ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ရွှေလီရေအားလျှပ်စစ်စက်ရုံ. Show all posts
Showing posts with label ရွှေလီရေအားလျှပ်စစ်စက်ရုံ. Show all posts

အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ သမ္မတအကြံပေး ဦးကိုကိုလှိုင်တို့ ဖြေရှင်းပေးပါ...


လျှပ်စစ်မီး ထိန်ထိန်လင်းနေတဲ့ ပြည်ပနိုင်ငံတခုမှ မြင်ကွင်းမဟုတ်ပါ...။ တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်းမှ စက်ရုံနဲ့ ကွန်ဗေယာလိုင်း မြင်ကွင်းပါ...။ ရွှေလီ(၁) စီမံကိန်းမှ လျှပ်စစ်ဓာတ်အားတွေ ပေးပို့ရာမှာ မြန်မာ၊ တရုတ်ယူနန်နဲ့ တကောင်းတောင် စီမံကိန်းပါဝင်ပါတယ်..။

ဒီစက်ရုံအတွက် ဓာတ်အားတွေ မည်၍ မည်မျှ အသုံးပြုနေပါလဲ..။ ဒီလိုတောကြီး မျက်မည်းထဲမှာ မီးတွေထိန်ထိန်ညီးအောင် ထွန်းညှိထားတာ မည်သည့်အတွက်ကြောင့်ပါလဲ၊ ညဘက်လုပ်ငန်းခွင်လို့ ဖြေဆိုမယ် ဆိုရင်တော့ မီးချွေတာတဲ့ အနေနဲ့ နေ့ဘက်မှာ လုပ်ငန်းခွင် ဝင်လို့ မရပေဘူးလား။ ညဘက်မှ လုပ်ငန်းခွင် လုပ်ပါတယ်ဆိုရင်လည်း ရိုးသားမှုရှိပါရဲ့လား၊ လုံခြုံရေး အကြောင်းပြချက်လို့ ပြောရအောင်လည်း ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း မြင်သာအောင် မီးထွန်းပေးထား လေသလား၊ အဆိုပါ စီမံကိန်းမှာ တရုတ်ဝန်ထမ်းတွေ ၆၀ကျော်ရှိပါတယ်...။ ဖယောင်းတိုင်ထွန်းပြီး နေထိုင်နေတာ မဟုတ်ပဲ အခန်းတိုင်းမှာ လေအေးစက်နဲ့ လျှပ်စစ် မီးထိန်ထိန်လင်းလျှက်ပါ..။

ဒီစီမံကိန်းထဲက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ ရရှိခံစားဖို့ ဘေးဖယ်ထား၊ သိရှိခွင့် ရှိပါလေလား..။ ဖြုန်းနေတာလား သုံးနေတာလားဆိုတာ ခွဲခြားသိနိုင်ဖို့ ဒီမြင်ကွင်း မှတ်တမ်းတွေကို ဖြေဆိုပေးဖို့ တောင်းဆိုပါတယ်..။

လျှပ်စစ်ဝန်ကြီးဆိုသူနဲ့ သမ္မတအကြံပေး ဆိုသူတို့ ဖယောင်းတိုင်နဲ့ နေအိမ်မှာ ခြိုးခြံချွေတာပြီး စံပြနေထိုင်ပြပါ။

ဒီမိုဝေယံ

မြန်မာ စကားပုံမှာတော့ မြန်မာအစ တကောင်းကတဲ့ ခုတော့ တောင်ကြောလိုက် တရုတ်ကို ရောင်းစားထားတဲ့ မြန်မာအစဆိုတဲ့ တကောင်းမှာတော့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီး တရုတ်ကုမ္ပဏီတွေ နေထိုင်လုပ်ကိုင်နေပြီး မြန်မာပြည်သူတွေကတော့ ထုံးစံအတိုင်း မှောင်နဲ့မဲမဲမှာ ငုတ်တုတ်ပေါ့..။

ဒီထက်ဆိုးတာကတော့ တရုတ်ဝန်ထမ်းတွေ နေထိုင်တဲ့ စက်ရုံဝင်း အပြင်ဘက်မှာ မြန်မာလူမျိုးတွေ ခြံထွက် သီးနှံလေးတွေ ဗန်းလေးတွေနဲ့ ချရောင်းနေရတဲ့ မြင်ကွင်းပါပဲ..။

ယခုမြင်ကွင်းဟာ ယခုလဆန်းပိုင်းက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ..။

ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်းမှ အထက်ပါ တရုတ်CNICO  ရဲ့ တကောင်းတောင် နီကယ်စီမံကိန်းအား ပေးပို့တဲ့ ဓာတ်အားပမာဏအား ဖော်ပြထားခြင်း မရှိတဲ့ ၂၀၁၂ခုနှစ် မတ်လ(၂၈)ရက်နေ့စွဲပါ တစ်လတာ အစီရင်ခံစာ..
ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းမှ ယခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ကနေ မတ်လ(၂၅)ရက်အထိ မြန်မာ၊ ယူနန်နဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို မီးအားပို့လွှတ်တဲ့ အစီရင်ခံစာပါ..။ ထူးခြားတာကတော့ အထက်ကအတိုင်း လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့ တကောင်းတောင် နီကယ် စီမံကိန်းသို့ ဓာတ်အားပို့လွှတ်မှုအား ဖော်ပြထားခြင်း မရှိတဲ့ အချက်ပါပဲ..။

လျှပ်စစ်မီး ရရှိရေးအတွက် အဓိကတာဝန်ရှိတဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ရာထူးမှ နှုတ်ထွက်ပေးပါ...

ယနေ့ မေလ(၂၀)ရက်နေ့ညမှာတော့ မန္တလေးမှာ လျှပ်စစ်မီးဒုက္ခကို နေ့စဉ်ခံစားနေရတဲ့ ပြည်သူလူထုမှ ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြပါပြီ...။ မြန်မာပြည်မှာတော့ နှစ်စဉ်မရိုးနိုင်တဲ့ ၂၄နှစ်တာ ကာလအတွင်း ဆောက်လိုက်တဲ့ ဆည်တွေ၊ ဆောက်လုပ်ဆဲ ဆောက်လုပ်ပြီး ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ နေ့စဉ်သတင်းစာမှာ ဖော်ပြလိုက် ရုပ်မြင်သံကြားမှာ အနုပညာရှင်တွေ ကပြအသုံးတော် ခံလိုက်နဲ့ နေ့စဉ် မရိုးနိုင်တဲ့ မြင်ကွင်းတွေပါ..။

အထက်ဖော်ပြပါ ဓာတ်ပုံဟာ ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ် ဓာတ်အားသွယ်တန်းတဲ့ တာဝါတိုင်များအား စိုက်ထူနေပုံဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ တာဝါတိုင် အမှတ် (၆၃) စိုက်ထူနေတဲ့ လုပ်ငန်းခွင်ပါ။ ဧပြီလ (၂)ရက်နေ့က ယခုလိုအားကြိုးမာန်တက် သွယ်တန်းစိုက်ထူနေတဲ့ အဆိုပါ ဓာတ်အားလိုင်း သွယ်တန်းမှုဟာ အများပြည်သူအတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဖို့ သွယ်တန်းပေးတယ်လို့ ထင်မယ်ဆိုရင် မှားပါလိမ့်မယ်..။ တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ်ပြည်ကို အဓိက ပို့ဆောင်နေတဲ့ ရွှေလီဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အားကို တရုတ်နဲ့ ဖက်စပ် တကောင်းတောင် နီကယ်စီမံကိန်းကို ပေးပို့ဖို့ သွယ်တန်းနေတာပါ..။ အစိုးရသတင်းစာတွေမှာ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရလို့ ရန်ကုန်မြို့မှာ ဓာတ်အားပေး မလုံလောက်သယောင် ထုတ်ပြန် ကြေငြာနေပါတယ်။ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ ကောက်ခါငင်ခါ မီးမရတာလား ယခင်ကတည်းက မီးမလာတာလား ဆိုတာ ကွဲကွဲပြားပြား ထုတ်ပြန်စေလိုပါတယ်..။
 တာဝါတိုင် အမှတ်(၆၃) ကြိုးသွယ်တန်းမှု လုပ်ငန်းခွင် မြင်ကွင်း..
နှစ်စဉ် နိုင်ငံနဲ့အဝှမ်း ဓာတ်အား မလုံလောက်မှုဟာ ပြည်သူတွေအတွက် ရေမီး၊ အခက်အခဲမှ စတင်ကာ မလိုလားအပ်တဲ့ အမှုအခင်းများ၊ မီးလောင်မှု၊ ယာဉ်တိုက်မှုစတဲ့ ပြဿနာပေါင်းစုံကို  ဖြစ်ပေါ်စေယုံ သာမက နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားကို ကျစင်းစေသလို ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုနဲ့အတူ ပြည်သူလူထုအတွက် ဝန်ထုတ် ဝန်ပိုးများကို ဖြစ်ပေါ်စေပါတယ်...။ ထို့အတွက်ကြောင့် ပိုလျှံနေလို့ ဓာတ်အားတွေ ထုတ်ရောင်း နေရပါတယ်ဆိုပြီး ပေါ့ပျက်ပျက် စကားလုံးတွေနဲ့ စော်ကားခဲ့တဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ အစိုးရ အဖွဲ့တခုလုံးမှာ တာဝန်ရှိပါတယ်..။ အဓိကတာဝန်ရှိတဲ့ နေရာယူပြီး တာဝန်မယူနိုင်တဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတာဝန်ယူ မဖြေရှင်းပေးနိုင်ဘူးဆိုရင်တော့  ရာထူးမှ နှုတ်ထွက်ပေးဖို့ တောင်းဆိုအပ်ပါတယ်..။
ဧပြီလ လဆန်းပိုင်းက ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံမှ တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို ပေးပို့မယ့် တာဝါတိုင် အမှတ်(၆၃) စိုက်ထူနေတဲ့ လုပ်ငန်းခွင် မြင်ကွင်းများ..
သတင်း၊ ဓာတ်ပုံ ... ဒီမိုဝေယံ
သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..

ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်ပြည်နဲ့ ပြည်တွင်းသို့ ဓာတ်အားပို့လွှတ်နေမှုများ အသေးစိတ် အစီရင်ခံစာ ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2012/04/blog-post_20.html
ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်း အသေးစိတ် ပြန်လေ့လာလိုလျှင်.. ပိုစ့်အောက် ရွှေလီ ရေအားလျှပ်စစ်စက်ရုံကို နှိပ်ပြီး ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကြည်ဖြူမှာလား..

ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကြည်ဖြူမှာလား..
  ယနေ့ ဂျပန်နိုင်ငံမှာ လေးရက်ကြာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့  အပူဓာတ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာခဲ့ပါတယ်..။  Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာစဉ်မှာ ဂျပန် အမျိုးသမီးဝန်ထမ်း တဦးက Safety ဦးထုပ်ဆောင်းပေးနေတာ မြင်မိတော့ တရုတ်က ဆောက်လုပ်ပေးပြီး ၂၀၁၁ဇန္နဝါရီလ ၂၁ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲမှာ သမ္မတကြီးကို ပန်းပွင့်လေးတပ်ဆင် ပေးတဲ့ တိုင်းရင်းသူ တဦးရဲ့ ပုံကို သွားမြင်ယောင်မိတယ်...။
တလောကတော့ ဂျပန်ကုမ္ပဏီတွေ မြန်မာပြည်ကို ပြန်လည် ဝင်ရောက်မယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံရေး မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖြစ်ခဲ့တုန်းက ကျွန်တော်အမြင်လေး ပြောပြခဲ့မိပါတယ်..။ ကွန်မြူနစ်စံနစ် တရုတ်နဲ့ ဒီမိုကရေစီစံနစ် ဂျပန် ကွာခြားပုံပေါ့။ ကျွန်တော်မြင်မိတာကတော့ ကမ္ဘာက ပစ်ပယ်ထားတဲ့ ဆင်းရဲတဲ့ အာဏာရှင် နိုင်ငံတွေမှာ ရသမျှ ဖြစ်ညှစ်ယူပြီး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ထက်စာရင် နည်းပညာတိုးတက်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံတွေက ရင်းနှီးမြုပ်နှံတာကို ပိုပြီးထောက်ခံသင့်တယ်လို့ ပြောပြခဲ့ပါတယ်..။ ယခုလောလောဆယ်မှာပဲ ဂျပန်နိုင်ငံက မြန်မာပြည်မှ ပေးဆပ်ရန်ရှိတဲ့ အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပါပြီ။
၂၀၀၉ခုနှစ် ၅လပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ရွှေလီရေကာတာဟာ ၂၀၁၂ခုနှစ်မှာတော့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်နေရပါပြီ..

ဒီနေ့လည်း သမ္မတနဲ့အဖွဲ့ ဂျပန်က လျှပ်စစ်စီမံကိန်းတွေ သွားရောက် လေ့လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါ။ ပန်းဆိုတာ သဘာဝအတိုင်း ကြာလေ လန်းဆန်းလေ ဆိုတာမရှိပါဘူး..။ ထို့အတူ တရုတ်ပစ္စည်းတွေလဲ ကြာလေ ဆိုးလေပေါ့..။ တရုတ်ကဆောက်လုပ်ပေးပြီး ၃နှစ်အတွင်း စက်ပစ္စည်းတွေ ပြန်လဲလှယ်တပ်ဆင်ရ၊ ရေတားတမံတွေ ပျက်ဆီးနေရတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းနဲ့ နှစ်(၆၀)ရှိပြီ ဖြစ်တဲ့ လောပိတရေအား လျှပ်စစ်ဓာတ်အားပေးစက် အခြေအနေ နှိုင်းယှဉ်ကြည့်ပါ။ စေတနာ အသပြာကွာသလို ဒီဓာတ်ပုံထဲက ဖိုင်ဘာဦးထုပ်နဲ့ ပန်းလို ကွာခြားပါတယ်..။ ဂျပန်ပစ္စည်းနဲ့ တရုတ်ပစ္စည်း ဘယ်ဟာကြိုက်မကြိုက် ကျွန်တော်တို့ ပြည်သူတွေ စစ်တမ်းကောက်စရာ မလိုပါ..။ 

ဒီတော့ သမ္မတကြီး အနေနဲ့ ပန်းပြပြီး အဆီကိုစား အသားကိုမျို ရသမျှယူနေတဲ့ တရုတ်စီမံကိန်းတွေကို ဒီဘဝဒီမျှသာနဲ့ ရပ်တန်းက ရပ်သင့်ပါပြီ။ ပုံ(၂)ပုံကို နှိုင်းယှဉ် ကြည့်ရသလို တရုတ်ရဲ့ အဆင်းသာရှိတဲ့ တခဏတာ ပန်းကို ယူမလား၊ ပြည်သူ့အကျိုးအတွက် နှစ်ရှည် ခံမယ့် ဦးထုပ်ကိုသာ ဆောင်းမလားဆိုတာ သက်သေပြရပါတော့မယ်..။ ထို့အတူ သမ္မတကြီးအနေနဲ့ သမိုင်းတကွေ့မှာ မှတ်ကျောက်အတင်ခံဖို့ ပြည်သူ့အကျိုးကို မျှော်ကိုးပြီး ပြည်သူ့ပါတီနဲ့ ပူးပေါင်း လက်တွဲ၊ ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါတယ်..။

ဒီမိုဝေယံ
ဓာတ်ပုံ ဒီမိုဝေယံ၊ Getty Images
(မှတ်ချက်... ပုံထဲမှ ဦးထုပ်နှင့် ပန်းအား ရည်ရွယ်၍ ဝင်လာသည့်အတွေးအား ရေးသားချင်း ဖြစ်ပါသည်။ ဘယ်နိုင်ငံက ဘာပဲဆောက်ဆောက် ဧရာဝတီမြစ်ဆုံနဲ့ သဘာဝဝန်းကျင်များ ပျက်ဆီးမည် ဆိုပါက ကန့်ကွက်ပါမည်)

 တရုတ်ကဆောက်ပေးပြီး တဲ့ ၃နှစ်အတွင်း ပြင်ဆင်နေရတဲ့ ရွှေလီရေကာတာ ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/04/blog-post_06.html
မြစ်ဆုံဆည်ကို ၂၀၁၁ ဇန္နဝါရီလက သွားရောက်လေ့လာခဲ့တဲ့ သမ္မတဦးသိန်းစိန်သတင်း ပြန်ဖတ်ချင်ရင်
http://www.demowaiyan.org/2011/10/blog-post_22.htmlSee More
ရွှေလီလျှပ်စစ်စက်ရုံ အသေးစိတ် အစီရင်ခံစာ..
http://www.demowaiyan.org/2012/04/blog-post_20.html
၁၉၈၉ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဂျပန်တာဘိုင်စက်တွေ အသုံးပြုထားတဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း..
ဖွင့်လှစ်ပြီး (၃)နှစ်အတွင်း ပျက်ဆီးသွားတဲ့ ရွှေလီရေကာတာမှ ရေထိန်းတမံပြင်ဆင်နေရမှု

ရွှေလီ(၁)ဓာတ်အားပေးစက်ရုံ အသေးစိတ် အစီရင်ခံစာ...

တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့တဲ့ ရွှေလီ(၁)ဓာတ်အားပေးစက်ရုံ လျှပ်စစ်စက်ရုံ အသေးစိတ် အစီရင်ခံစာ ဖြစ်ပါတယ်...။ ရန်ကုန်မြို့မှာတော့ လျှပ်စစ်ဓာတ်အားပေး စံနစ်ကို အလှည့်ကျနဲ့ ပေးဖို့ ကြေငြာနေပါပြီ..။ မြန်မာနိုင်ငံတဝှမ်းလျှပ်စစ် မီးရဖို့ မဆိုထားနဲ့ အဓိက မြို့ကြီးတွေမှာတောင် မီးမှန်မှန် မပေးနိုင်တဲ့ အခြေအနေတွေပါ..။ ဒီမိုဝေယံမှ လက်ခံရရှိထားတဲ့  လျှပ်စစ်ဝန်ကြီးကို ကြိုဆိုတင်ပြမယ့် ရွှေလီဓာတ်အားပေး စက်ရုံရဲ့ အစီရင်ခံစာကို ဖတ်ရှုလေ့လာနိုင်ရန် ဖော်ပြလိုက်ရပါတယ်..။

တရုတ်နိုင်ငံမှ ဆောက်လုပ်ပေးတဲ့ ရွှေလီ(၁) ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ..

ဒါကတော့ ရွှေလီရေအားလျှပ်စစ်စက်ရုံရဲ့ နှစ်အလိုက် ထုတ်လုပ်မှု ပို့လွှတ်မှု နှစ်စဉ်ရောင်းရငွေ စာရင်း..
Myanmar Electric Power Enterprise (MEPE)နဲ့ တရုတ်ယူနန် Yunnan Power Grid Corporation (YNPG)ကိုရောင်းချတဲ့ ရောင်းရငွေ တရုတ်ယွမ် (RMB) သန်းပေါင်း ၁၆၁၀ (အမေရိကန်ဒေါ်လာ ၂၅၅သန်း)ခန့်ပေါ့.။ ဒီမိုဝေယံက လက်ခံရရှိထားတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်း ၂၀၀၉ကနေ ၂၀၁၂ထိရောင်းရငွေ အစီရင်ခံစာထဲက တခုပါ..။ အဆိုပါငွေတွေ ဘယ်ကိုရောက်.. ပိုလျှံနေလို့ ရောင်းရတယ်ဆိုရင် ကျွန်တော်တို့ တနိုင်ငံလုံး မီးတွေလင်းနေပြီလား..။ တရုတ်က ဆောက်ပေးထားတဲ့ အဆိုပါ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားတွေကို တယူနစ်ကို မည်မျှနှုန်းနဲ့ ရောင်းနေပါလဲ..။ သက်ဆိုင်ရာ ပညာရှင်တွေ တွက်ချက် ပြပေးစေလိုပါတယ်..။
 ဒါကတော့ ရွှေလီစက်ရုံက မြန်မာ၊ တရုတ်ဝန်ထမ်းအင်အားနဲ့ အဆောက်အဦး စာရင်းပါ..။ 
မြစ်ဆုံဆည်မှာ တရုတ်ဝန်ထမ်း မည်၍၊ မည်မျှ ရှိတယ်ဆိုတာကို သတင်းထောက်တွေက မေးတာ မဖြေနိုင်တဲ့ လဝကဝန်ကြီးဦးခင်ရီ သိပါလေစ..
 ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံကို ၂၀၀၉မေလမှာ ဖွင့်လှစ်ပါတယ်..။ ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံမှာ ဓာတ်အားပေးစက် (၆)လုံး လည်ပတ်နေတယ်..။ စက်ရုံဖွင့်လှစ်ပြီး (၂)နှစ်တောင် မပြည့်သေးတဲ့ အချိန်မှာ စက်(၆)လုံးစလုံး အကြီးစား ပြုပြင်နေရတယ်..။ ကောင်းရော...။ ဒီGenerator တွေထုတ်တဲ့ ကုမ္ပဏီက တော့ Herbin Generator Factory limited ဖြစ်ပြီး တရုတ်ပြည်ကဖြစ်ပါတယ်..။

၃နှစ်တောင် မပြည့်ခင် ၂၀၁၂ခုနှစ်မှာတော့ ရေလှောင်ကန်ရဲ့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်ရတယ်..။ ဒီစက်၊ ဒီလူ၊ ဒီနည်းပညာနဲ့များ မြစ်ဆုံဆည်ကို ဆောက်ဦးမယ် ဆိုရင်တော့...
တရုတ်နိုင်ငံမှ ဆောက်လုပ်ပေးတဲ့ ရွှေလီ(၁) ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ
အချက်(၁၁)ချက်ပါပါတယ်..။  နောက်ထပ်ဖြည့်ရန် အမှတ်စဉ်တွေကတော့ ဖွင့်လှစ်ပြီး (၂)နှစ်မတိုင်မှီ ဓာတ်အားပေးစက် ၆လုံးပျက်စီးသည့်နေ့၊ ၃နှစ်မပြည့်မှီ ရေလှောင်ကန် အောက်ခြေကြိုးပဲ့ ပျက်စီးသည့်နေ့၊

အပြည့်အစုံအား ဆက်လက်ဖော်ပြပေးပါမယ်..။

တရုတ်ကဆောက်လုပ်ပေးပြီး ၂၀၀၉ခုနှစ်က ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ ရွှေလီရေကာတာ ၂၀၁၂မှာတော့ ပျက်စီးမှုတွေနဲ့ ကြုံတွေ့ နေရပါပြီ...

၂၀၀၉ခုနှစ် ၅လပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ရွှေလီရေကာတာဟာ ၂၀၁၂ခုနှစ်မှာတော့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်နေရပါပြီ.. (အောက်က Scribd ဖိုင်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်..)
ယနေ့ ရန်ကုန်နဲ့ တခြားမြို့ကြီးများအပါအဝင် နိုင်ငံနဲ့အဝှမ်းမှာ လျှပ်စစ်မီးပြသနာ မလုံလောက်မှုနဲ့ ကြုံတွေနေကြရတာ အများသိပြီး ဖြစ်ပါတယ်..။ ရန်ကုန်မြို့နေ လူထုမှာတော့ ယခုလို ပူပြင်းတဲ့ နွေရာသီ အခါသမယမှာ တနေ့(၆)နာရီအလှည့်ကျ စံနစ်နဲ့ပေါ့..။ နှစ်ပေါင်း (၂၃)နှစ်အတွင်း ဆောက်လိုက်တဲ့ ဆည်တွေ၊ ထွက်လိုက်တဲ့ ဓာတ်ငွေ့တွေ၊ ဆောက်လုပ်ပြီး ဆောက်လုပ်နေဆဲ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ မစားဝမခန်း သတင်းစာထဲမှာ ပြည်သူတွေ မြင်တွေ့ခဲ့ရတာပါ...။ 
ကိုယ့်ပြည်တွင်းမှာ ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကိုတော့ ပြည်ပထုတ်ရောင်း ပြည်တွင်းမှာတော့ ပြီးခဲ့တဲ့ တပတ်က ဖတ်လိုက်ရတာလေး ရန်ကုန်မြို့အား ယခုလာမည့် လဆန်းပိုင်းမှ စတင်ကာ အုပ်စုစနစ်ဖြင့် မီးပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်လတ်က ဆိုပါသည်။ လျှပ်စစ်ဓာတ်အားပေးနေသည့် တာဘိုင်များကို လည်ပတ်ရန်အတွက် လိုအပ်သည့် Gas မလုံလောက်သဖြင့် ယခုခဲ့သို့ ရန်ကုန်မြို့တော်အား အုပ်စုခွဲကာအ ချိန်ပိုင်းဖြင့် မီးပေးခြင်းဖြစ်ကြောင်း သိရသည်တဲ့... ဒါကတပိုင်းပေါ့..
နောက်တခုကတော့ ပြီးခဲ့တဲ့နှစ် မြစ်ဆုံဆည် အရေးမှာ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သတင်းစာရှင်းလင်းပွဲမှာ ကြားလိုက်ရတာကတော့ လျှပ်စစ်မီးတွေ ပိုလျှံနေလို့ ထုတ်ရောင်းနေရဆိုပဲ...။ ဟုတ်ပါတယ်... သူဆိုလိုတာ ဒီမိုဝေယံကို ပေးပို့လာတဲ့ သတင်းဖတ်လိုက်ရတော့မှ သိလိုက်ရပါတယ်..။ ရွှေလီဓာတ်အားပေး စက်ရုံက ထုတ်လုပ်လိုက်တဲ့ ဓာတ်အားတွေကို ပြည်တွင်းနဲ့ ပြည်ပကို ပို့လွှတ်နေတဲ့ တနေ့တာ ဓာတ်အား ယူနစ်စာရင်းပါပဲ...။ ကိုယ့်ပြည်သူတွေကတော့ မှောင်မှောင်မဲမဲထဲမှာ စမ်းတဝါးဝါးနေ့ မီးပြတ်လို့ နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခတွေ ရောက်နေကြရတာပါ...။ (၂၃) နှစ်လုံးလုံး မီးလေးတောင် လင်းအောင် မစွမ်းဆောင်နိုင်ခဲ့လို့ တကယ့်ပြည်သူ့ပါတီနဲ့ ယှဉ်ပြိုင်အရွေးခံတဲ့ မဲဆန္ဒတွေမှာတော့ မြင်တဲ့အတိုင်းပေါ့..။
၂၀၀၉ မေလ(၁၆)ရက်နေ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲမှ ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် လျှပ်စစ်ဝန်ကြီးဦးဇော်မင်း

ဒီထက်ဆိုးတာကတော့ ကျွန်တော်တို့ ပြည်တွင်းမှာ တရုတ်ကုမ္ပဏီတွေနဲ့ ဆောက်လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ နောင်တချိန်မှာ ကျွန်တော်တို့ ပြည်သူတွေအတွက် ရတက်မအေးရတဲ့ အဖြစ်တွေပါပဲ..။ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် မေလ(၁၆)ရက်နေ့က ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ လျှပ်စစ်ပါရဂူ ဦးဇော်မင်းတို့ ဖွင့်လှစ်ပေးခဲ့တဲ့ ရွှေလီ(၁)ရေအား လျှပ်စစ်စီမံကိန်းကတော့ ၂၀၁၂ခုနှစ် (၃)နှစ်တာ အရောက်မှာတော့ ရေတားတမံ အောက်ခြေတွေ ပျက်စီးလို့ ပြန်လည် ပြင်ဆင်နေရပါပြီ။ ဒီလိုရွှေလီမြစ်က  ရေကာတာတောင် (၃)နှစ်တာကာလမှာ ပျက်ဆီးမှုတွေ မြင်တွေ့လာရပြီဆိုတော့ ကျွန်တော်တို့ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ဆုံကို တမံဖို့ပြီး ဧရာမဆည်ကြီး ဆောက်မယ်ဆိုတဲ့ တရုတ်စီမံကိန်းတွေကို စဉ်းစားကြည့် ကြစေလိုပါတယ်..။ ဒါတရုတ်ရဲ့ နည်းပညာနဲ့ ဆောက်တဲ့ ရေကာတာစီမံကိန်း တခုထဲကို စဉ်းစားကြည့်တာပါ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်နေတာ လွန်ပါသလား...။ မြစ်ဆုံဆည်အရေး ထာဝရရပ်ဆိုင်းပေးဖို့ ထပ်မံတောင်းဆိုပါတယ်...။

ဒီမိုဝေယံ..
ရွှေလီစီမံကိန်းမှ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်တဲ့ အချက်အလက်၊ ဓာတ်ပုံများ ထပ်မံဖော်ပြပေးပါမည်.. ပညာရှင်များ ဝင်ရောက် ထောက်ပြပေးစေလိုပါတယ်.။