ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်သူပြည်သားတွေ လွတ်လပ်ပြီး ငြိမ်းချမ်းသာယာတဲ့ နှစ်သစ်ကို ရရှိနိုင်ပါစေ....



မြန်မာပြည်သူပြည်သားအပေါင်းတို့  လွတ်လပ်မှု ရရှိကြမည့် ၂၀၁၀ ခုနှစ်သစ်ဆီသို့ ။
Countdown... လေးလုပ်ရင်း ဆုတောင်းပေးကြရအောင်.....


အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (တိုကျို ၊ ဂျပန် ဌာနခွဲ) “၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “ အခမ်းအနား


အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (တိုကျို ၊ ဂျပန် ဌာနခွဲ)

“၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “

အခမ်းအနား


အခမ်းအနား အစီအစဉ်

၁။ အခမ်းအနားကို “ နမော တဿ “ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ရန် ။

၂။ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း ၊ ဂျပန် ဌာနခွဲ ဆရာတော် အရှင်ဓမ္မဇောတိ မှ ပရိသတ်များအား “ငါးပါးသီလ“ ချီိးမြှင့်ပေးတော်မူရန် ။(၃- မိနစ်)

၃။ အွန်လိုင်း မေတ္တာပို့  နှစ်သစ်မင်္ဂလာ သာရဏီယ သြ၀ါဒ ကထာ အကျဉ်းကို နယူးဇီလန် နိုင်ငံမှ သာသနာ့ဥသျှောင်ဆရာတော် ဦးသြဘာသ အရှင်မြတ်မှ မြွက်ကြားပေးတော်မူပါရန် ။(၅-မိနစ်)

၎။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း“ မေတ္တာ ပို့ “ နှစ်သစ် မင်္ဂလာ အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း ၊ ဂျပန် ဌာနခွဲတာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိ မှ ရှင်းလင်းပြတော်မူပါရန် ။ (၅-မိနစ်)

၅။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာ“ ပို့ နှစ်သစ်မင်္ဂလာ ဆုတောင်း မေတ္တာ စာလွှာ သြ၀ါဒ ကထာ အကျဉ်းကို ဂျာမဏီ နိုင်ငံ မှ သာသနာ့ဥသျှောင်ဆရာတော် ဦးသောပါက အရှင်မြတ်မှ ချိမြှင့်ပေးတော်မူပါရန် ။ (၅ -မိနစ်)

၆။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာပို့ “ နှင့်စပ်လျဉ်း၍ အနုမောဒနာ တရားတော်ကို အင်္ဂလန်နိုင်ငံမှသာသန ဥသျှောင်ဆရာတော် ဦးဝိသုတအရှင်မြတ်မှ မြွက်ကြားပေးတော်မူပါရန် ။(၁၀-မိနစ်)

၇။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာပို့“ မင်္ဂလာပွဲသို့ ကြွရောက်ပါဝင်တော်မူလာကြကုန်သော နိုင်ငံတကာမှ ဆရာတော်များနှင့် လူ-ဒါယကာ/ဒါယိကာမတို့ အား ယနေ့ မျက်မှောက် ပြည်တွင်းအခြေနေ နှင့်စပ်လျဉ်း၍ သံဃာတော်များ ဦးဆောင်ပြီး ဖြေရှင်းရန်လိုအပ်ချက်နှင့် သတိထားရှေ့ဆက် ဆောင်ရွက်-သင့်သည့်အချက်များကို အန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှုး ဦးထာဝရ အရှင်မြတ်မှ လျှောက်ထား အသိပေးတိုက်တွန်းပေးတော်မူပါရန် ။( ၁၀-မိနစ်)

၈။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို့ “ မှ သည် ပြည်တွင်းနှင့် နိုင်ငံတကာ မှ သံဃာ့တပ်ပေါင်းစု နှင့် သာသနာ့ ဥသျှောင်ဆရာတော်များ နှင့် သံဃာထုတစ်ရပ်လုံး အား အားပေးတိုက်တွန်းခြင်းဥယျောဇန ကထာ စကားရပ်ကို ထိုင်းနိုင်ငံ မှ သာသနာ့ ဥသျှောင် အတွင်းရေးမှူးဆရာတော် ဦးက္ကုဿရိယ မှလျှောက်ထား တင်ပြပေးတော်မူပါရန် ။ (၁၀-မိနစ်)

၉။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာပို့ ဆုတောင်းပွဲ“ မင်္ဂလာ အချိန်ကျရောက်ပြီဖြစ်ပါ၍ နိုင်ငံတကာမှ ဆရာတော် သံဃာတော်များအား အန္တရာယ်ကင်း နှစ်သစ် မင်္ဂလာပရိတ်တရားတော်များ ချီးမြှင့် ပေးတော်မူကြပါရန် လျှောက်ထားတောင်းပန်လွှာကို သာသနာ့ဒါယကာကြီး ဦး --------------------မှလျှောက်ထားပေးပါရန် ။ (၃-မိနစ် )

၁၀။ “ အွန်လိုင်း မေတ္တာ ပို့ တော်မူကြရန် .။ မေတ္တာ သုတ် (၃) ခေါက် မောရသုတ် (၃)ခေါက် ဘုရားဂုဏ်တော် ၊ တရားဂုဏ်တော် ၊ သံဃာ့ဂုဏ်တော် ၊ ယံဒုန္နိ မိတ္တံ (၃)ဂါထာ၊ ဘ၀တု သဗမဂလံ (၃)ဂါထာ နှင့် တကွ ဇယန္တော ဗောဓိယာ မူလေ တို့ကိုရွတ်ဆိုတော်မူကြရန် ။(မိနစ်- ၃၀ ခန့် )

၁၁။ (ပထမ) အကြိမ်-အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို့ နှစ်သစ် မင်္ဂလာ အောင်မြင်စွာပြီးမြောက်ပြီဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံ အရှင်ဓမ္မဇောတိ အရှင်မြတ်မှ ကြေညာရန် နှင့် လှူဒါန်းမှုအစုစုအတွက်ရေစက်ချအမျှဝေပေးတော်မူပါရန် ။(၁၀-မိနစ်)

၁၂။ “ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု “ သုံးကြိမ်ရွတ်ဆို၍ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာပို့  ဆုတောင်းပွဲအခမ်းအနားကိုရုတ်သိမ်းကြပါရန် ။


နှစ်သစ်ဆုတောင်း....

2010

မြန်မာပြည်သူပြည်သားအပေါင်းအတွက် ငြိမ်းချမ်းသာယာဝပြောတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်......


မယုံစားနှင့် သူကကျား


မယုံစားနှင့် သူကကျား

သားစားသည့်ကျား၊ သင်ယုံစား၍
မုသားမာယာ၊ ပျားသကာကို
သာယာယစ်မူး၊ သင်မရူးနှင့်
သေနေသည့်ကျား၊ အတတ်မှားဖြင့်
ရွတ်ပွားမန္တန်၊ ထရှင်ပြန်သော်
တဖန်ရန်လုပ်၊ အစွယ်ထုတ်၍
ကျားကုတ်ကျားခဲ၊ သင့်ပြန်မဲမှာ
မလွဲဧကန်၊ ဖြစ်ရပ်မှန်မို့
အကြံကောက်ကျစ်၊ မင်းဆိုးညစ်၏
နှစ်ထောင်တစ်ဆယ်၊ ပြည်ပျက်လွယ်မို့
တွေ့ဖွယ်မလွဲ။ ရွေးကောက်ပွဲကို
အမြဲမှတ်သား၊ သင်ယုံစားက
မှောက်မှားမဆုံးရှိလိမ့်မည်။...။

ရန်နိုင်ထွန်း

လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဋ္ဌာနခွဲ


အဓမ္မဝါဒီများအတွက် ၂၀၁၀နှစ်သစ်ဆုတောင်း...

Photobucket
မျှဝေပေးပို့ပေးတဲ့ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်....

သစ္စာဖောက်...(၂၀၁၀ရွေးကောက်ပွဲဝင်မည့်သူများအတွက်)


သစ္စာဖောက်

ကွေးနေလား..
ကောက်နေလား...
ဖြောင့်နေလား...။

သုံးရာသီ ရေစိမ်ခံရဲ့လား...
အနစ်နာခံရဲ့လား...
ဝန်ချတောင်းပန်နိုင်ပါ့မလား...။

ဦးဆောင်ချင်တာလား
နောက်ကလိုက်ချင်တာလား...
ဘေးတိုက်သွားနေတာလား...။

သစ္စာရှိရဲ့လား...
သစ္စာဖောက်မှာလား...
နှစ်ဖက်ချွန်တော့မှာလား...။

နောက်ကြောဓားနဲ့ထိုးတာလား...
ရှေ့ကနေမျက်စိထဲ သဲနဲ့ပက်မှာလား..။
သွားပုတ်လေလွှင့် ပလဲပနံသင့်နေမှာလား...။

အာဏာရှုးတို့ရဲ့ မစင်နံ့မှာ...
မြူးတူးပျော်ပါး...
အရှက်မရှိသူများအတွက်...
မေးခွန်းများက အဆိပ်ရည်များသဖွယ်...
ပြေးစရာမြေမရှိသလို...
ပြည်သူရဲ့ တံတွေးခွက်မှာ...
မင်းတို့ရဲ့ သမိုင်း...
ရိုင်းစိုင်းအကျည်းတန်လာလိမ့်မယ်...။

(၂၀၁၀ရွေးကောက်ပွဲဝင်မည့်သူများအတွက်)


ရဲရင့်သက်ဇွဲ




ယုန်နှင့်အတူပြေး၍ ခွေးနှင့်အတူလိုက်မည့်သူများ...

ရန်ကုန်က မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီမှ လောက်ကောင်များ သမိုင်းပျက်အကျဉ်း..


မြန်မာ့အရေးဆွေးနွေးပွဲ ကော်မတီ

ဖြိုးမင်းသိန်း။ ။ ၈၈ -သံလျှင် လူ့ဘောင်။ဗကသ။

၉၀- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အောက်ဗမာပြည်)ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုးတာဝန်ယူခဲ့......

၉၁- ဒေါ်ချိုချိုကျော်ငြိမ်း၊ရွှေထီး တို့နဲ့တွဲ(ရ)နှစ်ကျ

၉၅- ထောင်တွင်း နောက်မှု၊ ဦးဝင်းတင် တို့နဲ့တွဲ၊တောင်ငူထောင်မှပြန်ခေါ်၊(ရ) ထပ်ကျ။

၂၀၀၀-တောင်ငူထောင်နောက်မှု-(ရ) ထပ်ကျ။ မြောင်းမြရွှေ့

၂၀၀၅-ဇူလိုင် ၆ လွတ်၊ ဘယ်နေရာမှမပါ။စီးပွားရေးဘဲလုပ်နေ။

ယခု-ကိုဌေးကြွယ် ညီမ နှင့်အိမ်ထောင်ကျနေ။

သိန်းဌေး။ ။ ၈၈ ဗကသ။အာဏာသိမ်းတောခို။

၈၈-နိုဝင်ဘာ၁ ရက်။ လှအောင်နှင့်အတူပြန်ဝင်။

၈၉-တပ်ဦး-တောပြန်ပေါင်း တိုက်ပွဲကော်မတီဖွဲ့စဉ်ကပါခဲ့

နောက်ပိုင်း ဘာမှမလုပ်။စီးပွားရေးသမား။ဖရေဇာပေါ်မှာ လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်

၂၀၀၉-ကိုလတ် နှင့်တွဲ၍ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး ကင်ပိန်းတခု လုပ်ခဲ့

မင်းလွင်။ ။၈၈ တောခို။ မယ်တော်ကျောင်း ၁၃၅ယောက် အုပ်စု

၈၈ ပြန်ဝင်။ ၈၉ တိုက်ပွဲကော်မတီပါခဲ့ဘူး။နောက်ဘာမှမလုပ်တော့။

၊ရခိုင်ဘက်မှာ ရေလုပ်ငန်းကုမ္မဏီတခုလုပ်နေ။

သောင်းဝင်း။ ။ ၉၆ ကျ။ မြောင်းမြလွတ်။

၂၀၀၂ လွတ်။ မြောက်ဒဂုံမှာနေ။ ထောင်ထွက်များကြား နံမည်ပျက်ရှိ။

ထောက်လှမ်းရေးသတင်းပေးလို့ပြောကြ။

သိန်းတင်အောင်။ ။ ၈၈ မှာပါဘူးသည်ဟုပြော။

။ အေးလွင်တို့နှင့်တွဲ anti section လုပ်။ ဝေစုများမတည့်၍ အေးလွင်အဖွဲ့မှထွက်။

။ ၂၀၀၉(ဘီဘီစီ) ကိုကိုလတ် နှင့်တွဲ၍ စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေးကင်ပိန်းတခု လုပ်ခဲ့။

ယခု ဦးသုဝေ ပါတီ တွင် ပါနေ။

၂၀၁၀ နီးကပ်လာတာနဲ့အမျှ အမြှီးရ အမြှီးစား ခေါင်းရခေါင်းစား အဖွဲ့တွေခေါင်းထောင် လာပါပြီ... ဆရာမောင်သာရရဲ့ ဝတ္ထုခေါင်းစဉ် စာသားထဲကလို ယုန်နှင့်အတူပြေး၍ ခွေးနှင့်အတူလိုက်မည့်သူများပါပဲ... နောက်လည်း ပေါ်လာပါဦးမယ်...ပြည်သူလူထုဖက်က ပြတ်ပြတ်သားသားဆန့်ကျင် ကန့်ကွက်ကြပါ...

မျှဝေပေးပို့ပေးသူ မြတ်လေးငုံ....

၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ အိပ်မက်ပိုင်ရှင်များရဲ့ နာမည်နဲ့ ဖုန်းနံပါတ်များ....

1. ဦးကိုကို 064-50410 / 09-2165036
2. ဦးကိုကိုနိုင် 01-580480
3. ဦးကျော်စိုးလင်း 01-244924
4. ဦးခင်မောင်ထွေး တဆင့် 064-24751
5. ဦးစိုးကြွယ် တဆင့် 01-629463
6. ဦးညိုမင်းလွင် 01-578503
7. ဦးညွန့်မောင် 01-244924
8. ဦးဌေးဝင်း တဆင့် 01-710553
9. ဦးတင်မောင်အေး 01-243633 / 09-5073452
10. ဦးတင်လှ တဆင့် 01-593259
11. ဦးတင်ဟန် တဆင့် 064-24751
12. ဒေါ်နန်းရွှေကြာ တဆင့် 02-57618 / 02-57109
13. ဦးနေမျိုးဝေ 09-8610719
14. ဦးမျိုးခိုင် တဆင့် 01-611272 / 01-610083
15. ဦးမြင့်အောင် 01-645001
16. ဦးရဲမင်း တဆင့် 02-57618 / 02-57109
17. ဦးလှမြင့် 068-21398
18. ဦးဝင်းဇော် 064-24259 / 09-2201141
19. ဦးသန်းမင်းစိုး တဆင့် 01-291375
20. ဦးသန်းအေး တဆင့် 09-8590990
21. ဦးသိန်းတင်အောင် 01-682581
22. ဦးအုန်းလွင် 01-296693 / 09-5197648
23. ဦးအောင်ဘွား 01-296693 / 09-5197648
24. ဦးအောင်မျိုးဥိး 01-500610
25. ဦးအောင်သန်းတင့် တဆင့် 063-50642
26. ဦးကျော်မြင့် 09-5333193
27. ဦးသုဝေ 09-5084963
28. ဦးကြည်ဝင်း 01-637076
29. ဦးရဲထွန်း ( အငယ် ) 01-556554
30. ဦးသိန်းကြည် 063-50641
31. ဦးထွန်းအောင်ကျော် 01-504882 / 01-505307
32. ဦးလှသိန်း 01-504882
33. ဦးငြိမ်းမောင် 01-504882
34. ဦးရဲထွန်း ( အကြီး ) 09-5185511 / 01-538669
35. ဦးတင်ထွန်းမောင် 01-540987
36. ဦးဌေး 09-8534539
37. ဦးရွှေအုံး 01-510541 /01-510764
38. ဦးတင်အုံး တဆင့် 01-662461
39. ဦးတင်ဝင်း 045-48321
40. ဦးဘိုမောင်း တဆင့် 01-553869
41. ဦးမျိုးသန့် တဆင့် 09-6570445
42. ဒေါ်ချိုချိုကျော်ငြိမ်း 09-5161173
43. ဦးတင်စိုး 01-504882

အကျဉ်းထောင် အတွင်းကွယ်လွန်သွားသည့် မတင်တင်ထွေး အတွက်ရည်စူး၍ ဆွမ်းသွတ် အမျှဝေပွဲကျင်းပပြုလုပ်..


ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၃)ရက်နေ့က စစ်အစိုးရအကျဉ်းထောင်အတွင်း ကွယ်လွန်သွားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟန်းမြို့နယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ မတင်တင်ထွေး(ခ)မပဲ၏ ရက်လည်ဆွမ်းသွတ် ရေစက်ချတရားနာပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ အပြည်ပြည်ဆိုင်ရာသံဃာရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း တာဝန်ခံဆရာတော် ဦးဓမ္မဇောတိမှ မတင်တင်ထွေးအတွက် ရည်စူး၍ တရားချီးမြှင့်ပြီး တက်ရောက်လာသူများမှ ရေစက်သွန်းချ အမျှပေးဝေပေးခဲ့ကြပါတယ်။

အေအေပီပီ၏ စုဆောင်းရရှိခဲ့သော မှတ်တမ်းအရ ၁၉၈၈ ခုနှစ် မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း သေဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်းသူ/သားပေါင်း ၁၄၃ ယောက်ရှိပြီဖြစ်ပါတယ်။


နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားလေ၊ နအဖအတွက် လုပ်သူတွေကလည်း ခြေလှမ်းသွက်လေ၊ ပြည်သူတွေ မျက်စိရှင်ရှင် နားစွင့်စွင့်နဲ့  နေကြပါဗျို့

သိန်းတင်အောင်နဲ့ ဖြိုးမင်းသိန်း တို့က ဒီနေ့  ဒီဇင်ဘာ ၃၀ ရက်နေ့ မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်လိမ့်မယ်။ နေ့လည် (၁) နာရီကနေ (၃) နာရီအတွင်း။ နေရာက အမှတ် ၁၂၃၊ ဘီ (၃)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်ပါ။ မြန်မာ့အရေးဆွေးနွေးပွဲကော်မတီ ဆိုပြီး နာမည်ခံထားတယ်။

သူတို့ ရဲ့ ကျောထောက်နောက်ခံက ၀န်ကြီး အောင်သောင်းရဲ့ PA ဗိုလ်ကြီး ကိုကိုနိုင်ပါ။ သူတို့ထဲမှာ ကျောင်းသားအမည်ခံပြီး ၈၈ တုန်းက ဗိုလ်ခင်ညွန့်တို့နဲ့ ပူးပေါင်းသွားတဲ့ ဖောက်ပြန်ရေးသမား ဘီဘီစီ ကိုကိုလတ်ရဲ့ အပေါင်းအပါတွေပါတယ်။ ကြားထဲက ပွဲစားလုပ်နေသူက အေးလွင်ရဲ့ အလိုတော်ရိ တင်မောင်အေးပါ။

အစီအစဉ်တွေအားလုံးကို မြို့နယ် မ-ယ-က နဲ့ရော၊ SB သတင်းတပ်ဖွဲ့ရော၊ တာမွေ ကြံ့ဖွတ်နဲ့ရော ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ ပြည်ပက မြန်မာသတင်းဌာန အပါအ၀င် နိုင်ငံခြားသတင်းဌာနများကို ၈၈ ကျောင်းသားခေါင်းဆောင်တွေက လုပ်သယောင်ယောင် သတင်းလွှင့်ပြီး ဖိတ်ထားပါတယ်။

သူတို့အားလုံးဟာ အေးလွင်နဲ့ မတည့်သယောင်ယောင် ဟန်ပြပြီး အေးလွင် မြောင်းထဲရောက်နေရာကနေ ပြန်ဆယ်တင်ဖို့ စနစ်တကျ ဗျူဟာဆွဲပြီး လှုပ်ရှားနေကြပါတယ်။ အေးလွင်ဟာ စစ်အစိုးရရဲ့ ဗျူဟာမြောက် ၈၈ရဲ့ ဂုဏ်သိက္ခာကို ဖြိုခွဲပေးသူဖြစ်ပါတယ်။

အောက်ပါအချက်တွေကို မှတ်သားပြီး သင့်လျော်သလို propaganda အလုပ်များမှာ သတိထားသင့်ပါတယ်။

(၁) သိန်းတင်အောင်ဟာ အေးလွင်နဲ့အတူတူ ၀န်ကြီးအောင်သောင်းရဲ့ favour ကိုရဖို့ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း မဟုတ်တရုတ်တွေ စာထုတ်ပြီး ဖော်ပြခဲ့တယ်။ သူ့ကိုယ်သူ 141 ခေါင်းဆောင်လိုလို ၈၈ ကို အရောင်အသွေးမှိန်အောင် လုပ်ခဲ့ပါတယ်။

(၂) ဘီဘီစီ ကိုကိုလတ်ဟာ ခင်ညွန့်တို့ ထောက်လှမ်းရေး မရှိတော့တဲ့နောက်ပိုင်း စ-အ-ဖ နဲ့ SB တို့နဲ့ အလုပ်လုပ်နိုင်ဖို့ ပြန်ကြိုးစားလာပါတယ်။ သူက အခု သိန်းတင်အောင်တို့နဲ့ ပူးပေါင်းထားပါတယ်။ ( ဒါပေမယ့် အပြမှာတော့ မတူသယောင် လုပ်ထားတယ်။)

(၃) ဖြိုးမင်းသိန်းရဲ့ ကျောထောက်နောက်ခံက ဒေါ်ချိုချိုကျော်ငြိမ်းပါ။ သူက ကိုဌေးကြွယ်နှမကို ရအောင်ချိုင်ပြီး NLD နဲ့လည်း မရအရ ပူးကပ်နေပါတယ်။ သူ့ဆောင်ရွက်ချက်တွေကို သန်လျင် SB က ထောက်ပံ့ပါတယ်။

(၄) တင်မောင်အေးက အမည်မထင်မရှားနေပြီး internet ဆက်သွယ်မှုတွေ ဆောင်ရွက်ပေးပါတယ်။ အေးလွင်နဲ့တုန်းကလည်း ဒီလို အလုပ်လုပ်ပေးလို့ GSM ဖုန်းတစ်လုံး အမြတ်ထွက်ခဲ့ပါတယ်။ နောက်ပိုင်း ဝေစု မတည့်တော့လို့ သိန်းတင်အောင်လိုပဲ အေးလွင်က ဖယ်ထုတ်ထားတာပါ။

(၅) နေမျိုးဝေက ဘလော့ဂ်တစ်ခု ပြုလုပ်ပြီး SB ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားမှာ အလုပ်လုပ်နေသူပါ။ သူက ရှမ်းပြည် ခွဲထွက်ရေး စိတ်ကူးယဉ် ဦးရွှေအုန်းကို ချဉ်းကပ်ပြီး အလုပ်လုပ်ဖို့  ကြိုးစားနေပါတယ်။ သူက အဲဒီသိန်းတင်အောင်တို့ရဲ့ ဒိုင်ခံ ၀ါဒဖြန့်ချိရေးဆောင်ရွက်သူပါပဲ။

(၆) နေမျိုးဝေ၊ တင်မောင်အေးတို့ဟာ UDP အတွင်းရေးမှူး ကျော်မိုးနဲ့ ဆက်သွယ်ပြီး ပြည်တွင်း မှာ ပါတီဖွဲ့စည်းခွင့်ရရင် တစ်နည်းတစ်ဖုံ UDP အဖြစ် ရပ်တည်ဖို့ ဆောင်ရွက်နေပါတယ်။

ပြန်လည်မျှပေးတဲ့ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်....

ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံမှတ်တမ်း....



ဓာတ်ပုံ မျိုးဆော့.....

Voice Of Burma စာစောင်...

VOB742KK

၂၀၁၀နှစ်သစ်အကြို အန္တရာယ်ကင်း ပရိတ်တရားနာ ဆွမ်းကပ်အလှူ....

Photobucket




အသျှင်ဥတ္တမ(နှစ်၁၃ဝ ပြည့်) အထိမ်းအမှတ် – (၂၈ ဒီဇင်ဘာ ၂ဝဝ၉)


ရခိုင့်အာဇာနည် အာရှနီဝန်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အသျှင်ဥတ္တမ(နှစ်၁၃ဝ ပြည့်) အထိမ်းအမှတ် (၂၈ ဒီဇင်ဘာ ၂ဝဝ၉)

ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၈)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေး ထူးချွန်ခဲ့သည်။ ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည်တွင်ခဲ့သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့ခြင်းဖြစ်သည်။ ဆရာတော် ဦးဥတ္တမသည် ဘာသာ စကားပေါင်း(၉)မျိုးကို ကောင်းစွာတတ်မြောက်ပြီး အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှ နိုင်ငံအများ အပြား တို့ကို ခရီးလှည့်လည်ခဲ့သည်။

ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန့်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။ ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။ ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော် ဟောပြောခဲ့သည့် အတွက်ကြောင့် ဒုတိယအကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယအကြိမ် အဖမ်းခံခဲ့ရသည်။ ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွား ပါ” ဟူသော စာကို ရေးသား ပေးပို့ခဲ့သည်။ ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတော်ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကို ဆန့်ကျင်ခဲ့သည်။

ဆရာတော်ကို မြန်မာတပြည်လုံးက လေးစားခြဲ့ကသည်။ဆရာတော်ဦးဥတ္တမ အခမ်းအနားများ အမြဲ ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာရှင်များလက်ထက်တွင် ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမှုများ ဖြစ်လာမည်ကို စစ်အာဏာပိုင်များမှ စိုးရိမ်လာသည့်အတွက် ဆရာတော်အား မေ့ပျောက်စေရန် သမိုင်းစာအုပ်များတွင် ရေးသားခွင့်များ ပိတ်ပင်ပြီး ကျောင်းသုံးစာအုပ်မှလည်း ဆရာတော်သမိုင်းကို ဖျောက်ဖျက်ခဲ့သည်။ ရွှေတိဂုံဘုရားအနှီးရှိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ် ပြောင်းလဲ ခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံနှင့် ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်းနှင့် ဆရာတော်ရုပ်တုကို ပူဇော် အရိုအသေပေးမှုများ၊ အခမ်းအနားလုပ်ခြင်းများကို တားမြစ်အရေးယူခြင်းများ ရှိသည်။ စစ်အစိုးရသည် ဆရာတော် ဗမာပြည် လွတ်မြောက်ရေးအတွက် ပထမမျက်စိဖွင့်ပေးခဲ့သည်ဆိုသော သမိုင်းအစဉ်အလာကို ဖျောက်ချင်ဇောဖြင့် စစ်အစိုးရလက်ထက်တွင် “ဂရက်တောက် မင်းထွက်သွား”
စကားကို စစ်သမိုင်းပြတိုက်တွင် ပြသထားရာတွင် ဆရာတော်နေရာတွင် ဆရာတော်တပည့် ဦးဝီစာရရုပ်ထုဖြင့် သမိုင်းတွင် ယခုအထိ စစ်သမိုင်း ပြတိုက်တွင် ပြသထားသည်။။

“ရဲလျှင်ကြံ။ ကြောက်လျှင်ပြန်
သူရသတ္တိနည်းလျှင် ပျက်စီးရမည်
ကိုယ်ဖို့ကြုံလျှင် သက်လုံကောင်းကြပါစေ
သွေးမထွက်သောစစ်ပွဲကြီးကို ဆင်နွှဲကြ။
ကိုယ့်ရည်မှန်းချက် အောင်မြင်ချင်ရင် နောက်မတွန့်ကြနဲ့။
( ဆရာတော်ဦးဥတ္တမ)

ဆရာတော် ဦးဥတ္တမသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားကျော်စောသူ ပုဂ္ဂိုလ်ကြီးတဦး ဖြစ်ပါသည်။ ထင်ရှား ကျော်စောရခြင်း၏ အရင်းအမြစ်သည် ဆရာတော်အနေဖြင့် နိုင်ငံအကျိုး ဆောင်ရွက်ရာတွင် ရခိုင်သားတို့၏ ဗီဇစရိုက် အကျင့်ဖြစ်သည့် ရိုးသားမှု၊ ပွင့်လင်းမှု၊ ရင်ထဲတွင် ရှိသမျှကို မကွယ်မဝှက် ဘွင်းဘွင်းပြောဆိုတတ်မှု အပေါ် အခြေခံသည်ဟု ကောက်ချက်ချလိုသည်။

ဆရာတော်သည် နိုင်ငံရေးသမားတဦး မဟုတ်ပါ၊ နိုင်ငံရေးအကျိုးဆောင် တဦးသာဖြစ်ပါသည်။ ဆရာတော်တွင် နိုင်ငံရေးသမားတဦးကဲ့သို့ လက်ဝဲ၊ လက်ျာနှင့် လစ်ဘရယ်စသော နိုင်ငံရေးဝါဒများ မရှိခဲ့ပါ၊ နိုင်ငံရေး အကျိုးဆောင်ခြင်းသည် နိုင်ငံသူနိုင်ငံသားများ ကောင်းစားရေးအတွက် ပရဟိတအလုပ် သက်သက်သာ ဖြစ်ကြောင်းကို ဆရာတော်သည် မီးမောင်းထိုးပြ နိုင်ခဲ့ပါသည်။ နိုင်ငံရေး အကျိုးဆောင်သူများတွင် အတ္တဟိတ ဆိုသော ကိုယ်ကျိုးစီးပွားကို လုံးဝအဓိကမထားကြပါ။ ကိုယ်ကျိုးစွန့်သူများသာ ဖြစ်ကြပါသည်၊ နိုင်ငံသူ နိုင်ငံသားအား တပါးကျွန်ဘဝက လွှတ်မြောက်ရေးနှင့် လူသားရင်းမြစ် တိုးတက် ဖွံ့ဖြိုးရေးသည်သာ အဓိက အခြေခံ ခံယူကြပြီး မိမိအသက် ခန္ဓာ ဥစ္စာကိုပင် စတေးထားသူများပင် ဖြစ်ကြပါသည်။ ဆရာတော် ဦးဥတ္တမအပါအဝင် ဝံသာနုခေတ်က ပုဂ္ဂိုလ်များ။။

၁၉၁၈ခုနှစ်တွင် ဆရာတော်ဦးဥတ္တမသည် ဥရောပတိုက်၊ အမေရိကန်၊ ဂျပန်ပြည် စသည်တို့မှ ပြန်ကြွ၍ လာသောအခါ မြန်မာပြည်တွင် ဝိုင်-အမ်-ဘီ-အေ အသင်းက နိုင်ငံရေးလုပ်ငန်းများကို စတင် လုပ်ကိုင်နေကြပြီ ဖြစ်ကြသဖြင့် ဦးဥတ္တမလည်း ဝင်ရောက်ကူညီကာ စိတ်အားထက်သန်စွာ လုပ်ဆောင်လေသည်။ ဤကဲ့သို့ စတင်လုပ်ဆောင်လျှင် လုပ်ဆောင်ခြင်းပင် အစိုးရ စုံထောက်များမှာ ဆရာတော်နောက်သို့ တကောက်ကောက် လိုက်နေခြင်းကြောင့် ဦးဥတ္တမအား သံဃာတော်များက မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော် ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ် ကြမ်းတမ်းရကား အရဟတ္တဓဇဂုဏ် နှင့် မညီညွတ်ဟုဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိစတြိတ် သမိုင်းမြို့ရှိ အိမ်တအိမ်တွင် သတင်းသုံး နေရရှာလေသည်။

ထိုအချိန်အခါတွင် သူရိယသတင်းစာက ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ပုံများကို အထူးတလည် ထောက်ခံအားပေးသည့်ပြင် ဆရာတော်၏ အပြုအမူမှန်သမျှ မှန်ကန်ကြောင်းကို နေ့စဉ်လိုပင် ရေးသားကြ၏။ ဤနည်းအားဖြင့် တစတစ သတင်းစာဖတ်၍ ခေတ်မှီသောလူများ နိုင်ငံရေးမျက်စိ ပွင့်၍လာသောကြောင့် ဦးဥတ္တမဟောသော တရားပွဲများသို့ သွားရောက်ခါ နိုင်ငံရေးတရားများကို နာစပြုကြလေသည်။ ဆရာတော် ဦးဥတ္တမမှာ များသောအားဖြင့် ဦးလှဖေ၊ ဦးဘဖေတို့နှင့် အတူ သူရိယ သတင်းစာတိုက်တွင် သတင်းသုံး၏။ ဦးဥတ္တမ နိုင်ငံရေး လုပ်ဆောင်ရာတွင် ထိုခေတ်အခါက ခေတ်၏ရှေ့ပြေးဖြစ်သော ဦးဘဖေ၊ ဦးလှဖေ စသော ပုဂ္ဂိုလ်များက အားပေးလေ၏။ ၄င်းတို့၏လုံ့လကြောင့် သူရိယသတင်းစာ၏ အကူအညီဖြင့် တိုင်းသူပြည်သားများ၏ မျက်စိပွင့်လင်း၍ လာလေသည်၊ သို့ဖြစ်သဖြင့် သူရိယသတင်းစာ၏ ထိုစဉ်က ဆောင်ရွက်ချက်များကို တိုင်းသူ ပြည်သူသားများက ကျေးဇူးတင်ထိုက်လေသည်။

ဦးဥတ္တမမှာ နိုင်ငံရေးတရားကို ကြမ်းကြမ်းဟောတတ်သည့်အတိုင်း သံဃာတော်များ ကျောင်းတွင် ကျိန်း၍ မနေကြရန်နှင့်။ တိုင်းပြည်သည် ကျွန်ဘဝရောက်၍နေသောအခါ တိုင်းသူပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များ ကိုးကွယ်သော ဘာသာသည်လည်း ကျွန်ဘာသာနှင့် ကျွန်သာသာနာပင်ဖြစ်မည်။ ကျွန်ဘဝမှ လွတ်မြောက်မှသာလျှင် သာသနာ ကြီးပွါး ထွန်းကားနိုင်မည် ဖြစ်သောကြောင့် ကျောင်းများတွင် ကျိန်း၍နေခြင်းငှါ မသင့်ကြောင်း သံသာသမဂ္ဂီ ဖွဲ့စည်းကာ လွတ်လပ်ရေး ကြိုးစားသင့်ကြောင်း သံဃာတော်များအားအား သတင်းစာမှ၎င်း။ တရားဟောရာ၌၄င်း။ ဆွဲငင်ပြောဆိုလျှောက်ထားသဖြင့် သံဃာတော်များမှာ သာသနာ ညှိုးငယ်သည်ကို ကိုယ်တိုင်တွေ့ရခြင်း။ တကာတကာမများမှာ တနေ့တခြား အောက်တန်းကျ၍လာခြင်း ဆင်းရဲခြင်း။ သာသနာပြုမင်း ရှိမှသာလျှင် သာသနာစည်ပင် ဖွံ့ဖြိုးတိုးတက်မည်တို့ကို သတိရကာ နိုင်ငံရေးတွင် စိတ်ဝင်စားစ ပြု၍လာတော့သည်။

ဦးဥတ္တမသည် ထိုစဉ်အခါက လူငယ်စုများဖြစ်ကြသော ဦးဘဖေ၊ ဦးသိမ်းမောင်၊ ဦးလှဖေ၊ ဦးမောင်ကြီး စသောသူများ၏ အားပေးချက်အရ ရွှေတိဂုံစေတီတော်ကြီး၎င်း။ ဗိုလ်တထောင်ဘုရား၌၄င်း။ ဗိုလ်တထောင် လွှစင်တန်း၌၄င်း။ တရားဟောပြောရာတွင် အစဦးက (၃ဝ)/(၄ဝ)မျှ လာရောက်၍ နိုင်ငံရေးတရားကို နာကြသော်လည်း တစတစ တရားနာ ပရိသတ်တိုး၍ လာလေသည်။ ဤသို့ဟောပြောရာမှ ရန်ကုန်မြို့တွင် သာမဟုတ်၊ တောနယ်များသို့လည်း ကြွရောက်ဟောပြော၏။ ထို့နောက် ၁၉၂၁ ခုနှစ် ဒေးဒရဲ ဆူးကလပ်ရွာတွင် တရားဟောပြောသည့်အတွက် ပုဒ်မ ၁၂၄ (က) အစိုးရ အကြည်ညိုပျက်မှုနှင့် တရားစွဲခံရ၏။ ထို့ကြောင့် ပုသိမ်နယ် ကျောင်းကုန်းတွင် တရားဟောနေစဉ် ဖမ်းဆီးပြီးလျှင် ဖျာပုံမြို့သို့ ယူဆောင်ပြီး၊ ဖျာပုံမှတဆင့် မအူပင်ရုံးသို့ လွှဲပြောင်းကာ ထောင်ဒဏ်အပြစ်ပေးခြင်း ခံရလေသည်။

ဤသို့ ဦးဥတ္တမအား အပြစ်ပေးလိုက်သောအခါ တပြည်လုံး လူရော သံဃာပါ နိုးကြားလာကြပြီးလျှင် နိုင်ငံရေးစိတ်ဓါတ် အထူးဝင်စားလေတော့သည်။ သံဃာတော်များမှာလည်း အမှုမဲ့အမှတ်မဲ့ နေခြင်းငှါ မသင့်ပြီဟု ယူဆပြီးလျှင် ရန်ကုန် သရက်တော ကျောင်းတိုက်နှင့် ဗဟန်းတိုက်များတွင် သံဃသမဂ္ဂီအသင်းများကို စတင် တည်ထောင်လေသည်။ ထို့နောက် အောက်မြန်မာပြည် တဝှမ်းလုံးတွင် သံဃသမဂ္ဂီ အသင်း (၃၇)သင်းကို တည်ထောင်ပြီးစီး၏။ ဆရာတော် ဦးဥတ္တမ ထောင်ကျ၍ သံဃာတော်များနှင့် လူထုကြီး ပူးပေါင်းကာ လွတ်လပ်ရေးကြိုးပမ်းမှုကြီး အရှိန်အဟုန် မြင့်မားလာခဲ့ပါသည်။

ဆရာတော် ဦးဥတ္တမ နှစ် (၁၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ဆရာတော်၏ အတွေးအမြင်များကို ရဟန်းရှင်လူ အပေါင်းနှင့် တပ်မတော် အတွင်းရှိ သားကောင်းစစ်သည်များထံသို့ နိုင်ငံရေး အကျိုးဆောင်စိတ်ဓါတ်များ နိုးကြွစေရန် မျှဝေလိုက်ပါသည်။

အာသျှနီဝန်း ရခိုင့်အာဇာနီ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ နှစ်၁၃၀ ပြည့်နိန့်ု့ ၂၀၀၉ဒီဇင်ဘာလ(၂၈) ရက်နိန့်  ကျရောက်မည် ဖြစ်ပ်ါသောကြောင့် ပြည်တွင်းပြည်ပဟိ ပြည်သူတစ်ရပ်လုံးသို့ အသိပီး တိုက်တွန်း အပ်ပါသည်။


ခင်မင်လေးစားစွာဖြင့်
(အမျိုးသားရေးနိုင်နိုင်)
၈၈ ၀၁၁၉၉၁၃၈၂၉၁

ပြန်လည်မျှဝေပေးသော ကိုလွင်အောင်စိုး http://saveburma.wordpress.com အားကျေးဇူးတင်ပါသည်။

အမေ့မိခင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၁) နှစ်ပြည့် သမိုင်းဓာတ်ပုံများ.....


ဖခင်လွတ်မြောက်ရေးတွက်၊ သားဖိုးဥာဏ်ရဲ့ဆုတောင်းပွဲ..။

(သားဖိုးဥာဏ်ရဲ့မေတ္တာရပ်ခံချက်)။

Pho Nyan
မိထ္ထိလာထောင်၌ ထောင်ဒဏ်(၁၉)နှစ် ကျခံနေရသော အင်းစိန်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်၊ တွဲဖက်တာဝန်ခံ(၁)၊ ကိုထွန်းထွန်းနိုင်(ခ) ဖိုးဥာဏ် အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဇနီးမအေးအေးသက်နှင့် သားဖြစ်သူ ဖိုးဥာဏ်တို့သည် အမှတ်(၁၇)ဗောဓီညောင်ပင်လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေအိမ်၌ ယနေ့(၂၇.၁၂.၀၉)နေ့ နံနက်တွင် ပင့်သံဃာတော်ငါးပါးအား အရုဏ်ဆွမ်းဆက်ကပ်၍ နိုင်ငံရေးအကျဉ်းသား အရေတွက်တိုင်း ဝထ္ထုငွေ ၂၂၀၀ိ ကျပ်၊ အပြာ ရောင်မျက်နှာသုတ်ပုဝါတို့ ဆက်ကပ်လှူဒါန်းပြီး ကိုထွန်းထွန်းနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ဆုတောင်းခဲ့သည်။ ဇနီးနှင့်သားမှ အကျဉ်းသားဝတ်စုံအရောင်ဖြစ်သည့် အပြာရောင်ဝတ်ဆင်၍ ဆုတောင်းခြင်းကို ပြုလုပ်ခဲ့သည့် ဟု သိရသည်။

ဆုတောင်းပွဲသို့ ဖိတ်ကြားထားသည့် ရပ်ကွက်ပြည်သူများ၊ အကျဉ်းသားမိသားစုများနှင့် နိုင်ငံရေးမိတ်ဆွေများ တက်ရောက်ကြသည်။ ဧည့်ပရိတ်သတ်များကို ကြက်သားပလာတာဖြင့် ဧည့်ခံခဲ့သည် ဟု သိရသည်။

(အကျဉ်းသားဝတ်စုံအပြာရောင်နှင့်တွေ့ရသော ဇနီးမအေးအေးသက်နှင့်သားဖိုးဥာဏ်)။

(ဖခင်လွတ်မြောက်ဖို့အတွက် ရည်စူးပြီးငှက်လွှတ်ရန်ပြင်နေသည့်သားဖိုးဥာဏ်)

(အပြာရောင်ဝတ်စုံနှင့်သားဖိုးဥာဏ်)။

(ဖိတ်ကြားထားသည့်ပြည်သူ)။

(နိုင်ငံရေးအကျဉ်းသားမိသားစုများ)။

မိုးမြင့်အောင် ဘလော့မှ ရယူပါသည်။ http://moemyintaung.blogspot.com/2009/12/blog-post_1412.html

(ဂျပန်နိုင်ငံတွင်ထုတ်ဝေသည့်) အလင်းအိမ်စာစောင်.....

Luminary Magazine 4 of 2

ဆရာကြီးမင်းသိင်္ခရဲ့ (၈၈)အရေးအခင်းအတွင်းက လူထုဟောပြောပွဲတစ်ခုရဲ့ အသံဖိုင်ပါ....



နိုင်ငံကျော် စာရေးဆရာ၊ ဗေဒင်၊ လက္ခဏာပညာရှင် ဆရာကြီးမင်းသိင်္ခရဲ့(၈၈) အရေးအခင်းအတွင်း လူထုဟောပြောပွဲ တစ်ခုက အသံဖိုင်ပါ။ အားလုံးနားဆင်နိုင်အောင် ပြန်လည်တင်ပြလိုက်ပါတယ်။ ဆရာကြီးရဲ့ ဇဝနဥာဏ်နဲ့ ရဲရဲတောက် ဟောပြောချက်တွေကို နားထောင်ကြည့်ကြပါဦး.....။

ပြန်လည်မျှဝေပေးပို့ပေးသူ အရှင်ထာဝရအား ကျေးဇူးတင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ တတိယအကြိမ်(၆)လပတ်ညီလာခံ ဓာတ်ပုံမှတ်တမ်း....


ဦးအောင်ဆန်းဦးသို့..... ရွှေဝါရောင်အရှင်နန္ဒာစရိယ

ရွှေဝါရောင်အရှင်နန္ဒာစရိယဓာတ်ပုံ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာကိုမှ မထောက်မြန်မာနိုင်ငံ စစ်မိစ္ဆာတွေနဲ့ ပေါင်းပြီးတော့ ဘဝင်မြင့်အောက်ခြေလွတ်နေတဲ့ အောင်ဆန်းဦးကို မြန်မာပြည်သူတို့က နွားလောက်မှ အသိတရားမရှိတဲ့အတွက် မြန်မာနိုင်ငံထဲကို ပြည်သူအားလုံးက ဝင်ခွင့်ပေးစရာမလိုဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီးအောင်ဆန်ဦးဆိုတာလည်းပြည်သူအားလုံးကအသိအမှတ်ပြုစရာမလိုဘူး။

ဘာဖြစ်လို့အသိအမှတ်ပြုစရာ မလိုတာလည်းဆိုရင်ဘဝင်မြင့် အောက်ခြေလွတ်တာလည်းမပြောနဲ့ စစ်မိစ္ဆာခွေးတွေဟာ အောင်ဆန်းဦးမြန်မာနိုင်ငံကိုလာပြီး အကုသိုလ် လာလုပ်တဲ့အချိန်မှာ အသိတရားမရှိတဲ့ အောင်ဆန်းဦးရဲ့နောက်မှာ စစ်မိစ္ဆာခွေးတွေနဲ့ တစ်နှစ်တစ်ခါ ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ကို ဆွမ်းလာကပ်ပါတယ်။ အောင်ဆန်းဦးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင့်မြတ်တဲ့စိတ်ဓါတ်၊ မြင့်မြတ်တဲ့နှလုံးသား၊ မြင့်မြတ်တဲ့ကိုယ်ကျင့်တရားကို မလိုက်တော့ပဲနဲ့ စစ်မိစ္ဆာခွေးတွေရဲ့ အယူဝါဒလမ်းစဉ်ကိုလိုက်သွားတဲ့ အောင်ဆန်းဦးကို ပြည်သူအားလုံးက စစ်မှန်တဲ့ဒီမိုကရေစီကြီးကို ရရှိတဲ့အချိန်မှာလည်း အယူဝါဒလွဲမှားနေတဲ့ အောင်ဆန်းဦးကို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး အောင်ဆန်းဦးလို့မပြောကြပါနဲ့။ နောက်ပြီးတော့ မြန်မာနိုင်ငံအတွက်၊ ပြည်သူအတွက်ကို ကိုယ်ကျိုးစွန့်လွှတ် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်၊ လူသားအားလုံးနဲ့ သတ္တ၀ါအားလုံးအတွက်ကို စွန့်ခြင်းကြီးငါးပါးကို စွန့်ပြတော်မူခဲ့ပါတယ်။ စွန့်ခြင်းကြီးငါးပါးဟာ ဘယ်လိုလဲဆိုလို့ရှိရင်

ပစ္စည်းဥစ္စာကိုစွန့်တာကဓနပရိစ္စာဂ၊
သားသမီးကိုစွန့်တာက ပုတ္တရိစ္စာဂ၊
မယားကိုစွန့်တာကဘရိယပရိစ္စာဂ၊
ကိုယ်လက်အင်္ဂါကိုစွန့်တာကအင်္ဂါပရိစ္စာဂ၊
ကိုယ့်အသက်ကိုစွန့်လွှတ်တာကဇီဝိတပရိစ္စာဂကို မြတ်စွာဘုရားရှင်က စွန့်ခြင်းကြီးငါးပါးကို လူသားအားလုံးအတွက် နည်းပေးလမ်းပြအဖြစ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအင်္ဂါရပ်တွေနှင့်ပြည့်စုံတဲ့ လူသားအားလုံးဟာ သေသွားခဲ့သော်လည်း ကမ္ဘာကြီးမပျောက်ကွယ်သရွေ့ထင်ကျန်နေမှာအမှန်ပါပဲ။


ရှေးရှေးက မင်းကောင်းမင်းမြတ်တွေကိုကြည့်မနေပဲနဲ့ မိမိတို့မြန်မာနိုင်ငံသူ/သားတွေကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့ နေမ၀င်အင်ပါယာဆိုတဲ့ (ဗြိတိသျှ)အင်္ဂလိပ်တွေ၊ ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘောသုံးကျိပ်တို့ သမိုင်းကိုကြည့်လိုက်ပါ။ အဲဒီသမိုင်းကို စစ်မိစ္ဆာခွေးတွေနှင့် အသိတရားမရှိတဲ့ အောင်ဆန်းဦးတို့ဟာ ကောင်းတဲ့သမိုင်းနောက်ကို မလိုက်ပဲနဲ့ ခွေးကျင့်ခွေးကြံ ကြံတဲ့ စစ်မိစ္ဆာခွေးတွေနောက်ကို လိုက်သွားတဲ့ အောင်ဆန်းဦးဟာ အသက်နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင် မော်ဒယ်မလေးနဲ့ လာပြီးတော့ ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ကို ဆွမ်းလာကပ်သွားတာကတော့ အမှန်ဖြစ်ပါတယ်။ အောင်ဆန်းဦးဟာ ဒါနမျိုးစေ့ဘယ်လောက်ပဲ မြှုပ်နေမြှုပ်နေ အောင်ဆန်းဦးရဲ့ဒါနဟာ နှမ်းစေ့လောက်ပဲဖြစ်ပါတယ်။ အောင်ဆန်းဦးဟာ ကိလေသာအမှောင်ဖုံးပြီး စစ်မိစ္ဆာတွေနဲ့ပေါင်းပြီးတော့ ပတ္တမြားလိုတောက်ပနေတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နွံထဲမြှုပ်ဖို့ကို စစ်မိစ္ဆာခွေးတွေနဲ့ ပေါင်းပြီးလုပ်ကြံနေတာကို တို့ပြည်သူ/သားတွေအားလုံးက ရပ်ကြည့်နေတော့မှာလား .... ? ရပ်ကြည့်မနေကြပါနဲ့။

မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူအားလုံးအဲဒီစစ်မိစ္ဆာခွေးတွေရှိနေသ၍ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်စားထားခဲ့တဲ့ ဆင်းတုတော်တွေကို ခေါင်းတွေဖြတ်၊ ဗိုက်တွေဖောက်ပြီးတော့ ဋ္ဌာပနာပစ္စည်းတွေကို ထုခွဲရောင်းချပြီး ကိုယ်ကျိုးအတွက်သုံးနေတဲ့ စစ်မိစ္ဆာခွေးတွေကို ငရဲပြည်ပို့ကြရမယ်။ မြန်မာနိုင်ငံသူ/သားတွေ ကြည်ညိုလေးစားခဲ့ရတဲ့ ဗုဒ္ဓဆင်းတုတော်တွေကိုလည်း ဖျက်တယ်၊ ရဟန်းသံဃာတွေကိုလည်း သတ်ခဲ့တယ်။ ကျောင်းသားတွေကိုလည်း သတ်တယ်၊

ပြည်သူအားလုံးကိုလည်းညှင်းပန်းနှိပ်စက်ခဲ့တယ်။မြန်မာနိုင်ငံကိုလည်းကမ္ဘာ့အလယ်မှာ နိမ့်ကျအောင်လုပ်ခဲ့တဲ့ စစ်မိစ္ဆာခွေးတွေကို အ၀ီစိငရဲမပို့နိုင်ကြဘူးဆိုရင်တော့ မိမိတို့မြန်မာနိုင်ငံမှာ စစ်မိစ္ဆာ ခွေးတွေကြောင့် မိမိတို့ကြည်ညိုလေးစားရတဲ့ ဗုဒ္ဓဘာသာတရားတော်တွေကို လေးစားလိုက်နာရမှန်းမသိရတဲ့ မြန်မာနိုင်ငံကြီး ဖြစ်သွားလိမ့်မယ်။ ယခုပစ္စုပ္ပန်မှာလည်း စစ်မိစ္ဆာခွေးတွေ လက်အောက်ရောက်နေတဲ့ စစ်အာဏာရူးလေးတွေဟာ ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ၊ သံဃာကိုသံဃာမှန်းမသိ၊ ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်းမသိတဲ့ စစ်မိစ္ဆာခွေးတွေကို တိုက်ပွဲဝင်ပြီး ငရဲပြည်ပို့လိုက်ကြပါလို့ ဆိုပြီးတော့ နိဂုံးချုပ်လိုက်ပါတယ်။

ရွှေဝါရောင် နန္ဒာစရိယ
ပေးပို့လာသူ ညီငယ် အလင်းဆက်....


The Voice ဂျာနယ်....။...။

voice (dec 28 2009)(2)

နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား....


ပြီးခဲ့တဲ့ (၂၄)ရက်နေ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အယူခံအမှုကိစ္စ အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေဆုံခွင့်ရခဲ့ပါတယ်။ ရှေ့နေများသွားရောက် မတွေ့ဆုံမှီ တရက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား အမေရိကန်၌ နေထိုင်နေသူ အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးမှ ကန့်ကွက်ခဲ့သဖြင့် မြို့တော်စည်ပင်က ရပ်ဆိုင်းခိုင်းခဲ့ပါတယ်....။

အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက အိမ်ရဲ့လက်ရှိ အခြေအနေကို ပြောဆိုရာမှာ " အန်ကယ်တို့ အမြင်မှာကတော့ နေရတာ အဆင်မပြေဘူးလို့ မြင်ပါတယ်..... ဘာလို့လဲဆိုတော့ အိမ်မှာ မျက်နှာကျက်တွေက အစခွာထားတယ်.... တခြမ်းကို ပြင်ဆင်နေတဲ့ အတွက် အိမ်ရဲ့တခြားဘက်အခြမ်းမှာ သွားနေနေရတာပါ.... အိမ်က ပြင်ဆင်နေဆဲကာလ ဖြစ်တဲ့အတွက် အဆင်မပြေတာတွေ အများကြီးပေါ့... ပြတင်းပေါက်က သံပန်းတွေတောင် ခွာပြီးပြင်ဆင်ထားရတာ.... အခုလို အိမ်ပြင်ဆင်ရေးကို ရပ်ဆိုင်းလိုက်ရတော့ အိမ်ရဲ့ ပြတင်းတံခါးတွေတောင် ပြန်မတပ်ရသေးဘူး.. အဲ့ဒါကို အလုပ်သမားလေးတွေက သစ်သားတွေနဲ့ ပြန်ရိုက်ပေးထားရတာပေါ့....." ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်...။

နေအိမ်ပြင်ဆင်ဆဲ ကာလမှာ မည်သူမဆို အခိုက်အတန့်တော့ ဒုက္ခရောက်ကြပါတယ်... အိမ်ပြင်ဆင်ပြီး နေသားတကျဖြစ်မှသာ အစစအရာရာအဆင် ပြေကြတာပါ.... ယခုလိုပြင်ဆင်နေတာကို ရပ်ဆိုင်းလိုက်တာဟာ နေထိုင်နေရသူတွေ အတွက်အင်မတန်မှ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လုံခြုံမှုလည်း အနည်းနဲ့ အများထိခိုက် စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်ပြင်ဆင်ခွင့်ရဖို့ မြို့တော်စည်ပင်ရဲ့ ခွင့်ပြုချက်ရယူပြီးမှ အာဏာပိုင်များနဲ့ ညှိနှိုင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်ခဲ့တာပါ.... ။

ဆက်လက်ပြီး ရှေ့နေကြီးဦးဥာဏ်ဝင်းမှ " ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စအပေါ်မှာ တစုံတရာ Complain တက်ခြင်း မရှိပါဘူး.... ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အိမ်ပြင်ဆင်ဆဲ ကာလမှာ အိမ်ပြင်ဆင်မှု ရပ်ဆိုင်းတဲ့ အတွက် အဆင်မပြေတာတွေ ရှိပေမယ့် အမှတ်မထားပါဘူး... အမိန့်ပေးတဲ့ ညွန်ကြားချက်ကို လိုက်နာပါမယ်လို့ ပြောဆိုပါတယ် ..... " ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်... ။

ဒါဟာလူထုခေါင်းဆောင်ရဲ့ အင်မတန်ပျော့ပြောင်းတဲ့ သဘောထားနဲ့ တွေ့ဆုံဆွေးနွေးရေးကို အထိအခိုက်မခံလိုတာ ပေါ်လွင်စေပါတယ်.....။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ဦးအောင်ဆန်းဦးကို စစ်အစိုးရမှ မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များပေးခြင်း၊ အိမ်ဆောက်ရာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ဒေါ်သိန်းလဲ့နွယ်(ခေါ်) လဲ့လဲ့နွယ်သိန်းဘက်မှ ဆွေမျိုးများဟာ ယခုနေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ လုပ်ပိုင်ခွင့်များ ရရှိနေပါတယ်။

သတင်း...ဒီမိုဝေယံ။



ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ ၂၀၀၈ခုနှစ်က နေအိမ်ကိစ္စနဲ့ပတ်သတ်တဲ့ မူရင်းစာကိုလည်း ကိုဖိုးတရုတ်ဘလော့မှ ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်.....
http://www.photayokeking.org/Articlesmm/dassk-was-assassinated-of-the-mind-by-gen-than-shwe.html
BMALH
BMALH2

အကျဉ်းထောင် အတွင်းကွယ်လွန်သွားသည့် မတင်တင်ထွေး နာရေးနောက်ဆက်တွဲသတင်း....

မတင်တင်ထွေး နာရေးနောက်ဆက်တွဲသတင်း
ပေးပို့လာသူ မြတ်လေးငုံ....

ရာဇဝင်ရိုင်းတဲ့သား....

Aung San Oo.pdf222

ပေးပို့လာသူ ကိုမင်းဇော်...

သံတိုင်ကြားက(NLD)လူငယ်များရဲ့ အတွေ့အကြုံများ....(ကိုထင်ကျော်)



သုံးရောင်ခြယ်ကျောင်းသားများ
ko htin kyaw
ဓာတ်ပုံများ ဖော်ပြခွင့်ပြုတဲ့ ကိုထင်ကျော်အား ကျေးဇူးတင်ပါသည်။
ပေးပို့ပေးလာသူ မြတ်လေးငုံ...

နိုင်ငံရေးအကျဉ်းသူ မတင်တင်ထွေး(ခ)မပဲထောင်တွင်းသေဆုံးခြင်း

AAPP Info Release FemalePP Die in Prison 24 Dec 2009 in Burmese

ပေးပို့လာသူ ကိုအောင်မျိုးသိန်းနှင့် ကိုစိုင်းအား ကျေးဇူးတင်ပါသည်။

သူ့အမြင်ကိုယ့်အမြင်....


ကိုသုညရဲ့ forward အီးမေးလ်ကို ပြန်လည်မျှဝေပါတယ်။

အမှန်တရားသည်သေဒဏ်နှင့် အမိမြန်မာပြည်


မြန်မာပြည်ကြီး၏ ကံကြမ္မာသည် အသက်ထွက်ခါနီးလူမမာတစ်ယောက်ပမာ ဖုတ်လှိုက်ဖုတ်လှိုက် အခြေအနေ၊ လူတိုင်းရင်မှာတော့ သောကအထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာကိုယ်စီဆွဲထားခြင်းကိုခံနေကြရပြီ၊ ထမင်းရေတစ်ခွက်ကို နတ်သုဒ္ဓါလိုထင်မှတ်ကာ သောက်ဖို့ချောင်းနေကြတဲ့ သူတောင်းစားခွက်ပျောက်တွေကလဲ အလျှိုလျှိုပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွားအမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်းများစွာနဲ့……….။

ဒီလိုပြော ဒီလိုမောရင်း ငါတို့ရဲ့ တန်ဘိုးရှိတဲ့ဘ၀တွေကိုအဆုံးသတ်ခံကြတော့မလား၊ငါတို့ဟာ ငတုံးငညံ့တွေအဖြစ် ငါတို့ရဲ့ သားစဉ်မျိုးဆက်တွေအတွက် ချန်ထားရစ်ခဲ့ကြတော့မလား၊ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်းမရှိကြတော့တဲ့ လူသားတွေအဖြစ် မိမိကိုယ်မိမိ သတ်မှတ်လိုက်ကြပြီလား၊ မကောင်းမှန်းလဲသိတယ်၊ မဖြစ်သင့်မှန်းလဲသိတယ်၊ မကြိုက်လဲလုပ် ကြိုက်လဲလုပ်ဆိုတဲ့ တရားမျှတမှု ကင်းမဲ့တဲ့ မတရားတဲ့ အမိန့်အာဏာကို ဖီဆန်ရဲတဲ့ သတ္တိ၊ အမှန်တရားကို ဖော်ထုတ်ရဲတဲ့သတ္တိတွေ မပြကြတော့ဘူးလား၊ သာကီမျိုးဟေ့ဒို့ဗမာဆိုတာတွေရော ပုံပြင်တွေအဖြစ် စာအုပ်တွေထဲမှာ ကျန်ရစ်ခဲ့ကုန်ပြီလား…….။

အမှန်တရားသည် သေဒဏ် ဆိုတဲ့ ဟောင်းနွမ်းစုတ်ပြတ်ရိရွဲနေတဲ့ သီအိုရီကို လက်မခံ တွန်းလှန်ဖယ်ရှားပစ်ရေးသည် မြန်မာနိုင်ငံသားမှန်သမျှ မဖြစ်မနေလုပ်ဆောင်ကြရမည့် တာဝန် တစ်ခုဖြစ်ပေသည်။ တာဝန်ပေးရမည်၊ တာဝန်ယူရမည်၊ တာဝန်ကျေပွန်ရမည်၊ သားစဉ်မြေးဆက် စစ်ကျွန်သဘောက် ပြားပြားမှောက်မည့် အဖြစ်ဆိုး ဘေးဆိုးကြီးမှ ၀ိုင်းဝန်းကာကွယ်တားဆီးကြရမည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် မြန်မာပြည်သူ လူထု တစ်ရပ်လုံးက အားသွန်ခွန်စိုက် ၀ိုင်းဝန်းပူးပေါင်းပါဝင် လုပ်ဆောင်ကြရမည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသည့်လုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးသည် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေး ရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည် လုံးဝလွတ်လပ်ရေး ဟူသောတစ်ခုတည်းသော ခေါင်းစဉ်ကို အမျိုးသားရေးတာဝန်တစ်ရပ်
အဖြစ်ပီပီပြင်ပြင်ချမှတ်နိုင်ခဲ့သည်။ အမျိုးသားရေးတာဝန်ကိစ္စကိုပီပြင်စွာအကောင်ထည်ဖော်ဆောင် ပြီးသည့်အခါ အမျိုးသားနိုင်ငံရေးဆိုသည့်မူကိုချမှတ်ပြီး ဗိုလ်ချုပ် ကျဆုံးသည် အထိ လုပ်ဆောင်သွားနိုင်ခဲ့သည်။ဗိုလ်ချုပ်သည်သူချစ်သည့်မြန်မာပြည်နဲ့ မြန်မာပြည်သူတွေအတွက် သူ့အသက်ကိုပေးစွန့်ပြီး တာဝန်ကျေပြွန်စွာ လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့သည်။

မြန်မာပြည်သည် စစ်တပ်အုပ်ချုပ်မှုအောက်မှာ ပြားပြားမှောက်ခဲ့ရသဖြင့် အဆင့်အတန်းမမီ ဆင်းရဲမွဲတေသည့်နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကိုခဏတာဘေးဖယ်ထားပီး တိုင်းပြည်တစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး စတာတွေ ဘယ်အဆင့်အတန်းရောက်နေသလဲဆိုတာ ဝေးဝေးလံလံပြေးကြည့်စရာမလိုပါ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရုံနဲ့ လင်းကနဲ့ရှင်းကနဲတွေ့မြင်နိုင်ပါတယ်။ ပြည်သူတွေရဲ့ ခံစားနေရတဲ့ဒုက္ခအထွေထွေကို လျစ်လျူရှုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေမှာတော့ စည်းဇိမ်ခံ ယစ်မူးလို့ သွေးရူးသွေးတမ်း ထထအော်နေကြဆဲ။

ပညာမဲ့သူတိုင်းပြည်အုပ်ချုပ်တော့ တိုင်းပြည်က ပညာမဲ့တဲ့တိုင်းပြည်ဖြစ်လာတယ်၊ လူရမ်းကား လူမိုက်တွေတိုင်းပြည်အုပ်ချုပ်တော့ တိုင်းပြည်မှာ သူခိုးဂျပိုး လူမိုက်လူရမ်းကားတွေပေါများလာတယ်၊ ကြီးနိုင်ငယ်ညှင်းဆိုတဲ့ တိရစ္ဆာန်ဝါဒတွေခေတ်စားလာတယ်၊ ဗုဒ္ဓဘာသာကြီးစိုးတဲ့တိုင်းပြည်၊ ကိုယ်ချင်းစာတရားတွေ အပ်ကြောင်းထပ်နေအောင် ထားစရာနေရာ မရှိလောက်အောင်ပြန့်နှံ့ ခဲ့သည့်တိုင်းပြည်၊ ဒီတိုင်းပြည်မှာဒီနေ့ ဒီတရားတွေမရှိတော့ဘူး၊ အာဏာနဲ့ငွေရှိဖို့ပဲလိုတယ် ကျန်တာတွေ ဘာတစ်ခုမှအရေးမကြီးဆိုသည့် မှားယွင်းသည့်အယူအဆတွေ၊အဓမ္မတွေ လူငယ်တွေကြားမှာ ပြန့်နှံ့စီးဝင်လျှက်ရှိနေပေပြီ။ ဒီလိုတရားမရှိထင်ရာစိုင်းအုပ်ချုပ်နေတဲ့သူတွေက တည်ဆောက်ပါမယ်ဆိုတဲ့ဒီမိုကရေစီက ဘာဒီမိုကရေစီလဲဆိုတာ တိရစ္ဆာန်ပင် နားလည်နိုင် မည်ထင်ပါသည်။

မဟုတ်မဟတ်ယုံတမ်းစကား ပလီပလာ မာယာပရိယာယ်အသွယ်သွယ်နဲ့ စုံလင်စွာ ၀ါဒဖြန့် ဇာတ်လိုက်ကျော်အဖွဲ့ဟူ၍ ကမ္ဘာပေါ်တွင် ထင်ရှားသည့် နအဖခေါ်သည့်စစ်အုပ်စုသည် သန်း(၅၀) ကျော်သောပြည်သူတွေကို ၂၀၁၀ သေတွင်းမီးလောင်တိုက်ထဲသို့ ပို့ဆောင်နေကြပြီဖြစ်သည်။ နာဇီဂျာမန် ဟစ်တလာသည် ဂျူးလူမျိုးတို့အား မီးလောင်တိုက်သွင်းခြင်းက တစ်ကြိမ်တစ်ခါသာသေခဲ့ကြရသည်။ ၂၀၁၀ မီးလောင်တိုက်ကတော့ သားစဉ်မျိုးဆက် အကြိမ်ကြိမ်သေကြရမည့် မီးလောင်တိုက်ကြီးတစ်ခုဖြစ်နေသည်ကို သိရှိနားလည် သဘောပေါက်ကြရန် အထူးအရေးကြီးလှပေသည်။

တိုင်းပြည်တစ်ခုပြုပြင်ပြောင်းလဲရေးသည် တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ စိတ်စေတနာဖြူစင်စွာနဲ့ လုပ်ဆောင်ဖို့အရေးကြီးပေသည်။အချင်းချင်းသစ္စာရှိရမည်၊ အပြန်အလှန်နားလည်မှုတည်ဆောက်ကြရမည်။ ပြည်သူလူထုအကျိုးကိုရှေ့ရှုပြီး တိုင်းပြည်အကျိုးစီးပွားကို အတူတကွအားလုံးပူပေါင်းပါဝင်နိုင်အောင် လုပ်ဆောင်ရမည်။ တစ်ယူသန်၊တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း အစွန်းရောက်ဝါဒ၊ လူမျိုးမုန်းတီးရေးဝါဒ တွေကို စွန့်လွတ်ကြရမည်၊စစ်သည်သာ ကိုးကွယ်ရာ စစ်သည်သာအားထားရာ ဟူသည့် ဆင်ကန်းတောတိုး စရိုက်တွေကို ပြုပြင်ပြောင်းလဲပစ်ရမည်ဖြစ်သည်။

ထိုကဲသို့သော ယုံကြည်မှုမျိုးကိုတည်ဆောက်ဖို့မကြိုးစားပဲ အမှန်တရားသည် သေဒဏ်အဖြစ် သတ်မှတ်ကာ လက်နက်အားကိုး အာဏာအားကိုးပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် ညှင်းပမ်းနှိပ်စက် ထင်တိုင်းကြဲ ကြဦးမည်ဆိုပါက ။

တက္ကသိုလ် မြတ်မင်းနွယ် (ရန်ကုန်)

၂၃.၁၂.၂၀၀၉
ပေးပို့လာသူ ကိုဝဏ္ဏ http://wanna23.blogspot.com/

ကိုညီညီအောင် လွတ်မြောက်ရေး အမေရိကန် လွှတ်တော်အမတ်များ၏ လတ်မှတ်ရေးထိုး တောင်းဆိုချက်များ.....


ဓာတ်ပုံ၊ သတင်းပေးပို့လာသူ မမြတ်လေးငုံ

မိခင်၊ ဆွေမျိုး နိုင်ငံရေးအကျဉ်းသားတွေအတွက် ကိုညီညီအောင်ရေးသားတဲ့ ကိုယ်တိုင်ရေးမှတ်တမ်းလေးပါ....

KNNA BIO

ပေးပို့လာသူ မြတ်လေးငုံအားကျေးဇူး တင်ပါသည်...

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား ဦးအောင်ဆန်းဦး၏ ရှေ့နေမှ ကန့်ကွက်သဖြင့် ယနေ့ညနေမှစ၍ ရပ်ဆိုင်း..

နေအိမ် အကျယ်ချုပ်ချထားခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ရှေ့နေဦးဟန်တိုးမှ ကန့်ကွက်သဖြင့် ယနေ့ညနေမှစ၍ ရပ်ဆိုင်းလိုက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

.........ဒီကနေ့ ညနေကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ဆင်နေမှုတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးက ကန့်ကွက်လို့ဆိုပြီး စည်ပင်က ရပ်ဆိုင်းခိုင်းပါတယ်။ ဒီညနေပဲ ရပ်ဆိုင်းလိုက်ရလို့ ပြင်ဆင်နေတာတွေ တိုးလို့တန်းလန်း ဖြစ်ကုန်ပါတယ်။ ဒီအိမ်ပြင်ဆင်ခွင့် ရဖို့ ဒေါ်အောင်ဆန်းစုကြည်က အိမ်ကိုမြို့တော်စည်ပင်မှာ ခွင့်ပြုချက်တောင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်တာပါ.... အခုနေအိမ်ပြင်ဆင်ခွင့် ရပ်ဆိုင်းရာမှာ မေးမြန်းခြင်း၊ စီစစ်ခြင်းမရှိပဲ ရပ်ဆိုင်းခိုင်းပါတယ်... ဒေါ်အောင်ဆန်းစုကြည် ကလည်းရပ်ဆိုင်းပေးမယ် ပြောပါတယ် ဟု အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ) တို့ ပါဝင်ပတ်သတ်နေကြောင်း၊ ထိုသို့ တရားစွဲဆိုနိုင်ရန် ဦးအောင်ဆန်းဦး၏ လက်မှတ်ကို သံရုးံမှ တဆင့်ရယူ စေခဲ့ကြောင်း ထိုစဉ်က အမေရိကန်နိုင်ငံ၌ သံမှုးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော စစ်ထောက်လှမ်းရေး ဗိုလ်မှုးဟောင်း ဦးအောင်လင်းထွဋ်မှ တွေ့ဆုံမေးမြန်းခန်း တခုတွင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဦးအောင်ဆန်းဦးကို စစ်အစိုးရမှ မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များပေးခြင်း၊ အိမ်ဆောက်ရာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ဦးအောင်ဆန်းဦး၏ ဇနီးဘက်မှ ဆွေမျိုးများဟာ ယခုနေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ လုပ်ပိုင်ခွင့်များ ရရှိနေပါတယ်။

သတင်း ဒီမိုဝေယံ

aljazeera သတင်းဋ္ဌာနက ထုတ်လွှင်တဲ့(Myanmar: Beneath the surface)



Two years ago the world watched in dismay as Myanmar's military junta brutally crushed the so-called Saffron Revolution. It was the only show of mass opposition to have occurred inside the country in almost 20 years.

Now, that same junta is moving towards elections some time in 2010, but no one expects them to be either free or fair, based as they are on a constitution seemingly designed to ensure the survival of those in power.

Filmmaker Hazel Chandler entered the country undercover for People & Power, to find out how Myanmar's people are fairing, and to investigate disturbing claims that the regime may be trying to develop nuclear weapons.

This episode of People & Power can be seen from Wednesday, December 23, 2009, at the following times GMT: Wednesday: 0600, 1230; Thursday: 0130, 1400, 1930; Friday: 0630, 1630; Saturday: 0330, 2030; Sunday: 0030, 0530; Monday: 0830.

ဝိုးတိုးဝါးတားထဲက ပျှော်ရွှင်ခြင်း.....


(၁) တစ်ခါက မျက်စိကောင်းတဲ့လူနဲ့ မျက်စိမှုန်သူနှစ်ယောက်ရေထဲမျောပါသွားခဲ့တယ်။ ကျယ်ပြန့်တဲ့မြစ်ပြင်မှာ အသက်ရှင်နိုင်ဖို့အတွက်နှစ်ဦးသား အားသွန်ခွန်စိုက် ကူးခတ်ခဲ့ကြတယ်။ ဒါပေမယ့် မကြာပါဘူး သူတို့ ခြေကုန်လက်ပန်း ကျသွားခဲ့တယ်။ ရုတ်တရက် သူတို့ဖက် မျောလာနေတဲ့ အဝေးကလှေတစ်စီးကို မျက်စိကောင်းသူက တွေ့မြင်သွားခဲ့တယ်။ မျက်စိမှုန်သူကလည်း မှုန်ဝါးဝါးကြားမှာ လှေကိုတွေ့ခဲ့လို့ နှစ်ဦးသား လှေဖက်ကိုဦးတည်ပြီး အားကုန်ကူးခတ်ကြပြန်တယ်။ ကူးရင်းသွားရင်း မျက်စိကောင်းသူက ရုတ်တရက် အကူးရပ်လိုက်တယ်။ အကြောင်းက လှေတစ်စီးလို့ သူထင်ခဲ့တဲ့အရာက လှေမဟုတ်ဘဲ သစ်ဆွေးတုံးတစ်တုံးဖြစ်နေလို့ ဖြစ်တယ်။ ဒါပေမယ့် မျက်စိမှုန်သူက သစ်ဆွေးတုံးမှန်း မသိခဲ့လို့ အကူးမရပ်ခဲ့ဘူး။ အနီးနားရောက်မှ လှေမဟုတ်ဘဲ သစ်ဆွေးတုံးမှန်း သိတဲ့အချိန် သူဟာ ကမ်းနဲ့အတော်လေး နီးနေပြီဖြစ်တယ်။ မျက်စိကောင်းသူကတော့ ရေလယ်မှာ တစ်ဝဲဝဲလည်ရင်း နစ်မြှုပ်သေဆုံးသွားခဲ့ရတယ်။

(၂) ကင်ဆာရောဂါ ဝေဒနာသည်နှစ်ဦးမှာ တစ်ဦးကနားပါးပြီး တစ်ဦးကနားထိုင်းတယ်။ နားပါးသူက ဆရာဝန်တွေ ဆွေးနွေးတိုင်ပင်နေတဲ့ သူ(၃)လသာ ခံမယ်ဆိုတဲ့အကြောင်းကို ကြားပြီး စိတ်ဓာတ်တွေကျခဲ့တယ်။ နောက်ဆုံး (၃)လတောင်မခံဘဲ သေသွားခဲ့တယ်။ နားထိုင်းသူက ဆရာဝန်တွေရဲ့
စကားကိုချောင်းနားထောင်ဖို့ မဆိုထားနဲ့ သူနဲ့ပြောချင်တဲ့ စကားကိုတောင် ခပ်ကျယ်ကျယ် အော်ပြောရတယ်။ နောက်ဆုံး သူဟာ (၃)လကျော်လွန်တဲ့အထိ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတယ်။

(၃) အမေရိကန်က ရောဘတ်နဲ့ စတီဗင်ဆိုတဲ့ သူဌေးနှစ်ဦးမှာ အရွယ်အစားတူတဲ့ ကုမ္ပဏီသေးတစ်ခုစီ ပိုင်ဆိုင်ခဲ့ကြတယ်။ ရောဘတ်က တစ်ခြားလူထက် ဝေးဝေးမြင်တတ်ခဲ့ပြီး ဘယ်အရာကိုမဆို စိစစ်တွက်ချက်တတ်တယ်။ ၂ဝဝ၈ခုနှစ် အမေရိကန်ရဲ့ စီးပွါးပျက်ကိန်းကို သူကြိုတင်ခန့်မှန်းတွက်ချက်ပြီးကုမ္ပဏီက ငွေတွေကို ခွဲခြမ်းမျှဝေခဲ့တယ်။ အဲဒီနောက် ကုမ္ပဏီကို ဖျက်သိမ်းပစ်ခဲ့တယ်။ ၂ဝဝ၈ စီးပွါးရေးကပ်ဆိုက်တဲ့နှစ်မှာ ကုမ္ပဏီပေါင်း ၃ဝ%ပြိုကွဲသွားနိုင်တာမို့ အကြွေးတွေ မကျန်အောင် သူဖျက်သိမ်းလိုက်တာ ဖြစ်တယ်။ ၃ဝ%ထဲမှာ သူ့ကုမ္ပဏီ အသေးလေးလည်းပါမယ်လို့ ခန့်မှန်းခဲ့လို့ဖြစ်တယ်။

စတီဗင်ကတော့ အတွက်အချက် မလည်ဝယ်တဲ့အပြင် အနည်းငယ် တုံးအသူလည်းဖြစ်တယ်။ အနာဂါတ်ကို လုံးဝကြိုတင်ခန့်မှန်းလို့ မရနိုင်ဘူးလို့ ထင်မှတ်ထားသူလည်းဖြစ်တယ်။ အနာဂါတ်အတွက် လှလှပပ ကြိုတင်ပြင်ဆင်ပြီး သူ့ရှေ့မှာ ချပြရင်တောင် ယုံမယ့်သူမဟုတ်ခဲ့ဘူး။ အနာဂါတ်က ကိုယ့်အနား တကယ့်မရောက်လာသေးလို့ လို့ သူမှတ်ယူခဲ့တယ်။ ကိုယ့်ကုမ္ပဏီတစ်ရက် အသက်ဆက်လို့ရရင် တစ်ရက်အသက်ဆက်မယ်၊ တစ်ရက်တောင့်ခံမယ်လို့ပဲ သူခံယူထားတယ်။ စီးပွါးရေး ကပ်ဆိုက်တဲ့နှစ်ကို သူ့ကုမ္ပဏီလေး ကံကောင်းထောက်မစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်။ အတွက်အချက်ကောင်းသူက ပြိုကွဲခဲ့ရပြီး အတွက်အချက် ညံ့သူက ရေရှည်တည်တံ့ခဲ့တယ်။

လူ့ဘဝထဲက တစ်ချို့ကိစ္စမှာ သိတာထက် မသိတာက ပိုကောင်းတယ်။ ထက်မြက်တာထက် မထက်မြက်တာက ပိုကောင်းတယ်။ လူတွေပြောတတ်ကြတဲ့ ဝိုးတိုးဝါးတား၊ မှုန်ဝါးဝါးဖြစ်တယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ်။ တစ်ခါတလေမှာ ပျော်ရွှင်ခြင်းတွေက အဲဒီမှုန်ဝါးဝါးတွေထဲမှာ ပုန်းအောင်းနေတတ်တယ်။ တစ်ချို့ကိစ္စက များများသိလေ များများစိတ်ဆင်းရဲလေ ဆိုသလို ကြည်ကြည်လင်လင် နိုးထလာတဲ့ တခဏမှာ အဲဒီပျော်ရွှင်ခြင်းတွေက အဝေးကို လွှင့်ထွက်သွားတတ်တယ်။
--
စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ ဘဝကို ပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
--
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့ သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

လက်ရှိအချိန်မှာ တွေ့ရတဲ့သူကို စေတနာထားပြီး၊ လက်ရှိအလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်တဲ့သူဟာ.. ဘ၀ လမ်းကြောင်းမှန်ကို တည့်တည့်လျှောက်သူပဲ....

မေးလ်ထဲကပါ ပြန်လည်မျှဝေပါတယ်..
ရေးသားသူပိုင်ရှင်မသိလို့ နာမည် မဖော်ပြနိုင်တာကို ကြိုတင် တောင်းပန်အပ်ပါတယ်....

မေတ္တာပို့တဲ့ သံဃာတော်တွေကို အကြမ်းဖက်သတ်ဖျက်တယ် ...ဘာသာစော်ကားတဲ့ အမြင်မတော်မှုကျတော့ ဒီအတိုင်းကြည့်နေတယ်...


ယခုပုံဟာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မဟာဗန္ဓုလ လမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူ တစ်ယောက်က ဒီလိုဆေးမင်ကြောင်ပုံ ထိုးပြီး၊ ခေတ်ပေါ်ကြိုးတစ်ချောင်း အကျီင်္ င်္နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို စော်ကားရာကြနေပါတယ်။

“ဒါဟာ ဒီအစိုးရကြောင့်ပဲ ။ ဘာသာ သာသနာကို သူကိုယ်တိုင်စော်ကားထားတော့ ။ ဘာသာခြားက ဒီလိုပုံစံ ဒီတိုင်းပြည်မှာ လာပြီးလုပ်ရဲတာပေါ့ . တခြားဘာသာတွေမှာ ( အစ္စလာမ် ) ဆိုရင် ဒီလိုသာစော်ကားတာမျိုးဆို ။ သတ်တောင်ပစ်အုံးမယ်။”ဟု ဓါတ်ပုံပေးပို့လာသူ ရန်ကုန်မြိုခံ တစ်ဦးက ပြောပါသည်။

ဓါတ်ပုံထဲက နိုင်ငံခြားသူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ သူ့စိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားပုံနှင့် ၄င်း နိုင်ငံခြားသူ မည်သို့မျှ အမြင်မတော်ပါ။ ထို့ကြောင့် ထိုကဲ့သို့ အမြင်မတော်သည်များကို မြင်တွေ့ပါက မိမိတို့တတ်နိုင်သည့်ဘက်မှ သာသနာအတွက် ဝိုင်းဝန်းတားဆီးပေးကြပါရန် မေတ္တာရပ်ခံရင်း တင်ပြလိုက်ပါသည်။

မေးလ် ဖြင့်ပေးပို့လာသူ ညီငယ် ဖြိုးဝေ mmp http://www.phyowai-myanmar.co.cc/ အားကျေးဇူးတင်ပါသည်။

သာသနာတော်ကို ကာကွယ် စောင့်ရှောက်နေတဲ့ မေတ္တာပို့တဲ့ သံဃာတော်တွေကိုတော့ အကြမ်းဖက်သတ်ဖျက်တယ် ...ဘာသာစော်ကားတဲ့ အမြင်မတော်မှုကျတော့ ဒီအတိုင်းကြည့်နေတယ်... ဖြူးဆရာတော် ပြောသလို ထောက်လှမ်းရေးတွေ ဘယ်ချောင်ရောက်နေသလဲ မသိဆိုသလိုပါပဲ....


၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှတ်တမ်း.......


၇၁-နှစ်မြောက် ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ် အခမ်းအနား နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း ၂၈-လမြောက် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ-တိုကျိုရှိ နအဖအခွန်ရုံးရှေ့ တွင် ကျင်းပပြုလုပ်ရာ အဖွဲ့အစည်း အသီသီးမှ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၇၀ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံပေးပို့လာသူ ဦးသန်းဝင်း...

ဗိုလ်အောင်ကျော် သို့မဟုတ် ဗကသ၏အာဇာနည်

ဗိုလ်အောင်ကျော် သို့မဟုတ် ဗကသ၏အာဇာနည်

မျှဝေပေးပို့ပေးသူ အရှင်ထာဝရ..http://ashin-htavara.blogspot.com/

အင်္ဂါနေ့အား တပတ်၏ ငြိမ်းချမ်းရေးနေ့ မေတ္တာနေ့ အဖြစ်သတ်မှတ်ပြီး မေတ္တာသုတ်ကို နေရာအနှံ့ မှာ ရွတ်ဆိုကြပါရန်...


မေတ္တာသုတ် Download ရယူရန်....

အင်္ဂါနေ့အား တပတ်၏ ငြိမ်းချမ်းရေးနေ့ မေတ္တာနေ့ အဖြစ်သတ်မှတ်ပြီး မေတ္တာသုတ်ကို နေရာအနှံ့ မှာ ရွတ်ဆိုကြပါရန် နှိုးဆော်အပ်ပါသည်။

အကယ်၍ မိတ်ဆွေတို့ အနေနှင့် မေတ္တာသုတ်မရလျှင်စီဒီ ကက်ဆက်ခွေဖွင့်ပြီး နေရာတိုင်း အိမ်တိုင်းမှာ အနုနည်းဖြင့် အိမ်ထဲကနေ မေတ္တာ ငြိမ်းချမ်းရေးကို ကျယ်ကျယ်လောင်လောင် တောင်းဆိုကြပါရန် အထူးတောင်းဆို မေတ္တာရပ်ခံအပ်ပါသည် သူတော်ကောင်းအပေါင်းတို့

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လိုလားသူများအဖွဲ့
International Peace Makers

အလင်းပျိုးမယ့်လက်များ…


ဓာတ်ပုံပေးပို့လာသူ ကိုစိုင်း...







အလင်းပျိုးမယ့်လက်များ…

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံ ကလေးသူငယ်များအတွက် စာနာမှု ကဗျာရွတ်ပွဲအတွက် ၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ အင်ယားကန်စောင်း စိမ်းလန်းစိုပြေဥယျာဉ်မှာကျင်းပသွားပါသည်။

ရွတ်ဆိုခဲ့ကြတဲ့ကဗျာများက

၁။မင်းယွန်းသစ်( သုခကြယ်)
၂။ မောင်ဖုန်းမြင့် ( အနာဂတ်ရှိ/ ဖြစ်တယ်)
၃။ သူရဿဝါ ( အလင်းပျိုးမဲ့လက်များ)
၎။ မိုးလှိုင်ည (ဆူလွယ်နပ်လွယ် သားကောင်)
၅။ နေနှင်းစက်( လက်ကမ်းလို့ကြိုမယ်)
၆။ လူလိန် (ဖြစ်ရပ်မှန်)
ရ။ မင်းယွန်းသစ် ( မြန်နှုန်းမြင့်စိတ်နဲ့ မေ့မေ့ကိုဆက်သွယ်လိုက်ပါတယ်)
၈။ Mirror ( ငါတို့ရဲ့လက်တွေ)
၉။ ဆူးခက်မင်း ( အနာဂတ်မဲ့ လက်များရဲ့မနက်ဖန်)
၁၀။ သူရဿဝါ ( လင်းနေတဲ့အပိုင်းဆို မင်းတို့ပဲလုပ်ထားတာ မှောင်နေတဲ့အပိုင်းတွေက ငါတို့အပြစ်လို့ရှိပါစေ)
၁၁။ မိုးလှိုင်ည ( မှောင်နေတဲ့အလင်း)
၁၂။ မင်းယွန်းသစ် ( မေ့မေ့ဆီရေးတဲ့ စာမျက်နှာမှာ ခြစ်ရာတွေဗရပွနဲ့)
စတဲ့ကဗျာ တွေကိုရွတ်ဆိုခဲ့ကြပြီ… ကဗျာချစ်သူများပါ ပါဝင်နိုင်တဲ့ ပါဖောင့်မန့်အက် ကဗျာကိုလည်း စုစည်းရေးစပ်ခဲ့ကြပါတယ်…
HIV .. သရုပ်ဖော်.. ပြကွက် တစ်ခုကို ပါဝင်ပြသခဲ့ပါတယ်... ကဗျာများကို.. မအိန္ဒြာ၊ မင်းယွန်းသစ်၊ သူရသ၁၀ါ၊ မောင်ဖုန်းမြင့်၊ သွယ်လင်းဆက်၊ မိုးလှိုင်ည၊ Mirror ၊အမည်မဲ့ HOE၊ သိုးထိန်း စတဲ့ကဗျာဆရာများကပါဝင်ရေးဖွဲ့ ခဲ့ခြင်းဖြစ်ပါတယ်...။ ကဗျာကို မြတ်နိုးကြတဲ့လူငယ်များနဲ့ ဂျာနယ်လစ်များ.. လူမှုရေးလုပ်ငန်းများ စိတ်ပါဝင်စားသည့် လူငယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်..။
အဖွင့်သီချင်းအနေနဲ့ တိုချစ်တဲ့ကမ္ဘာ တို့ချစ်တဲ့ကလေးတွေ သီချင်းကိုစုပေါင်းသီဆိုကြပြီး... Michale Lann- Sleeping Child .. သီ ချင်းနဲ့ ကဗျာရွတ်ပွဲလေးကို အဆုံးသတ်ခဲ့ကြပါတယ်..။
-----------------------------------------------------------------။

အနာဂတ် (ရှိ / ဖြစ်) တယ်

ပေးသမျှယူဆိုလို့

တစ်လောကလုံးစာ ယူလိုက်ရတယ် (ဒုက္ခသက်သက်)

နုပျိုခြင်းတူညီဝတ်စုံတွေဝတ်လို့

သူတို့ ပျော်ရွှင်နေကြ …

သူတို့မှာ အဖေရှိချင်မှရှိမယ်

သူတို့မှာ အမေရှိချင်မှရှိမယ်

သူတို့မှာ ရီမုကွန်ထရိုးနဲ့မောင်းလို့ရတဲ့ ကား ရှိချင်မှရှိမယ်

သူတို့မှာ ငါးကျပ်တန်ချိုချဉ်ရှိချင်မှရှိမယ်

သူတို့မှာ ညအိပ်ယာဝင်ပုံပြင်ရှိချင်မှရှိမယ်

သူတို့မှာ ဗလာစာအုပ်ကောင်းကောင်းရှိချင်မှရှိမယ်

သူတို့မှာ မနက်ခင်းနို့တစ်ခွက်ရှိချင်မှရှိမယ်

သူတို့လက်ထဲမှာ အနာဂတ်ရှိတယ်

နာကျင်ခြင်းဟာသူတို့ရဲ့လက်ဝဲလက်ယာ လက္ခဏာဖြစ်နေ

မှောင်မိုက်ခြင်းဟာသူတို့ရဲ့ နက္ခတ်ဇာတာဖြစ်နေသလား

ဘယ်လိုပဲဖြစ်ဖြစ်

ယူလိုက်ကြ

ဒီမှာ ဂီတရှိတယ်

ကဗျာရှိတယ်

ဘာသာရှိတယ်

သာသနာရှိတယ်

ပြင်မပြီး ပြုမပြီးအဖာတစ်ရာ ကမ္ဘာရှိတယ်

ယူလိုက်ကြတော့

မင်းတို့ဟာ ဒုက္ခကိုပြောင်းပြန်လှန်

ကမ္ဘာကိုတစ်ဖန် ပြန်ကယ်ကြပေါ့

အနာဂတ်ဟာ မင်းတို့လက်ထဲမှာရှိတယ်

ဒါကြောင့်

မင်းတို့ဟာအနာဂတ်ဖြစ်တယ်။ ။


ကြက်သွန်


+++++++++++++++++++။

" အနာဂတ်မဲ့လက်များရဲ့မနက်ဖြန် "


မိဘမေတ္တာ တဲ့
အရောင်အနံ့အရသာအထိအတွေ့
အာရုံငါးပါးခံစားမှု ကိုငါတို့တွေတစ်စက်လေးမှမရခဲ့ကြဘူး
ပူလား.....အေးလား
အဖြူလား အမဲ လားဆိုတာလည်း သိခွင့်မရခဲ့ကြဘူး
ကျွန်တော်တို့ရဲ့သက်တမ်းလေးမှာ
အဖေအမေဆိုတာသာယာနာပျော်ဖွယ်တေးသွားတစ်ခုလား
ဘီလူးဆိုင်းသံလားနတ်ဆိုင်းသံလား ညည်းချင်းတစ်ပုဒ်လား
ဘာဆိုဘာမှ သိခွင့်မရတဲ့ကျွန်တော်တို့ရဲ့ဘ၀ဟာ
အပွင့်အလင်းလွန်ခဲ့တဲ့လိင်ယဉ်ကျေးမှုတွေကြောင့်
ခန္ဓာကိုယ်အနှံ့အပြားမှာ အိပ်ခ်ျ အိုင်ဗွီ ပိုး ကူးစက်ခံခဲ့ရတယ်
ကျွန်တော်တို့မှာ ခေါ်စရာ အဖေ မရှိခဲ့ဘူး
အဖေ....ဘယ်မှာလဲ
ကျွန်တော်တို့ခေါ်ခွင့်မရခဲ့ဘူး
ကျွန်တော်တို့မှာ ခေါ်စရာ အမေ မရှိခဲ့ဘူး
အမေ.....ဘယ်မှာလဲ
အမေဆိုတဲ့ အခေါ်အဝေါ်လေးတောင်
ကျွန်တော်တို့ခေါ်ခွင့်မရခဲ့ရှာဘူး
ကံကြမ္မာရေ.....
ကျွန်တော်တို့ရဲ့အနာဂတ်ကိုမှ ဘာကြောင့်များမဲ့စေရတာလဲ
ကျွန်တော်တို့ကိုမှရွေးချယ်ပြီးဘာကြောင့်များထိုးနှက်တိုက်ခိုက်ရတာလဲ
ဘာကြောင့်များကျွန်တော်တို့အိပ်မက်တွေတွန့်လိမ်ကြွေမွကုန်ရတာလဲ
ကျွန်တော်တို့ဘာများလွန်ကျူးခဲ့မိလို့လဲ ဗျာ
ကျွန်တော်တို့ကူးစက်ခံရတဲ့အရာကအပေါင်းလက္ခာပါတဲ့ အိပ်ခ်ျအိုင်ဗွီတဲ့
အဖေရေ...............အဖေ့ကို
လူမဆန်ခဲ့ဘူး လူ့ကျင့်ဝတ်နားမလည်ခဲ့ဘူးလို့
ကျွန်တော်တို့မှာပြောခွင့်မရှိခဲ့ဘူး
အမေရေ...................မေမေက
လူ့ကျင့်ဝတ်မစောင့်ထိန်းခဲ့လို့လား
စောင့်ထိန်းရမယ့်စည်းကျော်လွန်ခဲ့တာလား
ကျွန်တော်တို့တွေးတောပိုင်ခွင့်မရှိခဲ့ဘူး
ကျွန်တော်တို့သွေးတွေထဲမှာလေ
စီးဆင်းမြဲစီးဆင်းနေတာက အပေါင်းထပ်တင်ထားတဲ့အိပ်ခ်ျ အိုင်ဗွီ ပိုးတဲ့ ။
လူ့ဘ၀ကြီးထဲကို ကျွန်တော်အလင်းမဲ့စွာရောက်ရှိခဲ့ပြီ
ကျွန်တော်တို့ရှေ့ဆက်ရမယ့်လမ်းတွေက မှောင်မှောင်မဲမဲ
လူလို့ဖြစ်မှာလာပြီးမှ
ရှင်လျှက်နဲ့သေနေရတဲ့ဘ၀ကိုကျွန်တော်တို့မလိုလားစွာပိုင်ဆိုင်ခဲ့ရတယ်

အိပ်ခ်ျ အိုင် ဗွီ (HIV)ပိုးဆိုတဲ့ အပေါင်းထပ်တင်ထားတဲ့သတ္တ၀ါက
ကျွန်တော်တို့တွေအပေါ်မှာပဲကွက်ကျားမိုးအဖြစ်ရွာချတာနဲ့တူပါတယ်
ကျွန်တော်တို့တွေလူဖြစ်ရကျိုးမနပ်ခဲ့ဘူးလူဖြစ်ရကျိုးမနပ်ကြဘူး
လူသားအချင်းချင်းစာနာထောက်ထားမှုဆိုတာလေးတစ်ခုတည်းနဲ့
ကျွန်တော်တို့အပြုံးတွေရှင်သန်ခဲ့ရတယ်
ကျွန်တော်တို့ရဲ့ကမ္ဘာငယ်လေးအလင်းမဲ့စွာဖွံ့ဖြိုးခဲ့ရတယ်
ကျွန်တော်တို့ဟာလူကမွေးတယ်ဆိုတဲ့
အသိအမှတ်ပြုခံရတာလေးကတစ်ချက်ကလွဲရင်
ကျွန်တော်တို့ရဲ့အနာဂတ်က မပီပြင်ဘူး
ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကဘာလဲ
ကျွန်တော်တို့ရဲ့မနက်ဖြန်ကဘာလဲ
နောက်ဆုံးကျွန်တော်တို့ရဲ့ပန်းတိုင်ဆိုတာ သေ ခြင်း တ ရား လား ။
ကျွန်တော်တို့ အတွက် အလင်းပျိုးမယ့်လက်များကို မျှော်နေပါတယ် ဗျာ ။


အမည်မဲ့ ( HOE )

++++++++++++++++။

မှောင်နေတဲ့ အလင်း

သူငယ်ချင်းရေ........................
ကျွန်တော် ဘာများမှားခဲ့လို့လဲ
မှောင်မိုက်တဲ့အခန်းကျဉ်းလေးထဲမှာ
အထီးကျန်မှုတွေ တစူတဝေးနဲ့ ရှင်သန်ရတယ်
ကျွန်တော် မသိလိုက်ခင်ပဲ ဒီရန်သူက
ကျွန်တော့်သွေးသားထဲ
လှည့်ပတ်စီးဆင်းနေခဲ့ပြီတဲ့
ဖေဖေ နဲ့ မေမေ ရေ...........
ဒီလို ကျွန်တော့်ရဲ့ တမ်းတမ်းမက်မက်ခေါ်သံကို
မကြားနိုင်တော့တဲ့ အရပ်ဆီ
သူတို့ စွန့် ခွာခဲ့ပြီ
သူငယ်ချင်းရေ..................................
ကျွန်တော် မင်းကို မနာကျင်စေရပါဘူးကွယ်
မင်းလက်လေး ငါ့ကိုကမ်းပါ
ကျွန်တော်တို့ အတူ ကစားပါရစေ
မင်းနဲ့ အတူ
ကော်ဖီတခွက် အတူသောက်ခွင့်ငါ့ကိုပေးပါ
နေ၀င်ချိန်ကို အတူကြည့်ခွင့်ငါ့ကိုပေးပါ
သူငယ်ချင်းရေ...................
နာကျင်မှုတဲ့................
ဒီအရာက ကျွန်တော့် နှလုံးအိမ် မှာလား
ကျွန်တော့ ခနာကိုယ်မှာလား
စစ်ခနဲ စစ်ခနဲ................
ဒီအရိပ်မဲကြီးက ရိုးခနဲ ရိပ်ခနဲ
ကျွန်တော့် မျက်ရည်တွေဟာလည်း
ပိုးခနဲ ပေါက်ခနဲ
သူငယ်ချင်းရေ........................
ကျွန်တော် ဘာများမှားခဲ့လို့ လဲ
ကျွန်တော် ဘာများမှားခဲ့လို့ လဲ...
ကျွန်တော်ဘာများ
................
................. ၊၊ ၊၊



ကေး ( D O I )

++++++++++++++++++။

လက်ကမ်းလို့ကြိုမယ်


ဂရုဏာဒေါသနဲ့
မင်းကို ဖွဖွလေးဆူခဲ့တာကလွဲရင်
အာဃာတ မဆိုဘိ
အမုန်းတရားလေးတောင် မရှိခဲ့..........

ကြင်နာသောစကားနဲ့
အားပေးလို့ဆိုရင်း
ငါတို့ရဲ့ခွန်အား
မင်းကိုယ်ပေါ်မှာ ထွန်းညှိလို့ထားမယ်..........

အတူတူသွား အတူတူစား
အတူတူသောက်
တို့တွေက တစ်လမ်းထဲ
အတူတူလျှောက်နေကြတဲ့ လူတွေလေ..........

ဖေးမလို့ကူ
မင်းပြိုလဲရင် ငါကထူရမှာပေါ့
လူ.....လူသားချင်း
လူသားတရားကို နားလည်ရမယ်..........

အားငယ်စရာမရှိ
သိမ်ငယ်စရာမရှိ
အပြစ်ကို အပြစ်မှန်းသိရင်
အဲဒီထဲမှာ စိတ်ထပ်မနှစ်ဖို့လိုတယ်..........

လောကဓံတရား
ဘယ်တော့မှ ရှစ်ပါးထက်မပိုပါဘူး
မင်းလည်းလူ ငါလည်းလူ
ကံကြမ္မာကို ကလူကျီစယ်လို့ရတယ်..........

ဘဝဆုံးတိုင်း စိတ်ဓါတ်မဆုံး
စိတ်ဓါတ်ဆုံးမှသာ ဘဝကလုံးလုံးဆုံးတာ
Ryan Wayne White ရဲ့သွေးတစ်စက်
တစ်ကမ္ဘာလုံး ရဲပတောင်းခတ်ခဲ့တယ်..........

မျှော်လင့်ချက်တွေ ဝေနေသူအတွက်
အနာဂါတ်ဆိုတာ ဘယ်တော့မှမသေဘူး
ဒီလို နေ့သစ်ရက်ပျိုမှာ
မင်းကို ငါတို့ လက်ကမ်းလို့ကြိုမယ်..........

+++++++++++++++++++++++။


Ryan Wayne White (6/20/1971 - 8/4/1990) ~ အသက် (၁၃)နှစ် အရွယ်တွင်

သွေးသွင်းရာမှ HIV ကူးစက်ခံရပြီး ကမ္ဘာ့ AIDS ရောဂါတိုက်ဖျတ်ရေးပိုစတာတွင်

Poster Child အဖြစ်ရိုက်ကူးဆောင်ရွက်ရင်း ရင်ဆိုင်မှုပေါင်းများစွာဖြင့် တစ်ကမ္ဘာလုံးကို သိစေခဲ့သူ။
သွယ်လင်းဆက် ( http://txwelynnset.blogspot.com )

ဆူလွယ်နပ်လွယ်သားကောင်

ခေတ်ကိုက ဆူလွယ်နပ်လွယ်ရယ်...

ဆူလွယ်နပ်လွယ်ဖြစ်ဖို့ပဲ တွေးတောကြံဆနေကြရ
ဘာကြောင့်လဲ..ဘာကြောင့်များလဲလို့
မှတ်မိအောင်
ကိုယ့်ကိုယ်ကို နှစ်ထပ်၊နှစ်ခါထပ်မေးကြည့်နေမိတယ်....။
ဆူလွယ်နပ်လွယ်ခေတ်ထဲမှာ
ကိုယ်တွေကပါ ဆူလွယ်နပ်လွယ်ဖြစ်လို့
ငါတို့မှာ
တစ်ယောက်ထဲနေရင်းကပဲ
ဟိုဘက်နဲနဲတိုးပါဦး လို့
ကြပ်တည်းနေကြရတာ...

မြေပထ၀ီအခွံပေါ်မှာ ဘာတွေကို စုပ်ယူဖို့၊
ဘာတွေ ပြောင်းလဲတပ်ဆင်ဖို့ ကြိုးစားနိုင်ဦးမလဲ......
ငါတို့တွေဟာ...
ကွဲလွဲတဲ့ကိုယ်ပိုင်ချဉ်းကပ်မှုတွေနဲ့
ကိုယ့်ဘ၀ကိုချဉ်းကပ်ကြည့်ခြဲ့ကတယ်
ကိုယ့်ခရီးကိုယ်
ခြေလှမ်းတွေတစ်လှမ်းချင်းရေတွက်လျှောက်ခဲ့ကြတယ်။

ကုန်လွန်ခဲ့တာတွေက
အလကားမဖြစ်ဘူး။
သက္ကရာစ်ပေါင်းအခု ၂၀ ကျော်။
သို့ပေမယ့်
ခြေထောက်တွေက ခုထိမခိုင်သေးဘူး ..။
တဘုန်းဘုန်းလဲကျနေတုန်း..
တရုန်းရုန်းနဲ့ ပြန်ထနေရတုန်း...။

ဘ၀ဆိုတာ ခင်းထားပြီးသားလမ်းတစ်ခုဖြစ်တယ်..
ကိုယ့်ဘာသာကိုယ်ထွင်ပြီးလျှောက်ရင်းက
အပေါ်ရောက်လိုက်၊အောက်ရောက်လိုက်လဲ ရှိမယ်..
ပြုခဲ့ဖူးတဲ့ ကောင်းမွေဆိုးမွေအရပေါ့...
အဲ့သလို အမေကတော့ပြောတော့
ကျမအသက် ၆၀ မဟုတ်ဘူး အမေ..
အဲ့ဒိလို....အဲ့ဒိလို..နဲ့
ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးနဲ့ခင်းနေခဲ့တာ..။
ဆင်းရဲမွဲတေမှု
ခေါင်းပုံဖြတ်မှု၊
မသာမာမှု၊လူသားမဆန်မှု
အာဏာတလွဲသုံးမှု
လောင်စာဆီမှု
အိုဇုန်းအလွှာပေါက်တဲ့အမှု
ပူလောင်အိုက်စပ်မှု၊
ဘာမှု၊ညာမှု...ဟိုအမှု၊ဒီအမှု
ဘ၀မှာ....
အဲ့ဒါတွေ
ခွဲခြမ်းစိတ်ဖြာ ကြည့်ဖူးပါရဲ့လား
ခွဲခြမ်းစိတ်ဖြာဖို့ရော အခွင့်အရေးတစ်ခု ရရှိဖူးပြီးခဲ့ပြီလား။
အဲ့ဒါတွေ ဘာအဓိပ္ပာယ်လဲဆိုတာ ငါလဲသေချာမသိသေးဘူး။
အဲ့ဒါတွေ ဘယ်လောက်အတိမ်အနက်ရှိလဲ ငါမသိသေးဘူး။
နေသာသလိုနေနေလို့တော့ တို့သမိုင်းကတောက်ပြောင်လာမှာမဟုတ်ဘူး။

အစေ့ကျရာ အပင်ပေါက်တဲ့ ခေတ်ကလဲ ကုန်လွန်ခဲ့ပြီ..
အစေ့ကျရာအပင်ပေါက်ချင်တဲ့စိတ်နဲ့
ငါတို့လိုချင်တပ်မက်တဲ့ အာသီသကို ဖြေဖျောက်ဖို့ရာ..မလွယ်ကူလှဘူးထင်ရဲ့....။

Mirror

++++++++++++++++++++။

ငါတို့ရဲ့လက်တွေ...


ငါတို့မှာ လက်တွေရှိတယ်
လက်တွေဟာ ဘာလုပ်ဖို့လည်း

ငါတို့မှာလက်တွေရှိတယ်
လက်တွေကို ဂရုစိုက်ပါ
လက်တွေကို သန့်သန့်စင်စင်ထားပါ
လက်တွေကို မကြမ်းတမ်းပါစေနဲ့
လက်တွေကို သွေးမစွန်းပါစေနဲ့....

လက်တွေက ကဗျာရေးတယ်
လက်တွေက ပန်းချီဆွဲတယ်
လက်တွေက ဂီတကို တီးခတ်တယ်
လက်တွေက လက်နှက်ကိုင်တယ်
လက်တွေက ပုခက်လွှဲတယ်...

လက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်သတဲ့လေ
ငါတို့လက်တွေက မြို့ကို မဖျက်မိဖို့
လက်တွေကို ဂရုစိုက်ရမယ်....

လက်တွေက ငါတို့အတွက် အရေးတကြီး
လက်တွေဟာ အနုပညာဆန်ရဲ့
လက်တွေဟာ မေတ္တာ တန်ခိုးတော်ရှိရဲ့

ဒါကြောင့်
လက်တွေနဲ့ မျက်ရည်သုတ်ရမယ်
ငါ့တို့ပါးပြင်ပေါ်က
တခြားသူတွေရဲ့ ပါးပြင်ပေါ်က
လက်တွေက မျက်ရည်သုတ်ဖို့အတွက် အကောင်းဆုံးပဲ
ငါတို့ ချစ်ကြစို့
လက်တွေနဲ့ ပွေ့ဖက်ထားကြမယ်...
ကမ္ဘာကြီးကို....


မိုးလှိုင်ည


++++++++++++++++။


မြန်နှုန်းမြင့်စိတ်နဲ့ပဲ မေမေ့ကို ဆက်သွယ်လိုက်တယ် ။



ဟဲလို . .

မေမေလား

ကျနော်နေကောင်းပါတယ်

နှလုံးသားကသာ ခဏ ခဏ ဖျားတာ

နေပူပူ ၊မိုးရွာရွာ သူ့မှာ အကာအကွယ် မပါဘူး မေမေ ။

မေမေရေ . .

ခါးတာတွေ ဆက်တိုက်စားမိတော့

လျှာဖျားတွေတောင် ယားတယ်

မုတ်သုန်မိုး တဖြိုက်နှစ်ဖြိုက်ကျရုံနဲ့

ကန္တာရပင်တွေတောထ

လူအဖြစ်ရရှိခဲ့မှုကြီးက ခါးသက်လှပေါ့မေမေ ။

မေမေရေ. .

ဆင်သေကောင်နား တဝဲလည်လည်ဆိုတဲ့

ပြဇတ်ထဲ

အသဲကွဲသမားအဖြစ် သရုပ်ဆောင်ရတဲ့သားဟာ

အော်စကာလျာထားချက်ထဲ

ထိပ်တန်းစာရင်းကပါတယ်တဲ့ မေမေ ။

မေမေရေ. .

လောကကြမ်းကြမ်းကြီးထဲ

ခလုတ်ကန်သင်းတွေပေါလွန်းလှတယ်

ကျနော့်ကို ငြိသောဆူးများ ဒီထက်ပိုမို ထက်ရှကြပါစေ

ကျနော် ထိမိတဲ့ ခလုတ်တွေ ဒီထက်ပိုမို အလုပ်ရှုပ်နိုင်ကြပါစေ

အိုးကင်းပူထဲ အလှော်ခံနေရသလိုပါပဲ မေမေ

ဘဝဆိုတာကြီးက
အထက်မီး အောက်မီးနဲ့ ဖုတ်ခံနေရတဲ့ ကိတ်မုန့်ကြီးပေါ့ ။

မေမေရေ. .

ရရှိခဲ့တာတွေသိပ်များတော့

ကဗျာတွေတဖွားဖွား ထွက်ကျလာတယ် ။

ဒီနှစ်ထဲမှာ . . . အဆုံးအရှုံးသိပ်များတယ်

ဒီနှစ်ထဲမှာ . . . အချစ်ရေးအဆင်မပြေဘူး

ဒီနှစ်ထဲမှာ . . . ကျနော့်ယာခင်းက အသီးအနှံမဖြစ်ထွန်းဘူး

ဒီနှစ်ထဲမှာ . . . စီးပွားပျက်ကပ်ဆိုက်တယ်

ဒီနှစ်ထဲမှာ . . . အလုပ်လက်မဲ့

ဒီနှစ်ထဲမှာ . . . နစ်နစ်နေတယ်

နှောက်နှစ်တွေဆိုရင် စားပွဲမှာ ဓါးမြှောင်စိုက်

ကဗျာနဲ့ပဲ မိုက်တော့မယ် ။

မေမေရေ . .

အိမ်ပြန်လာရာလမ်းကလေးက

တဖြေးဖြေးမှုန်ဝါးသွားတဲ့ ရုပ်ရှင်ပြကွက်လေး

ကျွန်တံဆိပ်တီရှပ်က အသက်ရှုကျပ်တယ် မေမေ ။

ဟုတ်ကဲ့ မေမေ. .

ကျနော်အခု မေတ္တာဧရိယာပြင်ပမှာ ရောက်ရှိနေတာပါ ။ ။

ဖုန်းမြင့်

*နတ်ဆိုးနမ်းသွားတဲ့ ပန်း*

ဘာကြောင့်များလဲ . . .
ကမ္ဘာတစ်ခြမ်းလုံးပွင့်နေကြတဲ့
ပန်းတွေထဲမှာ
သူတို့ကိုမှ ပိုးရွေးကိုက်သွားရတာ၊
ဘာကြောင့်များလဲ. .
သူတို့မှာလည်း တောင်တန်းတွေ
တစ်မျှော်တစ်ခေါ်ရှည်လျားခဲ့မှာပဲ
သူတို့မှာလည်း နောက်တစ်နေ့တွေကို
ရောင်စုံခြယ်ဖူးကြမှာပဲ
သူတို့က မြှားတွေကိုယ်စီချွန်လို့
သူတို့က ဓားတွေကိုယ်စီသွေးလို့
ဘာကြောင့်များ
သူတို့က စစ်ပွဲမှာ လိုက်ပါခွင့်မရခဲ့တာလဲ၊
ဟုတ်တယ် ...
သူတို့ မှာ လကမ္ဘာကိုလည်ပတ်ချင်စိတ်ရှိမယ်
ပန်းနဲ့ သီတဲ့ ဒိုင်ယာရီတွေ ရေးချင်လိမ့်မယ် ...
ညခင်းတိုင်းမှာ
လသာချင်ရှာလိမ့်မယ်၊
ကံကြမ္မာဆိုတာကြီးရယ် ...
အဖန်တစ်ရာထေအောင်ပဲ ကြင်နာလိုက်စမ်းပါ
မနက်ဖြန်တွေ သူ့ အတိုင်းသူ ရှိနေစေဖို့ လေ။ .
အနာဂတ်ဆိုတဲ့ ယာဉ်ကြီးကို သူတို့ စီး
နယူတန်လိုပဲ ပန်းသီးတွေကို သူတို့ ကောက်ကြ
ကမ္ဘာကြီးကို သူတို့ လက်ချောင်းလှလှ လေးတွေနဲ့  ပုံသွင်းကြ ...
သူတို့  အတွက်ရနိုင်သမျှ ပေးဆပ်ခြင်းတွေနဲ့ 
သူတို့  ဦးခေါင်း တွေ မြင့်မြတ်နိုင်ကြစေ၊
ယူသလောက်မရရင်တောင်မှ
ရသလောက်တော့ယူနိုင်ကြပါစေ၊
ဒါဟာ . . . နောင်လာမယ့်သမိုင်းကြောင်းအတွက်
သူတို့ရေးမယ့်စာမျက်နှာပဲ ။

*-ရိုးရာ၊နေ့ သစ်*


မျှဝေပေးပို့ပေးသူ မြတ်လေးငုံနှင့် ညီငယ်အလင်းဆက်တို့အား ကျေးဇူးတင်ပါသည်။