ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂီရိ(သို့မဟုတ်) ဒုတိယနာဂစ် ကြေကွဲဖွယ် ဓာတ်ပုံမှတ်တမ်းများ...


ဓာတ်ပုံများပိုင်ရှင် ကိုလင်းအောင်ပြည့်

ယနေ့ တောင်ဒဂုံနှင့် စမ်းချောင်းမြို့နယ်များမှ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှုများ အတားအဆီးခံရ..

သုံးခွမှာ ပြုလုပ်ခဲ့တဲ့ မဲမပေးရေးလှုပ်ရှားမှု ဓာတ်ပုံတစ်ပုံပါ..

ယနေ့နံနက်ပိုင်းက တောင်ဒဂုံမြို့နယ် (၂၀)ရပ်ကွက် အဖွဲ့ချုပ် မြို့နယ်စည်း ဒေါ်ဥမ္မာရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ အဖွဲ့ချုပ်သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ အဖွဲ့ချုပ်လူငယ် (၁၂၀)ခန့် တူညီဝတ်စုံများ တီရှပ်များဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပြီး အပြန်မှာ မဲမပေးရေး လှုပ်ရှားမှုများ ပြုလုပ်ရန် ပြန်ထွက်လာတဲ့ အချိန်မှာ အာဏာပိုင် ရဲဝန်ထမ်း ၁၂ဦးမှာ တားဆီးခဲ့ကြောင်း အဆိုပါလှုပ်ရှားမှုမှာ ပါဝင်တဲ့ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် တစ်ဦးမှ ပြောဆိုပါတယ်..

သူတို့ (ရဲဝန်ထမ်း)တွေက ဖမ်းဆီးဖို့ ပုံစံနဲ့လာတာတော့ မဟုတ်ပါဘူး.. အုပ်စုလိုက်ဆိုတော့ လူခွဲပြီးသွားဖို့ ပြောပါတယ်.. နောက်လူကြီးတွေပါ .. ပါလာတော့ ပြေပြေလည်ပဲပြောပြီး သူတို့ပြောတဲ့အတိုင်း သွားလိုက်ပါတယ်.. နောက်သူတို့ကို ကျော်လွန်လာတဲ့ အချိန်မှာတော့ ပြန်စုပြီး အုပ်စုလိုက်ပဲ စာရွက်တွေဝေနေပါတယ်.. တောင်ဒဂုံအခု(၅၆)ရပ်ကွက်မှာ ရောက်နေပါတယ်.. ကျွန်တော်တို့ တူညီဝတ်စုံ တီရှပ်တွေမှာ.. သခင်ကိုယ်တော်မှိုင်း၊ အဘဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံတွေပါတဲ့ဆင်တူ ဝတ်စုံတွေနဲ့ မဲမပေးရေး လှုပ်ရှားမှု စာတမ်းပါတဲ့ တီရှပ်တွေပါ...။ အခုတောင်ဒဂုံမှာ စာရွက်တွေ ဆက်ဝေနေပါတယ်.. ဒါပေမယ့်ဒီနေ့မနက် စမ်းချောင်းမှာ မဲမပေးရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ်လူငယ်တွေတော့ အတားအဆီးတွေနဲ့ တော်တော် အခြေအနေဆိုးတယ်လို့ သိရပါတယ်..ဟု လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုသွားပါတယ်..။

စမ်းချောင်းမြို့နယ်မှာ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ လူငယ်တာဝန်ခံတစ်ဦးကို ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့ပေမယ့်.. ဆက်သွယ်မှုမရရှိသေးပါ...။ သတင်းများ ဆက်လက်ရရှိပါက ထပ်မံဖော်ပြပေးပါမည်....။

နောက်ဆုံးရရှိတဲ့ သတင်းအရ စမ်းချောင်းမြို့နယ်မှာ မဲမပေးရေးလှုပ်ရှား စာရွက်စာတမ်းများ ဝေငှခွင့် မရခဲ့ကြောင်းနဲ့ လှုပ်ရှားမှု ပြုလုပ်နေတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်များထက် လုံခြုံရေး ရဲဝန်ထမ်းအင်အား ပိုမိုများပြားကြောင်း သိရှိရပါတယ်..။

သတင်း....ဒီမိုဝေယံ


ဆရာအောင်သင်း အား စိတ်ကူးများဖြင့် တိုင်ပင်ခြင်း ... (ဗမာ့သွေး)

U Aung Tin
ဒီနေ့ လူငယ်လေးတွေကို ဆရာအောင်သင်းက အောက်ပါ စကားလေးနဲ့ ကျွန်တော်တို့ကို ဆုံးမခဲ့တယ်ဗျာ ။ ဒါ့အပြင် စာတိုလေး ရေးပြီး လူငယ်များကို အားထားတဲ့ အကြောင်း ဒီနေ့လူငယ်တွေ အသိဥာဏ် ကို ထပ်မံနိုးဆွ ပေးလိုက်တာလေးကို တွေ့တော့ ကျွန်တော်တို့ တတွေလည်း ဆရာဖြစ် စေချင်တာတဲ့ လူငယ်လေးတွေ ဖြစ်အောင် ကြိုးစားကြဖို့ ဆရာကို တိုင်ပင်ကြရင် မကောင်းဘူးလား ။

" မိမိယုံကြည်ချက်တစ်ခုဟာဖြင့် မှားနေပြီဆိုတာကို သိလာလိုက်တာနဲ့ တစ်ပြိုင်နက် စွန့်လွှတ်ပြီး အမှန်ကို ပြောင်းလွဲ လက်ခံ ကျင့်သုံး လိုက်ဝံ့ တာ လည်း သတ္တိပဲ မဟုတ်လား……(အောင်သင်း)

ကျွန်တော်တို့ လူငယ်တွေကို အားထားတဲ့ ဆရာကို ကျွန်တော် တို့ လူငယ်တွေမှာလည်း ပြောစရာ တွေ အများကြီးပါဘဲ ဆရာ ။

လူလိမ္မာတွေက သူတပါး အမှားကနေ သင်ခန်းစာ ယူတတ်ကြတယ် ။ လူမိုက်တွေက ကိုယ်တိုင် မှားမှ သင်ခန်းစာ ရတတ်ကြတယ် ၊ လူမိုက်ထက်မိုက်တဲ့ လူကတော့ ကိုယ်တိုင်းမှားနေပါလျှက် နှင့် သင်ခန်းစာ မယူတတ်ကြဘူး ဆိုတဲ့ ဆရာ့စကားထဲက အတိုင်းပါဘဲ အခုလည်း လူမိုက်ထက် မိုက်မဲတဲ့ လူတချို့က မှားနေမှန်း သိကြပေမယ့် အရူးကွက်နင်းပြီး မထူး ဇတ်ခင်းနေရာက စလို့ တရားမမျှတတဲ့ ရွေးကောက်ပွဲကြီးကို ကျင်းပကြတော့မယ်ဆရာ ။

အဲဒီ အရေခွံလဲပွဲ ကြီး ပြီးသွားရင် လူမိုက်ထက် မိုက်တဲ့ အပြင် လူယုတ်မာထက်လည်း ယုတ်မာ ပြထားတဲ့ လူကြီးက ခေါင်းဆောင် ပြန် ဖြစ်လာမှာ ဆရာ လည်း သိပြီးသားပါ ။ ကိုယ်တိုင်က ၊ အတွေး အခေါ် ညဏ်အမြော် အမြင် နည်းတဲ့ အပြင် ပညာမရှိတဲ့ လူတွေ က မြှောက်ပေးတာကို အဟုတ်မှတ်ပြီး ထင်ရာစိုင်းနေကြ ပြီ ဆရာရေ ။ ဒါတွေကို သိရက် နဲ့ ပညာရှင်တွေက ဘာဖြစ်လို့ မကန့်ကွက်ကြတာလည်း ဆရာ ။ သူတို့ သွားနေတဲ့ လမ်း က လယ်ပြင်မှာ ဆင်သွား သလို ထင်ရှားပါလျှက်နဲ့ မျက်စိစုံမှိတ် ပြီး ဒီမိုကရေစီ လမ်းကြီး လို့ လိုက်လိုက်အော်နေကြ တယ် ။ မရောက်သေးတဲ့ လွှတ်တော် ဆိုတဲ့ စကားလုံးကို တွင်တွင် သုံးပြီး ပြည်သူလူထု ကို မက်လုံးပေးပြီး လမ်းမှားကြီး ကို လက်ခံလာတတ်အောင် လမ်းညွှန် ပြသပေးနေကြသေးတယ် ဆရာရေ ။ ဒါကို သိပါလျှက်နဲ့ ဒီလူတွေကို တရားဝင် အုပ်ချုပ်ရေး အာဏာ အပ်နှင်းဖို့ သူတို့တွေ ပူးပေါင်း ကြံစည်နေကြပြီ ဆရာ ။ အဲဒီလို လူတွေ အုပ်ချုပ်နေသမျှ ကျွန်တော်တို့ ပြည်သူတွေ ဘ၀ ကတော့ ဆင်းရဲတွင်း နက်တဲ့အပြင် ဒုက္ခမျိုးစုံကို တွေ့ကြုံခံစား ကြရအုံးမှာ အသေအချာပါဘဲ ဆရာရယ် ။

ဒီကြားထဲ ပညာရှင် အမည် ခံ ကိုယ်ကြိုးရှာစားချင်တဲ့ လူတစ်စုက လည်း ကျော်ကြားမှု ကို အကြောင်းပြုပြီး ဘုန်းတော်ဘွဲ့တွေ လိုက်ရွတ်နေတဲ့ လူတွေကလည်း တဖြည်းဖြည်း များလာတယ် ဆရာရေ ။ အော်ဒါနဲ့ အသိပညာရှင်တွေက သူတို့ အသိညဏ်ကို သစ္စာစောင့်သိကြတဲ့ ဆိုတဲ့ စကားလေးနဲ့ ပက်သက်ပြီးတော့ ဆရာကို မေးရအုံးမယ် ။ သူတို့တွေက အသိညဏ် ကို သစ္စာဖောက်တာလည်း နဂိုကတည်းက အသိညဏ် မရှိတာလား ဆရာ ။ ဒါပေမယ့်လည်း ပြည်သူလူထုက ပညာရှင် အဖြစ် အသိအမှတ် ပြူထားတော့ လုပ်စားလို့ ကောင်းနေတာပေါ့ ဆရာရေ ။ ပညာရှင် အမည်ခံသူတိုင်း ဆရာလို အသိညဏ်ကို သစ္စာစောင့်သိကြရင် ကျွန်တော်တို...့ တိုင်းပြည် တိုးတက်လာမှာ အမှန်ပါဘဲ ဆရာ ။

အချို့ကလည်း ရာထူး နဲ့ငွေကို ကိုယ်ကျင့်သိက္ခာနဲ့ လဲစား လိုက်ကြတယ် ၊ အများမိုးခါးရေ သောက်လို့ သူတို့လည်း လိုက်သောက်နေကြရုံတင် မကဘူး သူတပါးကိုပါ သောက်ချင်လာအေင် လမ်းညွှန်ပြသကြသေးတယ် ။ သူတို့တွေက ရာထူးနဲ့ငွေကို မက်တာ အကြောင်းမဟုတ်ပါဘူး ။ သမိုင်းဖြစ်ရပ်မှန်တွေကို စောက်ထိုးရေးနေကြတာ ခက်တယ်ဆရာ ။ သမိုင်းမှာ ပုဂ္ဂိုလ်ရေး တွေ ငဲ့ကွက်ပြီး ဝေဖန်လိုက်ရင် အနာဂတ်ကို သစ္စာဖောက်တယ်ဆိုတဲ့ စကားတော့ ကြားဘူးပါတယ် ။အခုလို ပြောင်းပြန် စောက်ထိုးရေးလိုက်ရင် နောင် အနှစ်နှစ်ဆယ်လောက်ဆို ဗိုလ်ချုပ်အောင်ဆန်း လုပ်ရပ်တွေကိုတောင် မှားတယ်လို့ လူငယ်တွေ ထင်မြင် ယူဆ လာကြမယ်နဲ့တူတယ် ဆရာရေ ။ အခုတောင် ဂဋန်ဦးစောလို လူမျိုးကို သူကောင်းပြုရေးသားတာတွေ တွေ့နေရပြီ ဆရာရေ ။ နှစ်တရာ အတွင်း မြန်မာပြည်က ထင်ပေါ်ကျော်ကြားသူတို့ ဆိုတဲ့ စာအုပ်မှာ ဗိုလ်ချုပ် အမည် ပါမလာတော့ဘူး။

ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာလိုသူ တစ်စုက အနာဂတ် လူငယ်မျိုးဆက်သစ်တွေကို မတရားမှုကို လက်ခံတတ်ကြအောင် သူတို့တွေ သင်ပေးနေကြပြီဆရာ ။ ကျွန်တော်တို့တိုင်းပြည်ကြီး ချောက်ထဲ ကျတော့မှာ သိသိကြီးနဲ့ သူတို့တွေကဘဲ ဆက်လက် တွန်းပို့ နေကြပြီ ဆရာ ။ ဆရာပြောသလိုပါဘဲ မြန်မာလူမျိုးတွေက ပညာမတတ်တော့ အဖြောင့်မတွေးတတ်ကြတော့ဘူး။ သူတို့ အသိညဏ်တွေကို ငါဆိုတဲ့ အတ္တကြီးက ဖုံးလွှမ်းသွားပြီ ယာယီကို ထ၀ရ မှတ်ပြီး လမ်းလွှဲကို လိုက်ကုန်ကြပြီ ။

သတ္တ၀ါ အပါင်းကို လမ်းမှန် ပြချင်လို့ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီ ဖြည့်စည်းပြီး ကျင့်ကြံအားထုတ်ခဲ့လို့ ဘုရားအဖြစ်ကို ရောက်ရှိခဲ့တဲ့မဟာဝီရိယ ပိုင်ရှင် မြတ်ဗုဒ္ဓကို ကိုးကိုယ်တဲ့ ဗုဒ္ဓဘာသာဝင်တွေက ၂၂ နှစ်လေး ကြိုးစားခဲ့တာ မအောင်မြင်လို့ စိတ်ဓါတ်တွေ ကျနေကြပြီတဲ့ဆရာ ။ ဆရာမကူ ကိုယ်ပိုင် ညဏ် အစွမ်းအစနဲ့ အမှန်တရားကို သိမြင်လာအာင် ကြိုးစားခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို ကျင့်ကြံပွားများနေတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက လမ်းကြောင်းမှန်ကြီး ရှိပါလျှက် နှင့် စည်းလုံးမှု ကို မဖော်ဆောင်နိုင်လို့ လမ်းလွှဲကြီးကို သိသိကြီးနဲ့ ဇွတ်တိုးဝင်နေကြတုန်း ဆရာရေ ။

စေတီ ပုထိုး အမျိုးမျိုး ကို နေရာတကာတည် ဆောက်ပြီး ရတနာ သုံးပါးကို ကိုယ်းကွယ် ဆည်းကပ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကဘဲ ရတနာ တပါးဖြစ်တဲ့ သံဃာတော်တွေကို အာဏာကို ဖက်တွယ်ချင်စိတ် အားကြီးတာနဲ့ အကြမ်းဖက် မှုတွေ လုပ်ဆောင်ပြခဲ့သလို ၊ ငြိမ်းချမ်းစွာ ပရိတ်တော်ကို လှည့်လည် ရွှတ်ဆိုကြတဲ့ သံဃာတော်တွေကို သံဃာ မဟုတ်ပါဘူးလို့ စွပ်စွဲ ပြောဆိုနေကြတာကို မြင်တော့ ရတနာ့သုတ် ဖြစ်ပေါ်လာရခြင်း အကြောင်းလေးနှင့် နှိုင်းယှဉ် စဉ်းစားမိပြန်တယ် ဆရာ ။ ဘုရားရဲ့ တရားတော်ကို လည်း သူတို့တွေ စိတ်ကြိုက် မွမ်းမံ ပြင်ဆင်လိုက်တာနဲက သူတို့တွေ လုပ်ရပ် အမှန်လို့ ထင်နေကြသူတွေ သွားရာလမ်းက အထင်အရှား ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ် ဆရာ။

လွှတ်တော်ထဲ ရောက်မှ သူတို့တွေ လုပ်ဆောင်ပြမယ် ဆိုတဲ့ ဖြစ်မလာသေးတဲ့ အနာဂတ်ကို အကြောင်းပြပြီး အတိတ်နဲ့ပစ္စပ္ပုန်ကို လှစ်လျူ ရှုထားလိုက်ကြပြီ ဆရာရေ ။ ကျွန်တော်တို့ မြတ်ဗုဒ္ဓရဲ့ အမြဲ ဆုံးမ နေကြ သတိလေးသာ အစဉ်ကပ်ပြီး ပစ္စပ္ပုန်ကို တည့်တည့်ရှုဆိုတဲ့တရားတော်ကို တရားထိုင်ဖို့ အတွက်လောက် ဘဲ သူတို့နားလည်ထားတာ ထင်တယ် ။ အတိတ်မှာ သင်ခန်းစာ ယူစရာတွေ တပုံတပင်ရှိနေပါလျှက် မသိချင်ယောင် ဆောင်နေကြတယ် ။ မြတ်ဗုဒ္ဒကို တကယ် ကြည်ညို လေးစားတယ် ဆိုရင် ဘုရားရှင် မိန့်မှာခဲ့တဲ့ သတိနဲ့ နေကြဆိုတဲ့ ဆုံးမ စကားလုံးကို လိုက်နာ ကျင့်သုံးသင့်တယ်လို့ ကျွန်တော်ကတော ထင်မြင်ယူဆမိပါတယ် ဆရာ ။

ဒီမိုကရေစီ ကို လိုချင်ရင် ဒီမိုကရေစီ ရနိုင်မယ့် နည်းလမ်းတွေကို ချဉ်းကပ်ကြရမှာပေါ့ ဆရာ ။ တကယ့်နည်းလမ်းတွေ လည်းရှိပါတယ် ။ လူထုလုပ်ရှားမှု ဆိုတဲ့ စကားလုံးပြောလိုက်ရင် ပြည်သူလူထု နစ်နာပါတယ် ဆိုပြီး ထထ ပြောတတ်တဲက လူတွေလည်း အများကြီး ဆရာရေ ။ နာဂစ် မှာ ပြည်သူလူထု သန်းနဲ့ချီ ပြီး ဒုက္ခရောက် သိန်းဂဏန်းလောက် လူတွေ သေကြရတာကို အုပ်ချုပ်မှု စနစ် မကောင်းလို့ ဆိုတာကို သူတို့တွေ မေ့ထားကြတယ် ။ အမျိုးသားပြန် လည် သင့်မြတ်ရေး လမ်းစဉ်ကို မချဉ်းကပ်နိုင်ခဲ့လို့ အပြစ်မဲ့တဲ့ တိုင်းရင်းသားတွေ ဖျက်စီးခံနေကြရသလို အပြစ်မဲ့တဲ့ ပြည်သူလူထု အသက်တွေ ဆုံးရှုံးရတာ အာဏာရှင်တွေ ရဲ့ အကျိုးဆက်ကြောင့် ဆိုတာ မေ့ထားလိုက်ကြတယ် ။ ကူးစက်ရောဂါများ ကျရောက်ပြီး ထိုက်သင့်တဲ့ ဆေးဝါးကုသမှု မခံယူနိုင်ကြရလို့ သေခဲ့ကြရတဲ့ ဆင်းရဲနွမ်းပါလွန်းတဲ့ ပြည်သူလူထုတွေ ၊ ဒါတွေနဲ့ နှိုင်းယှဉ်ရင် တော်လှန်ရေး တစ်ခုလုပ်လို့ ကျဆုံးခဲ့တဲ့ လူအရေအတွက်ဟာ ၁% တောင်ရှိပါ့မလား မသိဘူးဆရာ ။

တကယ်တမ်းတော့ စည်းလုံးညီညွှတ်မှု ကို မတည်ဆောက် နိုင်လို့ ပုံပြင်မှာ ဟသာင်္ကိုးသောင်း သေကြေပျက်စီးကြရပေမယ့် ဒီနေ့ မြန်မာပြည်ကတော့ လူပေါင်းသန်းနဲ့ ချီပြီး သေကြေပျက်စီး နေကြပြီ ဆရာ ။ ကျွန်တော်တို့ လူငယ်တွေကတော့ ဗိုလ်ချုပ်ရဲ့ ရရင်ရ မရရင် ချဆိုတဲ့ လူထုကို အခြေပြုတဲ့ တော်လှန်ရေး တစ်ခုကိုဘဲ ဦးတည်ချင်တယ်ဆရာ။ ဒီလမ်းကြောင်းကသာ လူထုကို အာဏာပြန်လည် အပ်နှင်းနိုင်မယ်လို့ ယူဆတယ် ဆရာ ။ အဓိက လိုအပ်တဲ့ အချက်က ကျရာအခန်းဂဏ္ဍကနေ နိုင်ရာတာဝန်ထမ်းချင်တဲ့ နိုင်ငံသားတွေ များလာဖို့ပါဘဲ ဆရာ ။ တပ်မတော်သားတွေလည်း ပြည်သူလူထုနဲ့ မခြားပါဘူး ။ သူတို့တွေကိုလည်း အတတ်နိုင်ဆုံး ရှင်းပြပေးနေပါတယ် ။ တော်လှန်ရေး တစ်ခုရဲ့ အောင်မြင်မှု ၊ ကျရှုံးမှုဟာ ပြည်သူလူထု ရဲ့ စိတ်ဓါတ်တက်ကြွမှု နဲ့ ပူးပေါင်းဆောင်ရွှက်မှု အပေါ်မှာ မူတည်တယ်လို့ ကျွန်တော်တို့ ယုံကြပါတယ် ဆရာ ။ တကယ်သာ ပြည်သူလူထု စည်းလုံးညီညွှတ်စွာ လုပ်ဆောင်ခဲ့ရင် ပူးပေါင်းလာမည့် တပ်မတော်သားတွေလည်း အများကြီးပါ ။ သူတို့ကို နားလည်အောင် ရှင်းပြနိုင်ရင် လူထု အသေအပျောက်နည်းမှာ အသေအချာပါဘဲ ။ ကျွန်တော်တို့လူငယ်တွေ ကတော့ ဆရာပြောတဲ့ စကားလေးဖြစ်တဲ့ အသိညဏ် တထွာတမိုက်ဘဲ ဖြစ်ပါစေ ၊ ကိုယ့်အသိညဏ်ကို သစ္စာစောင့်သိပြီး ကိုယ်မယုံကြည်တဲ့ စကား ဘယ်သူခိုင်းလို့မှ မပြောမိပါစေနဲ့ ဆိုတဲ့ ဆရာစကားကို ရင်မှ သိမ်းထားပြီး စစ်မှန်တဲ့ လမ်းကြောင်းတစ်ခု ကို ချီတက်ပြီး မြန်မာနိုင်ငံသား အားလုံးကို လွှတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံကို ပို့ဆောင်ပေးဖို့ ဆက်လက် ချီတက်ဆဲပါ ဆရာ ။

ဆရာကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာစွာဖြင့် တိုင်းပြည် အကျိုးကို ပိုမိုသယ်ပိုးနိုင်သလို့ လူငယ်များကို လည်း ဆက်လက် လမ်းမှန်ပြနိုင်ကာ အသိညဏ်ကို သစ္စာစောင့်သိတဲ့
ပညာရှင် တဦးအဖြစ် ထာဝစဉ် ရပ်တည်၍ နိဗ္ဗာန် ရောက်ကြောင်း တရားကောင်းများကို ပွားများကျင့်ကြံကာ လူဖြစ်ရတဲ့ ခဏတာလေးမှာ အခွင့်အလမ်းကို အမိအရ အသုံးချနိုင်လူပီသသော လူသားတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။

ခင်မင်လေးစား လျှက်

ဗမာ့သွေး

30-10-2010 / မနက် 01:12 မိနစ်

( ဆရာအောင်သင်း အား ကျွန်တော် ပြောလိုသည့် စကားများကို စိတ်ကူးများဖြင့် တိုင်ပင်ထားသည့် ပုံစံဖြင့် ရေးသားတင်ပြထားခြင်းသာ ဖြစ်ပါသည် ။ )

ယနေ့ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှု.. (သတင်း၊ ဓာတ်ပုံ)

ဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှု.. ဓာတ်ပုံတွေပါ..။
ယနေ့နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များမှ တာမွေမြို့နယ်အတွင်း မဲမပေးရေးလှုပ်ရှားမှု စာရွက်စာတမ်းများအား မဲဆန္ဒရှင် ပြည်သူများသို့ သွားရောက်ဝေငှခဲ့ကြောင်း သိရှိရပါသည်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် (၂၀)မှ ယနေ့နံနက်ပိုင်းက တာမွေမြို့နယ် လူစည်ကားရာ နေရာများနှင့် တာမွေဈေးအတွင်း၊ ရပ်ကွက်များရှိ မဲဆန္ဒရှင် ပြည်သူများအား လူတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ်ဆိုတဲ့ စာရွက်များ ဝေငှခဲ့ကြကြောင်း အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦးမှ ပြောဆိုပါတယ်.။

ဒီနေ့ ကျွန်တော်တို့ တာမွေမြို့နယ်မှာ စာရွက်တွေ ဝေပါတယ်။ ဒီနေ့တော့ တစ်ခြားမြို့နယ်တွေထက် ဆိုးတာက ဒီလို စာရွက်ဝေတာကို ရယကရုံးမှာ သွားပြီးပြောပါလို့ ပြောပါတယ်..။ ကျွန်တော်တို့က ဒါဥပဒေမှာ ပါတဲ့အတိုင်း တရားဝင် လုပ်တာ ဘာမှ ပြောစရာမလိုဘူးဆိုပြီး ဆက်ဝေခဲ့ပါတယ်..။ သူတို့ အစပိုင်းပြောတဲ့ အချိန်မှာ ဆက်ဝေပါတယ်။ နောက်ပိုင်း ထပ်လာပြောတဲ့ အချိန်မှာတော့ ကျွန်တော်တို့က အားလုံးစာရွက်တွေ ဝေပြီးလို့ လူစုခွဲဖို့ပဲ ကျန်တဲ့အချိန်မှာမှ သုံးပွင့်နဲ့ ပုဂ္ဂိုလ်က ခင်ဗျားတို့ အုပ်စုခွဲပေးပါ လူငါးယောက်ထက် ကျော်ရင် ခင်ဗျားတို့ ဥပဒေအရ အရေးယူခံရမယ် ဆိုပြီးလာပြောပါတယ်..။

ကျွန်တော်တို့ သွားရောက်ဝေငှခဲ့တဲ့ နေရာတွေကတော့ တာမွေမြို့နယ်ဈေး .. ရပ်ကွက်တွေထဲပါဝေပါတယ်.။ NDF (အမျိုးသားဒီမိုကရေစီအင်အားစု) ရုံးရှေ့တောင် ရောက်ခဲ့ပြီး သူတို့ရုံးရှေ့မှာ.. ခမောက်အစစ်က ရွေးကောက်ပွဲ မဝင်ဘူး ခမောက်အတုသာ ရွေးကောက်ပွဲ ဝင်တာလို့ အော်ခဲ့ပါသေးတယ်.. နောက်ရက်တွေမှာလည်း တစ်ခြားမြို့နယ်တွေမှာ ဆက်လက် လုပ်ဆောင်သွားပါဦးမယ်ဟု အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦးမှ ပြောဆိုပါတယ်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို.. အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ပါတီဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ကိုယ်ပွားပါတီ မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း

နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း

အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း

NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။

သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူညီမအား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ

" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း ( ၅ ) ”

" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း ( ၅ ) ”
(မောင်မောင်ဝမ်း)

ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သူတွေကတော့ တော်တော်များပါတယ်။ ဒီအထဲက အဓိကကျတဲ့ အကြောင်းအရာများနဲ့ အတွေ့အကြုံများကိုပဲ ဦးစားပေးတင်ပြလိုပါတယ်။

နောက်ထပ်တစ်ခါ ၀ိဓူရ သခင်ချစ်မောင်လို့ လူသိများခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ယောက်နဲ့ ကျနော်တို့တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့သခင်ချစ်မောင်နဲ့ တွေ့ဆုံဖို့ ကို ခွင့်တောင်းတော့ အဆင်ပြေစွာပဲ တွေ့ခွင့်ပေးခဲ့ပါတယ်။ ကျနော်တို့ကို သူ့ပါတီက ဗဟိုအလုပ်အမှု့ဆောင်လူကြီးတချို့နဲ့ပါ တွေ့ဆုံပေးခဲ့တယ်။ သူတို့ဘ၀ သူတို့အတွေ့အကြုံတွေက ကျနော်တို့အတွက် စိတ်ဝင်စားဖွယ်ရာတွေ အများကြီးပါခဲ့ပါတယ်။ သူပြောတာတွေထဲမှာ သဘောကျတာလေးက ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ -လူမသိသေးတဲ့စကားတွေနဲ့ အကြောင်းရာလေးပါ။ (သိပ်တော့ မထူးဆန်းပါဘူး။) ဒါပေမယ့် လေးစားစရာကောင်းပါတယ်။ ချစ်စရာကောင်းပါတယ်။

တနေ့ ဗိုလ်ချုပ်နဲ့ သခင်ချစ်မောင်တို့ ဒို့ဗမာအစည်းရုံး ရုံးခန်းမှာဆုံကြတော့ (အဲဒီတုန်းက ဗိုလ်ချုပ်က သခင်ပေါက်စ ဘ၀ပဲ ရှိပါသေးတယ်။) ဗိုလ်ချုပ်က စာအုပ်တအုပ်ကို သေသေချာချာ လေးလေးနက်နက် ဖတ်နေရာကနေ မျက်စိ၊ အကြောတွေ ညောင်းလို့ထင်ပါရဲ့ ။ ထလာပြီး ခါးကို ဟိုဘက်ချိုး ဒီဘက်ချိုး လုပ်ရင်း…..

“ ကိုချစ်မောင်ရေ ..ခင်ဗျားကို ကျုပ်မေးခွန်းတစ်ခုမေးဦးမယ်ဗျာ..“ ဆိုတော့ သခင်ချစ်မောင်က...
“ မေးလေဗျာ .. ရပါတယ်…. ဘယ် နိုင်ငံရေး အယူအဆ အကြောင်း ဆွေးနွေးချင်လို့လည်းဗျ...” ဆိုတော့...ဗိုလ်ချုပ်က -
“ လောလောဆယ်… အဲဒါတွေ မပါသေးဘူးဗျ …….။ ကျုပ်မေးချင်တာ … ကျူပ် ဒီပုံစံနဲ့ မိန်းမရော ရနိုင်ပါ့မလားဗျာ..။” ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်တော့ သခင်ချစ်မောင်တောင် ရုတ်တရက် အံ့အားသင့်သွားတယ်။
ပြီးမှ သူက အလိုက်သင့်ပဲ--
“ ခင်ဗျား လိုချင်ရင် … ရတာပေါ့ဗျာ… ဒါပေမယ့်… ခင်ဗျားက မိန်းမ ပိုးချိန်ရော ရလို့လား…….”
“ ပြောလည်း ခံရမှာပဲဗျ.. အဲဒီဘက်ကို မလှည့်အားဘူး … တခါတရံကျလည်း မိသားစုဘ၀လေးနဲ့ အေးအေးချမ်းချမ်းလေး နေကြည့်ချင်တယ်… ဘယ်လို နေမလဲ မသိဘူး။”
သခင်ချစ်မောင်ဟာ ကျနော်တို့ကို ပြောပြနေစဉ်မှာ အတိတ်ကို ပြန်လွမ်းဆွတ်နေပုံပါ။ ပြီးမှ သူကပဲ ဆက်ပြီး..

“ဘဘ ကိုယ်ချင်းစာပါတယ်။ လူပဲလေ ...လူ့ဘ၀ရဲ့အရသာကို ခံစားချင်တာပေါ့ … ဒါပေမယ့် သူ့မှာ နိုင်ငံတာဝန်တွေက ၀န်ထုတ်ဝန်ပိုးဖြစ်နေတော့ လူငယ်ဘ၀ လူငယ်အလုပ်တွေတောင် မလုပ်နိုင်ရှာဘူး။ အိမ်ထောင်ကျ သွားတော့လည်း အိမ်ထောင်ရဲ့မိသားစုအရသာ ဘယ်လောက်ကြာကြာ ခံစားသွားရလို့လဲ။ သူ့ခမျာ ငယ်ငယ်လေးနဲ့ အသက်ဆုံးရှုံးသွားရရှာတယ်။”

သခင်ချစ်မောင်ဟာ ပြောပြောဆိုဆိုနဲ့ သူထိုင်နေတဲ့နေရာရဲ့နောက်ဘက်မှာ ဖန်ပေါင်းချောင်နဲ့ ထည့်ထားတဲ့ ကိုယ်တပိုင်းပြတ် ဗိုလ်ချုပ်ရုပ်ထုငယ် ပုံလေးကိုကြည့်ပြီး လွမ်းလွမ်းဆွတ်ဆွတ် ပြောပြနေစဉ်မှာ .. ကျနော် မျက်စိကစားကြည့်လိုက်တော့ ...တဘက်မှာလည်း လီနင် ကိုယ်တပိုင်းပြတ်ရုပ်ထုကို ဖန်ပေါင်းချောင်လေးနဲ့ ထည့်ထားတာကို တွေ့လိုက်ရတယ်။ ဒါတွေဟာ သခင်ချစ်မောင်ရဲ့ ယုံကြည်ချက်နဲ့ လေးစားမှု့ကို ဖော်ကျူးပြသနေတဲ့ သင်္ကေတတွေ ဖြစ်နေမှာ အသေအချာပါပဲ။

“ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖအေတူသမီးပါ……။ ဖအေ့ခြေရာကို နင်းနိုင်ပါတယ်…။ ဘဘ သူ့ကိုယုံတယ်..။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အမျိုးသား လိုအပ်ချက်လမ်းစဉ်ကို ဒီကနေ့ အကောင်ထည် ဖော်ပေးနိုင်မှာ.. ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ .. ကျန်တဲ့သူတွေအဖို့ သိပ်မလွယ်လှပါဘူး….။ ဘဘတို့လည်း ကြိုးစားခဲ့တာပါပဲလေ..။ ဒါပေမယ့် မဖြစ်ထွန်းခဲ့ပါဘူး…….။”

ကျနော်တို့အထဲက တစ်ယောက်က မေးခွန်းတခု မေးလိုက်ပါတယ်။
“ ဘဘ... စစ်အစိုးရရဲ့နောက်ကွယ်မှာ ဦးနေ၀င်း ကြိုးကိုင်နေတယ်ဆိုတဲ့ ပြောဆိုသံများအပေါ် … ဘဘ ဘယ်လိုမြင်ပါသလဲ….။”

သခင်ချစ်မောင်က ချောင်းတစ်ချက် ဟန့်လိုက်ရင်း ဘေးနားမှာရှိနေတဲ့ ရှုဆေးဗူးလေးကို ကောက်ရှုတယ်….။

“ ဒါကတော့သားရယ် ..။ ဘဘ အတတ်တော့ မပြောနိုင်ဘူးပေါ့…။ ဒါပေမယ့် ဥပမာပေးရရင်…. ချောင်းလေး တစ်ချောင်းရှိတယ်…။ ချောင်းရဲ့ ဒီဘက်မှာလည်း သမင်ခြေရာကို တွေ့နေရတယ် ။ ချောင်းရဲ့ တဘက်မှာလည်း ခြေရာကို တွေ့နေရရင် .. အဲဒါ ဘာဖြစ်လိမ့်မလဲ…။ ကိုယ်ကိုယ်တိုင် မမြင်သည့်တိုင်အောင်.. သမင်ဟာ စမ်းချောင်းကို ခုန်ပြေးသွားတယ် ဆိုတာ ပြောနိုင်ပါတယ်..။ ဒီလိုပါပဲ ။”

“ ဘဘ ..အန်တီနဲ့တွေ့ဆုံမယ်ဆိုရင် .. ဘဘ သဘောထားဘယ်လိုရှိပါသလဲ…။ နောက်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ် အပေါ်မှာ... ဘဘ ဘယ်လောက် ပူးပေါင်းပါဝင် ကူညီနိုင်ပါသလဲ ။” ဆိုတော့.........

“ ဘဘ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချင်ပါတယ်…။ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ် ကိုလည်း ဘဘ အကြွင်းမဲ့ ယုံကြည်တယ်..။ ဘဘ အသက်နဲ့ ခန္ဓာရှိနေသရွေ့ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင် ကူညီပါ့မယ်။ ”
ကျနော်တို့ရင်ထဲမှာ ပီတိတွေကိုယ်စီနဲ့…။

ဝိဓူရ သခင်ချစ်မောင် လို့ လူသိများတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးဆီက မမေ့နိုင်တဲ့ စကားလက်ဆောင်လေးတခု မှတ်သားမိခဲ့တယ်။ အဲဒီ စကားလေးဟာ ကျနော့်ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။

အဲဒါကတော့ ........” လူထုကို ဘယ်သောအခါမှ အပြစ်မမြင်ပါနဲ့ ...တဲ့ ။ ဘယ်လိုအကြောင်းမျိုးနဲ့မှလည်း အပြစ်မမြင်ပါနဲ့.....တဲ့ ။လူထုဆိုတာ နိုင်ငံရေးလုပ်တဲ့ အမျိုး မဟုတ်ဘူး။သူတို့ကို နိုင်ငံရေး နားလည် အောင်လုပ်ပေးဖို့သာ လိုတယ်..တဲ့ ။ ကိုယ့်ဘက်ကို ခြေလေး တစ်ချောင်း ရပ်ပေးတယ်ဆိုရင်ကို တာဝန်ကျေပါတယ်...တဲ့။”

ဘယ်လောက်ကောင်းလိုက်တဲ့ စကားလဲ ဗျာ။

(လူထုဟာ ကိုယ့်နောက်က မပါလို့..နောက်က မလိုက်လို့ ဆို ပြီး ဒေါသပြင်းထန်နေသူများ ...မှတ်သားသင့်တဲ့ အဆိုအမိန့်တခုပါ။)

တခါတုန်းက ကျနော် ဖတ်ကြည့်ဖူးတဲ့ (Our daily bread)ဆိုတဲ့ ခရစ်ယာန်ဘာသာရေးစာအုပ်ထဲက အမေရိကန် သမတဟောင်း ဂျော့ဝါရှင်တန် ပြောသွားတဲ့စာသားလေးကိုလည်း ပြန်ပြောင်းသတိရမိတယ်……။

”သင်မှန်တာလုပ်နေသမျှ ကာလပတ်လုံး.. သင့်ရဲ့ဘေးမှာ လူအုပ်ကြီး မမြင်ရလို့ စိတ်ဆင်းရဲနေသလား၊ သင်မမြင်ရတဲ့ ဖြူစင်တဲ့စိတ်ဝိညာဉ်တွေ သင့်မျက်စိတဆုံးမှာ ရှိနေပါတယ်...” တဲ့ ။

ကျနော်တို့ ကျောင်းသားတွေ အကုန်လုံး သခင်ချစ်မောင်ကို ၀ိုင်းကန်တော့ကြပြီး ပြန်လာခဲ့ကြတယ်။

နောက်ရက်တွေမှာတော့ အန်တီစုဟာ သခင်ချစ်မောင် ရှိရာ အိမ်ကို သွားရောက်ပြီး ဂါရ၀ပြူ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်ကို ဗွီဒီယိုရိုက်ပြီး သခင်ချစ်မောင်တို့ အဖွဲ့ ဖြန့်ခဲ့တာ အဲဒီကာလက တော်တော်ပြန့်နှံ့ခဲ့ပါတယ်။

ဒီလိုနဲ့ ကျနော်တို့ ကျောင်းသားလူငယ်တွေဟာ အစဉ်လာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးများကို ဂါရ၀ပြုဖို့ အစီအစဉ်တွေကို စတင်ရင်းနဲ့ဆက်လက် အကောင်ထည်ဖော်ခဲ့ပါတယ်။

တကယ်တော့ ဂါရ၀ပြုခြင်းရဲ့နောက်မှာ ညီညွတ်ခြင်း၊သင့်မြတ်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံအကျိုးကို သယ်ပိုးနိုင်ခြင်းဆိုတဲ့ ရည်ရွှယ်ချက်များလည်း ပါ ပါတယ်။

ကျနော်တို့ အတိုက်အခံ နိုင်ငံရေးလောကထဲမှာကို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့ မရအောင် မုန်းတီးခြင်းတွေနဲ့ ရင်ဆိုင်နေတဲ့သူတွေ ရှိပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကို ပြေလည်ဖို့  ဆိုတာ ဒီနည်းလမ်းက လျော်ကန် အသင့်မြတ်ဆုံးပဲ..လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျနော်တို့ အဖွဲ့ထဲက ကျောင်းသားတွေဟာ တက္ကသိုလ်များ ဓမ္မာရုံကို ဂါရ၀ပြူပွဲ အခမ်းအနားကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သက်ဆိုင်ရာ တက္ကသိုလ် အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူး။ ကျနော်တို့ တော်တော်လေး အကြံအိုက်သွားကြတယ်။ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်နေခဲ့ရာက --- ကျနော်တို့ထဲက တစ်ယောက်က အကြံပြုလာပါတယ် --။

” ဒေါ်အောင်ဆန်းစုကြည်ခြံထဲ လုပ်ခွင့်ရရင် မကောင်းဘူးလား..”တဲ့ ။”ကြိုးစားကြည့်ကြရအောင်..”တဲ့ ။

ကျနော်တို့ ရင်ထဲမှာ အလင်းစလေး တစ်ချက် လင်းလက်သွားတယ်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အန်တီ့ကို တင်ပြကြည့်မယ်ဆိုပြီး.. တနေ့မှာတော့ အန်တီ့ကို ပြောပြကြတယ်---။

အန်တီက ချက်ချင်းပဲ သဘောပေါက်သွားသလား မသိဘူး။ ဒါပေမယ့် ချက်ချင်းတော့ မတုန့်ပြန်ခဲ့ဘူး။

”သူတို့ လူကြီးတွေ ဆွေးနွေးလိုက်ဦးမယ် ” ဆိုလို့ ကျနော်တို့ကို နောက်ထပ် ၃ ရက်လောက် အစောင့်ခိုင်းခဲ့တယ်။ ကျနော်တို့က အန်တီ့ကို တင်ပြခဲ့တာ ..”အန်တီကသာ ခြံထဲမှာ လုပ်ခွင့်ပေးပါ။ ကျန်တဲ့ကုန်ကျစရိတ် ကျနော်တို့ခံပါ့မယ်..” လို့ဆိုတော့ အန်တီက ကျနော်တို့ကို ခပ်ထေ့ထေ့လေး ပြုံးကြည့်တယ်။ (အဲဒီအပြုံးဟာ အဓိပ္ပါယ်ရှိမှန်း နောက်မှသိလိုက်ရပါတယ်။)

နောက် ၃ ရက်လောက်အကြာမှာတော့ အန်တီက ကျနော်တို့ကို သူ့ခြံဝင်းအတွင်းမှာ အခမ်းနားလုပ်ဖို့ ခွင့်ပြူခဲ့တယ်။ ကျနော်တို့ တော်တော်ပျော်သွားကြတယ်---။ အန်တီကကျနော်တို့ကိုကြည့်ပြီး ပြုံးရင်း လှမ်းမေးလိုက်တယ်--။

”အဆောက်ဦ ဆောက်ရင် ပိုက်ဆံက တော်တော်ကုန်မှာ ---။ သားတို့ ဘယ်လို စီစဉ်ထားသလဲ..” တဲ့---။

ကျနော်တို့အားလုံး ရုတ်ကနဲ ငြိမ်သွားပြီး.. တစ်ယောက်နဲ့တယောက် ကြည့်နေမိတယ်။

“ အန်တီ သဘောပေါက်ပြီးသားပါ..။ သားတို့ကျောင်းသားတွေ ဘယ်ကလာ ၀င်ငွေရှိမှာလဲ။ အခု အဆောက်အဦက ဆောက်မယ်ဆို ပိုက်ဆံက တော်တော်ကုန်ကျမှာ ဆိုတော့ အန်တီတို့ပဲ အကုန်ကျခံပါမယ်။”

ကျနော်တို့အရှက်ပြေ ရိုးတိုးရွတ ဖြစ်ကုန်ကြတယ်။ အခုမှ သဘောပေါက် မိလိုက်တာက ဟိုတနေ့က အန်တီ ကျနော်တို့ကို ခတ်ထေ့ထေ့လေး ပြုံးကြည့်တာ ဒါ့ကြောင့်ကိုး။ ကျနော်တို့အကြောင်းကို အန်တီက ရှေ့ကြို တွေးထားပြီးသား။

တကယ်တော့ ကျနော်တို့က လုပ်ချင်ဇောကြောင့်သာ အာမဘန္တေခံပြီး ပြောခဲ့ကြတာ။ လက်တွေ့မှာ ဒီ ကုန်ကျငွေ ရှာဖို့ ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စပါ။

ဒီလိုနဲ့ ကျနော်တို့ သင့်မြတ်ရေးလမ်းစဉ်ကိစ္စကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်။ ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ ကိစ္စများကိုလည်း လူကြီးတွေနဲ့ တိုင်ပင်ဆွေးနွေး ၊ အမြင်တွေ ဖလှယ်ရင်းက -- ကျနော်တို့ထဲက ကျောင်းသား တစ်ယောက်က -- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ= တ-စ-ည (၈လေးလုံးအရေးတော်ပုံကြောင့် ဖျက်သိမ်းပေးလိုက်ရတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ= မဆလ မှ နာမည်ပြောင်းလိုက်သောပါတီ) ကို ဖိတ်ခေါ်ရန် ကိစ္စကို ဆွေးနွေးကြတော့ .. အားလုံးက သဘောတူခဲ့ကြပါတယ်။

နောက် တယောက်က မေးခွန်းတခု ထမေးလာပါတယ်---။

” ဒါဆို ဦးနေ၀င်းကိစ္စကိုရော ဘယ်လိုစဉ်းစားမလဲ ”

ဆိုတော့.. ဒီမေးခွန်းကို ကျနော်တို့ ရင်တုန်မိတာ အမှန်ပါ..။ ကျနော်တို့ အဆုံးဖြတ် မပေးရဲပါဘူး..။

ဒီအချိန်မှာပဲ ဘဘ ဦးတင်ဦးက ထပြောလာပါတယ်…။

“ ဦးနေ၀င်းကို ဖိတ်ခေါ်ဖို့ ကိစ္စက မူအရ ကမ်းလှမ်းရမှာပဲ..။ လက်ခံတာ...လက်မခံတာက သူ့အပိုင်းပေါ့ ” ဆိုတော့ ဦးအောင်ရွှေက ဦးတင်ဦးရဲ့ အဖြေကို ထပ်ဆင့် ထောက်ခံခဲ့ပါတယ်။

အန်တီကတော့ လူကြီးတွေရဲ့အကြံပြုချက်များကို ခပ်မဆိတ်လေးပဲ နားထောင်နေရှာတယ်။

ဘဘ ဦးတင်ဦးက ပဲ ဆက်လက်ပြီး………

“ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဟိုလူတော့လာ၊ ဒီလူတော့ မလာနဲ့..လို့ ခွဲခြားလို့ မရကောင်းဘူး…..။ ဦးနေ၀င်းဟာလည်း သမိုင်းမှာ တာဝန်ရှိသူတယောက်ပဲ။ သူ့ကို ကမ်းလှမ်းသင့်တယ် …။ နောက်ပြီး နအဖ ခေါင်းဆောင်ပိုင်းတွေလည်း ကမ်းလှမ်းရမှာပဲ…။ လက်ခံခြင်း လက်မခံခြင်းက ကာယကံရှင်များရဲ့ အခန်းကဏ္ဍပဲ...။”

ကျနော်က ဘဘ ဦးတင်ဦး ပြောအပြီးမှာ မေးခွန်းတခု မေးမိတယ်.....။

“ ကျနော်တို့ ကျောင်းသားများအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မူအရ အားလုံးကို ကမ်းလှမ်းပါမယ်…။ ဒါပေမယ့် ပြဿနာက တစည ပါတီ ရယ် ...ဦးနေ၀င်းရယ် .....နအဖ စစ်ခေါင်းဆောင်တွေရယ်.....ကို ဖိတ်ခေါ်ကမ်းလှမ်းရမယ်ဆိုတာကို ...ကျန်တဲ့ အင်အားစုတွေက ၀ိုင်းဝန်းပြစ်တင်ကြရင် ......ကျနော်တို့ ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲ....။“ ဆိုတော့ ဦးကြည်မောင်က စကားလုံးဝ မပြောဘဲ နားထောင်နေရာကနေ ၀င်ထောက်ပေးလာတယ်….။

“ မူအရ လုပ်တဲ့ကိစ္စပဲ..။ အားလုံးနားလည်လာမှာပါ ။”

ကျနော်တို့ရင်ထဲမှာတော့ လူကြီးတွေရဲ့အားပေးသံတွေကြောင့် လိပ်ပြာလုံခြုံခဲ့ပါတယ်။

အဲဒီအချိန် ငြိမ်ငြိမ်လေးနားထောင်နေတဲ့ အန်တီက---
“ လုပ်ရပ်တိုင်း..လုပ်ရပ်တိုင်းမှာ ရည်ရွှယ်ချက်နဲ့ စေတနာမှန်ဖို့ အဓိကပါ..။ အထင်မှားခဲ့ရင်လည်း တဖြေးဖြေးချင်း နားလည် သဘောပေါက်လာမှာပါ ။”

အားလုံးစက္ကန့်ပိုင်းမျှ ငြိမ်သက်သွားကြတယ်။ အတွေးကိုယ်စီနဲ့.....။

ထိုင်နေရာက ညောင်းလို့ ဟန်ချက်ပြောင်းထိုင်တဲ့ အသံမှတပါး.... (တဖျတ်ဖျတ်ရိုက်နေတဲ့ ကင်မရာ ခလုတ် အသံလေးတွေက အခန်းတွင်းမှာ လူးလာပြေးနေကြတာက လွဲလို့…) တိတ်ဆိတ်သွားနေတဲ့ အချိန်မှာပဲ…….အန်တီက အေးအေးဆေးဆေး ၀င်ပြောပါတယ်။

“ ဖေဖေ့တုန်းကလည်း ဒီလိုပါပဲ..။ သူဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တိုင်းအပေါ် အားလုံးက တပြိုင်နက်ထဲ ထောက်ခံခဲ့တာမှ မဟုတ်တာ..။ သဘောကျတဲ့သူတွေ ရှိသလို.. ကန့်ကွက်တဲ့သူတွေ ရှိနေမှာပဲ..။ ဒါဖြစ်စဉ်ပဲလေ…..။

ဖေဖေဆို ဘယ်လောက် ရင်ဆိုင်ခဲ့ရသလဲဆိုတာ ဘဘတို့ ( ဦးတင်ဦး၊ ဦးအောင်ရွှေ၊ ဦးကြည်မောင် ၊ ဦးလွင် တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။)ဆို အသိဆုံးပါ။ အန်တီ မှတ်မိနေသေးတယ်…အိမ်မှာဖေဖေက စာတန်းတောင် ချိတ်ဆွဲထားတာ ..။ ရိုးရိုးလေးပါ..။

” ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူး...တဲ့။"

အဲဒီနေ့က အန်တီရဲ့ ခြံရှေ့ဟောပြောပွဲလုပ်မယ့်နေ့ ဖြစ်တဲ့အပြင် ဟောပြောပွဲစဖို့ကလည်း အချိန်က နီးကပ်လာပြီမို့… ကျနော်တို့ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့တယ်။

ကျနော်တို့ အန်တီ့ အိမ်ထဲက ထွက်လာတော့ အိမ်ရှေ့မှာ ဟောပြောပွဲက စခါနီးနေပြီ၊ လူတော်တော်များများ တံခါးပေါက်ရှေ့မှာ ပိတ်နေလို့ တောင်းပန်ပြီး ကျော်ခွထွက်လာခဲ့ရတယ်။ မျက်နှာချင်းဆိုင် လမ်းတဘက်မှာရှိတဲ့ အိမ်ကြီးထဲမှာတော့ ထောက်လှမ်းရေးများကလည်း နေရာယူလို့ စတော့မယ့် ဟောပြောပွဲအတွက် ဗွီဒီယိုရိုက်ဖို့ပါ။ လူတွေက တဖွဲဖွဲ၊ ယာဉ်ထိန်းရဲတွေက လမ်းဘေး တဘက်တချက်ကို သံဆူးကြိုးတွေနဲ့ ကာထားတဲ့ အတွင်းပိုင်းမှာ ယာဉ်တန်းတွေကို လက်ပြနေတယ်။ အန်တီ ထွက်လာတယ်ဆိုရင်ပဲ......

“ ဒေါ်အောင်ဆန်းစုကြည်………… ကျန်းမာပါစေ ..”

ထပ်ခါ.. ထပ်ခါ ဆိုတဲ့ သံပြိုင် အော်ဟစ် ဆုတောင်းပေးသံတွေက မိုးထိ ညံတက်သွားတယ်။

အန်တီက လက်လေးဝှေ့ရမ်း၊ အပြုံးတွေနဲ့နှုတ်ဆက် ……..။ ခေါင်းပေါ်မှာလည်း ပန်းတွေ ဝေဆာလို့………..။

ဘေးတဘက်တချက်မှာတော့ တချိန်က မြန်မာ့တပ်မတော်ရဲ့ကာကွယ်ရေးစစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦး ၊ နောက်တစ်ယောက်က စစ်တိုင်းမှုးတာဝန်ကိုယူခဲ့တဲ့ ဗိုလ်မှုးကြီးကြည်မောင် ………။

သူတို့နှစ်ယောက်က ခြံစည်းရိုး တံခါးပေါ်က ငေါထွက်နေတဲ့ သံတိုင်လေးတွေကို ဘယ်ညာဆုပ်ကိုင်ထားရင်း .. မျက်လုံးတွေကတော့.. လူထုကြီးဆီကို ဖြန့်ဝဲလို့………။

“ ကျမကို မေးလာတဲ့မေးခွန်းလေးက … ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလုပ်လို့ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့ အခါ … ကြောက်ရွံ့စိတ်ဖြစ်ပေါ်တတ်ပါသလား....တဲ့ ။ သိပ်ကောင်းတဲ့မေးခွန်းလေးပါ ” …။

အန်တီဟာ သူဖတ်လိုက်တဲ့ စာရွက်လေးကို ကိုင်ထားတဲ့လက်ကို ဘေးကို ချလိုက်ရင်း… ပရိသတ်ကို ပြုံးကြည့်လိုက်တယ်…..။ ညာဘက်လက်က မိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း….

“ ကျမဟာ.. သာမန်လူသားပါ..။ ကြောက်စရာနဲ့တွေ့ရင်… ကြောက်တတ်တာပေါ့…..။" (လက်ခုပ်သံများ)

"........ကိုယ်ယုံကြည်တဲ့ အလုပ်တွေကို လုပ်တဲ့အခါ တခါတလေ.. ကြောက်ကြောက်နဲ့ လုပ်ရတဲ့ အခါလည်းရှိပါတယ်…။ ကြောက်နေတယ်ဆိုတာ တခါတလေ့ အကျင့်လည်းဖြစ်တတ်တယ်…..။ဒါပေမယ့် အမြဲတန်း ကြောက်နေရင် အကျင့်ပါသွားတတ်တယ်…..။" (လက်ခုပ်သံများ )

"…………သတ္တိအစစ်မှန်ဆိုတာ ကြောက်လျှက်နဲ့မှန်တာကို လုပ်ရဲတာပဲ ”

ပရိသတ်ကြီးဟာ ငြိမ်သက်စွာနဲ့  အန်တီစုရဲ့ စကားလုံးတွေကြားမှာ နစ်မျောသွားတယ်..။ တခါတရံ ကုက္ကိုင်းလမ်းမကို ဖြတ်မောင်းလာတဲ့ကားတွေရဲ့ ဟွန်းသံတွေ ထွက်ထွက်လာတာကတော့ .. စိတ်အာရုံကိုအနှောက်အယှက်ဖြစ်သွားစေခဲ့တာအမှန်ပါ..။ သို့သော်လည်း သူတို့လည်း သူတို့ခရီးကို သူတို့သွားကြတာဆိုတော့ … နားလည်ပေးလိုက်ကြပြန်ပါတယ်….။

ဒီခေတ်မှာဆိုလို့ ရှိရင် မှန်တာလုပ်သူတွေ အများကြီး အချုပ်အနှောင်ခံရတယ်…။ အများကြီး ဒုက္ခအပေးခံရတယ်….။ ဒါပေမယ့်လည်း မှန်တာမို့လို့ဆိုပြီး.. လုပ်ရဲတဲ့သတ္တိ မွေးဖို့လိုတယ်…….။” (လက်ခုပ်သံများ)

လက်ခုပ်သံတွေတောင် မဆုံးခင်မှာ ကားတစ်စီးက ဖြတ်မောင်းလာပြီး ဟွန်းသံကို မနားတမ်း ပေးတယ်။ လမ်းပေါ်မှာ ကားတွေက သိပ်ညှပ်နေတာလည်း မဟုတ်ဘဲနဲ့ .....အန်တီစုနဲ့ မျက်နှာချင်းဆိုင် နားလောက်ရောက်တော့ ကားကို ဖြေးဖြေးလေး မောင်းလာပြီး ဟွန်းသံကို လုံးလုံးမရပ်ဘူး၊

အန်တီစုလည်း စကားဆက်ပြောလို့ မရတော့ဘူး။ နားထောင်နေတဲ့ လူအုပ်ကြီးက ပွစိပွစိဖြစ်ကုန်တော့မှ ကားကိုမောင်းပြေးတယ်။ မကြာခင်မှာပဲ အလားတူ ဟွန်းသံရှည်ဆွဲလာတဲ့ ကားတစ်စီး၊ နောက်ထပ် တစ်စီး….. နောက်ထပ်…….နောက်ထပ်…….။

အားလုံးအတွက် စိတ်အနှောက်ယှက် ဖြစ်စေခဲ့တာတော့အမှန်ပါ..။ ဒါပေမယ့် အန်တီစု အပါအ၀င် လူထုကြီးက စိတ်ရှည်ရှည်နဲ့ သည်းခံရှာပါတယ်။ အဲဒီလို အဖြစ်ပျက်တွေက ဟောပြောပွဲကာလ အချိန်တွေ မှာ နေ့စဉ်နဲ့ ဆိုသလို ကြုံတွေ့ခဲ့ရတာပါ။

တခါ စစ်ထောက်လှမ်းရေးတွေဟာ တာဝန်အရ လူတွေကို အရက်မူးအောင်တိုက်ပြီး လူအုပ်ကြီးကြားထဲ လွှတ်လိုက်တယ်။ အရက်မူးသမားတွေက လူအုပ်ကြီးကို စိတ်အနှောင့်ယှက် ဖြစ်အောင် လုပ်တော့တာပဲ။ သို့သော်လည်း NLD က လုံခြုံရေးယူပေးနေတဲ့ လူငယ်တွေက ဘယ်တော့မှ သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြုမူခဲ့ဘူး ။ အဲဒီလိုလူတွေကို အသာပဲ ခေါ်ပြီး လူအုပ်ကြီးနဲ့ ဝေးရာကို သွားပို့လိုက်တယ်။

စဉ်းစားကြည့်မိတယ်။ တကယ်လို့ ဒီနေရာမှာ နအဖရဲ့ စစ်ဗိုလ်ချုပ်တစ်ဦး မိန့်ခွန်းပြောခဲ့ချိန် ဖြစ်မယ်ဆိုရင်.. ဒီလိုလုပ်လို့ရနိုင်မလား…။ ချက်ခြင်းကို ထောင်ထဲ ပို့ပစ်လိုက်မှာ အမှန်ပါ။

အမှန်တရားတစ်ခုရှိတယ်.. ။

"စိတ်နဲ့တန်သော ဘ၀...." တဲ့။

"စိတ်ကောင်းရင်---ဘ၀ကောင်းမယ်။

စိတ်မြင့်ရင်------ဘ၀မြင့်မယ်။

စိတ်ယုတ်ရင်---ဘ၀ယုတ်မယ်။

စိတ်ကောက်ရင်----ဘ၀ကောက်မယ်။”

ဒီလိုယုတ်မာမှု့တွေရှိသလို အင်မတန်မှ မြင့်မြတ်ဖြူစင်တဲ့နှလုံးသားပိုင်ရှင်များကိုလည်း ဟောပြောပွဲ အပြီးမှာ တွေ့ရပါတယ်။ အဲဒါကတော့ ဟောပြောပွဲပြီးလို့ ကျန်ရစ်ခဲ့တဲ့ အမှိုက်သရိုက်တွေကို လိုက်လံရှင်းလင်းပေးတဲ့ NLD ပါတီဝင်များအပါဝင် လူပုဂ္ဂိုလ်အချို့ပါ။

သူတို့ကိုဘယ်သူကမှ ခိုင်းတာမဟုတ်ဘူး။ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ကူညီကြတာ ၊ ဘာအကျိုးစီးပွားမှ မမျှော်လင့်ဘူး ။ ကိုယ့်စရိတ်နဲ့ကိုယ် လာတယ်၊ သူတို့တတ်နိုင်တဲ့အားနဲ့ ကူညီကြတယ်………။

ဘယ်လောက် ချစ်စရာ… လေးစားစရာကောင်းတဲ့ ဆောင်ရွက်မှု့တွေလည်းဆိုတာ ….. စဉ်းစားကြည့်ရအောင်ပါ.....။

( မောင်မောင်ဝမ်း )

အပိုင်း ( ၆ ) ဆက်ပါဦးမည်။.........

အဖွဲ့ချုပ်၏ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ကြောင်း ကြေငြာပြီးသည့်နောက်ပိုင်း စည်းရုံးရေးလှုပ်ရှားမှု မှတ်တမ်းနှင့် အဘဦးဝင်းတင်၏ပြောကြားချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ၏ နိုင်ငံရေးပါတီ အဖြစ် ပြန်လည်မှတ်ပုံမတင်ကြောင်း ကြေငြာပြီးသည့်နောက်ပိုင်း စည်းရုံးရေး လှုပ်ရှားမှုမှတ်တမ်းနှင့် အဘဦးဝင်းတင်၏ ပြောကြားချက်များ29-11-2010-NLD-Movement
ABMA မှပေးပို့ပါသည်..

ကြပ်ပြေး ယတြာအလံစာ..

ကြပ်ပြေး ယတြာအလံစာ..

မြန်မာသက္ကရာဇ်၁၃၇၂ တော်သလင်းလပြည့်ကျော် ၁၃ရက် ခရစ်နှစ် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့ နေ့လည် ၃နာရီ၃၀ မိနစ်တွင် သရ အမည်ရှိသာ မြေဖုတ်ဘီလူးသည်.. မနပလဆိုသော မြန်မာပြည်၏ အရှေ့တောင် အရပ်မှ ကက အမည်ရှိသော ဥစ္စာစောင့်မိန်းမမှ ခိုးယူလာသည့် အရောင်လေးမျိုးပါသည့် အဝတ်တစ်ခုကို ကိုင်ကာ လဒကိုစီးလျှက် ကြပ်ပြေးဆိုသော အရပ်သို့ ဆင်းလေသည်.. ထိုနေ့ကားနတ်ပြည်၌ ရက်ရာဇာ.. လူ့ပြည်၌ ပြည်သူလူထုအတွက် ရက်ရာဇာ ဖြစ်ပြီး မတရားအုပ်ချုပ်နေသူများ အတွက် ပြဿဒါးနေ့ဖြစ်၏.. ဤကား ယတြာအလံ အကျတည်း။

ထိုမှ မြန်မာ၃နာရီ ၃၃မိနစ်အချိန်တွင် မဟာရန်ကုန်မြို့လယ်ကောင် တည့်တည့်၌ အသလဆိုသော မြို့စောင့် ပြိတ္တာသည် .. ခေါင်း၌ ခေါင်းပေါင်းမပါ.. ပြိတ္တာနှင့် မလိုက်ဖက်သော မည်းသောကိုယ်၌ ဖြူဖွေးသော အဝတ်ကို ဝတ်ဆင်လျှက် ပုဆိုးအကွက် ကိုဆင်မြန်းပြီး ခြေ၌ စင်ကြယ်ဖိနပ်ကို စီးကာ.. ပြိတ္တာ ပရိသာတ် အပေါင်းခြံရံလျှက် မြေဖုတ်ဘီလူး သရယူဆောင်လာသော အရောင်လေးမျိုးပါသော အဝတ်စအား ယတြာတိုင်သို့ လွှင့်လေသည်.. ထိုအချိန်၌ ကဆအမည်ရှိသော မည်းမည်းပုပု အသံစာစာနှင့် မျက်မှန်တပ်ထားသော မှင်စာသည် အောင်ပြီအောင်ပြီဟု သုံးကြိမ်တိုင်တိုင် အော်လေသည်..။ ထိုအချိန်၌ ကြပ်ပြေးဆိုသော အရပ်၌ အရောင်အဆင်းမရှိသော ဆင်တစ်ကောင်အား အချိန်ကိုက်၍ အနောက်အရပ်မှ မြို့သို့ အတင်းဓမ္မ မောင်းသွင်းစေလေသည်။ ဤကား ယတြာအလံအကြတ်တည်း။

ယခုနှစ် ယတြာအလံစာ အရ အသလဆိုသော မြို့စောင့် ပြိတ္တာသည် ဖြူဖွေးသော အဝတ်ကို ဝတ်ဆင်လျှက် ပုဆိုးအကွက် ကိုဆင်မြန်းပြီး ခြေ၌ စင်ကြယ်ဖိနပ်ကို စီးလျှက် အဝီဇိ အရပ်မှ ဝင်ရောက်လာသောကြောင့် ယခုနှစ် အဖြူရောင်နှင့် အစိမ်းရောင် ပုဆိုးကို ဝတ်ဆင်သော တိရိစ္ဆာန်ပုံ ပါသော ခွေးခြင်္သေ့ပါတီ ရွေးကောက်ပွဲ လုပ်ခဲ့သည်ရှိသော်.. ခွက်ခွက်လန်ရှုံးအံ့ ရခိုင်ပုဆိုးနှင့်တူသော အရာကို ဝတ်ဆင်ထားသောကြောင့် ရခိုင်ပြည်နယ်အတွင်း လေဘေးကျအံ့ .. ပြည်သူအချင်းချင်းမှ ဒုက္ခရောက်နေသူများအား ကူညီအံ့.. အသလဆိုသော မြို့စောင့် ပြိတ္တာသည် စင်ကြယ်ဖိနပ်ကို စီးလျှက်တွေ့ရသည့် အတွက် နေပြည်တော်မှ မင်းအစိုးရများ စောက်ကျိုးနည်းအံ့.. ကိုယ့်ရှူးကိုယ်ပတ်အံ့.. စောက်ထိုး ခွေးကျကျအံ့.. ယတြာအလံသည် စင်ပြိုင်အစိုးရတစ်ရပ်၏ အလံဖြစ်နေသည့်အတွက် ထိုနေ့မှစ၍ မကြာသော ကာလ၌ စင်ပြိုင်အစိုးရတစ်ရပ် ပေါ်ပေါက်အံ့.. ယခုနှစ် ယတြာအလံစာသည် အတုအပလုပ်ထားသည့် အတွက် အတုအယောင် ပြုလုပ်ထားသော အလံ တံဆိပ် စသည့် ပါတီ အဖွဲ့အစည်းများ ကိုယ်ကျိုးနည်းအံ့.. ပြည်သူတို့၏ ဆန့်ကျင်ခြင်းကို ခံရအံ့..

ယနေ့မှစ၍ ခုနှစ်ရက်သားသမီးတို့ အတွက် ယတြာကား လာမည့် တန်ဆောင်မုန်းလဆန်း(၁)ရက် နိုဝင်ဘာလ (၇)ရက်နေ့၌ အိမ်ထဲမှ အိမ်ပြင်မထွက်ပဲ နေသူများ ကောင်းကျိုးချမ်းသာများ ဧကန်မုချရရှိအံ့... အကယ်၍ ထိုနေ့ အိမ်တွင်းမှ မထွက်မနေ ထွက်ရပြီး မသွားမဖြစ်သွားရသော အရပ် မဲရုံစသည့် နေရာဋ္ဌာနများသို့ သွားရောက်ကြကုန်သော ခုနှစ်ရက်သားသမီးများအတွက် ယတြာအလို့ငှာ လူပုံများပါသော မဲစာရွက် အပေါ်ရှိ လေးထောင့်ကွက်များ၌ ရှိသမျှ အမှားခြစ်၍သော် လည်းကောင်း ပြုလုပ်ဆောင်ရွက်ပါသော်.. လာမည့် နှစ်၊လ၊ရက်များအတွင်း ကောင်းကျိုးချမ်းသာကို ဧကန်မုချ ရရှိခံစားရပါပေလိမ့်မည်..

ထိုယတြာအလံကား လာမည့် တန်ဆောင်မုန်းလဆန်း(၁)ရက် နိုဝင်ဘာလ (၇)ရက်နေ့၌ သရ မည်သော မြေဖုတ်ဘီလူးသည်.. ခွက်စုတ်ကို ကိုင်ကာ နအဖ ဆိုသော အပေါင်းအပါများနှင့် ကမ္ဘာမြေ၏ အောက်တည့်တည့်ဖြစ်သော အဝီဇိ အရပ်သို့ ပြန်လည်ဆင်းသက်အံ့ ဤကား ယတြာအလံ အပျက်တည်း..။

ဤကား ကြပ်ပြေး ယတြာလံစာ အလိုတည်း...

နအဖနှင့် အပေါင်းအပါများမှ လွှဲ၍ ခုနှစ်ရက် သားသမီးများ ကျန်းမာ ချမ်းသာကြပါစေ..

မြန်မာပြည်မှ ဆရာဝေဒ

ယတြာအလံစာမှာ ပါဝင်သည့် နတ်ဆိုးအမည်များ

သရ ... သန်းရွှေ
ကက... ကြိုင်ကြိုင်
အသလ.. အောင်သိန်းလင်း
ကဆ.... ကျော်ဆန်း
နအဖ... နွားအဖွဲ့

မနပလ... မာနယ်ပလော အရပ်...

ရေးသားသူ..?????
ဓာတ်ပုံ ဒီမိုဝေယံနှင့် အလင်းဆက် ဖန်တီးပါသည်..။

မြန်မာနိုင်ငံ အလုပ်သမား လယ်သမားတို့၏ လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှုများ စစ်တမ်း...

farmer&worker
မြန်မာနိုင်ငံ အလုပ်သမား လယ်သမားတို့၏ လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှုများစစ်တမ်း

မိတ်ဆွေများ

မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေးချိုးဖေါက်ခံနေရမှု မှတ်တမ်းကို မြန်မာနိုင်ငံ အလုပ်သမားလယ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်မှ ရေးသားဖြန့်ဝေပါသည်။

သွေးစည်းညီညွတ်စွာဖြင့်

မြန်မာနိုင်ငံအလုပ်သမားလယ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။



ညီငယ်အလင်းဆက်အား ကျေးဇူးတင်ပါသည်...။

ချင်းမိုင်မှာရှိတဲ့ တေဇရဲ့ Air Bagan လေကြောင်းလိုင်းရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီ အရေးထောက်ခံတဲ့ နိုင်ငံခြားသားများမှ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်...

ချင်းမိုင်ရှိ တေဇပိုင် Air Bagan ရုံးရှေ့မှာ ဆန္ဒပြနေတဲ့ နိုင်ငံတကာမှ မြန်မာ့အရေးထောက်ခံသူ နိုင်ငံခြားသားများ
ဆန္ဒပြပွဲ ပြုလုပ်ချိန်မှာ Air Bagan ဝန်ထမ်းတွေ တံခါးတွေ မီးတွေ ပိတ်ပြီး အထဲမှာကုပ်နေပါတယ်..။
တေဇရဲ့ AirBagan ရုံးရှေ့ကိုတော့လျှက်တစ်ပြက် သွားရောက် ဆန္ဒပြခဲ့ကြတာပါ..။
ဒါ့အပြင် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆော်သြခဲ့ပါတယ်..။
boycott of the upcoming election in Burma 'Real Election, not a Military
Selection'.
တေဇရဲ့ Air Bagan ကိုသပိတ်မှောက်ဖို့ လှုံဆော်တဲ့ ကမ်ပိန်းကို ချင်းမိုင် ရှိလူစည်ကားရာ ဘတ်(စ်)ကားဂိတ်များနဲ့ ဈေးများ နိုင်ငံခြားသားတွေ အများဆုံးရှိတဲ့ နေရာများ ခရီးသွားလုပ်ငန်းတွေ ရှိရာနေရာများ မှာ လိုက်လံဝေငှခဲ့ပြီး.. ("Hey, Hey! No, No! Air Bagan has got to go!") ဒီလို Sologans တွေ တိုင်ခဲ့ပါတယ်..။
တေဇရဲ့ဒီ Air Bagan ရုံးဟာ ချင်းမိုင်မှာ ဒီနှစ်နှစ်စပိုင်းမှာ ဖွင့်ခဲ့ပြီး တပတ်ကို နှစ်ကြိမ် ချင်းမိုင်နဲ့ ရန်ကုန်ကို ပျံသန်း ပြေးဆွဲနေပါတယ်..။

ဒီပွဲကို ဦးဆောင် ကျင်းပခဲ့သူကတော့ မြန်မာဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်လှုပ်ရှားနေတဲ့ အမေရိကန်နိုင်ငံသား Mr.Garrett Kostin ဖြစ်ပြီး ချင်းမိုင်မှာ မြန်မာလူမျိုးများအတွက် မိတ်ဆွေကောင်း စာကြည့်တိုက်ကို ဖွင့်လှစ်ပြီး.. ဦးစီးဦးဆောင် ပြုနေသူဖြစ်ပါတယ်...။ Mr.Garrettဟာ ယခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံအတွင်း မြို့နယ် ၁၅ခု၌ွ်မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ(Peace In Burma Now) ငြိမ်းချမ်းရေး စတစ်ကာကပ်မှုကြောင့် ငြိမ်းချမ်းရေးကို မလိုလားတဲ့ မြန်မာစစ်အာဏာပိုင်များမှ မေလ(၃)ရက်နေ့မှာ ပြည်ဝင်ခွင့် ဗီဇာမပြည့်မှီ ထိုင်းနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်...။

မြန်မာပြည် ငြိမ်းချမ်းရေးလိုလားတဲ့ Mr.Garrett ရဲ့ ယခုနှစ် ဧပြီလအတွင်းက မြန်မာပြည်တွင်း မှာပြုလုပ်ခဲ့တဲ့ စတစ်ကာ ကမ်ပိန်းအကြောင်း ပြန်ဖတ်ချင်ရင်..
အမေရိကန်နိုင်ငံသား Mr.Garrett Kostinရဲ့မြန်မာပြည်တွင်းမှ ငြိမ်းချမ်းရေး စတစ်ကာများ
မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး စတစ်ကာတွေ ကပ်ခဲ့တဲ့ Mr. Garrett နဲ့အင်တာဗျုး (ပထမပိုင်း)..
မြန်မာပြည်တွင်း၌ ငြိမ်းချမ်းရေးစတစ်ကာ ကပ်ခဲ့သူ Mr.Garette နှင့် အင်တာဗျူး( အပိုင်း ၂ ) ...

Mr.Garrett ရဲ့ ယနေ့ပြုလုပ်တဲ့ ဆန္ဒပြပွဲအကြောင်း အင်္ဂလိပ်လို အပြည့်အစုံ အောက်မှာ ဖတ်ရှုနိုင်ပါသည်..။

*'Boycott Air Bagan' Campaign Launched in Chiang Mai*

Today a group of Burmese and international activists with a concern for the people of Burma launched a campaign in Chiang Mai, Thailand, calling for a complete boycott of Air Bagan, a Burmese airline with close ties to the Burmese military regime, as well as other businesses that support and sustain the military dictatorship in Burma.

A protest demonstration was conducted in front of Air Bagan's Chiang Mai office early in the afternoon. Almost immediately after the protest began, the staff of Air Bagan locked the front door and shut off their lights. The office remained closed for the rest of the day.

Air Bagan opened its office in Chiang Mai earlier this year, and has been running twice-weekly direct flights from Chiang Mai to Rangoon. Chiang Mai is a key part of Air Bagan's plan to increase its international market share after failed attempts to sustain international routes to and from Singapore and Bangkok.

The group also took today as an opportunity to add their voices to those calling for a boycott of the upcoming election in Burma. They displayed posters from Burma Partnership calling for a 'Real Election, not a Military Selection'. In speeches and interviews with the media, representatives urged all citizens of Burma to protest this mockery of democracy in any way they are able.

The protest action began at The Best Friend Library with a small press conference with several members of the Burmese exile media. The Irrawaddy, Burma News International, Mizzima, and DVB all sent reporters to cover the event, as did a Thai media outlet.

Next, the group travelled to the Air Bagan office on Chang Klan Road in Chiang Mai. They distributed informational brochures in English and Thai to expose the truth about Air Bagan and its owner, Tay Za, a disreputable Burmese tycoon. Among other ties, Tay Za has worked as a broker for the Burmese military in their quest to acquire more advanced military aircraft and weapons.

After blowing whistles, distributing information, reading a statement, and chanting slogans ("Hey, Hey! No, No! Air Bagan has got to go!") for approximately 45 minutes, the group headed down Chang Klan Road to Loi Kroh Road, a busy street with many foreigners and tourist information centers, all the while passing out brochures and carrying posters of Aung San Suu Kyi.

The group has plans to continue their "Boycott Air Bagan" campaign by continuing to distribute information to Thai travel agencies and tour operators in Chiang Mai, along with Thai-language versions of “Forbidden Glimpses of Shan State”, a report produced by Shan Women’s Action Network (SWAN) about the adverse effects of state-sponsored tourism in Shan State.

Future actions will also focus on distributing information to tourists at Chiang Mai's busy bus station and Night Bazaar. The group also has plans to conduct more surprise demonstrations at the Air Bagan office in Chiang Mai.

The group, many of whom are members of The Best Friend Library, strongly encourage travel and tour agencies in Thailand to be more informed and selective about companies they partner with in Burma. They also ask all potential visitors to Burma to make informed and compassionate travel choices, as well as to seek out alternatives to traveling with Air Bagan.

The group calls on all people and governments concerned with ending human rights abuses to end all financial dealings with Air Bagan and other businesses owned by Tay Za.
--
Garrett Kostin
The Best Friend Library – Chiang Mai
www.thebestfriend.org

မြန်မာ့ဒီမိုကရေစီရေးအတွက် အမြဲအားကြိုးမာန်တက် ဆောင်ရွက်ပေးနေတဲ့ မိတ်ဆွေကြီး Mr.Garrett နဲ့ ပြန်လည်ပေးပို့ပေးတဲ့ ညီငယ် အလင်းဆက်အား ကျေးဇူးတင်ပါသည်..။

Air Bagan
Tay Za ရဲ့ Air Bagan Sale Promotion ကြော်ငြာတစ်ခုပါ.. Mr.Garrett ရေ
ဒီပုံလေးလည်း ထည့်ကြော်ငြာပေးပါဦး...

ဒီမိုဝေယံ

ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး မဟာဗျုဟာများ..


ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး မဟာဗျုဟာများ

(တော်လှန်ရေး အောင်မြင်ရေး လမ်းညွန်ချက်များ)
အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တော်လှန်ရေး အောင်မြင်ရေး လမ်းညွန်ချက်များကို ဗိုလ်ချုပ်ရေးသားခဲ့သော “ကမ္ဘာစစ်နှင့် ဗမာ” ဆောင်းပါးတွင်ပါသော ဗမာ့ထွတ်ရပ်ဂိုဏ်း ၏ လုပ်ငန်းစဉ် အပိုင်းမှ ကောက်နုတ်ဖော်ပြပါသည်။ ယနေ့ ဗမာတမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေရသော ဖတ်ဆစ်စနစ် ထက်ဆိုးသော စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ရေးတိုက်ပွဲ အတွက် တဖက်တလမ်းမှ အကျိုးရှိစေခြင်းငှာ ရှာဖွေတင်ပြရခြင်းဖြစ်ပါတယ်။

သဘောထားချင်းတူသော မည်သည့်နိုင်ငံရေးဂိုဏ်း၊ မည်သည့် အခြားအဖွဲ့အသင်း နှင့်မဆို လမ်းအတူတူ၊ အလုပ်အတူတူလုပ်ရန် အသင့်ရှိရမည်။

တိုင်းသူပြည်သားများ၏ ပိုမိုနိုးကြားမှု၊ လွပ်လပ်ရေးစိတ် ထက်သန်မှုတို့အတွက် အပြင်းအထန် အားထုတ်ရန်လိုသည်။

တိုင်းသူပြည်သား အများအား နေ့စဉ် တာဝန်ခံ၊ ညွှန်ကြားဆောင်ရွတ်မည့် ခေါင်းဆောင်များ ပေါ်ပေါက်လာရန် လိုသည်။

တိုင်းပြည်လွတ်လပ်ရေးအတွက် အချိန်အလိုက် ဆောင်ရွတ်နိုင်စေမည့် ငွေကြေး တောင့်တင်းမှုကို ရရှိရန် လိုလေသည်။

အစည်းအရုံးဝင်များ များပြားလာအောင် ဆောင်ရွက်ခြင်း၊ဗမာ့လက်ရုံးတပ်များ တည်ထောင်၍ လေ့ကျင့်ခြင်း၊

နိုင်ငံရေးပညာသင်တန်းများ ဖွင့်လှစ်ခြင်း၊


ဆွေးနွေးပွဲများ ကျင်းပခြင်း၊

ငွေကြေးစုဆောင်းခြင်း၊

နိုင်ငံခြားတွင် ဝါဒဖြန့်ဖြူးခြင်း။

အပြောစခန်းမှ အလုပ်စခန်းသို့ အရောက်သွားရမည်။

မည်သည့်ကိစ္စကိုမှ ဆောင်ရွတ်သည်ဖြစ်စေ၊ ပယောဂထုတ်ရုံနှင့်မရ၊ ဒေသအားဖြင့်လည်းကောင်း၊ ကာယအားဖြင့်လည်းကောင်း၊ သင့်မြတ်မှလည်း အောင်မြင်နိုင်မည်။

လူ ပယောဂလည်း ပါရမည်။ ဒေသအားဖြင့်လည်း သင့်မြတ်ရမည်။ အချိန်အားဖြင့်လည်း ကောင်းရမည်။ လွတ်လပ်ရေးလိုကြောင်း သို့အတွက် အရေးဆိုပြီဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ဝါဒဖြန့်ရမည်၊ စည်းရုံးရမည်။ဝါဒဖြန့်စဉ် တိုင်းပြည်လွတ်လပ်ရေးအတွက် လိုအပ်သော နိုင်ငံရေး ညီညွတ်မှုကို ရရှိရန် ကြိုးစားရမည်။ နိုင်ငံရေး ညီညွတ်မှု ဆိုသည်မှာ ခေါင်းဆောင်ဆိုသူများ ညီညွတ်ရေးဟု အတပ်မဆိုသာ။

အရေးတော်ပုံ အတွက် ဓါတ်စာကျသော အလုပ်သမား၊ ကျောင်းသား၊ အမျိုးသမီး၊ ကုန်သည်၊ စာရေးစာချီ။ လယ်လုပ်လယ်သီးစား၊ လယ်ကူလီများ၊ ရှမ်း-ချင်း-ကချင်-ကရင်- ချင်းတောင်များ နယ်များရှိ ဆင်းရဲသားလူထုများ အားလုံး ညီညွတ်မှု၊ သွေးစည်းမှုကို ဆိုလိုသည်။

ဝါဒဖြန့်ရင်း နိုင်ငံရေးညီညွတ်ရေး ရရှိမှု ကြိုးစားရင်း မြို့ရွာဒေသ အလျောက်လည်းကောင်း၊ လယ်သမား ‘ဗမာပြည်တွင် အရေးကြီးဆုံးဖြစ်သည်’ အလုပ်သမားစသည့် အမျိုးအစား အလျောက်လည်းကောင်း၊ ပေါ်ပေါက်နေသော လက်ငင်းကိစ္စကလေးများမှ ဆူပူလှုံ့ဆော်၍ တိုင်းပြည်ရှိ လူထုအင်အားများကို လွတ်လပ်ရေးတိုက်ပွဲအတွက် စစ်အင်ကျင်း၍ အပြင်းစစ်ပြင်ရပေမည်။

ပေါ်ပေါက်နေသော လက်ငင်းကိစ္စကလေးများမှ ဆူပူလှုံ့ဆော်၍ တိုင်းပြည်ရှိ လူထု အင်အားများကို လွတ်လပ်ရေးတိုက်ပွဲအတွက် စစ်အင်ကျင်း၍ အပြင်းစစ်ပြင်ရပေမည်။

အစဉ်တစိုက် သဲသဲမဲမဲ လုပ်ငန်းများချ၍ ဆောင်ရွတ်ပါက ပန်းတိုင်ရောက်မည်။

ပန်းတိုင် မရောက်သည့်တိုင်အောင် ဗမာများ မညံ့လွန်းလှလျှင် အကြီးအကျယ် နိုင်ငံရေးအဆင့်အတန်း တိုးတက်ရန် အကြောင်းရှိသည်။

တိုးခဲ့သောပွဲမှ သင်ခန်းစာ အမျိုးမျိုးရပေမည်။ ထိုအခါ နောက်ထပ် လွတ်လပ်ရေးတိုက်ပွဲအတွက် မခဲယဉ်းတော့ပြီ။

ကျောင်းသားလူငယ်များ အကူအညီဖြင့် တိုင်းပြည်အနှံ့ လွတ်လပ်ရေးတရား၊ လက်နက်ဥပဒေ ပယ်ဖျက်ရေးတရား၊ ကမ္ဘာ့အဖြစ်အပျက်အမှန်များတို့ကို အဓိကထား၍ ဝါဒဖြန့်ခြင်း၊

ဗမာ့လက်ရုံးတပ် စသော အပျော်တမ်းတပ်များ ထောင်ခြင်း၊

တို့ဗမာအစည်းအရုံး အသင်းသားစုဆောင်းခြင်း၊

တရုတ်ပြည် အိန္ဒိယပြည်၊ ဘိလပ် စသော တိုင်းနိုင်ငံများအား လူကိုယ်တိုင်သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း ဝါဒဖြန့်ခြင်း၊

ဗမာပြည်အကြောင်း စာအုပ်စာတမ်း ရိုက်ဝေခြင်း၊

တတိုင်းတနိုင်ငံလုံး၏ အင်အားကိုယူသောအားဖြင့် ပြည်လုံးကျွတ်နိုင်ငံရေး အစည်းအဝေးကြီးကျင်းပခြင်း၊

အမျိုးသားသတင်း စသည်များပြုလုပ်ခြင်း၊

ပြည်သူ့ဆန္ဒများ ကောက်ယူခြင်း။

ယခုအခါ နိုင်ငံရေးလုပ်ငန်းမှာ ရှေးကအချိန်မျိုး မဟုတ်သဖြင့် ဗမာမှန်သမျှ ဗမာပြည်သူပြည်သားမှန်သမျှအား နှိုးဆော်တိုက်တွန်းခြင်း၊

တိုင်းစိတ်ပြည်စိတ်ကို မွေးစေခြင်း၊

ဂိုဏ်းစိတ် ဂဏစိတ်များကို မိမိတို့က ခေါင်းဆောင်၍ ဖျောက်ဖျက်ခြင်း၊

အလုပ်သမား၊ လယ်သမား၊ ကျောင်းသား သွေးစည်းမှုများ၊ ရှမ်း-ကရင်-ကချင်-ချင်း အစရှိသည်တို့နှင့် တသွေးတစိတ်တည်း ရှိမှုတို့အတွက် ကြိုးစားခြင်း၊

တိုင်းရင်းသားများ၊ အောက်တန်းစားများ၊ အစိုးရအရာရှိ အမှုထမ်းများ အားလုံးအား လွတ်လပ်ရေးသည် ၎င်းတို့အတွက်ပါ ဖြစ်သည်ဟု သိစေခြင်း။

ပြိုင်တူ ပေါ်ပေါက်လာသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ဈေးသူဈေးသား အခွန်ထမ်း အစရှိသော ကိစ္စများနှင့် ပတ်သတ်၍ အရေးတော်ပုံကလေးများကို အမှီပြု၍ လွတ်လပ်ရေးအကြောင်း၊ အုပ်ချုပ်ရေးအကြောင်း၊ စစ်အကြောင်း၊ လက်နက်ဥပဒေ ပယ်ဖျက်ရန်အကြောင်း အမြဲဝါဒဖြန့်ရမည်။

ထိုအရေးတော်ပုံကလေးများသည် လာမည့်အရေးတော်ပုံကြီး၏ ရှေ့ပြေးမျှသာဖြစ်ကြောင်း တိုင်းသူပြည်သားများ၏ဆိုင်ရာ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ နိုင်ငံရေးဆောင်းဆိုချက် အရပ်ရပ်မှာ လွတ်လပ်ရေးအပေါ်တည်ကြောင်းကို တိုင်းပြည်အား သိစေရမည်။

လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ၊ လွှတ်တော်အဆိုမှာ ဝါဒဖြန့်ရုံလောက်သာ ရှိသည်။

လွတ်လပ်ရေးဆိုသည်မှာ လွှတ်တော်အတွင်းတွင် အဆိုသွင်းရုံနှင့်မရ၊ လွှတ်တော်အဆိုမှာ ဝါဒဖြန့်ရုံလောက်သာ ရှိသည်။ အလုပ်လုပ်ရပေမည်။ လုပ်မှရမည်။ အိပ်နေ၍မရ။ တဦးတည်းဗိုလ်၊ တဦးတည်းနောက်လိုက် လုပ်၍မရ။ မဲဝယ်၍မရ။ ရာထူး လိုက်နေ၍မရ။ အော်ရုံဖြင့်မရ။ အနစ်နာခံ၊ အဆင်းရဲခံ။ အပင်ပန်းခံ၊ အစတေးခံကြမှရမည်။ သို့သော် ဆောင်ရွတ်လျှင် ငါတို့သည် အောင်ပန်းကိုမချွတ် လက်လှမ်းနိုင်မည်။

လူတို့၏ဝတ္တရားကား ဤဓနရှင်စနစ်အကြောင်း အကျိုးတရားများကို လေ့လာပြီးလျှင် အချိန်ကျလျှင် အသင့်ဖြစ်စေရန် စီမံထားရန်ပင်ဖြစ်သည်။

လွတ်လပ်ရေး တိုက်ပွဲအတွက် ပြင်ဆင်ရာ၌ လူမျိုးအချင်းချင်း၊ လူတန်းစားအချင်းချင်း၊ မကွဲထိုက်သင့်အချိန်တွင့် မကွဲထိုက်သူများနှင့် မကွဲကွဲအောင် လုပ်တတ်သော နယ်ချဲ့စနစ်၏ ပရိယာယ်ကို သတိပြုရမည်။

ရှေ့လောခြင်း၊ စစ်မရောက်ခင် မြှားကုန်ခြင်း၊ စစ်မဖြစ်ခင်က အရှုံးပေးလိုခြင်း စသော အပြုအမှုများကိုရှောင်ရမည်။

ငါတို့၏ အောင်ပွဲကား အသေအချာပင်ဟု ယုံကြည်စိတ်ထားရမည်။

အချိန်ကောင်း၊ အခြေအနေကောင်းတွင် လွတ်လပ်ရေးအတွက် အပြင်းအထန် အားထုတ်ကြရမည်။

ကျောင်းသားတစ်ဦး (ဘလော့ခ်ဂါ အလင်းဆက်) မှ တွေးဆ၊ ရှာဖွေ၊ ရေးသား တင်ပြခြင်း ဖြစ်သည်။

အောက်တိုဘာလ၊ ၂၀၁၀


အစိမ်းရောင်လူသား....


အစိမ်းရောင်လူသား

ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။ ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲရောက်ရှိ။ ပညာရေးကိုမသိ။ စီးပွားရေးကိုမသိ။ ကျန်းမာရေးကိုမသိ။ လူမှုရေးကိုမသိ။ ဘာဆိုဘာမှ မသိကမ္ဘာလောကကြီးထဲရောက်ရှိ။ ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။
မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။

သားသားတို့ကမူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasuလို့ခေါ်တဲ့ တက္ကသိုလ်အတန်း။ လူတွေကရှုတ်ရှုတ် … ကျောင်းသားကြီးတွေကတရုတ်ရုတ် … လူထုကြီးကတအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။ ဘ၀တွေက ဖရိုဖရဲ။

မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ
ကောင်းကင်ပြာကြီးထဲကျီးတွေက ပြိုဆင်း
… မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။
သစ်ပုတ်ပင်ကြီးကတော့ …
ခွပ်ဒေါင်းအလံလွင့်ဆဲ။
ငြိမ်းချမ်းမှုတဲ့လား … ငြိမ်းချမ်းမှုအတွက်လား … အဘမှိုင်းတဲ့လား ဦးသန့်တဲ့လား။ လားပေါင်းများစွာထဲ … နားစည်ထဲမှာ ဝှေ့ဝဲ။ ဘာဆိုဘာမှ မသိခဲ့ … ဘာဘာဘာမှ မသိဘူးတဲ့လား။ သားတို့သိတာ … ကလေးဘ၀ထဲ … စစ်တိုက်တမ်းကစားဖို့ဘဲ။ တိုက်မယ် … ခိုက်မယ် … ပစ်မယ် … ခတ်မယ် … ထိုးမယ် … ကြိတ်မယ် … ဆက်သွယ်ရေးစက်နဲ့ စကားပြောမယ် … လက်ပစ်ဗုံးနဲ့ ပစ်မယ့် ကစားပွဲတွေ၊ ကစားနည်းတွေ။ အမည်နာမကား … စစ်တိုက်တမ်းကစားနည်းတဲ့။

မင်းကဗိုလ်ကြီးဆို … ငါကဗိုလ်မှူး။
မင်းကဗိုလ်မှူးဆို … ငါကဗိုလ်ချုပ်။
နေရာလုတာကစ … ကျားဗိုလ်ဆွဲကြ။
ကစားကြတာများ … Hero တော့ဖြစ်ချင်ကြပါရဲ့။
ဒါ . . . ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်တွေအကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည် ချစ်တဲ့အကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ ပြည်သူကိုကာကွယ်မှုအကြောင်း။
ဗိုလ်ချုပ်တို့က ပြည်သူကိုချစ်တဲ့အကြောင်း။
ပြည်သူတို့က ဗိုလ်ချုပ်တို့ကို ချစ်တဲ့အကြောင်း။
အကြောင်း … အကြောင်းပေါင်းစုံကိုအဟောင်းကအသစ်ဖြစ်အောင် စစ်ရာဇ၀င် သမိုင်းစစ်ကိုအမှန်တကယ်အားကျ၊ နှလုံးသားထဲထကြွလာအောင် ပြောပြကြတဲ့ မိဘ၊ ဘိုးဘွားများနှင့် ခင်ပွန်းကြီးဆယ်ပါး။
ဒါ . . . ကလေးပုံပြင်မဟုတ် … ဒဏ္ဍာရီမဟုတ် … လုပ်ကြံမဟုတ်တဲ့ အဟုတ်အမှန်ဖြစ်ခဲ့တဲ့ စစ်စစ် စစ်စစ်မှန်တဲ့ စစ်သမိုင်းအစစ်။

စစ်ရာဇ၀င်စစ်စစ် သမိုင်းစစ်စစ်ကိုတစ်ဖြစ်ဖြစ်မည်အောင် အားကျလို့မ၀သေး … စစ်တိုက် တမ်းကစားလို့ မပြီးသေး … အဖိုးနဲ့ အဖအင်းစိန်ဆိုတဲ့ ဘ၀တက္ကသိုလ် နံရံကြားရောက်လို့ သွားသလေး။ မိဘ၊ ဘိုးဘွားတို့ရဲ့ ချွေးနည်းစာစစ်စစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ နိုင်လွန်စက် … အလုပ်ရှင် အလုပ် သမားတပြေးညီရှိရမယ်လို့၊ အမြတ်ကြီးစားအရင်းရှင်တဲ့ … စစ်ဗိုလ်ချုပ်ကြီးကညွှန်ကြား၊ ပစ္စည်းကိုသိမ်းသွား … လူကိုလည်းထိန်းထား။

သြော် . . . ကလေးအတွေးနဲ့တွေးကြည့် … “အစိမ်းရောင် လူသားတွေဆိုတာ ဒါမျိုးကြီးလည်း လုပ်သလား” တဲ့။ ဒီလိုနဲ့ … လွတ်လပ်ရေးရလို့ မ၀သေး၊ မလွတ်လပ်တဲ့ ဘ၀ထဲ မဆလလူသား ဖြစ်လို့လာ။ မလွတ်လပ်တဲ့ ဘ၀ထဲ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ … ဆီဒင်ကားတွေ မျက်စိရှုပ်လာ။ အခွင့်ထူးခံသားသမီးတွေ မျက်စိနောက်လာ။ ကျောင်းစိမ်းစာအုပ်တွေ မဲဖောက် လို့လာ။ ဒါဟာ … တပြေးညီတဲ့လားဗျာ။ အေးဗျာ . . . အေးရာအေးကြောင်း၊ လူငယ်အတွေး … အဖြေရှာကြည့်။

ကောင်းပါလေစွ … ကောင်းလေစွ။ ယမကာနဲ့ မူးယစ်ဘ၀။
အမှန်တရားတွေပျောက် … သီလတွေဖောက် … ဓါတ်ရှင်ထဲရောက်။
ဟိုလူကြီးနဲ့ဖိုက် … ဟိုသူငယ်မနဲ့ဆိုက်။
ဟိုဘဲကြီးနဲ့တိုက် … ဟိုမဒီကြီးနဲ့ခိုက်။
မကောင်းတာကိုကောင်းသလားလို့၊ မသင့်တာကိုသင့်သလားလို့၊
မှားတာကိုမှန်သလားလို့ စမ်းသပ်ချင်တဲ့ လူငယ်တစ်ယောက်။
လူစိတ်မပျောက်ခင် … အသိရောက်။
အသိတရားရလို့ … လူလုပ်မယ်ကြံကာရှိသေး … “ ဒို့အရေး ” တဲ့။

ဘာပါလိမ့်လို့ … နားစွင့်ကျ၊ ထကြည့်ကြ၊ စူးစိုက်ကြ၊ အာရုံစိုက်ကြ။ ဟ! . . . ငါတို့ အရေးဘဲ၊ ပြည်သူ့အရေး၊ ဒို့အရေးဘဲ။ ညီလိုက်တဲ့ပြည်သူ၊ ညီလိုက်တဲ့ အနုပညာရှင်တွေ၊ ညီလိုက်တဲ့ ၀န်ထမ်းတွေ။ ဟုတ်ပြီဟေ့ ဆိုပြီး … ငါလည်းညီအောင်လိုက်ညှိ … ဒဂုံ (၁) နဲ့ ဆေးရုံကြီးမှာ အများနည်းတူ ပေါက်ပေါက်လိုက်ဖောက်။ အဲဒီနောက်တော့ … ထောက် (၆) ကိုရောက်။ ဒီအချိန်မှာကလေးက နှစ်ယောက်။ မဟေသီကတစ်ယောက်။ လက်တွဲညီသလားမမေးနဲ့ … လင်နဲ့မယား လျှာနဲ့သွား၊ အယူအဆတွေကွဲပြား … ကိုယ်ကအနုပညာသမား။ သြော် . . . အဲဒီအချိန်မှာလူလတ်အတွေးတွေးကြည့် “အစိမ်းရောင်ဆိုတာဒါမျိုးကြီးလည်းဖန်တီးသားပဲ” လို့။

ဒီလိုနဲ့ … န၀တခေတ်ထဲ လူဖြစ်လို့လာ။ ငိုလိုက် ရယ်လိုက်နဲ့ ဘ၀ရဲ့သားကောင်များကို ထပ်မံ၍ ငိုခိုင်းရယ်ခိုင်းတဲ့ ဓါတ်ရှင်သမိုင်း ရာဇ၀င်ထဲ ဝှေ့လို့ဝဲ။ ဓါတ်ရှင်သမားတို့ကတော့ … ပရိသတ်ပြည်သူကို အကုသိုလ်တွေ ဝေမျှဆဲ။ ဒါနဲ့ … အေးရာအေးကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်းလူလတ်အတွေးနဲ့ အဖြေရှာကြည့်။
ကောင်းပါလေစွ - ကောင်းလေစွ တွေ့ပါပြီတဲ့ … သုဘရာဇာတဲ့။ သုခ … ကျော်သူ၊ ကျော်သူ … သုခကက်ကင်းတဲ့။ ကျေးဇူးရှင် ဘဘဦးသုခရဲ့ စကား … မှန်တာမှ ဒတ်ထိဘဲ။ ကျော်သူ … သချိုင်း၊ သချိုင်း … ကျော်သူ ဒါလည်း ကက်ကင်းဘဲ။ ကက်ကင်းကိုရိုက်၊ ကက်ကင်းကိုဆောင်ကာ … မိဘကိုဒုက္ခပေးခဲ့၊ မိသားစုလေးကို သောကတွေရစေခဲ့၊ ပြည်သူကိုအကုသိုလ် ဝေမျှခဲ့တဲ့ ငါ … ၀ဋ်ကြွေးတွေ ကျေ။ ၀ဋ်ကြွေးတွေ ပြေအောင် အနိမ့်ကျဆုံးကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သောသူတို့သာလုပ်နိုင်သည်တဲ့ … ။

ဒီမှာတင် … ဘ၀တစ်ဆစ်ချိုး ပေးဆပ်မှုတွေတိုး၊ ဘာသာတရားကိုရိုကျိုးခဲ့ရ။
ဟ! . . . ဘာတဲ့တုန်း … နားစွင့်စမ်း၊ မော့ကြည့်စမ်း၊ မေးကြည့်စမ်း၊ မျှော်ကြည့်စမ်း၊ လျှောက်ကြည့်စမ်း။ “လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းပါစေ”တဲ့ … ဟာ ပြည်သူပြည်သားလူသားအားလုံးကိုမေတ္တာပို့တဲ့ အသံတွေပဲ။ မိုးထဲ … လေထဲ … သေနတ်ဆွဲ၍ မဟုတ်။ မိုးထဲ … လေထဲ … ထီးဖိနပ်မဆွဲတဲ့ … သံဃာတော်တွေပဲ။ ဆွမ်းဘယ်လိုများ ဘုန်းပေးကြမလဲလို့ တွေးမိ။

ရိုက်လက်စ ဓါတ်ရှင်ကားတွေ စွန့်ခွာခဲ့ပြီး လှမ်းလိုက်တဲ့ခြေလှမ်း … သံဃာတော်တို့ နားနေရာ ကြေးသွန်းဘုရားကြီးဆီသို့။ ဒီမှာတင် … လက်သီးလက်မောင်းမတန်း … မကြွေးကြော်ခဲ့ဘဲနဲ့ သူ့အလိုလို Auto လင်မယား နှစ်ယောက် ပြည်ထဲရေးရောက်။ ဒါတင်မကသေး … အောင်သပြေထဲလည်းအမြည်းအဖြစ် ခေတ္တခဏရောက်။

သားနဲ့သမီးလည်း … အဝေးကိုရောက်။ သြော် . . . လူကြီးအတွေး … “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလဲ စွမ်းဆောင်ပေးသားပဲ” လို့။ ဒီလိုနဲ့ … နအဖလက်ထဲမှာအလုပ်လက်မဲ့ (၁၀၉ ~ ၁၁၀) ဘ၀။ ယခုအချိန်ထိ သုံးနှစ်တိတိစွန်းခဲ့ပြီပေါ့။ ခေတ်သုံးခေတ်ရဲ့ နှစ်သုံးနှစ်မှာ အနုပညာသမားဘ၀ကနေ အရှင်လတ်လတ် သုဘရာဇာ ဘ၀ကို လုံးလုံးရောက်အောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။ပြည်သူတွေကိုအချိန်ပြည့် ပေးဆပ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။ အနိစ္စ ဒုက္ခ အနတ္တ တရားတွေကိုအချိန်တိုတိုနဲ့ မြင်တွေ့ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။ သံဝေဂတရားတွေ သိမြင်၊ ကျင့်ကြံအားထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင် လူသား။ ငြိမ်းချမ်းမှု အဖြူထည်လူသားဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ … အစိမ်းရောင်လူသား။

သာဓု . . . သာဓု . . . သာဓုပါ … အစိမ်းရောင်လူသား။ အသင်တို့သည်လည်း ကျွန်ုပ်သိသလို … သိကြပါစေ။ ကျွန်ုပ်ရသလို … ရကြပါစေ။ ကျွန်ုပ်မြင်တွေ့သလို … မြင်တွေ့ကြပါစေ။ ကျွန်ုပ်ပေးဆပ်သလို … ပေးဆပ်နိုင်ကြပါစေလို့ သာကျွန်ုပ်ရဲ့ မွေးနေ့ (၅၁) နှစ်ပြည့်မှစ၍ ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပြီး၊ လူအချင်းချင်း နှိပ်စက်ခြင်း … ကင်းရှင်းကြပါစေ။ ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေဟု မေတ္တာပို့သ သစ္စာဆို ဆုမွန်ကောင်း တောင်းလိုက်ရယုံ မှတစ်ပါးအခြားမရှိတော့ချေ။

မေတ္တာ ကရုဏာ မုဒိတာဥပေက္ခာဖြင့်


ကျော်သူ (၁၉၅၉ ~ ၂၀??)

ကျွန်တော်၏ မွေးနေ့ ၂.၁၁.၅၉ နေ့ အကြို... ရင်တွင်းရှိ အမှိုက်များကို ရှင်းထုတ်ခြင်း... ဆောင်းပါးမဟုတ်၊ ကဗျာမဟုတ်..။ နှလုံးသားထဲမွေးဖွားပေါ်ပေါက်လာမှုတို့ ကိုချပြခြင်းသာ ဖြစ်တော့သည်။

(ကျော်သူ)

ပြည်သူ့ အနုပညာရှင် စစ်စစ်.. အကိုကြီး ကိုကျော်သူရဲ့ လာမယ့် ၂ရက်နေ့မှ ကျရောက်မယ့် ၅၁နှစ်ပြည့်မွေးနေ့မှသည် နှစ် (၁၀၀)တိုင်ပြီး အများအကျိုး.. ပြည်သူ့အကျိုးကို ဆက်လက် ထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..

ဒီမိုဝေယံ

၂၇ရက်နေ့က ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် လူကြီးများအား ကန်တော့ပွဲအခမ်းအနား ဓာတ်ပုံမှတ်တမ်း..


ပေးပို့ပေးသူအား အထူးကျေးဇူးတင်ပါသည်..။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ၏ မဲမပေးရေးလှုပ်ရှားမှု သတင်း ဓာတ်ပုံ


ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များမှ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒလ၊ ကော့မှုးမြို့နယ် များသို့ အဖွဲ့ (၂)ဖွဲ့ခွဲ၍ မဲမပေးရေးလှုပ်ရှားမှု စာရွက်စာတမ်းများအား မဲဆန္ဒရှင် ပြည်သူများသို့ သွားရောက်ဝေငှခဲ့ကြောင်း သိရှိရပါသည်..။

တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံမြို့နယ်များသို့ တစ်ဖွဲ့နှင့် ဒလ၊ ကော့မှုးမြို့နယ်သို့ တစ်ဖွဲ့ သွားရောက်ခဲ့ကြပါသည်။ သင်္ဃန်းကျွန်းဈေး၊ တောင်ဥက္ကလာပ ၁၀ရပ်ကွက်ဈေး၊ မြင်သာဈေး စသည့် လူစည်ကားရာ နေရာများသို့ သွားရောက် ဝေငှခဲ့ကြောင်း သိရှိရပါသည်..။ ရောက်ရှိ ဝေငှရရာနေရာတိုင်း ၌ပြည်သူလူထုမှ လိုက်လံ တောင်းယူကြကြောင်း အဆိုပါ .. မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါသည်..။

ကော့မှုးမြို့ဈေးအတွင်း စာရွက်ဝေငှရာ၌ ဈေးအာဏာပိုင်များ၏ တားမြစ်ခြင်းကို ခံရပြီး ကော့မှုးမှာ လက်ခံရယူခဲ့တဲ့ ပြည်သူများထံမှ မဲမပေးရေး စာရွက်များအား အာဏာပိုင်များမှ တရားမ၀င် စာရွက်တွေယူထား ပုံနှိပ်ဥပဒေနဲ့အဖမ်းခံရမည်ဟ ခြိမ်းခြောက် ပြောဆိုပြီး နေအိမ်များအထိ လိုက်လံတောင်းယူ ခဲ့တယ်လို့ သိရှိရပါသည်..။ အချို့မှာ ခြိမ်းခြောက်မှုအား ကြောက်ရွံ၍ ပြန်ပေးခဲသော်လည်း အများစုမှာ မိမိတို့အိမ်အား လာရောက်ဝေငှခြင်း မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း

နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း

အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း

NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။

သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူညီမအား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ

တိုင်းရင်းသား ပအိုဝ်းများနေထိုင်ရာ ပင်းပက်တောင် သံသတ္တုရိုင်းဒေသမှ လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် ချင်းမိုင်သတင်းစာရှင်းလင်းပွဲ...

တိုင်းရင်းသား ပအိုဝ်းများနေထိုင်ရာ ပင်းပက်တောင် သံသတ္တုရိုင်းဒေသမှ လူ့အခွင့်ရေးချိုးဖောက်မှု သတင်းများ Pinpet - Burmese (for Web) သတင်းစာရှင်းလင်းပွဲ (အောက်တိုဘာ ၂၇ ရက်၊ ၂ဝ၁ဝ)

ပအိုဝ်းလူငယ်လှုပ်ရှားတက်ကြွသူများက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ မြန်မာပြည်၏ အကြီးဆုံး ပင်းပက်သံသတ္တုမိုင်းမှ ထိခိုက်ဆိုးကျိုးများအား ဆန့်ကျင်ကန့်ကွက်နေသည့် ဒေသခံပြည်သူ များအားဝိုင်းဝန်း ထောက်ခံအားပေးရေးအတွက် ယနေ့ လှုပ်ရှားမှုကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

လှုပ်ရှားမှုနှင့်ပတ်သက်၍ သတ္ထုမိုင်း စီမံကိန်းကြောင့် ထိခိုက်ဖျက်ဆီးခံရမှုများကို ဗွီဒီယို၊ လက်ကမ်း စာစောင်များအား မှတ်တမ်းတင်ထုတ်ဝေသည်။ ထိခိုက်ဖျက်ဆီးခံရမှုတွင် စီမံကိန်းလုံခြုံရေးကြောင့် ဒေသခံအာဏာပိုင်များက ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ဒေသခံပြည်သူများမှ လယ်ယာမြေများ လက်လွတ်ဆုံးရှုံးရမှု၊ ရေထုညစ်ညမ်းမှုများ ကြုံတွေ့နေရပါသည်။ ထို့သို့ ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံပြည်သူများပုံရိပ်ကို ပအိုဝ်းလူငယ်အစည်းအရုံးမှ ဓါတ်ပုံဗွီဒီယိုမှတ်တမ်း အနေဖြင့် ဖြန့်ဖြူးထုတ်ဝေပါသည်။

ရုရှားပိုင်(Tyazhproexport) ကုမ္ပဏီမှ ပါဝင်ပံ့ပိုးမှုကြောင့် စီမံကိန်း၏တည်ဆောက်မှုမှာ ပြီးစီးလုနီးပြီ ဖြစ်ပါသည်။ ပင်းပက်တောင်မှ အပွင့်တူးမိုင်း စတင်တူးဖော်ရာ၌လည်း ဒေသခံပြည်သူ ၇ဝဝဝ ကျော်ခန့်ထိခိုက်နိုင်သည့်အပြင် စီမံကိန်းဝင်းအတွင်း နေထိုင်သည့် ရွာသား ၁ဝဝ ကျော်မှာ ပြင်ပသို့ ပြောင်းရွေ့ရန် ယခုဖိအားပေးခံနေရသည်။ ထို့အပြင် ဒေသခံပြည်သူ ၃၅ဝဝဝ ကျော်မှာ သံသတ္တုများ ဆေးကြော သန့်စင်ရေးအတွက် အသုံးပြုခံရသည့် တဖက်ချောင်း ရေထုညစ်ညမ်းမှုကြောင့် ဘေးထွက်ဆိုးကျိုးများ တွေ့ကြုံလာနိုင်ဖွယ် ရှိပါသည်။

ထိခိုက်နစ်နာခဲ့သည့် ဒေသခံပြည်သူများမှာ လယ်ယာမြေများ သိမ်းယူခြင်း၊ အဓမ္မပြောင်းရွေ့ခြင်း ရပ်တန့်ရေးအတွက် ဒေသခံအာဏာပိုင်းများထံ တင်ပြတောင်းဆိုသော်လည်း တရေးတယူ တုန့်ပြန်ခြင်း မရှိခဲ့ပေ။

“ပင်းပက်စီမံကိန်းသတင်းကို မြန်မာပြည်မှာ ပိတ်ပင်ထားတယ်။ ထိခိုက်နစ်နာခဲ့တဲ့ ဒေသခံပြည်သူ တွေကို နားလည်သိရှိလာအောင် လှုံ့ဆော်သွားမယ်။ ဒီစီမံကိန်းကို ကန့်ကွက်လာအောင် ဒေသခံပြည်သူတွေကို ပံ့ပိုးကူညီသွားမယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ချန်ကီက ဆိုပါသည်။

လာမည့် နိုဝင်ဘာ ၇ရက် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ယခင်အပစ်ရပ်ငြိမ်းချမ်းရေး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ပင်းပက်စီမံကိန်းထိခိုက်ခဲ့သည့် ဟိုပုံးမဲဆန္ဒနယ်မြေအတွက် ဝင်ရောက်အရွေးခံသွားမည် ဖြစ်သော်လည်း ၎င်းစီမံကိန်းနှင့် ပတ်သတ်၍ ဒေသခံပြည်သူများအား တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသည့်အပေါ် ခွန်ချန်ကီက ယခုလို ပြောဆိုသည်။

“ပင်းပက်စီမံကိန်းက ကျွန်တော်တို့ပြည်သူတွေရဲ့ အနာဂတ်ကိုဖျက်ဆီးနေပါတယ်။ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသင့်ပါတယ်။ ပင်းပက်စီမံကိန်းအား ဆန့်ကျင်ပြောဆိုသင့်ပါတယ်”

ဗီဒီယိုနှင့် စီမံကိန်းသတင်းသစ်များအား ကြည့်ရှု့ရန် - http://pyo-org.blogspot.com/

ဆက်သွယ်ရန်
ခွန်ချန်ကီ
၀၈၄ ၆၁၀၈၃၃၀

ပေးပို့ပေးတဲ့ အကိုခွန်မြင့်ထွန်းအား အထူးကျေးဇူးတင်ပါသည်။
အောက်မှာ အင်္ဂလိပ်လို ထုတ်ပြန်ချက်အား ကြည့်ရှုနိုင်ပါသည်..။
Pinpet - English (for Web) Press release embargoed for October 27, 2010
Pa-Oh youth launch campaign to oppose damaging impacts of Burma’s largest iron mine
Pa-Oh youth activists are today launching a campaign to support community efforts to oppose the damaging impacts of Pinpet iron mine near Taunggyi in Shan State, the largest in Burma.
The Pa-Oh Youth Organisation (PYO) has produced a video and leaflets showing the destruction already caused by the mining project, due to start next year, including loss of farmlands, pollution of waterways, and abuses committed by the Burmese regime’s troops providing security for the project. Hundreds of copies of the video have already been distributed in the affected areas.
Construction of the massive iron factory, jointly funded by Russian state-owned Tyazhpromexport company, is almost complete. 100 villagers are now being ordered out of the project area, among 7,000 people slated for relocation once Pinpet mountain starts being leveled for open pit mining. A further 35,000 villagers will be impacted by pollution of the Thabet Stream, which has been diverted to clean and process the iron ore.
Affected communities have appealed to local authorities to stop the land confiscation and forced relocation, but so far to no avail.
“There is a news black-out about the Pinpet project in Burma. We want to raise awareness about the damage being caused and support community efforts to oppose the project,” said PYO spokesperson Khun Chan Khe.
The former ceasefire group, the Pa-Oh National Organization, is competing in the November 7, 2010 election in Ho Pong constituency, which is impacted by the Pinpet project. They have not yet raised any concerns publicly against the project.
“The Pinpet project is destroying the future of our people. If they are standing for election, the PNO should protect local people’s rights and speak out to oppose the project,” said Khun Chan Khe.

To see the video and an update on the project, see http://pyo-org.blogspot.com/
Contact person:
Khun Chankhe
Phone: 084 6108330





ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ (၂၀၁၀) ရွေးကောက်ပွဲအား ဆန့်ကျင်ချီတက် ဆန္ဒပြပွဲ အခမ်းအနား (ဓာတ်ပုံ၊ မှတ်တမ်း)


ဓာတ်ပုံ အကိုကြီးကိုသန်းဝင်းအား ကျေးဇူးတင်ပါသည်..။

ဂျပန်နိုင်ငံရဲ့ TBS သတင်းဋ္ဌာနမှ ထုတ်လွှင်သွားတဲ့ ယနေ့ (၂၀၁၀) ရွေးကောက်ပွဲအား ဆန့်ကျင်ချီတက် ဆန္ဒပြပွဲ (ရုပ်သံ)

နောက်ဆုံးရ ဆက်စပ်သတင်းများ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များက ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း ရေးသားထားသည့် စာများကို ယနေ့ တောင်ဥက္ကလာနဲ့ တောင်ဒဂုံမြို့နယ်များမှာ ထပ်မံပြုလုပ်ခဲ့ပါတယ်..။ ပြီခဲ့တဲ့ ရက်များက မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်များ၌လည်း ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်..။

ယနေ့ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲအဖြစ် အဖွဲ့ချုပ်မှ လူကြီးများအား ကန်တော့ပွဲအခမ်းအနား ပြုလုပ်မှာ ဖြစ်ပါတယ်...။

ကျောက်ဖြူရေဘေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာဒေါ်မေဝင်းမြင့်နှင့် အဖွဲ့မှ သွားရောက် လှူဒါန်းကူညီမှုများ ပြုလုပ်မည်ဟု သိရှိရပါသည်...။

ဂျပန်နိုင်ငံရှိ ရခိုင်လူမှုရေးအသင်းအဖွဲ့မှလည်း ကျောက်ဖြူလေဘေးအတွက် ဆန်အိတ်ပေါင်း ၃၀၀ကျော် လှူဒါန်းပေးပို့ခဲ့ပြီး ဖြစ်ကြောင်းနှင့် မုန်တိုင်းဒဏ်ခံရသည့် ဧရိယာကျယ်ဝန်းသဖြင့် အကူအညီများ အရေးပေါ် လိုအပ်လျှက်ရှိကြောင်း.. ရခိုင်လူမှုရေးအသင်း(ဂျပန်)မှ ကိုမြတ်သူကဆိုပါတယ်။

ကျောက်ဖြူရေဘေးအတွက် ဂျပန်နိုင်ငံရှိ ရခိုင်လူမှုရေးအသင်းမှ ကူညီထောက်ပံမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်..။
ကိုမြတ်သူ... 090-5521-3941 ကိုမောင်မောင်.. 090-4363-5537

ယခုလတ်တလော အခြေအနေရ ယခင်နာဂစ်ကဲ့သို့ အဆိုပါ ဒေသမှ ဒုက္ခရောက်နေသည့် ပြည်သူများ၏ အသံများ၊ ဓာတ်ပုံများ နိုင်ငံတကာသို့ ရောက်ရှိခြင်းမရှိစေရန် အင်တာနက် လိုင်းများအား နှေးကွေးစေခြင်း ဖြတ်တောက်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်..။

ဒီမိုဝေယံ

မြန်မာပြည်က လတ်တလောစာ...

ကွန်နက်ရှင်အရမ်း ဆိုးဝါးနေပြီ... နောက်ရက်တွေ ဒီထက်ဆိုးနိုင်တယ်... ပုဂံကတော့ သူ့ ရတနာပုံ ဆိုဒ်ကို ကြေငြာဝင်နေတယ် ဘာမှမရဘူး ...အဲဒါပဲ ဖွင့်လို့ရတယ်....။ ပြည်တွင်း ဆိုဒ်တွေပဲ ဖွင့်လို့ရတယ်။ အမ်ပီတီလဲ ဒီလိုပဲ တော်တော် လေးနေတယ် နဲနဲတော့ဖွင့်လို့ရသေးတယ်....။ အင်တာနက်ဆိုင်တွေစီးပွားပျက်ကိန်းပဲ ဘောပွဲသမားတွေလဲ တိုင်ပတ်တာပေါ့ အင်တာနက်မရတော့ ကြေးဖွင့်ဖို့အခက်အခဲဖြစ်ကုန်တယ်...။ ဘာကြောင့်ဆိုတာ မေးလို့ကိုမရတာ ဖုန်းဆက်ရင် မကိုင်တော့ဘူး.. အမ်ပီတီကတော့ မေးဖို့မစဉ်းစားနဲ့ ဘာတွေဖြစ်နေသလဲဆိုတော့... အခြေအနေက ရှုပ်ထွေးသလိုဖြစ်နေတယ်ထင်တာပဲ။

လုံခြုံရေးက ပိုတင်းလာတယ် ရန်ကုန်မှာ လူကြီးတွေ တော်တော်ပြန်ရောက်နေတော့ လမ်းတွေဆိုလဲ ... အရင်လိုပြန်ပိတ်နေတယ်..။ မျက်စိနောက်စရာ ရဲလှည့်ကင်းကား တွေနဲ့ သူတို့ ယာဉ်တန်းတွေ က လမ်းပေါ်အမြဲတွေ့နေရတယ်။ ပြည်သူတွေ သွားလာရေးကအစ ခက်ကုန်တာပေါ့...။ ငွေအကြွေ ပြသာနာလဲမသေးဘူး ... ကားသမားတွေ အကြွေမအမ်းနိုင်တာကြာပြီ..။

ရွေးကောက်ပွဲပြီးရင် နောက်တက်မဲ့အစိုးရ အဖွဲ့ နဲ့ လွှတ်တော်က ကျောင်းသားသမဂ္ဂ ကို ဖွဲ့ခွင့်ပေးမလားလို့ မေးလိုက်ချင်တယ် အခုလောလောဆယ် ပါတီဆိုတဲ့သူတွေ ကျောင်းသားအရေး ဘုန်းကြီးအရေးဘာမှမပါဘူး ပေါ်လစီအရေးပဲ တွေ့နေရတယ်..။ ဒီနေ့ ဒီအချိန် ဒီလို အခြေအနေဖြစ်ပေါ်လာတာ ကျောင်းသား ပြည်သူ ရဟန်းရှင်လူတွေရဲ့ သွေးတွေ မြေကျခဲ့ရပြီး အခုတော့ အဲဒီသွေးတွေ ဆေးကြော သုတ်သင်ပစ်လိုက်ကျပြီ ... ။ မေ့လိုက်ကျပြီ.. ဖုတ်ပူမီးတိုက်ပါတီတွေ က ဖုတ်ပူမီးတိုက်ရွေးကောက်ပွဲ ကို ဖုတ်ပူမီးတိုက် ပေါ်လစီတွေ နဲ့ ဖုတ်ပူမီးတိုက်ကြီးတွေကြိုက်အောင် ၀င်ကြယှဉ်ကြတော့မယ်...။ အချိန်က စကားပြောမှာပါလေ... အချိန်တန်တဲ့ တစ်နေ့မှာတော့..

မီးပျက်သွားပြီဗျို့ လက်စမသိမ်းပဲ.. တန်းလန်းပေါ့..

KSL