ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

L.A.Organizers အဖွဲ့ရဲ့ မြန်မာပြည်အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအတွက် ထောက်ပံ့ကူညီမှုနှင့် ဖိတ်ကြားစာ


အမေ့အိမ် ပညာဒါနကျောင်းရဲ့ တရားဝင် မှတ်ပုံတင် လျှောက်ထားခြင်းအား လှိုင်သာယာမြို့နယ် ပညာရေးမှုးရုံးက လက်ခံ..

 
 
 
 
သူငယ်ချင်းတို့ရေ

ပြီးခဲ့တဲ့ (၁၈) ဖေဖေါ်ဝါရီ မှာ အမေ့အိမ် ပညာဒါနကျောင်းရဲ့ တရားဝင် မှတ်ပုံတင် လျှောက်ထားခြင်းကို လှိုင်သာယာမြို့နယ်ပညာရေးမှုးရုံးက လက်ခံလိုက်ပြီလို့ ကျောင်းတာဝန်ခံကိုအေးဗိုလ်က တဆင့်သိရလို့ သူငယ်ချင်းတို့လည်း ၀မ်းသာရအောင်မျှဝေ လိုက်ပါတယ်။

အခုလာမဲ့ နွေရာသီမှာလည်း Summer Course အနေနဲ့ သူငယ်တန်းကနေ ငါးတန်းအထိ English , Math and General Knowledge ဘာသာရပ်များကို တနင်္လာနေ့ မှ သောကြာနေ့ အထိ မတ်လ(၇) ရက် မှစတင် သင်ကြားပေးမယ်လို့ သိခဲ့ရတယ်။

မနေ့ ကတော့ဗလာစာအုပ်တွေ နဲ့ စာရေးကိရိယာတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ ကိုယ်စား သွားလှုဖြစ်ခဲ့လို့ ဓါတ်ပုံတွေ တင်ပေးလိုက်ပါတယ်။ အမေ့အိမ် ပညာဒါနကျောင်းလေး ရေရှည် တည်တံ့အောင်မြင်ပြီး နွမ်းပါးတဲ့ကလေးများရဲ့ ပညာရေးကို တစ်ဒေါင့်တစ်နေရာမှ ကူညီ ဖြည့်ဆည်း ပေးနိုင်ဖို့ တို့အားလုံး ကူညီပံ့ပိုးကြပါစို့ ။

သူငယ်ချင်းတို့ရဲ့
ကိုငယ်
အခုဆိုရင် အမေ့အိမ်မှ ပညာရည်နို့သောက်စို့နေတဲ့ ကလေးငယ်ပေါင်း ( ၂၂၉ ) ဦးရှိနေပြီလို့သိရပါတယ် ။ မူကြိုမှာ (၂၃ )ဦး ၊ သူငယ်တန်းမှာ ( ၂၂ ) ဦး ၊ ပထမတန်း ( ၃၇ )ဦး ၊ ဒုတိယတန်း ( ၂၇ ) ဦး ၊ တတိယတန်း ( ၃၁ ) ဦး ၊ စတုတ္ထတန်း ( ၄၉ ) ဦး နဲ့ ပဉ္စမတန်း ( ၄၅ ) ဦးတို့ဟာ ပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားနေကြောင်းသိခဲ့ရပါတယ် ။ စာသင်ခန်းက တစ်ခန်းတည်းရှိတာ မို့ မနက်နဲ့ည အတန်းချိန်တွေ ခွဲပြီး သင်ကြားနေကြရပါတယ် ။ တချို့ကလေးတွေအတွက်ဆို ကျောင်းကဖတ်စာအုပ်ရော ၊ ရေးဖို့ ဗလာစာအုပ်ပါ အားလုံး အခမဲ့ထုတ်ပေးရကြောင်း သိရပါတယ် ။ သူတို့လေးတွေဟာ မကြာတော့တဲ့အနာဂါတ် မှာတိုင်းပြည်အတွက် ၎င်း ၊ လူအဖွဲ့ အစည်း အတွက် ၎င်း ၊ မိသားစုအတွက် ၎င်း ၊ ကျရာအခန်းကဏ္ဍများတွင် ခေါင်းဆောင်များ ဖြစ်လာကြပါတော့မည်။ ဗိုလ်ချုပ်လို ရိုးသားဖြောင့်မတ်တည်ကြည်တဲ့ အောင်ဆန်းလေးတွေ ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ ။ ဒါကြောင့် သူတို့လေးတွေကို အမေ့အိမ်မှ မောင်ထိန်လင်းလေးများလို့ တင်စားချင် ပါတယ်။

ကိုငယ်...


ဗိုလ်ချုပ် မွေးနေ့က ဆရာတင်မိုး ရေးသားတဲ့ " ဗိုလ်ချုပ်ဦးအောင်ဆန်း "ကဗျာကို အမေ့အိမ်မှ  မောင်ထိန်လင်းလေးများမှ ရွတ်ဆိုခဲ့ကြပါတယ်...။

" ဗိုလ်ချုပ်ဦးအောင်ဆန်း "

အရုဏ်ဦးက ကြယ်နီဖြာ 
ဗိုလ်ချုပ်အောင်ဆန်းပါ 
တို့ဗမာပြည် အမှောင်ခွင်း 
သူခေါင်းဆောင်လို့လင်း

စိတ်ရင်းမှန်လို့ သစ္စာတည် 
ဗိုလ်ချုပ်အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူဂုဏ်ဘယ်မညှိုး

ရိုးသားဖြောင့်မတ်သူမူရာ 
ငယ်ငယ်ထဲကပါ
ဗမာပြည်သူ့ အချစ်ပန်း 
ဗိုလ်ချုပ်ဦးအောင်ဆန်း

Mr. Ross Dunkley အား ကမာရွတ် တရားရုံးမှာ ရုံးထုတ်စဉ် ရိုက်ကူးထားတဲ့ ရုပ်သံမြင်ကွင်း..

တရားခံများထားရှိရာ တရားရုံး အချုပ်ခန်းတွင်းမှာ တွေ့ရတဲ့ မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) 
Mr. Ross Dunkley (ဓာတ်ပုံ.. ဒီမိုဝေယံ)
 ကနဦးက  Mr. Ross Dunkley အား ကိုယ်ထိလက်ရောက် ရိုက်နှက်ကျူးလွန်ခဲ့တယ် ဆိုပြီး တရားစွဲဆိုခဲ့တဲ့ တရားလို မခိုင်ဇာ (ဓာတ်ပုံ.. ဒီမိုဝေယံ)
The Australian editor of an English newspaper in Burma had a bail request refused by a Rangoon court on Thursday. Ross Dunkley, editor of The Myanmar Times, was arrested at the Rangoon airport on his return from an overseas trip on February 10. He is being held at Burma's notorious Insein prison with hundreds of political inmates.

Fifty-five-year-old Dunkley was initially charged with assaulting a woman, but later the case was withdrawn. (ဒီလိုတော့ ရေးထားပါတယ်)He is still charged with breaching visa regulations. The next hearing is set for March 3rd.
NTD Television News

Mr. Ross Dunkley အား ကမာရွတ် တရားရုံးမှာ ရုံးထုတ်စဉ် ရိုက်ကူးထားတဲ့ NTD ရုပ်သံ
 အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley (သတင်း၊ ဓာတ်ပုံ)  ပြန်ဖတ်ချင်ရင်..  http://www.demowaiyan.co.cc/2011/02/mrdunkley.html

ခံစားမှု၏နိဂုံး

ခံစားမှု၏နိဂုံး

သင်တို့နှင့်ကျွန်ုပ် . . . ဆန့်ကျင်ဘက်ကြီး ဖြစ်ချင်ဖြစ်နေလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . နားလည်မှုတွေ တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . လျှောက်လှမ်းကြသည့်လမ်း တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . ရည်ရွယ်ချက်ခြင်း တူချင်မှတူလိမ့်မည်။
မည်သို့ဖြစ်စေ …. ဤအရာများသည် ခံစားမှုမှ ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။
တကယ်တော့ …. ခံစားမှုဟာ
နူးညံ့သိမ်မွေ့တဲ့ ကဗျာစာနုတွေ ထွက်လာသလို
ကြမ်းတမ်းဆိုးမွေ့တဲ့ ကဗျာစာကြမ်းတွေ ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
ငြိမ်းချမ်းရေးသံစဉ်ဂီတတွေ မွေးဖွားစေသလို
ပေါက်ကွဲမှုဂီတသံစဉ်တွေကို ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
သမိုင်းကို ပျက်ရယ်ပြုနိုင်ခဲ့သလို
သမိုင်းရဲ့ အတ္ထုပ္ပတိကို အတည်ပေါက်လုပ်ပြနိုင်ခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
လူသားများကို ချွတ်ခြုံကျ ငတ်ပြတ်စေနိုင်သလို
လူသားများ တိုးတက်ကြီးပွား အောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံစိတ်ကို မွေးဖွားနိုင်စေတယ်။
တကယ်တော့ …. ခံစားမှုဟာ
ကမ္ဘာမြေပြင်ကြီး သွေးချောင်းစီးစေနိုင်သလို
ကမ္ဘာမြေပြင်ကြီး စိမ်းလန်းသာယာမှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
အာဏာရှင်တွေ ပေါ်ပေါက်လာနိုင်စေသလို
အဖိနှိပ်ခံ ပြည်သူတွေကို မွေးဖွားပေးစေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
ဒို့အရေးတွေ ပေါက်ကွဲစေသလို
ငြိမ်းချမ်းတဲ့ မေတ္တာပို့သံတွေ လွှမ်းခြုံနိုင်ခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
လောကကြီးကို ဖြိုခွင်းမယ့် အနုမြူတွေကို ဖော်ထုတ်နိုင်တဲ့ ယမမင်းဖြစ်သလို
လောကကြီးအတွက် ငြိမ်းချမ်းရေးပန်းပွင့်တွေကို ပွင့်စေနိုင်တဲ့ ဥယျာဉ်မှူးဖြစ်တယ်။
တကယ်တော့ …. ခံစားမှုဟာ
အဆိုးမြင်ဝါဒများကို မွေးဖွားပေးသော “ဗာလမိခင်” ဖြစ်သလို
အကောင်းမြင်ဝါဒများကို မွေးဖွားပေးနိုင်သော “ပဏ္ဍိတမိခင်” ဖြစ်တယ်။
တကယ်တော့ …. ခံစားမှုဟာ
တုံ့ပြန်မှုကို တန်ပြန်စေနိုင်သလို
တန်ပြန်မှုကို ရိုက်ချိုးနိုင်စေတယ်။
တကယ်တော့ …. ခံစားမှုဟာ
ဝါဒအစွဲများ ပေါ်ပေါက်လာစေသလို
ဥပေက္ခာဝါဒလည်း မွေးဖွားပေးနိုင်တယ်။

တကယ်တော့ …. ခံစားမှုဟာ
သုံးတတ်ရင် “ဆေး”
မသုံးတတ်ရင် “ဘေး”
တကယ်တော့ …. ခံစားမှုဟာ
ခံစားခဲ့ကြရတဲ့ အမှုအခင်းလေးပါ။
ကြီးတဲ့အမှုကို ငယ်အောင်လုပ်
ငယ်တဲ့အမှုကို ပပျောက်အောင်လုပ်
ဒါမှ … ခံစားမှု မဇ္စျိမပဋိပဒါ ဥပဒေသ
မြတ်ဗုဒ္ဓရဲ့ ဓမ္မနည်းဥပဒေသ ဖြစ်တော့မှာ။
တကယ်တော့ …. ခံစားမှုဟာ
ဖန်ဆင်းရှင်မဟုတ်ဘူး ခံစားမှုသက်သက်သာဖြစ်တယ်။
ခံစားမှုကို အကျိုးရှိအောင် သုံးတတ်ဖို့ပဲလိုတယ်။
ကျွန်ုပ်အတွက်တော့ ခံစားမှုတိုင်းဟာ ငြိမ်းချမ်းမှုပန်းပွင့်တွေကိုဘဲ ပွင့်စေနိုင်ရမယ်။
ဒါကြောင့်, ကျွန်ုပ်၏ ခံစားမှုနိဂုံးဟာ …. ကျွန်ုပ်ရဲ့ ငြိမ်းချမ်းမှု
ကျွန်ုပ်၏ ငြိမ်းချမ်းမှုဟာ …. ကျွန်ုပ်၏ ထွက်ရပ်လမ်း
ကျွန်ုပ်၏ ထွက်ရပ်လမ်းဟာ …. ကျွန်ုပ်၏ ထွက်ပေါက်
ကျွန်ုပ်၏ ထွက်ပေါက်ဟာ …. ကျွန်ုပ်၏ ဗြဟ္မစိုရ်တရားဘဲ ဖြစ်တော့တယ်။

၂၂.၂.၂၀၁၁ (03:00 am)
ကျော်သူ

(လူမှုရေး … ပြည်သူ့အရေး … နိုင်ငံ့အရေးကို စိတ်ဓါတ်မကျ စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲ စိတ်နာနာနဲ့ ဖိလုပ်ခဲ့ရာမှ (၁၀) နှစ်ကျော်ကာလ၊ (၂) လ စွန်းစွန်းအချိန်ကာလမှာ ပေါ်ပေါက်လာတဲ့ ခံစားမှု)

ပိုင်ရှင်မဲ့များ..


ပိုင်ရှင်မဲ့များ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သန္ဓေတည်ခဲ့ပုံမှာ ကျေးဇူးရှင် စာရေးဆရာ/ဒါရိုက်တာကြီး ဘဘ ဦးသုခ ဆေးရုံတက်စဉ်အချိန်ကာလမှ စတည်ခဲ့ပါသည်။ ဘဘ ဦးသုခ၏ ဆေးရုံကုတင် နံဘေး တွင် ဆေးဝါးလာရောက်ကုသနေသော အမေအိုကြီးကို အမေအိုကြီး၏ မိသားစုမှ နေ့စဉ် အမေအိုကြီး အား လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။ အမေအိုကြီး၏ မိသားစုသည် ဆင်းရဲနွမ်းပါးလှသော မိသားစုဖြစ်သည်။ တစ်ရက်တွင် အမေအိုကြီး၏ မိသားစုအား သက်ဆိုင်ရာဆရာဝန်ကြီးမှ အမေအို ကြီးအား နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လိုပါက ခေါ်ဆောင်သွားနိုင်ပြီဖြစ်ကြောင်း ဆေးဝါးကုသမှု အပိုင်းကဏ္ဍသည်လည်း အစွမ်းကုန်ကုသပေးခဲ့ပြီးဖြစ်ကြောင်း သို့သော် အမေအိုကြီး၏ ရောဂါသည် ကျွမ်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့မှစ၍ အမေအိုကြီး၏ မိသားစုသည် ဆေးရုံသို့ လာရောက်ခြင်း မပြုခဲ့သည်ကို ဘဘ ဦးသုခ သတိထားမိသည်။ အကြောင်းမှာ အမေအိုကြီးအား မိသားစုမှ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားပါက အမေအိုကြီးအား ပြုစုဂရုစိုက်မည့် အဖော်မရှိခြင်း အမေအိုကြီးအား ကျွေးမွေးပြုစုရမည့် စရိတ်မရှိခြင်း၊ အမေအိုကြီး ဆုံးပါးသွားပါကလည်း အမေအိုကြီး အား မီးသင်္ဂြိုလ်ရန် စရိတ်၊ အသုဘစရိတ်၊ နိဗ္ဗာန်ယာဉ်ငှါးခစရိတ် စသည့် စသည့် ကုန်ကျစရိတ်များ မတတ်နိုင်၍ ဖြစ်ကြောင်းဟု နောက်ပိုင်းတွင် သိရှိခဲ့ရတော့သည်။ အမေအိုကြီးမှာ ယင်းဆေးရုံတွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီး ပိုင်ရှင်မဲ့အနေဖြင့် ဆေးရုံမှ သင်္ဂြိုလ်ပေးခဲ့ရသည်။
ထို့ကြောင့် ထိုစဉ်အခါက ဘဘ ဦးသုခသည် အခြားသော (ခရစ်စယာန်၊ ဟိန္ဒူ၊ အစ္စလာမ်) စသည့် ဘာသာများတွင် နာရေးကူညီမှုလုပ်ငန်းများ ရှိနေခဲ့ပြီး မြန်မာပြည်တွင် မြန်မာလူမျိုး ဗုဒ္ဓဘာသာလူမျိုးများအတွက် နာရေးကူညီမှုလုပ်ငန်း ဟူ၍ မရှိသေးသောကြောင့် ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် စေတနာရှင်လူမှုရေးသမားများနှင့် ပူးပေါင်း၍ နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော (အခမဲ့) နာရေးကိစ္စများကို ဖေးမကူညီ ထမ်းဆောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများဖြစ်ပေါ်လာပါက (အခမဲ့) မီးသင်္ဂြိုလ်ပေးခြင်း၊ အအေးခန်းထားပေးခြင်းတို့ကို အလူမီနီယမ်အခေါင်းများ၊ မှန်ခေါင်းများဖြင့် ကူညီမှုကို လုပ်ဆောင်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်တော့သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ပိုင်ရှင်ရှိ သေဆုံးသွားသူများအပြင်၊ ပိုင်ရှင်မဲ့ (အမည်၊ လိပ်စာ၊ မိသားစု) မသိသူများ၏ ရုပ်အလောင်းများကိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သယ်ဆောင်သင်္ဂြိုလ်ခြင်း၊ သက်ဆိုင်ရာရင်ခွဲရုံများသို့ ပို့ဆောင်ပေးခြင်းများကို ပေးဆပ်လျှက်ရှိသည်။ 

ပိုင်ရှင်မဲ့များသည် လမ်းဘေးတွင် သေဆုံးခြင်း (အဆိပ်မိခြင်း၊ လုယက်ခံရခြင်း၊ ခိုက်ရန်ဖြစ် ပွားခြင်း)၊ ရေနစ်သေဆုံးခြင်း၊ ရထားကြိတ်သေဆုံးခြင်း၊ ကားတိုက်သေဆုံးခြင်း စသည့်တို့ဖြစ်သည်။ ယင်းတို့သည် မိသားစုနှင့် တကွဲတပြား ဖြစ်နေသော လမ်းဘေးတွင် လေလွင့်နေသော ကလေးငယ်များ လူငယ်/ရွယ်များနှင့် သားသမီးတို့မှ စွန့်ပစ်ခြင်းခံခဲ့ရသည့် မိဘများတို့ဖြစ်ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ဤကဲ့သို့ ဖြစ်ရပ်များသည် မဖြစ်ပေါ်သင့်၊ မမြင်သင့်၊ မကြားသင့်ပေ။ လောကဓံ၏ ရိုက်ပုတ်ခြင်း ဒဏ်ရာဒဏ်ချက်တို့ကို ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးလှသည်။ အမှန်စင်စစ် ပိုင်ရှင်မဲ့ ဟူသည် မရှိသင့်သော စကားရပ်ဖြစ်သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိလာ ကတည်း က ပိုင်ရှင်များရှိကြသည်။

မည်သို့ဖြစ်စေ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ တာဝန်မှာ သေဆုံးသွားသူ တို့၏ ရုပ်အလောင်းများကို ကောင်းမွန်စွာသင်္ဂြိုလ်ပေးရန်သာ ဖြစ်ပေသည်။ ကမ္ဘာမြေပြင်ပေါ်တွင် အာဏာကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့စစ်ပွဲ၊ အာဃာတကြောင့် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လူမှုရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အိမ်ထောင်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ … စတဲ့ စတဲ့ ၀ိရောဓိစစ်ပွဲများတွင် ကျဆုံးသွားသော၊ ဆုံးပါးသွားသော သူများ၏ ရုပ်အလောင်းများအား လူလူချင်း စာနာစိတ်မွေးကာ ဗြဟ္မစိုရ်တရားလက်ကိုင်ပြု၍ ကူညီဖေးမသွားကြဖို့ အရေးကြီး လှပေသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။
နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ပိုင်ရှင်မဲ့များဆိုမှ ဓာတ်ပုံ၊ အကြောင်းအရာတွေကို ကြည့်ပြီး အင်မတန်မှ ခံစားမိပါတယ်.. ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ဘဝအခြေအနေကလည်း ပြည်တွင်းမှာရော၊ ပြည်ပမှာပါ.. စောင့်ရှောက် ကာကွယ် ပေးမယ့်သူ မရှိတဲ့ ပိုင်ရှင်မဲ့၊ နိုင်ငံမဲ့တွေ ဖြစ်နေရပါပြီ....

ရွှေစက်တော်သွား တောလား (၂) (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

အထက်စက်တော်ရာ..
စန္ဒကူး ကျောင်းတော်ရာ ဘုရား
ဘုရားရှင်ရဲ့ ခြေတော်ရာရှိရာ အောက်စက်တော်ရာဖွင့်ပွဲပါ.. ရှေ့ဆုံးမှာ နေခွင့်ရသူတွေ ဘယ်သူတွေ ဆိုတာ ခန့်မှန်းနိုင်ပါတယ်..။ 
မိုးတွင်းတစ်ရာသီလုံး တောင်ကျချောင်းရေတွေကြောင့် အောက်စက်တော်ရာ အတွင်းမှ ရွံ့နွံ့များကို ပြန်လည်ဆေးကြော သန့်စင်ကြပါတယ်..။ ထိုသို့ ဘုရားရှင်ရဲ့ ခြေတော်ရာအား ဆေးကြော သန့်စင်ရာမှ ထွက်လာတဲ့ ရွံ့နွံ့များကို အန္တရာယ်ကင်းစေရန် အတွက် အဆောင်အဖြစ် တောင်းယူနေကြတာပါ။
တောင်ပေါ်က လှမ်းမြင်ရတဲ့ မန်းချောင်းနဲ့ ဘန်ဂလိုတွေရဲ့ ရှုခင်းအလှမြင်ကွင်း 
၈ပေပတ်လည် ဝါးတဲ ဘန်ဂလို အခန်းတွေက တစ်ရက်တည်းခ ယနေ့အချိန်မှာ ဘန်ဂလိုပေါ်မူတည်ပြီး တစ်ရက် တစ်သောင်းကနေ နှစ်သောင်းထိရှိပါတယ်..
ပတ်ဝန်းကျင် တောင်ပေါ်က ဒေသခံပြည်သူတွေရဲ့ ဘဝ
ရွှေစက်တော်ကို ရန်ကုန်ကနေ မကွေးဘက်က သွားလို့ရသလို အရင်ကတော့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ပုသိမ် မုံရွာလမ်းကနေလည်း သွားလို့ရပါတယ်.။ အဟမ်း ဆက်ပြောရရင်တော့ နိုင်ငံတော်ရဲ့ စေတနာကြောင့် လမ်းတွေပေါက် တံတားတွေ ဆောက်ပေါ့..။ နအဖခေတ် မြန်မာပြည်မှာ တံတား၁စင်းစာ ဆောက်ရင်.. ၂စင်းစာ ကုန်ပါတယ်...။ ပိုမိုခိုင်ခံ့အောင်လို့ လူကြီးတွေရဲ့ စေတနာပါ..။ တစ်စင်းစာက တံတားဖြစ်သွားပြီး နောက်တစ်စင်းစာက ကားတို့ အိမ်တို့ တိုက်တို့ ဖြစ်သွားပါတယ်..။ နတ်ရေကန်ထဲ ချလိုက်သလိုပေါ့..။ စကားမစပ် ကျွန်တော်တို့ ရန်ကုန်က သုဝဏ္ဏနဲ့ သာကေတကူးတဲ့ တံတားကို မဆလခေတ်က ဂျပန်တွေ ဆောက်ပေးတာ (၃)နှစ်ကြာပါတယ်..။ ဂျပန်တွေ လက်ဖျားခါပေါ့.. ဘာကြောင့်ဆိုတော့ ဂျပန်မှာ အဲ့ဒီ့တံတား အရှည်လောက်ကို ဆောက်ရင် (၃)လနဲ့ ပြီးပါတယ်တဲ့.. မြန်မာပြည်မှာ ၃နှစ်ကြာသလို ကုန်ကျစားရိတ်ကလည်း ပိုများတယ်ဆိုပဲ..။ နအဖခေတ်မှာ ဆောက်ကြည့်ပါဦးလို့ ၃ရက်နဲ့ ပြီးပါတယ်လို့ ပြန်ပြောလိုက်ပါတယ်..။ ဈေးညှိတာကိုပါ..
 ကျေနပ်မှုမရှိက တိုင်ကြားပါဆိုလို့ မကျေနပ်လို့ ရေးလိုက်ပါတယ်..

ဒီပို့စ်ကိုတင်နေတုန်း ပေးပို့လာတဲ့ အီးမေးလ်တစ်ခုထဲ မှာတော့ ကိုဒီမိုရေ သွားရတဲ့ ခရီးလမ်းမှာတော့ မင်းတုန်း တံတား၊ မန်းချောင်းတံတား၊ ဒေါင်းသေချောင်း တံတားတွေက ကြောက်ဖို့ကောင်းပါတယ်။ တံတားကြေးသာ စွတ်ကောက်တာ တံတားတွေကျတော့ မပြုပြင်ဘူး။ ရန်ကုန် ကနေ ရွှေစက်တော်အထိ ဘုရားဖူးကားကြီးတွေ လမ်းမှာ တံတားကြေး ၊ မြို့ဝင်ကြေး၊ ဘီးခွန် အသွား ၈သောင်း အပြန် ၈ သောင်းကုန်ကျပါတယ်။ တံတားတစ်စင်းကို ဖြတ်သန်းခ ၅၀၀၀ ကျပ်ပေးရပါတယ်။ မြန်မာပြည်က လူတွေ ဒီလိုမြင့်မားတဲ့ အခွန်အတုပ်တွေကို အလူးအလဲခံနေရတာပါ..။ ကားသေး ရင်တော့  ၂၀၀၀ကျပ် ပေးရပါတယ်။ မြို့ဝင်ကြေးကတော့  ၅၀၀ ကနေ ၁၀၀၀ ရှိပါတယ်။ ရွှေစက်တော် သွားတဲ့လမ်းက ဖုန်လမ်း ဘယ်ဟုတ်တော့မလဲ နိုင်ငံတော် အစိုးရ ရဲ့စေတနာ မေတ္တာ တွေကြောင့် အင်မတန်မှနက်ရှိုင်းလှတဲ့ ချိုင့်တွေပေါသော ကားလမ်းမကြီးများ အမြောက်အများ ပေါ်ပေါက်ခဲ့ပါသည်။ နိုင်ငံခြားက မြန်မာပြည်သူတွေ ပြည်တွင်းက ပြည်သူတွေ အခွန်အတုတ်တွေ ပိနေတဲ့ ဘဝကို သိအောင် ထည့်ရေးပါ ခင်ဗျား တဲ့....

အောက်မှာတော့ ရွှေစက်တော်၊ ကျောင်းတော်ရာပုံတွေကို အမိမြေကို အကြောင်းကြောင်းကြောင့် ခွဲခွါ ရောက်ရှိနေကြရတဲ့ မြန်မာပြည်သားတွေအတွက် အမှတ်တရ အမိမြန်မာပြည် အလွမ်းပြေ တင်ဆက်လိုက်ရပါတယ်..။

ဓာတ်ပုံ .. ဒီမိုဝေယံ

ရွှေစက်တော်သွား တောလား (၁) (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ငယ်ဘဝက နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ဘုရားဖူးထွက်ရင် မဖြစ်မနေ ရောက်အောင် သွားကြတဲ့ ရွှေစက်တော်ဘုရား ကတော့ မပါမဖြစ်ပေါ့...။ ငယ်ငယ်တုန်းက ရွှေစက်တော် ဘုရားဖူးသွားရင် မကွေးမှာ ဇာတ်ကူးဖို့ စောင့်ရတာ တစ်မေ့တစ်မော ဒီကြားထဲ VIP ဆိုတာတွေ ရောက်လာရင်လည်း ကြားဖြတ်ပြီး သူတို့ကို အလှည့်ပေးရနဲ့ပေါ့.. ဇာတ်ကူးဖို့ ကမ်းပါးကနေ ဧရာဝတီ မြစ်ဆိပ်ကို ကားတွေ ဆင်းရတာလည်း အသည်းတယားယားနဲ့လေ လတ်တလော တခြားတိုင်းပြည်တွေ ရောက်တဲ့အခါ Safety First ကိုဦးစားပေးတာ တွေ့ရမှ ကိုယ့်မြန်မာလူမျိုးတွေ ဘဝကို တွေးပြီး ရင်မောရပါတယ်...။ ရေးရင်းနဲ့ မင်းဘူးမရောက်ပဲ မင်းဆိုးဆီ ရောက်ရောက်သွားတယ်..။ အဲ့မင်းဘူးကနေ ရွှေစက်တော် ဘုရားသွားတဲ့ လမ်းကတော့ အဲ့ဒီအချိန်က ဖုန်တလုံးလုံးနဲ့ပေါ့.. ကားရောလူရော မြင်မကောင်းအောင်ပါပဲ..။ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ကြမောကြပေါ့.။ ရွှေစက်တော် ရောက်ပြီး မန်းချောင်းရေအေးအေး ကြည်ကြည်လင်လင်ကို မြင်ရတော့လည်း အမောတွေ ပျောက်ပေါ့ဗျာ..။ 

ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော်တို့ နိုင်ငံဟာ သဘာဝအလှတရားတွေ ပြည့်စုံကုံလုံတဲ့ တိုင်းပြည်ပါပဲ...။ အခုလို ရေခြား မြေခြားကို ရောက်နေကြသူတွေ အားလုံး ကိုယ့်အမိမြေကို လွမ်းကြမှာပါပဲ..။ ဒီ့အတွက်ကြောင့် ပြည်ပမှာ ရောက်ရှိနေကြတဲ့ ညီအကို မောင်နှမတွေ အားလုံးအတွက်  အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ ကဏ္ဍလေးကို ဓာတ်ပုံတွေနဲ့အတူ ရေးသား တင်ဆက်လိုက်ရပါတယ်..။ ဓာတ်ပုံမျှဝေလိုသူ ဝါသနာရှင်တွေလည်း ဓာတ်ပုံတွေ ပေးပို့နိုင်ပါတယ်..။

ရွှေတောင်မြို့က မြန်မာပြည်မှာ တစ်ဆူတည်းသော မျက်မှန်တပ်ထားတဲ့ရွှေမျက်မှန်ဘုရား
 မကွေး မြသလွန်စေတီတော်ကြီးအား သပ္ပါယ်စွာ ဖူးတွေ့ရစဉ်
မြသလွန် ဘုရားပေါ်က လှမ်းမြင်ရတဲ့ ဧရာဝတီတံတားနဲ့ မြစ်အလှ
မြသလွန်ရင်ပြင်ပေါ်က အပြစ်ကင်းတဲ့ ကလေးငယ်များ.. မီးပူဇော်နေစဉ်
မြသလွန်စေတီရင်ပြင်က လှမ်းမြင်ရတဲ့ နေဝင်ချိန်အလှ...
သဘာဝအလှတွေကြားက ဝမ်းရေးအတွက် ဧရာဝတီမြစ်ကို အမှီပြုနေကြရတဲ့ ပြည်သူတွေဘဝ...
မင်းဘူးက နဂါးပွက်တောင် ကလေးဘဝကတော့ ဘာမှန်းညာမှန်းမသိပဲ ငွေအကြွေစေ့တွေ ပစ်ထည့်ပြီး ဆုတောင်းခဲ့ရသေး
ရွှေစက်တော် ရောက်ပြီ.... ယာယီချောင်းကူး တံတားလေး
မပြောင်းလဲသေးတဲ ဝါးဘန်ဂလိုတွေနဲ့ ချောင်းရေကြည်..
ရွှေစက်တော်က Made in Myanmar အိမ်သာတွေလေ.. တစ်လောကမှ နေ့စဉ် သတင်းစာထဲမှာ မြင်နေကျ လူကြီးတွေ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးထားတာတဲ့...
ပြည်ပအားကိုး ပုဆိန်ရိုးဆိုပြီး တံဆိပ်ကပ်လေမလားပဲ

ဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမယ်...

The Voice ဂျာနယ်. 7-12

 
ဒီတပတ် The Voice ဂျာနယ်မှာပါတဲ့ ဦးတေဇနဲ့ အဖွဲ့ဝင်ခြောက်ဦးစလုံး အန္တရာယ် ကင်းစွာ ပြန်ရောက်ဟု ထူးကုမ္ပဏီ ပြောကြားဆိုတဲ့ အောက်မှာ ရေးထားတဲ့ ဒေါက်တာဓမ္မဒူတဆေကိန္ဒရဲ့ ကိုယ်လုပ်ခဲ့တဲ့ အတိတ်ကိုသာ ကိုယ့်ဟာကိုယ် သင်ပုန်းချေကြတဲ့ အပေါ်က အဖြစ်အပျက်ကို ရည်ညွှန်းနေ သယောင်ပါပဲ..ရဟတ်ယာဉ်ကျွံပြီး လျှိုထဲမှာ (၃)ရက်ကြာပိတ်မိနေကြတာလေ... ကိုယ်ဘာတွေ လုပ်ခဲ့တယ် ဆိုတာ ကိုယ်ကိုယ်တိုင် အသိဆုံးပါပဲ..

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား (ကိုရီးယား)


FREE BURMA CAMPAIN ( Korea ) ၏ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား


လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley (သတင်း၊ ဓာတ်ပုံ)

Mr.Ross Dunkley အား ရဲလုံခြုံရေး များမှ ခေါ်ဆောင်လာစဉ်..
ရဲအုပ်က တစ်ရာ၊ နှစ်ရာ Mr.Dunkley ကတစ်ယောက်တည်း..
တရားခံ Mr.Ross Dunkley ၏ရှေ့နေ ဦးမင်းစိန်
  တရားလို မခိုင်ဇာ 

အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley 

ယနေ့ ၂၄ရက်နေ့ မနက် ၉း၀၀ အချိန်၌ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းမပေါ်ရှိ၊ ကမာရွတ်မြို့နယ် တရားရုံးသို့ ညှဉ်းပမ်းနှိပ်စက်မှု၊ မူးယစ်ဆေးဝါး ကိုင်ဆောင်သုံးစွဲမှု၊ နယ်စပ်ဖြတ်ကျော် (လ၀က) အက်ဥပဒေများနဲ့ တရားစွဲဆိုခြင်းခံ ထားရတဲ့ ယခင်မြန်မာတိုင်းမ်ဂျာနယ်မှ (CEO)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား စွဲချက်တင်အမှု စစ်ဆေးရန်အတွက် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်မှ ရုံးထုတ်ခေါ်ဆောင်ခဲ့ပါသည်။ Mr.Ross Dunkley အား ရဲလုံခြုံရေး များမှ လက်ထိပ်ခတ် ခေါ်ဆောင် လာပြီးနောက် တရားရုံးထုတ် တရားခံများထားရှိရာ တရားရုံး အချုပ်ခန်းတွင်းသို့ ထည့်သွင်း ချုပ်နှောင်ထားခဲ့ပါသည်။ အဲ့ဒီ့နောက်နေ့လည် ၁၂း၁၅ မိနစ်အချိန်ခန့်တွင် Mr.Ross Dunkley ကိုအချုပ်ဆောင် မှ ထုတ်ယူခေါ်ဆောင်ပြီး ကမာရွတ်မြို့နယ် အထူးတရားရုံးခန်းတွင် မြို့နယ်တရားသူကြီး (အမည်မဖော်ပြ)မှ စတင်စစ်ဆေး မေးမြန်းပါသည်။

တရားသူကြီးမှ စစ်ဆေးနေစဉ်အတွင်း တရားရုံးခန်း  အနီးအနားတွင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များ၊ မြန်မာတိုင်းမ်ဂျာနယ်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု ကြားနာကြပါသည်။ သတင်းထောက်များနှင့် လာရောက် ကြည့်ရှု ကြားနာသူများအား တရားရုံးခန်းအတွင်းသို့ ၀င်ရောက်ခွင့် မပြုသည့်အပြင် ဓါတ်ပုံကင်မရာ၊ အသံဖမ်းစက်၊ မိုဘိုင်းဖုန်းများ ကိုင်ဆောင်ဝင်ရောက် လာသူများအား ကြားနာ ကြည့်ရှုခွင့်မပြုခဲ့ပါ။ တရားခွင်ကို၂ နာရီခန့် ကြားနာစစ်ဆေးခဲ့တယ်လို့ သိရှိရပါသည်။

တရားလို ဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) မှ တရားခွင်သို့ လာရောက် စစ်ဆေးခံခဲ့ပါတယ်။ ၄င်းတရားလိုဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) တွင် လေးလခန့်ရှိသော ကိုယ်ဝန်ကို လွယ်ထားရပြီး၊ ၄င်းနှင့်အတူသူမ၏ အမျိုးသား ဖြစ်သူဟုဆိုသော လူငယ်တစ်ဦးပါ အတူပါရှိခဲ့ပါသည်။ တရားလို ၊ တရားခံ နှစ်ဦးနှစ်ဘက်အား မြို့နယ်တရားသူကြီးမှ အမှုကို ကြားနာစစ်ဆေးပြီးနောက် ယခင်မြန်မာတိုင်းဂျာနယ်မှ(CEO) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅ / ၃၄၂ / ၃၅၄ / ၁၃(က) အရ စွဲချက် တင်လိုက်သည်ဟု သိရှိရပါသည်။ တရားသူကြီးမင်းမှ အမှုကို လက်ခံ စစ်ဆေးကြားနာ၊ စွဲချက်တင်ပြီးနောက် အမှုရုံးချိန်းကို ၂၀၁၁၊ မတ်လ(၃)ရက် နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရှိရပါသည်။ ထို့နောက် Mr.Ross Dunkley အားညနေ ၄ နာရီအချိန်ခန့်တွင် ရဲအချုပ်ကားဖြင့် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်သို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

သတင်း ဓာတ်ပုံ၊ ဒီမိုဝေယံ

Brighton Festival 2011 မှာ ပြောကြားတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့် ရုပ်သံ

Brighton Festival 2011 မှာ ပြသတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အကြောင်းပါတဲ့ ရုပ်သံ

Brighton Festival 2011 မှာ ပြောကြားတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

Pro-democracy leader Aung San Suu Kyi has thanked people in Brighton for their support and said one day she hopes to visit the city again.

In a message which will be played at today’s (Wednesday) Brighton Festival launch the Nobel Peace Prize winner from Burma, who is this year’s guest director, urged residents to use their freedom to raise awareness of her country.

Ms Suu Kyi, who has fought for more than two decades for democracy in her home country, said: “This is one of the most joyous occasions I have had the good fortune to address.

“We all think of the Brighton Festival as a time for festivity, for diversity, for creativity, for expression, for freedom of expression.

“This is especially important to us in Burma, who have been deprived of this right of freedom for very many years.

“We look to you to use your freedom of expression to let the world know what it is like in our country, what it is like not to be able to say what you want to say.”

Ms Suu Kyi, who was only released from house arrest in November and is currently unable to leave Burma because of the political situation, added that she hopes to be able to visit Brighton in the future.

She said: “I hope one day that I shall be able to come to Brighton.

“I have been to Brighton long, long, ago, and I am not quite sure I remember what it is like, but I would like to come there again to take part in the Brighton Festival and to thank all of you personally for what you have done for us and what I think you are still trying to do for us.”

This year’s programme will cross all genres as a collection of artists respond to Ms Suu Kyi, who has been detained in Burma for 15 of the past 21 years.

It will include events ranging from a new co-commissioned work by Alain Platel and les ballets C de la B to a revival of the site-specific theatre commission The New World Order by theatre company Hydrocracker based on Pinter’s political plays.
Ms Suu Kyi’s passion for Western classical music has also been reflected across the programme, including Beethoven’s powerful hymn to freedom Fidelio in a concert performance with the Orchestra of the Age of Enlightenment conducted by Adam Fischer. 


ဂျပန်ပြည်တွင်း လှုပ်ရှားမှုများ.. (ဖိတ်ကြားစာ)

FWUBC WORK SHOP NO(13)-ကျန်းမာရေးနှင့်လုပ်ငန်းခွင်
မြန်မာနိုင်ငံသားအားလုံး မည်သူမဆို တက်ရောက်နိုင်ပါကြောင်း လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။
ကျန်းမာရေးနှင့်လုပ်ငန်းခွင်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ
နေ့ ရက်-(၂၇-ဖေဖော်ဝါရီ-၂၀၁၁)
နေရာ- တို့ ဆုခ ချိခိ စင်တာTotsuka Chiki Center(တာကာဒါနိုဘာဘာ)-5F
新宿区戸塚地域セン夕ー
အချိန်-ညနေ(၂) နာရီမှ (၅) နာရီ
တာဝန်ယူ ရှင်းလင်းပြောကြားမည့်သူများ
◆ဒေါက်တာ ရှိဂေးရု တိုမိတ
◆ဒေါက်တာ ယာမမူရ ဂျွန်ပေးအိ
(မီနာတို မာချိ စင်တာ၊ ယိုကိုဟားမား၊ ဂျပန်။)
အထက်ပါဆရာဝန်ကြီးများမှ-
အောက်ပါအစီအစဉ်များကို ရှင်းလင်းပြောကြားပါမည်။ (စလိုက်ရှိုးပြခြင်းအပါအဝင်)
(၁)ခါးနာခြင်း အရိုးအဆစ်ဒဏ်ရာရခြင်းနှင့် လုပ်ငန်းခွင်
(၂) ထိခိုက်ဒဏ်ရာရမှုနှင့်လုပ်ငန်းခွင်
※အထက်ဖော်ပြပါ ခေါင်းစဉ်များအပြင် ကျန်းမာရေးဆိုင်ရာ မိမိသိလိုသည်များကို
အသေးစိပ်ဆွေးနွေးမေးမြန်းနိုင်ပါသည်။
☛ကျန်းမာမှ -အလုပ်လုပ်နိုင်မည်
☛ကျန်းမာမှ- မိမိအရေး မိသားစုအရေး နိုင်ငံ့အရေးကောင်းစွာဆောင်ရွက်နိုင်မည်
ဟု မိမိတို့  FWUBC အဖွဲ့  မှ ယုံကြည်သည့်အတွက် တက်ရောက်လေ့ လာ
ဆွေးနွေးကြပါရန် မေတ္တာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်ရန်-(မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဂျပန်ပြည်)
ဦးတင်ဝင်း-၀၈၀-၃၄၄၃-၂၄၄၇
ဦးဘုန်းလှိုင်-၀၉၀-၅၃၁၈-၅၀၅၄
ဦးမြင့်ဆွေ ၀၈၀-၄၀၀၅-၇၀၉၈
ဦးသန်းဝင်း-၀၉၀-၂၄၄၃-၄၀၃၆
ဒေါ်မာလာ-၀၈၀-၄၃၆၉-၅၀၈၈
ဒေါ်မေနှင်းဝေ-၀၈၀-၅၅၂၇-၂၇၇၉

အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး အစည်းအဝေးဖိတ်ကြားစာ..

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ လွတ်မြောက်ရေးအတွက် Cinema For Peace Gala 2011 ဆုပေးပွဲ အခမ်းအနားသို့ ပေးပို့တဲ့ ဗီဒီယိုမက်ဆေ့ခ်ျ (ရုပ်သံ)


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ ၆၁ကြိမ်မြောက် ရုပ်ရှင်ပွဲတော် Cinema For Peace Gala 2011 ဆုပေးပွဲ အခမ်းအနား၌ ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့ခဲ့ပြီး မြန်မာပြည်တွင်း လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ရင်း နှစ်ရှည်ထောင်ဒါဏ် မတရားကျခံနေရတဲ့ ပြည်သူ့အချစ်တော် စွယ်စုံရ အနုပညာရှင်ကိုဇာဂနာ လွတ်မြောက်ရေးအတွက် အနုပညာရှင်များမှ ကူညီတောင်းဆိုပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်..
ယခုနှစ် Cinema For Peace Gala 2011 ဆုကို ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇန္နဝါရီလက ဟေတီ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ဟေတီပြည်သူများအတွက် အကူအညီပေးရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ တိုက်တွန်းနှိုးဆော် ကြိုးစား အားထုတ်ခဲ့တဲ့ မင်းသားရှောင်ပင်းက ရရှိခဲ့ပါတယ်..။