ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း (၂) ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း (၂) 
ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

တကယ်တော့ ဗိုလ်ချုပ်ကြီးနေ၀င်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ က္ကဌကြီးဦးနေ၀င်း) ၁၉၆၂ခုနှစ်မှာ အာဏာသိမ်းလိုက်ခြင်းဟာ… ဒီမိုကရေစီကို သင်းကွပ် ပစ်လိုက်တာပဲဖြစ်ပါတယ်။ သူအာဏာရချိန်ကစလို့ ပါတီစုံဒီမိုကရေစီ ဆိုတာလည်း ဆိတ်သုဉ်းသွားရရှာတယ်…။ ၁၉၇၄မှာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး…. တိုင်းပြည်ကို တပါတီအာဏာရှင်စနစ်နဲ့ သွားတယ်…. စီးပွားရေးပုံစံမှာလည်း ဆိုရှယ်လစ်စီးပွားရေးဆို…  .ပြည်သူပိုင်အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်… တံခါးပိတ်စီးပွားရေး မူဝါဒကိုချမှတ်ပြီး… နိုင်ငံတကာရဲ့လာရောက် ရင်းနှီးမြုပ်နှံမှုတွေကို လက်မခံဘူး…အဲဒီတော့ ဘာဖြစ်လာလည်းဆိုတော့… မှောင်ခိုစီးပွားရေးစနစ်ဟာ… မဆလအစိုးရခေတ်မှာ အရမ်းကြီးထွားခဲ့တယ်…. ကျနော်တို့တိုင်းပြည်က နည်းပညာအားနည်းတော့… ဘာများ ဖြစ်ဖြစ်မြောက်မြောက် တီထွင်နိုင်မှာလည်း။ 

ပြည်တွင်းမှာ ထုတ်လုပ်တဲ့ခပ်ညံ့ညံ့ ပစ္စည်းတွေကိုပဲ သုံးစွဲရတော့တယ်။ ကျနော်တို့ ကျောင်းသားဘ၀က.. တက္ကသိုလ်အဆောင်တွေမှာ ပေးထားတဲ့.. ဆင်တဲထုတ် ရုပ်မြင်သံကြားတွေဆို… ဒီနေ့လူငယ်တွေ တွေ့လိုက်ရင် ရီကြမှာအမှန်ပဲ….။ ထင်းရူးသေတ္တာပုံးကြီးလိုဟာမျိုး…. နောက်တခါအံ့အား သင့်စရာ မဆလအစိုးရရဲ့ လုပ်ရပ်တခု ရှိသေးတယ်ဗျ…။ ပိုက်ဆံချမ်းသာလို့ အဖမ်းခံရတယ်ဆိုရင်… ယုံမလားမသိဘူး..။ အဲဒါတကယ်ပါ… ပိုက်ဆံချမ်းသာတဲ့သူတွေကို “ဆူဇကာစစ်ဆင်ရေး” ဆိုပြီး ထောင်ထဲထဲ့ထားတယ်….။ သဘောကတော့… ဂုတ်သွေးစုတ် အရင်းရှင်တွေပေါ့… ဒီလုပ်တွေ လုပ်လာနေမှာတော့… ဒီတိုင်းပြည်မှမမွဲ.. ဘယ်သူမွဲတော့မှာလည်း….။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားတယ်…. ဒီလိုနဲ့… ၁၉၆၂စစ်အာဏာသိမ်းစဉ်က ပါဝင်ပြီး တော်လှန်ရေးကောင်စီလို့ခေါ်တဲ့ စစ်ကောင်စီမှာ အကြီးအကဲတယောက် အဖြစ်ပါဝင်ခဲ့တဲ့…ဦးအောင်ကြီး (ဗိုလ်မှုးချုပ်ဟောင်းအောင်ကြီး- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ.. ခဏလေး ဥက္ကဌ ဖြစ်ခဲ့ဘူးသူ) သူက.. ဦးနေ၀င်းဆီ ပေးပို့ထားတဲ့.. စာမျက်နှာ လေးဆယ်ကျော်ပါ စာတမ်းတခုက လူထုကြား ထွက်ပေါ်လာတယ်လေ….။ .ဦးအောင်ကြီးဟာ ဦးနေ၀င်းရဲ့ အမျက်တော်ရှမှုကြောင့် အာဏာရုတ်သိမ်း ခံရသူတယောက်ပေါ့။ မဆလကနေ အထုတ်ခံလိုက်ရပြီး.. ရန်ကုန်မြို့စမ်းချောင်း အရပ်ဒေသမှာ လဘက်ရည်ဆိုင်ကြီးဖွင့်ထားပြီး… နိုင်ငံကျော် “အောင်ကြီးကိတ်”ဆိုတာ သူ့စီးပွားရေးလုပ်ငန်းတွေပါ….။ 


အာဇာနည်လို့ ခေါ်ချင်ပါသော်လည်း...

ပေးပို့သူ ဇော်ရှန်....

"ငါးပါးမမှောက်ကြပါစေနဲ့ " တရားတော် (ရွှေညဝါဆရာတော်)...

ငါးပါးမမှောက်ကြပါစေနဲ့ တရားတော် (ရွှေညဝါဆရာတော်) by Demo Waiyen
 ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၁၉ရက်နေ့က ရှောက်ပင်ခြံမှာ ဟောကြားခဲ့တဲ့ တရားတော် ဖြစ်ပါတယ်....။
ဆရာတော်ရဲ့ တရားတော်တွေကို သေသေချာချာ နာကြားကြည့်ကြပါ..
တရားတော်ဖိုင် ဒေါင်းလုပ်လုပ်ရယူရန် http://www.mediafire.com/?x8j58gsjx9fydls

BG သွေးအကူအညီ၏ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ် (အသိပညာအတတ်ပညာ သင်ကြားပေးရေး ပညာဒါန)

နိုင်ငံ၏အရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်။ ပြည်သူကိုမညာပါနဲ့
ပြည်သူကိုညာရင် ပြည်သူက ညှာလိမ့်မည်မဟုတ်...

ကိုညီ
တာဝန်ခံ
(ဗမာနိုင်ငံလုံးဆိုင်ရာ BG သွေးအကူအညီပေးရေး )

(BG ပညာဒါနနှင့်အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေး )
(ဆက်သွယ်ရန် အကြံပေးရန် ၊ ဝေဖန်ရန် - ဖုန်း - ၀၉-၄၉၃၂၈၀၅၅ ၊ ၀၉-၇၃၀၇၉၇၉၂)

BG သွေးအကူအညီ၏ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ် 
(အသိပညာအတတ်ပညာ သင်ကြားပေးရေး ပညာဒါန)
၂၀၀၆ မှ စတင်၍ သွေးအကူအညီပေးခဲ့သည်။ ၈၈ မျိုးဆက်သစ် ကျောင်းသားများ (ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများ) ၏ စိတ်ကူး ၊ ၂၀၁၀ ဆယ်နှစ်လပိုင်း (၁၁) ရက်နေ့မှ စတင်၍ အမေစု လွတ်မြောက်မှု အကြိုအဖြစ် လူထုအင်အားကိုယူ၍ ရန်ကုန်မြို့ရှိ ဆေးရုံတိုင်းတွင် သွေးအကူအညီပေးခဲ့ရာ ပြည်သူနှင့် ဆေးရုံဆရာဝန်များ၏ ထောက်ခံမှုဖြင့် BG (Blood Group @ Bo-Gyoke ) ဟူ၍ အမည်တွင်ခဲ့သည်။ ယခုဆိုလျှင် မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ကချင်ပြည်နယ် စသည့် တိုင်းနှင့် ပြည်နယ်များတွင် သွေးအကူအညီပေးရေး အဖွဲ့များဖွဲ့နိုင်ခဲ့သည်။ လူငယ်မျိုးဆက်သစ်များစွာ မွေးထုတ်နိုင်ခဲ့သည်.။

ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် ယနေ့အထိ သွေးအလုံးရေ (၃၀၀၀) ၀န်းကျင်ခန့် လှူဒါန်းနိုင်ခဲ့ပြီး လူနာများ၏အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။ လူမှုရေး လုပ်ငန်းများဖြင့်လည်း ရေရှားပါးသော နေရာများတွင် ရေတုံကင်လှူဒါန်းပေးခြင်း၊ အ၀တ်အထည်များ လှူဒါန်းပေးခြင်း၊ ချို့တဲ့နွမ်းပါးသော ကလေးငယ်များအတွက် အာဟာရတိုက်ကျွေးခြင်းများ အပြင် ယခုဆိုလျှင် နောက်ထပ် ခြေလှမ်းသစ် တစ်ရပ်အနေဖြင့် မိဘမဲ့ လေလွင့် အမှိုက်ကောက် ကလေးငယ်များ၏ ပညာရည် တိုးတက်မြင့်မားရေးအတွက် အသိပညာ အတတ်ပညာများအား သင်ကြားပေးသော အခမဲ့ ပညာဒါနကျောင်းအား (၁၇ - ၇ - ၂၀၁၁) နေ့ နံနက် ကိုးနာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြားခြင်းအစီအစဉ်ကို (၂၃ - ၇ -၂၀၁၁ ) တွင် စတင်ခဲ့ပါသည်။

စင်ကာပူမှ စေတနာရှင်များရဲ့ (အမေ့အိမ်ကျောင်းက မေတ္တာပတ်လမ်းကလေး)

 ယခင်မြင်ကွင်း ဤသို့ခက်ခက်ခဲခဲ
 အမေ့အိမ်ကျောင်းက မေတ္တာပတ်လမ်းကလေး။

ညီလေးတို့ ရေ...

မင်းတို့ရဲ့ချွေးနဲစာတွေနဲ့ စုပေါင်းလှူဒါန်းခဲ့ကြတဲ့ အမေ့အိမ်က ကျောင်းပတ်လမ်းကလေးဟာ ဒီနေ့ အားလုံးပြီးမြောက်ခဲ့ပါပြီ။ မင်းတို့ရဲ့ညီလေး ညီမလေးတွေဟာ အခုဆို ရွှံတွေ ဗွက်တွေကြားကနေ ခြောက်သွေ့သန့်ရှင်းတဲ့ ကျောင်းကလေးမှာ ပညာသင်ကြား နိုင်ကြတော့မှာပါ။ ညီလေးတို့ ၀မ်းသာရအောင်လို့  Before နဲ့  After ဓါတ်ပုံများကိုယှဉ်တွဲပြီးပို့ ပေးလိုက်ပါတယ်။

အင်မတန်မွန်မြတ်သန့် ရှင်းတဲ့ မေတ္တာ ဂရုဏာ ကိုယ်ချင်းစာစိတ်နဲ့ လှူဒါန်းခဲ့ကြတဲ့ မင်းတို့ရဲ့ စေတနာကို နတ်လူသာဓု ခေါ်ကြမှာ မလွဲပါဘူး။


နောက်ဆုံးရ ကချင်ပြည်နယ် သတင်းများနှင့် လက်ရှိ တိုက်ပွဲအခြေအနေများ...

ရှေတန်းရောက် ကေအိုင်အေစစ်သားများ
(ဓါတ်ပုံ:jinghpawkasa )
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်...။ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များ တစ်နေ့ထက် တနေ့များပြားနေပါတယ်...။

နောက်ဆုံးရရှိတဲ့ ပေးပို့လာတဲ့ သတင်းကတော့...

ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုခရိုင် ခေါင်လံဖူးမြို့ အခြေစိုက် သောင်းကျန်းသူ ဆန့်ကျင်ရေးတပ်ဖွဲ့ (Rebellion Resistance Army, RRF )ခေါ် ရ၀မ်ပြည်သူ့စစ် ၆၀ကိုအခု ကေအိုင်အေနဲ့ တိုက်ပွားဖြစ်တဲ့ ရှေတန်းကို ပို့လိုက်တယ်။ ကချင်အချင်းချင်း စစ်တိုက်ခိုင်းနေပြီ အကိုရယ်။ ဒီအဖွဲရဲ့ လှုပ်ရှားမူ စိတ်ဝင်စားဖို့ ကောင်းတယ် အကို။ ဘယ်နှစ်ယောက် အသက်ရှင်ပြီး ပြန်လာကြမလဲတော့ မသိဘူး။ ကချင်ဒေသခံ တိုင်းရင်းသားအချင်းချင်း ပြန်တိုက်ခိုက်ပြီး ယုတ်မာတော့မယ်အကို...

အထက်ပါစာကတော့ အရပ်ဝတ်အရေခြုံ အာဏာရှင် အစိုးရသစ်လက်ထက် တမြေတည်းနေ  တရေတည်းသောက် တိုင်းရင်းသားအချင်းချင်း ပြန်တိုက်ခိုင်းနေတဲ့  လူမဆန်တဲ့ လုပ်ရပ်တွေပါပဲ...
သတင်း၊ ဓာတ်ပုံများ ပေးပို့ပေးတဲ့ jinghpawkasaနှင့် ဇော်ရှန်အား ကျေးဇူးတင်ပါသည်...။

သူခိုး၊ ဓားပြထက် ဆိုးတဲ့ရန်သူဟာ.. (ပြည်မြန်မာကုန်တိုက် တိုင်ကြားစာ)

 ဓာတ်ပုံ News Eleven ဂျာနယ်...
 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံသို့
ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းများမှ လုပ်သားပြည်သူများ၏ တိုင်ကြားစာ...

ရန်ကုန်မြို့ကမာရွတ်၊ လှည်းတန်းက ပြည်မြန်မာ ကုန်တိုက်ကို AA medical products က လေလံဆွဲသွားပြီးတဲ့ နောက်ပိုင်းမှာ ကုန်တိုက် အတွင်းဖွင့်ခဲ့တဲ့ ဆိုင်ပိုင်ရှင်များမှ လူသားချင်းစာနာ ထောက်ထားမှု မရှိပဲ နစ်နာကြေး တောင်းခံမှုအပေါ် မသိကျိုးကျွန်ပြုကာ စီးပွား/ကူးသန်းနှင်AA medical products တို့ ပူးပေါင်းပြီး ဆိုင်ခန်းရှင်တွေကို အနိုင်ကျင့် မောင်းထုတ်နေပါတယ်..။ ဒီအကြောင်းလေးစုံစမ်းပြီး အများသိအောင် ပြည်သူတွေ အနှိပ်စက်ခံဘ၀တွေကို ဖော်ထုတ်ပေးပါဦး။ ပြည်ပ Media တွေပါသိအောင်ပြောပြပေးပါဦး။ ဆိုပြီး ပေးပို့၊ တိုင်ကြားလာပါတယ်..။

ရန်ကုန် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံက ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းများမှ တိုင်းရင်းသား လုပ်သားပြည်သူများရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံသို့ ၄ရက် ၄လ ၂၀၁၁နေ့စွဲနဲ့ တိုင်ကြားခဲ့တဲ့ စာပါ...။ စာပါအကြောင်းအရာများအရ ...

သူငယ်ချင်းထံ ပေးစာ (ဆောင်းပါးရှင် အောင်မျိုးထွန်း)

သူငယ်ချင်းထံ ပေးစာ
(ဆောင်းပါးရှင် အောင်မျိုးထွန်း)

ဘူးသီးတောင် အကျဉ်းထောင်
ရခိုင်ပြည်နယ်
၂၆၊ ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်။


သူငယ်ချင်း မောင်ဌေးကြွယ်

မနေ့ နေ့လည်ခင်းက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံစကားပြောကြတယ်သူငယ်ချင်း။ သူတို့နှစ်ယောက် လူသိရှင်ကြား တွေ့ကြတော့မယ်လို့ သိရတဲ့အခါ မင်းကို ပြေးသတိရမိတယ်ကွာ။ မင်း ယောက်ဖတော် ဖြိုးမင်းသိန်းနဲ့ ဘူးသီးတောင် အကျဉ်းစခန်းကနေ ပါးလိုက်တဲ့ သူငယ်ချင်းရဲ့ သ၀ဏ်လွှာကိုလည်း ဧရာဝတီသတင်းက တစ်ဆင့် လွန်ခဲ့တဲ့ (၆)လ ကျော်လောက်တုန်းက ငါတို့တွေ သိခွင့်ရခဲ့တာလေးကို ပြန်တွေးဖြစ်မိတယ် ချစ်တီးရေ။

“ဆန်စင်ရာ ကျည်ပွေ့လိုက်နေလို့ မဖြစ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဆွေးနွေးမှုကို မလွဲမသွေ လုပ်ရမယ်၊ ဒေါ်စုကို ၀န်းရံကြရမယ်” လို့ မင်းပြောခဲ့တယ်လေ။ မြန်မာ့နိုင်ငံရေး စိတ်ဝမ်းကွဲမှုတွေကို ရိုးသားစွာ ချုပ်ငြိမ်းလိုတဲ့ ဆန္ဒရှိကြတဲ့သူတိုင်းရဲ့  အနှစ်ချုပ်ပန်းတိုင်ကတော့ မင်းပြောတဲ့ စကားတွေပါဘဲ။

သူငယ်ချင်းရေ...

ခက်သားကလားကွာ။ တို့နိုင်ငံအနှံ့ ဗုံးတွေ ခပ်စိတ်စိတ် ပေါက်ကွဲကြတုန်းက မိတ်ဆွေတစ်ဦးရဲ့ သုံးသပ်ချက်လေးကို မင်းကို ပြောပြချင်ပါတယ်။ “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က သူတို့ လုပ်တာလို့ ၀န်ခံရင်တောင် ပြည်သူတွေက ယုံမှ ယုံကြပါ့မလားတဲ့”။ ဘယ်လိုလုပ်မလဲ ချစ်တီး။ ပြည်သူလူထုကြီးရဲ့ ယုံကြည်မှု၊ မယုံကြည်မှုကိစ္စဆိုတာ ကျောသပ်ရင်သပ် လုပ်လို့မရသလို၊ ဆူးခက်နဲ့ နာနာရိုက်လို့လည်း ရတာမှ မဟုတ် တာကွာ။ ဖြတ်သန်းမှုဘ၀တွေနဲ့ ရင်းရတယ်၊ ပြီးတော့ ထိုက်သင့်သလောက် အချိန်ယူရတယ်။ လွယ်လွယ်နဲ့ စံပယ်တွေ ပွင့်ရိုး ထုံးစံမရှိပါဘူး။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲ.. သတင်း၊ မှတ်တမ်း..

မြန်မာအစိုးရသစ်၏ ဖိတ်ကြားချက်အရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၁၁ ခု၊ ဇူလိုင်လ(၂၅)ရက် နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် ပြည်တွင်းပြည်ပ သတင်းဌာနများသို့ ပြည်ထောင်စု ၀န်ကြီးဦးအောင်ကြည်မှ (ပြည်သူလူထုများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဦးနှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ အခွင့်အလမ်းများရရှိနိုင်မှု၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ အများပြည်သူ အကျိုးစီးပွါး ဖြစ်ထွန်းစေရေး ကိစ္စနှင့် သင့်တော်သော နေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံပါဦးမည်) ဟုပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ (ဘယ်သူတွေနဲ့ ဘယ်လိုကိစ္စပဲပြောပြော ကျမတို့ရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံနဲ့ တိုင်းပြည်သူ ပြည်သားများ အကျိုးပြုဖို့ အတွက်ကိုပဲ ရည်ရွယ်ပါတယ်)ဟု ပြောကြားခဲ့ပါသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ခဲ့သော စစ်အစိုးရလက်ထက်တွင် မြန်မာ့ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်ဆံရေး ဝန်ကြီးအဖြစ် ၂ဝဝ၇ အောက်တိုဘာလတွင် စတင်တာဝန်ပေးအပ်ခြင်း ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် (၉)ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ယခုသမ္မတဦးသိန်းစိန်၏ အစိုးရသစ် တက်ရောက်လာသည့် အချိန်တွင် အစိုးရသစ်နှင့် ပထမဆုံးအကြိမ် စတင်တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်ဟု သိရှိရပါသည်။

သတင်း... ဓာတ်ပုံ၊  ဒီမိုကောင်းကင်...

လိုင်ဇာမြိုရောက် ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များ ... (ဓာတ်ပုံ)

(ဓါတ်ပုံများ jinghpawkasa)
သတင်း၊ ဓာတ်ပုံများအတွက် jinghpawkasaနှင့် ဇော်ရှန်အား ကျေးဇူးတင်ပါသည်..။


သွေးမေတ္တာ အခမဲ့သွေးအလှူတော်အသင်း....

ပြည်တွင်းမှ အသက်ကယ် သွေးလိုအပ် နေသူများအတွက် မွန်မြတ်တဲ့ အခမဲ့ သွေးအလှူတော်အသင်းပါ...။ ဆက်သွယ် တောင်းခံနိုင်ပါတယ်..။

နိုင်ငံအရေး ခရီးကြမ်း ဘယ်လဲ ဘာလဲ.... (၁) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

နိုင်ငံအရေး ခရီးကြမ်း ဘယ်လဲ ဘာလဲ.... (၁) 
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ကျနော် ယခုရက်ပိုင်းမှာ ကျောင်းက ကလေးတွေရဲ့  ကာယ ဥာဏ စိတ်ဓါတ် စသည် တနှစ်အတွက် ဖွံ့ဖြိုးမှု တိုးတက်မှု စတာတွေကို တဦးချင်းစီရဲ့ တိုးတက်မှုတွေကို ပြီးခဲ့တဲ့နှစ် ဆရာ/ဆရာမတွေ သုံးသပ်ချက်တွေ နဲ့ယှဉ်ပြီး မှတ်တမ်းတွေ ရေးနေရလို့ မအားတာရော နိုင်ငံတော်အရေးအတွက် တခြားအရေးကြီး ကိစ္စလေးတွေ ရှိနေလို့ ဆောင်းပါးတွေ မရေးနိုင်တာနားလည်ပေးစေလိုပါတယ်။ နောက်တချက်ကလဲ တရုတ်ပြည် စီးပွားရေးသုံးသပ်ချက်ပေါ့။ ဖိုးသူတော်လဲတော့ တောင်းဝှေးမကူနိုင် ဆောင်းပါးက ကျနော်က ဒီမိုဝေယံကိုပို့ထားတာ ကြာပါပြီ။ ဟိုဘက်ကလည်း အလုပ်တဖက်နဲ့ မအားတာလည်းပါတယ်။ နောက် ကျနော်က မြန်မာစာက တော်တော်လေးညံ့တော့ သူ့ခမျာ ကျနော်ပို့တာကိုတန်းတင်ဖို့က စာလုံးပေါင်းတွေ အပိုဒ်ခွဲတာတွေ တော်တော်လေး ပြင်ဆင်ပေးရရှာပါတယ်။ မတတ်နိုင်ဘူး။ ကျနော်လည်း တတ်နိုင် သလောက်တော့ စစ်တာဘဲ ။

အဲဒီမှာ မန္တလေးတရုတ် ကျောက်ဝိုင်းကိစ္စပေါ်လာတော့မှ ဒီမိုဝေယံကလဲ ကမန်းကတန်း ဖိုးသူတော် ဆောင်းပါးကို တင်ပေးရပါတော့တယ်။ အခု တရုတ်ပြည်တင်မကပါဘူး .... ကမ္ဘာကြီးတခုလုံးပါ စီးပွားရေး အကြပ်အတည်းကို တာဆူစ ပြုနေပါပြီ။ တော်တော်လေး ရင်လေးစရာကောင်းတဲ့ အကြပ်အတည်းကြီး ပေါ်လာနိုင်ပါတယ်။  အခုလည်း သွားနိုင်တဲ့ဖိုးသူတော်ကြီးက တရုတ်တင်မက ဥရောပ နဲ့ သြစတေးလျ တို့ပါ ထိခိုက်လာနိုင်တယ်ဆိုပြီး စီးပွားရေးပညာရှင်တွေ သုံးသပ်လာနေကြပါတယ်။ ကျနော် ဝေဖန်ချက်မဟုတ်ပါ ။

ဖိုးသူတော်ဆောင်းပါးနဲ့ ဆက်စပ်ပြီး ဆက်ရေးရန် ရှိနေပါတယ်။ အဲဒီဟာကို ဆက်မရေးခင် တခြားကို လိုင်းအသစ်ဖွင့် ရေးလာတာကိုလည်း နားလည်ပေးစေ လိုပါတယ် ။

ဒါကလဲ ကျနော်ရေးချင်နေတာ ကြာပါပြီ။ အထဲက ပါတီကြီးတွေ၊ ပါတီအသစ်တွေကို အဓိက ထားဝေဖန်ရတာမို့ မေးခွန်းထုတ်ရတာမို့ သူတို့ရဲ့ အနေအထားကို မထိခိုက်စေချင်လို့ မဝေဖန်ခဲ့ပါဘူး။ သို့သော် တချို့သော မိတ်ဆွေတွေ၊ တချို့အီးမေးလ်တွေကနေ ဆရာက နှစ်ဖက် မျှမျှတတတော့ ဝေဖန်သင့်ပါတယ်။ ပြောလာတာကလည်း ရှိလာတာရော တိုင်းပြည်ပြုပြင်ရေးမှာ လက်ရှိအတိုင်း အစိုးရအသစ်ကို ဗိုလ်နေမြဲကျားနေမြဲ ဆက်သွားနေရင် မရတော့လို့ အခုတော့ ပါတီကြီးတွေနဲ့ ကိုယ်ရဲ့ ဒီမိုကရေစီ ဘက်တော်သားတွေအပေါ် ဝေဖန်တာကို လုပ်ရတာပါ။ တကယ်တော့လည်း တိုင်းပြည်အရေးကို အလေးထားသူမှန်ရင် နှစ်ဘက် ကိုယ်မြင်တာလေးတွေ ထောက်ပြမှသာ သမာသမတ် ကျမှာလည်း ဖြစ်ပါတယ်။

တိုင်းပြည်အရေးကို ကိုယ်မြင်တာမှ အမှန်ကန်ဆုံး အလုပ်သင့်ဆုံးလို့တော့ ကျနော်မဆိုလိုပါဘူး။ အဲဒီစိဓါတ်ဟာ အတ္တကြီးမားသူတွေရဲ့ စိတ်ထားကိုဖေါ်ပြတဲ့ မျက်နာပြင်တခုပါဘဲ။ စိန်တပွင့်မှာ မျက်နှာပြင်တွေ အများကြီးရှိသလိုပါဘဲ။ ငါသာလျှင်အသိဆုံး အမှန်ဆုံးဆိုတဲ့စိတ်ဟာ အတ္တကြီးတာကိုပြတဲ့ မျက်နာပြင်တခုပါဘဲ ။ အဲဒီလိုစိတ်ဓါတ်တွေဟာ ဦးနေ၀င်း (ဦး) သန်းရွှေနဲ့ ဗိုလ်ချုပ်တွေမှာ လွှမ်းမိုးခဲ့လို့ တခြားတတ်ကျွမ်းသူ ပညာရှင်တွေကို အလေးထားရကောင်းမှန်းတောင် အသိတရားမဲ့သွားလို့ ကျနော်တိုင်းပြည်ကြီးဟာ သယံဇာတတွေ ဒီလောက်ပေါကြွယ်ပြီး ကုန်းကောက်စရာမရှိအောင် မွဲပြာကျသွားစေခဲ့တာဟာ ဒီလို အတ္တစိတ် လွန်ကဲမှုတွေကြောင့်ပါ။ ငါလုပ်တာ ငါသိတာ ငါပြောတာမှ အမှန်ဆိုတဲ့စိတ်ဟာ အာဏာရှင်စိတ်ဓါတ်ပါ။


အဘမှိုင်းပြတိုက်

အဘမှိုင်းပြတိုက်
၁၉.၇.၂၀၁၁ (အင်္ဂါ) နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် အထိမ်းအမှတ်အား ရည်စူး၍ မြေးဖြစ်သူ ဒေါ်မြမြအေး (မိသားစု)တို့မှ အလှူငွေ (၁၀၀၀၀၀/-) ကျပ်တိတိကို လာရောက်၍ လှူဒါန်းခဲ့သည်။

ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ကန်တော်မင် ပန်းခြံမြေကွက်လပ်တွင် ဂူသွင်းသင်္ဂြိုလ်ပြီး ဆရာကြီး၏ ဂုဏ်သိက္ခာနှင့် လိုက်လျောအောင် ဂုဏ်အင်္ဂါရပ် (၄) ရပ်ကို ထွင်းထုထားသော တံဆိပ်ကြီးခပ်နှိပ် ထားသည့် ဂူဗိမာန်ကိုလည်း မြင်တွေ့နိုင်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် -


(The Burma Conspiracy) ရုပ်ရှင်....

(The Burma Conspiracy) ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.megaupload.com/?d=7EA99E7Aဖိုင်ဆိုက်ကြီးတဲ့ အတွက် ပြည်တွင်းမှ ပရိသတ်အတွက် ဒေါင်းလုပ်ရယူရန် အခက်အခဲရှိနိုင်ပါတယ်..။ (ဒေါင်းလုပ်လင့်ခ်ကို နှိပ်ပြီး ၂၅စက္ကန့်ခန့်စောင့်ပါ ဒေါင်းလုပ်ဖိုင် ပေါ်လာပါလိမ့်မယ်)
The Burma Conspiracy ရုပ်သံဖိုင်(ဒေါင်းမာန်ဟုန်မှ)

ဗုဒ္ဓဘာသာကောင်း တစ်ယောက်၏ စွမ်းအား.. (ရွှေညဝါဆရာတော်)

Shwe Nya War Sayartaw by demowaiyan

ဗုဒ္ဓဘာသာကောင်း တစ်ယောက်၏ စွမ်းအား.. (ရွှေညဝါဆရာတော်) (အသံဖိုင်)
အဆုံးအမသြဝါဒပေးသူကို မသူတော်တွေများ မုန်းတီး၍ ရှုံချ၍ ဟန့်တား၍ ပိတ်ပင်၍ နှောင့်ယှက်၍တဲ့။  မုန်းတီးတယ် ဆိုတဲ့စကားလုံးကိုချဲ့ရင် မုန်းတီး၍ ရှုံချ၍ ဟန့်တား၍ ပိတ်ပင်၍ လို့ အဓိပ္ပါယ်ရတယ်...။ မသူတော်များက မုန်းတီးတာကိုမှ တို့က ကြံ့ကြံ့ခံ၍ ကြိုးစားအားထုတ်ကြတယ်..။

ဘာသာရေးတွင် ရဟန်းသည် ခေါင်းဆောင်ဖြစ်၏တဲ့..။ ခေါင်းဆောင်သည် မှန်ကန်တဲ့ဖက်က ခေါင်းထောင်ခွင့် မရှိဘူးတဲ့။ ငါမှန်တယ် ငါဟုတ်တယ် တရားမျှတတယ်ဆိုပြီး နည်းနည်းလေးမှ ခေါင်းသွားမထောင်နဲ့ ထောင်ခွင့် မရှိဘူး..။ ခေါင်းဆောင်ဆိုပြီး ခေါင်းငုံနေခဲ့ရတဲ့ အခါမျိုးတွေ မနည်းဘူး။ ခေါင်းထောင်ခွင့်မရတဲ့ ခေါင်းဆောင်ပါတဲ့။ အဲ့ဒီတော့ ရဟန်းသည် ဘာသာရေးတွင် ခေါင်းဆောင်ဖြစ်၏ဆိုတာ ဒီကနေ့တော့ အပြည့်အဝ မမှန်သေးဘူး... နောင်သောအခါ ဘယ်အချိန်မှများ မှန်လာမလဲဆိုတာ မပြောတတ်သေးဘူး....။(တရားအသံဖိုင်ပါ ဟောကြားချက်လေးပါ)

အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်...

တရားအသံဖိုင်အတွက် ဦးဥာဏ်၊ ကိုမောင်ဦးတို့အား ကျေးဇူးတင်ပါသည်..။

ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း (၁) ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

ရင်ထဲကရှစ်ဆယ့်ရှစ်
အပိုင်း (၁) 
ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

သမိုင်းဆိုတာအမြင်ကပ်ရုံသက်သက်နဲ့ ဖျောက်လို့မရနိုင် ကောင်းပါဘူး။ လူသားတွေရဲ့ အတ္တကို ငွေကြေးအာဏာ အကျိုးစီးပွားတွေနဲ့ သွန်းလောင်းပေးလို့ ယာယီမှေးမှိန်ကောင်း မှေးမှိန်နိုင်ပေမဲ့…. အမှန်တရားဆိုတာ…. တနေ့မှာတော့ ပေါ်ထွန်းလာစမြဲပါ။

ရှစ်ဆယ့်ရှစ်ဆိုတာ ဘာလည်း………….?

ရှစ်ဆယ့်ရှစ်ဆိုတာ… စစ်အာဏာရှင်များ အဆက်ဆက်ပြောသွားခဲ့သလို…. အရေးအခင်းလား……..

ရှစ်ဆယ့်ရှစ်ဆိုတာ…. မင်းမဲ့စရိုက်တွေနဲ့ ပြည်သူလူထုကြီးရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခြောက်လှန့်ခဲ့တဲ့ ပရမ်းပတာ… ရုန်းရင်းဆန်ခတ်မှုကြီးလား။
ရှစ်ဆယ့်ရှစ်ဆိုတာ… အာဏာရှင်စနစ်ကို တော်လှန်ပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲ အကောင်ထည်ဖော်ဘို့ကို လိုလားတဲ့ လူထုကြီးရဲ့ လူထုတော်လှန်ရေးကြီးလား………..

ဒီနေ့ မျိုးဆက်သစ်တွေ အတွက်ကတော့ေ၀၀ါးနေဆဲ ပုံပြင်တပုဒ် လိုပါပဲ....။

ကျနော် ၈၈ လူထုအရေးတော်ပုံ အကြောင်းကို တင်ပြရာမှာ အကုန်လုံးကို ကျနော်မသိပါဘူး  အခုကျနော်ရေးတဲ့ ဆောင်းပါးဟာ သမိုင်းပြုစုနေတာ မဟုတ်ဘူးဆိုတာတော့ ကြိုတင်ပြောပရစေ..။ ကျနော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို လက်ဆင့်ကမ်း တင်ပြလိုက်ခြင်းသာလျှင် ဖြစ်ပါတယ်။ ဒီအထဲမှာ သင်ခန်းစာယူစရာတွေ ဆင်ခြင်စရာတွေကို ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံဆိုတာ ဘာမှန်းမသိတဲ့… လူငယ်မျိုးဆက်သစ်တွေ.. လေ့လာနိုင်ဘို့ကို အထူးရည်ရွယ်ပါတယ်……


ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် အမှတ်တရအခမ်းအနား (သတင်း၊ ဓာတ်ပုံ)

ဒီကနေ့ ကျရောက်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ (၄၇)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား စမ်းချောင်းမြို့နယ်၊ ကျွန်းတော ဘုန်းကြီးကျောင်း၌  ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိသားစုဝင်များမှ ဦးစီးကျင်းပခဲ့ပါတယ်...။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည်နေ့  အထိမ်းအမှတ် အခမ်းအနားအား နံနက်ပိုင်းမှာ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူဒါန်းပြီး၊ ဒီမိုကရေစီ အင်အားစုများအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံပါတယ်။ ထိုဧည့်ခံနေချိန်မှာပင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အခမ်းအနားကို အကျဉ်းရုံးကျင်းပရာ အခမ်းအနား ဦးဆောင်ကျင်းပသူများမှ အထိမ်းအမှတ်ပွဲ ကျင်းပရခြင်း အကြောင်းအား ရှင်းလင်းပြောပြပြီး၊ ဆရာကြီး၏ စာပေနဲ့ကဗျာများအား ကဗျာဆရာများမှ တစ်ဦးဆီ ဖတ်ကြားကြပါတယ်။ ထို့အတူ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအမှတ်တရ ဓါတ်ပုံ ပို့စကဒ်များဝေငှကြပါသည်။

မမေ့အပ်တဲ့ သခင်ကိုယ်တော်မှိုင်း....

မမေ့အပ်တဲ့ သခင်ကိုယ်တော်မှိုင်း....
တကယ့်တကယ်
တွန်းလှန်ဖို့အရေးကလဲ
မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့်
သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း...ထထကြွကြွနှင့်
ဝိုင်းကြပေရော့...

သခင်ကိုယ်တော်မှိုင်း

သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)

1. အမည်ရင်း - မောင်လွမ်းမောင်

2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း

3. မွေးသက္ကရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့

4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ

5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့်

6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်


ကိုယ်ရေး ဖြစ်စဉ်


၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။

၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုန်း လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။

၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ 


ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် အမှတ်တရ...

ဒီကနေ့ ကျရောက်မယ့် မြန်မာ့ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား၌အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ အမှတ်တရ အဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံနှင့်   အမှာစကား ကို ဓါတ်ပုံပို့စ်ကဒ်များ ဝေငှပါ မည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှစ်ပတ်လည်အား စမ်းချောင်းမြို့နယ်၊ ကျွန်းတော ဘုန်းကြီးကျောင်း၌ အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းပြီး အထိမ်းအမှတ်ပွဲ ပြုလုပ်ပါမည်။



ကိုလူမော်လတ်(တာဝန်ခံ)


ကောင်းတော့ ကောင်းပါတယ် နည်းနည်းတော့ခါးတယ်....


အထက်ပါ စာသားကတော့ The Voice Weekly ဂျာနယ် စာမျက်နှာ ၂၃မှာပါတဲ့ ရေးသားဖော်ပြချက်ပါ...။ တကယ့်အဖြစ်မှန်ကတော့ အာဇာနည်နေ့က အဖွဲ့ချုပ်ရဲ့ အာဇာနည်နေ့အခမ်းကနေ အာဇာနည်ဗိမာန်ကို ချီတက်ဖို့ ကြိုတင်ရောက်ရှိနေတဲ့ ရဟန်းသံဃာ၊ ကျောင်းသား၊ ပြည်သူများ၊ လူငယ်ကွန်ယက် အဖွဲ့ဝင်များမှ အာဇာနည် ဗိမာန်မှာ လွမ်းသူ ပန်းခွေချဖို့ ဖြတ်လျှောက်သွားကြတဲ့ တစညပါတီဝင် (၅၀)ခန့် (၂၀၀ဆိုတဲ့ ရေးသားချက် မဟုတ်ပါ) အား ယဉ်ကျေးသိတတ်မှု၊ ရင်းနှီးဖော်ရွေတာကို ပြသတဲ့ အနေနဲ့ လက်ခုပ် သြဘာတီးခဲ့ကြတာပါ...။ တစညပါတီဝင်များမှလည်း ပြန်လည် လက်ပြနှုတ်ဆက်ခဲ့ပါတယ်...။


မရေးရဲတာလား၊ မရေးချင်တာလား၊ လူလည်ကျတာလား....

ဒီတပတ်ပြည်တွင်းထုတ် The Voice Weekly ဂျာနယ်ရဲ့ "တစည ပါတီ အာဇာနည်နေ့ အလေးပြု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးသားပါရှိတာကတော့....

ရန်ကုန်၊ ဇူလိုင် ၁၉

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံးသော နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည)က (၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာတွင် အာဇာနည် ဗိမာန်သို့ သွားရောက်အလေးပြုခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာက လက်ခုပ်တီးကြိုဆိုခဲ့ကြသည်။

ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တစည ပါတီမှ ဗဟိုအလုပ်အမှုဆောင်များအပါအ၀င် တစည ပါတီမှ ပါတီအင်အား ၂၀၀ ခန့်သည် အာဇာနည်ဗိမာန်သို့ ချီတက်ခဲ့ကြရာတွင် ရွှေဂုံတိုင်၊ အုတ်လမ်း အနီးအရောက် နံနက် ၉ နာရီ ၄၈ မိနစ်တွင် ပြည်သူထောင်ပေါင်းများစွာက လက်ခုပ်တီး ကြိုဆိုခဲ့ကြပြီး တစည ပါတီဝင်များကလည်း ပြည်သူများကို ပြန်လည်နှုတ်ဆက်ခဲ့သည်။

(၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီဝင်များကို တရားဝင်ဖိတ်ကြားခဲ့ခြင်း မရှိကြောင်းလည်း နိုင်ငံရေးပါတီဝင်များထံမှ သိရှိရသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ကောင်းမွေဆိုးမွေ ဆက်ခံဖြစ်ပေါ်လာသော ပါတီတစ်ရပ်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်သည်။

(The Voice ဂျာနယ် Vol 7, No 32 တွင် ပါရှိသော “တစည ပါတီ အာဇာနည်နေ့ အလေးပြု” သတင်းကို ဖော်ပြပါသည်)

တကယ်ဆို....

ရွှေဂုံတိုင်၊ အုတ်လမ်းအနီးရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ရုံးချုပ်ရှေ့ အရောက်တွင် NLD မှ ဦးစီးကျင်းပသည့် (၆၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူ ထောင်ပေါင်းများစွာမှ လက်ခုပ်တီး ကြိုဆိုခဲ့ကြပြီး...”လို့ ရေးသင့်ပါတယ်။ “ဖျက်သိမ်းထားပြီးဖြစ်သော၊ တရားဝင်ပါတီ မဟုတ်တော့သော” ဆိုပြီးအရူးကွက် နင်းပြီး ရေးချင်ရေးလို့ ရပါသေးတယ်။ ဒါက မြေပြင်အခြေအနေ အစစ်အမှန်ဘဲလေ။ အာဏာပိုင်တွေကတောင် အဖွဲ့ချုပ်ရဲ့ အခမ်းအနားကို ခွင့်ပြုထားခဲ့တာ မဟုတ်လား။ Voice ဂျာနယ် အနေနဲ့ မရေးရဲတာလား၊ မရေးချင်တာလား၊ လူလည်ကျတာလား။

အောင်မျိုးထွန်း
၂၂- ၇- ၂၀၁၁

ပြီးခဲ့တဲ့ ဇွန်လ(၂၇)ရက်နေ့က မန္တလေးကျောက်ဝိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်- မြန်မာရန်ပွဲ မြင်ကွင်း(ရုပ်သံဖိုင်)

အပိုင်း(၂) (ရုပ်သံ ကိုညိုကြီး)
ဘလော့ဂ်ဂါ ကိုညိုကြီး Facebook ကပါ... Tagged ပေးတဲ့ ကိုညိုကြီးအား ကျေးဇူးတင်ပါသည်...။
တချို့အသံတွေတော့ နားနဲ့မနာ ဖဝါးနဲ့နာ နားထောင်ပေးကြပါ...။ ကိုယ်ကိုယ်တိုင် မတရားမှုတွေကို ကြုံလာရင်လည်း မခံမရပ်မနိုင် ပြောမိဆိုမိကြမှာပါ...။ အဖြစ်အပျက်ကတော့ ရက်တိုဗီဇာနဲ့ ခေတ္တရောက်ရှိလာတဲ့ ပြည်ကြီးတရုတ် ကျောက်ကုန်သည်တွေရဲ့ စော်ကားမှုပါ...။ ရုပ်သံဖိုင်မှာ ရိုက်နှက်တဲ့ တရားခံနိုင်ငံခြားသားတွေကို လက်ထိပ်ခတ်ပေးပါလို့ ရဲတွေကို တောင်းဆိုနေတာပါ. .။ ရိုက်ပါနှက်ပါလို့ တောင်းဆိုနေတာ မဟုတ်ပါဘူး...။ ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးပြည်သူတွေရဲ့ တောင်းဆိုချက်တွေကိုလည်း နည်းနည်းပါးပါးလေး လိုက်လျော အသိအမှတ်ပြုပေးကြပါဦး..။ အဓိကတရားခံ ဘယ်သူလဲ ဆိုတာကတော့ ထွေထွေထူးထူး ပြောစရာလိုမယ် မထင်ပါဘူး..။ လက်ကတော့ထိုး ခေါင်းပေါ်ရွက် ခေါ်လာပြီး လူပါးဝခွင့်ပေးထားတဲ့ စစ်အာဏာရှင်တွေက အဓိကတရားခံပါ...။

အပိုင်း(၁)
 ဇွန်လ ၂၇ရက်က မန္တလေး ကျောက်ဝိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ သတင်း ပြန်ဖတ်ချင်ရင်....http://www.demowaiyan.co.cc/2011/06/blog-post_1946.html
ရုပ်သံဖိုင် ဒေါင်းလုပ်ရယူရန်...

“အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်” (ကဗျာရှင် နေဘုန်းလတ်) (၆၄) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (ဘားအံ အကျဉ်းထောင်မှ ဂုဏ်ပြုဖွဲ့ဆိုပါသည်)

“အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်”

သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ မာန်မာနတွေ သိမ်ဖျော့မှေးမှိန်သွား
ကြီးမြတ်သော ပေးဆပ်စွန့်လွှတ်ခြင်းမှာ
လုပ်မြဲအလုပ်တစ်ခုလို သူရိုးရှင်းတည်ငြိမ်ခဲ့ပုံက
အသံကျယ်တဲ့ သင်္ကြန်အမြောက်တွေကို အရှက်ရစေခဲ့
သူ့မျက်နှာက ခက်ထန်မာကြောသယောင်ယောင်
ဒါပေမယ့် … သူ့ရဲ့ အားပြင်းတဲ့ စိတ်အလင်းရောင်မှာ
သူ့ရဲ့ တည်ကြည်လေးနက်ခြင်းက မဲညစ်ပိတ်မှောင်မနေခဲ့


Burmese Dreaming မှတ်တမ်းရုပ်သံ Trailer....


ပြည်တွင်းမှ ပရိသတ်များ ဒေါင်းလုပ်ရယူရန် http://www.mediafire.com/?ncbng2ux3t2arkj
ရုပ်သံ မှတ်တမ်းတိုများ ထပ်ကြည့်ချင်ရင်http://burmesedreaming.org/trailers/

အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၆၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား....

(၆၄)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အား အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ ပူးပေါင်းပြီး အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပကြပါတယ်။ နံနက်၅နာရီမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးပြီးဆွမ်း၊ သင်္ကန်း ဆပ်ကပ်လှုဒါန်း၊ ရေစက်သွန်းချ အမျှဝေပါတယ်။

ကိုယ်တော် ကရုဏာ (ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)

ကိုယ်တော် ကရုဏာ
(ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)
ပြီးခဲ့သည့် ရက်ပိုင်းလောက်ကအမေရိကန်နိုင်ငံတွင် ခေတ္တရောက်ရှိနေကြသည့် ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသနှင့် ဆရာတော်ကြီးများထံသို့ သာသနဥသျှောင်အဖွဲ့နှင့် သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့် ပန်ကြားလွှာတစောင်တို့ကို ဆက်ကပ်ခဲ့ကြသည်ဟု ကြားသိခဲ့ရသည်။ ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသနှင့်အတူ မစိုးရိမ်ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ၊ ဓမ္မဘေရီဆရာတော်ကြီး ဦ၀ီရိယ အစရှိသည့် ဆရာတော်ကြီးများလည်း အဆိုပါအခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်အမည်မှာ “သံတိုင်နောက်ကမှတ်တမ်းများ” ဖြစ်ပြီး စစ်အစိုးရမှ ဖမ်းဆီးထောင်ချခြင်းကိုခံခဲ့ကြရပြီး နှိပ်စက်မှုများကို ခံခဲ့ကြရသော သံဃာတော်များ၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ် ဖြစ်သည်ဟုသိရသည်။ ပန်ကြားလွှာထဲတွင် နိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် အယူအဆမတူသူတို့ သင့်မြတ်စွာ လက်တွဲပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်၊ အယူအဆ ကွဲလွဲမှုများကြောင့် ဖမ်းဆီး ချူပ်နှောင်ခြင်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများနှင့် ရဟန်းသံဃာတော်များ လွတ်မြောက်စေရန် နိုင်ငံတော် အစိုးရသစ်ကို မေတ္တာရပ်ခံပေးပါရန် ဟူသည့် စာများပါဝင်သည်ဟု သိရသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်နှင့် ပန်ကြားလွှာများအရ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေနိုင်သည့် အပြုအမူမျိုး မပါဝင်သည့်အပြင် တိုင်းပြည်နှင့် လူမျိုးအကျိုး သာသနာအကျိုးတို့ကို ဦးစားပေးထားသည်ကို သတိထားမိသည်။

ယင်းကိစ္စများနှင့် ဆက်စပ်ပြီး ကြားသိရသူတို့အကြားတွင် လုပ်သင့်/ မလုပ်သင့် စသည့်ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့သည်။ လူတိုင်းကိုယ်စီတွင် ခံယူချက်အမျိုးမျိုး ယုံကြည့်ချက် အမျိုးမျိုးရှိကြသည်မို့ သဘောထား ကွဲလွဲပိုင်ခွင့် ရှိကြပေသည်။ သို့သော် သဘောထားကွဲလွဲပိုင်ခွင့်ရှိသည်ဆိုတိုင်း မိမိအယူအဆမှ အမှန်ဟု ဆုပ်ကိုင်ထား၍မရနိုင်ပေ။ အကြောင်းဟုတ်၏ မဟုတ်၏၊ ဖြစ်နိုင်၏ မဖြစ်နိုင်၏စသည်တို့ကို အရာရာထောက်ဆပြီး အမှန်လမ်းကြောင်းကို လျှောက်လှမ်းဖို့လိုအပ်လှပေသည်။ အထက်တွင်ဖော်ပြခဲ့သည့် လုပ်ရပ်အပေါ် ဘ၀င်မကျဖြစ်နေပုံပေါ်သည့် ဆောင်းပါးရှင်သီတလကဆိုလျှင် “တစ်ခုသတိပြုစေချင်တာက ဗန်းမော်ဆရာတော်ဘုရားကြီးဆိုတာဟာ ငယ်စဉ်ကာလကတည်းက စာပေပညာဘက်ကိုပဲ တစိုက်မတ်မတ်နဲ့ ကြိုးစားအားထုတ်ပြီးပရိယတ် ပဋိပတ်တွေထဲမှာပဲစိတ်ကို နှစ်မြုပ်ထားတဲ့ဆရာတော်ကြီး ဖြစ်တယ်ဆိုတာပါ။ အခြားထွေလီကာလီကိစ္စတွေမှာ စိတ်ပါဝင်စားခြင်း ရှိတော်မူတယ် လို့တော့ ကျွန်တော် မကြားမိပါဘူး” ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။ (http://www.demowaiyan.co.cc/2011/07/blog-post_2104.html)။

မှန်ပါသည်၊ ဆရာတော်ကြီး၏ သီလ သမာဓိ ပညာတို့မှာ အပြစ်ဆိုစရာ မရှိလောက်အောင်ပင် လေးစားဖွယ်ကောင်းလှပါသည်။ ထို့ကြောင့် ဆရာတော်ကြီး၏ ကိုယ်ကျင့်သိက္ခာ ဂုဏ်အရည်အချင်းတို့နဲ့ ပတ်သက်ပြီး မည်သို့မျှစောဒကမတက်လိုပေ။ သို့သော် ဆောင်းပါးရှင်၏ စာထဲတွင် အသုံးပြုထားသည့် ပရိယတ်နှင့် ပဋိပတ် ဆိုသည့်အချက်ကိုတော့ ကောင်းစွာနားလည် သဘောပေါက်ထားသင့်သည်ဟု ထင်သည်။ ပရိယတ်ဟူသည် သင်ကြားခြင်းဖြစ်ပြီး ဘုရာဟောပိဋကတ်တော်များကို သင်ကြားခြင်းဟု ယေဘုယျအားဖြင့် မှတ်ရပေလိမ့်မည်။ ကျင့်သုံးမှုမပါသည့် သင်ကြားမှုမျိုးသည် နွားကိုသာကျောင်းနေရပြီး နွားနို့အရသာကို မခံစားရသည့် နွားကျောင်းသားပမာ ဖြစ်သည်ဟု မြတ်စွာဘုရားရှင်ကလည်း ဟောကြားထားတော်မူခဲ့သည်။ ကျင့်သုံးမှုဆိုသည်မှာ ပဋိပတ်ပင်ဖြစ်လေသည်။ ထိုကြောင့် မည်သည့်အရာများကို ကျင့်သုံးရမည် ကျင့်သုံးထိုက်သည် စသည်တို့ကို သိနိုင်ကြရန် ဘုရားဟောကျမ်းဂန်များကို ရှေးဦးစွာလေ့လာဖို့ လိုအပ်လှပေသည်။


ILBC နှင့် အမေ့အိမ် (မ/ဥက္ကလာ)

ILBC နှင့် အမေ့အိမ် ( မ/ဥက္ကလာ)

လူကြီးမင်းများ ခင်ဗျား.....

လူကြီးမင်းတို့၏ သားသမီးများ ILBC, TOTAL, MIS ကဲ့သို့ Int'l School များတွင် Air con ခန်းများ၌ အေးချမ်းစွာ ပညာ သင်ကြားနေကြသကဲ့သို့ ကျနော်တို့၏ သားသမီးများလည်း အမေ့အိမ်ကဲ့သို့ အခမဲ့ ပညာဒါန ကျောင်းလေးများတွင် အေးချမ်းစွာ ပညာသင်ကြားခွင့်ပြုပါ။

ကျနော်တို့၏ သားသမီးများသည် S'pore, Austria ကဲ့သို့ ပြည်ပနိုင်ငံများကိုလည်း သွားရောက်ပညာ မသင်ကြားနိုင်ပါ။ ILBC, TOTAL, MIS ကဲ့သို့ ပြည်တွင်းရှိ Int'l School များတွင်လည်း တက်ရောက် ပညာမသင်ကြားနိုင်ကြပါ။ နောက်ဆုံး မိမိတို့ မြို့နယ်အတွင်းရှိ နာမည်ကြီး အစိုးရကျောင်းသို့ပင် အပ်နှံရန် မတတ်နိုင်သော မိသားစုများမှ ကလေးများဖြစ်ကြပါသည်။ အချို့ကလေးများဆိုလျှင် ကျောင်းပင် မနေနိုင်ကြပါ။

လူကြီးမင်းတို့၏ သားသမီးတစ်ယောက် ILBC တွင် တစ်လ ပညာသင်စရိတ်သည် ကျနော်တို့ အမေ့အိမ်ကျောင်းမှ ကလေး အယောက် (၃၅၀) ကို တစ်လ ပညာသင်ကြား ပေးနိုင်ပါသည်။ ထိုကလေးများ၏ အနာဂတ်သည် ကျနော်တို့ တိုင်းပြည်အနာဂတ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သောကြောင့် ထိုကလေးများ အနာဂတ်လှပဖို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေသော အမေ့အိမ် ပညာဒါန အခမဲ့ကျောင်းလေးများကို ဖိအားပေးခြင်း ၊ပိတ်ပင်ခြင်းများ မပြုလုပ်သင့်ပါ။