ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျော်ဒန်နိုင်ငံ စီအန်ဂျေ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၂၀၀၀ ကျော်ဆန္ဒပြမှု အလုပ်သမားဝန်ကြီးဋ္ဌာနမှ မိမိနိုင်ငံသားများအတွက် တာဝန်မဲ့လှစ်လျှူရှူနေ...

 ဂျော်ဒန်နိုင်ငံ စီအန်ဂျေ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၂၀၀၀ ကျော်ဆန္ဒပြမှု အလုပ်သမားဝန်ကြီးဋ္ဌာနမှ မိမိနိုင်ငံသားများအတွက် တာဝန်မဲ့လှစ်လျှူရှူနေ...

ဖေဖေါ်ဝါရီလ ၁၄ ရက်မှ စတင်ဖြစ်ပွားခဲ့သော ဂျော်ဒန်နိုင်ငံ စီအန်ဂျေ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၂၀၀၀ ကျော်ဆန္ဒပြမှုမှာ ယနေ့ချိန်ထိ ထိရောက်သော ဖြေရှင်းပေးမှု တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးကြောင်း သိရပါသည်။

 ဖေဖေါ်ဝါရီ ၁၈ ရက် Eleven media တွင်ပါရှိသော သတင်းအရ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး မှ တာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ကြောင်း ကြားသိရသော်လည်း ယခုချိန်ထိ ထိရောက်သော ကူညီ/တာဝန်ယူဖြေရှင်းပေးမှု့ တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးကြောင်း သိရှိရပါသည်။ ဦးသက်နိုင်ဦး မှ " အဲဒီကိစ္စ ကျွန်တော်တို့ဆီကို သတင်းမ၀င်သေးဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တာဝန်ရှိသူတွေကို တင်ပြပေးသွားမှာဖြစ်တယ်။ နောက်ပြီး ဂျော်ဒန်နိုင်ငံက မြန်မာသံရုံးနဲ့ ချိတ်ဆက် ဖြေရှင်းပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြောကြား " ဟုပါ ရှိချက်အရ အဆိုပါဆန္ဒပြ မြန်မာအလုပ်သမားများမှ သက်ဆိုင်ရာ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု့ ဖူလုံရေးဝန်ကြီးဌာနာ သို့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် မေလ်းဖြင့် (moloffice51@gmail , mol@mptmail.net.mm ) သာမက ဖုန်းဖြင့် ဆက်သွယ် အသိပေး တိုင်ကြားခဲ့ပါသော်လည်း ကူညီဖြေရှင်းပေးခြင်း မရှိကြောင်း သိရှိရပါသည်။

ထိုအတောအတွင်း ဒုရဲအုပ် -------------- ဆိုသူမှ (adunt123@gmail.com ) ဆက်သွယ်လာပြီး အသေးစိတ်အချက်အလက်များ ရေးသားပေးပို့ရန် ပြောကြားလာခြင်းမှလွဲပြီး ၂၅ ရက်နေ့အထိ ပြန်လည်ဆက်သွယ်ခြင်း မရှိတော့ကြောင်း ၊ ယနေ့ ၂၆ ရက်နေ့တွင်မှ ဖြစ်စဉ်အသေးစိတ်အား ILO သို့ ဆက်လက်တိုင်ကြားရန် စာရေးသားပေးပို့သည်ကိုသာ လက်ခံရရှိကြောင်း ကြားသိရပါသည်။

ထိုသို့ ILO သို့သာ ဆက်လက်တင်ပြတိုင်ကြားရန် ပြုစေခြင်းမှာ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မိမိနိုင်ငံသား အလုပ်သမားအရေးအပေါ် တာဝန်ယူဖြေရှင်းပေးခြင်းမရှိပဲ ခေါင်းရှောင်လွဲသော လုပ်ရပ်တစ်ခုသာဖြစ်ပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အလုပ်သမားများ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက အလုပ်သမား ၀န်ကြီးဌာန(သို့မဟုတ်) သက်ဆိုင်ရာ မြန်မာသံရုံးများသို့ တရားဝင် တိုင်ကြားနိုင်ကြောင်း ပြောကြားထားသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ကြောင်း ၊ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရပါသည်။

 ဂျော်ဒန်နိုင်ငံရောက် မြန်မာအလုပ်သမား ၂၀၀၀ ကျော် ဆန္ဒပြမှုအပေါ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးကမူ လက်ရှိတွင် အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ဂျော်ဒန်နိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ရန် မည်သည့်အေဂျင်စီကိုမှ ခွင့်ပြုထားခြင်း မရှိကြောင်း ပြောဆိုချက်ကို ထောက်ချင့်လျှင် ၀န်ကြီးဌာန အနေနှင့် တရားမ၀င် အလုပ်သမားစေလွှတ်မှု့ ကို ခွင့်ပြုထားသကဲ့သို့ဖြစ်နေပါသည် ။

 မြန်မာပြည်မှ အလုပ်သမားများ ဂျော်ဒန်နိုင်ငံသို့ တရားဝင်ခွင့်ပြုထားခြင်းမရှိပဲ ပို့ဆောင်နေသော အေဂျင်စီ မှာ နယူစိုင်း (ကိုစိုင်း) -------------------- တိုက်(၄၄) ၄လွှာ- လှည်းတန်းလမ်းမ၊ ကမာရွတ်မြို့နယ် ဖုန်း ၀၁-၇၀၈၈၂၈ ဟန်းဖုန်း ၀၉-၇၃၀၇၀၆၈၈ ဆိုသူဖြစ်ကြောင်း .... သိရှိရပါသည် ။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဖြစ်ရပ် ကိစ္စရပ်များအား ၀င်ရောက်ကူညီဖြေရှင်းပေးခြင်း တစ်စုံတစ်ရာမရှိပါက သက်ဆိုင်သူများအား အဆင့်ဆင့် ထိရောက်စွာ တိုင်ကြားအရေးယူခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများမှ ပြောကြားပါသည်။ ဖြစ်စဉ်အသေးစိတ်အားသိရှိလိုပါက

 ဇာနည်အောင် - ၀၀၉၆၂ ၇၇၇၄၁၇၄၀၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------- (ဆက်လက်ဖြန့်ဝေပေးခြင်းဖြင့် ပြည်ပတွင်အခက်အခဲနှင့်ရင်ဆိုင်နေရသော မြန်မာနိုင်ငံသား အလုပ်သမားများကို ကူညီပေးပါရန် ၊ အများစုမှာ အမျိုးသမီးများ ဖြစ်ပါသည်) သတင်းဆက်စပ်လင့် .... http://news-eleven.com/local/18079
https://www.facebook.com/DVBTVNews/posts/507197292652109

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ
နေပြည်တော်။ ဖေဖော်ဝါရီ ၂၂။

ဖေဖော်ဝါရီလ နွေဦးရောက်ပြီဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်မြို့တော်ကြီးရဲ့ အပူချိန်ကတော့ ရေနွေးအိုးမတည်ရဘဲ လက်ဖက်ခြောက်ခပ်သောက်လို့ရမယ့် အနေအထားပါပဲ.။ ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း အိမ်ရှေ့က မန်ကျည်းပင်ရိပ်အောက်မှာ အေးအေးလူလူ ဂျာနယ်တစ်စောင်ဖတ်နေတုန်း ဆက်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့ တူတော်မောင်အရာရှိ ရောက်လာပြီး .

“ဘကြီး နေကောင်းလား . ဘာတွေဖတ်နေတာတုန်း” လို့ မေးရာ
“အေး. အတော်ပဲကွာ. ဘကြီးလည်း တူမောင်ကို မေးချင်. သိချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ” ဟု ပြန်ပြောလိုက်ပါတယ်.
“ဘာတွေ သိချင်နေတာလဲ ဘကြီးရ” ဟု တူမောင်က ပြောရာ ကျွန်တော်လည်း .
“ဟို တလောကကွာ ဂျာနယ်တစ်စောင်မှာ ဘကြီးဖတ်လိုက်ရတယ်။ တူမောင်တို့ ဝန်ကြီးဌာနက ဝန်ကြီး ဦးသိန်းထွန်းနဲ့ အထွေထွေမန်နေဂျာ/အင်ဂျင်နီယာချုပ်စတဲ့ အရာရှိကြီး(၈)ဦးကို မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာမှာ ပိုမိုတွက်ချက်တင်ပြပြီး ထုတ်ယူတာကြောင့်ရယ်၊  စက်ကိရိယာ ပစ္စည်းတွေ ၀ယ်ယူရာမှာလည်း ဈေးလျော့ဝယ်ယူတာတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နဲ့ ဥတ္တရသီရိမြို့နယ်က ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူတော့မယ်လို့ ဘကြီးဖတ်လိုက်ရတယ်ကွ၊ ဒါပေမယ့် အခုချိန်ထိ အဲဒီအကြောင်း ဘာမှထပ်မကြားတော့လို့ ပြီးများသွားပြီလား၊ ဘာတွေဖြစ်ကုန်ပြီလဲလို့ သိချင်နေတာ ကွ တူမောင်ရ” 

ဟု ပြောလိုက်ရာ ကျွန်တော့တူတော်မောင်က ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး ဒါက ဒီလိုရှိတယ် ဘကြီးရဟုဆိုကာ သူတို့ဝန်ကြီးဌာနက သတင်းတွေအားလုံးကို ပြောပြပါတော့တယ်.။

“ဘကြီးပြောတဲ့ ပထမသတင်းက မှန်တယ်ဘကြီးရ. အမှုလည်းဖွင့်ပြီး နောက်နေ့မှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာနကို စသုံးလုံးကလူတွေရောက်လာပြီး လူကြီးပိုင်းတွေကို စပြီးစစ်တော့တာပဲ. သူတို့ရုံးခန်း တွေထဲက ကွန်ပျူတာတွေ၊ ဖိုင်တွေ၊ ဖုန်းတွေ အားလုံးကို သိမ်းဆည်းလိုက်ပြီး အကုန်စစ်တော့တာပဲ ဘကြီးရ.” ဟု ဆိုကာ ဆက်ပြောပါတယ်...။

“နောက်ပြီး စစ်နေတဲ့အချိန်မှာပဲ ဝန်ကြီးဆီကို ဦးသိန်းဝင်းက ငွေလွှဲပေးတဲ့ပြေစာတွေ အင်တာနက် ပေါ်ရောက်လာတော့ ပိုဆိုးတော့တာပေါ့ ဘကြီးရာ. စစ်စစ်ချင်း အစောပိုင်းမှာတင် စာရင်းကွာတာ တွေ၊ ငွေကွာတာတွေ၊ ပစ္စည်းဈေးနှုန်းကွာတာတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေတင်သွင်းဝယ်ယူတဲ့ နေရာမှာ နိုင်ငံတော်ကိုတန်ဖိုးများများစာရင်းပြ ကုမ္ပဏီနဲ့ညှိပြီး အရည်အသွေးနိမ့်တဲ့စက်ပစ္စည်းတွေ သွင်းတာတွေ တွေ့တာပေါ့ဘကြီးရာ. ကျွန်တော်တို့လည်း ဒီတစ်ခါတော့ နိုင်ငံတော်သမ္မတကြီး တကယ်အရေးယူပြီလို့ ထင်တာပေါ့ဘကြီးရာ. အခုကြတော့ အဲဒီလို မဟုတ်တော့ပြန်ဘူး ဘကြီးရ.” ဟု ပြောတော့
ကျွန်တော်လည်း အတော်စိတ်ဝင်စားသွားပြီး “ဟေ ဟုတ်လား ဘကြီးသိချင်နေတာ အဲဒါကွ. ဆက်ပြောပါအုံး” ဟု ပြောလိုက်ပါရာ

“စစချင်းတော့ သူတို့ပဲပေါ. နောက်တော့မှ ဘကြီးရေ- စစ်လိုက်တာ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပေါ့. အခုလိုအလွဲသုံးစားလုပ်မှုတွေက အခုဒီဝန်ကြီးလက်ထက်ကြမှ ရှိတာ မဟုတ်ဘူး၊ အရင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်လက်ထက်ကတည်းက ဖြစ်နေတာ ဘကြီးရ၊ ဇာတ်လမ်းက အရှုပ်ကြီးရယ်၊ စာရင်းဇယားတွေ အကုန်လုံးကို စစ်တာဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့ အပြင်ကကုမ္ပဏီတွေလည်း ပါတာပေါ့ ဘကြီးရာ၊ 

အဲဒီထဲမှာ ဆက်သွယ်ရေးရဲ့ Project တွေ အများဆုံးရတဲ့ ကုမ္ပဏီက RedLink ကုမ္ပဏီလေ.”
“RedLink ကုမ္ပဏီကို ဘကြီးသိလား” လို့ တူတော်မောင်က စကားဖြတ်ပြီးမေးလိုက်ရာ
”အင်း မြင်တော့ မြင်ဘူးတယ်. ကြေငြာတွေထဲမှာ တွေ့တာလေ” ဟု ပြန်ပြောလိုက်ပါတယ်. ဒါနဲ့ တူတော်မောင်က .

“အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းပိုင်တာ ဘကြီးရ၊ ဒါကြောင့်မို့ ဆက်သွယ်ရေးရဲ့ Project တွေ အများကြီးကို သူတို့ရတာပေါ့. အခုဒီမှာ ပြဿနာလည်းဖြစ်ရော ဟို.စသုံးလုံးအဖွဲ့တွေက သူတို့ကိုပါခေါ်ပြီးစစ်တာပေါ့.

 အဲဒါ ဆက်သွယ်ရေးနဲ့ RedLink နဲ့ပေါင်းပြီး စာရင်းလိမ်ပြထားတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ အများကြီး အများကြီး ပေါ်လာတာပေါ့ဘကြီးရာ. ဇာတ်လမ်းက အဲဒီမှာ စတာ ဘကြီးရ. ဝန်ကြီးနဲ့ အစစ်ဆေးခံနေရတဲ့ လူကြီးတွေကလည်း သူတို့ကို ဖော်ထုတ်ရင်. သူတို့ကလည်း အရင် ဝန်ကြီးဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ လာဘ်စားထားတဲ့အကြောင်း တွေ၊ သူတို့ကို ခွဲဝေပေးရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဆွေမျိုးသားသမီး.တွေကို လုပ်ကိုင်ခွင့် Project တွေ ပေးရတဲ့အကြောင်းတွေကို ဖော်ကောင်လုပ်မှာလို့ ပြောလိုက်တယ်. 

အခုကျွန်တော် နောက်ဆုံး သိရတာကတော့ သူတို့ကိုသာ အရေးယူမယ်ဆိုရင် သူတို့ဖော်ကောင်လုပ်မယ့် အချက်အလက်တွေကို ပြုစုပြီးပြီလို့ သိရတယ်ဘကြီးရ. အဓိကကတော့ RedLink ကုမ္ပဏီနဲ့ ပေါင်းပြီး နိုင်ငံတော်ကို ညာထားတဲ့အချက်တွေပေါ့ ဘကြီးရာ. အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား ပိုင်တဲ့ကုမ္ပဏီဖြစ်နေတော့ သူပါ သိက္ခာကျ၊ အရှက်ကွဲရမယ့် အခြေအနေလေ. ဒါကြောင့်မို့ အခုတော့ ဝန်ကြီး ဦးသိန်းထွန်းနဲ့ အဖွဲ့ အရေးယူမခံရဘဲ ရှိနေတာကို လွှတ်တော်ကလည်း ဘာမှမပြောရဲ၊ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာပေါ့ ဘကြီးရ”လို့ ပြောလိုက်တော့မှ ကျွန်တော်လည်း သဘောပေါက်ပါတော့တယ်။

ဒီအခြေအနေတွေကြောင့် ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဆိုတာ အားလုံး သဘောပေါက်လောက်ပါပြီ..။

နေပြည်တော်မှ တူမောင်..။ 


ခရမ်းမြို့နယ်မှာ ခေါ်မရ ပြုမရ အဆင်မပြေဖြစ်နေသည့် ဖုန်းလိုင်းများ အတွက်.. ခေတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့် ပြည်သူများမှ ကိုယ့်..ရပိုင်ခွင့် အခွင့်အရေး ကိုယ်တိုင် တောင်းဆိုကြမည်

  ခရမ်းမြို့နယ် အတွင်းရှိ ဖုန်းလိုင်းများ အဆင်မပြေ ဖြစ်နေတာကြာပါပြီ။ မည်သူမျှ ဆောင်ရွက် မပေးကြသဖြင့် ခေတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့် ပြည်သူများမှ လက်မှတ်ရေးထိုး တောင်းဆိုပွဲ ကို 21.2.2013 နေ့တွင် ခရမ်းမြို့အတွင်းကျင်းပမည်ဖြစ်ပါသည်။
လက်မှတ် များကို ဆက်သွယ်ရေးရုံး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ လွှတ်တော်ကိုယ် စားလှယ်ရုံးများသို့ ပေးပို့တင်ပြ တောင်းဆိုကြပါမည်။ 

 မှတ်ချက်။ အသနားခံခြင်းမဟုတ်ပါ၊ 
ကိုယ်အခွင့် အရေးကို တောင်းဆိုခြင်းဖြစ်ပါသည်။ 

ခရမ်းသား...
 
 
 
 ခေါ်မရ ပြုမရ ခရမ်းမြို့မှ ဖုန်းလိုင်းများအတွက် ခရမ်းမြို့ ခတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့် ပြည်သူများမှ ယနေ့ လက်မှတ်ရေးထိုး လှုပ်ရှားမှု... 
ဓာတ်ပုံ ခရမ်းသား
 
 

ခရမ်းမြို့(ခေတ်ဆန်းလူငယ်)များမှ လမ်းမီးများတပ်ဆင်ခြင်း

နတ်ပြည်မှ နာမ်မရှိပဲ ရုပ်သာရှိတဲ့ ရူပဘုံသား ဗြဟ္မာ့ဦးခေါင်းများ 
 ခရမ်းမြို့နယ်မှာ ခေါ်မရ ပြုမရ အဆင်မပြေဖြစ်နေသည့် ဖုန်းလိုင်းများ အတွက်.. ခေတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့် ပြည်သူများမှ ကိုယ့်ရပိုင်ခွင့် အခွင့်အရေး ကိုယ်တိုင် တောင်းဆိုကြမည်ဆိုလို့....

 နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေခံရပိုင်ခွင့်တွေ Infrastructure တွေအတွက် ပြည်သူတွေကိုယ်တိုင် ဖန်တီးစရာမလို အစိုးရက ဖန်တီးပေးသည်.။ ဒီတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ အစိုးရက ဖန်တီးရှင် ပြည်သူတွေက ဖန်တီးစရာမလို လူတွေ နေတဲ့တိုင်းပြည် လူ့ပြည်ပေါ့..။

ကျွန်တော်တို့ မြန်မာပြည်မှာတော့ အခြေခံရပိုင်ခွင့်တွေ အခြေခံ ရေ၊ မီး၊ လမ်း Infrastructure တွေအတွက် ပြည်သူတွေ ကိုယ်ကိုယ်တိုင် ဖန်တီးကြရသည်..။ ပြည်သူတွေက ရေဆိုရေ။ မီးဆိုမီး၊ လမ်းဆိုလမ်း ကိုယ်ထူကိုယ်ထ လိုအပ်တာကို ကိုယ့်ဖာသာကိုယ် ဖန်တီးရတဲ့ ဖန်တီးရှင် နတ်ပြည်သားတွေပေါ့..။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ နတ်ပြည်ကလူတွေလို့ ကြံဖန်ဂုဏ်ယူလိုက်ပါမယ်..

ဒီလိုဆိုတော့ မြန်မာပြည်က အစိုးရဆိုသူတွေ ရုပ်သာရှိပြီး နာမ်မရှိတဲ့ ရုပ်ပြ၊ ဟန်ပြ အတွင်းအနှစ်သာရ ဘာမှ မရှိတဲ့ ရူပဘုံက ဗြဟ္မာတွေလို့ ကြံဖန် ဂုဏ်ယူကြလေမလား...
ဒါမှမဟုတ် ရေထဲပစ်ချ မရ လေထဲလွှင့်ပစ်မရ   ကျရာအရပ်မှာ လောင်မီးကျတတ်တဲ့
 ဗြဟ္မာဦးခေါင်းတွေလို ဖြစ်နေလေမလားပဲ...။

တွေးမိ ရေးမိတာလေးပါ..။


ဒီမိုဝေယံ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)

 ဓာတ်ပုံ ဧရာဝတီ
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)

ကညနယာဉ် မှတ်ပုံတင်ဌာန(ကနဦး) မြင်သာ ရန်ကုန်တောင်ဉက္ကလာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် နိုင်ငံတော်မှ စေတနာထား၍  ပြည်သူအများ သက်သာချောင်ချိ နိုင်ငံတကာအဆင့်မှီ ကားများ  စီးနိုင်စေရန် စေတနာထား၍၊ ယာဉ်အိုဟောင်းအပ်ကာ အဆင့်မြင့် ယာဉ်များ သွင်းစေခြင်း၊ မော်ဒယ်မြင့်များ  နိုင်ငံခြားငွေစာရင်းဖြင့် သွင်းစေခြင်းများ ဆောင်ရွက်ပေးလျှက်ရှိရာတွင် ယင်းဌာန၏ ယာဉ်စစ်အင်္ဂျင်နီယာဌာန ယာဉ်စစ်ဆေးခြင်းအထိ  အဆင်ပြေချောမွေ့သော်လည်း၊ ကနဦးဌာနသို့ ရောက်ရှိ၍ အမှုတွဲ စဖွင့်သည်မှ စ၍ကိစ္စရပ်တိုင်းအား ငွေညှစ်ခြင်းငွေ   တောင်းခြင်းများကို လုပ်ငန်း၏ ဆောင်ရွက်မှု အဆင့်တိုင်းတွင် ယာဉ်မှတ်ပုံတင် စာအုပ်လက်ဝယ် ရောက်ရှိသည့် ဆောင်ရွက်ပေးသည့် စားပွဲတိုင်း ငွေလမ်းခင်းနေရပါသည်။

အမှုတွဲယာဉ် စစ်မှပေးပို့သည်ကို ရှာ၍မှတ်တမ်းသွင်း ရသောဒုဉီးစီးမှုးဦးညီညီမှ တရားဝင်ယာဉ် တစီးလျှင် တသောင်းကျပ် တောင်းသည်ကိုပေးမှ ညနေတွင် အမှုတွဲငွေတွက်ရန် ရရှိပါသည်။ကညနအခွန် ငွေတွက်သူမှာလည်း အခြားသူမဟုတ်ပါ။ ထိုဉီးညီညီ၏ တအိမ်ထဲနေ ဇနီးဖြစ်သူ ဒေါ်တင်ချိုဝင်းဖြစ်ပြီး ယာဉ်တစီး ငွေတွက်ခသူမအား ငါးထောင်ကျပ်ပေးပါမှ ငွေတွက်ပေးသဖြင့် လုပ်ငန်း အဆင်ပြေစေရန် မဖြစ်မနေပေးရပါသည်။

 ငွေတွက်ပြီးလျှင်လည်း လက်မှတ်ထိုးပေးသူ အရာရှိအား ငါးထောင်ပေးရပြန်ပါသည်။   ပြီးငွေသွင်းသော ငွေခန်း၌လည်း သုံးထောင်မှ ငါးထောင်ကြားပေးမှ အဆင်ပြေရပြန်ပါသည်။ နံပတ်ယူသော အခန်းတွင်းသို့ဝင်ရန် မည်သည့် ဌာနတွင်မှမရှိသော တိုကင်ယူခြင်း အစီအစဉ် ဆောင်ရွက်ရာတွင် အခြားအရာရှိများ အလှည့်ကျ လက်မှတ်ထိုးသော စလစ်များမှာ အခန်းတွင်းဝင်ခွင့် အခက်အခဲဖြစ်စေပြီး ဒုဉီးစီးဉီး တင်မောင်လွင်မှ သူတစ်သောင်းယူ၍ ထိုးထားသောစလစ်ဖြင့်သာနံပါတ်ပေး အခန်းတွင်းသို့ ဝင်ခွင့်ပြုပါသည်။

ထိုသူ၏နောက်တွင် မည်ကဲ့သို့သောအဆင့်မှ မွေးစားထား   သည်မသိရပါ၊ သူ၏လာဘ်စားမှုများ၊ ဝန်ထမ်း မသမာ ဆောင်ရွက်မှုများကို တိုင်ကြားသည်များ ရှိသော်လည်း ငွေတောင်းကျွမ်းကျင်သူ အဖြစ် တာဝန်ချထားမြဲမှာ မဖြစ်သင့်တော့ပါ။ ဌာနနှင့် ယာဉ်ကိစ္စ ဆောင်ရွက်ရသူ ပြည်သူများအတွက် ဝန်ပိပါသည်။   ထိုကနဦး ဌာနမှဝန်ထမ်းများမှာ စကားပြောဆို ဆက်ဆံရာတွင်လည်း ဝန်ထမ်းကဲ့သို့ ပြောဆိုခြင်းမရှိဘဲ ဆဲဆိုအော်ဟစ်ခြင်းများမှာ ဝန်ထမ်းများ သိက္ခာကျပါသည်။

ထိုဌာနမှာ လင်မယားအတူ တာဝန်ပေးခြင်းမှာလည်း မည်သည့် ဌာနတွင်မှမရှိပါ။ အမှုတွဲစာအုပ်နှင့် ဝှီးတက်ကွန်ြပူတာ ရိုက်လက်မှတ်ထိုးရန် အပ်ရာတွင်လည်း ဦးတင်မောင်လွင်မှ ငါးထောင်ဟိုလိုဂရမ်ဖိုးတောင်းပါသည်။ ဌာန၏ သတ်မှတ်နှုံးထားမှာ ခြောက်ရာကျပ်သာဖြစ်ပါသဖြင့် မေးမြန်းသူအား နိုင်ငံတော်မှ အချိန်ပို လုပ်းအားခခွင့် မပြုတော့သဖြင့် တောင်းကြောင်း။ ဝန်ထမ်းရှစ်ဆယ်ကျော်အတွက် အပတ်စဉ် လုပ်အားခပေးရန် ဖြစ်ကြောင်း ပြောဆိုပါသည်။

        ယာဉ်ကနဦး မှတ်ပုံတင်ဌာနမြင်သာတွင် ထိုကဲ့သို့ စီးပွားရှာနေသော ဝန်ထမ်းများမှာ မရှိသင့်ပါ။ အမှန်တကယ် လုပ်ငန်းကျွမ်းကျင်ပြီး ပြည်သူနှင့် အဆင်ပြေစွာ နေထိုင်လုပ်ုင်နိုင်သော ဝန်ထမ်းများကို ထားပေးပါရန်နှင့် မြေဝယ်၊ တိုက်ဆောက်ကားတစီးပြီး တစီးဝယ်ရန် စီးပွားရှာနေသော ဝန်ထမ်းများကို ဖယ်ရှားပေးနိုင်ပါရန် အကြံပြုအပ်ပါသည်။ တာဝန်ရှိ သူများကလည်း စာအုပ်အမြန်ထွက် ငါးသောင်းခွဲဖြင့် ကညနဝန်ထမ်းပွဲစားများ အလုပ်လက်ခံ လက်မှတ်ထိုးခြင်းဖြင့် သာယာမနေဘဲ၊ ဝန်ထမ်းထုအတွင်း ဖြစ်ပျက်နေသည်များကို စဉ်ဆက်မပြတ် လေ့လာသင့်ကြောင်း အကြံပြုအပ်ပါသည်။

                   ကညနယာဉ်သစ် တင်သွင်းမှုအကျိုးဆောင် ကုမ္မဏီဝန်ထမ်းများ

ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

ဒီမိုဝေယံသို့ ပေးစာ
  ဓာတ်ပုံ... ကားနေရာအခက်အခဲကြောင့် 
ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့
ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား...

သမ္မတကြီးနှင့် အစိုးရအဖွဲ့သည် clean government, good governance ဖြစ်ဖို့
ကြီးစားနေသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း ပြည်သူများက ယုံကြည်နေကြပါသည်။

သို့သော် ထိုယုံကြည်ချက်များအား ဖျက်လို ဖျက်ဆီးပြုမည့်သူများက သမ္မတကြီးတို့အစိုး
အဖွဲ့အတွင်း၌ ရှိနေကြပါသည်။ ၎င်းအတွင်းလူများကြောင့် သမ္မတကြီးတို့ အစိုးရအဖွဲ့သည် တဖြည်းဖြည်းနှင့် အမည်းစက်များ များလာသည်ကို တွေ့လာရပါသည်။ ထိုလူများသည် သမ္မတကြီးတို့ အစိုးရအဖွဲ့၏ သားသမီး၊ ဆွေမျိုးတစ်စုပင် ဖြစ်ပါသည်။

ဥပမာပြရသော် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လူစုလူဝေးများဖြင့် မင်းမဲ့စရိုက်ဆန်
စွာပြုလုပ်ခဲ့ကြသော အမှုများမှာအင်းယားလိတ် ညကလပ်တွင် ကားဖြင့်တိုက်ခဲ့သောအမှု၊
နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့တွင် လူအုပ်စုများဖြင့် ရမ်းကားခဲ့သောအမှု၊ ခိုင်းစေသူများ
လွတ်မြောက်ဆဲ ဖြစ်သောမြောက်ဥက္ကလာ လူသတ်မှုတို့ပင်ဖြစ်ပါသည်။ ထိုအမှုများသည်
အစိုးရအဖွဲ့၏ သားသမီးဆွေမျိုးများ ပါဝင်သည်ကို ပြည်သူများသိရှိနေကြပါသည်။

ထိုမင်းမဲ့စရိုက်ဆန်သော ဖြစ်ရပ်များကို သမ္မတကြီးတို့အစိုးရအဖွဲ့သည်ထိန်းကျောင်းနိုင်ခြင်း
မရှိသေးကြောင်းကို နောက်ထပ်တွေ့ရှိလာရပါသည်။ ထိုဖြစ်ရပ်မှာရန်ကုန်တိုင်းဒေသကြီး၊
ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သိန္ဒိလမ်းတွင် car parking နေရာထားရှိရေးနှင့်
ပတ်သက်ပြီး၊ 15.2.2013 ည၈နာရီလောက်က ရပ်ကွက်တွင်းတွင် မင်းမဲ့စရိုက်ဆန်စွာ
ပြုလုပ်ခြင်း တစ်ခုဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။

ထိုဖြစ်ရပ်တွင်ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်မိတ်ဆွေနှင့် စ.စ.စ ညွှန်ကြားရေးမှူးရဲ့ သားဖြစ်သူသည်(၎င်းကိုယ်တိုင်ဟော်ဟစ်
ပြောဆိုချက်) အများနှင့် ဆိုင်သည့်နေရာတွင် ၎င်းကားတစ်စီးသာ ရပ်နားရန်နေရာ ဦးထားလေ့ရှိပါသည်။ (တုတ်ချောင်းများထောင်ထားခြင်း)

ထိုနေ့တွင် အခြားကားတစ်စီးက ၎င်းနေရာတွင် သွားရောက်ထားရှိသည့်အခါ ရပ်ထားသည့်ကားပိုင်ရှင် တိုက်ခန်းပေါ်သို့ ၎င်းဦးဆောင်သည့် လူများနှင့်တက်၍ ကြမ်းတမ်းစွာ ဖယ်ရှားပေးဖို့ပြောဆိုပါသည်၊ ၎င်းတိုက်ခန်းတွင် အသက်ကြီးပြီး အားနည်းနေသည့် မိခင်ကြောင့် ကားပိုင်ရှင်သည် ဘာမှမပြောနိုင်
ဖြစ်နေပါသော်လည်း ၎င်းမင်းမဲ့စရိုက်ဆန်သော လူတစ်စုသည် တိုက်ခန်းအောက်တွင်ပါ
အော်ဟစ်နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းမင်းမဲ့စရိုက်ဆန်သူ လူတစ်စုတွင် အမျိုးသမီးများလည်း ပါဝင်သည်ကို တွေ့ရှိရပါသည်။ (မြောက်ဥက္ကလာ လူစုလူဝေးဖြင့် လူသတ်မူတွင်လည်း မိန်းမများပါဝင်သည်ကို တွေ့ရှိရသည်)။

ထိုလူရမ်းကားများသည် ဘယ်လောက်များ
နောက်ခံအားကိုး ရှိသလဲတော့မသိပါ၊။ ၎င်းကားပိုင်ရှင်ရဲ့ ကားကိုတစ်ခြား ရပ်ကွက်တွင်
သွားထားဖို့အထိ ပြောဆိုနေသည်ကိုလည်း တွေ့ရှိကြားသိနေရပါသည်။ ထိုအချိန်တွင်
ရပ်ကွက်အတွင်းရှိ အိမ်များမှ ကြည့်မနေနိုင်သောကြောင့် တိုင်ကြားသောအခါ ရပ်ကွက်
အုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျရဲများ လာရောက်သည့်အခါ ၎င်းမင်းမဲ့စရိုက်အဖွဲ့မှ
ခေါင်းဆောင်ဖြစ်သူသည် ရဲအရာရှိများအားသူသည် စ.စ.စ(စုံစမ်းစစ်ရေး)မှ
ညွှန်ကြားရေးမှူးချုပ်ရဲ့ သားဖြစ်ကြောင်း၊ ၎င်းအပြင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ
(ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်)နှင့်လည်း ရင်းနှီးကြောင်း၊ ခင်ဗျားတို့ရဲ့
ဓာတ်ပုံ... ကားနေရာအခက်အခဲကြောင့် ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့
ကိုယ်ပိုင်အမှတ်ပေးပါ။ အခုဖုန်းဆက်မည်ဖြစ်ကြောင်းေ ပြာဆိုသည်ကိုတွေ့ရှိရပါသည်။

၎င်းဖြစ်ရပ်တွင်လည်း မင်းမဲ့စရိုက်ဆန်သည့် လူတစ်စုကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ထိုကြောင့် ကျွန်တော်တို့ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်
ကဲ့သို့နောက်ထပ်အခြား မြို့နယ်၊ ရပ်ကွက်၊ တိုင်းဒေသကြီးတို့တွင် မဖြစ်ပွားအောင်ပြင်းထန်စွာအမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ရွှေတိုင်သား


တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော် (အပိုင်း ၂) ဆောင်းပါးရှင် တိုင်းရင်းသား တစ်ဦး



ဓာတ်ပုံ ဝ စစ်တပ်ပိုင် လက်နက်အချို့
 တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော်
 (အပိုင်း ) ဆောင်းပါးရှင် တိုင်းရင်းသား တစ်ဦး

() နိုင်ငံရေး    ။ ပထမဆုံး လုပ်သင့်တာက ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော်က ယူထား တဲ့ (၂၅) ရာခိုင်နှုန်း အမတ် နေရာထဲက အချို့အ၀က်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အတွက် ခွဲဝေပေးဖို့ ဖြစ်ပါတယ်။ ဘယ်နှစ်နေရာပေးမယ်ဆိုတာကတော့ အကြေအလည် ဆွေးနွေးပြီး တိုင်းရင်း သား နယ်ခြားစောင့်တပ်ဖွဲ့က အမည်စာရင်းတင်သွင်း၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရမှာပါ။ ဒီလို ခန့်အပ်လိုက်တဲ့ အတွက် ကိုယ့်ပြည်နယ်ကိစ္စ၊ ဒေသခံပြည်သူ့ကိစ္စတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြောရေးဆိုခွင့်၊ မဲပေးခွင့် ရှိသွားသလို ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဒူးတိုက်ဆွေးနွေးလို့ရ၊ အလုပ်အတူလုပ်လို့ ရတဲ့ အခြေအနေကို ရောက်သွားမှာပါ။

နောက်ပြီး ပြည်သူ့လွှတ်တော်ထဲမှာလဲ တပ်မတော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းရထားတဲ့ အထဲက တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ကို တစ်ဦးစီ၊ ဒါမှမဟုတ် နှစ်ဦးစီ ခန့်အပ်ပေးသင့်ပါတယ်။ သူတို့က လိုအပ်သလို ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးနိုင်တယ်၊ အခြားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့လဲ ဆွေးနွေးနိုင်တယ်၊ မဲလဲ ပေးနိုင်တယ်။ အခုကချင်ဒေသ စစ်ပွဲကိစ္စမျိုးဆိုရင် ဒေါ်စု ကြားဝင်ပေးပါ လို့ အထူး ပြောစရာမလို၊ လွှတ်တော်ထဲ နေ့တိုင်းတွေ့နေရမှာကိုး။ (စာရေးသူ အထင် တကယ်လို့သာ ပြည်နယ် လွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေထဲမှာ KIA ကိုယ်စားလှယ်သာ နဂိုကတည်းက ပါခွင့် ရခဲ့မယ်ဆိုရင် ကချင်ဒေသမှာ ဒီလောက် အခြေအနေဆိုးခဲ့မှာ မဟုတ်ဘူး။)

တခုရှိတာကတော့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တယ် ဆိုပေမယ့် သူတို့ အမြင်နဲ့သူတို့ လွတ်လွတ်လတ်လတ် ပြောဆိုဆွေးနွေးမဲပေး ကြမှာ ဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေလိုတော့ ဦးစီးချုပ်အမိန့်အတိုင်း တသွေမတိမ်း လိုက်နာမှာ မဟုတ်ဘူး။ ဒါကိုတော့ ကာကွယ်ရေးဦးစီးချုပ်က နားလည်ပေးနိုင်ရမှာပါ။

နောက်ပြီး တိုင်းရင်းသားတပ် ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ထဲ ရောက်သွားတာကို တပ်မတော် ဖက်က ဒေသခံ တပ်တွေက ကျေနပ်ပါ့မလားလို့ မေးစရာ ရှိတယ်။ ဒါကတော့ စဉ်းစား ကြည့်ပါ။ တကယ် ပြဿနာ ဖြစ်လာတဲ့ အချိန်မှာ ဒေသခံ တပ်တွေနဲ့ ပြီးလေ့မရှိပါဘူး။ ဟိုတပ်မ၊ ဒီတပ်မ စစ်ကူခေါ်ကြရတာပါပဲ။ အဲဒီတော့ အစကတည်းက ပြဿနာမဖြစ်အောင် တားဆီးဖို့ ပြည်သူ့လွှတ်တော်ထဲ သူတို့ကိုယ်စားလှယ် ခေါ်ထားတာကို ကြည်ဖြူသင့်ပါတယ်။

နောက်ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အရပ်သားနိုင်ငံရေး အဖွဲ့အစည်းတွေ (ဥပမာ KIO, NMSP) ကိုလဲ နိုင်ငံရေးလုပ်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် ပေးနိုင်ရမယ်။ (KIOက လာတဲ့ ဒေါက်တာ တူးဂျာကို အရင်အစိုးရက ရွေးကောက်ပွဲ ၀င်ခွင့် မပေးခဲ့တာဟာ ဥပဒေအရ မှန်ချင်မှန်မယ်၊ နိုင်ငံရေး ရှုထောင့်က ကြည့်ရင်တော့ အင်မတန် ကြီးမားတဲ့ အမှားလို့ စာရေးသူ မြင်ပါတယ်။) သူတို့ ဖက်ကလဲ ကိုယ့်တိုင်းရင်းသား အကျိုး အတွက် တကယ် လုပ်နေပါတယ်ဆိုရင် NLD၊ ပြည်ခိုင်ဖြိုး စတဲ့ ပါတီကြီး တွေနဲ့ ယှဉ်ပြီး ကိုယ့်ပြည်သူရဲ့ ဆန္ဒမဲ အဆုံးအဖြတ်ကို ခံယူရဲရပါမယ်။ ယူနီဖေါင်းဝတ် သေနတ်ကိုင်ထား လို့ ရွေးကောက်ပွဲဝင်လို့မရတာတော့ ထားပေါ့။ အရပ်သား နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ပါရက်နဲ့ ရွေးကောက်ပွဲ မ၀င်ရဲရင် သူတို့ပြောတဲ့ "တိုင်းရင်းသား အကျိုးအတွက် လုပ်နေတာပါ" ဆိုတဲ့ စကားဟာ သံသယရှိစရာ ဖြစ်သွားပြီ။

() စီးပွားရေး။  ၀န်ကြီး ဦးအောင်မင်းက KNU ဥက္ကဋ္ဌကို "အကောက် မကောက်ပါနဲ့၊ စီးပွားရေးလုပ်ပါ" လို့ ပြောသတဲ့။ ဒီစကားကို စာရေးသူ အပြည့်အ၀ထောက်ခံပါတယ်။ အစိုးရတပ်ကပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်ကပဲ ဖြစ်ဖြစ် ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်ပြီး ပိုက်ဆံ တောင်းတဲ့သူကို ပြည်သူတွေ သိပ်အထင်သေးတယ်။  စစ်သားတယောက်ရဲ့ လက်ဟာ စစ်ဖြစ်ချိန်မှာ သေနတ်ကိုင်ရတာ မှန်ပေမယ့် ငြိမ်းချမ်းချိန်မှာ ပြည်သူကို ကူညီတဲ့လက်၊ ပေးကမ်း တဲ့လက်သာ ဖြစ်သင့်တယ်၊ တောင်းတဲ့လက် မဖြစ်သင့်ဘူး။ နောက်ပြီး ဆက်ကြေး ကောက်တယ် ဆိုတာ ကိုယ့်နယ်မြေထဲ နေထိုင်သူတွေ၊ ဖြတ်သန်း သွားသူတွေ၊ စီးပွားရေးလုပ်သူတွေဆီက ကောက်တာ ဖြစ်လို့ နယ်မြေ ကျယ်လေလေ အချက်အခြာ ကုန်သွယ်ရေး လမ်းကြောင်းတွေကို အုပ်စီးထားနိုင်လေလေ အကောက် များများ ရလေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ခွင့်ပြုထားရင် အစိုးရတပ်နဲ့ တိုင်းရင်းသား တပ် အကြား၊ ဒါမှမဟုတ် တိုင်းရင်းသား တပ် အချင်းချင်း နယ်လု စစ်ပွဲတွေ ဖြစ်အောင် တွန်းပို့ သလို ဖြစ်နေတယ်။  ဒါကြောင့် ၀ါးလုံးတားပြီး အကောက် ကောက်တဲ့ အလုပ်မျိုး၊ ကုမ္ပဏီဝင်ပြီး ဆက်ကြေး တောင်းတဲ့ အလုပ်မျိုးကို အစိုးရတပ်ရော၊ တိုင်းရင်းသား တပ်တွေပါ မလုပ်သင့်တော့ပါဘူး။ 

ဒါဆိုရင် စီးပွားရေးရော လုပ်သင့်လို့လားလို့ မေးစရာ ရှိတယ်။ ဟုတ်ပါတယ်၊ စီးပွားရေး လုပ်တာလဲ စစ်သားအလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်ရာ တပ်ဖွဲ့ဝင်တွေသာမက သူတို့ မိသားစုတွေရဲ့ စားဝတ်နေရေးက ရှိသေးတာကိုး။ အစိုးရတပ် ကိုယ်တိုင်က ဦးပိုင်ကုမ္ပဏီ ထောင်ပြီး စီးပွားရှာနေတဲ့ အချိန်မှာ တိုင်းရင်းသားတပ်တွေ စီးပွားရေးလုပ်တာကို တားမြစ် လို့ ဘယ်တရားမှာလဲ။ လုပ်ခွင့်ပေးရမှာပဲ။ 
ဒါပေမယ့် စီးပွားရှာတယ်ဆိုတာလဲ အပြိုင်အဆိုင် လုပ်ရတာမျိုးဆိုတော့ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်၊ ဒါမှမဟုတ် တိုင်းရင်းသားတပ် အချင်းချင်း စီးပွားရေး စားကွက် လုတာ၊ ခွက်စောင်း ခုတ်တာတွေ ရှိလာနိုင် တာပဲ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ကို ပြည်နယ် လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ထဲမှာ တိုင်းရင်းသားတပ်က ကိုယ်စားလှယ်တွေ ထည့်ထားသင့်တယ်လို့ ပြောခဲ့တာပါ။

() စစ်ရေး။      ။ ငြိမ်းချမ်းရေး ယူလိုက်ပြီ ဆိုတာနဲ့ စပြီး ဆွေးနွေးကြမှာကတော့ နယ်မြေကိစ္စပါ။ စစ်သား ဆိုတာမျိုးကလဲ မြေတလက်မကို အသက်တချောင်း ဆိုသလို ရင်းပြီး တိုက်ယူထားရတဲ့ ကိုယ့်ပိုင်နက် နယ်မြေကို အလွန်တန်ဖိုးထားတာ ဖြစ်လို့ နယ်မြေကိစ္စ ဆိုတာ ဆတ်ဆတ်ထိ မခံ၊ အတိမ်းအစောင်း မခံတဲ့ ကိစ္စမျိုးပါ။ တဖက်က ကြည့်ပြန်တော့ နှစ်ဖက်တပ်တွေ သိပ်နီးကပ်နေရင် အထင်လွဲမှားပြီး ပစ်ခတ် တဲ့ ကိစ္စက မကြာခဏ ဖြစ်နေမှာမို့ သူလဲဆုတ်၊ ကိုယ်လဲဆုတ် အပေးအယူ လုပ်ကြရမှာပါ။  ဒါပေမယ့် နယ်မြေ ကိစ္စဟာ ငြိမ်းချမ်းရေးလုပ်ခါစ လောက်သာ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးယူပြီးသား တပ်ချင်း နောင်အခါ ပြန်တိုက်ကြတယ်ဆိုတာ များသောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတွေကြောင့် ဖြစ်ပါတယ်၊ နယ်မြေကိစ္စ သက်သက်ကြောင့်တော့ ဖြစ်ခဲပါတယ်။  နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကို အဆင်ပြေအောင် လုပ်ထားနိုင်ရင် ငြိမ်းချမ်းရေး ပျက်ဖို့ ခဲယဉ်းပါတယ်။

တခု စဉ်းစားရမှာက လူသစ် စုဆောင်းတဲ့ ကိစ္စပါ။ လူငယ်တွေ ကိုယ့်သဘောနဲ့ ကိုယ် စစ်ထဲ ၀င်တာကို ဘာမှ ပြောစရာ မရှိပေမယ့် အတင်း အဓမ္မ ချောဆွဲပြီး စစ်မှုထမ်းခိုင်းတဲ့ ကိစ္စကိုတော့ နှစ်ဖက် လုံးက မလုပ်သင့်ပါဘူး။ ဒါက ကိုယ့်ပြည်သူကို စိတ်ဆင်းရဲအောင် လုပ်ရာ ရောက်တဲ့အပြင် တပ်အတွက် လဲ မကောင်းပါဘူး။ အမေရိကန်နိုင်ငံဆိုရင် စစ်မှုမထမ်းမနေရ ဥပဒေရှိပေမယ့် ဗီယက်နမ်စစ်ပွဲ ရှုံးတဲ့ အချိန်က စပြီး အဲဒီဥပဒေကို လက်တွေ့ မကျင့်သုံးတော့လို့ အခုလက်ရှိ အမေရိကန် စစ်တပ်ဟာ ကိုယ့် သဘော နဲ့ကိုယ် စစ်ထဲဝင်လာသူ volunteer တွေနဲ့သာ ဖွဲ့စည်းထားတဲ့တပ် ဖြစ်နေပါပြီ။ ဘာဖြစ်လို့ အဲဒီလို လုပ်ရသလဲ။ ဥပဒေနဲ့ အတင်း ချောဆွဲပြီး စစ်ထဲ ရောက်လာသူတွေဟာ အများအားဖြင့် စစ်မြေပြင် မှာ သုံးစားလို့ မရတာကို ဗီယက်နမ် စစ်ပွဲမှာ ကိုယ်တွေ့ သိလိုက်ရလို့ ဖြစ်ပါသတဲ့။ မြန်မာပြည် (တပ်မတော်/ တိုင်းရင်းသား) စစ်ခေါင်းဆောင်တွေကတော့ ဘယ်လိုယူဆမလဲ မပြောတတ်ပါ။

ဒါပေမယ့် တပ်မတော်က လက်ခံနိုင်ပါ့မလား

အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ရုတ်တရက်တော့ လက်ခံနိုင်ဖို့ မလွယ်ဘူး။ ဘာလို့လဲ ဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေချိန်မှာ ပြဿနာ မရှိလှပေမယ့် အခု KIA နဲ့ ဖြစ်ခဲ့သလို တိုင်းရင်းသား တစ်ဖွဲ့ဖွဲ့နဲ့ စစ်ရေးတင်းမာလာတဲ့ အချိန် မျိုးမှာ အဲဒီအဖွဲ့ ကိုယ်စားလှယ်တွေ ပြည်နယ် လွှတ်တော်ထဲ၊ ပြည်သူ့ လွှတ်တော်ထဲ ရှိနေရင် တပ်မတော်ဟာ စစ်ရေး အရရော၊ နိုင်ငံရေးအရပါ နှစ်ဖက်ညှပ် အတိုက်ခံရတဲ့အခြေအနေ ရောက်သွား နိုင်လို့ပဲ။ စစ်မျက်နှာ () ဖက်ဖွင့်ပြီး တိုက်ရတာကို ဘယ်စစ်ခေါင်းဆောင်မှ မကြိုက်ဘူး။

ဒါပေမယ့် စဉ်းစားကြည့်ပါဦး။  စစ်အုပ်ချုပ်ရေး ကနေ (၂၀၀၈) ဥပဒေနဲ့ အရပ်သား အုပ်ချုပ်ရေး ကို ပြောင်းလိုက်တာနဲ့ နိုင်ငံရေး စစ်မျက်နှာဟာ ပွင့်သွား ခဲ့ပါပြီ။   ပြည်နယ်အဆင့် ဖြစ်ဖြစ်၊ ဗဟိုအဆင့် ဖြစ်ဖြစ် လွှတ်တော်ဆိုတာ အယူဝါဒကွဲပြားဆန့်ကျင်တဲ့သူတွေ လွန်ဆွဲအားပြိုင်နေတဲ့ နိုင်ငံရေး စစ်မြေပြင် ပါပဲ။ အစိုးရနဲ့ လွှတ်တော် သဘောထားကွဲတာတွေ၊ လွှတ်တော် ထဲမှာ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီ သဘောထား ကွဲတာတွေ၊ အာဏာရ ပါတီတခုထဲမှာကို (ဦးဆန်းဆင့်နဲ့ ဦးဌေးဦးတို့လို) သဘောထား ကွဲကြတာတွေ လူသိရှင်ကြား တွေ့ခဲ့ရပြီး ဖြစ်ပါတယ် (လူမသိတဲ့ အကွဲအပြဲတွေလဲ ဘယ်လောက် တောင် ဖြစ်ခဲ့လဲ မသိဘူး)။ တပ်မတော် အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ မဖွင့်ချင်လို့ အစကတည်းက လွှတ်တော်ထဲ မပါဘဲ နိုင်ငံရေး သမား တွေနဲ့ လွှဲထားတယ် ဆိုရင်တော့ တမျိုးပေါ့။ အခုကျတော့ လွှတ်တော်ထဲ ကိုယ်စားလှယ် နေရာ (၂၅) ရာနှုန်း ယူထားတယ် ဆိုတဲ့အတွက် နိုင်ငံရေး စစ်မြေပြင်မှာ အသင့်နေရာ ယူထားတဲ့ သဘောပဲ။ စစ်မြေပြင်မှာ နေမှတော့ စစ်လဲ တိုက်နိုင်ရမှာပေါ့။ ဒါ လွှတ်တော်ထဲ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ရမှာပဲ။ 
 
 
 အခု KIA နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမျိုးဆိုပါတော့။ သွေးမြေမကျခင် ပြဿနာ ပြေလည်အောင်၊ တိုက်ပွဲတွေ ဖြစ်နေပြီ ဆိုရင်တောင် ငြိမ်းချမ်းရေးကို အမြန်ပြန်လည်တည်ဆောက်နိုင်အောင် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အပြိုင် အခြား လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေကို စည်းရုံးဖို့ ကြိုးစားရမှာပေါ့။ ဒါမှလဲ စစ်မြေပြင်မှာ အသက်သွေးချွေးတွေ ပေးဆပ်ရမယ့်၊ ပေးဆပ်နေဆဲဖြစ်တဲ့ ကိုယ့် ရဲဘော်ရဲဘက် အရာရှိ စစ်သည်တွေ အပေါ် ကူညီစောင့်ရှောက်ရာ ရောက်မှာပါ။

စည်းရုံးရတာတော့ ဟုတ်ပါပြီ၊ ဘာလို့ "အပြိုင်" စည်းရုံးရမှာလဲလို့ မေးစရာ ရှိပါတယ်။ လူ့သဘာဝကိုက တဖက်သတ်စကားဆို နားဝင်လေ့မရှိလို့ပါ။  အနီးဆုံး ဥပမာ ပေးရရင် စစ်အစိုးရ လက်ထက်တုံးက ပြည်တွင်းအတိုက်အခံ တွေကို ပါးစပ်ပိတ်ထားပြီး အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားတွေထဲကနေ နှစ်ပေါင်းများစွာ ပြည်သူကို စည်းရုံးလိုက်တာ ဘာများ အောင်မြင်ခဲ့သလဲ။ လူတွေဟာ ဘီဘီစီ၊ ဗွီအိုအေလို ပြည်ပအသံလွှင့် ဌာနတွေက သတင်းတွေကိုမှ ယုံကြည်ပြီး အစိုးရက မှန်တာ တရားဝင် ပြောရင်တောင် မယုံကြည် ကြတော့တဲ့ အထိ ဖြစ်ကုန်တယ်။ အဲဒါ တဖက်သတ် စည်းရုံးရေး လုပ်ခဲ့လို့ ဖြစ်ခဲ့တဲ့ ဆိုးကျိုးတွေ။ 

အမှန်က ကိုယ့်စကားကို သူများနားဝင်စေချင်ရင် ကိုယ်နဲ့ အယူဝါဒမတူ ဆန့်ကျင်သူတွေကိုလဲ ပြောခွင့် ပေးရပါတယ်။ အခု နာမယ်ကြီးနေတဲ့ ဒေါက်တာဆိတ်ဖွား ကိစ္စ ကြည့်ပေါ့။ သူရေးတာ ဖတ်တဲ့လူ မရှိဘူး ဆိုရင် လွှတ်တော်က ဘယ်ဂရုစိုက်နေပါ့မလဲ။ သူ့ ပရိသတ်နဲ့သူ အားပေးဖတ်ရှုနေတဲ့သူတွေ အခိုင်အမာ ရှိနေလို့သာ လွှတ်တော်မှာ အဆိုတင်ခံရတဲ့ အခြေအနေထိ ရောက်ရတာကိုး။ သူ ဘယ်သူ ဘယ်ဝါဆိုတာ မသိရပေမယ့် အတိုက်အခံထဲက မဟုတ်ဘဲ  အစိုးရဌာနတခုခုက လူကြီး ဖြစ်နိုင်တယ် ဆိုတာ၊ အစိုးရအနေနဲ့ တရားဝင် ထုတ်ပြောလို့ မဖြစ်တဲ့ သဘောထား အာဘော် တွေကို တဖက်လှည့်နဲ့ တင်ပြနေတယ် ဆိုတာတော့ သေချာ သလောက် ရှိပါတယ်။ အရင် အစိုးရ လက်ထက် မှာဆို ဒီလိုလူမျိုး ဘယ်လောက် စာရေး ကောင်းကောင်း ပရိသတ် ရှိမှာ မဟုတ်ဘူး။ ဒါဖြင့် အခု ဘာလို့ ဒေါက်တာဆိတ်ဖွား မှာ ပရိသတ် ရှိနေရသလဲ။ ရှင်းရှင်း လေးပါ။ အတိုက်အခံ မီဒီယာတွေ ရှိနေတဲ့အတွက် နှစ်ဖက်စကား ချိန်ထိုးချင်သူတွေက ဒေါက်တာ ဆိတ်ဖွားရေးတဲ့ စာတွေကို ဖတ်ကြလို့ ပရိသတ်ရှိနေတာ ဖြစ်ပါတယ်။

အခုလဲ ဒီသဘောပါပဲ။ အခု ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဆိုတာ တချိန်က တပ်မတော်နဲ့ သူသေကိုယ်သေ တိုက်ခဲ့သူတွေ ဖြစ်တယ်၊ နိုင်ငံရေးအရ အလုံးစုံ ပြေလည်မှု မရခင်မှာ အခန့်မသင့်ရင် အခု KIA နဲ့ တိုက်သလို ပြန်လည်တိုက်ခိုက်ရမယ့် သူတွေလဲ ဖြစ်တယ် ဆိုတာ မငြင်းလိုပါဘူး။ ဒါပေမယ့် အဲဒီ တပ်ဖွဲ့တွေရဲ့ အသံတွေ၊ သဘောထား အမြင်တွေကို  လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက တိုက်ရိုက်နားထောင်ခွင့်၊ ပြန်လှန် ဆွေးနွေးခွင့် ရမှသာ တပ်မတော်ရဲ့ အသံ၊ တပ်မတော်ရဲ့ သဘောထားအမြင်တွေကိုလဲ နိုင်ငံရေး လောကမှာ၊ အောက်ခြေလူထုအထဲမှာ တလေးတစား နားထောင် စဉ်းစားကြမှာပါ။ ဒါက တပ်မတော် ခေါင်းဆောင်များ ချင့်ချိန်နိုင်ဖို့ တင်ပြတာ ဖြစ်ပါတယ်။

အနာဂတ် ပြည်ထောင်စု တပ်မတော်

အခုပြောခဲ့တာတွေက (၂၀၀၈) ဥပဒေဘောင်အတွင်းက အခုဆန္ဒရှိရင် အခုထလုပ်လို့ ရတာတွေ ကို ပြောခဲ့ တာပါ။ ထာဝရ ငြိမ်းချမ်းရေး ဖြစ်ဖို့၊ ခိုင်မာတဲ့ ပြည်ထောင်စု တပ်မတော်ကို ထူထောင်ဖို့ ဆိုရင်တော့ အခြေခံ ဥပဒေကို ပြင်မှ ရမှာပါ။ အဲဒီလို ပြင်ဖို့ ဆိုတာလဲ ပြည်ထောင်စု တပ်မတော်ကို ပြည်သူတွေက ဘယ်လို မြင်ချင်တယ်၊ ဘယ်လိုပုံစံနဲ့ ရှိစေချင်တယ် ဆိုတဲ့ သဘောထားပေါ် မူတည် ပါတယ်။ ပြည်သူ တဦး၊ တိုင်းရင်းသားတဦး အနေနဲ့ စာရေးသူ မြင်ချင်တဲ့ တပ်မတော် ပုံစံကို ဒီနေရာမှာ တင်ပြသွားမှာပါ။

ပထမဆုံး ပြည်ထောင်စု အစိုးရလက်အောက် က ဗဟိုတပ် အကြောင်းကို ပြောကြည့်ပါမယ်။ ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ် () ယောက် အထက်မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သား သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမှာပါ။ (ပုံမှန်အချိန်မျိုးမှာတော့ သမ္မတက စစ်တပ်ကို တိုက်ရိုက် ကိုင်တွယ်မှာ မဟုတ်ပါဘူး၊ အရပ်သား ကာကွယ်ရေးဝန်ကြီးကို လွှဲထားမှာပါ။) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးရယ်လို့တော့ သီးသန့် မရှိရတော့ပါဘူး။ အခြေခံဥပဒေမှာ တပ်ကို အာဏာ သိမ်းခွင့် ပေးမထားရုံမက အခြေခံဥပဒေကို ကျော်ပြီး အလွယ်တကူ အာဏာမသိမ်း နိုင်အောင် တားဆီးဖို့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို သီးသန့် မထားတာ ဖြစ်ပါတယ်။ (အိန္ဒိယဆိုရင် ကြည်း၊ ရေ၊ လေ ဦးစီးချုပ် သုံးယောက်ဟာ အရပ်သားဖြစ်တဲ့ ကာကွယ်ရေး ၀န်ကြီး ရှေ့မှောက်က လွဲရင် သာရေးနာရေးကိစ္စ မှာတောင် လူချင်း မဆုံရဘူးလို့ တားမြစ်ထားပါသတဲ့)  နောက်ပြီး (၂၀၀၈) ဥပဒေအရ ယူထားတဲ့ (၂၅) ရာနှုန်း ပြည်သူ့လွှတ်တော်၊ တိုင်း/ပြည်နယ်လွှတ်တော် အမတ် ရာထူးတွေကိုလဲ စွန့်လွှတ်ရမှာပါ။ နိုင်ငံရေးက လုံးဝထွက်ရတဲ့ သဘောပါပဲ။

ပြီးတော့ စီးပွားရေးလုပ်တာကိုလဲ စွန့်ရမှာပါ။ ဒီလို ပြောလို့ ဦးပိုင်ကုမ္ပဏီကြီးကို အစိုးရလှူလိုက် ရမယ်လို့ မဆိုလိုပါဘူး။ ပိုင်ဆိုင်မှုကို မစွန့်ဘဲ အုပ်ချုပ်စီမံမှု (management and execution) အပိုင်း ကိုသာ အစိုးရကို လွှဲလိုက်ရမှာပါ။ တကယ်တော့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာတောင် ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြား ထားပါတယ်။ အစုရှယ်ယာပိုင်ဆိုင်သူတွေက ကုမ္ပဏီက ဖြစ်လာတဲ့အမြတ်အစွန်းကို ဝေပုံကျ ခွဲယူရုံ ဖြစ်ပြီး အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးကျတော့ တကယ် စီးပွားရေးကျွမ်းကျင်တဲ့ professional တွေကို CEO (အမှုဆောင် အရာရှိချုပ်) အဖြစ် လခ ကောင်းကောင်းပေးပြီး ခန့်၊ အဲဒီ CEO ကမှ ၀န်ထမ်း တွေ ခန့်ပြီး စီးပွားရေး လုပ်ကြတာပါ။ အခုလဲ ဒီသဘောပါပဲ။  ကိုယ်မကျွမ်းကျင်တဲ့ စီးပွားရေး အလုပ်ကို စစ်သားတွေ ကိုယ်တိုင် လုပ်မယ့်အစား အစိုးရကတဆင့် တကယ်ကျွမ်းကျင်သူတွေကို လခ ကောင်းကောင်း ပေးပြီး လုပ်ခိုင်း၊ အဲဒီက ဖြစ်လာတဲ့ အမြတ်အစွန်းရယ် နိုင်ငံတော်က ချပေးတဲ့ ကာကွယ်ရေးဘတ်ဂျက်ရယ် ပေါင်းပြီးမှ စစ်သည်တွေအတွက် လက်နက်ခဲယမ်း၊ လစာ၊ ရိက္ခာ၊ သက်သာချောင်ချိရေး စသည်ဖြင့် စီစဉ် ရပ်တည် ရမှာပါ။ 

စစ်အစိုးရခေတ်လို စီးပွားရေး အကွက်အကွင်း ကောင်းတိုင်း နေရာဝင်ယူတာမျိုး ကတော့ ဘယ်ဖြစ်နိုင်တော့မလဲ။ နောက်ထပ် စီးပွားရေး အသစ် တိုးချဲ့ခွင့်ကို ရှိတော့မှာ မဟုတ်ပါဘူး၊ တကယ်တမ်းကျတော့ စီးပွားရေးလုပ်တာ စစ်သားအလုပ်မှ မဟုတ်တာကိုး။

နောက်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ကိစ္စပါ။ သူတို့အတွက်ကျတော့ ဥပဒေ လိုအပ်ချက် () ခုရှိတယ်လို့ မြင်ပါတယ်။ အဲဒါတွေကတော့ . . .
။ ဆိုင်ရာ ပြည်နုယ်အစိုးရကို ဒေသခံ ပြည်သူတွေက လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြှောက်ခွင့်
။ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအကြားမှာ ဥပဒေကြောင်းအရ တိကျပြတ်သားတဲ့ အာဏာခွဲဝေမှု
။ ပြည်နယ်က ထွက်တဲ့ သယံဇာတနဲ့ ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းတွေကနေ ရလာတဲ့ အခွန် ဘဏ္ဍာကို  ပြည်နယ်နဲ့ ဗဟိုအစိုးရတို့ ခွဲဝေရယူပုံ စံနစ် တို့ ဖြစ်ပါတယ်။ (လက်နက်ကိုင်တပ်တွေ နဲ့ ဆိုင်တာကိုသာ ပြောတာဖြစ်လို့ တိုင်းရင်းသားအခွင့်အရေးကိစ္စလို အခြား အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေ မပြောဘဲ ချန်ထားခဲ့ရတာပါ)

အဲဒီဥပဒေကြောင်း လိုအပ်ချက်တွေ ပြည့်စုံပြီ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆိုင်ရာ ပြည်နယ် အစိုးရကို သစ္စာခံရမှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရမှာလိုပဲ အရပ်သားဖြစ်ပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ပြည်နယ် ၀န်ကြီးချုပ်က  ပြည်နယ် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ရမှာပါ။ သူက (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့) ပြည်ထောင်စု သမ္မတကို တိုက်ရိုက် သစ္စာခံပြီး  သူ့ပြည်နယ်ထဲက တိုင်းရင်းသားတပ်ဖွဲ့တွေကို သူ့လိုပဲ အရပ်သားဖြစ်တဲ့ ပြည်နယ်ကာကွယ်ရေး ၀န်ကြီးကတဆင့် အုပ်ချုပ် ပါလိမ့်မယ်။  

တိုင်းရင်းသားတပ်တွေဟာလဲ ဗဟိုအစိုးရ တပ်လိုပဲ လွှတ်တော်အမတ်ရာထူးတွေကို စွန့်လွှတ်ပြီး နိုင်ငံရေးကထွက်ရမှာပါ။ လက်ရှိ စီးပွားရေးလုပ်ငန်းတွေကိုလဲ ပိုင်ဆိုင်မှုကို မစွန့်ပေမယ့် အုပ်ချုပ်စီမံမှု အပိုင်းကို ပြည်နယ် အစိုးရကို လွှဲအပ်ရပါလိမ့်မယ်။ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ အမြတ်အစွန်းရယ်၊ ပြည်နယ်က ချပေးတဲ့ ကာကွယ်ရေး ဘတ်ဂျက်ရယ် ပေါင်းပြီးတော့ တိုင်းရင်းသားတပ်တွေ ရပ်တည်ကြ ရမှာပါ။ နောက်ထပ် စီးပွားရေးအသစ်တိုးချဲ့ခွင့်တော့ မရှိတော့ပါဘူး။ လက်နက်ခဲယမ်း ၀ယ်ယူ မှုကလဲ ပြည်ထောင်စုအစိုးရက တဆင့်သာ ဖြစ်ရပါလိမ့်မယ်။ အခုလို သူခိုးဈေးက ၀ယ်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ 

ဒါက လက်နက်ကိုင်တော်လှန်ရေးရှိတဲ့ ပြည်နယ်တွေ အတွက်သာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် မရှိတဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့  ဒေသတွေက တိုင်းဒေသကြီးအစိုးရတွေကလဲ ကိုယ့် ဘတ်ဂျက် ပေါ် မူတည်ပြီး ဒေသခံတပ်တွေ ဖွဲ့ခွင့် ရှိတာပါပဲ။ တကယ်ကတော့ ဖွဲ့ခွင့်ရှိရုံ မဟုတ်၊ ဥပဒေထုတ်ပြီး တော့ကို ဖွဲ့ခိုင်းရမှာပါ။ 

အဲဒီ ဒေသခံ ပြည်နယ်တပ်၊ တိုင်းဒေသကြီးတပ်တွေဟာ ပုံမှန်အချိန်မျိုးမှာတော့ ကိုယ့်ဒေသမှာ ကိုယ် နေပြီး လုံခြုံရေးတာဝန်ယူကြရမှာပါ။ ဗဟိုအစိုးရတပ်တွေကတော့ တိုင်းအနှံ့၊ ပြည်နယ်အနှံ့ မှာ နေထိုင် ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ယူကြရမှာ ဖြစ်ပါတယ်။ 

အခုပြောခဲ့တဲ့ အနေအထား ကို ကြည့်မယ် ဆိုရင် ပြည်နယ်တပ်တွေ၊ တိုင်းဒေသကြီးတပ်တွေဟာ ဗဟို အစိုးရစစ်တပ် လက်အောက်မှာ တိုက်ရိုက်ရှိမနေဘူး ဆိုတာ တွေ့ရမှာပါ။ ဒီလို central command (ဗဟိုအုပ်ချုပ်မှု) တခုတည်း အောက်မှာ မရှိတဲ့တပ်တွေ ဒေသတခုတည်းမှာ အတူတူ တာဝန်ထမ်းဆောင် ရရင် ပြဿနာ ဖြစ်မကုန်ဘူးလားလို့ မေးစရာ ရှိပါတယ်။

အဖြေကတော့ ပြဿနာ မဖြစ်အောင် လုပ်ထားရင် ပြဿနာ မဖြစ်ပါဘူး။  အရေးအကြီးဆုံးက သူတို့ရဲ့ လုပ်ငန်း တာဝန်ကို တိတိကျကျ ခွဲခြားထားဖို့ဖြစ်ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ ဆိုရင် သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်တာ၊ ရဲတပ်ဖွဲ့ တောင် မနိုင်လောက်အောင် သူခိုး ဓါးပြ ထကြွနေတာမျိုး ကို နှိမ်နင်းတာ၊ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်တာ စတဲ့ အလုပ်တွေဟာ ပြည်နယ်စောင့်တပ်နဲ့သာ သက်ဆိုင်ပါတယ်။ ပြည်တွင်းက နီးစပ်တဲ့ ဥပမာပေးရရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ လိုပါပဲ။ စစ်သားနဲ့ ရဲဆိုတာ တယောက် ချင်း၊ နှစ်ယောက်ချင်း ရန်ဖြစ်ချင် ဖြစ်မယ်။ အုပ်စုလိုက်လဲ ရန်ဖြစ်နိုင်တာပဲ။ ဒါပေမယ့် တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်တယ် ဆိုတာမျိုး ကတော့ မကြားဖူးဘူး။ လုပ်ငန်းတာဝန်ချင်း လုံးဝမတူ ကြလို့ ဖြစ်ပါတယ်။ ခုလဲ ဒီသဘောမျိုး လုပ်ရမှာပါပဲ။ 

ဒါဆိုရင် ပြည်နယ်တပ်တွေဟာ ကိုယ့်ပြည်နယ်ဆိုင်ရာ လုံခြုံရေးပဲ လုပ်ကြရတော့မှာလား၊ ပြည်ထောင်စုကြီး အန္တရာယ်ကြုံချိန်မှာ မျက်နှာလွှဲခဲပစ် နေကြရတော့မှာလားလို့ မေးစရာ ရှိတယ်။ မဟုတ်ပါဘူး။ အရေးကြုံရင် ပြည်ထောင်စုကာကွယ်ရေး တာဝန်ကိုလဲ ထမ်းဆောင်ကြရမှာပါပဲ။ ဒါပေမယ့် ပြည်နယ်တပ်တွေ သစ္စာခံတာက ပြည်နယ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပြီး သူကမှ ပြည်ထောင်စုကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့ ပြည်ထောင်စုသမ္မတကို တိုက်ရိုက် သစ္စာခံတာ ဖြစ်တဲ့အတွက် ပြည်နယ်တပ်တွေ ပြည်ထောင်စုအဆင့်တာဝန်ကို ထမ်းရမယ်ဆိုရင် သမ္မတက တိုက်ရိုက် အမိန့် ထုတ်ပြီး ဆင့်ခေါ်ရပါလိမ့်မယ်၊ တိုင်းမှူး တပ်မမှူးအဆင့်လောက်နဲ့ ဆင့်ခေါ်လို့ မရပါဘူး။ 

သမ္မတက ဆင့်ခေါ်တဲ့နေရာမှာလဲ ဘယ်လိုအခြေအနေမျိုးမှာ ဆင့်ခေါ်လို့ရတယ်ဆိုတာကို ဥပဒေ စည်းကမ်းတွေ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားရမှာပါ။ (ဒါလဲ အမေရိကန်နိုင်ငံကို အတုယူတာပါပဲ)
နောက်တခု။  ပြည်နယ်တခုရဲ့ နယ်စပ်မှာ မငြိမ်မသက် ဖြစ်လို့ စစ်ပြင်ရတဲ့ အချိန်မျိုး၊  နိုင်ငံခြားကတပ်တွေနဲ့ အခြေအနေတင်းမာပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ သမ္မတရဲ့ ဆင့်ခေါ်ချက်ကို နာခံပြီး  ပြည်နယ်တပ်တွေက ဗဟိုအစိုးရတပ်နဲ့ အတူတူ တာဝန်ထမ်းကြပြီ ဆိုပါတော့။ အဲဒီအချိန်မျိုးမှာ တပ်တွေကို တာဝန်ယူ အမိန့်ပေးရမယ့် စစ်သူကြီး (commander) ဟာ တစ်ယောက် တည်း ဖြစ်ရပါတယ်။  နှစ်ယောက် ရှိနေရင် တယောက်တပေါက် အမိန့်ထုတ်နေတာနဲ့ အကုန် အချိတ် အဆက်လွဲပြီး ဒုက္ခ ရောက်ကုန်မှာကိုး။ အဲဒီ အခြေအနေမျိုးမှာ စစ်သူကြီးကို ဘယ်လို ရွေးမလဲ ဆိုတဲ့ ကိစ္စကို စဉ်းစားရပါမယ်။ ဒီကိစ္စမျိုးမှာ နိုင်ငံတကာထုံးစံကတော့ စစ်တပ် အင်အား များများ ပေးနိုင်တဲ့ ဖက်က စစ်သူကြီး ဖြစ်လေ့ ရှိပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်တုံးက နော်မန်ဒီ ကမ်းခြေတက် တိုက်ပွဲကို ကြည့်ပါ။ 

အဲဒီတိုက်ပွဲမှာ အင်္ဂလိပ် တပ်ရော၊ အမေရိကန်တပ်တွေပါ မဟာမိတ် တွေအနေနဲ့ ပါတယ်။ အင်္ဂလိပ် ဖက်က ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ (Gen. Montgomery) ဟာ တကယ့် ၀ါရင့်ဗိုလ်ချုပ်ကြီးပါ။ ဒါပေမယ့် တိုက်ပွဲဝင် တပ်အင်အား ကျတော့ အမေရိကန်တပ်တွေက များနေတဲ့ အတွက် မောင်ဂိုမာရီ လောက် အတွေ့အကြုံမရင့်တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ (Gen. Eisenhower) က စစ်သူကြီး အနေနဲ့ ခေါင်းဆောင်ရသူ ဖြစ်သွား ခဲ့ပါတယ်။ ခုလဲ ဒီသဘောမျိုး ကျင့်သုံး ရမှာပဲ။ ဒါပေမယ့် တပ် အင်အား နည်းတဲ့ဖက်မှာ တကယ် တော်တဲ့ စစ်ခေါင်းဆောင် ရှိလို့ သူ့ကိုပဲ ဗဟိုကရော၊ ပြည်နယ် ကပါ ရွေးချင်သပ ဆိုလဲ ရတာပါပဲ။ 

ဒီနေရာမှာ မေးစရာရှိတာက "တိုင်းပြည်တခုမှာ တပ်မတော်တစ်ခုတည်းရှိရတယ် မဟုတ်ဘူးလား” ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ နိုင်ငံတိုင်းမဟုတ်ပါဘူး။ စာရေးသူ တင်ပြခဲ့တာ ဆိုရင် အမေရိကန်နိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ ပုံစံပါ။ (အသေးစိတ်ကို http://en.wikipedia.org/wiki/National_Guard_of_the_United_States မှာကြည့်နိုင်ပါတယ်) ဘာလို့ ဒီပုံစံကိုမှ အတုယူရမလဲလို့ မေးစရာရှိတယ်။ အရင် ပါလီမန် ဒီမိုကရေစီခေတ် (၁၉၆၂) တုံးက ဖက်ဒရယ် စံနစ် လုပ်ဖို့ လွှတ်တော်ထဲ ဆွေးနွေးနေတုံး စစ်တပ်က အာဏာသိမ်းခဲ့တာ တိုင်းရင်းသားတွေ မမေ့ကြ သေးဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီ: အားလုံး အခြေတကျဖြစ်လို့ တိုင်းရင်းသားတပ်တွေ လက်နက်ချပြီးကာမှ စစ်တပ်က ထပ်ပြီး အာဏာသိမ်းခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ သံသယဟာ တိုင်းရင်းသားတွေမှာ ရှိနေဆဲ ဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတပ်တွေကို လက်နက်ချခိုင်းဖို့ (ဒါမှမဟုတ်) တပ်မတော်လက်အောက်မှာ နယ်ခြားစောင့်တပ်အနေနဲ့ နေခိုင်းဖို့ ဆိုတာ လက်တွေ့အားဖြင့်  မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ အမေရိကန်စံနစ်ကို အကြံပေးရတာ ဖြစ်ပါတယ်။

အခုပြောခဲ့တာဟာ စာရေးသူအနေနဲ့ ပုံဖေါ်ကြည့်မိတဲ့ ပြည်ထောင်စု တပ်မတော် အနေအထားပါ၊ ဝေဖန်ဖို့နဲ့ ဆင်ခြင်ကြည့်ကြဖို့ပါ။ 

နောက်ဆက်တွဲ။  ။ စာရေးသူ တင်ပြခဲ့တာနဲ့ မတူခြားနားတဲ့ အဆိုပြုချက်တွေကိုလဲ အင်တာနက် မှာ တွေ့ရပါတယ်။ 

အချို့က ဖက်ဒရယ်ပြည်ထောင်စုရယ်လို့ ဖြစ်လာပြီး ပြည်ပရန်စွယ်လဲမရှိ ငြိမ်းချမ်းတဲ့ အချိန်မျိုး ဆိုရင် ပြည်နယ် ကာကွယ်ရေးဟာ ဆိုင်ရာ ပြည်နယ်တပ်နဲ့တင် လုံလောက်တာ ဖြစ်တဲ့အတွက် ဗဟို အစိုးရ တပ်တွေ ပြည်နယ်ထဲ လာပြီး တပ်စွဲထားဖို့ မသင့်ဘူး၊ ပြည်မမှာပဲ နေသင့်တယ်လို့ ယူဆ ကြပါတယ်။ ဒီအယူအဆဟာ သဘာဝ မကျပါဘူး။ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်တဲ့ အမေရိကန် နိုင်ငံထဲက ပြည်နယ်အားလုံးလိုလိုမှာ ဗဟိုအစိုးရတပ် (Federal forces) တွေ တပ်စွဲထားတာပါပဲ၊ အဲဒဲီလို တပ်စွဲ ထားလို့ ဖက်ဒရယ်မူ ပျက်မသွားပါဘူး။ နောက်ပြီး "ငါတို့ နယ်မြေထဲမှာ ငါတို့တပ်ပဲ ရှိရမယ်၊ တခြား တပ်တွေ မနေနဲ့" ဆိုတဲ့ စကားမျိုးကို လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်စိုးတဲ့ နိုင်ငံ (sovereign state) တခုကသာ ပြောပိုင်တယ်၊ ပြောခွင့် ရှိတယ်။ ဖက်ဒရယ် ပြည်ထောင်စုတခုရဲ့ ပြည်နယ်က ပြောတယ် ဆိုရင်တော့ ပြည်ထောင်စုရဲ့ အချုပ်အချာ အာဏာကို ထိပါးခြိမ်းခြောက်ရာ ရောက်လို့ ဘယ် ပြည်ထောင်စုအစိုးရမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို မဖြစ်မနေသွားမယ် ဆိုရင်တော့ ပြည်တွင်းစစ် အဓွန့်ရှည်ဖို့သာ ရှိပါတယ်။

နောက် တချို့ကတော့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တွေက အချိုးကျ ပို့လွှတ်တဲ့ တပ်တွေ ပေါင်းထားတဲ့ တပ်ပေါင်းစုသာ ဖြစ်သင့်တယ် လို့ ဆိုကြတယ်။ သူတို့ မူအရ သက်ဆိုင်ရာ တိုင်းတပ်၊ ပြည်နယ်တပ်တွေ ဖယ်လိုက်ရင် ဗဟိုအစိုးရ လက်အောက်မှာ  နေပြည်တော် စစ်ရုံးချုပ်ပဲ ကျန်ရမယ့် သဘောဖြစ်ပါတယ်။ ဒါလဲ မသင့်တော်ပါဘူး။ ဖက်ဒရယ်စံနစ်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုတာ ရန်ဖြစ်လိုက်၊ ပြန်တဲ့လိုက်နဲ့ "လင်နဲ့မယား လျှာနဲ့သွား" ဆိုသလို နေကြရတာပါ။ ဗဟို အစိုးရမှာ စစ်တပ် မရှိဘူးဆိုရင် ထစ်ကနဲ တခုခု အဆင်မပြေ ဖြစ်လိုက်တာနဲ့ ပြည်နယ်အစိုးရတွေက ပြည်နယ်ပိုင် စစ်တပ်ကို အားကိုးပြီး အလွယ်တကူ လွတ်လပ်ရေး ကြေညာ နိုင်အောင် လမ်းခင်းပေးထား သလို ဖြစ်နေတယ်။ ဒီ အခြေအနေမျိုးကို ဘယ်ပြည်ထောင်စု အစိုးရကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို သွားရမှ ဖြစ်မယ်ဆိုရင်လဲ ပြည်တွင်းစစ်ဟာ "မငြိမ်းသောမီး" ဖြစ်နေဦးမှာပဲ။

တိုင်းရင်းသား တစ်ဦး

 အပိုင်း (၁) ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2013/02/blog-post_8124.html