ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပါတဲ့ World Economic Forum သို့ တက်ရောက်လာတဲ့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...

ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပါတဲ့ World Economic Forum သို့ တက်ရောက်လာတဲ့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...
Reuters, Getty Images
မနေ့က မဟာချိုင်မှ ကြိုဆိုသူ ပြည်သူများရဲ့ မြင်ကွင်း ရုပ်သံ (၂)

ထိုင်းသတင်းဋ္ဌာနများမှ ထုတ်လွှင့်သွားတဲ့ ယနေ့မဟာချိုင်ရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုဆိုကြသူ ပြည်သူများ မြင်ကွင်း (ရုပ်သံ)

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဇစ်ဝိဇ္ဇာမှ တည်းခိုရာဟိုတယ်၌ လာရောက်တွေ့စုံစဉ်..
မဟာချိုင်မှ ယနေ့ကြိုဆိုနေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ..နဲ့ လုံခြုံရေး  ဆောင်ရွက်ပေးနေတဲ့ ထိုင်းလုံခြုံရေးများ..
ယနေ့ ထိုင်းသတင်း ဋ္ဌာနတွေက တအံ့တသြ ထုတ်လွှင့်သွားတဲ့ မဟာချိုင်ရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်မှ ရွှေ့ပြောင်းအလုပ်သမား ပြည်သူများရဲ့ မြင်ကွင်းပါ...။ ထိုင်းလုံခြုံရေးရဲ ၄၀၀ကျော် ချထားခဲ့ပါတယ်...။ မြန်မာပြည်သူတွေကတော့ မြင်ရတဲ့ အတိုင်းကြိတ်ကြိတ်တိုး ဝက်ဝက်ကွဲပေါ့...။ ပြည်ပရုပ်သံ သတင်းတွေမှာ အဆိုပါသတင်းဟာ ယနေ့ အထူးထုတ်လွှင့်ရတဲ့ သတင်းတစ်ခု ဖြစ်ပေမယ့် မြန်မာပြည်မှ ပြည်တွင်း သတင်းတွေမှာတော့ ဗလာနတ္ထိပါ..။

ထိုင်းသတင်းရုပ်သံတွေက တအံ့တသြ ထုတ်လွှင့်နေရတဲ့ ယနေ့ မဟာချိုင်မှ လူထုခေါင်းဆောင်နဲ့ ရွှေမြန်မာများ (ရုပ်သံ)

ယနေ့ တို့ခေါင်းဆောင်၊ တို့ပြည်သူနဲ့ လုံခြုံရေး ဆောင်ရွက်ပေးတဲ့ ထိုင်းလုံခြုံရေးရဲတွေရဲ့ ဟန်ချက်ညီညီ (မြင်ကွင်း ရုပ်သံ)

ဒါကတော့ ရိုက်တာ သတင်းရုပ်သံပါ..
ဓာတ်ပုံ AP,Getty Images, Thai Daily

ယနေ့ ထိုင်းနိုင်ငံ မဟာချိုင်သို့ ရောက်ရှိလာတဲ့ လူထုခေါင်းဆောင်အား ကြိုဆိုကြပုံ မြင်ကွင်းများ..



Reuters, Getty Images

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ် ရောက်ရှိပြီ.. (ဓာတ်ပုံ၊ ရုပ်သံ).

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်သို့ ရောက်ရှိလာစဉ် ကြိုဆိုနှုတ်ဆက်သူများနှင့် အတူတွေ့ရစဉ်.. (Getty Images & Thai Daily)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်သို့ ရောက်ရှိလာစဉ် ကြိုဆိုနှုတ်ဆက်သူများ
 (ရုပ်သံ)

သမ္မတနှစ်ယောက်နဲ့တိုင်းပြည် (ကဗျာရှင် နေရဲနီ)

သမ္မတနှစ်ယောက်နဲ့ တိုင်းပြည်
(ကဗျာရှင် နေရဲနီ)

ကျွန်တော်ရောက်နေတဲ့ တိုင်းပြည်
တိုးတက်လာတာ သိပ်မကြာသေး
နှစ်ပေါင်းနှစ်ဆယ်ကျော် အတွင်းမှာ
ကြိုးစားပမ်းစား ရုန်းကန်လာရတာဆိုတော့
(၄၅ - ၅၀) အထက် လူကြီးပိုင်းတွေ
ပညာကောင်းကောင်း မတတ်ကြရှာ
ဒါပေမဲ့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဘို့အတွက်
ကမ္ဘာ့သတင်းတွေကိုတော့ မျက်ခြေမပြတ်လေ့လာတယ်။

ကျွန်တော်နဲ့ အလုပ်အတူ လုပ်တဲ့အဒေါ်ကြိး
အသက်က(၆၅) နှစ် လောက်ရှိမယ်
တိုးတက်တဲ့ နိုင်ငံဆိုပေမဲ့
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝတွေကြားမှာ
အသက်အရွယ် ထောက်ပေမဲ့
သူလည်းဘဲ အလုပ်လုပ်နေရတယ်။

ဒီကနေ့မှာတော့ ထူးထူးခြားခြား
သူက မေးခွန်းတစ်ခု မေးလာတယ်
နင်တို့တိုင်းပြည်မှာ စုကြည်က ဘာလဲ...တဲ့
ဘာဖြစ်လို့လည်းလို့ ပြန်မေးတော့
နင်တို့တိုင်းပြည်ကို နိုင်ငံစုံက ခေါင်းဆောင်တွေလာတယ်
ယူတိန်းစိန်နဲ့ တွေ့တယ်
ပြီးရင်စုကြည်နဲ့တွေ့တယ် နိုင်ငံစုံကလာသမျှ လူအားလုံး
ဒီလိုဘဲတွေ့ကြတယ်
ယူတိန်းစိန်က သမ္မတ
စုကြည်ကကော သမ္မတလား...တဲ့

သူမေးတဲ့မေးခွန်း နားလည်ပေမဲ့
သူနားလည်နိုင် လောက်အောင် ပြန်ရှင်းပြဘို့ရာ
ဘာသာစကား အခက်အခဲရှိလေတော့
သူ့အမေးကို ရယ်ကျဲကျဲနဲ့ဘဲ
နေလိုက်ရကြောင်းပါခင်ဗျာ။

နေရဲနီ

မှတ်ချက်။ ကျွန်တော်ရောက်နေတဲ့ တိုင်းပြည်မှာတော့ သမ္မတ ဦးသိန်းစိန်(U Thein Sein)ကို အင်္ဂလိပ်စာ အသံထွက်အတိုင်း ယူတိန်းစိန် ဦးသန့် (U Thant) ကို ယူတန့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အဖျားဆွတ်ပြီး စုကြည်လို့ ခေါ်ကြပါတယ်။

ဓာတ်ပုံ.. Reuters

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၄နှစ်တာ ပထမဦးဆုံး ပြည်ပခရီးစဉ်နှင့် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံပွဲ (သတင်း၊ ဓာတ်ပုံ)

 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံ World Economic Forum သို့ တက်ရောက် မိန့်ခွန်းပြောဆိုဘို့ အတွက် ယနေ့ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ်...။ ယနေ့ညပိုင်း ၇း၄၅ နာရီမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်..။ အဆိုပါ ခရီးစဉ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၄နှစ်တာ ကာလအတွင်း ပထမဦးဆုံး ခရီးစဉ်ဖြစ်ပြီး လာမယ့်ဇွန်လလယ်မှာတော့ ဥရောပနိုင်ငံများသို့ ခရီးထွက်မှာ ဖြစ်ပါတယ်...။
 ယနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ချစ်ကြည်ရေး အလည်အပတ် ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် Manmohan Singhနဲ့ ဆီဒိုနားဟိုတယ်မှာ (၄၅)မိနစ်မှာကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်...။ အိန္ဒိယဝန်ကြီးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပါတယ်...။
ဓာတ်ပုံများ AP,Reuters

သမ္မတအကြံပေး ဦးဖယောင်းလှိုင်သို့ (ဆောင်းပါးရှင် မောင်မီဂ္ဂါဝပ်)

သမ္မတအကြံပေး ဦးဖယောင်းလှိုင်သို့
(ဆောင်းပါးရှင် မောင်မီဂ္ဂါဝပ်)

လျှပ်စစ်မီးဆိုတာ ကနေ့ခေတ်မှာ (မရှိလို့ ကိုမဖြစ်သော) အခြေခံ လူမှုရေး လိုအပ်ချက် တရပ်ဖြစ်ပါတယ်။ ကာလံ ဒေသံ ဆိုတာလိုပေါ့။ လျှပ်စစ်မီး လိုအပ်ချက်က ကာလ ဒေသ ကိုလိုက်ပြီး မတူပါဘူး။ တစ်နည်း အရေးကြီးမှုခြင်း မတူညီနိုင်ပါဘူး။ ဒါကို လှေနံဓားထစ် ဝေဖန်လာသူဟာ သိပ်စဉ်းစားဥာဏ် မပြည့်ဝသူလို့ ပထမဦးဆုံး ပြတ်ပြတ် ပြောလိုက်ချင်ပါတယ် ။

ဥပမာလေးတွေ တချို့ ပေးပါမယ်။ အခုနေခါ အထူးသဖြင့် မြိုတမြို့ မှာ ပွဲတော်ကြီး ကျင်းပနေပါတယ်။ အဲဒီမြို့မှာ မီးလင်းနေရပါမယ်။ နေရာတိုင်းနီးနီး မီးလင်းနေရပါမယ်။ ပွဲတော်ကျင်းပတဲ့ နေရာလေးတင် ကွက်ကွက်လေး မီးလင်းနေရုံနဲ့ မရပါဘူး။ ပွဲသွား ပွဲပြန်တွေ လုံခြုံရေး ကျန်ခဲ့တဲ့ အိုးအိမ်တွေ လုံခြုံရေးကအစ အလေးထားရတာပါ။ မီးလင်းနေရုံတောင် မဟုတ်ပါ။ လမ်းတွေပါ လုံခြုံနေအောင် စီမံထားရပါမယ်။ လမ်းမှာ မှောင်နေရင် ပွဲပြန်တွေ အသတ်ခံရမယ်။ အလုအယက် မုဒိန်းကျင့်တာတွေ ခံရပါမယ်။ ဒါကတော့ ၇တန်းကျောင်းသား လောက်တောင်သိပါတယ် ။

အဲဒီမြို့လေးဘဲ စစ်ပွဲဖြစ်နေတဲ့ကာလ ရန်သူလေယာဉ်တွေ အန္တာရယ်ရှိနေရင် မီးလင်းဖို့ နေနေသာသာ ဆေးလိပ်မီးတောင် မသောက်ရ ဖြစ်မနေပေဘူးလား။ ရန်သူလေယာဉ်ဗုံး ထိမှန်လို့ဆိုပြီး လူနာတင်ယဉ်က ဥသြဆွဲ မီးတွေ တဖျတ်ဖျတ် လုပ်နေလို့ရမလား ရိုးရိုးလေးပါ။

ဒီလိုဘဲ သမတကြီးရဲ့ ရွှေဥာဏ်တော် အကြံပေးကြီးက မီးကလေးတွေမှိတ် ဖယောင်းတိုင်လေးတွေ ထွန်းနေကြပါတဲ့။ အမျိုးအမျိုးဝေဖန်သံတွေ မင်္ဂလာထောပနာ ပြုကြတာတွေ ဖတ်ရတော့ ရေးဖို့ လိုလာပြီဆိုပြီး ရေးလာရတာပါ။ ရွှေဥာဏ်တော်ကြီး ကိုကိုလှိုင်။ မြင်းမူသား ရွှေဥာဏ်တော်ကြီးရယ်လို့ဘဲ အော်ချင်မိတော့တယ်။.(ယောမင်းကြီးဦးဖိုးလှိုင်)များ အသက်ထင်ရှား ရှိသေးရင် သူ့ကိုသူ သတ်သေ မိလောက်ပါတယ်။ ငါ့နံမည်ယူသုံးပြီး ဒီလောက်တုံး ရလေသလားဆိုပြီး။ နယ်ချင်းက နီးနီးလေး ဒီိလောက်တောင် အသိနည်းရလေခြင်းဆိုပြီး။

(၁) သူပြောသလို မီးလေးပိတ်ထားဖို့ပေါ့။ မီးပိတ်ရအောင် မီးမှမလာတာ။ ပိတ်စရာမီးမှ မလာတာ ဘာကို ပိတ်ထားစေချင်တာလဲ မေးရမလိုဖြစ်နေပြီ။ ဂျပန်နိုင်ငံမှာက လူထုကိုယ်တိုင်က မီးခြွေတာဖို့  မီးပိတ်တာပါ။  Public သုံးတဲ့ နေရာတွေမှာ မီးခြွေတာတာပါ. ဒီမှာဖြစ်နေတာက မီးမလာမှတော့ ဘာကိုခြွေတာ နေရတော့မှာလဲ။ အခုနိုင်ငံတိုင်းမှာလဲ လျှပ်စစ်မီတာခ တွေဈေးတက်လာတော့ လူထုကမလိုအပ်ဘဲ မီးမထွန်း ကြတော့ပါဘူး။ မီးအားဖြန့်ဖြူးနေတဲ့ ကုမ္မဏီကြီးတွေကတော့ ဘယ်လောက်သုံးချင်သလဲ။  မီးအားဖြန့်ဖြူးသူတွေက ရောင်းချင်လွန်းလို့ တီဗွီတွေမှာမှာ ညစဉ် အသုံးများသူတွေဆို ကံစမ်းမဲပေးပါမယ် ကြေငြာနေတာပါ။

ပြီးဖယောင်းတိုင် ထွန်းရတာက စားရိတ်ပိုကုန်ကျတယ်။ အလင်းရောင်လဲ တကယ်မရ။ ပိုဆိုးတာက မီိးအန္တရာယ် ကြီးမားတယ် ဆိုတာလောက်ကိုတော့ သမ္မတအကြံပေး တဦးသိတန် ကောင်းပါတယ်။ ဒါဆို နိုင်ငံခြား ရင်းနှီးမြုပ်နှံ သူတွေကိုလဲ မီးအားခြွေတာဖို့ မြန်မာနိုင်ငံမှာ လာရင်းနှီးကြရင် ဖယောင်းတိုင်လေးတွေ သုံးဖို့ ပြောပေးပါ။ စက်တွေလည်ပတ်ဖို့ နွားတွေနဲ့ လည်လို့ ရတာလေးပါ တပါထဲ ပြောပြထားပေါ့။ ထမင်းဟင်းချက်ရင်လဲ ဂတ်စ်နဲ့ချက်ရင် ဂတ်စ်အိုးပေါက်ကွဲတဲ့ အန္တရာယ်ရှိလို့ လျှပ်စစ်နဲ့ချက်ရင် ဓါတ်လိုက်နိုင်တယ်။ မီးသွေးနဲ့ ချက်တာလေးပါ ပြောပြထားပေါ့။

ရွှေဥာဏ်တော်ကြီး မသိလို့ ပြောလေတာလား ဒါမှမဟုတ် ဗမာတွေ ငတုံးတွေပါ အထင်နဲ့ ပါးစပ်ထဲ ပေါက်ကရ လျှောက်ပြောလိုက်ရင် ပြီးသွားမယ် အထင်နဲ့ ပြောလေသလား။ သမ္မတကြီး အကြံပေးတစ်ဦးက ကိုယ်ချင်းစာစိတ်လေးတွေ မမွေးနိုင်သူ ဖြစ်နေတာ ဖေါ်ပြနေတာပါဘဲ။ အဆိုလေးပေါ့..

.We should not have expectations of others regarding to things that we are not prepared to carry out ourselves....by William Wordsworth... မြန်မာလိုတော့ မိမိကိုယ်တိုင် လုပ်ဆောင်ရန် စိတ်ကူး မရှိသောအရာကို တပါးသူများ လုပ်ဆောင်ဖို့ မျှော်လင့်ချက် မထားသင့်ပါလို့ ပြန်လို့ ရမယ်ထင်ပါတယ် ။ လွယ်လွယ်ပြောရရင် ကိုယ်တိုင် မလုပ်ချင်တာကို သူတပါးကို မလုပ်ခိုင်းပါနဲ့ပေါ့။

ဂန္ဒီကြီးကို ကလေးအမေတစ်ယောက်က သူ့သားလေးအချိုတွေ အစားများလို့ ဆုံးမပေးဖို့ ခေါ်လာတယ်။ ဂန္ဒီကြီးကနောက်တလနေမှ ပြန်လာခိုင်းတယ်။ သူကိုယ်တိုင်အချို စားနေတာကို အရင်ရပ်ပြီးတော့မှ စိတ်လုံလုံရှိမှ ဆုံးမပေးတယ်။ ဂန္ဒီကြီးစကားလေးပါ

Be the change you wish to see in the world....Mahatma Gandhi ကမ္ဘာကြီးမှာ ကိုယ်ဖြစ်စေလိုတဲ့ အပြောင်းအလဲကို ကိုယ်တိုင်လုပ်ပြလိုက်ပါ။

အမေရိကန်နိုင်ငံမှာ ၁၉၈၂ လောက်က စီးပွားရေးပြိုကွဲလု နီးနီးဖြစ်ခဲ့ပါတယ်။ Ford နင့် Chrysler ကားကုမ္မဏီကြီးနှစ်ခုမှာ အမြင့်ဆုံးတာဝန်ယူခဲ့တဲ့ Lee Iaccoca က သူကိုယ်တိုင် တနှစ်ကိုလစာ ဒေါ်လာ ၃-သိန်းလောက် ရနေတာကို တနှစ်ကို (တစ်)ဒေါ်လာဘဲယူပြီး ချွေတာရေးလုပ်ပြခဲ့တော့ တနိုင်ငံလုံး အားတက်သရော သူလိုဘဲ လစာလျှော့ထုတ်ပြီး ၂-နစ်အတွင်း စီးပွားရေပြန် ဦးမော့အောင် လုပ်ပြခဲ့ပါတယ်။ အဲဒါ တကယ် တိုင်းပြည်ရဲ့ ခေါင်းဆောင်ပါ။

ကဲကဲ ရွှေဥာဏ်တော် အကြံပေးကြီးရော ကိုယ့်အိမ်မှာ လျှပ်စစ်မီးတွေ မှိတ်ထားပါသလား ဖြေပါဦး။ ပိုဆိုးတာက လူကြီးသားသမီးတွေက လျှပ်စစ်ကို ဦးစားပေးလဲ သုံးကြတယ်။ ၂၄-နာရီ အပြည့် ပေးထားရပါတယ်။ မီးအားလဲ ဒင်ဒင်မြည် အပြည့် ပေးထားရတယ်။ မီတာခကျတော့ မပေးဘဲ ထားတယ်။ ဘာပြောချင်သေးလဲ ရွှေဥာဏ်တော်ကြီး။ အဲဒီလိုလူတွေကြောင့် လျှပ်စစ်ဌာနမှာ အရှုံးပြနေတာပါ။ နိုင်ငံတိုင်းမှာ လျှပ်စစ်ဌာနက အမြတ်အမြဲပြနေပြီး မြန်မာနိုင်ငံမှာ အရှုံးပြနေတာ ရှင်းလောက်ပါတယ်။ ဒီလိုလူတွေကို အခုလျှပ်စစ် မပေးနိုင်ချိန်မှာ လျှပ်စစ်ဓါတ်အားဖိုး ခိုးထားသူတွေကို မီးအားဖြတ်ထားရပါမယ်။

(၂) ပြီး ရာရာစစ ဂျပန်ကို နမူနာပေးလိုက်သေး။ သိထားဖို့က ဂျပန်ကို နမူနာထားရဲရင် ဂျပန်နမူနာ အကုန်လုံးကို မယူရဲရင်တောင် တ၀က်လောက်ဘဲ ယူပါလို့တော့ ပြောချင်တယ်။ ဂျပန်မှာ အခုလိုမီးပျက်ရင် တာဝန်ရှိသူတွေ ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်နုတ်ထွက် ပေးကြတာက ဂျပန်ရီုးရာ ယဉ်ကျေးမှုဖြစ်နေပြီ ဆိုတာကိုရော သိရဲ့လားလို့ မေးရပါတော့မယ်။ အဲဒီလိုနုတ်ထွက်ရတဲ့ ယဉ်ကျေးမှုလေးကိုရော ထဲ့မပြောတော့ဘူးလား။ လာလာချေသေး။ တန်ရာတန်ရာကို ကိုးကားပါ မြင်းမူသားရယ်လို့ဘဲ ပထမဦးဆုံး ပြောလိုပါတယ်။ ဂျပန်မှာ ဖူကူရှိးမား အနုမြူဓါတ်ပေါင်းဖိုကိစ္စနဲ့ နုတ်ထွက်တာလေးလဲ ပြောပါဦး။

(၃) ဖယောင်းတိုင်လေးတွေ ထွန်းပေါ့တဲ့။ ဖယောင်းတိုင်ထွန်းဖို့ တရုတ်တွေကြီးပွားရေး တဖက်လှဲ့ ပြောလိုက်တယ်လို့   ခံစားရပါတယ်။ မိအေးနှစ်ခါနာ ထက်မက ဆယ်ပြန်နာဖြစ်နေပါပြီ။  ဖယောင်းတိုင်က တရုတ်ကနေ ၀ယ်နေရတာလေ။ ကိုယ့်တိုင်းပြည်ကထွက်တဲ့ စွမ်းအားတွေကို တရုတ်ကို (၀ကွက်အပ်) ဈေးချိုချိုလေး။ တရုတ်က ကိုယ့်နိုင်ငံထဲကအလုပ် လုပ်ငန်းရှိရင်သူ့ အလုပ်သမားတွေနဲ့ သူဟာသူလာလုပ်။  လာလုပ်တဲ့ တရုတ်တွေ (အလုပ်သမားအဆင့်တွေကို) မြန်မာမိန်းတွေကို ဟိုဟာပြုခံရ။ အရာရှိတွေကို အပျော်ဆက်ရရင် ပြောသာခံသာသေးတယ်။ အခုဟာက အလုပ်သမားအဆင့်က အလုပ်မရှိလို့ မြန်မာပြည်လိုက်လာပြီး အလုပ်လုပ်ရသူက မြန်မာတွေအပေါ် အထင်သေးခံရတယ်ဆိုတော့ တိုင်းပြည် ဘယ်လောက် နာသလဲဆိုတာ။ လူမျိုးမာန်ဆိုတာ မန်ထောင်ပြရအောင် ကျန်ကိုမကျန်တော့ဘူး။ ကျနော်တို့ ကျောင်းတုန်းက ပြောနေကြဟာသလေးပေါ့ ။

သင်္ဘောပေါ်မှာ အရပ်ပျက် ဗမာမလေးက သူ့အဆက်ပေါ့လေ ပေါက်ဖေါ်ကြီးကိုတွေ့တယ်။ ကောင်မလေးက တရုတ်ကြီးကို ခိုးကြည့်လိုက် ပြုံးပြလိုက်။ ဟိုကလဲ လူတွေကြားဆိုတော့ မျက်နှာ လွှဲလွှဲနေတယ်။ မမြင်ချင်ယောင် ဆောင်နေတယ်။ ကြာတော့ကောင်မလေးက မနေနိုင်တော့ဘူး။ ဟိုလိုလို ဒီလိုလိုလုပ် အနားကပ်သွားပြီး (ပေါက်ဖေါ်ကြီး ကျမ မ(××× ) ဘယ်သူလေ မမှတ်မိဘူးလား ) မေးရော၊။ တရုတ်ကြိးက ရှက်ရှက်နဲ့  မထူးဘူးဆိုပြီး ..မှတ်မိတာပေါ့ ။ နင်(+++ ) မြို့က ပြည့်တန်ဆာ( ++++) လေ လို့။ အပြောခံရတာလေး ပြေးသတိရနေတယ်။

ကျနော်တို့ ဗမာတွေ အုပ်ချုပ်သူ တစ်ကိုယ်ကောင်း စိတ်ကြီးမားတော့ ပေးဆပ်နေရတုန်း။ ပေးဆပ်နေရဆည်း။ ပေးဆပ်ကြရဥိးမှာ။ နိုင်ငံတော်သမတသည် စစ်ရေးအမြင်ရှိရမည် ဆိုပြီး သူရဲ့ စစ်ရေးအမြင်ကလဲ တရုတ်ကို ဟိုဟာပေးပေါင်းတဲ့ အမြင်ကို ပြောလေသလား။ တရုတ်ဆီက လက်နက်ဝယ်ဖို့ တိုင်းပြည်တခုလုံးကို ၀ကွက်အပ်တာ စစ်ရေးအမြင်တဲ့လား။ ဒါကြောင့် စာရေးသူ တစ်ယောက်က ဦိးသန်းရွှေကို (တရုတ်ကျွေးမင်း) လို့ရေးတာ နည်းတောင် နည်းသေးတယ်။ တရုတ်ထောက်ခံမှုရဖို့ တတိုင်းပြည်လုံးကို ၀ကွက်အပ်ထားလိုက်တာ။ အဲဒါပြည်သူလူထု ထောက်ခံမှု မရသူတွေရဲ့  စရိုက်ပါဘဲ ။

အခု ကိုယ်အဖိုးအဖွားပိုင် စွမ်းအားတွေကို တရုတ်တွေကို လျှော့ဈေးနဲ့ပေး။ ပြီးသူတို့ဆီက ဖယောင်းတိုင်ပြန်ဝယ်။ အော် တယ်အမျှော်အမြင်ကြီးတဲ့ အုပ်ချုပ်သွားလေသူကြီး။ သန်းရွှေကိုဝေဖန်ရင် ကြားထဲက ၀င်ဝင်ပြီး ဖင်ကျိန်းသူတွေကလဲ မနည်းဘူး။ သမတကြီးနဲ့ သူရဦးရွှေမန်းတို့က အရင်လူကြီး လုပ်သွားသမျှတွေ လိုက်ပြီးလက်တွေ့ ပြန်ပြီး တည့်မတ်ပေးနေရတာက သက်သေခံနေပြီ။ ကြားထဲက ဖင်ကျိန်းနေသူတွေ သမတကြီးကို ဝေဖန်ကြပါဦးဘဲ ပြောလိုချင်ပါတယ်။

(၄) ဦးကိုကိုလှိုင်က (ဖ) စကားကနေ လွှဲပြီး မပြောတတ် ရှာဘူးထင်တယ်။ ဧကန်ဒ အရင်အစိုးရလက်ထက်မှာ မာဆတ်ခန်း ရှယ်ယာထဲ့မှာ ပါထားပုံရတယ်။ နာဂစ်ဖြစ်တုံးကလဲ ဖါးရိုက်တဲ့။  အခု ဖယောင်း လုပ်လာပြန်တယ်။ ဒီရာထူးနေရာကိုလဲ (အဖါး) တော်လို့ ပေးထားတာကတော့ ကလေးကအစ သိပါတယ်။ ကလောင်ဖါး ဆိုတာ စာပေလောက တခုလုံးသိထားပါတယ်။ မြင်းမူ (မ-နှစ်လုံးဆင့် /ကြာသပတေးနံ) မြို့ သားက (ဖ) တွေ သုံးလိုက်တာ ဘယ်လိုပါလိမ့်။

(၅) ရွှေဥာဏ်တော်ကြီး သူပြောထားသလို ဖြစ်နိုင်/မဖြစ်နိုင် သိဖို့ အခု ရန်ကုန်တိုက်ခန်းတခုမှာ သူ့ကို တစ်ပတ်လောက် လာနေဖို့ အခန်းတခု စီစဉ်ပြီး ဖိတ်ခေါ်သင့်ပါတယ်။ မီးမလာရင် ဘယ်လိုနောက်ဆက်တွဲ ပြသနာတွေ ရှိတယ်ဆိုတာကို မသိသူကို အကြံပေးခန့် ထားတယ်ဆိုတော့ ဒီအကြံပေးကရမယ့် အကြံ ဘယ်လောက်ဘဲ ရှိမယ်ဆိုတာ တွေးကြည့်ရုံနဲ့ ပြေးကြည့်စရာ မလိုလောက်တော့ပါ။ Capacity နဲ့ Calibreက  ဒီလောက်နိမ့်နေမှတော့ ကြည့်လဲလုပ်ပါဥိး သမတကြီးရယ်လို့ အော်လိုက်ချင်တော့တယ်။ ယောင်းမမြင်းစီး ထွက်ပြလိုက်ပါပြီ ။

အခုလို အိမ်တွေမီးမလာတော့ မြို့အပြင်ပိုင်းကျတဲ့ အိမ်တွေက တီဗွီမကြည့်ရရုံပေါ့။ ရေပြသနာက ရှင်းလို့ ရသေးတယ်။ နောက်ဆုံး တီဗွီဆိုတာ ဘက်ထရီနဲ့ ဖွင့်လို့ ရသေးတယ်။ မြို့လယ်ခေါင် တိုက်တွေက မီးလာမှ ရေတင်ရတာ ဆိုတာလေးလောက်တော့ ခေါင်းထဲ ထဲ့စဉ်းစားမိပုံလေးတောင် မရဘူးထင်တယ်။ ရွှေဥာဏ်တော်ကြီးရယ်လို့သာ အော်လိုက်ချင်ပါတော့တယ်။ ရေထမ်းတင်ရအောင် ရေကန်မရှိ ရေတွင်းမရှိတဲ့ကိစ္စ။ ဒီလိုရွှေဥာဏ်ကို ဟိုအရင်လူကြီးက သုံးမသွားပါဘူး။  ဘယ်လိုကြောင့် သမတကြီးက အကြံပေးခန့် ရတာပါလိမ့်  ။

(၆) ဒီလို သမတအကြံပေးတွေ ထုတ်ရှိုးလာတာ ဘာကို သုံးသပ်လို့ ရသလဲဆိုတော့ အစိုးရမှာ တိုင်းပြည်အတွက် ရေရှည် လျှပ်စစ်မီး စီမံကိန်းရှိ မထားဘူးဆိုတာ ပြလိုက်တာပါဘဲ။ ဒီလိုမှ မဟုတ်ရင် တိုင်းပြည်လျှပ်စစ်မီး မရတာ အလေးမထားတာလား။ တခုခုတော့ တွက်ဆလို့ ရလာပါတယ်။  ဒါမှမဟုတ် ဒီပြသနာက လွယ်တော့ လွယ်တာမဟုတ်လို့ ရှေ့ မထွက်ရဲတာက ဖြစ်နိင်ခြေ ပိုများပါတယ်။ အရင်လူကြီး လုပ်ခဲ့သမျှ တလွှဲတချော်တွေ အခုလိုက်ပြင်နေရပါပြီ။ တကယ်ပြင်ရမှာက အရင်စစ်တော့ ဆိုတာလိုပေါ့။ နာဂစ်ကြိးကို ပြင်ရုံမဟုတ်ဘူး။ နာဂစ်စတိုက်လိုက်နဲ့ နီဂရေ့အငူ (Cape Negirs) (အခုအခေါ် -မှော်တင်စွန်း) ကနေ ပင်လယ်ထဲချပြစ်ပြီး နာဂစ်အစာကျွေးရမှာ။ ဒါတောင် ကြံ့ဖွတ် အတွင်းရေးမှူး ဦးဋ္ဌေးဦးဆိုသူက နာဂစ်မှာ သေဆုံးသူတွေက ကြံ့ဖွတ်အဖွဲ့ဝင်တွေပါလို့ မညှာမတာ ပြောသွားလေရဲ့။ တသက်တကိုယ် မြန်မာနိုင်ငံထဲကို ဒီလောက်အားပြင်းတဲ့ မုန်တိုင်းတစ်ခါမှ မ၀င်ဖူးပါ။ နာဂစ်လာတာ ယုတ်မာလှတဲ့ ဒီဥပဒေကြီးကို လာပြီး နစ်ပိုင်းခွဲလိုက်တာ ကိုက နမိတ်မကောင်းဘူးဆိုတာ ပြနေပါပြီ။ ဒီနမိတ်မကောင်းလှတဲ့ ဥပဒေကြီးဆက်ရှိနေသမျှ အမေရိကန် စီးပွားရေးသမားတွေ လာရင်းနှီးရုံမက သမတအိုဘားမားပါ မြန်မာနိုင်ငံသားခံယူပြီး လာကူရင်တောင် လူလူသူသူ ဖြစ်မှာမဟုတ်ပါဘူး။

ကဲထားပါတော့ ရွှေဥာဏ်တော်ကြီး ရေးနေရတာနဲ့ လိုရာမရောက်ဖြစ်နေတော့မယ် ။

အခု မီးမနိုင်တဲ့ကိစ္စကို ကချင်တပ်တွေကို ပုံချလာတယ်။ ပြီးစကားထဲမှာကို ရေကာကြီးတွေက ရေရှိမှ လည်လို့ ရတာလဲပြော ကချင်တပ်က တာဝါတိုင်တွေ ဖေါက်ခွဲလိုက်လို့ လဲပြောတော့ လူုထုကိုဦးဏှောက် ခပ်သေးသေးတွေ ထင်နေတဲ့အထင်တွေ တလွှဲတွေ လာပြောနေတယ်။ လူထုကို ငအ တွေလို့ အမြင်တွေကို အရင်ပြင်ကြပါဦးဘဲ ပထမပြောရပါမယ်။ ၁၉၉၀ ၀န်းကျင်က အစိုးရသတင်းစာတွေမှာ ကချင်စစ်တပ်က ဘိန်းတွေစိုက်ပြီး ဖြန့်ဖြူးနေတယ်ဆိုပြီး သတင်းစာတွေမှာရေးတယ်။ ဟိုက ငြိမ်ခံနေတယ်။ သတင်းစာတွေ စုထားပြီး သူတို့က တချိန်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်တယ်။ အစိုးရသတင်းစာထဲမှာကိုက... မြစ်ကြီးနား အဆန်ရထား ပေါ်မှာ ဘိန်းဖြူ/ဘိန်းမဲ မိတာတွေ တသီကြီး ဖေါ်ပြထားတယ်။ အစုန်ရထား ပေါ်မှာ ကျောက်စိမ်း မိတာတွေချည်းဘဲ။ ဘိန်းမိတာ တခါမှမပါဘူး။ ကချင်က သူတို့ဆီမှာ ဘိန်းစိုက်ရင် အစုန်ရထားမှာ ဘိန်းမိတာ ဖြစ်ရမှာပေါ့။ ဘိန်းဈေးကလဲ မန္တလေးမှာထက် ၂ဆ/ ၃-ဆ ဖြစ်နေတာကိုပါ ထောက်ပြတယ်လေ။

လူတွေကို အ-အ တွေ ထင်ထားတာလေးတွေ အရင်ပြင်ကြပါဦးလို့ဘဲ ပန်ကြားလိုပါတယ်။ တတိုင်းတပြည်လုံးက ရေကာတာတွေမှာ ရေမရှိချိန် ရွှေလီရေကာတာက ရေတွေရှိနေလို့လား။ ထားတော့ မိုးရာသီရောက်လာရင် မီိးတွေပြန် လုံလုံလောက်လောက် ပြန်ပေးနိုင်တော့မယ်။ ဒီတစ်မိုးကုန်ရင်ကော ဘယ်လို စီမံချက်ဆွဲထားလဲ။ အရင်အစိုးရလို ခြိမ်းခြောက်ပြီး ပါးစပ်ပိတ်ပြစ်ဖို့တော့ စိတ်မကူးပါနဲ့လို့ဘဲ ပြောချင်ပါတယ်။ ဘာအစီအစဉ်ရှိထားလဲ အမတ်မင်းများ မေးပေးကြပါဦး။ နောက်တခု အမတ်မင်းများလဲ ဗွီအိုင်ပီ ဆိုပြီး မီးကိုရှယ်အထူးလင်းစေ လုပ်ပေးလာရင် ပြည်သူနဲ့ တသားထဲ ပြနိုင်ကြဖို့  သတ္တိလေးတော့ လိုပါတယ်။ ကိုယ်တိုင်က မီးအချိန်ပြည့် ပေးထားလို့ ဘ၀င်လေးမြင့် ပြည်သူတွေံ ဘ၀နဲ့ တသီးတခြား ဖြစ်နေကြမှာလား။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည် အခုပြည်ပ ခရီးစဉ်မှာ ထိုင်းဝန်ကြီးချုပ် ဆီကနေ သူတို့ အကုန်နီးပါးယူနေတဲ့ ဓါတ်ငွေ့တွေထဲက မြန်မာတွေ အတွက်အလွန့်အလွန်လိုအပ်နေလို့ မရှိကိုမရှိတော့လို့ မိတ်ဆွေ စစ်တယ်ဆိုရင် အသိလေးနဲ့ ပြန်မျှဖို့  ပန်ကြားပေးပါလို့ ပန်ကြားလိုပါတယ်။ မရရင်လဲ ရပါတယ်။  မပေးတာ မမျှနိုင်တာ သူတို့ ကိုယ်အပေါ် မိတ်ဆွေစိတ်ရှိမရှိ သိရတာပေါ့။ သူတို့ ကမိတ်ဆွေစိတ် မထားရင် နောင်ဘာပရောဂျက်မှ မပေးကြဖို့ပေါ့။ တဖက်သတ် ကောင်းနေစရာမလိုပါဘူး။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ မဟုတ်တောင် သင်မကောင်းလျှင် ကျွန်ုပ် ဆက်ကောင်းရန် မဖြစ်နိုင်တော့ပါပေါ့။ ကျွန်ုပ်မဆိုးပါဘူး ဒါပေမဲ့ ကောင်းတာကို နားမလည်သူကို ဆက်လက်ပြီး ကောင်းပြရင် အပိုသက်သက်ပေါ့  အကျိုးမရှိဘူးပေါ့ ။

ဒီလိုဘဲ တရုတ်ကိုလဲ ဓါတ်ငွေ့တချို့ ပြည်တွင်းသုံးမျှဖို့ တောင်းဆိုပေးပါရန် ပန်ကြားလိုပါတယ်။ ပြည်သူကို ကိုယ်စားပြုထားသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို အလေးမထားရင် ရပါတယ်။ မြန်မာပြည်ထဲ ခိုးဝင်နေတဲ့ တရုတ်တွေ စီစစ်ဖေါ်ထုတ်ပြီး တရားမ၀င်ခိုးဝင်နေမှု။ လာဘ်ပေး လာဘ်ယူလုပ်ပြီး နိုင်ငံသား လက်မှတ်အတု ရယူထားမှု။ အမှုတွေ တပုံကြီး လုပ်ပြလိုက်ရုံပေါ့။ ဒါအမျိုးသားရေး တာဝန်ပါ။ ညီမလေးလို ချစ်ပါတယ်ဆိုထားတဲ့ ထောက်လှမ်းရေးကြီး လက်ထက်က လာဘ်စားပြီး တိုင်းပြည်အတွက် အန္တရာယ်ကြီးမားလှ အလွန်တကိုယ်စိတ် ကြီးမားလှတဲ့သူတွေကို ခိုးသွင်းထားခဲ့တဲ့ သစ္စာဖေါက်မှု ကြီးတွေပါဘဲ။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက် ဆိုထားပြီးတော့။ သစ္စာမဖေါက်လို့ ကျွေးကျော်ထားပေလို့သာပေါ့။ မကျွေးကျော်ထားရင် တွေးတောင် မတွေးရဲ လောက်အောင်ပါဘဲ ။

နောင်လာရောက် ရင်းနှီးကြမဲ့ ကန်ထရိုက်တွေကိုလဲ ပြည်တွင်းသုံး ဦးစားပေးဆိုတာတော့ ထဲ့စဉ်းစားကြဖို့ တပါထဲ ပြောကြဆိုကြပါဥိးဗျာ။ နိုင်ငံတော်သမတသည် စစ်ရေးအမြင်ရှိရမည်ဆိုပြီး အကုန်ထုတ်ရောင်း ပွဲခယူ တစ်ခါစစ်လက်နက်တွေ ၀ယ်ပြန်တော့ ကော်မရှင်ရ စစ်ရေးအမြင် ရှိတာတယ်ထောပါလား။

နောက်တခုပါဗျာ။ ဆရာလှိုင်မြင့်က သူ့ဆောင်းပါးတွေမှာ လျှပ်စစ်မီးအတွက် ဧရာဝတီတိုင်းကနေ နိုင်ငံအတွက် လျှပ်စစ်ပမာဏ အများကြီး ထုတ်ပေးနိုင်ပါတယ် ပြောထားတယ်။ နိုင်ငံတော်သမတကြီးကလဲ ပြန်လာဖို့ နစ်ကြိမ်ပင် ဖိတ်ခေါ်ထားပါတယ်။ အပြောသန်သလောက် တကယ့်အရေးကျတော့ ဆောင်းပါးတောင် ရေးမလာတော့ဘူး။ တိုင်းပြည်မှာ အရေးကြီးနေချိန်ပါ။ ပြန်လာသင့်ပါပြီ။ တကယ်လျှပ်စစ် ထွက်ပါစေလို့လဲ ဆုတောင်းပါတယ်ဗျာ။ တလောက ဆရာလှိုင်မြင့်ရေးထားသလို အရင်းအနှီးနည်းလို့ နိုင်ငံခြားက အရင်းအနှီးတွေ မျှော်နေစရာ မလိုဘူးဆိုရင်တော့ ကိုယ်အင်အားနဲ့ ကိုယ်ထုတ်လုပ်နိုင်မယ်။ ထုတ်လုပ်ခ တနည်း လျှပ်စစတစ်ယူနစ်အတွက် ကုန်ကျစရိတ်လဲ အလွန်သက်သာမယ် အိမ်ထောင်စုတွေကိုတောင် လျှပ်စစ်ဓါတ်အားကို အနည်းအများဆိုသလို ဖရီးပေးနိုင်မယ်ဆိုထားတော့ မျှော်ပါတယ်ဗျာ။ တကယ်လုပ်ဖို့ အဟုတ် ပြန်လာခဲ့ပါတော့။

အခု ကျနော်တို့  စစ်ဗိုလ်ချုပ်တွေ တော့မသိပါဘူး။ အထူးရှယ် မီးလင်းပေးနေရတဲ့ ကြံ့ခိုင်ရေးအမတ်မင်းများ ကြံ့ ခိုင်ရေး လူကြီးမင်းများကိုလဲ ပြည်သူလူထုက မီးရရှိရေးကိစ္စ အိမ်တိုင်ယာရောက် သွားဆွေးနွေးကြပါ။ မေးမြန်းကြပါ။ သူတို့ သဘောထားကို တိတိပပ ရယူထားကြပါ။ ပြည်သူနဲ့ တသားထဲလားဆိုတာ အခုလိုအချိန်မှာ အရေးကြီးချိန်မှာ ပြတ်ပြတ်သားသား မေးမြန်းထားကြပါ။

နောက်တခုက လျှပ်စစ်မီးရဖို့ ဖယောင်းတိုင်လဲ ထွန်းပေါ့။ ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းပါဝင်ဖို့ ကျတော့ သွားရေးလာရေး အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲ အများကြီးရှိနေပါတယ်။ သတ္တိရှိသူတွေ စုပေါင်းပြီး လက်မှတ်ထိုးကမ်းပိန်းလုပ်။ ပြီးရရှိတဲ့ လက်မှတ်တွေကို မှတ်တမ်းပြုထား အဖွဲ့ချုပ်ကိုလဲတင်ပြ ကုလလို အဖွဲ့ကြိးကိုလဲတင်ပြ အစိုးရဆီလဲတင်မယ်ဆိုရင် အစိုးရကဘာအမှုနဲ့ အရေးယူနိုင်မှာလဲ။ မီးလိုချင်တယ်။ တင်ပြတယ်။ ဘာအမှု နဲ့ဖမ်းမှာလဲ။ အစိုးရဆီ မီးလိုချင်လို့ မီတာလျှောက်တယ်။ ဘာပြစ်မှုမြောက်သလဲ။ ပေးနိုင်တာ မပေးနိုင်တာ သူတို့ပြသနာ။ လိုချင်တာက ကျနော်တို့ဆန္ဒ။ ကျနော်တို့ကိုဖမ်းဖို့ဆိုရင် သူ့တို့တတွေ အထူးအခွင့်အရေးယူ မီိးတွေ ထိန်ထိန်လင်း နေတာတွေကို ခွဲတမ်းလုပ်ပေးပေါ့။ ကျနော်တို့ လူကြီးတွေလဲ ပြည်သူတွေလိုဘဲ ခွဲတမ်းနဲ့  ရှိတာမျှပေးထားပြီးပါပြီလုပ်ပေါ့။  ဒီလို အားလုံး ညိညီမျှမျှ လုပ်ထားပြီးမှ ဆက်ဆန္ဒပြလာရင် ဖမ်းချင်သပ ဆိုတော်သေးတယ်။ သူတို့လဲ နိုင်ငံသားချင်းအတူတူ သူတို့လို ကိုယ်လည်း လိုချင်တယ်တင်ပြတာ ဖမ်းရင်လား ရွှေဝါရောင် တော်လှန်ရေးထက် ဆိုးတာနဲ့ကြုံသွားပါမယ်။

လက်မှတ်ထိုး သူတွေကိုလဲ သူတို့ သတ္တိရင်းထားရတာဆိုတော့ အဖွဲ့ချုပ်မှာ သတ္တိရှင်များ အဖြစ်မှတ်တမ်း ထိုးထားသင့်ပါတယ်။

ဆန္ဒထုတ် ဖေါ်တာလုပ်သလို လက်မျတ်ထိုးကမ်ပိန်းဆိုရင် ယခုထက်လူထု ပိုမိုပါဝင်လာနိုင် ပါတယ်လို့ တင်ပြလိုပါတယ်။

မောင်မီဂ္ဂါဝပ်

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား..

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား

ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်တဝှမ်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေမှုကို အစိုးရ သတင်းဋ္ဌာနတွေမှာ ရွှေလီရေအား လျှပ်စစ်စီမံကိန်းမှ တာဝါတိုင်များအား KIAမှ မိုင်းခွဲမှုကြောင့် လျှ...ပ်စစ်မီးမလုံလောက်မှုနဲ့ ကြုံတွေ့နေရသယောင် ရေးသားဖော်ပြနေပါတယ်...။

ဒီမိုဝေယံမှ လက်ခံရရှိထားပြီး အထက်ပါ ဖော်ပြမယ့် စာကတော့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ထိးချိုင့်မြို့နယ် တကောင်းတောင် နီကယ် စီမံကိန်းမှာ အဓိက ရင်းနှီးမြုပ်နှံနေတဲ့ တရုတ်CNICO ကုမ္ပဏီရဲ့ ပေးစာ ဘာသာပြန်ထဲက တစိတ်တပိုင်းကို အများသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်..။ (အထက်ပါ စာနဲ့ အတူ ဓာတ်ပုံသတင်းများ ဆက်လက်ဖော်ပြပေးပါမယ်..)

အဆိုပါ တရုတ်CNICO ကုမ္ပဏီရဲ့ သက်ဆိုင်ရာသို့ ပေးစာထဲမှာ နယ်မြေတာဝန်ခံများနဲ့ လုံခြုံရေးများသို့ ဗျူဟာတောင်းခံထားတဲ့ စာဖြစ်ပြီး ရွှေလီ၊ တအူ၊ တကောင်း လျှပ်စစ်တာဝါတိုင်များအား စစ်ဆေးကြည့်ရှုမယ့် တာဝါတိုင် အမှတ်စဉ်တွေကို ဖော်ပြထားတာ တွေ့ရှိရမှာပါ...။ ဇန္နဝါရီလထဲက ကြိုတင်ပြင်ဆင် စစ်ဆေးမယ့် တရုတ်ဝန်ထမ်းတွေ အတွက် နယ်မြေ လုံခြုံရေးအတွက် ထိုစဉ်ကတည်းက ရယူထားပြီး ဖြစ်ပါတယ်..။ တာဝါတိုင်တွေ ပြင်ဆင်မယ့် တရုတ် ဝန်ထမ်း အရေအတွက်ကတော့ Passport ဖြင့်ဝင်သူ ၄၄ဦး Border Pass ဖြင့်ဝင်သူ ၇ဦးနဲ့ ကုမ္ပဏီ ထောက်ခံမှုဖြင့် ဝင်သူ ၄၄ဦး ပေါင်း (၉၅)ဦးရှိပါတယ်..။ (အဆိုပါ စာရင်းအား ဖော်ပြပေးပါမယ်..) ဒီလောက် နိုင်ငံခြားသား တရုတ်ဝန်ထမ်းတွေ လုံခြုံရေးအတွက် ဗျူဟာတခု တောင်းခံပြီး လုံခြုံရေး ရယူစဉ်မှာ တာဝါတိုင်တွေ မိုင်းခွဲခံရတယ် ဆိုတာ စဉ်းစားစရာပါ..။

အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွှေလီ - မန်စံမဟာ ဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃)၊ (၂၀၆)၊ (၂၀၇)နှင့် (၂၀၈)တို့ ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်..။ ယခုစာမှာ အဆိုပါ တာဝါတိုင်များ စစ်ဆေးမယ့်အထဲမှာ ပါပြီးသားပါ...။ ယခင် ဖော်ပြခဲ့သလို အဆိုပါ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ မြန်မာပြည်တဝှမ်း လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ ဆိုတဲ့အချိန်မှာ ရွှေလီကပို့လွှတ်တဲ့ တကောင်းနီကယ် စီမံကိန်းမှာတော့ လင်းထိန်နေတဲ့ မေလ (၁၅)ရက်နေ့က မြင်ကွင်းကို အများသိရှိပြီး ဖြစ်ပါလိမ့်မယ်..။ KIA မိုင်းခွဲတာ ဖြစ်လည်း ဖြစ်နိုင်သလို ဖြစ်လည်း မဖြစ်နိုင်ပါ..။ မိုင်းခွဲခံရတယ် ဆိုလည်း မိုင်းအမျိုးအစား ပတ်ဝန်ကျင် ပျက်ဆီးမှု အသေးစိတ်ကို ဖော်ပြပေးသင့်ပါတယ်..။ (၂၄)နှစ်လုံးလုံး ရွှေသမင်ဘယ်က ထွက်ဆိုတာ ကျတော်တို့ ခံရပါများလို့ သိရှိပြီးသားပါ...။ ဒီစာပါ အကြောင်းအရာများအရ ဓာတ်အားပို့လွှတ်တဲ့ တာဝါတိုင်ကိစ္စကို ကျတော်တို့ မျက်စိဖွင့်ပြီး ယုံကြရမယ့် အနေအထားပါ...။

မုန့်လုံး စက္ကူကပ်သလို လုပ်ပြီး ရောင်ခြည်တော်နဲ့ ရောမလွှတ်ပါနဲ့..။ လျှပ်စစ်မီးပုံမှန်မရတာ ရွှေလီဓာတ်အားပေး စက်ရုံ ပြီးစီးတဲ့ ၂၀၀၉ခုနှစ် မတိုင်မှီ နှစ်ပေါင်း ၂၀ကျော်ကတည်းကပါ...။ ရွှေလီကထွက်တဲ့ ရေအားလျှပ်စစ်ကို တရုတ်နဲ့ ပြည်တွင်းကို ရောင်းချရငွေ ဒေါ်လာ ၂၅၅သန်းကျော် ရရှိခဲ့ပြီးပါပြီ။ ပြည်သူတွေ အကျိုးခံစားခွင့်ဆိုတာ ဘေးထား သိရှိခွင့် ရရှိခဲ့ပါရဲ့လား..။ မိုးမရွာလို့ လျှပ်စစ်မီးမရတာ၊ တာဝါတိုင် ချိုးခံရလို့ပါဆိုတဲ့ ကင်ဆာရောဂါကို ပရုတ်ဆီအဆင့်နဲ့ မကုပါနဲ့တော့.. နောင်လာမယ့် နှစ်တွေအတွက် ဘာများ ပြင်ဆင်ထားပါသလဲ..။ ဆီပေးမှ ဆန်ရမယ် ဆိုပြီး တနေ့ ၆နာရီလောက်တောင် မရတဲ့ လျှပ်စစ်မီးကို ဖယောင်းတိုင်ထွန်းပြီး ချွေတာဖို့ စော်ကားတဲ့ စကားတွေ ရပ်တန်းက ရပ်ကြပါတော့...။ ရာထူးယူပြီး တာဝန်မယူနိုင်ရင် လုပ်နိုင်တဲ့ပညာရှင်တွေကို လက်ဆင့်ကမ်းပြီး ထွက်ကြပါတော့လို့ တိုက်တွန်းရင်း ပြည်သူတွေ မသိဆိုပြီး အချဉ်မလုပ်ကြပါနဲ့ သိတဲ့သူတွေ ဖော်ထုတ်မယ့် သူတွေ ရှိနေကြောင်း အသိပေးလိုက်ရပါတယ်.. မင်းကြီးတာက ပုဂ္ဂိုလ်များ ခင်ဗျား..

သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..

ဒီမိုဝေယံ

တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/05/blog-post_26.html

ယနေ့ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားက မြောက်ဥက္ကလာပ ပြည်သူများရဲ့ ၂၄နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ပွဲ..

  မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားထဲက မြောက်ဥက္ကလာပ လူထုရဲ့ ၂၄နာရီ မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲ..

၂၈ရက်နေ့ ည (၇)နာရီက မိုးများ သည်းထန်စွာ ရွာသွန်းနေသော်ငြားလည်း မြောက်ဥက္ကလာပ ပြည်သူလူထုမှ ဖယောင်းမီးများ မငြိမ်းအောင် ကိုင်ဆောင်ပြီး ရည်မှန်းချက်အတိုင်း ၂၄နာရီလျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့ ကြပါသည်။

ဓာတ်ပုံ သားစိုးလေးအား ကျေးဇူးတင်ပါသည်..။

၂၇ရက်နေ့ညက ပုသိမ်၊ ဆူးလေ၊ မြောက်ဥက္ကလာပနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ပြုလုပ်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေး လူထုဆန္ဒ ထုတ်ဖော်ပွဲများ...

ပုသိမ်မြို့မှ လျှပ်စစ်မီးရရှိရေး ပြည်သူများရဲ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ..
၂၇.၅.၂၀၁၂ညက ပုသိမ်မြို့မှာ သုံးရက်ဆက်တိုက် ငြိမ်းချမ်းစွာနဲ့ ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ တိုင်း EPCရုံးရှေ့မှ ည၇း၀၀နာရီမှာ စတင်ပြီး ငြိမ်းချမ်းစွာနဲ့ လျှပ်စစ်မီးပုံမှန်ရရှိ ရေးအတွက် ဆန္ဒထုတ်ဖော် ခဲ့ကြတာ ဖြစ်ပါတယ်။ လူအင်အားကတော့ ရာနဲ့ချီပြီး ရှိပါတယ်။ မနက်ဖြန်၇း၀၀မှာလည်း စတင်ချီတက်ကြမည်ဟု အများသဘောတူ ချိန်းဆိုကြပါတယ်။ ယနေ့မှာတော့ တိုင်း EPCရုံးရှေ့မှ စတင်ပြီါ် ပုသိမ်မြို့ ရွှေမုဠောဘုရားမှာ အဆုံးသတ်လိုက်ကြကြောင်း သိရှိရပါသည်..။

၂၇ရက်နေ့ညက မြောက်ဥက္ကလာပ ပြည်သူများရဲ့ လျှပ်စစ်မီး ၂၄ နာရီ အပြည့်အ၀ရရှိရေး
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲ...
ရန်ကုန်မြို့ ဆူးလေစေတီတော်မှ ၂၇ရက်နေ့က (၆) ရက်မြောက်နေ့အဖြစ် ခြေတလှမ်း ပြင်လိုက်ပြီး အစိုးရကို အချိန် တပတ် ပေးလိုက်ပါတယ်ဟု ဆန္ဒပြရာတွင် ပါဝင်သူတဦးမှ ဆိုပါတယ်.. တပတ် တိတိ နားပြီ ရပ်ကွက်အတွင်းရှိ ဖယောင်းတိုင်စစ်သည် တွေကို စည်းရုံးရေး ဆင်းပါမယ်..။ လာမယ့် ဇွန်လ ၃ ရက်နေ့မှ သူတို့ ပြောထားသလို ဖြစ်မလာရင် အရှိန်အဟုန် ပြင်းပြင်း နဲ့ ဆက်လက်လှုပ်ရှား ဆောင်ရွက် မည်ဟု  ရန်ကုန်ဖယောင်းတိုင် စစ်သည်များအား ဦးဆောင်သူများမှ ကြေငြာလိုက်သည် .။
တောင်ဒဂုံ ဆန္ဒထုတ်ဖော်ပွဲ ရုပ်သံ ဗိုလ်ကြီးဟောင်းနေမျိုးဇင်.. ညီငယ်ဇေယျာမှ ပြန်လည်ဖန်တီးဖော်ပြသည်..။
ဓာတ်ပုံများပေးပို့ လာသူများအား ကျေးဇူးတင်ပါသည်..

နိုင်ငံရေး အကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်အား ပေးပို့လာသော သတင်းများ..

မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့ လူလူချင်း အနိုင်ကျင့်ဗိုလ်ကျခြင်း

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာတွင် မိရိုးဖလာဓါးမဦးချ ဦးပိုင် အမည်ပေါက် လယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ကိုင်နေသော ဒေါ်ခင်မြင့် လယ်(၁၈)ဧကခန့်၊ ဒေါ်ခင်ရီ လယ်(၉)ဧကခန့်၊ ဒေါ်မြင့်လယ်(၁၂)ဧကခန့်၊ ဦးအောင်မြသောင်း လယ်(၇)ဧကခန့်ကို ၂၀၀၁ခုနှစ်တွင် ကြည့်မြင်တိုင်မြို့နေ ဦးစိန်မောင်မြင့်၊ ကုလားကြီးစုရွာသား ဦးသက်ဦး၊ အပါအ၀င် ဦးညွန့်အောင်၊ ဦးထွန်းကြည်၊ ဦးဝင်း၊ ဦးအုန်းဟန်၊ ဦးအောင်ချို အစရှိသောလူတစ်စုက ၎င်းလယ်သမားများ၏ လယ်မြေများကို အတင်းခြံခတ် သိမ်းပိုက်၍ ကြက်ခြံနှင့် နွားခြံများ ဆောက်လုပ်ကာ မွေးမြူးရေး လုပ်ငန်းများကို လုပ်ကိုင်နေပါသည်။ ထို့အပြင် အခြားသောရွာသူ၊ ရွာသားများထံမှ စုစုပေါင်းလယ်ဧက (၅၀၀) ခန့်မှာလည်း နည်းအမျိုးမျိုးဖြင့်လည်းသိမ်းဆည်းခံထားရပါသည်။ ၎င်းတို့လူစုသည် တောင်သူလယ်သမားများ၏ လယ်များကို သိမ်းပိုက်လုပ်ကိုင်နေသဖြင့် ၎င်းလယ်သမားတို့မှာ အလုပ်လက်မဲ့ဖြစ်ကာ မိသားစုတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတို့ ဆုံးရှုံးနစ်နာနေပါသည်။

၎င်းလယ်ယာမြေ သိမ်းယူခြင်းကို မကျေနပ်သော်လည်း ငွေကြေးဓနအင်းအားနှင့် အာဏာပိုင်တို့ကို ကြေက်ရွံနေသဖြင့် မပြောရဲမဆိုရဲ ရှိခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲဖြင့် ဖွဲ့စည်းထားသော အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး (ပြည်ထောင်စုဝန်ကြီး)၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ကို (၁၅.၉.၂၀၁၁)နှင့် (၂၂.၉.၂၀၁၁)နေ့ရက်တွင် စာရေးပြီး တိုင်ကြားခဲ့သဖြင့် ရန်ကုန်မြို့တော် မြေစာရင်းဦးစီးဋ္ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန စုပေါင်းရုံးဝင်းတွင် (၂၉.၁၁.၂၀၁၁) နေ့ (စနေနေ့) နံနက်(၁၀း၀၀) နာရီအချိန်တွင် ဦးရဲဝင်းထွန်း (မြို့တော်မြေစာရင်း ဦးစီးဋ္ဌာနမှူး မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့) က တောင်သူလယ်သမား တစ်ဦးဖြစ်သူ ဒေါ်ခင်မြင့်ကို စာဖြင့်ဆင့်ခေါ်ပြီး စစ်ဆေးခဲ့သော်လည်း ယနေ့အချိန်ထိ အတင်းအဓမ္မ သိမ်းပိုက်သူတို့က သိမ်းပိုက်ဆဲ သိမ်းဆဲဖြစ်ပြီး လယ်ယာမြေ အတင်းအဓမ္မ အသိမ်းခံရသူ လယ်သမားတို့မှာ နစ်နာဆဲဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ပြောကြားချက်ဖြစ်သော သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစံနစ်၊ တရားဥပဒေ စိုးမိုးရေးတို့ကို အခြေခံပြည်သူလူထု၏ ဘ၀များ အကျိုးရှိခံစား နိုင်ရေးအထိ လက်တွေ့အကောင်အထည်ဖော်ရန်လိုအပ် သည်။

မှတ်ချက်။ ။နိုင်ငံရေး အကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်အား ပေးပို့လာသော သတင်းများ ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်

တရုတ် ရွှေတူးဖော်ရေး လုပ်ငန်းခွင်တခု

ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း..
ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရွှေမင်းဘုန်းဒေသ ကျားပါးစပ်တောင် ရွှေတူးဖော်ရေး လုပ်ကွက်သည် ကလောမြို့နယ် ဒေသခံတိုင်းရင်းသားများဖြစ်သော ပလောင်း ဓနု စသည့် တိုင်းရင်းသားများနှင့် ရေဝေ ရေလဲ ဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လယ်ပြင် ၊ ရေပူ၊ လွန်းထိုးကျေးရွာမှ ဒေသခံကျေးရွာသူ ကျေးရွာသားများသည် နှစ်ပေါင်းများစွာ ၎င်းတို့မိသားစုများ ဘဝရပ်တည်ရေးအတွက် မိရိုးဖလာ အသက်မွေး ဝမ်းကျောင်းပြုသည့် လုပ်ငန်းဖြစ်ပါသည်။

ကျားပါးစပ်တောင်နှင့် အနီးဆုံးလယ်ပြင်ကျေးရွာသည် ၎င်းလုပ်ငန်းပေါ်တွင် မှီခိုအားထား ပြုလုပ်နေရပါသည်။ ထိုကျေးရွာ၌ စားဝတ်နေရေးအတွက် ထွန်ယက်ပြုလုပ်၍ ရသောလယ်ဧကမှာ (၄၆) ဧကခန့်သာရှိပါသည်။ ယခုအချိန်အခါ၌ အာရှကမ္ဘာမြေ (တရုတ်တို့ပိုင်ဆိုင်သော)က အကျယ်အဝန်းဧရိယာ (၇၆၀၀) ဧက နှစ်၂၀ ခန့်ထိလုပ်ခွင့်ရထားကြောင်း ၁ရက်လျှင် ၁ပိဿာ သွင်းရမည်ဖြစ်ကြောင်း တစ်နှစ်လျှင် ၂.၂၅ တန်သွင်းရန်စာချုပ် ချုပ်ဆိုပြီးကြောင်း သိရှိရသည်။ ထို့အပြင် ယန္တယားများဖြင့် မြေပြုန်း တူးမည်ဖြစ်၍ လက်ရှိတစ်ပိုင်တစ်နိုင် လုပ်ငန်းများအနေဖြင့် နေရာရွှေ့ပြောင်း ပေးရမည်ဖြစ်သည်။ ၎င်းဒေသကို ပြည်ထောင်စုအစိုးရ ၏သတ္တုတွင်း ဝန်ကြီးဌာနနှင့် ဖက်စပ်ပူးပေါင်းသည်ဟုဆိုကာ ၎င်းရွှေတူးဖော်ရေး လုပ်ငန်းကို သိမ်းယူပြီး ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်ငယ်များကို မောင်းထုတ်ခဲ့ပါသည်။ ၎င်းလုပ်ငန်းရှင်ငယ်များ မထွက်ခွာပါက ဖမ်းဆီးမည်ဟုကြေငြာထားပါသည်။ ဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်ငယ်များသည် နိုင်ငံတော်နှင့် ဖက်စပ်လုပ်ကိုင်သည်ဟုဆိုသော အထက်ဖော်ပြပါ ကုမ္ပဏီနှင့် ပဋိပက္ခ မဖြစ်လိုသဖြင့် ၎င်းတို့၏ ငွေကြေးများစွာကို အဆုံးရှုံးခံ၍ ထွက်ခွာကာ နိုင်ငံတော်အစိုးရ သို့တင်ပြရန်ပြင်ဆင်နေကြောင်း ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်ငယ်များထံမှ သိရှိရပါသည်။

၎င်းကုမ္ပဏီက သိမ်းယူခဲ့သဖြင့် လုပ်ကိုင်စားသောက်ရန် လယ်ယာမြေဧကနည်းပါးသော ဒေသခံကျေးရွာသူ ကျေးရွာသားများ အနေဖြင့်မိသားစုစားဝတ်နေရေး အခက်ခဲများဖြစ်နေပါသည်။ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြစ်သော တိုင်းရင်းသားလုပ်ငန်းရှင် ငယ်/လတ် များထွက်ပေါ်လာရေး ဆိုသော လမ်းညွှန်ချက်များနှင့်လည်း ဆန့်ကျင်လျှက် ရှိနေပါသည်။ အာရှကမ္ဘာမြေဆိုသော ကုမ္ပဏီသည် နိုင်ငံခြားသား တရုတ်လူမျိုးများပိုင်သော ကုမ္ပဏီဖြစ်သဖြင့် တိုင်းရင်းသားဒေသခံ ကျေးရွာသူ ကျေးရွာသားများ အပေါ် လက်ဝါးကြီးအုပ်မှုကို နိုင်ငံတော် အစိုးရအနေဖြင့် စဉ်းစားစေလိုကြောင်း တင်ပြပေးလိုက်ရပါသည်။

ရုပ်သံဖိုင် (အပိုင်း ၁
အပိုင်း (၂) http://youtu.be/8IPzVrYFCzU
အပိုင်း (၃) http://youtu.be/6xsbKxdrcHs
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ (၂၄.၅.၂၀၁၂)