ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
ရန်ကုန် လူကူးမျှဉ်းကြားပြဿ.....နာ ..(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
လူအသက်တချောင်း ကိုကယ်ဆယ်လိုလျှင်၊ အန္တရယ်တခုကို ကာကွယ်လိုလျှင် ၊ နိုင်ငံတော်ရဲ့  ဂုဏ်ကို သင်မြှင့်တင်လိုလျှင် ကျေးဇူးပြု၍ ယခုဆောင်းပါးကို Share ပေးကြပါရန် အထူးပန်ကြားလိုပါတယ်။
... ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်
( ၁ )...လူကူးမျှဉ်းကြားပြဿ.....နာ
ရန်ကုန်မြို့ တော် ၊ မန္တလေး မြို့ တော်မှာ နေ့စဉ်နင့်အမျှ လမ်းသွားလမ်းလာများ ရင်တမမနင့် လမ်းကို ကူးသန်းဖြတ်သန်းနေရပါသည်။ လူအများစုမှာ ဆင်းရဲချမ်းသာမလွှဲ ကိစ္စရှိလို့ မြို့ ထဲသွားလာနေရပါသည်၊ ဘယ်သူမှ ယဉ်တိုက်တာခံချင်လို့ လမ်းကူးနေကြတာ မရှိဘူး ။ ( လူလိမ် အမှုရှာပြီးလုပ်စားအတချို့ ကလွှဲလျှင်ပေါ့ ) ။
အိမ်နီးချင်းနိုင်ငံတိုင်းမှာ လူကူးမျှဉ်းကြားမှာ လူကူးလျှင် ရပ်ပေးသည့် ယဉ်ကျေးမှု တခုရှိ၏။ ကမ္ဘာမှာ အငြိမ်းချမ်းဆုံးသော ဘာသာတရား ထေရဝါဒ လွှမ်းမိုးသော ကျနော်တို့  ပြည်မှာတော့ လမ်းကူးသူတွေ မျှဉ်းက ကူးတာတောင် ခွေးပြေးဝက်ပြေး အသက်လု အပြေးကူးရ၏။ ခိုးထားလို့ ချမ်းသာလာသူ တွေက သူခိုးပီပီ မောက်မာကာ မိုက်ရီုင်းပြလိုက်သေး၏။ (သေချင်လို့ လား ၊ အမေနှမ ဆဲဆိုလိုက်သေး၏)။
မနေ့ က မိန်းခလေးတဦးနဲ့  ယောက်ျားလေး တဦး လမ်းကိုကူးပြီး အဖွားအိုတဦးအတွက် ထီးတွေထောင် ကားတွေ တားပေးပြီးကူးနေတာ ဖုံနဲ့ ဓါတ်ပုံရိုက်ဖို့ လုပ်တာ ဖုံးက ဘက်ထရီကုန်နေလို လို့ လွှတ်သွားတယ်။
လွှတ်တော်အမတ်မင်းများခင်ဗျား....ပြည်သူလူထုရဲ့  နေ့ တဓူဝ အခက်အခဲလေးတွေကို လွှတ်တော်မှာ ဆွေးနွေးပေးကြပါဦး။ လူထုထဲက နေ့ စဉ်သေနေတာ ငါတို့ အပူမဟုတ်ဘူး ဆိုတဲ့ အချိုးမျိုး ပြင်ကြဖို့  အချိန်တွေ လွန်ခဲ့တာကြာပါပြီ။ အတိုက်အခံ အဖွဲ့ ချုပ်ရော အာဏာရကြံ့ ခိုင်ရေးပါ ပြည်သူလူထုရဲ့  အသက်အန္တရယ် ကို အလေးထားပေးကြပါဦးလို့  အထူး (ပန်ကြား) ပါတယ်ချင်ဗျာ။
လူကူးမျှဉ်းကြားနဲ့  မီးပျွိုင့်တွေမှာ လူကူး မီးပြတဲ့ စက်ကလေးတွေကို လုပ်ခွင့်သာ ချပေးရုံပါ။ နိုင်ငံတော်ဘတ်ဂျက်မလိုပါဘူး။ မြန်မာပြည်မှာ အမတ်မင်းတွေထက် တိုင်းပြည်အပေါ်စေတနာပိုရှိတဲ့ အလှုရှင်တွေ အများကြီး လှုတန်းကြပါလိမ့် မယ်။ လှုချင်သူတွေ များလွန်းလို့  နေရာလုနေကြပါမယ်။
(၂) မော်တော်ကားတိုင်း မှတ်တမ်းဗွီဒီယို ကင်မရာတပ်ဆင်ရေး Car Video Recorder တပ်ဆင်ရေး။
ဒါကတော့နှစ်ပိုင်းပါ ။ တဦးချင်း ကိုယ့်အသိစိတ်ဓါတ်နဲ့ တပ်ဆင်ခြင်းအပိုင်းနဲ့ နိုင်ငံတော်က မတပ်ဆင်မနေရ ဥပဒေ(အမိန့် ထုတ်ပြန်ခြင်း) နှစ်ပိုင်းပေါ့။
နိုင်ငံတော်အပိုင်းတော့ အမတ်မင်းတွေကိုကျော်ပြီး ဆရာမလုပ်ချင်လို့  မရေးတော့ဘူး။ ကိုယ်သိတာက တစ်ထွာတစ်မိုက်။ သူတို့ က မဟာဥာဏ်ကြီးရှင်တွေ။ ရွဲ့ ပြောတာမဟုတ်ဘူး ။ သူတို့ က အမတ်ဖြစ်သွားတာနဲ့ ဘဝင်က ဝေဟင်ရောက်ကုန်တာ။ ငယ်သူချင်း ဖဲရိုက်ဖက်တွေတောင် အဖက်မလုပ်ချင်တော့ဘူး။
လူထု အမြင်ပါ။ ဆစ်ဒနီပြန်ရောက်တုံး The World Most Dangerous Road ဆိုတာကို တီဗွီမှာ ပြတယ်။ Russia နိုင်ငံဟာ မြန်မာ န.ဝ.တ တို့ ရဲ့ ဘော်ဘော်လေ။ လာဘ်စားမှုက ခေါင်ခိုက်၊ ကမ္ဘာ့ရေနံ အရံသိုက် အကြီးဆုံးတိုင်းပြည်၊့ ဓါတ်ငွေ့ သိုက်တွေအများကြီး၊ တင်ပို့ ပါလျက် ပြည်သူလူထုက ဆင်းရဲနေတာ လာဘ်စားမှု များနေလို့ ။ န.အ.ဖ ရဲ့ ဘော်ဘော်အရင်းကြီး ။
ရုရှားဆိုတာ လမ်းအန္တရယ်အလွန်များတဲ့ တိုင်းပြည်။ အခုပြည်သူတွေက ကားသာစုတ်တယ်။ ဂျပန် တပတ်ရစ် ကားအများဆုံး သွင်းတာလည်း နံပါတ်တစ် ရုရှားပဲ.။ ခုတော့ ရုရှားမှာ အများစု (အားလုံးနီးပါး) က ဗွီဒီယိုကင်မရာတွေ တပ်ထားတော့ ယဉ်ထိန်းရဲ့ လာဘ်စားနေတာတွေ၊ ယဉ်တို်က်မှု အဖြစ်မှန်တွေကို အခြားကားတွေကပါ YouTube ပေါ်တင်လာနေကြတော့ YouTube ကနေလဲ တင်တဲ့သူက ဝင်ငွေရ။ အမှုမှာလဲ ရဲတွေ တရားသူကြီးတွေ၊ ဘက်လို်က်ဖို့ ခက်လာတော့ တရားဥပဒေစိုးမိုးရေ တစတစ ဖြစ်လာနေပါတယ် ။ ရုရှားလမ်းပေါ်က ဟာသတွေ မတရားမှုတွေ တင်ထားတဲ့ ဗွီဒီယိုဖိုင်ပေါင်း ၂-သိန်းကျော်ရှိနေပါတယ်။
အဖွဲ့ ချုပ်က တရားဥပဒေ စိုးမိုးရေး အော်နေတယ်။ မတရားမှုတွေ ဖေါ်ထုတ်နိုင်မဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုမဲ့ ဗွီဒီယိုကင်မရာလေးတွေ တပ်ဆင်ဖို့  တိုက်တွန်းပေးပါလို့။ ဖြစ်နိုင်လျှင် Resolution 700 လောက်ရှိတဲ့ ကင်မရာ စင်ကာပူမှာ Singapore $- 40 =.30800 Kyat ဘဲ ကျပါတယ်။ ဖြစ်နိုင်လျှင် ခရီးကြုံကြိုက်သွင်းလားပြီး ဈေးပေါပေါ ရောင်းချပေးကြပါခင်ဗျာ။
မြန်မာပြည်ကလဲ ဗွီဒီယိုဖိုင်လေးတွေ တင်ကြလျှင် မတရားမှုတွေ ၊ ယဉ်ထိန်းရဲတွေ လာဘ်စားနေတာတွေ၊ လမ်းတွေ အဆင့်အတန်းနိမ့် နေတာတွေ ကမ္ဘာကိုပြသနိုင်လျှင် ပြုပြင်ပြောင်းလဲရေးတွေ ကို ကိုယ်စီကိုယ်စီ တဖက်တလမ်း (အုတ်တချပ်..သဲတပွင့် ) လက်တွဲပါဝင်ကြပါလို့  ....
အသိအမြင် တူကြလျင် တိုင်းပြည်ကောင်းလာဖို့  ၊ အသက်တချောင်း ကယ်ဆယ်ဖို့  SHARE ကြပါဥိးလို့  အထူးပန်ကြားလိုပါတယ်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
ဆင်ဖြူတော် ငွေစက္ကူမှသည် နဂါးခေါင်းလောင်းတော် အထိ ... ...ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်
ဆင်ဖြူတော် ငွေစက္ကူမှသည် နဂါးခေါင်းလောင်းတော် အထိ ...
...ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်
ကျနော်တို့  မြန်မာပြည်ရွှေထီးဆောင်းတဲ့ ခေတ်ကို ရရှိခဲ့တာကလဲ ကျေးဇူးရှိသူကို နိုင်ငံ၏ အထွဋ်အထိပ်အနေနဲ့ ငွေစက္ကူပေါ်မှာ ပူဇော်ဂုဏ်ပြုခဲ့တဲ့ ကံ၏အကျိုးကျေးဇူးပါ ။ အခုတိရီစ္ဆာန် ( ဆင်ဆိုတာ ဖြူဖြူ ၊ မဲမဲ) တရိစ္ဆာန်ပါဘဲ။ လခ နည်းနည်းသာရသူ ဆင်ဦးစီး လူကစီးတာ ခံနေရတဲ့ တိရိစ္ဆာန်ကို ကိုးကွယ်တော့ တိုင်းနို်င်ငံ ကျွန်ဖြစ်သွားတာ ဘာဆန်းလဲ။
ဗိုလ်သန်းရွှေတို့  ဗိုလ်နေဝင်းတို့  ကျေးဇူးရှင်ဗိုလ်ချုပ်ကိုမုန်း။ တိုင်းပြည်ရဲ့ အနာဂါတ်ဟာ ပညာရေးအပေါ်မှာ မူတည်နေတယ်ဆိုတာကိုတောင် မသိသူတွေ အုပ်ချုပ်သွားလိုက်တော့ ပညာရေးကို သတ်လိုက်တာဟာ တိုင်းပြည်ရဲ့ အညွှန့် ကို သတ်လိုက်တာပါဘဲ။
ဇူလိုင်လထဲတုံးက အာရှတိုက်ရဲ့အချမ်းသာဆုံး ဟောင်ကောင်က သူဌေးကြီး လီကာရွှန်းက တရုတ်ပြည်ဟာ ပညာရေး ဘတ်ဂျက်သုံးစွဲမှုနည်းတာဟာ တိုင်းပြည် အနာဂါတ်ကို သတ်တဲ့အထိ အကျိုးဆက်စေတယ်လို့ ဟောပြောခဲ့ပါတယ်။ ကျနော်တို့ တိုင်းပြည်ဆိုလျင် သူဘယ်လိုပြောပါ့မလဲ။
ကနေ့ ကျနော်တို့ လူအဖြစ်ပြန်လည် ခေါင်းမော်ချင်သလား၊ ထို (အဟိတ်) တိရိစ္ဆာန်ကို ဒွိဟိတ်လူတွေက ထိုင်ကိုးကွယ်နေတာ ရပ်ပြီး၊ ကျေးဇူးရှိသူ လူပုဂ္ဂိုလ် ( ဒွိဟိတ် ) ကိုပြန်လည်ပူဇော်မှသာ ရွှေထီးပြန်ဆောင်းနိုင်တဲ့ခေတ်ကို ပြန်လည်ရနိုင်မယ်လို့  အပြတ် ပြောရဲတယ်ဗျာ။
အခုလဲ အဟိတ် တိရိစ္ဆာန် ဖြစ်တဲ့ မြွေ(နဂါး) ကိုကိုးကွယ်သူ (ဘုန်းကြီးမကလို့  ဘာဖြစ်ဖြစ် ) တိရိစ္ဆာန် (အဟိတ်) ကိုကိုးကွယ်မှတော့ ကျနော်က သူ့ ကိုကိုးကွယ်လျှင် ၊ ကန်တော့လျှင် ဘယ်လို ဖြစ်လေမည်လဲ။ အဟိတ်တိရိစ္ဆာန် ကို ဒွိဟိတ်လူက တဆင့်ကိုးကွယ်ရာ ရောက်မနေပေဖူးလား။
ဓမ္မစေတီခေါင်းလောင်းနဲ့  ပတ်သက်လို့  အလေးချိန်တန် ၃၀၀ ကို ဒီဗရစ်တို ဘယ်လိုလုပ် အောက်ကို ချသွားနိုင်ပါ့မလဲ။ ယူချင်းယူ ရိုက်ချိုးယူပါမယ်။ သူက ခေါင်းလောင်းကြီးကို ကိုးကွယ်ဖို့ ယူတာမဟုတ်ဘူး။ ချိုးဖဲ့ပြီး အရည်ကြိုဖို့ လေ။ ယမ်းနဲ့ ဖေါက်ခွဲ သယ်မှာပေါ့။ နောက် မွန်စာပေတွေမှာ၊ ကျောက်စာတွေမှာ၊ ဓမ္မစေတီခေါင်းလောင်း သမိုင်းမရှိဟု သုတေသီတဦးကရေးထားသည်။
တခါရေလမ်းကြာင်းကိစ္စ၊ အမေရိကန်မှာ မစ္စပီမြစ် ထဲ မောင်းနှင်တဲ့ လွန်ခဲ့တဲ့ အနစ် ၁၅၀- ၂၀၀ ခန့်က မြုပ်ထားတဲ့ မီးထိုးသဘောင်္၊ ဘေးမှာ ဒလက်နဲ့ မောင်းတဲ့ မီးသင်္ဘေတစ်စီးကို ယခု မစ္စပီမြစ် မြစ်လမ်းကြောင်းကနေ မိုင်ဝက် မက ဝေးတဲ့ လယ်ကွင်းထဲမှာ ရာဇဝင်ကို လေ့လာထားတဲ့သူတွေက သိပ္ဗံနည်းကျ သတ္တုစမ်းသပ်တဲ့ ကရိယာတွေနင့် မြေအောက် ပေ ၃၀ မက မြုပ်နေတာကို တူးဖေါ်ရရှိခဲ့လို့  ပြတိုက်လုပ်ပြီး သူကြွယ်မိသားစုတွေ ဖြစ်နေပါတယ်။
အမေရိကန်တွေ ဘာနဂါးမှ မပူဇော်ပါဘူး။ ကနေ့  ကျနော်အမြင့်ပေါ့၊ ခေါင်းလောင်းကြီးသာ ရှိခဲ့လျင် ခေါင်းလောင်းရဲ့  ထိပ်က အောက်ကိုစိုက်နေပါမယ်။ ခေါင်းလောင်းအဝကျယ်က ရေစီးကြောင်းကို ဝဲဂယက်ထစေတော့ သဲနှုန်းတွေကပြိုကျပြီး အလေးဆုံးထိပ်ပိုင်းက အောက်ကိုစိုက်နေပီး အဝအကျယ်က အပေါ်ကိုလန်နေပါမယ်။ ယခု ဦးစံလင်းတို့  ကြိုးချည်နိုင်ခဲ့တာ ဗောယာတွေပါဘဲ။ ဗောယာကြီးမှန်းသိလို့ တောင်ပြော မြောက်ပြော အချိန်ဆွဲနေကြတဲ့ပုံစံပါဘဲ။
ခေါင်းလောင်းကြီးရှိခဲ့လျှင် ခေါင်းအဝအကျယ်က အပေါ်မှာရှိမေလား ။ ခေါင်းက အပေါ်မှာရှိနေမလား ခေါင်းလောင်းအငယ်တခုကို ရွံထဲထဲ့ကြည့် ရေပိုက်နဲ့ ရေထိုးကြည့်လျင် အဖြေပေါ်လာပါမည်။ မြေပေါ်မှာတော့ အဝက အောက်မှာပါဘဲ။
ကျနော်တို့ မြန်မာတွေ ဒီဘိုးတော်တွေ ရွှီးဖြီးဖြန်းနေတာတွေကို စုံစမ်းဖေါ်ထုတ်သင့်ပါပြီ ။ ဗိုလ်နေဝင်း ဒီယတြာတွေ၊ ဘိုးတော်တွေ အခါပေးတာတွေနဲ့ တိုင်းပြည်ကို ဂျောက်ထဲမကျအောင်ကယ်တယ်ပြောပြီး ၊ ဒေဝါလီတွင်းထဲ့ထဲ့ခဲ့ပြီးပြီ။ ဗိုလ်သန်းရွှေက ကျွန်တွင်းထဲ့ ထည့်ခဲ့ပြီး တရုတ်နဂါးကြီး ခံတွင်းဝ ပို့ ထားလိုက်ပြီ။
ဒီကနေ့  ရန်ကုန်မြို့ တိုးချဲ့ ရေးသာ ယခုအတိုင်း အကောင်အထည် ဆက်လုပ်လျှင် ဗွီဇာအတု၊ မှတ်ပုံတင်အတု ကိုင်ထားတဲ့ တရုတ် နစ်ယောက်လက်ထဲ မြို့ တော်ကို အပ်လို်က်တာပါဘဲ။ တရုတ်ငွေမည်းတွေနဲ့  မြန်မာနိုင်ငံကို တရုတ်ကို လျို့ ထိုးရောင်းချနေတာပါဘဲ။
....အားလုံးကို လေးစားလျှက်
လှိုင်မြင့်
နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး စီမံချက်..
နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး စီမံချက်..
ပရောဂျတ် အကြုံ့ပု ရေးသား တင်ပြသူ 
ဒေါက်တာလှိုင်မြင့်
 (နိုင်ငံတော် သမ္မတထံတင်ပြထားတဲ့ ဒေါက်တာလှိုင်မြင့်ရဲ့ ပရောဂျတ် စာတမ်းအား ဆရာ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်)
(၁) မြန်မာနိုင်ငံ၏  ဓနအင်အားကို တိုင်းရင်းသားအများစု လက်ဝယ်ပြန်လည် ရောက်ရှိစေရေး နှင့်ချမ်းသာသော လူလတ်တန်းစားမိသားစု များစွာ ပေါ်ပေါက်လာရေး။
(၂)  နိုင်ငံသားများအတွက်  အလုပ်အကိုင်သစ်များစွာ ပေါ်ထွန်းပြီး  လူငယ်အများစု အလုပ်တွင် ဝီရိယစိုက်ထုတ်မှုရှိလာပြီး  နိုင်ငံရေး တည်ငြိမ်မှုရှိလာစေရေး။  လူငယ်များအတွက် ဘဝရည်မှန်းချက်များ  ထားရှိလာနိုင်ရေး။
(၃) ရန်ကုန်မြို့ တော်၏ မြေဈေးများထိုးကျပြီး နိုင်ငံတကာ ခေတ်မှီမြို့ တော်ကြီး တစ်ခုအမြန်ဆုံး ပေါ်ပေါက်လာစေရန်။
(၄) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ အမှန်တကယ် ဝင်ရောက်လာရန် အခြေအနေဖန်တီးပေးခြင်း။ လက်တွေ့ ဝင်ရောက်လာစေရေး နှင့် အလုပ်အကိုင်သစ် သန်းချီပေါ်ပေါက်လာရေး။
အလုပ်အကိုင်သစ် များစွာပေါ်လာမှုကြောင့်  အိမ်နီးနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေကြရသော မြန်မာနိုင်ငံသားများ  ပြည်တွင်းသို့ ပြန်လာခြင်းကြောင့်  နို်င်ငံတော်၏ ကုန်ထုတ်စွမ်းအား မြင့်တက်လာစေရန်။
(၆) မြို့ တော်သစ်၏ ခေတ်မှီပင်လယ်ဆိပ်ကမ်းနင့် စက်မှုဇုံတည်ဆောက်မှုမှ  ကမ္ဘာတွင် ကုန်ထုတ်လုပ်မှု စားရိတ် အနိမ့်ဆုံးနိုင်ငံ အဖြစ်ရောက်ရှိရန်။
(၇) မြန်မာ့စီးပွားရေးတိုးတက်မှုနုံး ကို ၁၀.၀ အထက်လက်တွေ့ ရောက်လာရန်။
(၈) မြန်မာလူထု အများစုသည် အလုပ်အကိုင်ရှားပါးမှု၊ လစာနည်းမှုများအား အလုပ်အကိုင် အခွင့်အလမ်းများဖြင့် ကုစားရန် ။
လုပ်ငန်းစီမံချက် အသေးစိတ်များတင်ပြခြင်း
ကျနော်များ အင်အားစုသည် ရန်ကုန်မြို့ တော်  ကြည့်မြင်တိုင်မြို့ ၏ တဖက်ကမ်းကို ခေတ်မှီမြို့ တော်သစ် အဖြစ် စီမံချက်ရေးဆွဲပြီး  မြို့ တော်သစ် အစိတ်အပိုင်းတစ်ခုအဖြစ် တိုးချဲ့ရန်လိုလားပါသည်။  ထိုသို့ တိုးချဲ့ မှုအားလုံးကို နိုင်ငံတော်အစိုးရသို့  အသေးစိတ်တင်ပြအတည်ပြုချက်ရယူပြီးမှသာ အကောင်အထည်ဖေါ်မည်ဖြစ်ပါသည်။
ထိုသို့ လျှောက်ထားတင်ပြရာတွင်  နိုင်ငံတော်၏ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးစီမံချက်နင့် အညီ  မည်သည့်အာဏာပိုင်ကိုမှ  တန်းစိုးလက်ဆောင် (အသေးအမွှား) ကိုပင်ပေးဆောင်မည် မဟုတ်သလို၊ ထိုတိုးချဲ့မှုမှ ကျနော်များ အင်အားစုအတွက် အကျိုးဆောင်ခအဖြစ်  လည်ပတ်ငွေကြေး များ အပေါ်လိုက်ပြီး  တစ်ခုသောရာခိုင်နှုန်းကိုသာ  ဝန်ဆောင်ခအဖြစ် ရယူမည်ဖြစ်ပြီး  လည်ပတ်ငွေ  စီမံချက် စာရင်းဇယားအားလုံး (အားလုံး အသေးစိတ်) ကိုနိုင်ငံတော် စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအောက်တွင်သာ ထားရှိပြီး  နိုင်ငံတော်နှင့် ပြည်သူအများ  ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိစေရန် လုပ်ဆောင် ထားပါမည်။   စီမံကိန်း၏ အကျိုးအမြတ် အားလုံးသည်  ကျနော်များ အင်အားစုအတွက် ရယူမည့် ရာခိုင်နှုန်းမှလွဲလျှင်  အကျိုးအမြတ် အားလုံးသည် နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်သာ ဖြစ်စေရပါမည်။
စီမံချက်များ အကောင်အထည် ဖေါ်ရာတွင်လည်း  ဥပမာ…အိမ်ယာစီမံချက် တစ် အကောင်အထည်ဖေါ်မည်ဆိုလျင် မြို့ တော်၏ လက်ရှိအခြေအနေအရ  အိမ်ခန်းပေါင်း  သိန်းဂဏန်းအထိ လိုအပ်နေသည့်အတွက်  လူလတ်တန်းစား၊ ငွေကြေးတတ်နိုင်သူ မိသားစုများကို စုစည်းပြီး  ထိုအစုအစပ်တစ်လျှင်  …အိမ်ခန်း ၁၀၀ မှ ၂၀၀ ဆောက်လုပ်ခွင့်ချပေးပါမည်။
ထိုသူများမှလည်း  အိမ်ယာအတွက် ကုန်ကျစားရိတ်ကို ကျနော်များအင်အားစုမှ  တိုက်ခန်းပုံစံမှ အစ ချပေးမည်ဖြစ်ပြီး  ဆောက်လုပ်ရန် လိုအပ်သောပစ္စည်းများ (ဘိလပ်မြေ၊ သဲ၊ အုတ် ၊ သံချောင်း၊  သံပြား ၊ တံခါးဘောင်နှင့်တံခါး ၊ ရေပိုက်ခေါင်း စသည်များကို) ကိုလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်  အတွင်း  အသင့်အလွယ်တကူ ရရှိစေရန် စီမံထားမည်ဖြစ်သည့်အတွက်  ဈေးနှုန်းမှာ ပုံသေသာကုန်ကျပါမည်။ အခြားပွဲစားခ  သယ်ဆောင်ခများ ပြရန်မလိုတော့စေပါ ။
ထိုလုပ်ငန်းရှင်များကိုလည်း ၎င်းတို့ စိုက်ထုတ်ထားရသော အရင်းအနှီး၏  ၂၅- ၃၀ % အကျိုးအမြတ်သာ ယူစေပြီး  ဆောက်လုပ်ပြီး တိုက်ခန်းကို နိုင်ငံတော်သို့ အပ်စေပါမည် ။  နိုင်ငံတော်မှ  စီမံကွပ်ကဲရောင်းချစေပါမည်။  အကျိုးအမြတ်ကို နိုင်ငံတော်သို့ ရောက်စေရပါမည်။
ကြားခံပွဲစား  ကုန်သည်များကို ဖျောက်ထားမည်ဆိုလျှင်  ပြည်သူလူထု သည်ဈေးနှုန်း သင့်တင့်မျှတသော အိမ်ခန်းများကို ပိုင်ဆိုင်ခွင့် ရရှိနိုင်ပါမည်။
အထူးသဖြင့် နိုင်ငံတော်ဝန်ထမ်းများနင့် ပင်စင်စားများကို ဈေးနှုန်းချိုသာသော အိမ်ယာများ ချထားပေးနိုင်ပါမည်။  ထိုအိမ်ယာများကို ဝန်ထမ်းမိသားစုများ ကိုယ်တိုင်နေစေပြီး တဆင့် လက်လွှဲရောင်းချမှုမှ ကာကွယ်ရန်လည်း စီမံထားနိုင်ပါမည်။
မြို့ တော်ကိုလည်း  ခေတ်မှီမြို့ တော်အဖြစ် တည်ဆောက်မည် ဖြစ်ပါသဖြင့်  ရန်ကုန်မြို့ ရှိ နေရာများထက်ပင်ပိုပြီး  လူအများ စိတ်ဝင်စားစေမည် ဖြစ်ပါသည့်အတွက်  ရန်ကုန်တွင် မြေလှောင်လက်များက  မြေများ ထုတ်ရောင်းချလာကြမည် ဖြစ်သည့်အတွက်  ရန်ကုန်မြေဈေးများ တဟုန်ထိုး  ကျဆင်းလာကာ  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ  စီးဝင်လာမည်မှာ  နိုင်ငံတော်စီမံကိန်းနှင့် ဘဏ္ဍာစီမံကိန်းဌာနကိုပင် တိုးချဲ့ ယူရသည့် အနေအထားကို ရောက်ရှိစေပါမည်။ ရုန်ကုန်မြေဈေးမချနိုင်ခဲ့ပါလျင်  များမကြာမှီတွင်  နို်င်ငံတော် အာဏာပိုင်များကိုယ်တိုင် မြေကွက်များ ပိုင်ထားသည့်အတွက်  မြေဈေးကျမည့်  စီမံကိန်းများကို လက်မခံခြင်းအဖြစ် စွပ်စွဲလာကြပါလျင်  နိုင်ငံရေးအရ  အလွန်ထိခိုက်ပါမည် ။
ကျနော်များအင်အားစုသည်  နိုင်ငံတော်အစိုးရသစ်၏ အကျပ်အတည်း  အခက်အခဲများကို  ပြည်သူလူထုကိုယ်တိုင်လက်တွဲပါဝင်လာခြင်းဖြင့် နိုင်ငံတော့်အစိုးရနင့် ပြည်သူများအကြား  နှစ်ကိုယ်တစ်စိတ် မွေးဖွားလာစေခြင်းဖြင့် ပေါ်စေပါမည်။
မြို့ တော်တိုးချဲ့ ရေး၏  ပင်မစီမံကိန်းအနေဖြင့်  ကြည့်မြင်တိုင်တဖက်ကမ်းကို  ခေတ်မှီမြို့ တော်အဖြစ် တည်ဆောက်ရန်ဖြစ်ပါသည်။
ပထမအဆင့်
 ပထမအဆင့်အနေဖြင့်  လှိုင်သာယာမြို့ နယ်တွင်  ရန်ကုန်-ပုသိမ်လမ်းမကြီးမှ  ယောအတွင်းဝန် ဥိးဖိုးလှိုင်လမ်း ပန်းလှိုင်အိမ်ယာသို့ သွားသော  နှစ်လမ်းမောင်း  ယာဉ်လမ်းကို တဖက် ၃ လမ်းမောင်းအဖြစ် တိုးချဲ့ ပြီး ပန်းလှိုင်မြစ်ကို မြစ်ကူးတံတားထိုးပြီး  ရန်ကုန်တဖက်ကမ်း ကိုဖြတ်၍ ဒလသို့  အရောက်  (Free Way မီးပွုင့်မရှိသော) အမြန်လမ်းဖေါက်ပါမည်။   ပန်းလှိုင်မြစ်ကူးတံတားမှ ဒလသို့  ၁၅ မိနစ်အတွင်း  ဒလဖက်ကမ်းသို့  အရောက် စီမံကိန်းလုပ်ပါမည်။  ဒလ  ဘက်ကမ်းတွင်  ဘုန်းကြီးလမ်းဖက်သို့  ဇက်သင်္ဘောဆိပ်တစ်ခု နင့်  ဆူးလေသို့  ဇက်သင်္ဘောဆိပ်တစ်ခု ထားရှိပေးပါမည်။  ဘုန်းကြီးလမ်းသို့   ကားပါကူးနိုင်သော ဇက်ထားရှိပေးပါမည်။
လှိုင်သာယာမှ  ခရီးသည်များ ရန်ကုန်ဘက်သို့   နာရီဝက်အတွင်း အရောက်ပို့ နိုင်ခြင်းကြောင့်  ရန်ကုန်မြို့ အတွင်း ကားလမ်းပိတ်ဆို့ မှုများကို လျှော့ကျစေပါမည် ။ 
 လှိုင်သာယာမှ လူထုသည်လည်း အလုပ်ကို အချိန်တိုနင့်သွားနိုင်  ပြန်နိုင်မည်ဖြစ်သဖြင့် မိသားစုဘဝများ ပိုမိုစိုပြေလာစေပါမည်။  နိုင်ငံတော်အတွက်လည်း  ကားလမ်းပိတ်ဆို့ မှု၏အကျိုးဆက်  လုပ်အားဆုံးရှုးံမှုကို ကုစားနိုင်ပါမည်။
တဖန် ဂျောင်ဝိုင်းသင်္ဘောကျင်းနေရာ ဝန်းကျင်  (ရန်ကုန်၏ ရေအနက်ဆုံးနေရာ ဖြစ်ပါသည်) ကို  ရေနက်ပင်လယ်ကူး သင်္ဘောဆိပ် တည်ဆောက်ပေးပြီး  လှိုင်သာယာစက်မှုဇုန်မှ ကွန်တိန်နာများကို  ရန်ကုန်မြို့ တွင်းသို့  ဖြတ်ရန်မလိုတော့ဘဲ  အချိန်တိုတိုနှင့် လမ်းကျောရှင်းစွာ၊ ကုန်ကျစားရိတ် သက်သာစွာဖြင့် သင်္ဘောတင်နိုင်ရန် စီမံချက်ပါရှိပါသည်။
တဆက်ထည်း  ဂျောင်ဝိုင်းနေရာတွင်  ကုန်းတွင်းကို  ပင်လယ်ကူး သဘောင်္ကြီးများ ဆိုက်ကပ်နိုင်ရန်  ဧရာမရေလှောင်ကန်ကြီးတူးပြီး ထွက်ရှိလာသောမြေများကို  ထိုဖက်ကမ်းကို  ကမ္ဘာ့ရာသီဥတု ပူနွေးမှုကြောင့် ဖြစ်နေသော  ပင်လယ်ရေမျက်နာပြင် မြင့်တက်မှုကို တင်ကြိုကာကွယ်ရန် မြေသားမြင့်တင်မှုအတွက် လုပ်ဆောင်ပါမည်။
ထိုရေကန်ကြီးတွင်  ကုန်းတွင်း ပင်လယ်ကူးသဘောင်္ ဆိပ်ကမ်းများစွာ (တပြိုင်  တည်း ပင်လယ်ကူး သင်္ဘော  ၁၀၀ -ခန်  အနည်းဆုံး ကပ်နိုင်သောဆိပ်ကမ်း) ထားရှိနိင်ပြီး  ဒီရေအတက် အကျများသော ရန်ကုန်နယ်နမိတ် ယခု ကန်အတွင်းတွင် ရေအတက်အကျအပြောင်း အလဲမရှိရန်  ရေတံခါးစနစ် ထားရှိပေးထားပါမည်။
ထိုရေကန်နင့် သင်္ဘောဆိပ်များစွာ၏  ပတ်လည်တွင်  စက်မှုဇုံများနှင့် လုပ်သားမြို့ တော်များကို တဆက်တည်း တည်ဆောက်ပေးထားမည် ဖြစ်သည့်အတွက်  လုပ်အားဆုံးရှုံး လေလွှင့်မှု များပပျောက်ပြီး  ကွန်တိန်နာကားများအတွက် သယ်ဆောင်ခ ပိုမိုကုန်ကျနေမှုကို  ဖျောက်နိုင်လျင်  မြန်မာနိုင်ငံသည် ကုန်ုထုတ်လုပ်မှုစားရိတ်  နည်းပါးသော နိုင်ငံဖြစ်လာပါမည်။
တဆက်ထည်း   အထက်မှ   ထအိုအမြန်လမ်းကို    ဒလမြို့ ကိုကျော်လွန်ပြီး  သီလဝါဆိပ်ကမ်း၏  တဘက်ကမ်းအထိ ဖေါက်လုပ်ပါမည်။  ၎င်းနေရာတွင် ဇက်သင်္ဘောဖြင့်  ကွန်တိန်နာများကို သီလဝါရေနက် ဆိပ်ကမ်းသင်္ဘောများပေါ်သို့ တိုက်ရိုက်တင်ပို့ နိုင်ပါမည်။
ထိုအတွက်လှိုငင်သာယာနင့် ရွှေပြည်သာမှ  ကွန်တိန်နာများ  လူစည်ကားသော  ဘုရင့်နောင်လမ်းပေါ်ဖြတ်သန်းနေရမှုကို လျော့ချ  ရပ်တန့် သည်အထိ  အကျိုးရနိုင်ပါမည်။
ကြည့်မြင့်တိုင်နှင့်  မျက်နာချင်းဆိုင် ကမ်းနားပတ်လမ်းနှင့် အခြားမြို့ တွင် လမ်းများတည်ဆောက်င်္ပြီး  မြို့ တော်သစ် စီမံကိန်းကို တိုးချဲ့ တည်ဆောက်ပါမည်။
နိုင်ငံတော်မှ  ခွင့်ပြုလျင်  ကြည့်မြင်တိုင်  မှ  တဖက်ကမ်းသို့  တံတားထိုးပေးနိုင်ပါသည် ။
မြို့ တော်သစ်တွင်  အင်းလျားကန်ထက် ပိုမိုကျယ်ပြန့် သော ရေကန်ကြီး  နှစ်ခု မှ လေးခု -အနည်းဆုံး တူးချဲ့ ပြီး  ထိုမှ ထွက်လာသော မြေများကိုဖို့ ခြင်းဖြင့် မြို့ မြေမျက်နှာပြင်ကို ရေဝပ်ခြင်းမှ ကာကွယ်ပြီးသားဖြစ်စေသည့်အပြင်  မြို့ တော်နေသူ ပြည်သူအပေါင်းသည်  ထိုရေကန်တွင်းမှာ  အမြန်စပိဘုတ်စီးခြင်း  ရေလွှာစကိတ်စီးခြင်းစသော နိုင်ငံတကာ ပြိုင်ပွဲဝင်နိုင်သော စိတ်အပန်းဖြေ ကစားကွင်းများပါ တည်ဆောက်ပေးနိုင်ပါမည်။
ထိုဖက်ကမ်းရှိမြို့ တော်ကို ကမ္ဘာကြီး ပူးနွေးလာမှုကြောင့် ဖြစ်ပေါ်လာမည့်  ပင်လယ်ရေ မျက်နှာပြင်မြင့်တက်မှုမှ  တင်ကြို ကာကွယ်ပြီးသားလည်း ဖြစ်ပါမည်။  ထိုင်းနိုင်ငံကဲ့သို့ ရေကြီးမှုကြောင့်  စက်မှုလုပ်ငန်းများ ရပ်ဆိုင်းရမှု၊ ဆုံးရှုံးရမှုများမှ လည်းကြိုတင်ကာကွယ်ပြီးသားရပါမည်။ ရေကန်ကြိးနစ်ခုအပြင်  အခြား အားကစားကွင်းပေါင်းများစွာကို ဖေါ်ဆောင်ပေးနိုင်လျင်  မြန်မာလူငယ်များ ကျန်းမာရေးပိုမို လို်က်စားကာ  စိတ်ခွန်အား မှန်ကန်ပြည့်ဝသော နိုင်ငံသားရတနာများ မွေးထုတ်ပေးနိုင်ပါမည်။
တဆက်တည်းပင်  မြို့ တော်တွင်လည်း  ဆိုက္ကားအနှေယာဉ်များ မလိုအပ်စေရန်  ရပ်ကွက်တွင်းသို့  အချိန်မှန်ပြေးဆွဲသော  လမ်းတို  ဖယ်ရီကား  များကိုထားရှိခြင်းဖြင့်   ယာဉ်ကျောပိတ်ဆို့ မှုများကို  ကာကွယ်ထားပြီးဖြစ်သည့်အပြင်  လုပ်အား တန်ဖိုးတိုး မြှင့်ပေးထားနိုင်ပါမည်။
တဖန်  တွံတေးတူးမြောင်းမှ  ရေချိုများကို တူးမြောင်းဖြင့်သွယ်ယူပြီး  မြို့ သစ်၏  မြို့စွန်နေရာများတွင်  မီးဖိုချောင်သုံး  ဟင်းသီဟင်းရွက် စိုက်ခင်းများလုပ်စေခြင်းဖြင့်  ရန်ကုန်မြို့ တော်၏  လူနေမှုစားရိတ်ကို လျော့ချစေရန်လည်း စီမံချက်ရေးဆွဲထားပါသည်။  မြို့ တော်သစ်၏ရေချို ကို   တိုးမြစ်  မှသော်လည်းကောင်း၊ ဧရာဝတီမြစ် မှ သော်လည်းကောင်း ရယူရန် စီမံထားပါသည်။ ထိုမြစ်ရေများဖြင့်  ထိုရေကန်ကြီးများကို အစဉ်ရေသစ် အဝင်အထွက် လုပ်ဆောင်ထားခြင်းဖြင့်  အင်းလျားနှင့် ကန်တော်ကြီး ကန်ရေများကဲ့သို့ ရေညစ်ညမ်းမှု ဖြစ်ခြင်း မရှိနိုင်တော့ပါ။
လျှပ်စစ်ဓါတ်အား အနေဖြင့် ကျနော်များအင်အားစု၏  နည်းပညာသစ်ဖြစ်သော  ရေကာတာမလိုအပ်ဘဲ ရေစီးအားမှ  လျှပ်စစ်ကို  ထုတ်လုပ်ခြင်းဖြင့်  ရန်ကုန်မြို့ တော်တစ်ခုလုံး  လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်ပါသည်။  ရန်ကုန်မြို့ တော်၏ လျှပ်စစ်အတွက်  လိုအပ်မှုကို အပြည့်အဝပေးနိုင်ရန် အာမခံဖြင့် ထုတ်လုပ်ပေးနိုင်ပါသည်။
၎င်းလျှပ်စစ်ထုတ်ယူခြင်း လုပ်ငန်းမှ တိုက်ရိုက် မြန်မာနို်င်ငံအတွက်အလုပ်အကိုင်သစ် ၊ သန်းးသစ် သိန်းချီဖေါ်ပေးနိုင်ပါမည့်အပြင်  လျှပ်စစ်အလုံအလောက်ရရှိမှု၏အကျိုးဆက်အဖြစ်  နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုများ  လှိမ့် ဝင်လာပါမည်။   အလုပ်အကိုင်သစ်  သန်းချီပေါ်လာမည်ဖြစ်ပါသဖြင့်  အိမ်နီးချင်း  ထိုင်းနှင့်  မလေးရှားရောက်မြန်မာများကို  မိမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ပြီး  လုံလောက်သော ဝင်ငွေရှိသည့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပါတော့မည်။
မြို့ သစ်စီမံကိန်း သက်သက်မှပင်  အလုပ်အကိုင်သစ် တစ်သိန်းမှ  နှစ်သိန်းအထိ ဖေါ်ဆောင်ပေးမည့်အပြင်  လျှပ်စစ်ထုတ်လုပ်မှုမှ  တို်က်ရိုက် အလုပ်အကိုင်သစ်  အနိမ့်ဆုံး တစ်သိန်းမှ နှစ်သိန်း ဖေါ်ဆောင်နိုင်ပါမည်။
လျှပ်စစ်လုံလောက်စွာ ထုတ်ပေးနိုင်လျှင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမှုများ ဝင်လာမှုမှ  အလုပ်အကိုင်သစ် Word did not find any entries for your table of contents.သိန်းပေါင်းများစွာဖေါ်ဆောင်လာနို်င်ပါလျှင်  အလုပ်အကိုင် အကျပ်အတည်းကြောင့်  တက်လေသမျှ အစိုးရအပေါ် မကျေနပ်နေမှုများ ပပျောက်သွားစေနိုင်ပါမည်။  နိုင်ငံရေးတည်ငြိမ်မှု ရရှိလာလေ  ပြည်ပရင်းနှိမြုပ်နံမှုများ  ပိုမိုတိုးဝင်လာလေဖြစ်ပြီး  နိုင်ငံရေး ဂယက်ထနေမှုများ လျှော့ပါးသွားနိုင် ပါမည်။
ယခုစီမံကိန်းကို  နိုင်ငံတော်သမ္မတကြီးအနေဖြင့် အလေးအနက်နင့် အသေးစိတ်စိတ် သိရှိလိုပါလျင်  ကျနော်များအင်အားစုမှ အသေးစိတ်ရေးဆွဲ ထာသောစီမံချက်ကို တင်ပြပါမည်ဖြစ်ကြောင်း  လေးစားစွာလျောက်ထားအပ်ပါသည်။
လေးစားစွာဖြင့်
ဒေါက်တာလှိုင်မြင့်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်
ရန်ကုန်မြို့ တော်ကို  မြန်မာနိုင်ငံသားများ၏အင်အားဖြင့် တည်ဆောက်ပြီး   နိုင်ငံတော်၏ ဓနအင်အားကို    နိုင်ငံသား လက်ဝယ်ပြန်လည် ရောက်ရှိရေးနှင့်
အမျိုးသားအကျိုးစီးပွား ဖွံ့ ဖြိုးတိုးတက်ရေး  စီမံချက် လျှောက်ထားတင်ပြခြင်း..
နိုင်ငံတော်အစိုးရသစ်၏ နို်င်ငံရေးလုပ်ဆောင်ချက်များ ၊ စီးပွားရေးစီမံဖေါ်ဆောင်မှုများ၏ အကျိုးဆက်အရ နိုင်ငံတော်သည် ရှေ့သို့ လှမ်းနိုင်သော အခြေအနေကောင်းများ ရရှိနေပါသော်လည်း  မြန်မာနိုင်ငံ အထူးသဖြင့် ရန်ကုန်မြို့ တော်၏ မြေဈေးကြီးမြင့်နေမှုနှင့် လျှပ်စစ်(စွမ်းအင်)လုံလောက်စွာ အာမခံချက် မပေးနိုင်ခြင်းတို့က နို်င်ငံတော်အစိုးရ၏ ကြိုးစားဆောင်ရွက်မှုများကို ခြေဖျက်ရာရောက်သည်အနေအထားသို့ တွန်းပို့ နေပါသည်။
တဖန်လက်ရှိ မြန်မာနိုင်ငံသားများ၏ ပိုင်ဆိုင်မှုဓန စီးပွားအများစုမှာလည်း    မြန်မာစကားကို ပီပီသသ ပြောဆိုနိုင်ခြင်းမရှိသူများ၊  မြန်မာစကားထက်  သူ တို့ ၏မိခင်ဘာသာစကား (အိမ်နီးချင်းဘာသာ)ကို ပိုတန်ဖိုးထားသူ လူတစ်စု၏  လက်အတွင်းတွင်သာ ရောက်ရှိနေခြင်းသည်    ၁၉၉၇ နစ်က ထိုင်းငွေကြေးဈေးကွက်များကို အမေရိကန်နိုင်ငံသား George Soros ၏ငွေကြေးကစားမှုကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးကိုသာမက အာဆီယံ တစ်ခုလုံး ပြိုကျလုမတတ်သို့ ရောက်ခဲ့စေခြင်းမျိုးဖြင့်  မြန်မာနိုင်ငံအစိုးရကို  လည်မျိုညစ်ထားနိုင်သည့် အခြေအနေမျိုးကို တစတစ ရောက်ရှိနေပါသည် ။
နိုင်ငံတော်၏ဓနအင်အား ရာခိုင်နှုန်းအများစုကို  မြန်မာနို်င်ငံသား  တိုင်းရင်းသား  လူအများစု၏ လက်အတွင်း ပိုင်ဆိုင်အောင်ထားနိုင်ခြင်းသည် လူမျိုးခြားများ၏  နိုင်ငံရေးအရ အကျပ်ကိုင်ခံရနိုင်ခြင်းမှ ရှောင်ရှားခြင်းလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ကျော်သော်လည်း  မြန်မာလူမျိုးအများစုမှာ  ဆင်းရဲနေသည့် အတွက်  ပြည်တွင်းသုံးရန်  အဝတ်လျှော်စက်၊ တီဗွီ၊ ရေခဲသေတ္တာများကို နိုင်ငံတော်အတွင်းထုတ်လုပ်သူမရှိဖြစ်နေပါသည်။ ဤသည်မှာ  မြန်မာလူမျိုးအများစု၏ စီးးပွားရေးကို ရောင်ပြန်ဟပ်ပြနေခြင်းဖြစ်ပါသည်။
သို့ပါသဖြင့် ကျနော်များ ကုမ္မဏီများ အစုအဖွဲ့ အုပ်စုမှ နိုင်ငံတော်၏  မြေဈေးကြီးမြင့်နေမှုကိုလျော့ချရန်လည်းကောင်း၊  တစ်ပြိုင်တည်းတွင် နိုင်ငံသား မြန်မာလူမျိုးတိုင်း (တိုင်းရင်းသား)များလက်တွင်  မြန်မာ့ဓနဥစ္စာများ ပိုင်ဆိုင်မှု ပြန်လည် ရောက်ရှိလာရန်လည်းကောင်း၊
၎င်းအပြင်လက်ရှိ ရန်ကုန်မြို့ တော်ကို  စင်ကာပူကဲ့သို ခေတ်မှီမြို့ တော်ကြီးအဖြစ်တိုးချဲ့ ရန်မှာ  ဖြစ်နို်င်ခြေ လုံးဝ မရှိသော အနေအထားအရ  ရန်ကုန်မြို့ တော်ကို  ရန်ကုန်တစ်ဖက်ကမ်းသို့ တိုးချဲ့ရန် တင်ပြလျှောက်ထားပါသည်။ တစ်ဆက်တည်းအဖြစ်  ယခင်အစိုးရ အဆက်အဆက်၏  အုပ်ချုပ်ရေး အကျိုးဆက်ကြောင့် ပေါ်ပေါက်နေသော  ကျူးကျော်အိမ်ယာကိစ္စများကိုလည်း  နိုင်ငံတော်နှင့်ညှိနိုင်းဖြေရှင်းနိုင်မည်ဟု မျှော်လင့်ချက် ရှိထားပါသည် ။
နိုင်ငံတော်အစိုးရပုပန်သကဲ့သို့  မြေရာချပေးပြီး  အပိုင်ပေးမှုမျိုးမလုပ်ဘဲ  ယာယီနေထို်င်ခွင့်ဖြင့် နေထိုင်စေပြီး  ကျနော်များလုပ်ငန်းများတွင် သင့်တင့်သော လုပ်ခလစာပေးထားပြီး  ယာယီနေထိုင်သော အခန်းမှ  ကိုယ်ပိုင် အိမ်ခန်းများအဖြစ် ပိုင်ဆိုင်နိုင်အောင်    အရစ်ကျ ဝယ်ယူစေသော စီမံကိန်းဖြင့်ဖြေရှင်းရန် မျှော်မှန်းထားပါသည်။
မြို့ တော်သစ်ကိုလည်း  ကမ္ဘာ့အဆင့်မှီ မြို့ တော်ဖြစ်စေရေးအတွက် အနိမ့်ဆုံး စင်ကာပူနင့်  ထိုင်း နိုင်ငံများမှ  နံမည်ရ စီမံကိန်းလုပ်ငန်းများကို  အတိုင်ပင်ခံ ထားရှိကာ အကောင်အထည်ဖေါ်ပြီး  မြန်မာနိုင်ငံ အလည်အလတ်လုပ်ငန်းရှင်များ (များစွာ) ကို ထပ်ဆင့် ကန်ထရိုက် ချပေးခြင်းဖြင့်  နိုင်ငံသား အလတ်တန်းစား လုပ်ငန်းရှင်များစွာ မွေးထုတ်ရန် စီမံချက် ရေးဆွဲထားပါသည်။
လက်ရှိနိုင်ငံတော်၏ စီမံချက်များတွင်လည်း  လုပ်ငန်းများ အကောင်အထည်ဖေါ်ရန်  ဥပမာမြို့ တော် အသစ်တိုးချဲ့ ရန် နိုင်ငံခြားရင်းနှီး မြုပ်နံမှုများကို ဖိတ်ခေါ်ရာတွင်  နိုင်ငံရေးတည်ငြိမ်မှု အားနည်းနေခြင်းကို  အကြောင်းပြုပြီး  ရင်းနှီးမြုပ်နံ မည့်သူများမှ  နိုင်ငံရေး အကြောင်းပြချက်ဖြင့်  အကျိုးအမြတ်များစွာ တောင်းဆိုမှုရှိနေပါသည်။
 ထိုတောင်းဆိုမှုများကို လို်က်လျောရန်မှာ  နိင်ငံရေးအရ သိက္ခာကျစေသလို  နိုင်ငံတော်၏ အရေးကို တိုင်းတပါးတို့ ၏ လက်တွင်ဝကွက် အပ်နံနေရသည့် အနေအထားကို ပိုမိုရောက်စေရုံသာမက  နိုင်ငံသားတို့ ၏ပိုင်ဆိုင်မှုများပိုမိုနည်းပါးစေပြီး  မြန်မာပြည်သူများကို ဆင်းရဲတွင်းသို့ ပိုမိုတွန်းပို့ ရာရောက်စေနိုင်ပါသည်။
တဖန် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များသည်  အကောင်းဘက်သို့ ဦးတည်စေနေသော်လည်း  ထမ်းဆောင်နေရသည့် တာဝန်မှာ  ဝန်နင့်အားမမျှ မတဖြစ်နေသည်ကို  ယခုစီမံချက်ကို ရေးဆွဲတင်ပြ လျှောက်ထားအပ်ပါသည်။
စီမံချက်လုပ်ငန်း၏ အသေးစိတ် ကိုတင်ပြခြင်း
ကျနော်များအင်အားစု ကုမ္မဏီအစုများမှ  နိုင်ငံတော်၏ အခန်းကဏ္ဍကို  နိုင်ငံတော်၏ တာဝန်ကို ဘောင်ကျော် လုပ်ဆောင်ခြင်းအဖြစ် ရှုမြင်ခြင်းမပြုပါရန်ဦးစွာ ပန်ကြား လျှောက်ထားလိုပါသည် ။
 နိုင်ငံတော် စီမံကိန်းများသည်  လက်ရှိနို်င်ငံတော်အစိုးရ၏ ဘတ်ဂျက်အရ၎င်း  နိုင်ငံတော်အစိုးရ၏ သက်တမ်းအရလည်းကောင်း၊  ဝန်နင့်အားမမျှမတ ဖြစ်နေသည်ကို  ကျနော်များ အင်အားစုမှ ဦးဆောင်ပြီး  နိုင်ငံသားစစ်စစ်  တိုင်းရင်းသားများ (အများစု)ကို ခွဲဝေတာဝန် ထမ်းဆောင်စေခြင်းအဖြစ်  ရှုမြင်ပေးပါရန်ဦးစွာ လျှောက်ထားအပ်ပါသည်။
တိုင်းရင်းသားများကို  လုပ်ငန်းသစ်များ အကောင်အထည် ဖေါ်ပေးနိုင်လျှင်
ရန်ကုန်မြို့ တော်၏ မြေဈေးကိုလည်း  သင့်တင့်လျောက်ပတ်သော ဈေးနှုန်းကို ရောက်စေပြီး လက်ရှိနိုင်ငံသားများ၏  မြေလှောင်က ကုန်လှောင်ရေးသာ ကျင့်သုံးနေသော  လက်ရှိစီးပွားရေးစံနစ်မှ လုပ်ငန်းများတွင် ရင်းနှီးသော အလေ့အကျင့်များကို တွန်းပို့ ပေးစေပါမည်။
တစ်နည်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကို လက်ရှိနိုင်ငံတကာမှ ခန့် မှန်းထားသည့် တိုးတက်မှုနုံး ၇.၀ % ကိုကျော်လွန်ကာ… ၈ ..၉ ..၁၀ ဂဏန်းသို့ ပင်ခန့် မှန်းလာကြသည်...။ သို့ ပါသည့်အတွက် ကျနော်များ၏  ရှင်းလင်းတင်ပြလျှောက်ထားချက်များကို ရရှိထားပြီးသော နိုင်ငံတော်၏ နိုင်ငံရေးတည်ငြိမ်ရေးကို  ဦးထိပ်ထားလျက် လေးလေးနက်နက် စဉ်းစားပေးပါရန်  လေးစားစွာပန်ကြားလျှောက်ထားအပ်ပါသည်.
လှိုင်မြင့်
နတ်ဘုန်းကြီးတွေ၊ဓါတ်ဘုန်းကြီးတွေ မြန်မာနိုင်ငံမှာ ဘာကြောင့် တန်ခိုးကြီးထွား နေကြပါသနည်း..........
နတ်ဘုန်းကြီးတွေ၊ဓါတ်ဘုန်းကြီးတွေ မြန်မာနိုင်ငံမှာ ဘာကြောင့် တန်ခိုးကြီးထွား နေကြပါသနည်း..........
ပေးပို့သူ (မင်းသုည ဗုဒ္ဓတက္ကသိုလ်)
ယနေ့စစ်အုပ်စု အ၀န်းအ၀ိုင်းနှင့်ဝန်ကြီးများ ဆရာတင်ကိုးကွယ်နေတဲ့ နတ်စင်တစ်ရာ ဆရာတော်အကြောင်းကို ပြောပြချင်ပါတယ်။
နတ်ဘုန်းကြီးတွေ၊ ဓါတ်ဘုန်းကြီးတွေသည် စာပေပရိယတ္တိမတတ်ကြပါဘူး။ဒါပေမဲ့သူတို့ ဘုန်းတန်ခိုး ကြီးထွားကြပါတယ်။ဘု န်းတန်ခိုးကြီးထွားရခြင်းမှာ ယခုလက်ရှိ အာဏာကြီးထွားနေကြတဲ့ ဗိုလ်ဋ္ဌေးဦး၊ စစ်အုပ်စု အ၀န်းအ၀ိုင်းခရိုနီများ၊ ၀န်ကြီးများနှင့် ၀န်ကြီးကတော်များ ကိုးကွယ် ဆည်းကပ်နေကြလို့ဖြစ်ပါတယ်။
စာတတ်လားမတတ်လားကို စာဖတ်သူများကိုယ်တိုင်သာ လေ့လာကြည့်ပါ......
ဒီမိုကရေစီတူဒေးသတင်းစာမှာ အဲဒီဆရာတော် အင်တာဗျူးထားတာလေးကို ဖေါ်ပြပေးပါမည်။
အဲဒီမှာ နတ်စင်တစ်ရာဆရာတော် အင်တာဗျူးထားတာ အသောကမင်းကြီး နဂါးမင်းဖြစ်သွားတဲ့အခါမှာ အရှင်မဟာမေဂ္ဂလာန်က သွားချွတ်မှ အရိယာဖြစ်ပြီး ကျွတ်တမ်းဝင်သွားသည်ဟု ..ပြောထားပါသည်။
အသောကမင်းကြီးက မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးလို့ နှစ်ပေါင်း ၂၃၅ လောက်ကျမှ ပေါ်ပေါက်လာတာပါ။ အရှင်မဟာမေဂ္ဂလာန်က မြတ်စွာဘုရားရှင်ထက်တောင်စောပြီး ပရိနိဗ္ဗာန်ပြုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ နတ်စင်ဆရာတော်မသိပါဘူး။ ပရိနိဗ္ဗာန်ပြုပြီးဖြစ်တဲ့ အရှင်မဟာမောဂ္ဂလာန်က ဘယ်လိုလာပြီး တရားဟောပါသလဲ......
နဂါးလို့လဲပြောထားတယ်။
အရိယာဖြစ်ပြီးကျွတ်တမ်းဝင်သွားတယ်တဲ့.......နဂါးဆိုတာ တိရစ္ဆာန်ဖြစ်ပါတယ်။ တိရိစ္ဆာန်ဆိုတာ အရိယာဖြစ်ခွင့်မရှိပါဘူး......စာတတ်သလား မတတ်ဘူးလားဆိုတာ စာဖတ်သူများ ကိုယ်တိုင်ဝေဖန်ကြည့်ကြပါတော့.........
မြန်မာနိုင်ငံမှာ ၀မ်းနည်းစရာ ကောင်းတာက သာသနာတော်အတွက် နိုင်ငံအတွက် ဘာမှအကျိုးမရှိ လူတွေကို လမ်းမှားစေတဲ့ အဲဒီနတ်ဘုန်းကြီးတွေ ဓါတ်ဘုန်းကြီးတွေဆီမှာ သွားပြီးပုံအောလှူဖို့ဆိုရင် ၀န်မလေးကြပါဘူး။ ဒါပေမဲ့ ပြည်သူတွေအတွက် မျက်စိတွေ၊နားတွေ၊ အသိဥာဏ်တံခါးတွေ ဖွင့်ပေးမဲ့ စာကြည့်တိုက်တည်ထောင်တာတွေ၊ ပညာရေးအခမဲ့ သင်တန်းတွေ တည်ထောင် ဖွင့်လှစ်တာဆိုရင် စိတ်မ၀င်စားကြပါဘူး။
စိတ်မ၀င်စားတဲ့အပြင် စစ်အုပ်စုရဲ့ ပိတ်ပင်တားဆီး တာတွေကိုတောင်ခံခဲ့ရဘူးပါတယ်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
http://www.ygnnews.com/2014/06/blog-post_6770.html
နတ်စင်တစ်ရာ ဆရာတော် ဘဒ္ဒန္တဦးပညာတေဇအား မေးမြန်းလျှောက်ထားချက်
အပြည့်အစုံဖတ်ရန် http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
ဝန်းသိုမြို့မှ ပေးစာ...
ဒီမိုဝေယံသို့ ပေးစာ...
သို့ /
ပညာရေးညွှန်ကြားရေးမှူးချုပ်
အမှတ်(၂)အခြေခံပညာဦးစီးဌာန
အထက်မြန်မာပြည်၊ မန္တလေးမြို့ ။
ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့ပညာရေးကဏ္ဍကို စိတ်ဝင်စားကြသူများ သုံးသပ်နိုင်ဖို့ ဒီစာကို ရေးသား လိုက်ရပါတယ်။
ကျွန်မကတော့အငြိမ်းစားယူပြီးဖြစ်တဲ့ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦးပါ။ တစ်နေ့ တော့ကျွန်မအိမ်ကို မိတ်ဆွေတစ်ဦးရောက်လာပါတယ်။ တက္ကသိုလ်ဝင်တန်းတက်နေတဲ့သူ့ မြေးအကြောင်းလာပြောတာပေါ့။
ခေတ်သစ်ပညာရေးကဏ္ဍမှာဘော်ဒါဆောင်တွေကြီးစိုးနေပေမယ့်သူ့ မြေးကိုတော့ဘော်ဒါဆောင်မထားပါ ဘူးတဲ့။အိပ်ချိန်မမှန်၊ စားချိန်မမှန်လောက်အောင်စာဆိုမှ စာရူးမတတ် ကျက်ခိုင်းနေတာကို မကြိုက်လို့ တဲ့လေ။
ဒီတော့ကလေးကိုအိမ်မှာပဲစာလုပ်ခိုင်းတယ်။ ကျောင်းကပေးလိုက်တဲ့စာကိုတစ်နေ့ စာတစ်နေ့ ပုံမှန် လုပ်ခိုင်းတယ်။ နားမလည်တာရှိရင် မှတ်ထားပြီး ကျောင်းရောက်တော့ပြန်မေးပေါ့။ ကလေးကစာတော်ပါတယ်။အခုတော့သူ့ မြေးအတွက်စိုးရိမ်စိတ်နဲ့ အတူ စိတ်မချမ်းသာစရာရှိ နေတဲ့ အကြောင်းကျွန်မကို ပြောပြပါတယ်။ တခြားတော့မဟုတ်ပါဘူး။ ညနေပိုင်းကျောင်းဆင်းပြီးတာတောင်မှ မနားရသေးဘဲနဲ့ အချိန်ပိုဆက်တက်နေရတဲ့အကြောင်းပေါ့။
သူပြောပြီးတော့ကျွန်မခေါင်းထဲမှာတွေးစရာတွေအများကြီးရှိလာတယ်။ ကလေးဆိုတာ သူများကျောင်းဆင်းရင် ဆင်းချင် တာပါပဲ။ ကျောင်းဆင်း ခေါင်းလောင်းထိုး လိုက်တာနဲ့ အိမ်ကိုတဟုန်ထိုး ပြေးလွှားသွားကြတာကို ကြည့်ရင်သိသာ ပါတယ်။ ဟုတ်တယ်လေ။ သူတို့ ခမျာမှာဟိုဆရာဝင်သင်လိုက်၊ ဒီဆရာဝင်သင်လိုက်နဲ့ တစ်နေ့ လုံးအနားမရ ရှာပါဘူး။ ထိုင်နေရတာပဲ။မပင်ပန်းပါဘူးလို့ မထင်လိုက်ပါနဲ့ ။ ကိုယ်တိုင်တစ်နေ့ လုံးထိုင်ကြည့်ပါ။ သူတို့ လေး တွေမှာထိုင်နေရုံ သက်သက်မဟုတ်ပါဘူး။ ဦးဏှောက်ကလည်း အလုပ်လုပ်နေရတာပါ။ ဒါကြောင့်ကလေးတချို့  ရဲ့  ပြောသံကြားဖူးပါတယ်။ သာယာသံဆိုတာ ကျောင်းဆင်းခေါင်းလောင်း ထိုးတဲ့အသံပါတဲ့။
ခုတော့ကျောင်းဆင်း ခေါင်းလောင်းသံကိုကြားရပေမယ့် အောင်ချက်မြင့်မားရေးခေါင်းစဉ်အောက်က  အချိန်ပိုကြောင့် ကျောင်းပေါက်ဝကို
 ငေးကြည့်ပြီးအိမ်ပြန်ခွင့်မရတဲ့ကလေးတွေခမျာအင်မတန်သနားဖို့ ကောင်းပါ တယ်။
ကလေးတစ်ယောက်ရဲ့ မှတ်ဥာဏ်အားဆိုတာအကန့် အသတ်ရှိပါတယ်။ စာကိုချည်း ဆက်တိုက်အသင်ခံနေရတဲ့ ကလေးတစ်ယောက်ကို အချိန်ပိုဆိုပြီး ကျောင်းမဆင်းပေးဘဲ ထပ်သင်နေလို့ ရောရနိုင်မယ်ထင်ပါသလား။
ကြာရင်ကလေးတွေဘာဖြစ်လာမလဲ။ စိတ်ကျတာတွေ၊ စိတ်တို လွယ်တာတွေပဲဖြစ်လာပါလိမ့်မယ်။
သင်တိုင်းသာတတ်မယ်ဆိုရင်တိရစ္ဆာန်လေးတွေတောင်ပညာရှိက၀ိတွေဖြစ်နိုင်ပါလိမ့်မယ်။ စာသင်တဲ့ဆရာ၊ဆရာမတွေကို အပြစ်ဆိုချင်တာမဟုတ်ပေမယ့် ကလေးတွေဖက်ကိုလည်းတွေးပေးဖို့ ပြောချင်တာပါ။ ကလေးဆိုတာကစားချိန်ကစား၊ နားချိန်မှာနား၊ စာကျက်ချိန်စာကျက် အားလုံးမျှမျှတတ ဖစ်မှကောင်းပါတယ်။ စေတနာဆိုတဲ့စကားလုံးကြီးနဲ့ ပစ်ပေါက်ပြီး စာချည်းလှိမ့်သင်နေလို့ ကတော့စာကြောက်ပြီး စိတ်တိုလွယ်တဲ့ ကလေးတွေဖြစ်လာမှာ မလွဲမသွေပါပဲ။ ဒါကကလေးတွေဖက်ကစဉ်းစား
ပေးတာပါ။
ကဲဆရာဆရာမတွေဖက်ကို လှည့်ပြီး စဉ်းစားပေးကြဦးစို့ ။
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ဝန်းသိုမြို့ နယ် ဆိုတာသစ်တောတွေနဲ့ စိမ်းလန်းပြီးနေချင်စ ဖွယ်မြို့ လေးတစ်မြို့ ပါ။ မနက်ဈေးဆို လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေသစ်သီးတွေကိုလည်းဈေးချိုချိုနဲ့  ၀ယ်ယူနိုင်ပါသေးတယ်။ ကျွန်မကတော့မနက်တိုင်း ကိုယ်တိုင်ဈေးသွားလေ့ရှိပါတယ်။ ကြာလာတော့ဈေးသည် တွေနဲ့ ခင်မင်ရင်းနှီးလာပါတော့တယ်။
တိုးပေးလိုက်တဲ့လစာနဲ့ မကာမိအောင်လိုက်တိုးတတ်တဲ့ ခေတ်ကာလကုန်ဈေးနှုန်းရဲ့ ဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့  ဈေးသည်ဆရာမ လုပ်နေကြရရှာတယ်။ မြို့ နယ်ကခေါင်းစဉ်အမျိုးမျိုးနဲ့ ဖြတ်တောက်ပြီးလို့ ကျန်တဲ့လစာလေး ကိုခြစ်ခြစ်ချုပ်ချုပ်သုံးရင်း အသက်၀၀မရှူနိုင်ခဲ့တာကြာပြီပေါ့ ဆိုတဲ့ ဆရာမတစ်ယောက်ရဲ့ ရင်ဖွင့်သံက ကိုယ်ပါ အသက်ရှူကျပ်မိပါတယ်။ ဆရာမတစ်ယောက်ကတော့ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ ဈေးသည်ဆရာမ လုပ်ရတာမရှက်ပါဘူးတဲ့။
ရိုးရိုးသားသားဈေးရောင်းစားတာကိုရှက်စရာလို့ လဲမမြင်ဘူး။ ပြောင်းရွှေ့ အော်ဒါတစ် စောင်ရွေးခကို ၁၀၀၀၀(တစ်သောင်းကျပ်)၊ ရာထူးတိုးအော်ဒါတစ်စောင်ရွေးခကို ၁၅၀၀၀(တစ်သောင်းခွဲကျပ်) တောင်းစားနေတဲ့ မြို့ နယ်ပညာရေးမှူးဒေါ်မေလွင်ဇင်၊ နေ့ စားလပေးအလုပ်ရချင်ရင် သုံးသိန်းကနေ ခြောက်သိန်းအထိတောင်းစားနေတဲ့ ဒေါ်တင်ဝင်းကြည် တို့  ၊အသေးသုံးချပေးသမျှကို အိပ်ထဲထည့်ပြီး ရွှေဝယ်ဝတ်နေတဲ့ ကျောင်းအုပ်တွေထက်စာရင် လစာနဲ့ မလောက်လို့ မနက်ခင်းဈေး ရောင်းတာသိက္ခာအပြည့်အ၀ရှိတယ်ဆိုပဲ။
အထက်အဆင့်ဆင့်က အလကားပေးလိုက်တဲ့ အော်ဒါတွေက ၀န်းသိုမြို့ နယ်ကိုရောက်မှ ဈေးကြီးပေးဝယ်နေ ရတယ်တဲ့လေ။ ရာထူးတိုးလို့ ပျော်ရမယ်မထင်နဲ့ အော်ဒါရွေးခ မပေးရင်ထုတ်မပေးဘူး။ ဒါတွေကိုအထက်က မသိဘူးလားလို့ မေးတော့ သိလည်း အရေးမှမယူတာ။ ဒါမှမဟုတ်သူတို့ ကိုယ်တိုင်က လုပ်စားခွင့်ပေးထား တာလည်းဖြစ်နိုင်တာပဲ။ သူတို့  ကပြောတယ်။ တိတိကျကျတိုင်ရင် အရေးယူမယ်လေးဘာလေးနဲ့ ။
 သူတို့ သိလည်းဘာမှ မလုပ်ပေးတာ လူတိုင်း သိတယ်။ တိုင်လည်းအလကားပဲ။ သူတို့ ကတိုင်ရင် တိုင်တဲ့သူကို ရိုက်တတ်တယ်လေ။ လို့ ဖြေပါတယ်။
တဆက်တည်းမှာပဲကျောင်းမှာသင်နေတဲ့အချိန်ပိုကိစ္စကိုမေးကြည့်တော့…….
ကျောင်းအုပ်က သင်ဆိုတော့လည်း သင်ရတာပေါ့။ ဒါပေမယ့်အချိန်ပိုကိုကလေးတွေစိတ်ဝင်တစားမရှိလှပါဘူး။ တစ်နေ့ လုံးစာသင်နေရတာဆိုတော့ တော်တော်ပန်းနေပြီပေါ့။ ကလေးတွေလည်းပန်း၊ ဆရာမတွေလည်းပန်း။
နှစ်ဦးနှစ်ဖက်ပင်ပန်းနေတဲ့အချိန်မှာ ခေါင်းထဲကို အတင်းရိုက်ထည့်ခိုင်းနေတော့ ကလေးတွေကို သနားမိတယ်။ မသင်လို့ ကလည်း မဖြစ်ဘူးလေ။ အမိန့် ပေးတာဆိုတော့လုပ်ရတာပေါ့။ တစ်ကယ်ဆိုကလေးတစ်ယောက်ကို အဲ့ဒီလောက်အထိသင်လို့ မရဘူး။ နားချိန်ပေးရမယ်။ ဒါမှကျောင်းက သင်လိုက်တဲ့ စာတွေကိုအိမ်မှာ ပြန်လေ့လာ နိုင်မှာပေါ့။ ဦးဏှောက်ကို အနားပေးချိန်နည်းလွန်းတော့ ကလေးတွေကမပျော်ရွှင်တော့ဘူး။ ကျောင်းကိုကြောက်လာတယ်။ စာကိုကြောက်လာတယ်။
တချို့ ကလေးတွေဆိုစိတ်တိုစိတ်ဆတ်ပြီး ခဏခဏ ရန်ဖြစ်တာမျိုးတွေအထိရှိလာတယ်။ ကျွန်မတို့ ဝန်းသိုမြို့ နယ်က အလွတ်ကျက်ဖြေစံနစ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာစံပြုလောက်ပါရဲ့ ။ ဆရာမတွေလည်းကျောင်းဆင်းလို့ အိမ်မပြန်ရ။ ကျောင်းသားကျောင်းသူတွေလည်း အတန်းထဲမှာတပိန်ပိန်တလိန်လိန်နဲ့ ။ ကျောင်းအုပ်ကတော့သူနာမည်ကောင်းရတော့မယ်ဆိုပြီးတပြုံးပြုံးနဲ့ ပေါ့။ တကယ်က ကလေးတွေရဲ့ ဥာဏ်ရည်ကိုသတ်နေတာဆိုတာသိဖို့ ကောင်းတယ်။ ဦးဏှောက်ဆိုတာစဉ်းစားချိန် မရှိရင်မထက်မြက်နိုင်ဘူးလေ။ နည်းနည်းသင်၊ များများလေ့လာဆိုတဲ့စကားကို ၀န်းသိုမြို့ နယ်ကမေ့နေတာ။ လို့ ပြောပြပါတယ်။
ကျွန်မတို့ ခေတ်မှာလည်း ထူးချွန်ထက်မြက်တဲ့သူတွေအများကြီးပေါ်ထွန်းလာခဲ့ဖူးပါတယ်။
ဒါပေမယ့်ဒီလောက်အထိဆိုးဆိုးရွားရွားစာဆိုမှစာ မလုပ်ခဲ့ရပါဘူး။ စာသုံးလေးမျက်နှာကို ခဏနဲ့ ရတယ်။  ကျောင်းဆင်းတာနဲ့ ကစားနိုင်တယ်။ နားနိုင်တယ်။ ခုခေတ်ပညာရေးဌာနကလူကြီးတွေဆိုတာလည်း ကျွန်မ    နဲ့ တစ်ခေတ်တည်းဖြတ်သန်းလာခဲ့ကြဖူးပါလိမ့်မယ်။ ဒါနဲ့ များတောင်ဘာကြောင့် အနားမပေးပဲစာကိုချည်းသင် မှအောင်မြင်မယ်ဆိုတဲ့ အတွေးအမြင်နဲ့ အမိန့် ပေးစေခိုင်းနေရသလဲဆိုတာမပြောတတ်တော့ပါဘူး။ စာတစ်ခုကလွဲပြီးကျန်တာ ဘာမှမသိတော့အာင်များ တမင်တကာ လုပ်ယူနေလေရော့သလား။ ကျွန်မရဲ့  အယူအဆကတော့ ဘုရားဟောထားသလိုအလယ်အလတ်ကျင့်ပါဆိုသလို စာသင်ချိန်စာသင်၊ နားချိန်မှာနားစေချင်တာပါပဲ။ ကျောင်းဆင်းခေါင်းလောင်းသံကိုကြားရပေမယ့် သူတို့ နဲ့ မသက်ဆိုင်သလို အတန်းထဲမှာငုတ်တုတ်ထိုင်နေရတဲ့ကလေးတွေကိုသနားကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဟော….. ပြောရင်းဆိုရင်း ပင်ပန်းနွမ်းနယ်နေတဲ့ ခြေလှမ်းတွေနဲ့ အစိမ်းအဖြူဝတ်စက်ရုပ်လေးတွေ ကျွန်မအိမ် ရှေ့ ကနေဖြတ်သွားကြလေရဲ့ ။
(မှတ်ချက်။     ။ အခုရေးခဲ့တာတွေ အားလုံးက၀န်းသိုမြို့ နယ်မှာ ဖြစ်နေတဲ့တစ်ကယ့်ဖြစ်ရပ်မှန်တွေပါ။ တခြားတခြားသော ရေးစရာတွေအများကြီး ကျန်ရှိနေပါသေးတယ်။ နောက်များ အလျင်းသင့်ရင် ဆက်ရေးပါဦးမယ်။ ကျွန်မနဲ့  ဘောထားခြင်း တိုက်ဆိုင်သည်ဖြစ်စေ၊  မတိုက်ဆိုင်သည်ဖြစ်စေ စာဖတ်သူယူဆချင်သလို ယူဆနိုင်ပါတယ်။ ဒီစာကိုတင်ပေးတဲ့ Admin ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်။)
ဝန်းသိုမီးမောင်း
အင်းလျားကန်ဘောင်အတွက် ပေးဆပ်မှုများ ..
အင်းလျားကန်ဘောင်အတွက် ပေးဆပ်မှုများ 
အများပြည်သူ အပန်းဖြေလျှက်ရှိကြသည့် အင်းလျားကန်ဘောင်သို့ လာရောက်၍ အပန်းဖြေကြ သော မိဘပြည်သူများတို့အတွက် စည်ပင်သာယာအဖွဲ့မှ အမှိုက်ပုံးများ ထားရှိပေးထားသော်လည်း စည်း ကမ်းမဲ့စွာ အသိတရားမရှိသော၊ နိုင်ငံကြီးသားမပီသ သူတစ်ချို့၏ စွန့်ပစ်ထားသောအမှိုက်များ၊ ပုလင်း များ၊ ရေသန့်ဗူး၊ ကြွပ်ကြွပ်အိတ်များ၊ သံဗူးများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် နှင့် အသင်းသား/သူများအပြင် သဘာဝ ပတ် ဝန်းကျင် သန့်ရှင်းရေးအား စိတ်ပါဝင်စားကြသော ရွှေပြည်သာမြို့နယ် "အာယုသုခ ပရဟိတလူငယ်များ" နာရေးအသင်း၊ မင်္ဂလာဒုံမြို့နယ် "ပုညကာရီ" နာရေးအသင်း၊ အင်းစိန်မြို့နယ် "ဗြဟ္မဝိဟာရ လူငယ် ပရဟိတအဖွဲ့" စုစုပေါင်း ပရဟိတအင်အား (၅ဝ) ဦးခန့်တို့ဖြင့် အင်းလျားကန်ဘောင်ပေါ်ရှိ မြက်ခင်းပြင်၊ အင်းလျားကန်လမ်းတလျှောက်နှင့် စားသောက်ဆိုင် ပတ်ဝန်းကျင်တဝိုက်ရှိ အမှိုက်များအပြင် ပြည်လမ်း အင်းလျားကန်ဘောင်တလျှောက် ရေမြောင်းကြီးများထဲရှိ ချိတ်တွယ်နေသော အမှိုက်များအား နံနက် (၇း၃ဝ) နာရီအချိန်မှ (၁၁းဝဝ) နာရီအထိ သွားရောက်၍ ကောက်ယူရှင်းလင်းပေးခဲ့သည်။
ထို့နောက် "ကိုယ့်အမှိုက် ကိုယ်ရှင်း" ဟူသော သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ရိုက်နှိပ် ထားသော စတေကာများအားလည်း ကန်ဘောင်ပေါ်ရှိအမှိုက်ပုံးများ၊ ဈေးဆိုင်ခန်းများတွင် စနစ်တကျ လိုက်လံ ကပ်ပေးခဲ့ခြင်းနှင့် လက်ကမ်းစာရွက်များ ဝေငှပေးခဲ့သည်။ ရေထဲ၌ အမှိုက်များအား ဆယ်ယူရာ တွင် ရွံနွံ့ထဲ နစ်မြှုပ်နေသော အရက်ပုလင်း၊ ဝိုင်ပုလင်း၊ ဘီယာပုလင်းကွဲများ တွေ့ရှိရ၍ အထူးသတိပြု ကောက်ယူရှင်းလင်းခဲ့ရသည်။ အများပြည်သူ အပန်းဖြေရာနေရာတစ်ခုတွင် ဤကဲ့သို့ အန္တရာယ်ဖြစ်နိုင် သည့်အမှိုက်များ၊ အမြင်မသင့်လျော်သော အမှိုက်များအား လူသားချင်း ကိုယ်ချင်းစာစိတ် မွေးဖွား၍ သတ် မှတ်ထားသော အမှိုက်စွန့်ပစ်ရာ အမှိုက်ပုံများတွင် စည်းကမ်းစနစ်ကျစွာ စွန့်ပစ်ခြင်းဖြင့် နိုင်ငံဂုဏ်အား မြှင့်တင်ကြပါရန် နှိုးဆော်လိုက်ရပါတော့သည်။
နာရေးကူညီမှု အသင်း (ရန်ကုန်)
အိမ်ခြံ၊ မြေ၊ တိုက်ခန်းရှာသူများအတွက် အကောင်း ဆုံး Smartphone Apps..
အိမ်ခြံ၊ မြေ၊ တိုက်ခန်းရှာသူများအတွက် အကောင်း ဆုံး Smartphone Apps
သမာရိုးကျ စနစ်ဖြစ်တဲ့ သတင်းစာနဲ့ အေးဂျင့်များမှ တဆင့် အိမ်၊ခြံ၊မြေ၊ တိုက်ခန်းများ ရှာတဲ့ ခေတ်ဟာ တဖြည်းဖြည်း နဲ့ ဒီဂျစ်တယ် ရှာဖွေရေး စနစ်သို့ ကူးပြောင်းလာပါပြီ။
ယနေ့ မြန်မာပြည် မြို့ပြကြီးများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မြို့တွေမှာ ပြည်သူများအနေနဲ့ အင်တာနက်မှမိမိ ကြိုက်နှစ်သက်ရာ အိမ်၊ခြံ၊မြေ၊ တိုက်ခန်း၊ ကွန်ဒို များကို လွယ်ကူ သက်သာစွာရှာဖွေ နေတယ်ဆိုတာကို တွေ့ နိုင်ပါတယ်။ ယခုလို ရှာဖွေတဲ့ စနစ်ဟာ ကွန်ပြူတာ သုံး အင်တာနက် မှသာမက မိုဘိုင်း အခြေခံ အင်တာနက်မှလည်း အသုံးပြုရှာဖွေနိုင်ပါပြီ ။ မိုဘိုင်းမှ တဆင့်ရှာဖွေတဲ့ စနစ် ဟာနောက်ဆုံးသုံး စနစ်နဲ့ လွယ်ကူစွာ ရှာဖွေတဲ့ စနစ်ဖြစ်တဲ့ အတွက်ကြောင့် အသုံးပြုသူများ အတွက် အကောင်းဆုံးသော user experience ကိုပေးပါတယ်။ ဒီတော့် ယနေ့မြန်မာပြည်အတွင်း အကောင်းဆုံးဖြစ်တဲ့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ကွန်ဒို များရှာတဲ့အခါမှာ အသုံးပြုတင့်တဲ့ Android Apps နဲ့ iOS Apps ကို တင်ပြသွားလိုပါတယ်။
ငွေထိန်းချုပ်နည်းနဲ့ ရှာဖွေသည့် အကောင်းဆုံး Apps များ
အိမ်၊ခြံ၊မြေ၊တိုက်ခန်းများ ဌားရန်သို့မဟုတ် ရောင်းတဲ့ အခါမှာ ပထမဦးစွာသိထားဖို့လိုတာကတော့် မိမိရဲ့ ငွေ ဘယ်ကို ရောက်သွားနိုင်တယ်ဆိုတာကိုကြိုတင်သိထားခြင်းဖြစ်ပါတယ်။ ဒီအတွက် Android သုံးသူများအနေနဲ့ Moneywise Apps ဖြစ်တဲ့ မိမိရဲ့ အသုံးငွေကို စီမံခန့်ခွဲပေးတဲ့ Apps ကို သုံးရင် ပိုပြီး အဆင်ပြေပါတယ်။ ဒီ Apps ဟာ ဘဏ္ဍာငွေကို အကောင်းဆုံး နည်းစနစ်နဲ့ ထိန်းပေးတဲ့ Android Apps ဖြစ်ပါတယ်လို့ Lifehacker က 2012 မှာ အသိအမှတ်ပြုသွားပါတယ်။ iOS အတွက်ကတော့် Mint ဆိုတဲ့ အသုံးစရိတ် ကို ထိန်းချုပ်ပေးတဲ့ Apps ဖြစ်ပါတယ်။
အိမ်ခြံ မြေ တိုက်ခန်း များ အတွက် သိတင့်သည့် ဝေါဟာရများဖော်ပြပေးသည့် အကောင်းဆုံး Apps များ
မိတ်ဆွေအနေနဲ့ အိမ်ခြံမြေ အတွက် professional usage အသုံးအနှုန်း များကို အင်္ဂလိပ်ဘာသာအားဖြင့်သိဖို့လိုပါတယ်။ ဒါကြောင့် အကောင်းဆုံး အိမ်ခြံမြေသုံး Apps ဖြစ်တဲ့ Glossary of Real Estate Terms နှင့် Kaplan Real Estate Terms app များကို အသုံးပြုနိုင်ပါတယ်။ အေးဂျင့်များ နှင့်အိမ်ခြံမြေအကြောင်း ကျွမ်းကျင်လေ့လာသူများ အနေနဲ့ သာမာန်သူများ နားမလည်နိုင် သည့် အသုံး အနှုန်းများကို မကြာခဏသုံးလေ့ရှိပါတယ်။ ဤ Apps များကို အသုံးပြုခြင်းအားဖြင့် သတင်းအချက် အလက် နဲ့ သိတင့််တဲ့ အိမ်ခြံမြေအရောင်းဝယ် သုံး ဝေါဟာရများကို သိမှာဖြစ်ပါတယ်။
အိမ်ခြံမြေ ရှာရန်အတွက် အကောင်းဆုံး Apps များ
မြန်မာနိုင်ငံအတွင်း လွန်ခဲ့ တဲ့ ဇူလိုင်မှာ http://www.house.com.mm/ မှ Android Apps ကို အိမ်ခြံမြေ ရှာသည့် ပထမဦးဆုံး Apps အနေနဲ့ ဈေးကွက် မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဤ Apps ဟာအိမ်၊ ကွန်ဒို နှင့် တိုက်ခန်များ ရောင်း၊၀ယ်လိုသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးတဲ့ Apps ဖြစ်ပါတယ်။ လောလောဆယ်မှာတော့် house apps မှ မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေတိုက်ခန်းပေါင်း ၂၀၀၀၀ ကျော်ကို လွယ်ကူစွာ ရှာနိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။
မိတ်ဆွေရဲ့ ချေးငွေ အပေါင် ပစ္စည်း ကို အကောင်းဆုံး စီမံခန့်ခွဲပေးသည့် Apps
ဈေးကွက်မှာ ချေးငွေ အပေါင် ပစ္စည်း ကို စီမံခန့်ခွဲပေးသည့် Apps တော်တော်များများရှိနေပါပြီ။ အသင့်တော်ဆုံး Apps များကတော့် Karl’s Mortgage Calculator နဲ့ Mortgage Calculator များဖြစ်ပါတယ်။ ဒီ Apps နှစ်ခုကတော့် အတိုးငွေ၊ အမြတ် နဲ့ ကြိုတင်ပေးရမယ့် စနစ်များကို သင်ပြပေးတဲ့ Apps ဖြစ်ပါတယ်။
အိမ်မပြောင်းခင် သုံးသင့်သည့် အကောင်းဆုံး Apps များ
မိတ်ဆွေ အနေနဲ့ အိမ် တိုက်ခန်း ကို ပြုပြင်ပြောင်းလည်းသို့မဟုတ် ရွှေ့ပြောင်းခြင်း ပြုလုပ်လိုပါက တိုင်းထွာသည့် Apps ဖြစ်တဲ့ My Measures & Dimensions ဟာ အကောင်း ဆုံးဖြစ်ပါတယ်။ ဤ Apps ဟာ ဓာတ်ပုံနှင့် တကွ တိုင်းထွာသည့် စနစ်ကိုပေး သည့်အတွက် သုံးသူများအတွက် ပို၍ အဆင်ပြေနိုင်ပါတယ်။
Admin
ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..
ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..
ရခိုင်အရေးဖြစ်တော့ ရိုဟင်ဂျာဆိုသူတွေ မြန်မာနိုင်ငံသားမဟုတ် ခေါ်လိုသည့် နိုင်ငံများ ခေါ်ယူသွားကြပါ ဆိုပြီး မိဘပြည်သူများ ခင်ဗျားမှ ထုံးစံအတိုင်း အချိန်ကိုက် နတ်သံနှော ညာသံပေးတော့ ဒါမှ တို့သမ္မတကြီး ဆိုပြီး ထောက်ခံပွဲတွေ ချိမ့်ချိမ့်သဲပေါ့..။ ပြီးတော့ ထုံးစံအတိုင်း အဖျားရှူးပေါ့။
နောက်တခါ အဆိုပါ ညာသံပေးပြီး မကြာမှီမှာပဲ (OIC)ကို ဝင်ခွင့်ပြုမယ်ဆိုပြီး တို့ပြည်သူတွေဘက် မျှားဦးလှည့် လာလို့ ကန့်ကွက်လိုက်ရတာလည်း ဖတ်ဖတ်မောပေါ့။
ယခု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီ... တဲ့ကဲ ဘာကြောင့် ပြန်ခေါ်ယူရတယ်ဆိုတာ မိဘပြည်သူများ ခင်ဗျားဆိုပြီး နတ်သံနှောပြီး ဖြစ်ကြောင်းရယ် ကုန်စင် ပြန်လည် ရှင်းပြပေးဖို့ တောင်းဆိုပါရစေ။ ဒီတခါ ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ ကိစ္စမှာ အရင်တခါလိုပဲ ပြည်သူ့ဆန္ဒဆိုပြီး နတ်သံနှော မမေးမြန်းတော့ ပေဘူးလား။ ပြည်သူတွေရဲ့ ဆန္ဒပါပါရဲ့လား။ အဆိုပါ ပြန်လည်ခေါ်ဆောင်မဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေဟာ တပါးသူဆီမှာ အငှားကိုယ်ဝန်ဆောင်ပြီး မွေးထားတဲ့ မြန်မာနိုင်ငံသားတွေ စစ်စစ်တွေ ဟုတ်ပါသလားခင်ဗျာ...။
အပေါ်မြှောက်လိုက် ရိုက်ချလိုက် အပြောတမျိုး အလုပ်တမျိုးလုပ်နေတဲ့ လုပ်ရပ်တွေ အတွက်
ကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်ပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်စရာတွေ ပြင်ဆင်ရအောင်ပါ..။
အမြဲတမ်း ပြည်သူတွေ Tempo တက်နေချိန်မှာ သခင်မျိုးဟေ့ တို့ဗမာလုပ်လိုက် အချိန်ကြာသွားလို့ မေ့လောက်ပြီဖြစ်မှ သခင်မျိုးဟေ့ တို့မပါဆိုပြီး အဖျားရှူးသွားတတ်တဲ့ မိဘပြည်သူများ ခင်ဗျား ခင်ဗျာ.... လွှတ်တော်အတွင်းမှ ဆင်၊ မျောက်၊ ခါဘင်္ဂလီ (၃)ဦး အကြိုက် လုပ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ အစစ်အမှန် မိဘပြည်သူများ ကိုယ်စား.. မိဘပြည်သူများ ခင်ဗျားအား တိုက်တွန်းအပ်ပါတယ်။
ဒီမိုဝေယံ
(သတင်း).. အစုံအလင်ကတော့
ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီဟုဆို
ဒါကာ၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည် ခေါ်ယူခြင်းလုပ်ငန်းအား ၂ လ အတွင်း ပြန်လည် စတင်ရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုသည်။
“စိစစ်ပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံတာကို ၂ လအတွင်း စတင်ဖို့ သဘောတူ ခဲ့ပြီး မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ၃၂၀၀၀ အနက် ၂၄၁၅ ဦးနဲ့ စတင်မှာပါ။ ဒါ ဟာ အရေးပါတဲ့ ရလဒ်အဖြစ် မှတ်ယူထား ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မဒ်ရှဟီဒူဟဇ်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံခြားရေးရုံးများ၏ ၈ ကြိမ်မြောက် အစည်းအဝေး တွင် ထိုသို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီဒုက္ခသည် များနှင့် ၎င်းတို့၏ သားသမီးများ ကို ပြန်လည်ခေါ်ယူရန် ကော်မတီတစ်ခု ဖွဲ့စည်းမည်ဟု မြန်မာနိုင်ငံက သဘော တူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခန့်မှန်းချက်အရ ၁၉၉၁ နောက်ပိုင်း မြန်မာ စစ်အစိုးရ ၏ ဖိနှိပ်မှုကြောင့် ထွက် ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည် ၂၅၀၈၇၇ ဦးရှိသည် ဟု ဆိုသည်။ ၎င်းတို့အနက် ၂၃၆၅၉၉ ဦးအား ၂ နိုင်ငံ သဘောတူညီမှုအရ UNHCR ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။ ၂၀၀၅ တွင် ဘင်္ဂါလီ ဒုက္ခသည် ၉၂ ဦး ပြန်ပို့ခဲ့ပြီးနောက် ထိုလုပ်ငန်းစဉ် ရပ်တန့်သွား ခဲ့သည်။
လက်ရှိတွင် ကော့ဘဇားခရိုင်အတွင်း ကူတူ ပါကောင်းနှင့် နာယာပါရာရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ဘင်္ဂါလီဒုက္ခသည် ၃၂၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ၂၀၀၄ က ထို ဒုက္ခသည်စခန်းများတွင် မိသားစု ၂၉၇၆ စုနှင့် လူဦးရေ ၁၉၈၄၁ ဦး ရှိသော်လည်း မွေးဖွားနှုန်း မြင့်မားသဖြင့် လူဦးရေ အလျင်အမြန် တိုးပွား လာနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။
ဒုက္ခသည်စခန်းများ၏ အပြင်ဘက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီ ဒုက္ခသည် ၃၀၀၀၀၀ နှင့် ၅၀၀၀၀၀ အထိရှိသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုပြီး အဆိုပါ ဒုက္ခသည်များအရေး ဆွေးနွေးရန် အစည်း အဝေးတွင် ပြောကြား ခဲ့သော်လည်း မြန်မာဘက်က အကြောင်းပြန်ကြားခြင်းမရှိပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ကော့ဘဇာ ဒေသများတွင် တရားမ၀င် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များအား အသေးစိတ် စစ်တမ်းကောက်ယူနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက် သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် က “အကြောင်းအရာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံက ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားကြောင်း ပြသခဲ့ပါတယ်။ ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံဖို့ မြန်မာနိုင်ငံက ရည်ရွယ်ထားကြောင်း ပြသခဲ့ပါတယ်”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
၂၀၀၅ တွင် စီစစ်အတည်ပြုခဲ့သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်စာရင်း အား ပြန်လည် စီစစ်ရန် လုပ်ငန်း ကော်မတီတစ်ခုကို ၂ နိုင်ငံ ပူးတွဲဖွဲ့စည်းမည် ဟု ဆိုသည်။ ထိုဒုက္ခသည်များမှ ၂၀၀၅ နောက်ပိုင်းတွင် မွေးဖွား ခဲ့သူများ ကိုလည်း စာရင်းတွင် ထပ်မံဖြည့်သွင်းမည်ဟု သိရသည်။
“၂ လအတွင်း ပြင်ဆင်မှုတွေပြုလုပ်ပြီး ဒုက္ခသည် တွေ ပြန်လည်ပို့ဆောင်မှု ဘယ်လောက်မြန်မြန်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားမှာပါ။ ဒီဆွေးနွေးပွဲ ရလဒ်အ တွက် ကျွန်တော်တို့ အလွန်ပျော်ရွှင်နေပါတယ်”ဟု မစ္စတာ ရှဟီဒူဟဇ် က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲမှာ ၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အား မစ္စတာ ရှဟီဒူဟဇ်က ဦးဆောင်ကာ မြန်မာ ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော် က ဦးဆောင်ခဲ့သည်။
ငါးခိုးဖမ်းမှု အများစုအပါအ၀င် ပြစ်မှုငယ်များဖြင့် တစ်ဖက်နိုင်ငံ အသီးသီး တွင် ထောင်ဒဏ်ကျခံနေရ သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား များအား အပြန်အလှန် ပြန်လည်ခေါ်ယူနိုင်ရေးကိုလည်း ဆွေးနွေး သဘောတူ ခဲ့သည်ဟု ဆိုသည်။ တရားဝင်ခန့်မှန်းချက်အရ မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များ တွင် မြန်မာနိုင်ငံအား ၁၁၀ ခန့်ရှိသည်။
ဆွေးနွေးပွဲတွင် ၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ၅ နှစ်စာ သဘောတူညီမှု တစ်ခုလည်း ရရှိခဲ့သည်ဟု ဆိုသည်။ လာမည့် နှစ်စပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နိုင်ငံခြားရေးဝန်ကြီး အဆင့် ၂ နိုင်ငံ ပူးပေါင်းကော်မရှင်ဆွေးနွေးပွဲ ပြုလုပ်ရန်လည်း သဘောတူခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ၂ နိုင်ငံ အပြန်လှန် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် အကာအကွယ်ပေးရေးနှင့် နာ့ဗ်မြစ် မြောက်ပိုင်း နယ်နိမိတ် သတ်မှတ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
KHTun
Ref - Daily Star
Photo - UNHCR
Credit.. The Ladies News Journal
U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်သည့် Tokyo U-12 အသင်း ဒုတိယဆုရရှိ..
မောင်ကောင်းဇံမရ ဘာစီလိုးနား တိုက်စစ်မှူးနှင့် တဦးချင်းတွေ့ပြီး အပိုင် ကန်သွင်းခွင့်ရသည့် အပိုင်ဂိုးကို ကာကွယ်စဉ်
U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်သည့် Tokyo U-12 အသင်း ဒုတိယဆုရရှိ..
ယနေ့.ညနေပိုင်း(၃၁)ရက်နေ့ ညနေပိုင်းမှာ ကျင်းပတဲ့ U-12 Junior Soccer World Challenge 2014 ဗိုလ်လုပွဲတွင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 အသင်းမှ လက်ရှိချန်ပီယံ နာမည်ကျော် စပိန် Barcelona အသင်းအား ၂ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ဒုတိယဆု ရရှိခဲ့သည်..။
လူငယ် ဘောလုံးပွဲ ဖြစ်သော်လည်း ဗိုလ်လုပွဲ ဖြစ်သည့် အားလျှော်စွာ လူဦးရေ ၁၀၀၀၀ဆန့်သည့် ကွင်းအတွင်း ပရိသတ်များ အထူးများပြားခဲ့သည်။
မောင်ကောင်းဇံမရ ပါဝင် ကစားခွင့် မရသည့်ပထမပိုင်းတွင် ဘာစီလိုးနား အသင်းမှ ကွင်းတဝက် နီးပါး ဖိကစား ခဲ့ပြီး အနိုင်ဂိုး ၂ဂိုးသွင်းယူခဲ့သည်။
ဒုတိယပိုင်း (၁၈)မိနစ်တွင် မောင်ကောင်းဇံမရ ဝင်ရောက် ကစားခွင့် ရစဉ်ပရိသတ်မှ လက်ခုပ် သြဘာပေးခဲ့ကြသည်။ ဘာစီလိုးနား တိုက်စစ်မှူးနှင့် တဦးချင်းတွေ့ပြီး အပိုင် ကန်သွင်းခွင့်ရသည့် အပိုင်ဂိုးကို ကာကွယ်နိုင်ခဲ့သည်။ ဘာစီလိုးနား အသင်းမှာ ပထမပိုင်းတွင် သွင်းယူခဲ့သော အနိုင်ဂိုး ၂ဂိုးဖြင့်ပင် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့သည်။
ယခုနှစ်အတွင်း Goal Keeper အဖြစ် မောင်ကောင်းဇံမရ ပါဝင်ကစားသည့် Tokyo U-12 အသင်းနှင့် Tokyo Buddy အသင်းတို့သည်.. ဂျာမဏီဘာလင် ဖလား၊ Shimizu Japan ပြည်တွင်းဖလားများတွင် အနိုင်ရဗိုလ်စွဲခဲ့ပြီး ယခုနောက်ဆုံး ကမ္ဘာကျော် ကလပ်အသင်းကြီးများနှင့် ဂျပန်ကလပ်အသင်းများပါဝင်သည့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲတွင်လည်း ထိုက်ထိုက်တန်တန် ဒုတိယဆု ရရှိခဲ့သည်။
မောင်ကောင်းဇံမရသည် နာမည်ကျော် ဂျပန် ကလပ်အသင်းများမှ ခေါ်ယူခဲ့သော်လည်း Tokyo လက်ရွေးစဉ် အသင်းနှင့် ဆက်စပ်နေသည့် Verdy Club အသင်းတွင်သာ ကစားရန် စာချုပ်ချုပ်ဆိုခွင့် ရခဲ့သည်။ လာမည့်ပွဲစဉ်များတွင် နာမည်ကျော် Verdy Clubအသင်း၌ ၃နှစ်စာချုပ်ဖြင့် ဆက်လက် ကစားမည်ဖြစ်သည်။
ဂျပန်နိုင်ငံရောက် မြန်မာမိဘ(၂)ပါးမှ မွေးဖွားသည့် မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့ကဲ့သို့ မြန်မာနိုင်ငံသားများ ဂျပန်နိုင်ငံ ကိုယ်စားပြု လက်ရွေးစဉ် ကလပ်အသင်းများတွင် ပါဝင်ကစားခွင့် ရရှိခြင်းသည် မြန်မာနိုင်ငံသားများ အတွက် ဂုဏ်ယူဖွယ် ဖြစ်ပြီး မြန်မာနိုင်ငံများ ဖြစ်သည့်အတွက် အနာဂတ် မျိုးဆက်သစ် မြန်မာ့လက်ရွေးစဉ် အသင်းအတွက်လည်း အားတက်ဖွယ် ဖြစ်သည်။
သတင်း ဒီမိုဝေယံ
ဓာတ်ပုံ ဒီမိုဝေယံ၊
ဓာတ်ပုံ U-12 Junior Soccer World Challenge 2014
ဆက်သွယ်မေးမြန်းလိုလျှင်..
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် ( မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941) (Viber available) , 81+90-5559-0558 (Viber available) တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်..။