ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“ငြိမ်းချမ်းရေးနှင့်ပညာ၊အနာဂတ်ကမ္ဘာ” ကိုမျိုး(မြန်မာစာ)

ရွှေဝါရောင် အရှင်ထာဝရ ဖွင့်လှစ်ထားတဲ့ အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်း မှာလာရောက် ကဗျာရွတ်ဆို ဟောပြောခဲ့တဲ့  ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်ကိုမျိုး(မြန်မာစာ)

“ငြိမ်းချမ်းရေးနှင့်ပညာ၊အနာဂတ်ကမ္ဘာ” 
ကိုမျိုး(မြန်မာစာ)

သမီးလေးရေ...
Malalaလို သတ္တိအရာမှာ
 မရဲ့ဝံ့ခဲ့ရင်တောင်... ပညာအရာရဲရင့်ပါစေ...။
 ဥခွံဟောင်းကဖောက်ထွက် အတောင်အလက်စုံမှ.... ပျံသန်းလို့ရာရောက်နိုင်မှာ။
 ကောင်းကင်ဟာ... နေရာနှံ့အောင်
 မပျံနိုင်သူတွေအတွက်သာ ကမ္ဘာကုန် ကျယ်တာပါ သမီး။ 
ကမ္ဘာအနှံ့ ခြေဆန့်ချင်တဲ့ 
သမီးလေးရေ..... အတောင်ရှိလျက် အပျံသင်ဖို့ခက်နေသလို......
 ကျောင်းတံခါးတွေပိတ်.. ခေါင်းလောင်းသံတွေ တိတ်စေတဲ့ 
ကမ္ဘာအနှံ့ ဘေးဒုက္ခသင့် ဒေသတွေမှာ..... ပညာကို လိုတိုင်း 
မရနိုင်ရှာကြတဲ့ လူမမယ်တို့ဘ၀ (လက်တလော) ရခိုင်ဒေသတချိုနဲ့  ကချင်ပြည်နယ်က စစ်ဘေးရှောင် ကလေးသူငယ်တို့ဒုက္ခ 
သမီးတို့နေတဲ့မြို့ ရန်ကုန်ကနေ စာနာကြည့်နိုင်ပါစေ...
သမီးလေးရေ။ သမီးလေးရဲ့ ချစ်တဲ့ဖေဖေ..။ 

ကိုမျိုး(မြန်မာစာ)
 (၂၀၁၂နိုဝင်ဘာကရေးဖွဲ့ ပြီးဂျာနယ်မှာဖေါ်ပြခဲ့တဲ့ ကဗျာကို ၂၀၁၃ဇူလိုင်၂၁(မနက် ၁၀နာရီ)က ပထမဆုံးအကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ် တဲ့
“အခမဲ့ပညာဥယျာဉ်ကွန်ပျူတာ သင်တန်းဆင်းပွဲ”မှာ Ashin Htavaraရဲ့ တိုက်တွန်းချက်အရ ကလေးတွေကို ပညာတန်ဖိုးပြောကြားရင်း ဆီလျှော်စွာရွတ်ဆို ခဲ့တာပါ။ 

http://www.youtube.com/watch?v=gv2xWn8ADoQ&feature=share ပညာသင်လိုချင်စိတ်ကြောင့် သေနတ်ပစ်ခံခဲ့ရတဲ့ မာလာလာအကြောင်း
ဆီလျှော်ရခြင်းက အဲ့ဒီအခမ်းအနား ကျင်းပရာ
ကျွန်တော် စကားပြောရာစားပွဲ
ခုံဘေးကနံရံမှာ သေနတ်ဒါဏ်ရာနဲ့ အသက်ပျောက်ကြွေလွင့်ခဲ့ရတဲ့ ဆယ်တန်း ကျောင်းသားလေးရဲ့ ဓါတ်ပုံလေးက အမှတ်ရစရာရှိနေလို့ ပါပဲ။
တစ်နေ့ က(ဇူလိုင်၁၉က)လည်း စဉ်းစားဆင်ခြင်ဥာဏ်
ပညာမဲ့သူတစ်စုရဲ့ သေနတ်ဒါဏ်နဲ့ ပဲ ကျဆုံးခဲ့ကျရရှာသူ
ကျွန်တော်တို့ မြန်မာပြည်သူတစ်ရပ်လုံး ရဲ့
ကျေးဇူးရှင်အမျိုးသားခေါင်းဆောင်ကြီးတွေကိုအမှတ်ရ လွမ်းဆွတ်ခဲ့ကြ
ရသေးတဲ့အတွက်ပါ။

 နွမ်းပါးလွန်းကြပေမဲ့ ပညာလိုလားစိတ်မှာ
အသိတရားကြွယ်ဝလွန်းတဲ့(အမှတ် (၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက်၊ တောင်ဒဂုံ မြို့နယ်က“အခမဲ့ပညာဥယျာဉ်
ကွန်ပျူတာသင်တန်းမှာ ပညာလိုလားစွာသင်ယူနေကြတဲ့ကလေးတွေရှိရာ သမီးလေးကိုပါ
စာနာကြည့်နိုင်ပါစေဖို့ ခေါ်သွားခဲ့ပါတယ်။

ကိုမျိုး (မြန်မာစာ)

အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်းသို့ ဆက်သွယ်လှူဒါန်းလိုလျှင် 
အမှတ် (၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ် သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်..


လူထုပုံရိပ်ဂျာနယ် စာဖတ်ပရိသတ်များမှ ဒေါက်တာလှိုင်မြင့်ထံသို့ ဆက်သွယ် မေးမြန်းလာသော ဒီရေမှလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ အမေးများနှင် ဒေါက်တာလှိုင်မြင့်အဖြေ..


ဓာတ်ပုံ..  ဒေါက်တာလှိုင်မြင့်၏ ဒီရေလျှပ်စစ်အား ထုတ်လုပ်မှုအား
ဘိုကလေးမြို့နယ်ရှိ ချောင်းတာရိုးအတွင်း စမ်းသပ်စဉ်.. မြင်ကွင်း

လူထုပုံရိပ်ဂျာနယ် စာဖတ်ပရိသတ်များမှ ဒေါက်တာလှိုင်မြင့်ထံသို့ ဆက်သွယ် မေးမြန်းလာသော ဒီရေမှလျှပ်စစ်ဓာတ်အား  ထုတ်လုပ်ခြင်းဆိုင်ရာ အမေးများနှင် ဒေါက်တာလှိုင်မြင့်အဖြေ..

(12 July  2013)နေ့ ထုတ်  လူထုပုံရိပ်ဂျာနယ်မှာ ရေစီးကနေရေကာတာမလိုဘဲ  လျှပ်စစ်ထုတ်လုပ်မှု  စမ်းသပ်အောင်မြင်တဲ့ အင်တာဗျူး  ပါလာတော့  တချို့ သော စာဖတ်ပရိတ်သတ်တို့မှ စိတ်ဝင်တစား မေးမြန်းလာတာလေးတွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။  မှတ်မိသလောက်လေးတွေကို အများသိနိုင်ရန်နဲ့   အင်တာဗျူးတွင် မပါသော အချက်အလက်များကို ဖြည့်စွက် တင်ပြလိုက်ပါတယ်။

မေးခွန်း(၁)  ဆရာရေကာတာ ဆောက်စရာမလိုဘူး နောက်အရင်းအနှီးကလဲ မများဘူးဆိုတော့  အရင်းဘယ်လောက် ကုန်ကျနိုင်ပါမလဲ။  ဆရာပြောတဲ့ အရင်းဒေါ်လာ သောင်းဂဏန်းဆိုတာ သိချင်ပါတယ်။

(ဖြေ) ဒါကတော့  ရေမြောင်း၊  ချောင်း၊  မြစ်သေးသေး၊ မြစ်ကြီးကြီး စသည်ဖြင့် အရွယ်အပေါ် မူတည်စဉ်းစားရပါမယ်။  ကျနော်အခု စမ်းသပ်ခဲ့တဲ့  ရိုးချောင်းကလေးဟာ ၁၂ -ပေကျယ်ပြီး  ၅-ပေဘဲနက်ပါတယ်။

အဲဒီရီုးကလေးပေါ်မှာ တည်ဆောက်ရင်  ဒေါ်လာတစ်/နစ်သောင်း (မြန်မာငွေသိန်း-၁ဝဝ / ၂ဝဝ ) ဆိုတာအများဆုံး ကုန်နိုင်ပါမယ်။  အဲဒီရိုးကလေးကနေ   မြင်းကောင်ရေ ၅ဝ ကနေ ၃ဝ ထွက်မယ် ခန့်မှန်းထားပါတယ်။

မြင်းကောင်ရေက လျှပ်စစ်အား   ၇၄၆ ဝပ်  (746 watts) ဆိုရင် စက်၏အား မြင်းကောင်ရေတစ် ရှိပါတယ်။  မြင်းကောင်ရေ - ၅ဝ ဆိုရင်  လျှပ်စစ်အား (ဝ.၇၄၆ x ၅ဝ =  ၃၇.၃) ကီလိုဝပ်  37 - Kilo – watts ရှိပါတယ်။  တနည်း တစ်နာရီကို လျှပ်စစ်ယူနစ် ၃၇ -ယူနစ်ရပါမယ်။ တနေ့လုံးဆိုလျှင်  လျှပ်စစ်ယူနစ်  (၈၉၅) ယူနစ်ရပါမယ်။  တစ်ယူနစ်ကို ကျပ် ၅ဝ နှုန်းနဲ့  ဆိုလျှင်  တစ်နေ့ကို ကျပ်- ၄၄၇၅ဝ ရပါမယ်။ (မှတ်ချက်။...။ တစ်ကီလိုဝပ် - ၁ဝဝဝ- ဝပ်အားကို တစ်နာရီသုံးစွဲလျှင် လျှပ်စစ် တစ်ယူနစ် ဖြစ်ပါသည်။)

တစ်နှစ်ပတ်လုံးဆိုလျှင်  ဝင်ငွေကျပ်သိန်း (၁၆ဝ) ခန့်ရပါသည်။  လျှပ်စစ်က ညပိုင်းတွင် အသုံးနည်းတာကို လျှော့တွက်ပြီး ဝင်ငွေသိန်း (၁ဝဝ) ခန့်တွက်လျှင်  ထိုစက် အသေးလေးကို ပိုင်သူအတွက် တစ်နှစ်အတွင်း အရင်းကျေကာ နောင်နှစ်များတွင်  အမြတ်ငွေ ချည်းသာဖြစ်ပါတော့မယ်။

ဒါကတစ်ယူနစ်ကို ကျပ်ငါးဆယ်နှင့် တွက်ထားဖြင်းဖြစ်ပါသည်။  ထိုင်းနိုင်ငံမှာ  မြန်မာပြည်က ဓါတ်ငွေ့နှင့် ထုတ်ပြီး လျှပ်စစ်ဖြန့်ဖြူးနေတာ တစ်ယူနစ်ကို  ၂ဝဝ ကျပ်ဖြစ်ပါသည်။  ယခုနေ စက်မှုဇုံတွေကို တစ်ယူနစ်လျှင် ၂ဝဝ -ကျပ်ဖြင့်  ပေးနိုင်လျှင် အားလုံးကယူကြပါမည်။ သူတို့ကိုယ်ပိုင်  ဒီဇယ်စက်ဖြင့် လည်ရလျှင်  တစ်ယူနစ်ကို  ၆ဝဝ မက ကုန်ကျပါသည်။

ကျေးရွာတွေဆိုလျှင် တစ်ယူနစ်သည် (၂ဝဝ-ကျပ်)  ဖိုးသည်   ၂- ပေမီးချောင်း ၅ဝ - ချောင်းကို တစ်နာရီ ထွန်းနိုင်တော့ အိမ် ၅ဝ -ကို မီးပေးထားနိုင်ပါသည်။  ကီလိုဝပ်အား ၃၇-ကီလို ဆိုလျှင်  အိမ်ထောင်စုပေါင်း - ၁၈၅ဝ ကိုပေးနိုင်ပါပြီ။  တစ်အိမ်ထောင်ကို တစ်ညအတွက် မီးကြေး ၁ဝဝ-ကျပ် ကောက်ခံလျှင်   တစ်ညလျှင်  ဝင်ငွေ-၁၈၅ဝဝဝ -ကျပ်ရနေပါပြီ။

တစ်ခါနေ့ခင်းအတွက် လုပ်ငန်းရှိသူတွေ  အဝတ်လျှော်စက် ရေခဲသေတ္တာ  လျှပ်စစ်မီးပူ  လျှပ်စစ်မီးဖိုပါ သုံးလျှင် သီးသန့် ဝင်ငွေရပါဦးမည်။  ဆန်ဖွတ်စက်  တခြားစက်များထူထောင်လည်ပတ်လာကြပါမည်    ထိုနေ့ ခင်းဘက် ဝင်ငွေကိုပါ တွက်ချက်လျှင် အထက်က တွက်ချက်ထားသော စက်မှုဇုံကို ရောင်းသည်ထက်များစွာ ဝင်ငွေပိုနေပါမည်။

မေးသူက အရင်းအနှီးကို မေးတာကျနော် တဆက်တည်း ဝင်ငွေကိုပါ ခန့် မှန်းပေးလိုက်ပါတယ်။ အခုနမူနာ တင်ပြလိုက်တာကတော့  ချောင်းသေးရိုးကလေး အရွယ်ပါ။  ချောင်းကြီးကြီးဆိုရင်  အရင်းသိန်းထောင်  သောင်းချီကုန်ကျပါမယ်။  ဒါပေမဲ့ အရင်းအဆ ၁ဝဝ ကွာပေမည့်  လျှပ်စစ် အထွက်ကျတော့  ချောင်လေးထက်  အဆ ၁ဝဝ မကတော့ဘူး။ ပိုပါပြီ။

အထက်က တွက်ချက်တာကို တစ်ယူနစ်ကို ၂ဝဝ-ကျပ်နှုန်းနှင့် တွက်ချက်ပါက၃- လနှင့်ပင်  အရင်းကျေနေပါပြီ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာ  လျှပ်စစ်တစ်ယူနစ်ကို မြန်မာငွေနဲ့  ၄ဝဝ ကျော်နေမယ် ထင်ပါတယ်။  အင်ဒိုနီးရှားဟာ တချိန်က သဘာဝဓါတ်ငွေ့ အများအပြားထွက်ခဲ့ပြီး ယခုကုန်ခမ်းသွားပါပြီ

ပိုအရေးကြီးတာက စွမ်းအင် ထုတ်လုပ်မှုမှာ ရေကာတာကနေ ထုတ်လုပ်တာက  လျှပ်စစ်တစ်ယူနစ် တန်ဖိုးမှာ အသက်သာဆုံးပါ။  သူ့ နောက်မှာ ကျောက်မီးသွေး။  သဘာဝဓါတ်ငွေ့။ ဈေးအမြင့်ဆုံးကတော့  ဒီဇယ်နဲ့ ထုတ်လုပ်မှုပါ။

အခုတွေ့ ရှိတဲ့နည်းကတော့  ရေကာတာထက်ကို ထက်ဝက်မက သက်သာနိုင်ခြေ ရှိနေပါတယ်။

(မေး)  ဆရာက အဲဒီရိုးမှာကို  ပေ-၂ဝဝ - သို့ မဟုတ် ပေ - ၅ဝဝ- အကွာမှာကို နောက်ထပ် စက်တခု ထပ်ဆောက်နိုင်တယ်ဆိုတာ ဘယ်လိုကြောင့် ဖြစ်နိုင်တာပါလဲ။  ခန့် မှန်းတာလား စမ်းသပ်ပြီးတာလား။

ခန့်မှန်းတာပါ။ ယခုစမ်းသပ်ချက်ကလည်း သဘောတရားကို မှန်းဆပြီး မျက်စေ့ထဲပုံဖေါ်ပြီး ဒီဇိုင်း ဆွဲယူထားတာပါ။ ဒီဇိုင်းဆွဲပြီး ဖိုင်ကဒ်ထူနဲ့ နမူနာ ပုံစံချိုးယူ တည်ဆောက်ပါတယ်။  ယခုစက်ကို စမ်းသပ်လည်ကြည့်ပြီးမှ  ပေ ၂ဝဝ အကွာမှာလဲ ထပ်လုပ်နိုင်တယ်ဆိုတာကို သိလာတာပါ။  မူလကဒီလောက် မထင်ထားမိပါဘူး။ 

ဒီလိုခန့်မှန်းရတာကလဲ ကျနော့်ရဲ့ တာဘိုင်ကိုက ရေကာတာက တာဘို်င်ကြီးတွေလိုရေမျက်နာပြင်  နစ်ခုအမြင့် ကွာခြားချက်တွေ   ရေစီးအားကို အခြေခံထားတဲ့  တာဘိုင်တွေနဲ့ မတူဘဲ ကျနော်က တာဘိုင်ထဲကို ဖြတ်သန်းသွားတဲ့ ရေထုထည်နဲ့ ရေ၏ စွမ်းအားကို တွက်ဆထားတဲ့ တာဘိုင်ပါ။

ပိုရှင်းအောင်ပြောရရင် ဥပမာ ရေမြောင်းလေးထဲမှာ ပစ္စည်းလေးတစ်ခု ချထားမယ်။  ပြီးရေမြောင်းကို ရေတစ်ပုံး လောင်းချလိုက်ရင်  ရေစီးအားကြောင့် ထိုပစ္စည်းက ၁- ပေရွှေ့ သွားမယ်ဆိုရင်  ရေဆယ်ပုံးကို လောင်းချလျှင်  ၁ဝ ရွှေ့မယ်လို့ တွက်ဆနိုင်ပါတယ်။  တကယ်လက်တွေ့မှာက ၁ဝ ပေမကများစွာ ရောက်သွားပါတယ်။
 ရေမှာနောက်က ပံ့ပိုးနေတဲ့အား အဲဒါရှိနေပါတယ်။

ဒါကြောင့်မို့  ဆူနာမိဖြစ်တော့ ရေတက်လာတာ ရေကသိပ်မမြင့်သေးခင်  အိမ်တွေ  ကားတွေကို သယ်မ သွားတော့တာပါဘဲ။  အဲဒီရေအမြင့်လောက်၊   အဲဒီရေစီးနှုန်းလောက် ရေထုနဲ့  ချောင်းရေကျလာလျှင်  အဲဒီကားကို သိပ်မရွေ့ စေနိုင်ပါဘူး။ ဆူနာမိအားက သယ်မယူသွားတာ သိပ္ဗံပညာရှင်တွေ  တွက်ချက် အဖြေရှာနေကြတုံးပါထူးခြားတာက ဆူနာမိရေလှိုင်းဟာ ရေထုအနေနဲ့ မဟုတ်ဘဲ စွမ်းအင်အနေနဲ့ သမုဒ္ဒရာ ရေပြင်အောက်ကနေ ရေတွေ မရွေ့ဘဲ အသံရဲ့ အမြန်နှုန်းနဲ့   နာရီပိုင်းလေးအတွင်း အဝေးကြီးမှာ သွားရိုက်ခတ် ပါတော့တယ်။

အဲဒါသိပ္ဗံပညာရှင်တွေ လေ့လာနေကြရသေးတဲ့ ရေရဲ့  အရွေ့ စွမ်းအားဘဲ။ ကျနော့်အထင်  ရေကရေလုံး (ရေထု )ကျယ်လေ ဘေးကရေအားရဲ့ အရှိန်တွေ ပါလာတတ်ပြီး ပိုအားကောင်းလေလို့ ထင်တာပါဘဲ။  သိပ္ဗံပညာရှင်တွေ  အဖြေမတွေ့ သေးတော့  ဒီလောက်ဘဲပြောချင်ပါတယ်။

နောက်ကျနော့် တာဘိုင်က အထဲကိုဖြတ်သွားတဲ့ ရေထုထည်ကို အခြေခံထားတာဆိုတော့  နောက်တစ်နေရာ ရောက်လဲ ဒီရေထုထည်က အတူတူဘဲ။  ဒီရေထုကဘဲ တာဘိုင်ထဲ ဖြတ်ရမှာဆိုတော့  ဒီအားဘဲပြန်ရပါမယ်။  ခုနပြောတဲ့  ဆူနာမိရေလုံးအားကို မထင်မှတ်ဘဲ စဉ်းစားမိလာတာပါ။

တဆက်ထဲပေါ့။  သံလွင်ဖြစ်ကြီးဆို ရေစီးအားက သိပ်ကောင်းတော့ သံလွင်မြစ်ပေါ်မှာတာဘိုင်ကြီးတွေ  ဆင့်ကဲဆင့်ကဲ ထိုင်သွားရင် ထိုင်းကို ကမ္ဘာတည်သလောက် ထိုင်ရောင်းနေလို့ ရပြီ  သံလွင်မြစ်ကို ပိုင်ဆိုင်သူတဲ့  တိုင်းရင်းသားတွေဟာ အာရပ်ရေနံ သူဌေးတွေလို တရက်ကို ၂ -နာရီကနေ ၄ -နာရီ အလုပ်လုပ်ရုံနဲ့  ကိုယ်ပိုင်လေယာဉ်တွေ  စီးနိုင်ကြပါမယ်။ သံလွင်မြစ်ကြီးဟာ ဧရာမ ရတနာသိုက်ကြီး ဖြစ်လာပါမယ်။

ရေကာတာကြီးတွေ ဆောက်တာထက်ကို လျှပ်စစ်အား အများကြီးပိုရပါမယ်။  နွေရာသီ ရေနည်းချိန်မှာကို ရေကာတာကြီးတွေ ထွက်သလောက်တော့  ထွက်မယ် ယူဆရတာပါဘဲ။

တခါ  အခုဒီတာဘိုင်ကိုဘဲ ဥပမာရဲရွာရေအား လျှပ်စစ်စက်ရုံမှာ ရေတွေကို ဆည်ထားပါတယ်  အဲဒီဆည်က ရေကန်က ရေတွေက ရေထွက်ပေါက်ကနေ   လျှပ်စစ်တာဘိုင်ထဲကို လွှတ်ပေးပါတယ်။  အဲဒီရေထွက်ပေါက်ထဲ ဝင်မဲ့ရေ အဝင်လမ်းကို ဆည်မြောင်းပုံစံ (ဝင်ကမ္ဘာပုံပေါ့ )အကန့် တွေလုပ်ပြီး ရေစီးမြောင်း ဖေါ်ထားလိုက်မယ်။  ဓါတ်အားထုတ်တဲ့ စက်ထဲဝင်မဲ့ ရေတွေကို မြောင်းအရှည်ကြီး (ဝင်ကမ္ဘာပုံစံ)လုပ်ပြီး မြောင်းထဲဖြတ်စီးခိုင်းရင်၊ ရေစီးဆင်းနေတဲ့ မြောင်းတခုရလာမယ်။  အဲဒီရေဆင်းမြောင်းမှာ တာဘိုင်တွေ  ဆင့်ကဲဆင့်ကဲ ထိုင်ထားလိုက်ရင်  အဲဒီရေစီးအားကနေကို  လျှပ်စစ်တွေ (အပိုဆုသဘော )ထွက်နေပါဦးမယ်။   ရေကာတာရဲ့  ရေထွက်ပေါက်အောက်မှာလဲ တာဘို်င်တွေ ထိုင်ထားရင်  လျှပ်စစ်တွေ  ထပ်ရနေပါဦးမယ်။

ဒါတင်မကသေးပါဘူး။  အခုဂျိုးဖြူရေပိုက်ကြီးထဲက တစ်နေရာတိုင်းမှာ ပိုက်ကိုတာဘိုင်အထဲ ဖြတ်စေမယ်ဆိုရင်  ဂျိုးဖြူပိုက်ရဲ့ ရေစီးအားကနေ  လျှပ်စစ်ထွက်နေပါမယ်။

ငမိုးရပ်ချောင်းဆိုရင်  ဒီရေအတက်အကျက ကြမ်းတော့သုဝဏ္ဏနား ကနေအထက်ကို ပေ  ၅ဝဝ အကွာအဝေးတိုင်းမှာ ရေတားဆည်တွေ ဆောက်ပြီး စီးဆင်းနေတဲ့ ရေအားလုံးကိုသာ ဖမ်းယူ  လျှပ်စစ်ထုတ်မယ်ဆိုရင်  ကျနော့်ခန့် မှန်းပေါ့  တစ်နေရာမှာကိုကီလိုဝပ်အား၁ဝဝဝ ကနေ၂ဝဝဝ (ဝပ်အား ၁ဝဝဝ = တစ်-မီဂါဝပ်) တွေ အများကြီးရပါမယ်။  ၅ဝဝဝ လောက်လဲရနိုင်ပါမည်။  အားဘယ်လောက်အထိ ရနိုင်မယ်ဆိုတာကို လုပ်ကြည့်မှ သိလာပါမယ်။  ဒါလျော့ပေါ့တွက်ဆထားတာပါ။

(မေး)  ဆရာအဲဒီ့ ရေစီးကိုကြည့်ပြီး အားပမာဏကို ဘယ်လိုခန့် မှန်းတယ် ဆိုတာကိုပြောပြလို့ ရမလား ။  ကျနော်တို့ လဲ ခန့်မှန်း တတ်ချင်ပါတယ်။

(ဖြေ) ခန့် မှန်းတာကအကြမ်းဖျင်းပေါ့    ငမိုးရိပ်ချောင်းရဲ့ အကျယ်ပမာဏကိုအရင်ခန့် မှန်းရပါတယ်။  ပေ ၁ဝဝဝ -လောက် မကကျယ်တယ်။  ပေ၂ဝ - လောက်နက်မယ် ဆိုရင်  ထုထည်(ခန့် မှန်းပေါ့)။  အဲဒါကိုရေပြင်ရဲ့အလျား၁-ပေလောက်ကိုထုထည်တွက်ရင် ရေထုထည် ကုဗပေ-၂- သောင်းရှိတယ်။  (၁ဝဝဝ x ၂ဝ x ၁ ) ကုဗပေပေါ့။ အဲဒါ  တစ်စက္ကန့် မှာဖြတ်သွားနေတဲ့ ရေထုထည်နော်။   (ခန့်မှန်း)။  

အဲဒီရေထုထည် ( ကုဗပေ-၂ဝဝဝဝ  ) ကိုတွန်းရွှေ့ ဖို့  မြင်းကောင်ရေအားဘယ်လောက်လိုမလဲ ။  တနည်းအဲဒီရေထုနဲ့ညီမျှတဲ့ရေတွေထဲ့ထားတဲ့ စီဘီတွဲကြီးကိုရွှေ့ အောင်  မြင်းဘယ်နှစ်ကောင်ရှိတဲ့ စက်နဲ့ ဆွဲရပါ့မလဲ။  အဆင်ပြေသလိုခန့် မှန်းကြည့်တာပါ။

ရေပြင်ရဲ့ ထုကို ၁ဝ -ပေလောက် အလျားထားတွက်ကြည့်ရင်  ရေထုထည်-၂-သိန်းရှိပါမယ်။  ၂-သိန်းကုဗပေရှိတဲ့ ရေထုဆို  စဉ်းစားကြည့်ပေါ့။  ဒါအထက်က ပြောသလို ဆူနာမိသဘော ဆင့်ကဲဆင့်ကဲ ရေထုရဲ့ ဖိအားမပါသေးဘူး။

ငါ့တူတို့ လဲစဉ်းစားတဲ့ အလေ့အကျင့်လေး လုပ်ကြပါ။ သြစတေးလျမှာ SBS ဆိုတဲ့ ရုပ်သံလှိုင်းမှာ မကြာခန နည်းပညာတွေကို ထုတ်လွှင့်တဲ့  ကဏ္ဍလေး လွှင့်တတ်တယ်။  အဲဒီလိုကဏ္ဍတွေကို  မြန်မာပြည်မှာ ဖက်စပ် ထုတ်လွှင့်ပေးရင်  လူငယ်တွေ  တီထွင်ကြံဆအားတွေ   စဉ်းစားတတ်တဲ့ အလေ့အကျင့်တွေ  အများကြီး ကောင်းလာပါမယ်။ အဲဒီကဏ္ဍကို လူငယ်တွေ  အထူးကြိုက်နှစ်သက် ကြကမယ်လို့ ယုံကြည်ပါတယ်။

(မေး)  ဆရာပြောတဲ့  လူလတ်တန်းစား မိသားစုတွေ  ဒေါ်လာသန်းကြွယ် သူဌေး ဖြစ်လာစေရမယ် ဆ်ိုတာကှို ရှင်းပြပေးနိုင်မလား။ ရည်မှန်းချက်က ဘယ်လိုပါလဲ။  (ရန်ကုန်က လူကြီးတစ်ဦး)

(ဖြေ)  ကျနော်တို့ တိုင်းပြည်ဟာ အာဏာရှင် ဦးနေဝင်း အုပ်ချုပ်လိုက်တာ အရှေ့ တောင်အာရှရဲ့  စံပြုရတဲ့ နိုင်ငံအဆင့်ကနေ  ၂၅-နှစ်မှာ ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်း (L.D.C  Least  Developed  Countries) ထဲကို ရောက်သွားပါတယ်။  ဦးနေဝင်း အာဏာသိမ်းအပြီး ငွေရတုနှစ်မှာ ဒေဝါလီ ကြေငြာတာ ခံလိုက်ရပါတယ်။  န.အ.ဖ လက်ထက်မှာတော့  လူထုလက်ထဲက ပိုင်ဆိုင်တဲ့ ဓနတွေကို ကားပါမစ်  ဖုန်းပါမစ်  အလုပ်ပါမစ်  မလုပ်သင့်တာတွေနဲ့  ညစ်ပတ်ယူထဲ့လိုက်တော့  လူလတ်တန်းစား ပျောက်သွားပါတယ်။

နိုင်ငံတခု စီးပွားတိုးတက်ဖို့က လူလတ်တန်းစား အများကြီးရှိဖို့ လိုပါတယ်။  အဲဒီလို လူလတ်တန်းစားတွေကို ဒေါ်လာသန်းဂဏန်း ချမ်းသာသူတွေ များများဖြစ်လာအောင် လုပ်ပေးနိုင်ဖို့  ရည်ရွယ်တာပါ။

တကယ်က  LDCထဲကနေ ထွက်ဖို့ ရည်မှန်းချက်က အစိုးရရဲ့တာဝန်ပါ။  ကျနော့် တာဝန်မဟုတ်ပါဘူး။  ဒါပေမဲ့  ဘယ်နိုင်ငံရေး အင်အားစု ဘယ်အစိုးရ တာဝန်ရှိသူတွေကမှ  ထုတ်ဖေါ် မပြောလာလို့ ကျနော်က ပြောလာရတာပါ။  နောက်တခုက ကျနော်တတ်နိုင်တဲ့ အပိုင်းလေးကနေ နဲနဲလေးဖြစ်ဖြစ် စလုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားလို့ပါ။

အဆိုလေးရှိပါတယ်။  Think globally,  Act locally. ကမ္ဘာနဲ့ချီပြီး စဉ်းစားဒေသမှာ စတင်လိုက်ပါ။  နောက်တခုပေါ့။  သမ္မတ အိုဘားမားစကားကို ယူသုံးရလျှင်   YES WE  CAN လို့ စိတ်အားတင်း လုပ်ပါမယ်။ အဓိကက တကိုယ်ကောင်းစိတ် မမွေးရင် အဲဒီစီးပွားစုက အင်အားကြီးလာပါမယ်။ အရင်းခံကတော့  စိတ်ဓါတ်ပါဘဲ။  တိုင်းပြည်အတွက်  တကယ်အလေးအနက် ထားသူမှန်လျှင်  ဗိုလ်ချုပ်လို မာန်မာနကင်းတဲ့ စိတ်က အလိုလို ဖြစ်လာပါတယ်  ဗိုလ်ချုပ်လိုမဟုတ်ဘဲ မာန်တက်နေပြီဆိုရင်တော့  အဲဒီလူဟာ ဦးနေဝင်းစိတ် တစတပေါ်လာနေသူပါ။ ဘယ်အာဏာရှင်မှ  ကျနော်အာဏာကို အကြွင်းမဲ့ ဆုပ်ကိုင်မယ် မပြောပါဘူး။

အခုနိုင်ငံရေးလောကမှာ အမတ်လေးဖြစ်ပြီဆိုတာနဲ့ နိုင်ငံတကာက ဖိတ်ကြားလို့ သွားနေရသူတွေ  အတိုက်အခံအချို့ ပင်လျှင်  မာန်တက်ပြချင်သူတွေ  တွေ့ လာနေရပြီ။

(မေး)  ဆရာရေးဖူးတာမှာ အခုစွမ်းအင်ဟာ
စွမ်းအင်ကဏ္ဍမှာတော်လှန်ရေးအပြောင်းအလဲလို့ ပြောလာတာဘာကြောင့်ပြောနိုင်တာပါလဲ ။

ကမ္ဘာမှာ အမေရိကန်၊ ဂျပန်  ဥရောပနိုင်ငံတိုင်းဟာ ယနေ့ ရေနံနဲ့ ကျောက်မီးသွေးတွေ  မတရားသုံးစွဲနေရတော့  ရေနံဈေးတွေ  တက်ပီးရင်း တက်လာတာရယ်  တချိန်မှာ  ၎င်းရေနံတွေ ကုန်ခမ်းသွားမှာ ကမ္ဘာကြီးပူနွေးလာမှု  တို့ ကိုရပ်တန့် ရန် အစိုးရတွေက ငွေအမြောက်အများ ထုတ်ပေးပြီး သဘာဝစွမ်းအင် အတွက်များစွာ အကုန်ခံ ဆောင်ရွက်နေပါတယ်။  အမေရိကန်နိုင်ငံမှာ တနှစ်ကိုဒေါ်လာ သန်း-၆ဝဝ ကျော်အထိ ထောက်ပံ့ပါတယ်။  တက္ကသိုလ်ကြီးတွေက ကိုယ်ပိုင်ငွေနဲ့  အကုန်ခံ နေတာတွေကလဲ အများကြီး။

ဂျပန်တက္ကသိုလ်ကြီးတွေမှာ အင်္ဂလန်ဝန်းကျင်က ဒီရေရေလှိုင်းတွေကနေ  လျှပ်စစ်ထုတ်နိုင်လျှင်  လျှပ်စစ် တီတာဝပ် (Tita watts ) ၆ဝ-ကျော်ရနိုင်မယ်လို့  တွက်ဆထားပါတယ်။

(one Tita watt  = 1000 Giga watts) (one Giga  watt = 1000 Mega  watts)

(one Tita watt = 1,000,000 Mega watts) / One Tita = One Million Mega watts. 

မြစ်ဆုံရေကာတာ ၁၆၆ လုံးလောက်အားနဲ့ ညီမျှပါမယ်။ အင်္ဂလန် ဝန်းကျင်တခုလုံးဆို  မြစ်ဆုံဆည်မျိုး အလုံး ၁ဝဝဝဝ လောက်ကထွက်တဲ့ စွမ်းအင်ရှိနေပါတယ်။
တော်လှန်းရေးလို့ ပြောလိုက်ရတာကတော့  စွမ်းအင်ရယူမှု စံနစ်ကြီး ပြောင်းပြစ်တာ ဖြစ်လာမှာမို့ ပြောရတာပါ။  တကမ္ဘာလုံး လိုက်လုပ်နိုင်ပါပြီ။  ကျနော်အစက  မြန်မာပြည်နင့်  တချို့ နိုင်ငံတွေလောက်သာ ရနိုင်မယ်လို့ တွက်ဆထားမိပါတယ်။  အခုတကယ် လက်တွေ့ တွေ့ရှိချက်တွေအရ နိုင်ငံတိုင်းနီးနီးလုပ်နိုင် ထုတ်နိုင်ပါမယ်။  မြစ်ရှိမယ်  ချောင်းရှိရင်  လျှပ်စစ်ထုတ်နိုင်ပါတော့မည်

လျှပ်စစ်ဈေးချိုလျှင်  လျှပ်စစ်ကားတွေ သုံးစွဲလာပြီး ရေနံ အသုံးနည်းသွားမှာပါ...။ အာရပ်ကမ္ဘာ အိုပက်ကြီး အ်ိုင်ပက်ဘဝ ရောက်ရပါတော့မည်။  ဒီလိုအမြင်ကို တက္ကစီ ကားဆရာတစ်ဦးက မေးမြန်း ဆွေးနွေးလာခဲ့ပါတယ်။   သူက အိုအိုင်စီအဖွဲ့က ဘာသာရေး လူဝင်မှုအရေးမှာ သိသိကြီးနဲ့   ငွေများ တရားနိုင်လုပ်နေတာကို အတော် မကျေမချမ်းဖြစ်နေသူ။  ကျနော်ကရှင်းပြတော့  ဝမ်းသာလွန်းလို့တဲ့။

ကျနော်ကပြောလိုက်ပါသည်   မပူနဲ့ မပူနဲ့  မကြာခင်ခင်ဗျားရဲ့ အိုအိုင်စီ ထိုင်ငိုပီလို့။

တဆက်တည်းက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုတွေ  ကျသွားမယ်။  ရပ်တန့် သွားမယ်ဆိုလျှင်  ကမ္ဘာကြီး ပူနွေးမှုကြောင့် ရာသီဥတုဖေါက်ပြန်တာတွေ  လျော့နည်းလာပြီး မိုးလေဝသ မှန်လာပါတော့မယ်။   ပင်လယ်ရေမျက်နာပြင်  မြင့်တက်လာလို့   ပျောက်ကွယ်လုနီးနီး ကျွန်းလေးတွေကို ကယ်ဆယ်နိုင်တော့မှာပါ။  ပစိဖိတ်သမုဒ္ဒရာထဲက  KIRIBATI   ကျွန်းလေးဟာ ဆယ်နစ်အတွင်း ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။

ကျနော်ကတော့  ဒီတွေ့ ရှိချက်ကြောင့်  မာနမထောင်လွှားပါဘူး။  ပီတီနဲ့ တော့  ကျေနပ်နေမိပါတယ်။  လူသားတွေကို အများကြီး အကျိုးပြုနိုင်တာကို ကျေနပ်နေပါတယ်။

ဆက်လက်ရေးသား ဖော်ပြပါဦးမယ်။

အားလုံးကိုလေးစားလျှက်

လှိုင်မြင့်




ရွှေပေါက်ကံမြို့သစ်မှ ရေနုတ်မြောင်းများ ပိတ်ပြီး ရေကြီးနေမှုအား တိုင်ကြားစာ..


ရွှေပေါက်ကံမြို့သစ်မှ ရေနုတ်မြောင်းများ ပိတ်ပြီး ရေကြီးနေမှုအား တိုင်ကြားစာ..


တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးပါရန်..
ရွှေပေါက်ကံမြို့သစ်တွင် ရှိသော ရေနုတ်မြောင်း အားလုံးနီးပါးပိတ်နေပြီး ရေမစီးပါ။
ဒီမိုဝေယံမှ တာဝန်ရှိသူများသိစေရန် ကျေးဇူးပြု၍ တိုင်ကြားပေးစေလိုပါတယ်။


ပေးပို့လိုက်သောဓါတ်ပုံများမှာ ၁၆ ရပ်ကွက် ဗညားနွဲ့လမ်း
ဘေးမှ အိမ်များဖြစ်ပါသည်။
ပေါက်ကံမှ ရေကြီးမှုကြောင့် နောက်ကျန်နေရတဲ့ မြို့သစ်သားများ

တပြည်လုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မြင်ကွင်း၊ ဓာတ်ပုံ ရုပ်သံများ

 ယနေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ပြုလုပ်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးပြုလုပ်တဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် သူရဦးရွှေမန်းနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်..။

 မိတ္ထီလာမြို့ အာဇာနည်နေ့ အခမ်းအနား
 အာဇာနည်နေ့ အခမ်းအနား (မြင်းခြံ)
 အာဇာနည်နေ့ အခမ်းအနား(မော်လမြိုင်)
 အာဇာနည်နေ့ အခမ်းအနား (ပျဉ်းမနား)
ယနေ့ အာဇာနည်ဗိမ္မာန်သို့ ရောက်ရှိဂါရဝပြုရန် ရောက်ရှိလာကြသည့် အနာဂတ်ရဲ့ ရင်သွေးငယ်လေးများ
ဓာတ်ပုံများ EMG
ဗိုလ်ချုပ်မိန့် ခွန်း အပိုင်း (၁)
သာကေတမြို့နယ်မှ အာဇာနည်နေ့ ဥသြဆွဲချိန် ပြည်သူ့ရဲများနှင့် ပြည်သူအပေါင်းမှ ဂုဏ်ပြု အလေးပြုခဲ့ကြသည်..။ ယနေ့ ဝန်ထမ်း၊ ကျောင်းသား၊ ရဟန်း ပြည်သူ.. ပူးပေါင်းပါဝင် ဂုဏ်ပြုခဲ့ကြသည့် ၆၆နှစ်မြောက် အာဇာနည်နေ့မှသည်.. အမျိုးသားပြန်လည် သင့်မြတ်ရေးဆီသို့... ဓာတ်ပုံ (ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
 
ယနေ့(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား Reuters သတင်းဋ္ဌာနှင့် တရုတ်ရုပ်သံ... တို့မှ ရိုက်ကူးတင်ပြချက်များ..
ယနေ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျောင်းသားပြည်သူတွေ အရင်နှစ်တွေ ကထက် ပိုပြီး ပူးပေါင်း တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်သည်..။
 

၁၉၄၇ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့က ဂျာနယ်ကျော်မှ ဖော်ပြခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရှားပါးဓာတ်ပုံများ..

၁၉၄၇ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့က ဂျာနယ်ကျော်မှ ဖော်ပြခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရှားပါးဓာတ်ပုံများ..
ဓာတ်ပုံများ Popular Journal



အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုဂုဏ်ပြုအပ်ပါသည်..။ ၆၆နှစ်မြောက် အာဇာနည်နေ့ (ဂုဏ်ပြုသီချင်း)

ဓာတ်ပုံ Myint Thiri Heinn
ရုပ်သံ ကိုသော် (PRMG)
http://www.youtube.com/watch?v=8CIIyfEcr3k&feature=youtu.be

အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုဂုဏ်ပြုအပ်ပါသည်..။
၆၆နှစ်မြောက် အာဇာနည်နေ့ (ဂုဏ်ပြုသီချင်း)

အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုဂုဏ်ပြုအပ်ပါသည်..။

သီချင်းဗီဒီယို ဓာတ်ပုံမြင်ကွင်းများ ဖန်တီးဖော်ပြ ပေးသည့် ကိုသော်(ဂျပန်) (PRMG) အားကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ

သတ္တိရှိမည် ဆိုပါက ၂၀၁၅ သမ္မတ နေရာအတွက် ယှဉ်ပြိုင်ရာ၌ မျှတစွာ ယှဉ်ပြိုင်နိုင်ရေး သူရဦးရွှေမန်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား..

သတ္တိရှိမည် ဆိုပါက ၂၀၁၅ သမ္မတ နေရာအတွက် ယှဉ်ပြိုင်ရာ၌ မျှတစွာ ယှဉ်ပြိုင်နိုင်ရေး သူရဦးရွှေမန်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
7.18.19
ဇူလိုင် ၁၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် မီဒီယာများနှင့် တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ်တွင် သမ္မတ နေရာအတွက် ယှဉ်ပြိုင်ကြရာ၌ တစ်ကယ်တမ်း သတ္တိရှိသည် ဆိုပါက တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဆောင်ရွက် ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဇူလိုင် ၁၈ ရက်က လွှတ်တော်အတွင်းရှိ ဇဗ္မူသီရိဆောင်၊ မီဒီယာခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ပြောကြားသွားခဲ့သည်။
အကယ်၍ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအား မပြင်ဆင် နိုင်သည့်အတွက် မိမိအနေဖြင့် ဒုတိယသမ္မတသာ ဖြစ်ခဲ့မည် ဆိုပါက တရားမျှတမည် မဟုတ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးပါကလည်း နိုင်ငံတော် သမ္မတနေရာ အတွက် ပြည်သူမှ ရွေးချယ်သည့် မည်သူ့ကိုမဆို လက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း မျှတစွာ ယှဉ်ပြိုင်နိုင်ရေး အတွက် ၎င်းအနေဖြင့် အဖြစ်နိုင်ဆုံး၊ အမျှတဆုံးဖြစ်အောင် ကြိုးစားပေးသွားမည်ဟု ပြန်လည် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ''၂၀၁၅ ရွေးကောက်ပွဲအတွက် အားလုံးတော့ ပြင်ဆင်လို့ မပြီးသေးပါဘူး။ အခုမှစပြီးတော့ ပြင်ဆင်မှာပါ။ ဒါပေမဲ့ အန်တီတို့ကတော့ နိုင်မှာပေါ့နော်။ တကယ်ပဲ သတ္တိရှိတယ် ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲမှာ ကျွန်မတို့က တကယ်ကို ညီညီမျှမျှ အခြေအနေပေါ်မှာ ရွေးကောက်ပွဲကို ကျင်းပနိုင်အောင် ဥက္ကဋ္ဌကြီး အနေနဲ့ အစွမ်းကုန်အောင် ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်'' ဟု အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားသွားခဲ့သည်။

ထပ်မံ၍ ''ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလို့ အန်တီက ဒုသမ္မတပဲ ဖြစ်မယ်ဆိုရင် မတရားဘူးလို့ ပြောရမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောင်းပြီးလို့ရှိရင် ဘယ်သူပဲဖြစ်ဖြစ် ပြည်သူက ရွေးချယ်တဲ့သူကို ကျွန်မတို့ လက်ခံမှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သူရဦးရွှေမန်းကလည်း ၎င်းအနေဖြင့် တရားမျှတစွာ ယှဉ်ပြိုင်မှုကို လိုလားကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် တစ်ဖက်မှ အနိုင်ရအောင် လုပ်မည်ဟု ပြောကြားလာသည့် အတွက် ၂၀၁၅ ယှဉ်ပြိုင်မှုအပေါ် ပိတ်ကားပေါ်တွင်သာ ကြည့်ပါဟု ပြောလိုကြောင်း ထည့်သွင်း ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''လာမယ့် ရွေးကောက်ပွဲမှာ တစ်ဖက်က မိမိအနိုင်ရအောင် လုပ်မယ်လို့ ပြောပါတယ်။ ဥက္ကဌအနေနဲ့ ပြောချင်တာကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ ခုနက ဒေါ်အောင်ဆန်းစုကြည် ပြောတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အမျှတဆုံး ဖြစ်အောင် လုပ်ပေးပါ။ ဥက္ကဌကြီး စီစဉ်ပေးပါ ဆိုပေမယ့်လို့ အဖြစ်နိုင်ဆုံး။ အမျှတဆုံး ဖြစ်အောင် ဥက္ကဌ အနေနဲ့ ကြိုးစားပါမယ်။

ဥက္ကဌ ငယ်စဉ်ကတည်းက အမြဲတမ်း ပြိုင်ပွဲတွေကို သဘောကျပါတယ်။ ဒါပေမယ့် မျှတတဲ့ ပြိုင်ပွဲတွေကို သဘောကျပါတယ်။ တိုင်းမှူးဘ၀တုန်းက စပြီးပြောပါတယ်။ အားပေးတာက ပြိုင်ရင် နိုင်ရမယ်။ နောက်ပိုင်းကျတော့ ပြိုင်ရင် နိုင်ရမယ် ဆိုတော့ ကလေးတွေ စိတ်ထဲမှာ နိုင်ရင်ပြီးရော ကြိုက်သလို ပြိုင်မယ် ဆိုတာဖြစ်သွားမှာ စိုးတဲ့အတွက် တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းဆိုပြီး ဒီလိုဆောင်ပုဒ် ချပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကား မှန်ပါတယ်။ ဖြစ်နိုင်သမျှ တရားသဖြင့် ယှဉ်ပြိုင်တာ အကောင်းဆုံးပါပဲ။ အနိုင်အရှုံးဆိုတာ ရှိကြတာပဲ။ တရားသဖြင့် ယှဉ်ပြိုင်လို့ နိုင်တဲ့သူက ၀မ်းသာသလို ရှုံးတဲ့ သူကလည်း ဒီလိုတရားသဖြင့် ယှဉ်ပြိုင်တာ ပဲဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော် ကြိုးစားပါမယ်'' ဟု ပြန်လည် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ရန်သူလို ဆက်ဆံနေမည် ဆိုပါက မကောင်းသည့် သမိုင်းကြောင်းကို ပြန်ရောက် သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား


ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့်အခါမျှ ရန်ဖြစ်မည် မဟုတ်ကြောင်းနှင့် ရန်သူကဲ့သို့သာ ဆက်ဆံနေမည် ဆိုပါက ယခင်ကကဲ့သို့ မကောင်းသည့် သမိုင်းကြောင်းကို ပြန်ရောက်သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိဆောင်၊ မီဒီယာခန်းမ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်မှ အဖွဲ့ဝင် သတင်းထောက်များ၊ အယ်ဒီတာများတို့ တွေ့ဆုံရာတွင် သူရဦးရွှေမန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''သတင်းသမားတွေမေးရင် ရိုးရိုးပဲမေးပါ။ ရန်မတိုက်ပေးပါနဲ့။ ကျွန်တော်တို့ ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ်ပါဘူး'' ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလည်း...


တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ ရင်းနှီးကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုသည်မှာလည်း စာထဲတွင်သာ ရှိနေသေးပြီး လက်တွေ့ မရှိသေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်သည့်အခါတွင် ပါတီတစ်ခုနှင့်တစ်ခု ရန်သူလို သဘောထားပြီး ဆက်ဆံ ဆောင်ရွက်နေမည် ဆိုပါက ပြီးခဲ့သည့် အတိတ်ကာလ သမိုင်းကြောင်းကို ပြန်ရောက် သွားနိုင်သည်ဟု ထည့်သွင်း ပြောကြားသည်။
7.18.18
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)

''အရင်တုန်းက အင်မတန်မှ အင်အားကြီးပြီး စည်းလုံးညီညွတ်ခဲ့တာ ဖဆပလ ပါတီပါ။ အဲဒီနောက်ပိုင်း ပထစ ပေါ်လာတယ်။ နောက် ပမညတ ပေါ်လာတယ်။ အဲဒီတုန်းက ပါတီတစ်ခုနဲ့ တစ်ခုဟာ မိတ်ဖက် လုပ်ဖော်ကိုင်ဖက်လို သဘောမထားဘဲ ရန်သူလို သဘောထားပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီကစပြီး အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့တယ်။ ဒါကြောင့် ဒါတွေကို သင်ခန်းစာယူပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာတဲ့ အခါမှာ NLD ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ပြောရမယ်ဆိုရင် အဲဒီပါတီရဲ့ ခေါင်းဆောင် ဖြစ်သလို တစ်စိတ်တစ်ပိုင်းသော ပြည်သူလူထုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ ဒီပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ ဆက်ဆံတဲ့ အခါမှာ ရန်သူလို ဆက်ဆံနေမယ်ဆိုရင် မကောင်းတဲ့သမိုင်းကို ပြန်ရောက်သွားလိမ့်မယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလည်း ခေါင်းဆောင်များကို ကြည့်ပြီး ညီညွတ်လာမည် ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက် ပြောကြားသွားသည်။

သတင်း၊ ဓာတ်ပုံ EMG

ပြဒါးတစ်လမ်း သံတစ်လမ်း ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ပြဒါးတစ်လမ်း သံတစ်လမ်း
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)


အူဝဲ အူဝဲ သံကုန်ဟဲ၍

အဖေါ်မပါ ကိုယ်ဗလာဖြင့်

လောကထဲကိုရောက်ခဲ့သူ။


သူအရွယ်ရောက်လာ

သူမှာပညာ လွန်များပါ၍

လောက ကောင်ကျိုး နိုင်ငံကျိုးကို

သက်စွန့်ကြိုးပမ်း ထမ်းရွက်သူ။


သူ့ကိုမှီရှာ လောကမှာလဲ

နေ့စဉ်နှင့်မျှ ချမ်းသာရ၏။

ဟော..ဖြုန်းကနဲဆို

သူ့ကိုလုပ်ကြံ သတ်ဖြတ်ရန်ကြောင့်

သူ၏နိဂုဏ်း ဘ၀ဆုံးတော့

သူ့ကိုတမ်းတ ငိုကြွေးကြ၏။



တစ်ယောက်သောသူမှာ

သူ့မှာ ပညာမရှိပါ၍

လောကကောင်းကျိုး နိုင်ငံကျိုးကို

ဘာမှမကြည့် သူမသိပါ

သူသိတာတွေ ဖေါ်ပြချေက

ဘယ်သူသေသေ ငတေမာပြီးရော

ထင်ရာပြော၍

လောကဆိုးကျိုး ပြုတဲ့သူ

ဟော..သူ့ကိုကြတော့

မသေခင်က သေကြစေကြောင်း

တလောကလုံးက ပြည်သူအပေါင်း

ဆုမွန်တောင်းသည်။


ဆင်ခြင်ကြဖွယ်လမ်းနှစ်သွယ်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ခေါင်းမူးဝေဒနာနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ.. ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ခေါင်းမူးဝေဒနာနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ..
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

(ကိုယ်ဝန်ရှိစ မူးဝေသူများ၊  သဘောင်္လေယာဉ်စီး မူးဝေသူများနှင့် မူးမော်တတ်သူများ အတွက်)

ခေါင်းမူးဝေဒနာကို သက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးတွေ ဟောပြောပို့ချထားတာ များစွာရှိပြီးဖြစ်ပါသည်။  အများစုမှာ  ခေါင်းမူးတာကို  ဆေးသောက်ခြင်းဖြင့် ကုသဖြေရှင်းခြင်းသာဖြစ်ပါသည်။  ကျနော်ကတော့  ခေါင်းမူးတာအတွက်  တို်က်ကျွေးရသာဆေးအများစုမှာ  မထိရောက်တာက တစ်ကြောင်း  ထိုးဆေးတွေရဲ့ ဆိုးကျိုးတွေအန္တရာယ်က မသေးလှတာတစ်ကြောင်း  ကျနော်နည်းက  ခေါင်းမူးတာကို လွယ်လွယ် ကုသနိုင်တာတစ်ကြောင်း  ကိုယ်တိုင်လဲ ခေါင်းမူးဝေဒနာရှင်တဦးလဲဖြစ်  အလူးအလဲ မူးတတ်တာကြောင့်  ကျနော့် ကုသနည်းကလည်း  ဆေးလောကမှာ (ဆေးကုသရေး  သင်ရိုးညွှန်းတမ်းများမှာ) မပါတာတစ်ကြောင်းမို့  ရေးသားပြီး  မျှဝေလိုက်ပါသည်။

ပထမဦးဆုံး  (တိုက်ခို်က်တာ  မဟုတ်ပါ) ၂ဝဝဝ-ခုလွန်နှစ် တနှစ်မှာ  ကျနော်ထောင်က လွှတ်ခါစက   မြန်မာနိုင်ငံ ဂျီပီဆရာဝန်များ ညီလာခံမှာ  ဒီခေါင်းမူး ဝေဒနာစာတမ်းဖတ်ဖို့ တင်ပြခဲ့ပါတယ်။  အဲဒီညီလာခံ ကော်မတီက  ဝမ်းသားအားရ (အားရ) လက်ခံခဲ့ပါတယ်။

 ဝမ်းသာအားရ ဟု သုံးရသည်ကလဲ  ကိုယ်ပိုင်ဆေးခန်းတွေက  စာတမ်းတင်ထားတာ ကနည်းနေလို့  ကျနော့်စာတမ်း လာတင်တော့ စာတမ်းကိုဖတ်ကြည့်တော့   အကြောင်းအရာကလဲ  အသစ်အဆန်း။   ကျနော့်ကိုလဲ ထောင်ထွက်မှန်းလဲမသိကြဘူး။ စာတမ်းအသစ်ဆိုတော့   ဝမ်းသာအားရပေါ့။  စာတမ်းဖတ်ရန် တော်တော်တန်တန် အတွေ့အကြုံနှင့်  ဖတ်ကြားရန် မလွယ်ပါ။ မေးလာမည့် မေးခွန်းတွေကို  ကြောက်ကြရပါသည်။

 ညီလာခံစခါနီးရက်တွင်တော့  ကျနော်ရဲ့ စာတမ်းကိုဖတ်ခွင့်   ပယ်ခံလိုက်ရပါတယ်။  ဘာကြောင့်ဆိုတာ  ထမင်းစားသူမှန်လျှင် သဘောပေါက်ကြပါသည်။
ဒီတော့ စာတမ်းနှင့် ဆက်စပ်နေသော စာတမ်းတခု ကို ဆရာဝန်တစ်ဦးမှ  ဖတ်လာချိန်မှာ  ကျနော်ထပြီး  အချိုမှုန့် စားသူအချို့ တွင်   ခေါင်းမူးတတ်ကြောင်းကို တင်ပြပါသည်။  သက်ဆိုင်ရာအထူးကု (ပါမောက္ခပညာရှင်)မှ  အချိုမှုန့် ကြောင့်  ခေါင်းကိုက်တတ်တာဘဲ ဖြစ်တတ်ပါသည်။  ခေါင်းမူးတယ်ဆိုတာ မရှိဘူး။ 

သူ့ စကားကလဲ   တုံးတိတိ  ယတိပြတ်။  ကျနော်က ဆက်လက်ပြီး  ကျနော့် အတွေ့ အကြုံတွေကို   တင်ပြတော့  ပါမောက္ခကြီးက (ကျနော့်ထက်အတန်း- ၄-တန်းငယ်ပါသည် )က  There is  no such things in literature..  ပြောပါသည်။   ကျနော်က ထပ်မံတင်ပြတော့ I have told you...there is no such things in literature   ပြောလာတော့  ကျနော်ကလဲ  မထူးဖူးဆိုပြီး  .....Is your literature  coming down from heaven ....like Bible or  like Koran.??? ...or  your literature were complied by human scientists , doing  researches on  animals and  human beings like me.. ချပါတော့သည်။

ဒီတော့  ပါမောက္ခကြီးနှစ်ဦးက (တစ်ဦးက လက်ဆွဲပြီး) ထိုပါမောက္ခကို ထိုင်ခိုင်းပါတော့သည်။  ထိုပါမောက္ခကြီးနှစ်ဦးက  ကျနော့် ဆရာတော် ဖူးသူများဖြစ်ပါသည်။  သဘောကတော့ ဒီဆရာဝန်နဲ့  သွားမငြင်းနဲ့  သဘောဖြစ်ပါမည်။  ထိုပါမောက္ခကြီးနစ်ဦးက  ညီလာခံမစတင်မှီ  ယခုဂျာနယ်မှာ ထင်ပေါ်နေသော ဆရာဝန်မကြိးတစ်ဦးကိုလွှတ်ပြီး  ကျနော်ကိုခေါ်ခိုင်းပါသည်။ ပြီး သူတို့ စာတမ်းများဖတ်ကြပါမည်။  သူတို့ စာတမ်းဖတ်အပြီး-မေးခွန်းဖိတ်ခေါ်လျှင်  ကျနော်က  မေးခွန်းမမေးရန် ခေါ်ပြောခြင်းဖြစ်ပါသည်။  မင်းက  ကြံကြံဖန်ဖန် မေးတတ်တာ  ငါတို့  တခါတလေ ဖြေရန်အသင့် မရှိဖြစ်တတ်လို့ ဟု  ခေါ်ပြောခြင်းဖြစ်ပါသည်။

နာမည်တွေကိုတော့ ဖေါ်ပြရန်မသင့်ပါ။
ဒီတော့  ယခုခေတ်တွင် ခေါင်းမူးတတ်သူ တော်တော်လေးများ ကြပါသည်။  နေမကောင်းလျှင် ခေါင်းမူးဝေဒနာက နှူရာဝဲစွဲ  လဲရာသူခိုးထောင်း အဆစ်အနေနဲ့ ဝင်နှိပ်စက်တတ်ပါသည်။ ယခုတလော  နယ်ထွက်ရာမှာ  ကားစီးရတော့  လမ်းမှာ (ကားပေါ်တွင် မူးအန်နေသူတွေ)  ခေါက်တိုင်း ကြုံဆုံနေရပါသည်။  ကြုံရသည်မှ  မူးအန်သူ ၂- ဦး ၃-ဦးမကပါ။ လေလုံ အဲယားကွန်းကားနဲ့ ဆိုလျှင်  တစ်ကားလုံး  အနံ့ ဆိုးတွေ ခံကြရပါတော့သည်။

မူးနေသူခမြှာလဲ မျက်နှာမှာသွေးစုပ်ပြီး    ဖျော့တော့တော့။  ဒီတော့ ကျနော့် ကုသချက်ကို  အားလုံးသိရအောင်   ရေးဘဲနေလို့ မဖြစ်တော့လို့ ရေးလိုက်ရပါသည်။  အထက်က  ပြင်ပဆေးကု ဆရာဝန်များ ညီလာခံမှာလို  (ဒီလို ပေါက်တတ်ကရတွေ  ဆေးပညာသင်ရီုးထဲမှာ  မရှိဘူးပြောလိုတဲ့  ဆရာဝန်တွေရှိခဲ့မည်ဆိုလျှင်)  သုသေသနသဘော စမ်းသပ်ကြည့်ပြီးမှ ပိုကောင်းသော ပိုထိရောက်သော ကုသနည်းများ  တိုင်ပြည်တွင် အလွန်လိုအပ်နေလို့ ဝမ်းသားစွာ ကြိုဆိုနေပါမည်ဖြစ်ကြောင်း  စကားပါးထားလိုပါသည်။  ရှိကြလျှင်လည်း  တိုင်းပြည်သိအောင် တင်ပြကြဖို့ လည်း   အထူးပန်ကြားလိုပါသည်။  ဆေးနည်းအသစ်တွေ မရှိသေးလို့   ကျနော်က အထူးကုဆရာဝန်  မဟုတ်ဘဲရေးနေရတာကိုလဲ  နားလည်ပေးကြဖို့။

ဖြစ်နိုင်လျှင်  လမ်းခရီးတွင် မူးအန်တတ်သူတွေ  မည်မျှ များနေကြောင်းကို ဘတ်စ်ကားများ  အဝေးပြေးယာဉ်မောင်း ယာဉ်လိုက်များကို မေးကြည့်နိုင်ပါသည်။  သုသေသန  ပြုသင့်ပါသည်။ ကားဂိတ်တွေမှာ  ခေါင်းမူးပြေဆေး အဝါလုံးဆေးလေးများ (Dramamine)  ရောင်းချနေမှုကလဲ သက်သေခံနေပါသည်။ ဒီခေါင်းမူးတာထက်ပို  အရေးကြီးတာကတော့  ကိုယ်ဝန်ဆောင်ခါစ အမျိုးသမိးများတွင် ပြင်းထန်သော ခေါင်းမူးဝေဒနာ ခံစားရမှုဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ခါစ  သန္ဓေသားလောင်းလေး  သန္ဓေတည်စအချိန်  (ပထမသုံးလ- First Trimester) တွင်  ဖြစ်နိုင်လျှင်  မည်သည့်ဆေးမှ  မပေးသင့်ပါ။

သို့သော် ကျနော် အတွေ့အကြုံတွင်  ထိုကာလ  ခေါင်းမူးသော မိခင်လောင်း အချို့ကို  ဆရာဝန်အချို့နဲ့ ရမ်းကု  တွေက  အမူးပျောက်ဆေးတွေ လှိုင်လှိုင်ကြီး ပေးတတ်ကြပါသည်။  ပေးလိုက်သူတိုင်းမှာ  ဆိုးကျိုးဒါဏ် မသ့င်ပေမယ့်  အချို့ တွင်  သန္ဓေသား ဦးဏှောက်ကို ဆိုးကျိုးသက်ရောက်မှုများ  ကျနော့်တွေ့ ကြုံခဲ့တာတွေ  လက်တွေ့ ရှိနေပါသည်။

ထိုသို့ အမူးပြေဆေးပေး ခံလိုက်ရသူ  မိခင်တဦး၏ ကလေးသည်  AUTISM လက္ခဏာများ  ခံစားရပါတော့သည်။  အော်တစ်ဇင် ကို သင်္ကြန်အကြိုနေ့   ဧပြီ- ၁၃ ရက်နေ့ဟု သတ်မှတ်ထားပါသည်။  အော်တစ်ဇင်ကို ဘာကြောင့်ဖြစ်သည်ဟု  ပညာရှင်များ အခိုင်အမာ မသိရှိနိုင်ကြသေးပါ။  သို့သော်  အော်တစ်ဇင် ဖြစ်ရသူ၏ မိခင်  အချို့ ကိုမေးကြည့်ရာတွင်  အများစုမှာ  ကိုယ်ဝန်ဆောင်စတွင်  ခေါင်းမူးတတ်ကြ  ဆေးသောက်မိကြသူတွေ ပါနေပါသည်။  အော်တစ်ဇင်  ပညာရှင်တို့ဆို ပိုမိုသိကြပါမည်။  မိမိကလေး  အော်တစ်ဇင်ဖြစ်လျှင်  မိဘတွေမှာ  ရင်ကျိုးကြရတော့၏ ။  ၎င်းလက္ခဏာမှာလည်း ကလေး အသက် - ၂ - နစ်ကျော်မှ သတိထား မိလာတတ်ကြပါသည်။

အလွယ်ပြောရလျှင်တော့ အသိဥာဏ်နိမ်ကျတဲ့ ကလေးဟု ပြောရမည်ပင်။ ထိုကလေးများသည်လည်း  အရသာမှုန့် ပါသေအစားကိုမှ  ခုံမင်တတ်ကြပါသည်။  သူတို့နဲ့ လုံးဝမတဲ့ပါ။  ထိုအစားများစားလေ  ပိုဆိုးလေဖြစ်ပါမည်။ အဓိကပြောလိုသည်က  ခေါင်းမူးတယ်ဆိုတာ  ဝေဒနာလေးပါလို့ ပေါ့ပေါ့သဘောမထားမိရန်နဲ့ အရေးကြီး ဝေဒနာအဖြစ် သဘောပိုက်ရန် တင်ပြရခြင်းဖြစ်ပါသည်။  ရိုးရိုးမူးတယ်ဘဲထားပါ။  လမ်းခရီးသွားနေချိန်မူးပါပြီ တဲ့   အချို့ လေယာဉ်ခရီးစဉ်တွေက  ခရီးစဉ်ပြောင်းလို့ မရတဲ့  လက်မှတ်ကိုင်ထားသူဆို  ဒုက္ခလှလှကြီး ရောက်ပါပြီ။

ဒီတော့ ခေါင်းမူးတာဟာ  ပေါ့သေးသေး ဝေဒနာမဟုတ်ပါ။ အလေးထားရမည့် ဝေဒနာဖြစ်ပါသည်။
ခေါင်းမူးတာအကြောင်း  ဆွေးနွေးရာမှာ   ခေါင်းမူးရခြင်း၏ အကြောင်းရင်းကို တင်ပြလိုပါသည်။   နားအတွင်းပိုင်းရှိ  Middle earရှိ   cochlear & vestibular တွင်း  ခရီးသွားစဉ်တွင်...  ဥပမာလှိုင်းလှုပ်လျှင်  ထိုအပိုင်းလေးတွင်  အရည်များ တင်းဖေါင်းလာလို့  မူးတဲ့ဝေဒနာ ပေါ်လာရခြင်းဖြစ်ပါသည်။  ထိုသို့အများစု မလာအောင်   တင်မလာအောင်   ဖိအားများမလာအောင် လုပ်ဆောင်ပေးနိုင်လျှင်  အမူးဝေဒနာ ပေါ်လာမည်မဟုတ်ပါ။  မူးပြီဆိုလျှင်လည်း    ထိုတင်းနေသော အရည်များကို အမြန်ဆုံး  လျှော့ချနိုင်လျှင် ဝေဒနာလျှင်မြန်စွာ သက်သာလာပါမည်။  မျက်စေ့ထဲမှာသာ  ပုံဖေါ်ကြည့်လို်က်ပါ။  ရှင်းပါသည်။

တခါ  နားအတွင်းပိုင်းကို  ဖေါယောင်စေနိုင်သော  အစားအသောက်များကို ပြန်စဉ်းစားကြည့်လိုက်ပါ။  ထိပ်ဆုံးက  အချိုမှုန့်ပါ။  အချိုမှုန့်က လူ၏တစ်သျူးတွေကို ဖေါင်းတင်းစေကြောင်း  အချိုမှုန့် အန္တရာယ်သတိပေးစာတမ်းတွေမှာ  အတိအကျရေးထားပါသည်။  ဒီတော့  မူးတတ်သူတွေ  အချိုမှုန့် ရှောင်ကြပါ။

မမူးတတ်သူတွေကော  မရှောင့်သင့်ဘူးလား။  ၂၀၁၂-  နစ်က သြစတေးလျှနိုင်ငံ  ကွင်းလန်ပြည်နယ် Australia ..Queensland  ပြည်နယ်မှ အထက်တန်းကျောင်း တစ်ကျောင်းက  တော်လှန်သော အစီအစဉ်တခု  စတင်လိုက်ရာ  ကနေ့  ကမ္ဘာကျော်နေပါပြီ ။  အနောက်နိုင်ငံကြီးတွေမှာ  ကလေးတွေမှာ  ADHD (Attention Deficit Hyperactive Disorder) ဆိုသော  ကလေးတွေမှာ  အာရုံစူးစိုက်မှုနည်းပြီး လွန်ကဲစွာဆော့ ကစားတတ်မှု  လက္ခဏာစုမှာ   အနောက်နိုင်ငံကြီးများတွင်  အလွန်ခေါင်းလေးနေရသော  လူမှုရေးပြသနာကြီး ဖြစ်နေပါသည်။  ဒီလို မြောက်ရှုံးလက္ခဏာစု အတွက်  ကလေးတွေကို  ငယ်ငယ်ရွယ်ရွယ်နင့်  စိတ္တဇဆေးဝါးတွေ ကျွေးနေကြရပါတော့သည်။

၎င်းကွင်းလန်ကျောင်းက ၎င်းကျောင်းတွင်ပညာသင်နေသော  ၎င်းADHD ကလေးတွေအတွက်  ကျောင်းမှာ အပ်ထားသူ မိသားစုအားလုံးကို (တစ်ကျောင်းလုံး)   ပြင်ပအစားအသောက်များ ကျွေးမွေးခြင်းကို (လုံးဝ) ရပ်တန့် စေပြီး  ကျောင်းမှာ စာဖိုးမှုးကောင်းများ ငှားရမ်းကာ ကလေးတွေ   အိမ်မှာစားရန် မုန့် ကိုပင်ကျောင်းမှ ဝယ်စေသည်အထိ ကြပ်မတ်လိုက်ပါသည် ။ အချိုအတွက်  သကြားကိုပင် မသုံးဘဲ  ပျားရည်ကိုသုံးစေပါသည်။  သကြားမှာ ဓါတုအရောင်ချွတ်ဆေး ပါနေလို့ ဖြစ်ပါသည်..။ 

ထူးခြားမှုကလဲ  နှစ်လ - အတွင်းမှာပင်  ၎င်းမျောက်ရှုံးလေးတွေဟာ  သူတို့ ကိုတိုက်ကျွေးနေရသည့်  စိတ္တဇဆေးများကို ဖြတ်တောက်လိုက်နိုင်ကာ ဂဏှာငြိမ်လာပြီး ကျောင်းစာများကို  စိတ်ဝင်စားလာ  စာသင်လို့ ရလာပါတော့သည်။  အခုတော့ တခြားကျောင်းတွေကပါ  လိုက်လုပ်လာနေကြပါပြီ။

ပြောလိုသည်ကတော့  ကျနော်တို့ မြန်မာနိုင်ငံမှာ အခု လွတ်လပ်ခွင့်နင့်အတူ  အသင့်စားမုန့် တွေကို (JUNK  FOODS)    ကလေးတွေ အလွန်အမင်း စားသောက်နေကြသည်မှာ  သည်မုန့် တွေထဲမှာပါတဲ့ ဓါတုပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို  ကျနော်တို့  မြန်မာကလေးငယ်တွေ  မကြာခင် ကြုံကြရပါတော့မည်မို့ သတိထားကြဖို့ သတိပေးလိုပါတယ်။  ကျနော်တို့ ကလေးတွေ  ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ္တဇဆေးတွေ တိုက်တာမခံကြရအောင်သတိပေးလိုတာပါ။

အချိုမှုန့် ထက်ပင်   အန္တရာယ်မရှိ ယူဆထားရတဲ့ တခြားအစားအသောက် ဓါတုတွေရဲ့ ဆိုးကျိုးတွေကို  အနောက်နိုင်ငံကြီးတွေ ကြုံတွေ့ ထားရပြီးတာကို  ကျနော်တို့ ဆီက ဆရာဝန်ကြီးတွေက  ပြည်သူတွေ သိရှိအောင်  အချိန်ရှိသမျှဆေးကု ငွေရှာနေကြတာလေးတွေ လျှော့ပြီး  ပြည်သူတွေ ကိုအသိပညာများ တိုးဖြန့် ကြပါရန်လည်း ပန်ကြားလိုပါသည်။  ကျနော်တို့ ပြည်သူတွေမှာ  ကျန်းမာရေး အသိများ အတော်လေးနိမ့် နေတယ်ဘဲ ပြောလိုပါသည်။  ဆရာဝန်ကြီးများ အမျိုးသားရေး အသိကြီးကြီးထားပြီး  အသိပညာပေးကြရန် အထူးပန်ကြားလိုက်ပါသည်။
မိဘများလဲ  မိမိတို့ ကလေးတွေကို စတ္တိဇဆေးအကျွေးခံရတဲ့ အဆင့်အထိ  အဖြစ်မခံမိကြရန်အထူး အလေးထားကြပါရန်။

အခုခေါင်းမူးတာ ဘက်ကိုပြန်လှဲ့ ရလျှင်  ခေါင်းမူးလာလျှင်  ၎င်းနားအတွင်းပိုင်း အရည်ပိုတွေကို လျှော့ချရန် အထိရောက်ဆုံး နည်းလမ်းကတော့  ဦးဏှောက်အရည်ပိုတွေကို စုတ်ထုတ်ပေးနိုင်သည့်  ဆေး (ဆီးဆေး) ပင်ဖြစ်တော့၏။ ကျနော်ထောင်က လွှတ်စ  တရက်တွင်  တိုင်းတရားသူကြီးတဦး (အမျိုးသမီး)သည် မကြာခဏ  တာဝန်ဖြင့် မန္တလေးသို့  သွားရပါသည်။  တာဝန်အရ  လေယာဉ်ဖြင့်သာ သွားခွင့်ရှိပါသည်။  မူးတတ်သည်ကလဲ  လွန်လွန်ကဲကဲ။  သူမ၏အမကလဲ အထူးကုဆရာဝန်ကြီး။

တရက်  ကျနော့်ကို တိုင်ပင်လာ၏ ။  ကိုလှိုင်မြင့်  လေယာဉ်စီးရင် မူးတာ မဖြစ်အောင်ကုပေးပါပေါ့။  ကျနော်က DIAMOX (Acetazolamide)  ကိုတဝက်-သောက်ခိုင်းပါသည်။  ဆီးဆေးဆိုတော့ ဆီးသွားများပါသည်။  ဒီတော့  နားအတွင်းက Cochlear လေးတွေ အရည်မတင်းနိုင်တော့ လမ်းခရီးမှာ  မအန်တော့သည့်အပြင်  မူးပင်မမူးတော့ပါ။  လေယာဉ် အမှုထမ်းတွေကလည်း  အံ့သြယူကြပါ့။  တရက်သူတို့က   ရှေးသူဌေးတွေဆိုတော့ မကြာခန အလှုဒါနပြုတတ်တော့  ဆွမ်းကျွေးမှာ  သူတို့ မိတ်ဆွေ အထူးကုဆရာဝန်ကြီးတွေက  ကျနော့်ကို ဒီနည်းဘယ်စာအုပ်မှာဖတ်လို့ တွေ့ ရှိတာလဲမေးကြပါသည်။  ကျနော်ဘာကြောင့်မူးရတာ  ပြန်မေးတော့  အဲဒီလို   Cochlear မတင်းအောင်  တင်းနေတာလျှော့အောင်  အထိရောက်ဆုံး  အမြန်ဆုံးက  ဒိုင်ယာမောက်  (ဆီးဆေး) ဆိုတာ ဖြေလိုက်ပါသည်။

နောက်ဆေးတခုကတော့  ဦးဏှောက်သွေးကြော အားဆေးဖြစ်ပါသည်။  ဦးဏှောက်ကို သွေးလေ အားကောင်းစေတော့  နားအတွင်းပိုင်း အရည်စုနေမှုကို အကာအကွယ်ပြုစေသော ဆေးဖြစ်ပါသည်။ ပင်လယ်ပြင်မှာ  မုန်တိုင်းမိတဲ့အချိန်  သင်္ဘောသားတွေပင်  မူးအန်နေချိန်မှာ ခရီးသည်အချို့ က စာဖတ်  ကစားနေလို့ ပင်ရအောင် ဒီဆေးက  စွမ်းပါသည်။  STUGERON  (Cetrinzine) ဆေးဖြစ်ပါသည်။  သင်္ဘောသားများ  အထက်ပါဆေးနှစ်ခု ဆောင်ထားသင့်ပါသည်။

နောက်တချက် ပြောလိုသည်ကတော့  ကိုယ်ဝန်ဆောင်ခါစတွင်မူးအန်နေလျင်  ဆရာကဆေးသောက်လို့ မရပြောတော့  ဘာလုပ်ရမည်နည်း။  ဟုတ်ကဲ့ သဘာဝနည်းလေးကတော့ မူးနေချိန် အစာအိမ်နင့် အူသိမ်အားလုံး  လှုပ်ရှားမှုမရှိတော့ဘဲ  ငြိမ်နေပါတော့သည်။  လေပင်မလည်တော့ပါ။
ထိုအခါ  ဖရဲသီးကိုခြေပြီး  သကြား (အညို) အနည်းငယ်ထဲ့ကာ (တတ်နိုင်လျှင် ရေခဲသေတ္တာထဲ) မှာ တညသိပ် သိမ်းဆည်းထားပြီး  မနက်မှာ  ၎င်းအရည် အနည်းငယ်ကို သောက်လိုက်ပါက  အချိန်တိုအတွင်း  ဝမ်းမီး တောက်လောင်လာကာ  စာလာပြီးမူးတာ ပြေလာတတ်ပါသည်။

သို့မဟုတ် လက်လုပ်အချဉ် အရည်အနည်းငယ် သောက်ပေးလို့ လဲရပါသည်။             အော်ဇီကိုရောက်စက  အခြေချ ပြောင်းရွှေ့ လာသူအားလုံး   (MIGRANT =  ကူးလာသူ  အားလုံး) အင်္ဂလိပ်စာ သင်တန်းမတက်မနေရ  ခြောက်လ (နာရီ- ၅၂၀-နာရီ) မတက်မနေ တက်ရပါသည်။  သင်တန်းမှာ  တရုတ်မတဦးနင့်  ကိုးရီးယားမတစ်ဦး  ကိုယ်ဝန်ရှိစ  မူးနေပါသည်။  ကျနော်က ဖရဲသီးနည်း (အလင်ဖေါက်နည်း) ပေးလိုက်တော့ ချက်ချင်းအမူးပြေကာ စားနိုင်သောက်နိုင်ဖြစ်ကာ  ဆရာမတွေကို ပြောပြပါသည်။  ဆရာမ (ဘိုမတွေက)  အာရှဆိုရင်  အထင်သေးတတ်တာကလဲ   ရောဂါတခု။  အဲဒီတော့မှ  နည်းနည်း အထင်မသေးတော့ပါ။

တခါ အမူးပြေတော့မည်ဆိုလျှင်  ပထမဦးဆုံး  လေလည်တာက စတာပါဘဲ။  ဝမ်းဗိုက်ခွဲစိပ်ထားတဲ့လူနာကို ဒါဏ်ရာသက်သာပြီလားကို  ဆရာဝန်က လေလည်ပြီးလားမေးနေသလို  ခေါင်းမူးသူကို မေးဖို့ လိုပါသည်။
 လေလည်ပြီဆိုရင် အမူးပျောက်ပါတော့မည် ။

တဆက်ထည်း  ဖရဲသီးဖျော်ရည် (အလင်ဖေါက်ထားတာ)နဲ့  ဆက်စပ်နေတဲ့  လူတွေ အခုခေတ်  အဝလွန်ရောဂါ အကြောင်းပြောလိုပါသည်။  အခုခေတ် ဖျော်ရည်တွေ အသောက်များသူများ  အဝလွန်လာတတ်တာကို လူအတော်များများက ပြောနေကြပါပြီ။

ကမ္ဘာ့ပညာရှင်တွေက  ဖျော်ရည်ထဲ့မှာ သကြားဓါတ်များများထဲ့ ထားလို့   ကယ်လိုရီ များလို့ဟု ထောက်ပြကြပါသည်။  ကယ်လိုရီများတာက လဲ အကြောင်းတရပ်ပါ။  ထိုထက်ပိုသည့် အကြောင်းရင်းကြီးတခုကို  ထဲ့မစဉ်းစားထားကြပါဘူး။
အထက်က ပြောခဲ့သော  ဖရဲသီးဖျော်ရည်  ကိုပြန်ပြောပြပါမည်။  လူတိုင်းစမ်းကြည့်ကြပါ။  ဖရဲသီးကို ခြေပြီး ခွက်နှစ်ခုတွင် ခွဲထဲ့လိုက်ပါ။  တစ်ခွက်ကို သကြားမထဲ့ဘဲ  တစ်ခွက်ကိုသာ သကြားအနည်းငယ်သာထဲ့ပါ။  သကြားထဲ့သောခွက်က  အလင်ပိုပေါက်ပါသည်။ ခွက်နစ်ခုစလုံးကို ရေခဲသေတ္တာထဲ  အတူတူထားလိုက်ပါ။

နောက်တနေ့ မနက်မှာ  အစားမစားမှီ ပထမ (သကြားမပါ )သောခွက်ကို ပထမ သောက်ကြည့်ပါ။  တော်တော်လေး စာလာတာ သတိထားမိပါမည် ။  ဒုတိယခွက် (သကြားထဲ့ထားသော) ကိုသောက်လိုက်လျှင်  ဝမ်းမီးတောက်သည်မှာ မစားဘဲ မနေနိုင်အောင်အထိ ဖြစ်လာပါမည်။

ပြောလိုသည်ကတော့  ယခုခေတ်ဖျော်ရည်တွေမှာ  သကြားနှင့် ဖျော်ရည်ထဲက အသီးအနှစ်တွေ တွေ့တော့  အလင်ဖေါက်ထားသလိုဖြစ်ပြီး ဝမ်းမီးတောက်တာ  ဖျော်ရည်သောက်သူတွေ   အစာလဲကျေလွယ်  မကြာခဏလဲ စာလာကြပြီး  အစားလွန်ပြီး  အလင်ဓါတ်နဲ့ အစာခြေအားကလဲကောင်းတော့   ဝလာစေတာ ပါဘဲ။ အစာခြေအားကလဲကောင်း  ဖျော်ရည်ထဲက  သကြားဓါတ်ကလဲများတော့ ဝလာကြတာပါဘဲ။  အစာခြေအားကလဲကောင်း  စားတာကလဲပိုစားလာတော့  ဘာပြောကောင်းမလဲပေါ့။

သတိလေး ထားတတ်ဖို့ မျှဝေလိုက်တာပါ။
ရေးတာလဲ  ခေါင်မူးစာတမ်းကနေ  အဝလွန်တဲ့ အကြောင်းကိုပါ ဆက်သွားပါသည်။
အားလုံးကျန်းမာပြီး  အမူးဝေဒနာကို  သဘောတရားကအစသိမြင်ပြီး  ကာကွယ်နိုင်ကြပါစေ။ ကုသနိင်ကြပါစေ။

လေးစားစွာဖြင့်
လှိုင်မြင့်