ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ဗီဒီယို. Show all posts
Showing posts with label ဗီဒီယို. Show all posts

အမေရိကန်နိုင်ငံ Oregon ပြည်နယ် Portland မြို့မှ မြန်မာပြည်တွင်းရှိ HIV- AIDS ဝေဒနာရှင်များအား ကူညီရေး ရံပုံငွေဈေးရောင်းပွဲအတွက် ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း...

ဗီဒီယို ဖိုင်ပေးပို့ပေးတဲ့ ကိုနစ်အား ကျေးဇူးတင်ပါသည်..။
အောက်ကပုံတွေကတော့ အမေစု ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ(၁၇)နေ့က အမေစု တောင်ဒဂုံမှာရှိတဲ့ HIV/AIDS ဝေဒနာရှင်တွေကို သွားရောက်တွေ့ဆုံ အားပေးတုန်းက မတင်လိုက်ရပဲ ကျန်ခဲ့တဲ့ ပုံတွေ ပြန်တင်ပေးလိုက်ပါတယ်...။
ဂရုဏာ အပြည့် ကြင်နာမှု အပြည့်နဲ့ နွေးထွေးမှု အပြည့်နဲ့ ပန်းတွေဝေပေးနေတဲ့ အမေ့ပုံပါ..
ဓာတ်ပုံ ဒီမိုဝေယံ

NTD သတင်းဋ္ဌာနမှ ထုတ် လွှင့်သွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား(ရုပ်သံ)


Human Rights in Burma: A Compilation of Videos from Burma Issues and WITNESS :(Documentary မှတ်တမ်းရုပ်ရှင်)


နအဖ စစ်အာဏာရှင်တွေရဲ့ တိုင်းရင်းသား နယ်စပ်ဒေသက လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများအား မျက်မြင်သက်သေများရဲ့ ထုတ်ဖော်ပြောကြားချက်တွေနဲ့အတူ  ရိုက်ကူးတင်ဆက်ထားတဲ့  ၁၀၃ မိနစ်ကြာ သတင်းမှတ်တမ်း Documentary မှတ်တမ်းရုပ်ရှင်ပါ...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် AlJazeera သတင်းဋ္ဌာန ဗီဒီယိုမှ တိုက်ရိုက်မေးမြန်း ဆွေးနွေးတဲ့ ရုပ်သံဖိုင်....


Reuters သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ သျှမ်းပြည်တပ်မတော် နှင့် DKBA (ရုပ်သံ)



အောက်က ရုပ်သံဖိုင်ကတော့ ပြီးခဲ့တဲ့လက မြဝတီမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ DKBA နဲ့ နအဖတိုက်ပွဲ RAW VIDEO ဖိုင်ပါ..

Jutta Pflueg မှပြန်လည်မျှဝေပါတယ်..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း တွေ့ဆုံပွဲ (ရုပ်သံ)


မဇ္ဈိမသတင်းဋ္ဌာန(ရုပ်သံ)


DVBသတင်းဋ္ဌာန(ရုပ်သံ)

ဗိုလ်ခင်ညွန့် အပိုင်း (၂) အသံဖိုင် အပြည့်အစုံ...


Facebookမှာ ကိုရဲသူရိန်မင်းမှ ဗိုလ်ခင်ညွန့် အပိုင်း (၂) ကို ထပ်တင်ပေးထားပါတယ်..။ ဧည့်ခန်းမှာ စကားပြောတဲ့ အပိုင်း နားဆင်နိုင်ပြီ ဖြစ်ကြောင်း... ဆံပင် တောင် သူ့ဟာသူညှပ်ရတာဆိုတဲ့ အပိုင်းပါတဲ့.. ဖိုင်မှာError တက်နေလို့ တခါတည်း မတင်လိုက်နိုင်တာကို ခွင့်လွှတ်ပါဟု ရေးသားထားပြီး မည်သူမဆို Share နိုင်ပါကြောင်း ဖော်ပြထားပါတယ်။ ကျန်အပိုင်းများကိုလည်း ထပ်ပီးတော့တင်ပေးပါမည်ဟု ရေးသားထားပါတယ်..။

http://www.facebook.com/#!/video/video.php?v=167914103248541

Download လုပ်ချင်ရင်.. http://www.mediafire.com/file/7iq6eqjsqz7bnh7/Bo%20Khin%20Nyunt%202.mp4

ဗိုလ်ခင်ညွန့် အသံပါတဲ့ဖိုင်ပါ..



Facebookမှာ ရဲသူရိန်မင်း တင်ထားတဲ့ဖိုင်ပါ..။ ဗိုလ်ခင်ညွန့် အသံကြားချင်သူများအတွက် အသံပါတဲ့ဖိုင်ပါ။ ဘာတွေလဲဆိုတာ ကိုယ်တိုင်သာ သုံးသပ်ကြပါတော့။ ဒီထက်ရှည်တဲ့ဖိုင် မကြာခင်တင်ပေးပါမယ်တဲ့။ စစ်အစိုးရက ရည်ရွယ်ချက်နဲ့ ထုတ်ခဲ့တာမဟုတ်သလို၊ စစ်အရာရှိကြီးတဦးဆီကရတာပါတဲ့။ ပြသနာတွေလည်း တိုးတိုးတိတ်တိတ် တက်နေကြပါပြီ။ လို့ ရေးသားထားပါတယ်..။
http://www.facebook.com/video/video.php?v=167717436601541

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ ၂ပတ်ကျော်လောက်က ဗဟိုတရားရုံးချုပ်သွားပြီး အဖွဲ့ချုပ်ရုံးကို ရောက်ရှိစဉ် ရုံးအတွင်း မြင်ကွင်း ရုပ်သံဖိုင်..


ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ကိုထိန်လင်းတို့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ ရောက်ရှိစဉ် ပြည်သူလူထုကြီးမှ ဤသို့ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်.. ( ရုပ်သံ)


မဇ္ဈိမ သတင်းဋ္ဌာနမှ ကူးယူဖော်ပြပါသည်..။
တစ်ဆိုင် တစ်ယောက် မထွက်ရလို့လည်း မမှာထားပါဘူး..မလာမနေရ မကြည့်မနေရလို့လည်း အကြပ်မကိုင်ထားပါဘူး.. ဟိုလမ်းဖွင့်၊ တံတားဖွင့်၊ ကျောင်းဖွင့် အခြံအရံတွေနဲ့ သတင်းစာ တီဗီမျက်နှာဖုံးရှင် ဆရာတွေနဲ့တော့ ကွာပါ့ဗျာ... ပြည်သူ့နှလုံး ပြည်သူ့အပြုံး ပြည်သူ့မေတ္တာတွေ အပြည့်အဝရနေတဲ့ ကျွန်တော်တို့ အမေစုပါ.. ။ ကျွန်တော်တို့ ပြည်သူတွေကို ကြည့်ပြီး အားရကျေနပ် ပီတိဖြစ်မိပါတယ်.. ဗီဒီယိုမှတ်တမ်းကြည့်ခွင့်ရတဲ့ အတွက် မဇ္ဈိမ သတင်းဋ္ဌာနအား အထူးကျေးဇူးတင်ပါသည်..။

ဂျပန် TBS သတင်းဋ္ဌာနနဲ့ANN NEWS ကထုတ်လွှင့်သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နန်ဘီအာတို့ တွေ့ဆုံပွဲ (ရုပ်သံ)

ဓာတ်ပုံ AP


TBS သတင်းဋ္ဌာန

ASAHI ANN NEWS

ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ(VOA)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး စတင်ရောက်ရှိပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာနမ်ဘီးယားတို့ တွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ အားလုံးစုစုပေါင်း ၁ နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာနမ်ဘီးယားဟာ မြန်မာနိုင်ငံအရေး တာဝန်ယူပြီးကတည်းကဆိုရင် ဒါ ပထမဆုံး သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သလို မြန်မာပြည်တွင်း အတိုက်အခံ အင်အားစုတွေနဲ့ ပထမဆုံး စတင်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“နေ့လည် မွန်းလွဲ ၂ နာရီမှာ မစ္စတာ နမ်ဘီးယားဟာ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့စပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတဲ့နောက် ၂ နာရီခွဲမှာ ကျနော်တို့ ဥက္ကဌ ဦးတင်ဦး၊ NLD အလုပ်အမှုဆောင်အဖွဲ့များ အားလုံး ပါဝင်တဲ့၊ ဗဟိုအလုပ်အမှုဆောင်များအဖွဲ့၊ အဲဒီအထဲမှာ အထွေးထွေ အတွင်းရေးမှူးလည်း ပါဝင်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ထပ်ပြီးတော့ ဆွေးနွေးပါတယ်။ ဆွေးနွေပြီးတဲ့နောက် CRPP အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များဖြစ်တဲ့ ဦးအေးသာအောင်၊ ဦးနိုင်ထွန်းသိန်း၊ ဦးပုကျင်းရှင်းထန်၊ ဦးထောင်ကိုထန်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ အတွဲလိုက်ပေါ့ ဆက်ပြီးတော့ ကျနော်တို့နဲ့အတူ ဆက်ပြီးတော့ ဆွေးနွေးပါတယ်။ ၂ နာရီကနေစတဲ့ ဆွေးနွေးပွဲဟာ ၃ နာရီမှာ အဲဒီလို အစီအစဉ်အလိုက် ဆွေးနွေးပြီးတဲ့နောက် ပြီးသွားပါတယ်ခင်ဗျ။”

ဆွေးနွေးတာက ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပဲလားခင်ဗျ။ -

“ဟုတ်ပါတယ်ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပါ။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်များပါ နောက်ဆုံးမှာ ပါဝင်ပြီး ဆွေးနွေးကြတာပေါ့။ တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေး ပြဿနာကို ပြေလည်ဖို့ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ကြိုးပမ်းတာအောင်မြင်ဖို့ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါမှာဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားခေါင်းဆောင် CRPP အဖွဲ့ဝင် ခေါင်းဆောင်များကိုပါ အထွေထွေ အတွင်းရေးမှူးချုပ်က ဖိတ်ကြားပြီးတော့ မိတ်ဆက်ပေးပြီးတော့ တွေ့တာဖြစ်ပါတယ်။”

အဲဒီတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့တဲ့သဘောက မစ္စတာ နမ်ဘီးယားက စီစဉ်တာမဟုတ်ဘဲနဲ့ ဒီဘက် NLD က စီစဉ်ပေးတဲ့သဘောပေါ့။ -

“အဲဒီ အကုန်လုံးပေါ့ ညှိနှိုင်းပြီးတော့ စီစဉ်တဲ့သဘောပါပဲခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာရော ဘာအကြောင်းရပ်တွေများ ပြောဖြစ်လဲခင်ဗျ။ -

“တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့တော့ အသေးစိတ် ထုတ်ပြန်ဖို့မရှိပါဘူး နှစ်ဖက်စလုံးက။ ဒါပေမဲ့ ကျနော် ပြောနိုင်တာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အထွေထွေ အခြေအနေတွေကို ပြည့်စုံစွာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြပါတယ်။”

မစ္စတာ နမ်ဘီးယားနဲ့ အဲန်ကယ်လို့ ပထမဆုံး တွေ့ရတဲ့အခေါက်ဆိုတော့ ဘယ်လို ယူဆလဲခင်ဗျ။ အခု တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ အားရကျေနပ်မှုရှိသလား၊ လိုအပ်ချက်တွေ ရှိသေးလား။ -

“နှစ်ဖက်စလုံးက ဆွေးနွေးချက်တွေဟာ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပေါ့လေ ဖလှယ်ကြတာဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးပွဲဟာ တကယ့်ကို ရင်းနှီးပွင့်လင်းတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြီးတော့လဲ ကျနော်တို့ အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ကလည်းပဲ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရအောင် ကျိုးပမ်းရမှာဆိုတာကို အစကတည်းက ပြောထားပါတယ်။ ထို့အတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သ၀ဏ်လွှာမှာကိုပဲ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် အရင်လုပ်ရမယ်ဆိုတာကို ပြောထားတာဖြစ်တော့ အဲဒီဆီကို ဦးတည်နိုင်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတရပ် ဖြစ်တယ်ဆိုတာကို ခံစားမိကြောင်း ကျနော်ကတော့ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်စေ၊ NLD နဲ့ဖြစ်စေ ထပ်ပြီးတော့ တွေ့ဆုံနိုင်တဲ့ အလားအလာ ရှိသေးလားခင်ဗျ။ -

“ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ထပ်ပြီးတော့ နောက်ထပ် ဆွေးနွေးပွဲတွေ ရှိမယ်လို့တော့ နှစ်ဖက်စလုံးကတော့ သဘောထား ပေးပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ နောက် အလားတူ ဆွေးနွေးပွဲတွေဟာ မကြာခဏ ဖြစ်သွားမှာပါလို့ အဲဒီလို သုံးသပ်ကြတာသိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ သီးခြားတွေ့ဆုံသလို ရွေးကောက်ပွဲဝင်တဲ့ အခြားနိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လို့ မြို့တော် နေပြည်တော်ကိုတော့ သွားရောက်မယ့်အစီအစဉ် မရှိဘူးလို့သိရပါတယ်။

သမိုင်းတင်လောက်တဲ့ မေမေ..




ကိုသော်ကြီး(ဂျပန်)မှ ခံစားပုံဖော်တင်ပြပါသည်..။
သမိုင်းတင်လောက်တဲ့ မေမေ..ရုပ်သံဖိုင်ထဲမှာ မမြင်ဘူး မတွေ့ဘူးသေးတဲ့ ရှားပါးတဲ့ အမေစုရဲ့ မှတ်တမ်းပုံရိပ်တွေ ထည့်သွင်းဖော်ပြပေးတဲ့ ကိုသော်ကြီးအား ကျေးဇူးတင်ပါသည်..။

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ ကြေငြာချက်.. (ဗီဒီယိုဖိုင်)

ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင် အတွက် VBSW မှရဲဘော်အား ကျေးဇူးတင်ပါသည်..။

CNN သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ မနေ့က ရွှေတိဂုံဘုရား သွားရောက်ဖူးမြော်ခဲ့တဲ့ သတင်း ရုပ်သံ..

Photobucket
ဓာတ်ပုံ Reuters

ဂျပန်TBS သတင်းဋ္ဌာန ကထုတ်လွှင့်သွားတဲ့ ၂၃ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ လေဆိပ်မှာ ပြန်လည်တွေ့ဆုံခဲ့တဲ့ ရုပ်သံဖိုင်...


ကရင်နီနဲ့ နအဖတိုက်ပွဲ (ရုပ်သံ)


အားလုံး ကြည့်ရအောင်လို့ sayrehsoe ရဲ့ရုပ်သံဖိုင်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်..။ အာဏာရှင်တွေ အုပ်စိုးမင်းမူနေတဲ့ စံနစ်ဆိုး ခေတ်ဆိုးအောက်မှာ အိမ်ကြက်ချင်းခွပ်နေရတဲ့ ပြည်တွင်းအခြေအနေတွေပါ.. မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ..

မိခင်ဖြစ်သူကို ကြင်ကြင်နာနာနဲ့ ထွေးပွေ့ နှုတ်ဆက်ခဲ့တဲ့ ကိုထိန်လင်းနဲ့ သားအမိနှစ်ဦးရဲ့ ကြည်နှုးဖွယ်ရာ ပုံရိပ်..( AP, ITN ရုပ်သံ)

Photobucket

အမေစုနဲ့ သားကိုထိန်လင်းတို့ရဲ့ ကြည်နှုးဖွယ် သားအမိနှစ်ဦးရဲ့ ပုံရိပ်တွေပါ..။ ကျွန်တော်တို့ အမိမြန်မာပြည်မှာလည်း ခေတ်အဆက်ဆက် စံနစ်ဆိုးတွေအောက်မှာ သားပျောက်အမေတွေ အမေပျောက်သားတွေ ပြန်လည်ဆုံဆည်းနိုင်မယ့် မိတကွဲ သားတကွဲ ဘဝတွေ ကင်းဝေးပြီး ငြိမ်းချမ်း၊ အေးချမ်းသာယာတဲ့ ခေတ်တစ်ခေတ်ကို ပြန်ရောက်နိုင်အောင် အမေစုရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ညီညီညွတ်ညွတ်တည်း လက်တွဲ ဆောင်ရွက်ကြပါစို့ဗျာ....

အောက်မှာ AP ရုပ်သံနဲ့ ITN ရုပ်သံတွေက မိခင်နဲ့သား ပြန်လည်ဆုံစည်းတဲ့ သတင်းဖော်ပြချက်တွေပါ..

AP သတင်းဋ္ဌာနရဲ့ Raw Video ဖိုင်..

ITN NEWS ရုပ်သံဖိုင်..

ဂျပန်TBS သတင်းဋ္ဌာန ကထုတ်လွှင့်သွားတဲ့ အဖွဲ့ချုပ်ရုံးရှေ့မှာ ပြုလုပ်တဲ့ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲ ...(ရုပ်သံ)

ကျွန်တော်တို့ လူထုခေါင်းဆောင်နဲ့ ကျွန်တော်တို့ ပြည်သူလူထု.. (AP)

Russia Today သတင်းဋ္ဌာနက ထုတ်လွှင့်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(ရုပ်သံ)

ဒါလူထုခေါင်းဆောင်ကို ချစ်ခင်လေးစားတဲ့ ကျွန်တော်တို့ ပြည်သူတွေနော်.. ဇွဲကောင်းကောင်းနဲ့ စောင့်မျှော်ခဲ့ကြပြီး.. အမေစုလွတ်လာတော့ ဝမ်းသာအားရပေါ့ဓာတ်ပုံတွေကတော့ Reuter နဲ့ မေးလ်ထဲရောက်လာတဲ့ ပုံတွေပါ..


ဒီညတော့ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အကြောင်းထုတ်လွှင့်ထားတဲ့ ရုပ်သံဖိုင်တွေ လျှောက်ကြည့် နေမိတယ်လေ.. ဒီရုပ်သံဖိုင်တွေမှာ ညအမှောင်အောက်မှာ ပြည်သူလူထုတွေ ဇွဲကြီးကြီးနဲ့လေ.. လူထုခေါင်းဆောင်ကို ကြိုဆိုကြတာ..။ အမေစုကို သွားရောက်အားပေးပြီး ပြန်လာတဲ့ သူငယ်ချင်းတစ်ယောက် ပြောပြတာကတော့ အမေစုအိမ်ဘက်မှာ မီးဖြတ်ထားတယ်တဲ့လေ.. စေတနာအကျိုးပေးမှာပါ...။

Facebook မှာ တင်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခုမှာတော့ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းတံခါးပေါ်က ပြည်သူတွေကို မျက်နှာထွက်ပြတဲ့ အချိန်မှာ အောက်ကလူငယ် တစ်ယောက် လှမ်းအော်လိုက်တဲ့ အသံလေးတစ်ခုကတော့ (အမေစုသားတို့ လွမ်းလှပြီတဲ့) မြင်ရတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး ကိုယ်ကိုယ်တိုင် ရောက်ရှိနေသလို ခံစားရပါတယ်..။ လူထုခေါင်းဆောင်ကို ပြည်သူလူထုက ရင်ထဲက ချစ်ခင်မှုတွေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာ မြင်ရတဲ့အတွက် ပီတိဖြစ်ပြီး ရင်ထဲမှာ နင့်နေအောင် ခံစားရပါတယ်..။ ခုချိန်မှာ ကျွန်တော်တို့ အားလုံး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရပါမယ်..။ ခေါင်းဆောင်ရဲ့ စကားကို တသွေမတိမ်းလိုက်နာပြီး.. မယိမ်းမယိုင်တဲ့ စိတ်ဓာတ်တွေနဲ့ ကျွန်တော်တို့ တိုင်းပြည်အနာဂတ်အတွက် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစား အားထုတ်ကြ ရအောင်လားဗျာ...

ဂျပန်TBS သတင်းဋ္ဌာန ကထုတ်လွှင့်သွားတဲ့ လူထုခေါင်းဆောင်ရဲ့ သတင်း.(ရုပ်သံ)