ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ (ဂျပန်လွှတ်တော် အတွင်းမှ) လက်ရှိမြန်မာ့အရေးဆွေးနွေးပွဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်နှင့် လက်ရှိမြန်မာနိုင်ငံရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နေ့လည် ၃နာရီမှ ၄နာရီအထိ ဂျပန်လွှတ်တော် အဆောက်အဦး Dai 2 ခမ်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ဒီမိုကရေစီအရေး ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsu နှင့် ဂျပန်လွှတ်တော် ကိုယ်စားလှယ်များ.... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ တာဝန်ရှိသူများ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးများ စုစုပေါင်း ၅၀ကျော်ခန့် တက်ရောက်ကြပါတယ်။

အခမ်းအနားကို မြန်မာ့ဒီမိုကရေစီအရေး ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsuမှ စတင်ဖွင့်လှစ်ပေးပြီး .. မိတ်ဆက်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ရှင်းလင်းပြောပြပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဋ္ဌဦးသန့်ဇင်ဦးမှ စစ်အစိုးရရဲ့ (၂၀၁၀) ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိတဲ့ အကြောင်းရှင်းလင်း ပြောပြပြီး အကယ်၍စစ်အစိုးရမှ အတင်းအကြပ် ကျင်းပပြုလုပ်ခဲ့ရင် ထွက်ပေါ်လာတဲ့ အစိုးရကို ဂျပန်အစိုးရမှ အသိအမှတ်မပြုဖို့နဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ မဝင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တစုံတခု အန္တရာယ်ပေးခဲ့သည်ရှိသော် ဂျပန်အစိုးရမှ အဖွဲ့ချုပ်ဘက်မှ အပြည့်အဝ ရပ်တည်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ဂျပန်နိုင်ငံမှ ဂျပန်အစိုးရအား သံတမာန်အဆင့်အတန်း လျော့ချပေးရန်တို့ကို တင်ပြ တောင်းဆိုသွားပါတယ်။

ဆက်လက်ပြီး CHRISTIAN SOLIDARITY WORLDWIDE အရှေ့တောင်အာရှ တာဝန်ခံ မြန်မာ့အရေးကျွမ်းကျင်သူ Mr.Ben Rogerမှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် နယ်စပ်ဒေသမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ဆလိုက်ရှိုးများဖြင့် ပြသရှင်းလင်းပြောပြသွားပါတယ်။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ (ဒု)ဥက္ကဋ္ဌဦးလှဟန်မှ လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပြီးခဲတဲ့ ရက်ပိုင်းအတွင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Okada မှ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ပြုလုပ်ထားခြင်းနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအား လူသားချင်းဆိုင်ရာ အထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို တရားဝင် ဥပဒေတခုအဖြစ် ပေါ်ထွက်နိုင်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားပြီး ၁။ စစ်အစိုးရအာဏာပိုင်များ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဥပဒေများကို ကန့်ကွက်ပေးရန် ၂။ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေကို အခြေခံ၍ ကျင်းပသော ရွေးကောက်ပွဲကိုရလာဒ်ကို အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ပြန်ပေးရန်၊ ၃။ ဂျပန်အစိုးရမှ အသိအမှတ်မပြုသော ရွေးကောက်ပွဲ ရလာဒ်မှ ဖွဲ့စည်းထားသော မည်သည့်အစိုးရကိုမှ ဂျပန်နိုင်ငံမှ မည်သည့်အကူအညီ အထောက်အပံ့များ မပြုလုပ်နိုင်ကြောင်း အသိပေးရန်၊ ၄။ သံတမာန်အဆင့် လျော့ချတဲ့အထိ အရေးယူမည်ဟု ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ပေးရန်နှင့် လက်ရှိပြသနာတွေ ဖြေရှင်းနိုင်ဖို့ အတွက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ ပြည်သူလူထုကို ထိတွေ့ခွင့် ပေးမှပြေလည်နိုင်မှာ ဖြစ်ကြောင်း တို့ကို ရှင်းလင်း တင်ပြ တောင်းဆိုသွားပါတယ်။

ဆက်လက်ပြီး ဂျပန်လွှတ်တော် အမတ်များရဲ့ မေးမြန်းချက်ကို ဥက္ကဋ္ဌဦးသန့်ဇင်ဦးနှင့် Mr. Ben Roger တို့မှ ပြန်လည်ဖြေကြားသွားပါတယ်။ ယနေ့အစည်းအဝေး၌ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေနဲ့ ၂၉ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထား (၆)ချက်ပါ ကြေငြာချက်တို့ကို အင်္ဂလိပ်၊ ဂျပန်ဘာသာတို့ဖြင့် ရှင်းလင်းချက်များအား ဝေငှခဲ့ပါတယ်။ ညနေ(၄)နာရီမှာ ဂျပန်လွှတ်တော်အတွင်း မြန်မာ့အရေးဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ်။

သတင်း၊ဓာတ်ပုံ .. ဒီမိုဝေယံ....

"တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား တို့ဗမာ"


"ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။
ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မတန်တူတယ်။
လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။
ဒီကောင်တွေ-ခိုင်းတာ လုပ်နေကြရတာဘဲ။
ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။
အားပြိုင်ကြ-ဆဲကြတယ်။
ကျုပ်တို့ နားလယ်တာတော့ စားကျက်လုနေတာ တွေ့ရတာဘဲ။
ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။
သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။
တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြုလွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။"

ကျောင်းသားများထံသို့ရေးသူ-သခင်ကိုယ်တော်မှိုင်း



``ခွဲရေးဖြစ်စေ တွဲရေးဖြစ်စေ အင်္ဂလိပ် နယ်ချဲ့သမား လက်အောက်ခံချည်း ဖြစ်တယ်။
ကျွန် နဲ့ ဒါသ စကားလုံး ခြားနားသော်လည်း တမျိုးတည်း ဖြစ်သလို ကျွန်ဟာ ကျွန်ပဲ ဖြစ်တယ်။
ဒီ ခွဲရေး တွဲရေး ပြဿနာရဲ့ အဓိပ္ပာယ်ကတော့ အင်္ဂလိပ် နယ်ချဲ့ အစိုးရက သူ့ရဲ့ ဘယ်ဖက် ဖိနပ်အောက်မှာ နေမလား၊ ညာဖက် ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့ သဘောပဲ။
ဒါကြောင့် ကျုပ်တို့ သခင်တွေသဘောကို ပြောရရင် ခွဲရေးလည်း မကြိုက်, တွဲရေးလည်း မကြိုက် အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်က လုံးဝ လွတ်လပ်ရေးသာကြိုက်ပါတယ်။´´
သခင်ဘသောင်း

“မြင်းခွာတချက်ပေါက်လျှင်မီးဟုန်းဟုန်းတောက်စေရမည်”

သခင်ဗဟိန်း



"ယခုနေခါမယ် တိုင်းပြည်ကို မိမိတို့ပါတီ ပြန်အာဏာရအောင်
် ခြေထိုးကြတဲ့ကိစ္စမှာ ယောင်ယောင်မှားမှား ဖြစ်တဲ့လူတွေဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊
တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူ နံပါတ်တစ် တွေဖြစ်တယ် (သြဘာသံများ)။
ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္ဓ လုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရ ဖြစ်နေတာ၊
တိုင်းပြည်က မကြည်ညိုဘူးဆိုတာ
ကျုပ်တို့ သိတဲ့တစ်နေ့မှာ ကျုပ်တို့လဲ မနေပါဘူး။ ထွက်မှာပါဘဲ။
သို့သော်လည်းဘဲ တနှစ်လောက် ကျုပ်တို့ကိုစောင့်ကြည့်တဲ့ အခါမှာ
ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ၊ ရာဇဝင်မှာ အရေးခံမယ့် လူစားမျိုးလား၊
ရာဇဝင်မှာ အထင်းခံမယ့် လူစားမျိုးတွေလား ဆိုတာ
ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်။"

သခင်အောင်ဆန်း
၁၉၄၇ခုနှစ်၊ ဇူလိုင်လ၊ ၁၃ရက်နေ့တွင် မြို့တော်ခန်းမကြီး၌ မိန့်ကြားသည့် မိန့်ခွန်းမှ

တို့ဗမာသီချင်း


"သမိုင်းဝင် တို့ဗမာသီချင်းကို ၀ိုင်အမ်ဘီဆရာတင်ကရေးသားသီကုံး၍ သခင်ဘသောင်း နှင့် သခင်ခေါင်းဆောင်အချို့ကသီချင်းစားသားနှင့် အချက်အလက်များအတွက်ဖြည့်စွက် အကြံဥာဏ်များ ပေးကြသည်။"


"တကောင်း...အဘိရာဇာ...၊ တို့ဗမာ ... သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ၊

ယိုးဒယားနှင့်ကုလားကိုပါ တိုက်ခိုက်ခါအောင်ခဲ့တာ တို့ဗမာ...၊

စိန်မှန်ကင်းစစ်... အဖြစ်ကြီးဖြစ်လျက် ထင်းတ လှည့်ကြုံ့ရ...

ထုံးနှင့်မသွေလောကဓမ္မတာပေငါတို့ကံခေဖြစ်ရပြန်သလေ၊

သို့သော် အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ ငါတို့ပြည်။

နောင်ဥဒါန်း ဘယ်မကြေစရာ၊ ရာဇဝင်တင်ထား မျိုးရိုးနွယ်လာကမ္ဘာတခွင်မှာဖြင့်၊

ဗမာအထင်အရှား တို့ခေတ်တွင်မှညံ့ကြတော့မှာလား တို့ဗမာ၊

တို့ဗမာ မဟုတ်လေသလား (တို့ဗမာ ငါတို့ဗမာ)၂။

ဒါငါတို့ဗမာ ဒါငါတို့ဗမာ အားလုံး ညီညီ ယောက်ျားဘသား တို့ဗမာ နောင်လာနောင်သား ကောင်းစားဖို့ရာ၊

သခင်ကျင့်ကို ကျင့်ကြပါ။ သခင်မျိုးဟေ့တို့ဗမာ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့
စာမရီသွေးတို့ဗမာ...

သံပြိုင်။ ။ (ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်)၃၊(ဒို့ဗမာ)၂၊ ပြည်ကို တိုင်းရင်းသားအကုန်အစင် တို့ပြည်လို့ မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာခင်။

အမျိုးသားရေး... ကြိုးပမ်းကြပါ... တို့ဗမာ... ဟေ့ တို့ဗမာ... အရှေ့ ကနေဝန်း...ထွက်သည့်ပမာ၊

တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ...တို့ဗမာဟေ့... တို့ဗမာ...
ဗမာပြည်တဝှမ်းအကုန်... တို့အိမ်မှတ်ပါ... တို့ယာမှတ်ပါ... အဲဒါတို့ဗမာ...

(သံပြိုင်။ ။)



"ခေတ်တိုင်းကိုယ့်အတိတ်ကို ထူထောင်ကြတယ်။"

အလင်းဆက်
၃၁.၃.၂၀၁၀

ညီငယ်အလင်းဆက်မှ.....

" လေးစားပါသည် NLD "

" လေးစားပါသည် NLD "


ပြည်သူ့ ပါတီ NLD
ပြည်သူ့ အရေးဆောင်ရွက်သည်။


ခွပ်ဒေါင်းသွေးမို့ ရဲရဲနီ
မတရားအမိန့် ဟူသမျှဆန့် ကျင်မည်။


၂၀၁၀ ရွေးကောက်ပွဲတံခါး
သွေးစွန်းလက်နဲ့ ဖွင့် လှစ်ထား။


စစ်ကျွန်သက်မရှည်ရေးတွေးဆညီ
NLD ကဆန့် ကျင်ပြီ။


ပြည့် သူ့ ပါတီပီသသည်
လေးစားပါသည် NLD။ ။


မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ


မတရားသောဥပဒေတွေကို ဆန့်ကျင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက် အတွက် ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ကြေငြာချက်

Statement for NLD's Decision - Not Party ion

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထူးကြေငြာချက် အမှတ်-၄/၀၃/၁၀......

Photobucket

ပေးပို့လာသူများအား ကျေးဇူးတင်ပါသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ ပေးပို့သော ဒေါ်အောင်ဆန်းစု ကြည်၏ သဘောထား ( ၆ ) ချက်...

Photobucket

ပေးပို့လာသူ ကိုစိုင်း...

ပါတီ မှတ်ပုံတင်မှာ မဟုတ်ကြောင်း NLD ကြေညာ.... (ဗီဒီယို)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေအောက်မှာ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်မှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ ကျင်းပတဲ့ NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပါတီရပ်တည်ရေးထက် ပါတီရဲ့ နိုင်ငံရေး ရှင်သန်ရေးကို ဦးစားပေးပြီး ဒီနေ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာလို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာပါတယ်။ အပြည့်အစုံကို မညိုညိုလွင်က တင်ပြထားပါတယ်။

ရင်းမြစ် VOA သတင်းဋ္ဌာန...

သူသေကိုယ်ရှင် တိုက်ပွဲဝင်- အိန္ဒိယ သံချပ်။(၂၀၁၀)



ပေးပို့လာသူ အလင်းဆက်အားကျေးဇူးတင်ပါသည်...။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ,အစည်းအဝေး မှတ်တမ်းဓာတ်ပုံများ..




ဓာတ်ပုံ ပေးပို့ပေးလာသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်

အန်ကယ်တို့ဒီနေ့ ဆုံးဖြတ်ချက်(၂)ခုချပါတယ်.. ပထမဆုံးဖြတ်ချက်က နအဖက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကတရားမျှတမှုမရှိဘူး အဲ့ဒီလို တရားမျှတမှု မရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကို မှတ်ပုံမတင်ဖို့ အများစုက ဆုံးဖြတ်ပါတယ်....။ အများစုဆိုတာ အားလုံးပါ ကန့်ကွက်သူ မရှိဆုံးဖြတ်တယ်။ ဒုတိယတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးဖို့တောင်းဆိုပါတယ်။ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။ ဦးအောင်ရွှေက ကျန်းမာရေးကြောင့် မလာနိုင်ပေမယ့်.. သူ့ရဲ့သဘောထားကို စာနဲ့ရေးပြီး ပေးပို့ပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အတူတူပါပဲလို့ပြောပါတယ်။

ယခင်နေ့များက ရွေးကောက်ပွဲဝင်ပြီး ပါတီမှတ်ပုံတင်မှာကို ထောက်ခံခဲ့သည့် အဖွဲချုပ် CEC အတွင်းမှ အချို့ပုဂ္ဂိုလ်များမှ ကန့်ကွက်မှုရှိမရှိ မေးမြန်းရာမှာ " ဒီနေ့သူတို့ ဘာမှ မပြောတော့ပါဘူး ... ဆွေးလည်း မဆွေးနွေးတော့ပါဘူး အဲ့တော့ သူတို့အများသဘော ရှိတဲ့အတိုင်း သူတို့လည်း မကန့်ကွက်တော့ပါဘူး။ အခုဆုံးဖြတ်ချက် ကပထမအဆင့်ပါ.. ဒီဆုံးဖြတ်ချက်ကျပြီးရင် ရှေ့ဆက်လုပ်ရမယ့်ဟာကို ဆက်ဆွေးနွေးသွားရမှာပါ။ နောက်တခုက အန်ကယ်ဒီနေ့ အစည်းအဝေး မစတင်ခင် အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် (၂၃ရက်) နေ့က မှာလိုက်တဲ့ အချက် (၆)ချက်ကို အန်ကယ်ဖတ်ပြပါတယ်....။

(ဒေါ်အောင်ဆန်းစုကြည်၏ စာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ရွှေဂုံတိုင် စာတမ်းကို ဆက်လက် ကိုင်ဆွဲထားဆဲ ဖြစ်ကြောင်း၊ မတရားသည့် ရွေးကောက်ပွဲ ဥပဒေဖြစ်သောကြောင့် NLD အနေဖြင့် မှတ်ပုံတင်ရန် လက်မခံ နိုင်ကြောင်း၊ NLDသည် ၎င်း၏ ကိုယ်ပိုင်မဟုတ်သကဲ့သို့ မည်သူ တဦး တယောက် ပိုင်မျှ မဟုတ်ကြောင်း ပါရှိသည်။ ယင်းအပြင် ပါတီအတွင်း အုပ်စုဖွဲ့သည့် လုပ်ရပ်ကို လုံးဝမကြိုက်သကဲ့သို့ လက်မခံနိုင်ကြောင်း၊ ပြည်သူလူထုကိုလည်း ဒီမိုကရေစီရရှိရန် ဆက်လက် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ပါတီဖျက်သိမ်းခံရရုံနှင့် ပါတီပျက်စီးသွားခြင်း မဟုတ်ကြောင်း ထည့်သွင်းရေးသား ထားသည်။) မှတ်ချက်.... ဆက်သွယ်မေးမြန်းချိန်မှာ မီးပြတ်သွားတဲ့အတွက် အချက်(၆)ချက်အား ဧရာဝတီသတင်းဋ္ဌာနမှ ရယူပါသည်။

ဆက်လက်ပြီး ယနေ့အဖွဲ့ချုပ် အစည်းအဝေးအား လုံခြုံရေးအထူးသတိထားရပြီး တံခါးပိတ် ကျင်းပခဲ့ရကြောင်း ပြောဆိုသွားပါတယ်။ မနက်ဖြန်မှာလည်း တချို့အချက်တွေကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ယခုရွေးကောက်ပွဲဥပဒေဟာ ဘာမှလုပ်မရကြောင်း နဖါးကြိုးအထိုးခံရမှာ ဖြစ်ကြောင်း.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

သတင်း... ဒီမိုဝေယံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံမတင်ရေးဘက်က အနိုင်ရရှိ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေးမတင်ရေးနှင့် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး ဆုံးဖြတ်ချက် ဒီနေ့နေ့လည် (၁၂)နာရီက အဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်ရာ မှတ်ပုံမတင်ရေးဘက်က အနိုင်ရရှိ သွားကြောင်းသိရှိရပါတယ်။

ပြည်နယ်နဲ့တိုင်း က CC အများစုက ကန့်ကွက်ကြတဲ့ အတွက် မှတ်ပုံမတင်ရေးဘက်ကို ၀ိုင်းထောက်ခံနေကြတော့ ၊မဲမခွဲရဲတော့ ဘဲ Mandate တွေကိုသုံးမယ်လုပ်ပါတယ်။ နဂိုပေးထားတဲ့ Mandate တွေကိုပါ။ MP အချို့ကတော့ သူတို့ပေးခဲ့တဲ့ Mandate တွေကိုပြန်ရုတ်ကြပါတယ်။ ပြန်ရုတ်တဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်ဆီကို သူတို့ Mandateကို ပြန်ပေးကြတယ်လို့ သိရပါတယ်။ ပါတီဝင်တော်တော်များများက ကန့်ကွက်ကြတဲ့ အတွက် မဲခွဲဆုံးဖြတ်မှုကို မပြုလုပ်တော့ပဲ အများဆန္ဒအရ မှတ်ပုံမတင်ရေးကို ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီကနေ့အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ သွေးတိုးနေသည့် အတွက်ကြောင့် မတက်ရောက်နိုင်ကြောင်း သိရှိရပါတယ်။

သတင်းများရရှိပါက ဆက်လက်ဖော်ပြပါမည်...

သတ္တိကြောင်သူနှင့်သတ္တိပြောင်သူများရွေးထုတ်ပွဲ...

သတ္တိကြောင်သူနှင့်သတ္တိပြောင်သူများရွေးထုတ်ပွဲ

ဘာတွေပဲပြောပြော၊ ဘာတွေပဲဆိုဆို မဝေးတော့သည့်ကာလတစ်ခုတွင် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများကို ကျွန်ုပ်တို့ပြည်သူများ သဲကွဲပြားနား ခြားနားစွာတွေ့မြင်ရပေတော့မည်။ နအဖ စစ်အာဏာရူးတစ်စုက သွေးခွဲသပ်ရှို မီးမွှေးပေးလိုက်တာကို NLD ပါတီအနေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွား ဖြေရှင်းသွားမလား၊ နအဖ ခင်းပေးသည့် စင်းတုန်းပေါ် အသာအယာ လည်စင်းခံမလားဆို တာကတော့ ကာယကံရှင် လူထုခေါင်းဆောင်ကြီးများ၏ ဆန္ဒသဘောသာ ဖြစ်ပါလိမ့်မည်။

၂၀၁၀ ရွေးကောက်ပွဲဆိုတာ ကြက်ငှက်ရွေးပွဲ တစ်နည်းအားဖြင့် ဖာတစ်လုံးခေါင်းကြား ရွေးပွဲလို့ပြောရင် ပိုပြီးမှန်ကန် သင့်တော်မယ်လို့ ထင်ပါတယ်။ ဒါက နအဖရဲ့ ကလိင်ကကျစ် တစ်ဖက်သတ်လုပ်ရပ်၊ ပြောစရာ မလိုလောက်အောင်ပင် ကမ်းကုန်အောင် ရက်စက်ယုတ်မာရန် ကြိုတင်ကြံစည်ပြီးသား။ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့က NLD နှင့် ကျွန်ုပ်တို့ ပြည်သူတို့ တာဝန်၊ တွေဝေစရာမလို၊ ခေါင်းစားစရာမလို၊ သတ္တိကြောင်ဖို့မလို၊ သတ္တိပြောင်ဖို့သာလိုအပ်ပေသည်။ နအဖကို စာသံပေဖွဲ့ အနူးအညံ့ အလှအပတွေနဲ့ ပြောဆိုလုပ်ကိုင်လို့မရ၊ အနှစ်(၂၀)က သက်သေရှိတယ်။ အမှတ်သည်းခြေမရှိတဲ့ ဗမာတွေအဖြစ်နဲ့ နောက်ထပ် အနှစ်(၁၀၀) စစ်ကျွန်ခံကြအုံးမလား၊ ရုန်းထွက်မလား ဆိုတာကတော့ NLD နဲ့ ပြည်သူတွေရဲ့ သွေးစည်းညီညွတ်ရေး၊ ဒါက ရာဇ၀င်တွင်မဲ့ မြန်မာ့ဒီမိုကရေစီသမိုင်း။

ထောင်ဆိုတာ သမိုင်းရဲ့ပြတိုက်တစ်ခု၊ ထောင်ကြောက်နေလို့မဖြစ်၊ ထောင်ကြောက်ရင် စစ်အာဏာရှင် သက်ဆိုးရှည်မည်။ ထောင်မကြောက်ရင် စစ်အာဏာရှင် သက်ဆိုးတိုမယ် ဒါက ၂၀၁၀ ရဲ့တစ်ခုတည်းသောအဖြေ။ သတ္တိကြောင်သူများအတွက် ဒီမိုကရေစီသည် ထိုက်တန်သော ဂုဏ်ပုဒ်မဟုတ်၊ ဒီမိုကရေစီသည် သတ္တိပြောင်သူများအတွက်သာ ထိုက်တန်သောဂုဏ်ပုဒ်ဖြစ်သည်။ ပြည်သူတွေရဲ့ကြောက်စိတ်၊ စစ်အာဏာရှင်ရဲ့မတရားဖိနှိပ်မှု အချိုးခံ၊အနှိမ်ခံ၊အဖိနှိပ်ခံ နေရသည့် စိတ်တွေကို သတ္တိအဖြစ်ပြောင်းလဲရန်မှာ လူထုခေါင်းဆောင်များ၏ အရေးကြီးသော တာဝန်တစ်ခုဖြစ်ပေသည်။

ပြည်သူတွေရဲ့တာဝန်
NLD ပါတီမှတ်ပုံမတင်၊ရွေးကောက်ပွဲမ၀င်ခဲလျှင် ဘာဆက်လုပ်မလဲ၊ ပါတီရှိဖို့မလို နိုင်ငံရေးရှိဖို့လိုသည်။ နိုင်ငံရေး သေမသွားအောင် ဘယ်နည်းလမ်းတွေကို အသုံးပြုကြမလဲ ယခုကတည်းက စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရတော့မည်။ ကြောက်ရင် ပိုပြီးတော့ဖိနှိပ်တယ်၊ ပြည်သူတွေ နိုင်ငံရေးမလုပ်ဖို့ နအဖက တားမြစ်တယ်၊ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တယ်၊ နိုင်ငံရေးမလုပ်ဘူး၊ စိတ်မ၀င်စားဘူးဆိုတဲ့လူတွေ အနှစ်(၂၀) ဘာဖြစ်ခဲ့လဲ၊ တစ်တိုင်းတစ်ပြည်လုံး ခွေးမဖြစ်ရုံတစ်မယ်ပဲ၊ စစ်ကျွန်ဖြစ်ခဲ့တယ်၊ စစ်ခွေးတွေ အနိုင်ကျင့်နှိပ်စက်တာကို လူနဲ့သူနဲ့မတူအောင် ခံခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။ ဘာရုပ်မှပေါက်မလာခဲ့ဘူး။ ဒီတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် နိုင်ငံရေးလုပ်ကြရမယ်၊ ဒီမိုကရေစီတော်လှန်ရေးလုပ်ကြရမယ်။ နအဖအာဏာရူးတွေပြောတာကို လိုက်လုပ်နေလို့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်၊ အပြတ်တော်လှန်ကြရမယ်။ မြန်မာပြည်စစ်ကျွန်အောက်ကလွတ်မြောက်ရေးအတွက် ၂၀၁၀ မှာ အပီးသတ်တော်လှန်ရေးတိုက်ပွဲ ဆင်နွဲကြရပါမယ်။ NLD ဦးဆောင်တဲ့ ပြည်သူတွေ မဆင်နွဲရင် နအဖက အပြီးပိုင် ဆင်နွဲပါတော့မယ်။ ဒါကိုအထူးသတိပြုကြပါ။ တော်လှန်ရေး အင်အားစုများ၊ တော်လှန်ရေး မအင်အားစုများ အားလုံး ယခုအချိန်ကစလို့ မြန်မာပြည် စစ်ကျွန်အောက်က လွတ်မြောက်ရေးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ကစလို့ စုပေါင်းပါဝင် ဆင်နွဲကြဖို့ အချိန်ကြရောက်နေပါပြီ။

နအဖဆိုတာ
နွားအဖွဲ့၊ လူစိတ်သူစိတ်မရှိသူများစုဝေးထားသည့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့၊ ပြည်သူလူ ထုကို ထင်တိုင်းကြဲ နှိပ်စက်နေသည့် လိုင်စင်ရအကြမ်းဖက်အဖွဲ့၊ NLD ဆိုတာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက လုံးဝဥဿုံ အကြွင်းမဲ့ အာဏာအပ်နှင်းခံခဲ့ရတဲ့ မြန်မာပြည်၏ တစ်ခုတည်းသော ဒီမိုကရေစီ ရှေဆောင်လမ်းပြပါတီအဖွဲ့ချုပ်၊ ပြည်သူတွေကို အကာအကွယ်ပေးရမယ်၊ တိုင်းပြည်အကျိုးကိုရှေ့ရှုပြီး အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး ပြတ်ပြတ်သားသားလုပ်ဆောင်ကြရမယ်။ ရန်သူက ပြတ်သားတာကို အောင်မလေး အော်နေလို့ မဖြစ်၊ အော်နေရမည့် အချိန်မဟုတ်တော့၊ တိုက်ပွဲအသွင် လမ်းကြောင်းပြောင်းသင့်ချိန်ရောက်လာလျှင်ပြောင်းရမည်။ တိုက်ပွဲခေါ်ရမည်။ လူထုရဲ့ခေါင်းဆောင်တွေ အမည်ခံထားပြီး ဝေတေတေ လေတေတေ လုပ်နေကြဦးမည်ဆိုပါက ခရစ်နှစ် ၃၀၀၀ ပြည့်သော်လည်း ဒီမိုကရေစီရရှိနိုင်မည်မဟုတ်ပေ။ ယခုအချိန်အခါသည် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူရွေးထုတ်ပွဲအဖြစ် မဝေးတော့သည့်ကာလတွင် ထွက်ပေါ်လာတော့မည်ဖြစ်ပြီး၊ ၂၀၁၀ တော်လှန်ရေးအသွင်သစ်ဖြစ် စစ်အာရူး ခွေးသူတောင်းစားများအဖွဲ့ကို အမိမြေပေါ်မှ အပြီးပိုင်ဖယ်ရှားပစ်ရန် အချိန်ကြရောက်လာပြီ ဖြစ်ပါကြောင်း တော်လှန်ရေးသစ္စာဖြင့် အသိပေးလိုက်ရပါသည်။

ရွှေဝါရောင်ဘုန်းဘုန်း

၂၉.၀၃.၂၀၁၀

ပေးပို့ပေးသူ ကိုဝဏ္ဏ၊ ခမိခဆဲ

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏သဘောထားကြေညာချက် (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ ) ...

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏သဘောထားကြေညာချက်
(ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )

စစ်အာဏာရှင်တို့၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်းမှစ၍ ထွက်လာသမျှ ဥပဒေ၊ နည်းဥပဒေများသည် စစ်ဝါဒီတို့၏ တစ်ဖက်သတ် ထင်ရာစိုင်း ရေှးဆွဲထားကြောင်း ထင်ထင်ရှားရှား ပေါ်လွင်နေသည်ကို ကမ္ဘာကပင် သိရှိနေခဲ့ကြပေပြီ။

ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွင်ပင် ____

၁။ ပြစ်ဒဏ်ကျခံနေရသူများကို ပါတီဝင်အဖြစ်မထားရခြင်း။

၂။ မှတ်ပုံတင်ခွင့် လျှောက်ထားသူ (၁၅) ဦးလုံးက၊ တစ်ဦးချင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ဝန်ခံကတိ လက်မှတ် ရေးထိုးရခြင်း။

၃။ ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃) နေရာ မဝင်မဖြစ် ဝင်ရခြင်း။

စသည့်အချက်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို မြန်မာနိုင်ငံ၏ နိုင်ငံရေး အခန်းကဏ္ဍမှ ဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားနေပေသည်။

ထိုသို့သော အခြေအနေဆိုးတွင် အဓိက နိုင်ငံရေး ဦးဆောင် ပါတီကြီးဖြစ်သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၏ အနိုင်ရ NLD ပါတီ တွင် ပါတီမှတ်ပုံတင်ရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ မလိုအပ်ဘဲ ဖြစ်ပေါ်လာသည် ကို စိတ်ပျက်ဖွယ် သိရှိလာရသည်။

NLD သည် ၁၉၉၃ ခုနှစ်မှ စတင်ခဲ့သော အခြေခံဥပဒေ ပေါ်ပေါက်ရေး အကြောင်းပြ နအဖ၏ အမျိုးသား ညီလာခံကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည်။ ထိုအကြောင်းကြောင့် NLD မှ ရွေးချယ်ခံ ကိုယ်စားလှယ်များ မတရားဖမ်းဆီး ထောင်ချခံခဲ့ရသည်။ “တွေ့ဆုံဆွေးနွေးရေး’’ ဟူသော ခေါင်းစဉ်ကို နှစ်ပေါင်းများစွာ ဝတ်ကျေ တန်းကျေ ဖက်တွယ်ထားခဲ့ပြီး ကျီးနှင့်ဖုတ်ဖုတ် NLD ဌာနချုပ် ဘဝတွင် CEC တို့သည် ခွင့်ပြုချက်ရလျှင် ကြေညာချက်ထုတ်ခြင်းမှ တပါး မည်သည့် နိုင်ငံရေး လုပ်ငန်းစဉ်မှ မချမှတ်နိုင်ခဲ့ပေ။ ပါတီတည်မြဲရေးအတွက်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းခံ ပါတီ ခေါင်းဆောင်များအား ပါတီမှ ထုတ်ပယ်ခြင်းကိုပင် အရှက်မဲ့စွာ ပြုလုပ်ခဲ့သေးသည်။ ရွှေဝါရောင် တော်လှန်ရေးတွင်လည်း NLD CEC တို့ မသိကျိုးကျွံ တာဝန်မဲ့ ပြုခဲ့ကြပြန်သည်။

၂၀၀၈ နအဖ၏ စစ်ကျွန်ဇာတ်သွင်းသည့် ဖွဲ့စည်းပုံကို တဖက်သတ် အတည်ပြုလိုက်ပြီးသောအခါ ၌လည်း “ရွှေဂုံတိုင် ကြေညာစာတမ်း” ဟု ထုတ်ပြန်ရုံသာရှိခဲ့ပြီး ၎င်းတို့၏ သတ်မှတ်ကာလကျော်လွန်သည့် တိုင်အောင် တိကျသော နိုင်ငံရေးလမ်းစဉ်ဖြင့် မတုန့်ပြန်နိုင်ခဲ့ချေ။
၁၉၈၈(၈၈၈၈) အရေးတော်ပုံသည် ရဟန်းရှင်လူ၊ ကျောင်းးသား၊ ပြည်သူတို့၏ အသက်ပေါင်းများစွာ စတေးခဲ့ရပြီးမှ မဆလ တပါတီအာဏာရှင်တို့ ကျဆုံးခဲ့ရသော ပြည်သူ့အောင်ပွဲတရပ်ဖြစ်သည်။ ထိုအောင်ပွဲ၏ အသီးအပွင့်အဖြစ် ပေါ်ထွက်လာခဲ့သော နိုင်ငံရေးပါတီများထဲမှ-လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည် ဦးဆောင်သော NLD ပါတီကို ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ပြတ်ပြတ်သား ရွေးချယ်မဲဆန္ဒပေးခဲ့ဖြင့် အနိုင်ရပါတီအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ထို့ကြောင့် ပြည်သူလူထု၏ ဆန္ဒကို အဓိကထားရပေမည်။ ၈၈၈၈ အရေးတော်ပုံစိတ်ဓာတ်ကို မျက်ကွယ်မ်ပြုသင့်ပါ။

ရွေးကောက်ပွဲ ဟူသော အသံကြားရုံဖြင့် အာသာငမ်းငမ်းဖြစ်ကာ ဆင်ခြင်တုံတရားမဲ့ နေကြသည့် အချောင်သမား၊ အာဏာရူးများနှင့်တန်းတူ NLD- CEC များ မဖြစ်သင့်ပါ။ မိမိ၏ ရပ်တည်ချက်ကို သေချာစွာ ကိုင်စွဲထားသင့်ပါသည်။ ၁၉၉၀- ပြည်သူ့ဆန္ဒကို လျစ်လျူရှုရန် မကြံစည်သင့်ပါ။ ပါတီ ဆက်လက်ရပ်တည်နိုင်ရေး ဟူ၍ လည်းကောင်း၊ ဥပဒေတွင်းတိုက်ပွဲ တိုက်ရန်ဟူ၍လည်းကောင်း၊ မိမိတို့၏ အချောင်သမားစိတ်၊ အာဏာရူးစိတ်ကို မဖုံးကွယ်ပါနှင့်။ ၁၉၈၉-၁၉၉၀ ဝန်းကျင်ကတည်းက ဥပဒေတွင်းတိုက်ပွဲတိုက်ရန်ဟူ၍ ပါတီဖွဲ့ခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်အထိ မည်သည့် ဥပဒေတွင်း တိုက်ပွဲကိုမှ NLD - CEC တို့ မတိုက်နိုင်ခဲ့ပါ။

ရန်သူလက်တွင်း၌ မတရားချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကပင် မတရား ထုတ်ပြန်ခဲ့သည့် ဥပဒေများဖြစ်ခြင်းကြောင့် ပါတီမှတ်ပုံတင်ရန် သဘောမတူကြောင်း အတိအလင်း ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။

တဖန် NLD ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်အုပ်စုက အညှိုးကြီးစွာနှစ်ရှည်ထောင်ဒဏ်ချခံခဲ့ရသော ဒီမိုကရေစီရေးနှင့် ပြည်သူအပေါ်သစ္စာရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်က_ “ပါတီမရှိလည်းနိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်၊ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျွန်တော်လက်မခံနိုင်ဘူး၊” “နိုင်ငံရေှးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်၊ နိုင်ငံရေးမရှိဘဲ ပါတီရှိနေလို့ အလကားပဲ၊ ခေါင်းမရှိတဲ့လူလိုဘဲ ဖြစ်မှာဘဲ” ဟု မှန်ကန်သော အယူအဆကို ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်မည့် လမ်းကြောင်းမှန်ပေါ်သို့ တင်လိုက်ပြီဖြစ်သည်။

ဟံသာဝတီ ဦးဝင်းတင်သည် အလွန်ဆိုးရွားလှသော အင်းစိန်ထောင်ထဲတွင် မြေးအရွယ် လူငယ်များနှင့် လက်တွဲပြီး တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်သည်။ နိုင်ငံရေး စာစောင်ရအောင်ထုတ်သည်။ ထောင်တွင်းမှ နေ၍ ကုလသမဂ္ဂသို့ရောက်အောင် ‘နအဖ’၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးဆောင်ရေးသားပေးပို့ခဲ့သဖြင့် နအဖ စစ်အာဏာရှင်တို့၏ အညှိုးကြီးစွာဖြင့် ထောင်ထဲတွင် နှစ်တိုးထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

၂၀၀၉ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်ကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ပုဒ်မတပ်အရေးယူသောအခါတွင်လည်း “ပါတီဌာနချုပ်ထဲတွင် ငိုင်ပြီးငိုက်မနေဘဲ အများပြည်သူသဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသော သူမ၏ လမ်းညွှန်ချက်ကို ဦးထိပ်ထား၍ ဟံသာဝတီ ဦးဝင်းတင်သည် မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေး လက်နက်၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ရည်မှန်းချက်ပန်းတိုင်တစ်ခုတည်း ချမှတ်၊ ရှေးရှု၊ ရင်ဆိုင် ချီတက်ရေး လက်နက် ဟူသော လက်နက် သုံးရပ်ကို ကိုင်စွဲပြီးပြည်သူလူထုကြားတွင် မားမားမတ်မတ် ရပ်တည်ပြီး လူထုတိုက်ပွဲကို စိန်ခေါ်ခဲ့သူ ဖြစ်သည်။ သူသည် မည်သည့်နေရာရောက်ရောက်တော်လှန်ရေးနှင့် နိုင်ငံရေးကို သစ္စာမဖောက်သူ ဖြစ်သည်။

NLD ကို ပြည်သူ့ဘက်မှ ရပ်တည်သော ပါတီဖြစ်စေရန် ဟံသာဝတီ ဦးဝင်းတင်ကဲ့သို့သော ခေါင်းဆောင်မျိုးကို ရွေးချယ် ဝိုင်းဝန်းကြဖို့ အလုပ်နဲ့ သက်သေပြသင့်ပါပြီ။ အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ ရင်းနှီးခဲ့ရသော တော်လှန်ရေး ရပ်တည်ချက်၊ ခံယူချက် အပေါ်သစ္စာရှိစွာဖြင့် နအဖ ကို ဒူးထောက်၊ မှတ်ပုံတင်သည့် အညံ့ခံ အရှုံးပေးရေးဝါဒီ အချောင်သမားများကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်သွားပြီး တော်လှန်ရေးသစ္စာဖောက်များအဖြစ်သတ်မှတ်ကြေညာ၍ သမိုင်း တရားခံအဖြစ် သတ်မှတ်သွားရမည်ဖြစ်သည်။ ဒီတပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အချောင်သမားများကို လည်းကောင်း၊ ခြစားပျက်စီးနေသော အမတ်ရူးများကို လည်းကောင်း တိုက်ထုတ်ရှင်းလင်းပစ်ရန် လိုပေသည်။

ပြည်သူ့မျက်နှာ မထောက်သူ တချို့သည် ၎င်းတို့သဘောနှင့် ၎င်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရန်၊ပါတီရပ်တည်ရေးကို အကြောင်းပြပြီး နအဖ ခိုင်းသည့်အတိုင်း လုပ်ရင်း ပါတီမှတ်ပုံတင်ရန် ကြိုးစားကြပါတော့မည်။ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ မြို့နယ်အသီးသီးရှိ NLD အစိတ်အပိုင်းအားလုံးက မြို့နယ်အလိုက် ရွေးကောက်ပွဲမဝင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု မရှိဘဲ၊ ပါတီဝင်ခွင့်မရှိကြဘဲနှင့် မည်သည့်မြို့နယ် အစိတ်အပိုင်းကမှလည်း ပါဝင်မည် မဟုတ်ကြောင်း သေချာစွာစုစည်း၍ NLD ရုံးချုပ်သို့ ၂၈.၃.၁၀ နေ့မတိုင်ခင် ဆန္ဒပြုပေးပို့ကြရန် လည်းကောင်း၊ ပြည်သူလူထုအပေါ်သစ္စာရှိစွာဖြင့် ရဲရဲဝံ့ဝံ့ရပ်တည်ကြပြီး ဒီမိုကရေစီတော်လှန်ရေး၏ သူရဲကောင်း ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံပေးကြရန် လည်းကောင်း တိုက်တွန်းလိုပါသည်။

နအဖထံတွင် ဒူးထောက်အညံ့ခံပြီး ပါတီမှတ်ပုံတင်ကြမည့် အချောင်သမားအုပ်စုကို ဝိုင်းဝန်း ဆန့်ကျင် ကြပါရန် တိုက်တွန်းလိုပါသည်။

အထူးသဖြင့် ပြည်တွင်းရှိ NLD ရဲဘော်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားနှင့် ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံရေးတွင် တခဲနက်ပူးပေါင်းပါဝင်ပေးကြပါရန် ကျွနု်ပ်တို့ အောက်ဖော်ပြပါ နိုင်ငံရေး အကျဉ်းသားများမှ မေတ္တာရပ်ခံအပ်ပါသည်။

၁။ နအဖ၏ ၂၀၁၀ စစ်ကျွန်ပြုရွေးကောက်ပွဲကို ဆန့်ကျင်ကြ။

၂။ ဒူးထောက် အညံ့ခံပါတီ မှတ်ပုံတင်မယ့် နိုင်ငံရေးအချောင်သမားများကို

တိုက်ထုတ်ကြ။

၃။ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုတိုက်ပွဲ ဖော်ထုတ်ကြ။

၎။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ထောက်ခံကြ။

၅။ ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ၊၊

“အရေးတော်ပုံအောင်ရမည်။”

၁။ ဦးဇဝန အင်းစိန်ထောင်၊သာယာဝတီ၊တောင်ငူ။ (၁၉၉၃ ~ ၂၀၀၉)

၂။ ဦးစန္ဒောဘာသ အင်းစိန်ထောင်၊သာယာဝတီ။ (၁၉၉၃ ~၂၀၀၉)

၃။ ဦးသောဘိတ အင်းစိန်ထောင်၊ တောင်ငူ။ (၂၀၀၅~၂၀၀၆)

၎။ ဦးကုသလ စစ်တွေ၊ တောင်ငူ။(၁၉၉၁~၉၅)

၅။ ဦးဝိသုဒ္ဓ သာယာဝတီ၊ စစ်တွေ။(၁၉၈၈~ ၉၇)

၆။ ဦးဥက္ကံသ အင်းစိန်ထောင်၊ (၁၉၉၀ ~ ၉၃)

၇။ ဦးအာစရ အင်းစိန်ထောင်၊ သာယာဝတီ( ၁၉၉၀~၂၀၀၆)

၈။ ကိုလွင်မြင့် အင်းစိန်ထောင်၊ သရက်(၁၉၉၀ ~ ၉၈)

၉။ ကိုကျော်စိုးဝင်း အင်းစိန်ထောင်၊(၁၉၉၃ ~ ၉၈)

၁၀။ ကိုလှသန်း အင်းစိန်ထောင်၊ သရက်(၁၉၉၀-၂၀၀၄)

၁၁။ ကိုသီဟ အင်းစိန်ထောင်၊ သရက်(၁၉၉၆ ~ ၂၀၀၄)

၁၂။ ကိုစောညီညီ စစ်တွေ၊ အင်းစိန်၊ သာယာဝတီ(၁၉၉၁ ~ ၂၀၀၂)

၁၃။ ကိုအောင်ပန် မုံရွာထောင်(၁၉၈၉)

၁၄။ ကိုအောင်မိုး ပဲခူးထောင်(၁၉၉၈ ~ ၂၀၀၄)

၁၅။ ကိုအောင်သန်း အင်းစိန်၊ သာယာဝတီ( ၁၉၉၁ ~ ၂၀၀၉)

၁၆။ ကိုမိုးမြင့် အင်းစိန်ထောင်(၁၉၇၅~ / ၁၉၈၉~၉၅)

၁၇။ ကိုအေးမင်းစိုး အင်းစိန်၊ တောင်ငူထောင်(၁၉၈၈/ ၁၉၉၀ ~၉၃ )

၁၈။ ကိုစိုးထိုက် အင်းစိန်၊ သာယာဝတီ(၁၉၉၁~ ၁၉၉၉)

၁၉။ မမိုးကလျာဦး အင်းစိန်၊ သာယာဝတီ(၁၉၉၅ ~၂၀၀၁)

၂၀။ ဦးဇော်ဝင်း အင်းစိန်၊တောင်ငူ(၁၉၉၀~၉၇)

၂၁။ ကိုထွန်းလင်းကျော် အင်းစိန် (၂၀၀၄ ~၂၀၀၇)

၂၂။ ကိုကြည်ဝင်း အင်းစိန်၊သရက်(၁၉၉၄~၂၀၀၀)

၂၃။ ကိုကျော်ကျော်လွင် ကော့သောင်းထောင်၊ မြိတ်(၂၀၀၃~၂၀၀၉)

၂၄။ မသန်းသန်းဆင့် အင်းစိန်ထောင်၊(၂၀၀၅~၂၀၀၉)

၂၅။ မအေးအေးမိုး တောင်လေးလုံး(၁၉၉၈~၂၀၀၀)

၂၆။ ကိုအောင်ခိုင် အင်းစိန်၊ပုသိမ်(၁၉၉၆~၂၀၀၃)

၂၇။ ကိုသီဟရာဇာ အင်းစိန်၊ကလေး၊တောင်ကြီး၊ (၁၉၉၁~၂၀၀၉)

၂၈။ ကိုတင့်လွင်(ခ)သိဂီင်္အောင် အင်းစိန်၊သရက်(၁၉၉၀~၁၉၉၈)

၂၉။ ဦးဝင်းမြင့် အင်းစိန်၊သာယာဝတီ(၁၉၉၆~၂၀၀၅)

၃၀။ ဦးဌေးလှိုင် အင်းစိန်၊ တောင်ငူ(၂၀၀၀~၂၀၀၅)

၃၁။ ကိုအောင်ငွေဆန်း အင်းစိန်၊မြောင်းမြ(၂၀၀၀~၂၀၀၃)

၃၂။ ကိုကျော်ကျော်ခိုင် အင်းစိန်၊မြောင်းမြ(၁၉၈၈~၂၀၀၈)

၃၃။ ကိုဇော်မိုးမြင့်(ခ)တရုတ်ကြီး အင်းစိန်၊မြောင်းမြ(၁၉၉၈~၂၀၀၂)

၃၄။ ဦးစံမြင့် မော်လမြိုင်ထောင်(၂၀၀၅~၂၀၀၈)

၃၅။ ကိုကျော်ကျော်ခိုင် အင်းစိန်၊တောင်ငူ(၁၉၉၆~၉၈)

၃၆။ မသန္တာဦး အင်းစိန်ထောင်(၁၉၉၆~၂၀၀၂)

၃၇။ မသင်းမင်းစိုး အင်းစိန်ထောင်(၂၀၀၅~၂၀၀၉)

၃၈။ ကိုနိုင်မင်းထွေး အင်းစိန်ထောင်၊ မြောင်းမြ(၁၉၉၆~၂၀၀၂)

၃၉။ ကိုစိုးလွင် မြိတ်၊ အင်းစိန်၊ မော်လမြိုင်(၁၉၉၄~၂၀၀၈)

၄၀။ ကိုရန်အောင်ရွှေ အင်းစိန်ထောင်၊ သရက်(၁၉၉၉~၂၀၀၉)

၄၁။ ဒေါက်တာထင်ဇော် မန္တလေးထောင်(၁၉၉၉~၂၀၀၄)

၄၂။ ကိုယဉ်ထွေး အင်းစိန်ထောင်၊ သာယာဝတီ(၁၉၉၁~၂၀၀၀)

၄၃။ ကိုတိုးအောင် အင်းစိန်၊ မန္တလေး(၁၉၉၅~၂၀၀၅)

၄၄။ ကိုစိုးနိုင် မန္တလေး(၁၉၈၉-၉၀/၁၉၉၁-၉၂)

၄၅။ ကိုမြတ်ထွန်း အင်းစိန်၊ မြင်းခြံ(၁၉၉၁ ~ ၂၀၀၃)

၄၆။ ကိုစိုးမြင့် ထားဝယ်ထောင်(၁၉၉၀~၉၃)

၄၇။ ကိုဌေးဇော် အင်းစိန်၊ သရက်(၂၀၀၂~၂၀၀၈)

၄၈။ ဦးစောသန်းလှ အင်းစိန်၊ သရက်(၁၉၈၃~၂၀၀၆)

၄၉။ ဦးသက်နိုင် အင်းစိန်၊ မြစ်ကြီးနား(၁၉၈၉~၉၇)

၅၀။ ကိုစန်းလွင်ဦး အင်းစိန်၊ ထားဝယ်(၂၀၀၇~၂၀၀၉)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အများစုမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခံကြကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို...


မနက်ဖြန်မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အများစုမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခြံကကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုပါတယ်။

" မနက်ဖြန်နေ့လည်(၁၂)နာရီမှာ အန်ကယ်တို့ CEC တွေရယ် ပြည်နယ်နဲ့တိုင်းက ဗဟိုဦးစီး CC အဖွဲ့ဝင်တွေ ပါတီမှတ်ပုံတင်သင့်၊ မတင်သင့် ဆုံးဖြတ်ကြပါမယ်.... ။ အခုလက်ရှိ နောက်ဆုံးအခြေအနေ အန်ကယ် သိရသလောက်က Majority *အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီမှတ်ပုံမတင်ရေး သဘောထားကို ထောက်ခံကြတာ တွေ့ရပါတယ်....။ အန်ကယ်သိရသလောက် တော်တော်များများပါပဲ..." ဟု အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၃)ရက်နေ့က လူထုဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေကြီးဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ တွေ့ခွင့်ရစဉ်မှာ ပါတီမှတ်ပုံတင်ရေးအတွက် လူထုခေါင်းဆောင်မှ ပြောဆိုရာမှာ မတရားတဲ့ဥပဒေ၊ တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေအတွက် မှတ်ပုံတင်ရေးကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး.. ဒီလိုပြောဆိုတာဟာလည်း အဖွဲ့ချုပ်ကို ညွှန်ကြားခြင်း အမိန့်ပေးခြင်း မဟုတ်ကြောင်း အဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဆုံးဖြတ်ပါလို့ မှာကြားခဲ့ပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာမှ အထူးအာရုံစိုက် စောင့်ကြည့်နေပါတယ်။ လက်ရှိ ရွေးကောက်ဥပဒေနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှ ကန့်ကွက်ခဲ့ကြပါတယ်။

သတင်း.....ဒီမိုဝေယံ

(၆၅)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား (ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှတ်တမ်းဓာတ်ပုံများ..





ဓာတ်ပုံများ... ကိုဇင်မောင်...

“အရှုပ်ထုပ်နှင့် ဇာတ်ရှုပ်များသို့”..

Photobucket
“အရှုပ်ထုပ်နှင့် ဇာတ်ရှုပ်များသို့”..

သခင်အမျိုးတွေ အတွေးအမြင်မတတ်ပုံက

မစင် အသိုးတွေ ခွေးဝင်ဟပ်သလိုပ

ကြိုးပြတ်တဲ့ နွားသိုးတသိုက် ပမာအညီ

အဖိုးမထိုက်သကွဲ့ ဆိုးမိုက်ပါသည်

အချိုးစရိုက်မမှန် မတော်တရော် အရေးကိုမှ

အရိုးကိုက်ရန် ကမျှော်ကချော် တွေးပါလို့

ပထွေးအလိုကျ အမြီးနှံ့ပြန်သည်

နားရင်းသာ တီးချင်သကွဲ့လေး။


ရန်နိုင်ထွန်း

လွတ်မြောက်နယ်မြေ၊ ကိုရီးယား

ကိုမင်းကိုနိုင်ကဗျာ....

ဇော်ဂျီဖိုဝင်သား

ကြမ်းပြင်က အထက်ရောက်

ခေါင်မိုးကအောက်မှာနေ

ဖြစ်ပုံတွေ အတော်ဆန်း

ပြောင်းပြန်ကို အတည့်လှန်ဖို့

ဒဏ္ဏာရီဆန်ပါစေတော့

ဇော်ဂျီဖိုဝင်သားသာ

စားလိုက်ချင်သေး

ပေါ်ဦးထွန်း

ကိုဇင်မောင်ရဲ့ Share Photos ထဲကပါ...

ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကို ဘာတွေမှာထားခဲ့လဲ...


Bogyoke
"ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါကစကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာစစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”


* လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)

* ရဲဘော်သုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။

“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့
အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က
ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားရင် မကြောက်၊
အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊
ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား
နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ
မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊
တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ
တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။
သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။
“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့
တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊
တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး
ဆိုတာ တထစ်ချမှတ်ထားပါ။”
“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။
ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။
သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။
ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး
လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့
ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့မှ
ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင်
ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ
ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။
အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”

‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’

‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’

‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’

* ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။



(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)



* လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။



(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)



* ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။



(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)



* ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။



* စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။



(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)



* ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။



(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)


"အမျိုးသားခေါင်းဆောင်ကြီးရဲ့ရုပ်ပုံကို တံဆိပ်ခေါင်းထက် ပိုမကြီးစေတဲ့ အာဏာရူး တစ်ယောက်ရဲ့ ကျေးဇူးကန်းမှုနဲ့ ယုတ်မာမှုလောက် အကျည်းတန်ဆုံးအရာ မရှိဘူး။"

အလင်းဆက်
၂၇.မတ်လ.၂၀၁၀

ဂျပန်နိုင်ငံ စစ်အခွန်ရုံးရှေ့မှာ ပြုလုပ်တဲ့ (၆၅)နှစ်မြောက်တော်လှန်ရေးနေ့ အခမ်းအနားနှင့် ၂၀၁၀ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲ အခမ်းအနား...


၆၅နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး အသံဖိုင်...



၆၅နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်ကျောဇော၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး တို့နဲ့ VOAမှ ဆက်သွယ်မေးမြန်းချက်အသံဖိုင်ပါ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၆၅)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားဓာတ်ပုံမှတ်တမ်း...





ဓာတ်ပုံများ ကိုသန့်ဇင်ဦး၊ ကိုရွှေနန္ဒ...

ကြပ်ပြေးမှာ နောက်ဆုံးကျင်းပတဲ့ (၆၅)နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား

Burma Update - 65th Anniversary of Revolution Day in Nay Pyi Taw - 27 March 2010
ပေးပို့လာသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ လူသားချင်းဆိုင်ရာ ထောက်ပံမှုများ လုံးဝရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်းထုတ်ပြန်...


ဒီနှစ် မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ (၂၀၁၀)ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ်ချခံထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့်မရအောင် ပြုလုပ်ထားခြင်းနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှ မြန်မာနိုင်ငံအား လူသားချင်းဆိုင်ရာ အထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရမှ ဒီလ(၈)ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များကို ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရနိုင်တာ ဂျပန်အစိုးရမှ ထောက်ပြ ပြောဆိုနေပါတယ်။ ပါဝင်ခွင့်ရအောင် ပြန်လည် စဉ်းစားစေလိုကြောင်း ပြောဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှ (၂၆)ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ (၂၀၁၀)ရွေးကောက်ပွဲမှာ ဦးဆောင်ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတာ သိတဲ့အတွက် တော်တော်လေး ၀မ်းနည်းကြောင်းပြောဆိုသွားခဲ့ပါတယ်။
တိုကျိုမြန်မာသံအမတ်ဦးလှမြင့်(ညာ.......ပုံ)
အဲဒီနေ့မှာဘဲ ဂျပန်နိုင်ငံရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးလှမြင့်အား ၎င်းကိစ္စနှင့်ပတ်သတ်၍ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာသံအမတ်ဦးလှမင်းကလည်း ဂျပန်နိုင်ငံက ထောက်ပံ့မှုဖြတ်တောက်ဖို့ စဉ်းစားနေတဲ့ကိစ္စကို နအဖစစ်အစိုးရကို အကြောင်းပြန်လိုက်မှာ ဖြစ်ကြောင်းပြောဆိုတယ်လို့ သိရပါတယ်။


သတင်း ။ ။ ဒေါင်းမာန်ဟုန်

မျှဝေပေးပို့လာတဲ့ ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မှထုတ်ပြန်တဲ့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ သဘောထား

NLD LA
ပေးပို့လာသူ မြတ်လေးငုံ....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အပြည်ပြည်ဆိုင်ရာသံဃာ့ အဖွဲ့ရုံးမှ အိတ်ဖွင့်ပေးစာ...


အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ မြန်မာပြည်သူများသို့ မေတ္တာရပ်ခံချက်

ဆရာတော် သံဃာတော်များရဲ့ ရွေးကောက်ပွဲ သဘောထား

ဒေါ်အောင်ဆန်းစုကြည်လက်ဆောင်နဲ့ ဝေဒပညာရှင်တစ်ဦးအမြင်...

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ဘလော့မှာ ဖော်ပြထားတဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ " ဆိုတဲ့... ဖော်ပြပါ.. သတင်းမှန်ကန်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်က ခြံထဲမှာစိုက်တဲ့ ခြံထွက်ဗူးသီး၊ သရက်သီးနဲ့ ကဒက်ချဉ်တို့ကို ဗဟိုအမျိုး သမီးအဖွဲ့ဝင်များအတွက် လက်ဆောင် ပေးလိုက်ပါတယ်တဲ့... နောက် ဒေါ်အောင်ဆန်းစုကြည်က As Joke ဆိုပြီး ဗူးဆိုရင် ဖရုံ မသီးဘူး”ဆိုတဲ့ စကားကို ပြောလိုက်ပါသေးတယ်တဲ့ ဒါကြောင့် ဒီသတင်းဟာ မှန်ကန်ပါကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြန်လည် ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ လက်ဆောင်နဲ့ ပတ်သတ်ပြီး မိတ်ဆွေ ဝေဒပညာရှင် တစ်ယောက်နဲ့ အမှတ်မထင် စကားစပ်မိရာမှာ ထိုဗေဒင်ပညာရှင် ယခုလို နိမိတ်ကောက်ပေးသွားပါတယ်... သူရဲ့ပြောစကား ကတော့ " ဆရာတို့ နိမိတ်ကောက်တဲ့ အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရိုးရိုးတန်းတန်း ပေးလိုက်တာပါပဲ.. ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးရိုးသာမာန် လူတစ်ယောက် မဟုတ်ပဲ ကမ္ဘာသိ လူထုခေါင်းဆောင်တစ်ယောက် ဆိုတော့ နိမိတ်တွေနဲ့ သက်ဆိုင်နေပါတယ်။

အသံထွက် ဗူး(ဘူး)ဆိုထဲက ငြင်းပယ်တဲ့ ဆန်ကျင်တဲ့ လက္ခဏာဆောင်တယ်။ အားလုံးဒီရွေးကောက်ပွဲကို ငြင်းပယ်ကြလိမ့်မယ်။ နောက် သရက်နဲ့ သန်းရွှေက ထပ်တူကျနေတယ်။ နောက် ကဒက်ချဉ်မှာ အသံထွက် ကဒက်(ကတတ်)ဆိုတာ မြန်မာစကားမှာ ကတက်ဆိုတာ ခွေးကတက် ဆိုတာရှိတယ်.. လှေကားအောက်ခြေ ဖိနပ်ချွတ်တဲ့ နေရာပေါ့ .. ချဉ်ဆိုတာက မုန်းတဲ့ အသွင်ဆောင်တယ်။ ဒါကြောင့် အားလုံးကိုခြုံလိုက်ရင် ဗိုလ်သန်းရွှေလုပ်မယ့် ဒီရွေးကောက်ပွဲဟာ အားလုံးရဲ့ ငြင်းပယ်မှုကိုခံရနိုင်ပြီး သူကိုယ်တိုင်လည်း အားလုံးရဲ့ချဉ်ဖတ်ဘဝကိုရောက်ပြီး လှေကားအောက် ခွေးကတက် ကို ရောက်မယ်။ တနည်းခွေးကျကျမယ်လို့ ဆရာတော့ အဲ့လိုပဲ နိမိတ်အဖြစ်မြင်တယ် ... ဆရာကတော့ အသံနဲ့သက်ဆိုင်တဲ့ အသံထွက် နိမိတ်အမြင်ကို ပြောပြတာပါလို့"
ပြောဆိုသွားပါတယ်။

ဒါကတော့ရင်နှီးတဲ့ ဝေဒပညာရှင်တစ်ယောက်ရဲ့ အမြင်ကိုတင်ပြလိုက်တာပါ။ အောက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ရဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "

(၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ NLD ရုံးမှာ သတင်းထောက်အချို့နဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ပြန်လည်ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများ အပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေး ကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ ပြုလုပ်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထားပေးခဲ့ပါသည်။ ထူးခြားတာကတော့ အဲဒီနေ့မှာပဲ… ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ဗဟိုအမျိုး သမီးအဖွဲ့ဝင်များအတွက် သူမ၏ ခြံထွက် ဗူးသီးကြီးတလုံးကိုပါ ..... လက်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဒီလို ပေးလိုက်ခြင်းအပေါ် ဗဟိုအမျိုးသမီးအဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဆောင်ဟာ “ဗူးဆိုရင် ဖရုံ မသီးဘူး”ဆို တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေအပါအဝင် ကော်မရှင်ဥပဒေများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် ၎င်း ရွေးကောက်ပွဲကိုလည်း မဝင်ဘူး၊ ပါတီကိုလည်း မှတ်ပုံမတင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပဲ ပြောဆိုလိုက်တာပဲ” လို့ အဓိပ္ပါယ်ကောက်ယူကြပြီး အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ခိုင်လုံတိကျ သော သတင်းရပ်ကွက်မှ ကြားသိရပါသည်။
ttp://allburmamonksalliance.com/
http://allburmamonksalliance.org/
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ဘလော့မှာ ဖော်ပြထားတဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "

ပျက်ဖြစ် ကိုကျော်သူ....

KO KTလူဆိုသည်မှာ မွေးပြီးလျှင်သေကြမည်သာဖြစ်သည်။

သတ္တ၀ါမှန်သမျှ ဖြစ်လိုက်ပျက်လိုက် ဖြစ်တော့သည်။

ဒါကတော့ . . . တရားသဘောအရပင်။ သို့သော် ကျွန်ုပ်တို့၏ ပေးဆပ်မှုများကတော့ . . . ပျက်လိုက်ဖြစ်လိုက် (ပျက်ဖြစ်)ပင် ဖြစ်တော့သည်။

ဤတွင် . . . ကျွန်ုပ်တို့သည် တရားသဘောကို ဆန့်ကျင်ခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် ဗုဒ္ဓ၏ဟောကြားချက်ကို ဖီလာပြုခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် ဒိဋ္ဌိအယူစွဲများ မဟုတ်ပါ။

ကျွန်ုပ်တို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်များသာဖြစ်သည်။

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာကို လက်ကိုင်ပြု၍ ကျင့်ကြံပွားများနေသူတို့သာ ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် . . . ``ဖြစ်ပျက်´´လောကကြီးထဲတွင် ရပ်တည်နေကြရင်းနှင့် အများအတွက် အကျိုးရှိစေမည့်၊ အကျိုးပြုစေမည့် ကုသိုလ်ကောင်းမှုများကို လုပ်ကိုင်ရာ၌ ``ပျက်ဖြစ်´´ လုပ်ငန်း၊ လမ်းစဉ်တို့ကို ကျင့်သုံးမိတော့သည်။

အကြောင်းရင်းကို ရှင်းပြရသော် . . . ကျွန်ုတို့၏ လူမှုရေးအသင်းဖြစ်သော နာရေးကူ ညီမှုအသင်း (ရန်ကုန်)၏ လုပ်ငန်းစဉ်များတွင် သေဆုံး (ဘ၀ပြောင်း)သွားသူတို့၏ ရုပ်ကလာပ် များကို သင်္ဂြုလ်ပေးခြင်းတို့သည် ဖြစ်ပျက်ကို ရှုခြင်းပင်ဖြစ်သည်။ မွေးလာလျှင် သေဆုံးဖို့ ခြေလှမ်းခြင်းပင်ဖြစ်သည်။ ဘယ်နေ့သေမည်၊ ဘယ်အချိန်သေမည်၊ ဘယ်နေရာတွင် သေမည် ကိုတော့မသိနိုင်။ သို့သော် . . . သုခကုသိုလ်ဖြစ်ဆေးခန်း၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှုများ သည်ကား ပျက်ဖြစ်ပင်ဖြစ်တော့သည်။

အဘယ့်ကြောင့်ဆိုသော် . . . လူဆိုသော သတ္တ၀ါတို့သည် မွေးဖွားခြင်း (ပဋိသန္ဓေနေခြင်း) နှင့် ခန္ဓာအိမ်မှ ထွက်ခွာမှု (သေဆုံးခြင်း) ဆိုသည့် ကြားကာလတွင် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား သံသရာလည်ပတ်နေကြသည်။ ထိုသံသရာစက်ဝိုင်းအတွင်း လည်ပတ်နေစဉ်ကာလ၌ အကြောင်းကြောင်းကြောင့် ခြေလက်ကျိုးပဲ့ခြင်း၊ အစာအိမ်ထိခိုက်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ မျက်စိထိခိုက်ခြင်း စသဖြင့် ခန္ဓာကိုယ်၏ ဦးခေါင်းမှ ခြေဖ၀ါးအဆုံး ဖေါက်ပြန်/ ပျက်ဆီးဆုံးရှုံးခြင်းများကို အပျက်သဘောအားဖြင့် ကြုံတွေ့ကြရမည်ဖြစ်သည်။ သက်မဲ့ပစ္စည်းများဖြစ်သော နာရီ၊ ပန်ကာ၊ မော်တော်ယာဉ်၊ စက်ဘီးစသည်တို့လည်း ဖန်တီး/ ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် "ဖြစ်” ၍ သုံးစွဲ/ယိုယွင်းခြင်းအားဖြင့် “ပျက်”ခြင်း တို့ပင်ဖြစ်တော့သည်။ ယင်း သက်မဲ့ပစ္စည်းများ ချို့ယွင်း ပျက်စီးခဲ့ပါက လူသားတို့သည် ပြန်လည်ပြုပြင်သုံးစွဲကြသကဲ့သို့ လူသားတို့၏ ချို့ယွင်း ဖျက်ဆီးမှု တို့ကို မည်သူတို့က ပြန်လည်ပြုပြင်မွမ်းမံမှုများကို လုပ်မည်နည်း။
လူအချင်းချင်း စာနာစိတ်များထားရှိရန် ကျွန်ုတို့၏ တာဝန်ပင်ဖြစ်တော့သည်။
လူအချင်းချင်း မေတ္တာစိတ်များပွားများရန် ကျွန်ုတို့၏ တာဝန်ပင်ဖြစ်တော့သည်။
လူအချင်းချင်း ဂရုဏာစိတ်များထားရှိရန် ကျွန်ုတို့၏ တာဝန်ပင်ဖြစ်တော့သည်။

ဤတာဝန်၊ ၀တ္တရား၊ ခံယူချက်တို့ကို မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် ခိုင်းစေတာဝန်ပေးအပ်ခြင်းမဟ
ုတ်။ ကျွန်ုပ်တို့၏ လူပီသသော အသိဥာဏ်၊ လူပီသသော ခံယူ ချက်၊ လူပီသသောဝတ္တရားများသည် ဖြတ်သန်းလာခဲ့ရသောဘ၀ရဲ့ သင်ခန်းစာ၊ ဘ၀ရဲ့ အတွေ့အကြုံ၊ ဘ၀ရဲ့ နာကျည်းချက်၊ ဘ၀ရဲ့ဒဏ်ရာဒဏ်ချက်များနှင့် ပဏ္ဍိတဆရာသမားများ ၏ ဆုံးမမှုများကြောင့် ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲမှုများလုပ်ကာ ဗုဒ္ဓရဲ့လမ်းစဉ် အတိုင်းလျှောက်လှမ်း ကြခြင်းပင် ဖြစ်သည်။

ဤသို့ ဗုဒ္ဓရဲ့လမ်းစဉ်၊ ဗုဒ္ဓရဲ့အလိုတော်ကျ လျှောက်လှမ်းရင်း ကျွန်ုပ်တို့၏ ပျက်ဖြစ် ပေးဆပ်မှုများ၊ ပျက်ဖြစ်စာနာမှုများ၊ ပျက်ဖြစ် ဂရုဏာထားမှုများကို ရှင်းပါအံ့။

သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသကြသော လူနာများသည် ကျန်းမာရေး ထိခိုက်၍ လာကြခြင်းဖြစ်သည်။ သူတို့၏ ခန္ဓာမှ သွေးသားဖေါက်ပြန်မှုများကြောင့် သွေးသား ပျက်စီးမှုကြောင့် လာရောက်ပြသခြင်းဖြစ်သည်။

ဤသို့သော ပြုပြင်ကုသပေးနိုင်သော လုပ်ရပ်များကို ကျွန်ုပ်တို့သည် လူသားအချင်း ချင်း ဂရုဏာစိတ်ထားကာ ကုသိုလ်ဖြစ် အခမဲ့ပြုပြင်ကုသပေးမှုများ လုပ်ခဲ့သည်မှာ မရေတွက် နိုင်တော့ပါ။ ကုသိုလ်ဖြစ်ကုသပေးသော ဆရာဝန်ကြီးများနှင့် ကျွန်ုပ်တို့၏ ထောက်ပံ့ပေးသော ဆေးဝါးများကြောင့် ``အပျက်´´ (နေမကောင်းဖြစ်ခြင်း) မှ နောက်ဆုံး အကြောင်းကြောင်းကြောင့် ပျက်ရသော သေခြင်းတရားမတိုင်ခင် ``အဖြစ်´´ (ကျန်းမာနေကောင်း လာခြင်း) သို့ ရောက်ရှိလာစေရန် စွမ်းဆောင် ပေးနိုင်ခြင်းဖြစ်သည်။

ထိုနည်းတူစွာပင် မျက်စိတိမ်စွဲ၍ အမြင်အာရုံမရှိသော လူနာများအတွက် မျက်စိခွဲစိတ် ပေးကာ အမှောင်ဘ၀မှ အလင်းဘ၀သို့ ရောက်အောင် စွမ်းဆောင်ပေးဆပ်ခြင်းမှာလည်း အထက်ဖော်ပြပါ အကြောင်းအလို့ငှါ အပျက်မှအဖြစ်သို့ လုပ်ဆောင်ပေးခြင်းပင် မဟုတ်ပါလား . . . .

အောက်ဖေါ်ပြပါ အထွေထွေ ရောဂါဝေဒနာသည်များနှင့် မျက်စိဝေဒနာရှင်တို့၏ ``အမှောင်မှ အလင်း´´ ``အပျက်မှအဖြစ်´´ ဘ၀သို့ရရှိရန် ရောက်ရှိလာကြသော သုခကုသိုလ်ဖြစ်ဆေးခန်း လူနာတို့၏ ရင်တွင်းခံစားချက်တို့နှင့် ဓါတ်ပုံများကို တင်ပြလိုက်ရပါသည်။

အထွေထွေ လူနာများ၏ ဓါတ်ပုံများနှင့် ရင်တွင်းခံစားချက်များ



မျက်စိဝေဒနာရှင်များ၏ ဓါတ်ပုံများနှင့် ရင်တွင်းခံစားချက်များ



ထိုနည်းတူစွာ . . . ကျွန်ုပ်၏ နှလုံးသားထဲ သတ်သတ်မှတ်မှတ် ဖြစ်ပေါ်လာခဲ့သော အဘ ဦးသန်းမြင့်နှင့် ကျွန်ုပ်ဆုံဆည်းမှုကို တင်ပြပါမည်။
လွန်ခဲ့သော ( ၄ )နှစ်ခန့်က ကျွန်ုပ် ရုပ်ရှင်ရိုက်ကွင်းသွားစဉ် ဗျိုင်းရေအိုးစင် (တာမွေ) မြို့နယ်တွင် အဖိုးအိုတစ်ဦး သစ်သားထောက်တံဖြင့် လမ်းကို တစ်လှမ်းခြင်း လျှောက်လှမ်းနေ သည်ကို မြင်တွေ့ရ၍ အဘအတွက် ငွေတစ်ထောင်လှူခဲ့သည်မှ စတော့သည်။

ဦးသန်းမြင့် - တာမွေ (Wheel Chair)



အဘနာမည်က ဦးသန်းမြင့်ပါ။ ကမ္ဘာကျော်လ္ဘက်ရည်ဆိုင်၊ ပရိဘောဂဆိုင် တာမွေပလာဇာနဲ့ မျက်နှာချင်းဆိုင်ရှေ့မှာ နေတယ်။ နာဂစ်ပြီးမှ အဘ ဒီိကိုရောက်လာတာ။ ဟိုတုန်းကတော့ ၁၅၇ လမ်းက မိတ်ဆွေတစ်ယောက် အိမ်မှာနေတယ်။ သူတို့ ရွှေပြည်သာကို ပြောင်းသွား တယ်။ အဘကို ထားခဲ့ကြတယ်။ ထားခဲ့တဲ့အတိုင်း အဘ နေတာပဲ။

အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ရယ် အဘပြောချင်တာက အတိတ်ကို ထားလိုက်တော့ အခုပစ္စုပ္ပန်မှာ အဘကို ဦးကျော်သူက ကူညီခဲ့လို့ အခုပစ္စပ္ပုန်မှာ အဘ ရပ်တည်နေနိုင်တာ မနက်ဖြန် အဘ ဘာဖြစ်မလဲ မပြောနိုင်ဘူး။ လမ်းထွက်သွားရင် ယာဉ်အန္တရာယ် ယာဉ်ကြော အဘ တိမ်းရှောင်ပြီး သွားနေရတယ်။ အဘ ဆေးရုံက ဆင်းလာတယ်။ တစ်နှစ် တိတိ သူများအိမ်မှာ နေတယ်။ စိတ်ဖိစီးမှုဒဏ် အဘခံစားခဲ့ရတယ်။ သာမာန်လူကောင်း တစ်ယောက် မဟုတ်ဘူး။ သူများလို အလူမီနီယံနဲ့ မသွားနိုင်ဘူး။ သစ်သားလေးချောင်း ထောက်လေးနဲ့ ကျွန်းသားနဲ့ လုပ်ထားတာလေးနဲ့ အဘ ဟော..ဒီလို ထော့နဲ့ ထော့နဲ့ သွားရတယ်။

ပထမဦးဆုံး ဦးကျော်သူနဲ့ ဗျိုင်းရေအိုးစင်လမ်းရဲ့ လမ်းအလယ်ခေါင်မှာ လက်တစ်ဖက်က ပတ်တီးလေးနဲ့ ကားခေါင်းခန်းမှာ ထိုင်နေတယ်။ အဘ မိုးရေထဲမှာ ဖြေးဖြေးနဲ့သွားတယ်။ သူက လက်ထဲမှာ တစ်ထောင်တန် ထုတ်ပေးပြီးလှူတယ်။ အော် .. ဦးကျော်သူ သူက မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေနဲ့ အဘကို တစ်ထောင်တန် ပေးတယ်။ အော် .. ဦးကျော်သူ ကျွန်တော် လက်မခံပါရစေနဲ့ ဘာဖြစ်လို့လဲ အဘလို့ သူက ပြန်မေးတယ်။ ကျွန်တော် ခင်ဗျားကို ဘာအလုပ်တစ်ခုမှ လုပ်မပေးခဲ့ဖူးဘူး .. မဟုတ်ဘူး .. ကျွန်တော် သဒ္ဒါပေါက်လို့ အဘကို လှူတာပါတဲ့ .. အချိန်မရွေး လိုအပ်တဲ့ အကူအညီ ရှိရင်ပြော ကျွန်တော် ဆီလာခဲ့ပါတဲ့ .. တစ်နှစ်ပြည့်တဲ့ အခါကျမှ အဘကို ယောဂီဝတ်နဲ့ အဘွားကြီး တစ်ယောက်က ဦးသန်းမြင့် ရှင် .. ဦးကျော်သူဆီ သွားပြီး အကူအညီ တောင်းကြည့်ပါလား .. သွားနိုင် လာနိုင်အောင်လို့ပေါ့ .. ရရင်လည်း ရမယ် .. မရရင်လဲ မရဘူးပေါ့။ ဒါနဲ့ အဘလည်း TAXI အငှားကားလေးနဲ့ သင်္ဃန်းကျွန်းမှာရှိတဲ့ နာရေးကူညီမှု ရုံးကိုသွားပြီး သူ့ကို အကူအညီတောင်းတယ်။ ဟိုလဲရောက်ရော ဦးကျော်သူက ကင်မရာယူပြီး အဘကို ဓါတ်ပုံရိုက်တယ်။ သောကြာနေ့မှာ သွားတယ်။ တနင်္လာနေ့မှာ Wheel Chair လာပေးတယ်။ အဘ အိပ်မက်ထဲတောင် မမက်ခဲ့ဘူး။ အဲဒီ Wheel Chair ပေးတဲ့နေ့က အဘကို ဦးကျော်သူ ကိုယ်တိုင်လာခေါ်တယ်။ ဟိုလည်းကျရော အဘ ဒီမှာ Wheel Chair တဲ့ .. ကျွန်တော် ကူညီမယ်လို့ ပြောထား ပြီးပြီတဲ့ .. အဘ ပီတိတွေဖြစ်ပြီး မျက်ရည်တွေ ကျတယ်။ ဦးကျော်သူ ဘာပြောလဲသိလား … ?

`` ကျွန်တော်လိုချင်တာ ဒါပဲတဲ့ .. လူတစ်ယောက်ရဲ့ ၀မ်းသာပီတိကို .. ။ ´´

မြန်မာနိုင်ငံမှာ သန်းပေါင်းမြောက်များစွာ ချမ်းသာတဲ့ လူတွေအများကြီး ရှိတယ်။ ဆင်းရဲတဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲဒီ ဆင်းရဲ၊ ချမ်းသာ ဒွန်တွဲနေတဲ့ထဲမှာမှ အဘကို လှူနိုင်တဲ့လူ သူဟာ ဦးကျော်သူ တစ်ယောက်ပဲ ရှိတယ်။



သံဃာတော်တွေ ဆန္ဒပြတုန်းက စစ်ကားတွေ Round လှည့်နေတယ် .. လူတိုင်းက ပြောတယ် .. ခင်ဗျားတဲ့ ဒီစာတန်းလေး ဖြုတ်ထားလိုက်ပါလား .. ဘာလို့ ဖြုတ်ရမှာလဲ .. ဒါ……..ကိုယ့်ရဲ့ အသက်သခင် ကျေးဇူးရှင် .. ဒီ Wheel Chair အနောက်က စာတန်းက အဘရဲ့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့ ရေးထိုးထားတာ



ကျွန်တော် ညအိပ်ရာဝင်တော့မယ်ဆို အမြဲတမ်း ဦးကျော်သူက ကျွန်တော့်ထက် အသက် အများကြီး ငယ်ပါတယ်။ ကျန်းမာပါစေ .. ချမ်းသာပါစေ .. အမြဲတမ်း ကျွန်တော် မေတ္တာပို့တယ်။ ဟိုတစ်ခါကိစ္စနဲ့ ပတ်သက်ပြီးတော့ အဘ BBC နားထောင်တယ်။ VOA နားထောင်တယ်။ လူများတွေက လာပြောတယ်။ သူတို့ပြောတာတွေ အဘ ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်လိုက်တယ်။ ဘာဖြစ်လို့လဲ .. မှန်တာလုပ်ရင်တော့ အမှန်အတိုင်းပဲ ဖြစ်ရမှာပဲ .. အချိန်တန်တော့ အမှန်တိုင်းဟာ အမှန်တရားအတိုင်း သူ့ဟာသူ ပြီးသွားတာပဲ။ အလင်းတန်း ဂျာနယ် အဘ အပါတ်တိုင်း ၀ယ်ဝယ်ဖတ်တယ်။ ဟိုတုန်းကဆို ဦးကျော်သူပုံ နာရေးကူညီမှု အသင်း အလှူငွေ လက်ခံတဲ့ပုံ အမြဲတမ်းပါတယ်။ အခု လုံးဝသူ့ နာမည် မပါဘူး။ သူ့ ဓါတ်ပုံတွေလည်း မတွေ့ရတော့ဘူး။ အခုကြည့် ခိုင်ရွှန်းလဲ့ရည် နာရေးကူညီမှုအသင်း အလှူငွေ လှူဒါန်းတာတွေ ဘာတွေ ဦးကျော်သူ နာမည်တစ်ချက် မပါဘူး .. ဓါတ်မှန်ခန်းအတွက် ဆိုလားပဲ …. ။



နောက်ပိုင်း ဟိုကိစ္စနဲ့ ပတ်သက်ပြီးကတည်းက လုံးဝ သူ့ပုံ မပါတော့ဘူး။ လွန်ခဲ့တဲ့ မနှစ်က ၁၂ လပိုင်းလား မသိဘူး။ ကျားကွက်သစ်မှာ နာရေးအတွက် ဦးကျော်သူကား ကျောက်မြောင်းလမ်းကနေ ကွေ့ဝင်သွားတော့ အဘ တွေ့လိုက်တာနဲ့ အဘချက်ချင်း Wheel Chair တွန်းပြီး လိုက်သွားတာ .. ခုနက နိဗ္ဗာန်ယာဉ် ဘယ်သွားလဲ .. ? အဲ့ဒီဘက်ကို ဆင်းသွားတယ်တဲ့ .. ဓမ္မ၀ိဟာရလမ်း ထဲကနေ။ ဟိုး .. စိုင်းထီးဆိုင်နေတဲ့လမ်းလေ။ ဟိုး .. ကျားကွက်သစ်ကျတော့ လမ်းကလည်း တော်တော်ဆိုးတာ .. အဘ သွားလဲသွားရော သူနဲ့ထိပ်တိုက် တွေ့ရော .. စကားပြောဖြစ်တယ်။ ကျွန်တော့်ကို ရုပ်ရှင်လဲ မရိုက်ရအောင် .. ဗီဒီယိုလဲ မရိုက်ရအောင် အကုန်လုံးပိတ်ထားတယ်။ အဲ့တော့ ဦးကျော်သူက နှုတ်ခမ်းမွှေး .. ပါးသိုင်းမွှေးနဲ့ အသားတွေမည်းပြီး ဆံပင်လည်း ရှည်လာတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက် Wheel Chair လှူတုန်းက ဟို ဘုန်းကြီးကျောင်းမှာလေ ရုပ်ရည်များဆို တခြားစီပဲ ယူပစ်သလိုကို ဖြစ်သွားတာပဲ။ အဘကြည့်ပြီးတော့လေ စိတ်မကောင်းလိုက်တာ . . . . ။

ဦးကျော်သူကနေပြီး အဘအတွက် T-Shirt လေးလဲ လက်ဆောင်ပေးလိုက်တယ်။ အဘရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးဓါတ်စာများ ၀ယ်ယူဖို့အတွက် ဦးကျော်သူကနေ ပိုက်ဆံ ၁၀၀၀၀/- (တစ်သောင်းကျပ်)ကို ထပ်မံလှူဒါန်း လိုက်ပါတယ်။ ဘုန်းကြီးကျောင်းဆေးခန်းကို တစ်ခါ နေမကောင်းလို့လေ .. Wheel Chair နဲ့ တာမွေကုန်းကနေ တက်ပြီးတော့ သုခဆေးခန်းလေး အဲဒီနေ့ သောက်ဆေးတွေလဲ အများကြီးပေးလိုက်တယ်။ အဘကို ပိုက်ဆံ ၃၀၀၀/- (သုံးထောင်ကျပ်) ထပ်ပေးလိုက်သေးတယ်။ အဘ ထမင်းဝယ်စားနော် .. လ္ဘက်ရည်သောက်နော် .. ကျွန်တော် လက်မခံ ပါရစေနဲ့ပြောလဲ မရဘူး အတင်းပဲ။ သူ့အမျိုးသမီး ဒေါ်မြင့်မြင့်ခင်ဖေ က အဘတဲ့ အဘကို ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်တဲ့ အရင်တုန်းက ဓါတ်ပုံထဲမှာပဲ တွေ့ဖူးတယ်တဲ့။ ဦးကျော်သူတစ်ယောက် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ရှိပါစေလို့ ကျွန်တော် နှုတ်ဆက်လိုက်ပါတယ်။ ။

အဘ ဦးသန်းမြင့်ကဲ့သို့ပင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါး၍ မသန်မစွမ်းဖြစ်နေသူ တို့ကိုလည်း ကျွန်ုပ်တို့ တတ်နိုင်သည့်ဖက်မှ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်ပေးခဲ့မှုများအား အောက်ပါပုံများနှင့် တင်ပြအပ်ပါသည်။





အချုပ်ဆိုရသော် . . . ကုသိုလ်ပြုရာတွင် လူသည် တိရစ္ဆာန်ထက်သာသလို အကုသိုလ် ပြုရာတွင်
လူသည် တိရစ္ဆာန်ထက်သာနိုင်သည်။

လူလေးမျိုှးရှိရာ၌ . . . အမှောင်ကလာပြီး . . . အမှောင်သွားမည့်လူ၊
အလင်းကလာပြီး . . . အမှောင်သွားမည့်လူ၊
အမှောင်ကလာပြီး . . . အလင်းသွားမည့်လူ၊
အလင်းကလာပြီး . . . အလင်းသွားမည့်လူ ဟူ၍ ရှိသည်။
ကျွန်ုပ်တို့သည်ကား အလင်းကလာပြီး . . . အလင်းသွားမည့် လူဖြစ်အောင် ကြိုးစားနေကြသည်။

သို့ကြောင့် . . . ဖြစ်ခြင်းနှင့် ပျက်ခြင်း
ရှင်ခြင်းနှင့်သေခြင်းတို့တွင် သေခြင်းသည် အဆန်းမဟုတ်။ ``ကံ´´ တစ်ခုနဲ့ ပိုင်းခြားလိုက်သည့်အတွက် ဘ၀တစ်ခု ကုန်ဆုံးသွားခြင်းဟုဆိုငြားသော်လည်း မသေခင်စပ်ကြား … ခံစားနေရသော ဝေဒနာ၊ မစွမ်းမသန်ဖြစ်မှုများကို ကျွန်ုပ်တို့ တတ်နိုင်သလောက် ပျက်ခြင်းမှ ဖြစ်ခြင်းသို့ ရောက်ရှိအောင် ကုသပေးခြင်း၊ အစားထိုးပေးခြင်းတို့ဖြင့် လူပီသအောင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ အားထုတ်ကြိုးပမ်း၍ ကုသိုလ်အထုပ်များကို စုဆောင်းရင်း ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး၊ (၇)ရက်သားသမီးအပေါင်းတို့ဖက်မှ ရပ်တည်ကာ အေးချမ်းသာယာဝပြောသည့် ငြိမ်းချမ်းမှု ပန်းတိုင်ဆီသို့ ချီတက်လျက်ရှိပါကြောင်း . . . . ။

ကမ္ဘာမြေပြင်သို့ အလည်အပါတ်ရောက်ခွင့်ပေး၍ … ဤကဲ့သို့ လူမှုရေး၊ ကုသိုလ်ရေး ကိစ္စအ၀၀ကို လုပ်ဆောင်ခွင့်ပေးခဲ့သော၊ ဖန်တီးပေးခဲ့သော မိဘနှစ်ပါးနှင့်တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ ပဏ္ဍိတဆရာသမားများ၊ မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အသီးသီးတို့နှင့် မောင်တစ်ထမ်း မယ်တစ်ရွက် ပေးဆပ်နေသော ကျွန်ုပ်၏ မဟေသီ - ရွှေဇီးကွက်အပြင် ဖခင်ဖြစ်သူ ကျွန်ုပ်အား သီလလုံခြုံရန် (ဆန်ရေ) လမ်းပြပေးခဲ့သော သား - ပြည်သိမ်းကျော်၊ သမီး - မြင့်မိုရ်ဦး တို့အား လေးစားဦးညွှတ်လျှက် . . . .

ကျော်သူ