ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြှားဆိပ်ကိုသာ ဖြေပေးကြပါ (ဆောင်းပါးရှင် မောင်ပါလ)

မြှားဆိပ်ကိုသာ ဖြေပေးကြပါ 
 (ဆောင်းပါးရှင် မောင်ပါလ)

 ဆရာနဲ့ဒကာညီကြမှ ဆိုတဲ့စကားမှာ ဆရာဆိုတာဟာ ဗုဒ္ဓဘာသာဝင်ရဟန်း သံဃာတော်များကို ရည်ရွယ်တာဖြစ်ပြီး ဒကာဆိုတာ ဗုဒ္ဓဘာသာဝင် နိုင့်ငံထိပ်ပိုင်းအရာရှိများ၊ အစိုးရနဲ့အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ခေါင်းဆောင်များ၊
အတိုက်အခံအဖွဲ့အစည်းများနှင့်
တကွ အောက်ခြေပြည်သူလူထုအားလုံး
ပူးပေါင်းပါဝင်မှုကို ရည်ရွယ်တာဖြစ်ပါတယ်။

အစိုးရနဲ့ အတိုက်အခံ NLD
-------------------------
အတိုက်အခံပါတီ NLD ဟာ လွှတ်တော်ထဲကိုဝင်ပြီးတဲ့နောက်ပိုင်း ကြံ့ဖွတ်အစိုးရနဲ့
ပူးပေါင်းလုပ်ဆောင်မှု အားကောင်းလာပါတယ်။ ဘာတခုကိုမှ
အတိုက်အခံလုပ်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ အစိုးရကိုပြောချင်ရင်တောင်မှ
နိုင်ငံခြားရောက်မှပြောတာ များပါတယ်။ ပြည်ပအတိုက်အခံတွေ
ပြင်းထန်တဲ့လူတွေတောင်မှ အတိုက်အခံက အတိုက်အခံအလုပ်မလုပ်တော့ဘူး၊
စစ်ခရိုနီတွေနဲ့ပေါင်းတယ်ဆိုတာကအစ ပြောရလောက်အောင်ကို
အစိုးရနဲ့ဆက်ဆံရေးကောင်းခဲ့ပါတယ်။ အတိုက်အခံဟာ ပြည်သူလူထုအကျိုးစီးပွားအတွက်
အစိုးရနဲ့ပေါင်းပြီးလုပ်သင့်ရင်လုပ်ရမှာပဲဆိုတဲ့ ထောက်ခံကြောင်းစတေးတပ်မျိုး
ကျနော်ကိုယ်တိုင် ရေးဖူးခဲ့ပါတယ်။ ဘဘဦးဝင်းတင်က အစိုးရဟာ
ယုံကြည်လို့မရသေးကြောင်း အခါအားလျော်စွာ ပြတ်ပြတ်သားသားပြောဆိုရင်း
အတိုက်အခံအနေအထားကို ကျားကန်ရပ်တည်ခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင် (သံဃာ့အဖွဲ့အစည်း) တွေ ပါဝင်ပတ်သက်လာမှု
----------------------------------------------------------
ရဟန်းတော်တွေဟာ များသောအားဖြင့် ဒကာ ဒကာမတွေရဲ့ လှူဒါန်းမှုတွေနဲ့
သမမျှတစွာရပ်တည်ပြီး သာသနာအကျိုးကို အေးချမ်းစွာသယ်ပိုးနေကြတာပါ။
(စုန်းပြူးတွေလည်း နေရာတိုင်းမှာရှိပါတယ်) ဒါပေမယ့် ရခိုင်ပြည်နယ်ဖက်က
ဘင်္ဂါလီတွေရဲ့ တိုင်းရင်းသားဖြစ်ခွင့်တောင်းဆိုမှုကအစပြုပြီး ရဟန်းတော်တွေရဲ့
ဘာသာ သာသနာအပေါ် စိုးရိမ်ကြောင့်ကြမှု ပေါ်လွင်ထင်ရှားလာပါတယ်။
ဘယ်ပြဿနာပဲဖြစ်ဖြစ် အဖွဲ့အစည်းတခုမှာ အသိဥာဏ်ပညာ၊ အမျှော်အမြင်ရှိတဲ့
ခေါင်းဆောင်ဟာ ပိုမြင် ပိုတွေးမိလေ့ရှိကြပါတယ်။
ဖြစ်လာနိုင်တဲ့ဘာသာရေးပြဿနာတွေကို ဆင်ခြင်သုံးသပ်မိတဲ့ ထေရ်ကြီး ၀ါကြီး
ဆရာတော်ကြီးတွေကိုယ်တိုင်က အေးချမ်းစွာသာသနာမပြုနိုင်တော့ဘဲ
လောကုတ္တရာကိုဖယ်ခွာပြီး လောကီရေးအတွက် ခေတ္တအာရုံစိုက်လာရပါတယ်။

အဖွဲ့အစည်း (၀ါ) အ၀န်းအ၀ိုင်းတခုမှာ အပြင်စည်း၊ အတွင်းစည်းဆိုပြီး ရှိကြပါတယ်။
ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းမှာ သံဃာကအတွင်းစည်းဆိုရင် ဒကာကအပြင်စည်းအနေအထားမှာ
ရှိနေပါတယ်။ အပြင်စည်းမှာ အစိုးရ၊ အတိုက်အခံနဲ့ ပြည်သူလူထုအားလုံး ရှိနေပါမယ်။
အတွင်းစည်းက သံဃာတွေရဲ့ အေးချမ်းစွာမနေနိုင်ဘဲ စိုးရိမ်ကြောင့်ကြမှုရှိလာရတာ
အပြင်စည်းကတောင့်ခံမထားနိုင်တော့တဲ့ အကြောင်းရင်းပါပဲ။
ဒီလိုအပြင်စည်းကျိုးပေါက်နေတဲ့အချိန်မှာ ရဟန်းသံဃာတွေရဲ့ ပါဝင်ပတ်သက်မှုဟာ
အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းကြီးထွားလာနိုင်ပါတယ်။

အတိုက်အခံခေါင်းဆောင်
------------------------
အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့အနာဂတ်ပါ။
သူမအပြင် မြန်မာပြည်သူလူထုမှာ ခေါင်းဆောင်တင်စရာ နောက်ထပ်လူမရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်မှာ စံနှစ်မျိုးရှိပါတယ်။ တခုက သူမဟာ
မြန်မာပြည်သူလူထုအားလုံးရဲ့ လူထုခေါင်းဆောင်ပါ။ နောက်တခုကတော့ နိုင်ငံတကာရဲ့
လူ့အခွင့်အရေးစံပြ၊ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးဒီမိုကရေစီအိုင်ကွန်ပါ။
မြန်မာပြည်သားတွေရဲ့လူထုခေါင်းဆောင်တယောက်အနေနဲ့ တခါတလေမှာ
တိုင်းပြည်နဲ့လူထုရဲ့ အမျိုးသားအကျိုးစီးပွားကိုထောက်ချင့်ပြီး
နိုင်ငံတကာရဲ့လိုအပ်ချက်ကို လျစ်လျူရှုရတတ်ပါတယ်။
နိုင်ငံတကာရဲ့တောင်းဆိုမှုမှန်သမျှကို လိုက်လျောချင်တယ်ဆိုရင်လည်း
နိုင်ငံနဲ့လူထုရဲ့တချို့ အကျိုးစီးပွားကို မျက်ကွယ်ပြုရတတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူမဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ်
ခေါင်းဆောင်ကောင်းတယောက်ပါ။


ကြံ့ဖွတ်အစိုးရရဲ့ထောင်ချောက်
-------------------------------
အစိုးရဟာ ရဟန်းသံဃာတွေကို တည်ကြက်လုပ်ပြီး နိုင်ငံရေးအကွက်ရွေ့တယ်။
အတိုက်အခံကိုထောင်ချောက်ဆင်တယ်။ ဒါဟာ စစ်အစိုးရတွေအဆက်ဆက်ရဲ့
လုပ်ထုံးလုပ်နည်းတခုလို့ပဲ သတ်မှတ်နိုင်တယ်။ ကျနော်တို့စဉ်းစားကြည့်ရအောင်ပါ
ဘယ်လိုအခြေအနေမျိုးမှာ အတိုက်အခံဟာ
ကြံ့ဖွတ်အစိုးရရဲ့ထောင်ချောက်ထဲဝင်သွားနိုင်မလဲ။ လက်ရှိအနေအထားအရတော့
အတိုက်အခံဟာ ဘာသာရေးခေါင်းဆောင်တွေ (သံဃာအဖွဲ့အစည်း) နဲ့
သဘောကွဲလွဲစွာရပ်တည်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအတွက်
အင်အားချိနဲ့သွားမှာဖြစ်ပြီး ထောင်ချောက်ထဲဝင်သွားနိုင်မယ့် အနေအထားပါ။
(သာမာန်ပြည်သူတယောက်ရဲ့ ဥာဏ်မှီသလောက်စဉ်းစားမိတာမို့
မှားကောင်းမှားနိုင်ပါမယ်) မြန်မာပြည်သူလူထုအတွက်လည်း ဆုံးရှုံးနစ်နာမှုတွေ
ဆိုးကျိုးတွေ မြောက်များစွာ ရင်ဆိုင်ကြုံတွေ့ရမှာပါ။

ဒါဖြင့်ရင် တခြားတဖက်ကနေ ပြန်ကြည့်ရအောင်ပါ။ အတိုက်အခံဟာ
ဘာသာရေးခေါင်းဆောင်တွေ စိုးရိမ်ကြောင့်ကြမှုရှိနေတဲ့ကိစ္စတွေကို အရေးတယူ
ဂရုတစိုက်နဲ့ ပူးပေါင်းဖြေရှင်းဖို့ကြိုးစားမယ်ဆိုရင်
ကြံ့ဖွတ်အစိုးရရဲ့ထောင်ချောက်ဟာ ဘာဆက်ဖြစ်လာနိုင်သလဲ။
အတိုက်အခံအပေါ်အကျိုးသက်ရောက်မှု ရှိနိုင်မလား။ မြန်မာပြည်သူလူထုအတွက်ရော
ဆိုးကျိုးတွေဖြစ်လာနိုင်မလား။ ဘာသာရေးခေါင်းဆောင်၊ အစိုးရ၊ အတိုက်အခံဆိုတာ
ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခပါ။ ဒီခေါင်းဆောင်တွေအားလုံးကပဲ
ကျနော်တို့ကျောမွဲပြည်သူလူထုတွေရဲ့ ဘ၀မြင့်မားတိုးတက်ရေး၊
လုံခြုံစိတ်ချမှုရှိရေးကို ဆောင်ရွက်ပေးနိုင်မှာပါ။
ဒီခေါင်းဆောင်တွေညီညွတ်ကြမှလည်း ကျနော်တို့မြန်မာလူထု စိတ်အေးချမ်းသာစွာနဲ့
ဝမ်းစာရှာဖွေစားသောက်နိုင်မှာပါ

မုန့်ဆီကြော်ဘယ်မှာလဲ
-----------------------
မျိုးစောင့်ဥပဒေဆိုပြီး ပေါ်လာတယ်။ ကောင်းတယ်လို့မထောက်ခံပါဘူး။
ဥပဒေပညာရှင်အနည်းငယ်နဲ့ ဘာသာရေးခေါင်းဆောင်တွေလောက်သာ
ပေါင်းပြီးရေးဆွဲထားတဲ့အတွက် ချို့ယွင်းချက် (၀ါ) အားနည်းချက် (၀ါ)
လက်မခံနိုင်စရာအချက်တွေအနည်းအများ ရှိနိုင်မှာပါ။ ဒီဥပဒေက
ဘယ်မှလည်းမရောက်သေးဘူး။ ဘာမှလည်းဖြစ်မလာသေးဘူး။ ဖြစ်လာချင်မှလည်းဖြစ်လာမယ်။

မိသားစုတစုမှာ သမီးမိန်းကလေးတယောက်လက်ထပ်တော့မယ် ဆိုပါစို့။ သားရှင်ဖက်က
ဘယ်လောက်လက်ဖွဲ့မလဲ၊ ဘာနဲ့တင်တောင်းမလဲ စိန်နဲ့လား၊ ရွှေနဲ့လား၊ တိုက်ပါလား၊
ကားပါလား။ သမီးရှင်ဖက်က ဒီလိုတောင်းဆိုတဲ့ထုံးစံရှိပါတယ်။ ဒီလိုထုံးစံဟာ
ကိုယ့်သမီးလေး တခြားမိသားစုဝင်တွေကြားထဲမှာ ဂုဏ်အားဖြင့်တင့်တယ်စေချင်တဲ့
မိဘတိုင်းရဲ့စေတနာပါ။ မိဘဆိုတဲ့နေရာမှာတောင် အမေနဲ့အဖေဆိုရင် အမေကပိုပြီး
သမီးအတွက်စိုးရိမ်ကြောင့်ကြမှုရှိပါတယ်။ မိခင်စိတ်ပါ။ လျစ်လျူရှုလို့မရပါဘူး။

မုန့်ဆီကြော်ကဘယ်ဆီနေမှန်းမသိသေးဘူး နှုတ်ခမ်းနာနဲ့တည့်ပါ့မလား ဖြစ်နေကြတယ်။
ဘာသာရေးခေါင်းဆောင်တွေရဲ့ စိုးရိမ်ကြောင့်ကြမှုကို လျစ်လျူမရှုကြစေချင်ပါဘူး။
အကျိုးယုတ်စရာ မရှိတဲ့အတွက် ဂရုတစိုက်ရှိကြောင်း ပြတဲ့အနေနဲ့ ဥပဒေပညာရှင်တွေ၊
နှစ်ဖက်နိုင်ငံ့ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးပြီး
အကောင်းဆုံးအဖြေတခုကို ရှာသင့်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ သာသနာအတွက်
စိုးရိမ်ကြောင့်ကြမှုတွေကို လျော့နည်းစေချင်ပါတယ်။

သိက္ခာကျစရာလား
------------------
မိမိတို့နိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခကို စုပေါင်းဖြေရှင်းတာ၊
မိမိတို့ကိုးကွယ်တဲ့ ဘာသာ သာသနာကို စုပေါင်းကာကွယ်တာ၊ တိုင်းပြည် လူမျိုး ဘာသာ
အတွက် စုပေါင်းလုပ်ဆောင်ကြတာဟာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံသိက္ခာကျ
လက်ညှိုးထိုးခံရစရာ မဟုတ်ပါဘူး။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်
အားလုံးတသားတည်းဖြစ်နေဖို့ ကြိုးစားတာဟာ နိုင်ငံနဲ့လူမျိုး ဂုဏ်တက်စရာသာ
ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေ
တယောက်တမျိုးကွဲပြဲပြီး ၀ါးအစည်းပြေသလိုဖြစ်နေမှသာ မြန်မာနိုင်ငံသားတွေအဖို့
အရှက်ရစရာ အဖြစ်မျိုးပါ။

မောင်ပါလ
၂၈.၆.၂၀၁၃
(လူပြိန်းတယောက် မရေးရမနေနိုင်လွန်း၍ ရေးသည်)

တရုတ်ပိုင် ကုမ္ပဏီတွင် အန္တရာယ်ရှိသော အလုပ်များ စေခိုင်းပြီး မတရား အလုပ်ထုတ်ခံခဲ့ရတဲ့ အသက်မပြည့် မိန်ခလေးများ၏ နစ်နာမှုအား (တိုင်ကြားစာ)

ယနေ့ ဒီမိုဝေယံသို့ တိုင်ကြားစာ..

 တရုတ်ပိုင် ကုမ္ပဏီတွင် အန္တရာယ်ရှိသော အလုပ်များ စေခိုင်းပြီး မတရား အလုပ်ထုတ်ခံခဲ့ရတဲ့ အသက်မပြည့် မိန်ခလေးများ၏ နစ်နာမှုအား (တိုင်ကြားစာ)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးစက်မှုဇုန်(၁) မြ၀တီမင်းကြီး ကျောင်းတိုက်လမ်းတွင်
တရုတ်ပြည်မ လာရောက် ရင်းနှီးမြုပ်နှံသော တရုတ် လူမျိုးပိုင်သော သက်တန့်နီယွန် ကုမ္ပဏီရှိနေပါတယ်။ တရုတ်လူမျိုးတွေက မြန်မာ ဗီဇာနဲ့နေတယ်လို့ပြောပါတယ်။

သက်တန့်နီယွန်ဆိုတဲ့ ဆိုင်းဘုတ်ကလည်း စစ်ဆေးရေးတွေလာမှ တပ်ဆင်ထားလေ့ရှိတယ်လို့သိရပါတယ်။
လျှပ်စစ်မီးသီးပြုလုပ်ရန် မိန်းခလေးတွေကို ခိုင်းစေပါတယ်။ မီသီးတွင်ပါရှိသော ခဲဂဟေဆော်တဲ့ အလုပ်လုပ်ကြရပါတယ်။ ခဲဆော်တဲ့နေရာမှာ ထင်းရှူးဆီသုံးပြီး ခဲဆော်ရမှာဖြစ်ပေမယ့် ပြင်းလွန်းတဲ့ဓါတု
အက်စစ်တမျိုးသုံးပြီး ခဲဆော်ခိုင်းပါတယ်။

မိန်းခလေးတွေ ကိုယ်တိုင် ထင်းရှူးဆီယူလာ
ခဲ့ရင်တောင်မှ တရုတ်တွေက လာသိမ်းသွားပါတယ်။ ကျမ္မောရးစောင့်ရှောက်မှု လုံးဝမရှိပါဖူး အကာအကွယ်အနေနဲ့လက်အိပ်နဲ့ ခေါင်းစွပ်ဆိုတဲ့ ပေါပေါရနိုင်တာတောင် မပေးပါ ဖူးလို့ မလှိုင်မြို့ညောင်ကန်ကျေးရွာမှ လာရောက်လုပ်နေကြတဲ့မိန်းခလေးအလုပ်သ
မားတွေကပြောပါတယ်။ နေစရာပေးထားပေမဲ့ မီး၊ရေအသုံးပြုခ လုပ်ခကနေဖြတ်
တောက်ပါတယ်။ မိုးရွာရင်မိုးမလုံလို့မအိပ်ရဖူးလို့ သိရှိရပါတယ်။ သုံးရက်လုပ်ခ
လေးထောင်ကျပ် ပေးနေတာနေ(၂၅၀၀)ကျပ်ပေးတာ မကျေနပ်ကြတာကို ပြောဆို
ကြတောင်းဆိုကြတော့ နောက်နေ့ကစပြီးလာစရာ မလိုတော့ ဘူးဆိုပြီး တမင်သက်
သက် အလုပ်ထုတ်လိုက်ပါတယ်။

တိုင်ချင်ရာတိုင်ကြလို့လည်း တရုတ်လူမျိုး မြန်မာနာမည် ယူထားတဲ့ ကျော်ဝင်းထွန်းက တွန်းထုတ်ရင်းဆိုတယ်လို့သိရပါတယ်။ အလုပ်
ထုတ်ခံရတဲ့  မိန်ခလေးများမှာ

-အသက်(၁၅)နှစ်ထဲက ၀င်လုပ်နေတဲ့ မမီးမီး-ဘ-ဦးကြည်လင်
ညောင်ကန်မလှိုင်မြို့။

 အသက်(၁၃)နှစ်ထဲကလုပ်နေတဲ့မခိုင်မွန်ဟန်-ဘ-ဦကြည်
လင် ညောင်ကန် မလှိုင်မြို့။

အသက်(၁၆)နှစ်ထဲက ၀င်ရောက်လုပ်နေတဲ့မလှလှဝင်း
-ဘဦးမောင်ညို ညောင်ကန်၊ မလှိုင်မြို့။

အသက်(၁၂)ခွဲလောက်ထဲကလုပ်နေတဲ့
မနီလာထွန်း ဘ-ဦးနိုင်ဝင်းညောင်ကန်၊ မလှိုင်မြို့။

အသက်(၁၆)နှစ်ထဲကလုပ်တဲ့
မသင်းနွယ်အောင် ဘ-ဦးသန်းထွန်းအောင် ညောင်ကန်မလှိုင်မြို့။

အသက်(၁၆)နှစ် ထဲကလုပ်တဲ့ မတင်မော်အောင် ဘဦးသန်းထွန်းအောင် ညောင်ကန်၊မလှိုင်မြို့။

အသက်(၂၄)နှစ်ထဲကလုပ်နေတဲ့မဇာဇာ ဘ-ဦးရဲဝင်း ညောင်ကန်မလှိုင်မြို့။

အသက်(၂၂)နှစ်ထဲက လုပ်တဲ့ မနွယ်နွယ်ဝင်း ဘ-ဦးမောင်ညို ညောင်ကန်၊မလှိုင်မြို့။

အသက်(၂၂)ခွဲထဲကလုပ်တဲ့မဖြူသီဝင်း ဘ-ဦးရီ ညောင်ကန်မလှိုင်မြို့။

အသက်(၂၂)နှစ်ထဲက လုပ်တဲ့မသူဇာ ဘ-ဦးမင်းလှိုင် ညောင်ကန်၊မလှိုင်မြို့။

အသက်(၁၆)နှစ်ခွဲထဲကလုပ်တဲ့မမိုးမိုး  ဘ-ဦးမင်းလှိုင် ညောင်ကန်မလှိုင်မြို့။ တို့
(၁၁)ဦးမှာအလုပ်သမားနစ်နာရမှုတို့ကိုမြ၀တီဆရာတော်နှင့် တပည့်ဒါယကာ
ဦးဘိုကြိုင်(၀မ်းတွင်း)တို့ထံ လာရောက်ပြီး Rainbow တံဆိပ်ပါမီးသီးသွင်းလုပ်ငန်း
၏ ရက်ရက်စက်စက် အလုပ်ထုတ်ခံရသော နစ်နာမှုတို့ကိုသမ္မတကြီးနှင့် နိုင်ငံတော်
အဆင့်လူကြီးများထံ ဥပဒေနဲ့အညီ လုပ်ဆောင်ပေးပါရန် အကူအညီတောင်း
ခံလာကြောင်း သတင်းရရှိပါတယ်။

မိန်းကပလေး အများစုမှ ခဲဆိပ်များကြောင့်လည်း ကျမ္မရေးချို့တဲ့နေရ
တယ်လို့သိရပါတယ်။

မေးမြန်း ဆက်သွယ်ရန် ..မြ၀တီဆရာတော်
၀၉-၉၁၀၄၁၀၄၆၊၀၉-၃၃၁၁၅၅၀၉။

ကိုဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄။

တို့ကိုမေးမြန်းနိုင်ပါတယ်။

အမှန်တရားလိုလားသူ..

ဖေ့စ်ဘွတ်ခ်ပေါ်မှ သာသနာအနှစ်(၄)ထောင် ပညာရှင်များသို့

ဖေ့စ်ဘွတ်ခ်ပေါ်မှ သာသနာအနှစ်(၄)ထောင် ပညာရှင်များသို့

ဒီနေ့ တွေးမိတွေးရာ တွေးမိရင်းက လယ်တီဆရာတော်ကြီးရဲ့ တရားတပုဒ်ကို သွားသတိရမိတယ်...။

တခါက ဘုန်းကြီးကျောင်း ၁ခုမှာ ကိုရင်(၂)ပါး စကားများရန်ဖြစ်နေရာ ကနေ နပန်းလုံးတဲ့ အထိ ဖြစ်လာတော့...။ ကျောင်းထိုင်ဆရာတော်က ကိုရင်(၂)ပါးကို ခေါ်မေးသတဲ့..။ ဘယ်လိုကနေ ဘယ်လို နပန်းလုံး အထိ ရန် ဖြစ်ရတာလဲပေါ့...။ ဒီတော့ ကိုရင်(၂)ပါးက တပါးဆီလျှောက်ထားကြသတဲ့..။ တပါးက တပည့်တော်က ဘုရားရှင် သာသနာတော် အနှစ်(၅)ထောင်လို့ ဆိုပါတယ်ဘုရား..။ ကျန်တပါးက ဆက်ပြောသတဲ့ တပည့်တော်က ဘုရားရှင် သာသနာတော် အနှစ်(၄)ထောင်လို့ ဆိုတာပါဘုရား အဲ့ဒီကနေ သူမှန်တယ် ငါမှန်တယ် ငြင်းခုံရင်းနဲ့ နပန်းတတ်လုံးတဲ့အထိ ဖြစ်လာတာပါဘုရားလို့ ဆိုသတဲ့..။

ဒီတော့ ဆရာတော်ကြီးက သာသနာ အနှစ်(၄)ထောင်လို့ ဆိုတဲ့ ကိုရင်ကို မင်းသွားနိုင်ပြီလို့ ဆိုပြီး ကျန်တဲ့ သာသနာတော် အနှစ်(၅)ထောင်လို့ ဆိုတဲ့ကိုရင်ကိုတော့ မြေမှာမှောက်ခိုင်းပြီး ကြိမ်နဲ့ သုံးချက် ရိုက်သတဲ့..။
ဒီတော့ သာသနာအနှစ်(၅)ထောင်လို့ ဆိုတဲ့ ကိုရင်က အရှင်ဘုရား ဘုရားသာသနာ အနှစ်(၅)ထောင်လို့ တပည့်တော် အမှန်အတိုင်းပြောတာ ဘာကြောင့် တပည့်တော်ကို အပြစ်ပေးရတာလဲပေါ့..။ ဒီတော့ ဆရာတော်ကြီးက သာသနာအနှစ်(၅)ထောင်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိတယ်..။ ဒီလိုဗုဒ္ဓဘာသာဝင်တိုင်း သိတဲ့ သာသနာအနှစ်(၅)ထောင် ကိုတောင် မသိတဲ့ လူမိုက်နဲ့ ရန်ဖြစ်တယ်ဆိုတော့ မင်းလည်း လူမိုက်နဲ့ အတူတူပဲပေါ့လို့ ဆုံးမတော်မူသတဲ့..။

ဒီနေရာမှာ ဘာစဉ်းစားမိသလဲ ဆိုတော့ တချို့သော ဖေ့စ်ဘွတ်ခ်ပေါ်က ပညာရှင်တွေ ဘာသာအပေါ် အမည်ပြောင်းလိုပြောင်း သာသနာအပေါ်၊ သံဃာတော်တွေ အပေါ်မှာ ဝိနည်းကိုက်မကိုက် ဘယ်လို နေထိုင်သင့်တယ် ပြုမူသင့်တယ် စာအုပ်ကိုင်ပြီး ဘုန်းကြီးစုံထောက် ပမာ ပြောဆိုနေကြတာ မြင်ကြတော့.. သာသနာ အနှစ်(၄)ထောင် ကိုရင်လို ပညာရှိတွေက သာသနာ အနှစ်(၅)ထောင် သံဃာတော်တွေကို စာပြန်ချနေသလားလို့...။

ဆီသည်လည်း ဆီသည်အလျောက် ကျွမ်းကျင်ရာ လိမ်မာသလို အိုးသည်လည်း အိုးသည်အလျောက် ကျွမ်းကျင်ရာ လိမ်မာကြတာပါပဲ...။ နေရာတကာမှာတော့ ပဲခူးဆားလုပ်နေလို့ မရဘူးပေါ့...။

ဒီနေရာမှာ မသိလို့ ပြောတာနေမှာပါ၊ လုပ်တာနေမှာပါဆိုတဲ့ စကားကိုလည်း ပြန်စဉ်းစားကြည့်ကြရအောင်...။ လူ့ပတ်ဝန်းကျင်မှာတော့ မသိလို့ ပြောတာနေမှာပါ၊ လုပ်တာနေမှာဆိုတဲ့ စကားနဲ့ မသိလို့ လုပ်တဲ့ လူကို သာမန်သဘောနဲ့ တော်ရုံတန်ရုံ အပြစ်မမြင်တတ်ကြပါဘူး...။ သို့ပေတည့် ဘာသာရေးအပိုင်းမှာတော့ မသိလို့လုပ်မိတာပါ၊ ပြောမိတာပါဆိုတဲ့ သူဟာ သိလို့လုပ်တဲ့သူ၊ ပြောမိသူထက် အကုသိုလ်ပိုဖြစ်တယ်ဆိုရင် လက်ခံနိုင်ကြမလားပဲ..။
ဘာကြောင့်ဆိုတော့ ဘယ်ဟာကုသိုလ်၊ ဘယ်ဟာ အကုသိုလ်ဆိုတာကိုတောင် မသိပဲလုပ်တဲ့ အတွက် ပိုပြီးအကုသိုလ် ဖြစ်စေပါတယ်..။ ဥပမာ
မြွေဟာအကောင်သေးပေမယ့် အန္တရာယ်ရှိတယ် ဆိုတာတောင် မသိ၊ ဗဟုသုတမရှိတဲ့ အတွက် မသိလို့လုပ်တာ ပိုဆိုးပါတယ်။

ဆီသည်လည်း ဆီသည်အလျောက် အိုးသည်လည်း အိုးသည်အလျောက် မိမိကျွမ်းကျင်ရာမှာ လိမ်မာကြတာပါ။ နေရာတကာမှာ ကိုယ်သိ ကိုယ်တတ်ဆိုပြီး လုပ်လို့မရပါ...။ သာသနာအနှစ်(၄)ထောင် သမားတွေနဲ့ အပြိုင် ငြင်းခုံရန်ဖြစ်နေရင်တော့ ကိုယ်လည်း ကိုယ်လည်း(၄)ထောင်တန်နဲ့ အဆင့်တူ ဖြစ်သွားလေမလားပဲ..။ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားသိမြင်ပြီး သာသနာတန်ဘိုး ထားနိုင်ကြပါစေ..။

တွေးမိတွေးရာလေးပါ... ဆိုကရေတီးရဲ့ စကားလို ကျွန်တော်ဘာမှ မသိသေးဘူးဆိုတာ ကျွန်တော်သိတာပါပဲလို့ ခံယူထားပါတယ်..။

အားလုံးကို လေးစားစွာဖြင့်..

ဒီမိုဝေယံ

ဓာတ်ပုံကတော့ ဖားအောက်တောရမှာ တရုတ်နိုင်ငံက လာရောက် ကိုရင်ဝတ်တဲ့ ကိုရင်ငယ်လေးပါ.. (အားလုံး ငြိမ်းအေးကြပါစေ)

သီတဂူဆရာတော် အရှင်ဥာဏိဿရ သံဃာ့ညီလာခံတွင်ဟောကြားတော်မူသော တရားမှကောက်နုတ်ချက်(အသံဖိုင်)

သီတဂူဆရာတော် အရှင်ဥာဏိဿရ သံဃာ့ညီလာခံတွင် ဟောကြားတော်မူသော တရားမှကောက်နုတ်ချက်
 
မြတ်စွာဘုရားကို လူမိုက်တွေက ခဲနဲ့ ထုကြတယ်။ ခဲနဲ့ထုတာလောက်မကြည့်နဲ့  နောက်ကွယ်မှာ မြှောက်ပေးနေတဲ့ မိဖုရားရှိနေတယ်။
 

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း သီတဂူဆရာတော် တိုက်တွန်း

6.27.16
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော်မှ သြ၀ါဒစကား မိန့်ကြားစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်။
''အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အမျိုးစောင့်၊ ဘာသာစောင့်၊ သာသနာစောင့်ရုံတင် မကဘဲ နိုင်ငံပါ စောင့်ရှောက်နိုင်ဖို့ အတွက် ငုံမိ၊ ခြုံမိတဲ့ စကားလုံးရွေးဖို့တော့ လိုပါတယ်။ ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံရယ်၊ အခြေခံစည်းမျဉ်းရယ်၊ စကားလုံး ရွေးချယ်ပုံရယ်၊ အဖွဲ့ရဲ့ အမည်နာမရယ်၊ စနစ်တကျ ပြန်လည်စိစစ် ဆောင်ရွက်ဖို့ သံဃာတော် အရှင်သူမြတ်အားလုံးရဲ့ ရှေ့မှောက်မှာ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကို တပည့်တော် လျောက်ထားပါတယ်။

 ဂိုဏ်းဂဏပေါင်းစုံ ညီညွတ်ခြင်းနဲ့ ဖွဲ့စည်းထားတဲ့ သံဃမဟာနယက အဖွဲ့ကြီးနဲ့ မျိုးစောင့် သံဃ၀ံသာနုရက္ခိတ အဖွဲ့နဲ့ ဘယ်လို လက်တွဲမလဲ၊ ဘယ်လိုသဘောထား ညီညွတ်အောင် လုပ်မလဲ၊ နှစ်ဘက် ဘယ်လို ညှိနှိုင်းမလဲ ပေါင်းစည်းညီညွတ်မှုက အရေးကြီးပါတယ်'' ဟု သီတဂူဆရာတော် အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။
ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနှင့် လက်ရှိဖြစ်ပျက်နေသော အခြေအနေများအား ဗုဒ္ဓ၏ လမ်းညွန်မှုဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်ခြင်းဖြင့် မိမိအလုပ်ကို မိမိဆက်လက် လုပ်ဆောင်ရန် သီတဂူဆရာတော်က တိုက်တွန်းခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန်...

သီတဂူဆရာတော်က အခမ်းအနားရှိ သံဃာတော်များအား ''သေးငယ်တဲ့ မတော်တဆ ဖြစ်တာတွေကို အကျယ်မချဲ့မိဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ စတဲ့ ဘာသာဝင်အားလုံးကို ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒီအရိပ်ကိုခိုပြီး ဒီသစ်ပင်ကို မဖျက်ဆီးကြဖို့ ဒီသစ်ပင်ကို စောင့်ရှောက်ကြဖို့ တောင်းပန်ပါတယ်။ ရန်ငြိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ပါတယ်။ အကျယ်ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီးခြင်းရဲ့ အကြောင်း၊ ညီညွတ်မှု ပျက်စီးခြင်းရဲ့ အကြောင်းပါပဲ။ ဒီနေ့ တပည့်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ဖြစ်နေတယ်။ အဲဒါတွေကို တပည့်တော်တို့တွေက ၀င်မပါမိစေဖို့ ၀င်ထိန်းပေးဖို့၊ တပည့်တော်တို့ အားလုံး ဆောင်ရွက်ကြရမှာဖြစ်တယ်။ အဲဒါမျိုးတွေမှာ ၀င်ပါရင် တိုင်းမ်မဂ္ဂဇင်းက စွပ်စွဲတဲ့ သွေးပူအောင်၊ လုပ်တဲ့အထဲ တပည့်တော်တို့ ရောက်သွားလိမ့်မယ်'' ဟု မိန့်ကြားခဲ့သည်။
အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ဟောပြောခဲ့ပြီး သံဃာတော်များ အနေနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ နောက်တွင် မည်သူရှိနေသည်ကို သိမြင်ဖို့ လိုသည်ဟုလည်း မိန့်ကြားခဲ့သည်။

ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ရန် အတွက် သံဃာထု၏ နောက်တွင် International Outlook ရှိသော ပုဂ္ဂိုလ်များ၊ ဥပဒေ ပညာရှင်များပါ ရှိရန်လိုအပ်ပြီး အစိုးရ အပါအ၀င် ပြည်သူများပါ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
6.27.17
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် သြ၀ါဒမိန့်ကြားနေစဉ်
အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန် ဆရာတော်က တိုက်တွန်းလိုက်သည်။

အလွန်မွန်မြတ်သော တပည့်တော်တို့ နိုင်ငံ၏ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး လက်တွဲနေမယ် ဆိုတာကို နိုင်ငံတော် အစိုးရဘက်က စတင်နေတဲ့ အချိန်မှာ အဲဒီစနစ် မအောင်မြင်အောင်၊ အဲဒီစနစ်ကို ဖြိုခွဲဖို့ ဘာသာရေး လှုံ့ဆော်မှုတွေ ၀င်လာတယ်လို့ တပည့်တော် တွေးမိတယ်။ အဲဒီလို ကိုင်လှုပ်တိုင်း၊ တပည့်တော်တို့ မလှုပ်မိကြဖို့ လှုံ့ဆော်သူတွေရဲ့ လက်သုံးဖြစ်မသွားဖို့ အရှင်ဘုရားတို့၊ တပည့်တော်တို့အားလုံး သတိထားတော် မူကြရန် လိုအပ်ပါတယ်'' ဟု သီတဂူဆရာတော် ဘုရားကြီးက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော် ၁၀၀၀ ကျော်ကို တိုက်တွန်းခဲ့သည်။

ထို့ပြင် သီတဂူဆရာတော်ကြီးက ဇွန် ၁ ရက်ထုတ် တိုင်း(မ်) မဂ္ဂဇင်းဆောင်ပါးတွင် မြန်မာနိုင်ငံ၏ ရဟန်းတော် တစ်ပါးအား ဗုဒ္ဓဘာသာ အကြမ်းဖက်သမားဟု အဓိပ္ပာယ်ရသည့် (The Face of Buddhist Terror) အဖြစ် စွပ်စွဲဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဆောင်းပါးရေးသားသူအား ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်းနှင့် ရေးသားသူ၏ ရေးသားချက်များ အားလုံးကို ကန့်ကွက်ကြောင်း မိန့်ကြားခဲ့ပြီး သံဃာတော် အစည်းအဝေးကြီးတွင် သဘောထားခံယူခဲ့ရာ သြ၀ါဒခံယူပွဲသို့ တက်ရောက်လာသည့် သံဃာတော်များက သဘောတူညီ ခဲ့ကြသည်။

နိဂုံးချုပ်တွင် သီတဂူဆရာတော်က အမျိုးဘာသာ  သာသနာကို စောင့်ရှောက် နိုင်ရေးသည်
 နိုင်ငံတော်အစိုးရနှင့် လက်တွဲ ညီညွတ်ဖို့ အရေးကြီးကြောင်း၊ ဥပဒေပညာရှင်များအဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန် သံဃာတော်များအား မိန့်ကြားခဲ့သည်။

EMG

"အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူဆရာတော်ကြီးမိန့်"

"အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူဆရာတော်ကြီးမိန့်"

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊
နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။

ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
ပေါ်ပြူလာဂျာနယ်..

ပဲခူးမြို့နယ်မြေစာရင်းဌာနမှ တိုက်နယ်မှူး ဦးသန့်ဇင်မှ မြေနေရာအား အလွှဲသုံးစားရောင်းစားခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း....

တာဝန်ရှိသူများ အရေးယူဆောင်ရွက် ပေးပါရန် ဒီမိုဝေယံမှ တဆင့် ထပ်မံတိုင်ကြားအပ်ပါတယ်..
ပဲခူးမြို့နယ်မြေစာရင်းဌာနမှ တိုက်နယ်မှူး ဦးသန့်ဇင်မှ မြေနေရာအား အလွှဲသုံးစားရောင်းစားခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း....

ပဲခူးမြို့နယ်၊ လေးအိမ်စုကျေးရွာတွင်ရှိသော ကွင်းအမှတ်(1200)၊ ဦးပိုင်အမှတ် (N/ 12 ၊ 14) တွင်ရှိသော ကျွန်တော် ဦးသိန်းကျော်နှငု့် ဦးအောင်စိန် တို့ပိုင် ဥယျာဉ်ခြံ (19)ဧကအား ပဲခူးမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူး ဦးသန့်ဇင်မှ ကျွန်တော်များပိုင် ဥယျာဉ်ခြံမြေကို ပဲခူးမြို့တွင်နေထိုင်သူ ဦးအောင်ထွန်း၊ ဦးမြင့်သိန်း၊ ဦးရွှေအေးတို့အား လုပ်ပိုင်ခွင့်ပြေစာထုတ်ပေးပြီးရောင်းစားခဲ့ပါသည်။

ကျွန်တော်တို့မှာ ယင်းနေရာအား ယခင်မြေခွန်ပြေစာ (1991-1992)အား ကိုင်ဆောင်ထားခဲ့သည်မှာယနေ့အချိန်ထိရှိပါသည်။ 

ကျွန်တော်တို့သည် မိမိပိုင်မြေနေရာအားလုပ်ကိုင်စားသောက်ရန်သွားရောက်ခဲ့ရာတွင် ဦးအောင်ထွန်းပါ(၃)ဦးမှ “ငါတို့က တိုက်နယ်မှူးဦးသန့်ဇင်ထံက၀ယ်ထားတာ မင်းတို့နဲ့ဘာမှမဆိုင်ဘူး”ဟုပြောဆိုခဲ့ပါသည်။ ကျွန်တော်တို့ပိုင်မြေနေရာအား ၀န်ကြီးချုပ်ထံသို့ (27-5-2013)နေ့တွင် တင်ပြခဲ့ရာ၊ မြို့နယ်ထွေအုပ်သို့သွားရောက်စုံစမ်းခဲ့ရာ အဖွဲ့ခေါင်းဆောင် ဆိုပြီး အထွေထွေအုပ်ချုပ်ရေးဦးဌာနမှမြို့နယ်ဒုဦးစီးမှူး ဦးမင်းဟိန်းလတ်၊ မြို့နယ်မြေစာရင်းဒုဦးစီးမှူး ဦးခင်လှိုင်၊ ဆည်မြောင်းဦးစီးဌာနမှ ဦးဝင်းဆွေတို့ဆိုပြီးသိရှိရပါသည်။ ယင်းအဖွဲ့မှ လာရောက်ဖြေရှင်းပေးမည်ဟု သိရသော်လည်း ယနေ့အချိန်ထိလာရောက်ခဲ့ခြင်းမရှိပါ။ 


တိုက်နယ်မှူးဦးသန့်ဇင်နှင့်အပေါင်းပါ(2)ဦးလာရောက်ပြီး ကျွန်တော်တို့အား ရုံးသို့နောက်နေ့လာရန်ချိန်းခဲ့ပါသည်။ ရုံးသို့ရောက်သောအခါ ဦးသန့်ဇင်မှ ကျွန်တော်တို့အား ငွေကျပ်(၁)သိန်းပေးခဲ့ပါသည်။ ထိုမြေနေရာအား ဦးသန့်ဇင်မှ ရောင်းစားခဲ့သည်ကို ၄င်း၏လူကြီးများလည်း သိရှိခဲ့ပါသည်။ ကျွန်တော်တို့မှာ ပိုက်ဆံလိုချင်လို့မဟုတ်ပါ မိမိပိုင်မြေနေရာအား ပြန်လည်ရရှိရေးအတွက်တာဖြစ်ပါသည်။ မြေယာစီမံခန့်ခွဲမှုအဖွဲ့ဟုဆိုသော ဦးသိန်းလွင်(လေးအိမ်စုကျေးရွာအုပ်ချုပ်ရေးမှူး)၊ ဦးအောင်သန်း(အဖွဲ့ဝင်)၊ တိုက်နယ်မှူးဦးသန့်ဇင်(အတွင်းရေးမှူး)တို့မှ ရောင်းစားခဲ့သူ ဦးရွှေအေးဘက်မှ တစ်ခြမ်းကို ပြန်လည်ပေးဆောင်ခဲ့ပါသည်။ ကျန်ရှိနေသော မြေနေရာများကို ယနေ့အချိန်အထိ စိစစ်ဆောင်ရွက်ပေးခြင်းမရှိပဲ ဥပဒေကို မျက်ကွယ်ပြုပြီးလုပ်ဆောင်ခြင်းအား ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားပါသည်။


ပူးတွဲပါစာရွက်…ဦးသန့်ဇင်လက်မှတ်ရေးထိုးထားသောစာရွက်(၁)ရွက်၊ မြေခွန်ပြေစာ (၂)ရွက်
တိုင်ကြားသူ……….ဦးအောင်စိန် ၊ ဦးသိန်းကျော် (ဥသာမြို့သစ်(၂)ရပ်ကွက်)၊ ပဲခူးမြို့

အရှင်ဝီရသူ သူ့အလုပ်သူလုပ်နေတာပါ (ဆောင်းပါးရှင် ကျော်ကျော်ခိုင်)

အရှင်ဝီရသူ သူ့အလုပ်သူလုပ်နေတာပါ 
(ဆောင်းပါးရှင်  ကျော်ကျော်ခိုင်) 

ဗုဒ္ဓ၏သားတော် အရှင်ဝီရသူ အမည်ရတဲ့ သံဃာတော်တပါးဟာ ရှေးနှစ်များစွာကတည်းက သံဃာအလုပ်လုပ်ပါတယ်။ ဘာသာသာသနာ တည်တံ့ခိုင်မြဲစေရေးမှာလည်း ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ်နေပြီး ကိုယ်ရဲ့ကိုးကွယ်ရာ ဘာသာသာသနာကို ထိပါးစော်ကားခံနေရတာကို သိနေတာကြောင့် သည်းခံတတ်လွန်းပြီးအလွန်သဘောကောင်းလှတဲ့မြန်မာတွေ၊ ကိုယ်တိုင်ထိမှနာမှန်းသိတတ်တဲ့မြန်မာတွေ ကောက်ရိုးမီးစိတ်ဓါတ်နဲ့မြန်မာတွေကို အသိပညာပေးတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ရတယ်။

ပညာရေးအတွက်လည်း “လောကအလင်း” ပညာဒါန ကျူရှင်ကျောင်းကိုလည်း ဖွင့်လှစ်ပေးထားပြီး ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်မှာဆိုယင် ကျောင်းသားကျောင်းသူ ၄၉ ဦးမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူကလေးတဦးက ရူပဗေဒဂုဏ်ထူး၊ ခရစ်ယာန်ဘာသာဝင် ကလေးနှစ်ဦးအပါအဝင် စုစုပေါင်း ကလေး ၁၅ဦး အောင်မြင်မူရရှိခဲ့ပါတယ်။ ဆရာတော်ဟာ လူမျိုးဘာသာခွဲခြားခြင်းမရှိသော်လည်း ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးကတော့ ဘာသာသာသနာကို ထိပါးလာနေသူတွေ ရှိနေတဲ့အတွက်သာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာသာသာသနာကာကွယ်ရေးအတွက် အသိပညာပေးခြင်းကိုတော့ ယခင်ကပင် သမားရိုးကျလုပ်ခဲ့ပါတယ်။ ဆရာတော်အပြင် အခြား အမျိုးဘာသာသာသနာကို ချစ်မြတ်နို်းပြီး ကာကွယ် စောင့်ရှောက်စေချင်တဲ့ အသိအမြင်ကျယ်သူ သံဃာ လူပုဂ္ဂိုလ်များလည်း ဟောကြားခဲ့တာပါပဲ။ မြန်မာတွေ ဘယ်လောက်သည်းခံမှု အားကောင်းသလည်းဆိုယင် မြန်မာမလေးတွေကို ပညာရေးအဆင့်လိုက်ပြီး မိဘအဆင့်လိုက်ပြီး ယူနိုင်ရင် ဗလီကထောက်ပံကြေးပေးမယ်ဆိုတာ သတင်းတွေရအထောက်အထားတွေ ရတာတောင် ရီမောနေနိုင်ကြတဲ့သူတွေပါ။

မြန်မာမအချို့ ဗုဒ္ဓဘုရားပုံတော်ကို ခြေနဲ့နင်းပြပြီးမှ မွတ်ဆလင် ဇာတ်ကိုသွင်းခဲ့တာတွေ သိရလည်း ဒီနေ့မကျေမနပ်ပြောပြီး မနက်ဖြန်ဆိုမေ့ထားခဲ့ကြတာပါ။ ဘာမှ ပဋိပက္ခမဖြစ်ခဲ့ကြပါဘူး။ မဖြစ်တော့ လူ့အခွင့်အရေးတွေ လူအများစုလူနည်းစုတွေလည်း မအော်ကြပါဘူး။ ဆရာတော်ကလည်း ကာကွယ်စောင့်ရှောက်ဖို့ ကိုယ့်တာကိုယ်လုံဖို့ သတိပေးတာကလွဲလို့ ဘာမှရန်ရှာဖို့ မတိုက်တွန်းခဲ့ပါဘူး။ ဒါလုပ်သင့်ပါတယ်။ လုပ်ပိုင်ခွင့်ရှိပါတယ်။ ရှင်းနေတာက ဆရာတော် အရှင်ဝီရသူဟာ ယခု ဗုဒ္ဓဘာသာနဲ့မွတ်ဆလင်ဘာသာရေးအသွင်ဖြစ်တယ်ဆိုတာမှာ လှုံ့ဆော်သူမဟုတ်ခဲ့ဘူးဆိုတာပဲ။ ဘာကြောင့်လည်းဆိုတော့ ယခုဖြစ်ပွားလာတာတွေဟာ ဘင်္ဂလီကရခိုင်မှာပြဿနာစပြီးနောက်ပိုင်း ဘာသာရေးနဲ့လူမျိုးရေးအသွင် ပြောင်းပစ်လိုက်တာက စခဲ့တာမို့ပါ။ အချို့ပညာယှိပညာတတ်ကြီးများက အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရားပေါ်မှာပဲလိုက်ပြီး သံဃာသံဃာအလုပ် လုပ်ပါ၊ လှူုအခွင့်အရေး ဘာသာရေးပြဿနာဖန်တီးသူ အကြမ်းဖက်ဘင်လာဒင်နဲ့နှိုင်းသူနှိုင်း အချစ်ဂျီဟတ်ပြောလိုပြော နောက်ဆုံး ဝီရသူ ဘာညာဆိုပြီးတောင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ပြောလာကြတယ်။ အပြင်လူနဲ့ ကိုယ့်အိမ်သားပြဿနာဖြစ်တယ် ကိုယ့်အိမ်သားမှန်တယ်။ ဒါပေမယ့်သူများကို မပြောရဲတော့ ကိုယ့်လူကိုပဲ ပြန်ပြီးအော်ငေါက်နေတဲ့သူတွေ လိုပဲခင်ဗျ။ ခဲပစ်တဲ့သူကို မလိုက်ပဲ ခဲနောက်လိုက်နေသလိုပဲ မြင်မိပါတယ်။
ပြောနေတာတချို့ကိုအရင်ရှင်းချင်ပါတယ်။

လူ့အခွင့်အရေးသမားကတော့ နေရာတိုင်း ဒါကြီးပဲကိုင်ပြောနေလို့ ရှုထောင့်အစုံကနေကြည့်မပြောတတ်တဲ့ ငါ့စကားနွားရသမားများဖြစ်လို့ ချန်လိုက်ပါပြီး။ တချို့က ဘာသာရေးနဲ့တောင်ကိုင်ပေါက်လိုက်သေး။ ငါက မဟာစည်ဆရာတော်ကြီး ကိုယ်တော်တိုင် ဆံချပေးခဲ့ရတဲ့သူ၊အရှင်ဝီရသူကို ဝီရသူခေါ်မယ်ပေါ့။ အချို့က ဘုရားလက်ထက်တော်မှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘာသာခြားနဲ့ယူခဲ့တာ ဘုရားတောင်ဘာမှမပြောဘူးဆိုပဲ။ အဲဒီခေတ်က ဘာသာခြားဆိုတာ ဟိန္ဒူ၊ ဒါပေမယ့် ငါ့ဘာသာထဲဝင်ရမယ်အတင်းမခေါ်ဘူး။

ဒီကနေ့လို ဘာသာရေးနဲ့ ယှဉ်တဲ့အိမ်ထောင်ခန်းပြဿနာ မရှိဘူး။ ငါ့ဘာသာဝင်ရင်ဝင် မဟုတ်ရင် အကုန်သတ်မယ်ဆိုပြီး ဓါးကြိမ်း ကြိမ်းတာမရှိဘူး။ ဘာသာဝါဒအယူပြိုင်ကြတာပဲ ရှိခဲ့တယ်။ နှစ်ပေါင်း ၅၀၀-၁၀၀၀ လောက်မှ အခြား ဘာသာကြီးတွေ ပေါ်လာပြီး စစ်တိုက်သာသနာပြုတာတွေ ပေါ်ပေါက်လာခဲ့တာပဲ။ ကမ္ဘာကျော် TIME မဂ္ဂဇင်း ဟာ ဘာသာရေး အစွန်းရောက်မှု၊ ဘာသာရေး အကြမ်းဖက်လှုံဆော်မှုတွေ ကို ကမ္ဘာ့ပြည်သူတွေ သိရှိအောင် ထုတ်ဝေရေးသားဖော်ပြလေ့ရှိတဲ့ ကမ္ဘာကျော်မဂ္ဂဇင်း ကြီးတစောင်ဖြစ်တယ်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ဝါဒဖြန့်မှုမှာ အမေရိကန်ထောက်လှမ်းရေးခြေရာလက်ရာ ရှိတယ်ဆိုတာမမေ့ပါနဲ့။ ပြီးတော့ မွတ်ဆလင် အစွန်းရောက်ဆိုတာဖြစ်လာတာလည်း အမေရိကန်ရဲ့စွပ်စွဲချက်နဲ့တိုက်ခိုက်မူတွေ တာဝန်မကင်းဘူး။ ဘင်လာဒင်နဲ့ အယ်လ်ခိုင်းဒါးကို ဘာသာရေးအကြမ်းဖက်ပြောချင်ရင် မှန်နိုင်မယ် လက်နက်ကိုင်ပြီး ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးနေကြတာကိုး။

ဗုဒ္ဓဘာသာနဲ့ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေခဲ့တာတွေဟာ အကြမ်းဘက်လှုံ့ဆော်မူကြောင့်မဟုတ်ဘူး။ လက်နက်ကိုင်ပြီးပစ်ခတ်တိုက်ခိုက်ပြီး မူဆလင်လူမျိုးတွေကို ဖျောက်ဖျက်နေတာမဟုတ်ဘူး။ လုံးဝကွဲပြားတဲ့အခြေအနေပါ။ ဆရာတော် အရှင်ဝီရသူက လှုံ့ဆော်တိုက်တွန်းလို့ မဟုတ်ဘူး။ TIME မဂ္ဂဇင်းကို ဘုရားစင်ပေါ်သာတင်ထားပါလေ။ ဆရာတော် အရှင်ဝီရသူဟာ သံဃာစစ်စစ်ဖြစ်တာကြောင့် ဓမ္မ န္တရာယ် သံဃာစိမ်ရေသင့်နိုင်တယ်ဆိုတာမမေ့ကြပါနဲ့။ ပါရာဇိက ဟန်ဆောင်ဘုန်းကြီး မဟုတ်ပါဘူး။

အခု မျိုးစောင့်ဥပဒေဖြစ်ပေါ်လာရခြင်းရဲ့အခြေခံတခုဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့မူဆလင်ပဋ္ဋိပက္ခဗုံး ပေါက်ကွဲသွားရခြင်း အကြောင်းတရားကို ဗုံးတလုံးကိုနမူနာထားပြီး တင်ပြချင်ပါတယ်။ ဗုံးကိုယ်ထည် ကတော့ ပထမ BBC ကထုတ်လုပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှင်မဖြူကျွန်းအရေးပေါ်ပေါက်ကတည်းက မြန်မာတပြည်လုံး အမျိုးနဲ့နိုင်ငံချစ်သူတိုင်း ရင်မှာဝမ်းပန်းတနဲခံစားနေခဲ့ကြရတာပါ။ ဒါတောင် ရခိုင်သမိုင်းမဖတ်ဖူးတဲ့ ပညာယှိကြီး တယောက်က တရားရုံးမျှတကြောင်း၊ မြန်မာတွေပြောနေတဲ့ ရှင်မဖြူ ကျွန်းဆိုတာတောင် သူစိတ်အထင် ယခုအငြင်းပွားနေတဲ့ကျွန်းမဟုတ်ပါဘူးတဲ့ခင်ဗျာ။ ဘီဘီစီကလည်း ရခိုင်ပြည်နယ်မြေပုံပေါ်မှာ ဘင်္ဂလီလေးတွေဗလီတက်နေပုံနဲ့ တင်ထားခဲ့ပါတယ်။ ကမ္ဘာကျော်ဘီဘီစီကြီး မို့ အချို့ကထောက်ခံနေဦးမလား။ 


 အဲဒီကတည်းက ဒေါသတွေအလိပ်လိုက်တက်နေပါပြီး။ မကြာပါဘူး ရခိုင်တိုင်းရင်းသူ မသီတာထွေးကို ဘင်္ဂလီသုံးဦးက မုဒိန်းကျင့်လည်လှီးသတ်ဖြတ်ခဲ့တဲ့မူခင်း ပေါ်ထွက်လာပါတယ်။ ဒါလည်း အချို့ကတမင်ဖန်တီးတလိုပြောကြပါတယ်။ ကုလားလေးသုံးဦးကို မင်းတို့ မုဒိန်းသွားကျင့်ပြီးသတ်ခဲ့လို့ ခိုင်းခဲ့တယ်များထင်နေလား။ ပြီးတော့ ဒီလိုပြဿနာမျိုးတွေ ရခိုင်လူမျိုးတွေ ခံစားခဲ့ရတာ ကြာလှပါပြီ။ မသီတာထွေးကျမှ လူသိရှင်ကြားပေါ်လာတာပါ။ သတင်းစာမှာပါတဲ့ မူဆလင်လို့ သုံးနှုန်းခဲ့တာက သတင်းရေးတင်ရာမှာ ဒီလိုမူခင်းသတင်းကို ဝန်ကြီးအဆင့်ထိမတင်ပါဘူး။ 

သတင်းအယ်ဒီတာလောက်ကသာ ကိုင်တွယ်ပါတယ်။ သမားရိုးကျပါပဲ။ အဲဒီဒေသမှာ ရိုဟင်ဂျာလူမျိုးရယ် လို့ ဘယ်သူမှမသိဘူး။ ဘင်္ဂလီိဆိုတာတောင် ပြည်မနေသူတွေသိပ်မသိကြဘူး။ ဘင်္ဂလားကခိုးဝင်လာတဲ့ ကုလားလူမျိုးတွေလို့သာ သိကြတာပါ။ ဒါနိုင်ငံရေးသမားအချို့လည်း မသိကြပါဘူး။ ရောက်လည်း မရောက်ဘူးကြပါဘူး။ အဲဒီတော့ ရခိုင်တိုင်းရင်းသားနဲ့ဖြစ်တာ လူမျိုးမဖေါ်ပြနိုင်ပဲ မူဆလင်လူမျိုးသုံးဦး ဆိုတာဖြစ်သွားပါတယ်။ အဲဒီမှာ ပြည်မကမူဆလင်တွေ ကန့်ကွက်ကြတော့တာပါပဲ။ ပြည်မကမူဆလင် တချို့လည်း ရခိုင်ပြည်နယ်ထဲသွားပြီး ဒေါသရဲ့တုံ့ပြန်မူကိုခံစားသွားရတာလည်း ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ပြည်မကမူဆလင်အချို့ ဘင်္ဂလီများနဲ့ ဘာသာရေးစီးပွားရေးအဆက်အသွယ်ရှိနေပါတယ်။
ပြည်မကနေသူတွေသိထားတာက ပြည်မကအိန္ဒိယသွေးပါသူများဟာ ဘိုးဘွားဘီဘင်များ လက်ထက်က ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံသားတွေဆိုတာပါ။ ဘာသာကတော့ မူဆလင်ဟိန္ဒူစသဖြင့်။ ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီဆိုတာနဲ့ မူဆလင်ဘာသာတူတာကလွဲပြီး လူမျိုးမတူဘူးဆိုတာလောက်ပါပဲ။


 မောင်တောမှာ ကုလသမဂ္ဂဝန်ထမ်းဘင်္ဂလီလူမျိုးပါဝင်တဲ့ ဘင်္ဂလီအုပ်စုကြီးက ဒေသခံရခိုင်လူမျိုးတွေကို အကြမ်းဘက်တိုက်ခိုက်မူလုပ်ခဲ့ပါတယ်။ ဒီလို ရခိုင်လူမျိုးတွေ ရှေးကလည်းခံစားခဲ့ရဘူးပါတယ်။ အခုတော့ ရခိုင်လူမျိုးတွေကလည်း နေရာဒေသအနှံ့ တန်ပြန်ခဲ့ကြတာကြောင့် ရခိုင်-ဘင်္ဂလီအရေးအခင်းပေါ်ခဲ့တယ်။ အဲဒီမှာ ဇာတ်လမ်းစပါတယ်။ ဗုံးကိုယ်ထည်ထဲကို ပင်မယမ်းဖြည့်သွင်းပေးသူကတော့ ကုလသမဂ္ဂက လူ့အခွင့်အရေးတာဝန်ခံ မစ္စတာ ကင်တားနားပါပဲ။ သုတ်သီးသုတ်ပြာနဲ့ရောက်ချလာခဲ့တယ်။ တကမ္ဘာလုံး ကင်တားနား ဘာပြောမလဲစောင့်နားထောင်ခဲ့ကြတယ်။ ကင်တားနားဟာ ဘင်္ဂလီတွေဘက်က ရိုဟင်ဂျာမူဆလင်တွေက မတရားအလုပ်ခံခဲ့ကြရသယောင် ပြဿနာကိုလှည့်လိုက်တယ်။ 

သူ့ကို မောင်တောမှာ ဆန္ဒအပြခံ ခဲ့ရတာကိုလည်း နှစ်သက်ပုံမရသလို အငြိုးလည်းထားခဲ့ပုံရပါတယ်။ ကင်တားနားသတင်းစာရှင်းပြီးတာနဲ့ မူဆလင်နိုင်ငံတွေကလည်း ငါးရံ့ပြာလူးပြကြတော့တယ်။ အဲဒါကင်တားနားရဲ့ပင်မယမ်းထဲထည့်လိုက်တဲ့ စံနက်တံဖြစ်ပါတယ်။ မလေးရှား တူရကီ OIC တို့ လာရောက်လေ့လာမယ် ထောက်ပံ့မယ်တွေ ဖြစ်လာခဲ့တယ်။ ပြည်တွင်းပြည်ပက ဘင်္ဂလီ တွေကလည်း အဲဒီမှာ လူမျိုးရေးဘာသာရေးပုံစံပြောင်းပစ်လိုက်ကြတော့ပါပဲ။ ဒါတွေရဲ့တာဝန်ရှိသူနံပါတ် (၁)ဟာ မစ္စတာကင်တားနားပါပဲ။ အကြမ်းဖက်မူကိုစီစဉ်ညွန်ကြားခဲ့တဲ့သူက ကုလသမဂ္ဂ ဝန်ထမ်းဖြစ်နေတော့ မြန်မာပြည်ဥပဒေကို ဘေးဖယ်အမြန်လွှတ်ပါဆိုပြီး ရာဇသံတောင်ပေးခဲ့သေးတာပဲ။ 

အကယ်၍ကင်တားနားဟုတ်ပဲ အခြားသမာသမတ်ရှိတဲ့ပုဂ္ဂိုလ်(သို့)မစ္စတာနမ်ဗီးယားဆိုလျင် ပါးပါးနပ်နပ်ကိုင်တွယ်တတ်တာကြောင့် ဒီနေ့အခြေအနေထိမရောက်နိုင်ဘူးလို့ စာရေးသူတွေးထင်မိပါတယ်။ ဆက်ဆံရေးအရာရှိတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မူဟာအများကြီးစကားပြောပါတယ်။ ဒါတွေကိုပြည်မနေမြန်မာများ အားလုံးဒေါသ ဖြစ်ခဲ့ကြရပါတယ်။ အစိုးရကခြေမကိုင်မလက်မကိုင်မိဖြစ်နေချိန် OIC ဟာ မြန်မာပြည်သူ လူထုကလက်မခံတာကြောင့် တပ်ခေါက်သွားခဲ့ရပါတယ်။ ဒါတောင် ဆီလိုအပေါက်ရှာဝင်ရအောင် ချောင်းနေခဲ့ပါနေသးတယ်။ 

ဒီနေရာမှာအရှင်ဝီရသူဟာ တာဝန်သိသိနဲ့ဝင်ပါခဲ့ရပါတယ်။ အဲဒီမှာ သတင်းလောကနဲ့ မူဆလင်လောက က ဆရာတော်ကိုအကြီးအကျယ်အမျက်ထွက်လာပါပြီ။ ဆက်ပြီး မြန်မာပြည်သူတွေ မခံမရပ်နိုင်ဖြစ်စရာကတော့ ပြည်တွင်းနေအိန္ဒိယသွေးပါမူဆလင်များကပါ မူဆလင်ဆိုပြီးဘာသာရေးညာညှိလိုက်တာပါပဲ။ မြန်မာတွေက ဒီပြည်မနေမူဆလင်တွေဟာ ဘင်္ဂလီမဟုတ်ဘူး။ မြန်မာနိုင်ငံသားဖြစ်တာကြောင့် မြန်မာနိုင်ငံနဲ့လူမျိုးအပေါ်သစ္စာစောင့်သိမယ်လို့ ယုံကြည်ထားခဲ့ ကြပါတယ်။ အခု ပြည်မနေမူဆလင်ပြောရေးဆိုခွင့်ရှိသူ မူဆလင်ခေါင်းဆောင်ပိုင်းက ပြောတာဖြစ်တာမို့ အားလုံးကတော့ မူဆလင်အားလုံးရဲ့သဘောထားလိုပဲ မှတ်ယူကြရပါတယ်။ စုံစမ်းရေးကော်မရှင်မှာပါတဲ့ ပြည်မနေမူဆလင်ဘာသာဝင်ပုဂ္ဂိုလ်နှစ်ဦးကိုတောင် ဘာသာရေးမျက်နှာနဲ့ မမှန်မကန်လုပ်နေလို့ ထုတ်ပစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကိုမြအေးတဦးတည်းသာ လူမျိုးရေးဘာသာရေး အမြင်နဲ့မကြည့်ပဲ အမျိုးသားရေးအသွင်နဲ့ကြည့်ပြီးဆောင်ရွက်ဖို့ နိုင်ငံတော်ကာကွယ်ဖို့ ပြောခဲ့ပါတယ်။ 

ကြားထဲမှာအားဖြည့်ယမ်း ထည့်ပေးနေသူတွေကတော့ သတင်းဌာနတွေပါပဲ။ ဘင်္ဂလီပြဿနာမှာ ပြည်မနေမူဆလင်ပြောရေးဆိုခွင့် ရှိသူလို့ပြောရမယ့်သူတွေကို ထည့်ထည့်ပြီးဗျူးနေကြခြင်းပါပဲ။ အဲဒီသတင်းဌာနတွေဟာ မြန်မာပြည်သတင်းနဲ့ လုပ်စားနေကြရတာကြောင့် မြန်မာပြည်သတင်းအေးနေရင် နေမထိထိုင်မထိ ဖြစ်နေကြရပြီး
 မြန်မာပြည်မှာယခုလို လှုပ်လှုပ်ရွရွဖြစ်မှ ဝမ်းသာကြရတဲ့သူတွေပါ။ အဲဒီဗုံးကို တပ်ဆင်ပေးခြင်းပါပဲ။ အရှင်ဝီရသူကိုလည်း သတင်းတင်ရဖို့အရေးအပြေးအလွှား ဦးခိုက်ကြရပါသေးတယ်။ ဆရာတော်ကိုလည်း လိုင်းပေါ်ဆွဲတင်နေတယ်ပြောချင်ရင်လည်း မမှားပါဘူး။ ဆရာတော်အနေနဲကတော့ ပုံမှန်အလုပ်လုပ်နေခဲ့တာပါ။ စာရေးမယ် ကာကွယ်ရေး သတိရှိရေးဟောမယ် တရားအလုပ်လုပ်မယ်။ ၉၆၉ ဆိုတာလည်း သာသနာကိုကာကွယ်စောင့်ရှောက်ဖို့ပါ။ 

မူဆလင်နိုင်ငံတွေ မြန်မာနိုင်ငံကိုချောင်းမြောင်းနေ ပြီဆိုတာ နားလည်ပြီး၊ ယခင်နဲ့ယခုဆရာတော့်ဆိင်္မှာရောက်ရှိဖြေရှင်းနေရတဲ့ မူဆလင်ဘာသာဝင်အချို့ မူခင်းပြဿနာတွေကြောင့် စိုးရိမ်ကြောင့်ကြမူရှိတော်မူတဲ့အတွက် ၉၆၉ တရားဟောပါတယ်။ ဒါပေမယ့် ၉၆၉ ဟာ ဆရာတော် အရှင်ဝီရသူတည်ထွင်တာမဟုတ်ပါဘူး။ စတင်တာကြာပြီဖြစ်သလို ဘာသာရေးအထိမ်းအမှတ်တခုပါ။ ဒါကို သတင်းဌာနတွေက လေဖမ်းဒါန်းစီးပြီးဆရာတော်က စတင်သယောင် လှုံ့ဆော်သယောင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး လေသံပစ်လာခဲ့ပါတယ်။ ဒီအထိ မူဆလင်နဲ့ဗုဒ္ဓဘာသာ ဘာပြဿနာမှ မရှိသေးပါဘူး။ဗုံးရဲ့ပင်ကိုဖြုတ်ပေးလိုက်တာကတော့မူဆလင်အချို့ ကိုယ်တိုင်ပါပဲ။

မိတ္ထီလာဈေးမူဆလင်ပိုင်ရွှေဆိုင်တခုမှာ ရွှေလာရောင်းတဲ့မြန်မာတွေကို ဝိုင်းရိုက်ရာကစတာပါ။ နောက်တခုကလည်း ဆွမ်းခံကိုရင်ကလေးကို မူဆလင်အမျိုးသမီးတိုက်မိပြီး သပိတ်ကျကွဲသွားတာကို ချေငံပြေလည်စွာမပြောပဲ စကားကိုရိုင်းစိုင်းစွာစတင်ရာက တုံ့ပြန်မူဖြစ်လာရတာပါ။ လားရှိုးဖြစ်စဉ် မှာလည်း မူဆလင်အမျိုးသားတဦးက မြန်မာအမျိုးသမီးကိုဓါတ်ဆီလောင်းမီးရှို့ရာက စတင်တာပါ။ 


ဘယ်မှာလည်း မြန်မာဗုဒ္ဓဘာသာဝင်တွေက မူဆလင်တဦးတယောက်ကိုစတင်စော်ကားရိုက်နှက်တာ။ ဆရာတော်ဦးဝီရသူအနေနဲ့ ဖြစ်ပွားတဲ့နေရာတွေမှာလိုက်ပြီးကူညီပေးခဲ့တာပါ။ သတင်းဌာနတွေက အတင်းဗျူးပြီး ဆရာတော်ကိုသွေးထိုးပေးနေသယောင် သံသယဖြစ်အောင်တင်ဆက်ခဲ့ကြပါတယ်။ အချို့ ဆရာတော်အပေါ် အမြင်စောင်းစပြုလာပါပြီး။ ငြိမ်းချမ်းရေးအတွက် မူဆလင်တွေလည်း ဆရာတော်ဦးဝီရသူနဲ့ပဲ တွေ့ဆုံဆွေးနွေးနေတာတွေကလည်း ဆရာတော်ရဲ့လှုံ့ဆော်မူကြောင့်ဆိုတာမျိုး ဖြစ်စေခဲ့ပါတယ်။ 

အဲဒီအချိန်မှာ မြန်မာဗုဒ္ဓဘာသာဝင်ပညာယှိကြီးများ ဆရာတော်ကိုအရိုသေတန်အောင် ရေးသားလှုံ့ဆော်နေခဲ့ပြီဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ပဲ ဗုဒ္ဓဘာသာကိုအကြမ်းဘက် ဘာသာတခုအဖြစ် မြင်တော့မယ် ဆရာတော်ဘင်လာဒင်ဖြစ်တော့မယ်ဆိုတဲ့ ရှေးပြေးနိမိတ်တွေပြခဲ့တာ ဒီရေးသူတွေပါပဲ။ ဆရာတော်က သူ့အလုပ်သူကောင်းစွာ လုပ်ကိုင်နေခဲ့တာပါပဲ။ ဘာမှပိုထူးပြီး လုပ်နေတာမဟုတ်ပါဘူး။
နောက်ဆုံးတော့ ယခု မျိုးစောင့်ဥပဒေဆိုတဲ့စာတမ်းကို ဘာသာသာသနာကာကွယ်ရေးနဲ့ ပါတ်သက်နေတဲ့အတွက် ဆွေးနွေးနေတာကိုသတင်းသမားများက ဖွလိုက်ပြန်ပါတယ်။ အမျိုးသမီးတဦးကို သတင်းလုပ်နိုင်ရေးအတွက်ဗျူးခဲ့ပြီး အမျိုးသမီးကလည်းစာတမ်းမမြင်ဘူးသေးဘူး ကန့်ကွက်ပါတယ် ဆိုတာကို အမျိုးသမီးအဖွဲ့ဆိုပြီး ပုံကြီးထပ်ချဲ့ပါတယ်။ အမှန်က မြန်မာအမျိုးသမီးတယောက်အနေနှဲု့ ဆရာတော်သံဃာတော်များကို သွားရောက်ပြီးလျောက်ထားစုံစမ်းတာ အရင်လုပ်သင့်ပါလျက် စားပွဲဝိုင်း ထိုင်ပြီးဆွေးနွေးပွဲလုပ် သတင်းထုတ်ပြန်နဲ့လုပ်နေတာဟာလည်း မရိုးသားပါဘူး။


 တနေ့ကလည်း နာမည်ကြီး BBC က မွတ်ဆလင် ဆန့်ကျင်ရေး ဟောပြောလှုပ်ရှားမှုတွေကြောင့် ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်စေသလား ဆိုပြီး ဆွေးနွေးဖလှယ်လုပ်ပါတယ်။ ခေါင်းစဉ်ကိုက ဦးဆောင်မေးခွန်းပေးပြီးသားပါ။ မူဆလင်ဘာသာမှ မဟုတ်ဘူး ဘယ်ဘာသာတရားကိုမဆို ဆန့်ကျင်ရေး ဟောပြောလှုပ်ရှားတာ မကောင်းမှန်းကလေးပင်သိပါတယ်။ သူပြောစေချင်တာက ဒါပါပဲ။ တကယ်ကတော့ မြန်မာပြည်တွင်း ဖြစ်နေတာဟာ မူဆလင်ဆန့်ကျင်ရေးမဟုတ်ဘူး။ ဘင်္ဂလီရဲ့လှည့်ကွက်ထဲဝင်သွား ကြတာပါပဲ။ ဘာသာသာသနာကာကွယ်ရေး ပုံမှန်ဟောပြောမူလုပ်တာဟာ မူဆလင်ဆန့်ကျင်ရေးနဲ့ ကွာခြားလှပါတယ်။ ဒါဟာလည်း တင်ပြခဲ့ပြီးတဲ့နောက်ခံအကြောင်းတွေကြောင့် ဖြစ်လာရတဲ့အကျိုးပါပဲ။ 

ဘာသာရေးတွေအတူတကွ အေးအေးချမ်းချမ်းနေထိုင်ခြင်းကိုတော့ စာရှည်မှာစိုး၍မဆွေးနွေးတော့ပါဘူး။
အချုပ်အားဖြင့်ဆိုသော် မြန်မာတိုင်းရင်းသားတို့သည်အချင်းချင်း ပြဿနာအတန်အသင့်ရှိကြ သော်လည်း သူတို့ချင်းကွဲနေပြီ တို့အနေချောင်တယ် အချောင်နှိုက်မယ်ဆိုပြီးဝင်လာလို့မရဘူးဆိုတာကို သူတို့တတွေသဘောမပေါက်ကြပါဘူး။ လက်သဲထိရင်လက်ထိပ်နာပါတယ်။ ထပ်တူခံစားကြရပါတယ်။ မဆလခေတ်ကို ဘယ်လိုပင်အပြစ်ပြောစရာရှိပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့တိုင်းရင်းသားများဆိုတာကို ငယ်စဉ်ကျောင်းနေစဉ်ကပင် နားလည်အောင် သင်ကြားပေးထားပြီး ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတို့နဲ့အတူ ပြည်မနေပြည်သူအားလုံး နားလည်ခံစားတတ်ကြပါတယ်။ 


ဆရာတော်သံဃာတော်များကပင် အေးအေးလူလူနေထိုင်နိုင်ခြင်းမရှိပါဘူး။ အရှင်ဝီရသူလည်းတပါး အပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ ဆရာတော်ဦးဝီရသူဟာ အကြမ်းဘက်ဖို့တိုက်တွန်းနှိုးဆော်တာ တခုမှ မလုပ်ခဲ့မပြောခဲ့ဘူးပါဘူး။ သူလုပ်ရမယ့်အမူကိစ္စအရပ်ရပ်ကိုသာ ပုံမှန်လုပ်ကိုင်နေတာဖြစ်ပါတယ်။ TIME က အမျိုးသမီးကသာ ဆရာတော်ကိုအမေးတခြားအခြေတခြားနဲ့ တပါတ်ရိုက်ခဲ့ပါတယ်။ ယခု မျိုးစောင့်ဥပဒေကိစ္စမှာ ဆရာတော်ကိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး အပြစ်တွေတင် လူ့အခွင့်အရေးတွေ ပြော ဝိုင်းဝန်းအပုတ်ချနေကြတာဟာ သူ့အတွက်မကောင်းရေးဖို့ ဂွင်တဲ့သွားခဲ့တာပါ။ သူရေးသလို အဖြစ်မှန်ကတခြားဆိုတာကိုလည်း သူမသိနေပါတယ်။ သူတပါးကိုလိမ်လို့ရပေမယ့် သူမကိုသူမ လိမ်လို့ မရပါဘူး။ စေတနာအကျိုးပေးပါလိမ့်မယ်။ 

သူမရဲ့ရည်ရွယ်ချက်တခုကို တချိန်ချိန်မှာတော့ မြန်မာပြည်သူတွေ မလွဲမသွေတွေ့ကြရမှာပါ။ ဆရာတော်အရှင်ဝီရသူကတော့ အကြမ်းဘက်သမားမဟုတ်တဲ့ ဗုဒ္ဓရဲ့သားတော် သံဃာတပါးစစ်စစ်သာ ဖြစ်ပါတယ်။ အရောင်မဆိုးကြဖို့ ပန်ကြားလိုပါတယ်။ ဆရာတော်အရှင်ဝီရသူ သူ့အလုပ်သူပုံမှန်လုပ်နေ ပါလိမ့်မယ်။
                                                 ကျော်ကျော်ခိုင်

"ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ မျိုးစောင့်ဥပဒေဆိုသည်ကို မသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော"..

"ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ မျိုးစောင့်ဥပဒေဆိုသည်ကို မသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော"

နေပြည်တော်၊ဇွန် ၂၅

လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

“အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်ဆဲ ဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ ”ဟု ၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြားရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း ကပြောသည်။

“ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ဘာသာတရားဆိုတာကတော့ အခြေခံ ကတော့လူ
သားတွေကြားမှာ အချင်းချင်း မေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ ပွားဖို့ ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ
အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင် အားလုံးက ၀ိုင်းဝန်ကြိုးပမ်းဖို့ လိုတာပေါ့”
ဟု ၎င်း ကပြောသည်။

ဘာသာ တရားကိုးကွယ်ခြင်းမှာ့  ယုံကြည် မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့်ဘာသာတရားကို လိုက်စားသည့်သူ အားလုံးကယုံကြည်မှုခိုင်မာလျှင်မည်သည်အရာနှင့်မျှလုပ်လို့ မှမရပါကြောင်း ၎င်း က ဘာသာရေး အပေါ် ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီး ပြောကြားသည်။

“ဒါတွေနဲ့ ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူး
အခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆိုတာ အားလုံသိနေတာပဲ မီဒီယာတွေမှာ ဖြစိပျက်နေတာအားလုံးကြားမှာပါ
အရင်တုန်းက အန်တီတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊အခုအန်တီတို့ တိုင်းပြည်မှည ဖြစ်ပျက်နေတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေတယ်
ဒီဟာကို ချိန်ခွင် လျှာညီးမျှ အောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်က ကိုယ်ပြည်သူတွေရဲ့စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကို စဉ်စားရမယ် ကွက်ပြီးတော့ စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်”ဟု ၎င်း ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခများ သည် တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှု မြန်ဆန်ကြောင်း ဆက်လက်ဖြစ်ပွားမှု မရှိရန် ၀ိုင်းဝန် အဖြေရှာရန် လို အပ်ကြောင်း ၎င်း ကပြောသည်။

စိုင်းနောင်
ပေါ်ပြူလာဂျာနယ်

May , 29, 2013ထုတ် Right Time ဂျာနယ်ရဲ့ အမှား(၂)ခု

ဒီမိုဝေယံသို့ ပေးစာ..
May , 29, 2013ထုတ် Right Time ဂျာနယ်ရဲ့ အမှား(၂)ခု

ဝေဖန်ရပါတော့မယ်။  မရေးခင်  သေသေချာချာ စုံစမ်းပြီးမှ ရေးသင့်တဲ့ကိစ္စပါ။ Right Time ဂျာနယ်...Wed; May , 29, 2013 ဂျာနယ်  စာ- ၃ မှာ ( သတင်းသုံးသပ်ချက် ) မှာ ရန်ကုန်-မန်း  လမ်းမကြီးကိစ္စ ရေးထားတာ အလွဲ(ကြီး) ၂-ခု။

တစ်က အပိုဒ်-၅ - ။  ၁၉၆၂-ခုနှစ်တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးကာလ  လို့ ရေးထားပါတယ်။  တကယ်တော့ အာဏာမသိမ်းခင်  ပါလီမန်ခေတ်က  ပရောဂျက်ပါ။  အင်္ဂလိပ်လို ဘယ်လိုပေါင်းတယ်တော့  မသိဘူး။  (လူဝီ ဘာဂါ) ပရောဂျက်လို့ ခေါ်တယ်။  လူဝီ ဘာဂါ - ကရေးဆွဲတာလို့ သိထားပါတယ်..။  ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ  မြေပုံကြီးတွေ  Blue  prints တွေ ယခုအထိရှိနေပါသေးတယ်။

 ဒီလိုဘဲ နောက်စီမံကိန်းတခုဖြစ်တဲ့ သမိုင်း(လှိုင်တက္ကသိုလ်) ကမူလက  (ပြည်စောင့်ရဲဌာနချုပ်) နေရာပါ။  တက္ကသိုလ်အတွက်   စစ်တပ်ကဖယ်ပေးတယ်။  န.အ.ဖ လက်ထက်   အဲဒီနေရာက ကန်ထုတ်ပြီး  သူတို့ ယူတယ်။ မောင်ဝိတ်  မလုပ်ကောင်းတာ  လုပ်မိတော့  ထောင်ကျတယ်။

ပညာမျက်စေ့ မရှိတာပြတာဘဲ။  အသိအမြင်  ဘယ်လောက်ကျယ်တယ်  လက်တွေ့ ပြလိုက်တာဘဲ။  ဒီလိုအသိနဲ့  အနစ်-၂ဝ-ကျော်အု်ပချုပ်ခဲ့တာ  တိုင်းပြည်ဒီထက်ပိုမပျက်သွားတာတောင်  ကျေးဇူးတင်ကြရဦးမယ်။  အဲဒီလောက်တုံးတဲ့သူတွေ။ လှိုင်တက္ကသိုလ်ထဲ့က ဧရာမ ကွန်ကရိ ဖေါင်ဒေးရှင်းတွေကို ကြည့်ရင်  ဘယ်လောက် ကြီးကျယ်မယ်။  ဘယ်လောက်သားနားမယ်ဆိုတာ  ခန့် မှန်းနိုင်ပါတယ်။

အာဏာသိမ်းလို့ ရပ်လို်က်ရတာပါ။  လူဝီဘာဂါ  လဲ အာဏာသိမ်းလို့ ရပ်လိုက်တာပါ။  ဒါကို  နေဝင်းတို့ က  အမေရိကန်က  ကမ်းလှမ်းတယ်။  လေယာဉ်ဆင်းဖို့  စီမံချက်ပါနေလို့ လက်မခံတာဆိုပြီး    ပြည်တွင်းမှာ   အောက်လမ်းနည်းနဲ့ ကောလဟာလ  ဘဲထုတ်ရဲတာပါ။   တရားဝင်ဘယ်ပြောရဲမှာလဲ။  မသိသူတွေကို  ရွှီးတာ။

ဥပမာ လူငယ်တွေကြား  ကောင်လေးက  ကောင်မလေးကို  ပိုးတယ်။  မရတော့  အရှက်ပြေရွှီးတာနဲ့   တစ်ထေရာထဲဘဲ။  နေဝင်းကတော့ ရွှီးမှာဘဲ။  သူ့ ကိုယ်သူ ကာကွယ်တာလေ။  အင်္ဂလိပ်လိုတော့  The  grapes  are sour။  သတင်းသမားက  အသိဘယ်လောက်  မများဘူး ဖြစ်သွားပြီ။

နံပါတ်(၂)  အမှားကတော့  နိုင်ငံရေးအသိ  VOID ပြလိုက်တာဘဲ။  ၇- အပိုဒ်-  ယင်းသို့ ငြင်းဆန်ခဲ့ခြင်းမှာ  (၎င်းတို့ အားကိုးနေသည့် တရုတ်)  တစ်စက်မှ  အားမကိုးပါဘူး။  ထိုခေတ် ထိုအခါကရန်သူပါ။  နေဝင်း-စန်းယု  စစ်အာဏာရှင်လူတစ်စု ဆိုပြီး ပီကင်းသတင်းဋ္ဌာနကနေ  တတွင်တွင် အော်ဆဲနေတာပါ။  အားတော့မကိုးဘူး။  တရုတ်က အဲဒီလမ်းဖေါက်ရင်   သူပုန်တွေဘက်က  ဝင်တိုက်မယ်ကြိမ်းဝါးနေတာပါ။

တရုတ်က  ၈၈၈၈ - ဖြစ်ခါနီး  သူ့ နိုင်ငံဘေးမှာ  ဒီမိုကရေစီနိုင်ငံပေါ်လာမှာကို  လုံးဝ  လက်မခံနိုင်တော့  ၁၉၈၈- ဂျူလိုင်လကုန်မှာ  ရေးကြီးတက်သုတ်  လက်နက်တွေ အကြွေးပေးပါမယ်  လောဂွတ်ချော၊  တက်သုတ်ရီုက်ပြီး  နယ်စပ်ကုန်သွယ်ရေး လက်မှတ် ထိုးခဲတ့ာတာပါ။  ပထမဆုံး  ကုန်သွယ်ခဲ့တဲ့ ကုန်ပစ္စည်းတွေက  စစ်ကားတွေနဲ့   သေနတ်တွေ  ကျည်ဆံတွေပါဘဲ။  အင်မတန် မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ ကုန်သွယ်ရေးပါ။  ပြီးပထမဆုံး  ထရိတ်ဒင်းကိုက  ခရဲဒစ်   အကြွေး။  ကောင်းကြသေးလား အရပ်ကတို့ ။  ဝယ်တာက  ကိုယ်ြ့ပည်သူကိုသတ်ဖို့။

ကနေ့ လဲ  လူသေစေတဲ့  ဆေးဝါးတွေ  အစားအသောက်တွေ  ဝင်နေတာပါဘဲ။  အမင်္ဂလာနဲ့ စခဲ့တာ  တစ်လျှောက်လုံး  ဒီလိုဘဲနေပါတော့မယ်။  ပြည်သူတွေအာလုံး ကလေးတွေ  ပြောမရလို့ ရှိရင်  သေစေချင်ရင်  စိန်တိုက်မနေနဲ့    တရုတ်မုန့် တွေသာ  များများဝယ်ကျွေး  လို်က်ြက။

ဒါကြောင့်လဲ ..၁၉၈၉ - မေလမှာ တိန်ယီမင် တရုတ် ကျောင်းသား အုံကြွမှုကြီးကြုံရပြီး  ဇွန်-၄-ရက် မှာ ကျောင်းသားတွေ သူတို့ ကိုယ်တိုင် သတ်ရတော့တာပါဘဲ။

  နောင်ဒီလိုတစ်လွှဲတွေ အမှုမဲ့အမှတ်မဲ့  မရေးမိအောင်  သတိပေးလို်က်တာပါ။

နှောင်းလူတွေ အမှားကို အမှန်လို့ မထင်ရအောင် ဒီမိုဝေယံမှ တဆင့်တင်ပြပေးဖို့ တောင်းဆိုပါတယ်...။

အမှန်ဖြစ်စေချင်သူ..


နယုန်လပြည့်နေ့က သီတဂူဗုဒ္ဒတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ်

နယုန်လပြည့်နေ့ မှာ သီတဂူဗုဒ္ဒတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ်


ဒီနေ့ နယုန်လပြည့်နေ့ မှာ သီတဂူဗုဒ္ဒတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ်

ဒဂုံမြို့သစ်မြောက်ပိုင် ဘေလီတံတားအဆင်းမှာ တည်ရှိတဲ့ သီတဂူဗုဒ္ဒတက္ကသိုလ်မှာ ဆရာတော်ဘုရားကြီးက မဟာသမယ သုတ် တရားတော်ကို ည၇း၀၀နာရီမှ စတင်ပြီး ၉း၀၀ အထိ ၂နာရီကြာမြင့်အောင် ဟောကြားတော်မူခဲ့ပါတယ်

ဆရာတော်ဘုရားကြီးက ပါဠိ တွေနဲ့ ဟောကြားပြီး အနက် အဓိပ္ပါယ်ပြန်ဆိုဟောကြားတော်
မူခဲ့တာပ

အနှစ်ချုပ်ကို တင်ပြရမယ်ဆိုရင်

အုံးသျှစ်ပင်အောက်မှာ အစာစားနေတဲ့ ယုန်လးတစ်ကောင်က အစာစားနေရင်း သူတွေးနေတာက ကမ္ကာကြီးသာပြိုကျခဲ့ရင် သတ္တဝါတွေ ဒုတ္ခရောက်ကုန်တော့မယ် ဆိုတဲ့ အတွေးတွေးနေတုံး ယုတ်တရက် သူ့ဘေးကို အုံးသျှစ်သီး ကြွေကျလာတာကို သူမသိလိုက်ပဲ အုံးကနဲဆိုတဲ့ အသံကြီးကြားလိုက်တော့ ကမ္ဘာကြီးပျက်ပြီအထင်နှင့် မြေပြိုပြီ မြေပြိုပြီလို့ အော်ပြီးထွက်ပြေးတယ် သူ့နားမှာရှိတဲ့ ယုန်တွေလဲ လန့်ပြီး အော်ပြေးကြတယ် ယုန်တွေ အော်ပြီးပြေးနေတော့ ဆိတ်အုပ် လဲပြေးကြတယ် နွားအုပ်ကမြင်တော့ မေးတယ် ဘာဖြစ်လို့လဲဆိုတော့ ဆိပ်အုပ်ပြန်ဖြေတယ် မြေပြိုနေပြီ အမြန်ပြေးမှ လွတ်မယ်ဆိုတော့ နွားအုပ်လဲ ပြေးကြတာပေါ့ တခါ ဆင်အုပ်လဲ ဒီအတိုင်းပဲ ပြေးကြနဲ့ မြစ်ကမ်းနှဖူးနားရောက်လာကြ
ပီ။
 
အဲဒီမှာ လှိုင်းတွေ ထလေတော့ ဆက်မပြေးနိုင်တော့ဘူး နောက်ကိုလဲ ပြန်မလှည့်ချင်တော့ဘူး ဘယ်ကိုသွားရမှန်း မသိတဲ့ကာလမှာ တောင်ကုန်းပေါ်မှာရှိနေတဲ့ ဘုရားလောင်း ခြင်္သေမင်းက အသံကျယ်ကြီးနဲ့ ဟိန်းလိုက်ပါလေရော အဲဒီမှာ ပြေလာကျတဲ့ တိရိစ္ဆာန်အုပ်တွေကပိုပြီး ကြောက်လန့် ကုန်ကြတယ်
ခြင်္သေ့မင်းကဆင်းလာပြီး ဘာဖြစ်ကြတာလဲ ဆင်တွေကို မေးတယ် မြေပြိုလို့ ထွက်ပြေးလာတာပါတဲ့ မင်းမြင်လား ဘယ်မှာပြိုတာလဲ ဆိုတော့ နွားတွေ ပြောတာတဲ့ အဲဒီတော့ နွားတွေကို မေးတယ် မိသိဘူး ဆိပ်တွေ ပြောလို့ပါတဲ့ ဆိတ်တွေကို မေးတော့လဲ မမြင်ပါဘူး ယုန်တွေ ပြောတာတဲ့ အဲဒါနဲ့ ဘုရားအလောင်း ခြင်္သေ့မင်းကလည်း ယုန်တွေကို မေးတယ် ဘယ်မှာဖြစ်တာလဲ မင်းတို့မြင်းလားမေးတော့ ယုန်အုပ်အထဲက ယုန်တစ်ကောင်က ပြန်ဖြေတယ် အုံးသျှစ်ပင်အောက်မှာပါတဲ့ ကဲအဲဒါဆိုရင် ငါ့ကို လိုက်ပြပါလို့ ပြောတော့ လိုက်မပြရဲပါဘူး မြေပြိုနေတာကို ကျွန်ုပ်ကိုယ်တိုင် ကြားခဲ့ရတာပါတဲ့ အဲဒါနဲ့ ဘုရားလောင်းက မကြောက်ပါနဲ့ကွာ မင်းငါ့ရဲ့ကျောကုန်းပေါ်ကလို
က် ဖြစ်ရင်ငါပဲဖြစ်မယ်။
 မင်းဘာမှမဖြစ်စေရဘူး ဆိုပြီး လိုက်ပြခိုင်းတယ် နေရာကိုရောက်တော့ မေးတယ် ဘယ်မှာ ပြိုတာလဲမေးတော့ အဲဒီအုံးသျှစ်ပင်အောက်မှာတဲ့ ဘုရားအလောင်း လိုက်ကြည့်တော့ ဘာမှထူးခြားမှုမတွေ့ဘူး အဲဒါနဲ့ ပြန်မေးတယ် အဲဒီအချိန်မှာ မင်းကဘယ်မှာရှိနေသလဲ မေးတော့ ကျွနိုပ် အုံးသျှစ်ပင်အောက်က ထန်းပင်လေးရဲ့ ထန်းလက်အောက်မှာ အစာစားနေရင်း တွေးနေတာက ကမ္ဘာကြီးသာ ပြိုသွားခဲ့ရင် ဒုတ္ခတွေရောက်ကုန်တော့မယ်ဆိုတဲ့ အတွေးကို တွေးနေရင်း ဝုန်းကနဲဆိုတဲ့ အသံကြီးကြားလိုက်တော့ လန့်ပြီး အော်ပြေးခဲ့တာပါတဲ့ ဘုရားလောင်းလဲ ထန်းပင်ငယ်ရဲ့ ထန်းရွက်ဘေးကို ကြည့်လိုက်တော့ အုံးသျှစ်သီးတစ်လုံးကြွေကျနေတာကို သိလိုက်ရတယ်တဲ့

ဆရာတော်ကြီး က ပထဝီတုန်ဒိယ ဇာတ်တော်ကို ဟောကြားပြီး ဒီနေ့ခေတ်လူတွေလဲ ဒီလိုပါပဲ ကိုယ်ကိုတိုင် မ မြင်ရမတွေ့ရပါပဲနှင့် ကောလဟာလတွေကြောင့် သေကျေပျက်စီးရတဲ့ကိန်းတွေဆိ
ုက်နေရတယ် ဆိုတာကို တရားအသားပေးပြီး ဟောကြားခဲ့ပါတယ်

ဆရာတော်ကြီး ဒီနေ့ ဟောကြားခဲ့တာ ဇာတ်တော် ၅ ခုနဲ့ သုသာန် တစ်ခုဟောကြားခဲ့ပါတယ်

အခြားဇာတ်တော်တွေနဲ့ သုသာန်ကိုတော့ အကျယ် မပြောတော့ပါဘူး

ဘီလုံးငှက်နှင့် စွန် တို့ပါဝင်တဲ့ ဇာတ်တော်မှာတော့ အင်အားငယ်တဲ့ ဘီလုံးငှက်အင်အားကြီးတဲ့ စွန်ကို စိတ်ဆိုးအောင် ဆွပေးရင်း စွန်က ဒေါ်သတွေထွက်ကာ အသက်ဆုံးရှုံးခဲ့ရပုံကို ဟောကြားပါတယ် အင်အားငယ်သူကို အထင်မသေးဖို့ အင်အားငယ်ပေမယ့်လဲ ဥာဏ်ပညာကြီးမားရင် အင်အားကြီးသူကို အနိုင်ရပုံကို ဟောကြားပါတယ် စွန်ကဲ့သို့ ငါကအင်အားကြီးသူ ဒီကောင်ကို ဂရုမစိုက်ဘူးဆိုပြီး ဒေါ်သတွေကို ရှေ့မှာထားပြီး မစဉ်းစားမဆင်ခြင်ခဲ့လို့ အသက်ပါသွားပုံနဲ့ TIME မှာရေးထားတာကိုလဲ ဒေါသနဲ့ မတုံ့ပြန်ဖို့ ဟောကြားပါတယ်

နောက်တပုဒ်ကတော့

သစ်ပင်တပင်အောက်မှာ အိပ်နေတဲ့ ဝက်ဝံ အပေါ်ကို သစ်ကိုင်းခြောက်တစ်ခု ပြုတ်ကျခဲ့သည့်အတွက် ဝက်ဝံက ဒေါ်သအလွန်ထွက်ပြီး စိတ်ဆိုးလွန်းလို့ တွေးလိုက်တာက ငါဒီအပင်အောက်မှာ အိပ်နေတာကို ဒီအပင်မှာရှိနေတဲ့ ရုတ္ခစိုးက မနာလိုလို့ ငါ့ကို ဒီလိုလုပ်တယ်ဆိုပြီး အပင်ကိုလှဲတယ်သူ့အားနဲ့မရတေ
ာ့ သစ်ခုတ်သမားတွေခေါ်ပြီး လှဲခိုင်းတယ် သစ်ခုတ်သမားတွေကလဲ လှည်းလုပ်ဖို့ သစ်ခုတ်ဖို့ လာတာ ဆိုတော့ အပင်ကိုလှဲ လိုက်တယ် အဲဒီတော့ ဝက်ဝံလဲအိပ်စရာမရှိတော့ ရုတ္ခစိုးလဲနေစရာ နေရာမရှိတဲ့ အဖြစ် ဆိုက်ရော ဝက်ဝံကလည်းခြုံပုတ်ထဲဝင်အိပ်နေခိုက် ရုတ္ခစိုးက ပြန်ပြီး ကလဲ့စားချေဖို့ ကြံနေရင်း သစ်ခုတ်သမားတွေက သစ်တွေသယ်ဖို့ အလာမှာ မေးလိုက်တယ် ဒီသစ်တွေကို ဘာလုပ်မလဲ မေးတော့ လှည်းလုပ်ဖို့ ခုတ်တာပါပေါ့ အဲဒီတော့ ရုတ္ခစိုးကပြန်ပြောတယ် လှည်းလုပ်မယ်ဆိုရင် သစ်တော့ရသွားပြီ အခင်းတွေ ဘေးကာတွေအတွက် သားရေနဲ့ လုပ်ရင်ကောင်းမယ် လို့ ပြောတော့ သစ်ခုတ်သမားတွေကလည်း ဒါဆိုရင် ဘာသရေနဲ့ လုပ်ရင်ကောင်းမလဲ ဆိုတော့ ဝက်ဝံသရေက အကောင်းဆုံး ဆိုပြီး ဝက်ဝံအိပ်နေတဲ့ ခြုံပုတ်ထဲကို လှမ်းပြလိုက်တော့ သစ်ခုတ်သမားတွေက ဝက်ဝံကို သတ် အရည်ခွံစုတ်ပြီး ပြန်သွားကြတယ်တဲ့

ဆရာတော်ကြီးဆက်လက်ဟောကြားတာ
က အရိပ်နေအခက်ချိုးသည့် လုပ်ရပ်တွေကို မလုပ်ကြပါနှင့် ကိုယ်မှီခိုရတဲ့ နေရာကို မစော်ကားပါနှင့် ဝက်ဝံသည် ဧည့်သည်ဖြစ်သည် သစ်ပင်သည် သူ့နေရာမှာ သူပေါက်ရောက်နေတာ
ဖြစ်သည် အပင်အောက်မှာလဲလာအိပ်သေးတယ်
အပင်ကို ပြန်ပြီး ပြသနာရှာတော့ အပင်လဲသေ ဝက်ဝံလဲသေရသည့် ကိန်းဆိုက်သွားပြီးနောက်ဆုံးမှာ သစ်ခုတ်သမားပဲ အမြတ်ထွက်သွားပုံကို ဥပမာအနေနဲ့ ယူပြီး နေတတ် ထိုင်တတ်ကြဖို့ မိန့်ကြားပါတယ်

နောက်တစ်ပုဒ်က အတ္တဒန္တ
သုတ္တန်ပါ

ကိုယ့်ကို ကိုယ် ပြန်လည်စမ်းစစ်ဖို့ ဖြစ်ပါတယ် ကိုယ်ကျင့်တဲ့တရားက ကိုယ်ထံပြန်လာပါတယ်တဲ့ ကိုယ်ပဲခံစားရမှာပါတဲ့ ကိုယ့်အမှုကြောင့် ကိုယ့်မှာဘေးဖြစ်လာရင် ကိုယ်သာခံစားရမည် သည့်အတွက်ကြောင့် တရားတည်းဟူသော တောင်ဝှေးကို ကိုင်စွဲကြရမည်လို့ ဟောကြားပါတယ်

နောက်တစ်ပုဒ်က
အင်အားနည်းတဲ့ သူတွေကို အထင်မသေးဖို့ နွားထွန်တုံးတွေရဲ့ အောက်မှာ နေထိုင်တတ်တဲ့ ဘီလုံးငှက်နဲ့ အင်အားကြီးတဲ့ ဆင်အကြောင်းဟောကြားပါတယ်

ဘီလုံးငှက်မက ဆင်ကြီးလမ်းရှောက်လာတော့ လက်အုပ်ချီပြီး ဆင်ကြီးထံ အသနားခံတယ် ဆင်ကြီးအနေနဲ့ လမ်းသွားရင် အဲဒီနေရာလေးတွေကို ရှောင်ပြီး သွားပေးပါ အဲဒီမှာ ကျွန်မရဲ့ကလေးတွေရှိနေလို့ပ
ါဆိုတော့ ဆင်ကြီးက ပြန်ပြောတယ် ငါ့လမ်းငါရှောက်တာ ဘာဖြစ်လဲဆိုပြီး သွားတော့ ဘီလုံးငှက်ကလေးတွေ သေကြေကြတယ် အဲဒီအခါမှာ ဘီလုံးငှက်မက ဆင်ကြီးကို ကလဲ့စားချေဖို့ ကျီးကန်းဆီကအကူအညီတောင်းတယ် ကျီးကန်းကလည်း ဘာအကူအညီပေးရမလဲပြောတော့ ဆင်ကြီးရဲ့ မျက်လုံးနှစ်ဖက်ကို သင့်ရဲ့နှုတ်သီးနဲ့ ထိုးဖောက်ပေးပါဆိုတော့ ကျီးကန်းလဲ ဆင်ကြီးရဲ့ မျက်လုံးတွေ ကိုထိုးဖေါက်ပစ်လိုက်တယ်။
 
 ဆင်ကြီးမျက်လုံးတွေကန်းသွားပြီပေါ့ အဲဒီအခါမှာ ဘီလုံးငှက်က ယင်ကောင်တွေကို အကူအညီထပ်တောင်းတယ် ယင်ကောင်တွေကလဲ ဘာကူညီရမလဲပေါ့ ဆင်ကြီးရဲ့ ကန်းသွားတဲ့ မျက်လုံးနေရာတွေကို အသင်တို့ ဝိုင်းကိုက်ပေးပါဆိုတော့ ဝိုင်းကိုက်ကြပါလေရော ဆင်ကြီး ဝလုံးသုံးပါးဖြစ်နေချိန်မှာ ဖားတွေကို အကူအညီထပ်တောင်းပြန်တယ် ဖားတွေကလဲထုံးစံအတိုင်း ဘာကူညီရမလဲပေါ့ အသင်တို့က တောင်ပေါ်တက်ပြီး အော်ပေးပါ ဆိုတော့ ဖားတွေလဲ တောင်ပေါ်ကို တက်ပြီး အော်ကြတာပေါ့ ဒီအခါမှာ ရေဆာလာတဲ့ မျက်ကန်း ဆင်ကြီးက ဖားအော်သံကြားရတဲ့ နေရာက ရေကန်ရှိတဲ့ နေရာပဲလို့ သတ်မှတ်ပြီး သွားတော့တာပေါ့
တောင်ပေါ်ကို ရောက်သွားတော့ ဘီလုံးငှက်က ဖားတွေကိုထပ်ပြောတယ် အသင်တို့ တောင်အောက်ကို ဆင်းပါ အောက်ရောက်ရင် ထပ်အော်ပေးပါဆိုတော့ ဖားတွေလဲ တောင်အောက်ကိုဆင်း ပြီးတော့ ဆက်အော်တာပေါ့ ဆင်ကြီးလဲ ဖားတွေအော်တဲ့ နေရာ ကို ဆက်သွားတော့ တောင်ပေါ်ကပြုတ်ကျပြီး သေးပါလေရောတဲ့

ဒီဇာတ်တော်ကို ဟောကြားပြီး ဆက်လက်ဟောကြားတာက အကောင်းသေးတယ် အင်အားနည်းတယ်ဆိုပြီး အထင်မသေးပါနဲ့ သူတို့မှာ ကူညီမဲ့သူတွေရှိနေတယ်တဲ့

ကဲဒီလောက်ဆိုရင် ဒီနေ့ည သီတဂူဆရာတော်ဘုရားကြီး ဘာကို ရည်ရွယ်ပြီး ဟောကြားခဲ့သလဲဆိုတာ အားလုံး သိဖို့ ရေးသားပြီး ဓမ္မဒါန ပြုလိုက်ခြင်းဖြစ်ပါတယ်

ဆရာတော်ဘုရားကြီးက ပါဠိနဲ့ ဟောပြီး အနက်အဓိပ္ပါယ် ပြန်ဆိုကာ ဥပမာလေးတွေကို ပညာရှိပီပီ ဟောကြားသွားခြင်းဖြစ်ပါတယ်

ကုလားဆိုတာမပါပါဘူး အစ္စလာမ်ဆိုတာမပါပါဘူး
ဘုရားဟော သုသာန်နဲ့ ဇာတ်တော်တွေကို ဟောကြားသွားခြင်းဖြစ်ပါတယ်

ုငြိမ်းချမ်းရေးနဲ့ အတူတကွပေါင်းသင်းနေထိုင်ရေး
ကို အသားပေးဟောကြားခဲ့ပြီး
စည်းလုံးမှုရှိဖို့ အင်အားနည်းသူကို အထင်မသေးဖို့ ကျေးဇူးတရားသိတတ်ဖို့ ကောလဟာလတွေကို ပုံကြီးမချဲ့ဖို့ လွယ်လွယ်မယုံကြဖို့ ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံရမယ်ဆိုတာ သိဖို့ အဓိက ဟောကြားတော်မူခဲ့ပါတယ်


အတူတကွ ပေါင်းသင်းနေထိုင်ရေနဲ့ပါတ်
သက်ပြီး ဇာတ်တော်တစ်ပုဒ်ကျန်ပါသေးတယ် အလျဉ်းသင့်ရင် ရေးသားပေးပါအုံးမယ်
မြတ်စွာဘုရားအမျိုးအနွယ်တွေ
ရန်ဖြစ်ကြတဲ့ ဇာတ်တော်ပါ အဲဒီမှာတော့ အမျိုးကို ချစ်ဖို့ စည်လုံးဖို့ နဲ့ ပုံကြီးချဲ့ကားတွေကို ဇောင်းပေးပြီး ဟောကြားထားပါတယ်

အားလုံးပဲ မြတ်ဗုဒ္ဓရဲ့ အရိပ်အာဝါသအောက်မှာ ဘေးရန်ကင်းရှင်းကြပါစေ ကိုယ်စိတ်နှလုံး
ရွှင်ပြုံးနိုင်ကြပါစေ လို့ဆုတောင်း ပေးလိုက်ပါတယ်။

သန်းထွန်း (TGKN)
 

ဇွန်လ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

ဇွန်လ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

TIME မဂ္ဂဇင်း၊ မီဒီယာကျင့်ဝတ်နှင့် ဘာသာရေး

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ထွက်ရှိမည့် TIME မဂ္ဂဇင်းတွင် Hannah Beech ရေးသားသော "ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ" ဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါသည်။ ယင်းဆောင်းပါးတွင် ဖော်ပြထားချက်များသည် ဦးဝီရသူကို ဆိုလိုခြင်းထက် ဗုဒ္ဓဘာသာကို ငြိမ်းချမ်းသော ဘာသာတရားအဖြစ်မှ အစွန်းရောက် အစ္စလာမ်များနှင့် တန်းတူထားကာ အစွန်းရောက် ဘာသာတစ်ခုအဖြစ် ရည်ညွှန်းထားခြင်း ဖြစ်သည်။ ထိုအတွက် ထိုင်းနိုင်ငံ၊ သီရိလင်္ကာ နိုင်ငံများတွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ပတ်သက်သည့် ဖြစ်စဉ်များကိုလည်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် တိုက်ရိုက်ဆက်စပ်ခြင်း မရှိသည့် ဘင်္ဂါလီများ စိမ့်ဝင်မှုနှင့်လည်း ချိတ်ဆက်ဖော်ပြခဲ့ပြီး ၎င်းတို့၏ အဓိက ရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာကို နိမ့်ကျအောင် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဘာသာတရား တစ်ခုကို နိမ့်ကျအောင် ချိုးနှိမ်လုပ်ဆောင်ရာတွင် အစ္စလမ်ဘာသာ၌ သေဒဏ်အထိ အပြစ်ပေးခြင်း၊ ကန့်ကွက်ခြင်းများ ပြင်းပြင်းထန်ထန် ပြုလုပ်လေ့ ရှိပါသည်။ သို့သော်လည်း ယခုကဲ့သို့ ဗုဒ္ဓဘာသာကို ချိုးနှိမ်ရေးသားမှုများ အတွက်ကိုမူ ဗုဒ္ဓဘာသာသည် မည်မျှသိမ်မွေ့၊ ငြိမ်းအေးသော ဘာသာတရားဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်များက ပြသရမည် ဖြစ်သည်။ TIME မဂ္ဂဇင်းကဲ့သို့ သြဇာတိက္က မရှိသော မဂ္ဂဇင်း တစ်စောင်အနေဖြင့်လည်း ဘာသာတရား တစ်ခုအား ယခုကဲ့သို့ ချိုးနှိမ်ရေးသားခြင်းမျိုး ပါဝင်သည့်အတွက် ကျင့်ဝတ်နှင့် လျော်ညီခြင်း ရှိမရှိ မေးခွန်းထုတ် ဆန်းစစ်ရမည် ဖြစ်သည်။ များမကြာမီ ကာလက TIME မဂ္ဂဇင်းနှင့် အလားတူ သြဇာကြီးမားသော မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် News Week မဂ္ဂဇင်းသည် ရပ်တည်ရန် ငွေကြေးအခက်အခဲများ ကြုံတွေ့ခဲ့ရပါသေးသည်။ ထို့ကြောင့် ယခုကဲ့သို့ TIME မဂ္ဂဇင်း၏ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ နှိမ်ချရေးသားမှုများ၏ နောက်ကွယ်တွင် မည်သည့်အကြောင်း တရားများနှင့် ဈေးကွက်မဟာဗျူဟာ ရှိနေသည်ကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ယခုဆောင်းပါးကို ရေးသားခဲ့သူ Hannah Beech သည် မကြာသေးမီက သမ္မတ အပါအ၀င် မြန်မာအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူ အချို့နှင့် တွေ့ဆုံမေးမြန်းခွင့် ရဖူးသူလည်း ဖြစ်သည်။ သို့သော် ၎င်းယခု ရေးသားခဲ့သည့် ဆောင်းပါးတွင်မူ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခအသွင် ပြဿနာရပ်များမှာ နောက်ကွယ်တွင် မည်သည့်အကြောင်းတရားများကြောင့် ဆိုသည်ကို ထည့်သွင်းရေးသားခဲ့ခြင်း မရှိဘဲ ဗုဒ္ဓဘာသာကိုသာ လက်ညှိုးထိုးခဲ့ကာ သေးသိမ်အောင် ရေးသားခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်များအကြား ဘာသာရေး မတူညီမှုကြောင့် ဖြစ်ပွားခဲ့သော စစ်ပွဲအဖြစ် ရေးသားထားသလို ဘင်္ဂါလီ ပြဿနာသည်လည်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့အကြား ဖြစ်ပွားသည့် ပဋိပက္ခအဖြစ် ရေးသားထားသည်။ ဆောင်းပါးတစ်ခုလုံးကို ခြုံငုံသုံးသပ်ပါက မျှတမှု မရှိခြင်း၊ ကျင့်ဝတ်နှင့် မညီခြင်းများ ရှိနေရာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများပြည်သူအကြား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ကာ တောရောမြို့ပါ ကြေကွဲစရာ၊ ပေါက်ကွဲစရာများ ဖြစ်လာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော ငြိမ်းအေးခြင်းကို မမေ့မလျော့ဘဲ ဥပဒေဘောင် အတွင်းကသာ ငြိမ်းငြိမ်းချမ်းချမ်း တုံ့ပြန်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

စစ်ဆေးရေးအရာရှိချုပ်၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံးသို့ တိုင်ကြားစာ..

စစ်ဆေးရေးအရာရှိချုပ်၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံးသို့ တိုင်ကြားစာ..

စင်္ကာပူရှိ လမ်းပြကြယ်စာကြည့်တိုက် ၆ နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲ ဖိတ်ကြားစာ..

စင်္ကာပူရှိ လမ်းပြကြယ်စာကြည့်တိုက် ၆ နှစ်ပြည့်အထိမ်းအမှတ်
စာပေဟောပြောပွဲ ဖိတ်ကြားစာ..

ဇူလိုင်လ (၇) ရက်နေ့မှာ "လမ်းပြကြယ်စာကြည့်တိုက် တည်ထောင်ခြင်း ၆ နှစ်ပြည့်အထိမ်းအမှတ်စာပေဟောပြောပွဲ" ကျင်းပမည် ဖြစ်ပါသည်။ ဟောပြောမည့် ဆရာများမှာ -
(၁) ဆရာနေ၀င်းမြင့်
(၂) ဆရာမ မသီတာ (စမ်းချောင်း) ဖြစ်ကြပါသည်။

နေရာ ။ ။Kreta Ayer People's Theatre, 30A Kreta Ayer Rd, Singapore 088997
နေ့ရက်။ ။7 July 2013
အချိန် ။ ။14:30 to 18:30

လက်မှတ်များကို (13.06.2013) မှ စတင်၍ ရနံ့သစ် စားသောက်ဆိုင်နှင့် မြနန်းနွယ်စတိုးဆိုင် တို့တွင် စုံစမ်း ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။

လက်မှတ် ဈေးနှုန်ုးမှာ - S$15 ဖြစ်ပါသည်။

လမ်းပြကြယ် အသင်းဝင်များကို S$10 ဖြင့်ရောင်းချပေးပါမည်။ (Valid Member Card ရှိရန်လိုအပ်ပါသည်)


website http://lpklibrary.blogspot.sg/
Facebook account https://www.facebook.com/lpk.singapore
Facebook page https://www.facebook.com/pages/လမ်းပြကြယ်-စင်္ကာပူ/131859543543244

ကျေးဇူးတင်စွာဖြင့်
လမ်းပြကြယ်စာကြည့်တိုက် (စင်ကာပူ)


Time Magazine ရဲ့ July မျက်နှာဖုံးမှာ သုံးနှုန်းထားတဲ့ Buddhist နဲ့ Terror ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ရင် ဒီဆိုဒ်မှာ လက်မှတ်လေးထိုးပေးကြပါ..

Time Magazine ရဲ့ July မျက်နှာဖုံးမှာ သုံးနှုန်းထားတဲ့ Buddhist နဲ့ Terror ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ရင် ဒီဆိုဒ်မှာ လက်မှတ်လေးထိုးပေးကြပါ။ 48 နာရီအတွင်း Signature ၅၀၀၀၀ လိုပါတယ်ခင်ဗျာ။
                                               Information & Technology
လင့်ခ်
http://www.avaaz.org/en/petition/Buddhist_is_not_Terror_Please_Reevaluate_July_Issue_Time_Cover_Story_Title/?cDGeYeb

ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၁) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ကလေးပြုစုပျိုးထောင်ရေး  ပညာရပ် (အပိုင်း ၁)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
(မွေးကင်းစအရွယ်မှစတင်ကိုယ်တိုင် အသိဥာဏ်ဖွံ့ ဖြိုး )
SELF  LEARNING FROM   BIRTH.

2005 November  မှာ ကျနော်မြန်မာပြည်ကနေ  အခြေအနေတစ်ခုကြောင့်  ထွက်ခွာခဲ့ရပါတယ်။  ထိုင်းကိုရောက်တယ်။  ထိုင်းမှာ  အခြေအနေ မကောင်းတာနဲ့   ဗွီဇာ  မကုန်ခင်  မလေးရှားကို လစ်ခဲ့ပါတယ်။  မလေးရှားမှာ  ဗီဇာကုန်တော့  ကုလသမဂ္ဂမဟာမင်းကြီးရုံးမှာ  ဒုက္ခသည်လျှောက်ထားပါတယ်။  အလွယ်တကူ မရခဲ့ပါဘူး။  ဗမာလူမျိုးဆိုရင် ဒုက္ခသည်အဖြစ်  သိပ်မပေးချင်ဘူး။   သူတို့ ဦးစားပေး တာကတော့  ရိုဟင်ဂျာနာမည်ခံတဲ့  ဘင်္ဂါလီလူမျိုးတွေနဲ့ ချင်းလူမျိုးတွေဘဲ ဦးစားပေးပါတယ်။  အများကြီးပေးထားတယ်။  ရရန်လွယ်ကူပါတယ်။  ချင်းတွေကတော့  တတိယနိုင်ငံတွေကို အများကြီးထွက်ခွာခွင့် ရကြပါတယ်။

(မှတ်ချက်)ချင်းပြည်နယ်မှာ  လုပ်နိုင်ကိုင်သူတောင်မကျန်အောင်  ထွက်ကြတော့  ကနေ့ ချင်းပြည်နယ်မှာ ဒုက္ခတွေ ကောင်းကောင်းကြီး ရောက်နေပါတယ် ။ သက်ကြီးရွယ်အိုတွေဘဲ ကျန်ပါတော့တယ်။

အများစုကတော့  (၉၈-% ) ဗြောင်လိမ်နေကြသူတွေဘဲ ရတတ်ကြပါတယ်။  ကျနော်တို့  ထောင်ထွက်တွေလဲ  ဆော်ရီးဘဲ။  ICRC ကမ္ဘာ့ကြက်ခြေနီ  ထောက်ခံချက်ပါလဲ  ဆောရီး။

ဒါပေမဲ့ နှစ်လနေတော့  ကျနော့်အခြေအနေ ထပ်ဆိုးလာတာလေး ပေါ်လာပြီး   မလေးရှားထောက်လှမ်းရေးက  ကုလရုံးကို လူကိုယ်တိုင်လို်က် တောင်းဆိုပေးလို့    ဒုက္ခသည်လက်မှတ်  ၂- နစ်နာရီအတွင်း  ချက်ချင်းရ။   ငါးရက်နေတော့ သြစတေးလျ သံရုံး (မဟာမင်းကြီးရုံး) ကိုပို့ ပေးတယ်။   အင်တာဗျူးပြီးတာန့ဲ  ဗီဇာရပါတယ်။  အော်ဇီရောက်တယ်ထားပါ။

အော်ဇီကို ရွှေ့ ပြောင်းအခြေချပြီး  အမြဲတမ်းနေထိုင်ခွင့် (P.R.  Permanent  Residency) ရသူအားလုံး  အခြေခံအဂ်လိပ်စကားပြောသင်တန်းကို  AMES (Adult  Migrant  English  Scheme)  မတက်မနေရ တက်ရပါတယ်။  ၆-လ အချိန်ပြည့်သင်တန်း  ဖြစ်ပါတယ်။  နာရီစုစုပေါင်း ၅၂ဝ-  မတက်မနေရပါ။

သင်တန်းမှာ  အဆင့်-၃- ဆင့်ခွဲထားပါတယ်။  Level- 1  to 3 ပါ။  အဆင့် ၂-  ကိုမရထားလျှင်  အစိုးရတစ်ပိုင်းအလုပ်တွေမှာ  လုပ်ခွင့်မရနိုင်ပါ။

ကျနော် အဆင့်-၃ -ကိုတက်ခဲ့ပါတယ်။  အဆင့်-၃ - တက်သူများကို  အင်္ဂလိပ်စာအပြင်
 (၁) ကလေးပြုစုရေးပညာ   (Children  Service )         
 (၂) သက်ကြီးရွယ်အိုပြုစုစောင့်ရောက်ရေးပညာ  (Age  Care Service)       
 (၃)  ကျန်းမာရေးနင့်  လူမှုဆေးပညာ ( Health & Community Service)

ကျနော်ကလေးပြုစုရေးပညာကို ရွေးချယ်လို်က်ပါတယ်။  ကျနော့်ဆရာမတွေနှင့်  ကျောင်းအုပ်ကြီး (မြန်မာအမျိုးသမီး) တို့ က ၃- ကြိမ်ခန့်  ကျနော်ကို  ကလေးအလုပ်က  လစာနည်းတယ်။  အိုဗာတိုင်မရှိဘူး။  ပြသနာများတဲ့အလုပ်လို့။  ရာထူးတက်လမ်းမရှိဘူး။

ကျန်နစ်ခုလုံးက  အထူးသဖြင့်  သက်ကြီးရွယ်အိုပြုစုရေးက ၂၄-နာရီ ဆိုတော့  အိုဗာတိုင်များတယ်။  လစာအသင့်တင့် ကောင်းတယ်။  ရာထူးတိုးမယ်။

ကျန်းမာလူမှုကတော့ နယ်တွေမှာနေရတယ်။ ကျနော်ကဆရာဝန်ဆိုတော့ ပိုလိုအပ် ပြီး  လစာကောင်းတယ်။  နယ်မှာ အိမ်ငှားခအလွန်သက်သာတယ်။  လူရာပိုဝင်တယ်ပေါ့။ အရာရှိ သဘောနေရမယ်ပေါ့။ ရာထူးတက်လမ်းရှိတယ်ပေါ့။  နယ်မှာဆိုအိမ်ကြီးနဲ့ နေပြီး  စိုက်ပျိုးမွေးမြူရေးပါ  လုပ်နိုင်တယ်ပေါ့။

ကျနော်က  ကျနော့်အသက် ၅၆-နှစ်။  ကျနော့်ဘဝထက် တိုင်းပြည်အတွက် အရေးပါတဲ့ ပညာရပ်လိုချင်တယ်။  ကျနော်ဒီရောက်လာတာ  တစ်တိုင်းပြည်လုံး  ဒုက္ခရောက်နေ  သေကြ  ကျေကြ။  ထောင်ကျ။ စစ်ပြေးနေရလို့   အော်ဇီအစိုးရက  ကယ်တင်လို့  ရောက်လာတာ။  တိုင်းပြည်ရဲ့ ကျေးဇူး   ကျနော်အပေါ်ရှိနေတယ်။  ကျေးဇူးပြန်ဆပ်ရမှာက  အဓိက။  တိုင်းပြည်ထူထောင်ရေးမှာ  ပညာရေးက အရေးကြီးဆုံး။

မြန်မာနိုင်ငံပညာရေးကို ခေါက်ချိုး  (ဂ-ငယ်ကွေ့) ကွေ့ပြောင်းဖို့ အလွန်အရေးကြီးကြောင်းကို
 ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါမောက္ခကြီး ဒေါ်မြင့်မြင့်ခင်တို့မှ မကြာခန ထောက်ပြနေပါတယ်။

ကျနော်ခံယူထားတာက   ကျနော်တို့ တိုင်းပြည် တိုးတက်ဖို့   အနောက်နိုင်ငံတွေ  လိုက်မှီဖို့ဆိုတာ  ကလေးတွေက  ငယ်စဉ်မှာကို  သူတို့ ဆီမှာလိုသင်ဖို့ လိုတယ်လို့ မြင်ထားလို့ပါ။  အသက်အလတ်ပိုင်းမှ လိုက်သင်ရင်  Half –bake bread   တစ်ဝက်ကျက်ပေါင်မုန့်  သဘောဖြစ်နေပါတယ်။  သူတို့တွေ ကလေးကို ဘယ်လိုပြုစုတယ်ဆိုတာကို သိချင်တာ အဓီက။

သင်တန်းမှာ လက်တွေ့ ပါဆင်းရပါတယ်။ သင်တန်းပြီးနောက် - ၅-နစ်နီးပါးအလုပ်အတွေ့ အကြုံတွေ ရခဲ့ပါတယf/  အတန်အတင့်အားရခဲ့ပါတယ်။  သိခဲ့တတ်ခဲ့ပါတယ်။ (သင်တန်းတက်နေစဉ်  တလတစ်ခါ  ထောက်ပံ့ငွေပေးသောရုံး Centrelink  ပုံမှန်သွားတွေ့ ရပါတယ်။  ကျောင်းမှန်မှန် တက်မတက်စစ်ဆေးတာပါ။  အဲဒီမှာ အရာရှိက  စကားတွေဖေါင်ဖွဲ့ မေးပြီး   ခင်ဗျား  အင်္ဂလိပ်က သင်တန်းတက်စရာမလိုဘူး။  အလုပ်ဝင်ရမယ်  ပြသနာရှာတော့တာ။  ကံကောင်းလို့ ဆရာမ  ကျနော်ကလေး ပညာတစ်ဝက်တပျက်ဆို  တိုင်းပြည်ရော ကျနော်ပါ  နစ်နာပါတယ်ဖြေလို့ ပြီးအောင် တက်ခွင့်ရခဲ့ရတာပါ။  တော်တော်လေး စိတ်ညစ်လိုက်ရပါတယ်) ကလေး- ပညာသာမကယ်ရင်  ဘာလက်မှတ်မှ  မရဘဲ  အလုပ်ယောင်လည်လည်ရှာနေရပြီ ။

မသိသေးသူများအတွက်  Australia ကိုရောက်လာသူတိုင်း  P.R. ရတာနဲ့ - (နိုင်ငံသားက  လေးနှစ်နေမှရပါမယ်)  လူတစ်ဦးလျှင်  တနှစ်ကို ဒေါ်လာ- ၁ဝဝဝဝ-  အလုပ်မရမချင်း ထောက်ပံ့ပါတယ်။  နှစ်ပတ်တစ်ကြိမ်  ဘဏ်အကောင့်ထဲ ပို့ ပေးပါတယ်။

ကလေးပြုစုရေးမှာ   ကျနော်တို့ ဆီကနဲ့   ကွာခြားတာလေးတွေ ကိုစရေးပါမယ်။ ကွာပါတယ်။  တော်တော်လေးကိုမတူပါ။  အော်ဇီမှာ ကလေးမွေးရင်  အစိုးရဆေးရုံမှာ  ဖရီးပါ။  အခန်းအကျယ်ကြီး  သီးသန့် ပေးပါတယ်။  ကျွေးတာကအစ  အဆင့်မြင့်စားသောက်ဆိုင် လိုပါဘဲ။  ရွေးချယ်စရာ ဟင်းကအစမေးပြီး  ခွက်ပန်းကန်တွေ ထုပ်ပိုးထားတာပါ။

မွေးပြီး  အိမ်ရောက်လဲ  ဖုံးဆက်မေးနေပါတယ်။  သူနာပြုဆရာမလဲ လာကြည့်ပြီး  ကလေးနို့ တိုက်နည်းကအစ  သင်ပေးပါတယ်။  ကလေးက  မိခင်ဝမ်းဗိုက်ထဲမှာ  အမြဲလိုလိုအိပ်နေတော့  မွေးစမှာ  နို့ လေးနဲနဲစို့ မိတာနဲ့ အိပ်ပျော်တတ်ပါတယ် ။  အဲဒီမှာ ကလေးကိုလေထုတ်  ပြီးလှုပ်နိုးပြီး သုံးကြိမ်အထိတို်က်ရပါတယ် ။  ကလေးက  နို့ ပြည့်ပြည့်ဝဝစို့ ထားရတော့  အချိန်ကြာကြာပိုအိပ်ပါတယ်။  ကလေးကို  လူကြီးကုတင်မှာ သိပ်ခွင့်မရှိပါဘူး။  ကလေးပုခက်လေး ဝယ်ရပါတယ်။

အဲဒီမှာ  ကလေးကိုမိခင်က  နို့ တိုက်လျှင် ကျနော်တို့ မြန်မာတွေက နို့သီးခေါင်းကို  ကလေးပါးစပ်ကို တပ်ပေးကြပါတယ်။  ဟိုမှာ  ကလေးဦးဏှောက်ကို ငယ်စဉ်ကထည်းက  ဖွံ့ ဖြိုးဖို့    ကလေးရဲ့ ပါးဆောင်ကိုဘဲ ထိပေးရပါတယ်။ ကလေးက  လဲသူ့ ပါးဆောင်ကို  ထိလိုက်တာနဲ့   သဘာဝအသိနဲ့  နို့ ကိုမလွဲတမ်း ဟတ်လိုက်ပါတယ်။

  နဲနဲလေးမျက်စေ့ ဖွင့်လာ ကြည့်လာရင်  အလင်းရောင်  မှိန်မှိန်လေးကို  တဖြေးဖြေး ရွှေ့ ပြီး  မျက်လုံးက  လိုက်ကြည့်နေအောင်  လေ့ကျင့်ပေးရတယ်။  အသံသာသာ ယာယာလေးတွေ  နားဘေး အသာဖွင့်ပြ။  အာရုံတွေ တိုးပွားလာအောင်  လုပ်ပေးနေကြရတာပါ။

ကလေးပစ္စည်းအစုံ ဝယ်ရပါတယ်။
ဒီလိုဝယ်ဖို့ အစိုးရက  ကလေးတစ်ယောက်မွေးတိုင်း  အော်ဇီဒေါ်လာ- ၅ဝဝဝ- ထောက်ပံ့ပါတယ်။ (အမေရိကန်ဒေါ်လာနင့် ဈေးတူတတ်)။ ၅ဝဝဝ-ကို ၆- လခွဲပေးပါတယ်။  တစ်လုံးထဲ့မပေးပါ။  ကလေးပစ္စည်းတွေ ဝယ်ရပါတယ်။  ဆရာမကစစ်ပါတယ်။  ချဲထိုးပြစ်  တခြားဝယ်လို့ မရပါဘူး။

ဖခင်မပေါ်တဲ့ မိခင်နဲ့  အိမ်ထောင်ကွဲမိခင်။  မုဆိုးမတွေဆို  ဒေါ်လာ-၅ဝဝဝ- အပြင်  လစဉ်ထောက်ပံ့ကျေး  ၁၃ဝဝ-ခန့် အမြဲထောက်ပံ့ပါတယ်။  အစိုးရ အိမ်ခန်းကိုပေးတယ်။   ကားလက်မှတ် ဖရီးနီးပါး။  ဆေးဝယ်ရင်လဲ  ဖရီးနီးပါး ထောက်ပံ့ပါတယ်။  ၁၃ဝဝ-ဆိုတာက  အလုပ်အကိုင်မရသေးသမျှပါ။

တစ်လ ပြည့်တာနဲ့   ကလေးကိုဆေးရုံပြန်ပြရပါတယ်။  ကားပေါ်မှာ  ကလေးကို တစ်နှစ်သားအောက်  ပုခက်နဲ့   ခေါင်းကို ရှေ့ ထား ပြီးထားရပါတယ်။  လူအပေါ်ချီခွင့်  လုံးဝ မရှိပါ။  ဆရာဝန်က  နားကြားမှု  စက်နဲ့ ကိုစစ်ဆေးတယ်။  အာရုံကြော ကြွက်သား သန်မသန်တွေ စစ်ဆေးပါတယ်။

အဲဒီက  ကလေးတွေက  မိဘသွားလေရာ ကားနဲ့ ပါတတ်ကြပါတယ်။ မကြာပါဘူး  ၄၅-ရက်သားလောက်ဆို  မီးပွိုင့်မိလို့ ကားရပ်တာနဲနဲလေးကြာရင်  ထိုးငိုတတ်ကြတယ်။  ကားဘီးစလှိမ့်တာနဲ့   အငိုတိတ်တယ်။  ငိုနေလို့ နို့ ဘူးထိုးပေးလဲ  မရဘူး။  ကားထွက်ဘဲ  လုပ်နေတာ။  ဆွဲစိတ်ချင်စရာလေးတွေ။

ကိုယ်ဝန်ဆောင်စဉ်မှာလဲ  အာထရာဆောင်းရိုက်နဲ့  Down Syndrome ဖြစ်မဖြစ် စစ်ဆေးပါတယ်။  အဲဒါဖြစ်နေရင်  ကလေးကိုဖျက်ချဖို့ အထိ တိုက်တွန်းကြပါတယ်။ အခုတော့ AUTISM ကိုပါ စစ်နိုင်နေပါပြီ။  ဒီလက္ခဏာစုတွေ အကြောင်း  သီးသန့် ရေးပါဦးမယ်။  အနောက်နို်ငံကြီးတွေမှာ  အလွန်ခေါင်းခဲနေရပါပြီ။  မြန်မာနို်င်ငံမှာလဲ  တော်တော်လေးဖြစ်နေပါပြီ။

(မှတ်ချက်)  ယခုအခါ  နိုင်ငံတချို့ မှာ  ဒီလိုလက္ခဏာစုတွေ ဖြစ်ရတာ  အစားအသောက်တွေထဲမှာ ထဲ့ထားတဲ့  ဓါတုအရသာ  တာရှည်ခံဆေးတွေ  အရောင်တွေကြောင့်လို့  တွေ့ ရှိလာနေပါတယ်။ Downကတော့  မိခင်အသက်ကြီးလို့   ဖြစ်တတ်တာပါ။

ထားပါတော့ ကလေးက  ကျန်းမာတယ်ဆိုရင်  ကလေးပြုစုရေး ကျောင်းကို ၆-ပတ် (၄၅-ရက်သား) အရွယ်ကနေ စတင်ထားနိုင်ပါပြီ။ ကျနော်တို့ ကျောင်းမှာ ကိုးပတ် (ရက်-၆ဝ -သမီးလေး) အရွယ်လေး အငယ်ဆုံး လာအပ်ပါတယ်။  ၃- လအရွယ် ကတော့ ဆယ်ယောက်မက  ကိုင်ခဲ့ရပါတယ် ။

ကလေးတွေက  ငယ်လွန်းတော့  နို့ ဗူးကနို့ သီးခေါင်းကို မစုပ်တတ်တော့ ငိုကြတာ စိတ်မကောင်းလို့   နို့သီးခေါင်းကို ကိုယ်တိုင်ရှာဝယ်ပါတယ်။  နို့သီးခေါင်း အပေါစား  ပါးပါးပျော့ပျော့နှင့် အဆင်ပြေသွားပါတယ်။  နို့ ကတော့ မိခင်နို့ ကို ညစ်ပြီး  လတ်လတ်ဆတ်ဆတ် သို့ မဟုတ် ခဲထားတာကို တိုက်ကြတာပါ။

အာရှမိခင်တစ်ချို့ က (လူမျိုးမပြောလိုပါ)  သူတို့  ရင်သားအလှပျက်မှာစိုးပြီး  နို့ မတိုက်ကြပါဘူး။  မွေးပြီးပြီးချင်း  နို့ ဦးရည် Colostrum  ဆိုတာက ကလေး ကိုယ်ခံစွမ်းအားအတွက် ပဋိဇီဝ ဓါတ်တွေပါတာပါ။  အလွန်အရေးကြီးတဲ့နို့ ဦးရည်ပါ။
နို့ဦးရည်ကိုတောင် မတိုက်တတ်ကြပါ။  အလှမက်သူများ  သိထားဖို့ ပါ။

(မှတ်ချက် -  အဲဒီမိခင်တွေ  မကြာပါဘူး  ဆံပင်တွေကျွတ်  မျက်နာတွေကျပြီး  အသက်ငယ်ငယ်နင့်  အိုဇာ လာပါတော့တယ်။  သဘာဝကြီးကိုလွန်ဆန်တာ  သတိထားရပါမယ်)။

ကလေးတွေက  နို့ သီးခေါင်းကိုမစို့ တတ်ရင်  ပီပက် (ပကျွတ် ) လေးတွေနဲ့  ခက်ခက်ခဲခဲ တိုက်ရပါတယ်။  မိခင်ညွှန်ကြားထားချိန်  ညွှန်ကြားထားတဲ့ ပမာဏ ကိုတိုက်  မှတ်တမ်းထိုးရပါတယ်။  ထိုးရတာမှ  သက်သေပါထိုးရပါတယ်။  အဲဒီလိုဂရုစိုက်ကြတာပါ။

ကလေးတွေ ဘယ်သူ့ ကိုခင်တတ်တယ်။  ဘယ်သူ့ လက်ကိုကြိုက်တယ်။  မှတ်တမ်းတွေ လုပ်ရပါတယ်။   သူတို့ ဥာဏ်ရည်ကောင်းလို့  ရွေးတတ်တာမို့   မှတ်တမ်းက အရေးကြီးပါတယ်။  သူတို့ လေးတွေက  ငယ်သာငယ်တယ်။  အိပ်ချိန် သူ့ လူမဟုတ်ရင်  ဖြဲငိုတတ်ကြတယ်။  တချို့ နို့ တိုက်တာတောင် သူလူမှ။  ငယ်ငယ်နဲ့ သိနေ  မှတ်နေကြပြီ။
ဆက်လက်ဖော်ပြပါမည်။ အားလုံးကို လေးစားလျှက်

လှိုင်မြင့်

ဓာတ်ပုံကတော့ ဒေါက်တာလှိုင်မြင့်ရဲ့ မြေး 
(ငယ်ငယ်ကတည်းက အဖေခြေရာနင်းမယ့်) Hip Hop အဆိုတော် ဘာဘူရဲ့သမီးငယ်လေးပါ..။


တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးအပေါ်သုံးသပ်ခြင်း (ဆောင်းပါးရှင် မျိုးဆက်)

တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးအပေါ်သုံးသပ်ခြင်း
(ဆောင်းပါးရှင် မျိုးဆက်)


-အရင်ဆုံး ခေါင်းစဉ်ကိုကြည့်ရအောင်ပါ။ ခေါင်းစဉ်မှာသုံးထားတဲ့စကားလုံးက The Face of Buddhist Terror ပါ။ Terror ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပေမယ့် ယနေ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်သော ဆောင်းပါးမှာ Terror ဆိုတဲ့စကားလုံးခြင်းသည် အကြမ်းဖက်၊အစွန်းရောက်ဆိုတာနဲ့ အလိုလိုချိတ်ဆက်ပြီးဖြစ်ပါတယ်။ ဒါကိုဖြည့်စွက်နားလည်ပြီးဖြစ်ရပါတယ်။ ဒါက Time မဂ္ဂဇင်းရဲ့ ခေါင်းစဉ်...ရွေးချယ်ထားမှုပါ။ ဒီဟာကို ကြည့်လိုက်ခြင်းအားဖြင့် ဗုဒ္ဓဝါဒီ ဘုန်းကြီးတစ်ပါးရဲ့ ရက်စက်မှုတွေကို ဒီဆောင်းပါးထဲမှာ မြင်တွေ့ရတော့မယ်လို့ ဆိုလိုလိုက်တာပဲဖြစ်ပါတယ်။

ပထမဆုံးစာပိုဒ်ကိုကြည့်ရအောင်ပါ။ ပထမဆုံးစာပိုဒ်မှာ အဖွင့်အပိတ်မျက်တောင်နဲ့ “the Burmese bin Laden” begins his sermon လို့စသုံးလိုက်ပါတယ်။ အပေါ်က ခေါင်းစဉ် Terror နဲ့ ဘင်လာဒင်ချိတ်လိုက်ရင် စာဖတ်သူက မျက်မှောင်စကြုံ့ပြီး ဒီရဟန်းအပေါ် ဘာသာရေး
အစွန်းရောက် ခိုမေနီအလားမြင်လာစေမှာ မလွဲပါ။ အဲ့ဒီပထမအပိုဒ်ရဲ့ အောက်ဆုံးစာကြောင်းမှာပဲ  “Now is the time to rise up, to make your blood boil.” လို့သုံးလိုက်ပါတယ်။ အချိန်ကျပြီ။ သွေးတွေ ဆူပွက်အောင် လုပ်ကြ စသဖြင့်ပေါ့လေ။ ဒီလိုနည်းနဲ့ ပိတ်လိုက်ခြင်းအားဖြင့် နိဒါန်းမိတ်ဆက် စာပိုဒ်မှာတင် စာဖတ်သူကို ဆောင်းပါးရှင်က ဒီဆောင်းပါးထဲပါသော ရဟန်းဟာ ဘင်လာဒင်လို ဘာသာရေးအစွန်းရောက် သွေးဆာသူ လို့ နိမိတ်ပုံပြပြီး ဖြစ်စေပါတယ်။ ကျန်တဲ့စာပိုဒ်တွေကို ဆက်ဖတ်ဖို့ စာဖတ်သူရဲ့ အတွေးအာရုံဟာ ဘယ်ဖက်ကို တိမ်းညွှတ်မယ်ထင်ပါသလဲ။ အကောင်းဖက်လား။ အဆိုးဖက်လား။ သိသာနေပါတယ်။

"Buddhist blood is boiling in Burma, also known as Myanmar — and plenty of Muslim blood is being spilled." ဗုဒ္ဓဘာသာတွေရဲ့သွေးတွေဟာ မြန်မာ့မြေပေါ် ဆူပွက်နေတယ်။ မွတ်ဆလင်တွေရဲ့ သွေးတွေဟာ မြေခနေရတယ် လို့ ဒုတိယအပိုဒ်ကို ဆက်ဖွင့်လိုက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်ရဲ့ ပထမစာကြောင်းပါ။ ခုနက ခေါင်းစဉ်၊ ပထမစာပိုဒ်ထဲက အကြောင်းအရာတွေနဲ့ အခု ဒုတိယစာပိုဒ် အဖွင့်စာကြောင်းကို ဆက်လိုက်တဲ့အခါမှာ ...စာဖတ်သူက "ဟာ..အတော်ရက်စက်တဲ့ ဗုဒ္ဓဘာသာတွေပါလား"လို့တွေးချင်စရာ ကောက်ကြောင်းကြီးက ပီပီပြင်ပြင်ပေါ်လာခဲ့ပါတယ်။ မိတ္တီလာအရေးအခင်းမှာ အကြမ်းဖက်သူတွေဘေးကနေ ကာကွယ်ပေးခဲ့တဲ့ ဆရာတော်၊ နော် ဘာသာမရွေးအကူအညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြီးမားတဲ့ကဏ္ဍ ပျောက်ကွယ်သွားပြီး 969 ဆိုတဲ့ Cultural Nationalistic Movement ကြီးဟာ အကြမ်းဖက်မှုဆိုတာကနေ မှေးမှိန်သွားကာ မြန်မာတစ်နိုင်ငံလုံား အာဖဂန်ရှိ တာလီဘန်များစစ်သွေးကြွသလို ကြွနေတယ်ဆိုတဲ့ ဖက်ကို ဆွဲခေါ်သွားပါတော့တယ်။

Over the past year, Buddhist mobs have targeted members of the minority faith. ဒါက ဒုတိယစာပိုဒ်ရဲ့ဒုတိယအကြောင်းပါ။ Minority in Faith လို့သုံးပြသွားပါတယ်။ ဘာသာခြားကိုးကွယ်သူ မည်သူမဆို ဆိုတဲ့အဓိပ္ပါယ်ပါ။ ဆိုလိုတာကတော့ ခရစ်ယာန်တွေကိုလဲ ဖိနှိပ်တယ်ဆိုတဲ့သဘောပါပဲ။ ဒါဟာ မတိကျတဲ့ ရေးသားမှုပဲ ဖြစ်ပါတယ်။ ထပ်ပြီးတော့ Much of the violence was directed against the Rohingya, a largely stateless Muslim group in Burma’s far west that the U.N. calls one of the world’s most persecuted people. လို့ သုံးပြလိုက်ပါတယ်။ ဒီမှာတင် ဒီစာဖတ်သူကြားထဲ ပါးပါးကလေး ထည့်ချင်တဲ့ အချက်က ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ Minority လူနည်းစုဆိုတဲ့စကားကို ဒီမိုကရေစီသည်းခြေကြိုက်တွေအတွက် အရင် Minority in Faith လို့သုံးပြလိုက်ပြီး Minority Rohingya ဆိုပြီးဆက်စပ်လိုက်တဲ့အခါမှာ ဗုဒ္ဓဘာသာလူများစုဟာ ရှိသမျှ လူနည်းစုကို ရိုဟင်ဂျာအပါအဝင် ......နှိပ်ကွပ်နေတယ်ဆိုတဲ့ ပုံစံ ထင်ရှားပြတ်သားစွာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုနည်းအားဖြင့် ဘင်္ဂလီရိုဟင်ဂျာတွေအနေနဲ့ ဘာသာရေးပဋိပက္ခသားကောင်အဖြစ် အလိုလို ရောက်ရှိသွားပြန်ပါတယ်။ ဒီ Minority ဆိုတာကို ဆက်စပ် သုံးစွဲပြလိုက်ခြင်းအားဖြင့် စာဖတ်သူအတွေးကို ဘယ်ဖက် ရောက်သွားအောင် တွန်းပို့နေတာလဲ ဆိုတာကိုခွဲယူပြတာပါ။ နောက်သုံးထားတဲ့ စကားလုံး Key Words တွေကတော့ Radical Monk, Virulent Sermons, စတဲ့စကားလုံးတွေပဲဖြစ်ပါတယ်။ သဘောထား တင်းမာသူ ဘုန်းကြီး အဆိပ်သင့်တရားများ ဟောကြားနေသူ စတဲ့အဓိပ္ပါယ်ရောက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်အထိ စာရေးသူပုံဖော်ထားတဲ့ ဗုဒ္ဓဘာသာနဲ့မြန်မာပြည်ကောက်ကြောင်းပဲဖြစ်ပါတယ်။

 "Such hate speech threatens the delicate political ecosystem in a country peopled by at least 135 ethnic groups that has only recently been unshackled from nearly half a century of military rule" ဒါက တတိယအပိုဒ်ရဲ့ ပထမအဖွင့်စာကြောင်းပါ။ ဆောင်းပါးရှင် ဘာကိုဆိုလိုချင်နေပါသလဲ တူးဖော်ကြည့်လိုက်ပါတယ်။ စာကြောင်းအဓိပ္ပါယ်က 135 မျိုးသော တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားပြီး ရာစုနှစ် တစ်ဝက်နီးပါးကြာ စစ်အုပ်ချုပ်ရေးအောက်က လွတ်ခါစ နုနယ်သော နိုင်ငံရေးစံနစ်ကို ဒီလို အမုန်းစကားတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုလိုလိုက်တာဖြစ်ပါတယ်။ ဒီအထိက အငြင်းပွားဖို့ မလိုသေးပါ။ သူဘာဆက်ပြောမလဲ လိုက်ကြည့်ရအောင်ပါ။ Already some government officials are calling for implementation of a ban, rarely enforced during the military era, on Rohingya women’s bearing more than two children.  ဒုတိယစာကြောင်းမှာတော့ အမုန်းစကားတွေရဲ့ နောက်မှာ ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် ကလေးနှစ်ယောက်ပေါ်လစီအဖြစ် အစိုးရအရာရှိ အချို့ကတောင်းဆိုနေကြောင်း ရေးသားလိုက်ပါတယ်။

အမုန်းစကားတွေကို ပြောနေတဲ့ ဦးဝီရသူနဲ့ ဒီလို ရိုဟင်ဂျာတွေကို ကလေးမမွေးရ အမိန့်နဲ့ ဆပ်စပ်လိုက်တဲ့အခါ ဗုဒ္ဓဝါဒီတွေအနေနဲ့ လူနည်းစုကို အတင်းကန့်သတ်နေပြီဆိုတဲ့ စာဖတ်သူ အတွေးလမ်းကြောင်းကို ပိုမိုခိုင်မာမသွားစေဘူးလား။ နောက်ဆုံးမှာ အပိတ်စာကြောင်းကို ဒီလိုသုံးလိုက်ပါတယ်။ ကြည့်ရအောင်ပါ။ And many Christians in the country’s north say recent fighting between the Burmese military and ethnic Kachin insurgents, who are mostly Christian, was exacerbated by the religious divides. အဓိပ္ပါယ် ကချင်တွေဟာ ခရစ်ယာန်တွေဖြစ်တာမို့ ကချင်ဒေသစစ်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ရတယ်လို့ ခရစ်ယာန်များစွာက ပြောတယ်ဆိုတဲ့ စာကြောင်းဖြစ်ပါတယ်။ ဒိစာကြောင်းနဲ့ တတိယစာပိုဒ်ကို ပိတ်လိုက်ခြင်းအားဖြင့် မြန်မာဗုဒ္ဓဘာသာနိုင်ငံဟာ အီရန်လို သီအိုခရက်တစ် ဘာသာရေးဖိနှိပ်မှုတွေနဲ့ ကြီးစိုးနေတဲ့နိုင်ငံလို့ ပီပီပြင်ပြင် ရေးခြယ်လိုက်ပါတယ်။

လေးပိုဒ်မြောက်စာပိုဒ်မှာတော့ဒီလိုဖွင့်လိုက်ပါတယ်။ Radical Buddhism is also thriving in other parts of Asia.အာရှာမှာလဲ ဒီလို အစွန်းရောက်ဗုဒ္ဓဘာသာတွေကြီးထွားလာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ရဟန်းတွေဟာ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေကို ဖိနှိပ်ဖျက်ဆီးလိုက်တယ်ဆိုတဲ့ဟာနဲ့ ထပ်မံအင်အားဖြည့်ပါတယ်။ နောက် တတိယအချက်အနေနဲ့ ထိုင်းမှာရှိတဲ့သံဃာတွေအနေနဲ့ ထိုင်းစစ်တပ်ရဲ့ စောင့်ရှောက်မှုကို ယူနေရပြီး "လက်နက်ကိုင်ဘုန်းကြီးတွေ" (mons ,some of whom have armed themselves) ဆိုတဲ့ စာသားကိုသုံးပြီး ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဆိုတဲ့ Argument ကိုတည်ဆောက်ယူပြသွားခဲ့ပါတယ်။

နောက်ထပ်စာတစ်ပိုဒ်မှာကတော့ ဆောင်းပါးရှင်ဟာ သူ့ရဲ့စာရဲ့ ဟန်ချက် (Balance) ကိုထိန်းတဲ့အနေနဲ့ မလေးရှားမှာရှိတဲ့ မြန်မာတွေဟာ မွတ်ဆလင်တွေ အသတ်ခံရမှုအတွက် ပြန်လည် လက်စားချေခံခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြသွားပြန်ပါတယ်။ ဟန်ချက်ထိန်းတဲ့ သဘောလို့ယူဆပါတယ်။ တစ်ဖက်သတ်ဖြစ်လာရင် စာဖတ်သူ သံသယ ဝင်လာတတ်တဲ့ အချိန် ဒီလိုပြန်ထိန်းပေးရတဲ့ သဘောတွေရှိပါတယ်။ နောက်ထပ်တစ်ပိုဒ်ဟာလဲ ဟန်ချက်ကို ပြန်ထိန်းပေးပြန်ပါတယ်။ ဟင်ဒူ၊ မွတ်ဆလင်၊ ခရစ်ယာန် အစွန်းရောက်တွေ ရှိပေမယ့် ဗုဒ္ဓဝါဒီတွေကတော့ ဒီစမ်းသပ်မှုဒဏ်ကို ကြံကြံ့ခံနိုင်ခဲ့ကြတယ်။ အခုတော့ ဘာသာရေး လူမျိုးကြီးဝါဒရဲ့ ဖျားယောင်းမှုကို ရဟန်းတွေ မတောင့်ခံနိုင်တော့ဘူးလို့ ရေးပြသွားပါတယ်။ ဒီစာပိုဒ်မျိုးဟာ အဖြည်သဘောလို့ ယူဆပါတယ်။ တစ်ဖက်က တည်ဆောက်လာတဲ့ Arugument က ဗုဒ္ဓဘာသာတွေများပြီး ဖိနှိပ်မှုသိပ်ကြီးနေတဲ့ တိုင်းပြည်လို့ ပုံဖော်လာပြီး ဒီလို ဘာသာရေး ဖိနှိပ်မှုတွေဟာ ဖြစ်တတ်တယ်လို့ ဖြည်တတ်ပါတယ်။

နောက်ထပ်တစ်ပိုဒ်မှာတော့ ဘယ်လို aဖ်ာပြထားသလဲဆိုရင် ယခင်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ကျင့်စဉ်နဲ့ ပုံပန်းကို ဥပမာဆောင်ပြထားပါတယ်။ ဗီယက်နမ်ဘုန်းတော်ကြီးရဲ့ ဖိနှိပ်သူ အစိုးရအပေါ် ဆန့်ကျင်ပုံ၊ 2007 စက်တင်ဘာ aရွှဝါရောင်တော်လှန်ရေးနဲ့ ကိုလိုနီခေတ်ကာလ ဦးဆောင်မှုများကို aဖ်ာပြထားပြီး အဆုံးသတ်စာကြောင်းမှာတော့ ကျန်ဘာသာရေးတွေလိုပဲဒီ ဗုဒ္ဓဘာသာဟာလဲ အခြေခံဗုဒ္ဓသွန်သင်မှုများနဲ့ လွန်ဆွဲနေတဲ့ အိုင်ဒီယာတွေနဲ့ အဆိပ်ခတ် ခံလိုက်ရပါတယ်လို့ ဖော်ပြသွားပါတယ်။

အဲ့ဒီနောက် စာရေးသူရဲ့ လမ်းကြောင်းကို ခြေရာခံလိုက်တဲ့အခါ "Mantra of Hate" လို့ဖော်ပြထားပါတယ်။ အမုန်းနဲ့ ရွတ်ဆိုအပ်သော တရားများလို့ ဘာသာပြန်ရင် သင့်မယ်ထင်ပါတယ်။ အဲ့ဒီအောက်မှာတော့  U.S. President Barack Obama has “been tainted by black Muslim blood.” လို့ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာလဲ လူမည်း မွတ်ဆလင် သွေးနှောဇာတ်နိမ့်ပါပဲလို့ေ ပြာတယ်လို့ ရေးပြထားပါတယ်။ နောက်တစ်ကြောင်းကတော့ သူပြောနေတဲ့ နာမည် (ဘင်လာဒင်)ဆိုတာ အာရပ် အကြမ်းဖက်မှန်း သိပေမယ့် ခပ်တည်တည်နဲ့ ဆက်ပြောနေခဲ့သလို ကုလကိုလဲ အာရပ်တွေက ပြန်ပေးဆွဲ (Hijacked) လို့ ရေးထားပါတယ်။ “Taking care of our religion and race is more important than democracy,” says Wirathu. ဘာသာရေးနဲ့လူမျိုးရေးဟာ ဒီမိုကရေစီအရေးထက် အရေးကြီးတယ်လို့ ပြောသော ဦးဝီရသူစကားနဲ့ ပိတ်သိမ်းလိုက်ပြီး ဦးဝီရသူရဲ့ စကားကို နင်းကာ အိုဘားမားကို နှိပ်ကွပ်ခြင်း၊ ကုလကို မဆင်မခြင်ပြောခြင်းတို့နဲ့ ချိတ်ဆက်ပြီး ဦးဝီရသူကို ဘာသရေး အစွန်းရောက်အကြမ်းဖက် အသွင်ဖြစ်ပုံဖော် ယူသွားပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ဦးဝီရသူကို ထိုးနှက်တာတွေ ပါလာတာကို တွေ့မြင်ရပါတယ်။ အဲ့ဒါကတော့ "ဦးဝီရသူဟာ ပညာမတတ်လို့ ဒီလိုပြောတာလို့ ခွင့်လွှတ်ချင်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မွေးချင်းရှစ်ယောက်အနက် ပါးစပ်တစ်ပေါက် သက်သာပြီးရောအနေနဲ့ ဘုန်းကြီးကျောင်း ပို့ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ဦးဝီရသူဟာ စန်းကောင်းတယ်။ " အဲ့လိုရေးခဲ့ပါတယ်။ နောက်ပြီး ဒီလို စန်းကောင်းရခြင်းအချက်ဟာ ဗမာတွေကြားထဲ မွတ်ဆလင်တွေဟာ အာရပ်ငွေတွေနဲ့ ဗလီတွေဆောက်တယ်၊ အမြန်ပြန့်ပွား နေတယ်ဆိုတာတွေကို "သက်သေမရှိဘဲ" ကြောက်တဲ့ အကြောက်တရားကလဲ ရှိပါသေးတယ်လို့ ရေးသားသွားပါတယ်။ ဒီနည်းအားဖြင့် ဦးဝီရသူဟာ ပညာမဲ့ဘာသာရေး အရူးအနှမ်းတစ်ယောက် အဖြစ်ပုံပေါ်လာခဲ့ပါတယ်။ နောက်လိုက်တွေအနေနဲ့ အရူးအနှမ်းတွေ သာသာဖြစ်ကုန်ပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ စာရေးသူရဲ့ စိတ်တွင်းအမုန်းကို တစ်စွန်းတစ်စ ထပ်မံတွေ့ရှိလိုက် ရသလိုပါပဲ။ သူပြောထားတာက "ဖိနှိပ်တဲ့ တိုင်းပြည်မှာနေနေလဲ စစ်တပ်ဖိနှိပ်မှုကို တာဝန်ယူဖို့ လူနည်းနည်းလေးကပဲ ပြောပြီး အများစုက ခွင့်လွှတ်ဖို့ပြောကြတယ်။ ဒါကို ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှုတရားနဲ့ ထောက်ပြကြပါတယ်။ ဒါပေမယ့်ဒီ ဒီမိုကရက်တိုင်ဇေးရှင်းဟာ အစွန်းရောက်တွေရဲ့ အသံတွေကိုပျံ့နှံ့ဖို့ ပိုဖြစ်လာစေခဲ့တယ်" လို့ဆိုသွားတာပါ။ အဲ့ဒီမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ နောက်တစ်ချက် ထပ်ရေးပါတယ်။ "လူ့အခွင့််အရေးအစီရင်ခံစာအရ မွတ်ဆလင်တွေဟာ အချိုးအစားမမျှတစွာ အသတ်ခံရတယ်။ ရိုဟင်ဂျာ ရွာ ၇ဝကို ဗုဒ္ဓဘာသာတွေ ဝင်တိုက်ခိုက်တယ်"လို့ရေးသွားပါတယ်။ Disproportionate ဆိုတဲ့ စကားလုံးကိုသုံးသွားပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာ တစ်ယောက်သေရင် မွတ်ဆလင်အများကြီး သေတယ်ဆိုတဲ့စကားပါ။ ရခိုင်လို့ လုံးဝမသုံးသွားပါ။ ဗုဒ္ဓဘာသာလို့ပဲ သုံးသွားပါတယ်။

 နောက်ပြီး ဒီစာပိုဒ် အဆုံးသတ်မှာတော့ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာတွေကို ဒီဘုန်းကြီးတွေက နောက်ကွယ်က ကြိုးကိုင်နေတယ်လို့ ရေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် ဒီစာပိုဒ်အထိ ပုံပေါ်လာတာက ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေဟာ ဟန်ဆောင်နေတဲ့ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေဆိုတဲ့ အသွင်ပေါ်လာစေပါတယ်။ ဒီနည်းအားဖြင့် ဗုဒ္ဓဘာသာကိုလဲ တိုက်ခိုက်ပြီးဖြစ်သလို ရိုဟင်ဂျာ ကိစ္စကိုလဲ သုံးကြိမ်တိတိ ဒီဆောင်းပါးထဲမှာ ထည့်လိုက်ပါတယ်။ (TIME ဟာ အမေရိကန် မဂ္ဂဇင်းဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စ အမေရိကန် ကစားနိုင်ပုံကို ကျနော်အကြိမ်များစွာ ဆွေးနွေးဖူးပါတယ်။)

နောက်ထပ်တစ်ပိုဒ်မှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို စတင်ကြားနာရပါတယ်။ “My son was killed because he was Muslim, nothing else,”  ကျမသားလေးဟာ မွတ်ဆလင်လေးမို့ အသတ်ခံလိုက်ရတာ။ အခြားဘာကြောင်းမှ မရှိပါဘူး လို့ ပိတ်သိမ်းရေးပြသွားပါတယ်။ မိတ္တီလာမြို့ထဲမှာရှိတဲ့ ထောင်ပေါင်းများစွာသော မွတ်ဆလင်ဒုက္ခသည် စခန်းတွေကို ဂျာနယ်လစ်တွေ ဝင်ခွင့်မရှိဘူးလို့လဲ ...ဆိုထားပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင် ဖော်ပြဖို့ ကျန်နေတာလား တမင်ချန်ထားတာလား မသိတာကတော့ ဒီဘေးဒုက္ခကြားညှပ်မိနေတဲ့ ဗုဒ္ဓဘာသာဒုက္ခသည်တွေပါပဲ။

"ကျောင်းတော် နဲ့အာဏာ" ဆိုတဲ့ခေါင်းစဉ် ပြလိုက်ပြီး သီရိလင်္ကာက ရဟန်းတွေအကြောင်းကို ဆောင်းပါးရှင်ကဖော်ပြပါတယ်။ ဖော်ပြချက်မှာ သီရိလင်္ကာ ထဲက ဗုဒ္ဓဝါဒီ ရဟန်းတွေရဲ့ အစိုးရကိ စိုးမိုးဖို့အားထုတ်ပုံတွေ၊ ကျောင်းတွေမှာ သမိုင်းသင်ခန်းစာတွေသင်ကြားပေးဖို့ အားထုတ်တာတွေ။ ညီလာခံမှာ ရင်ဘတ်ထက် လက်သီးဆုပ်တင်ပြီး ဗုဒ္ဓဘာသာကို ခုခံကာကွယ်ဖို့ ကြွေးကြော်တာတွေကို ဖော်ပြပါတယ်။ ဒါပေမယ့် ပထမဆုံး အကြောင်းလေးမှာတင် သူဖော်ပြထားတာက မြန်မာပြည်က ဖြစ်ရပ်တွေဟာ ဒီသီရိလင်္ကာံကလိုပါပဲ ဆိုတဲ့ စာကြောင်းလေးပါ။ ဒီစာကြောင်းလေးကြောင့် အောက်က ဖော်ပြထားသမျှရဲ့ ကောင်းခြင်းဆိုးခြင်းအားလုံးဟာ မြန်မာပြည်မှာ ဒီလိုဖြစ်နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုသက်ရောက်သွားစေပါတော့တယ်။ “This is a Buddhist government. This is a Buddhist country.” ဗုဒ္ဓဘာသာအစိုးရ၊ ဗုဒ္ဓဘာသာတိုင်းပြည် ဆိုတဲ့ သီရိလင်္ကာကြွေးကြော်သံနဲ့ ပိတ်သိမ်းလိုက်ပြီး မြန်မာဟာလဲ ဒီလိုပါပဲ ဆိုတာကို နိမိတ်ပြပြောဆိုသွားခဲ့တာပါ။  “It is the monks who protect our country, religion and race.” အမျိုးဘာသာသာသနာကို ကာကွယ်နေတာ ဘုန်းတော်ကြီးတွေပဲ လို့ သီရိလင်္ကာကာကွယ်ရေးဌာနအတွင်းရေးမှုးပြောစကားကို ထပ်မံကိုးကားအားဖြည့်ပေးသွားခဲ့ပါတယ်။

"ဆွမ်းနဲ့ သေနတ်" ဆိုတဲ့ခေါင်းစဉ်ကိုထပ်မံဖော်ပြလိုက်ပြီး ထိုင်းနိုင်ငံထဲက ဥပမာတွေကို ပေးပါတယ်။ “We cannot separate Buddhism from guns anymore.” ဆိုတဲ့စာသားနဲ့ ထိုင်းဥပမာကို သေသေချာချာ ညွှန်းဆိုသွားခဲ့ပြီး ကျန် အစ္စလာမ်အကြမ်းဖက်တွေနဲ့ မကွာလှတဲ့နမူနာကို ပေးဖို့ကြိုးစားနေဟန်ကို တူးဖော်မိလိုက်ပါတယ်။  “Maybe I felt a little bit guilty as a Buddhist,” he says. “But we have to protect ourselves.” အဓိပ္ပါယ်ကဒီလိုပါ။ ကျနော် ဗုဒ္ဓဘာသာဖြစ်ရတာကို နည်းနည်းတော့ မလုံသလိုခံစားရတယ်။ ဒါပေမယ့် ကျနော်တို့ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပဲလေလို့ ပစ္စတို သုံးလက်ရှိတယ်ဆိုတဲ့ ထိုင်းတောင်ပိုင်းက ရဟန်းက ဒီလိုပြောတယ်ဆိုပြီး ထပ်မံ ဖော်ပြပါတယ်။ "ကျနော်တို့က ဒီတိုင်းပြည်သားတွေဗျ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေက ကျနော်တို့ကို ဘယ်တော့မှ ထိုင်းနိုင်ငံသားတွေလို့ မမှတ်ဘူး။" ဒီစကားကိုပြောသူက ထိုင်းတောင်ပိုင်း မွတ်ဆလင် တော်လှန်ရေးသမား တစ်ဦးပါ။ အဲ့ဒီစကားအပြီးမှာ ဒါလေးနဲ့ ထိုင်း ဥပမာကို ပိတ်သိမ်းလိုက်ပါတယ်။ “Islam is a religion of violence,” says Phratong Jiratamo, a marine turned monk. “Everyone knows this.” အစ္စလာမ်ဆိုတာ အကြမ်းဖက်ဝါဒပဲ။ ဒါလူတိုင်းသိတယ်လို့ ဘုန်းကြီးက ပြောပါတယ်ဆိုပြီး ပိတ်သိမ်းလိုက်တာပါ။ လှပါတယ်။ မွတ်ဆလင်တော်လှန်ရေးသမားရဲ့ စကားလုံးက Equality ဖက်ရောက်ပါတယ်။ ထိုင်းဘုန်းကြီးစကားက တော်တော်လေး ပိန်းတဲ့ ပညာမဲ့ စကားဆန်ပါတယ်။ ဒီနှစ်ခုကို တွဲပြလိုက်ပါတယ်။

 ဒီမိုကရက်တွေ အသည်းစွဲ တန်းတူညီမျှမှုကို မွတ်ဆလင်ဖက် ထည့်လိုက်ပြီး ဘုန်းကြီးပြောစကားကို ခပ်ပိန်းပိန်း ဘာသာရေးအစွန်းရောက်အနေနဲ့တင်လိုက်ပါတယ်။ ဒီနည်းနဲ့ သင်္ကန်းနဲ့သေနတ်၊ ဖိနှိပ်မှုတွေဟာ ကောက်ကြောင်း ထင်းထင်းကြီးပေါ်လာပါတော့တယ်။
နောက်ဆုံး စာနှစ်ပိုဒ်မှာတော့ စာရေးသူအာဘော်ကို ပိုမြင်လာရပါတယ်။ စာရေးသူက ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာနဲ့ ဝီရသူရဲ့ အကြမ်းဖက်မှုကို ဘယ်လို သဟဇာတ ဖြစ်အောင်လုပ်မယ်ဆိုတာကို နားမလည်နိုင်အောင် ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။ ဝီရသူဟာ ထိုင်းတောင်ပိုင်းက ဘုန်းကြီးတွေလိုပါပဲ လို့ရေးပြပါတယ်။ သူ့တရားပွဲအဆုံးမှာ သူ့ပရိသတ်တွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိမိအသက်ကို စတေးပါမည် ဆိုတဲ...့ ဟာကို လိုက်ရွတ်ဆိုကြပါတယ်လို့ ဖော်ပြပါတယ်။

နောက်ဆုံးနိဂုံးမှာတော့ စာရေးသူရဲ့ အဘော်ကို အထင်ရှားဆုံး မြင်လိုက်ရပါတော့တယ်။ စာရေးသူ ဖော်ပြထားတာက ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှုဆိုတာဟာ တစ်ကယ့်ကို မဖြစ်နိုင်လောက်တဲ့ နေရာမှာတော့ ကျန်နေပါသေးတယ်လို့ ဆိုလိုက်တာပါ။ Unlikeliest လို့သုံးပြသွားတာပါ။ ဒီနည်းအားဖြင့် ကျန်အများစုကြီးဟာတော့ဖြင့် ခွင့်လွှတ်မှုဆိုတာမရှိတဲ့လူတွေလို့ အဓိပ္ပါယ်အလိုလို သက်ရောက်သွားစေပါတော့တယ်။

 ဆောင်းပါးရှင်က ဥပမာပေးပါတယ်။ 2011 ထိုင်းမှာ ဗုံးကွဲတော့ ရဟန်းတစ်ပါးဟာ ဆွမ်းခံလျက်ပါ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီးရခဲ့ပါတယ်။ အမာရွတ်တွေလဲမနည်း။ မျက်လုံးလဲ မကောင်းလှတော့ပါဘူး။ ဒါပေမယ့်သူက အစ္စလာမ် ဘာသာဆိုတာ ကျန်ဘာသာရေးတွေလိုပဲ အင်မတန်ငြိမ်းချမ်းတဲ့ ဘာသာပါလို့ ပြောနေဆဲပါ လို့ ဥပမာပေးခဲ့ပါတယ်။ မွတ်ဆလင်တွေကို အပြစ်တင်တယ်၊ သူတို့က ကျနော်တို့ကိုပြန်အပြစ်တင်မယ်..ဒါဆို ဘယ်တော့မှအကြမ်းဖက်မှု မပြီးဆုံးပါဘူးလို့ အဲ့ဒီထိုင်းရဟန်းက ပြောသွားတယ်ဆိုပြီးရေးသွားပါတယ်။ နောက်ဆုံးစာပိုဒ်...နိဂုံးပိုဒ်မှာ မွတ်ဆလင်တွေကို အပြစ်တင်ခြင်းသည် ဗုဒ္ဓဘာသာမမည် ဆိုတဲ့ မက်ဆေ့ကိုရအောင်ထည့်ပေးသွားပါတယ်။ ဒီကြားထဲမှာ ရိုဟင်ဂျာကိစ္စကိုသုံးကြိမ်တိတိသုံးပါတယ်။ တစ်ကယ်တော့ ဒီလို ခွင့်လွှတ်နိုင်မှု မျိုး၊ သူပေးတဲ့ဥပမာမျိုးဟာ သာမန် (Average) တွေအနေနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေသာလျှင်ဖြစ်ပါတယ်။ ဒီလို ရှားပါးတဲ့ ဥပမာမျိုးကိုပေးလိုက်ခြင်းအားဖြင့် ကျန် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလိုမကျင့်လျှင် အလကားဆိုတဲ့မက်ဆေ့ခ်ျကို ရသွားစေတော့တာပါပဲ ။

ဆောင်းပါးရှင်ရဲ့ကောက်ကြောင်းကိုကြည့်လိုက်တဲ့အခါမှာ ဦးဝီရသူထက် မြန်မာပြည်တွင်းနဲ့ အရှေ့တာင်အာရှ၊ တောင်အာရှ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်တွေကို သီးသန့ဖော်ပြထားပြီး ထိုင်းတောင်ပိုင်းကိစ္စ၊ မြန်မာပြည်တွင်းကိစ္စ နဲ့ သီရိလင်္ကာကိစ္စတွေမှာ ဆန့်ကျင်ဖက်တွေရဲ့အမြင်တွေကို လလုံးဝ ထည့်မထားတာကို အထူးသတိပြုမိပါတယ်။ စာကြောင်းချိတ်ဆက်ပုံ၊ အိုင်ဒီယာချိတ်ဆက်ပုံတွေ၊ ဥပမာပြပုံတွေရဲ့ လားရာဦးတည်ဖက်ဟာ ဗုဒ္ဓဘာသာ ဟာ ကျဆုံးနေတဲ့ဘာသာရပ်ဖြစ်ပြီး ကျန်အလားတူဘာသာများလိုပဲ အကြမ်းဖက်တွေထွက်လာတဲ့ "ညွှန်းသလောက်မဟုတ်တဲ့ဘာသာရေးပါ" ဆိုတဲ့ အမြင်ကို တူးဖော်လိုက်မိပါတယ်။

ဒါကတော့ ဒီဆောင်းပါးအပေါ် အနုစိတ် သုံးသပ်ကြည့်ခြင်းပဲဖြစ်ပါတယ်။

မျိုးဆက်..

Myo Set Facebook