ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန် ချစ်ကြည်ရေး စစ်သဘောင်္(၃)စီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိ(ရုပ်သံ၊ ဓာတ်ပုံ)

ဂျပန်၊ မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ...
စက်တင်ဘာ(၃၀)

ဂျပန် စစ်သဘောင်္များဖြစ်တဲ့ Kashima, Shirayuki and Isoyuki,သုံးစီးဟာ ချစ်ကြည်ရေးခရီးစဉ် အဖြစ် ယနေ့ နေလည်ပိုင်းက သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာပါတယ်..။ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဂျပန်ရေတပ် သဘောင်္(၃)စီးမှ အရာရှိနှင့် တပ်သား ၇၀၀ခန့်ပါရှိလာခဲ့ပြီး အောက်တိုဘာလ(၄)ရက်နေ့မှာ မြန်မာနိုင်ငံမှ
ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။


စစ်ရေး စီးပွားရေး မဟာဗျူဟာ ကျတဲ့ မြန်မာနိုင်ငံသို့ အာရှမှ ဂျပန်နဲ့ အနောက်နိုင်ငံများမှ စစ်ရေး၊ စီးပွားရေးပိုမို ရင်းနှီးနီးကပ်လာမှု အပေါ်တရုတ်နိုင်ငံမှ အထူးသတိထား စောင့်ကြည့်နေပါတယ်..။ ယနေ့ တရုတ်ရုပ်သံ သတင်းများမှာလည်း ဂျပန်စစ်သဘောင်္များ ရောက်ရှိလာတဲ့ သတင်းအား ထုတ်လွှင့် ပြသသွားခဲ့ပြီး သီလဝါဆိပ်ကမ်းသို့ တရုတ်သတင်းထောက်များမှ သတင်းလာရောက်ယူ ရိုက်ကူးတာကို မြင်တွေ့ရကြောင်း သတင်းသွားရောက် ရယူခဲ့တဲ့ မြန်မာသတင်းထောက် တဦးမှ ဒီမိုဝေယံသို့ ပြောကြားပါတယ်..။

နှစ်ပေါင်းများစွာ တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုအောက်မှာ နေခဲ့ရတဲ့ မြန်မာတပ်မတော် အနေနဲ့ ယခုကဲ့သို့ ဒီမိုကရေစီနိုင်ငံများ ဖြစ်ကြတဲ့ ဂျပန်နဲ့ အနောက်နိုင်ငံများနဲ့ စစ်ရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံလာမှု အပေါ် အထူးဝမ်းသာမိကြောင်း အဆိုပါ သတင်းထောက်က ဆိုပါတယ်..။

ဂျပန်စစ်သဘောင်္များ ယခုအကြိမ် လာရောက်ခြင်းဟာ စစ်ရေးထက် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ကြောင်း သိရှိရပါတယ်..။

ဂျပန်၊ မြန်မာချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ..။
ဒီမိုဝေယံ

ဓာတ်ပုံ စိုးဇေယျာထွန်း (Reuters)
ရုပ်သံ EMG

EC  Education Clearance အားပြန်လည်စီစစ်ပေးပါရန် အနာဂတ်လမ်း ပိတ်နေတဲ့ လူငယ်ဆရာဝန်များမှ 
(ဒီမိုဝေယံသို့ ပေးစာ)

ကျွန်မကတော့ ရန်ကုန်ဆေးတကသိုလ် (၁) က ဆေးပညာဘွဲ့ ရရှိထားသော ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ ကျွန်မတို့ လူငယ်ဆေးပညာလောကမှာ ကြုံတွေ့ နေရတဲ့ အခက်အခဲကို မီဒီယာများမှတဆင့် သက်ဆိုင်သူများ သိရှိစရန်နှင့် ကူညီဖြည့်ဆည်းပေးစေရန် အလို့ ငှာ သတင်းပေးပို့ လိုက်ရပါတယ်။

အခုပြောပြချင်တာက ဆရာဝန် တွေကိုသတ်မှတ်ထားတဲ့ Education Clearance(EC) အကြောင်းပါ။ ဆရာဝန်တစ်ယောက် ဘယ်လို အကြောင်းကြောင့်ဘဲ နိုင်ငံခြားထွက်ထွက် ၁၀သိန်း ပေးလျှော်ပြီးမှ သွားရမယ်လို့ သတ်မှတ်ထားပါတယ်။ ဆယ်သိန်းဆိုတဲ့ငွေက အထူးကုဆရာဝန်ကြီးတွေ၊ ဆေးခန်းကြီးတွေမှာ လူနာလက်မလည်အောင် ကြည့်နေရတဲ့ ဆရာဝန်ကြီးတွေအတွက် မပြောပလောက်တဲ့ ငွေဆိုပေမဲ့ ကျွန်မတို့လို ကျောင်းပြီးခါစ ဆရာဝန်ပေါက်စတွေ အတွက် ကျတော့ မတတ်နိုင်လောက်တဲ့ငွေကြေးပါ။ ကျွန်မက ၂၀၁၁ခုနှစ်မှာဘွဲ့ ရတာပါ။

၀၁၀ခုနှစ်အလုပ်သင် ဆရာဝန်ဆင်းတော့လခက တစ်လကို (၁၁၇၅ကျပ်) ပဲရ တယ်။ သွားထုတ်တဲ့ ခရီးစားရိတ်နဲ့ မကာမိလို့ တစ်ခါတစ်လေ သွားတောင်မထုတ် ဖြစ်ဘူး။ ဆရာဝန်တိုင်းကလဲ အထက်တန်းလွှာ၊ လူဂုဏ်တန် တွေရဲ့သားသမီးတွေမှ မဟုတ်ကြတာ။ မိဘကပံ့ပိုးမပေးနိုင်တဲ့ ပညာကို ကုပ်ကပ်ကြိုးစားပြီး ဆရာဝန်တွေ အများကြီးပါ။ ဆေးကျောင်းတက်တဲ့တောက်လျောက် Guide လုပ်ပြီး စာအုပ်ဖိုးနဲ့ ကျူရှင်လခကိုရှာ၊ ကျောင်းပြီးပြန်တော့လဲ နိုင်ငံတော်က နှစ်နှင့်ချီပြီး အလုပ်မပေးနိုင်၊ ကိုယ်ပိုင်ဆေးခန်းဖွင့်ဖို့ အရင်းအနှီးမရှိ၊ ပုဂ္ဂလိက ဆေးရုံတွေ ပေးတဲ့လစာကလည်း အများဆုံး ၁သိန်း၂သောင်းနဲ့ ၁သိန်း၈သောင်း ပဲဆိုတော့ စားဝတ်နေရေးက အတော်ကို ခက်ခဲပါတယ်။

 နိုင်ငံခြား အလုပ်အကိုင်တွေ၊ နိုင်ငံခြား တက္ကသိုလ်တွေက ဘွဲ့လွန်တက်ရောက်ဖို့ 
ပညာသင်ထောက်ပံ့ကြေး (scholarship) ပေးရင်တောင် ဒီ၁၀သိန်းကို မပေးနိုင်လို့ သွားခွင့်မရှိဘူးဆိုတော့ ကျွန်မတို့လို နွမ်းပါးတဲ့ လူငယ်ဆရာဝန်တွေအတွက် အင်မတန် နစ်နာပါတယ်။ မြန်မာပြည်မှာ တခြားတက္ကသိုလ်တွေရဲ့ EC  Education Clearanceက သောင်းဂဏန်းပါဘဲ၊ ဆရာဝန် တွေကို ၁၀သိန်းလို့  အဆတစ်ရာ ကွာခြားသတ်မှတ်ထားပေမဲ့ အထူးကုမဟုတ်တဲ့ ဆရာဝန်တစ်ယောက် ရဲ့ တစ်လ၀င်ငွေဟာ ငွေကျပ် ၂သိန်းထက်မပိုပါဘူး။ ဒီ၂သိန်းဆိုတဲ့ ငွေကနေစားရိတ်နဲ့ စားစရိတ်ကို လောက်ငှဖို့ တောင်အနိုင်နိုင်ပါ။ မပြေလည်တဲ့၊ ဆင်းရဲတဲ့ ဆရာဝန်တွေရဲ့ အနာဂတ်လမ်းကို ပိတ်လိုက်သလိုပါပဲ။

ယခုကိစ္စကိုသက်ဆိုင်သူ၊ တာဝန်ရှိသူ တွေအနေနဲ့ ထိထိရောက်ရောက်ကူညီ ဆောင်ရွက်ပေးစေ လိုပါတယ်။ ဆရာဝန်တိုင်း အခက်အခဲမရှိ ပေးဆောင်နိုင်မဲ့ EC ပမာဏကို ပြောင်းလဲ သတ်မှတ်ပေးဖို့ လူငယ်ဆရာဝန်အားလုံးရဲ့ ကိုယ်စားတောင်းဆိုအပ်ပါတယ်။

အနာဂတ်လမ်း ပိတ်နေတဲ့ လူငယ်ဆရာဝန်များ... 

ခရီးသွားလာနေသည့် အချိန်အတွင်း ရောက်ရှိလာသော ပေးပို့ တိုင်ကြားစာများအား အချိန်နဲ့ တပြေးညီ ဖော်ပြမပေးနိုင်မှုအား အနှူးအညွတ်တောင်းပန် အပ်ပါသည်..။
ဒီမိုဝေယံ



ယနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅)နှစ်ပြည့် ငွေရတုအခမ်းအနား မြင်ကွင်းဓာတ်ပုံများ.နှင့် မိန့်ခွန်းရုပ်သံ..

ယနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅)နှစ်ပြည့် ငွေရတုအခမ်းအနား မြင်ကွင်းဓာတ်ပုံများ.. 
 ဓာတ်ပုံ စိုးဇေယျာထွန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နှစ်ဆယ့်ငါးနှစ်ပြည့် ငွေရတု အခမ်းအနားတွင် အမေစု ပြောကြားသော မြန်မာဘာသာဖြင့် မိန့်ခွန်း အပြည့်အစုံ...
(ရိုက်ကူး . တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

မင်းတို့ကတော့ ပျော်မြူးနေကြ … ဒီမှာက ဘဝတွေ ဆုတ်ပြတ်သတ်.....

မင်းတို့ကတော့ ပျော်မြူးနေကြ … ဒီမှာက ဘဝတွေ ဆုတ်ပြတ်သတ်



ဖွေးဖွေးဖြူနေသော ရေပြင်လွှာထဲရှိ ကုန်းကမူလေးပေါ်တွင် စည်းလုံးညီညွတ် ပြွတ်သိပ်စွာဖြင့် နေထိုင်နေရသော လူသားတို့အတွက် အသက်စွန့်ပေးခဲ့သော ကျေးဇူးရှင် နွား၊ ကျွဲ၊ ဆိတ်၊ ခွေး သတ္တဝါများ၊ လူနေအိမ်ခေါင်မိုး မျက်နှာကြပ်ပေါ်တွင် လူများနှင့်အတူနေထိုင်နေကြသော ခွေး၊ ကြောင် အိမ်မွေးတိရစ္ဆာန်များ၊ လှေငယ်ပေါ်တွင် လူများနှင့်အတူ ရောထွေးလိုက်ပါစီးနင်းနေကြသော ကြက်၊ ခွေး၊ သတ္တဝါများ၊ ရေမြုပ်နေသော သစ်ပင်ကြီးများ၏ အထက်ကိုင်းခတ်များတွင် တက်ရောက်နေရာယူထားကြသော ကမ္ဘာ့ရန်သူများဟုသမုတ်ခံထားရသော မြွေ၊ ဖားသတ္တဝါများ၊ ကျောင်းများ လနှင့်ချီ၍ ပိတ်ထားသောကြောင့် ပညာသင်ကြားခွင့်မရသော ကလေးသူငယ်များ ဘဝရပ်တည်မှုအတွက်၎င်း၊ စားဝတ်နေရေးအတွက်၎င်း၊ အနာဂတ်ကာလများဆီသို့ မျှော်တွေးငေးမောရင်း ကူညီမည့်သူများအား မျှော်လင့်တကြီးစောင့်မျှော်နေကြသော မိဘပြည်သူအပေါင်းနှင့် အနာဂတ်သာသနာအတွက် ရင်လေးစွာဖြင့် စိုးရိမ်တကြီးမျှော်တွေးနေကြသော ရေမြုပ်နေသော ရွာဦးကျောင်းတော်ရှိ ဆရာတော်ကြီးများစသည့်ဘဝပေါင်းများစွာတို့သည် သဘာဝဘေးဒဏ်ကပ်ဘေးဆိုး အမျိုးမျိုးတို့ထဲတွင် ဒုက္ခပင်လယ်ဝေနေဆဲ ဖြစ်တော့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော ဖ.ဆ.ပ.လညီလာခံမိန့်ခွန်းတွင်လည်း ဗြဟ္မစိုရ်တရားခေါင်းပါးနေသရွေ့ ကာလပတ်လုံး ကပ်ဘေးအမျိုးမျိုးကြုံတွေ့ရမည်ဟူသော မှန်ကန်လှသည့် မိန့်မှာချက်အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ရန်သူမျိုးငါးပါးဖြစ်သော ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ စစ်ဘေးစသည့် ဒုက္ခအမျိုးမျိုးသော ကပ်ဘေးအမျိုးမျိုးကြုံတွေ့ခံစားနေရပြီဖြစ်တော့သည်။ မြန်မာပြည်သူလူထုအပေါင်း ရေရှားပါးမှုဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်၊ လေဘေးဒဏ်၊ ငလျင်ဘေးဒဏ်၊ စစ်ဘေးဒဏ်တို့ကြောင့် ဘဝပေါင်းမြောက်များစွာ သေကြေပျက်စီး အမိတကွဲ၊ အဖတကွဲ၊ အိုးပစ်/အိမ်ပစ်၊ စားရမဲ့/သောက်ရမဲ့ ဘဝများ တိုင်းပြည်ကိုစွန့်ခွာ၍ ပြည်ပနိုင်ငံများတွင် အလုပ်အကျွေးသွားပြု၍ ကျွန်ခံနေရသော အနာဂတ်လူငယ်များ၏ ဘဝပေါင်းများစွာတို့ဖြင့် ပြည့်လျှံနေရသော ဆိုးရွားလှသည့် အခြေအနေတရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျွန်တော်မြင်တွေ့ခံစားမိတော့သည်။

သို့သော် ကျွန်တော်တို့လူမှုရေးသမားများ အရပ်ဘက် ကိုယ်ထူကိုယ်ထ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ဘုရားရှင်၏ ဗြဟ္မစိုရ်တရား(၄)ပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတို့ကို လက်ကိုင်ပြု၍ လူသားချင်းစာနာစိတ်မွေးဖွားကာ အတတ်နိုင်ဆုံး ကူညီဖေးမပေးလျှက်ရှိသည်။
- မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။
- ကမ္ဘာ့နိုင်ငံအသီးသီးတို့သည်လည်း အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။

- ကမ္ဘာ့ရွာကြီး ငြိမ်းချမ်းရေးတရားများ အမြန်ဆုံးလွှမ်းခြုံ စေချင်တော့သည်။
ထိုအတွေး၊ ထိုအာရုံခံစားမှုတို့သည် ကျွန်တော် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဒီပဲယင်း၊ ရွှေဘို၊ ပြည်၊ ကြို့ပင်ကောက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာပြည် အရပ်ဒေသအသီးသီးသို့ သွားရောက်၍ ဗြဟ္မစိုရ်ခြေလှမ်းလူမှုရေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည်။

ယခု ကြို့ပင်ကောက်၊ ရေဘေးကယ်ဆယ်ရေးသွားစဉ် ကျွန်တော်တို့ စီးနင်းလိုက်ပါလာသော ကယ်ဆယ်ကူညီရေး စက်လှေပေါ်မှ မြင်တွေ့ခဲ့ရသော သက်ရှိလူသားများ သက်ရှိကျေးဇူးရှင် ကုန်းနေတိရစ္ဆာန်များ၏ ဘဝများကာ ပျက်စီးယိုယွင်း ဘဝပျက်မှုများကို မြင်တွေ့ခံစားရင်း ကိုယ်ချင်းစာနာစိတ်တို့ဖြင့် မျက်ရည်လည်ခဲ့ရသည်။

“သြော် ….. မြို့ကြီးပြကြီးများတွင် သဘာဝကြုံတွေ့ရသော်လည်း စားရေးသောက်ရေး၊ နေရေး ထိုင်ရေး ဘဝတို့သည် ခံသာသေးသည်။ ယခုကဲ့သို့ ကျေးလက်ဒေသများရှိဘဝများသည်ကား …..။” ထိုအတွေး ထိုခံစားချက် ထိုသို့ ကိုယ်ချင်းစာနာစိတ် ကျွန်တော့်တွင် ဖြစ်ပေါ်နေဆဲ ကျွန်တော်တို့ ရေဘေး ကယ်ဆယ်ရေး စက်လှေပေါ်တွင် တက်ကြွစွာလိုက်ပါလာကြသော ပရဟိတလူမှုရေးသမားများအားတက်သော တက်ကြွသော စည်းလုံးသော၊ ညီညွတ်သောစကားသံများသည် ခုတ်မောင်းနေသော စက်လှေ၏ စက်ခုတ်သံအား လွှမ်းခြုံနေတော့သည်။ ရေပြင်ဖြူဖွေးဖုံးလွှမ်းနေသော ရေပြင်ကျယ်ကြီး စက်ခုတ်သံအား လွှမ်းခြုံနေသော ပရဟိတမောင်၊ မယ်တို့၏ အသံများအား
“အေး … အေး မင်းတို့ကတော့ ပျော်မြူးနေကြ၊ ဒီမှာက ဘဝတွေအားလုံး ဆုတ်ပြတ်သတ်နေကြပြီ” ဟူသော အသံနက်ကြီး ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ရေပြင်လွှာကြီးတစ်ခုလုံး စက်လှေပေါ်ရှိ ပရဟိတသမားများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အံ့သြတကြီးအသံထွက်ပေါ်လာသော နေရာသို့ မျက်လုံးများရွှေ့လျား ကြည့်ရှုခဲ့တော့သည်။ အားလုံးသော မျက်လုံးပေါင်းမြောက်များစွာတို့သည် ကျွန်တော့်ထံသို့ ဝိုင်းဝန်းကြည့်ရှုနေကြတော့သည်။ ကျွန်တော်သည် လှေဦးထက်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် ထိုင်နေသည်။

ကျွန်တော့်၏မျက်လုံးအစုံတို့သည် လှေဦးထက်ရေပြင်လွှာပေါ်သို့ရောက်ရှိကြည့်ရှုနေသည်။ ကျွန်တော်မြင်ရသော ကျွန်တော်ကြည့်ရှုနေသော ကျွန်တော့်အား ဒေါသတကြီး အသံနက်ကြီးဖြစ်ပေါ်ခဲ့ရသော မြင်ကွင်းသည်ကား ရေပြင်လွှာပေါ်တွင် ကျက်စားနေထိုင်ကြသော ပျော်မြူးနေကြကာ တောင်ပံခတ်၍ ကူးခတ်နေကြသော ရေဘဲသတ္တဝါ (၃) ကောင်ပင်ဖြစ်တော့သည်။

သက်ရှိလူသားများ ကုန်းနေသတ္တဝါများ ယခုကဲ့သို့ ရေဘေးဒုက္ခများ အကြီးအကျယ်ခံစားနေရချိန်တွင် ယခုကဲ့သို့ ပျော်ရွှင်မြူးတူးစွာ ရေပြင်လွှာပေါ်တွင်သွားလာ ကျက်စားနေသော ရေဘဲလေးများအား ကျွန်တော်ယခုကဲ့သို့ အသံနက်ကြီးဖြင့် သတိလစ် အော်ဟစ်ကြုံးဝါးလိုက်မှုသည် ဗြဟ္မစိုရ်တရားလေးပါးအား ဖောက်ဖျက်ကျူးလွန်မိတော့သည်ကား ကျွန်တော်ကိုယ်တိုင် မသိတော့ချေ။

အော် … သူတို့သည်ကား ရေနေသတ္တဝါများဖြစ်၍ ရေကြီးလေ သူတို့ကြိုက်လေ .. ပျော်လေပေါ့။

ကျွန်တော်တို့သည်ကား ……. ။
(ကမ္ဘာမြေပြင်ငြိမ်းချမ်းဖို့၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့၊ လူသားတိုင်းတွင် ဗြဟ္မစိုရ်တရား လက်ကိုင်ပြု ကျင့်သုံးကြစေချင်တော့သည်။)

ကျော်သူ

လ၊နမြေများအား ပြန်လည် စီစစ်ပေးရန်..( ဆောင်းပါးရှင် ရန်ကုန်ဘုမ္မစိုး..)

ဒီမိုဝေယံ ဆိုဒ်မှာ တလောက သုံးသပ်ဖော်ပြထားတဲ့ ရန်ကုန်မြေဈေးနောက်ကွယ်၌ တရုတ်အစိုးရ ပါဝင်ပတ်သက်နေသလော ဆိုတဲ့ ဖြစ်နိုင်ချေရှိတဲ့ သုံးသပ်စာကို ဖတ်ရှုမိရင်းက မိမိအမြင် ရေးသားချက်ကို ဖော်ပြပေးနိုင်ရင် ဖော်ပြပေးပါဆိုပြီး ရေးသားပေးပို့လာတဲ့ ရန်ကုန်ဘုမ္မစိုးရဲ့ သုံးသပ်ချက် ဆောင်းပါးကို ဖော်ပြပေးလိုက်ပါတယ်..

လ၊နမြေများအား ပြန်လည် စီစစ်ပေးရန်..
ဆောင်းပါးရှင် ရန်ကုန်ဘုမ္မစိုး..

ရန်ကုန်မြေဈေးတက်လာတာ   လွန်လွန်ကဲကဲ တက်လာတာ  ၂ဝ၁၁  မြစ်ဆုံစီမံကိန်း ပြသနာတက်အပြီးပါဘဲ။  မြစ်ဆုံစီမံကိန်း ရပ်လိုက်ပြီး  အနောက်နိုင်ငံက  ရင်းနှီးမြုပ်နှံမှုတွေ  ဆက်သွယ်လာတော့  သာမန်ကြည့်လျင်  နိုင်ငံခြားက  ရင်းနှီးသူတွေ အဝင်များလာလို့  မြေဈေးတက်လာသယောင်။  demand drive ဟုထင်မှတ်စရာ။

အခုတော့ ရန်ကုန်  အိမ်ခြံမြေဈေးကွက်မှာ  အတွင်းသိတချို့ ဆီက သိလာရတာကတော့  ရန်ကုန်မြေဈေးကို  ရှိသင့်သည်ထက် ပိုတက်အောင်  တရုတ် ကနောက်ကနေ လက်ပျောက်  ကြိုးကိုင် ဈေးဆွဲတင်နေတာပါဘဲ။

သူတို့ ချင်း  လက်တို့ဝယ်။  ပြီးဈေးမြင့်ခေ။  ပြီး  ဘယ်လက်ကနေ ညာလက်ကိုပြန်ရောင်း။  ဈေးတက်လာအောင်  အချင်းချင်း ရောင်းဝယ်နေကြသလို၊ ပြည်တွင်းတရုတ်ဒလန် တွေကနေ စီမံကိန်းရှိတဲ့ နေရာတွေမှာ  ဈေးတင်ပေး ဝယ်ယူခြင်းအားဖြင့်  စီမံကိန်းမှာ  မြေကို (လယ်မြေတွေကို) လျော်ကြေးပေးရတော့ မတရား ဈေးတင်တောင်းလာအောင် လုပ်နေကြပါတယ်။  ရည်ရွယ်ချက်က  မြန်မာပြည်ထဲကို  တရုတ်စီမံကိန်းနဲ့   အပြိုင်  အနောက်စီမံကိန်းတွေ  ဝင်မလာနိုင်အောင်လုပ်နေတာ။

တလောက  ဆောင်းပါးတစ်ခုမှာ  စီမံကိန်းနယ်မြေမှာ  လယ်ယာတွေကို ဝယ်ပြီး
လ၊ န ကို တရုတ်တွေဝယ်တဲ့ လယ်တွေကိုဘဲ ပြောင်းပေးတယ်အထိ ဆိုထားပါတယ်။
တရုတ်ရဲ့ အဓိက ရည်ရွယ်ချက်က  အနောက်နိုင်ငံရင်းနှီးမှုတွေ  မြေဈေးကြီးပြီး  ဝင်လာလို့ မရအောင်  အနုနည်းနဲ့    အောက်လမ်းနည်းနဲ့  လိမ္မာပါးနပ်စွာ  ညစ်ပတ်လာတာပါ။

တစ်ခုကလဲ   ပြည်တွင်းက ခရီုနီတွေနဲ့   ငွေမည်းပိုင်ဆိုင်ထားတဲ့  အာဏာပိုင်တွေ လက်ထဲကငွေမည်းတွေကလည်း   မြေဈေးကွက်ထဲ ကိုသာ ရင်းနှီးစရာ ရှိနေတော့  သူတို့  အပြိုင်ဝယ်တာလဲပါနေပါတယ်။   မြေပူရာ  ကင်းမှောင့်  ဖြစ်လာတာပါ။

အဲဒီတော့  နိုင်ငံတော်အစိုးရက န.အ.ဖ လက်ထက်က  အိမ်ဝယ်လျှင် တရားဝင်ငွေပြရန် မလိုဆိုသော  အမိန့် နဲ့   ဝယ်ထားသူတွေကို  ယခုစစ်ဆေးရန်  အခြေအနေက တွန်းပို့ လာပါပြီ။ န.အ.ဖ လက်ထက် လုပ်ခဲ့တဲ့  ဥပဒေ မို့  လုပ်လို့ မရ ပြောနိုင်ပါသည်။  ငွေမည်းကို  တရားဝင်လုပ်ပေးသူ  န.အ.ဖ တွေကိုယ်တိုင် ငွေမည်းတွေ ရှိထားလို့  ဒီအမိန့် ကိုထုတ်ပြန်ခဲ့တာ ဖြစ်တယ် ဆိုတာ  ရှင်းနေတာပါဘဲ။

န.အ.ဖ မကလို့  သူ့ ဘိုးအေပင်ဖြစ်ပါစေ။  တရားဝင်မဟုတ်သောငွေကို  ငွေဖြူလုပ်ခွင့်မရှိပါ။  တဖန် ထိုသူတွေက ပြည်သူတွေ နေရေးထိုင်ရေးကို ဒုက္ခပေးလာနေပါသည်။  ငွေမည်းတွေနဲ့   အိမ်ဈေးတွေ မတရားဈေးမြင့်ဝယ်လာတော့  အိမ်ခန်းအငှား ဈေးနုံးများ ထိုးတက်လာစေနေပါသည်။

အိမ်လခ တွေတနေ့ထက်တနေ့ တက်လာနေလျင်  မကြာခင်  လူထုကျပ်တည်းမှု လွန်ကဲပြီး  စီးပွာကျပ်တည်းမှုက လှုံ့ဆော်တဲ့  လူထုအုံကြွမှုကြီးကို လက်ယက် ခေါ်နေပါပြီ။
ပြည်သူတွေမှာ  ငွေမည်းနဲ့  ယှဉ်ပြိုင်ရပြီဆိုကထည်းက  တစ်ခါနာရပြီ။ ကိုယ်ကတော့ အခွန်ဆောင်ထားရတဲ့ငွေ။  သူတို့  ဝင်ငွေစာရင်းပြစရာမလို။   နာရတာ တစ်ခါမဟုတ်ဘဲ  ထပ်နာရတာက  အဲဒီငွေမည်းတွေက  ကိုယ့်သားကိုယ်သမိး တွေရဲ့ ဘဝကိုဖျက်ဆီးပြီး သဲ့ယူထားတဲ့  မူယစ်ဆေးဂိုဏ်းတွေ လက်ထဲက ကိုယ့်ငွေတွေပါဘဲ။

 အာဏာပိုင်တွေလက်ထဲက ငွေမည်းကလဲ  ကိုယ့်ဆီက  ငွေတွေပါဘဲ။  ကိုယ့်ကို ကားပါမစ် ၊  ဖုန်းပါမစ်။  ကန်ထရိုက်ပါမစ် ဆိုပြီး  ညစ်ယူထားတဲ့ငွေတွေပါဘဲ။
ကိုယ်ငွေကို မတရားနည်းတွေနဲ့ လဲရယူသေးတယ်။  ပြီးကိုယ့်ကိုဘဲ အိမ်ကောင်းမှာ မနေနို်င်အောင်  ဒီငွေနဲ့  ဘဲ  ထပ်နိပ်စက်နေတာကတော့  အတော်ကိုလွန်လာပါပြီ။

န.အ.ဖ ဟာ  မူးယစ်ရာဇာတွေကို မနိပ်ကွပ်တဲ့အပြင်  အကာအကွယ်ပေးပြီး   ငွေမည်းတွေကို ငွေဖြူလုပ်ပေးပြီး  ငွေမည်းတွေနဲ့  အိမ်ဈေး  အိမ်လခ တွေ တက်အောင်  ပြည်သူကို လည်ပင်းညစ်သတ်နေပြန်ပါတယ်။
အခုတရုတ်ကပါ  လက်သဲဝှက်နဲ့  အနောက်နိုင်ငံတွေ လာရောက်  မရင်းနှီးနိုင်အောင် ညစ်ပတ်လာတော့  မိအေး  နှစ်ပြန်မဟုတ်တော့ဘူး။  ဆယ်ပြန်မက နာနေပါပြီ။

ပြည်သူတွေ အိမ်လခ မတတ်နိုင်အောင် လုပ်ပြန်တယ်။  ပြီးအလုပ်အကိုင် မရှိအောင်လုပ်ပြန်တယ်။  နိုင်ငံခြားကအလုပ်တွေ  ဝင်မလာအောင်  ဟန့်တားပြန်တယ်။ ဒီငွေမည်းတွေကို  ဦးသိန်းစိန်  မဟန့် တားနိုင်လျင်လည်း  မဟန့် တားရဲပါကြောင်း  ဝန်ခံလိုက်ပါ။  ကျောင်းသားတွေ  တိုက်ပြပါမည်။

နောက်တခုက  သံလျင်မှာ  လက်တွေ့ ပြပြီးပါပြီ ။  လယ်ယာမြေတွေကို
(လ ၊ န) ပြောင်းခွင့်တွေ ပေးလာတော့  ဂျပန်လုပ်ငန်းရှင်တွေကို လယ်မြေအတွက် လျော်ကြေးကို သိန်းထောင်ချီ တောင်းလာနေတာ  သက်သေပါ။  အာဏာပိုင်တွေကိုယ်တိုင်ကိုယ်ကျိုးရှာလို့   လယ်ယာမြေကို  လ၊န  ပြောင်းခွင့်ပေးထားလို့  ဒီလိုပြသနာမျိုဖြစ်ရတာပါ။  လက်ရှိ သံလျင်မှာ  ပုဂ္ဂလိက  ဝယ်ထားသူတွေကို  လ၊န  ပြောင်းထားတာတွေ  ပြန်ရုတ်သိမ်းပေးပါရန် တောင်းဆိုကြရပါမယ်။

ယခု ဒလ ဘက်မှာလဲ  လယ်ယာတွေကို  သမ္မတကြီးသားမက်၏  ဘော်ဒါ တရုတ်က လိုက်ဝယ်ပြီး  သမ္မတကြီးသားမက် အရှိန်အဝါနင့်  လယ်ယာတွေကို လ၊ န ပြောင်းတာလုပ် ဈေးကစားနေပါတယ်။  မြန်မာနိုင်ငံဥပဒေအရ  နိင်ငံခြားပြန်လာသူတွေ အိမ်တောင်  ငှားရမ်းခွင့်မပေးထားဘဲ  သမ္မတကြီးသားမက် ဘော်ဒါက မြေတွေဝယ်နေတာ  ဧကကို သောင်းချီနေပါတယ်။  တခြားတရုတ်တွေလဲ အဲဒီလိုဝယ်ပြီး  ပြည်သူတွေကိုရော  အစိုးရကိုပါ နှိပ်စက်နေတာ  ရွှေသမင်ဘယ်က ထွက်ဆိုသလိုပါဘဲ။

သမ္မတကြီးအနေနင့်  စီမံကိန်းရှိသော နယ်များတွင်  ဥပမာ  ဒလနှင့် သံလျင်  ပဲခူးလေယာဉ်ကွင်း ဒေသများတွင်လယ်ယာများကို  မည်သူမှ  လ၊ န  မပြောင်းစေရအမိန့် မထုတ်လျင်  သမ္မတကြီးသားမက်အတွက်  back kick ချန်ထားတယ်ဆိုတာ ရှင်းနေတာပါဘဲ။

သမ္မတကြီး အနေနှင့် နိုင်ငံခြားရင်နှီးမြုပ်နံမှုတွေကို  ပြည်သူတွေအတွက်  တကယ်လိုချင်လျင်  အထက်က  စီမံကိန်းနယ်များတွင်  အစိုးရမှလွှဲ၍  မည်သူမှ  လ၊န ပြောင်းလဲခွင့်မပြု  အမိန့်သာထုတ်ပေးပါရန် ။

(၁)  စီမံကိန်းနယ်တွေမှာ  လယ်ယာမြေတွေကို ပုဂ္ဂလိက အနေနင့် လ၊န  ပြောင်းလဲခွင့် ပိတ်ပင်ထားပါရန်။

(၂) ငွေမည်းတွေကိုပြန်လည်  စစ်ဆေးပေးပါရန်။  သို့ မဟုတ် ထိုငွေမည်းဖြင့် ဝယ်ယူထားသောမြေကို  လက်လွှဲရောင်းချနေခြင်း  ပိတ်ပင်ပေးပါရန် ။

(၃) အာဏာပိုင်တွေ ၏ ပိုင်ဆိုင်မှုကို တရာဝင် ထုတ်ဖေါ်ကြေငြာ တာကို အမိန့် ထုတ်ပြန်ပေးပါရန် ။

(၄) နာမည်ခံ ပေးသူများကို ထောင်ဒါဏ်အပြင်  ထိုသူပိုင် အိမ်ခြံမြေများကိုပြည်သူပိုင်သိးသည်အထိ အရေးယူပေးပါရန် ။  အခွန်ရှောင်ကျဉ်မှု ဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူရမည့်အပြင်   နိုင်ငံတော်အပေါ် သစ္စာမဲ့ သူများစာရင်းတွင် ထည့်သွင်းသတ်မှတ်ပါရန်။
တောင်းဆိုလိုက်ပါသည်။

ရန်ကုန်ဘုမ္မစိုး..

ပြည် - ကြို့ပင်ကောက် ရေဘေးဒုက္ခသည်များနှင့် ကျွန်ုပ်တို့ (နာရေးကူညီမှုအသင်း ရန်ကုန်)


ပြည် - ကြို့ပင်ကောက် ရေဘေးဒုက္ခသည်များနှင့် ကျွန်ုပ်တို့

            အထက်ဗမာပြည်သမိုင်းဝင် ဒီပဲယင်းရွာ ဝန်းကျင်မြို့ရွာအသီးသီး၏ မြို့ခံ၊ ရွာခံ ပြည်သူလူထုနှင့် လူမှုရေးအသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ ဗြဟ္မစိုရ်ခြေလှမ်းဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်မထွက်ခွါမှီ ယခင်ကာလများတွင် သောင်ထွန်း၊ ရေခန်းဖြစ်ခဲ့သော ဧရာဝတီမြစ်ရေပြင်ကြီး၏ အံ့မခန်းမြစ်ရေလျှံတက်မြင့်မားမှုကြောင့် ပြည်မြို့ဝန်းကျင်ရှိ အရပ်ဒေသများတွင် လူနေရပ်ကွက်နေအိမ်များ စားဝတ်နေရေး၊ ကျန်းမာရေး၊ နေထိုင်ရေးစသည့် လူမှုဒုက္ခများပေါ်ပေါက်နေရကြောင်း သတင်းရရှိသည့်အတွက် ၂ဝ.၉.၂ဝ၁၃ ရက်နေ့ ညတွင် ပြည်မြို့သို့ အရောက်သွား၍ မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအဖွဲ့၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)မှ ကိုမိုးကြီး၊ ကိုညီညီအောင်နှင့် အဖွဲ့သားများလုပ်အားပေးလူငယ်များနှင့် ပူးပေါင်းကာ ၂၁.၉.၂ဝ၁၃ နံနက်(၈း၃ဝ) နာရီအချိန်မှ စ၍ပြည်မြို့ နဝင်းနယ်မြေအတွင်းရှိ ရပ်ကွက်များ၊ နဝင်းချောင်းနှင့် ဧရာဝတီမြစ်ဘေးရှိ မိုးခေါင်၊ ချောင်းနားတန်းရွာနှင့် မာကလာကုန်းရပ်ကွက်၊ ခရမ်းကုန်းရပ်ကွက်၊ ပြည်သာယာရပ်ကွက်တို့ရှိ ရေဘေးဒုက္ခသည်စခန်းများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူနှင့်အဖွဲ့သားများတို့မှ ကယ်ဆယ်ရေး စားသောက်ပစ္စည်းများကို လိုက်လံ၍ ဒုက္ခသည်များထံသို့ တိုက်ရိုက်ပေးလှူခဲ့သည်။

            ထိုသို့လှူဒါန်းမှုပြုရာတွင် မိုးခေါင်၊ ချောင်းနားတန်းရှိ နေအိမ်စွန့်ခွာ ရေဘေးဒုက္ခသည်အိမ်ထောင်စုပေါင်း (၂၂၅)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်၊ ဆီ(၂၅)ကျပ်သား၊ ခေါက်ဆွဲခြောက်(၁)ထုပ်၊ ဆား(၁)ထုပ်၊ ငါးသေတ္တာ(၁) ဘူးတို့ကို၎င်း၊ ရွှေပုလ္လင်မှော်၊ ဖောင်တော်ဦး၊ နဝင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ဝါဆိုကျောင်းနှင့် ပြည်သာယာ(ခရမ်းကုန်း)ရေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းများတွင် နေအိမ်စွန့်ခွာရေဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း (၂၂၆)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ ဆီ(၅ဝ) ကျပ်သား၊ ခေါက်ဆွဲခြောက်(၁)ထုပ်၊ ဆား(၁)ထုပ်၊ ငါးသေတ္တာ(၁)ဘူးတို့ကို၎င်း ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် အိမ်ထောင်စု စုစုပေါင်း(၄၅၁)စုအတွက် ရေသန့် ၅ လီတာဘူး အလုံး (၉ဝဝ)လုံးတို့ကိုလှူဒါန်းခဲ့သည်။ လှူဒါန်းမှုတန်ဖိုးငွေ (၁၅) သိန်းကျော်အား ပြည်မြို့ဝန်းကျင် ရေဘေးဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်အဖွဲ့မှ တက်ကြွစည်းလုံး ညီညွတ်စွာဖြင့် လှူဒါန်းပေးနိုင်ခဲ့သည်။

            ထိုနေ့ ၂၁.၉.၂ဝ၁၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့တော်ကြီးတွင် ငြိမ်းချမ်းရေးနေ့ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သလို ဥက္ကဌဦးကျော်သူရောက်ရှိနေသော ပြည်မြို့တွင်လည်း ညနေ(၅းဝဝ)နာရီအချိန်တွင် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ရှိရတနာမာန်အောင်မြင်ကျောင်းတိုက်၌ စာပေကဗျာ ပညာရှင်များ အရပ်ဘက်အဖွဲ့အစည်းများ မိဘပြည်သူအပေါင်းနှင့် လူမှုရေးသမားများ ပူးပေါင်းကျင်းပပြုလုပ်ခဲ့သည်။

            ၂၂.၉.၂ဝ၁၃ ရက်နေ့တွင် ကြို့ပင်ကောက် မြို့ပါတ်ဝန်းကျင်တွင်လည်း ရေကြီး၊ ရေလျှံမှုကြောင့် ရေဘေးဒုက္ခသည်များ စားဝတ်နေထိုင်ရေးဒုက္ခများဖြင့် ကြုံတွေ့နေကြကြောင်း ထပ်မံကြားသိခဲ့ရမှုကြောင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)မှ အတွင်းရေးမှူး ကိုမင်းသူအောင်နှင့် ချိတ်ဆက်၍ ၂၃.၉.၂ဝ၁၃ရက်နေ့ နံနက်(၈းဝဝ)နာရီအချိန်မှစ၍ သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)မှ အမှုဆောင်များ၊ လုပ်အားပေးလူငယ်များ၊ ရွှေနှလုံးသားသွေးလှူရှင်အသင်းသားများ၊ မြို့နယ်နာရေးကူညီမှုအသင်းမှ အသင်းသားများ၊ သဲကုန်းရပ်ကွက် လူငယ်ပရဟိတအဖွဲ့သားများနှင့် ပူးပေါင်း၍ ကြို့ပင်ကောက် အနောက် ဖက်ကျေးရွာများဖြစ်သော တန်းကုန်းရွာ၊ မင်းအိုရွာ၊ သုံပုရာကုန်းရွာ၊ ညောင်ကန်းရွာ၊ ကျောက်ဝရွာ(ဇီးကုန်းမြို့နယ်၊ နတ္တလင်းမြို့နယ်၊ မိုးညိုများအပါအဝင်)အားသွားရောက် အားပေးကြည့်ရှုပြီး တန်ဖိုးငွေ (၁ဝ)သိန်းကျပ်ရှိ ဆန်အိတ်များအား သွားရောက်လှူဒါန်းခဲ့ရာ ညနေ(၄း၃ဝ) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။ 

ထိုသို့ သွားရောက်လှူဒါန်းမှုပြုရာတွင် စက်လှေဖြင့် ရေလမ်းခရီးအား တစ်နေကုန်သွားရောက်ခဲ့ကာ လှူဒါန်းမှုများမရှိသေးသော အရပ်ဒေသရှိ ရေဘေးဒုက္ခသည်များအား အဓိကထားလှူဒါန်းနိုင်ခဲ့သည်။
            ယခုကဲ့သို့ ပြည်မြို့၊ ကြို့ပင်ကောက်မြို့နယ်များရှိ ရေဘေးကယ်ဆယ်ရေး ခရီးစဉ် ရေလမ်းခရီးအား ခဲရာခဲဆစ်သွားရောက်လှူဒါန်းမှုပြုရာတွင် လိုက်လံပို့ဆောင်၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့သော နယ်ခံပရဟိတအဖွဲ့များနှင့် ဦးကျော်သူ၏ ကျန်းမာရေးအား အပင်ပန်းခံလိုက်လံစောင့်ရှောက်ကုသပေးခဲ့သော ဆေးဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။