ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ဆက်သွယ်မေးမြန်းချက်. Show all posts
Showing posts with label ဆက်သွယ်မေးမြန်းချက်. Show all posts

ယနေ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မာဂဓ တက္ကသိုလ်ရှေ့မှာ ပြုလုပ်တဲ့ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ အခမ်းအနား ... (သတင်း၊ ဓာတ်ပုံ)

ယနေ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မာဂဓ တက္ကသိုလ်ရှေ့မှာ ပြုလုပ်တဲ့ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ အခမ်းအနား ... (သတင်း၊ ဓာတ်ပုံ)

ယနေ့  ဇူလိုင်လ (၈)ရက် မနက် (၉)နာရီက ဗုဒ္ဓဂါယာရှိ Magadh University မှာ ပညာသင်ကြားနေကြတဲ့ မြန်မာ၊ သီရိလင်္ကာ၊ နီပေါအပါအဝင် နိုင်ငံတကာမှ စာသင်သား ရဟန်းတော်များနှင့် အိန္ဒိယနိုင်ငံသားများ ပူးပေါင်း၍ ဇူလိုင်လ (၇)ရက်နေ့က ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ကန့်ကွက် ဆန့်ကျင်သည့် ဆန္ဒပြပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်..။

အဆိုပါ အကြမ်းဖက်မှုရှုံချပွဲအား Magadh Universityမှ နိုင်ငံတကာမှ နိုင်ငံတကာ ကျောင်းသားများနှင့် အိန္ဒိယနိုင်ငံသား စုစုပေါင်း ၂၀၀ခန့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်..။

မနေ့က ဖြစ်ပွားခဲ့သော ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲ၌ မြန်မာနှင့် တိဘက်ဘုန်းတော်ကြီး (၂)ဦးအပါအဝင် လူ(၅)ဦးခန့် ဒဏ်ရာရရှိခဲ့သည်..။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ယနေ့ ဗုဒ္ဓဂါယာအနီးရှိ လမ်းအချို့အား ပိတ်ထားဆဲ ဖြစ်ပြီး အိန္ဒိယစစ်တပ်မှ လာရောက် စောင့်ကြပ်လျှက်ရှိသည်..။ အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတနိုင်ငံ ဖြစ်သည့် သီရိလင်္ကာသမ္မတမှ အိန္ဒိယနိုင်ငံ၏ လုံခြုံရေး ညံ့ဖျင်းမှုအား ဝေဖန်ပြောဆိုခဲ့သည်..။

 Magadh Universityရှေ့မှာ ပြုလုပ်တဲ့  ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲအား အိန္ဒိယစံတော်ချိန် မနက်(၉)မှ စတင်ကာ ယနေ့ မနက် ၁၁နာရီထိ ကျင်းပါ ပြုလုပ်ခဲ့သည်..။

ယနေ့ ဇူလိုင်လ (၈)ရက်နေ့မှာတော့ ဗုဒ္ဓဂါယာရှိ လမ်းများအား ပိတ်ထားဆဲ ဖြစ်ပြီး မနေ့က အကြမ်းဖက် ဗုံးဖောက်မှုအတွင်း ဒဏ်ရာရသူများအား အိန္ဒိယအစိုးရ ဝန်ကြီးများမှ လာရောက်ကြည့်ရှု အားပေးခဲ့ပြီး အကြမ်းဖက်သမားများအားလည်း အလျင်အမြန် စုံစမ်းဖော်ထုတ် ပေးမည်ဟု ကတိစကား ပြောကြားခဲ့သည်..။

ယနေ့ ညနေ(၄)နာရီမှာလည်း Magadh Universityမှ နိုင်ငံတကာ စာသင်သားများနှင့် အိန္ဒိယနိုင်ငံသားများမှ ဆုတောင်းပွဲ ပြုလုပ်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်..။

သတင်းမီဒီယာများ ယနေ့ အဆိုပါ ဆန္ဒပြပွဲအား ဆက်သွယ်မေးမြန်းလိုပါက ဗုဒ္ဓဂါယာရှိ Magadh University မှာတက်ရောက် သင်ကြားနေတဲ့ အရှင်နန္ဒာစရိယ ဖုန်းနံပါတ်... +၉၁၇၇၈၃၈၉၈၃၂၉သို့
 စုံစမ်းမေးမြန်း နိုင်ပါကြောင်း... Viberနဲ့လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်..။

ဓာတ်ပုံ... အရှင်နန္ဒာစရိယ
သတင်း...  ဒီမိုဝေယံ


ယခင် နိုင်ငံတကာမှ နည်းပညာတွေနဲ့မတူ ဒီရေစီးအားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်သည့် နည်းပညာအား ဒေါက်တာလှိုင်မြင့်မှ စမ်းသပ်ပြသမည်..

မြန်မာပြည်ရဲ့ အခြေခံ အဆောက်အဦးတွေထဲမှာ လျှပ်စစ်ဓာတ်အားဟာ မရှိမဖြစ် အရေးကြီးဆုံး လိုအပ်ချက် တခုဖြစ်ပါတယ်..။ 
အင်တာနက်ဝဘ်ဆိုက်များနဲ့ ဒီမိုဝေယံဘလော့ဂ်မှာ နိုင်ငံရေးနဲ့ အကျိုးပြုဆောင်းပါးများ ရေးသားဖော်ပြနေတဲ့
 ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သြစတြေးလျနိုင်ငံမှ အမိမြန်မာပြည်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ယနေ့အချိန်မှာတော့ ယခင် နိုင်ငံတကာမှ နည်းပညာတွေနဲ့မတူ ကုန်ကျစားရိတ် သက်သာစွာဖြင့် ဒီရေစီးအားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ နည်းပညာအား အောင်မြင်စွာ စမ်းသပ် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်..။

အဆိုပါ နည်းပညာအား နိုင်ငံတော်အကြီးအကဲများနဲ့ အများရှေ့မှောက်မှာ စမ်းသပ်ထုတ်လုပ်ပြသမှာ ဖြစ်ပါတယ်..။

ဒီမိုဝေယံ။  ။ဆရာ သြစတြေးလျကနေ မြန်မာပြည် ပြန်သွားရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဒီရေစီးအားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ နည်းပညာကို နိုင်ငံအတွက် ပေးဆပ်ချင်တဲ့ အတွက်ကြောင့် ပြန်သွားတာ ဖြစ်တယ်လို့ ကြားသိရပါတယ်..။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အများသိနိုင်အောင် ပြောပြပေးစေလိုပါတယ်...။

ဒေါက်တာလှိုင်မြင့်။  ။ ကျနော်လျှပ်စစ်အတွက်  မြစ်ရေစီးနဲ့  ဒီရေစီးအား နှစ်မျိုးကို မူလက အဓိက ထားလေ့လာတယ်။  စဉ်းစားတယ်။  သိသမျှ မြင်ထားတာတွေနဲ့  အင်တာနက်ပေါ်က  မူပိုင်လုပ်ထားတာတွေ လေ့လာကြည့်  ပုံစံဖေါ်ကြည့်တယ်။  မရဘူး။  သူတို့ စမ်းထားတာတွေက နားတောင် မလည်တာများတယ်။ နောက်ကုန်ကျစားရိတ်လည်း အင်မတန်များတယ်လေ..။

(ဒီနေရာမှာ တခုကြိုပြောလိုတာကတော့ ဗုဒ္ဓဘာသာ လူဝင်စားအကြောင်း ယုံကြည်တဲ့သူတွေ အတွက်ပေါ့)..
ဒီလိုနဲ့ တနေ့ မြေးလေးနှစ်ယောက် လူဝင်စားတယ်လို့ ခံယူထားတဲ့ ကိုယ့်မိဘနှစ်ဦးပေါ့ (အဖေနဲ့ ယောက်ခမ) အိမ်မက်ပေး မိသားစုထဲ ရောက်လာတယ်။  အဖေက  ဘာဘူ (ဆရာလှိုင်မြင့်၏သား HIP HOP အဆိုတော်ဘာဘူ)ဇနီး ဆီမှာ  အိမ်မက်ပေးအပြီး နှစ်ပတ်တိတိနေတော့ ကိုယ်ဝန်စရှိတယ်။  အိမ်မက်ထဲမှာ  မိန်းခလေးတဦးက  ကိုရီးယား  ဆားဗစ်ဌာန ကားနဲ့   ပါဆယ်လာပို့တာ ထွက်လက်ခံတော့ အဖေ ဖြစ်နေတယ်။   မြေးမလေးက  ရှစ်လသမီးအရွယ်မှာ စတင်ပြီး  လေချွန်တာမှ  စုးစူးသေးသေးလေး  အကြာကြီးချွန်နေတတ်တယ်။  အဖေ ရှိစဉ်ကထူးခြားချက်က အမြဲ လေချွန်ပြီးအေးအေးလေး နေတတ်တာ။

ဆုံးသွားပြီဖြစ်တဲ့ ယောက္ခမကလည်း အိမ်မက်မှာ ကျနော်ဆီ လာချင်တာ  လာဖို့ မလွယ်ဘူးပြောတယ်။ ကျနော်က လူတယောက်  လွှတ်ပြီးအခေါ်ခို်င်းလို်က်မယ်။  လာရင်  မိန်းခလေး  အနေနဲ့ မလာခဲ့ဖို့ မှာလို်က်တယ်။  သမီးဖြစ်သူ  သန္တာလှိုင်(ဆရာလှိုင်မြင့်၏သမီး မော်ဒယ်သန္တာလှိုင်)  ရန်ကုန်ပြန်တော့ ခယ်မနဲ့ ယောက်ဖတွေ ဆီ အိမ်မက်အကြောင်း စာတိုလေးရေးပေး
လိုက်တယ်။  ရန်ကုန်မှာတင် ကိုယ်ဝန်ရှိလာတယ်။  ယောင်္ကျားလေး။ ယောက်ခမက အရင်ဘဝက  ကားစက်မှုလက်မှု လုပ်ငန်းနဲ့  ကားလေလံဆွဲတာလုပ်တယ်။
ဒီမြေးလေးက ဘာအရုပ်မှ မယူဘူး  အိပ်ယာနိုးတာနဲ့   ကား ကားပဲ ။  တခါ ကားဆိုရင် ဂျစ်ကားအစုတ်တွေဆို  အောက်က ဝင်ကြည့်။ ဘီးကိုင်ကြည့် လှုပ်ကြည့်။ ဂျစ်ကားအစုတ် ဆီက  ပြန် ခေါ်ရင် တအားငိုတာ။  တီဗွီပြရင်လဲ  ဘာဇါတ်လမ်းမှ  မကြည့်ဘူး။  ကားကာတွန်းနဲ့  ကားစက်ရုံတွေပြရင်  ငြိမ်နေတော့တာ။  ကား- ကာတွန်းကြည့်ရင်းအိပ်တာ။ ကား-ကာတွန်းမရှိရင်  မအိပ်တော့ဘူး။ 

သူတို့ ကိုယ့်မိသားစုထဲ ရောက်လာပြီး အခု ဒီရေစီးအား လျှပ်စစ်ထုတ်တဲ့ ဒီဇိုင်းကို ရုတ်တရက် အမှိုက်ပုံမှာတွေ့ ရှိခဲ့တာပေါ့။  အင်တာနက်တွေပေါ်  ရှာကြည့်တော့ ပိုချဲ့တီထွင်နိုင်လိုက်တာပါ။  အဓိက  ပြောလိုတာက တော့ အထက်က သူတော်ကောင်းတွေ အထက်ပုဂ္ဂိုလ်တွေ  မစလိုက်တာပါ။ ကျွန်တော်ဒီစကား ပြောတဲ့အတွက် နိုင်ငံခြားသားတွေ  ဖန်ဆင်းရှင် ယုံကြည်သူတွေအတွက် လက်ခံရခက်နေပါမယ်။ 

သေချာတာကတော့  ကျနော် တတ်လို့  သီအိုရီတွေနဲ့  တွက်ချက်လို့ တွေ့ လာတာ မဟုတ်တာကတော့ အလွန်သေချာပါတယ်။  ရှင်းရှင်းပြောရရင်  ခေါင်းထဲ  လင်းခနဲ ပေါ်လာတာပါ။ ဒါကိုသြစတြေးလျမှာ  မူပိုင်တင်ဖို့ ဆွေးနွေးကြည့်တော့  ပုံစံကိုအရင်ဆွဲ တင်ခို်င်းတယ်။  တင်လို်က်ရင်  ကူးချပြီး  ကိုယ့်ရှေ့ မှာ ဒီပုံစံရှိပြီးသားဆိုပြီး လုပ်တတ်ကြတယ်။  အခုတော့ ကိုယ်လဲ ရှာပြီးသား  ရှေ့ မှာ  အလားသဏ္ဍန် ဒီဇိုင်းတူတာတောင်မရှိဘူး။  သီအိုရီရော(အယူအဆတောင်) တူတာမရှိဘူး။

ဒီမိုဝေယံ။   ။ လက်ရှိ ဆရာပြည်တွင်းမှာ စမ်းသပ်ပြသဖို့ အစီအစဉ်ရှိမရှိကို သိလိုပါတယ်..။
ဒေါက်တာလှိုင်မြင့်။   ။အခု ရန်ကုန်ရောက်တော့   ကျနော့်စက်ပုံစံကို  လက်တွေ့ စမ်းသပ်ပြီးပါပြီ။   အောင်မြင်စွာ စမ်းသပ်လို့ ရနေပါပြီ ။ အခုမူပို်င်တင်တာ လုပ်နေပါပြီ။ မူပိုင် (နိုင်ငံတကာမူပိုင်) က ကျတော့်မူကို လက်ခံလိုက်တာနဲ့ ဒီမှာ  အစိုးရအကူအညီ၊   လုပ်ငန်းရှင်တွေ အကူအညီ  ပညာရှင်တွေ အမြင်တွေ ပေါင်းစပ်ပြီး  ပိုမိုအားသာတဲ့  EFFICIENCY ထပ်မံပြီး ပိုကောင်း တာတွေရအောင် ပညာရှင်အမြင်တွေ  သီအိုရီတွေနဲ့   သုသေသနတွေ အများကြီး ထပ်လုပ်ရပါဦးမယ်။

အစိုးရဘက်ကလည်း စက်က မြစ်ထဲမှာ ထိုင်ရတာဆိုတော့ အစိုးရပူးပေါင်းမှုကလည်း နံပတ်တစ်ပါ။ ပတ်ဝန်းကျင်ကိစ္စတွေလဲ ရှိလာပါမယ်။  မူပိုင်လက်ခံတယ်  လက်မခံဘူးဆိုတာ နှစ်လဆို အဖြေသိရပါပြီ။
မကြာခင် စတင်နို်င်ပါတော့မယ်။  လူအများစုက  ငါဘယ်လောက်ချမ်းသာတယ် ဆိုတာ လက်မထောင်နေချိန်မှာ  ကျနော်က  ငါလူဘယ်လောက်ကိုချမ်းသာလာအောင် လုပ်ပေးနိုင်တယ် ဆိုတာ  လက်မထောင်ချင်တာပါ။

 ဒီမိုဝေယံ။    ။ နောက်ဆရာ မြန်မာပြည် ပြန်ချိန်မှာ ပြည်သူတွေ ဆင်းရဲနွမ်းပါးကြတာကို မြင်ရပြီး စိတ်မကောင်း ဖြစ်ရတယ်ပေါ့ နောက်ဒီအတွက်လည်း ဆရာကြိုးပမ်းဆောင်ရွက်နေတဲ့ ဒီရေလျှပ်စစ်စွမ်းအားဟာ  တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် အဓိကဆိုတာ သိရလို့ အထူးဝမ်းမြောက်မိပါတယ်..။

ဒေါက်တာလှိုင်မြင့်။  မြန်မာနိုင်ငံကို  ခေတ်မှီဖွံ့ ဖြိုးတိုးတက်တာတွေ  မပြောခင်  လူလိုသူလို ပလက်ဖေါင်း ညီညီညာညာလေးပေါ် လမ်းလျှောက်နိုင်ပြီး  ဖွံ့ ဖြိုးမှု အနည်းဆုံး  နိုင်ငံများစာရင်းကနေ ထွက်နို်င်မဲ့ နေ့ကို သတ်မှတ်ချက်ချနိုင်မယ်လို့ မျှော်လင့်နေပါပြီ ။ ဒီရေစီးကနေ လျှပ်စစ်ထုတ်လုပ်ရင်လဲ မူပိုင်က  ကျနော်ပိုင်တာမို့   ဘဏ်ကြီးတွေကနေ  လူအများစုကို ငွေချေးပြီး  လျှပ်စစ်လုပ်ငန်းထဲ ရှယ်ယာဖေါ်ပေးတဲ့  လုပ်ငန်းစုတွေနဲ့  အဓိက လက်တွဲ လုပ်ပြီး  လူအများစု  ဝင်ငွေတိုးတက်လာအောင်လုပ်မှသာ ဖွံ့ ဖြိုးမှု အနည်းဆုံးစာရင်းကနေ  ထွက်နိုင်မှာ မို့ပါ။  ချမ်းသာပြီးသူတွေ အတွက်  အဓိက မထားနို်င်ပါဘူး။

နိုင်ငံတော်သမ္မတကြီးကလည်း  ဥရောပခရီးစဉ်ကပြန်လာ အပြီးမှာ  လူအများစု ဘဝတိုးတက်ရေးကို အဓိက ဦးစားပေးမည်ပြောထားပြီမို့   စိတ်ထဲမှာ  ကျနော်တို့ မြန်မာတွေ  နိုင်ငံခြားသွားရင် ပတ်စပို့ အနီလေးတွေကို  အနှိမ်ခံရတဲ့ ဘဝက  လွှတ်စေနိုင်ပါတော့မည်။
ရွှေနိုင်ငံတော်ကြီး  ခေတ်ကို မကြာမှီရောက်ရပါစေမယ်။  ကျနော် အဖေက  စစ်ကိုင်း  မြင်းမူမြို့ အဝင်က  ထီးဆောင်းရွာသား။  ဒီတော့ ကျနော်က  မြန်မာတွေကို  ရွှေထီးဆောင်းပေးနိုင်တဲ့ဘဝကို
ရောက်ချင်လှပါပြီ။
အားလုံးကို လေးစားစွာဖြင့်
လှိုင်မြင့်..
 ၁၉၆၉ခုနှစ် ကြေးမုံသတင်းစာပါ လေးဘာသာဂုဏ်ထူးရှင် ဒေါက်တာလှိုင်မြင့်
ဆရာဒေါက်တာလှိုင်မြင့်ရဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ဒီရေမှ လျှပ်စစ်စွမ်အား  ထုတ်လုပ်မှု အလျင်အမြန် လုပ်ဆောင် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်..။

ဆရာဒေါက်တာလှိုင်မြင့်ရဲ့     ဒီရေစီးအားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ နည်းပညာ စမ်းသပ်ပြသမှုကို မကြာခင်မှာ ကြည့်ရှုခွင့် ရတော့မှာ ဖြစ်ပါကြောင်း..
ဆရာဒေါက်တာလှိုင်မြင့်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှု
 မြန်မာပြည်အလယ်ပိုင်း မုံရွာဇာတိဖြစ်တဲ့ ဒေါက်တာလှိုင်မြင့်ဟာ ၈၈အရေးအခင်းကာလမှာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၉၆ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ထိုစဉ်က ကွန်ပျူတာ တစုံ(၀မ်းဆက်) လှုဒါန်းခဲ့မှုနဲ့ ပတ်သက်ပြီး ထိုစဉ်က စစ်ထောက်လှမ်းရေးများမှ အငြိုးတေးထားခဲ့ခြင်း ခံခဲ့ရကာ ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် လှုံ့ဆ်ာမှုဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။ 
အမှုတင်တဲ့ အခါမှာတော့ အော်ဇီ channel-9 ကထုတ်လွှင့်တဲ့ မြန်မာပြည်အကြောင်း Documentaryရုပ်သံဖိုင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ထိုစဉ်က ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်၊ စီးပွားရေးအကြံပေး ဦးဆက်မောင်တို့အား မေးမြန်းချက် အင်တာဗျူး ( ၁၂-မိနစ် ) ရုပ်သံဖိုင် ဖြန့်ချီမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်..။ အဆိုပါရုပ်သံဖိုင်မှ ပြောဆိုချက်များအား ကျောင်းသားများအား ဘာသာပြန် ပြောဆိုခဲ့မှုအား နိုင်ငံတော် အကြည်ညိုပျက်အောင် ပြောဆိုမှုဟုဆိုကာ ( ၅/ည)ဖြင့်၇နှစ်။ ဗွီဒီယို ဖြန့်ချီမှုဟုဆို ဗွီဒီယိုအက်ဥပဒေ- ၃နှစ်။ ပေါင်း ၁၀-နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၉၆ခုနှစ် မေလ ၂၁ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး   ၂၀၀၂ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့မှာ ပြန်လည်လွတ်မြောက် လာပါတယ်..။

 ၂၀၀၆ခုနှစ်မှာတော့ သြစတြေးလျနိုင်ငံကို ရောက်ရှိခဲ့ပြီး လက်ရှိသြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အခြေချနေထိုင်နေပြီး ဒီရေမှလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအား လက်တွေ့ပြသရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေပါတယ်....။ 

(ဆရာလှိုင်မြင့်ဟာ HIP HOP အဆိုတော်ဘာဘူနဲ့  မော်ဒယ်သရုပ်ဆောင် သန္တာလှိုင်တို့ရဲ့ ဖခင်လည်းဖြစ်ပါတယ်..)

ဒီမိုဝေယံ

ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခံနေရ..

ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခံနေရ..

အင်တာနက်ဝဘ်ဆိုက်များနဲ့ ဒီမိုဝေယံဘလော့ဂ်မှာ နိုင်ငံရေးနဲ့ အကျိုးပြုဆောင်းပါးများ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှ စ၍ သြစတြေးလျားနိုင်ငံ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားပေမယ့်လည်း ယနေ့ထိတိုင် ဗီဇာ ရရှိခြင်း မရှိသေးပါဘူး...။ အပြင်ပန်းအားဖြင့် ပြောင်းလဲနေပါပြီဟု ထင်မြင်ယူဆရတဲ့ ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေများအတွင်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ နေထိုင်နေတဲ့ ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်ဟာ တိုင်းကျိုးပြည်ကျိုးအတွက် မိမိလေ့လာ သိရှိထားတဲ့ နည်းပညာရပ်များဖြင့် အမိမြေအတွက် အကျိုးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် သြစတြေးလျနိုင်ငံ မြန်မာသံရုံးမှ ဗီဇာ လျှောက်ထားခဲ့ပေမယ့်လည်း ၄လကျော်ကြာ ကြာမြင့်သည့်တိုင်အောင် အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရှိရပါသည်..။

 မြန်မာပြည်အလယ်ပိုင်း မုံရွာဇာတိဖြစ်တဲ့ ဒေါက်တာလှိုင်မြင့်ဟာ ၈၈အရေးအခင်းကာလမှာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၉၆ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ထိုစဉ်က ကွန်ပျူတာ တစုံ(၀မ်းဆက်) လှုဒါန်းခဲ့မှုနဲ့ ပတ်သက်ပြီး ထိုစဉ်က စစ်ထောက်လှမ်းရေးများမှ အငြိုးတေးထားခဲ့ခြင်း ခံခဲ့ရကာ ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် လှုံ့ဆ်ာမှုဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။ အမှုတင်တဲ့ အခါမှာတော့ အော်ဇီ channel-9 ကထုတ်လွှင့်တဲ့ မြန်မာပြည်အကြောင်း documentaryရုပ်သံဖိုင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ထိုစဉ်ကကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်၊ စီးပွားရေးအကြံပေး ဦးဆက်မောင်တို့အား မေးမြန်းချက် အင်တာဗျူး ( ၁၂-မိနစ် ) ရုပ်သံဖိုင် ဖြန့်ချီမှုနဲ့ဖမ်းဆီးခံခဲ့ရပါတယ်..။ အဆိုပါရုပ်သံဖိုင်မှ ပြောဆိုချက်များအား ကျောင်းသားများအား ဘာသာပြန် ပြောဆိုခဲ့မှုအား နိုင်ငံတော် အကြည်ညိုပျက်အောင် ပြောဆိုမှုဟုဆိုကာ ( ၅/ည)ဖြင့်၇နှစ်။ ဗွီဒီယို ဖြန့်ချီမှုဟုဆို ဗွီဒီယိုအက်ဥပဒေ- ၃နှစ်။ ပေါင်း ၁၀-နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၉၆ခုနှစ် မေလ ၂၁ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး   ၂၀၀၂ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့မှာ ပြန်လည်လွတ်မြောက် လာပါတယ်..။

 ၂၀၀၆ခုနှစ်မှာတော့ သြစတြေးလျနိုင်ငံကို ရောက်ရှိခဲ့ပြီး လက်ရှိသြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အခြေချနေထိုင်နေပါတယ်....။ ယနေ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များရဲ့ အခြေခံ အဆောက်အဦးများအတွင်း အဓိက အရေးပါတဲ့ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ဆရာဒေါက်တာလှိုင်မြင့်ဟာ မိမိကိုယ်ပိုင် စမ်းသပ် တွေ့ရှိထားတဲ့ " ဒီရေစီးအား လျှပ်စစ်စွမ်းအင် "နည်းပညာအား သွားရောက် အကြံပြု ဆွေးနွေးလိုတဲ့ အတွက် ယခုကဲ့သို့ ဗီဇာလျှောက်ထား ရခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်..။  ဆရာဒေါက်တာလှိုင်မြင့်ရဲ့  ဒီရေစီးအား လျှပ်စစ်စွမ်းအင် အင်တာဗျူးအား ဆက်လက်ဖ်ာပြပေးပါမယ်..။
 ၁၉၆၉ခုနှစ် ကြေးမုံသတင်းစာပါ လေးဘာသာဂုဏ်ထူးရှင် ဒေါက်တာလှိုင်မြင့်
ယနေ့ လက်ပံတောင်းတောင် စီမံကိန်း ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး မုံရွာဇာတိ ဖြစ်တဲ့ ဆရာရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအကြောင်းနဲ့ ဦးပိုင်ကုမ္ပဏီအကြောင်း  ဆောင်းပါးများ မကြာမှီ  ဘလော့ဂ်မှာ ရေးသားဖော်ပြပေးမှာ ဖြစ်ပါတယ်..။
ထို့အတူ ဆရာကဲ့သို့  Black List စာရင်းမှာ မပါဝင်ပဲ ဗီဇာပိတ်ပင်ခံရသူများ ရှိပါက.. ဆက်သွယ်ပေးပို့ နိုင်ပါသည်..။


စစ်တွေမြို့ နောက်ဆုံးရသတင်းများ..

စစ်တွေ လေဆိပ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့.. (AP)

စစ်တွေမြို့ နောက်ဆုံးရသတင်းများ..

ဇွန်လ၂၃ရက်နေက စစ်တွေမြို့ ဘင်္ဂလီများ နေထိုင်ရာ သံတော်လီရွာအား စစ်တပ်နှင့် လုံခြုံရေး ရဲများမှ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် နေ့က ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ဗျိုင်းဖြူကျေးရွာနှင့် သံတော်လီကျေးရွာ ပဋိပက္ခ၌ ရခိုင်တိုင်းရင်းသား ၅ဦးသေဆုံးခဲ့ပြီး ဘင်္ဂါလီတဦး သေဆုံးခဲ့ကြသည်..။ အဆိုပါ ဖြစ်စဉ်အတွင်း အကြမ်းဖက် လူသတ် မီးရှို့ဖျက်ဆီး ခဲ့ရာမှာ ပါ...ဝင်သူ ဘင်္ဂလီများအား ဓာတ်ပုံမှတ်တမ်းများနှင့် တကွ သွားရောက်ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလီများနေထိုင်ရာ သံတော်လီ ကျေးရွာသို့ ဦးစွာပထမ တပ်မတော် စစ်ကြောင်းမှ သေနတ် မိုးပေါ်ထောင်ပစ်ကာ ဝင်ရောက် နေရာယူခဲ့ပါတယ်..။ ထို့နောက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ပြီး အဓိကပါဝင် သူအချို့အား ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ဖမ်းဆီးခဲ့ပါသည်။ ၂၃ရက်နေ့ညကလည်း စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ထားသည့်ကြားမှ နေရာအချို့မှာ မီးရှို့ရန် ကြံစည်မှုများ ရှိခဲ့ပြီး မီးဘေး အချက်ပေး သံချောင်း ခေါက်သံများ မကြာခဏ ကြားနေရကြောင်း သိရသည်..။ စစ်တွေမြို့တွင်း လမ်းမပေါ်များ၌ ယခင်ကကဲ့သို့ ဘင်္ဂလီများအား တွေ့ရှိရခြင်း မရှိဟု သိရှိရပြီး ငွေကြေးချမ်းသာသူ ဘင်္ဂလီအချို့ ရန်ကုန်သို့ လေယာဉ်ဖြင့် ထွက်ခွာ နေကြကြောင်း သိရှိရသည်။ (၂၃)ရက်နေ့က မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူ ဘင်္ဂလီလူမျိုးလေးဦး စစ်တွေ ရန်ကုန်လေယာဉ် ခရီးစဉ်တွင် စီးနင်းလိုက်ပါ သွားကြောင်း လေဆိပ်ဝန်ထမ်းတဦး အဆိုအရ သိရှိရသည်။

စစ်တွေမြို့ပေါ်တွင် ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးသူ အချို့အား စစ်တွေမြို့ခံလူထုမှ သင်္ကာမကင်း ဖြစ်နေကြကြောင်းနှင့် ဘင်္ဂလီ ရိုဟင်ဂျာများရဲ့ ငွေကြေးထောက်ပံ့မှုကို ရယူထားသူအချို့မှ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးကာ နိုင်ငံတကာသို့ ဝါဒဖြန့် သတင်း ဓာတ်ပုံများ ပေးပို့နေသည်ဟူသော သတင်းများ ထွက်ပေါ်နေမှုကြောင့် ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးသူအချို့အား နယ်မြေခံများမှ အမြင်မကြည်လင် ဖြစ်နေကြောင်း သိရှိရသည်...။

ထို့အတူ အခြား ရခိုင် တိုင်းရင်းသား လူမျိုးများ၏ နေအိမ်များအား မီးကူးဆက်စေရန် အလို့ငှာ မိမိနေအိမ်အား ပြန်လည်မီးရှို့ထွက်ပြေးကြသည့် ဘင်္ဂလီများ၏ လူမဆန်သည့် လုပ်ရပ်များ၌ မီးလောင်ကျွမ်း ပျက်ဆီးသွားသည့် မိမိနေအိမ်၏ တန်ဖိုးငွေ ၂ဆအား အကြမ်းဖက် မီးရှို့သူများနှင့် ပတ်သက်နေသည့် အဖွဲ့အစည်းအချို့မှ ငွေကြေးများ ထောက်ပံနေသည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်။

စစ်တွေ အခြေအနေ ဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမယ်..

ဒီမိုဝေယံ သတင်းထောက် ပေးပို့သည်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မေလ၂ရက်နေ့မှာ လွှတ်တော်သို့ ကျမ်းသစ္စာ ကျိန်ဆို တက်ရောက်မည်..

(ပုံ Google Search)
ယနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လာမည့် မေလ၂ရက်နေ့မှာ လွှတ်တော်သို့ ကျမ်းသစ္စာ ကျိန်ဆို တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်..။

ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် လွှတ်တော်အတွင်းမှ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ဆန္ဒကို အလေးထား အသိအမှတ် ပြုသောအားဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်းသိရှိရသည်..။ မူလကျောရိုးရည်မှန်းချက် ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးအား သွေဖယ်သွားမည် မဟုတ်ဟုလည်း သိရှိရသည်..။ နိုင်ငံရေးအကြပ်အတည်း ဖက်သို့ ဦးတည်သွားမည့် ကိစ္စအား ရှောင်ရှားလိုသော အားဖြင့် ယင်းကဲ့သို့ အများဆန္ဒအတိုင်း လွှတ်တော်တက်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လာမည့် မေလ(၂)ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးအား သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသော လွှတ်တော်အမတ်(၃)ဦးမှာ တက်ရောက်နိုင်မှာ မဟုတ်သော်လည်း ကြိုတင်ခွင့်တိုင် သွားခဲ့ကြောင်း သိရှိရသည်..။

ဒီမိုဝေယံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရေး ကိစ္စ မကြာမှီ ကျော်လွှားနိုင်ဖွယ်ရှိ...

လတ်တလော သိရှိရတဲ့ သတင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရေး ကိစ္စ မကြာမှီမှာ ကျော်လွှားနိုင်ဖွယ် ရှိကြောင်း သိရှိရသည်။

မီဒီယာများမှာ ရေးသား ဖော်ပြနေသကဲ့သို့ စိုးရိမ်စရာ မရှိကြောင်း သိရှိရသည်။ အဆိုပါ အခြေခံဥပဒေပါ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဟူသော စကားရပ်သည် မည်သည့်ဥပဒေတွင်မှ ပါဝင်ခြင်း မရှိကြောင်းနှင့် အဓိပ္ပါယ် ဖွင့်ဆိုချက် မြန်မာစာသား စကားလုံး အသုံးအနှုံး မှားယွင်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်..။ ယခု ရက်သတ္တပတ် (၂)ပတ်ခန့် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးအတွင်း မှီကောင်းမှီနိုင်ကြောင်း ထပ်မံသိရှိရပါသည်။

ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်(၄၃)နေရာမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ကျမ်းသစ္စာကျိန်ဆိုရေးပါ အခြေခံဥပဒေအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဟူသော စကားရပ်နဲ့ ပတ်သက်ပြီး လွှတ်တော် တက်ရောက်ဖို့ အတွက်နှောင့်နှေး ကြန့်ကြာနေပါတယ်..။ ရွေးကောက်ပွဲ ကော်မရှင်မှ ဖွဲ့စည်းပုံ အခြေံဥပဒေအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဟူသော စကားရပ်အား လေးစားလိုက်နာပါမည်ဟူသော စကားရပ်ဖြင့် ပြန်လည် ပြင်ဆင်ပေးခဲ့တဲ့ အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်..။

ဒီမိုဝေယံ
NBC သတင်းရုပ်သံဖိုင်.. from Demo Waiyan on Vimeo.
(NBC သတင်းဋ္ဌာနရဲ့ (၂၃) ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ လွှတ်တော်တွင်း မြင်ကွင်း ရုပ်သံဖိုင်)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက်ရယူနိုင်ပါပြီ.. လားရှိုးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက်ရေတွက်လျှက်ရှိကြောင်း သိရှိရ

(ဓာတ်ပုံ) ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက် ရယူနိုင်ပြီဖြစ်ကြောင်းနှင့် လားရှိုး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက် ရေတွက်လျှက်ရှိကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေးမန်နေဂျာ ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။

အန်ကယ်တို့ ၄၃နေရာမှာ အနိုင်ရရှိတာကို အတည်ပြုချက် ရယူနိုင်ပါပြီ။ နောက်ဆုံးတခု လားရှိုး အမျိုးသားလွှတ်တော် တခုပဲ မဲဆက်လက် ရေတွက်နေပါတယ်..။ လက်ရှိအနေအထားမှာ ကျားဖြူပါတီနဲ့  အပြိုင်ရေတွက်နေပြီး အန်ကယ်တို့ NLDက မဲအသာရရှိနေပါတယ်...။ မကြာခင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးမှာ စကားပြောဖို့ ရောက်ရှိလာပါမယ်..။ အဖွဲ့ချုပ်ရုံးရှေ့မှာ ပရိသတ်တွေနဲ့အတူ သတင်းထောက်တွေလည်း အတော်များများ ရောက်ရှိနေပါတယ်လို့ ပြောဆိုသွားပါတယ်..။ (ရန်ကုန် မနက်၉နာရီခွဲ အချိန် ဆက်သွယ်မေးမြန်းချက်) ဖြစ်ပါတယ်..။

ဒီနေ့မနက် ၈နာရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်သည့် ရန်ကုန်တိုင်း ၆နေရာစလုံးမှာ အနိုင်ရရှိကြောင်းကို ကြေငြာချက် ထုတ်ပြန်ပေးပါတယ်...။

၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ် (၄၈)နေရာ ပြုလုပ်ရန် စီစဉ်ထားပြီးမှ ကချင်ပြည်နယ်အတွင်း (၃)နေရာမှာ နယ်မြေ လုံခြုံရေးဟူသော အကြောင်းပြချက်ဖြင့်  မဲဆန္ဒနယ် (၄၅)နေရာမှာသာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ်(၇) (ဗန်းမောက်-ကောလင်း- ၀န်းသို- ပင်လယ်ဘူး) အမျိုးသား လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစောလှိုင်အား နိုင်ငံသားဥပဒေနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခံခဲ့ရပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တဲ့အတွက်ကြောင့် ၄၄နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်..။
သတင်း ဒီမိုဝေယံ

(အထူးသတင်း) အဖွဲ့ချုပ် အမှတ်အသားနေရာမှာ ဖယောင်းသုတ်ထားမှုများ တပြည်လုံး အတိုင်းအတာမှာ ဖြစ်ပေါ်နေကြောင်း ဦးဥာဏ်ဝင်းပြောဆို..

(အထူးသတင်း) အဖွဲ့ချုပ် ခွပ်ဒေါင်း အမှတ်အသားနေရာမှာ ဖယောင်းသုတ်ထားမှုများ တပြည်လုံး အတိုင်းအတာမှာ ဖြစ်ပေါ်နေကြောင်း ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း မှပြောဆိုသွားပြီး မကြာခင် ရွေးကောက်ပွဲ ကော်မရှင်အား ဖက်စ်ဖြင့်ပေးပို့ကာ အများသိရှိနိုင်ရန် ကြေငြာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။

တိုက်ရိုက် ဆက်သွယ်မေးမြန်းချက် (၂) (ရန်ကုန် မနက် ၈နာရီ)

မင်္ဂလာတောင်ညွန့်မြို့နယ် မဲရုံတခုမြင်ကွင်း.. ဓာတ်ပုံ(AP)
ဆန္ဒမဲလက်မှတ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်အမှတ်အသားများ မပါဝင်တဲ့ ဖြစ်ရပ်များ ရန်ကုန်နဲ့ နေရာအနှံအပြားမှာ ဖြစ်ပေါ်နေကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..။ တချို့နေရာတွေမှာတော့ မြို့နယ်ကော်မရှင်မှ တံဆိပ်မပါလည်း ပယ်မဲ မဖြစ်ပဲ ဆက်လက်အတည် ပြုပေးမယ်လို့ ကတိပြုပြီး အချို့မြို့နယ်တွေမှာတော့ မည်သို့မျှ တုန့်ပြန် ပြောဆိုခြင်း မရှိလို့လည်း ဆိုပါတယ်..။ 

အဓိကချို့ယွင်းချက်ကတော့ ရွေးကောက်ပွဲကော်မရှင်မှာ လူအင်အားမရှိ၊ ပစ္စည်းမရှိ ဖြစ်နေတာဟာ အဓိက ပြသနာတခု ဖြစ်နေကြောင်း ပြောဆိုပါတယ်..။ နောက်ပြဿနာ တခုကတော့ မဲရုံတချို့မှာ မဲပေးပိုင်ခွင့် ရှိသူ စာရင်းကပ်ထားခြင်း မရှိကြောင်း သိရှိရပြီး သာဓက တခုအနေနဲ့ ယနေ့မနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ မဲရုံအမှတ်(၃)မှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကပ်ထားခြင်း မရှိတဲ့အတွက် တိုင်ကြားလာကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုသွားပါသည်..။ နီုင်ငံခြားသတင်းထောက် များအား မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ် အတွင်းပိုင်းအထိ ဝင်ရောက် မှတ်တမ်း သတင်းယူခွင့်ပေးကြောင်း သိရှိရပါသည်..။

ဒီမိုဝေယံမှ ဆက်သွယ် မေးမြန်းချက် သတင်းများအား အချိန်နဲ့ တပြေးညီ ထပ်မံ တင်ဆက်ပေးပါမယ်..။

ယနေ့ နံနက်ပိုင်းမှစ၍ ရွေးကောက်ပွဲ Update သတင်း ဆက်သွယ်မေးမြန်းချက်များ စတင်ဖတ်ရှုနိုင်ပါပြီ..

 ယနေ့မနက် (၆)နာရီကတည်းက ပြည်သူတွေ ဇွဲကောင်းကောင်းနဲ့ မဲပေးနေတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ် မဲရုံ မြင်ကွင်း.. (AP)
စစ်ကိုင်းကန့်ဘလူနဲ့ ပဲခူးတိုင်း ဇီးကုန်းမဲဆန္ဒနယ်တွေမှာ ဆန္ဒမဲလက်မှတ်များ၌ ကော်မရှင် တံဆိပ်တုံးများ မပါတာကို သိရှိရတဲ့အတွက် ကိုယ်စားလှယ်များမှ ကန့်ကွက်တဲ့ အတွက်ကြောင့် မဲပေးမှု ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်..။ မြို့နယ်ကော်မရှင်သို့ ဆက်လက်တိုင်ကြားရာမှ မြို့နယ်ကော်မရှင်မှ ဒီအတိုင်း ဆက်သွားပါ မဲလက်မှတ်များအား အတည်ပြုပေးပါမယ်လို့ ကတိပြုတဲ့အတွက် ဆက်လက် မဲပေးမှု ပြန်လည်စတင်နေကြောင်း ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။ ဇီးကုန်းမြို့မှာ မနက်(၆)နာရီကတည်းက မဲပေးရန် ပြည်သူများ ရာနဲ့ချီစောင့်ဆိုင်းနေကြကြောင်း သိရှိရပါတယ်..။ (ရန်ကုန် မနက် ၇နာရီသတင်း)Update သတင်းများ ဒီမိုဝေယံမှ အတတ်နိုင်ဆုံး ကြိုးစားဖော်ပြသွားပါမယ်..။


အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီး ဦးဥာဏ်ဝင်းနဲ့အဖွဲ့ မနက်(၆)နာရီ ကျော်ကတည်းက ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးကို ရောက်ရှိနေပါပြီ..။ မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား နှောင့်ယှက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါတယ်...။ မနေ့ညကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိကြောင်း ပြောဆိုပါတယ်...။ သတင်းများထပ်မံ ဆက်သွယ် ဖော်ပြပေးပါမယ်..။

စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် ကလော မဲဆန္ဒနယ် ၂နေရာမှာ မဲရုံးမှူး လက်မှတ်ပါပြီး ရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြုထားသော တံဆိပ်တုံး လက်မှတ် မပါရှိသော မဲလက်မှတ် အတုဟု ယူဆရတဲ့ မဲလက်မှတ်များ ပါဝင်လာတဲ့အတွက် သက်ဆိုင်ရာနယ်မြေမှ ကော်မရှင်သို့ တိုင်တန်း အကြောင်းထားကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ ယနေ့ရောက်ရှိလာတဲ့ သတင်းအား ပြောဆိုပါတယ်။ နိုင်ငံခြား သတင်းထောက် အချို့ အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိနေပါပြီ။ (ရန်ကုန် မနက် ၆နာရီခွဲ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေအရ မနက်ဖြန် မကွေးခရီးစဉ်အား ဖျက်သိမ်းကြောင်းသိရှိရ

ယနေ့ မြိတ်မြို့လူထုဟောပြောပွဲ.. (ဓာတ်ပုံ KO AUNG KOEအားကျေးဇူးတင်ပါသည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေအရ မနက်ဖြန် မကွေးခရီးစဉ်အား ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲ မာန်နေဂျာ ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..

ယနေ့မနက်ပိုင်း၌ မြိတ်မြို့၌ အားဆေးသွင်းယူခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်၏  မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းမှ မနက်ဖြန်မှာ သွားရောက်မယ့် မကွေးခရီးစဉ်အား ကျန်းမာရေး အခြေအနေ ရပ်နားထားရန် အကြံပြုခဲ့ပါတယ်..။ ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှလည်း လက်ခံသည့်အတွက် မနက်ဖြန် မကွေးခရီးစဉ်အား ရပ်ဆိုင်းလိုက်ကြောင်း သိရသည်...။ မကွေးလူထုအား တောင်းပန်သည့် အဆိုပါကြေငြာချက်အား ရွေးကောက်ပွဲ မာန်နေဂျာ ဦးဥာဏ်ဝင်းမှ ယနေ့ထုတ်ပြန်လိုက်ကြောင်း ပြောဆိုပါတယ်..။ ယခုလေယာဉ်ခရီးဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာလာပြီ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။

မနေ့က သွားရောက်ခဲ့တဲ့ မြိတ်ကျွန်းစု ခရီးစဉ်များအတွင်း စက်လှေ သောင်တင်သည့်ဒဏ်၊ ရေလှိုင်းမူးသည့်ဒဏ်နှင့် စက်လှေ အင်ဂျင်နံဒဏ်ကြောင့် မူးမော်သည့် ဝေဒနာခံစားခဲ့ရပြီး.. ယနေ့မနက်ပိုင်း အားဆေး သွင်းယူခဲ့ရပါတယ်...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ကျွန်းစု စည်းရုံးရေးခရီးစဉ်အတွင်း အချိန်နှင့် သက်တောင့် သက်သာ သွားလာနိုင်ရန် မူလပထမ ရှပ်ပြေးယာဉ်များ စီစဉ်ထားခဲ့ပါတယ်..။ ပိုင်ရှင်များမှလည်း စိတ်အားထက်သန်စွာ အခမဲ့ငှားရမ်းဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ နောက်ပိုင်းမှာတော့ ဒေသဆိုင်ရာကြံ့ဖွံနှင့် အာဏာပိုင်များမှ စက်လှေပိုင်ရှင်များအား ငှားရမ်းခွင့် တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။ မြိတ်မြို့ခံများရဲ့ ပြောဆိုချက်အရ ပြည့်ဖြိုးထွန်းကုမ္ပဏီပိုင်ရှင် ဦးလှသန်း၊ KKP ကုမ္ပဏီပိုင်ရှင် ကြံ့ဖွံ့အမတ်မင်း ဦးကျားမောင်တို့မှ အဓိကပိတ်ပင် တားမြစ်သူများထဲတွင် ပါဝင်ပြီး ရှပ်ပြေးယာဉ် ငှားရမ်းခွင့်ပြုပါက တနှစ်အထိ လိုင်စင် ရုပ်သိမ်းမည် ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်..။

ဒီမိုဝေယံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ် ရှပ်ပြေးယာဉ်များ ငှားရမ်းခြင်းမပြုရန် အာဏာပိုင်များမှ ပိတ်ပင်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ် ရှပ်ပြေးယာဉ်များ ငှားရမ်းခြင်းမပြုရန် အာဏာပိုင်များ ပိတ်ပင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ်မှာ ရှပ်ပြေးယာဉ်များအား ငှားရမ်းခြင်း မပြုရန် အာဏာပိုင်းများမှ ဖိအားပေး ပိတ်ပင်ထားကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မာန်နေဂျာဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရိုင် ရွေးကောက်ပွဲ ခရီးစဉ်အတွင်း မြိတ်ကျွန်းစု ကျေးရွာများအား သွားရောက်မှာ ဖြစ်ပြီး အဆိုပါရွာများမှာလည်း ဟောပြောပွဲများ ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှပ်ပြေးယာဉ်ငှားရမ်းသုံးစွဲလျှင် အခမဲ့ သုံးစွဲခွင့်ပေးမည့် ရှပ်ပြေးယာဉ်ပိုင်ရှင်များ ရှိကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက် ပြောဆိုသွားပြီးငှားရမ်းခွင့်ရရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။

ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ရန် နီးကပ်လာသည်နှင့် အမျှ အောက်ခြေ အာဏာပိုင်များမှ မသိသာတမျိုး သိသိသာသာတဖုံ အဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ်များအား ပိတ်ပင်တားဆီးလျှက် ရှိပြီး မဲစာရင်းမှားယွင်းမှုများ၊ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်များအား ချောင်းမြောင်း ပစ်ခတ်မှုများ..၊ အဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်များအား ဖျက်ဆီးမှုများ ဖြစ်ပေါ်လျှက်ရှိပါတယ်..။

မဲစာရင်းမှားယွင်းမှုများအား တိုင်ကြားရာမှာ တချို့သော မြို့နယ်များ၌ ပြန်လည် ပြင်ဆင်ပေးမှုများ ပြုလုပ်ပေးသော်လည်း အချို့သောမြို့နယ်များမှာ အချိန်ကြာရှည်အောင် တမင်လုပ်ကိုင်မှုများ ရှိနေကြောင်း သိရှိရသည်။

သတင်း၊...၊ ဒီမိုဝေယံ

ဓာတ်ပုံ... အဖွဲ့ချုပ်မှ ရှပ်ပြေးယာဉ် ငှားရမ်းခွင့်အား ပိတ်ပင်ထားပေမယ့် ကျောက်ဖြူ ရေနက်စီမံကိန်းမှာ တရုတ်ကုမ္ပဏီများ ငှားရမ်းအသုံးပြုနေသည့် မလိခရှပ်ပြေးယာဉ်အား တွေ့ရစဉ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲဆန္ဒရှင်စာရင်းများ ပျောက်ဆုံးလျှက် ရှိနေကြောင်းနှင့် နိုင်ငံနဲ့အဝှမ်း မဲဆန္ဒရှင် စာရင်းများ မှားယွင်းမှုများ ရှိနေကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ်မဲဆန္ဒရှင် စာရင်းများ ပျောက်ဆုံးလျှက် ရှိနေကြောင်းနှင့် နိုင်ငံနဲ့အဝှမ်း မဲဆန္ဒရှင် စာရင်းများ မှားယွင်းမှုများ ရှိနေကြောင်း သိရှိရ..

မဲဆန္ဒရှင် စာရင်းများ မှားယွင်း ပျောက်ဆုံးမှုများ နိုင်ငံအနှံဖြစ်ပေါ်နေကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်းအား ယနေ့ဆက်သွယ် မေးမြန်းရာမှာ ပြောဆိုသွားပါတယ်...။ ယခုလက်ရှိအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှုးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲစာရင်း ပျောက်ဆုံးမှုများ ရှိနေပြီး တချို့မဲဆန္ဒနယ်များမှာလည်း အသက်(၁၃)နှစ်အောက် ကလေးများ အများအပြား ပါဝင်နေကြောင်း ပြောဆိုပါတယ်..။ ယခုရရှိတဲ့ ယနေ့စစ်ဆေးလျှက် ရှိတဲ့ စာရင်းဟာလည်း ကော့မှူးမြို့နယ် မဲဆန္ဒရှင်စာရင်းရဲ့ တဝက်ခန့်သာ ရှိသေးပြီး နောက်ထပ် ထပ်မံ စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်...။ မဲဆန္ဒနယ်အသီးသီးမှာ မှားယွင်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး နည်းတာနဲ့ များတာပဲ ကွာတယ်လို့လည်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်။

ထို့အပြင် ပြီးခဲ့တဲ့ အပတ်က ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ဖားကန့်မြို့နယ်မှာလည်း တနိုင်ငံလုံးပုံမှန် မဲစာရင်းထုတ်ပြန်မှုထက် ၅ရက်ခန့် နောက်ကျနေပြီး ကလေးသူငယ်များ၊ သေဆုံးသူများ မဲဆန္ဒရှင် စာရင်းမှာ ပါဝင်နေသည့်အပြင် ရွာလုံးကျွတ် မဲဆန္ဒရှင်များ ပျောက်ဆုံးမှုများလည်း ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်...။ သန်းခေါင်စာရင်း၌ ပါဝင်ပြီး မဲစာရင်း၌ မပါဝင်မှုများ၊ သေဆုံးသူစာရင်းများ အသက်မပြည့်သေးသည့် ကလေးစာရင်းများ၊  နေအိမ်မရှိပဲ လူစာရင်းများ ပါဝင်နေမှုများ လူတဦးမှ နေရာအနှံအပြား မဲပေးနိုင်ခွင့် စာရင်းမှာ ပါဝင်နေမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။ မဲစာရင်းများ မှားယွင်းဖော်ပြမှုများ မသမာမှုများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်များအား ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်...။

အဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပဲ သပိတ်မှောက်ခဲ့သည့် ယခင် ၂၀၁၀ရွေးကောက်ပွဲမှာလည်း မဲသမာမှုများ ကြိုတင်မဲများဖြင့် အနိုင်ရယူမှုများ နေရာအနှံအပြားမှာ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်...။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အဆိုပါမဲစာရင်း မှားယွင်းနေမှုများအား ထောက်ပြ ပြောဆိုသွားပြီး သေဆုံးသွားသူများလည်း မဲစာရင်းများမှာ ပါဝင်နေကြောင်း ထောက်ပြပြောဆို သွားပါတယ်...။

ယခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အဖွဲ့ချုပ် ကိုယ်စားလှယ် ၂ဦးစီ မဲရုံတိုင်းမှာ စောင့်ကြည့် အကဲခတ်ခွင့် ရရှိမှာဖြစ်ပါတယ်။ ပြည်သူလူထုမှလည်း မဲရုံဝန်းကျင်များမှာ စောင့်ကြည့်အကဲခတ်နိုင်ပြီး မသမာမှုများအား တွေ့ရှိပါက ချက်ခြင်းတိုင်ကြားနိုင်ကြောင်း သိရှိရပါတယ်...။ လာမယ့် ဧပြီလ (၁)ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲအား တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ်အား မြန်မာပြည်သူများနဲ့ ကမ္ဘာနိုင်ငံအသီးသီးမှ အလေးထား စောင့်ကြည့်လျှက်ရှိပြီး  ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါတယ် ဆိုတဲ့ လက်ရှိ အာဏာရ အစိုးရရဲ့အား စမ်းသပ်ခံ မှတ်ကျောက်တင်မည့် အရေးပါသည့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်..။

သတင်း။.... ။ ဒီမိုဝေယံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ် အထူးအောင်မြင်ကြောင်း သိရှိရ...

ပုံ...Getty Images
နေပြည်တော်သို့ စတင်ဝင်ရောက်လာစဉ် ဓာတ်ပုံ အဘဥက္ကာကိုကို
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ် အထူးအောင်မြင်ကြောင်း သိရှိရပါသည်...။

နေပြည်တော်၌ နှစ်နေရာ ဟောပြောခဲ့ပြီး.. ပထမဒက္ခိဏသီရိမှာ ဟောပြောပါတယ်... ဒုတိယ ဇဗ္ဗူသီရီမှာ ဆက်လက် ဟောပြောပါတယ်...။

ဒုတိယ ဇဗ္ဗူသီရီမှာ ဝန်ထမ်းတွေ ရုံးဆင်းချိန်ဖြစ်တဲ့ အတွက် ဝန်ထမ်းတွေပါ အထူးလာရောက် အားပေးကြပါတယ်...။ အားလုံး စိတ်ပူနေကြတဲ့ ဇဗ္ဗူသီရီမှာ ကျေးရွာများ၊ ပတ်ဝန်းကျင်မှ လူထုများ လူဦးရေ တသိန်းကျော် လာရောက်အားပေးကြပြီး အထူးအောင်မြင်ကြောင်း ဒီမိုဝေယံ ဝိုင်းတော်သားအား ဖုန်းအဆက်အသွယ် မေးမြန်းရာမှ သိရှိရပါတယ်...။ ဓာတ်ပုံများ ရောက်ရှိပါက ဆက်လက် တင်ပြပေးပါမယ်..။

ဇဗ္ဗူသီရီမှာ အမေစုက ဒီထဲမှာ ဝန်ထမ်းတွေပါရင် လက်ညှိုးထောင်လို့ ဆိုတော့ ရဲရဲဝံ့ဝံ့ လက်ညှိုးထောင်ကြကြောင်း လူဦးရေလည်း အင်မတန်များကြောင်း ထပ်မံဆက်သွယ်ရာမှ သိရှိရသည်...။

ဒီမိုဝေယံ 

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဇိုမီးအမျိုး သားကွန်ဂရက် ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်...

ဇိုမီးအမျိုးသားကွန်ဂရက် မှတ်ပုံပြန်တင်.. by Demo Waiyen
ချင်းပြည်နယ်မှ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီတခုဖြစ်ပြီး ၂၀၁၀ရွေးကောက်ပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့နဲ့ အတူ သပိတ်မှောက်ခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက် ZNC ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်...။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌဦးပူကျင်းရှင်းထန်အား ကိုကောင်းမြတ်မင်းမှ ဆက်သွယ်မေးမြန်းထားတာကို တင်ပြလိုက်ရပါတယ်..။

ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီဟာ လာမဲ့သတင်းပတ်အတွင်းမှာပဲ နေပြည်တော်ကိုသွားရောက်ပြီး ZNC ပါတီအနေနဲ့ ပြန်လည်မှတ်ပုံတင်တော့မှာဖြစ်တယ်လို့ အဲဒီပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ပူးကျင်ရှင်းထန်က အတည်ပြုပြောဆိုပါတယ်။

“ နည်းနည်းလေး မှတ်ပုံတင်ဥပဒေပြောင်းတာတွေရယ်၊ ကြားဖြတ်ရွေးကောက်ပွဲလဲ အခုအဲဒီမှာပြိုင် မဲ့လူတွေအားလုံး စာရင်းပေးနေပြီးဆိုတော့ အခြေအနေအရ တင်လို့ရပြီလို့ ထင်လို့ကျနော်တို့ကတင်ရမှာပါ။ ကျနော် တို့က လွန်ခဲ့တဲ့ စနေနေ့လောက်ကနေပြီးတော့ ကျနော်တို့မှတ်ပုံတင်ဖို့ စည်းဝေးပြီးတော့ ဆုံးဖြတ်ထားတာ။ ”

လက်ရှိနိုင်ငံရေးအရ တပြည်လုံး အတိုင်းအတာနဲ့သက်ဆိုင်တဲ့ မြန်မာနိုင်ငံရဲ့ လိုလားချက်တွေကို တရားဝင်လုပ်ဆောင် လိုတဲ့အတွက် အခုလိုဆုံးဖြတ်ချခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“နိုင်ငံရေးဆိုတာတရားဝင် ဖြစ်မှလုပ်တာ ကောင်းတယ်၊ ခိုးကြောင်ခိုးဝှက် လုပ်တားမျိုးလဲ နိုင်ငံရေး မခေါ်နိုင်ဘူး နိုင်ငံရေးဆိုတာ လူသိရှင်ကြားလုပ်ရမဲ့ဟာတွေ ကျနော်တို့ကတော့လေ ဒီလက်နက်အားကိုးပြီးတော့လုပ် တဲ့ အလုပ် မျိုးလဲမလုပ်ချင်ဘူး၊ ကျနော်တို့ကပြည်သူလူထုကို အားကိုးပြီးတော့ ပြည်သူလူထုထဲမှာနေပြီးတော့ ပြည်သူ လူထုရဲ့သ ဘောထားကို နားလည်တဲ့အခါမှာ အဲဒိသဘောထားအတိုင်း ကျနော်တို့ဆက်လက်သွားဖို့ရည်ရွယ်ပြီးတော့မှ ဒီတရား ဝင်မှတ်ပုံတင်ဖို့က လိုအပ်တယ်ဆိုပြီး ကျနော်တို့ လျှောက်ရမှာဖြစ်ပါတယ် ”

လာမဲ့ကြားဖြတ် ရွေးကောက်ပွဲမှာ ဇိုမီးအမျိုးသားကွန်ကရက်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ လစ်လပ်နေရာမရှိတဲ့ အတွက် ZNC ပါတီဝင်တွေ အေးအေးဆေးဆေး တိုင်ပင်ပြီးမှ ပါတီမှတ်ပုံတင်ရတာ ဖြစ်တယ်လို့ ဥက္ကဋ္ဌ ဦးပူးကျင်ရှင်းထန် ကပြောပါတယ် ခင်ဗျာ။

သတင်း...... ကောင်းမြတ်မင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်...။ လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပါက အစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီးနေရာ ပေးမည်ဟု သတင်းထွက်ပေါ်...

 ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပါတီမှတ်ပုံတင်ရန် သွားရောက်မည့် အဖွဲ့ချုပ်ခေါင်းဆောင်များအား ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်.. (ဓာတ်ပုံ ဒီမိုဝေယံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ပြိုင်မည်.
(ဆက်သွယ် မေးမြန်းချက်)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ လာမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်...။ လာမည့် ဧပြီလ(၁)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်တဲ့ နေရာ(၄၈)နေရာ အတွက် ယှဉ်ပြိုင်အရွေးခံမည့် အမည်စာရင်းများအား လာမည့်(၁၁)ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေငြာမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါတယ်..။ အဖွဲ့ချုပ် ဖွဲ့စည်းပုံအားလည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပြီး သဘာပတိအဖွဲ့နဲ့ စီအီးစီ အဖွဲ့ဟူ၍ ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါတယ်..။ 

အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်များ
ဦးတင်ဦး (သဘာပတိအဖွဲ့ နာယက)
ဦးသန်းထွန်း၊
ဦးလှဖေ၊
ဦးညွှန့်ဝေ၊
ဦးဝင်းတင်၊
(နောက်ထပ် ဆက်လက်ထည့်သွင်း ဖွဲ့စည်းမည်ဟုသိရ)

စီအီးစီ အဖွဲ့ဝင်များ
ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)
ဦးဥာဏ်ဝင်း၊
ဦးဟံသာမြင့်၊
ဦးထွန်းထွန်းဟိန်၊
ဦးဝင်းမြင့်၊
ဦးအုန်းကြိုင်၊
ဒေါ်မေဝင်းမြင့်၊
(နောက်ထပ် ဆက်လက်ထည့်သွင်း ဖွဲ့စည်းမည်ဟုသိရ)
လစ်လပ်နေသော မဲဆန္ဒနယ် (၄၈)ခုနဲ့ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်၊ ကြေငြာခြင်း မပြုသေးတဲ့ ပြီးခဲ့တဲ့ ဇန္နဝါရီလ (၆)ရက်နေ့က ကျန်းမာရေး အခြေအနေကြောင့် နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ဦးကျော်စွာခိုင် (ယခင် စက်မှု၁ ဝန်ကြီး)နဲ့ ဦးခင်ဇော် (တနင်္သာရီတိုင်း ဒေသဝန်ကြီးချုပ်)တို့ရဲ့ လစ်လပ်သွားသော မဲဆန္ဒနယ်(၂) နေရာ ပါဝင်ပါက မဲဆန္ဒနယ် နေရာ(၅၀)ထိ လစ်လပ်မှာ ဖြစ်ပါတယ်..။

လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပါက  
အစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီးနေရာ ပေးမည်ဟု သတင်းထွက်ပေါ်...
(ပေးစာ)

နောက်ဆက်တွဲ ရရှိထားတဲ့ သတင်းတစ်ခုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပပြုလုပ်တဲ့ ပညာရေးဝန်ကြီးဋ္ဌာန အဆင့်မြင့် အစည်းအဝေးတစ်ခု၌ လက်ရှိ ပညာရေးဝန်ကြီး ဒေါက်တာမြအေးမှ မိမိတာဝန်မှ အနားယူသည့် နောက်ပိုင်းမှာ မိမိနေရာသို့ ရောက်ရှိလာမည့် နိုင်ငံခေါင်းဆောင်မှာ မိမိထက် ပိုမိုလုပ်နိုင် ကိုင်နိုင်ပြီး၊ နိုင်ငံတကာနဲ့ ဝင်ဆန့် ဆက်ဆံနိုင်သူ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း ပြောဆိုသွားတယ်လို့  အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့တဲ့ အမည်မဖော်လိုတဲ့ အဆင့်မြင့် ပညာရေးဝန်ထမ်းတဦးမှ ပေးပို့လာပါတယ်..။ ထို့အတွက်ကြောင့်လည်း မိမိတို့ ပညာရေးလောကမှာ ဝမ်းသာအားတက် ဖြစ်နေရကြောင်း၊ နှစ်ပေါင်းများစွာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးအတွက် အားတက်မိကြောင်း ပညာနဲ့ နိုင်ငံကို တိုးတက်အောင် အမြန်ဆုံး တည်ထောင်ရမှာ ဖြစ်ကြောင်း ရေးသား ပေးပို့လာပါတယ်..။ တခြားအတည် မပြုရသေးတဲ့ သတင်းများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရှိလာပါက.. အစိုးရအဖွဲ့အတွင်း ပညာရေးနဲ့ ကျန်းမာရေးအား တွဲဘက် တာဝန်ပေးအပ်မှာ  ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်..။

သတင်း၊ ဓာတ်ပုံ (ဒီမိုဝေယံ)

တရုတ်ဂတ်စ် ပိုင်းလိုင်း သွယ်တန်းမှုကြောင့် ပြင်ဦးလွင်မြို့နယ် ဝါပိုးရေကျေးရွာမှ တရွာလုံးအသုံးပြုနေတဲ့ ရေထွက်ဂနိုင်နှင့် နှစ်ရာချီသက်တမ်းရှိ အဖိုးတန်သစ်ပင်များ ဖျက်ဆီးခံရခြင်း...

 ၂၀၁၁ ၁၀လပိုင်း ၁ရက်နေ့က နောင်ချိုမြို့နယ်မှ လုပ်ငန်းအပိုင်း(၂)ဖွင့်ပွဲ အခမ်းအနား..
 (ဓာတ်ပုံ၊ Demo/SM)
တရုတ်ဂတ်စ် ပိုင်းလိုင်း သွယ်တန်းမှုကြောင့် ပြင်ဦးလွင်မြို့နယ် ဝါပိုးရေကျေးရွာမှ တရွာလုံးအသုံးပြုနေတဲ့ ရေထွက်ဂနိုင်နှင့် နှစ်ရာချီသက်တမ်းရှိ အဖိုးတန်သစ်ပင်များ ဖျက်ဆီးခံရခြင်း...

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေ တရုတ်နိုင်ငံကူမင်းမြို့သို့ ဆက်သွယ်မယ့် ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်း ကျရောက်ရာ ပြင်ဦးလွင်မြို့နယ် ဝါပိုးရေကျေးရွာက အာရှအလင်းရောင်တိုက်က ကျောင်းထိုင်ဆရာတော် ဦးစိန္တိကရဲ့ ဆေးရုံဆောက်မဲ့မြေ ၄ ဧကကျော်ကို ပိုက်လမ်းကြောင်း ဖေါက်လုပ်အသုံးပြုခွှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့နေရာမှာ တရွာလုံးသောက်သုံး ရေအတွက် အသုံးပြုနေတဲ့ ရေထွက်ဂနိုင် မပါဝင်ဖို့ ချုပ်ဆိုခဲ့ပေမဲ့ တကယ် လမ်းဖေါက်လုပ်တဲ့ အချိန်မှာတော့ စက်ယန္တာယားကြီးတွေနဲ့ ရေထွက်ဂနိုင်ကိုသာ မက အနီးက နှစ်ပေါင်းရာကျော်ရှိတဲ့ အဖိုးတန် ရှေးဟောင်း သစ်ပင်များကိုလည်း မပြောမဆိုနဲ့ ခုတ်ထွှင်ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ သူတို့နဲ့ ဘုန်းကြီးနဲ့ စကားပြောစဉ်တုန်းက ရေဂနိုင်မပါဘူးဆိုပြီး။ ရေဂနိုင်ဆိုတာရေထွက်တဲ့ဟာ ပေါ့ဗျာ။ တရွာလုံးလဲသုံးတယ်၊ ကျောင်းလဲသုံးတဲ့ ရေထွက်ဂနိုင်ကြီးပေါ့။ သစ်ပင်တပင်စ၊ နှစ်ပင် စပါမယ်ပေါ့။ ဒီလမ်းကြောင်း ပြောင်းသွားရင် တခြားအိမ်တွေ ဖျက်ရမှာဆိုးတာနဲ့ သူတို့ လျှောက်တာပေါ့။ ဆိုက်ဘာစီးတီးကလည်း အဆောက်အဦးတွေ အကြီးကြီးတွေနဲ့ မိုလို့ အကူအညီ ပေးပါဆိုတော့ ဘုန်းကြီးလည်း  ရေထွက်ဂနိုင်မပါဘူး ဆိုရင်ပေးမယ်ဆိုပြီးတော့ ဘုန်းကြီးတို့ သဘောတူညီချက် လုပ်လိုက်ကြတာ။ ဘုန်းကြီးကပြောတာ ပန္နက်ကလေး ပေးပါ အုံးမယ်။ မပါပါဘူးဘုရား ယရကကလည်း မပါဘူးပေါ့ သူတို့တိုင်းထား တုန်းကပေါ့။ အဲဒါနဲ့ဘုန်းကြီးက ခွင့်ပြုလိုက်တာ။”

အဲဒီ့သဘောတူညီဖို့ စာချုပ်ကိုလွန်ခဲ့တဲ့ သုံးလလောက်ကချုပ်ဆိုခဲ့ပြီး စာချုပ်မိတ္တူကို မပေးတဲ့အပြင် ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာ မပြောမဆိုနဲ့ အဲဒိရေထွက် ဂနိုင်နေရာကို  မြေထိုးစက်ကြီးတွေနဲ့  ထိုးပြီးဖျက်ဆီး ခဲ့တယ်လို့ ဆရာတော်ကပဲ ဆက်မိန့်ပါတယ်။

B1228KMMSB2 “ ထိုးတဲ့အခါကျတော့ ဘုန်းကြီးတို့လည်း အကြောင်းမကြားဘူး ရေထွက်ဂနိုင်ကြီး အလည်တည့်တည့် ကနေ အကုန်ထိုးပစ်လိုက်တာ သူတို့ကပန္နက်လည်း ရာပေးဘူးဗျ။ ဘုန်းကြီးက ပန္နက်ရာပေးပါဆိုတော့ အကုန်လွတ် ပါတယ်ကြီးပဲ စွတ်ပြောတာ။ တကယ်ထိုးသွားတဲ့ အခါကျတော့ အလည်တည့်တည့်ကပဲ တွယ်ချသွားတာပဲ ဘာမှမတတ် နိုင်ဘူး။ သူတို့စာချုပ်ကြရင် ဘာမှမချုပ်ဘူး သူတို့ယူမဲ့ ဟာလောက်ပဲ စာချုပ်ပုံရပါတယ်။ ကျန်တဲ့ဟာကျတော့ သူတို့က ပါးစပ်နဲ့လာပြီး သစ်တောကလာပြီး အကြောင်းကြားမှာပါ ဘုရား။ မြေစာရင်းကလာပြီး အကြောင်းကြားမှာပါ ဘုရား။ ဒီလို ပဲပြောပြီး လုပ်လုပ်သွားတာပဲ။ လာတာက ပုသိမ်ဖန်ချက် စက်ရုံမှာလုပ်တဲ့ ဗိုလ်မှူးဟောင်းစိုးဝင်းလို့ ပြောတယ်ဗျ။ သူနဲ့ပဲ ဘုန်းကြီးတို့က စာချုပ်ရတယ် အဲဒါတွေလည်းဘုန်းကြီးတို့ကို မိတ္တူမပေးဘူး။”

တရုတ်ကုမ္ပဏီတွေရဲ့ သဘောထားကတော့ မြန်မာအာဏာပိုင်တွေက ဖြစ်စေချင်တဲ့ အတိုင်း ဆောင်ရွက်ပေး စေချင်တဲ့ အတိုင်းလုပ်ပေးမဲ့ အခြေအနေရှိပေမဲ့ မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ကိုယ့်လူထုဘက်က မရပ်တည်ဘူး လို့လဲ ဆရာတော်ရဲ့အမြင်ကို အခုလိုဆက်မိန့်ပါတယ်။

“ ဘုန်းကြီးတို့လူထုကလေ အကြောက်တရားနဲ့ ရှင်သန်နေထိုင်ခဲ့ရတာ နှစ်တွေအကြာကြီးပါဗျာ။ ခင်ဗျာ ဟိုဟာလဲကြောက်ရ ဒီဟာလဲကြောက်ရ ပြောရဲတာ မဟုတ်ဘူးဗျ။ ခက်တာကလုပ်တာ တရုတ်လုပ်တာ တရုတ်ကတော့ ဒီဘက်ကတာဝန်ခံ ပုဂ္ဂိုလ်တွေရဲ့ အတိုင်းအတာ အဆုံးအဖြတ် အတိုင်းသူတို့ လုပ်ပေတဲ့ သဘောရှိပါတယ်။ ဒီကိုယ့် နိုင်ငံက တာဝန်ခံလုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ့်နိုင်ငံသားတွေ ပေါ့နော် ကိုယ့်ဘာသာ ကိုယ့်လူမျိုးအကျိုးကို ငဲ့ကွက်ပြီးတော့ ဖြစ်သင့်တာလေးတွေ ခံစားခွင့် ရှိတာလေးတွေ ဆောင်ရွက် ပေးစေချင်တယ်။ အခုအခါကျတော့ ရေငုံနှုတ်ပိတ်တွေကြီးပဲ နေကြတာဗျ မသိတာ မဟုတ်ဘူး သိတယ်ဗျ။”
ပိုက်လိုင်း စီမံကိန်းလုံခြုံရေး မြန်မာစစ်တပ်.. (ဓာတ်ပုံ၊ Demo/SM)
အာရှအလင်းရောင် ဖောင်ဒေးရှင်း တည်ထောင်သူ အဆိုပါကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ဦးစိန္တိက မိန့်ကြားသွား တာဖြစ်ပါတယ် ခင်ဗျာ။ ရိုင်မရော့ပိုက်လိုင်း စီမံကိန်းကို တရုတ်အစိုးရပိုင် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC)နဲ့ မြန်မာအစိုးရဘက်က စွမ်းအင်ဝန်ကြီးဌာနနဲ့ အတူ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  မြန်မာပြည်အတွင်း ကျောက်ဖြူကူမင်း ပိုက်လိုင်းစီမံကိန်းအား အပိုင်းလေးပိုင်းခွဲပြီး ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ အောက်တိုဘာလမှ စပြီး ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းအား အပိုင်း(၂)အား အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပါတယ်..။

ဆက်သွယ်မေးမြန်း၊ တိုင်ကြားပေးပို့ လာသူအား ကျေးဇူးတင်ပါသည်..။

ရခိုင်မြောက်ဦးမြို့မှ ရှေးဟောင်း ဆင်းတုတော်များ ဒေသခံများ၏ ဝိုင်းဝန်း ကန့်ကွက်မှုကြောင့် နေပြည်တော်သို့ ပို့ဆောင်မှုအား ခေတ္တရပ်ဆိုင်း.. (အသံဖိုင်)

အသံဖိုင် နားဆင်ရန်.
ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ခေတ်မှ ရှေးဟောင်း စေတီပုထိုးများ ဖြစ်ကြောင်းသိရှိရပါတယ်... ရတနာ မာန်အောင်ဘုန်းကြီးကျောင်းတိုက်ရဲ့ ရွှေမဉ္ဖူတောင်ပေါ်မှ ဘုရားပျက်များအား ပြင်ဆင်ရာမှ ရွှေဆင်းတုတော်နဲ့ ရှေးဟောင်းပစ္စည်း ဆင်းတုတော်အပါအဝင် ၃၆မျိုးခန့်တွေ့ရှိရတယ်လို့ ဆိုပါတယ်..။ ဒေသခံတဦးရဲ့ ပြောပြချက်... အသံဖိုင်ပါ..။

အသံဖိုင်ဒေါင်းလုပ်.. http://www.mediafire.com/?duibzmnnx6gxdpr

အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှုနှင့် ပါတ်သတ်ပြီး အလုံမြို့နယ်မှ ချင်းအမျိုးသားတစ်ဦးအား မှားယွင်းဖမ်းဆီးခဲ့ပြီးမှ ပြန်လွတ်ပေးခဲ့..

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ရန်ကုန် အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှုနှင့် ပါတ်သတ်ပြီး အလုံမြို့နယ်မှ ချင်းအမျိုးသားတစ်ဦးအား မှားယွင်းဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာ ပြန်လွတ်ပေးခဲ့ကြောင်း သိရှိရပါတယ်..။

အဆိုပါ ဗုံးပေါက်ကွဲတဲ နေ့ညသန်းခေါင် အချိန်က အလုံမြို့နယ် စောရန်ပိုင် အနောက်ရပ်ကွက်  နှင်းဆီကုန်းလမ်း အိမ်အမှတ် ၃၁ နေ စာရေးဆရာ ဆလိုင်းရွှေလင်းအား စရဖမှ ဦးဆောင်ပြီး အာဏာပိုင်များ မြို့နယ်ရဲများဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်..။ ဆလိုင်းရွှေလင်းမှာ ချင်းတိုင်းရင်းသားဖြစ်ပြီး ချင်းပါတီတခု၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်.။

ဆလိုင်းရွှေလင်းဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဓမ္မစာပေများကို ဓမ္မဒါနဖြန့်ပေးနေသူ တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီး တနလာင်္နေ့ညက အာဏာပိုင်များမှ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သိရှိရပါတယ်.။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တစ်ဦးဖြစ်ပြီး အကြမ်းမဖက် အမျိုးသားလှုပ်ရှားနေသူ တစ်ဦး ဖြစ်တဲ့ ကိုလူမော်လတ်မှ မိသားစုအား သွားရောက် တွေ့ဆုံမေးမြန်းရာမှာ မနေ့ည သန်းခေါင်ယံက ပြန်လည် လွတ်မြောက်လာကြောင်း မိသားစုမှ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ 

ယခုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကိုလူမော်လတ်အား ဆက်သွယ် မေးမြန်းခဲ့ရာမှာ မြို့နယ်တွင်းမှာ အခုလို ထင်သလို မှားယွင်းဖမ်းဆီးနေသည့် ထူးခြားမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျွန်တော်တို့ အလုံNLDကနေ ရန်ကုန်တိုင်း NLDကို မှတ်တမ်းပေးပို့ သွားမှာပါ..။ ပြန်လွှတ်ပေးတော့ တော်သေးတယ်။ ဒီလိုပဲ ထင်ရာဆိုင်း ဖမ်းထည့် ပြီးရင် အမှုတွေဆင် တရားစွဲ ဘာမှ အထောက်အထားမပါပဲ နှစ်ကြီးတွေချတော့ မတရား မဆီမဆိုင်ခံရသူတွေ နစ်နာတယ်။ ဒါမျိုးတွေ မရှိစေချင်တော့ဘူး။ မလိုအပ်ပဲ စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးတာတွေ ဘယ်သူကိုမှ မခံစားစေချင်ဘူး။ မဟုတ်ဘဲ မတရားစွပ်စွဲ အဖမ်းဆီးခံရတာ အရမ်းသနားဖို့၊ ရင်နာဖို့ကောင်းပါတယ်။ ကိုယ်ကိုယ်တိုင်ကော မတရား မဟုတ်မမှန် စွပ်စွဲအဖမ်းခံရရင် ဘယ်လိုနေမလဲ.. ကိုယ်ချင်းစာကြည့်ပါ..။ လုံခြုံရေးအားနည်းလို့ ဖြစ်တဲ့ကိစ္စမှာ ဘယ်ကဗုံးမှန်းမသိပဲ အထက်က ဖိအားပေးတော့ ရတဲ့သတင်း အခြေခံပြီး မှန်မမှန် မစဉ်းစားတော့ပဲ ရရာ ဆွဲဖမ်းတော့တာပဲ။ ဖမ်းခံရတဲ့ ကာယကံရှင်တွေ တကယ်လည်းမလုပ်ရပဲ ထောင်ထဲမှာ ဘဝတွေပေးဆပ်ရတာပါ။ ဒီလိုကိစ္စတွေကို ရပ်တန်းကရပ်သင့်ပါပြီ။ အခုထိ ဘယ်သူမှန်း သူတို့ကောင်းကောင်း မဖော်ထုတ်နိုင်သေးဘူး။ အမှုဆင် တရားစွဲရင် ရှင်းရခက်တယ်။ အမှုမဆင်ခင် သက်ဆိုင်ရာလူကြီးတွေကို ပြောနိုင်မှ တော်ကာကြမယ်.. မဆိုင်သူတွေ မနစ်နာရအောင်ပါဟု အလုံအဖွဲ့ချုပ် လူငယ်တစ်ဦးဖြစ်ပြီး အကြမ်းမဖက် အမျိုးသားလှုပ်ရှားနေသူ တစ်ဦးလည်းဖြစ်တဲ့ ကိုလူမော်လတ်မှ ပြောပါတယ်..။

မြန်မာနိုင်ငံ၌ အာဏာပိုင်များမှ တရားခံ အစစ်အား ဖမ်းဆီးနိုင်ခြင်း မရှိပဲ အမှုနှင့် ပတ်သက်မှု မရှိသည့် သူများအား မတရားဖမ်းဆီး ထောင်ချမှုများ အဆက်မပြတ် ဖြစ်ပေါ်လျှက်ရှိတဲ့ အတွက်ကြောင့် မဆိုင်သူများမှာ အင်မတန်မှ နစ်နာလှပါတယ်။ အထူးသဖြင့် ရပ်ကွက်အတွင်းမှ စွမ်းအားရှင်၊ ကြံဖွံ့ အစရှိသည့် သတင်းပေးများမှ မိမိနှင့် အဆင်မပြေသူများအား မထင်လျှင် မထင်သလို မတရားစွပ်စွဲ သတင်းပေးခြင်းများ ပြုလုပ်လျှက်ရှိပါတယ်။ သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များမှလည်း အမှုမှန်ထက် မိမိ အာဏာ ရာထူးတည်မြဲရေးအတွက် မတရား ညှင်းဆဲ နှိပ်စက်ခြင်း၊ ဖြောင့်ချက်ပေးခိုင်းပြီး ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေပါတယ်..။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ကလည်း ရန်ကုန် သင်္ကြန်မဏ္ဍပ် X2O ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး သံသယဖြစ် ဖမ်းဆီးခံရသူ လူငယ်(၅)ဦးအား နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပါတယ်..။

သတင်း... ဒီမိုဝေယံ

ဆရာကြီး ဦးဝင်းတင်နှင့် ဒုတိယပင်လုံ ညီလာခံအကြောင်း တွေ့ဆုံမေးမြန်းခြင်း “We are now in a crisis: the military government is getting stronger”


ဆရာကြီး ဦးဝင်းတင်နှင့် ဒုတိယပင်လုံ ညီလာခံအကြောင်း တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် သုံးပွင့်ဆိုင်စေ့စပ်ညှိနှိုင်း တွေ့ဆုံဆွေးနွေးရေး အပါအ၀င် ဒုတိယပင်လုံညီလာခံကြီးအား ယုံကြည်စွာ ပူးပေါင်း ပါဝင်ထောက်ခံရေးတို့ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုကို မိတ်ဆွေကောင်းစာကြည့်တိုက် (The Best Friend)မှ သဘောတူညီစွာ ထောက်ခံခဲ့ပါသည်။

မိတ်ဆွေကောင်းစာကြည့်တိုက် (အမေး)
ဒုတိယပင်လုံညီလာခံကြီးကို တိုင်းရင်းသားများ ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့အစည်း ဘယ်လောက်များများက ဘယ်အတိုင်းအတာ အထိထောက်ခံ နေကြတယ်ဆိုတာကို ဆရာကြီး အနေနဲ့ သိပါသလား… ?

ဆရာကြီး ဦးဝင်းတင် (အဖြေ)
တိုင်းရင်းသားအများစုကတော့ ဒုတိယပင်လုံညီလာခံကြီးအကြောင်းကို အတော်လေးပဲ စိတ်ဝင်တစားနဲ့ အားတက်သရော ကျွန်တော့်ကို ဆက်သွယ် မေးမြန်းကြပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့နဲ့ သူတို့က ပုံမှန်ဆက်သွယ်မှု အနည်းငယ်လေးတောင် မရတဲ့အတွက် ဘယ်လောက် ထောက်ခံပါတယ် ဆိုတာကို အတိအကျ ပြောဖို့ကျတော့ ကျွန်တော်လည်း မသိနိုင်သေးပါဘူးခင်ဗျာ။

အမေး၊ ၊ တိုင်းရင်းသားအများစုက ဒုတိယပင်လုံညီလာခံကြီးကို တကယ်ပဲအားတက်သရော တညီတညွတ်တည်း ပူးပေါင်းပါဝင်ကာ ထောက်ခံကြလိမ့်မယ်လို့ ဆရာကြီးထင်ပါသလား….?

အဖြေ၊ ၊ ဟုတ်ကဲ့ အမှန်ပါပဲ သိပ်ကို သေချာတာပေါ့ဗျာ။ အခု ကျွန်တော်တို့ဟာ မြောက်ပိုင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များနဲ့ ကချင်တိုင်းရင်းသားများဆီမှ အဆက်အသွယ်တွေ ရရှိထားပါတယ်။ ပြီးတော့ ကရင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကိုလည်း ကျွန်တော်တို့ရရှိ ထားပါတယ်။ အဲဒီအချက်တွေဟာ တိုင်းရင်းသားအများစုက ဒုတိယပင်လုံညီလာခံကြီးကို တကယ့်ကိုအားတက်သရော တညီတညွတ်တည်းပူးပေါင်းပါဝင်ကာ ထောက်ခံနေကြတယ်ဆိုတာ ကိုဖော်ပြနေကြတာပဲလို့ ယူဆပါတယ် ခင်ဗျာ။

အမေး၊ ၊ ဒုတိယပင်လုံ ညီလာခံကြီးကို မထောက်ခံကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်း အနည်းငယ်ကို ဆရာကြီးအနေနဲ့ ပြောပြလို့ရနိုင်ပါသလား။ ဘာကြောင့် သူတို့အနေနဲ့ ပူးပေါင်းပါဝင် ထောက်ခံချက် မပြုလုပ်နိုင်ကြတာလဲ ဆိုတာကိုပါ သိပါရစေ။

အဖြေ၊ ၊ တိုင်းရင်းသားအများစုကတော့ ထောက်ခံကြပါတယ်။ ဒါပေမယ့်လည်း န.အ.ဖ စစ်အာဏာရှင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြပြီး အနိုင်ရထားတဲ့ ချင်းတိုင်းရင်းသားများ၊ ရှမ်းတိုင်းသားများ နဲ့ ရခိုင်တိုင်းရင်းသားများကတော့ မထောက်ခံချင် ကြဘူးပေါ့ဗျာ။ အခုလည်း သူတို့က ပါလီမန် ထဲရောက်နေကြပြီလေ။ အဲဒီတော့ သူတို့အနေနဲ့က ဘာမှကို ထောက်ခံချင်မှာ မဟုတ်တော့ဘူးလေ။ ပြီးတော့ ကျွန်တော်တို့ကို ရခိုင်အဖွဲ့အစည်းတခုက ဒီလိုပြောသေးတယ်ဗျာ ´´သူတို့က ဒုတိယပင်လုံညီလာခံကြီးကို ထောက်ခံမယ်။ သို့သော် သူတို့က ပါလီမန်အတွင်းမှာပဲ ဆွေးနွေးချင်တယ်။ အပြင်မှာဆိုရင်တော့ မထောက်ခံနိုင်ဘူး´´ တဲ့ခင်ဗျ။

အမေး၊ ၊ အခြားအတိုက်အခံပါတီများနှင့် အတူ န.အ.ဖစစ်အစိုးရကို စေ့စပ်ညှိနှိုင်း တွေ့ဆုံဆွေးနွေးရေး ပြုလုပ်မယ့် စားပွဲခုံကို ရောက်လာပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအများစုရဲ့ ထောက်ခံချက် ဘယ်လောက်အထိ လိုအပ်တယ်ဆိုတဲ့အကြောင်း အနည်းငယ်လောက် ပြောပြပေးနိုင်မလား။

အဖြေ၊ ၊ အဲဒါကတော့ ကျွန်တော်တို့ တစ်တွေဟာ ဘယ်လို သွေးစည်းကြပြီး ဘယ်လောက်တောင် စည်းလုံးညီညွတ်မှု ရှိကြတယ်ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီစစ်အစိုးရရဲ့ တုန့်ပြန်မှုကိုပဲ စောင့်နေကြတာပါ။ အခုထိတော့ သူတို့က ဘာမှမပြောကြသေးပါဘူး။ သူတို့ဟာ ကျွန်တော်တို့တစ်တွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ရင်း နှုတ်ဆိတ်စွာနဲ့ ငြိမ်သက်နေကြဆဲပါပဲ။ အဲဒီတော့ စေ့စပ်ညှိနှိုင်းတွေ့ဆုံဆွေးနွေးရေး စားပွဲဆီကို သူတို့ဘယ်လိုရောက်လာလိမ့်မလဲဆိုတာကိုတော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ သေချာတာကတော့ ကျွန်တော်တို့တစ်တွေ သွေးစည်းကြဖို့၊ စည်းလုံးညီညွတ်ကြဖို့ အထူးကို လိုအပ်လှပါတယ်။ ပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုပြီး ထောက်ခံမှုတွေကိုလည်း ဒီထက်ကိုပိုပြီးတော့ လိုအပ်နေပါသေးတယ်။ အဲဒါတွေ ကျွန်တော်တို့ဘက်က ပြည့်စုံလာတဲ့အခါ စေ့စပ်ညှိနှိုင်းတွေ့ဆုံဆွေးနွေးရေးစားပွဲဆီကို သူတို့ရောက်လာပါလိမ့်မယ်။ ဒါကလည်း အတော်လေးကို စောလွန်းပါသေးတယ်။ စစ်အစိုးရဟာ ကန့်လန့်ကာရဲ့နောက်ကွယ်မှာ နေလိမ့်မယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတစ်ခုတည်း ရှိပါတယ်။ ပြီးတော့ သူတို့ဟာ အစိုးရအဖွဲ့အစည်းဖြစ်တယ်။ အစိုးရသစ်ဟာ စေ့စပ်ညှိနှိုင်း တွေ့ဆုံဆွေးနွေးရေးစားပွဲဆီသို့ လာနိုင်အောင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရမယ်။

အမေး၊ ၊ ဒုတိယပင်လုံညီလာခံနဲ့ ပတ်သက်ပြီး စစ်အစိုးရဆီက ဘာသံမှမကြားရသေးပါဘူး။ ပါလီမန် ဒါမှမဟုတ် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆီမှ ဒုတိယပင်လုံညီလာခံအပေါ် ဘယ်အချိန်မှာ တုန့်ပြန်မှုရနိုင်မလဲလို့ ဆရာကြီးအနေနဲ့ မျှော်လင့်ပါသလဲ။

အဖြေ၊ ၊ ကျွန်တော့်အထင်ပြောရရင် ဘယ်အချိန်ဆိုတာကိုတော့ အတိအကျ မသိနိုင်ပါဘူး။ ပထမဦးဆုံး ပါလီမန်အစည်းအဝေးမှာ အတိုက်အခံပါတီတွေနဲ့ ဘယ်အချိန်မှာ ဆွေးနွေးချင်တဲ့ အကြောင်းကို အနည်းငယ်လောက်တော့ အသိပေးလိမ့်မယ် ထင်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ တစ်ဆင့်ပြီးတစ်ဆင့် တကယ့်ကိုစစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်လာအောင် ဖိအားပေးရမယ်။ ပြီးတော့ စစ်မှန်ပြီး ထိရောက်မှုရှိတဲ့ ပြီးပြည့်စုံတဲ့ အဖြေတစ်ခု ရလာတဲ့အထိတော့ ကြိုးစား သွားရမှာပေါ့ဗျာ။

အမေး၊ ၊ အကယ်၍ စစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို မပါဝင်ပဲ ငြင်းပယ်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် ဒုတိယပင်လုံညီလာခံ ကျင်းပရေးကို ခွင့်မပြုဘူးဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်လက်ပြီးလုပ်ဆောင် သွားမယ်ဆိုတဲ့ နောက်ထပ် နည်းလမ်းတွေများရှိရင် သိပါရစေ။

အဖြေ၊ ၊ သူတို့ တကယ်ပဲတွေ့ဆုံ ဆွေးနွေးရေးကို ငြင်းပယ်လိုက်ပြီဆိုရင်တော့ ကျွန်တော်တို့ဟာ နောက်တစ်ကြိမ် အစကနေပြီး ပြန်လုပ်ရလိမ့်မယ်။ စစ်အစိုးရမပါဝင်ပဲနဲ့ ကျွန်တော်တို့ဟာ သီးသန့်ကြီး ဘာမျှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ပါလီမာန်ကို ထိန်းချုပ်ထားနိုင်တဲ့ စစ်အစိုးရဟာ အင်မတန်မှကို ပိုပြီးတော့ အင်အား ကောင်းလာပါပြီ။ ပြီးတော့လည်း အတိုက်အခံ တိုင်းရင်းသားများကိုလည်း လိုက်လံချေမှုန်းနေကြပြီ။ အဲသလိုပေါ့ဗျာ သူတို့က တွေ့ဆုံဆွေးနွေးရေးကို မပါဝင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ရင်ဆိုင်ဖို့ပိုပြီးတော့ ခက်သွားပြီပေါ့ဗျာ။ အဲသလိုဆိုရင်တော့ ကျွန်တော်တို့ဟာ သူတို့ကိုယ်တိုင် ပြောင်းလဲလာတဲ့ အချိန်ထိ ဆက်စောင့်ရလိမ့်မယ် ဒါမှမဟုတ် နောက်ထပ် အခွင့်အရေး တစ်ခုရလာတဲ့အထိ စောင့်ရမှာပေါ့ဗျာ။

အမေး၊ ၊ ဒုတိယပင်လုံညီလာခံကြီးကနေပြီးတော့ ဘယ်လိုရလာဒ်များ ရလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလဲ။ ဒုတိယပင်လုံညီလာခံကြီးဟာ အားလုံးကေ မျှာ်လင့်ထားကြတဲ့ ပြောင်းလဲအောင် ဖော်ဆောင်နိုင်တဲ့ စွမ်းအား တစ်ခုပဲလားဆိုတာကို သိပါရစေ။

အဖြေ၊ ၊ ဒါတွေဟာ ကျွန်တော်ကိုက အာဏာအပြောင်းအလဲ ဖြစ်ချင်လို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ဖြစ်ဖို့အတွက် နည်းလမ်းတစ်ခုရဖို့ရယ်၊ တကယ့်ကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကို ဖြစ်လာစေမယ့် နည်းလမ်းတွေကိုပဲ မျှော်လင့်ကြတာပါ။ စစ်အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ သူတို့တစ်တွေဟာ ဒီအချက်ကိုတော့ လုံးဝကို သဘောပေါက်ထားရမယ်။ အဲဒါကဘာလဲဆိုတော့ အခုလက်ရှိ ပြဌာန်းပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတော်ကို အကျိုးသာမဲ့စေပြီး လုံးဝအလုပ်ဖြစ်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒီတော့ ကျွန်တော်တို့မျှော်လင့်တာက အာဏာကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့တတွေ ဘာကို လိုချင်သလဲဆိုတော့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲခုံမှာ တကယ့်စစ်မှန်ပြီး အကျိုးဖြစ်ထွန်းစေမယ့် ဆွေးနွေးပွဲတစ်ခု ဖြစ်လာဖို့ပါပဲ။ ပြီးတော့ တိုင်းရင်းသား အားလုံးနဲ့ အတူတကွ တကယ်စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စု စစ်စစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ အတွက် နည်းလမ်းတွေရှာဖွေဖို့ပဲမျှော်လင့်တာပါ။ အဲဒါပါပဲဗျာ။ တွေ့ဆုံ ဆွေးနွေးပွဲစပြီးပြီဆိုရင် ကျွန်တော်တို့ အချိန်နည်းနည်းတော့ ယူလို့ ရတာပေါ့ဗျာ။ ပြီးတော့မှ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြီးတော့ သုံးသပ်ကြရမှာပေါ့။ အဲဒါတွေပြီးတော့မှတစ်ခါ တရားမျှတပြီး လွတ်လပ်မှု အပြည့်ရှိတဲ့ ရွေးကောက်ပွဲအသစ် တစ်ခု ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းတွေရှာလို့ရတာပဲဗျာ။

အမေး၊ ၊ ဒုတိယပင်လုံညီလာခံနဲ့ ပတ်သက်ပြီး အနှစ်ချုပ်လိုက်ရင် NLDရဲ့အဓိက မျှော်လင့်ချက်က အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့ရယ် တိုင်းရင်းသားအားလုံးက တညီတညွတ်တည်း ယုံကြည်စွာလက်ခံနိုင်တဲ့ ပြည်ထောင်စုတစ်ခုကို ဘယ်လို တည်ဆောက်နိုင်မလဲ ဆိုတာကို ဆွေးနွေးကြဖို့ပဲ မဟုတ်လား။

အဖြေ၊ ၊ ဟုတ်ကဲ့၊ အဲဒါမှန်ပါတယ်။

အမေး ၊ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေကြတဲ့ ကမ္ဘာ့ပြည်သူအားလုံးက ဒုတိယပင်လုံညီလာခံ ကြီးကို ထောက်ခံကြဖို့တွက် ဆရာကြီးအနေနဲ့ ဘာတွေများ ပြောချင်ပါသလဲ။

အဖြေ၊ ၊ အားလုံးကိုပြောချင်တာကတော့ ကျွန်တော့်နာမည်က ဦးဝင်းတင်ပါ။ ကျွန်တော်က အတိုက်အခံပါတီ တစ်ခုဖြစ်တဲ့ NLDကပါ။ ကျွန်တော် ကမ္ဘာ့ပြည်သူအားလုံးကို တကယ်ပဲ တောင်းဆိုချင်ပါတယ်ဗျာ။ အဲဒါက ကျွန်တော်တို့တစ်တွေဟာ စစ်အာဏာရှင်ရဲ့လက်အောက်မှာ အင်မတန်မှ အခက်အခဲ အကျပ်အတည်းထဲကို ရောက်နေကြပါတယ်။ ဒီစစ်အာဏာရှင်တွေဟာ ပိုပြီးတော့ အင်အားကြီး သထက်ကြီးလာနေပါပြီ။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သူတို့ကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဆီကို ရောက်အောင်ပို့ပေးဖို့ အင်မတန်မှ လိုအပ်လှပါတယ်။ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာသာ နိုင်ငံရေးပြဿနာတွေကို တကယ် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်း နိုင်ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့် ပါတယ် ဗျာ။

အမေး၊ ၊ ပင်လုံညီလာခံကြီးဟာ အင်မတန်မှကို ကြီးမားတဲ့ တန်ဖိုးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဟာ အဲဒီ့ ပင်လုံညီလာခံကြီးက နေပြီးတော့ ပထမဦးဆုံး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အခုမျိုးဆက်သစ်လူငယ်တွေ အတွက် ဒုတိယပင်လုံညီလာခံကြီးဟာ ဘာကြောင့် အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ဆရာကြီးအမြင်နဲ့ ပြောပြပေးပါ။

အဖြေ၊ ၊ ဒါဟာ ကျွန်တော်တို့တကယ့်ကို စိုးရိမ်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒုတိယပင်လုံညီလာခံကြီး ကျင်းပနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အရေးတယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာက မျိုးဆက်သစ်လူငယ်တွေက ပင်လုံစိတ်ဓါတ်ရဲ့ အတွေ့အကြုံအကြောင်းအရာတွေ၊ နိုင်ငံရေးတွေကို ပြောနေကြမယ့်အစား ပူးပေါင်းပါဝင် ထောက်ခံကြဖို့ကိုပဲ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုစစ်စစ် တစ်ခုဖြစ်လာဖို့အတွက် တိုက်ပွဲဝင်နိုင်အောင် စိတ်ကိုဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချထားရမယ်။ ဒါဟာ အင်မတန်မှကို အရေးကြီးတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုဖြစ်စေမယ့် စိတ်ဓါတ်မျိုးမရှိပဲနဲ့ ဘာမှအလုပ်မဖြစ်ပါဘူး။ ခိုင်မာတဲ့ ပင်လုံစိတ်ဓါတ်စစ်စစ် တကယ့်ကို လိုအပ်ပါတယ်။ ခိုင်မာတဲ့ ပြည်ထောင်စုတစ်ခု ဖြစ်လာဖို့ပေါ့ဗျာ။ ဒါတွေဟာ သိပ်ပြီးတော့ကို အရေးကြီးပါတယ်။

အမေး၊ ၊ နိုင်ငံတကာအနေနဲ့ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို ရောက်လာအောင် တိုင်းရင်းသားများ အပါအ၀င် အတိုက်အခံပါတီ အားလုံးနှင့်အတူ ဘယ်လိုများ အကူအညီ ပေးနိုင်မလဲဆိုတာကို သိပါရစေ.

အဖြေ၊ ၊ နိုင်ငံတကာမိသားစုအနေနဲ့ စစ်အစိုးရကို အခုအချိန်ထိ အတော်လေးပဲ ဖိအားပေး တွန်းတွန်းတိုက်တိုက် ပြောဆိုကြတာတွေရှိနေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာ့နိုင်ငံရေး အကြောင်း ဆွေးနွေးကြတာတွေ အပါအ၀င် စစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခြင်း စသည်ဖြင့်ပေါ့ဗျာ။ ဒါပေမယ့် အခုထိတော့ ဒီအချက်တွေဟာ လုံလောက်တဲ့ဖိအားပေးမှုတွေ ဖြစ်မလာသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရဟာ အခုထိကို တုန့်ပြန်မှု တစ်စုံတရာ မရှိသေးပါဘူး။ အဲဒီတော့ နိုင်ငံတကာအနေနဲ့ ဒီ့ထက်ပိုပြီးတော့ ဖိအားပေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အစိုးရဟာ အင်မတန်မှ ခေါင်းမာသလို နိုင်ငံတကာရဲ့တောင်းဆိုမှု ဖိအားပေးမှုတွေ အလုံအလောက် မရှိဘူးဆိုရင် တွေ့ဆုံဆွေးနွေးရေး စားပွဲကို ရောက်မလာပဲ ဆက်ပြီးတော့ကို ခေါင်းမာနေကြဦးမှာပါ။

အမေး၊ ၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုက အရေးအကြီးဆုံးဖြစ်ပါတယ်။ ပြည်တွင်း စည်းလုံးညီညွတ်မှု အင်အားက ပင်လုံညီလာခံအတွက် ဘယ်လောက်ရှိတယ်လို့ ထင်ပါလဲ။

အဖြေ၊ ၊ ပြည်တွင်းရဲ့ စည်းလုံးညီညွတ်မှု အင်အားကတော့ အတော်လေးကို အားကောင်းတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်း အမျိုးမျိုးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ခိုင်မာတဲ့ သန္နိဋ္ဌာန် အပြည့်အ၀ရှိပြီး ပြည်သူလူထုအားလုံးရဲ့ ချစ်ခင်လေးစား ယုံကြည်မှုတွေကို ရရှိထားသလို လူထုကိုလည်း စည်းလုံးညီညွတ်မှုရှိအောင် စုစည်းနိုင်တဲ့ အင်အားတွေရှိပါတယ်။ ပြည်သူလူထုက ပြောတဲ့စကားဆိုရင် အသေအချာကို နားထောင် ပေးလေ့ရှိပါတယ်။ ဒါကလည်း အများကြီးထဲက တစ်ခုပေါ့ဗျာ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံဟာ အင်မတန်မှ ဆင်းရဲနေပါတယ်။ ပြည်တွင်းမှာရှိကြတဲ့ ပြည်သူလူထုအားလုံးဟာ အတော်လေးကို ဒုက္ခရောက်နေကြပါတယ်။ စီးပွားရေးအခြေအနေဟာ ရစရာမရှိအောင် ချွတ်ခြုံကျနေတဲ့အတွက် ပြည်သူလူထုဟာ နေ့စဉ်ဘ၀မှာ အခက်အခဲ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲ့သလို တူညီတဲ့ ခံစားမှုတွေဟာ ပြည်သူလူထုကို စည်းလုံးညီညွတ်စေဖို့ အတွက် ခွန်အားတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအခက်အခဲ အကျပ်အတည်း အားလုံးဟာ စစ်အစိုးရကြောင့် ဖြစ်နေတယ်ဆိုတာကို ပြည်သူလူထုက ကောင်းကောင်းကြီးကို သိကြပါတယ်။ ဒါကြောင့်မို့လို့ စစ်အာဏာရှင်စံနစ်ကို တော်လှန်ဖို့အတွက် ပြည်တွင်းရဲ့ စည်းလုံးညီညွတ်မှု အင်အားဟာ အတော်လေးကို အားရစရာ ကောင်းပါတယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသားတွေထဲမှာလည်း ပိုပြီးတော့ စည်းလုံးညီညွတ်မှု ရှိလာပြီလို့ ကျွန်တော် ထင်ပါတယ်။ အခုဆိုရင် တိုင်းရင်းသားများကရော လူထုကပါပိုပြီးတော့ သွေးစည်း လာကြသလို နိုင်ငံရေးအရ ညီညွတ်မှုတွေလည်း ပိုပြီးတော့ ရှိလာပြီလို့ ကျွန်တော်ထင်ပါတယ်။

အမေး၊ ၊ ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု အတိုင်းအတာကိုရော ဆရာကြီးအနေနဲ့ ဘယ်လောက် ရှိတယ်လို့ ထင်ပါသလဲ။

အဖြေ၊ ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်သိပ်ပြီးတော့ မသိပါဘူးဗျာ။ မြန်မာလူမျိုးတွေဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအတော်များများကို ရောက်နေကြတာပါပဲ။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေးပါတီထဲမှာ ရှိမနေကြသလို နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့လည်း တရားဝင် ဖွဲ့စည်းမထားနိုင်ကြပါဘူး။ ကျွန်တော်အနေနဲ့ သူတို့ ဘယ်လောက် စည်းလုံးညီညွတ်မှု ရှိသလဲဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမယ့် သူတို့အများစုဟာ စစ်အစိုးရရဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အမိနိုင်ငံမှထွက်ခွါသွားကြ တယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူလူထုတွေ နိုင်ငံမှ ထွက်ခွါသွားရတဲ့ အဓိကအကြောင်းအရင်းရဲ့ တရားခံက စစ်အစိုးရပဲ ဖြစ်ပါတယ်။ အဲဒီအမြင်နဲ့ကြည့်ရင်တော့ ပြည်ပရောက်ပြည်သူတွေအားလုံးဟာ မြန်မာနိုင်ငံ အနာဂါတ်အတွက် တကယ့်ကို စည်းလုံးညီညွတ်နေကြမှာပါ။

အမေး၊ ၊ ဆရာကြီးဦးဝင်းတင် ထောင်ထဲမှာ ၁၉နှစ်ကြာ အကျဉ်းကျခံပြီးလွတ်မြောက်လာ ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီ ဖြစ်တဲ့အတွက် အခုဆိုရင် အတိုက်အခံ ခေါင်းဆောင်များအနေနဲ့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တဲ့ အနေအထားကို ရရှိနေသလိုပါပဲ။ အဲဒီအနေအထားဟာ လွှတ်တော်ပြီးသွားရင် အဆိုးဘက်ကို ဦးတည် ပြောင်းလဲသွားနိုင်တယ်လို့ ထင်ပါသလား ဒါမှမဟုတ် လတ်တလော အခြေအနေဟာ မပြောင်းလဲပဲ ဆက်လက် တည်တံ့သွားလိမ့်မယ်လို့ ထင်ပါသလား။

အဖြေ၊ ၊ ကျွန်တော်တို့ အဲသလိုပဲ မျှော်လင့်ပါတယ်။ အခုအချိန်ထိအောင် နိုင်ငံရေးအကျဉ်းသား (၂၀၀၀)ကျော် အကျဉ်းကျခံ နေရပါသေးတယ်။ ပြီးတော့ မြန်မာပြည်သူ လူထုအားလုံးဟာ ဒုက္ခတွေအများကြီးနဲ့ ရင်ဆိုင်နေကြရပါသေးတယ်။ ဒါကြောင့် လူထုအုံကြွမှုကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ ပြည်သူလူထုဟာ အခုဆိုရင် သူတို့ရဲ့နိုင်ငံရေးအမြင် တွေကိုပိုပြီးတော့ ထုတ်ဖော်လာကြတယ်။ စစ်အာဏာရှင်ဟာ ကျွန်တော်တို့နဲ့ တစ်နေ့မဟုတ် တစ်နေ့တော့ မဖြစ်မနေပူးပေါင်းလာရပါလိမ့်မယ်။ အခုဆိုရင် ပြည်သူလူအားလုံးဟာ နိုင်ငံရေး နိုးကြားမှုသိပ်ပြီးတော့ကို ရှိလာနေကြပါပြီ။

အမေး၊ ၊ ဒါဆိုရင် ဆရာကြီးနဲ့ အခြား NLD ခေါင်းဆောင်များဟာ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးစားသွားမယ်ဆိုတဲ့ သဘောလား။

အဖြေ၊ ၊ သိပ်ကိုသေချာတာပေါ့ဗျာ။

အမေး၊ ၊ ဥပမာအားဖြင့် ၀ါရင့်နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ပြည်တွင်းပြည်ပမှာ အတွေ့အကြုံ ပေါင်းများစွာရှိခဲ့တဲ့ ဆရာကြီးဦးဝင်းတင်လို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြည်တွင်းမှာ ရှိကြတဲ့ မျိုးဆက်သစ် လူငယ်များအပေါ် ဘယ်လိုများ အကြံအဥာဏ် ပေးချင်ပါသလဲ။

အဖြေ၊ ၊ ဟုတ်ကဲ့ ကောင်းပါပြီဗျာ။ ကျွန်တော့်အနေနဲ့ ပြည်တွင်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေကို အကြံဥာဏ်ပေးစရာ အများကြီးမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် အကြံဥာဏ် ပေးချင်တာကတော့ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်မှု ရအောင် ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ကြပါ။ စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းကြပါ။ စစ်အာဏာရှင် စံနစ်ဆိုးကြီး ရှိနေသေးသမျှ ကာလပတ်လုံး ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ သူတို့မှာ အနာဂါတ် မျှော်လင့်ချက် မရှိဘူးဆိုရင် ကျွန်တော့ အကြံဥာဏ်တွေဟာလည်း အသုံးမ၀င်ပဲ အလကားဖြစ်သွားမှာပါ။ အဲဒီတော့ မိမိနိုင်ငံအတွက်၊ ဒီမိုကရေစီအတွက်၊ လူ့အခွင့်အရေးအတွက် စစ်အာဏာရှင်စံနစ်ကို အပြီးသတ်ချေမှုန်းကြပါလို့၊ ဒါပါပဲဗျာ။

အမေး၊ ၊ မြန်မာပြည်သူလူထုဟာ နေ့စဉ်နှင့်အမျှ ဘ၀အခက်အခဲတွေ အကျပ်အတည်း တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မိသားစု စားဝတ်နေရေး အတွက်ကိုသာ နေ့စဉ်နဲ့အမျှ ရုန်းကန် လှုပ်ရှား နေကြရပါတယ်။ အဲဒီတော့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့အတွက် ပြည်သူလူထုက ဘယ်လိုများ တိုက်ပွဲဝင်နိုင်မလဲ ဆိုတာကို ဆရာကြီး အနေနဲ့ ပြောပြပေးစေ ချင်ပါတယ်။

အဖြေ၊ ၊ အဲဒါကတော့ဗျာ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို နိုင်ငံရေးခေါင်းဆောင်တွေ အပေါ်မှာအတော်လေးကို မူတည်ပါတယ်ဗျာ။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ တတွေဟာ ဘာသာတရားကိုလွန်စွာမှ လေးစားကိုင်းရှိုင်းကြတဲ့ လူမျိုးဖြစ်ပါတယ်။ ပြီးတော့ ဘာသာတရားရဲ့ဆုံးမမှုဟာ ကိုယ်ကျင့်တရားအတွက် အင်မတန်မှကို အရေးပါပါတယ်။ ဒါ့ကြောင့် ရဟန်း၊သံဃာတော်များဟာလည်းပဲ ကျွန်တော်တို့တတွေအတွက် အင်မတန်မှကို အရေးကြီးလှ ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ဆရာတော် သံဃာတော်များက ဦးဆောင်၍ စစ်အာဏာရှင် စနစ်ဆိုးကို ပြည်သူလူထုရှေ့က မားမားမက်မက်ရပ်တည်ကာ ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာလည်းပဲ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ပပျောက်သွားစေဖို့ ဆရာတော်၊ သံဃာတော်များကဦးဆောင်ပြီး ပြည်သူလူထုနဲ့တကွ ဆက်လက် တိုက်ပွဲဝင်ပေးကြပါလို့ လျှောက်ထားချင်ပါတယ်။

မှတ်ချက်၊ ၊ ဆရာကြီးဦးဝင်းတင်ရဲ့ တွေ့ဆုံမေးမြန်းမှုဖြစ်တဲ့   “We are now in a crisis: the military government is getting stronger” ကိုမြန်မာလိုဖတ်ရှုနိုင်စေရန်အတွက် တတ်နိုင်သလောက်ကြိုးစား၍ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပေးထားပါတယ်။ အကယ်၍ လိုအပ်မှုများရှိခဲ့ပါက ဘာသာပြန်သူ၏ တာဝန်သာဖြစ်ပါကြောင်း။

ဦးဣသရိယ...

ပေးပို့ပေးတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့မှ နိုင်ငံခြားရေးတာဝန်ခံ ဆရာတော်ဦးဣသရိယ အားကျေးဇူးတင်ပါသည်.။