
နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော် အရှင်သူမြတ် (၅) ပါးမှ (၅) ပါးသီလပေးပြီး၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူ ခဲ့ကြပါသည်။၊ ထို့နောက် ဆရာတော်အရှင်သူမြတ်များကို ကိုလူမော်လတ်၊ မ၀င်းမော်ဦး (၈၈ကျဆုံး) ၏ အဖွားဒေါ်နီနှင့် NLD ပါတီဝင်များက လှုဖွယ်ဝတ္ထုနှင့် သင်္ကန်းများကို ဆက်ကပ်လှုဒါန်းခဲ့ပါသည်။
ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကို အမျှပေးဝေပြီး၊ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင်များ၌ မတရားဖမ်းဆီး အကျဉ်းချထားခြင်းခံနေရသော ရဟန်းသံဃာတော်များ၊ နိုင်ငံရေးသမားများနှင့် ကျောင်းသားလူငယ် မျိုးဆက်သစ်များကို အမြန်လွတ်ငြိမ်း ချမ်းသာရပါစေခြင်းငှာ ဆုတောင်း မေတ္တာပို့သခဲ့ကြပါသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ ကြွရောက်လာကြသော ဒီမိုကရေစီအင်အားစု ဧည့်ပရိတ်သတ်များအား ကြက်သား၊ ၀က်သား၊ ငါးဟင်း၊ အသီးအရွက် အစိမ်းကြော်များ၊ ငါးပိကြော်၊ တို့စရာမျိုးစုံတို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။
အဆိုပါကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌ ဘဘဦးတင်ဦး၊ ဒေါက်တာမျိုးအောင်(NLD ရန်ကုန်တိုင်းစည်းရုံးရေးမှုး)၊ ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ)၊ ဦးအေး၊ ကဗျာဆရာ ဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော်နှင့် NLD ပါတီ (အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး (၈၈ ကျဆုံး) ၏ အဖွား ဒေါ်နီနှင့် သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ် NLD ပါတီဝင်များ၊ ရှေ့နေကြီး ဘဘ ဦးအုန်းမောင်၊ မမာမာဦး NLDပါတီဝင် (ဗန်းမော်အကျဉ်းထောင်၌ ထောင်ကျနေသူ) ၏ ဖခင်ဦးသိန်းမောင်၊ ဒေါ်ရှု NLD၊ ကျောက်တန်းမြို့နယ် NLD ပါတီဥက္ကဌနှင့် ပါတီဝင်များ၊ စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေနှင့် ပါတီဝင်များ၊ ရှေ့နေလေး ကိုဖိုးဖြူ (အလုပ်သမားအကျိုးဆောင်)၊ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များ၊ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များနှင့် အခြားသော ဒီမိုကရေစီအင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။
ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ ကောင်းကင်ထက်သို့ လွှတ်ပေးခဲ့ပါသည်။ ယင်းအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ) က (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး) အမည်ရှိ ကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဦးသူရဇ္ဈာန်က (ငြိမ်းချမ်းရေးတမန်တော်) အမည်ရကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဘုန်းကျော်မှ (ပြည်သူတွေကို ညှာတာပါ) အမည်ရ ကဗျာ (၃) ပုဒ် ရွတ်ဖတ်ပြီး ဂုဏ်ပြုခဲ့ပါသည်။
BP ။ ။ ကိုလူမော်လတ်ခင်ဗျား၊ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းနေ့ အထိမ်းအမှတ်ပွဲကို ဘယ်လိုရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေး သိပါရစေ။
ကိုလူမော် ။ ။ ဟုတ်ကဲ့ ကျွန်တော် ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ ရည်ရွယ်ချက်မရှိပဲ လုပ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ၊ မြန်မာပြည်အတွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ၊ နောက် ကျွန်တော်တို့အားလုံးရဲ့ အမေလို့ သတ်မှတ်ပြီး၊ ဒီမိုကရေစီလမ်းပြကြယ်လို့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း အကျဉ်းချ ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကပ်လှုပြီး မေတ္တာပို့သ အမျှပေးဝေချင်လို့ပါ။
ကျွန်တော့်အဖေလည်း ခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ ကျွန်တော့်အဖေက အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော် မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အတွက် ကျွန်တော့်အဖေဆီတောင် ထောင်ဝင်စာ သွားမတွေ့ရသေးပါဘူး။ ကျွန်တော်ပြောချင်တာက ခုလက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်လူကြီးများကို အန်တီဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါလို့ တောင်းဆိုပါတယ်။ သူတို့တွေက အကြမ်းဖက်သမားတွေလည်း မဟုတ်၊နိုင်ငံတော်ကို လုပ်ကြံကြတဲ့သူတွေလည်း မဟုတ်ဘူး၊ သူပုန်သူကန်တွေလည်း မဟုတ်ပါဘူး။ ကျွန်တော့်ဆန္ဒက ထောင်ချထားခံရတဲ့သူတွေ အမြန်ဆုံးပြန်လွတ်ပြီး မိသားစုတွေနဲ့ နွေးထွေးစွာ ပြန်လည်တွေ့ဆုံစေဆန္ဒပါ။ ကျွန်တော်တို့ မိသားစုလည်း တကွဲတပြား ဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင် ခံစားနေရတာကို စာနာပြီး သူတို့တွေအတွက်၊ အားလုံးအတွက် ရည်ရွယ်ပြီး ကျင်းပခဲ့တာပါဗျာ။
(ကိုလူမော်လတ်ဟာ သူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ မျက်ရည်တွေ တွေတွေကျခဲ့သလို၊ ကျွန်တော် အင်တာဗျူးနေစဉ်မှာလည်း မျက်ရည်များ ကျခဲ့ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အမြန် ငြိမ်းချမ်းမှုရပါစေလို့ ကျွန်တော် ဒီနေရာကပဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။)
ဘားမားပါပါရာဇီ။
ဓာတ်ပုံများ ပေးပို့ပေးတဲ့ ကိုလူမော်လတ်၊ ဘားမားပါပါရာဇီနဲ့ မိတ်ဆွေများအား ကျေးဇူးတင်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုယှဉ်ပြိုင်၍ ရန်ကုန်မြို့သူ၊မြို့သားများ၏ ဆန္ဒမဲကိုရအောင်ယူမည်ဟု ကြွေးကြော်နေကြောင်း ခိုင်လုံတိကျသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။
သုတစွယ်စုံမှ ကြံ့ဖွတ်စွယ်စုံအဖြစ် ပြောင်းသွားတဲ့ ဒေါက်တာတင်ထွန်းဦး...မေး။ ။၂၀၁၀ မတ်လ ၈ ရက်မှာ ရွေးကောက်ပွဲဥပဒေများ ထွက်လာပါတယ်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ရွေးချယ်ပွဲက မေလ ၁၆ ရက် နဲ့ ၁၇ ရက်မှာလုပ်ခဲ့ပါတယ်။ စာပေနှင့်စာနယ်ဇင်းမှာ ဒေါက်တာတင်ထွန်းဦး ၀င်အရွေးခံခဲ့တယ်ဆို တော့ စာနယ်ဇင်းရွေးပွဲ အချိန်ထိ နိုင်ငံရေးလုပ်မယ်လို့ စိတ်ကူးမရှိခဲ့ဘူး ထင်တယ်...
ဒေါက်တာတင်ထွန်းဦး။ ။ အဲ့ဒီစာပေနှင့် စာနယ်ဇင်းအဖွဲ့မှာ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ မေလ လောက်တုန်းက နိုင်ငံရေးနယ်ပယ်ကို ၀င်ရောက်ဖို့ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူးတဲ့ အဲ့လိုဖြေကြားခဲ့ပါတယ်။ ဒီလိုပညာတတ်၊ စာတတ်၊ ပေတတ်ပုဂ္ဂိုလ်တယောက် အနေနဲ့ အမျှော်အမြင်ရှေ့ကို စဉ်းစားဆုံးဖြတ်တဲ့ အသိဥာဏ်ပညာတွေဟာ ဘယ်ဝယ်ဘယ်ဆီ ရောက်သွားပါသလဲ ဒေါက်တာရယ်လို့ မေးလိုက်ချင်ပါတယ်။ ဒီလိုစာတတ်၊ ပေတတ်၊ ပညာရှင်တွေက အမှန်တရားကို မသိချင်ယောင်ဆောင်၊ ဂုဏ်ငွေစည်းစိမ် ရာထူးအတွက် တပ်မက်စွာနဲ့ နအဖစစ်အစိုးရ ခိုင်းသမျှကို ခေါင်းညိမ့် ကျွန်ခံနေမယ်ဆိုရင်၊ ဒီလိုလူတွေဦးဆောင်မဲ့ မြန်မာပြည်ရဲ့အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေသည် တိုးတက်လာစရာ မရှိသည့်အပြင် ဆုတ်ယုတ် သထက်ဆုတ်ယုတ် သွားမှာ သေချာနေပါကြောင်း၊ ယင်းကဲ့သို့ပုဂ္ဂိုလ်မျိုးများနှင့် လက်ရှိ ၀င်အရွေးခံမဲ့ပါတီတွေကို ပြည်သူတွေအနေနဲ့ ယုံကြည်သင့်ပါသလား၊ ဆန္ဒမဲ ပေးသင့်ပါသလား ဆိုတာကို အသေအချာ စဉ်းစား ဆုံးဖြတ်တော် မူကြပါခင်ဗျာ။
BP
ခေါင်းစဉ်က (ကင်ဂျုံအီ (သို့) မြောက်ကိုရီးယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး) အစား (ကင်ဂျုံအီ (သို့) ဗိုလ်သန်းရွှေ၏ ချစ်လှစွာသော ဖခင်ကြီး) လို့ ပြောင်းရေးရင် အဖျက်ဆီး မခံရနိုင်ပါ...
သတင်း၊ဓာတ်ပုံ မာဃ၀ိဇ္ဇာ
မာဃ၀ိဇ္ဇာ
ကျောင်းတက်ရမယ့်အရွယ် ကလေးတွေက အစ စာအုပ်ရောင်း ရုန်းကန်ပြီး မိသားစုစီးပွားရေးအတွက် တစ်ဘက်တစ်လမ်းက ကူညီနေရတာပါ...စာအုပ်အဟောင်း ရောင်းချသူများ၏ ဘ၀သည် မွန်မြတ်သန့်စင်ပြီး မြတ်နိုးဖွယ်ရာ ကောင်းလှသည်။ ကုသိုလ်လဲရ၊ ၀မ်းလဲဝဆိုသကဲ့သို့ သမ္မာအာဇီဝဖြင့် ၀မ်းစာရေးအတွက် ရိုးသားစွာ လှုပ်ရှားရုန်းကန်ရပ်တည်နေကြသည်မှာ လွန်စွာမှ လေးစားဂုဏ်ယူဖွယ်ဖြစ်သည်။ ထိုကဲ့သို့ ရိုးသားစွာ ရှာဖွေလုပ်ကိုင် စားသောက်နေကြသည့် ဘ၀ကလေးများထဲသို့ မိသားစုစားဝတ်နေရေးကို ဖျက်ဆီးမွှေနှောက်မည့် ဘ၀ဖျက်မုန်တိုင်းကြီး ၀င်ရောက် တိုက်ခတ်လိုက်ပါပြီ။ မြောက်များစွာသော မိသားစုများ၏ စားဝတ်နေရေး အိမ်ကလေးများ အမိုးအကာများလန်ပြီး အိမ်တိုင်ကပင် ကျွတ်ထွက်သွားခဲ့လေတော့သည်။ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၃၁လမ်း(အပေါ်) ရှိ စာအုပ်အဟောင်း ရောင်းဆိုင်ကလေးများပင်ဖြစ်ပါသည်။
တစ်နေ့သော မနက်ခင်းတခုတွင် (၃၁) လမ်းထဲသို့ ကောင်းအင်ဆန်းပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ ကားတစ်စီးသည် စာအုပ်အရောင်းဆိုင်လေး တစ်ဆိုင်ရှေ့သို့ ထိုးရပ် လိုက်ပါတော့သည်။ စာအုပ်ဆိုင်မှ ဈေးရောင်းသူက ဆိုင်ရှေ့ ကားပိတ်ရပ်ထားသည်ကို အနည်းငယ်ရွှေ့ပေးပါရန် မေတ္တာရပ်ခံရာမှ ၄င်းကားပိုင်ရှင်နှင့် အချင်းများကြပါတော့သည်။ ထိုကားပိုင်ရှင်မှာ ရန်ကုန်မြို့  (၃၁) လမ်းထဲရှိ ကောင်းအင်ဆန်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအမည်ခံ တရားဝင်လိုင်စင်ရ လူကုန်ကူးခြင်းအလုပ်ဖြင့် နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်သူတို့၏ ဂုတ်သွေးများကို ရက်စက်စွာ စုပ်မျိုနေသည့် ကုမ္ပဏီပိုင်ရှင်ပင်ဖြစ်သည်။
ထိုသို့စာအုပ်ဆိုင်မှ ဈေးရောင်းသူနှင့် အချင်းများပြီးနောက် ၄င်းကောင်းအင်ဆန်း ကုမ္ပဏီပိုင်ရှင်မှ (မင်းတို့ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်) ဆိုပြီးကြိမ်းဝါးခဲ့သည်။ ထိုကဲ့သို့ကြိမ်းဝါးပြီး မကြာခင်မှာပင် နအဖလက်ကိုင်တုတ် တစ်ချောင်းဖြစ်သော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်း၏ ခိုင်းဖတ်ငယ်ကျွန် စည်ပင်ပုလိပ်များနှင့် ဌာနမှုးတို့ ရောက်ရှိလာပြီး စာအုပ်ဆိုင်များကို (ဒီနေ့ဒီအချိန်မှစ၍ ရောင်းချခြင်းလုံးဝမပြုရ။ မလိုက်နာပါက လက်ရှိဥပဒေနဲ့ ထောင်သွင်းအကျဉ်းချမယ်) ဟု ပြောဆိုပြီးစာအုပ်များကို ဖမ်းဆီးသည်ဟု ပြောကာယူသွားပြီး၊ ဆိုင်အမိုးအကာများကို ဖျက်ဆီး ဖြိုချသွားခဲ့ ကြပါတော့သည်။
နောက်ဆက်တွဲ ကြားသိရသည့် သတင်းများအရ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းအား ကောင်းအင်ဆန်းတရားဝင် လူကုန်ကူးကုမ္ပဏီပိုင်ရှင်မှ သိန်းဆယ်ဂဏန်း ထက်မနည်းသော အဿပြာများဖြင့် လာဘ်ထိုးပြီး ယခုကဲ့သို့ လူမိုက်ငှားလုပ်ကြံခဲ့ ခြင်းဖြစ်ကြောင်း ကြားသိရပါသည်။ ရိုးရိုးသားသားနှင့် ၀မ်းစာရှာဖွေ စားသောက်နေရသည့် ပြည်သူများကို အတင်းလုယက် နေရာယူထိုင်ခုံပေါ် တက်ထိုင်နေသည့် စစ်အာဏာရှင်များနှင့် မြောက်များစွာသော ပြည်သူများကို မတရားဂုတ်သွေးစုပ် အမြတ်ကြီးစားနေသော ဓနရှင်တို့ ပူးပေါင်းနှိပ်စက်ကြသည် ......မှာ လွန်စွာမှ ရင်နာဖွယ်ရာ ကောင်းလှပါသည်။
ဤအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ယနေ့ မြန်မာပြည်တွင် နအဖစစ်အာဏာရှင်များနှင့် ၀ိသမလောဘသမား ဓနရှင်များ ညီညွတ်စွာ ပူးပေါင်းပြီး ပြည်သူများအပေါ် ဂုတ်သွေးစုပ် ဖိနှိပ် ချုပ်ချယ်နေကြသည်ကို ပြည်သူအပေါင်းမှ ခေါင်းငုံ့ခံ မနေကြတော့ပဲ အမျိုးသားရေးတာဝန် တစ်ရပ်အနေနှင့် စုပေါင်း တွန်းလှန်ကြရတော့မည် ဟူသော အသိတရား စိတ်ဓါတ်များ ပိုမိုရှိလာစေ ချင်ပါတော့သည်။
Kaung & Sons Company... ကို Cows & Sons Company လို့ ကျွန်တော်ကတော့ ဒီလိုပဲ နာမည်ပေးချင်ပါတယ်။ ဘားမားပါပါရာဇီရေ နာမည်ပြန်ပြင်ရေးတာ ဆောရီးနော်။ နွားတွေနဲ့ သားများပေါ့ နွားဆိုတာကတော့... ပြည်တွင်းက လိုင်စင်ရ နွားအဖွဲ့ မာဖီးယားဂိုဏ်းကြီးပါ.. သားတွေကတော့ အပေါင်းအပါ... ကပ်ဖားလျှက်စား.. စီးပွားရေးလုပ်ငန်းရှင်တွေပါ။
ရန်ကုန် ဇွန် ၁၂ ရက်
ယနေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပု
ကိုစောဝေ စသည့်အနုပညာရှင်ပေါင်းများစွာ တက်ရောက် အားပေးကြည့်ရှုခဲ့ ကြပါသည်။
ရဲရဲတောက် Burma Paparazi




.jpg)
.jpg)
.jpg)
.jpg)
.jpg)

















.jpg)
.jpg)

.jpg)

