ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
အမေသိပါစေ အမေကြားပါစေ (ကဗျာရှင် မေ)
အမေသိပါစေ အမေကြားပါစေ
(ကဗျာရှင် မေ)
တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ်၅၄တဲ့
အမေ့ရဲ့သမိုင်းဝင် ဒီစံအိမ်
မော်ကွန်းတင်မဲ့ နှစ်ရှည်အကျဉ်းထောင်တခုကိုလေ
ဖျက်ဆီးလိုသူတဦး ဦးအောင်ဆန်းဦးတဲ့
အမွေဆိုင်တရားစွဲ လျှောက်လဲခဲ့စဉ်က
အမေ့သားသမီးစုံညီ ပွက်ပွက်စီလို့
အမေ့အိမ်ကိုကာကွယ် ညီညွတ်ခဲ့ကြတာလေ။
ဒီလိုပဲအမေ
လက်ပံတောင်းတောင်အရေးတဲ့
လည်ပြန်ကြည့်ပါဦးအမေ
အမေ့သားသမီးတွေ
ဒီရေဒီမြေဒီသာသနာကိုကာကွယ်ဖို့
အစွမ်းကုန်ကြိုးပမ်း
ဖမ်းသူတွေလဲဖမ်း လဲသူတွေလဲလဲ
ရက်စက်သူလူစုလက်ထဲအလဲလဲအကွဲကွဲနဲ့
လူပင်လဲသော်လည်း စိတ်မလဲဘူး
ရှေဆက်သွားဖို့ အံကိုခဲဆဲ
ကိုယ့်အိမ်ကိုကိုယ် ကာကွယ်နေဆဲလေအမေ။
ဒီမိုကရေစီဆိုတာ ပြည်သူ့ ဆန္ဒတဲ့လား
ပြည်သူမပါရင် ဘာမှမဖြစ်ဘူးတဲ့လား
လွပ်လပ်စွာဖော်ပြတာကHuman Right တဲ့လား
အမေ့စကားတကယ်အားရ
လွမ်းလှတယ် အမေ
ကတိတည်ဖို့ကအရေးကြီးသတဲ့လား
ပွင့်လင်းတာကကောင်းတာလား
မီဒီယာတွေကြောင့် တဲ့လား
ဘာတွေလဲအမေ။
သားသမီးကအမေ့ကို ကာကွယ်
အမေကသားသမီးကို စောင့်ရှောက်
ညီညွတ်တဲ့ အလှတရားနဲ့
မြန်မာ့မိသားစုဘဝ
အားလုံးနားလည်ကြတဲ့ ဒီနေ့မှာ
အမေ့စကားတခွန်ကြားပါရစေ
အမေ။
            MAY 
(29.11.2012)
တရုတ်သတင်းဋ္ဌာနများမှ ထုတ်လွှင့်တဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှု ရုပ်သံသတင်းများ..
လက်ပံတောင်းတောင် စီမံကိန်း လုပ်ငန်းခွင်တခု
တရုတ်သတင်းဋ္ဌာနများမှ ထုတ်လွှင့်တဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှု ရုပ်သံသတင်းများ..
တရုတ်နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရှိသူကတော့ ဒီလက်ပံတောင်းတောင် အရေးကိစ္စဟာ Local law and Regulation နဲ့သာအကျုံးဝင်တယ်လို့ ပြောဆိုသွားပါတယ်..။
လက်ရှိနောက်ဆုံးရ သတင်း
 လက်ရှိနောက်ဆုံးရ သတင်း (နေမျိုးဇင် ဖေ့စ်ဘွတ်)
ဝမ်ပေါင် ကြေးနီ စက်ရုံ ၀င်ပေါက်မှ ပုသိမ်မုံရွာလမ်းဆုံ ထိ ကို သံဆူးကြိုးများ ပိတ်ပြီး ရဲလက်နက်ကိုင်များ အပိတ်ဆို့ထားသည်။ ယဉ်ကျေးမှု ကင်းမဲ့သော တုန့်ပြန်ဆက်ဆံတတ်သူ ရဲ တပွင့် နှင့် ကျနော် ပြသနာ တက်သည်။ ပြည်သူ လူထုကို ၇ိုင်းပြစွာ ဆက်ဆံသောကြောင့် ကျနော်က ယဉ်ကျေးစွာပြောဆိုရန် ပြောပြီး ကျနော် ကိုယ်တိုင် တပ်မတော် အရာရှိဟောင်း ဖြစ်ကြောင်း ပြည်သူ့လစာကို စားပြီး ပြည်သူကို ယဉ်ကျေးစွာဆက်ဆံဖို့ လိုကြောင်း ပြောသော အခါ ထို လ ၂၄၇၆၅၉ ဒုရဲအုပ် မျိုးမင်းနိုင် ( တန့်ဆည်စခန်း မုံရွာခရိုင်) က စစ်ဗိုလ်ဟောင်းလည်း ဖင်ခံ လိုက်ကွာ ဟု ဆိုသည် အထိ ရိုင်းစိုင်းစွာ တုန့်ပြန်သည်ကို ၀မ်းနည်းစွာ တွေ့ရှိရသည်။
ရဲတပ်ဖွဲ့ဝင်များ မျက်နှာသည် လွန်စွာမှပင် ၀မ်းနည်းစဖွယ်ကောင်းလောက်အောင် ယဉ်ကျေးမှု ကင်းမဲ့နေသည်ကို တွေ့ရှိရသည်။ ထို ဒုရဲအုပ်မှာ တိုင်းရင်းသား တဦးဖြစ်နေသည်ကို လည်း သတိပြုလိုက်မိသည်။
ရဟန်း သံဃာ လူ ပရိသတ် စုစုပေါင်း ၇၀ ခန့် ထိခိုက် ဒါဏ်ရာ ရခဲ့ပြီး၊ သံဃာတော် တပါး ပျံလွန်တော်မူသွားသည်ဟု တွေ့မြင်လိုက်ရသော ရွာသားများက ပြောပြ သော်လည်း အခြေအနေမှ စစ်မြေပြင် အတွင်း ညဖက် စိနင်း သတ်ဖြတ်တိုက်ခိုက်သကဲ့သို့ အလစ်အငိုက် အမိုက်ထု ကို အကာကွယ်ယူပြီး လက်နက်များ၊ မီးခိုးဗုံးများ၊ မီးလောင်ဗုံးဟု ယူဆ ရသော မီးလောင်စေတတ်သည့် ပေါက်ကွဲမှုများဖြင့် အလစ်အငိုက် တိုက်ခိုက် စီးနင်းခြင်း ဖြစ်ရာ ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မရနိုင်ပေ။
ပြောင်းခင်းများ အတွင်း ပုန်းအောင်းနေသေးသော ရွာသားများစွာ တို့ ယခုထက်တိုင် အဆက်သွယ် မရသေး။ ပျောက်ဆုံးနေဆဲဖြစ်သည်။
မိုးကြိုးပစ် ရွာနှင့် ၀မ်ပေါင် ဂိတ်ကြား တွင်လည်း သံဆူးကြိုးတာား လက်နက်ကိုင်များ ပိတ်ဆို့ ထားသောကြောင့် ရွာသား သုံးရာခန့်မှာ ပိတ်မိနေသည်။
ကျနော်တို့ အဖွဲ့ ထိုရွာသားများကို သွားရောက် ခေါ်ယူကာ ပိတ်ဆို့ထားသော ရဲများအား အဘယ်ကြောင့် အများသူငှာလမ်းအား ပိတ်ထားလဲဟု မေးပြီး အတင်းဖြတ်ရန် ကြိုးစားမှ ငါးဦးစီ ဖြတ်သန်းခွင့် ပေးသည်။ ထို လူပေါင်း ၂၀၀ ခန့်ကို ခေါ်ထုတ်လာခဲ့ပြီး ကျန်ရစ်နေသေးသော ရွာသားများကို ဆက်လက် ခေါ်ယူနေဆဲဖြစ်သည်။
မကြာမှီ ယခု ဖြစ်စဉ်များနှင့် မနီးမဝေး ကွင်းပြင်ကျယ် ထဲတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့် စင်မြင့် အနိးတွင် လူပရိတ်သတ် ရာပေါင်းမျာါးစွာ နှင့်အတူ ကျနော်တို့ စောင့်ဆိုင်းနေသည်။
ဓါတ်ပုံပင် တင်မရအောင် ကွန်နက်ရှင်က နှေးကွေးလွန်းသဖြင့် စာ အရင် တင်ပြလိုက်သည် မကြာခင် ပုံများတင်ပြပါမည်။
 Nay Myo Zin
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြားချက်နှင့် ဖြစ်ရပ်မှန် DVB ရုပ်သံ..
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား
၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)နှင့်မြင်တွေရစဉ်။ သတင်းဓာတ်ပုံ- သလ္လာဝတီတိုင်းမ်
နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိ
တ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။
ထို့အပြင် အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖေါ်ပြထားချက်မှာလည်း မတိကျ မခိုင်လုံကြောင်း ပြောကြားခဲ့ပါသည်။
"ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ တပ်မတော်သုံး မှိုင်းကာချတဲ့ဟာ မဟုတ်ဘူး။ နောက် နပမ်းဗုံးတွေလည်း မဟုတ်ဘူး။ " ဟု ဦးဇော်ဌေးက ပြောပါသည်။
ယခုဖြစ်စဉ်တွင် မီးခိုးဗုံးသာ အသုံးပြုခဲ့သည်ဟု ဆိုလျှင် မည်သည့် အတွက်ကြောင့် မီးလောင်ကြွမ်းမှုများ ဖြစ်ပွားရကြောင်း၊ ယခုမီးလောင်သည့် သပိတ်စခန်းများမှာ မိုရေကာဖျဉ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Eleven Media Group မှ မေးမြန်းမှုအပေါ် "ကျွန်တော်တို့ ပြည်ထဲရေးကို မေးတော့ မီးခိုးဗုံးလို့ ပဲပြောတယ်။ အဓိကရုဏ်း နှိမ် နင်းတဲ့နေရာမှာသုံးတယ်။ နိုင်ငံတကာမှာလည်း သုံးတယ်။ စစ် မြေပြင်သုံး မီးခိုးဗုံး မဟုတ်ဘူး။ သုံးခုစလုံးက အဓိကရုဏ်းနှိမ်နင်းတဲ့ဟာတွေ ချည်းပဲ။" ဟု ဦးဇော်ဌေးက ရှင်းပြပါသည်။
ထို့နောက် "အဓိကကတော့ စိုင်းသိန်းဝင်းဟာကြီးကတော့ မတိ ကျဘူး၊ မခိုင်လုံ ဘူး" ဟု ဆက်လက် ပြောကြားခဲ့ပါသည်။
ထို့ပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ရန်နှင့် ပတ်သက်၍မေးမြန်းမှုအပေါ် လုပ် ဆောင်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ မီးကျည်ရဲ့ အစနဲ့ ထိတာနဲ့ အရေပြားတွေ လောင်ကုန်တယ်။ တစ်ချို့ကြတော့ အရေခွံမလန်ဘဲ အသားချိုင့်သွားတာလည်း တွေ့ရတယ်။ သပိတ်စခန်းတွေက ၀ါးလုံးတိုင်တွေနဲ့ ပလပ်စတစ်မိုးကာတွေအုပ်မိုးထားတာ။ " ဟု ယင်းဖြစ်စဉ်အား မျက်မြင် သတင်းရယူနေသူ Eleven Media Group သတင်းထောက် ကိုအောင်သူက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာရသူများ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ သာမန်မီးလောင်နာနှင့် မတူဘဲ ဓါတုပစ္စည်း တစ်ခုခုကြောင့် ယခုကဲ့သို့ ဒဏ်ရာများကို ဖြစ်ပေါ်စေသည်ဟု ယူဆကြောင်း အမည် မဖေါ်လိုသူ ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါသည်။
"ကျွန်တော်သိရသလောက် မီးလောင် ဒဏ်ရာတွေက သာမန် မီးလောင်ဒဏ်ရာပုံမျိုး မပေါက်ဘူး။ ဓါတုပစ္စည်း တစ်ခုခုနဲ့ ထိထားတဲ့ ပုံမျိုးတွေ့ရတယ်။ သာမန် အဓိကရုဏ်း လက်နက်မျိုးမဟုတ်တဲ့ အတွက် အစိုးရအနေနဲ့က လုံလောက်တဲ့ ဖြေရှင်းမှုမျိုး လိုပါတယ်။ အစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ပြည်သူကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်။" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
Eleven Media Group 
လက်ပန်းတောင်တောင် စီမံကိန်း သပိတ်စခန်း မီးလောင်တိုက်သွင်း အကြမ်းဖက် ဖျက်ဆီးခံရမှုသတင်း (အသံဖိုင်)
ဓာတ်ပုံများ သိန်းသန်းဦး
လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား မီးလောင်စေသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း သိရ
 မုံရွာဆေးရုံမှ ဒဏ်ရာရ သံဃာတော်များ
လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား မီးလောင်စေသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း သိရ
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်
းများအား အင်းအားသုံးဖြိုခွင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာနေရာများသို့ မီးလောင်စေသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။
"ကျွန်တော်တို့က စဖြစ်တဲ့အချိန်မှာ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာရှိတဲ့ ပင်မသပိတ်စခန်းမှာ ရှိနေခဲ့တာပါ။ သူတို့က ပထမပိုင်းတုန်းက အင်းအား သုံးပြီး ဖြိုခွင်းမယ်ဆိုပြီး ကြေညာပါတယ်။ မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ လက်ရှိအချိန်မှာတော့ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာတော်တွေနဲ့ လူတွေကို ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေမှာ ဆေးကုသနေရတယ်။ ထိခိုက်တဲ့အထဲမှာ လူတွေထက် သံဃာတော်တွေက ပိုပြီးဒဏ်ရာရကြတာ တွေ့ရတယ်။ တစ်ချို့  ကို မုံရွာဆေးရုံကို ပို့ပေးပြီးတော့ ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်" ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးမှ ပြောကြားခဲ့သည်။
”စဖြစ်တာက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်မှာ စတင်ဖြစ်သွားခဲ့တာပါ။ အစဦးဆုံး မီးသတ်ပိုက်နဲ့ မထိုးခင်မှာ ကျော်ရွာဂိတ်ဆီက သေနတ် ၃ ချက် ဖောက်လိုက်သံကြားလိုက်ရတယ်။ အဲဒီနောက်မှာပဲ စတော့တာပါပဲ။ ပထမ မီးသတ်ပိုက်နဲ့ သပိတ်စခန်းထဲမှာ ရှိနေတဲ့သူတွေကို ရေတွေနဲ့ စဖျန်းပါတယ်။ ၁၀ မိနစ်လောက်ကြာတဲ့အခါမှာတော့ မီးကျည်လိုအရာတွေနဲ့ စပစ်တယ်။ နောက်မီးခိုးတွေထွက်တယ် နောက်ပေါက်ကွဲတယ်။ အစကတော့ သပိတ်စခန်းထဲမှာ နေရင် အခြေအနေ မဟန်တော့ဘူးဆိုတာ သိပါတယ်။ အဲဒီတော့ သပိတ်စခန်းတွေ ပျက်ဆီးချင် ပျက်ဆီးသွားပါစေ။ လူတွေကိုတော့ လွတ်ရာကိုပြေးကြဖို့အတွက် ဆရာတော်တွေက ဆော်သြပေးတယ်။ ဒါနဲ့ပဲ လွတ်ရာကိုတောင် ကြား၊ တောင်ပေါ်တွေကနေ ပြေးခဲ့ကြရပါတယ်။ သံဃာအများစု ထိခိုက်ဒဏ်ရာရကြတယ် လူတွေလည်းအနည်းငယ် ထိခိုက်မှုတွေရှိပါတယ်။ သံဃာတချို့ကိုလည်း ရဲကားတွေအပေါ်မှာ ပါသွားတာမြင်လိုက်ရပါတယ်။ အခုချိန် ထိဖြိုခွဲခံရတဲ့ သပိတ်အဖွဲ့ဝင်တွေဟာ လုံခြုံတဲ့နေရာမှာ ရှိနေ ကြပါတယ်”ဟု မောင်းတန်ဂိတ်(တောင်ပေါ်ဂိတ်) သပိတ်အဖွဲ့ဝင်တစ်ဦးက ကိုယ်တွေ့ကြုံခဲ့သည်များကို ပြောပြခဲ့သည်။
ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။ လတ်တလော ရရှိထေားသော သတင်းများအရ မုံရွာဆေးရုံတွင် ရောက်ရှိကုသခံနေရသူ ၅၀ကျော်ခန့်ရှိပြီး အများစုမှာ မီးလောင်ဒဏ်ရာများဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရသူများထဲမှ ဒဏ်ရာအခြေအနေ ပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ အင်အားသုံးဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူ ရာဂဏန်းခန့်ရှိပြီး အတည်မပြုနိုင်သော သတင်းများအရ ယခုဖြစ်စဉ်ကြောင့် သေဆုံးသူများရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများလည်း ရှိနေကြောင်း သိရှိရသည်။
”စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာနေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။
 တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။ အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။
 မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှမဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်” ဟု အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နှက်များ အသုံးပြုနှိမ်နင်းခဲ့သည် ဆိုသည်ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့ ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။
Eleven Media Group
မျက်နှာဖုံးတို့ကွာကျလေပီ နောက်ပြန်လှည့်ကျတော့မည်လော
လက်ပန်းတောင်းတောင် စီမံကိန်းတွင် ရှိနေသည့် သပိတ်စခန်းများကို ယနေ့ နံနက် ၃နာရီကျော်ကျော်ခန့် တွင် ရာချီသော ရဲတပ်ဖွဲ့ ဝင်များက မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုန်းများဖြင့် ၀င်ရောက် စီးနင်း ဖြိုခွဲခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။
နောက်ဆက်တွဲ သတင်းများကို ဆက်လက် စုံစမ်းကာ တင်ပြသွားပါမည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား
နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။
ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော
EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
ခြသေ့င်္လည်ပြန် သို့မဟုတ် ပြန်ညှိရမဲ့ ကာရံ...
 ခြသေ့င်္လည်ပြန် သို့မဟုတ် ပြန်ညှိရမဲ့ ကာရံ...
ဒီနေ့ ဂျာနယ်မှာ ဖတ်လိုက်ရတာလေးကို သဘောမတွေ့ဘူး။ တိုင်းပြည်ကို တိုးတက်အောင်လုပ်နေပါတယ်ဆိုတဲ့အစိုးရ က ဖုန်းလိုင်းနဲ့အင်တာနက်သုံးတာကို data နဲ့ယူမယ်ဆိုပီး ကြေငြာထားတယ် တစ်ကယ်တမ်း သူများနိုင်ငံတွေမှာလဲ data နဲ့ယူပါတယ် ဥပမာ စင်ကာပူဆိုပါတော့ M1 mobile မှာကျတော် ဖုန်းသွားဝယ်မယ်ဆိုရင် ဖုန်းsim card ကို သွားဝယ်မယ်ဆိုရင် iphone 5 ပေးပါတယ် ၂ နှစ်စာချုပ်နဲ့ပါ တစ်ခါထဲပေးဖို့က iphone 5 16 GB ယူမယ်ဆိုရင် 430 စင်ကာပူဒေါ်လာပေးရမယ် လစဉ်ကြေးက ၃၉ ကျပ်ပေးရမယ် free local out going call 120 (min) ၁၂၀ မိနစ် အလကားပေးပြောတယ်။ free local sms (မက်ဆေ့ခ်ျ) က အစောင် ၆၀၀ ပေးတယ် ။ အင်တာနက် သုံးဖို့က တစ်လကို 2GB အလကားပေးတယ်။
 အလကားပေးတယ်ဆိုတဲ့စကားကနဲနဲတော့မှားနေတယ်ဗျာ လစဉ်ကြေး ၃၉ ကျပ်ထဲမှာပါတဲ့ ၀န်ဆောင်မှုလို့ပြောရင် ပိုမှန်မယ် ထင်တယ်။ အခြားသော ၀န်ဆောင်မှုတွေပါသေးတယ်ဗျာ။ ဆိုတော့ ကျတော်တို့ မြန်မာပြည်မှာ အခု 100kbp ကို ၂ကျပ်ယူမယ် 1MB ကို ၂၀ ကျပ်ယူမယ်။ 100 MB ကို ၁၅၀၀ ဒါမှမဟုတ် ၁၈၀၀ လစဉ်ကြေးနဲ့ယူမယ် လို့ တရားဝင်တော့ မဟုတ်သေးဘူးနော် ပြည်သူတွေကို အကဲစမ်းတဲ့အနေနဲ့ ဂျာနယ်တွေမှာ ဖွပေးလိုက်တယ်။
 စင်ကာပူနဲ့ ကျတော်တို့ နိုင်ငံက ယူတာနဲ့ တွက်ကြည့်ရအောင်ဗျာ စင်ကာပူမှာ ကျတော် ၂ နှစ်စာချုပ်နဲ့ ယူလိုက်ရင် အိုင်ဖုန်းတစ်လုံး ရမယ် ဗျာ ။ အိုင်ဖုန်း ၅ တစ်လုံးလက်ရှိပေါက်ဈေး စင်ကာပူဒေါ်လာ ၉၄၈ ကျပ်ပေါ့ဗျာ မြန်မာငွေနဲ့ဆိုရင် 663800 ကျပ်ကျတယ်။ ၂နှစ်စာ ချုပ်က တစ်လ ၃၉ကျပ်နဲ့ စင်ကာပူဒေါ်လာ 936 ကျပ်ကျတယ် ဆိုတော့ ၂နှစ်စာချုပ် လစဉ်ကြေးနဲ့ချေ လိုက်ရင် ဖုန်းဖိုးကျေပီ။ ၂နှစ်စာချုပ်နဲ့ စ၀ယ်တာနဲ့လက်ငင်းပေးချေရမဲ့ ပိုက်ဆံ စင်ကာပူ ၄၃၀ မြန်မာငွေနဲ့ဆို ၃၀၁၀၀၀ ကျတယ် အဲဒါ ၂ နှစ်စာ အင်တာနက် သုံးခနဲ့ ဖုန်းပြောခ ၊ အဲဒီမှာပြန်တွက်မယ်။ ၂နှစ်စာ ဖုန်း ကို တစ်လ ၁၂၀ မိနစ်နဲ့ ၂၄လ မိနစ် ၂၈၈၀ စာ ကျတော်တို့နိုင်ငံက ခေါ်ဆိုခနဲ့ဆိုရင် ၁၄၄၀၀၀ အင်တာနက် က တစ်လ ကို 2GB နဲ့ ၂၄ လစာ 49152MB အခု မြန်မာပြည်က ယူမယ်ဆိုတဲ့နှုန်းနဲ့ဆိုရင် ၇၃၇၂၈၀ ကျပ် ။ ပေါင်းလိုက်ရင် ၈၈၁၂၈၀ ကျပ် ကျတယ် အဲဒါကို လက်ငင်း ပေးချေရမဲ့ငွေ ၃၀၁၀၀၀ နဲ့ ချေလိုက်ရင် ၅သိန်း၈သောင်းလောက် သက်သာသွားပီ။ ဒါ တောင် မက်ဆေ့ တစ်လကို အစောင် ၆၀၀ မတွက်ထားဘူး ကျန်တဲ့ဝန်ဆောင်မှုတွေ ( M1 ဖုန်းကဒ်ချင်းတူရင် ဖုန်းနံပါတ် ၃ ခုကို အလကားကြိုက်သလောက်ခေါ်) ဆိုတာမပါသေးဘူး။
 အဲဒီတော့ မြန်မာ့ဆက်သွယ်ရေးက ကျတော်တို့တွေကို ဘယ်လောက်အထိ ရိုက်စားလုပ်ထားသလဲဆိုတာ စဉ်းစားသာကြည့်ပေတော့ဗျာ စဉ်းစားသာ ကြည့်ကျပါတော့ အရပ်ကတို့ရေ လို့သာပြောလိုက်ချင်ပါတယ် ။ ဒါက အိုင်ဖုန်း ၀ယ်တဲ့လင့် ဒါက M1 မှာ ၂ နှစ်စာချုပ် အတွက်လင့် ဒါက Sing Tel မှာ ၂ နှစ်စာချုပ်အတွက်လင့် ဒါက starhub မှာ ၂ နှစ်စာချုပ် အတွက်လင့် ဘာလို့ ကျတော်တို့ မြန်မာ့ဆက်သွယ်ရေးက ဒီလိုလုပ်မပေးနိုင်ရတာလဲ ဒီလိုလုပ်ပေးနိုင်မဲ့ ကုမ္ပဏီတွေက မကမ်းလှမ်းလို့လား ဘာလို့ တရုတ်ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပီးတော့ ဖုန်းချပေးဖို့စီစဉ်ရတာလဲ နိုင်ငံတစ်ကာက တစ်ကယ့်ကို ရင်းနှီးမြုပ်နှံမှု လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတွေက မလာကျလို့လား နည်းပညာလဲမြင့် ပြည်သူတွေလဲအဆင်ပြေတဲ့ ချိုသာတဲ့ဈေးနှုံးနဲ့ရမဲ့ ကုမ္ပဏီတွေ လုံးဝ မလာကျလို့လား ဘာလို့လဲဆိုတဲ့အတွေးတွေနဲ့ မြန်မာ့ဆက်သွယ်ရေး နောက်ပြန်လှည့်ခြင်း ဒါမှမဟုတ် သမင်လည်ပြန်နေခြင်း ဆိုတဲ့ အတွေးတွေ ခေါင်းထဲကို ၀င်လာမိပါတော့တယ်။
ရေးသားပေးပို့သူ K.S.L
ကျေးဇူးရှင် ဓားပြများသို့...
ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျမည်...။ 
 ယခုနှစ် ၃လပိုင်း ၁၉ရက်နေ့က လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအုတ်မြစ်ချပွဲ အခမ်းအနားမှာ တွေ့ရတဲ့ တရုတ်စီမံကိန်းဥက္ကဋ္ဌ၊ တရုတ်သံအမတ်နဲ့ အတူတွေ့ရတဲ့ မြန်မာတာဝန်ရှိ ပုဂ္ဂိုလ်များပေါ့..။ တရုတ်စီပွားရေး လုပ်ငန်းရှင်တွေကတော့ ပျော်တပြုံးပြုံး မြန်မာတာဝန်ရှိသူတွေကတော့ လက်ကလေးရှေ့ချ သတိအနေအထားနဲ့ပေါ့...။ တရုတ်ကျေးဇူးရှိတယ် တရုတ်ကျေးဇူးရှိတယ် ဆိုပြီး ပြောဆိုနေကြတာ နိုင်ငံခေါင်းဆောင်ကအစ ဝန်ကြီးအဆုံးပေါ့..။
 ဒါနဲ့ပတ်သက်လို့ ကျေးဇူးရှင်ဆိုတဲ့ စကားအသုံးအနှုန်းကို နားကြားပျင်း ကပ်မိလို့ ဥပမာတခုနဲ့ယှဉ် စဉ်းစားမိတယ်...။ ဥပမာ ရွာတရွာမှာ ငွေကြေးချမ်းသာတဲ့ မွေးကင်းစ ကလေးငယ်တဦးသာရှိတဲ့ မိသားစု တစုကို ဓါးပြတိုက်ခံရတယ်ဆိုပါစို့ ဓါးပြဗိုလ်က ပစ္စည်းယူယုံတင် မက မိခင်ဖခင် ၂ဦးကိုပါ သတ်ဖြတ်ပြီး ကျန်ရစ်သူ ကလေးငယ်ကိုတော့ လူမမယ်ကလေးငယ် ဖြစ်တဲ့အတွက် မသတ်ဖြတ်ပဲ စောင့်ရှောက်ထိန်းသိမ်း ခဲ့တယ် ဆိုပါစို့။ ကလေးငယ်အတွက် ဓါးပြဗိုလ်ဟာ ကျေးဇူးရှင်လို့ပြောရင် လက်ခံနိုင်ပါ့မလား။ ဓါးပြအဖွဲ့သာ မရောက်ရှိလာရင် ကလေးငယ်ဟာမိစုံ ဖစုံချမ်းချမ်းသာသာ လူလားမြောက်ခွင့်ရမှာပါ...။ မိခင်ဖခင်ကို သတ်ပြီး လူလားမြောက်လာအောင် စောင့်ရှောက်ခဲ့တဲ့ ဓါးပြဗိုလ်ကိ ကျေးဇူးရှင်အဖြစ် လက်ခံနိုင်ပါ့မလား။
 ထို့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း၂၃နှစ်လုံးလုံး မိဘနဲ့တူတဲ့ ဒီမိုကရေစီအစိုးရ ဖြစ်ပိုင်ခွင့်ကို သင်းသတ်ခံရ၊ မိဘဘိုးဘွားပိုင်ဖြစ်တဲ့ သဘာဝအရင်းအမြစ်တွေကို ဓါးပြတိုက် မောင်ပိုင်စီး ခံရပြီး မသေယုံတမယ် အပေါစား တရုတ်ပစ္စည်းတွေနဲ့ ဓါးပြမွေးစားတဲ့ သားသမီးအဖြစ် ချွတ်ခြုံကျခဲ့ရတာတောင် ကျေးဇူးရှင်လို့ ပြောထိုက်ပါလား။ ၁၉၉၀ကစပြီး ဒီမိုကရေစီ အစိုးရအဖြစ် ဆယ်စုနှစ် ၂စုကျော်သာ အသားကျခဲ့ရင် ယနေ့မြန်မာပြည်ဟာ ကမ္ဘာနဲ့ ယှဉ်ဘောင် မတန်းနိုင်တောင် အဆင့်တခုတော့ ရောက်ရှိနေမှာပါ။
 ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့တော့ မိခင်၊ ဖခင်ကို သတ်ဖြတ်ပြီး အဆီစား အသားမျိုခဲ့တဲ့ ဓါးပြဗိုလ်ကို ကျေးဇူးရှင် ဖြစ်သင့်မဖြစ်သင့် ဆင်ခြင်စရာပါပဲ..။ ဆယ်စုနှစ် ၂ခုကျော် ကာလအတွင်း အဆီဖြစ် အသားထစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ အကျိုးခံစား ခဲ့ရသူတွေ အတွက်ကတော့ ကျေးဇူးရှင် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်..။ ကျွန်တော်တို့ ပြည်သူများအတွက်တော့ မိဘ၂ပါး အသတ်ခံရ စည်းစိမ်းဥစ္စာတွေ ဆုံးရှုံးခဲ့ရပြီး မည်ကာမတ္တ လူလားမြောက်ခဲ့ရတဲ့ အဖြစ်လို ခံစားခဲ့ရတာတင်မကပဲ ဓါးပြဗိုလ်နဲ့တူတဲ့ ဇိနတိုင်းအား ကျေးဇူးရှင်အဖြစ် လက်ခံရမယ်လို့ ပြောဆိုနေမှုဟာ လည်ချောင်း အရိုးဆူးသလို အခံခက်လှသည်။ 
 ယနေ့လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး ယခင် စစ်အာဏာရှင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် အပေါင်းအပါများကို စိတ်နာမိသလို တရုတ်ရန်ကို အောင်မြင်စွာ တိုက်ထုတ်ခဲ့တဲ့ ဆင်ဖြူရှင်မင်းကို တမ်းတမိသည်...။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျမည်...။ ကျေးဇူးရှင်ဆိုသော ဝေါဟာရနှင့် ပတ်သက်ပြီး တွေးမိသမျှ ရေးမိသည်။ 
 ဒီမိုဝေယံ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြင်ကွင်းတခု
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ပျက်ဆီးသွားသော သဘာဝဝန်းကျင်တခု...
ကျွန်တော်တို့ မြန်မာပြည်သူတွေ ကျေးဇူးရှင် ဆိုသူများထံမှ ဆယ်စုနှစ် ၂ခုကျော် ရရှိလိုက်တာကတော့ ပျက်ဆီးသွားသော သဘာဝဝန်းကျင်များနဲ့ တနေ့တခြား ဖောက်ပြန်လာသည့် ရာသီဥတု အခြေအနေများသာ... ဖြစ်သည်..။
အာဏာသင်္ခါရ (ကဗျာရှင် နေရဲနီ)....
အာဏာသင်္ခါရ
(ကဗျာရှင် နေရဲနီ)
ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို အရွယ်စိုက
များရှင်ပြည်သူ လန့်ကြောက်မူ၍
နှိပ်စက်ကလူငါလျှင်ပြုခဲ့
၅(ည)ဟူသည်ငါ့လက်နက်။
စိုးစဉ်းအာဏာ ရှိပိမ့်ငါသည်
မာန်လည်းတင်းတင်း စိတ်ဟင်းလင်းနှင့်
အကြံဆိုးယုတ် တွေးကာထုတ်၍
ငါသာငါထက် မာန်ကိုတက်ကာ
အထက်နေမင်း ရာဟုနင်းသို့
အချိန်မတော် အိမ်ပေါက်ကျော်ချင်း
အတင်းဝင်ရောက် တောင်သူယာတဲ
ကျားယုတ်ဆွဲသို့ ထိတ်ထိတ်ပြာပြာ
ရှင်လူတကာ ကြောက်စိမ့်ငှာဟု
အာဏာအလွဲ ငါသုံးစားခဲ့။
တိမ်ညိုမိလ္လာ တိမ်စူကာနှင့်
တိမ်ပြာရောယှက် မရမ်းဖက်၍
တိမ်သက်တန့်ရောင် အဝါပေါင်ဝယ်
ညိုခဲ့တလီ ရီခဲ့တဖုန်
မှုန်ခဲ့တချက် ယုဂန်ထက်ဝယ်
လေးဖက်လုံးခြုံ တိမ်ဂဠုန်လည်း
နဂါးရုံကြွေ့ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင် ဂုဏ်ချင်းဆိုင်သို့
ဆရာနှင့်ပင် အာဏာပြိုင်ခဲ့။
ငါနှင့်ငါ့ဆရာ အာဏာမြဲရေး
ရှင်လူတကာ ဘဝအဖုံဖုံ
ပျက်ခဲ့တုံလည်း
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
ငါ့အာဏာကား မကြာချက်ချင်း
ပြိုပျက်ယွင်းခဲ့။
ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို ဟိုတချိန်က
ငါသာငါထက် မာန်ကိုတက်၍
 နှိပ်စက်ကလူ ငါပြုခဲ့သမျှ
လက်အုပ်ချီမိုး မာန်ကိုချိုး၍
တိုးလျှိုးဝပ်စင်း တောင်းပန်နှင်းသည်
ရှင်လူတကာ သည်းခံပါလော့။
အာဏာကိုလိုသူက တပည့်တော်၏ဆရာ
လမ်းညွှန်အမိန့်ပေးသူက ဘုရားတပည့်တော်
 အထက်အမိန့်အရဟူ၍ ထင်တိုင်းကြဲကာ
ပြည်သူကို နှိပ်စက်ခဲ့ကြသူများက
တပည့်တော်၏ နောက်လိုက်နောက်ပါများ
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်
ဘုရားတပည့်တော်နှင့်တကွ
 နောက်လိုက် နောက်ပါ အဖွဲ့သားများလည်း
ထောင်နန်းစံ၍ ဘဝတွေလည်းပျက်ခဲ့ပြီးပါပြီ။
ဗိမ္မိသာရကိုသတ်သူက အာဏာပါးကွက်သားများ
အမိန့်ပေးစေခိုင်းသူက သားတော်အဇာတသတ်
နောက်ကွယ်က ကြိုးကိုင်သူက ရှင်ဒေဝဒတ်
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်လည်း
ဒေဝဒတ်နှင့် အဇာတသတ် ဆရာနှင့်တပည့်သည်လည်း
လောဟကုမ္ဘိငရဲမှ ပြေး၍မလွတ်ပါဘုရား။
တနေကွယ် သေနယ်သို့တချိန်ကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တချိန်သွားရမယ်
တားမရဘူး။
နတ်ပြည်တဝင်းဝင်း
ဝက်စားကျင်းတရှုပ်ရှုပ်
ယမပြည် တိုးမပေါက်အောင် စည်သော်ငြားလည်း
မြို့နန်းတည် ဘုရားဒါယကာမင်းတရားသော်မှ
အကုသိုလ်များခဲ့လျှင်
သစ်ကြမ်းပြင် သံမှိုရိုက်သွင်းသကဲ့သို့
ယမမင်းခေါ်သံကြားရင်ဖြင့်
ငရဲသို့လားရမည်
မုချမလွဲ။
နေရဲနီ
၆နာရီကြာမြန်မာပြည်မှာ....
သမိုင်းဝင် အမေရိကန်သမ္မတ အိုဘားမားခရီးစဉ်အတွင်း ပြည်ပသတင်းထောက်များရဲ့ အပြေးအလွှားမှတ်တမ်း ရုပ်သံ (ရိုက်တာ)
“ဂါရဝ၊နိဝါတနဲ့ နိယာမမှလွတ်မြောက်ကြောင်း” ဆောင်းပါးရှင် ကိုမျိုး (မြန်မာစာ)
“ဂါရဝ၊နိဝါတနဲ့ နိယာမမှလွတ်မြောက်ကြောင်း”
ဆောင်းပါးရှင် ကိုမျိုး (မြန်မာစာ)
(၁) 'ဥခွံဟောင်းကိုဖောက်ထွက်ကြ'လို့ ကြွေး ကြော်လိုက်ရင်တော့
လက်ခေါက်မှုတ်သံ တရွှီးရွှီး၊ လက်ခုပ်တီးသံတဖြောင်းဖြောင်း အား ပေးသံတွေတညံညံကြားရနိုင်ကောင်းပေ မယ့် တကယ်တမ်းမှာ
ဥခွံဟောင်းလေး ကာရံနေမှ ဘဝလုံခြုံမှုရတတ်တယ်လို့ မြင်ကြ ထင်ကြသူတွေကပိုများတာကို သတိပြုမိ လိုက်ရင်တွေ့မှာ အသေအချာပါ။
နိယာမလို့ ခေါ်တဲ့ အစဉ်အလာလိုက်နာ ဆောင်ရွက်မှု တွေကို
သဘာဝပဲလို့ နားလည် သဘောပေါက် ပေးလိုက်ရတာတွေမှာ အဆိုးအကောင်း ချိန်ခွင်လျှာဟာ လက်လှည့် ကျွမ်းတဲ့ဈေးသည် လက်ထဲ အလေးခိုးခံနေရသလို ကာလတွေကို ကျွန်တော်တော့ဖြင့် နောက်မျိုးဆက်ထံ အပါ မခံစေချင်ပါ။ ဒါက ကျွန်တော်ရေးလိုတဲ့ 'ဂါရဝနိဝါတ နဲ့နိယာမကိုလွန်မြောက် ကြောင်း' ဆောင်းပါးကို
ရေးဖြစ်စေတဲ့ စေ့ ဆော်မှု ဆန္ဒ။
“ဂါရဝ ”
ကနေ့ကာလဟာ လူကြီးသူမတွေကို အစဉ်အလာအရ သွားကန်တော့ကြတဲ့ အခါသမယပါ။ ကျွန်တော်တစ်ဦးတည်းဆန္ဒ ကတော့ ဒီကာလကို တစ်အားမြတ်နိုး
တန် ဖိုးထားနှစ်ခြိုက်ပါတယ်။ အကြောင်းက တစ်နှစ်ပတ်လုံး စားဝတ်နေရေးကိစ္စတွေ
နဲ့ လုံးလည်လိုက်နေခဲ့ရာက ဒီအချိန်ဒီကာလ လေးမှာမှ လူကြီးမိဘကျေးဇူးရှင်တွေကို ဝါကျွတ်ကန်တော့ပန်းလေးမှ မဆင်လိုက်ရရင် စိတ်မှာတစ်နှစ်အြေ<ွကးတင်သွားမိ
သလို ခံစားရတတ်လွန်းလို့ အစဉ်အလာအဖြစ် ဒီလိုကာလ ဒီလို ဂါရဝပြုမှနေ့ရက်လေး တွင် တွင်ကျယ်ကျယ် ရှိနေခြင်းအတွက်ပါ။ ဒါပေမဲ့ ဒီကာလကို 'ခွင်'တစ်ခုပမာ အသုံးချ လာကြ သူတွေရဲ့ ပယောဂကြောင့် 'ဂါရဝ'ဆိုတဲ့ ကျွန်တော်တို့ ရဲ့မွန်မွန်မြတ်မြတ်စကားလုံးဝေါဟာရဟာ အဖျားဆွတ် အခေါ်ခံရကာ အဓိပ္ပာယ်နောက်တစ်မျိုး တိုးသွားရ တာ ကိုတော့ စိတ် မကောင်းဖြစ်ရတဲ့အချိန်တွေ
က ''သွားဂါပြီးပြီလား"ဆိုတဲ့ စကားသံတွေကို ကြားရတဲ့ အခါမျိုးတွေမှာပါပဲခင်ဗျာ။
“နိဝါတ”
ကျွန်တော့်အကြိုက်စာတွေ၊ တရားတွေ က ကိုယ့်မသိသေး၊မတတ်သေးတာရှိနိုင် ကြောင်း 'နိဝါတ'တရားနဲ့ နှိမ့်ချဆိုတတ်တဲ့ စာတွေ၊တရားတွေပဲဖြစ်ပါတယ်။ ၁၉၉၆ ကစတာ။'အမေ'လို့ ကျွန်တော့်ရင်ထဲက ခေါ်ခဲ့တဲ့ ကဗျာတွေမှာဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခါစ စာနယ်ဇင်းသတင်း ထောက်တစ်ဦးရဲ့ အမေးစကားကို အမေစု ပြောကြားလိုက် ရာမှာ "အမေလည်း မှားတတ်တာပဲ"ဆိုတဲ့စကားပါခဲ့သလို နောက် တစ်ဦးကိုဖြေရာ မှာလည်း 'အမေမှားရင် သားတို့ပြင်ပေးပေါ့' ဆိုတဲ့ စကားပါဝင် ခဲ့တာကြောင့် ကျွန်တော့်နှုတ်ဖျားကပါ 'အမေ' ဆိုတဲ့ ဝေါဟာရကို 'အမေစု'၊ 'ဒေါ် အောင်ဆန်းစုကြည်'အတွက် ရှောရှော ရှူရှူထွက်လာနိုင်ခဲ့ပါတယ်။ ဒါဟာ 'နိဝါတ'ကြောင့်ပါ။ အမေ့မှာသာ နိဝါတ မရှိခဲ့ရင် ကျွန်တော့်ရင်ထဲမှာရှိနေခဲ့တဲ့
ဂါရဝ လည်း ပျောက်သွားနိုင်တယ်ဆိုတာလည်း ကျွန်တော်ကောင်းကောင်း သတိထားတာပဲ။
Asian Fame Media Groupအနေနဲ့ အမေ့ ကို အင်တာဗျူးမလုပ်နိုင်သေးစဉ် ကျွန်တော့် အစ်မရိုက်ပေးတဲ့ အမေနဲ့ ကျွန်တော်အမှတ် တရဓာတ်ပုံလေးက ဒါကို သက်သေခံနေပါ လိမ့်မယ်။ ဒီလိုသာ ''အမေ့စိတ်ထဲမှာ အမှား အကြွေးမထားချင်ဘူး။ မှားတယ်ထင်ရင် ချက်ချင်းတောင်းပန်လိုက်ရမှ စိတ်ရှင်းသွား တာ"ဆိုတဲ့ အမေ့စကားက အန်တီဒေါ်ချိုချို ကျော်ငြိမ်းကို ဘေးမှာထားပြီး အမေ့ကို 'အမေ'လို့ နှုတ်မှ အားရပါးရ ခေါ်လိုက်နိုင် ခဲ့ခြင်းကိုပါ။ နိဝါတရှိသူကို ကျွန်တော်မှ မဟုတ်ပါဘူး။ လူတော်တော်များများ ချစ်ကြ၊အားထားယုံကြည်ကြမှာပါလို့ ကျွန်တော်ယုံကြည်ပါတယ်။ သြဇာအာဏာ ရှိနေသူ၊အောင်မြင်ကြီးပွားနေသူတိုင်း 'နိဝါတ' ထားကြည့်ကြဖို့ ခက်ပေမဲ့ ကြိုးစား ထားရှိ ကြစေချင်မိတာကတော့ ကျွန်တော့် စေတနာပါ။
“နိယာမ”
'ဒါမျိုးချည်းပါပဲ'တို့ 'ဒီပုတ်ထဲက ဒီပဲ' တို့ ဆိုတဲ့အမြင်တွေ။ 'ဒါဟာနိယာမပါပဲ၊ ဖြစ်တတ်တဲ့သဘောသဘာဝပါပဲလေ' ဆိုတဲ့ နားလည်ခွင့်လွတ်ပေးမှုတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို အုပ်မိုးထားရုံသာမက အုပ်စိုးဖို့အထိပါ တာစူလာတဲ့စိတ်ဓာတ်တွေ ပါပဲ။ ဒီနေရာမှာ အမေပြောခဲ့တာလေး အမှတ်ရလွန်းလို့ ကျွန်တော်တို့ ဂျာနယ်မှာ တောင် ပြန်ဖော်ပြခဲ့ဖူးတာလေး ပြန်ဝေငှ ချင်တယ်။ ၁၉၉ဝကျွန်တော်တို့ ကျောင်းသား ဘဝက အမေ့ခြံရှေ့မှာ နားထာင်ခဲ့ရဖူးတဲ့ မဟာယဏဇာတ်တော်နဲ့ စပ်နွှယ်တဲ့ အတွေးအမြင်ပါ။ အဖြူမဟုတ်ရင် အမည်း ပဲဆိုတဲ့ အတွေးတွေထဲက 'မဟာယဏဇာတ်' မှာပွဲထွက်လာတာ၊ လောကမှာ အဖြူနဲ့ အမည်းကြားက အညိုရောင်လည်း ရှိနိုင်တာ ပဲဆိုတဲ့ အမြင်အတွေးဒဿနပါ။ အဲဒီ ဒဿနကြောင့် ကျွန်တော်စာနယ်ဇင်းသမား ဖြစ်ခဲ့ကြောင်း ရေးခဲ့ဖူးပါတယ်။
 အဲဒီဒဿန နဲ့အတူ အကျဉ်းစံမိဖုရားကြီးဘက်ကနေ ရေးပေးနိုင်မယ့် သတင်းမီဒီယာ လွတ်လပ်ခွင့် ကို ကျွန်တော်ရင်ခုန်ခဲ့ဖူးပါတယ်။ ဒီအတွက် ကနေ့မှာ ကျွန်တော်မလွတ်လပ်သေး ကြောင်းလည်း တွေးမိကာ စိတ်မကောင်းဖြစ် ရပါတယ်။ မီဒီယာလွတ်လပ်ခွင့်ရရုံနဲ့က တော့ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ပဲ ရမှာပါ။ အတွေးအခေါ်လွတ်လပ်ခွင့် ဆိတ်သုဉ်းနေသေးသမျှ ကျွန်တော်တို့ဘဝ တွေ လွတ်မြောက်မှာမဟုတ်ကြောင်း အမေ့ စာပေ၊ စာပေဗဟုသုတဝေငှခဲ့မှု ကျေးဇူးအရ ကျွန်တော်ခံယူထားပါတယ်။ ကျွန်တော်တို့ လွတ်မြောက်ဖို့ အတွေးအခေါ်လွတ်လပ်ခွင့် ဘယ်သူ့ထံ လက်ဖြန့်တောင်းနေမှာလဲ။ တောင်းနေဆဲ၊ တောင်းနေတုန်းဆို နိယာမ လှိုင်းလုံးတစ်လုံးပြီး တစ်လုံးတက်လာနေတာ ကို ငေးငေးငူငူ လက်ခံနေတဲ့ကမ်းခြေဟာ အမှိုက်နဲ့ဒိုက်နဲ့သာ ပျော်မွေ့ရမှာဖြစ်ကြောင်း ကျွန်တော်ကိုယ် ကျွန်တော်သတိအထပ်ထပ် ပေးနေမိပါတယ် ခင်ဗျာ။
(၂)
“စေ့ဆော်ခဲ့တဲ့ဆန္ဒ”နဲ့ “ရေးဖွဲ့လိုက်နိုင်တဲ့ ဆောင်းပါး” အဲဒီမှာတောင် ထပ်တူမကျတာ ကျွန်တော်ဝန်ခံပါတယ်။ စိတ်ထဲရှင်းမှ စာထဲ ရှင်းမှာဖြစ်လို့ စိတ်ရှင်းအောင်ထားတဲ့တိုင် စာထဲ မရှင်းနေနိုင်တာ ကျွန်တော့်အားနည်း ချက်ပါ။
ဂါရဝ၊ နိဝါတ၊ နိယာမကို လွန်မြောက်ကြောင်းဆိုတဲ့ ကျွန်တော်တင်ပြမှု ကို နိဂုံးပိုင်းအဖြစ်ရေးဖို့ အမေ့ထံမှာ ကျွန်တော်ခွင့်ပန်၊ခွင့် တောင်း(ကျွန်တော့် စာအုပ်အတွက် မီဒီယာသမားတို့ ပတ်သက်တဲ့ အမေပြောခဲ့ဖူးတဲ့ စကားသုံးခွင့်ပြုဖို့ ခွင့်တောင်း)ထားတဲ့ 'အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၂ အောက်တိုဘာ ၈ ရက်နေ့ ဒီချုပ် (ရုံးချုပ်)မှာ အမေရိကန် ခရီးစဉ်သတင်းစာ ရှင်းလင်းပွဲမှ ကောက်နုတ် ချက်စကား'ကို ဖော်ပြလိုပါတယ်။ ဖော်ပြချင်တာက
စာနယ် ဇင်းတွေဟာ ပြည်သူလူထု ယုံကြည်ကိုးစား သူတွေဖြစ်ဖို့ 'စံပြ'မဖြစ်နိုင်ရင်တောင် အနည်းနဲ့အများ စံပြုနိုင်သူတွေ ဖြစ်နိုင်အောင်
သတိမူကြဖို့ သင့်ချိန်တန်ပြီဖြစ်တဲ့ အတွက်ပါ။ ဖတ်ရှုကြည့်ပေးကြပါခင်ဗျား။
“ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် ဆိုလို့ရှိရင် မှန်ကန်တဲ့သတင်းဖြန့်ချိရေးက အင်မတန်မှ အရေးကြီးပါတယ်။ မှန်ကန် တဲ့သတင်းဖြန့်ချိရေးဆိုတာ သတင်းက မှန် ရမယ်။ သတင်းကို ပြန့်သင့်တဲ့အတိုင်းအတာ အထိ ပြန့်အောင်လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါက မီဒီယာတွေလုပ်ရမယ့်ကိစ္စပါ။ အခု သတင်းထူး၊ သတင်းဦးဆိုတဲ့စကားကို အမှန် ပြောရရင် ကျွန်မမကြိုက်ပါဘူး။ သတင်းဆို တာဟာ တစ်ခါတလေမှာ မထူးရင်လည်း အရေးကြီးတဲ့သတင်းရှိတတ်ပါတယ်။ ထူးမှ သတင်းက အရေးကြီးတာမဟုတ်ပါဘူး။ သတင်းထူးဆိုတဲ့အဓိပ္ပာယ်က အများအား ဖြင့် ပြောတာက ဖတ်ချင်တဲ့သူကို မျက်စိကျ သွားအောင် စာလုံးအမည်းကြီးတွေ တွေ့ လိုက်လို့ရှိရင် ဒါ ဖတ်ချင်စရာပဲဆိုပြီး ဂျာနယ်ကို၊ မဂ္ဂဇင်းကို ဝယ်ချင်အောင်ပေါ့ နော်။ အဲဒီလို သတင်းထူးတွေကို ပြောတာ မဟုတ်ပါဘူး။ တကယ်ပြည်သူလူထုတွေ သိသင့်တဲ့ သတင်းကောင်း၊ သတင်းမှန်တွေကို ထည့်ဖို့က အရေးကြီးပါတယ်။ နောက် သတင်းဦးပေါ့။ သတင်းဦးအောင်လုပ်တာ ကလည်း ဒါဟာ သတင်းထောက်လောကမှာ လုပ်ပိုင်ခွင့်ရှိတဲ့ကိစ္စပါ။ ကိုယ်က သတင်းဦး တယ်ဆိုတော့ ဘာပဲပြောပြော ကိုယ်တစ်ပန်း သာသွားတာပေါ့။ လူ့လောကကြီးမှာ တစ်ပန်း သာသွားတာ ဘာဆိုးလို့လဲ။ ဒါပေမဲ့ တစ် ပန်းသာသွားတဲ့နေရာမှာ သူများကိုထိခိုက် သွားနိုင်တယ်ဆိုလို့ရှိရင် မကောင်းဘူး ပေါ့။ အဲဒီတော့ ဒီသတင်းက ဦးအောင်လုပ်ရင်း နဲ့ သတင်းမမှန်ဘူးဆိုလို့ရှိရင် ကျွန်မတို့နိုင် ငံကို အကျိုးမပြုပါဘူး။ အဲဒီတော့ ကျွန်မ ကတော့ အခု ကျွန်မတို့နိုင်ငံ တိုးတက်ရေး အတွက် ဝိုင်းပြီးတော့ လုပ်တဲ့နေရာမှာ သတင်း လောကက အင်မတန်မှ အရေးပါ တယ်ဆို တာကို သတိပေးချင်ပါတယ်။ ကိုယ့် အရေး ပါမှုကို တာဝန်သိမှုလို့ သုံးစေချင်ပါ တယ်။
"တချို့က သြဇာရသွားပြီဆိုလို့ရှိရင် ဒီသြဇာကို အလွဲသုံးစားလုပ်လာကြတယ်။ ဒါဟာ အစိုးရထဲမှာတင် မဟုတ်ပါဘူး။ ကဏ္ဍတိုင်းမှာ ရှိတတ်ပါတယ်။ ကဏ္ဍတိုင်း ဆိုတော့ မီဒီယာလောကမှာလည်း ရှိတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့သြဇာကို အလွဲသုံးစားမလုပ်ကြပါနဲ့။ တာဝန်သိသိနဲ့ သုံးပါ။ တာဝန်သိသိနဲ့သုံးလို့ရှိရင် ကိုယ့် နိုင်ငံအတွက် ဂုဏ်သိက္ခာရှိဖို့တင်မကဘူး ကိုယ့်ကိုယ်တိုင် ရဲ့ ဂုဏ်သိက္ခာလည်း အများကြီးရှိရမှာပါ။ ကမ္ဘာ့ရဲ့ သမိုင်းကို လေ့လာကြည့်ပါ။ တကယ့်ကို သိက္ခာရှိရှိနဲ့ အများအကျိုးအတွက် ရပ်တည်သွားတဲ့ သတင်းသမားကြီးများဟာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ် ကြီးများ မဖြစ်ရင်တောင်မှ ဒီပုဂ္ဂိုလ်တွေဟာ အများက လေးစားပြီးတော့ သမိုင်းမှာ နာမည်တစ်လုံးနဲ့ ကျန်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်မက အဲဒါကို သတိပေး ချင်တာပါ"
အဲဒါ အမေသတိပေးတဲ့ စကားပါ။
အချင်းချင်းစောင်းမြောင်း ရန်ဖြစ်နေတာတွေ၊ တစ်ဖက်သားအပေါ် ဝေဖန်ဆန်းစစ်မှု
မပါ အသားလွတ် အပြစ်ဆိုရေးသား ဖော်ပြချင်လွန်းတာတွေ၊ စောင်ရေတက် ဖို့ဆို ဘယ်အကြောင်းအရာမှမထောက်မညှာ မငဲ့ကွက်တာ တွေနဲ့ စတဲ့ စတဲ့"စာနယ်ဇင်း သမားတွေဆို ဒီလိုမျိုး ချည်းပဲ"လို့ အမြင်ခံရမှု ဥခွံဟောင်း (တစ်နည်းဆိုရရင် နိယာမ)ကနေ ကျွန်တော်တော့ လွန်မြောက် လွတ်မြောက် နေချင်ကြောင်းပါခင်ဗျာ။
ကိုမျိုး(မြန်မာစာ)
၁၈-၁၁-၂ဝ၁၂
ကြိုဆိုလျှက်ပါ မနန်းခင်ဇေယျာ
နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အနေနှင့်  ဂျပန်နိုင်ငံတွင်ကျင်းပသည့် အိုကီနာဝါကျွန်း ၂ဝ၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ သော မနန်းခင်ဇေယျာသည် Miss Internet Award နှင့်အတူ People Choice Award  ဆုနှစ်ဆုတို့အား ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ မရမ်းချောင်းကျေးရွာ ရှိ အနာကြီးဝေဒနာရှင်များထံသို့ သွားရောက်ကုသိုလ်ပြု လှူဒါန်းမှုများ ပြုလုပ်ခဲ့သည့်အပြင် “အနိမ့်ကျဆုံး သော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော နှလုံးသားရှိသူတို့သာ လုပ်ဆောင်နိုင်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး(စစ်ဘေး) အစ ရှိသည့် လူမှုရေးလုပ်ငန်းရပ်များအား စဉ်ဆက်မပြတ် (အခမဲ့) ကုသိုလ်ဖြစ် လုပ်ဆောင်ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၁.၁၁.၂ဝ၁၂ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် မနန်းခင် ဇေယျာသည် လာရောက် ၍ အလှူငွေ (၂) သိန်းကျပ်တိတိအား ထည့်ဝင်လှူဒါန်းခဲ့သည်။
ထို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုလုပ်ငန်းရပ်များဖြစ်သည့် နာရေး၊ ကျန်းမာ ရေး၊ ပညာရေး အစရှိသည့် လုပ်ငန်းရပ်များအား ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများတို့မှ လိုက်လံ ရှင်းလင်းပြသခဲ့သည်။ ထိုသို့ လေ့လာမှုပြုရာတွင် အသင်းတွင် သင်ကြားပို့ချပေးနေသော တက္ကသိုလ်ဝင် တန်း စာသင်စာကျက်ဝိုင်းသို့၎င်း၊ ကွန်ပြူတာသင်တန်းသို့၎င်း၊ သုခအလင်းစာကြည့်တိုက်သို့၎င်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးဝါးကုသနေကြသော လူနာများအား လိုက်လံကြည့်ရှု အားပေးကာ မြန်မာ နိုင်ငံလူမှုရေးအသင်းအဖွဲ့များအား (၇) ရက်စခန်းသွင်း၍ သင်ကြားပေးနေသော “စွမ်းရည်မြှင့်သင်တန်း”မှ သင်တန်းသား/သူများနှင့် အချိန်ပိုင်း သင်တန်းနည်းပြတစ်ဦးဖြစ်သူ ကိုအလင်းဆက်(IR)တို့နှင့်  ရင်းနှီးစွာ နှုတ်ဆက် စကားပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကူးပေးခဲ့သည်။ ကိုအလင်းဆက်(IR)နှင့် ဥက္ကဋ္ဌ ဦးကျော်သူတို့မှ မိမိ၏ အောင်မြင်မှုကို လူမှုရေးလုပ်ငန်းရပ်များတွင် အသုံးချကာ တိုင်းပြည်အတွက် အကျိုးရှိမည့် ပေးဆပ်မှုများလုပ်ဆောင်ပေးရန် တိုက်တွန်းစကားဆိုခဲ့သည်။ ထို့နောက် မနန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများ၏ လူမှုရေးပေးဆပ်မှုများအား ကိုယ်တိုင်မြင်တွေ့ခဲ့ကာ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့အား တွေ့ဆုံ ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်လိုကြောင်း ပြောကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယခုကဲ့သို့ မြန်မာပြည်သူလူထုတို့၏ ချစ်ခင်အားပေးခြင်းကို ခံယူခဲ့ရကာ အများပြည်သူတို့၏ အင်တာနက်မဲဆန္ဒကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်၊ မြန်မာ့အလှကို ကမ္ဘာမှသိရှိအောင် စွမ်းဆောင် ပေးခဲ့သော မြန်မာအမျိုးသမီးငယ် တစ်ဦးဖြစ်သူ မနန်းခင်ဇေယျာသည် အများပြည်သူတို့အတွက် ကူညီ ဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက်၍လုပ်အားဒါနများ ပြုလုပ်ပေးမည်ဟု ဆိုခြင်းသည် မြန်မာပြည်သူ/သားတို့ အား ပြန်လည် ၍ ကျေးဇူး ဆပ်ခြင်းပင် ဖြစ်တော့သည်။ မနန်းခင်ဇေ ယျာနှင့် ဂုဏ်ပြုကဒ်ပြား လက်ခံမှုအား မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပြီး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်မထွက်ခွာမီ မိမိအနေဖြင့် တစ်လလျှင် နှစ်ကြိမ်ခန့် အချိန်ပေး၍ နာရေးကူညီမှု (ဈာပနလမ်း ကြောင်း)တွင် လုပ်အားပေးနိုင်ရန် ကြိုးစားပါမည်ဟု ဝမ်းသာအားရပြောကြားခဲ့သည်။ ထိုသို့ စိတ်အား ထက်သန်စွာဖြင့် နုငယ်သော အမျိုးသမီးငယ်တစ်ဦးမှ ရဲဝံ့စွာပြောကြားလိုက်သော စကားသံသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အများပြည်သူလူထုတို့အပြင် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များကပါ ဝမ်းသာအားရ သာဓုခေါ်ဆို ကြိုဆိုလိုက်ပါတော့သည်။
“ကြိုဆိုလျှက်ပါ မနန်းခင်ဇေယျာ”
စာပေဟောပြောပွဲ(ဝေဇယန္တာရှော့ပင်းစင်တာ)
Photo: နိုဝင်ဘာလ၊(၂၁)ရက် ညနေ(၄း၀၀)နာရီက ရန်ကုန်မြို့ ဝေဇယန္တာရှော့ပင်စင်တာ၌ ဂီတလူငယ်များအဖွဲ့ကစီစဉ်သည့် စာပေဟောပြောပွဲကိုပြုလုပ်ခဲ့သည်။ ဟောပြောခဲ့ကြသည့်စာရေးဆရာများမှာ စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ စာရေးဆရာသန်းစိုးနိုင်၊ စာရေးဆရာမင်းကိုနိုင်တို့ကဟောပြောခဲ့ကြသည်။ အဆိုပါဟောပြောပွဲ၌တွေ့ရသည့် စာရေးဆရာသန်းစိုးနိုင်၊စာရေးဆရာမင်းကိုနိုင် နှင့် ကိုမြတ်စံ(သုံးရောင်ချယ်)......၊
နိုဝင်ဘာလ၊(၂၁)ရက် ညနေ(၄း၀၀)နာရီက ရန်ကုန်မြို့ ဝေဇယန္တာရှော့ပင်စင်တာ၌ ဂီတလူငယ်များအဖွဲ့ကစီစဉ်သည့် စာပေဟောပြောပွဲကိုပြုလုပ် ခဲ့သည်။ ဟောပြောခဲ့ကြ သည့်စာရေး ဆရာများ မှာ စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ စာရေးဆရာသန်းစိုးနိုင်၊ စာရေးဆရာမင်းကိုနိုင် တို့ကဟောပြောခဲ့ကြသည်။
 ဓာတ်ပုံ ...ကိုကျော်ဇော
သတင်းစာပညာအခြေခံသင်တန်း -၂၀၁၃ ဇန်န၀ါရီလတွင် ဖွင့်လှစ်မည်။
သတင်းစာပညာအခြေခံသင်တန်း - ၂၀၁၃ ဇန်န၀ါရီလတွင် ဖွင့်လှစ်မည်။
အတွေ့အကြုံမရှိသူ (သို့မဟုတ်) တစ်နှစ်အောက် အတွေ့အကြုံရှိသူများ
လျှောက်ထားနိုင်သည်။
သတင်းထောက်ဖြစ်လိုပါသလား။ တစ်လတိတိ သင်တန်း တက်ရောက်နိုင်ပါသလား။
ရန်ကုန်မြို့တွင် အခမဲ့သင်ကြားမည့် တစ်လကြာသင်တန်းတွင် သတင်းထောက်တစ်ဦး၏
အလုပ်အကိုင်အကြောင်း နားလည်စေရန်နှင့် သတင်းထောက်တစ်ဦးအဖြစ်
လုပ်ငန်းခွင်ဝင်နိုင်ရန် လိုအပ်သည့် အခြေခံပညာများ
သင်ကြားပေးမည်ဖြစ်ပါသည်။ နယ်မှလာရောက်သူများအတွက် လမ်းစရိတ်၊
အစားအသောက်နှင့် နေထိုင်ရေး စီစဉ်ပေးမည်ဖြစ်သည်။
လွတ်လပ်သည့် သတင်းစာပညာသင်ကြားမှုတွင် အတွေ့အကြုံရှိသော
သတင်းစာပညာသင်တန်းဆရာများက အနီးကပ် ကြီးကျပ်သင်ကြားပေးမည်။
မိမိကိုယ်တိုင် သတင်းလိုက် သတင်းရေး အင်တာဗျူးမေးမြန်းခြင်းများ
လက်တွေ့လုပ်ရမည်။ အလုပ်ရှာနိုင်ရန် လိုအပ်သည့် အဆက်အသွယ်၊ ကွန်ယက်နှင့်
အခြားလိုအပ်သည်များအတွက် မိတ်ဆက်ပေးနိုင်မည်။
သင်တန်းတက်ရန်အတွက် အောက်ပါ လျှောက်လွှာဖောင်ကို မိမိကိုယ်တိုင်
မြန်မာဘာသာဖြင့် ဖြည့်သွင်းရမည်။ ပဏာမ အရွေးခံရပါက လူတွေ့စစ်ဆေးမှု
ဆက်လက်ဖြေဆိုရမည်။
တိုင်းရင်းသားဒေသများမှ လျှောက်သူများကို အထူးလိုလားပါသည်။
ဖောင်ပြန်လည်ပေးပို့ရမည့် အီးမေးလ်လိပ်စာမှာ info@jschoolnewslab.com ဖြစ်ပါသည်။
ကိုယ်ရေးအချက်အလက်များ
၁။ အမည်
၂။ မွေးသက္ကရာဇ် နှင့် အသက်
၃။ ကျား/မ
၎။ လူမျိုး (တိုင်းရင်းသား)
၅။ လက်ရှိ နေရပ်လိပ်စာ
၆။ တယ်လီဖုန်း (တဆင့်ခံဆက်သွယ် ရမည်ဆိုပါက ထိုပုဂ္ဂိုလ်၏ အမည်ပါ ရေးပေးပါရန်။)
၇။ သင်တန်းကာလ အတွင်း မိမိအစီအစဉ်ဖြင့် ရန်ကုန်တွင် နေထိုင်နိုင်ပါသလား။
၈။ အီးမေးလ်လိပ်စာ
၉။ လက်ရှိ အလုပ်အကိုင်
အဖွဲ့အစည်း/ရာထူး တာဝန်/ လစာ ဖော်ပြပေးရန်။
၁၀။ ယခင် အလုပ်အကိုင် - ခုနှစ်နှင့်တကွ အဖွဲ့အစည်း/ရာထူး တာဝန်/ လစာ ဖော်ပြပေးရန်
၁၁။ သတင်းရေးဖူးပါသလား။ မည်သည့်မီဒီယာ၊ မည်သို့သော သတင်းအမျိုးအစား
ဖြစ်သည်ကို ဖော်ပြပေးပါ။
၁၂။ သတင်းစာပညာသင်တန်း တက်ဖူးပါသလား။ သင်ကြားသည့် (အကြောင်းအရာ/
သင်တန်းကာလ/ ဆရာ/ ခုနှစ်/ နေရာ) ဖော်ပြပေးပါ။
၁၃။ အမြင့်ဆုံး တက်ရောက် ဆည်းပူးခဲ့သည့် ပညာအရည်အချင်း ဖော်ပြပေးပါ။
ချီးမြှင့်သည့် ပညာရေးအဖွဲ့အစည်း အမည် နှင့်နေရာလည်း ထည့်ရေးပေးပါ။
၁၄။ နိုင်ငံရေး လူမှုရေး အသင်းအဖွဲ့ လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ပါက
အဖွဲ့အစည်းအမည်နှင့် တာဝန် ဖော်ပြပေးပါ။
၁၅။ “သတင်းထောက် ဖြစ်လိုသည့် အကြောင်းရင်း” ကို ၀ါကျ (၁၀)ကြောင်း ထက်
မပိုစေရန် ဖြေဆိုပေးပါ။
၁၆။ မိမိဦးစားပေး ရေးလိုသည့် သတင်းအမျိုးအစား ကို ဖော်ပြပေးပါ။
(နိုင်ငံရေး/စီးပွားရေး/ အားကစား စသည်) ဘာကြောင့် ထိုကဏ္ဍကို
ရွေးချယ်လိုပါသလဲ။ ၀ါကျ (၅)ကြောင်းထက် မပိုစေရန် ရေးပေးပါ။
၁၇။ ပြီးခဲ့သည့် တစ်ပတ်တာအတွင်း မည်သည့် မီဒီယာများကို
ဖတ်/နားထောင်/ကြည့် ခဲ့ပါသလဲ။
၁၈။ အောက်တွင် (မိမိဘ၀၏ အရေးအကြီးဆုံးနေ့) ခေါင်းစဉ်ဖြင့် ၀ါကျ
(၁၅)ကြောင်းထက် မပိုစေရန် စာတစ်ပုဒ် ရေးဖွဲပြပါ။
မေးခွန်း နံပါတ် (၁၈)အတွက် ဖြေဆိုရန်
ခေါင်းစဉ်။ မိမိဘ၀၏ အရေးအကြီးဆုံးနေ့
 ၁၉။ အောက်ပါ အချက်အလက်များမှ သတင်းတစ်ပုဒ်ဖြစ်စေရန် ပြန်လည်ရေးသားပေးပါ။
ပေးထားသည့် အချက် (၁၁)ချက်ထဲမှ အားလုံးဖြစ်စေ အချို့ကိုဖြစ်စေ
ထည့်သွင်းရေးသား နိုင်ပါသည်။ မိမိစိတ်ကြိုက် အစီအစဉ်ချကာ
ရေးသားနိုင်ပါသည်။ ၀ါကျ (၁၅)ကြောင်းထက် မပိုစေရပါ။
   1. ယမန်နေ့က ကပ္ပလီပင်လယ်ပြင်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။
   2. ထိုနေရာတွင် အလားတူပြင်းထန်သော မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပေါ်မည်ဟု
မိုးလေ၀သဌာနက ခန့်မှန်းထားသည်။
   3. မုန်တိုင်းသည် အိန္ဒိယတွင် စတင်ကာ မြန်မာနိုင်ငံတောင်ဖက်ပိုင်းကို
ဖြတ်ပြီး ထိုင်းနိုင်ငံဖက်ဆီသို့ ရွေ့လျားခဲ့သည်။
   4. မုန်တိုင်းကြောင့် ငါးဖမ်းလှေနှစ်စီး တိုက်မိပြီး နစ်မြုပ်ခဲ့သည်။
   5. ယင်းမတိုင်မီ လှေနှစ်စီးအနေဖြင့် စုစုပေါင်း ငါးကီလိုဂရမ် (၅၀) ဖမ်းမိထားသည်။
   6. လှေနစ်သဖြင့် ကရင်လူမျိုး တံငါသည် ၂၇ဦး သေဆုံးခဲ့သည်။
   7. တံငါလှေ ကုမ္ပဏီများ၏ ဘေးအန္တရာယ်ကင်းရှင်းမှု မှတ်တမ်းကို အစိုးရက
စစ်ဆေးမည်ဟု ပြောသည်။
   8. မြန်မာနိုင်ငံ ငါးဖမ်းလှေများသမိုင်းတွင် အဆိုးဆုံးသော
မတော်တဆဖြစ်ရပ် ဟု သိရသည်။
   9. သေဆုံးသူများအထဲတွင် (၆)ဦးမှာ ခရစ်ယာန်များ ဖြစ်သည်။
  10. အသက်ရှင်လွတ်မြောက်သူ (၁၃)ဦး ရှိသည်။
  11. ရိုးရာပင်လယ်စောင့်နတ်ကို မပူဇော်သဖြင့် ယခုလို
ဖြစ်ရပ်ကြုံတွေ့ရကြောင်း အသက်ရှင်သူထဲမှ တစ်ဦးက ပြောကြားသည်။
မေးခွန်း နံပါတ် ၁၉ အတွက် အောက်တွင် ရေးသားဖြေဆိုပါ။
၂၀။ မိမိသည် ၂၀၁၃ ဇန်န၀ါရီလတွင် ကျင်းပမည့် သင်တန်းသို့ အစအဆုံး
ပါဝင်တက်ရောက်ရန် ကတိပြုပါသည်။ (ကွန်ပြူတာဖြင့် ဖောင်ဖြည့်သူများလည်း
ထိုးမြဲလက်မှတ်နေရာတွင် မိမိအမည်ကို လက်မှတ်ထိုးသည့်အနေဖြင့်
ဖြည့်သွင်းရေးသားပါရန်။)
ထိုးမြဲလက်မှတ်။………………………………………
….
အမည်။……………………………………………………
နေ့စွဲ။…………………………………………….
ဖောင်ပြန်လည်ပေးပို့ရမည့် အီးမေးလ်လိပ်စာမှာ info@jschoolnewslab.com ဖြစ်ပါသည်။
နောက်ဆုံးပေးပို့ရမည့်ရက်မှာ ၂၀၁၂ ဒီဇင်ဘာလ (၁)ရက်နေ့ ဖြစ်ပါသည်။
ဒေါ်မို့မို့ဝင်းပိုင်စက်ရုံလား? အစိုးရပိုင်စက်ရုံလား?
 အကြောင်းအရင်းမှာ ဒေါ်မို့မို့ဝင်းသည် ၄င်းစက်ရုံတွင် (စိတ်မှူး) ရာထူးဖြင့် နေ့ စဉ်ဌာနမှ ထွက်ရှိသော ဘိလပ်မြေတန်-၅၀၀ ကျော်ခန့် အား ဘိလပ်မြေရရှိသူ ကိုယ်စားလှယ်များအား သတ်မှတ် ခွဲတမ်းများအား ဖြန့် ဝေပေးရကြောင်း ၊ ယင်းသို့ ဖြန့် ဝေရာ တွင် ဒေါ်မို့မို့ဝင်းမှ သတ်မှတ်ခွဲ တမ်းများ အား ဖြန့် ဝေပေးရကြောင်း၊ ယင်းသို့ ဖြန့် ဝေရာတွင် ဒေါ်မို့မို့ဝင်း ထံသတ်မှတ်ခွဲတမ်း ရရှိသူကိုယ်စား လှယ်များမှ ၁တန်လျှင် (၅၀၀) ကျပ်နှုန်းအားတရားဝင် သဘောပေးရသည့်  အပြင်၎င်း၏ ကိုယ်ပိုင် ယာဉ်များဖြစ်သည့်  ၈ဆ/၉၆၀၆(၁၀)ဘီး ၊ ၂၈/၉၈၁၁(၁၂)ဘီးယာဉ်နှင့် ၄ဃ ၊၄၆၂၅(၂၂)ဘီးယာဉ် တို့ ဖြင့် ကိုယ်စားလှယ်များ ဘိလပ်မြေသယ်ယူသွားလိုသည့် တိုင်းနှင့် ပြည်နယ်နေရာများသို့  ယာဉ်ဌားရမ်း မည်ဆိုလျှင် ဘိလပ်မြေခွဲတမ်းအပြည့် အဝပေးပြီး ၊ ၄င်းတို့  ယာဉ်များဖြင့်မဌားရမ်းလိုဘဲ ကိုယ်စားလှယ်များမှ ၄င်းတို ၏အစီအစဉ်ဖြင့် ယာဉ်ဌားရန်မည်ဟု ပြောဆိုပါက ခွဲတမ်းအား အကြောင်းအမျိုးမျိုးပြ၍  အပြည့် အဝမပေးဘဲ ရက်ရှည်အချိန်ဆွဲထားခြင်းဖြင့် ဘိလပ်မြေထုတ်ယူလိုသည့်  ကိုယ်စားလှယ်များအနေဖြင့် ဒေါ်မို့မို့ဝင်း၏လုပ်ရပ်ကြောင့် ခရီးစရိတ်ထောင်းပြီး  အခက်အခဲနှင့် ရင်ဆိုင်နေ ရကြောင်း ဒေါ်မို့မို့ဝင်း၏ ယာဉ်ဌားရမ်းခဈေးနှုန်းများမှာလည်း ပြင်ပဈေးနှုန်းများထက် ကြီးမြင့်နေကြောင်း သို့ ဖြစ်၍  အစိုးရတာဝန်ရှိသူများအနေဖြင့် ၄င်းဘိလပ်မြေစက်ရုံ သည်ဒေါ်မို့မို့ဝင်းပိုင်စက်ရုံလား? အစိုးရပိုင်စက်ရုံလား? မသိဖြစ်နေရခြင်း  ဖြစ်ပါသည်။ 
                                                                              ပြည်သူတစ်ဦး
မန္တလေးတိုင်းဒေသကြီး ရတနာပုံ ဈေးသူဈေးသား များ၏ ဒုက္ခ အတွက် အကူအညီလိုအပ်တဲ့ ကိစ္စ