ဆယ်မိုး ခေါက်ရိုးကျိုး

အဖြူရောင်ကသိုဏ်းရှုခဲ့ရ

အဲ့ဒီ မျက်လုံးတွေနဲ့

ဖန်တီးချင်တဲ့ ရောင်စုံရှုခင်းအလှ

အံမကျဘူး …..

လောကဓံက ထိုးလိုက်တဲ့

မေးရိုးအကျိုးကြီးနဲ့

လောကကို ပြန်ပြုံးပြနေရတာကိုက

အံမကျဘူး ….. ”

ကိုမင်းကိုနိုင်

“ သူမိုက်ဟာ ကံကောင်းနေမှန်းမသိလို့ မခံစားပေမဲ့

လူလိမ္မာဟာ ကံဆိုးနေမှန်းသိလို့ ခံစားရပေတယ်။

သူမိုက်ကံဆိုးတော့ ကြုံပြီးပြီ။

လူလိမ္မာကံကောင်းတော့ ဇတ်ပေါင်းခန်းတော့မျှော်ရီရီ။ ”

မင်းကိုနိုင်

( ကံခေသူကဗျာမှ )

“ နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ

တကယ်ပြစရာ အသက်လဲမရှိဘူး

လှုပ်ရှားနေလို့သာ ဘ၀လို့ခေါ်တာ

ဖော်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။ ”

မင်းကိုနိုင်

( “ မရှိခဏ ” ကဗျာမှ )

Your browser may not support display of this image.

“ ဂိုးအသွင်းမခံရဖို့

အနိုင်ဂိုးဖိသွင်းဖို့

ဘောလုံးကွင်းမရှိသေးတော့

အတူအပြေးပဲ ကျင့်ခဲ့ကြပေါ့။

ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်

တစ်ယောက်မျက်နှာတစ်ယောက်မမြင်

ခုတော့

တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်

ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။ ”

မင်းကိုနိုင်

( ဘောလုံးသမားသူငယ်ချင်းများ ကဗျာမှ )

“ ငါတို့တွေကိုက

တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ

တိုက်ပွဲကြမ်းက ဒဏ်ရာ အောင်ပွဲမှာပြကြေးကို။ ”

မင်းကိုနိုင်

( မျှော်လင့်ခြင်း ကဗျာမှ )


“ တိုင်းတစ်ပါးကျွန်

စစ်တပ်ကျွန်

ဘယ်ကျွန်မှမခံ

ဒေါင်းအလံဟေ့

ကျောင်းနံရံတစ်ဝိုက်

ဒေါင်းအလံ ပြန်စိုက်မယ်။ ”

မင်းကိုနိုင်

( ၈၈၈၈ ကဗျာမှ )

Your browser may not support display of this image.

“ တကယ်တော့ ကြယ်တွေရဲ့ဘ၀မှာ အဖော်နီးတာ၊ အဖော်ဝေးတာ အရေးမကြီးပါဘူး။

လောကအတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှ မကြွေတာ သေချာတယ်။ ”

မင်းကိုနိုင်

( နောက်ကြည့်မှန် ၀တ္ထု မှ )



“ ကျွန်တော့်သဘောကတော့ မျှော်လင့်နေတာထက် ယုံကြည်ဖို့လိုတယ်။

အားပေးတာထက် ၀င်ပါဖို့လိုပါတယ်။ ”

မင်းကိုနိုင်

( နောက်ကြည့်မှန် ၀တ္ထု မှ )


“ သားစားကျားမှန်း သိပါလျှက် ဖက်လုံးမိခဲ့ပြီ။ ခြေကပဲ စ၀ါးဝါး၊ ခေါင်းကပဲ စကိုက်ကိုက်၊ မသေမချင်းတော့ မလျှော့တမ်း သတ်မှတ်ရုံသာဟု နှလုံးပိုက်ပြီး သံတိုင်ကိုခေါင်းပြု၊ နံရံလေးဘက်ကိုခြင်ထောင်မှတ်ကာ ကြိုမ မြင်နိုင်သော အိပ်မက်ကို ဆုတောင်းခြင်းကင်းကင်းဖြင့် ကြိုဆိုပါ၏။ ”

မင်းကိုနိုင်

( နောက်ကြည့်မှန် ၀တ္ထု မှ )

Your browser may not support display of this image.

“ ခေါင်းသူကြီးက အမူးပါး

အသင်းသားတွေက နဝေတိမ်တောင်

ကွင်းလယ်ခေါင် ဖုန်တွေလူးလို့

ရူးချင်ယောင်ဆောင် …

စည်းကျော်လို့ ဖမ်းထားတောင်

အောင်လံသူ ဒို့အသင်း

ထမင်းရည် ပူပြန်သတဲ့

ခြေကန်လို့ ငြင်း … ”

မင်းကိုနိုင်

( စစ်တွေထောင်တွင်း အကျဉ်းကျနေစဉ် စပ်ဆိုသော ကဗျာ )

Your browser may not support display of this image.

“ ကျွန်တော်တို့က အဖမ်းမခံရမှာ မကြောက်ဘူး။

အလုပ်မလုပ်နိုင်မှာပဲ စိုးတယ် ”

ကိုကိုကြီး

အဖမ်းမခံရခင် တစ်ရက်အလိုတွင်ပြောသောစကား ( ၂၆ စက်တင်ဘာ ၂၀၀၆ )



“ ကျွန်တော်တို့ရဲ့ နိုင်ငံရေးယုံကြည်ချက်က

ကျွန်တော်တို့နိုင်ငံ

ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေးအတွက်

အကြမ်းမဖက် အနုနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့

နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတာ

ကျွန်တော်တို့ရဲ့ သဓိဌာန်ပဲ၊ သံဓိဌာန်ပဲ။ ”

ကိုကိုကြီး၊ ၂၆ စက်တင်ဘာ ၂၀၀၆

“ သားလည်း စိုစွတ်တဲ့မျက်ရည်တွေကို သုတ်ပေးဖို့

မျက်ဝန်းတွေကို လင်းလက်စေဖို့၊ ကိုယ့်ကိုကိုယ် လောင်းကျွမ်းခဲ့နေကြတာပါ။ ”

ကိုကိုကြီး

( “ လားရာ ” “ ၀တ္ထု ” မှ )

“ မေမေဟာ မေမေ့မိသားစု

မေမေ့ပတ်ဝန်းကျင်လေးကို

စွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီဘဲ ….. ပိုအရေးကြီးတာက

မေမေဟာ …... ရှင်သန်နေတဲ့အခိုက်

ဘယ်သူ့ကိုမှ မျက်ရည်ကြီးငယ် မကျစေခဲ့ဘူးလေ …

ဒါပါဘဲ … ။ ”

ကိုကိုကြီး

( သူ၏ ကွယ်လွန်သွားပြီဖြစ်တဲ့ မွေးမိခင်အတွက် ကိုယ်တိုင်ရေး လွမ်းချင်း “ လားရာ ” မှ ကောက်နှုတ်ချက် )

“ ကျွန်တော်တို့ သက်ရှိထင်ရှားမရှိတော့ရင်တောင်မှ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ရိုးမကြီးတစ်လျှောက်လုံးမှာ ပျံ့နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်။ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား … ။ ”

ကိုကိုကြီး

Your browser may not support display of this image.

“ နိုင်ငံရေးသမားဆိုတာက ပြည်သူတွေနဲ့ မထိစပ်လို့မရဘူး။ ပြည်သူတွေရဲ့ထောက်ခံမှု မရဘူးဆိုရင် ဘာမှ လုပ်လို့ မရဘူး။ အဲဒီတော့ ပြည်သူတွေလုပ်နိုင်တဲ့အပိုင်း၊ အနိမ့်ဆုံးလုပ်နိုင်တဲ့အပိုင်းကတော့ ဆက်ဆံပါ။ နိုင် ငံရေးသမားကို ရဲရဲတင်းတင်း ဆက်ဆံပါ။ ထောက်ခံပါ။ ဆူပူမှု လုပ်နေတာမဟုတ်ဘူး။ အကြမ်းဖက်မှုလုပ်နေ တာမဟုတ်ဘူး။ ”

ကိုကိုကြီး

( အင်တာဗျူး တစ်ခုမှ )

“ လူကို ဖမ်းလို့ရတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ်တွေ၊ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကိုတော့ ချုပ်နှောင် ထားလို့ မရဘူး။ သတ်ဖြတ်လို့မရဘူး။

ကိုကိုကြီး

( အဖမ်းမခံရမီတစ်ရက်အလိုတွင် ပြောကြားသောစကား )


Your browser may not support display of this image.

“ ၈၈ မျိုးဆက်ဟာ ဘာတွေလုပ်ခဲ့လဲလို့ပြောရင် ကျွန်တော်တို့ဟာ အငြိမ်းချမ်းဆုံး နဲ့ အညင်သာဆုံး အသွင်ကူး ပြောင်းနိုင်ငံရေးအတွက် ကြိုးပမ်းခဲ့တယ်ဆိုတာကို ကျွန်တော် ခိုင်ခိုင်မာမာ ပြောလိုပါတယ်။ တခြားရွေးစရာ လမ်းမရှိတော့ဘူးဆိုရင်တော့ အရိုးတွေတောင်လိုပုံမှပဲ တည်ဆောက်လို့ရတော့မယ်ဆိုလို့ရှိရင်လည်း ကျွန် တော်တို့ မျိုးဆက်သစ်တွေဟာ ပေးဆပ်ဖို့ အဆင်သင့်ပါဘဲ။ ”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်

“ ကျွန်တော်တို့ရဲ့ ရင်းနှီးသမျှ၊ ပေးဆပ်သမျှဟာ သဲထဲရေသွန်ဖြစ်သွားမှာမဟုတ်ဘူး။ အချည်းနှီးမဟုတ်ဘူး။ လူမိုက်တွေရဲ့လုပ်ရက်မဟုတ်ဘူး။ နိုင်ငံရဲ့ စနစ်တစ်ခုကို ပြောင်းလဲချင်တဲ့ နိုင်ငံသားတွေရဲ့ လေးနက်တဲ့ ဆုံး ဖြတ်ချက်ဖြစ်ပါတယ်။ ”

ဌေးကြွယ်

Your browser may not support display of this image.

Your browser may not support display of this image.

Your browser may not support display of this image.
“ ကျွန်မရဲ့ လေးလသားအရွယ်သမီးလေးကို စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး ယောက္ခမတွေနဲ့ ထားခဲ့ရတဲ့ အတွက်ကြောင့် ကျွန်မအလွန်ပဲ မွန်းကြပ်ခံစားရပါတယ်။ ကျွန်မရဲ့ဘ၀မှာအဆိုးရွားဆုံးနေ့တွေလို့ဆိုရင် မမှားပါဘူး။ ဒါပေမယ့် ကျွန်မဘယ်တော့မှ နောင်တမရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ ရှိတဲ့ များပြားလှတဲ့ အနာဂါတ်မဲ့နေတဲ့ကလေးငယ်တွေမျက်နှာလေးတွေကို ကျွန်မမြင်နေရလို့ပါဘဲ။ ဒါကြောင့်ဘဲ ဒီ ဒီမိုကရေစီ ခရီးရှည်ကြီးကို ဆက်လက်ချီတက်ဖို့ ကျွန်မကိုယ်ကျွန်မ အားပေးမိပါတယ်။ ”

    မနီလာသိန်း

    ၈၈ မျိုးဆက်ကျောင်းသူ

    ( ၄ လသားအရွယ်ရှိ သမီးလေးကိုထားပြီး ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း RFA သတင်းဌာနနဲ့ ဆက် သွယ်မေးမြန်းချက်မှ )

ဖန်တီးတင်ပြသူများ ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ

၆. သြဂုတ်လ.၂၀၁၀


ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကို ဘာတွေမှာထားခဲ့လဲ...


Bogyoke
"ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါကစကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာစစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
”

* လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)

* ရဲဘော်သုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။

“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့
အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က
ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားရင် မကြောက်၊
အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊
ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား
နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ
မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊
တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ
တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။
သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။
“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့
တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊
တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး
ဆိုတာ တထစ်ချမှတ်ထားပါ။”
“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။
ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။
သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။
ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး
လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့
ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့မှ
ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင်
ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ
ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။
အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”

‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’

‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’

‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’

* ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။



(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)



* လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။



(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)



* ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။



(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)



* ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။



* စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။



(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)



* ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။



(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)


"အမျိုးသားခေါင်းဆောင်ကြီးရဲ့ရုပ်ပုံကို တံဆိပ်ခေါင်းထက် ပိုမကြီးစေတဲ့ အာဏာရူး တစ်ယောက်ရဲ့ ကျေးဇူးကန်းမှုနဲ့ ယုတ်မာမှုလောက် အကျည်းတန်ဆုံးအရာ မရှိဘူး။"

အလင်းဆက်
၂၇.မတ်လ.၂၀၁၀