Showing posts with label ပြည်တွင်းလှုပ်ရှားမှု. Show all posts
Showing posts with label ပြည်တွင်းလှုပ်ရှားမှု. Show all posts

ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များမှ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒလ၊ ကော့မှုးမြို့နယ် များသို့ အဖွဲ့ (၂)ဖွဲ့ခွဲ၍ မဲမပေးရေးလှုပ်ရှားမှု စာရွက်စာတမ်းများအား မဲဆန္ဒရှင် ပြည်သူများသို့ သွားရောက်ဝေငှခဲ့ကြောင်း သိရှိရပါသည်..။
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံမြို့နယ်များသို့ တစ်ဖွဲ့နှင့် ဒလ၊ ကော့မှုးမြို့နယ်သို့ တစ်ဖွဲ့ သွားရောက်ခဲ့ကြပါသည်။ သင်္ဃန်းကျွန်းဈေး၊ တောင်ဥက္ကလာပ ၁၀ရပ်ကွက်ဈေး၊ မြင်သာဈေး စသည့် လူစည်ကားရာ နေရာများသို့ သွားရောက် ဝေငှခဲ့ကြောင်း သိရှိရပါသည်..။ ရောက်ရှိ ဝေငှရရာနေရာတိုင်း ၌ပြည်သူလူထုမှ လိုက်လံ တောင်းယူကြကြောင်း အဆိုပါ .. မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါသည်..။
ကော့မှုးမြို့ဈေးအတွင်း စာရွက်ဝေငှရာ၌ ဈေးအာဏာပိုင်များ၏ တားမြစ်ခြင်းကို ခံရပြီး ကော့မှုးမှာ လက်ခံရယူခဲ့တဲ့ ပြည်သူများထံမှ မဲမပေးရေး စာရွက်များအား အာဏာပိုင်များမှ တရားမ၀င် စာရွက်တွေယူထား ပုံနှိပ်ဥပဒေနဲ့အဖမ်းခံရမည်ဟ ခြိမ်းခြောက် ပြောဆိုပြီး နေအိမ်များအထိ လိုက်လံတောင်းယူ ခဲ့တယ်လို့ သိရှိရပါသည်..။ အချို့မှာ ခြိမ်းခြောက်မှုအား ကြောက်ရွံ၍ ပြန်ပေးခဲသော်လည်း အများစုမှာ မိမိတို့အိမ်အား လာရောက်ဝေငှခြင်း မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
မနေ့က ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း
နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း
အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း
NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။
သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူညီမအား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ

ယနေ့(၁၉.၁၀.၂၀၁၀)တွင် ကျရောက်သော ကမ္ဘာ့ဒီမိုကရေစီ လူငယ်များနေ့နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများက ရန်ကုန်မြို့ရှိ တန်ခိုးကြီး ဘုရားစေတီများတွင် နှင်းဆီပန်းအ၀ါများ ကပ်လှူ၍ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုများကြောင့် ထောင်သွင်း အကျဉ်းချခံ နေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွကျောင်းသား၊ လူငယ်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ ထို့ပြင်ယနေ့နံနက်တွင် ရန်ကုန်မြို့ရှိ လုံခြုံစိတ်ချရသောနေရာ တခုတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီရေးလှုပ်ရှား တက်ကြွသူများ တပ်ပေါင်းစုဝင် ကျောင်းသားလူငယ်များက ကမ္ဘာ့ဒီမိုကရေစီ လူငယ်များနေ့နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့အထိမ်းအမှတ် ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။ ၄င်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂမှ ကိုမင်းသွေးသစ်က ပြောကြားရာတွင်” ကျွန်တော်တို့ဘုရားတွေမှာ ဆုတောင်းပွဲ လှုပ်ရှားမှုကို လုံခြုံရေးအရ ရွှေတိဂုံလို လုံခြုံရေး တင်းကြပ်တဲ့ ဘုရားမျိုးတွေမှာ မလုပ်ပဲ တခြားတန်ခိုးကြီးဘုရား တချို့မှာ ဘုရားတဆူကို လူလေးယောက်ခွဲပြီး ပြုလုပ်ခဲ့ပါတယ်။ ပုဇွန်တောင် ရွှေဘုန်းပွင့်ဘုရား၊ ဗိုလ်တထောင်ဘုရား၊ သင်္ကန်းကျွန်း ကျိုက်ကဆံဘုရား၊ သန်လျင်ကျိုက်ခေါက်ဘုရား၊ ကျိုက်ဒေးယုံဘုရားနဲ့ တခြားဘုရားအချို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတော့ ဗဒတတပ်ပေါင်းစု လူငယ်ပေါင်း (၃၇)ယောက်မှ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ စစ်အစိုးရက သမိုင်းဖျောက်ထားတဲ့ (၇)ဇူလိုင်အရေးအခင်းနဲ့ တံတားနီ အရေးအခင်းလို ယနေ့ခေတ် ကျောင်းသားလူငယ် တွေမသိမမှီခဲ့တဲ့ သမိုင်းကြောင်းတွေကို ဆွေးနွေး ဟောပြောခဲ့ကြပါတယ်။ စစ်အစိုးရက ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေကို ဘယ်လိုမျိုးအကြမ်းဖက် နှိမ်နင်းခဲ့တယ်ဆိုတာနဲ့အဲဒီအရေးအခင်းတွေမှာ ကျဆုံးခဲ့တဲ့ ကျောင်းသား လူငယ်ပေါင်းများစွာ ကိုဒီနေ့လိုကမ္ဘာ့ ဒီမိုကရေစီလူငယ်များ နေ့မှာ သူတို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ကျွန်တော်တို့ လူငယ်တွေ သဘောတူညီချက်တခု ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ နိုင်ငံဒီမိုကရေစီရရှိရေးအတွက်အရင်က နောင်တော်ကြီးတွေရဲ့ လမ်းစဉ်အတိုင်း ကျွန်တော်တို့ရဲ့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ပေးဆပ်ပြီး မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျပြီး ဒီမိုကရေစီရရှိသည်.. အထိ လှုပ်ရှားဆောင်ရွက်ကြမယ်လို့ သံဓိဌာန်ချခဲ့ကြပါတယ်။ လှုပ်ရှားမှုနှစ်ခုစလုံးကို သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့ကြတဲ့အတွက် အာဏာပိုင်တွေရဲ့ နှောက်ယှက်တာ၊ ဖမ်းဆီးတာမရှိခဲ့ပါဘူး” ဟုပြောကြားသွားပါသည်။ ၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများသည် ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုတွင်ပါဝင်ပြီး ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ၂၀၁၀အလွန်ကာလတွင်လည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန့်ကျင်ရေးများ ဆက်လက်ပြုလုပ် သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ NEW GENERATION၊ ရွှေဝါရောင်မျိုးဆက်အဖွဲ့၊ ၂၀၀၇မျိုးဆက်ကျောင်းသားများ သမဂ္ဂ၊ မြေလတ်ကျောင်းသားများအဖွဲ့၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်အင်အားစုများနှင့် ၉၀ခုမျိုးဆက်အဖွဲ့ စသည့်အဖွဲ့ ပေါင်းခုနှစ်ဖွဲ့ ပါဝင်သည်။
ပေးပို့လာသူအား ကျေးဇူးတင်ပါသည်...

ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ် အင်အားစုများ၏ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများ၏ တတိယမြောက် လှုပ်ရှားမှုအဖြစ် LETTER CAMPAIGN လှုပ်ရှားမှုကို လွန်ခဲ့သည့်တပတ်ခန့်မှ စတင်ပြီးပြုလုပ်ခဲ့ကြသည်။ စစ်တပ်အသွင်ပြောင်းပါတီဖြစ်သောကြံ့ဖွတ်ပါ တီနှင့် အစိုးရပြုလုပ်မည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကိုသရော်လှောင်ပြောင်ထားသော ပို့စကတ်များထည့် ထားသည့် စာအိတ်ပေါင်းတထောင်ကျော်ကို လွန်ခဲ့သည့်ဆယ်ရက်ခန့် ကတည်းက အဆိုပါ လူငယ်အင်အားစုများက ရန်ကုန်တိုင်းအတွင်းရှိ စာတိုက်ပုံး အသီးသီးမှ နေ၍ မြန်မာနိုင်ငံအနှံအပြားရှိ မြို့နယ်များသို့  ပို့ ဆောင်ခဲ့ကြကြောင်း လှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများအဖွဲ့ ဝင် လူငယ်တစ်ဦးထံမှ သိရှိရသည်။ ဖြန့် ဝေခဲ့သည့်ပို့ စကတ်များတွင်" ကြံ့ဖွတ်ကို မဲပေးရင်သံဃာတွေကို သတ်ဦးမှာပဲ" "ကြံ့ဖွတ်ကိုမဲပေးရင် ပြည်သူတွေငတ်ဦးမှာပဲ" "၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရင်ကျောင်းသားတွေ ထောင်ကျဦးမှာပဲ" စသည့် စာသားများပါဝင်သည့် အပြင် ဘောင်းဘီချွတ် လူဝတ်ပြောင်း၍ ကြံ့ဖွတ်ပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲ ၀င်ရောက် အရွေးခံရန် ပြင်ဆင်နေသော "ဦး" တပ်ခေါ်နေရသည့် စစ်ဗိုလ်ချုပ်ကြီးများကို သရော်လှောင်ပြောင်ထားသော ကာတွန်းပုံများလဲ ပါဝင်ကြောင်းသိရှိရသည်။
"ကျွန်တော်တို့က ဒီLETTER CAMPAIGN လှုပ်ရှားမှုကို ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် လှုပ်ရှား ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ သံဃာတော်တွေ သွေးမြေကျခဲ့ရတဲ့ လက်သည် တရားခံကို မမေ့ကြဖို့နဲ့ အဲဒီသာသနာဖျက်တွေ ကိုယ်တိုင်က ပုံစံပြောင်းပြီး ကျွန်တော်တို့ နိုင်ငံကို ထပ်မံအုပ်ချုပ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ လုပ်ကြံဇာတ်ကြီးကို ခင်းဖို့ကြံနေပြီဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူတွေ သတိပြုမိကြဖို့ အတွက် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ နောက်တခုက ပြည်တွင်းမှာပဲ ကျွန်တော်တို့လို ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားနေကြတဲ့ တခြားညီအစ်ကိုတော် အင်အားစုတွေကို အခုဒီ LETTER CAMPIGN လှုပ်ရှားမှုပုံစံမျိုးလိုပဲ ကိုယ့်ရဲဘော်တွေရဲ့ လုံခြုံရေးကို မထိခိုက်စေပဲ၊ အစိုးရရဲ့ လုပ်ငန်းယန္တရား ဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်းကို အသုံးချပြီး ကိုယ့်လှုပ်ရှားမှု ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ IDEA ကိုလဲပေးချင်ပါတယ်။ဒီ LETTER CAMPIGN ကိုလွန်ခဲ့တဲ့ ဆယ်ရက်က စတင်လှုပ်ရှားခဲ့ကြတာ ဖြစ်ပြီးစာအိတ်တွေပေါ်က ပို့ရမယ့် လိပ်စာတွေကိုတော့ ရန်ကုန်လမ်းညွှန်လိုစာအုပ်မျိုးနဲ့ တခြားဂျာနယ်တချို့က ရပါတယ်။ ကျွန်တော်တို့ အဓိကထားပို့ တာကတော့ မြန်မာနိုင်ငံ အရပ်ရပ်က လုပ်ငန်းရှင်တွေ၊ အစိုးရရုံးတွေကိုပါ။ ဒီလှုပ်ရှားမှုရဲ့ ပစ်မှတ်ကတော့ အလုပ်သမား လူတန်းစားနဲ့ အောက်ခြေ အစိုးရ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်" ဟုအထက်ပါ လူငယ်က ပြောကြားသွားပါတယ်။ ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ်ပြုလုပ်တဲ့ LETTER CAMPIGN လှုပ်ရှားမှုကို ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း အတွင်းရရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ် အင်အားစုများသည် လွန်ခဲ့သည့် လကလည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပထမလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် အသီးသီးသို့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်များ ဖြန့်ဝေခဲ့ကြပြီး၊ ဒုတိယလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ် ဆယ့်တစ်မြို့နယ်၏ လမ်းမများပေါ်တွင် ရွေးကောက်ပွဲ မဲမပေးရေး စတစ်ကာများ ကြဲဖြန့်ခဲ့သည့် ရွေးကောက်ပွဲဆန့် ကျင်ရေး တနင်္ဂနွေလှုပ်ရှားမှု ကိုပြုလုပ်ခဲ့ကြပြီး ယခုတတိယ လှုပ်ရှားမှုအဖြစ် LETTER CAMPIGN ကိုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ် အင်အားစုများ
ပေးပို့ပေးတဲ့ မြတ်လေးငုံအား ကျေးဇူးတင်ပါသည်။
ပေးပို့ပေးတဲ့ မြတ်လေးငုံအား ကျေးဇူးတင်ပါသည်။

20.8.2010 ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသော ကျောင်းသား လူငယ်များ အင်အားစုများက ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အကြိုလှုပ်ရှားမှု အဖြစ်စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့်ကျင်ရေး ပို့စ်ကတ်ဒ်နှင့် ဓါတ်ပုံများကို ရန်ကုန်တိုင်းအတွင်းတွင်ရှိသော ဘုန်းတော်ကြီး စာသင်တိုက်များကို အဓိကထား၍ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။ ၄င်းလှုပ်ရှားမှုကို အဆိုပါ ကျောင်းသားအင်အားစုများနှင့် ချိတ်ဆက် ဆောင်ရွက်နေသော သံဃာတော် အရှင်သူမြတ်အချို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသားလူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။ "ရန်ကုန်တိုင်းအတွင်းမှာ ပါဝင်တဲ့ လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့ နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့ နယ်၊ သုံးခွမြို့နယ်နှင့်သန်လျင်မြို့နယ်တို့မှာရှိတဲ့ စာသင်တိုက်တွေကို အဓိကထားပြီး ဖြန့်ဝေခဲ့ပါတယ်။ စာသင်တိုက်တွေကို အဓိကထား ဖြန့်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့ 2010 ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ချောက်ကမ်းပါးကို တွန်းပို့မယ့် ကိစ္စတစ်ခုပါဆိုတဲ့ Message ကို စာသင်သား သံဃာတော်တွေက တစ်ဆင့် သူတို့ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကို ရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဖြန့်ဝေတဲ့ပို့စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ် ဖြစ်အောင်ပြုလုပ်မယ့် 2010ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ တရားဝင် စစ်ကျွန်ဖြစ်စေမယ်...။့ 2010ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ ရွေးကောက်ပွဲမှာ မဲမထည့်ပဲ နေတာဟာလဲ ပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲဆိုတဲ့ စာသားတွေရယ် ရေးထားပါတယ်" ဟုအဆိုပါ ကျောင်းသားလူငယ်မှ ပြောကြားသွားခဲ့ပါသည်။ရန်ကုန်တိုင်းအတွင်း တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်များ.....
လှုတ်ရှားမှုသည် မည်သည့်အဖွဲ့အစည်း ၊ မည်သူ တဦးတယောက် ရဲ့ ကူညီထောက်ပံ့မှုမှ မပါဝင်ပဲ မိမိတို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ ကို အလိုမရှိကြောင်း လှုပ်ရှားမှုများတွင် ပြည်သူလူထုတရပ်လုံးနှင့်အတူ မျိုးချစ်တပ်မတော်သားများ၊ နိုင်ငံဝန်ထမ်းကောင်းများ နှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ အဖွဲ့အစည်းများ မှ ပူးပေါင်း ပါဝင်လာရန်အတွက် ရည်ရွယ် လှုပ်ရှားခြင်းဖြစ်ပါတယ်။ မိမိတို့ အဖွဲ့မှ လုပ်သင့်လုပ်ထိုက်သည်များကို ပြုလုပ်ခြင်းသာ ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း ၊ မည်သူတဦးတယောက်ရဲ့ လွှမ်းမိုးမှု့မှ မပါပဲ လွတ်လပ်စွာ ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် စစ်အာဏာရှင် တစု ဘားတိုက်သို့ မလွှဲမသွေ ပြန်ရမည်မှာ အသေချာဟု ယုံကြည်စွာဖြင့်....
မည်သည့် စစ်အာဏာရှင်မှာ လူထုကို မအုပ်ချုပ်စေရ။
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ အဖွဲ့
www.thebestmanure.org
tbmwaipl@gmail.com
tbmstk1@gmail.com
myayallzar@gmail.com
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ အဖွဲ့
www.thebestmanure.org
tbmwaipl@gmail.com
tbmstk1@gmail.com
myayallzar@gmail.com
မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ရဲ့၂၀၁၀ ရွေးကောက်ပွဲအား မဲမပေးရေး လှုပ်ရှားမူ / No Voting to the 2010 Election Activity...
Friday, August 13, 2010
ဒီမိုဝေယံ
No comments
Posted in:
တိုက်တွန်းနှိုးဆော်ချက်
ဓာတ်ပုံ
ပြည်တွင်းလှုပ်ရှားမှု
သတင်း

ကျတော်၊ကျမတို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) နှင့် သူငယ်ချင်းမိတ်ဆွေများသည်ယနေ့ သြဂုတ်လ ၁၂ရက်၂၀၁၀ ခုနှစ်တွင် ရန်ကုန်မြို့၏ အချက်အချာကျသော ဒဂုံမြို့သစ်၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဘုရင့်နောင်၊ ယုဇနပလာဇာ၊ ဒဂုံစင်တာ စသည့်မြို့နယ်များ၊ ဘတ်စကားများ ၊ လမ်းဘေးအုတ်ခုံများ၊ ကားပါကင်များ၊ အများသုံးရေအိမ်များ၊ လမ်းဘေးဓါတ်တိုင်များတွင် ဒေါ်အောင်ဆန်းစုကြည့်ပုံပါ ၊ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြည်သူတွေ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ မဲမပေးခွင့်ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိသည်ဟူသောရည်ရွယ်ချက်ဖြင့် မဲမပေးရန် ပိုစတာများကို ကပ်နှံသည့် လှုပ်ရှားမှုများအား ပြုလုပ်ခဲ့ပါသည်။
ပူတွဲပါဖိုင်အားကြည့်ရှုနိုင်ပါသည်။
ပူတွဲပါဖိုင်အားကြည့်ရှုနိုင်ပါသည်။
We, Generation Wave and other alliance friends, On August 12th 2010, conducted the No-Vote Poster campaigns with the distribution of Daw Aung San Su Kyi picture posters with the purpose of encouraging the public not to take part in the 2010 election in accordance with one of the acts from the 2010 Election Commission: "It is our right to vote or not to vote for 2010 election" in the public places such as public buses,pavements, parking-lots, public rest-rooms, and lamp-posts in Yangon areas including Dagon-Myo-Thit, Inn-Sein, Hlaing-Thar-Yar, Mingalardon, Bayint-Naung, Yazana Plaza, Dagon center.Please see the attached file for your reference.
Best Regards,
EI EI
Generation Wave
www.generationwave.org
တိုးတက်နေပါတယ်ဆိုတဲ့ မြို့တော်ရန်ကုန်မြို့လယ်ကောင်ရဲ့ ရှုခင်းတစ်ခု (ဓာတ်ပုံပေးပို့လာသူအား ကျေးဇူးတင်ပါသည်။)(၂၂)နှစ်ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ရန်ကုန်မြို့ အခြေအနေနဲ့ ပတ်သတ်ပြီး ပြည်တွင်းက ဆက်သွယ် ပေးပို့လာတဲ့ စာတွေကို ဖော်ပြလိုက်ပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက်မှ ရယက အဖွဲ့ဝင်များရဲ့ ပြည်သူအပေါ် အနိုင်ကျင့်စော်ကားမှု
ယနေ့ (၂၂)နှစ်ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ ရန်ကုန်မြို့မှာ လုံခြုံရေးအထူး တင်းကြပ်ထားပါတယ်။ ကားမှတ်တိုင်နဲ့ နေရာအနှံအပြားမှာ လုံခြုံရေးတွေ ချထားပြီး အရပ်ဝတ် ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေ နေရာအနှံမှာ စောင့်ကြည့်နေပါတယ်...။ ရယကရုံးနဲ့ ရယက အဖွဲ့ဝင်တွေကို ရှစ်လေးလုံး နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ မသင်္ကာတဲ့လူတွေကို ခေါ်ယူစစ်ဆေးခွင်၊ မေးမြန်းစုံစမ်းခွင့် ခွင့်ပြုတယ်လို့ မယက ကခွင့်ပြုပါတယ်..။ ဒီလို ခွင့်ပြုချက်အာဏာကို အလွဲသုံးစား ပြုပြီး ပြည်သူတစ်ဦးအား ရယက အဖွဲ့ဝင်တွေမှ အနိုင်ကျင့် စော်ကားပုံကို မခံမရပ်နိုင်တဲ့ ပြည်သူတစ်ဦးမှ စာရေးသားပေးပို့လာပါတယ်။
မယကကမဆီမဆိုင် အခွင့်အာဏာပေးတော့ ရယကအဖွဲ့ဝင်တွေက အာဏာထက်ကျော်ပြီး ဒီအခွင့်အာဏာကို အခွင့်ကောင်းယူပြီး မတရားအနိုင် အထက် ပြုကြတယ်။ ရွှေပြည်သာမြို့နယ် (၉)ရပ်ကွက် ရယက အဖွဲ့ဝင်တွေက ည(၁၀)နာရီကျော်တာနဲ့ ရုံးရှေ့တည့်တည့်က မိန်းလမ်းမကြီးပေါ်က လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးပါတယ်။ အဲ့ဒီလို ခေါ်ယူစစ်ဆေးရာမှာ မနေ့က (၇)ရက်နေ့ညက ည၁၀နာရီ ၁၅မိနစ်လောက်မှာ လူငယ်လေးတစ်ယောက်ကို ခေါ်ယူစစ်ဆေးတယ်။
"အဲ့လို ခေါ်ယူစစ်ဆေးရာမှာ အဲ့ဒီလူငယ်လေးက သီရိမင်္ဂလာဈေးမှာ မနက် ဈေးသွားဝယ်မလို့လေ. နောက် ဒီကောင်လေးက လူငယ်ဆိုတော့ နည်းနည်း သောက်စားထားတာပေါ့.... သူ့လွယ်အိတ်ထဲမှာ ဈေးဝယ်ဖို့ ငွေတွေနဲ့ ဈေးဝယ်ရမယ့် စာရင်း စာအုပ်ပါတယ်။ အဲ့ဒါကို ခေါ်ယူစစ်ဆေးတဲ့ ရယက အဖွဲ့က လွယ်အိတ်ပြဆိုပြီး လွယ်အိတ်ကို စစ်ဆေးတယ်.. အိတ်ထဲမှာ ဈေးဝယ်ဖို့ ငွေတွေကို တွေ့တယ်.. နောက် ဈေးဝယ်ဖို့ စာရင်းစာအုပ်ကို ချဲစာအုပ်ပါလို့ စွပ်စွဲပြီးတော့.. ထိုးကြိတ်ပါတော့တယ်။ ပြီးတော့ မင်းအဖမ်းမခံချင်ရင် ဘီယာတိုက်ဆိုပြီး အိတ်ထဲမှာ ပါတဲ့ ငွေလေးသောင်းထဲက ငွေနှစ်သောင်းကို ဘီယာဘိုးဆိုပြီး ယူပြီးတော့ ကျန်တဲ့ ငွေ(၂)သောင်းကို ပြန်ပေးလိုက်တယ်ပေါ့။ " အဲဒီလို သက်သက် အနိုင်ကျင့် နှိပ်စက်တာနဲ့ ပတ်သတ်ပြီးတော့ အဆိုပါလူငယ်မှ လူ့အခွင့်အရေး ရှေ့နေများနှင့် အရေးယူ တိုင်ကြားရန် စီစဉ်နေကြောင်း သိရှိရပါသည်....။ (ရယကဥက္ကဋ္ဌနဲ့ အဆိုပါ လူငယ်ရဲ့ အမည်ကို စီစဉ်သင့်တာ စီစဉ်ပြီးလျှင် ဆက်လက် ပေးပို့ပေးမယ်ဟု ဆိုပါတယ်။)
ဆက်လက် သိရှိရတဲ့ သတင်းအရ ရယကဥက္ကဋ္ဌ နာမည်က ဦးဖြိုးဇော်ဖြစ်ပြီး.. ကြံ့ဖွံ့အသင်းဝင် တစ်ဦးလည်းဖြစ်ပါတယ်။ ငွေမတရားလုခံလိုက်ရတဲ့ သူက မောင်အောင်မြင့် ဆိုသူ ဖြစ်ကြောင်း ဆက်လက် ပေးပို့လာပါတယ်....။
ယနေ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ ၂၀၁၀ရွေးကောက်ပွဲ့ ဆန်ကျင်သူများ အဖွဲ့မှယနေ့ ရန်ကုန်မြို့မှာ စစ်ခေါင်းဆောင်တွေရဲ့ ကာတွန်းပုံ ရုပ်ပြောင်များအား ဖြန့်ဝေခြင်း၊ ကားမှတ်တိုင်များ ကပ်ချင်းများ ပြုလုပ်ခဲ့ကြောင်း ထိုအဖွဲ့ရဲ့ တာဝန်ခံ ကိုအိုးဝေမှ ဆိုပါတယ်။ ၈ရက်နေ့ ယနေ့စတင်၍ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး.. အထူးသဖြင့် လုံခြုံရေးများ အထူးချထားသည့် နေရာများ၌ ကားပေါ်မှ ကြဲချခြင်းများ ရန်ကုန်မြို့ အတွင်း ပြုလုပ်ခဲ့တယ်လို့ ပြောဆိုပါတယ်။ အဆိုပါ အဖွဲ့ကို ၅ရက် ၈လ ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့မှာ တက်ကြွတဲ့လူငယ် အဖွဲ့ဝင် ၁၃ယောက်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်...။ အဆိုပါ အဖွဲ့ဝင်များမှ မိမိတို့ အဖွဲ့မှ ဆန့်ကျင်မှု ပြုလုပ်သလို ပြည်သူတွေ အနေနဲ့လည်း ဆန့်ကျင်မှု ပြုလုပ်စေလိုကြောင်း ပြောဆိုပါတယ်...။ ခေါင်းဆောင်၊ တာဝန်ခံအနေနဲ့ ထားရှိခြင်း မရှိကြောင်း ပြောဆိုပါတယ်....။ အဓိကက လူထုတွေအနေနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေပြီဆိုတာ သိရင်တော်လှန်ရေးအနေနဲ့ တစ်ဝက်လောက် အောင်မြင်ပြီလို့ ယူဆနိုင်မှာ ဖြစ်တဲ့ အတွက် ဆက်လက်ကြိုးပမ်း လှုပ်ရှားနေကြောင်း ပြောဆိုသွားပါတယ်....။
ဆက်သွယ် ပေးပို့သူများအား ကျေးဇူးအထူးတင်ပါသည်။

မခံမရပ်နိုင်သူ ပြည်သူတစ်ဦး
၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးအဖွဲ့ တစ်ခုစတင်လှုပ်ရှား

၂၀၁၀ရွေးကောက်ပွဲ့ ဆန်ကျင်သူများ အဖွဲ့
ဆက်သွယ် ပေးပို့သူများအား ကျေးဇူးအထူးတင်ပါသည်။
Subscribe to:
Posts (Atom)