ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label အသံဖိုင်များ. Show all posts
Showing posts with label အသံဖိုင်များ. Show all posts

နားမထောင်ရသေးသူများ အတွက် ဆရာညီမင်းညိုရဲ့ ၂၈.၂.၂၀၁၄ တောင်ဥက္ကလာပ စာပေဟောပြောပွဲ အသံဖိုင်ပါ ...

နားမထောင်ရသေးသူများ အတွက် ဆရာညီမင်းညိုရဲ့ တောင်ဥက္ကလာပ ၂၈.၂.၂၀၁၄ စာပေဟောပြောပွဲ အသံဖိုင်ပါ ...

နားထောင်ချင်ရင်
https://soundcloud.com/demowaiyen/sayar-nyi-min-nyo
ဒေါင်းလုပ်လုပ်ချင်ရင်...
http://www.mediafire.com/listen/n937kas35tquv4r/Sayar_Nyi_Min_Nyo.mp3

အသံဖိုင် Thet Naung Naung Soe ပေးပို့သည်..။

တိုကျိုဆောင်းအကုန် အေးမြတဲ့ ရာသီဥတုကြားက ကျင်းပခဲ့တဲ့ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်နဲ့ ဆရာမောင်သာချိုတို့ရဲ့ ဟောပြောပွဲ အသံဖိုင်များ..

တိုကျို စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်ရဲ့ (အမေနဲ့ အလင်းဆုံးကြယ်).. ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)

၂၀၁ ၄ခုနှစ် မတ်လ(၉)ရက်နေ့န့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲအား နာမည်ကျော် စာပေပညာရှင်များ ဖြစ်ကြတဲ့ ဆရာနေဝင်းမြင့်နဲ့ ဆရာမောင်သာချိုတို့မှ လာရောက်ဟောပြောခဲ့ပါတယ်..။

ယနေ့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲမှာ ဆရာနေဝင်းမြင့်မှ (အမေနဲ့ အလင်းဆုံးကြယ်) ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာမောင်သာချိုမှ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်..။

ကျွန်တော်တို့ ပရိသတ်တွေ မျက်ရည်ဝဲခဲ့ရတဲ့ ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ဟောပြောချက်မှာတော့ လက်ရှိ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူနဲ့ တိရိစ္ဆာန်တောင် မကွဲပြားနိုင်လောက်အောင် ဆင်းရဲတွင်းနက်လွန်းတဲ့ အခြေအနေကို မျက်စိရှေ့မှာ ကွင်းကွင်းကွက်ကွက် ပေါ်လာနိုင်အောင် ကဗျာနဲ့ မိမိကိုယ်တွေ့ အဖြစ်အပျက်တွေကို တွဲဘက်ဟောပြောခဲ့တာပါ..။

ံHuman resourcesကို သေသေချာချာ ပြုစုပျိုးထောင်ဖို့ မကြိုးစားခဲ့ပဲ အသိမိုက်မဲခဲ့တဲ့ အုပ်ချုပ်သူ အစိုးရတရပ်ရဲ့ အမှောင်ခေတ်အောက်မှာ သယံဇာတကျိန်စာ သင့်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ တရိစ္ဆာန်သာသာ ဆင်းရဲတွင်းနက်နေရတဲ့ အခြေအနေတွေအတွက် ကျွန်တော်တို တဦးချင်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့..

ဒီမိုဝေယံ

ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)

ဒီလင့်ခ်မှာ နားဆင်ပါ..။
https://soundcloud.com/demowaiyan/sayar-mg-tha-cho-tokyo-2-9-03
အချိန်မရတဲ့ အတွက် ဒုတိယပိုင်းကနေ စတင်လိုက်ပါတယ်။

ဒေါင်းလုပ်လုပ်ချင်ရင်
http://www.mediafire.com/listen/7y4ig91581611u3/Sayar_Mg_Thacho_Tokyo1.WMA

http://www.mediafire.com/listen/5qeqxutuohc5ppd/Sayar_Mg_Tha_Cho_Tokyo2.WMA
 

တိုကျို စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်ရဲ့ (အမေနဲ့ အလင်းဆုံးကြယ်).. အသံဖိုင် ဒေါင်းလုပ်ရယူရန်...
https://soundcloud.com/demowaiyan/9-03-2014
 ဒေါင်းလုပ်ခ်လင့် 
 http://www.mediafire.com/listen/o592odn6i88tltl/Sayar_Nay_Win_Myint_Tokyo_9.03.2014.mp3

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျိုတို မြန်မာမိသားစု တွေ့ဆုံပွဲ(ဓာတ်ပုံ၊ ရုပ်သံဖိုင်၊ အသံဖိုင်)


ဒီမိုဝေယံ

၁၅ကြိမ်မြောက် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများရဲ့ "ထွက်ပေါက်မရှာ ဖောက်ထွက်ပါ့လော့ "သံချပ်။ (တိုက်ပွဲခေါ် နှင့် မေတ္တာပို့)

၁၅ကြိမ်မြောက် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများရဲ့
 "ထွက်ပေါက်မရှာ ဖောက်ထွက်ပါ့လော့ "သံချပ်။
 (တိုက်ပွဲခေါ် နှင့် မေတ္တာပို့)
 ဒေါင်းလုပ်ရယူရန်လင့်ခ်  
http://www.mediafire.com/?2ojc26z6ir82u97 အပိုင်း(၁)
http://www.mediafire.com/?2hjasnhcaxcvfyn အပိုင်း(၂)

အမေရိကန် သမ္မတ အိုးဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တွေ့ဆုံမှု အသံဖိုင်

အမေရိကန် သမ္မတ အိုးဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တွေ့ဆုံမှု အသံဖိုင် - DVB Live

နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ရဲ့ (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ) ဓာတ်ပုံ၊ အသံဖိုင်

ဓာတ်ပုံများအတွက် ဦးသန်းဝင်းအား ကျေးဇူးတင်ပါသည်
ဂျပန်နိုင်ငံသို့ သြဂုတ်လ(၁၀)ရက်နေ့က ကြွရောက်လာတဲ့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟာ ယနေ့ သြဂုတ်လ (၁၂)ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားရေအေး တိုက်ကြွေးခဲ့ပါတယ်..။ ယနေ့ ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲသို့ ဂျပန်နိုင်ငံရောက် ဗုဒ္ဓဘာသာဝင် သူတော်စင် တရားနာ ပရိသာတ်အပေါင်းမှ ခန်းလုံးပြည့်မျှ လာရောက် တရားတော် နာယူခဲ့ကြပါတယ်..။ လာမယ့် သြဂုတ်လ(၁၉)ရက်နေ့ မှာလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် တရားရေအေး ဆက်လက် တိုက်ကြွေးမှာ ဖြစ်ပါတယ်..။
ဆရာတော်ဟာ တိုကျိုမြို့ အီတဘရှိအရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်း၌ သြဂုတ်လ(၁၀)ရက်နေ့မှ သြဂုတ်လ ၁၉ရက်နေ့အထိ သီတင်းသုံး နေထိုင်မှာ ဖြစ်ပြီး သြဂုတ်လ ၂၀ရက်နေ့မှာတော့ အမေရိကန်နိုင်ငံသို့ ဆက်လက် ကြွရောက်သီတင်းသုံးမှာ ဖြစ်ပါတယ်..။ မြန်မာပြည်တွင်း ပရိတလူမှုရေး လုပ်ငန်းတွေနဲ့ ပြည်သူလူထုအတွက် တရားဒေသနာတော်များ ဟောကြားတော်မူနေတဲ့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)အား သာသနာရေးဦးစီးဋ္ဌာနမှ ပြည်တွင်းမှာ တရားဟောကြားခွင့် တနှစ်ပိတ်ပင် ခံထားရပါတယ်..။ ပြည်တွင်းမှာ တရားဟောကြားခွင့် ပိတ်ပင်ခံရပြီး ကျောင်းတိုက်မှ အဓမ္မဖယ်ရှားခြင်း ခံရတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ လက်ထောက်ဆရာတော် ဦးသူရိယ ဆရာတော်(၂)ပါးဟာလည်း အမေရိကန်နိုင်ငံမှာ ဝါဆိုဖို့ ရောက်ရှိနေပါတယ်..။
ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်) (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ-၁)
ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်) (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ-၂)

မန္တလေးမြို့ သေဆုံးခြင်း (အဆိုတော်လင်းလင်း)

မြေယာဥပဒေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ပွဲတစ်ခုနဲ့ ရှိုးပွဲတစ်ခုမှာ အဆိုတော် လင်းလင်းကိုယ်တိုင် တီးခတ်သီဆိုတဲ့ မန္တလေးမြို့ သေဆုံးခြင်းသီချင်း။ နားဆင်ကြည့်ကြပါ... ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ..ဒေါင်းလုပ်ရယူရန်
 http://www.mediafire.com/?ueyiiwccq0uze7t သီချင်းဖိုင် ပေးပို့ပေးတဲ့ ညီငယ်လင်းဆက်အား ကျေးဇူးတင်ပါသည်..။

သွယ်လင်းဆက်မှ သီချင်းစာသားများဖြင့် ပြန်လည် ပုံဖော်သည်..။

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ အသံဖိုင်နှင့် ထုတ်ပြန်ကြေငြာချက်...

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တက်ရောက်ရေး ဆုံးဖြတ်ချက် သတင်းစာရှင်းလင်းပွဲ အသံဖိုင်နှင့် ထုတ်ပြန်ကြေငြာချက်...

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပြန်လည်ဖတ်ရှုရန်..

၇ရက်နေ့ နေလည် ၁နာရီက ကျောက်တံတားရဲစခန်း ရောက်ရှိနေတဲ့ အရှင်ဂမ္ဘီရအား ဆက်သွယ်မေးမြန်းချက် အသံဖိုင်...

၇ရက်နေ့ နေ့လည် ၁နာရီက ကျောက်တံတားရဲစခန်း ရောက်ရှိနေတဲ့ အရှင်ဂမ္ဘီရအား မေးမြန်းချက်ဖြစ်ပါတယ်...။ နောက်ပိုင်း ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီး ၇ရက်နေ့ ည ၁၁နာရီအထိ သီတင်းသုံးရာ ကျောင်းတိုက်သို့ ပြန်လည် ရောက်ရှိခြင်း မရှိသေးပါဘူး... ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ် အကြောင်း မေးမြန်း စုံစမ်းခြင်းဖြစ်ကြောင်း မေးမြန်းချက်မှာ ပါရှိပါတယ်...။ ရွှေဝါရောင် ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရအား သက်ဆိုင်ရာမှ မည်သို့ ဆောင်ရွက်မည်ကို ပြည်တွင်း၊ ပြည်ပမှ စိုးရိမ်စွာဖြင့် စောင့်ကြည့်လျှက်ရှိပါတယ်...။ ပြန်လည်လွတ်မြောက်လာပြီး ပထမအကြိမ် ဖမ်းဆီးခေါ်ဆောင်သွားစဉ်က တရက်အကြာမှာ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်..။

အသံဖိုင်အတွက် ဦးဣသရိယနှင့် ဦးနေမိန္ဒအား ကျေးဇူးတင်ပါသည်...။

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ အား ၆ရက်နေ့ည ၁၀နာရီခွဲခန့်က အရှင်ဂမ္ဘီရအား ရဲသတင်းတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားစဉ် ကားပေါ်မှာဆက်သွယ်မေးမြန်းထားချက် အသံဖိုင်...

ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မြန်မာစံတော်ချိန် ည(၁၀)နာရီခွဲက ရဲအထူးတပ်ဖွဲ့မှ ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားပါသည်...။ မနက်ဖြန် မနက် ပြန်လည်ပို့ပေးမည်ဟု ပြောဆို၍ ဖမ်းဆီးခေါ်ဆောင် သွားပါသည်...။ အရှင်ဂမ္ဘီရအား ရဲမှူးဦးစိုးနိုင်နှင့် အဖွဲ့မှဖမ်းဆီး ခေါ်ဆောင်သွားစဉ် ကားပေါ်၌ အရှင်ဂမ္ဘီရအား ဆရာတော်ဦးဣသရိယမှ ဆက်သွယ်မေးမြန်းထားတဲ့ အသံဖိုင် ဖြစ်ပါတယ်..။

၂၀၀၇ခုနှစ် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီဟာ  ပြီးခဲ့တဲ့ ဇန္နဝါရီလက ၁၃ရက်နေ့က ပြန်လည်လွတ်မြောက် လာပြီးနောက် ယခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် ထပ်မံ ဖမ်းဆီးခေါ်ဆောင် သွားမှုဖြစ်ပြီး ပြီးခဲ့တဲ့လ(၁၉)ရက်နေ့ကလည်း အစိုးရပိုင် သတင်းစာများမှ အရှင်ဂမ္ဘီရအား ဓမ္မစက်အစား အာဏာစက်ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်...။

 ၆ရက်နေ့ည ၁၀နာရီခွဲက အထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးဂမ္ဘီရနဲ့ အင်တာဗျူး by demowaiyan
ဆရာတော် ဦးဣသရိယအား ကျေးဇူးတင်ပါသည်..။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဇိုမီးအမျိုး သားကွန်ဂရက် ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်...

ဇိုမီးအမျိုးသားကွန်ဂရက် မှတ်ပုံပြန်တင်.. by Demo Waiyen
ချင်းပြည်နယ်မှ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီတခုဖြစ်ပြီး ၂၀၁၀ရွေးကောက်ပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့နဲ့ အတူ သပိတ်မှောက်ခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက် ZNC ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်...။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌဦးပူကျင်းရှင်းထန်အား ကိုကောင်းမြတ်မင်းမှ ဆက်သွယ်မေးမြန်းထားတာကို တင်ပြလိုက်ရပါတယ်..။

ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီဟာ လာမဲ့သတင်းပတ်အတွင်းမှာပဲ နေပြည်တော်ကိုသွားရောက်ပြီး ZNC ပါတီအနေနဲ့ ပြန်လည်မှတ်ပုံတင်တော့မှာဖြစ်တယ်လို့ အဲဒီပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ပူးကျင်ရှင်းထန်က အတည်ပြုပြောဆိုပါတယ်။

“ နည်းနည်းလေး မှတ်ပုံတင်ဥပဒေပြောင်းတာတွေရယ်၊ ကြားဖြတ်ရွေးကောက်ပွဲလဲ အခုအဲဒီမှာပြိုင် မဲ့လူတွေအားလုံး စာရင်းပေးနေပြီးဆိုတော့ အခြေအနေအရ တင်လို့ရပြီလို့ ထင်လို့ကျနော်တို့ကတင်ရမှာပါ။ ကျနော် တို့က လွန်ခဲ့တဲ့ စနေနေ့လောက်ကနေပြီးတော့ ကျနော်တို့မှတ်ပုံတင်ဖို့ စည်းဝေးပြီးတော့ ဆုံးဖြတ်ထားတာ။ ”

လက်ရှိနိုင်ငံရေးအရ တပြည်လုံး အတိုင်းအတာနဲ့သက်ဆိုင်တဲ့ မြန်မာနိုင်ငံရဲ့ လိုလားချက်တွေကို တရားဝင်လုပ်ဆောင် လိုတဲ့အတွက် အခုလိုဆုံးဖြတ်ချခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“နိုင်ငံရေးဆိုတာတရားဝင် ဖြစ်မှလုပ်တာ ကောင်းတယ်၊ ခိုးကြောင်ခိုးဝှက် လုပ်တားမျိုးလဲ နိုင်ငံရေး မခေါ်နိုင်ဘူး နိုင်ငံရေးဆိုတာ လူသိရှင်ကြားလုပ်ရမဲ့ဟာတွေ ကျနော်တို့ကတော့လေ ဒီလက်နက်အားကိုးပြီးတော့လုပ် တဲ့ အလုပ် မျိုးလဲမလုပ်ချင်ဘူး၊ ကျနော်တို့ကပြည်သူလူထုကို အားကိုးပြီးတော့ ပြည်သူလူထုထဲမှာနေပြီးတော့ ပြည်သူ လူထုရဲ့သ ဘောထားကို နားလည်တဲ့အခါမှာ အဲဒိသဘောထားအတိုင်း ကျနော်တို့ဆက်လက်သွားဖို့ရည်ရွယ်ပြီးတော့မှ ဒီတရား ဝင်မှတ်ပုံတင်ဖို့က လိုအပ်တယ်ဆိုပြီး ကျနော်တို့ လျှောက်ရမှာဖြစ်ပါတယ် ”

လာမဲ့ကြားဖြတ် ရွေးကောက်ပွဲမှာ ဇိုမီးအမျိုးသားကွန်ကရက်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ လစ်လပ်နေရာမရှိတဲ့ အတွက် ZNC ပါတီဝင်တွေ အေးအေးဆေးဆေး တိုင်ပင်ပြီးမှ ပါတီမှတ်ပုံတင်ရတာ ဖြစ်တယ်လို့ ဥက္ကဋ္ဌ ဦးပူးကျင်ရှင်းထန် ကပြောပါတယ် ခင်ဗျာ။

သတင်း...... ကောင်းမြတ်မင်း

ယနေ့ည ၈နာရီခွဲက မြောက်ဥက္ကလာ လူထုသို့ ကိုမင်းကိုနိုင် ပြောကြားသော မိန့်ခွန်းနှင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာတဲ့ ကိုမင်းကိုနိုင်အား ဒေါင်းအလံတွေ တလူလူနဲ့ ကြိုဆိုကြတဲ့ ပရိသတ် မြင်ကွင်းများ..

ကိုမင်းကိုနိုင်(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)သည် ယခုအခါ(ည ၉ နာရီ ၁၃ မိနစ်ဝန်းကျင်ခန့်) တွင် တောင်ဥက္ကလာမြို့နယ်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ 
(သတင်း ဓာတ်ပုံ EMG)
ဒေါင်းအလံတွေ တလူလူ မြင်ရတဲ့ မြောက်ဥက္ကလာမှ ကြိုဆိုကြတဲ့ လူထုပရိသတ် မြင်ကွင်း...

ယနေ့ည ၈နာရီခွဲက မြောက်ဥက္ကလာ လူထုသို့ ကိုမင်းကိုနိုင်ပြောကြားသော မိန့် ခွန်း by Burma VJ Media
ဒီမိုကရေစီဟာ နှစ်၂၀လောက်ပေးပြီးတိုက်လိုက်တဲ့အခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ဒီမိုကရေစီကို မသွားရင် မရတော့ဘူးလို့ သဘောက်ပေါက်လာရတဲ့ အခြေအနေ ရောက်လာခဲ့ရပြီ၊ (မင်းကိုနိုင်) မြောက်ဥက္ကလာ ကန်သာယာ လမ်းဆုံတွင် ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၈ နာရီခွဲတွင် လူထုသို့ ပြောကြားသော မိန့်ခွန်းမှ ၊(တယ်လီဖုန်း အသံအရည်အသွေး ကျဆင်းနေမှုကို တောင်းပန်အပ်ပါသည်။) (Burma VJ Media)

ဒီဇင်ဘာ၁၇ရက်နဲ့ ၁၈ရက်နေ့မှာ ကျင်းပမယ့် ဟင်္သာတ စာပေဟောပြောပွဲ...

စာပေဟောပြောပွဲ ရုပ်သံဖိုင်
အသံဖိုင်များ ဆက်လက်တင်ပေးပါမည်...။

ဒီဇင်ဘာလ ၄ရက်နေ့က မဲဆောက်မှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှ ဆရာမနုနုရည် (အင်းဝ) ဟောပြောချက် အသံဖိုင်...

ဓာတ်ပုံ ကိုနစ်
ဒီဇင်ဘာလ ၄ရက်နေ့က မဲဆောက်မှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှ ဆရာမနုနုရည် (အင်းဝ) ဟောပြောချက် အသံဖိုင်ပါ..

အသံဖိုင် ပေးပို့တဲ့ ကိုသူလွင်အား ကျေးဇူးတင်ပါသည်..။

ဒီဇင်ဘာလ ၄ရက်နေ့ မဲဆောက်စာပေဟောပြောပွဲ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) အသံဖိုင်..

ဓာတ်ပုံ ကိုလတ်..
ဒီဇင်ဘာလ ၄ရက်နေ့က မဲဆောက်မှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ဟောပြောချက် အသံဖိုင်ပါ..
အသံဖိုင် ပေးပို့တဲ့ ကိုသူလွင်အား ကျေးဇူးတင်ပါသည်..။

ဒီဇင်ဘာလ ၄ရက်နေ့ မဲဆောက်စာပေဟောပြောပွဲ ဆရာချစ်ဦးညို အသံဖိုင်..

 ဓာတ်ပုံ ကိုလတ်
ဒီဇင်ဘာလ ၄ရက်နေ့က မဲဆောက်မှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှ ဆရာချစ်ဦးညို ဟောပြောချက်.. အသံဖိုင်ပါ။

မဲဆောက် စာပေဟောပြောပွဲ (ဆရာချစ်ဦးညို) by demowaiyan
အသံဖိုင် ပေးပို့တဲ့ ကိုသူလွင်အား ကျေးဇူးတင်ပါသည်..။

ပြည်သူဘဏ္ဍာတွေ အလကားဖြုန်းတီးပြီး လယ်သမားတွေရဲ့ လယ်မြေတွေ မတရား သိမ်းခံလိုက်ရတဲ့ ဟင်္သာတ၊ ညောင်တုန်းရထားလမ်းမှ လယ်သမားကြီးများရဲ့ တိုင်ကြားစာ (ရုပ်သံ၊ အသံဖိုင်)

မီးရထားဝန်ကြီး ဗိုလ်ချုပ်အောင်မင်းလက်ထက်က မီးရထားကွန်ယက် (မီးရထားကွန်ယက်တဲ့ဗျာ) လုပ်မယ်ဆိုပြီး ဖောက်လုပ်ခဲ့တဲ့ ဟသာင်္တ၊ ညောင်တုန်း မီးရထားဖောက်လုပ်ရာမှာ လယ်သမားကြီးတွေရဲ့ လယ်မြေတွေကို အဓမ္မသိမ်းယူပြီး ဖောက်လုပ်ခဲ့ပါတယ်...။ တမိုင်ကို မြန်မာငွေ ၁၃၂သန်း အကုန်အကျခံပြီး ၄၉မိုင်ရှည်တယ်လို့ ဆိုပါတယ်..။ (တွက်သာကြည့်ကြပါတော့ အိတ်ထဲရောက်တာ ဘယ်လောက် ရှိမယ်ဆိုတာ)။ ဘုရားစူး မီးရထားလမ်းလို့ မည်ကာမတ္တ (ကစားကွင်းတွေထဲက ကလေးရထားလမ်းသာသာ) ကားရထားသာ သွားနိုင်ပါတယ်..။
 
RP လို့ခေါ်တဲ့ တွဲ(၂)တွဲသာ ပါတဲ့ မနက် ညနေ တရက် နှစ်ကြိမ်သာ ပြေးပြီး စီးမဲ့သူ မရှိတဲ့ ကချော်ကချွတ် တဘက်မြင့် တဘက်နိမ့် ရထားလမ်းလို့ ဆိုပါတယ်..။ ဒီရထားလမ်း ဖောက်လုပ်တဲ့အတွက် မည်သူတွေ အကျိုးဖြစ်ထွန်း သွားပါသလဲ...(စီမံကိန်းပြပြီး ငွေတောင်းတဲ့ အနှီသော ပုဂ္ဂိုလ်များသာ အကျိုးဖြစ်ထွန်းသွားတာပါ) လယ်သမားတွေရဲ့ ကောင်းမွန်တဲ့ လယ်မြေတွေ အဓမ္မအသိမ်းခံလိုက်ရတာပဲ အဖတ်တင်ပါတယ်..။ စီမံကိန်း တွေပြပြီး နိုင်ငံတော် ဘတ်ဂျက် ပြည်သူ့ဘဏ္ဍာတွေသာ ဆုံးရှုံးသွားရတာပါ...။ အဆင့်မြင့်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များမှ ကွင်းဆင်းလေ့လာပြီး ပြန်လည် သုံးသပ်ပေးဘို့ ဟင်္သာတမှ လယ်သမား ဦးကြီးများကိုယ်စား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်..။

ဟင်္သာတ ညောင်တုန်းရထားလမ်း ဖောက်လုပ်ရာမှ လယ်မြေသိမ်းခံရတဲ့ လယ်သမားကြီးများရဲ့ တိုင်ကြားစာ(အသံဖိုင်) by demowaiyan

"(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ စာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်)"

ဗိုလ်ချုပ်ခင်ညွှန့်အားလည်း ဤသို့ စားဖွယ်၊ သောက်ဖွယ်များဖြင့် ဇေကမ္ဘာဦးခင်ရွှေ.. (ဘယ်စွန်) ပုံ On Asia
(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ ဇာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်) by Demo Waiyen

(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ ဇာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်)
by Demo Waiyen အစပိုင်း အနည်းငယ် သည်းခံ နားထောင်ပေးပါရန်...။
သမိုင်းကို ငွေနဲ့ ဝယ်လိုသူများလို့ပဲ ခေါင်းစဉ်တပ်ပါရစေ...။ ကျွန်တော်တို့ ဗိုလ်ချုပ်တို့လို အာဇာနည် ခေါင်းဆောင် ကြီးတွေ... သမိုင်းကို ငွေနဲ့ ဝယ်ခဲ့ပါသလား...။ စေတနာမှန်ရင် လုပ်ရပ်မှန်ရင် သမိုင်းကို ပြည်သူတွေက မှတ်တမ်းတင်မှာပါ..။ သမိုင်းကွေး သမိုင်းမမှန်သူတွေ အတွက်တော့.. ပြည်သူကပဲ မှတ်တမ်းတင်မှာပါ..။

ပေးပို့လာသည့် ကိုသူလွင်အား ကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ

(၉၁)နှစ်မြောက် အမျိုးသားနေ့ စာပေဟောပြောပွဲ (တိုကျို) ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာမနုနုရည် (အင်းဝ)၊ ဆရာချစ်ဦးညို (အသံဖိုင်၊ ရုပ်သံ၊ ဓာတ်ပုံ)


(၉၁)နှစ်မြောက် အမျိုးသားနေ့ စာပေဟောပြောပွဲ (တိုကျို) ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာမနုနုရည် (အင်းဝ)၊ ဆရာချစ်ဦးညို... 
(ရုပ်သံဖိုင် အစအဆုံး ဆက်တိုက်ကြည့်ရှုနိုင်ပါသည်.... ညီငယ်ဇေယျာ)
(၉၁)နှစ်မြောက် အမျိုးသားနေ့ စာပေဟောပြောပွဲ တိုကျို (မောင်စိန်ဝင်း ပုတီးကုန်း) အသံဖိုင် by Demo Waiyen

ကျမဖြစ်ချင်တဲ့ လူနှစ်ယောက် (ဆရာမနုနုရည် အင်းဝ) တိုကျို စာပေဟောပြောပွဲ by Demo Waiyen
 
အသံဖိုင်များ ဆက်လက်တင်ပေးပါမည်..။
ဓာတ်ပုံ .. ဒီမိုဝေယံ၊ ဇေယျာ..
ရုပ်သံ... ဇေယျာ
အသံဖိုင်.. ဒီမိုဝေယံ

ယနေ့အဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ ဘဘဦးတင်ဦးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှ အဖွဲ့ချုပ် ပြည်နယ်နှင့်တိုင်း လူငယ် အကူအညီပေးရေး အဖွဲ့များ တွေ့ဆုံပွဲမှာ ပြောကြားချက် အသံဖိုင် ..

 ယနေ့ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်များနဲ့ တွေ့ဆုံပွဲ (ဓာတ်ပုံ AP)
ယနေ့ နိုဝင်ဘာလ ၁၉ရက်နေ့၌ အဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ ဘဘဦးတင်ဦး၊ အမေစုတို့မှ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များအား တွေ့ဆုံပွဲမှာ ပြောကြားတဲ့ အမှာစကား အသံဖိုင်...

ဘဘဦးတင်ဦး၊ အမေစုတို့မှ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များအား ပြောကြားတဲ့ အမှာစကား အသံဖိုင် (Nov 19th) by Demo Waiyen
အသံဖိုင်အတွက် မလေးလေးအား ကျေးဇူးတင်ပါသည်..။