ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တနသာင်္ရီတိုင်း မြိတ်မြို့မှ ခိုးဝင်ဘင်္ဂလီ အန္တရာယ်..

 တနသာင်္ရီတိုင်း မြိတ်မြို့မှ ခိုးဝင်ဘင်္ဂလီ အန္တရာယ်..


ယခုရက်ပိုင်းအတွင်း 10 တန်းစာမေးပွဲဖြေသူများထဲတွင် admin များပါနေ
သည်ကတစ်ကြောင်း နိုင်ငံတကာတွင် စာမေးပွဲရှိသူများကြောင့် သတင်းနှင့်ပတ်သက်ပြီး ကျွန်မတို့အနေဖြင့်အနည်းငယ်ငြိမ်ချက်သားကောင်း
နေခဲ့ပါတယ်။ ဒါပေမယ့်သတင်းနှင့်တော့အဆက်သွယ်မပြတ်ခဲ့ပဲ..အားလုံးကို
သုံးသပ်ပြီး ရေးသားဖို့ စီစဉ်နေခဲ့တာပါ။ ကဲအခု လတ်တလောမြိတ်မှာ ဖြစ်နေ
တဲ့ ဘင်္ဂါလီများဝင်ရောက်လို့ လိုက်လံဖမ်းဆီးရတဲ့သတင်းလေးကနေစလိုက်
ပါမယ်။

ဘင်္ဂါလီများဟာမြိတ်မြို့ ကို တစ်လအတွင်း တစ်ရာကျော်ဝင်
ရောက်လာရာမှာအားလုံးနီးပါးကိုဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်.ပထမအ
ကြိမ်တုန်းက 41 ဦးကို ထောင်တစ်နှစ်ချလိုက်ပြီးဒုတိယအကြိမ်ဝင်ရောက်
လာတဲ့ 96 ဦးလောက်ကို လည်းဖမ်းဆီးရမိထားပြီး.. 25.3.2013 ရက်နေ့
တနင်္လာနေ့မှာ အမိန့် ချမှတ်မယ်လို့ သိရတယ်။
 
 ဘင်္ဂါလီတွေဒီလို ကျွန်မတို့
မြိတ်ကို တစ်ကြိမ်မက နှစ်ကြိမ်၊သုံးကြိမ်လောက်အထိဝင်ရောက်နေတာကို
News Of Myeik မှသုံးသပ်မိတာလေးတွေတင်ပြပါ့မယ်။ ( နှစ်ကြိမ်၊သုံးကြိမ်
ဟုသုံးနှုန်းရခြင်းမှာလည်းပြီးခဲ့သည့် 2012 နှစ်ကုန်ပိုင်းတွင်လည်း 78 ဦးကို
ဖမ်းဆီးရမိခဲ့တဲ့အတွက်ဖြစ်တယ်) ဒီလိုဝင်ရောက်နေတာကို သုံးသပ်ရရင်
ဖြင့်ရခိုင်ပြည်နယ် ရှိ ဒုက္ခသည်စခန်းများမှ စတင်သုံးသပ်ရပေမည်။ 
 
လုံခြုံရေးတင်းကျပ်စွာ ချထားတယ်ဆိုတဲ့ ရခိုင်ပြည်နယ် ကနေ ဒီဘင်္ဂါလီတွေလှေအစီး
လိုက် အစုလိုက်အပြုံလိုက်ဘာကြောင့် ထွက်လာနိုင်တာလဲ ? ဖွံ့ဆိုဒ်တွေနှင့်
ဖွဘွတ်တွေက ဖွထားတဲ့အတိုင်း ဘင်္ဂါလားဒေ့ရှ်ကနေ ရခိုင်ကိုခိုးဝင်၊ ရခိုင်က
နေ ထိုင်းကိုသွားဖို့ ဆိုတာဌက်ပျောသီးအခွံနွာသလိုဖြစ်နေမလား ?ကျွန်မတို့
စုံစမ်းထားသမျှတင်ပြရရင်.. ရခိုင်ပြည်နယ်နှင့် ဒုက္ခသည်စခန်းများတွင်လုံးဝ
နေနိုင်တဲ့အနေထားမရှိတော့ပြီဖြစ်တဲ့ ဘင်္ဂါလီများကို ရခိုင်ပြည်နယ်က ဌာန
ဆိုင်ရာတစ်ချို့ နှင့် လူပွဲစားများပူးပေါင်းကာ ဘင်္ဂါလီများကိုလွတ်ထုတ်နေ
တဲ့သတင်းတွေကြားရပါတယ်။  ထောက်လှမ်းရေးတွေ၊ အမှန်တရားကိုမြတ်
နိုးသူများ Action ယူလို့ရတယ်နော်..သတင်းတွေလှမ်းပိတ်ဖို့မဟုတ်ဘူး ။ )

အဲဒီမှာ နစက၊ လုံထိန်း၊လ၀က နှင့်တခြားလက်နက်ကိုင်သူတစ်ချို့လည်းပါ
နေတယ်လို့ သိရတယ်။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂါလီတွေ နည်းနိုင်သမျှနည်း
အောင်လုပ်မယ် တခြားပြည်နယ်တွေမှာ တာဝန်ပိချင်ပိပါစေ.. ဆိုတဲ့ရည်ရွယ်
ချက်လုပ်နေတာလို့ သိရတယ်။ ဘင်္ဂါလီတွေထွက်လာတဲ့လမ်းကြောင်းတစ်
လျောက်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျောက်လုံး မျက်စီမှိတ်ရူးချင်ယောင်
ဆောင်ကြတယ်။ လမ်းမှာတွေ့ တဲ့ ရေတပ်တွေကလည်း ဘင်္ဂါလီတွေကို
ဆက်လက်သွားနိုင်အောင်လွတ်ပေးကြတယ် လိုတဲ့အကူညီလည်းပေးကြ၊
ရည်ရွယ်ချက်ရှိရှိနှင့်ကိုလုပ်ကြတယ်လို့ သိရတယ်။တဖက်ကလည်း လူပွဲစား
များကိုစည်းရုံးပြီးသော်လည်းကောင်း၊ ခြိမ်းခြောက်ပြီးသော်လည်းလုပ်ခိုင်း
ကြတယ်လို့ သိရတယ်။ 
 
ဘင်္ဂါလီတွေထိုင်းကိုသွားနိုင်ဖို့ ငွေပေးရတာကလည်း
လူပွဲစားတွေမဟုတ်ပဲ နစက၊လုံထိန်း၊လ၀ကတွေကိုပေးရတယ်။ဒီအဖွဲ့တွေ
က လှေတွေစီစဉ်ပေးပြီး လှေပေါ်ကိုတင်လွတ်တယ်လို့ သိရတယ်။ ဒီလိုဖြစ်
ရပ်တွေကိုလုပ်နေကြတာကို ကျွန်မတို့ ဘိတ်က တာဝန်ရှိသူ၊ဌာနဆိုင်ရာတွေ
အာဏာပိုင်တွေတစ်ကယ်မသိရီုးအမှန်ပါ။ (တစ်ကယ်လည်း ကျွန်မတို့ ဘိတ်
ကိုပဲ ထိုင်းနိုင်ငံလို့ ထင်ပြီးဝင်နေတယ်လို့ မှတ်ထင်နေပါတယ်။တစ်ကယ်
တော့ ဒီဘင်္ဂါလီတွေဝင်ရောက်လာတာ ရည်ရွယ်ချက်ရှိသလို၊ နောက်ကွယ်က
ရခိုင်အဖွဲ့အစည်းတွေ၊ ဘိတ်က ကူညီတဲ့သူတွေရှိပါတယ်)ဌာနဆိုင်ရာတွေအ
နေနှင့်ကတော့ ၀င်လာတဲ့ ဘင်္ဂါလီတွေကိုဖမ်းကြ၊ ကူညီမိတဲ့သူတွေကိုလည်း
ဖမ်းဆီးစစ်ဆေးကြနှင့် အလုပ်အတော်ရှုပ်ခဲ့ကြတယ်လို့ သိရတယ်။ သုံးကြိမ်
လောက်အထိ ဆက်တိုက်ဝင်လာကြလို့ ဘိတ်မှာကူညီတဲ့သူတွေ၊ အချိတ်အ
ဆက်လုပ်တဲ့သူတွေကိုလည်း မိထားတယ်လို့ သိရတယ်။

ရခိုင်ကမ်းရိုးတန်း တစ်လျှောက်ကနေမြိတ်
အထိ ဘေးအန္တရာယ်ကင်းကင်း၊ လွတ်လွတ်လပ်လပ် ၀င်လာတာဘာကြောင့်
လဲ ? ပုစွန်ပိုက်လှေတစ်စင်းကိုတောင် အလွတ်မပေးပဲ လမ်းကနေဒီဇယ်တွေ
တောင်းတတ်တဲ့ မြန်မာ့ဆီတပ်မတော်က ရော ဒီဘင်္ဂါလီတွေအစုအပြုံလိုက်
ဝင်လာတာ ဘာကြောင့်လွတ်လိုက်တာလဲ? ကမ်းခြေစောင့်တွေ၊ပင်လယ်ပြင်
စိုးမိုးရေးတွေ၊ မမြင်ကြဘူးလား ? မြိတ်ကို မှဘာကြောင့်တန်းပြီးဝင်လာကြ
တာလဲ ? ဘင်္ဂါလီတွေဝင်လာတုန်းက မီဒီယာတွေဘာကြောင့်ငြိမ်နေကြတာ
လဲ ? ။


ဘင်္ဂါလီတွေဒီလိုမကြာခဏ၀င်ရောက်လာတဲ့အပေါ်မှာ
မြိတ်က ဌာနဆိုင်ရာတွေ ဖိအားများသလို၊ မြိတ်မြို့ က မွတ်စလင်တွေမှာ
လည်းအနေစားကျပ်သည့်အခြေအနေနှင့်ရင်ဆိုင်ရပါတယ် ( ကူညီတဲ့သူတွေ
မပါ) ကျေးရွာတစ်ချို့ မှာလည်းခြိမ်းခြောက်မှုတွေနှင့်ရင်ဆိုင်ရတယ်လို့သိရ
တယ်။ နောက်ဆုံးသိရတဲ့သတင်းတွေအရ နှစ်ကြိမ်စလုံးမှာ ပါဝင်ပတ်သက်
တဲ့ ဦးရှော်ဘီဆိုသူကိုဖမ်းဆီးရမိထားပြီး ၄င်းကိုကူညီတဲ့ သူတွေကိုလည်း
ဖမ်းဆီးရမိထားပြီလို့သိရတယ်။ ဘင်္ဂါလီတွေကို ကျွေးမွေးမိတဲ့သူတစ်ချို့
လည်း ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ 

ဒါကြောင့်တစ်မြို့ လုံးကိုဒုက္ခဖြစ်စေတဲ့ဒီလိုလုပ်ရပ်မျိုးကို
နောက်မဖြစ်လာစေဖို့ ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ထောက်လှမ်းရေးတွေ၊
မီဒီယာတွေလည်း ၀ိုင်းဝန်းလုပ်ဆောင်စေချင်ပါတယ်။ လူသားတစ်ယောက်
ကိုသနားကြင်နာတတ်တာ၊ ကျွေးမွေးချင်တဲ့စိတ်တွေဟာ ကျွန်မတို့ မြန်မာ
လူမျိုးတွေ၊ ဘိတ်သူ/သားတွေရဲ့ အကျင့်ပါ။ ကူညီမိလို့ ဒုက္ခရောက်သူတွေ
ကိုခွဲခြားစေချင်သလို၊ တစ်ကယ်ကိုဘင်္ဂါလီတွေဝင်ရောက်လာတဲ့အပေါ်မှာ
ပါဝင်ပတ်သက်တဲ့သူတွေကိုလည်း ဖော်ထုတ်အရေးယူစေချင်ပါတယ်။ 
 
ကျွန်မတို့ ဘိတ်မှာတင်မက ပဲသက်ဆိုင်ရာ ထောက်လှမ်းရေးတွေကနေတဆင့်
ရခိုင်ပြည်နယ်ကနေမည်သို့ ထွက်လာသည်ကိုလည်းကောင်း၊ ယခုရောက်ရှိ
နေသော ဘင်္ဂါလီတွေကို လ၀ကစစ်ချက်၊ ရဲစစ်ချက်တွေကို အတည်မယူဘဲ၊
ထောက်လှမ်းရေးတွေအနေဖြင့်သူတို့ကိုအကြောက်တရား ကင်းကင်းနှင့်
အမှန်တရားကို ပြောနိုင်အောင် လုပ်စေချင်ပါတယ်။ ဒါမှ မြန်မာပြည်အရပ်ရပ်
နှင့်ဘိတ်ကို ၀င်ရောက်လာနေတဲ့ ဘင်္ဂါလီတွေကို တားဆီးနိုင်မှာဖြစ်သလို ၊
လူသားမဆန်စွာပြုလုပ်နေတဲ့ ဆိုပြီးသတင်းတွေ ထွက်နေတဲ့ရခိုင်က အာဏာ
ပိုင်တွေလုပ်ရပ်ကို ဖော်ထုတ်နိုင်မှာဖြစ်ကြောင်း News Of Myeik မှ သုံသပ်
လိုက်ရပါတယ်။


လူလူချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ။
News Of Myeik 

၂၀၁၃ ဧပြီ (၁) ရက်နေ့ တွင်ကျရောက်မယ့် ကြားဖြတ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် ဂုဏ်ပြုအစီအစဉ် (အပိုင်း ၁၊ ၂)

ရုပ်သံ ကိုမျိုး(ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်) စီစဉ် တင်ဆက်သည်..။

ရောင်နီသာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အောင်ပွဲဆီသို့

နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့ နေ့သစ်ကို ရောက်မယ်..။

ကျွန်တော်တို့ နေဝင်ညတွေကို ကူးဖြတ်နေဆဲ၊ ကူးခတ်နေဆဲပါ..။ အဖွဲ့ချုပ်ရဲ့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဧပြီလ ၁ရက်နေက ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှုဟာ ရောင်နီရဲ့ တစိတ်တပိုင်းသာ ရှိသေးတယ် ဆိုတာကို မမေ့ကြပါနဲ့..။ ၂၀၁၅အတွက် နေဝင်ညတွေ ကူးဖြတ်ရဦးမှာပါ..။ နေဝင်ညတွေကို ကူးဖြတ်ရင်း နေဝင်မီးငြိမ်းအမိန့်တွေကို သတိနဲ့ ရှောင်ရှားကြရမှာပါ..။

အားလုံး ညီညွတ်စွာနဲ့၂၀၁၅အတွက် အသင့်ပြင်ထားကြဖို့ လိုအပ်သလို ညီညွတ်မှုတွေ အားသစ်အင်သစ်တွေ မွေးမြူထားဖို့ လိုအပ်ပါတယ်..။

ပြီးခဲ့တဲ့ ၂၀၁၂ ဧပြီလ(၁)ရက်နေ့မှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်ပွဲ ၁နှစ်ပြည့် အထိမ်းအမှတ်အား ဂုဏ်ပြုလိုက်ရပါတယ်..။

ဒီမိုဝေယံ
https://www.youtube.com/watch?v=4392c970f4k

ကမ္ဘာကျော် အဆိုတော် Micheal Learns To Rock အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိလာ၊



Michael Learns to Rock အဖွဲ့သည် မတ်လ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မြန်မာစာနယ်ဇင်းများနှင့် တွေ့ဆုံပွဲကို ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည်။

ကမ္ဘာကျော် အဆိုတော် Micheal Learns To Rock အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိလာ၊ မတ်လ ၃၁ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ဖျော်ဖြေပွဲ ပြုလုပ်မည်..

Eleven Media Group


မျောက်ဖိုးစိန်လေးလိုတော့ မကနိုင်တော့ပြီ

မျောက်ဖိုးစိန်လေးလိုတော့ မကနိုင်တော့ပြီ
 


မိတ္ထီလာတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက် ၂၄.၃.၂ဝ၁၃ ရက်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူအချို့တို့မှ သွားရောက်၍ ကူညီအားပေးစကား ပြောကြားသည့် အချိန်တွင် ကျွန်တော် (ကျော်သူ)နှင့် အသင်းသူ/သားအချို့သည် ယခင်ကတည်းက လူမှုရေးပရဟိတ ဟောပြောပွဲများ လာရောက်ဟောပြောပေးရန်အတွက် ကြိုတင်ချိတ်ဆက်ထားမှုကြောင့် ပြည်မြို့သို့သွား ရောက်ခဲ့ရသည်။

 ကျွန်တော့်အား ဖိတ်ကြားထားသော ပြည်မြို့ဝန်းကျင်ရှိ ပေါင်းတလည်၊ ရွှေပေါက်ပင် ကျောင်း (နိဗ္ဗာန်ဈေး)၊ ပေါင်းတည်၊ ဇီးကုန်း၊ ဖရဲ၊ ကြံခင်း၊ ပုတီးကုန်း (မီးသင်္ဂြိုလ်စက်)ဖွင့်ပွဲ၊ ဆင်မြှီးဆွဲ၊ ပခုက္ကူ၊ မန္တလေးတိုင်း စကျင်မြို့မှ တဆင့် ချင်းပြည်နယ် ဂန့်ဂေါ၊ ဟားခါး၊ ဖလန်း၊ ကလေးမြို့များသို့ သွားရောက်၍ ဟောပြောရမည်ဖြစ်သောကြောင့် ၂၅.၃.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြည်မြို့သို့ ထွက်ခွါခဲ့ရသည်။ ယင်းနေ့ ည (၇း၃ဝ) နာရီအချိန်တွင် ပေါင်းတလည်မြို့ စာပေဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့ခံမိဘပြည်သူလူထု (၅ဝဝဝ) ကျော်ခန့်သည် ဟောပြောပွဲစင် ဘေးတစ်ဖက်ရှိ လမ်းမကြီးတစ်ခုလုံး ပိတ်ဆို့သွားသည်အထိ ပရိသတ်များ လာရောက်အားပေးခဲ့သည်။

 ၂၆.၃.၂ဝ၁၃ ရက် နေ့ နံနက်ပိုင်းတွင် ပြည်မြို့ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် တပေါင်းလပြည့် နိဗ္ဗာန်ဈေးပွဲတော်ကြီးတွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူဒါန ဆိုင်ခန်းတစ်ခု ဖွင့်လှစ်ကာ သောက်ရေခွက်(စတီး)၊ ဇလုံ(စတီး)၊ ပန်းကန်ပြား(စတီး)၊ လင်ဗန်း(စတီး)များအပြင် 2013 Kyaw Thu 1st BreakOut Calendar အပါအဝင် ပစ္စည်းအရေအတွက် (၅ဝဝ) ကျော်ခန့်အား မဲဖောက်လှူဒါန်းပေးခဲ့ သည်။ ရွှေပေါက်ပင်ဆရာတော်ကြီးထံသို့လည်း သင်္ကန်း၊ ထီး၊ ဖိနပ်၊ နေကထိုင်နှင့် အလှူငွေကျပ် (၃) သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ည (၇းဝဝ) နာရီအချိန်တွင် ဇီးကုန်မြို့ စာပေဟော ပြောပွဲ ကျင်းပမည်ဖြစ်သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများတို့သည် ညနေ (၄းဝဝ) နာရီအချိန်တွင် ၂၅.၃.၂ဝ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကြို့ပင်ကောက်မြို့ ဆူပူအကြမ်းဖက်မှု ဂယက်များကြောင့် ဇီးကုန်းမြို့တွင်လည်း ၂၆.၃.၂ဝ၁၃ ရက်နေ့ ည (၇းဝဝ) နာရီအချိန်တွင် ကျင်းပမည် ဖြစ်သော ကျွန်တော် (ကျော်သူ)၏ စာပေဟောပြောပွဲ အခမ်းအနားပြီးဆုံးသည်နှင့် တပြိုင်နက်တည်း အကြမ်းဖက်မှုအဖျက်လုပ်ငန်းများ စတင်မည်ဟု သတင်းကြားသိရှိရသည့်အတွက် ဒေသခံ မိဘပြည်သူ အပေါင်းနှင့် ညှိနှိုင်း၍ ဟောပြောပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။

  မိမိတို့ ထင်မြင်ထားသည့်အတိုင်း ယင်းညတွင် ဇီးကုန်းမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျန်ရှိနေသော ဖရဲ၊ ကြံခင်း၊ ပုတီးကုန်း၊ ဆင်မြှီးဆွဲ၊ ပခုက္ကူ စသည့်မြို့များတွင် ပြုလုပ်မည်ဖြစ်သော ဟောပြောပွဲ အစီအစဉ် များအား ကျွန်တော်သည် ဆက်လက်ဟောပြောခြင်း မပြုလုပ်တော့ဘဲ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တည်ရှိရာသို့ ၂၇.၃.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အသင်းသူ/သားများနှင့်အတူ ပြန်လည်ထွက်ခွါခဲ့တော့သည်။

 အကြောင်းမှာ ယခုဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်လုပ်ရပ်များသည် မြို့ခံ၊ နယ်ခံ ပြည်သူတို့မှ စတင်ခြင်းမဟုတ်ဘဲ ပြင်ပမှသူစိမ်းများ ဒေသအတွင်းသို့ ရဲတင်းစွာဝင်ရောက် သွေးထိုးလှုံ့ဆော်မှုကြောင့် ၄င်း၊ အစိုးရဌာနဆိုင်ရာများမှလည်း လက်ရှိအခြေအနေဆိုးကြီးတွင် စတိတ်ရှိုးများ၊ ကပွဲသဘင်များ၊ စာပေ ဟောပြောပွဲများအား တရားဝင်ပြုလုပ်ခွင့် ပေးထားခြင်းသောကြောင့်၎င်း၊ စတိတ်ရှိုးများ၊ ကပွဲများ၊ စာပေ ဟောပြောပွဲများသည် ကြည့်ရှု့သူအပေါင်းတို့အား သွေးကြွစေခြင်း၊ စိတ်ဓာတ်ထကြွစေခြင်း၊ ခန္ဓာကိုယ် သွေးများဆူပွက်စေခြင်း စသည့်ဦးတည်သော ရည်ရွယ်ချက်များ ဖြစ်စေခြင်းကြောင့်၎င်း ပြဿနာ တစ်စုံ တစ်ရာ ဖြစ်ပေါ်လာခဲ့ပါက ဒေသခံ မိဘပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်၊ စားဝတ်နေရေး စသည့် နောက်ဆက်တွဲ အဖြစ်ဆိုးများနှင့်သာ ကြုံတွေ့ရမည်ဖြစ်သည်။ ယခုဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဆူပူမှု များကို ပြန်လည်သုံးသပ်သော် မိတ္ထီလာမှတဆင့် ရမည်းသင်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်သလင်း စသဖြင့် တစ်မြို့နှင့်တစ်မြို့ ကူးစက်အကြမ်းဖက်မှုတို့ကို စိုးရိမ်ဖွယ်ရာ မျက်မြင်တွေ့ရှိနေ ရသည်။

ထို့ကြောင့် ဤကဲ့သို့ အကြမ်းဖက်ကွန်ယက် ဆက်နွယ်မှုတို့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် အစိုးရိမ်ရဆုံး၊ အန္တရာယ်အကြီးမားဆုံးသော အချိန်ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သုံးသပ်မိတော့သည်။ အကယ်၍များ ဤဖြစ်ရပ်ဖြစ်စဉ်များသည် မိမိနှင့်မဆိုင်၊ မိမိနှင့်မပတ်သက်ဟူသော အတ္တသမားတစ်ယောက်၏ အတ္တဝါဒီခံယူချက်ဖြင့် “ငါဆိုမည့်ပွဲ၊ ငါကမည့်ပွဲ၊ ငါဟောမည့်ပွဲတွေကို သက် ဆိုင်ရာမြို့နယ် အာဏာပိုင်တွေကတောင် ခွင့်ပြုချက်ပေးထားတာဘဲ၊ ပွဲပါမင့် ကျပြီးသားဘဲ၊ ဒေသခံတွေ ကလည်း တောင်းတနေတာဘဲ… ဒါကြောင့် ငါကတော့ ကမှာဘဲ၊ ဆိုမှာဘဲ၊ ဟောမှာဘဲ” ဟူသော စိတ်ဓါတ်ခံယူချက်မျိုးဖြင့် ကပြ၊ ဟောပြော အသုံးခံမည်ဆိုပါက စိုးရိမ်စိတ် ကြီးထွားနေကြသော ပြည်သူ လူထုတို့အား စော်ကားခြင်း (သို့) အကြမ်းဖက်လှုပ်ရှားမှုကို အားပေးလှုံ့ဆော်ခြင်းဟူသော ကြံရာပါ တရားခံအဖြစ် မြန်မာ့သမိုင်း၏ တရားခံဆိုးထဲတွင် ပါဝင်သွားပေလိမ့်မည်။

ကမ္ဘာ့အလယ်တွင်လည်း မြန်မာလူမျိုး၊ မြန်မာနိုင်ငံဟူသည် ကြောက်စရာကောင်းသော နိုင်ငံလူမျိုး၊ လူသားချင်းစာနာစိတ် ကင်းမဲ့သော နိုင်ငံလူမျိုး၊ မငြိမ်းချမ်းသော နိုင်ငံလူမျိုးဟူ၍ မျက်နှာငယ်ရပေတော့မည်။ ထိုသို့ အကြမ်း ဖက်မှုအား အားပေး၊ လှုံ့ဆော်၊ တိုက်တွန်း၊ ပါဝင်လှုပ်ရှားသော သူအပေါင်းတို့သည်လည်း ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားတင်မကဘဲ ဘာသာပေါင်းစုံတို့၏ ငြိမ်းချမ်းမှုကိုလိုလားသော ဘုရားသခင်တို့အား စော်ကားခြင်းလည်းမည်ပေသည်။ ထို့ကြောင့် ကျွန်တော်သည် လူမှုရေးပရဟိတ ဟောပြောပွဲများအား ခက်ခက်ခဲခဲ စီစဉ်ဆောင်ရွက်ပေးထားသော မြို့ရွာအသီးသီးတို့၏ ကြိုတင်ဖိတ်ကြားထားမှုတို့အား စိတ်မ ကောင်းစွာဖြင့် မြန်မာနိုင်ငံအရေး၊ မြန်မာပြည်သူလူထုအရေးတို့အတွက် အချိန်ကာလတစ်ခုကို ပြောင်း ရွှေ့မှုကို ပြုလုပ်ခဲ့ရတော့သည်။

 ငယ်စဉ်ကလေးဘဝက မိဘ၊ အဘိုးအဘွားတို့မှ ကလေးငယ်လေးများအား နောက်ပြောင်ကျီစယ် ဆော့ကစားခဲ့သော “ရှေ့ဂျွမ်းလေးထိုးပါဦး … နောက်ဂျွမ်းလေးထိုးပါဦး … မျောက်ဖိုးစိန်လေးရေ” ဟူသော မြှောက်ပင့်ကျီစယ်၊ ဆိုခဲ့သော စကားလေးအတိုင်း အနုပညာရှင်များ၊ စာပေပညာရှင်များ၊ နိုင်ငံရေး သမားများအနေဖြင့် ယခုလက်ရှိတိုင်းပြည်အတွက် စိုးရိမ်ရသော အခြေအနေတွင် ပွဲပါမင့်များ ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ မိမိတို့၏ အတ္တများကိုဖြုတ်၍ အများအကျိုးအား ရည်သန်သော စိတ်စေတနာ တို့ဖြင့် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံအတွက် ပြင်ပပယောဂများ မဝင်ရောက်နိုင် ရန်အတွက် စည်းလုံးညီညွတ်စွာ ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ကြရန်နှင့် “ရှေ့ဂျွမ်းလေးထိုးပါဦး၊ နောက်ဂျွမ်းလေးထိုးပါဦး၊ မျောက်ဖိုးစိန်လေးရေ” ဟူ၍ ချော့မြူတိုင်း မကမိဖို့ အရေးကြီးပါကြောင်း ပရဟိတစိတ်ထားဖြင့် အသိပေးနှိုးဆော်လိုက်ပါတော့သည်။

 ကျော်သူ

ပဟေဋိများစွာဖြင့် တပ်မတော်နေ့ (မောင်ထိန်ဝင်း မရမ်းကုန်း)



ပဟေဋိများစွာဖြင့် တပ်မတော်နေ့

မောင်ထိန်ဝင်း (မရမ်းကုန်း)

၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ (၆၈)နှစ်မြောက် တပ်မတော်နေ့ကို ထူးခြားခမ်းနားစွာကျင်းပသွားတာကို တီဗွီဖန်သားပြင်ပေါ်ကနေ တွေ့မြင်ကြည့်ရှုလိုက်ရပါတယ်။ အရင်.အရင် ဘယ်တုန်းကမှ စစ်တပ်က . သူတို့ပိုင်ဆိုင်တဲ့ လက်နက်တွေကို ထုတ်ဖော်ပြသလေ့မရှိပေမယ့် ဒီနှစ်မှာတော့ ထူးဆန်းစွာ တွေ့ရှိလိုက်ရတော့ အစတုန်းကတော့ တပ်မတော်နေ့စစ်ရေးပြကို ပြီးအောင်မကြည့်ရှုဘူးတဲ့ ကျွန်တော် ဒီနှစ်မှာတော့ ဘာတွေထပ်ပြီး အထူးအဆန်းတွေ တွေ့မြင်ရအုံးမလဲဆိုပြီး ဆက်ကြည့်နေမိပါတယ်။ မြန်မာစစ်တပ်ပိုင်ဆိုင်ထားတဲ့ အမြောက်တွေ၊ သံချပ်ကာတွေ၊ ရေဒါတွေ၊ လေကြောင်းရန်ကာကွယ်ရေးလက်နက်ကြီးတွေကို   စိတ်ဝင်စားစွာ ကြည့်ရှုနေတဲ့ အချိန်မှာတင် လေတပ်ကလည်း ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေပျံသန်းပြပြီး ဟန်ရေးပြသွားတာတွေကို ကြည့်ရှုလိုက်ရပါသေးတယ်။

နောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့မိန့်ခွန်းကို ဆက်ပြီးနားထောင်ကြည့်လိုက်တော့ တပ်မတော်ရဲ့သမိုင်းကြောင်းကို အရင်နှစ်တွေကအတိုင်းပြောကြားသွားပေမယ့် ဒီနှစ်မိန့်ခွန်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကို သုံးကြိမ်လောက် ထည့်သွင်းပြောကြားသွားတာကို ထူးဆန်းစွာ ကြားမိလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)နဲ့ အဖွဲ့အစည်းတွေမှ ကြိုဆို ထောက်ခံကြောင်းတွေကိုလည်း ကြားသိနေရပါတယ်။ 

ထူးခြားတာတစ်ခုကလည်း တပ်မတော်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ ဧည့်သည်တော်ကြီးများနေရာမှာ အတိုက်အခံခေါင်းဆောင်လို့ လူသိများတဲ့ NLD ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်လိုက်ရလို့ပါပဲ။ ဒါကတော့ တော်တော်လေးကို ထူးခြားတဲ့ဖြစ်စဉ်ပါပဲ။ ဘယ်တုန်းကမှလည်း ဖိတ်ကြားခြင်းခံရတယ်လို့ သတင်းမကြား၊ နှစ်ပေါင်း ၆၀ လောက်အတွင်း တပ်မတော်နဲ့ ပတ်သက်တဲ့အခမ်းအနားတွေမှာ ဘယ်တုန်းကမှ တွေ့ရခြင်းမရှိတဲ့ သူတစ်ယောက် ဒီနှစ် တပ်မတော်နေ့ အခမ်းအနားမှာတွေ့ရတာကဒီနှစ်တပ်မတော်နေ့ရဲ့ ထူးခြားမှုတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်တပ်မတော်နေ့မှာ အံ့သြဘနန်းထူးခြားတာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အစိုးရအဖွဲ့က ဝန်ကြီးတွေ တက်ရောက်လာခြင်းမရှိတာပါဘဲ။ မနှစ်တုန်းက တပ်မတော်နေ့အခမ်းအနားကို ကျွန်တော် ကြည့်မိခဲ့ပါသေးတယ်. အစိုးရအဖွဲ့က လူကြီးတွေနဲ့ ဝန်ကြီးတော်တော်များများတက်ရောက်ခဲ့တာကို ကောင်းကောင်းမှတ်မိပါတယ်။ ဒီနှစ်မှာတော့ စစ်တပ်နဲ့သက်ဆိုင်တဲ့ ပြည်ထဲရေးတို့၊ နယ်စပ်ရေးရာဝန်ကြီးတို့၊ ကော်မရှင်ဥက္ကဌ ဦးတင်အေးတို့လောက်သာ တက်ရောက်လာတာ တွေ့ရပါတယ်။  လွှတ်တော်အသီးသီးက ကော်မတီဥက္ကဌတွေ၊ ကိုယ်စားလှယ်တွေကတော့ ခေါင်းပေါင်းစ တလူလူနဲ့ တက်ရောက်လာတာကို တွေ့ရပြီး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေအပြင် ဒေါ်စုရဲ့ နောက်နားမှာ တက္ကသိုလ်အရံတပ်ရင်းကလူတွေကိုလည်း တွေ့လိုက်ရပါသေးတယ်။ ဒီလိုလူတွေတောင် စုံစုံလင်လင်န့ အစိုးရအဖွဲ့က ဝန်ကြီးတွေ မတက်ရောက်လာတာကတော့ သူတို့ကို မဖိတ်ကြားလို့တော့ မဖြစ်နိုင်လောက်ပါဘူး၊ တပ်မတော်နေ့ဆိုတာက တပ်မတော်တစ်ခုတည်း သက်ဆိုင်တာမဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ဒီလိုအခမ်းအနားကြီးမှာ အရပ်ဘက်အစိုးရအဖွဲ့က လူကြီးတွေမတက်ရောက်ဘူးဆိုတာ ဘယ်လိုအကြောင်းကိစ္စတွေ ရှိနေလို့လည်းဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ 

လွှတ်တော်အသီးသီးရဲ့ ကော်မတီအဖွဲ့တွေက ဥက္ကဌတွေ၊ ကိုယ်စားလှယ်တွေတက်ရောက် လာတဲ့အတွက် လွှတ်တော်နဲ့ စစ်တပ် ပူးပေါင်းသွားလို့လား၊ အဆင်ပြေသွားလို့လားဆိုတာ စစ်တပ်ကို ထောက်ခံအားပေး အသိအမှတ်ပြုလို့သာ ဒီအခမ်းအနားကို လာတက်တာလို့ တွေးမြင်လို့ရပေမယ့် အရပ်ဘက်အစိုးရအဖွဲ့က လူကြီးတွေနဲ့ ဝန်ကြီးတွေ တက်ရောက်လာခြင်းမရှိတာကတော့ စစ်တပ်နဲ့ အစိုးရအဖွဲ့ အဆင်မပြေလို့လား၊ အစိုးရအနေနဲ့ စစ်တပ်က ပါဝါရှိသွားမှာကို စိုးရိမ်နေလို့လား၊ စစ်တပ်နဲ့ အစိုးရ သဘောထားကွဲလွဲနေလို့လား၊ ဘာပြဿနာတွေ ရှိနေလို့လဲဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဒီနှစ် တပ်မတော်နေ့ကတော့ ထူးခြားမှုတွေ၊ ပဟေဋိတွေနဲ့ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ဖြစ်ခဲ့တယ်ဆိုတာကို မှတ်သားလိုက်ရပါတယ်။

မောင်ထိန်ဝင်း (မရမ်းကုန်း)




ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) ကြေငြာချက်

ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) ကြေငြာချက်


ကျွန်တော်တို့ကလူတွေပါဗျာ ..

 
ကျွန်တော်တို့ကလူတွေပါဗျာ ..

တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊ သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊ အာဃာတတွေဘယ်လောက်ထားထား၊ အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊ ဗြဟ္မစိုရ်တရားရှိမှ
 မြင်တွေ့ရတဲ့မြင်ကွင်းလေးတွေကငြိမ်းချမ်းမှုကိုရစေတယ်လေ။ သူတို့ကတိရစ္ဆာန်တွေပါ။ အခု… ကျွန်တော်တို့ကလူတွေပါဗျာ။ 
ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ် တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။
 ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။ တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။ မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။ ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။
 မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။

 ကျွန်တော်တို့ကလူတွေပါဗျာ . . . . ။ ။
 (ကျော်သူ)

(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)

 
 
 
 မတ်လ ၂၇ ရက်နေ့ နတ္တလင်းမြို့မြင်ကွင်း

မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)

မတ် ၂၆ ရက်နေ့ ညပိုင်းက နတ္တလင်းတွင် လူအုပ်စုများဖွဲ့ပြီး ဆိုင်ခန်းများကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ၀င်ရောက် ဖျက်ဆီးခြင်းများ ပြုလုပ်သည့် အတွက် လူနေအိမ် ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်းနဲ့ ဘာသာရေး အဆောက်အအုံတစ်ခု ပျက်စီးခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သဲကုန်းမြို့နယ် အင်းမကျေးရွာ၌ ဘာသာရေး အဆောက်အအုံ တစ်ခုကို လေးခွများဖြင့် ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့၌ ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးမှုများကြောင့် လူနေအိမ် ၁၄ လုံးနှင့် ဘာသာရေး အဆောက်အအုံ တစ်လုံး ပျက်စီးခဲ့ရကြောင်း၊ အုတ်ဖိုမြို့နှင့် ဇီးကုန်းမြို့များ၌ လာရောက်ဖျက်ဆီးသူများကို လုံခြုံရေး တပ်ဖွဲ့များက သေနတ် ပစ်ဖောက်ပြီး လူစု ခွဲခဲ့ရကြောင်း၊ ဇီးကုန်းမြို့ လုယက် ဖျက်ဆီးမှုတွင် ပါဝင်သည်ဟု ယူဆရသူ ၁၀ ဦးကို ဖမ်းဆီးထားကြောင်းနှင့် သတင်းအသေးစိတ်ကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။

EMG

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အဓိကရုန်းနှိမ်နင်းရေးအတွက် လေ့ကျင့်နေကြသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ)

မတ်(၂၇)ရက် နံနက်လင်းအားကြီး ၁ နာရီကျော်ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အဓိကရုန်းနှိမ်နင်းရေးအတွက် လေ့ကျင့်နေကြသော ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(Photo-AFP)
 
 
 

ဒီလို မြင်ကွင်းမျိုးမှသည် မဝေးလှသော အနာဂတ်နိုင်ငံတော်သစ်ဆီသို့..

ယနေ့ ၆၈နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ဓာတ်ပုံများ..

ဒီလို မြင်ကွင်းမျိုးမှသည် မဝေးလှသော အနာဂတ်နိုင်ငံတော်သစ်ဆီသို့ 

 မြန်မာတွေ ညီညွတ်ခဲ့ကြသည့် သမိုင်းကြောင်းများရှိခဲ့သည်..။
 ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်တို့ ရှိခဲ့သည်..။ မြန်မာတွေ ညီညွတ်လျှင် အင်မတန်မှ အင်အားကြီးမားပြီး ပတ်ဝန်းကျင်နိုင်ငံများအား ချိန်းခြောက်နိုင်ခဲ့ကြောင်း နိုင်ငံတကာမှ သမိုင်းဆရာများမှ မှတ်တမ်းတင်ခဲ့ကြသည်..။

ယနေ့အခြေအနေသည် စီးပွားရေး၊ စစ်ရေးမဟာဗျူဟာ အရ အဘက်ဘက်မှ အလေးသာသော မြန်မာနိုင်ငံ အနေဖြင့် ယခင် အင်အားကြီးမားခဲ့စဉ် အခါက ပတ်ဝန်းကျင်နိုင်ငံများအား စစ်ရေးအရ ချိန်းခြောက် နိုင်မှုထက်၊ စီးပွားရေးအားဖြင့် အများတကာမှ လေးစားအသိအမှတ်ပြုရသည့် စီးပွားရေး အင်အားကြီး နိုင်ငံခေတ်သို့ပြန်လည်ရောက်ရှိ အောင် ညီညွတ်မှုကို အလျှင်အမြန် တည်ဆောက်ကြရတော့မည် အခြေအနေဖြစ်သည်..။

 ယနေ့မြင်တွေ့ရသော လူထုခေါင်းဆောင်နှင့် စစ်တပ်ခေါင်းဆောင်ပိုင်းများ၏ မြင်ကွင်းများကို ကြည့်၍ ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပြီဟု အပြုသဘော အကောင်းဘက်မှ ယုံကြည်ယူဆမိသည်..။

ဒီလို မြင်ကွင်းမျိုးမှသည်.. အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး..၊ စည်လုံးညီညွတ်ပြီး နိုင်ငံတကာမှ လေးစား အသိအမှတ်တဲ့ အနာဂတ် မြန်မာနိုင်ငံတော်သစ်ဆီသို့ စည်းလုံးညီညွတ်စွာဖြင့် လျှောက်လှမ်းနိုင်ပါစေကြောင်း.။

 ဒီမိုဝေယံ
ဓာတ်ပုံ ပေါ်ပြူလာဂျာနယ်

၂၅ရက်နေ့ည ရန်ကုန်မြို့ မြင်ကွင်းများ..

ELEVEN MEDIA GROUP ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်းထွက်ပေါ်မှုများနှင့် ပတ်သက်၍ မတ်လ ၂၅ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တာမွေ၊ မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များ၌ ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက လမ်းအလိုက် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင် ..

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြကာ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည့်ဖြစ်ရပ်မှာ မတ်လ ၂၄ ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူများက ပြောကြားခဲ့ကြသည်။

ယင်းကဲ့သို့ ဆူပူစေရန်လှုံ့ ဆော်သူများအကယ်၍ ပေါ်ပေါက် လာခဲ့သည်ရှိသော် အများပြည်သူမှ ဓာတ်ပုံရိုက်ယူ၍လည်းကောင်း၊ အ ရေးပေါ်ဆက်သွယ်၍လည်းကောင်း အနီးစပ်ဆုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့ သို့သတင်းပေးတိုင်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၀န်းကျင်အချိန်မှစ၍ နောက်တစ်ရက် နံနက် ၂ နာရီဝန်းကျင်အထိ မင်္ဂလာတောင်ညွန့်မြို့နယ်အ တွင်းရှိ ရပ်ကွက်အချို့တွင် ဘာသာရေး အကြောင်းပြကာ ဆူပူမှုဖြစ်စေရန် သတင်းဖြင့် လှုံ့ဆော်ခြင်း၊ လိုက်လံပြောကြား လှုံ့ဆော်ခြင်း၊ အော်ဟစ်ပြောကြားခြင်းများကို လူတစ်စုမှပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဖြစ်ပွားသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ "ည ၁ နာရီလောက်မှာ သတင်းဝင်လာတယ်။ ရပ်ကွက်ထဲမှာရှိနေတဲ့ ပြည်သူတွေက လှမ်းပြီးအကြောင်းကြားတယ်။ ဒီလိုပဲ အသံတွေ ကြားတယ်၊ ဘာညာဆိုတော့ အစ်မတို့ အဖွဲ့ဝင်သုံးယောက်ကို ဆက်သွယ်ပြီးတော့ လျှောက်ကြည့်ပေးပါဆိုလို့ လျှောက်ကြည့်တော့ အေးဆေးပဲ၊ ဘာမှမဖြစ်ဘူး။ နောက်နှစ်ပတ် သုံးပတ်လောက် ရပ်ကွက်ထဲကို လှည့်ကြည့်တော့လည်း ဘာမှမဟုတ်ဘူးလို့သတင်းပြန်ပို့တယ်။ နောက်တစ်ကြိမ် ၂ နာရီခွဲလောက်မှာ ပြန်ပြီး အဆက်အသွယ်ရတဲ့အခါ လွတ်လပ်ရေးရပ်ကွက် ဘက်မှာတော့ ဒီလို ဒီလို ဖြစ်နေတယ်။ ကျွန်မလွှတ်လိုက်တဲ့လူက ကျွန်တော်သွားကြည့်မယ်ဆိုပြီး သွားကြည့်တော့ Super Custom အမျိုးအစား ကားတစ်စီးက ရပ်ပြီးတော့ ဗလီတွေဘာတွေကို ဖြိုနေပြီဆိုပြီးတော့ လှမ်းပြီးတော့ ရပ်ကွက်ထဲက လူတွေကို ပြောတာ။ အဲတော့ ရပ်ကွက်ထဲက လူတွေကလည်း ဓားတွေဆွဲ၊ တုတ်တွေဆွဲနဲ့ ထွက်ကြတာပေါ့နော်။ ကျွန်မတို့ဆီက သွားကြည့်တဲ့လူက မဟုတ်ဘူး။ ကျွန်တော် ရောက်ခဲ့ပြီးပြီ။ ဘယ်ဗလီမှ မဖြိုဘူးဆိုတော့ ကားထဲကနေပြီးတော့ ဟာရှုပ်တယ်ကွာ ဆိုပြီး ကားကိုလှည့်ပြီးတော့ မောင်းထွက်အသွားမှာ ကားပေါ်ကနေ ဓားထွက်လာတာပေါ့နော်။ သူတောင် တော်တော်ရှောင်လိုက်ရတယ်ပေါ့။ ဓားနဲ့ လှမ်းခုတ်တဲ့ ပုံစံမျိုးပေါ့နော်။

 အဲဒီ တစ်ယောက်ကတော့ ရှောင်လိုက်တော့ လွတ်သွားတယ်။ ကားနောက်ကို လိုက်တော့ မမီတော့ဘူး။ သူကလည်း တစ်ယောက်တည်း ဖြစ်နေတယ်။ လွတ်လပ်ရေးမှာလည်း နည်းနည်းခပ်ကြမ်းကြမ်းတွေ ဖြစ်နေတော့ ကားနံပါတ်ကို မမှတ်လိုက်ဘူး။ ၁၀၁ လမ်းဘက်ကို ထွက်သွားတယ်လို့ ပြောတယ်။ ကားပေါ်မှာ လူ ၁၃ ယောက်လောက် ပါတယ်ပြောတယ်။ ဘယ်လူမျိုး၊ ဘာညာတော့ မသုံးနှုန်းချင်ဘူး။ အကြမ်းဖက်သမားတွေလို့ပဲ သုံးစွဲရမှာပဲ။ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လိုက်လုပ်နေတဲ့သူတွေ ရှိတယ်လို့ ကောက်ချက်ဆွဲရမှာပဲ" ဟု ပြောပြခဲ့သည်။

မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက "ညဦးပိုင်းကတည်းက စပြီး မင်းတို့ရပ်ကွက်ကို ဒီညမီးလာရှို့လိမ့်မယ်ဆိုပြီး သတင်းတွေ ဘယ်ကမှန်းမသိဘူး ရောက်လာတယ်။ ရပ်ကွက်ထဲကလည်း ကြောက်ပြီး စိတ်မချတော့ မအိပ်နိုင်ဘူး။ အဲဒီမှာ ရပ်ကွက်နား ရောက်လာတော့မယ် ဘယ်နားကို ရောက်နေပြီ လူအုပ်လာနေပြီဆိုပြီး သတင်းတွေကို ဆက်တိုက်လိုက်လွှင့်တယ်။ တစ်ချို့ ရပ်ကွက်ထဲနေတဲ့ သူတွေကလည်း အသင့်စောင့်တဲ့သူစောင့် တချို့ဆဲတဲ့သူလည်းဆဲ တုတ်ဓားတွေကိုင်ပြီး ဆင်းတဲ့သူဆင်း ဖြစ်ကုန်တာပေါ့။ သတင်းမှားတွေ လွှင့်တယ်၊ ဆူပူအောင် လိုက်လုပ်နေသလိုမျိုးဖြစ်နေတယ်" ဟု ပြောပြခဲ့သည်။

ကန်တော်ကြီးတာဝါတွင် နေထိုင်သူတစ်ဦးက "ကျွန်မတို့ ည ၁၁ နာရီလောက်မှာ တစ်ခါအော်ဟစ်နေတဲ့ အသံတွေ ကြားတယ်။ ပြီးတော့ ပြန်ငြိမ်သွားတယ်။ နောက်တစ်ခေါက် ည ၁ နာရီခွဲလောက်လဲ ရောက်ရော အော်ဟစ်သံတွေကြားလို့ ပြတင်းပေါက်က ကြည့်နေတာ တုတ်တွေလက်နက်တွေ ကိုင်ထားတဲ့ လူတစ်စုက မင်္ဂလာဈေး တက္ကစီမောင်းသမားတွေနဲ့ တခြားရှိနေတဲ့သူတွေကို လှမ်းဆဲပြီး ရန်စနေတယ်။ ယုဇနပလာဇာရဲ့ အရှေ့၊ မင်္ဂလာဈေးရဲ့ ဘေးဘက် တစ်ဖက်လမ်းမှာရှိတဲ့ ရပ်ကွက်ထဲမှာ လူတစ်ချို့က အော်ပြီးလျှောက်သွားနေတယ်။ တိုက်ခန်းအပေါ်ထပ် အခန်းတွေကို ကြည့်ပြီးလည်း အော်တယ်။ အပေါ်ထပ်အခန်းက လူတွေက အဲဒီလူစုနဲ့ သွားပေါင်းဖို့ တချို့ဆင်းတဲ့အခါ မိသားစုတွေက မဆင်းဖို့ ပြန်ဆွဲထားတယ်။ ရဲကားတွေ လှည့်နေတဲ့အတွက် ရဲကားရောက်လာတော့ ပျောက်သွားကြရော" ဟု ပြောပြခဲ့သည်။

ဆူပူရန် လှုံ့ဆော်မှုများ ဖြစ်ပွားပါက မိမိရှေ့တွင် ဖြစ်ပွားသည်ဆိုပါက သက်ဆိုင်ရာရဲစခန်းများသို့ ချက်ခြင်းသတင်းပေးပို့ခြင်း၊ ရဲစခန်းများမှလည်း ချက်ခြင်းဖမ်းဆီးကာ အရေးယူခြင်း၊ နောက်ကွယ်မှ ကြိုးကိုင်လှုံ့ဆော်နေသည့် အဖွဲ့အား အမိအရ ဖော်ထုတ်အရေးယူသည်အထိ ဆောင်ရွက်ပါက လှုံ့ဆော်မှုများ လျော့ပါးသွားနိုင်သည်ဟု ရပ်ကွက်နေ ပြည်သူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက "လှုံ့ဆော်တဲ့အဖွဲ့တွေ တွေ့တာနဲ့ ချက်ချင်းပဲ အနီးစပ်ဆုံး သက်ဆိုင်ရာရဲနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေကို သတင်းပို့ရင် အရမ်းကောင်းပါတယ်။ သတင်းပို့တာနဲ့ ချက်ချင်းပဲ ဆောင်ရွက်ပေးမှာပါ။ တကယ်လို့ ကိုယ့်ဆီမှာ ဓာတ်ပုံရိုက်ထားနိုင်မယ်ဆိုရင်လည်း ကောင်းပါတယ်။ ကျွန်တော်တို့လည်း အခုဆို နေရာတော်တော်များများမှာ ဒီလိုပဲ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေပါ ယူဖို့လုပ်ထားပါတယ်။ လှုံ့ဆော်တဲ့အခါ ကိုယ်တိုင်မပါဝင်ပဲ အများပြည်သူအနေနဲ့ ဒီလိုလုပ်ရင် ဒါမျိုးတွေ နည်းသွားနိုင်ပါတယ်။ လက်ရှိ အနေအထားအရလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ အင်အားတိုးပြီး ချထားတယ်။ တောက်လျှောက်လှည့်ကင်းတွေထားပြီး လုံခြုံရေးတွေချပြီး လုပ်နေပါတယ်" ဟု ပြောပြခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူတစ်ဦးကလည်း "တစ်ကယ်လို့ ရပ်ကွက်ထဲမှာလည်း တစ်ခုခုဖြစ်ရင် ကိုယ်တိုင်မပါပဲနဲ့ သက်ဆိုင်ရာ အကြောင်းကြားပြီး တိုင်မယ်၊ ဓာတ်ပုံတွေရိုက်ထားပြီး တိုင်ရမှာဖြစ်သလို အစိုးရနဲ့ တာဝန်ရှိ ရဲတပ်ဖွဲ့အနေနဲ့လည်း အမြန်ဆုံး ဖမ်းဆီးပြီး အရေးယူမှဖြစ်မယ်။ ဖမ်းဆီးအရေးယူမှု ပြုမပြုကိုလည်း မီဒီယာတွေက စောင့်ကြည့်ပြောကြားသင့်တယ်။ မီဒီယာတွေကို သတင်းမှန်ပေးတာကလည်း ဆူပူအောင်လုပ်တဲ့ သူတွေရှိနေရင် သူတို့ကို တားဆီးရာ ရောက်ပါတယ်" ဟု ပြောပြခဲ့သည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး၊ ဦးဇော်ဌေး၏ Facebook စာမျက်နှာတွင်လည်း မြို့ရွာရပ်ကွက်များအတွင်း ဆူပူမှုများဖြစ်ပေါ်လျှင် အရေးပေါ်ဖုန်းများသို့ ဆက်သွယ်နိုင်ကြောင်း ရေးသားထားသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းများ ဖုန်းနံပါတ်
ပြည်ထဲရေးဝန်ကြီးဌာန

၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃
၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉
၃။ ဒဂုံအရှေ့ ၀၁-၅၈၅၁၈၇
၎။ ဒဂုံဆိမ်ကမ်း ၀၁-၅၉၃၀၀၇
၅။ ဗိုလ်တစ်ထောင် ၀၁-၂၉၁၈၇၄
၆။ မင်္ဂလာတောင်ညွန့် ၀၁-၂၉၁၀၃၄
၇။ သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅
၈။ သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃
၉။ တောင်ဥက္ကလာပ ၀၁-၅၆၁၆၄၂
၁၀။ မြောက်ဥက္ကလာပ ၀၁-၉၆၉၉၃၈၄
၁၁။ ရွှေပေါက်ကံ ၀၁-၉၆၉၅၅၆၁
၁၂။ ဝေဘာဂီ ၀၁-၉၆၉၉၁၃၈
၁၃။ တာမွေ ၀၁-၅၅၆၇၇၁
၁၄။ သင်္ဃန်းကျွန်း ၀၁-၅၆၂၅၄၄
၁၅။ သုဝဏ္ဏ ၀၁-၅၆၂၅၈၈
၁၆။ ပုဇွန်တောင် ၀၁-၂၉၁၂၁၈
၁၇။ ဒေါပုံ ၀၁-၅၅၆၉၈၈
၁၈။ ရန်ကင်း ၀၁-၅၇၇၁၉၀
၁၉။ မရမ်းကုန်း ၀၁-၆၆၀၃၅၂
၂၀။ ဘုရင့်နောင် ၀၁-၆၈၀၇၇၄
၂၁။ လှိုင် ၀၁-၅၁၉၅၃၁
၂၂။ ပိတောက်ချောင်း ၀၁-၆၈၁၅၇၄
၂၃။ ကမာရွတ် ၀၁-၅၃၄၃၀၄
၂၄။ ဗဟန်း ၀၁-၅၅၄၆၃၀
၂၅။ စမ်းချောင်း ၀၁-၅၃၅၁၈၄
၂၆။ ကြည့်မြင်တိုင် ၀၁-၅၃၅၈၆၇
၂၇။ စက်ဆန်း ၀၁-၇၀၈၉၃၁
၂၈။ အလုံ ၀၁-၂၂၀၇၉၃
၂၉။ လမ်းမတော် ၀၁-၂၂၄၅၂၈
၃၀။ လသာ ၀၁-၂၅၃၂၀၂
၃၁။ ပန်းဘဲတန်း ၀၁-၃၇၁၃၉၈
၃၂။ ကျောက်တံတား ၀၁-၃၇၁၀၅၄
၃၃။ ဆိပ်ကမ်း ၀၁-၂၅၆၉၂၀
၃၄။ ဒလ ၀၁-၂၆၉၁၉၂
၃၅။ သံလျင် ၀၅၆-၂၁၅၀၄
၃၆။ ကျောက်တန်း ၀၅၆-၂၅၅၀၄
၃၇။ အင်းစိန် ၀၁-၆၄၅၈၁၉
၃၈။ မင်္ဂလာဒုံ ၀၁-၆၃၅၀၇၄
၃၉။ ထောက်ကြန့် ၀၁-၆၀၀၀၃၂
၄၀။ လှိုင်သာယာ ၀၁-၆၄၅၀၁၆
၄၁။ မှော်ဘီ ၀၁-၆၂၀၀၀၁
၄၂။ လည်းကူး ၀၁-၆၂၉၀၀၉
၄၃။ တိုက်ကြီး ၀၅၅-၂၀၀၀၃
၄၄။ သောင်းကြီး ၀၁-၇၂၂၉၁၆
၄၅။ လှော်ကား ၀၁-၇၀၈၉၃၀



မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇
၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈
၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉
၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁
၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁
၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂
၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃
၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄
၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅
၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅
၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆
၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀
၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈
၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉
၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉
၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈
၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅
၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇
၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂
၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁
၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉
၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂
၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃
၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂
၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄
၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂
၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆
၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃
၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁
၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃
၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆
၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇
၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄
၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁
၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂
၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃
၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄
၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅
၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄
၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄
၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆
၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅
၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅
၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉
၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄
၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁
၄၇။ ၀မ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇
၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃
၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆
၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄
၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉
၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀
၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄
၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄
၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉
၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉
၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃
၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

Eleven Media Group

ကောလာဟလ ထုတ်လွှင့်မှုအချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းအများစု ပိတ်သိမ်း

3.25.2
ယုဇနပလာဇာနှင့် မင်္ဂလာဈေးအနီး ဗညားဒလ လမ်းပေါ်ရှိ ဈေးဆိုင်များ အချိန်စောပိတ်သိမ်းခဲ့သည်ကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်

ဘာသာရေး၊ လူမျိုးရေးနှင့် သက်ဆိုင်သည့် ကောလာဟလ ထုတ်လွှင့်မှု အချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းများမှာ ပိတ်သိမ်းလျှက် ရှိသည်။
ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တစ်ဝိုက်တွင် လူမျိုးရေး၊ ဘာသာရေးနှင့် သက်ဆိုင်သည့် ကောလာဟလများ ထုတ်လွှင့်မှုကြောင့် ဆိုင်ခန်းပိုင်ရှင်များမှာ ဆက်လက်ရောင်းချခြင်း မပြုပဲ ဆိုင်ခန်းအချို့ ပိတ်သိမ်းခြင်းဖြစ်သည်။
မင်္ဂလာဈေးရှိ ဆိုင်ခန်းများအား လုံးပိတ်သိမ်းခြင်း မဟုတ်ပဲ ဆိုင်ခန်းအချို့မှ ပိတ်သိမ်းခြင်း၊ ဗညားဒလ လမ်းမပေါ်ရှိ ဆိုင်ခန်းအများစု ပိတ်သိမ်းခြင်း ဖြစ်သည်။

မင်္ဂလာဈေးမှ ဈေးကော်မတီနှင့် တာဝန်ရှိသူများကမူ စိုးရိမ်စရာ မရှိကြောင်း၊ ဆက်လက်၍ ဆိုင်ခန်းဖွင့်လှစ် ရောင်းချနိုင်ကြောင်းကို ဆက်တိုက်နီးပါး ကြေညာပေးလျှက်ရှိပြီး တာဝန်ရှိသူများ၊ တာဝန်ကျ ရဲဝန်ထမ်းများလည်း လာရောက်ဆောင်ရွက်ပေးလျှက် ရှိသည်ဟု သိရသည်။
ယခုဖြစ်စဉ်အရ မည်သည့်အကြောင်းရင်း တစ်စုံတစ်ရာမရှိပဲ ကောလာဟလ ထုတ်လွှင့်နေသူများကြောင့် ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့ညကလည်း ကားတစ်စီးဖြင့် လူတစ်စုမှ လိုက်လံ၍ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဗလီတွေကို ဖျက်နေပြီဟူသော သတင်းမှားများ ထုတ်လွှင့်ကာ ဆူပူစေရန် လှုံ့ဆော်မှု ဖြစ်ပွားခဲ့သည်။

Eleven Media Group

မင်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်

 င်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်

မင်္ဂလာတောင်ညွန့်တွင်ဖြစ်ပေါ်နေသောသတင်းများမဟုတ်မှန် ရန်ကုန်၊ မတ် ၂၅ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတစ်စုက အုပ်စုဖွဲ့၍ ရန်ပြုဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပြီး ယင်းသတင်းများမှာ မဟုတ်မှန်ဘဲ ကောလာဟလများကြောင့် ယင်းမြို့နယ်တွင်း လူစုလူဝေးများဖြစ်ပေါ်နေခြင်းကို မြို့နယ်မှူး နှင့် ရဲအုပ် တို့ဦးဆောင်ကာ လိုက်လံရှင်းပြပြောဆို၍ အခြေနေကို ထိန်းသိမ်းလျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက The Voice Weekly သို့ ပြေကြားသည်။ 
 “မြို့နယ်မှုးရော၊ ရဲအုပ်ဝင်းရွှေခေါင်းဆောင်တဲ့ အဖွဲ့တွေပါ လူစုလူဝေးဖြစ်တဲ့နေရာတွေကို လိုက်ပြီး ရှင်းပြနေပါတယ်။ ဘာပဋိပက္ခမှ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်သည့်အပြင် ရပ်ကွက်အလိုက် လူမျိုး/ဘာသာ မရွေး စုပေါင်း၍ လုံခြံရေးဆောင်ရွက်သည့် အစီအမံကို အုပ်ချုပ်ရေးမှူးများ ၊ ရပ်မိ/ရပ်ဖများဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ကိုးကား၍ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ 
တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် ၁၃၈လမ်းရှိ ဓမ္မာရုံတစ်ခုတွင် အစ္စလာမ်ဘာသာဝင်များ လာရောက်ဖျက်ဆီးမည်ဆိုသော သတင်းကြောင့် ဗုဒ္ဓဘာသာဝင်များ လူစုလူဝေးဖြင့် စောင့်ဆိုင်းနေကြပြီး အခြား တစ်ဘက်ကလည်း ယင်းသတင်းများကြောင့် လက်နက်အချို့ ကိုင်ဆောင်ကာ စောင့်ကြည့်မှုများရှိခဲ့ကာ ယခုအခါ အခြေနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်းရဲတပ်ဖွဲဝင်များထံမှ သိရသည်။ ယခုဖြစ်စဉ်များမှာ အဖွဲ့အစည်း တစ်ခုခုက မြန်မာနိုင်ငံတွင် ဘာသာရေး ပဋိပက္ခတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်ရန်သေချာကြောင်း၊ အစိုးရအနေနှင့် လုံခြုံရေးတိုးမြှင့် သည်မျိုးဆောင်ရွက် သင့်ကြောင်း၊ နှစ်ဘက်ဘာသာရေး အဖွဲ့အစည်းများကလည်း သတင်းအမှားများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုဖြေရှင်းသင့်ပြီး သံသယစိတ်များနှင့် စောင့်ကြည်သည်မျိုး မလုပ်သင့်ကြောင်း၊ အစိုးရကလည်း ပြည်သူများ ထိတ်လန့်မှုမရှိစေရန် မီဒီယာများမှတစ်ဆင့် ဖြစ်ရပ်မှန်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နေသင့်ကြောင်း နိုင်ငံရေးသမားများနှင့် လေ့လာသူများက ပြောကြားသည်။
The Voice Weekly 

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား..

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား
လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို


 မတ်လ ၂၄ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းအောင်နီက
 “ညဦးပိုင်းကတည်းက ကျွန်တော်တို့ကိုယ်တိုင် အနီးကပ် အစအဆုံး ရှိနေတယ်။ ည ၈ နာရီလောက်ကတည်းက နယ်မြေထဲမှာ လုံခြုံရေးအတွက် စိတ်မပူရအောင် ကင်းလှည့်တာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ အဲဒီအချိန် ကတည်းကနေ မနက်လင်းတဲ့ အထိပဲ။ တချို့က မလိုအပ်ဘဲ စိတ်ပူတယ်။ မလိုအပ်ဘဲ အချင်းချင်း ဆက်သွယ်တယ်။ မလိုအပ်ဘဲ လူအုပ်နဲ့ အပြင်ထွက်တယ်။ မမှန်တဲ့သတင်းကို မမှန် မှန်းလည်းမသိဘဲနဲ့ ဖြန့်တယ်။ ညတုန်းကဆိုရင် မဖြစ်သင့်တဲ့အနေအထားမျိုးပါ။ ရှေ့သာဆက်ဖြစ်မယ်ဆိုလို့ရှိရင် ပြဿနာရှိလာနိုင်တယ်။ လူငယ် ၆ ယောက်က ကားငှားနေတယ်။ အဲဒါကိုပဲ တချို့က လူအုပ်နဲ့ ကားနဲ့ လာပြီး ရန်တွေ့မယ်ထင်လို့ စိတ်ပူပြီး အုပ်စုလိုက်ကြီး ထွက်လာတယ်။ ဒါတွေက ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင်သုံးသပ်ဖို့ လိုတယ်။ အဲလို မသုံးသပ်ဘဲ  လူငယ်တွေကို အန္တရာယ်ပြုဖို့ လိုက်လို့ လူငယ်တွေ ထွက်ပြေးရတယ်၊ အဲလိုသတင်းတွေကြားလို့ ကျွန်တော်တို့က ပြေးပြီး ကာကွယ်ပေးရတာမျိုးတွေ ရှိတယ်၊ 
   ကျွန်တော်တို့ဆီကို ဟိုမှာ ဘာဖြစ်နေပြီ၊ ဒီမှာ ဘာဖြစ်နေပြီဆိုပြီး ဖုန်းဆက် တာတွေ အကြောင်းကြားတာတွေ ရှိတယ်။ သူတို့ပြောတဲ့နေရာတွေကို ကျွန်တော်တို့ ချက်ချင်းသွားတယ်။ တကယ်တော့ ဘယ်သူမှလည်း မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး။ သို့သော် သူတို့စိတ်ပူပြီး စိုးရိမ်ပြီး ထင်ရာမြင်ရာ လျှောက်လုပ်ရင် ပိုစိုးလာနိုင်တဲ့အတွက် ခင်ဗျားတို့ စိတ်မပူနဲ့။  မလိုအပ်တဲ့ နေရာမှာ မပါကြနဲ့။ ကျွန်တော်တို့ကိုယ်တိုင် သွားမယ်ဆိုပြီး သက်ဆိုင်တဲ့သူတွေကိုပဲ ကျွန်တော်တို့က ပြန်ပြီး ရှင်းပြခဲ့ရတယ်။ 
   ကျွန်တော်တို့မှာ ရဲတပ်ဖွဲ့အင်အား အလုံအလောက်ရှိပါတယ်။ အခြေအနေ အားလုံးကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။ မနေ့ညကဆို တောင်ညွှန့်နယ်မြေထဲကို တိုင်းရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်တပ်ဖွဲ့မှူးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကုန်လုံး ကျွန်တော်တို့ အနားမှာ အနီးကပ်လာကြည့်ပြီး ကြီးကြပ်ပေးတယ်။ လုံခြုံရေးပိုင်းကိုတော့ ကျွန်တော်ကိုယ်တိုင် အပြည့်အ၀ တာဝန်ယူတယ်။ မမှန်မကန်လုပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူမယ်။
   အဓိကတော့ မမှန်သတင်းတွေကို မစဉ်းစား မတွေးခေါ်ဘဲ ဖြစ်နိုင်တယ်ဆိုပြီး တစ်ခုခု ထလုပ်လိုက်မှ မလိုအပ်တဲ့ မီးပွားက အဲဒီမှာ ထတောက်လာမယ်။ အဲလိုမဖြစ်အောင် စဉ်းစားတွေးတော ဆုံးဖြတ်ကြဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ဆန္ဒဂျာနယ်အား ပြောကြားခဲ့သည်။
မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား.. လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို


မတ်လ ၂၄ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းအောင်နီက
“ညဦးပိုင်းကတည်းက ကျွန်တော်တို့ကိုယ်တိုင် အနီးကပ် အစအဆုံး ရှိနေတယ်။ ည ၈ နာရီလောက်ကတည်းက နယ်မြေထဲမှာ လုံခြုံရေးအတွက် စိတ်မပူရအောင် ကင်းလှည့်တာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ အဲဒီအချိန် ကတည်းကနေ မနက်လင်းတဲ့ အထိပဲ။ တချို့က မလိုအပ်ဘဲ စိတ်ပူတယ်။ မလိုအပ်ဘဲ အချင်းချင်း ဆက်သွယ်တယ်။ မလိုအပ်ဘဲ လူအုပ်နဲ့ အပြင်ထွက်တယ်။ မမှန်တဲ့သတင်းကို မမှန် မှန်းလည်းမသိဘဲနဲ့ ဖြန့်တယ်။ ညတုန်းကဆိုရင် မဖြစ်သင့်တဲ့အနေအထားမျိုးပါ။ ရှေ့သာဆက်ဖြစ်မယ်ဆိုလို့ရှိရင် ပြဿနာရှိလာနိုင်တယ်။ လူငယ် ၆ ယောက်က ကားငှားနေတယ်။ အဲဒါကိုပဲ တချို့က လူအုပ်နဲ့ ကားနဲ့ လာပြီး ရန်တွေ့မယ်ထင်လို့ စိတ်ပူပြီး အုပ်စုလိုက်ကြီး ထွက်လာတယ်။ ဒါတွေက ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင်သုံးသပ်ဖို့ လိုတယ်။ အဲလို မသုံးသပ်ဘဲ လူငယ်တွေကို အန္တရာယ်ပြုဖို့ လိုက်လို့ လူငယ်တွေ ထွက်ပြေးရတယ်၊ အဲလိုသတင်းတွေကြားလို့ ကျွန်တော်တို့က ပြေးပြီး ကာကွယ်ပေးရတာမျိုးတွေ ရှိတယ်၊
ကျွန်တော်တို့ဆီကို ဟိုမှာ ဘာဖြစ်နေပြီ၊ ဒီမှာ ဘာဖြစ်နေပြီဆိုပြီး ဖုန်းဆက် တာတွေ အကြောင်းကြားတာတွေ ရှိတယ်။ သူတို့ပြောတဲ့နေရာတွေကို ကျွန်တော်တို့ ချက်ချင်းသွားတယ်။ တကယ်တော့ ဘယ်သူမှလည်း မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး။ သို့သော် သူတို့စိတ်ပူပြီး စိုးရိမ်ပြီး ထင်ရာမြင်ရာ လျှောက်လုပ်ရင် ပိုစိုးလာနိုင်တဲ့အတွက် ခင်ဗျားတို့ စိတ်မပူနဲ့။ မလိုအပ်တဲ့ နေရာမှာ မပါကြနဲ့။ ကျွန်တော်တို့ကိုယ်တိုင် သွားမယ်ဆိုပြီး သက်ဆိုင်တဲ့သူတွေကိုပဲ ကျွန်တော်တို့က ပြန်ပြီး ရှင်းပြခဲ့ရတယ်။
ကျွန်တော်တို့မှာ ရဲတပ်ဖွဲ့အင်အား အလုံအလောက်ရှိပါတယ်။ အခြေအနေ အားလုံးကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။ မနေ့ညကဆို တောင်ညွှန့်နယ်မြေထဲကို တိုင်းရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်တပ်ဖွဲ့မှူးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကုန်လုံး ကျွန်တော်တို့ အနားမှာ အနီးကပ်လာကြည့်ပြီး ကြီးကြပ်ပေးတယ်။ လုံခြုံရေးပိုင်းကိုတော့ ကျွန်တော်ကိုယ်တိုင် အပြည့်အ၀ တာဝန်ယူတယ်။ မမှန်မကန်လုပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူမယ်။
အဓိကတော့ မမှန်သတင်းတွေကို မစဉ်းစား မတွေးခေါ်ဘဲ ဖြစ်နိုင်တယ်ဆိုပြီး တစ်ခုခု ထလုပ်လိုက်မှ မလိုအပ်တဲ့ မီးပွားက အဲဒီမှာ ထတောက်လာမယ်။ အဲလိုမဖြစ်အောင် စဉ်းစားတွေးတော ဆုံးဖြတ်ကြဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ဆန္ဒဂျာနယ်အား ပြောကြားခဲ့သည်။
 
The People's Will News Media ပြည်သူ့ဆန္ဒ