ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

စိတ်အမောတွေကြားထဲက (ထိုင်း-မြန်မာ) ဘောလုံးပွဲအကြောင်း ရေးထားတာလေးကြည့်ပြီး ရီကြရအောင်..

စိတ်အမောတွေကြားက ရေးထားတာလေးကြည့်ပြီး ရီကြရအောင်..

မြန်မာ - ထိုင်း ဘောပွဲ ကြည့်ပြီး သကာလ အတွေးများ ပလုံစီဧ။် ။

မြန်မာအသင်းဧ။် ကစားအား၊ ကြိုးစား အားထုတ်မှု လိုသည်ထက်ပင် ပိုသေးဧ။် ။
အင်မတန် ကြိုးစားကြဧ။်။ ပြေးကြ လွှားကြဧ။်။
နိ့ပေမယ့် အမှတ်ပေးစနစ်သည် တသင်းလုံးမှ ထွက်သည့်ချွေးကို
အရည်ညှစ်ချပြီး သတ်မှတ်ခြင်းမျိုး မဟုတ်။ နိုင်မှ ၃ မှတ်ပေးခြင်း ဖြစ်သည် ။

အနိင်မရ သဖြင့် မချိတင်ကဲ ဖြစ်ရဧ။် ။ ယင်းပွဲကို ပြန်ကြည့်သောအခါ ...

(၁) ကျော်ဇေယျာဝင်း

ဟမ္ဗူရာဘီဧ။် ကိုဓ ဥပဒေအတိုင်းသာ စီရင်မည် ဆိုလျှင် နှစ်လုံး ဖြုန်းသော
အနှီသူငယ် အခြောက် ဖြစ်ဖို့ သေချာသည် ။ ပထမ အလုံး ဆိုလျှင်
ညာဘက်မှာ လွတ်နေသော အသင်းဖော်ကို မပေး ။ တိုက်ရိုက် ကန်ပစ်ပုံမှာ
စုံစမ်းစစ်ဆေးရေး ကော်မရှင်ပင် ဖွဲ့ချင်စရာကောင်းဧ။် ။ ဦးအောင်မင်း နှင့်
ဗိုလ်ချုပ်ဂွမ်မော် တွဲကစားလျှင်ပင် ဝမ်းတူး ရိုက်ပြီး ဂိုးသွင်းနိင်သေးဧ။် ။

ဒုတိယ အလုံးမှာ သာ၍ ဆိုးဧ။် ။ သူငယ်မ ခင်ဝင့်ဝါ ၊ မိုးစက်ဝိုင် တို့ ကန်လျှင်ပင်
ထိုင်းဂိုးသမားလေး မျက်ရည်ကျဖို့ သေချာသည် ။ နို့ပေမယ့် အနှီ သူငယ်
လွဲကန်သဖြင့် မြန်မာပြည်ဧ။် ဟာ ၊ ဟင် သံ အမေရိကန်မှ ကြားလောက်ဧ။် ။

(၂) ကျော်ကိုကို

အနှိုင်းမဲ့ သိုင်းကျမ်း ရထားသော သိုင်းသမား ဂူအောင်း သိုင်းကျင့်နေသည့်နှယ်
ဘယ်ဝင်းတလျှောက် ဇာတ်မြှပ်နေသော လူထူးဆန်း ဘောလုံးသမား ဖြစ်သည် ။
တချက်တချက် ပေါ်ထွက်လာသော်လည်း စီရိုနယ်ဒို ဝမ်းချုပ်နေသော အမူအရာဖြင့်
မန္တန်ရွတ်သယောင် ၊ ဂါထာ ဖတ်သယောင် ရေရွတ်ပေါက်ကွဲနေသော သူငယ်ဖြစ်သည် ။
လူပေးရန် ဝန်လေးခြင်းကား သူဧ။် အရည်အချင်း တခု ။

(၃) ကြည်လင်း

ပျူခေတ် ၊ ဟန်လင်းခေတ်နှင့် ကုန်းဘောင်ခေတ် အနှောင်းပိုင်းမှစ၍ မြန်မာဘောလုံးအသင်းသည်
" အားထားရလေ နာကျင်လေ " ဟူသော ဆောင်ပုဒ်အတိုင်း တိကျစွာ လိုက်နာခဲ့သည် ။
ယခင် ပွဲများတွင် ကြည်လင်း ကောင်းစွာ ကစားနိင်သဖြင့် ယနေ့ပွဲ နာကျင်ရမည် ဖြစ်သည် ။
ဗေဒင် မေးစရာ မလို။ နက္ခတ် ကြည့်စရာ မလို။ ကျော်ကိုကို နှင့် ကျော်ဇေယျာဝင်း ယနေ့ပွဲ
မကောင်းသဖြင့် နောက်ပွဲ ဒဏ်ရာ မရနိုင်။ နောက်ပွဲ ကောင်းကြလျှင်မူ ဆီမီဖိုင်နယ်ပွဲ ဒဏ်ရာ ရနိင်မည် ။
ယင်းကား မြန်မာအသင်းဧ။် ဒဏ်ရာရတွက်ချက်ပုံ ဖော်မြူလာ ဖြစ်ဧ။်။

ညာနောက်ခံလူ ရန်အောင်ဝင်းကား ပယောဂ မိထားသကဲ့သို့ ထိုင်းတောင်ပံကစားသမားဧ။် မာယာကျော့ကွင်းတွင် နှောင့်ဖွဲ့မိနေဧ။်။ ယနေ့ပွဲ ဒေးဗစ်ထန် ကောင်းဧ။် ။ ထို့ကြောင့် နာဧ။် ။
မြန်မာအသင်းသားများ ဘောလုံးဖျက်ထုတ်ပုံမှာ အာဖရိကလူရိုင်းများ ဆင်လိုက်သည့်နှယ် ။ ကြမ်းသည် ရမ်းသည်။ ထိုင်းက နုသည် နွဲ့သည် ။ ကွင်းဘေးတွင် နှဲဖြင့်သာ စိတ်ရှိတိုင်း ထိုင်ချွဲလိုက်လျှင် ပရိသတ် မျက်ရည် စို့နိင်သည်။ ထိုင်းက ကစားကွက်ဖြင့် ဂိုးမရနိင်မှန်း သိသည် ။ သို့နှင့် ၁၈ ကိုက် ဂိုးစည်းရှေ့ ဟန်ရေးပြသည်။ မြန်မာ ကာလသားများက မယ်သီတာကို တွေ့လိုက်သည့် ဒဿနှယ် အတင်း အနုကြမ်း ဝင်စီးဧ။်။ ထိုင်းက ခွေဧ။် ၊ ခေါက်ဧ။် ။ ဒိုင်က စိတ်ညစ်၍ တည်ကန်ဘော ပေးဧ။် ။ သို့နှင့် ဂိုးဧ။် ။

နိင်အောင် ကြိုးစားရမည်မှာ အားကစားသမား တာဝန်ဖြစ်သည် ။
သေလုမြောပါး အားပေးရမည်မှာ ပရိသတ် တာဝန်ဖြစ်သည် ။

နိင်လျှင် ပရိသတ် ပေါက်ကွဲမည် ဖြစ်သည် ။
မနိင်လျှင်လည်း ပေါက်ကွဲမည် ဖြစ်သည် ။

ဇာတ်ပေါင်းသော် ယနေ့ မြန်မာနိင်ရမည် ဖြစ်သည် ။ သို့သော် မနိင် ။ မနိင်၍ ဖုဧ။် ၊ တင်းဧ။် ။
သို့နှင့် ပေါက်ကွဲဧ။် ။ ရေပွက်မျှသာတည်း ။ မသေသေး သရွေ့ မြန်မာကိုသာ အားပေးမည် ဖြစ်ဧ။် ။
ဆဲတော် မမူကြလင့်။ ပြီးပါပြီ ။

Credit- လူငယ်တယောက်ဧ။် ရင်ကွဲပက်လက် လမ်းဆုံ

မြန်မာ့စီပွားရေး ဦးပိုင်လီမိတက် ပိုင်ဆိုင်သမျှနှင့် ( ဘောင်းဘီဝတ် မောင်ညိုထွန်းနှင့် တောင်ရှည်ဝတ် မောင်ညိုထွန်း)

 ဘောင်းဘီဝတ် မောင်ညိုထွန်းနှင့် တောင်ရှည်ဝတ် မောင်ညိုထွန်း
ရေးသားပေးပို့သူ ကိုကို

တချိန်က မောင်ညိုထွန်း ဆိုတာ ဘောင်းဘီဝတ်ပြီး စမတ်ကျကျနေခဲ့တဲ့ လူ ၁ ယောက်ပေါ့ .. အဲ့ အချိန်တုန်းက ဘောင်းဘီဝတ် မောင်ညိုထွန်းက အခက်အခဲ ဖြစ်လာတိုင်း အိမ်နီးချင်းတွေဆီက ပိုက်ဆံ ချေး ကိုယ့် အိမ်သားတွေကို အသိမပေးပဲ အိမ်က တန်ဖိုးရှိ ပစ္စည်းတွေကို အိမ်က လူတွေ မသိအောင် လက်ညှိုးထိုးရောင်းခဲ့တာပေါ့ ... ဒါပေမယ့် ကြာလာတာနဲ့အမျှ ဘောင်းဘီဝတ် မောင်ညိုထွန်း ၁ယောက် ပုံစံပြောင်းပြီး လိမ်မာ ချင်ယောင်ဆောင်ရင်ကောင်းမယ်ဆိုပြီးး ဘောင်းဘီချွတ် တိုက်ပုံနဲ့ တောင်ရှည် ၀တ် ခေါင်းပေါင်းလေး ပေါင်းပြီးး အိမ်သူအိမ်သားတွေ ကျတော် လိမ်မာပါတော့မယ် ဘယ်တော့မှ နောက်ပြန်မလှည့်တော့ပါဘူးး ပေါ့ ..

 အိမ်သူ အိမ်သားတွေကလည်း ၀မ်းတွေသာလို့ ... ဘောင်းဘီ ၀တ်မောင်ညိုထွန်း ကို မပြောရဲ ခဲ့သမျှ ပုဆိုးဝတ် မောင်ညိုထွန်းး ကို အမှားတွေ ထောက်ပြကြ အရင်လို ပြန်ဖြစ်မှာဆိုးတာကြောင့် ၀ိုင်းပြောကြပေါ့ ... ဒါလောက်ထိ တောင်ရှည်ဝတ် မောင်ညိုထွန်းက ဘာမှ မဖြုံဘူးး အယ် တကယ် ကြုံလာပြီးရှင်းရမှာက ဘောင်းဘီဝတ် မောင်ညိုထွန်းယူထားတဲ့ အကြွေးတွေနဲ့ဘယ်သူမှ မသိအောင် ရောင်းထားတဲ့ အိမ်တွင်း ပစ္စည်းတွေ ..အကြွေးက တောင်ရှည်ဝတ်မောင်ညိုထွန်း ယူတာမှမဟုတ်တာ အရင်လူ အရင်ဘောင်းဘီဝတ် မောင်ညိုထွန်းယူတာလေ .. ဒါပေမယ့် ခု အ၀တ်အစားလဲလိုက်ပြီဆိုတော့ ..အိမ်သူ အိမ်သားတွေပဲ ပြန်ဆပ်ကြပေါ့နော်...။ အိမ်တွင်း ပစ္စည်းတွေ လက်ညှိုးထိုးရောင်းထားတဲ့ ကိစ္စ အင်းး အဲ .. ဒါကတော့ .. မပေးလို့ မရဘူးလေ သိတယ်ဟုတ်။ အိမ်နီချင်း ကျေးဇူးတွေရှိတယ်လေ ကျေးဇူးဆိုတာ ဆပ်ရမယ်လေ.. ဟုတ်တယ်မဟုတ်လား။
 နောက် ဘယ်သူမှ မပြောနဲ့နော် ကျတော်က အိမ်နီးချင်းကိုလည်း ကြောက်ရသေးတယ်လေ ..။ အိမ်သူအိမ်သားတွေကတော့ ၀ိုင်းပြောကုန်ကျတာပေါ့ ဆူကြပူကြတာပေါ့ ..။ ရောင်းထားတာ ငါတို့လည်း မသိပါလားး ဘယ်လောက်ရတုန်း။ ဒါနဲ့ ဘာမဆိုင်ညာမဆိုင် ဟို ဦးပိုင် ဆိုတဲ့လူကြီးကို ၁၃.၃ % ပေးရဦးမယ်ဆိုတာ ဘာလည်းး ရှင်း .. နင်ရောင်းထားတဲ့ စာချုပ်ပြ .. ခေါင်းတော့ ကိုက်ပြီ.. အမှန်တော့ ဒါ အရင်လူ လုပ်သွားတာတွေလေ ဟုတ်ဘူးလားး .. ကဲ ကောင်းကောင်းမွန်မွန် တောင်းမှရမယ်..။ ပုဆိုးဝတ်ပြီး လူလိမ်မာ လုပ်မယ်ပြောထားတယ်ဆိုတော့ .. ပစ္စည်းပေးပါ။ တခါ သတိပေးတယ် .. ၂ ခါ ကြေငြာတယ် .. မရဘူး။
 ဟ .. ကဲ မင်းသားခေါင်းလေး ဟ ပြီး အစွယ်လေး နည်းနည်းထုတ်ပြမှ ဖြစ်တော့မယ်။ သီတင်းကျွတ် တန်ဆောင်တိုင် ကာလကြီးဆိုတော့ မီးရှုးမီးပန်းလေး ဖောက်ပြီး ခြောက်ရတာပေါ့ ..ဟဲ ဟဲ .. ဘောင်းဘီဝတ်တုန်းက လုပ်နေကြပါ။ လက်ယဉ်နေပြီ .. ပျင်းတောင်ပျင်းသေးတယ် ... အရင်ဆုံးး အိမ်က လူတွေ အိပ်မောကျချိန် မနက် ၃ နာရီ မထိုးခင်လောက် ပေသီး ၃ ချက်လောက် ဖောက်လိုက်တယ်။ .. ၃ နာရီလောက်တော့ မီးပန်းလေးတွေ စ ဖောက်တယ် .. ဒါလည်း မရသေးဘူး ဆိုတော့ ဗျောက်အိုးအဆင့် ဖောက်ရတော့မှာပေါ့ .. ၀ုန်း ဒုန်း ဒိုင်းး .. ဗျောက်အိုး ဖောက်မှ ပဲ အိမ်သူအိမ်သားတွေ ဖယ်တော့တယ် .. ဟူး။ နောက်တနေ့ .. ဘာ ဗျောက်အိုးလေး ဖောက်တာ နားကန်းကျတယ် နားလေး ကျတယ် ..နားထဲက သွေးတွေထွက်တယ် ..ဟုတ်လားး .. ကျတော် ရွှီးဒိုင်းတောင် မသုံးပါဘူးး ဗျောက်အိုးလေးပဲ သုံးတာပါ ..တခုပဲ ရှိတယ် ကျတော် သုံးလိုက်တဲ့ ဗျောက်အိုးက တရုတ်မင်္ဂလာဆောင်တွေမှ သုံးတဲ့ တရုတ်လုပ် ဗျောက်အိုးး ဖြစ်နေတာပါပဲဗျာ။ ...

PS။ ။အရင်လူ တွေလုပ်တာ အရင်အစိုးရ ရောင်းတာ ဆိုတာမျိုး ပြောမနေပါနဲ့ဗျာ .. အရင်အစိုးရတုန်းကလည်း ဒီလူတွေပဲ ဒီအစိုးရကလည်း အရင်လူတွေပဲ ဆိုတာ အကုန်လုံးသိပါတယ် .. ယူနီဖောင်းပြောင်း ယုံနဲ့တော့ မရသေးဘူးဆိုတာ သိသင့်ပါပြီဗျာ .. ။

ရေးသားသူ ပေးပို့သူ။  ။ကိုကို

ပိဿလေး ဖွတ်ပစ်... သို့မဟုတ် ပိဿလေး ဖွတ်မ..

တမူးသာယုံတင်မက ပိဿာလိုက်ကို သာနေသော ဦးအောင်သိန်းလင်းရဲ့ ဧည့်ခန်းမြင်ကွင်း..

ဇူလိုင်လ ၆ရက်နေ့က မြို့တောင်ဝန်ဟောင်း တောင်ဥက္ကလာပ အမတ်မင်းနဲ့ တရုတ် သတင်းဋ္ဌာနတို့ အင်တာဗျူးစဉ်မှာ တွေ့ရတဲ့ ဦးအောင်သိန်းလင်းရဲ့ နေအိမ် ဧည့်ခန်းမြင်ကွင်းပါ..။

တမူထူးခြားနေတဲ့ မြင်ကွင်းကတော့ ဧည့်ခန်းတွင်းမှ အလေးမတဲ့ အလေးတုံးများနဲ့ လက်ထဲမှာ ကိုင်ထားတာကတော့ ယခုနောက်ဆုံးထုတ်လိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေ အိတ်ဆောင်စာအုပ်ကို ကိုင်ထားပြီး ထူးခြားဖွယ်ရာ ဓာတ်ပုံ အရိုက်ခံခဲ့တဲ့ မြင်ကွင်းပါပဲ..။
ဒီမိုဝေယံက လက်ခံရရှိခဲ့တဲ့ ၂၀၀၈ခုနှစ် မြို့တော်ဝန်ဘဝက ရုံးခန်းအတွင်း ဗိုလ်သန်းရွှေရဲ့ ပုံအောက်မှာ ရေးသား ထားတာကတော့ " ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် " တဲ့။ ဒါလည်း ဘာမှန်းမသိတဲ့ ထူးခြားချက်ပါပဲ..။ ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2011/11/blog-post_24.html

ယခုလည်း မြင်ရတဲ့ ပုံပါအတိုင်းပါပဲ..။ ဒီတော့  တမူးသာဆိုတဲ့ သီချင်းတပုဒ်ကို သွားစဉ်းစားမိတယ်.. သေချာတာကတော့ ... တမူးမကသာနေပြီလို့ သုံးသပ်နိုင်ပါကြောင်း။

ပိဿလေး ဖွတ်ပစ် သို့မဟုတ် ပိဿလေး ဖွတ်မလို့ ဆိုရလေမလားပဲ...။
ဝိတ်မတဲ့စင် ဦးတည်တဲ့ ဘက်ကလည်း  ဘုရားစင်ဘက် ခြေဆင်းပြီး ဝိတ်မလေသလားပဲ..။

အောက်မှာတော့ တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနဲ့ တွေ့ဆုံစဉ် အဆင်အခြင်မဲ့ ပြောဆိုချက်တွေကို ဖတ်ရှုနိုင်ပါတယ်..။

ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား
Eleven Media Group

မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင် ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်း စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံ မေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။

ဦးအောင်သိန်းလင်းက "ဒါဟာ သူ(သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့ လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။

USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တစ်ဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်ထန်ထန်ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်အားလည်း " ကျွန်တော်သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး " ဟုဖြေကြားသွားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ" ကျွန်တော်တို့ ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာမဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည်) အတွက်လာတာ" ဟုဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား " သူတို့ကိုမယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ " ဟုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံ နေကြခြင်းအပေါ် မေးမြန်းရာ သူက "လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက "ကျွန်တော်တို့ သင်ခန်းစာတွေရတယ်။ လူထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ်" ဟုဆိုပါသည်။

သို့ရာတွင်မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည် တည်ဆောက်ရေးကို လိုလားခြင်း မရှိကြောင်းကို ဦးအောင်သိန်းလင်း အနေဖြင့်မသိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက "သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင် မလိုတော့ပါဘူး" ဟု မှတ်ချက်ပြုပါသည်။

USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၄င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေး သုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူဖြစ်သည်။

ဘယ်သူကဖြင့် တမူးသာမလဲ...

ဘယ်သူကဖြင့် တမူးသာမလဲ...

သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဓာတ်ပုံပါ.. ဒီလိုနာမည်ပျက် ရှိသူ၊ စကားကို မဆင်မခြင် ပြောဆိုသူ အနှီပုဂ္ဂိုလ် နှစ်ဦးကို ပြတ်ပြတ်သားသား အရေးမယူဘူးဆိုရင်တော့ သမ္မတရဲ့ လူထုထောက်ခံမှု ရရှိခဲ့တဲ့ မြစ်ဆုံအရေးနဲ့ ဘင်္ဂလီအရေး ဆုံးဖြတ် ပြောဆိုချက်တွေဟာလည်း အနှီပုဂ္ဂိုလ် (၂)ဦးကြောင့် ထောက်ခံမှု ကျဆင်းနိုင်ပါတယ်..။
ပြည်သူတွေကို ရူးနေတာပါလို့ စော်ကားသူ အနှီပုဂ္ဂိုလ်တို့ မိမိတို့ ကိုယ်တိုင် ဥစ္စာရူး၊ အာဏာရူး၊ ဘဝင်ရူး၊ စည်းစိမ်ရူးရူး နေလား ဘာလားဆိုတာ မိမိကိုယ်တိုင် ပြန်လည်သုံးသပ်ဖို့ လိုပါလိမ့်မယ်..။ ဘယ်သူကဖြင့် တမူးသာနေပါသလဲ..။

ဓာတ်ပုံကတော့ မြန်မာပြည်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေထဲမှာ ပါဝင်တဲ့ ဦးအောင်သောင်း အလယ်နဲ့ ဦးအောင်သိန်းလင်း ညာအစွန်တို့ ၂ဦးရဲ့ လောဘဇောတိုက်နေတဲ့ မြင်ကွင်းကို သမ္မတဦးသိန်းစိန် စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေသလားပဲ.. (တရုတ်ကုန်စည်ပြပွဲ မြင်ကွင်း)

အောက်မှာတော့ ဇေယျာချောရဲ့ အောင်သိန်းလင်းအတွက် ရှေ့ဆုံးစာလုံးလေးတွေနဲ့ ဂုဏ်ပြု ကဗျာလေး တပုဒ်ကို ဖော်ပြလိုက်ပါတယ်..။

အောင်နိမိတ် အောင်တိတ်ဆောင်
သိန်းသန်းရာ ထောင်မေတ္တာများနဲ့
လင်းလင်းပပ ၀င်းဝင်းပပ နိုးထ
ချီးပမြှောက်စား 'က၀ိ' ကျင့်တရားဖြင့်
ပေအက္ခရာနှင့် ထုထွင်း
ကြီးမြတ်တဲ့ မနက်ခင်း။ ။

ချစ်ခြင်းမေတ္တာအားဖြင့်
ဇေယျာချော
၂၂။၇။၂၀၁၂

ထမီဝတ်ဖို့ လိုသေးလား မအောင်သိန်းလင်း...

ပြောင်းဖူးပြုတ် ရောင်းနေပုံ..
ထမီဝတ်ဖို့ လိုသေးလား မအောင်သိန်းလင်း
(ဓာတ်ပုံ Phyo Wai Win Facebook)

Phyo Wai Win Facebook ကြံ့ဖွတ်ပါတီက ဦးအောင်သိန်းလင်း မဲဆွယ် စည်းရုံးနေတာတဲ့..။ အနောက်က ပြောင်းဖူးမှာ ဆိုတာ ပါလိုက်သေး မပြောင်းဖူးပေါ့..။ ဒီလောက်ပဲ အတွေးအခေါ် ရှိလေသလား။ ... ဒါကတော့ သူတို့အမြင်လေ.. ။ ကျွန်တော်ကတော့ ဒီလို မမြင်ပါ ရှုထောင့် အမျိုးမျိုးရှိတယ် ဆိုတော့..

ဒီမိုဝေယံ အမြင်ကတော့ အနောက်က ပြောင်ဖူးမှာ ဆိုတော့ ယောင်္ကျားမဟုတ်တဲ့ အောင်သိန်းလင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုမိတယ်..။

ယခုတလော ကြံ့ဖွတ်ပါတီက လာမယ့် ရွေးကောက်ပွဲမှာ ယောင်္ကျားပီပီ အမှန်တရားနဲ့ အရှုံးကို ရင်မဆိုင်ရဲတော့ မိန်းမဆန်ဆန် လုပ်နေတာ လူတိုင်းအသိပါ။

ဒါကြောင့် အနောက်က ပြောင်းဖူး ကိုင်ထားတဲ့ သူရဲ့ဆိုလိုရင်းက ဒီလူယောင်္ကျားမဟုတ် မိန်းမလို့ပဲ အဓိပ္ပါယ် ဖွင့်ဆိုမိတယ်။

သက်ရောက်မှုတိုင်းမှာ တန်ပြန်တက်ရောက်မှုရှိတယ် ဆိုတော့ ထမိန်ဝတ်ဖို့ လိုသေးလား မအောင်သိန်းလင်းလို့ပဲ ဆိုပါရစေ..

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့ နေ့လည် ၃နာရီ၃၀ မိနစ်တွင်  မြို့တော်ဝန် ဦးအောင်သိန်းလင်းမှ နိုင်ငံတော်အလံသစ်အား စင်ကြယ်ဖိနပ်စီး၍ အချိန်ကိုက် ယတြာအလံတင်ခဲ့သည့် အခန်းအနားအား ပြန်လည် မြင်ယောင်မိရင်း  Phyo Wai Win Facebookရေးသားထားတဲ့ ယတြာပြောင်းဖူး ဓာတ်ပုံအား တွေ့ရှိရာမှ ရေးသားမိခြင်းဖြစ်ကြောင် ရိုးသားစွာ အသိပေးအပ်ပါသည်..။ (ဆိုင်ရှေ့မှာ ချိတ်ဆွဲထားတဲ့ ပြောင်းဖူးအား ဓာတ်ပုံဆရာမှ မိမိရရ မှတ်တမ်းတင်ထားတာလို့ ဆိုလာပါတယ်..)

ဆရာနေရဲနီရဲ့ ဒီဓာတ်ပုံနဲ့ လိုက်ဖက်တဲ့ ထမိန်ဝတ်ဖို့ လိုသေးလား ကဗျာ ပြန်ဖတ်ချင်ရင်
ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဆိုတဲ့.. ၂၀၀၈ခုနှစ်က မြို့တော်ဝန် ရုံးခန်းမှဓာတ်ပုံတပုံ

သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း...

သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း
ဆောင်းပါးရှင် (သီတလ)

ဒီနေ့ (၂၈၊၁၁၊၂၀၁၁) နေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ကောက်ဖတ်လိုက်တော့ မျက်နှာဖုံးမှာ သမ္မတကြီး ဦးသိန်းစိန် ဧရာဝတီတံတား(ညောင်တုန်း) ဖွင့်ပွဲ တက်ရောက်တဲ့ သတင်းကို  တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်း တံတားဖွင့်ပွဲမှာ မိန့်ခွန်းချွေတာ ဖြစ်လို့ ဘာမှ သိပ်မထူးပါဘူး။ အဲ- ထူးတာကတော့ သူ့စကားအဆုံးမှာ တွေ့ရတဲ့ သူ့ဆုတောင်းပါ။ ဒါကတော့-
သြော် ကြေးမှုံ သတင်းစာပါ.. သမ္မတရဲ့ မှတ်သားလောက်ဖွယ် ဧရာဝတီတိုင်းသားတွေ အပေါ်နှိုင်းစရာရှားလို့ ဆင်နဲ့နှိုင်းတဲ့ စကား... သြော်ကောင်းလေစွ... 
(ဆင်ဖြူတော်မှီပြီး လံကြုပ်စကားပေါ့)

ဧရာဝတီတိုင်း ဒေသကြီးအတွင်းက တိုင်းပြည်၏ ရတနာတစ်ပါး ဖြစ်သည့် ဆင်ဖြူတော်တစ်စီး ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း  မွန်မြတ်သည့် စိတ်ထားများ ထားနိုင်ကြပါစေ၊ ဆင်ဖြူတော်ကြီးကဲ့သို့ အားခွန်ဗလနှင့် ပြည့်စုံပြီး ဒေသအကျိုး တိုင်းပြည်အကျိုးအတွက် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်သည့် ဧရာဝတီတိုင်းသားများ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။” ဆိုတာပါဘဲခင်ဗျား။

ကျွန်တော် ဒါလေး ဖတ်လိုက်ရတဲ့အခါ ပြေးပြီး သတိရတာက- ဆရာကြီးဦးအောင်သင်းနဲ့ ဆရာအော်ပီကျယ်တို့ ပြောသွားကြတဲ့ စကားတွေပါ။ ဆင်ဟာ လူထက် အားခွန်ဗလ ကောင်းပေမဲ့ လူ့လောက် အသိဥာဏ်မရှိလို့ လူက ခိုင်းတာ လုပ်ရတယ်။ မြင်းဟာ လူ့ထက် အပြေးမြန်သော်လဲ အသိဥာဏ်ရှိတဲ့လူက မြင်းကို တက်စီးသွားနိုင်တယ်။ ငါးဟာ ရေနေသတ္တ၀ါဖြစ်လို့ လူထက် ရေကူးတတ်သော်လဲ အသိဥာဏ်ရှိတဲ့လူက ငါးကို ဖမ်းပြီး စားလို့ရတယ်-ဆိုတဲ့ စကားတွေပါဘဲခင်ဗျား။ ကျွန်တော်တို့ သမ္မတကြီးကတော့ လူ့ဘ၀ထက် ကာယအင်အားပိုကောင်းတဲ့ ဆင်ဘ၀ကို ပိုပြီး မြတ်နိုးနေတယ်ထင်ပါ့။ ဒါ့ကြောင့်လဲ ဧရာဝတီသားတွေကို ဆင်ကြီးနဲ့နှိုင်းပြီး ဆုပေးသွားပုံရတယ်။ “လူ့ဘ၀ ရခဲတယ်”ဆိုတဲ့ စကားကို “ဆင်ဖြူတော်ဘ၀ ရခဲတယ်”လို့တောင် ပြင်ရမလို ဖြစ်နေပါပြီ။

နောက်ပြီး “ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း မွန်မြတ်သည့်စိတ်ထားများ ထားနိုင်ကြပါစေ” ဆိုတဲ့ စကားကိုတော့ ကျွန်တော် ကောင်းကောင်း နားမလည်ဘူးခင်ဗျား။ ဥပမာအလင်္ကာအနေနဲ့ ပြောတယ်ဆိုတာလောက်တော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ အဒီ ဆင်ဖြူတော်မှာ ဘယ်လိုမျိုး ဖြူစင်သန့်ရှင်း မွန်မြတ်တဲ့ စိတ်ထားတွေ ရှိနေတယ်ဆိုတာကတော့ ကျွန်တော်ဆက်ပြီး လေ့လာရပါအုံးမယ်။ လောလောဆယ်တော့ ကြိုးမချည်ထားတဲ့ ဆင်ဖြူနားကို ကျွန်တော် မကပ်ဝံ့ဘူး ခင်ဗျား။ သမ္မတကြီး ကပ်ဝံ့တယ်၊ နားရွက်တွေ နှာမောင်းတွေကိုလဲ ကိုင်ကြည့်ဝံ့တယ်၊ ဆင်ကြီးရဲ့ ဗိုက်အောက်မှာလဲ စိတ်ချလက်ချ စက်တော်ခေါ်ဝံ့တယ်ဆိုရင်တော့ သမ္မတကြီးစကားကို လက်ခံပေးရမှာပေါ့ဗျာ။

ဧရာဝတီသားတွေအပေါ်မှာ တခြား ဆုတောင်းတွေ မတောင်းဘဲနဲ့ ဆင်ကြီးနဲ့မှ နှိုင်းပြီး ဆုမွန်ကောင်း တောင်းသွားတာကို ကြည့်ရင် ဒီဆုတောင်းရဲ့ နောက်ကွယ်မှာ တခြားတခြားသော ရည်ရွယ်ချက်တွေများ ရှိနေမလားလို့လဲ သံသယ၀င်မိတယ်ခင်ဗျ။ ဆင်စိတ်နဲ့ ဆင်အသိသာရှိပြီး ဆင်လိုအလုပ် လုပ်နိုင်မှ ချွန်းကိုင်ပြီး လိုရာခိုင်းလို့ရမယ်လေ။ ဒါကြောင့်များလားလို့လဲ တွေးမိပါရဲ့။

သီတလ
ဆင်ကြံကြံနေတယ်လို့ မဆိုလိုပါ.. သို့ပါသော်လည်း
ဆင်ဖြူတော်မှီပြီး လံကြုပ်တဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့ 
တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...
ဆောင်းပါးရှင် ဆရာသီတလရဲ့ သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း ဆောင်းပါးခေါင်းစဉ် ဖတ်မိတော့ ငယ်ငယ်က နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်ရဲ့ လှေငယ်ရှင်ဆုတောင်း သီချင်းခေါင်းစဉ်လေးကို ပြေးသတိရမိပါတယ်... ဆင်ဖြူရှင် ဆုတောင်းပေါ့...။ ချမ်းသာတဲ့ ဂျပန်တို့၊ အမေရိကန်တို့လို နိုင်ငံတွေမှာ ဆင်ဖြူလည်း တကောင်မှ မမြင်ဘူးပါ..။ ရွှေ တို့ စိန်တို့ဆိုတဲ့ အဘိုးတန် သယံဇာတတွေဆိုတာ ရှားပါးပြီး အထွက်နည်းတဲ့ အတွက် ရတနာအဖြစ် သတ်မှတ် ဝတ်ဆင်ကြတာပါ..။ နေရာတကာမှာ ထွက်နေရင်တော့ Value ဆိုတဲ့ တန်ဘိုးဆိုတာ မရှိတော့ပါဘူး..။ ချမ်းသာချင်လို့ မောင်ချမ်းသာ ဆိုတဲ့ နာမည်မှည့်ခေါ်ပေမယ့် မချမ်းသာတဲ့ သူတွေဒုနဲ့ဒေးပါ..။ စိန်၊ ရွှေဆိုတဲ့ တန်ဘိုးရှိတဲ့ ရတနာ နာမည်တပ်ထား ကြပေမယ့် မြင်မြတ်ဘို့ဆိုတာ ထိုသူရဲ့ အကျင့် သိက္ခာ၊ သမာဓိပေါ်မှာ မူတည်ပါတယ်..။ ပညတ်ဆိုတဲ့ အခေါ်အဝေါ်တွေပါ.. ပရမတ်မဟုတ်ပါ...။ ဆင်ဖြူရှိတိုင်း တိုင်းပြည်တိုးတက်၊ သာယာအေးချမ်းမယ်ဆိုရင်တော့ တကမ္ဘာလုံး ဆင်ဖြူဖမ်းပွဲတွေနဲ့ ပြည့်နေမှာပေါ့.. များများချမ်းသာချင်ရင် များများဖမ်းပေါ့။ ယခင် ပထမဦးဆုံး ဆင်ဖြူများရှင် ဗိုလ်ချုပ်ခင်ညွှန့်လည်း ဆင်ဖြူကြောင့် အကျယ်ချုပ်နဲ့ ထောင်နန်း စံနေရလို့  ခေါင်းပါဖြူပြီး ဆေးတောင် မဆိုးနိုင်ပါ..။

၂၁ရာစု IT ခေတ်ကြီးထဲ ရောက်ရှိနေပါပြီ ခေတ်နောက်ပြန် မဆွဲပါနဲ့တော့...။ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သီရိလင်္ကာနိုင်ငံရဲ့ တောထဲမှာ ဆင်ဖြူတွေ တွေ့ရှိပေမယ့် သဘာဝအတိုင်း လွှတ်ထားတာပါ..။ သေချာတာကတော့ ဆင်ဖြူ မကြာမကြာ တွေ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့်ရှ်ကတော့ သူမသာကိုယ်မသာ ဆင်းရဲနေရတဲ့ အခြေအနေပါ..။ ဒီတိုင်းသာဆိုရင် ဆင်ဖြူတွေရောက်လာမှ ရေတွေကြီး၊ ပြည်သူပြည်သားတွေ ဆင်းရဲကြပ်တည်း၊ နာဂစ်လို မုန်တိုင်းတွေဝင်၊ တိုင်းပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်တလင်းတွေခင်းနေရတဲ့ အခြေအနေတွေ ဖြစ်နေရတယ်လို့ ပြောရင် လက်ခံနိုင်ပါ့မလား။ လူ့ဘုံမှာ လူဖြစ်နေရတဲ့ မြင့်မြတ်တဲ့ ဘုံဘဝကို ရောက်နေတာတောင်.. အကုသိုလ်ကံကြောင့် နိမ့်ကျတဲ့ အပါယ်လေးဘုံက တိရိစ္ဆာန်က လူထက် မြင့်မြတ်၊ မမြင့်မြတ် သာမန်လူတွေတောင် စဉ်းစားနိုင်ပါတယ်..။ ဆရာကြီး ဒေါက်တာသန်းထွန်း စကားနဲ့ဆိုရရင် ဆင်ဟာဖြူဖြူ၊ မဲမဲ တိရစ္ဆာန်ဟာ တိရိစ္ဆာန်ပဲတဲ့.. လူထက် တိရိစ္ဆာန်က ဘာမှမြင့်မြတ်စရာ အကြောင်းမရှိလေ..။ ပြည်သူလူထုကို မှိုင်းမတိုက်ပါနဲ့ ၊လက်နက်နဲ့ ခြောက်လိုက် တိရိစ္ဆာန်နဲ့ မြှောက်လိုက် လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်.. တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...။

ဆောင်းပါးရှင် သီတလရဲ့ ဆောင်းပါးအောက်မှာ ဖြည့်စွက် ရေးသားလိုက်ရပါတယ်..

 ဒီမိုဝေယံ

ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ငိုကျော်ဆန်းရေ...

ယခင် စာနယ်ဇင်း အခမ်းအနားတခုမှ အစွယ်လိုသူငိုကျော်ဆန်း အသွားစေခိုင်းသူ တခါစားမြတ်ခိုင်
ပြီးခဲ့တဲ့ အဂါင်္နေ့က အစိုးရ သတင်းစာများမှာ (ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟု ဖော်ပြပါရှိတဲ့အတွက် ပြည်တွင်း၊ ပြည်ပမှ စွယ်စုံရ အနုပညာရှင်  ငိုကျော်ဆန်းအား လက်ခုပ်သြဘာ တီးသံ၊ လက်ခေါက်မှုတ်သံများ ဟိုလေးတကျော် ညံခဲ့ပါတယ်..။
ယခုနောက်ပိုင်း ရရှိတဲ့ သတင်းမျိုးစုံကတော့ ဘုန်းကြီးပဲဝတ်နေသလိုလို၊ ဘရှုးနိုင်းနိုင်ငံကို ဆဒ္ဒန်ဆင်မင်းဇာတ်မှာ ခါချဉ်ကောင်နေရာက ချစ်ကြည်ရေး ဇာတ်သွားကနေသလိုလို၊ ဝန်ကြီးအဖွဲ့ကပဲ အဖြုတ်ခံလိုက်ရသလိုလို အမျိုးစုံ သတင်းတွေ ပေါ်ထွက်နေပါတယ်...။ ဘာပဲပြောပြော ငိုကျော်ဆန်းကို ချစ်တဲ့၊ ခင်တဲ့ ပရိသတ်တွေ ဘယ်လောက်များခဲ့တယ်ဆိုတာ ပွဲဆူညံခဲ့ရတဲ့ သြဘာလက်ခုပ်သံများက သက်သေပါပဲ..။ ထို့အတူ လက်စွဲတော်ကြီး သောနုတ္တရမုဆိုးကျော် လျှက်တပြက် အယ်ဒီတာချုပ်ကြီးလည်း ငိုကျော်ဆန်းသတင်း မမှန်စေဖို့ ကြိတ်ဆုတောင်း နေခဲ့ရတယ်လို့လည်း အသံတွေ ထွက်ပေါ်လာပါတယ်..။ ရာထူးမှ အနားပေးလိုက်ရပြီ ဆိုတဲ့သတင်းကြောင့် ဝမ်းသာနေတဲ့ ပြည်သူတွေ မပြုတ်သေးဘူး ရှိနေသေးတယ် ဆိုတဲ့သတင်းတွေကြောင့် ဝမ်းနည်းရမလို ဖြစ်နေပါပြီ...။ အစွယ်အဖွေးသားနဲ့ ဘယ်နေရာက အသုံးတော် ခံဦးမလဲဆိုပြီး စောင့်ကြည့်နေတဲ့ သူတွေလည်း အများသားပါပဲ..။

ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊ ပြည်သူ့ခွန်အား မကိုးစားလျှင်တော့ ကလောင်လည်းသေ၊  နာမည်လည်း သေနေမှာ ဖြစ်ပါတယ်..။ ငိုကျော်ဆန်း ဆက်လက်အသုံးတော် ခံဦးမယ်ဆိုတဲ့ ဝမ်းနည်းဖွယ်ရာ သတင်းထက် အနားယူသွားပြီဆိုတဲ့ ဝမ်းသာစရာ သတင်းကိုပဲ မျှော်လင့်နေတဲ့   ပြည်သူအများစုကိုယ်စား တင်ပြလိုက်ရပါတယ်..။
မနေ့က လွှတ်တော် အစည်းမှာ  နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန အမည်ဖြင့်တွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဋ္ဌေး

ကောင်းဘွိုင်မျောက်....

ပြည်တွင်းမှ ပရိသတ်များ ကောင်းဘွိုင်မျောက်.... ရုပ်သံ ဒေါင်းလုပ်လုပ်ချင်ရင်... http://www.mediafire.com/?88kim9guh82o5e5
နိုင်ငံရေးသတင်းတွေ ကြားထဲကနေ စာဖတ်ပရိသတ်အတွက် ကိုယ်သိထားတဲ့ ရယ်စရာမောစရာ သတင်းလေးတစ်ခုကို မျှဝေပေးချင်လို့ ဒီရုပ်သံလေးကို ဖော်ပြလိုက်ပါတယ်...။ မနေ့က ဂျပန်သတင်းဋ္ဌာန တစ်ခုက ပြသွားတဲ့  ဂျပန်နိုင်ငံ နယ်ဘက်ခိတဂါဝမြို့က တောဝက်တွေ မွေးထားတဲ့ ခြံထဲမှာ လာရောက် သောင်းကျန်းနေတဲ့ မျောက်တကောင် အကြောင်းပါပဲ...။ မျောက်ပါးဝတယ် ပြောမလား .... အကျဉ်းချုပ် ပြောရရင်တော့  ခြံပိုင်ရှင်က တောဝက်တွေ အစာကျွေးချိန် မနက်ပိုင်းမှာ ဒီမျောက်က တောထဲကနေ ခိုးကြောင်ခိုးဝှက် ရောက်လာပါလေကောဗျာ။ တောဝက်တွေ ကျွေးတဲ့အစာကိုလည်း စားပေါ့ ... ပြီးတော့ တောဝက်တွေကျောပေါ် ကောင်းဘွိုင် ပုံစံတက်စီးပါလေကော...။ တစ်ခါ.... တက်စီးရတာ အဆင်မပြေရင် သူက စိတ်ပျက်တဲ့ ပုံစံနဲ့ ပိုစ့်လုပ်ပြပါသေးတယ်...။ (အနှေးပြကွက် ပြန်ပြထားပါတယ်...) အဲ့လိုအဆင်မပြေတဲ့အခါ သူက ဟင်းသီးဟင်းရွက် တွေစားပြီး ပြန်အားယူပါတယ်တဲ့ဗျာ... နောက် တောဝက်တွေ ကျောပေါ်ပြန်တက်စီးပေါ့ တောဝက်တွေလည်း နေ့စဉ်နဲ့ အမျှ ဒီမျောက်ဒဏ်ကို ခံစားနေရတာလေ...။ ကောင်းဘွိုင်သေလို့ ဝင်စားတဲ့ မျောက်ထင်ပါတယ်...။ အဆိုပါမြို့မှာတော့ တမြို့လုံး ဟာသကို ဖြစ်လို့တဲ့.. ရယ်လည်း ရယ်ရ စိတ်လည်းဝင်စားဖို့ ကောင်းတဲ့ရုပ်သံလေးပါ...

ဒီရုပ်သံကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဒီမျောက်ရဲ့ အမျိုးအနွယ်တွေ ထင်ပါရဲ့.. ဗျာ..။ မြန်မာပြည်သူတွေ ကျွေးတဲ့ထမင်းစားပြီး ဂုတ်ပေါ်တက်ခွစီးနေတာ (၂၃)နှစ်ကြာပြီဆိုပဲ...။ စိန်မျောက်မျောက်တို့ ရွှေမျောက်မျောက်တို့ဆိုလားပဲ.... မျောက်နေပြည်တော် ဆိုလား ဘာလား ရှိတယ်ဆိုပဲ..။ မျောက်ရှုံးအောင် စားတယ်လို့လဲ ကြားမိပါရဲ့..။ နောက်ပိုင်း လူတွေ ဂုတ်ပေါ်တက်ခွစီးတာ တင်မက မတန်မရာ ဘုရင်ထိုင်တဲ့ ပလ္လင်တောင် တက်ထိုင်မယ် ဆိုလားပဲ..။  မြန်မာပြည်က မျောက်တွေ သောင်းကျန်းပုံတွေ ကြားမိတာလေးပါဗျာ....။

တလက်စတည်း ဘလော့(ဂ်)ဂါ တစ်ယောက်ရဲ့ မျောက်ကဗျာလေး ပြန်ဖတ်ချင်ရင် Click

စာဖတ်သူတွေ အားလုံးချမ်းမြေ့ကြပါစေ....

ဒီမိုဝေယံ

တပ်မတော် အင်အားရှိမှ တိုင်းပြည် ဟိုဒင်းဖြစ်မည် (၂)


ပြီးခဲ့တဲ့ တပ်မတော် အင်အားရှိမှ တိုင်းပြည် ဟိုဒင်းဖြစ်မည်.... ပိုစ့်နဲ့ပတ်သတ်ပြီး ရေးကြပြောကြ အသံတွေ ဆူဆူညံညံ ဖြစ်ခဲ့ပါတယ်...။ အပြုသဘောနဲ့ပဲ ဝေဖန်ဝေဖန် အပျက်သဘောနဲ့ပဲ ဝေဖန်ဝေဖန်..  အထူးသဖြင့် စစ်အစိုးရ ဆိုဒ်ဘက်က လာရောက်ရေးသားသူများ ကိုတော့ ကျွန်တော့်တို့ Logic နည်းနဲ့ပဲ ပြန် တွေးကြည့်ကြရအောင်.. ကျွန်တော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်နေသလို သူတို့လည်း သူတို့ အလုပ်သူတို့ လုပ်နေတယ်လို့ပဲ မြင်ပါတယ်...။ ကျွန်တော်တို့က ဒါအဖြူဆို သူတို့က ဒါကို အမဲလို့ မြင်အောင်လုပ်ရတာပါပဲ..။ အမှန်ဆိုလည်း အမှားဆိုပြီး လုပ်ရမှာ သူတို့ တာဝန်ပါ...။ တစ်ခုကွာတာကတော့ ကျွန်တော့် အမြင်ကို ချပြတဲ့အခါမှာ ကျွန်တော်တို့ဟာ ဘယ်အဖွဲ့အစည်း ဘယ်အစိုးရရဲ့ အထောက်အပံ့ကို ရယူလုပ်ကိုင်နေတာ မဟုတ်ပဲ တိုင်းပြည်ကောင်းစားရေးဆိုတဲ့ အမြင်နဲ့ ပြည်တွင်းက ကျွန်တော်တို့ ပြည်သူတွေ မပြောနိုင် မဆိုနိုင် မတင်ပြနိုင်တဲ့ အကြောင်းအရာတွေ မတရားမှုတွေကို ဖော်ထုတ် ရေးသားနေတာပါ...။ အဆိုပါ အဖြူကို အမဲလုပ်၊ အမှားကို အမှန်လိုက်လုပ်နေတဲ့ တစ်ချို့သော ပုဂ္ဂိုလ်တွေကတော့ အစိုးရရဲ့  လစာငွေ၊ သို့တည်းမဟုတ် တနည်းနည်းနဲ့ အာဏာရှင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ ပတ်သက်နေသူတွေ ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ နိုင်ငံရေး ဝက်ဆိုက်တွေ ဘလော့(ဂ်)တွေမှာ အမြင်ပြောင်းပြန် ဖြစ်အောင် ဝင်ရောက်ရေးသားပြီး သူတို့အလုပ် သူတို့လုပ်နေကြတယ်ပဲ မြင်ကြည့်လိုက်ကြပါ....။ ကျွန်တော်တို့လည်း ကိုယ်တတ်နိုင်တဲ့ တိုင်းပြည်ပြောင်းလဲရေးအတွက် ကိုယ့်အလုပ် ကိုယ်လုပ်ကြရအောင်ဗျာ.... 

ကွန်မာန့်တွေမှာ ယခင်ပို့စ်နဲ့ ပတ်သက်ပြီး Saction ကြောင့် အတိုက်အခံကြောင့် ဆိုပြီး ပြောဆိုတဲ့ အသံတွေ ကိုကြားရသလို တစ်ချို့ကလည်း ရန်ကုန်တွင်သာ မဟုတ်ပဲ ပဲခူး၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာလည်း အခြေအနေတွေ ဆိုးနေတာကို ရေးသားဖို့ တောင်းဆိုလာပါတယ်...။ Sanction ကြောင့် အတိုက်အခံကြောင့်လို့ ပြောနေတဲ့ စကားတွေကို ပြောင်းပြန် ပြန်တွေးကြည့်ရင် တည်ဆဲ အစိုးရတွေဟာ အနှစ်နှစ်ဆယ်ကျော်လုံးလုံး တိုင်းပြည်ကို ထူထောင်နေပါတယ် အောင်မြင်နေပါတယ် ဝါဒဖြန့်ပြောဆိုနေခဲ့သလို ရှေ့စကား နောက်စကားမညီ တိုင်းပြည် မတိုးတက်တာ အတိုက်အခံတွေကြောင့် ဆိုတော့ အတိုက်အခံတွေက အနှစ်နှစ်ဆယ်ကျော်လုံးလုံး လုပ်သမျှအောင်မြင်နေပြီး တောက်လျှောက် တိုင်းပြည်ကို မတရားအုပ်ချုပ်ခဲ့တဲ့ သူတွေက အနှစ်နှစ်ဆယ်ကျော်လုံးလုံး NLD နဲ့အတိုက်အခံတွေရဲ့  သြဇာလွှမ်းမိုးမှုကို အသုံးမကျစွာနဲ့ ခံနေရတာလားလို့ တွေးထင်စရာ ဖြစ်လာပါတယ်...။ အတိုက်အခံတွေကပဲ အောင်မြင်နေတာလားလို့ ပြောင်းပြန် ပြန်စဉ်းစားမိတာပါ..။  ထားလိုက်ပါတော့ဗျာ... 

ယခုပိုစ့်မှာတော့ ပြီးခဲ့တဲ့ ရုရှားခရီးသွား ကြော်ငြာပါ မြန်မာပြည်ရဲ့ Sex Mission အကြောင်း ဆက်စပ်ပါရှိတဲ့ SeX Tourism ဆိုတဲ့ ရုရှားအင်တာနက် စာမျက်နှာပါ.. မြန်မာနိုင်ငံက လိင်ဖျော်ဖြေမှုဆိုင်ရာ နေရာတွေကို သွားရောက်ခဲ့တဲ့ ရုရှားလူမျိုးတွေရဲ့  ရေးသားချက်တွေနဲ့ ဓာတ်ပုံအချို့ကို ဖော်ပြလိုက်ပါတယ်...။
သိမ်ကြီးဈေး(င)ရုံ က Palace နဲ့ Emperor Night Club တွေပါ..။ ညဘက်မှာ အဆိုပါအောက်ထပ် မှောင်ရိပ်ကျတဲ့ နေရာမှာ လိုက်လံ ခေါ်ယူနေတဲ့ လိင်ပွဲစားတွေထဲမှာ နယ်မြေခံ ရဲနယ်ထိန်းတွေပါ ပါပါတယ်တဲ့.. အဆိုပါ လိင်ပွဲစား ရဲနယ်ထိန်းတွေ ပါမှပိုစိတ်ချရတယ် လို့ဆိုပါတယ်...။ ကဲအောက်မှာ ဆက်ကြည့်ရအောင်...


တပ်မတော် အင်အားရှိမှ တိုင်းပြည် ဟိုဒင်းဖြစ်မည်....

မြန်မာပြည်ရဲ့ သိမ်ကြီးဈေး စီရုံရှိ နိုက်ကလပ်တစ်ခုမှ မြင်ကွင်း...
ပြီးခဲ့တဲ့ (၂)ရက်လောက်က ရုရှားခရီးသွား လုပ်ငန်းတွေ လိုက်ကြည့်ရင်းက မထင်မှတ်ပဲ မြန်မာပြည်အကြောင်း ခရီးသွားသတင်း တစ်ခုကို ဝင်ကြည့်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့စိတ်ဝင်စားဖွယ် ဒေသတွေ၊ သွားရောက်သင့်တဲ့ ဒေသတွေကို ဓာတ်ပုံတွေနဲ့ တကွဖော်ပြထားပြီး အဆုံးကြော်ငြာမှာတော့ ရန်ကုန်ရဲ့ Sex Mission တဲ့ဗျာ...။ မြန်မာပြည်ရဲ့ နိုက်ကလပ်တွေနဲ့ ညဉ့်ငှက်တွေ ရရှိနိုင်တဲ့ သိမ်ကြီးဈေး စီရုံတစ်ဝိုက်ကို သေသေချာချာ Survey လုပ်ထားတာကို ဖော်ပြထားပါတယ်...။ ပြီးတော့ ရေးထားပါသေးတယ် Sex Mission, Myanmar (only for boys) ..တဲ့။ အဆိုပါ ခရီးသွားကြော်ငြာထဲက ရေးထားတာတွေကို နားမနဲ့မနာ ဖဝါးနဲ့နာဗျာ.. နည်းနည်းဖော်ပြရရင်တော့....


ဒါဖတ်ပြီးမှ အင်တာနက်ဆိုင် ဖွင့်ပါ....

အရာရာကို နိုင်ငံရေး ဆိုတဲ့ အမြင်တစ်ခုတည်းနဲ့ ကြည့်တတ်တဲ့ အာဏာရှင် ဖြုတ်ဦးနှောက်တွေရဲ့ ကမ္ဘာမှာ ဘယ်နိုင်ငံမှ မရှိတဲ့ တင်းကြပ်လှတဲ့ ဥပဒေ စည်းကမ်းချက်တွေပါ..။ အင်တာနက်ဆိုင်လာတဲ့ သူတွေဆိုတာ အကြောင်းအမျိုးမျိုးကြောင့် လာကြတဲ့သူတွေပါ..။ ပညာရေး၊ စီပွားရေး၊ လူမှုရေး၊ ဗဟုသုတ အသိပညာ အစရှိတာတွေ အတွက်ပါ...။ ဖြုတ်ဦးနှောက်တွေ ထုတ်တဲ့ စည်းကမ်းချက်တွေ ကတော့ မြင်ရတဲ့အတိုင်းပါပဲ..။ အင်တာနက်ကိုလည်း Sanction လုပ်နေတာပါ.။ အင်တာနက်ဆိုင်လား ရဲစခန်းလား၊ ထောက်လှမ်းရေးရုံးလား၊ ရပ်ကွက်ရုံးလားဆိုတာ ကိုယ်ထုတ်တဲ့ ဥပဒေကိုယ် ပြန်လေ့လာ ကြည့်ကြပါဦး ပညာရှိကြီးများ ခင်ဗျား...

လိပ်နှင့်အတူပြေး၍ ခရုနဲ့အတူ လိုက်မည့် ရတနာပုံတယ်လီပို့ရဲ့ ကြေငြာချက်..


နိုင်ငံတော် သမ္မတကြီး မိန့်ခွန်းအစစ်က ဒီလိုပါတဲ့..


အဟိတ် တိရိစ္ဆာန်လောက်တောင် အသိတရားလေးများ မရှိတော့ဘူးလား.. တပ်ချုပ်ကြီးခင်ဗျား..

တပ်မတော်နေ့ ညစာစားပွဲတဲ့ဗျာ... တခြားနှစ်တွေမှာ လုပ်တာ ပြသနာမရှိပါ.. လုပ်ကြပါ.. ဘာမှမပြောလိုပေမယ့် .. စားနိုင်သောက်နိုင်သူတွေကို  နေပြည်တော်ဆိုတဲ့ အရပ်မှာ ဝတ်ကောင်းစားလှ... စားကောင်းသောက်ဖွယ် တွေနဲ့ ပြုံးပျော် ဧည့်ခံ ကျွေးမွေးနေချိန်မှာတော့ တာလေနဲ့ ငလျင်ဒဏ်ခံနေရတဲ့ အရပ်တွေမှာ ရှိနေကြတဲ့ စားရမယ့် သောက်ရမယ့် ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝကတော့ ..
 စေတနာရှင်တွေ လာရောက် ဝေငှတဲ့ စားစရာ၊ ရိက္ခာလေးတွေကို ကိုရင်ငယ်လေးတွေက အစ အလုအယက်ပေါ့..
အပူရုပ်ကို ဟန်မလုပ်နိုင်တော့တဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ မျက်ရည်တွေကတော့ ဆုံးရှုံးမှုတွေ သောကတွေနဲ့လေ.။ ပြည်သူတွေ အပေါ်မေတ္တာထားရင်၊ ကိုယ်ချင်းစာစိတ်ရှိရင် အာဏာရှင်ကြီးအတွက် သွားချင်ရင် အနီးကလေးပေါ့...။ တိုင်းသူပြည်သား တွေကို ဝမ်းနည်းကြောင်းနဲ့ အားပေးစကားတောင် လာရောက် မပြောနိုင်တဲ့ နိုင်ငံခေါင်းဆောင်ဆိုသူပါ...
ပြုံးပျော် မူးမော် မျက်နှာလို မျက်နှာရ လက်အုပ်ချီတဲ့ သူကချီ .. ပြောင်ပြောင် ရောင်ရောင် အဝတ်အစားတွေနဲ့ နေရာလေးရရေး၊ ရာထူးလေးတိုးရေး၊ လုပ်ပိုင်ခွင့်လေးများ မစရေးအတွက် အကျိုးမြော်ကိုး လက်အုပ်ချီ နေကြတဲ့ အချိန်မှာ...
 ငလျင်ဒဏ်ခံရတဲ့ ဒေသက ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုးကွယ်ရာ အစစ်ကိုသာ အားကိုးအားထားရင်း သေဆုံးသူတွေ ဘဝကူးကောင်းအောင် ဆုတောင်းမေတ္တာ ပို့သနေရတယ်လေ။
 အခုအချိန်မှာ လိုအပ်နေတာကတော့ နေဖို့ထက် စားဖို့က အရေးကြီးနေပြီပေါ့..
 ဒုက္ခရောက်နေတဲ့ အချိန်မှာ သခင်အပါးက တဖဝါးမှ မခွါပဲ သစ္စာရှိတဲ့ အဟိတ် တိရိစ္ဆာန်လောက်တောင် အသိတရားလေးများ မရှိတော့ဘူးလား.. တပ်ချုပ်ကြီးခင်ဗျား..
(ဓာတ်ပုံများ AP,Getty Images, Reuters)

ရန်ကုန်လေဆိပ်၊ ဂျပန်ပြန်၊ မေဆွိ၊ ရဲလေး၊ နေတိုးနဲ့ မတ်လ တတိယပတ် THE VOICE ဂျာနယ်..

အရင်တုန်းကတော့ ဂျပန်ကပြန်လာတဲ့ သူတွေဆိုရင် မင်္ဂလာဒုံလေဆိပ်မှာ ကာစတန်တို့ လဝကတို့က အမဲဖျက်သလို ဟိုဟာတောင်း ဒီဟာတောင်းပေါ့...။ ခုလတ်တလော ပြန်လာတဲ့ ဂျပန်ပြန်တွေကို လေဆိပ်မှာ အရင်တုန်းကလို တောင်းကြပါဦးလား.. ရေဒီယို သတ္တုကြွပါရင် မျှပေးခဲ့ပါဦးလို့... မတောင်းတော့ဘူးလားဗျာ... ပေးချင်လွန်းလို့ပါ..
ငလျင်လှုပ်ပြီး ချက်ချင်းအကူအညီ ပေးခဲ့တဲ့ တိုကျိုမြို့ အခွန်ရုံးရဲ့ ထုတ်ပြန်ချက်လေ.. မြန်မာနိုင်ငံသားတွေကို ရုံးပိတ်ပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်...။ အဆောက်အဦး အက်သွားလို့ ဆိုပြီး လုပ်ချလိုက်ပါသေးတယ်...။  နောက်မှာ ပျာတိပျာယာ ပြန်ဖွင့်ပေးတာပါ...
ဂျပန်ငလျင်ကို နဖူးတွေ့ဒူးတွေ့ မြည်းစမ်းမိပြီး မကြာမီကမှ ဂျပန်က ပြန်သွားတဲ့ မင်းသားနေတိုးကလည်း အာဖဂန်နစ္စတန်က ဟာမစ်ကာဇိုင်း ဆွေမျိုးတွေကို မှားပစ်ခတ်တယ် ဆိုပဲ...။ ကြည့်ရတာ ဂျပန်ကပါသွားတဲ့ နျူးကလီးယားနဲ့များ လက်တည့် စမ်းတာများလားမသိ..။ ကြပ်ပြေးဘက်ကို လှမ်းပြီးစမ်းလိုက် ပါလားဗျာ...
စိတ်ညစ်နေသူတွေ ရွှင်လန်းချမ်းမြေ့ကြပါစေ..
The Voice March 3rd Week

ငလျင်နှင့် အတူပြေး၍ ဆူနာမိနှင့် အတူလိုက်ပြီး နျူးကလီးယား အဝရှူမည့် တိုကျိုမြို့ရှိ မြန်မာစစ်အခွန်ရုံးမှ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများသို့ မေတ္တာရပ်ခံချက်...

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများသို့  မေတ္တာရပ်ခံချက်

၁။ ၂၀၁၁ ပြည့်နှစ် မတ်လ (၁၁)ရက်နေ့  (သောကြာနေ့) မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့ဘက် ၃၇၃ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချတ် စတာစကေး ၉ ပြင်းအားရှိ ငလျှင်ကြီးဒဏ်ကြောင့် မီယာဂိခရိုင်အတွင်း အမြင့် ၁၀ မီတာခန့်ရှိ ဆူနာမီ ရေလှိုင်းကြီးများ ဖြစ်ပေါ်လာပြီး နှစ်ပေါင်း ၁၄၀ အတွင်း ဂျပန်နိုင်ငံ အတွက် အဆိုးဝါးဆုံး ငလျှင်ဘေးဒဏ်အား ဖြစ်ပေါ်ခဲ့ပါသည်။ အသက်ပေါင်းများစွာ သေဆုံးမူများ ဖြစ်ပေါ်ခဲ့ပြီး ပျောက်ဆုံး သူများလည်း အများအပြား ရှိနေကြောင်း သိရှိရပါသည်။ အဆိုပါ ငလျှင်ကြီးမှ နောက်ဆက်တွဲ ဖြစ်ပေါ်လျက်ရှိသည့် အန္တရယ်မှာ တိုကျိုမြို့ မြောက်ဘက် ကီလိုမီတာ နှစ်ရာ့ငါးဆယ် ခန့်  တွင် တည်ရှိသော ဖူကူးရှီးမား နျူကလီယား ဓာတ်အားပေး စက်ရုံနှစ်ရုံ မှ ထိခိုက်ပျက်စီးမူများကြောင့် ၄င်းဒေသ တ၀ိုက်မှ ပြည်သူ များအား အန္တရယ်မှ ကင်းဝေးစေရန် ပြောင်းရွေ့  နေရာချထား ပေးလျက် ရှိကြောင်း လည်းသိရှိ ရပါသည်။

၂။ မြန်မာသံရုံး၊ တိုကျိုအနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အခြေအနေအား သိရှိလိုပါသဖြင့် ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ငလျင်ကြီး ဒဏ်ကြောင့် တယ်လီဖုန်းလိုင်း အဆက်အသွယ်များ ပြတ်တောက် သွားသောကြောင့် အဆက်အသွယ် ရရှိနိုင်ရန် ခက်ခဲခဲ့ပါသည်။ သို့  သော် လည်း ငလျှင်ကြီးများ၏ နောက်ဆက်တွဲ ငလျှင်များ ဆက်လက် လှုပ်လာနိုင်ပါ သဖြင့် ငလျှင် မလှုပ်ခင် လည်းကောင်း၊ ငလျှင်လှုပ်နေစဉ်အတွင်း လည်းကောင်း၊ ငလျှင် လှုပ်ပြီးသည့် အချိန်များတွင် လည်းကောင်း သိထားသင့်သော ပညာပေး အချက်အလက် များပါဝင်သည့် Tokyo Metropolitan Government မှ ထုတ်ဝေသည့် Earthquake Survival Manual အား မြန်မာသံရုံး၏ ၀က်ဆိုက် http://www.myanmar-embassy-tokyo.net/eq/eq-survival-manual.pdf တွင် ၂၀၁၁ ပြည့်နှစ် မတ်လ (၁၁)ရက်နေ့  (သောကြာနေ့) ညနေ ၅ နာရီ ၃၀ မိနစ်မှ အစပြု၊့ ထည့်သွင်း ထားရှိ ခဲ့ပါသည်။

၃။ မြန်မာသံရုံး၊ တိုကျိုအနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အတွက် အထူးစိုးရိမ် ပူပန်မူများရှိနေပြီး လိုအပ်သော အကူအညီများ ပေးနိုင်ရန် အတွက် ဤသဘာဝ အန္တရယ်ကြီးတွင် မိမိတို့  ၏ နိုင်ငံသူ / နိုင်ငံသားများ ထိခိုက်မူ ရှိ / မရှိ အမြန်ဆုံး သိရှိနိုင်ရန် သက်ဆိုင်ရာ ဂျပန်အစိုးရ တာဝန်ရှိသူများ နှင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိပါသည်။ ထို့ အပြင် မြန်မာနိုင်ငံရှိ မိဘဆွေမျိုး အချို့မှလည်း မိမိတို့ ၏ သားသမီး၊ မိတ်ဆွေများ ထိခိုက်မူများ ရှိ/မရှိ နေ့စဉ် သံရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းမူများလည်း ရှိနေပါသည်။ သို့  ဖြစ်ပါ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ဤသဘာဝ အန္တရယ်ကြီးတွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့သော မြန်မာနိုင်ငံသားများ အကြောင်း ကြားသိခဲ့ပါက မြန်မာသံရုံး၊ တိုကျို ဖုံးနံပါတ် ၀၃-၃၄၄၁-၉၂၉၁ သို့  မနက် ၀၉၀၀ နာရီမှ ၁၆၃၀ နာရီအတွင်းတွင် လည်းကောင်း၊ အီးမေးလ် လိပ်စာ contact@myanmar-embassy-tokyo.net သို့လည်းကောင်း၊ အောက်ဖက်တွင် ပူးတွဲ ပါရှိသော email form အတွင်း ထည့်သွင်း ပေးပို့ ခြင်းဖြင့် လည်းကောင်း အကြောင်းကြား ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

၎။ ထို့ အပြင် ဂျပန်နိုင်ငံ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် အရေးအကြောင်း ရှိပါက သံရုံးမှ ဆက်သွယ်နိုင်ရန် သံရုံး သို့  ဆက်သွယ်ထားရှိရန် လိုအပ်ပါသည်။ သို့ ဖြစ်ပါ၍ သံရုံး သို့ ဆက်သွယ်နိုင်ရန်အတွက် အောက်ဖက်တွင် ပူးတွဲ ပါရှိသော email form အတွင်း ထည့်သွင်းပေးပို့ ခြင်းဖြင့် လည်းကောင်း၊ ကိုယ်ရေးရာဇ၀င်အား http://www.myanmar-embassy-tokyo.net မှ ရယူဖြည့်စွက်ပြီး Embassy of the Republic of the Union of Myanmar, Consular Section, Shinagawa-ku, 4-8-26 Kita-Shinagawa, 140-0001, Tokyo 140-0001 သို့စာတိုက်မှ ပေးပို့၍ လည်းကောင်း ဆက်သွယ်နိုင်ပါသည်။ သံရုံးသို့  ဆက်သွယ်ပြီးသူများ အနေဖြင့်လည်း မိမိတို့ ၏ နေရပ်လိပ်စာ သို့ မဟုတ် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များ Update ပြုလုပ်နိုင်ရန်အတွက် သံရုံးသို့ ဆက်သွယ် အကြောင်းကြားရန် မေတ္တာရပ်ခံအပ်ပါသည်။

ကောင်စစ်ဌာန၊
မြန်မာသံရုံး၊ တိုကျို၊
၁၃-၃-၂၀၁၁


တတ်လည်း တတ်နိုင်ပါပေ့ တိုကျိုက စစ်အခွန်ရုံးရယ်.. တစ်ခြားနိုင်ငံတွေက သံရုံးတွေက မိမိတို့ ပြည်သူတွေ ဘေးမသီရန်မခ ပြန်နိုင်ဖို့ အတွက် လေယာဉ်တွေ အခမဲ့စီစဉ်ပေး.. မိမိနိုင်ငံသားတွေ အသက်အန္တရာယ်ဘေးမှ ကင်းဝေးအောင် သက်ဆိုင်ရာသံရုံးတွေ မနားမနေ ကြိုးပမ်းနေချိန်မှာ ဂျပန်သတင်းစာမှာပါတဲ့ ငလျင်ကြီး (၃)ရက်အတွင်း ထပ်မံလှုပ်နိုင်ကြောင်း ဖော်ပြထားသည့် သတင်းများကို အခြေခံလျှက် ၁၅ရက်နေ့အထိ သံရုံးကိုပိတ်ထားပြီး ကြာသာပတေးနေ့မှ ပြန်ဖွင့်ပါမယ်တဲ့.. ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ တော်တော် အားကိုးရတဲ့ သံရုံးတဲ့ဗျာ.. စဉ်းစားသာ ကြည့်တော်မူကြပါ...။

 ၂။         မြန်မာသံရုံး၊ တိုကျိုအနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံ သားများ၏ အခြေအနေအား သိရှိလိုပါသဖြင့် ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ငလျင်ကြီး ဒဏ်ကြောင့် တယ်လီဖုန်းလိုင်း အဆက်အသွယ်များ ပြတ်တောက် သွားသောကြောင့် အဆက်အသွယ် ရရှိနိုင်ရန် ခက်ခဲခဲ့ပါသည်။ 

ထံသို့တဲ့ အဆိုပါ အခွန်ရုံး ဝက်(ဘ်)ဆိုက်မှာ ပါတဲ့အတိုင်းပါ.. http://www.myanmar-embassy-tokyo.net/For-Myanmar-Nationals.htm  အပြောကတော့ ရွှေမန်းတပည့်တွေလို့ မပြောရဘူး.. Sandai မှာ မြန်မာမိသားစု ဘယ်နှစ်စု ဘယ်နှစ်ယောက် ရှိတယ်ဆိုတာကော သိပါရဲ့လား စိတ်ကောဝင်စားပါရဲ့လား။ တယ်လီဖုန်းလိုင်းတွေက စဖြစ်တဲ့နေ့က ခေါ်မရပေမယ့် နောက်နေ့မှာ အကုန်ခေါ်လို့ရတယ်... မုန်လာဥ လာလုပ်မနေပါနဲ့ဗျာ...။ အကြောင်းမသိတဲ့ သူတွေလည်းမဟုတ် မြန်မာပြည်မှာလိုများ ထင်နေလားမသိ ဂျပန်မှာ နေတဲ့ မြန်မာတွေကို သူငယ်နှပ်စား ပုံစံ သံရုံး အင်တာနက် စာမျက်နှာမှာ ရေးထားတာ..။ နောက်ပြီး ထိခိုက် ဒဏ်ရာရတဲ့သူတွေ ရှိရင် အကြောင်းကြားပါတဲ့..။ ရုံးတောင် ငလျင်လှုပ်မှာ ကြောက်ပြီး ဖွင့်တောင် မဖွင့်ရဲတာ. အားကိုးလောက်ပါပေတယ်...။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကပြန်ပြီး အကြောင်း ကြားရပါဦးမယ်။ စုံစမ်းဖို့ဆိုတာ ဝေးလာဝေး ... တတ်လဲ တတ်နိုင်ပါပေ့..။ တိုကျိုမြို့ စစ်အခွန်ရုံးမှ အများထက် ကြောက်တတ်တဲ့ အခွန်မှုးကြီးများခင်ဗျား .... အခွန်ရုံးက ထိခိုက် ဒဏ်ရာရသူတွေ ရှိရင် ကျွန်တော်တို့ ဂျပန်ရောက် မြန်မာနိုင်ငံသားထံ ပြန်လည် အကြောင်းကြားပေး ကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်.။

မှတ်ချက် ... ယခုတစ်ကြိမ် ငလျင်ထပ်မံလှုပ်ခဲ့ပါက ဂျပန်ရောက် မြန်မာပြည်သူများအတွက် အကျိုးတစ်စုံတစ်ရာ မရှိသည့် စစ်အခွန်ရုံးအား ဗဟိုပြု၍ လှုပ်ခတ်မည်ဖြစ်ကြောင်း ဂျပန်သတင်းစာများတွင် ဖော်ပြပါရှိပါသည်..။ (ထို့အတွက်ကြောင့် ၃ရက် ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်)

မြိုင်ရာဇာတေဇ၏ ကျွန်ုပ်နှင့် မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် .....

နေရောင်နှင့် ရေခဲပြင်၏ ရောင်ပြန်ဟပ်မှုကြောင့် ငိုထားသကဲသို့ ဖြစ်ပြီး မျက်စိနာနေကြသော ဥက္ကဋ္ဌနှင့် ကိုဇေယျာတို့အား မှတ်တမ်းတင်ထားပုံတဲ့..။ (ရေးထားတဲ့ပုံက စာပါ)

မြိုင်ရာဇာတေဇ၏ ကျွန်ုပ်နှင့် မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၂) ဓာတ်ပုံ မှတ်တမ်းများ ဆက်လက်တင်ပြပေးပါမည်။

မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၁) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/03/blog-post_13.html

ကြည့်သော သူမြင်၏...

နတ်ချုပ်ကြီရှိခိုး နှင်းတောတိုး မပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် အမင်္ဂလာ တစ်ပါး....
 ကြည့်သော သူမြင်၏... (ရန်နောင်)

မြန်မာစကားပုံလေး တစ်ခုရှိပါတယ်။ မီးဆိုတာ ပူမှန်းလူတိုင်း သိပါတယ်။ ဒါပေမယ့် ကိုယ်တိုင် လောင်ဘူးမှသာ ဘယ်လောက် ပူတယ်ဆိုတာ သိတာပါတဲ့။ ခုလည်း ဒီစကားပုံ လိုပါပဲ ချုပ်ချုပ်ရွှေကြီးလဲ ခုသူ့အကျိုးဆောင်ကြီး နှင်းတောင်မှာ ပိတ်မိတော့ ယိုးဒယားက ရဟတ်ယာဉ်ကို ခေါ်ကယ်ခွင့်ပြုတယ်တဲ့။

နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးခါစ ဧရာဝတီတိုင်းမှာ လူပေါင်းသိန်းချီပြီး သောက်ရေ၊ဆေးဝါး၊ ရိက္ခာတွေ ပြတ်တောက် နေတုန်းက ကိုယ့်စရိတ်နဲ့ ကိုယ်ရဟတ်ယဉ်တွေနဲ့ လာကူညီ ကယ်ဆယ်မယ် ဆိုတုန်းက လုံခြုံရေးကို အကြောင်းပြပြီး ဆတ်ဆတ်ခါ ငြင်းခဲ့ပြီး လူပေါင်းများစွာကို အငတ်ဘေး ဆိုက်စေခဲ့တဲ့ ချုပ်ချုပ်ရွှေကြီး၊ အချိန်မှီ ဆေးကုသမှုမရလို့ ဘဝပေါင်းများစွာကို သေကြေပျက်ဆီးစေခဲ့တဲ့ ချုပ်ချုပ်ရွှေကြီး ခုတော့ သူမုန်းလှပါပြီ၊ ကြောက်လှပါပြီဆိုတဲ့ ယိုးဒယားက ရဟတ်ယာဉ်ကို မြန်မာပြည်အတွင်းပိုင်းထဲ ထိဝင်ရောက် ခွင့်ပေးပါသလဲ။ (တေဇက သူ့ပိုက်ဆံနဲ့သူ ရဟတ်ယာဉ် ငှါးတယ်ဆိုဦးတော့ ချုပ်ချုပ်ကြီး ခွင့်ပြုမှ မြန်မာပြည်ထဲ ဝင်ခွင့်ရတာပါ။)

ဆရာအာခံ အာဂေါင်လှံစူးဆိုသလို၊ တလောက အနောက်နိုင်ငံတွေရဲ့ စက်ပစ္စည်းတွေ မဝယ်ဘဲ တန်ပြန်စီးပွားရေး ပိတ်မယ်လို့ အာချောင်ခဲ့တဲ့ ကောင်ဟာ ခုတော့ အနောက်နိုင်ငံကလုပ်တဲ့ ရဟတ်ယဉ်ကိုစီးပြီး ဒုက္ခဖြစ်နေလို့ ယိုးဒယားကနေ အနောက်နိုင်ငံလုပ် ရဟတ်ယာဉ်ကိုဘဲ ခေါ်ပြီး ကယ်ဆယ်ခိုင်း ရပြန်ပြီ)။ ကျွန်တော်တို့ အားလုးံ သိကြတဲ့အတိုင်းပါဘဲ ချုပ်ချုပ်ရွှေကြီးဟာ မိသားစုရေးအတွက်ဆို အဝိစိကို ကျွမ်းထိုးသွားမယ့် လူမျိုးပါ။ ဒါကြောင့် တေဇကို သူလုးံဝ အသေမခံနိုင်ပါဘူး။ တေဇငရဲရောက်သွားရင် တောင်လိုက်ခေါ်မှာပါ။ ဘာလို့လဲဆိုတော့ တေဇက ချုပ်ချုပ်ကြီးတို့မိသားစု အတွက် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ စီးပွားရေးလုပ်ငန်းတွေ၊ အိမ်တွေကို အမည်ခံပေးနေသူ ဆိုတော့ ချုပ်ချုပ်ကြီးအတွက် တေဇက သေနှင့် မစေ့သေးပါဘူး။ တေဇအရင် မိန်းမနဲ့ သားနှစ်ယောက် အမွေဝိုင်းလုရုံနဲ့တင် ကြိုင်ကြိုင်သေလောက်တယ်။

နောက်ဆုးံ ဇကာတင် စစ်ကြည့်လိုက်ရင် မြန်မာပြည်မှာ သဘာဝ ဘေးအန္တရယ်တွေကြောင့် လူပေါင်းများစွာ ဆင်းရဲဒုက္ခ ၊ အသက်ဘေးအန္တရယ် ကျရောက်ခဲ့တာတောင် မတုန်မလှုပ် ရေခဲရုပ် လုပ်ခဲ့တဲ့ ချုပ်ချုပ်ကြီး တေဇနဲ့ကြမှ Heart ထိသွားလို့ ကြပ်ပြေးမှာ ခွေခြေပူလွန်းလို့ ဓာတ်ဆီဈေးတွေ ဒီလောက် တက်နေတာတောင် မိထ္တိလာကနေ ရဟတ်ယာဉ်တွေ လွှတ်ပြီးနိုင်ငံတာဝန် တွေနေ့မအား၊ ညမအားထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ၊ ဝန်ကြီးအဆင့် တွေကိုယ်တောင် ကယ်ဆယ်ရေး တာဝန်တွေပေးခဲ့ရတယ်။ စဉ်းစားကြည့်တော့ ကျွန်တော်တို့ မြန်မာပြည်သူတွေ ၊မြန်မာပြည်မှာ လူဖြစ်ရတဲ့ ဘဝကိုရင်နာမိတယ်။ ငါတို့က မြန်မာပြည်သားတွေဖြစ်ရက်နဲ့ မြန်မာပြည်တွင်းမှာ လူစာရင်းတောင်မသွင်းခံ

ရဘူး၊ လူလို့အဆက်ဆံမခံရဘူး။ ငါတို့ပြည်သူတွေရဲ့ အသက်ဟာ သန်းရွှေ အလိုတော်ရိတစ်ယောက်ရဲ့ အသက်လောက်တောင် တန်ဘိုးမရှိပါလား။ ၅၅သန်းသော ပြည်သူတွေ ဒုက္ခရောက်နေတာ၊ တိုင်းပြည်တွင်း နေ့စဉ်ဖြစ်နေတဲ့ မတရားမှုတွေကို မြန်မာ့တပ်မတော်သားတွေက လက်ပိုက် ကြည့်နေနိုင်ပေမယ့် မြန်မာမျိုးချစ်တွေက အသက်တွေဘဝတွေကို ပဓာနမထားဘဲ မြန်မာပြည် ဖက်ဆစ်အောက် ကလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတယ်ဆိုတာအသိပေးအပ်ပါတယ်။ တေဇက ချုပ်ချုပ်ကြီးကိုကျွန်တော်မှာ မမရွှေပေးတဲ့ အသက်ပဲ ရှိပါတော့တယ်။ ခုချိန်ကစပြီး မမရွှေတို့ မိသားစု စီးပွားရေးတွေကို အရင်ကလောက်ဖြတ်စား၊ လာဘ်စားမလုပ်ဘဲ ဦးဆွေး ဆံမြေ့ သစ္စာရှိရှိ အလုပ်ကျွေးပြုပါ့မယ်လို့ မမရွှေရဲ့ခြေထောက်ကို တေဇတစ်ယောက်နှိပ်ပေးနေမှာကို မြင်ယောင်မိပါသေးတယ်။


ရန်နောင် 

 ကိုရန်နောင် ပေးပို့သည်...

ချိတ်ထမီဝတ် ဗိုလ်ချုပ်ကြီးများသို့...

 ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့နေ.. DMWY

လွန်ခဲ့တဲ့ ၅နှစ် ၆နှစ်လောက်က ထင်ပါတယ်...။ တစ်နေ့ ဂျပန်တီဗီ ချယ်နယ် တစ်ခုကြည့်နေရင်းက မထင်မှတ်ပဲနဲ့ ဂျပန်လို OKAMA NO TENKOKU မြန်မာလို မိန်းမလျာတို့ရဲ့ နတ်ပြည် ဆိုတဲ့ အမေးအဖြေ အစီအစဉ်လေး တစ်ခုကို ကြည့်မိလိုက်ပါတယ်...။ အာရှနိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ မိန်းမလျာတွေရဲ့ ဘဝတွေကို စုံလင်အောင် သွားရောက် ရိုက်ကူးတင်ဆက်ထားတာပါ..။ အဲ့လိုကြည့်နေရင်းက မထင်မှတ်ပဲ မြန်မာဆိုတာ ပေါ်လာပြီး ဂျပန်သတင်းထောက်က မြန်မာပြည်က မိန်းမလျာတွေ အကြောင်းသွားရောက် ရိုက်ကူး ထားတာကို ဆက်လက်ပြသပါတယ်...။

အစပိုင်းမှာတော့ ဟိုတယ်တစ်ခုရဲ့ Reception Counter က မာန်နေဂျာနဲ့ စကားပြောပါတယ်..။ အသံကောရုပ်ကော လုံးဝမိန်းမပါပဲ..။ အဆိုပါအစီအစဉ်မှာ ဝင်ရောက် ဖြေဆိုသူတွေကော ကြည့်နေတဲ့ ကျွန်တော်အပါအဝင် အကုန်မှားပါတယ်..။ တကယ်တော့ အဆိုပါ မာန်နေဂျာ အမျိုးသမီးက မိန်းမလျာ တစ်ယောက် ဖြစ်နေတာပါပဲ။ နောက်ဆက်လက်ပြီးတော့ မြန်မာပြည်ရဲ့ မိန်းမလျာ မော်ဒယ်တစ်ယောက်ကို တွေ့ဆုံရိုက်ကူးပါတယ်...။ နောက်ရန်ကင်းဘက်ကိုသွား မိန်းမလျာ တစ်ယောက်အိမ်ကို ရိုက်ကူးပြီး အဆိုပါ မိန်းမလျာ အုပ်စုနဲ့ တောင်ပြုန်းပွဲတော်ကို ရန်ကုန်ကနေ ကားနဲ့ အဆိုပါ ဂျပန်သတင်းထောက်ကို ခေါ်ဆောင်သွားတာ ဆက်လက်ရိုက်ကူးပြသပါတယ်..။ 

ဂျပန်ပရိသတ်ကတော့ တဝါးဝါးနဲ့ပေါ့..။ ထုံးစံအတိုင်း ကြိတ်ကြိတ်တိုးနေတဲ့ တောင်ပြုန်းပွဲထဲမှာတော့ နတ်ကတော်တွေရော အနယ်နယ် အရပ်ရပ်က မိန်မလျာတွေ အစုံအလင်ပေါ့ဗျာ.. တွေ့တဲ့သူတွေနဲ့ အဆိုပါ ဂျပန်သတင်းထောက်က အင်တာဗျူး သူလည်းအကိတ် ငါလည်း အကိတ်ဆိုပြီး ပျော်ကြမြူးကြ နတ်ကနားပွဲရောက်တော့လည်း သိတဲ့ အတိုင်း နတ်ကတော်တွေကလည်း မာမီတွေပဲလေ..။ နတ်ကတော် အကြောင်းရှင်းပြတော့ မြန်မာ(၃၇)မင်းနတ်တွေရဲ့ ကတော်တွေက မိန်းမလျာတွေဆိုတော့ ဂျပန်သတင်းထောက်လည်း ပါးစပ်အဟောင်းသား.. ။ သြော်မြန်မာပြည်က (၃၇)မင်း နတ်တွေ ဘဝလေ...။

နောက်ဆုံး အဆိုပါ ဂျပန်သတင်းထောက် ပြန်ခါနီးမှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မိန်းမလျာ အဖွဲ့ ပြန်လိုက်ပို့တဲ့ အခန်းက အလွမ်းဇာတ်ခန်းပေါ့..။ မျက်ရည်တစမ်းစမ်းနဲ့ သတင်းထောက်ကို နှုတ်ခမ်းနီဆိုးပေးပြီး နောက်တစ်ခေါက် ပြန်လာဖို့ ပြောရင်း ဇာတ်သိမ်းလိုက်ပါတယ်..။ အဲ့ဒီမှာတင် အဆိုပါ တီဗီရိုက်ကွင်း ထုတ်လွှင့်ချက်ကို လာကြည့်တဲ့ ဂျပန်တွေ အံ့သြကုန်ကြပါလေရော.. နိုင်ငံအသီးသီးကို ရိုက်ကူးတင်ပြသွားရင်းက မြန်မာပြည်မှာ မိန်းမလျာတွေ တခြားနိုင်ငံတွေနဲ့ မတူ ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရတာကိုပါပဲ..။ အဆုံးမှာတော့ နိုင်ငံတကာမှာ ရိုက်ကူးထားတဲ့ မိန်းမလျာတွေရဲ့ ဘဝရိုက်ကွင်းတွေကို ပြန်ပြရင်း မဲခွဲဆုံးဖြတ်ပါတယ်..။ ကျွန်တော်တို့ မြန်မာပြည်က မိန်းမလျာတွေ လွတ်လပ်ပါတယ် ဆိုတဲ့ ထိုင်းနိုင်ငံကို ကျော်တက်ပြီး မြန်မာပြည်ကို သွားရောက် ရိုက်ကူးခဲ့တဲ့ သတင်းထောက် ဆုရရှိခဲ့ပါတယ်.။  OKAMA NO TENKOKU (မိန်းမလျာတို့ရဲ့ နတ်ပြည်) ဘွဲ့ကိုတော့ ပရိသတ်တွေ အားလုံးရဲ့ဆန္ဒအရ မဲအများဆုံးနဲ့ မြန်မာပြည်က ရရှိသွားပါတယ်..။ ကြည့်နေတဲ့ ကျွန်တော်နဲ့ သူငယ်ချင်း နှစ်ယောက်ကတော့ ဝမ်းသာရမလိုလို ဂုဏ်ယူရမလို အီလည်လည်နဲ့ပေါ့ဗျာ။ အဆိုပါ ရုပ်သံကို ကြည့်မိကြတဲ့ ဂျပန်က  မြန်မာပရိသတ်တွေလည်း ရှိကြမှာပါ..။

color blind
ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇွန်လ ၂၁ ရက်နေ့က လာအို ဝန်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်း လာရောက်စဉ်က စပြီး ချိတ်ထမီ စတင် ဝတ်ဆင်လာတာပါ...

လွန်ခဲ့တဲ့ ၆နှစ်ခန့်က ဆိုပေမယ့် ဂျပန်လူမျိုးတွေ သတင်းထောက်တွေ မြန်မာပြည်ရဲ့ ယခုလတ်တစ်လော အခြေအနေတွေကို ကြိုမြင် ကြိုသိနေလို့ OKAMA NO TENKOKU (မိန်းမလျာတို့ရဲ့ နတ်ပြည်) ဘွဲ့ကို ကြိုပေးတာများလားဆိုတာ.. စဉ်းစားစရာ ဖြစ်လာပါတယ်...။ ပြီးခဲတဲ့နှစ် ၆လပိုင်းက စပြီး မြန်မာဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်တွေ ချိတ်ထမီကို ဆင်မြန်း ဝတ်ဆင်လာကြတာ အများသိကြတဲ့ အတိုင်းပါပဲ.. ဒီရက်ပိုင်းအတွင်း ပြည်ထောင်စုနေ့ အခမ်းအနားမှာတော့ တပ်ချုပ်ကြီးနဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေ ပြိုးပြိုးပျက်ပျက် ဖြူဖြူပြာပြာ နီနီဝါဝါတွေနဲ့ ယိမ်းအဖွဲ့များ သဖွယ် ထွက်ပေါ်လာကြပါတယ်..။

ဒါပေမယ့် ကွာခြားချက်တွေ ကြည့်ရအောင်ဗျာ.. မြန်မာပြည်ရဲ့ မိတ်ကပ်လောကကို နှစ်ပေါင်းများစွာ အုပ်စိုးလာတာ မြန်မာပြည်ရဲ့ အလှဖန်တီးရှင် မိန်းမလျာတွေပါပဲ..။ မိန်းမတစ်ယောက်ရဲ့စိတ်နဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်နှစ်ခု  အမြင်နှစ်မျိုးရှိပြီး ဖိုမစိတ်နှစ်ခုလုံးကို သိနေတဲ့ အတွက် အောင်မြင်တာပါ..။ ထို့အတူ မြန်မာပြည်ရဲ့ မိန်းမလျာ ချိတ်ထမီဝတ် ဗိုလ်ချုပ်ကြီးများဟာလည်း ကုလသမဂ္ဂရဲ့ ယောင်္ကျားလို ပြတ်ပြတ်သားသား မရှိတဲ့ စိတ်ကိုသိနေပြီး စကားအမျိုးမျိုး မိန်းမလို မိန်းမရပြောတတ်တဲ့ အာစီယံရဲ့ အကြောင်းကို သိနေ နောကြေနေတဲ့ အတွက် ယခုအချိန်အထိ မိန်းမလျာတို့ရဲ့ နတ်ပြည် အဖြစ်ဆက်လက် အုပ်စိုးနေနိုင်တာပါပဲ..။

တပ်ချုပ်ကြီးမှ ချိတ်ထမီဝတ် နတ်ချုပ်ကြီးအဖြစ်
မြန်မာပြည်ရဲ့ မိန်းမလျာတွေကတော့ မိတ်ကပ် အတတ်ပညာ၊ နတ်ကတော် စတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေနဲ့ ကောင်းရောင်း ကောင်းဝယ် လုပ်စားတဲ့သူ အများစု ဖြစ်ကြပေမယ့် ချိတ်ထမီဝတ် အဖွဲ့ကတော့ အာဏာနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ပိုင်စိုးပိုင်းနင်း အနှစ်(၂၀)ကျော် မတရား အဓမ္မ ရယူနေကြတာပါ..။ အားနွဲ့တဲ့ ကမ္ဘာကျော် မြန်မာအမျိုးသမီး တစ်ယောက်ကိုလည်း နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင် တတ်တာလည်း ချိတ်ထမီဝတ် မိန်းမလျာ အဖွဲ့ပါပဲ..။

ကျွန်တော်တို့ ရှစ်လေးလုံး အရေးအခင်းကြီး အတွင်းကလို မြန်မာနိုင်ငံလုံးဆိုင်ရာ အလှဖန်တီးရှင်များအသင်း ရှိခဲ့မယ် ဆိုရင်တော့ ယခုလို အလှပညာလည်း မတတ်၊ နတ်ကတော်လည်းမဟုတ်၊ ရှောက်သီးဆေးပြားလည်း မရောင်းတတ်ပဲ...   ချိတ်ထမီဝတ်နေတဲ့ ဗိုလ်ချုပ်တွေကို ပြတ်ပြတ်သားသား ကန့်ကွက် ဆန့်ကျင်သင့်ပါတယ်..။  နို့မဟုတ်ရင် ဒီထက်ပိုဆိုးပြီး ချိတ်ထမီကနေ အတင့်ရဲပြီး စကပ်တို့ ဂါဝန်တို့ မဝတ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး..။ အစမှာ စမ်းဝတ်ကြည့်ရင်း  နောက်ပိုင်း ကန့်ကွက်မယ့်သူ မရှိလို့ ဆက်လက် ကျူးလွန်လာရင် မြန်မာပြည်ရဲ့ အလှဖန်တီးရှင်များအနေနဲ့ သိက္ခာကျပါတယ်...။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလှဖန်တီးရှင်များအသင်းမှ မြန်မာပြည်မှ ဗိုလ်ချုပ်ကြီးများ ချိတ်ထမီဝတ်ဆင်မှုကို ကန့်ကွက်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်..။

သရော်စာ...

သီရိလင်္ကာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ခုတ်မောင်းနေသော ကြေးမုံသတင်းစာ....

ဆိုမာလီ ပင်လယ်ဓားပြများ ကြီးစိုးရာ အေဒင်ပင်လယ်ကွေ့သို့ သွားရောက် တာဝန်ထမ်းဆောင်မည့် ထိုင်းရေတပ် တပ်ဖွဲ့ဝင်များအား ထိုင်းဘုန်းတော်ကြီးမှ အန္တရာယ်ကင်းစေရန် ရွတ်ဖတ်ပေးနေပုံ .. (AP)
NTD သတင်းဋ္ဌာနပါ..၂၁ရက်နေ့က ကိုးရီးယားရေတပ် အထူးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး ရုပ်သံ..
မနေ့က မနက် အစောပိုင်းက အာရေဗျပင်လယ် အတွင်းရှိ ဆိုမာလီ ပင်လယ်ဓားပြများ ဓားစာခံ ဖမ်းဆီးထားတဲ့ SAMHO JEWELRY သေဘာၤေပၚမွ သေဘာၤသားမ်ားအား ကိုးရီယား ရေတပ်အထူးတပ်ဖွဲ့မှ အောင်မြင်စွာ ကယ်ထုတ်ခဲ့တဲ့ သတင်းအား ကမ္ဘာအရပ်ရပ်ရှိ သတင်းဋ္ဌာနများနဲ့ သတင်းစာများမှာ ထိပ်တန်း သတင်းအဖြစ် ဖော်ပြပါရှိခဲ့ပါတယ်..။ အဆိုပါ ကိုရီယား သဘောင်္ပေါ်၌ ကိုရီယား(၈)ဦး အင်ဒိုနီးရှား (၂)ဦးနဲ့ မြန်မာလူမျိုး (၁၁)ဦးပါရှိပါတယ်။ အဆိုပါသဘောင်္ပေါ်၌ မြန်မာလူမျိုး (၁၁)ဦးအနေနဲ့ အများဆုံးပါရှိပါတယ်..။ အဆိုပါ စစ်ဆင်ရေးအပြီးမှာတော့ ကိုရီယားသမ္မတကိုယ်တိုင် ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်...။ ကိုရီးယား သမ္မတမှ ပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် ဘယ်လို အပြုအမူမျိုးကိုမှ သည်းခံ ခွင့်လွှတ်မှာ မဟုတ်ဘူးဟု ထုတ်ဖော် ပြောဆိုခဲ့ပါတယ်..။

ထိုကဲ့သို့ ကမ္ဘာအရပ်ရပ်မှ သတင်းဋ္ဌာနများ သတင်းဋ္ဌာနများမှ အဆိုပါသတင်းအား ထိပ်တန်းသတင်းအဖြစ် ဖော်ပြပါရှိသော်လည်း သဘောင်္သား အများစုပါရှိတဲ့ မြန်မာပြည်ရဲ့ စစ်အစိုးရအာဘော် ကြေးမုံ သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာတော့ မြန်မာနိုင်ငံ၌ ဆိုလာစွမ်းအင်ဖြင့် ပထမဦးဆုံး ရွာလုံးကျွတ် မီလင်းသည့် ရွာသာယာဟူသော ခေါင်းစဉ်ဖြင့် ခေါင်းကြီးပိုင်းမှာ ဖော်ပြပါရှိပါတယ်..။ မိမိနိုင်ငံသားတွေရဲ့ အသက်ကို ပဓာနထားမထား မြန်မာနိုင်ငံသား ၁၁ဦး လွတ်မြောက်တဲ့ သတင်းအား တောင်ကိုရီယား သဘောင်္နဲ့ သဘောင်္သားများကို ပင်လယ်ဓားပြရန်မှ ကယ်တင်နိုင်ခဲ့ဟူသော မထင်းမရှားသတင်းဖြင့် နိုင်ငံခြားသတင်းတွေ ကြားထဲမှာ မထင်မရှား ဖော်ပြပါရှိပါတယ်..။ 
ယနေ့ ၂၂ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါသတင်း...
ထို့ထက်ဆိုးတာကတော့ နိုင်ငံခြားသတင်းဋ္ဌာနများမှာ ဖော်ပြပါရှိတဲ့ ယူအေအီးနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ခုတ်မောင်းနေသည့် စကားရပ်အစား ကြေးမုံသတင်းစာမှာ ဖော်ပြပါရှိတာကတော့ သီရိလင်္ကာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ခုတ်မောင်းနေသော သဘောင်္ဟု လားရာပြောင်းပြန် သတင်းအား မှားယွင်း ဖော်ပြပါရှိပါတယ်...။ စကားချပ် (ကျွန်တော့်ဘလော့(ဂ်)မှာလည်း အဆိုပါ(၂၁)ရက်နေ့ညက သတင်းကို သေချာမဖတ်မိပဲ သီရိလင်္ကာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ဟုမှားယွင်းဖော်ပြ ခဲ့မိပါတယ်..) The Samho Jewelry, en route to Sri Lanka from the United Arab Emirates, was seized at the weekend. Aboard was a crew of eight Koreans, 11 Myanmar nationals and two Indonesians. Picture taken January 21, 2011. (ရိုက်တာသတင်း) ပြီးခဲ့တဲ့ စနေနေ့က အာရပ်စော်ဘွားများပြည်ထောင်စု UAE ကနေ သီရိလင်္ကာကို ခုတ်မောင်းနေတဲ့ ဒီ ဓာတုဗေဒကုန်တင် သင်္ဘော ကြီးကို Muscat ဆိပ်ကမ်းမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၆၅၀ အကွာ ပင်လယ်ပြင်မှာ ဆိုးမားလီးယားပင်လယ်ဓားပြတွေက အပိုင်စီးခဲ့တာဖြစ်ပါတယ်။ (ဗီအိုအေ မြန်မာ) ဒါ့အပြင် နိုင်ငံတော် သတင်းစာကြီး တစ်ခုအနေနဲ့ ဖော်ပြပါရှိတာကတော့ သတင်းရင်းမြစ်အား (အင်တာနက်)ဟု ရေးသားဖော်ပြထားခြင်း ဖြစ်ပါတယ်...။

ကြေးမုံသတင်းစာအား တိုက်ခိုက်ရေးသားနေခြင်း မဟုတ်ပါ.. ။ အာဏာရှင်စံနစ်အောက် သတင်းစာတိုက် ဝန်ထမ်းများမှာလည်း အာဏာရှင်တို့အကြိုက် ရေးသား ဖော်ပြနေရမှာကတော့ မလွဲမသေပါပဲ..။ ထိုသို့ ရေးသား ဖော်ပြနေရတာတွေကြောင့် သတင်းစာရဲ့ အရည်အသွေးတာ ကျဆင်းလာရတာကတော့ မြင်ရတဲ့ အတိုင်းပါပဲ..။ သို့ပေတည့် စစ်အာဏာရှင်တွေရဲ့ အာဘော်နဲ့ လုပ်ဆောင်ချက်တွေကတော့ တွေ့ရမြင်ရတဲ့အတိုင်း သဘောင်္သားအများဆုံး ပါဝင်တဲ့ မိမိနိုင်ငံသား မြန်မာသဘောင်္သားတွေ အသက်ဘေးက လွတ်မြောက်လာတဲ့ သတင်းအား ဝမ်းသာအားရ ဖော်ပြပါရှိခြင်းမရှိပဲ မိမိတို့နိုင်ငံသားများဟာ ပစ်စလက်ခတ် မျက်နှာလွှဲ ခဲပစ်လုပ်ဆောင် နေတာကတော့ စစ်အာဏာရှင်တွေရဲ့ တိုင်းသူပြည်သားတွေ အပေါ်မှာ ထားတဲ့ စေတနာပါပဲ..။ ဒီလိုနဲ့ပဲ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတွေ အနှိမ်ခံနေရ သွေးအေးအေးနဲ့ အသတ်ခံနေရတာ နေ့စဉ်သတင်းတွေမှာ အမြဲမြင်ရကြားနေရတာပါပဲ..။ အဆိုပါ မြန်မာနိုင်ငံသား သဘောင်္သားများ အမိမြေသို့ ပြန်လည် ရောက်ရှိလာမယ့် အချိန်မှာတော့ မရှက်မရွံ့ သွားရောက်ကြိုဆိုမယ့် သတင်းကိုတော့ အလေးပေးဖော်ပြမှာတော့ မလွဲမသေပါပဲ..။

ထိုကဲ့သို့သော အာဏာရှင်ကြီးများရဲ့ လက်အောက်မှာ မဝင်မနေရ စစ်မှုထမ်းရမယ် ဆိုရင်ဖြင့် အဆိုပါစစ်တပ်အတွင်း စစ်အာဏာရှင်တွေနဲ့ နီးစပ်သူတွေမှ အထူးအခွင့်အရေးရ အတန်းအစားတစ်ခု.. အခကြေးငွေ ပေးပြီး လာဘ်သိပ်ထိုးထားတဲ့ ငွေရှင်ကြေးရှင်တွေက အတန်းအစားတစ်ခုနဲ့ မြေနိမ့်စံ အောက်ခြေလူတန်းစားတွေက အတန်းအစားတစ်ခု အဖြစ် သတ်မှတ်ခံရပြီး မတော်တဆ တိုင်းရေးပြည်ရေးတွေ ကြုံလာခဲ့သည် ရှိတောင်မှ အာဏာရှင်ကြီးများမှ မိမိတို့၏ သားမြေးများအား နောက်ချန်ထားပြီး အဆိုပါ လူများစုဖြစ်တဲ့ အောက်ခြေလူတန်းစား  ပြည်သူများအား ရှေ့တန်းတင်ပြီး အသေခံခိုင်းမှာ အသေအချာပင် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ...

ယနေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာမှာ ပါတဲ့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအား အာဏာရှင်ဆန်ဆန် ပင့်ဖိတ်စာ...

 ယနေ့ထုတ် ကြေးမှုန် ပေါ်လစီသတင်းစာပါ သတင်း

ဒီကနေ့ထုတ် စစ်အစိုးရရဲ့ ပေါ်လစီသတင်းစာမှာ ပါတဲ့ ..လာမယ့် (၃၁)ရက်နေ့မှာ မှာကျင်းပမယ့် လွှတ်တော် အစည်းအဝေးအတွက် လွှတ်တော် ကိုယ်စားလှယ်များအား ပင့်ဖိတ်စာရဲ့ ဒုတိယအပိုဒ်မှာ ရေးသားထားတာကတော့....

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တော်များအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေးအတွက် ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်သို့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၂၇ရက် (ကြာသာပတေးနေ့) အရောက် သတင်းပို့ကြရန် ဆိုပြီး အာဏာရှင်ဆန်ဆန် ရပ်ကွက်ထဲက အလှူမှာ ထမင်းစား လက်မှတ်ပေးသလို ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ဆိုပြီး ဆင့်ခေါ်ထားပါတယ်..။

ကြံ့ဖွတ်နဲ့ တစ်မတ်သား စစ်တပ်ကိုယ်စားလှယ်တွေကတော့ မရောက်ရောက်အောင် ပို့မှာဖြစ်ပြီး ဒီစာကတော့ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်..။ တိုင်းပြည်အတွက် အရေးကြီးတယ် ဆိုတဲ့ အနှစ်(၂၀)ကျော်အတွင်း ပထမဦးဆုံး ပြုလုပ်မယ့် လွှတ်တော်ရဲ့ ဖိတ်ခေါ်စာတဲ့ဗျာ...။ လွှတ်တော် ထဲရောက်ရင်လည်း အမိန့်အာဏာဟူသမျှကို ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ ထောက်ခံ ခေါင်းညိတ်ရမည် ဆိုပြီး အမိန့်ပေးလာပါတော့မယ်...။ သြော်မြန်မာပြည်က စစ်အစိုးရအကြိုက် ရွေးကောက်ပွဲဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ဘဝ သြော်ကောင်းလေစွ... ဒါကြောင့်မို့ အစကတည်းက သတိပေးပါတယ်.. ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထားလို့.....

အာဏာရှင်ကြီးက အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ် အားလုံးကို ပျင်းတောင် ပျင်းသေးတယ်တဲ့.. မြင်ရတဲ့အတိုင်း ပြောဆိုသွားပါတယ်..။ (ဓာတ်ပုံ AP)