ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး ကင်းမဲ့နေသော ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေး/ငြိမ်းရပ်ကွက်၊ ပျဉ်းမလမ်း ..

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး ကင်းမဲ့နေသော ရန်ကုန်တိုင်းဒေသကြီး၊
ကြည့်မြင်တိုင်မြို့နယ်၊ ဆေး/ငြိမ်းရပ်ကွက်၊ ပျဉ်းမလမ်း 
24/4/2014 နေ့လယ် ၁၂:၃၀က အကိုအကြီးဆုံး လုပ်သူသည် အမွေကိစ္စအတွက်
၎င်း ညီနှင့်ညီမနှစ်ယောက်တည်းရှိသည့် မြေညီထပ်အခန်းရှေ့ကို
လူမိုက်ငါးယောက်နှင့် မိန်းမကြမ်းတစ်ယောက်ကို ခေါ်ဆောင်ကာ ကြမ်းတမ်းရိုင်းပြစွာ
ပြောဆိုခြိမ်းခြောက်စေပါသည်၊
ထိုအခါညီလုပ်သူနှင့်ညီမလုပ်သူသည်
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များအား ခေါ်ပါသော်လည်းတစ်နာရီကြာသည့်တိုင်
တစ်ယောက်မှပေါ်မလာပါ၊ လူမိုက်အဖွဲ့များစကားကို မခံနိုင်၍ပြန်၍ ပြောဆိုသံများသည်
တစ်လမ်းလုံးကြားပါသော်လည်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည်
ယခင်လမ်းဟောင်းအတိုင်းသာသွားနေကြပါသည်။
 နောက်ဆုံးတွင် ထိုလူမိုက်အဖွဲ့ထွက်ခွာ သွားပါသော်လည်းမည့်သည်
အာဏာပိုင်အဖွဲ့မှ တစ်ယောက်မှ ရောက်ရှိမလာခဲ့ပါ။

ထိုအခြင်းအရာသည် ကျွန်ပ်တို့အေးချမ်းစွာ
တရားဥပဒေဘောင် အတွင်းတွင်နေလိုသော ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်
ဘယ်ကဲ့သို့သော လူများကိုဘယ်လို တာဝန်များပေးထားသည်ကို ပြည်သူများသိအောင် အသိပေးစေလိုပါသည်။ သတ္တိမရှိ တာဝန်မယူလိုသော လူများအား တာဝန်မှအနားပေးပြီး၊
တရားဥပဒေစိုမိုးရေးနှင့် ပြည်သူတို့ ဘဝလုံခြုံရေးအတွက် အလွန်အရေးကြီးနေပါကြောင်း
ဤနေရာမှ မီးမောင်းထိုးပြလိုက်ပါသည်။
 မှတ်ချက် ။      ။ လူမိုက်များရဲ့ပုံများကို ရနိုင်
သလောက်သာ မှတ်တမ်းတင်ထားပါသည်။
အေးချမ်းစွာ နေလိုသူ ပျဉ်းမလမ်းသား

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းတော်ကြီးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အတွက် ရည်စူးဆွမ်းကပ်လှူပွဲနှင့် မနက်ဖြန် တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ ဝမ်းနည်းခြင်းအခမ်းအနား ဖိတ်ကြားလွှာ..

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းတော်ကြီးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အတွက် ရည်စူးဆွမ်းကပ်လှူပွဲနှင့် မနက်ဖြန် တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ ဝမ်းနည်းခြင်းအခမ်းအနား ဖိတ်ကြားလွှာ..

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အတွက် ရည်စူးပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပါတယ်..။

ဂျပန်နိုင်ငံသို့ ခေတ္တ သီတင်းသုံး ရောက်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် (ဒု) ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တစန္ဒဝရာ ဘိဝံသမှ ကွယ်လွန်သူ ဘဘဦးဝင်းတင်၏ ကျားရဲ ကဗျာကို ရွတ်ဆိုကာ ဂုဏ်ပြုကာ၊ နိုင်ငံရေး ဖြတ်သန်းမှုများအား ဟောပြောသွားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပါတယ်..။

သတင်း ဓာတ်ပုံ ဦးတွတ်ဆွေ (Maung Tut Swe)

မနက်ဖြန် ဧပြီလ(၂၇)ရက်နေ့ တနင်္ဂနွေနေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဝမ်းနည်းခြင်းအခမ်းအနား အားကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်..။

အခမ်းအနား ဖိတ်ကြားစာ...

ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ နှင့်
ပြည်ထောင်စု မြန်မာနိုင်ငံသား အပေါင်းတို့ခင်ဗျာ၊၊ ။

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက သတင်းစာဆရာကြီး ဟံသာဝတီ
ဦးဝင်းတင်၏
ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့်
ဆရာကြီး ဦးဝင်းတင်အား လေးစားကြသူများအားလုံး တက်ရောက် ပူးပေါင်းပါဝင်ကြပါရန်
လေစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်၊၊

ဝမ်းနည်းခြင်း အခမ်းအနား အစီအစဉ်
နေ့ ရက် ၊၊ ၊၊ ၂၇-၄-၂ဝ၁၄ ရက် (တနင်္ဂနွေနေ့ )
အချိန် ၊၊ ၊၊ ညနေ ၆း၀၀ မှ ၉းဝဝ နာရီ
နေရာ ၊၊ ၊၊ အီခဲဘုခုရို၊ ခုမင်းစင်တာ (၄)ထပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
သတင်းနှင့်ပြန်ကြားရေးဌာန

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အိမ်တွင်းပုန်းနေတယ် ...

ဧရာဝတီ ဘလော့ဂ်မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အိမ်တွင်းပုန်းနေတယ် ဆိုပြီး အောက်ပါအတိုင်း ရေးထားတာ ဖတ်ရတယ်..။

ဦးဝင်းတင် ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး သူ ဘယ်လိုပြောမလဲ ဆိုတာကို သိရဖို့ သတင်းသမား တချို့က သူ့အိမ်ကို သွားကြတာပါ။

သူ အိမ်ထဲက ထွက်မလာတော့ သူ့ကော်ဖီဆိုင်ထဲ ထိုင်စောင့်သူစောင့်။ သူ့ပန်းချီပြခန်းထဲဝင်ငေးသူ ငေးကြ။

စုံစမ်းကြည့်တော့ ဦးခင်ညွန့် အပြင်ဘက်မထွက်၊ အိမ်ပေါ်ကနေ အိမ်အောက်မဆင်းတာ သုံးရက်လောက်တော့ ရှိပြီ တဲ့။

အင်း.... ကျန်းမာရေးမကောင်းလို့ အပြင်မထွက်တာ ဖြစ်နိုင်သလို - ဦးဝင်းတင်နာရေးနဲ့ ပတ်သက်ပြီး သူ့ဆီ လာမေးတာတွေကို ရင်မဆိုင်ချင်လို့ အိမ်ထဲမှာပဲနေတာလည်း ဖြစ်နိုင်ပေတာပဲ။

http://blog.irrawaddy.org/2014/04/blog-post_2213.html
ဘဘဦးဝင်းတင် ၁၉နှစ်တိုင်တိုင် မတရားထောင်သွင်း အကျဉ်းကျခံရမှုမှာ အဓိကတရားခံဖြစ်ပြီး တောင်းပန်ဖို့တောင် အသိတရားမရှိတဲ့ ဗိုလ်ခင်ညွန့်အတွက်
ကဗျာရှင် နေရဲနီရဲ့ အောက်က ကဗျာလေးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။



အာဏာသင်္ခါရ
(ကဗျာရှင် နေရဲနီ)

ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို အရွယ်စိုက
များရှင်ပြည်သူ လန့်ကြောက်မူ၍
နှိပ်စက်ကလူငါလျှင်ပြုခဲ့
()ဟူသည်ငါ့လက်နက်။

စိုးစဉ်းအာဏာ ရှိပိမ့်ငါသည်
မာန်လည်းတင်းတင်း စိတ်ဟင်းလင်းနှင့်
အကြံဆိုးယုတ် တွေးကာထုတ်၍
ငါသာငါထက် မာန်ကိုတက်ကာ
အထက်နေမင်း ရာဟုနင်းသို့
အချိန်မတော် အိမ်ပေါက်ကျော်ချင်း
အတင်းဝင်ရောက် တောင်သူယာတဲ
ကျားယုတ်ဆွဲသို့ ထိတ်ထိတ်ပြာပြာ
ရှင်လူတကာ ကြောက်စိမ့်ငှာဟု
အာဏာအလွဲ ငါသုံးစားခဲ့။

တိမ်ညိုမိလ္လာ တိမ်စူကာနှင့်
တိမ်ပြာရောယှက် မရမ်းဖက်၍
တိမ်သက်တန့်ရောင် အဝါပေါင်ဝယ်
ညိုခဲ့တလီ ရီခဲ့တဖုန်
မှုန်ခဲ့တချက် ယုဂန်ထက်ဝယ်
လေးဖက်လုံးခြုံ တိမ်ဂဠုန်လည်း
နဂါးရုံကြွေ့ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင် ဂုဏ်ချင်းဆိုင်သို့
ဆရာနှင့်ပင် အာဏာပြိုင်ခဲ့။

ငါနှင့်ငါ့ဆရာ အာဏာမြဲရေး
ရှင်လူတကာ ဘဝအဖုံဖုံ
ပျက်ခဲ့တုံလည်း
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
ငါ့အာဏာကား မကြာချက်ချင်း
ပြိုပျက်ယွင်းခဲ့။

ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို ဟိုတချိန်က
ငါသာငါထက် မာန်ကိုတက်၍
နှိပ်စက်ကလူ ငါပြုခဲ့သမျှ
လက်အုပ်ချီမိုး မာန်ကိုချိုး၍
တိုးလျှိုးဝပ်စင်း တောင်းပန်နှင်းသည်
ရှင်လူတကာ သည်းခံပါလော့။

အာဏာကိုလိုသူက တပည့်တော်၏ဆရာ
လမ်းညွှန်အမိန့်ပေးသူက ဘုရားတပည့်တော်
အထက်အမိန့်အရဟူ၍ ထင်တိုင်းကြဲကာ
ပြည်သူကို နှိပ်စက်ခဲ့ကြသူများက
တပည့်တော်၏ နောက်လိုက်နောက်ပါများ
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်
ဘုရားတပည့်တော်နှင့်တကွ
နောက်လိုက် နောက်ပါ အဖွဲ့သားများလည်း
ထောင်နန်းစံ၍ ဘဝတွေလည်းပျက်ခဲ့ပြီးပါပြီ။

ဗိမ္မိသာရကိုသတ်သူက အာဏာပါးကွက်သားများ
အမိန့်ပေးစေခိုင်းသူက သားတော်အဇာတသတ်
နောက်ကွယ်က ကြိုးကိုင်သူက ရှင်ဒေဝဒတ်
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်လည်း
ဒေဝဒတ်နှင့် အဇာတသတ် ဆရာနှင့် တပည့်သည်လည်း
လောဟကုမ္ဘိငရဲမှ ပြေး၍မလွတ်ပါဘုရား။
တနေကွယ် သေနယ်သို့တချိန်ကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တချိန်သွားရမယ်
တားမရဘူး။

နတ်ပြည်တဝင်းဝင်း
ဝက်စားကျင်းတရှုပ်ရှုပ်
ယမပြည် တိုးမပေါက်အောင် စည်သော်ငြားလည်း
မြို့နန်းတည် ဘုရားဒါယကာမင်းတရားသော်မှ
အကုသိုလ်များခဲ့လျှင်
သစ်ကြမ်းပြင် သံမှိုရိုက်သွင်းသကဲ့သို့
ယမမင်းခေါ်သံကြားရင်ဖြင့်
ငရဲသို့လားရမည်
မုချမလွဲ။

နေရဲနီ

...ရေဝေးသုဿန်သမိုင်းကို ရိုက်ချိုးခဲ့သော ပြည်သူ့ဈာပနပွဲ...



...ရေဝေးသုဿန်သမိုင်းကို ရိုက်ချိုးခဲ့သော ပြည်သူ့ဈာပနပွဲ...


၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်တွင် သံမဏိစိတ်ဓါတ်နှင့်လူသား ဟု တင်စား ခေါ်ဝေါ်နေကြသော ဟံသာဝတီ ဘဘ ဦးဝင်းတင် ၏ ဈာပနအခမ်းအနား အစီအစဉ်ပြုလုပ်ရန် ရန်ကုန်ဆေးရုံကြီး အဆောင် ၅/၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ ဦး ဆောင်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား ရေဝေးသုသာန်သို့ သယ်ဆောင်ခဲ့ရာတွင် ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြက်ကြီးအား ဦးခိုက်ပြီး ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် စက္ကန့်ပိုင်းမျှ ရပ်နား၍ ရေဝေးသုသာန် အအေးခန်းသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ကြီးဖြင့် ပို့ဆောင်ပေးခဲ့သည်။

ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည့် အစီအစဉ်နှင့် ဂူသွင်းမည့်နေရာအား ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့နှင့် ကာယကံရှင် မိသားစုတို့မှ ညှိနှိုင်းဆောင်ရွက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူများတို့သည် အသင်းရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အသင်းရုံး ချုပ်သို့ရောက်သည်နှင့် တပြိုင်နက်တည်း ဘဘ ဦးဝင်းတင် ၏ ဈာပနတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ယူဆောင်ရွက်မည့် နိဗ္ဗာန်ယာဉ်၊ Cool Box ၊ အုတ်ဂူမြေနေရာကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပြီး ဘဘ၏ ရုပ်ခန္ဓာအား ထည့်သွင်းနိုင်ရန် အခေါင်းသေတ္တာများအား မိသားစုဝင် များတို့မှ ရွေးချယ်မှုပြုလုပ်ရာတွင် ဘဘ၏ ခန္ဓာကိုယ် အချိုးအစား၊ အတိုင်းအထွာအရ ကျွန်တော် ကိုယ်တိုင် ဝင်ရောက်စေကာ တိုင်းထွာပြခဲ့ပြီး ရိုးရှင်းမှုသာနှစ်သက်သည့် ဘဘအတွက် သာမန်ကျွန်း အခေါင်းသာ ရွေးချယ်အသုံးပြုခဲ့သည်။

ယနေ့ ၂၃.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ထားသော ဘဘ ဦးဝင်းတင် အား လွမ်းဆွတ်အောင့်မေ့ခြင်း၊ လွမ်းသူ့ပန်းခြင်းများအား ပြည်လမ်းရှိ ယုဒသာန်ခန်းမသို့ ပို့ဆောင်ပေးခြင်း၊ ဂရပ်ဖတီ အာကာကျော် တစ်ညအတွင်းအပြီး ရေးဆွဲထားသော ဘဘဦးဝင်းတင်၏ ပန်းချီကားအား ယုဒသာန်ခန်းမသို့ ပို့ ဆောင်ခြင်း၊ ဘဘ၏ ရုပ်ခန္ဓာအားသယ်ဆောင်မည့် နိဗ္ဗာန်ယာဉ်တွင်လည်း ဘဘ၏ ပန်းချီကားချိတ် ဆွဲခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင် များမှ ဈာပနအခမ်း အနားသို့ တက်ရောက်လာမည့် ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့အတွက် အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန် လူနာတင်ယာဉ်နှစ်စီးဖြင့် ရေဝေးသုသာန်တွင် တာဝန်ချစေလွှတ်ထားခြင်း၊ ရွှေစင်စကြာင်္ ခရီးသွားမော်တော်ယာဉ်လိုင်းမိသားစုမှ ထုတ်လုပ်ဖြန့်ချီ လှူဒါန်းသော 600 ML ကျော် လွှားသောက်ရေသန့်ဘူး (၃ဝဝဝ) အား ဘဘ ဦးဝင်းတင် ၏ ဈာပနသို့ လိုက်ပါပို့ဆောင်သူများအား ဝေငှပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ထို့နောက် နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်မှ ရေဝေးသုသာန်သို့ နိဗ္ဗာန်ယာဉ်ကြီး မောင်းနှင်ခဲ့တော့သည်။

ဈာပနပို့ဆောင်လာကြသော ကြက်ပျံမကျများပြားလှသည့် မိဘပြည်သူလူထုနှင့် မော်တော် ယာဉ်များပိတ်ဆို့နေသည့် လမ်းကြောင်းအတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ရာ ရေဝေးသုသာန် ခန်းမ (၁/က) အရောက်တွင် နိဗ္ဗာန်ယာဉ်ကြီးသည် စက်သေ၍ ထိုးရပ်သွားခဲ့ပြီး ဆက်လက်မောင်း နှင်၍ မရချေ။ စက်ပြင်များခေါ်ယူ၍ ပြင်ဆင်သော်လည်း မော်တော်ယာဉ်ကြီးမှာ မည်သို့မျှ ပြန်လည် စက်နှိုး၍ မရချေ။ ထိုအချိန်သည်ကား နေ့လည် (၃းဝဝ) နာရီအချိန်ဖြစ်နေပေပြီ။ ဘဘ၏ ရုပ်ခန္ဓာအား ဂူသွင်းမည့် အုပ်ဂူသို့ ပို့ဆောင်ရမည့်အချိန်မှာ ညနေ (၅းဝဝ) နာရီဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်တစီးအား ထပ်မံစေလွှတ်၍ ဘဘဦးဝင်းတင်၏ ရုပ် ခန္ဓာအား အချိန်မှီမော်တော်ယာဉ်၍ ဂူသွင်းမည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။

ေaရဝေးသုသာန်၌ ပူပြင်းလှသော ရာသီဥတုကြောင့် မူးမေ့သွားသော အမျိုးသမီးလူနာနှစ်ဦးအား အရေးပေါ်လူနာတင် ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဈာပနအခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ကျောင်းသား လူငယ်၊ ပြည်သူလူထု၊ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့များအား ဓါတ်ဆားဖျော်ရေများ ဖျော်၍ဝေငှပေးခဲ့ သည်။

ထို့အပြင် မြန်မာနိုင်ငံတွင်ပြုလုပ်သော သာရေး/နာရေး အခမ်းအနားများ၊ တွေ့ဆုံပွဲများ၊ လူထု အစည်းအဝေးပွဲများတွင် မြန်မာပြည်သူလူထု အများစု သတိမထားမိသော အကျင့်ပါနေသော စွန့်ပစ် အမှိုက်များကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် မှဦးဆောင်၍ အမှိုက်များအား လိုက်လံကောက် သိမ်းပေးခြင်းတို့လည်း ပြုလုပ်ခဲ့သည်။

ထိုမျှစည်ကားလှသော တစ် ကြိမ်တစ်ခါမှ မတွေ့မကြုံဖူးသော၊ နိုင်ငံ့အကျိုးသယ်ပိုးသော၊ နိုင်ငံအပေါ်သစ္စာရှိရှိ ပြည်သူအကျိုးလို လားသော၊ အမှန်တရားဘက်က ရပ်တည်သော၊ အကြောက်တရားမရှိသော သံမဏိစိတ်ဓါတ်လူသား ဟံသာဝတီ ဘဘ ဦးဝင်းတင်၏ နောက်ဆုံးဈာပန အခမ်းအနားကြီးတွင် နိုင်ငံတော်တာဝန်ရှိသူများ၊ လူကြီးများအား လုံးဝ(လုံးဝ) မတွေ့ရှိရခြင်းမှာ အင်မတန်မှ ထူးခြားနေလေသည်။ ထိုလူကြီးများ အမှန် တရားအား မချစ်မြတ်နိုး၍လား..?၊ အမှန်တရားချစ်မြတ်နိုးသူ၏ မျက်နှာအားမကြည့်ဝံ့၊ မမြင်ဝံ့၊ ရင် မဆိုင်ဝံ့၍လေလား..? တော့မသိပေ။

မော်တော်ယာဉ်တန်းများ၊ လူစုလူဝေးများအား စနစ်တကျ လိုက် ပါပို့ဆောင်နိုင်ကြရန် နှိုးဆော်ခြင်းအား ပြည်သူလူထုနှင့် ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတို့မှ မိမိတို့၏ ကိုယ်ပိုင် အသိစိတ်ဓါတ်တို့ဖြင့် ဦးဆောင်ပြုလုပ်သော အောင်မြင် စွာပြီးဆုံးခဲ့သော ဈာပနပွဲကြီးဖြစ်သည်။ ထိုဈာပနပွဲကြီးအပြီးတွင် ကျွန်တော် အတွေးတစ်ခုရလိုက် သည်။

သံမဏိစိတ်ဓါတ်သူသားကြီး ဟံသာဝတီ ဘဘဦးဝင်းတင် တစ်ယောက် ကျွန်တော်တို့ ပြည်သူ လူထု၊ ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်းများအား စိတ်မချ၍များ ကျွန်တော်တို့၏ နိဗ္ဗာန် ယာဉ်ကြီး ရေဝေးသုသာန်မှ ဂူသွင်းရာနေရာသို့ မောင်းနှင်၍ မရခြင်းများလား၍ပင်ဖြစ်သည်။

ကျွန် တော်သည် ဘဘ ဦးဝင်တင် အား တိုင်တည်ကတိပေးလိုက်မိသည်။ “ဘဘ၏ ခိုင်မာပြတ်သားသော စိတ်ဓါတ်၊ တည်ကြည် သန့်ရှင်းသော ရဲသွေး၊ အမှန်တရားအား အကြောက်တရားမရှိ ရင်ဆိုင်နိုင်သော စိတ်ဓါတ်၊ အများအကျိုးအတွက် စည်းလုံးညီညွတ်စွာ ဦးဆောင်နိုင်သော ခွန်အားတို့သည် ကျွန်တော် တို့နှင့်အတူ ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့၏ အသွေးထဲအသားထဲစီးဝင် ရှင်သန်နေသည်ကို ဘဘ၏ ဈာပန အခမ်းအနား၍ သက်သေပြုသွားနိုင်သည်ဟုပင် ဖြစ်တော့သည်။

ရေဝေးသုဿန်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ ဤမျှလောက်စည်ကားမှုကိုကား မမြင်မတွေ့မိ ချေ။ ထို့ကြောင့် ရေဝေးသုဿန်သမိုင်းအား ရိုက်ချိုးခဲ့သော ပြည်သူများ၏ ကြေကွဲစွာဖြင့် သူရဲကောင်း ၊ ပြည်သူများ၏ စံပြအာဇာနည်ကြီး၏ ပြည်သူ့ဈာပနပွဲဟူ၍ ဂုဏ်ပြုဦးညွှတ်လိုက်ရပါတော့သည်။

ေေ

ကျော်သူ

စစ်အစိုးရ အကြောက်ဆုံးလူ သံမဏိလူသား ဘဘဦးဝင်းတင် ဈာပန နောက်ဆုံးမြင်ကွင်းများ..

ဘဘဦးဝင်းတင်ရဲ့ ဈာပန နောက်ဆုံးမြင်ကွင်းများ.. 
ဓာတ်ပုံ ကိုမျိုးမြန်မာစာ၊ Zay Yar Latt

ဘဘဦးဝင်းတင်အတွက် Free Burma Campaign (South Africa) ဝမ်းနည်းကြောင်း သဝဏ်လွှာ..

From People of South Africa to People of Burma

STATEMENT ON PASSING OF U WIN TIN


On the passing of Sayyar U Win Tin the Free Burma Campaign (South Africa) wishes to extend it’s heartfelt condolences to his family, Daw Suu, his friends, his comrades, the National League for Democracy and to all the peoples of Burma to whom he dedicated his life.

We would like to give examples from South Africa to illustrate to the world what sort of person he was.

Prominent social activist and veteran of the anti-apartheid struggle, well known education researcher Salim Vally remarked upon learning of U Win Tin passing away:

“Sad indeed. He remained principled and courageous to the end.”

A very famous South African is Ela Gandhi. Ela Gandhi is not only a granddaughter of Mahatma Gandhi but also played a prominent role in the struggle against apartheid. She was banned and spent almost nine years under house arrest. Ela Gandhi was very impressed when she heard the story of how U Win Tin continued to wear his blue prison shirt after his release from prison in solidarity with those still imprisoned and that he refused to return it when prison authorities demanded it back. She said:

“What a wonderful person he is. Such dignity and courage! We pray for [him].”

U Win Tin’s determination to continue to wear his prison shirt in solidarity with those still inside reminds us of a famous incident in Nelson Mandela’s imprisonment. When he was he refused  to wear the regulation prison short pants that African prisoners had to wear and when the authorities allowed him to wear long pants but not the other prisoner he continued to refuse until all the prisoners were allowed to wear long pants.

The example of Sayyar U Win Tin reminds us of Nelson Mandela.

We hope that the younger generation of activists learn from his example and become like him. We think that is the best way that they can honour his memory and help build a peaceful and prosperous Burma.

As we say in South Africa:

“Hamba Kahle1, U Win Tin” (“Go in Peace, U Win Tin”)


Dated 23the April 2014

Free Burma Campaign (South Africa)

ဓာတ်ပုံ... ချမ်းမြေ့ဦး

အာဏာရှင်ကို ဒူးမထောက် အညံ့မခံခဲတဲ့ ဘဘဦးဝင်းတင်ရဲ့ နောက်ဆုံးခရီးမြင်ကွင်းများ..

အာဏာရှင်ကို ဒူးမထောက် အညံ့မခံခဲတဲ့ ဘဘဦးဝင်းတင်ရဲ့ နောက်ဆုံးခရီးမြင်ကွင်းများ..

ဓာတ်ပုံ Zay Yar Latt

ကမ္ဘာက စောင့်ကြည့်နေကြတဲ့ ဈာပနအခမ်းအနားကြီး...


ကမ္ဘာက စောင့်ကြည့်နေကြတဲ့ ဈာပနအခမ်းအနားကြီး...

ပြောကိုမပြောချင်ဘူး။ လူတွေအယူသည်းတတ်ပုံများဗျာ။ ကျော်သူတို့ လင်မယားရယ် ဆရာမရယ် ကို နာမကျန်းဖြစ်နေတဲ့သူကို နေအိမ်၊ ဆေးရုံများမှာ လူနာသတင်းမေးသွားရင် နှာခေါင်းရှုံ့ကြခြင်း၊ အ တင်းပြောကြခြင်း၊ မေးငေါ့ကြခြင်း စသည့် မလိုလားသော အရိပ်သဏ္ဍာန်များဖြင့် ဆီးကြိုတတ်ကြသည်။ တချို့ဆိုလျှင် "ဟာ…. ဟင်…. ဟယ်…. အို… ရပါတယ်၊ နေကောင်းပါတယ်။ ကျန်းမာလာပါပြီ ဒီတော့ မ လာပါနဲ့။ မလိုပါဘူး။ ကျေးဇူးတင်ပါတယ်" ဟူ၍ ဆီးကြိုကာပိတ်ပင်မှု၊ တားဆီးမှုတို့ဖြင့် ဦးစွာကိုယ်တိုင် ကြုံတွေ့ခဲ့ရပြန်သည်။

ထိုကဲ့သို့ ပြောဆိုကြသော အယူသည်းတတ်သော လူများသည် အကယ်၍များ ထိုမကျန်းမာသော လူနာသည် ဘဝတစ်ပါးသို့ ပြောင်းသွားပြီဆိုပါက “အကို… ညီလေး… ဦး… အဘ ကယ်ပါဦး… တစ်ခါမှ အတွေ့အကြုံမရှိလို့ပါ။ နာရေးကိစ္စတွေ မလုပ်တတ်လို့ပါ။ သင်္ဂြိုဟ်ပေးပါဦး။ စရိတ် မတတ်နိုင်လို့ပါ။ စည်စည်ကားကားလေး ဖြစ်အောင်လုပ်ပေးပါ။ ကားအကောင်းစားကြီးနဲ့ လုပ်ပေးပါ။ အ လှူငွေတွေ အများကြီး လာရောက်လှူဒါန်းပါဦးမယ်" စသည့် စကားများကိုလည်း ပြောတတ်သေးသည်။ ဈာပနအခမ်းအနား ပြီးဆုံးသွားသောအခါ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားစွာ နိဗ္ဗာန်ယာဉ် အကောင်းစားကြီး အား တောင်းဆိုခဲ့သူတစ်ချို့တို့သည် ငွေအများကြီး လှူဒါန်းဖို့နေနေသာသာ ပျောက်ခြင်းမလှ ပျောက်သွား ကြသူများ၊ ကိုယ်ယောင်ဖျောက်သွားကြသူများ၊ ကိုယ်ပျောက်ပညာစွမ်း တတ်မြောက်ထားကြသည့်အလား ပျောက်ခြင်းမလှ ပျောက်ဆုံးသွားကြသည်ကိုလည်း အကြိမ်ကြိမ် အဖန်ဖန် ကြုံတွေ့ခဲ့ရဘူးသည်။ ဤသည် တို့ကား သဘာဝတရားတစ်ခုလို့ပင် ဆိုရမလို ဖြစ်နေတော့သည်။

ထိုကဲ့သို့ အယူသည်းသောသူများ၊ အုပ်စုများထဲတွင် ယနေ့ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်ခန့်က ဘဝတစ်ပါးသို့ ပြောင်းလဲသွားရရှာသော ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ၏ မိသားစုအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ မိတ်ဆွေသင်္ဂဟများ၊ လက်တွဲဖော်/ဖက်များ မပါ ဝင်ခဲ့သည်ကို ကျွန်တော်လက်တွေ့ သိရှိခဲ့ရသည်။ အကြောင်းမှာ ဘဘဦးဝင်းတင် ထောင်မှ လွတ်လာ သည့်အချိန်မှစ၍ ထောင်ဝတ်စုံ အပြာနုရောင်ကို စဉ်ဆက်မပြတ် ဝတ်ဆင်ထားမှု၊ ဘဘဦးဝင်းတင် ၏ မ ပြောင်းလဲသော ခံယူချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအပြင် အကြောက်တရား လုံးဝမရှိသော သံမဏိ လူသားတစ်ယောက်အဖြစ်၎င်း၊ ဘဘ၏ အစဉ်အမြဲ ပြုံးယောင်သမ်းနေသောနှုတ်ခမ်း၊ အကြင်နာ တရားလွမ်းခြုံနေသော မျက်ဝန်းတို့ကြောင့်၎င်း ကျွန်တော်ပြင်ပတွင် လူချင်းမဆုံဆည်း ခဲ့စဉ်ကတည်းက လေးစားမိသည်။ ချစ်ခင်မိသည်။ ဂုဏ်ယူမိသည်။ အားကျမိသည်။

ထိုကဲ့သို့ ကျွန်တော် လေးစားဂုဏ်ယူ အားကျခဲ့သော သံမဏိလူသား သူရဲကောင်းကြီးအား ကျွန်တော်နောက်ပိုင်းတွင် လူချင်းဆုံတွေ့ခွင့် ရရှိ သော သာရေး/နာရေး အခမ်းအနားများတွင် ထိုသံမဏိလူသားကြီးသည် ကျွန်တော်သူ့အား လေးစား ဂုဏ်ယူ ချစ်ခင်သကဲ့သို့ ကျွန်တော့်အားလည်း သူသည် လေးစားဂုဏ်ယူ ချစ်ခင်ခဲ့သူဖြစ်ကြောင်း ကျွန် တော်သိရှိခဲ့ရသည်။ တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာ ဆိုသလို မေတ္တာတရားများ ရောင်ပြန်ဟပ်ခြင်း ပင် ဖြစ်တော့သည်။

ထိုသံမဏိလူသားကြီးသည် ကျွန်တော့်အား တွေ့တိုင်း မြင်တိုင်း စိတ်ဓာတ်မကျရန် ကိုယ့်အလုပ် ကိုယ်လုပ်ရန်၊ အစဉ်အမြဲ သတိပေးစကား၊ အားပေးစကား၊ ချီးကျူးစကားများကို ပြောတတ် သေးသည်။ ကျွန်တော်ရေးသားခဲ့သော "ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်" စာအုပ်မိတ်ဆက်ပွဲတွင်လည်း နေထိုင်မကောင်းသည့်ကြားမှ တက်ရောက်ခဲ့ကာ သံမဏိလူသားကြီးသည် "သမ္မတဖြစ်ချင်တယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ယှဉ်ပါတယ်။ ကိုကျော်သူက သူသမ္မတဖြစ်ခဲ့ရင်လို့ဆိုတာ၊ ဖြစ်ချင်တာ မဟုတ်ပါဘူး။ သူဖြစ်ခဲ့ရင် တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကို ဘယ်လိုဖြည့်ဆည်းပေးမယ်လို့ ဆိုလိုတာပါ။ သူသာသမ္မတဖြစ်ခဲ့ရင် ဆိုတာကတော့ မေတ္တာ၊ မုဒိတာ၊ ဂရု ဏာနဲ့ယှဉ်ပါတယ်။ ဒီလိုဆိုရင်တော့ အဲဒီကိစ္စဟာ အင်မတန်ကောင်းမြတ်တဲ့ ရည်ရွယ်ချက်ပါလို့ ကျွန် တော် ရဲရဲကြီး ဆိုလိုချင်ပါတယ်" ဟု အသိပေးစကား ဂုဏ်ပြုစကားများ ပြောကြားခဲ့ဘူးသည်။

၂ဝ၁၄ ခုနှစ် မဟာသင်္ကြန်မတိုင်ခင် ကာလအချိန်တွင် ဘဘဦးဝင်းတင် ကျန်းမာရေးဆိုးဝါးလာ၍ ဆေးရုံတက်ရကြောင်း ကျွန်တော်တို့သိရှိခဲ့သည်။ ဆေးရုံတစ်ရုံပြီး တစ်ရုံပြောင်းနေရကြောင်းလည်း ကျွန် တော်တို့သိရသည်။ နည်းနည်းနေကောင်းလာလိုက်၊ နေပြန်ဆိုးဝါးလိုက် စသည့် နေ့စဉ်ဖြစ်ပေါ်နေသော ကျန်းမာရေးဖြစ်စဉ်များကိုလည်း ကျွန်တော်တို့ သိရှိနေရသည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး ထိုဖြစ်ရပ်များ၊ ထိုဖြစ်စဉ်များ အားလုံးကိုသိရှိ ကြားသိနေရသော်လည်း ကျွန်တော်တို့၏ ခံစားမှုများ၊ ဝမ်း နည်းမှုများ၊ စိုးရိမ်မှုများအား ရင်တွင်း၌ မြိုသိပ်ကာ ဘဘဦးဝင်းတင် ထံသို့သွားရောက် သတင်းမေးချင် သည့် ခြေလှမ်းများကို ထိမ်းချုပ်ထားရတော့သည်။ အဘယ့်ကြောင့်ဆိုသော် အထက်တွင် ဖော်ပြရေးသား ခံစားခဲ့ရသော အယူသည်းမှု လူသားများအား စိတ်ဆင်းရဲခြင်း ဒုက္ခမပေးလိုခြင်းကြောင့်ပင်ဖြစ်သည်။

ထို့ ကြောင့် ကျွန်တော့်ဇနီး ရွှေဇီးကွက်မှ သူမ၏ Facebook စာမျက်နှာပေါ်တွင် သူ၏ခံစားချက်အား "ကျွန်မ တို့က နာရေးကူညီမှုအသင်း လုပ်ဆောင်နေသူတွေဖြစ်လို့ နေမကောင်းတော်တော်ဖြစ်နေတဲ့ ဘဘ ဦးဝင်းတင်ကို သိပ်ပြီးသွားမေးချင်ပေမယ့် မမေးရဲ၊ မမေးရက်ဘူးဖြစ်နေတာပါ။ ဘာပဲဖြစ်ဖြစ် ဘဘကို ကတိ တစ်ခု ပေးနိုင်တာကတော့ ဘဘချစ်တဲ့ မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေကို ဘဘရဲ့ သံမဏိစိတ်ဓာတ်မျိုးနဲ့ ဘဘလိုပဲ ရာသက်ပန် သယ်ပိုးသွားမယ်ဆိုတာကို ဘဘကို ချစ်မြတ်နိုး ရိုသေစွာ ကတိပေးလိုက်ပါတယ်။ ကျော်သူ+ရွှေဇီးကွက်" ဟု ရေးသားခဲ့သည်။

ထိုအခါ သူမ၏ Facebook စာမျက်နှာပေါ်တွင် Comments များ ချက်ချင်းတက်လာတော့သည်။ Like လုပ်သူများလည်း များစွာပေါ်လာသည်။ Comments များထဲ တွင် ဆေးရုံသို့သွားရန်၊ ဘဘကျန်းမာရေးအား မေးမြန်းရန် စသည့် တွန်းအားများ များစွာပါလာခဲ့သည်။ ထိုတွန်းအားများထဲတွင် ဘဘဦးဝင်းတင်၏ ဆွေမျိုးများမှလည်း ဆေးရုံသို့ လာရောက်မေးမြန်းရန် ရေး သား ထားမှုများ ပါဝင်လာသည်။ ထို့အပြင် တယ်လီဖုန်းများဖြင့် ကျွန်တော့်ဇနီး ထံသို့၎င်း၊ ကျွန်တော့်ထံသို့ ၄င်း ဆက်သွယ်၍ ဆေးရုံသို့သွားရောက်ရန် တိုက်တွန်းနှိုးဆော်မှုများလည်း ရှိခဲ့သည်။ ထို့အပြင် လူကြုံနှင့် လည်း ပြောကြားသည်ကိုလည်း ကြုံတွေ့ခဲ့ရသည်။

ထိုကဲ့သို့သော တွန်းအားများကြားထဲတွင် ကျွန်တော် တို့သည် ဘဘထံသို့ သွားရေး၊ မသွားရေး လွန်ဆွဲနေချိန် HIV လူနာများအား ကူညီစောင့်ရှောက်မှု ဂေဟာ ဖွင့်လှစ်ထားသော NLD မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းမှ ကျွန်တော့်ထံသို့ ဖုန်းဆက်ကာ "ကိုကျော်သူ ဘဘဆီကို မလာဘူးလား။ ဘဘက သတိရတိုင်း ကိုကျော်သူကို မေးမေး နေတယ်" ဟူသော စကားအား ကြားသိလိုက်ချိန် ကျွန်တော့်၏ ဇနီးရွေဇီးကွက်နှင့် ဆရာမသန်းမြင့်အောင် တို့ကလည်း ဆေးရုံကိုသွားပြီး ဘဘကို သွားကြည့်ပါစို့ ဟု လာရောက်ပြောကြားမှုကြောင့် ကျွန်တော် အား တင်း၍ ဆေးရုံသို့ရောက်ရှိ သွားခဲ့တော့သည်။

ကျွန်တော်တို့ ဇနီးမောင်နှံနှင့် ဆရာမတို့ (၃) ဦး ဆေးရုံသို့ ရောက်ရှိသောအခါ ဘဘ ဦးဝင်းတင်၏ ဆွေမျိုးများနှင့် ဆေးရုံတွင်ရောက်ရှိနေကြသော ဘဘ၏ မိတ်ဆွေ များက ကျွန်တော်တို့အား နားလည်မှုပြည့်ဝစွာဖြင့် ကြိုဆိုကြကာ ဘဘအား ထားရှိရာ ICU ခန်းမထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် ဘဘ၏ကုတင်ဘေးသို့ အနီးကပ်သွားရောက် အားပေးမှုပြုရန်အတွက် တစ်ဦးချင်း၊ တစ်လှည့်စီ၊ ပိုးသတ်ထားသော ဝတ်စုံအားဝတ်ဆင်၍ ဝင်ရောက်တွေ့ဆုံခဲ့ရသည်။ ကျွန်တော် တို့ (၃) ဦးစလုံး ဘဘဦးဝင်းတင်အား ဂါရဝပြု ကန်တော့ခဲ့ကြသည်။ ထိုစဉ်က ဘဘ၏မျက်လုံးများသည် လည်နေခြင်း၊ အားစိုက်၍ စူးစိုက်ကြည့်ရှုခြင်း၊ စကားများပြောသော်လည်း ပြောမထွက်လာခြင်း စသည့် ဝေဒနာများ ခံစားနေရသည်ကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရသည်။

ကျွန်တော်တို့၏ ဝမ်းနည်း၊ ပူဆွေးမှု သောကများအား ဟန်ဆောင်မျက်နှာဖုံးများတပ်၍ ဆေးရုံမှ ပြန်လည်ထွက်ခွာခဲ့ရတော့သည်။
ယခု ဘဘဦးဝင်းတင် ဆုံးပါးသွားပြီ။ ဘဝတစ်ပါးသို့ ပြောင်းသွားပြီ။ သံမဏိလူသားကြီး တစ်ခြား ဂြိုလ်ကမ္ဘာသို့ ရောက်ရှိသွားပြီဖြစ်သည်။ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီမထိုးခင် ကျွန်တော် အင်တာနက်ကြည့်ရှုစဉ် ဘဘဦးဝင်းတင် ဆုံးသွားပြီဟူသော စာပေါ်လာသည်။

ကျွန်တော် မယုံကြည်နိုင်၊ ထို့ကြောင့် မဖြူဖြူသင်းထံသို့ ဖုန်းဆက်ကြည့်ရာ ကိုရာဇာမှ ငိုသံပါကြီးနှင့် ဘဘဦးဝင်းတင် ဆုံးသွားပြီ ဟူ၍ အတည်ပြုချက် ရခဲ့သည်။ ရှေ့ဆင့်နောက်ဆင့် ဆိုသလို တယ်လီဖုန်းများ ဝင်လာတော့သည်။ ဘဘ ၏ ရုပ်ခန္ဓာအား ချက်ချင်း ရေဝေးအအေးခန်းသို့ ပို့ဆောင်ပေးရန်အတွက် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နိဗ္ဗ္ဗာန်ယာဉ်ကြီးအား အမြန်ထွက်ခွာရန် ပြောကြားခဲ့ပြီး အသင်းသို့ နံနက်အစောပိုင်း ရောက်ရှိနေကြသော အသင်းသား/သူများစုစည်း၍ ရန်ကုန်ဆေးရုံကြီးသို့ ချီ တက်ခဲ့တော့သည်။

ဆေးရုံကြီးအအေးခန်းသို့အရောက် အအေးခန်းပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်နေ သည်။ ကျွန်တော့်ထံသို့ ဖုန်းဝင်လာသည်။ “ဘဘဦးတင်ဦးတို့အဖွဲ့တွေ ရန်ကုန်ဆေးရုံကြီး ၅/၆ အဆောင် အပေါ်ထပ်တွင် အစည်းအဝေးလုပ်နေတယ်။ ဘဘဦးတင်ဦးက ကိုကျော်သူ ခေါ်ခိုင်းတယ်။” ဟူ၍ ပြော ကြားသောကြောင့် ကားတစ်စီးဖြင့် ချက်ခြင်းလိုက်သွားတော့သည်။ အစည်းအဝေး ပြုလုပ်နေသော အခန်း ထဲတွင် ဘဘဦးတင်ဦး၊ ဦးအေးသာအောင်၊ ဦးမိုးသူ၊ ဦးစိုးဝင်း၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ စသည့် နိုင်ငံရေးအဖွဲ့အစည်းမှ သူတစ်ချို့နှင့် ဘဘ၏ ဆွေမျိုးသားချင်းတို့အား တွေ့ဆုံကာ ဈာပနအခမ်းအနား ကိစ္စရပ်အသီးသီးတို့အား ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ကွယ်လွန်သူ ဘဘဦးဝင်းတင်၏ ကျန်ရစ်သော ရုပ်ခန္ဓာအား ၂၃.၄.၂ဝ၁၄ မွန်းတည့် (၁၂းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအချိန်အထိ ရေဝေးသုဿန်ခန်းမ (၁/က) တွင်ထားရှိပြီး နိုင်ငံရေး အဖွဲ့ အစည်းများ၊ ပြည်သူလူထုများ၊ ကျောင်းသားလူငယ်များ လာရောက်၍ နောက်ဆုံးဂါရဝပြု ဦးညွှတ်ကြရန် စီစဉ်ထားရှိပြီး ညနေ (၅းဝဝ) နာရီအချိန်တွင် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား နိဗ္ဗ္ဗာန်ယာဉ်ပေါ်သို့ သယ် ဆောင်၍ ဂူသွင်းသင်္ဂြိုဟ်မည့် နေရာသို့ သယ်ယူပို့ဆောင်မည်ဖြစ်သည်။

ထိုနေ့သည်ကား မြန်မာပြည်သူ/သားများ၊ နိုင်ငံရေးအဖွဲ့အစည်းများအတွက် အလွန်အရေးကြီး သော နေ့ရက်ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ကာလများတွင် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရ သော နိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်ကြီးများ၊ သာသနာပြု ဆရာတော်ကြီးများ၏ ဈာပနအခမ်းအနားများတွင် ကျန်ရစ်သောသူတစ်ချို့၊ ဈာပနအခမ်းအနားတွင် လိုက်လံပို့ဆောင်ကြသော ပြည်သူလူထုတစ်ချို့၏ စည်း ကမ်းမဲ့၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ၊ ပူဆွေးသောကဒဏ်ကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အခေါင်းအား လက်သီးဖြင့်ထုခြင်း၊ လိုက်လံပို့ဆောင်သော နိဗ္ဗ္ဗာန်ယာဉ်အား လက်သီးဖြင့်ထိုးခြင်း၊ အလောင်းထည့်ထား သောအခေါင်းအား လုယူကြခြင်း၊ လူမြင်မကောင်းအောင် အော်ဟစ်ငိုကြွေးကြခြင်း စသည့် အကျည်းတန် စေသည့်ကိစ္စရပ်များ မလုပ်သင့်သော လုပ်ရပ်များ ကြုံတွေ့ခဲ့ရဘူးသည်။

ထို့အပြင် သေဆုံးသွားသူအား အသုံးချကာ အမြတ်ထုတ်ခြင်း၊ နာမည်ကြီးအောင် ခုတုံးလုပ်ခြင်း၊ ဆူပူမှုများဖြစ်အောင် လှုံ့ဆော်ခြင်း၊ သွေးထိုးမြှောက်ပင့်ခြင်းတို့နှင့် အချို့နာရေးပို့ဆောင်သူများထဲတွင် အရက်သောက်စားခြင်း၊ မူးယစ်ဆေး သောက်သုံးထားခြင်း တို့ကိုလည်း မြင်တွေ့ခဲ့ရဘူးသည်။ ထို့ကြောင့် ဘဘဦးဝင်းတင်၏ နောက်ဆုံးခရီး အား ပို့ဆောင်ကြသော နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ ကျောင်းသားလူငယ်များ၏ ဆန္ဒအရ စာ တမ်းဖတ်ကြားခြင်း၊ အမှတ်တရစကားများ ပြောဆိုခြင်း၊ ကဗျာရွတ်ဖတ်ခြင်းတို့အား ပြုလုပ်လိုပါက ရန်ကုန်မြို့၊ ပြည်လမ်း၊ မာလာဆောင်ရှေ့ ယုဒဿန်ရိပ်သာတွင် ဘဘဦးဝင်းတင် အမှတ်တရ ဂုဏ်ပြု အ ခမ်းအနား ပြုလုပ်ထားရှိပြီး ယင်းယုဒဿန်တွင် သွားရောက်ကာ ဂုဏ်ပြုဂါရဝပြုနိုင်ရန် စီစဉ်ထားရှိသည်။

အချုပ်ဆိုရသော် သံမဏိလူသားကြီး၏ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်း အခမ်းအနားအား ကမ္ဘာ့ နိုင်ငံအသီးသီးမှ စောင့်ကြည့်နေကြသည်။ ဒီမိုကရေစီလိုလားသော၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင် နေသော မြန်မာနိုင်ငံရှိ လူများသည် ဒီမိုကရေစီနှင့် တန်/မတန်ကို ကြည့်ရှုနေကြသည်။ ထို့ကြောင့် ထိုနေ့၊ ထိုအချိန်၊ ထိုနေရာတွင် ကျင်းပမည်ဖြစ်သော ဝမ်းနည်းဖွယ်ရာ၊ ဆုံးရှုံးမှုတစ်ရပ်ဖြစ်သော သံမဏိလူသား ကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်သူလူထုများ၊ ကျောင်းသားလူ ငယ်များ၊ နိုင်ငံရေးအသင်းအဖွဲ့များအနေဖြင့် လူ့စည်းကမ်း၊ လူ့ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ်များကို တစ်ဦးချင်း တစ်ယောက်ချင်း မိမိကိုယ်မိမိ စောင့်ထိန်းကြဖို့ အရေးကြီးဆုံးအချက်ပင် ဖြစ်တော့သည်။

အကယ်၍များ ထိုအခမ်းအနားတွင် လှုံ့ဆော်မှုများ၊ သွေးထိုးမှုများ၊ မြှောက်ပင့်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါက လည်း အားလုံးစည်းလုံးညီညွတ်စွာ ဝိုင်းဝန်းငြိမ်သက်အောင် ထိန်းသိမ်းကြဖို့လည်း လိုအပ်လှသည်။
ဗြဟ္မစိုရ်တရားလေးပါး လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲ အဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။

ငြိမ်းချမ်း၊ ငြိမ်သက်၊ နွေးထွေးသော အကြင်နာတရား လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ ဝမ်း နည်းဖွယ်ရာ ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
အေးချမ်း၊ တိတ်ဆိတ်ပြီး ဂရုဏာတရားများ လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ အနိစ္စတရား ကို ဖော်ကျူးသော ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
စည်းကမ်းရှိသော ဒီမိုကရေစီလွှမ်းခြုံထားသော ပြည်သူလူထုအားလုံး ပို့ဆောင်ကြသည့် သံမဏိ လူသားကြီး၏ ဂြိုလ်ကမ္ဘာတစ်ခုသို့ ထွက်ခွာသွားသော အခမ်းအနားတစ်ခုအဖြစ်သာ မြင်တွေ့လိုလှပေ တော့သည်။

(ကျော်သူ)

သံမဏိလူသား ဘဘဦးဝင်းတင်အတွက် ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ရဲ့ ဝမ်းနည်းမှတ်တမ်းများ..

သံမဏိလူသား ဘဘဦးဝင်းတင်အတွက် ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ရဲ့ ဝမ်းနည်းမှတ်တမ်းများ..