ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label မြန်မာပြည်ကလာတဲ့စာ. Show all posts
Showing posts with label မြန်မာပြည်ကလာတဲ့စာ. Show all posts

အခွင့်သာမယ့် အခိုက်အတန့်ကို စောင့်မျှော်လျှက်ပါ.. (ပေးစာ)


အခွင့်သာခိုက် ဂွင်မရိုက်စေချင်ပါ နောက်ဆက်တွဲများ 
 (ပေးစာ)
ကျေးဇူးတင်ပါတယ် ဒီမို ... အခွင့်သာခိုက်မှာ ဂွင်မရိုက်စေချင်ပါ.. (ပေးစာ)ဟာ နိုင်ငံခြားသားနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ အကြောင်းအရာလေးမို့ လွှတ်တော်ထဲ တိုက်ရိုက် ပေါက်သွားတဲ့ အရေးပါတဲ့ သတင်းတစ်ခု ဖြစ်သွားရတယ်။ ...ရောက်ခွင့်မရတဲ့ သတင်းလေးတွေထဲက တစ်ချို့ကြုံခဲ့ ရတာလေးတွေ အကြောင်းတိုက်ဆိုင်လို့  ဒီမိုကို ပြောပြချင်ပါတယ်။

...မြန်မာနိုင်ငံတော် အစိုးရကမေတ္တာ စေတနာပြည့်ဝစွာနဲ့ တစ်နှစ်တာအပန်းဖြေဘို့ သင်္ကြန်ပိတ်ရက်၁၀ ရက်ပိတ်ပေးပါတယ် ကျောင်းသား/သူတွေ ၀န်ထမ်းတွေဟာ ဒီအချိန်မှာ မွေးရပ်မြေကို ပြန်ကြတယ်။ ဆွေမျိုးသားချင်းတွေဆီ အလည်အပတ်သွားကြတယ်။ ဘုရားဖူး အပန်းဖြေသွားကြပါတယ်။ 

..ပိတ်ရက်နီးလာတဲ့ ၂ ပတ်လောက်အလိုမှာဘဲ ပြသနာက အစပြုနေပါပြီ။ နင်ကားလက်မှတ် အဆင်ပြေလား ...ငါမရသေးဘူး ဘယ်နေ့တစ်ရက်ဘဲ ရောင်းမယ်ပြောတယ် ..မနက်၎နာရီ လာဝယ်ရမယ်တဲ့ မိုးလင်းတာနဲ့ လက်မှတ်ကုန်သွားပြီ... ၁၁၀၀၀ိ/ ပုံမှန်လက်မှတ်က အခု ၂၀၀၀၀ိ/ဖြစ်သွားပြီ .. ရုံးတက်ရက် အမှီပြန်ဘို့ လက်မှတ်မလွယ်ဘူး။ ရုံးတက်ရက် မမှီရင် အဖြတ်ခံရတော့မယ်.... ဆိုတာတွေ ရုံးတိုင်းမှာ အလုပ်ထဲ စိတ်မပါနိုင်အောင် ရှုပ်ထွေး နေပါတော့တယ်။ ရုံးလုပ်ငန်းတွေ လုပ်ရမယ့် အချိန်တွေမှာ ဟိုက်ဝေးဂိတ်တွေသွား ဖုန်းတွေဆက်နဲ့ ပြန်ဘို့ သွားဘို့အရေးတွေဘဲ လုံးပန်း နေရပါတော့တယ်။ သင်္ကြန်နား ရောက်တာနဲ့ ခရီးသည်တင် မော်တော်ယာဉ်တွေ ကလည်း ပိုတွက်ခြေကိုက်မဲ့ ဘုရားဖူး ကားအသွင် ကူးပြောင်း ကုန်ပါတော့တယ်။

ဒါဆိုရင်ကြိုတင် စီစဉ်လို့ရတဲ့ ဘုရားဖူးဘဲ သွားကြည့်ကြရအောင် ...ယခင်နှစ်က သင်္ကြန်မှာ မန္တလေးက သူငယ်ချင်းဆီ သွားချင်ပေမယ့် ကားလက်မှတ်မှောင်ခို/ ရထားလက်မှတ် တန်းစီမရတွေကြောင့် နာမည်ရှိတဲ့ ဂိတ်တစ်ခုရဲ့ ဘုရားဖူး အစီအစဉ်နဲ့ ရွှေစက်တော်၊ မုံရွာအလောင်းတော် ကဿဖ ခရီးစဉ်ကို သွားခဲ့ပါတယ်။ ဘုရားဖူးကား လက်မှတ်က သတ်မှတ်ရက်အတွက် အချိန်မရွေး ရောင်းပေးပါတယ်။ ကားကဘယ်ဆီမှာ မှန်းမသိပါဘူး၊ အဝေးပြေးက ကားဂိတ်တွေနဲ့ ညှိတုန်း၊ လူမပြည့်ရင် ကားချင်း ပေါင်းပေးမယ်။ နောက်ဆုံးပေါင်းလို့ မရရင် ငွေပြန်အမ်းမယ် ဒါပါဘဲ။

...သွားမယ့်နေ့မှာတော့... ဘယ်တော့မှ ထွက်ချိန် မတိကျတဲ့ ကားတွေကို ကားထွက်မယ့် အချိန်ထက် ၃/၄နာရီစောပြီး ဘယ်ကားမှန်း၊ ဘယ်မှာမှန်းမသိတဲ့ ကားကို ယောင်လည်လည်နဲ့ ငေးမောရင်း ကြေးသွန်းဘုရားကြီး ရှေ့မှာ စောင့်ကြရပါတယ်။  နေ၀င်မိုးချုပ်ကနေ စောင့်လိုက်ရတာ  ည ၁၀နာရီသာ ကျော်သွားတယ် ကိုယ့်နာမည် ခေါ်သံမကြားရတော့မှ ခပ်ဝေးဝေးမှာရှိနေတဲ့ ဂိတ်မှူးတွေ သွားမေးမှ ကိုယ်တွေ စီးရမယ့် ကားကမင်္ဂလာဒုံ ရောက်နေပြီတဲ့ လူတွေကျန်ရစ်ခဲ့လို့ ဖုန်းပြန်ဆက်ပါသတဲ့။ နောက်ကားနဲ့ တင်ပေးလို့ ရွှေစက်တော်ကို နောက်တစ်နေ့မှာ ဖူးရပါပြီ။ ကားပေါ်က မဆင်းမှီမှာ Guide လို့ခေါ်သူက တည်းခိုရမည့် တည်းခိုခန်းများ အကြောင်း စပြောပါတော့တယ်။ အရင်က ပြောတဲ့ဈေးက တစ်ယောက်၃၀၀၀ိ၊ အခု၈ ယောက်တစ်ခန်း ၅သောင်းတဲ့ လူမပြည့်လဲ ၅သောင်းပါဘဲတဲ့ ပိုင်ရှင်ကလဲ သူငယ်ချင်း၃ယောက်ထဲမို့ လျှော့ဘို့လာမပြောနဲ့ မျက်နှာထားက ခပ်တင်းတင်းတွေပါ ..နောက်တော့ မြိတ်က လာတဲ့မိသားစု ၄ယောက်နဲ့ စုပြီးငှားဖြစ် သွားပါတယ်။ အမှန်မှာတော့ ၅ယောက်လောက် အတွက်ဘဲ သင့်တော်ပါတယ်။.၀ါးကြမ်းခင်းကကျဲကျဲ ၀ါးကပ်အမိုးကကျဲကျဲ မင်းဘူး နေကပူပူပါ။ 

ဘုရားဖူးကားက ထမင်းကျွေး စရိတ်ငြိမ်းလို့ဆိုထားပါတယ်။ ဆင်ခြေပေးတာကတော့ အချိန်လွန်သွား လို့ပါ၊ လမ်းခုလတ်ရောက်နေလို့ပါ ဂိတ်နဲ့စကားများလို့ ထမင်းချက်သမား ပါမလာပါ အကြောင်းပြ ၊guide လုပ်သူကထမင်းပြေးချက်နေရရှာတယ် ဆိုပြီးမြန်မာလူမျိုး ဘုရားဖူးသွားတွေက သနား၊ အေးချမ်းစွာ သွားရရင်ပြီးတာဘဲလေဆိုတဲ့ စေတနာတွေနဲ့ ကျွေးချင်လဲကျွေး မကျွေးလဲရကြပါတယ်။ ဒီလိုနဲ့ ၅ကြိမ်လောက်က ထမင်းကျွေးဘို့ လွတ်သွားတော့လဲ အပြန်ခရီးမှာ Guide လဲ အဆင်ပြေတာပေါ့။ မုံရွာမရောက်ခင် ကားပေါ်မှာ Guide က မုံရွာကနေ အလောင်းတော်ကဿပကို Minibus နဲ့ဆိုရင် ၁၅၀၀၀ိ/ Dyna နဲ့ဆိုရင် ၁၀၀၀၀ိ/ (ပုံမှန်က ၆၀၀၀ိ/ခန့်) ပါ /ဘုရားဖူးတွေကရပါတယ်။ သက်တောင့်သက်သာ Minibus နဲ့တစ်ယောက် တစ်ခုံကျ ၂စီးငှားလိုက်ပါတဲ့  အားလုံးသဘောတူပါတယ်။ ည ၁၂ နာရီလောက်မှာ ကားပေါ်တက်ကြတော့ တစ်စီးထဲမှာ စုပြုံတိုးဝှေ့ ဘယ်လိုလဲ..။ အပြောတခြား အလုပ်တခြားလေ။
အလောင်းတော် ကဿပမှ ဆင်ငှားစခန်း..
 မပြောတော့ပါဘူးလေ အများနဲ့ဘဲ ..ဘုရားဖူး လာကြတာဆိုတော့..နဲ့ အခွင့်အရေးပေး လိုက်ပြန်ပါတယ်။ ဆင်စခန်းရောက်ပြီ ၄ယောက် ၈၀၀၀ိ/ သစ်သားစင်တွေဆီကို ဆင် ၁၀ ကောင်မှာ ၈၀၀၀ိ/တန်ဆင်က ၅ကောင်လောက် လဲဝင်လာပါတယ်။ ကျန်တဲ့ဆင်တွေက ၁၅၀၀၀/၂၀၀၀၀/ ဆင်တောင် Black Market ဖြစ်နေပါပြီ/ အခွင့်သာတဲ့ အခိုက်လေးပါ ..ရပါတယ်လေ။ ဒို့သွားနိုင်တဲ့ ရက်ကလည်း ဒီရက်လာ ဖြစ်နေတာကိုး။ အပြန်လမ်းမှာတော့ လက်မှတ်ဝယ်စဉ် ခရီးစဉ်ထဲမှာပါတဲ့ ဖိုလ်ဝင်တောင်ကိုများ ၀င်မလား၊ ဒီမ၀င်ဖြစ်တော့ရင် သမိုင်းဝင် ရွှေဂူနီဘုရားတော့ ပို့မှာပါလေ။ ဒီလိုထင်ထားတာ..။ တကယ်တမ်းကျတော့ ဟိုလဲမရောက် ဒီလဲမပို့ .... မန္တလေးရောက်ရင် ဦးပိန်တံတားကိုပါပို့မယ် ... ကောင်းလိုက်တဲ့ စေတနာတွေ။

 ...အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ ကျော်ခွချန်ခဲ့တာ တော်တော်များများပါ။ ဒါပေမယ့် မြန်မာလူမျိုးစစ်စစ်တွေပါ။ ဗြဟ္မစိုရ် တရားလက်ကိုင်ထား မေတ္တာပွားရင်း ခရီးသွားဖေါ်တွေနဲ့ ပျော်ရွှင်စွာခရီးကို အဆုံးသတ် နိုင်သူတွေပါ။ နောင်နှစ်တွေမှာတော့ ဘုရားဖူးသွား မိတ်ဆွေသစ်တွေက ဒီနှစ်ဘယ်သွားလဲ ဘာနဲ့သွားဖြစ်လဲ ကားလိုင်းက ၀န်ဆောင်မှုတွေကောင်းရဲ့လားစသည် အလာပသလာပ မေးခွန်းတွေအတွက် အကောင်းဆုံး ဖြေချင်မိပါတယ်။
ဒါက ယခင်နှစ်များက သွားခဲ့အကြောင်းပါ ဒီနှစ်တော့ ကိုယ့်မွေးရပ်မြေက ကျိုက်ထီးရိုး မရောက်ဘူးသေးသူ ၂၀ လောက်ကို Townace လေးတစ်စီး စီးလုံးငှားပြီး တောင်သူလယ်သမားနေ့၊ စနေ၊တနင်္ဂနွေ ပိတ်ရက် (၃)ရက်မှာ ပို့ပေးခဲ့ပါတယ်..ကားနဲ့ အစားအသောက်တွေ ကိုယ်တိုင် စီစဉ်ခဲ့တဲ့အတွက် အားလုံးအဆင်ပြေပါတယ်။ မပြေတာက ခရီးသွားတိုင်းရဲ့ ဇာတ်လိုက် တည်းခိုခန်း ပြသနာပါဘဲ။ မနက်အစောကြီး မိုးမလင်းခင် တောင်ပေါ်ရောက်ပါတယ်။ တည်းခိုခန်းက ပုံမှန် ၂၀၀၀၀ိ/ ယခု ၆၀၀၀၀ိ/ ပါတဲ့ ၅ယောက် လောက်အတွက်ဘဲ ဖြစ်ပါတယ်။ ၁၀ ယောက်အတွက် ၈၀၀၀၀ိ/ ၁၂၀၀၀၀ိ/ စသဖြင့် ၃..၄ ဆ ပြောချင်တဲ့ဈေး ပြောဆိုနေကြပါပြီ။ မနက် ၈ နာရီ/၁၀နာရီလောက်မှ ပြန်လာကြည့်ပါတဲ့ လာမှ ဈေးပြောမယ်တဲ့ ဘုရားဘယ်ဆီမှာမှန်း မသိနိုင်သေးပါဘူး။ ပါလာတဲ့ ပစ္စည်းလေး နေရာချပြီး အေးအေးဆေးဆေး ဘုရားဖူးကြရအောင်လဲ အဆင်က မပြေ ဖြစ်နေရတော့တယ်။ တည်းခိုခန်းကိစ္စနဲ့ နေ့တစ်ဝက် ရောက်နိုင်တယ် ဒါကြောင့် တစ်ယောက်က အထုတ်တွေ ထိုင်စောင့် ကျန်သူတွေ နေမပူခင် ဘုရားတွေ သွားဖူးကြပေါ့။ ..ကျန်ခဲ့ရသူလည်း သနားရပါတယ်..။ ကျိုက်ထီးရိုးက ဂေါပကတွေရဲ့ ကြီးကြပ်မှုအောက်က တည်းခိုဆောင်ကြီးတွေက ခန့်ညား လွန်းပါတယ်၊ တာဝန်ရှိသူတွေ၊ ၀န်ထမ်းတွေ စိတ်ဓါတ်တွေလည်း ခန့်ညားစေချင်ပါတယ်။

မြန်မာလူမျိုးတွေဟာ စေတနာ သဒ္ဒါတရား အားကောင်းကြပါတယ်၊ အတင်းဖန်တီး ရယူဘို့မလိုပါဘူး၊ လှူချင် တန်းချင် ပေးကမ်းစွန့်ကြဲချင်သူများပါ။ ကိုယ့်အပေါ်နည်းနည်းကောင်းရင် ကိုယ်ကများများ ပြန်ပေးဆပ်ချင်သူများပါ။ ဘုရား၊ ပုထိုးတွေအတွက် ကန်ထရိုက်စံနစ်တွေက အကျည်းတန်မှု တွေဖြစ်စေတယ် ဆိုတာတော့ သတိပြုကြစေချင်ပါတယ်။ အတင်းအလှူခံလိမ့်မယ်.... သတိထား.. ဆိုတာမျိုးတွေ ကြားကြားနေရတာလဲ စိတ်မချမ်းသာလှပါ။ ဘုရားရိပ် တရားရိပ်ဟာ သက်ရှိအားလုံးရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းအောင် အလိုလို ဖမ်းစားနိုင်တဲ့ နေရာတစ်ခုပါ။ အေးချမ်းတဲ့ နေရာတစ်ခုကို ပူလောင်တဲ့ သောကတွေ မရောက်စေချင်တဲ့အတွက် အခွင့်သာခိုက်လေး Long Comment လေးပို့ပေး ခြင်းပါ။ ပိတ်ရက်များသာ အားကိုးသွားလာရတဲ့ ၀န်ထမ်းများအားလုံး အများနည်းတူ စိတ်ချမ်းသာမှု ရနိုင်ကြပါစေ။ 

တာဝန်ရှိလူကြီးမင်းများမှ အသေးအဖွဲ ကိစ္စလေးများ ဖြစ်သော်ငြားလဲ လူသား အကျင့်စရိုက်များ ကူညီပြောင်းလဲ ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။ ခေတ်မှီ စည်းကမ်း ပြည့်ဝသော နိုင်ငံတော်ကြီးဆီသို့ အမြန်ရောက် စေချင်ပါသည်။ တစ်ပိုင်တစ်နိုင်က စပြီးစည်းကမ်း ပြည့်ဝမှုရှိပါမှ နိုင်ငံတကာအဆင့်အထိ စည်းကမ်းကျန ခန့်ညားနိုင်မည် ဖြစ်ပါသည်။ ကိုယ့် နိုင်ငံထဲမှာ လည်ပတ်စရာ နေရာများစွာ ရှိပါသည်၊ သို့ပါသော်လည်း ယခုအခါ စံနစ်ကျသော ၀န်ဆောင်မှုများ အပြည့်ပေးနိုင်မည့်  Over sea  trip များရွေးချယ်မှု ပိုများလာပါသည်၊ ကိုယ့်ရေမြေကို ပိုပြီးတန်ဘိုး ထားတတ်ချင်ပါသည်။ အားလုံး တန်ဘိုးရှိကြပါစေ၊ တန်ဘိုးထားနိုင်ကြပါစေ။  

(ဒီအကြောင်းလေးတွေ နားထောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဒီမို..)

ဝန်ထမ်းတဦး..
ဓာတ်ပုံများ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

ယခင်နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (ယင်းမာပင် တင့်ကားစက်ရုံ စီမံကိန်း)

ယခင်နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ
ယင်းမာပင် တင့်ကားထုတ်လုပ်ရေး စီမံကိန်း အကြောင်း တစေ့တစောင်း
မြန်မာ စစ်အာဏာရှင်များရဲ့ ကပစ(၂) ယင်းမာပင် တင့်ကားထုတ်လုပ်ရေး စီမံကိန်း အတွင်းမှ
ထုတ်လုပ်ပြီး တင့်ကားများ..
အဆိုပါ တင့်ကားအတွင်း တပ်ဆင်ထားတဲ့ Equipment တွေကတော့ စက်သေနတ်များ၊ ရေဒါပဲ့ထိန်းစံနစ် ဒုံးကျည်များနဲ့ လေယာဉ်ပစ် အမြှောက်များအထိ ပါဝင်ပါတယ်...။

ဒီတစ်ပတ်မှာ တင်ပြပေးမှာကတော့ ယခုအရပ်သား အစိုးရတဖြစ်လဲ ယခင်နအဖရဲ့ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းတွေထဲက ယင်းမာပင် တင့်ကားစက်ရုံအကြောင်း တင်ပြပေးပါမယ်...။

ယင်းမာပင် တင့်ကားစက်ရုံဟာ သာစည် တောင်ကြီးကားလမ်းရဲ့ နာမည်ကျော် ယင်းမာပင် လမ်းခွဲက သွားရတဲ့ ယင်းမာပင်မြို့ အနီးမှာ ရှိပါတယ်...။ အဆိုပါနယ်မြေမှာ တင့်ကားပြင်ဆင်ရေး စက်ရုံနဲ့ တင့်ကား အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်တဲ့ အဆောက်အဦးများ အများအပြား ဆောက်လုပ်ထားပါတယ်...။ ကပစ(၂) လက်အောက်မှာ ရှိတဲ့ အဆိုပါ စီမံကိန်းများရဲ့ စက်ရုံများအား ယူကရိန်းနိုင်ငံနဲ့ ဖက်စပ် တည်ဆောက်နေတာ ဖြစ်ပါတယ်...။ စက်ရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်းအထိုင်များအား ယူကရိန်းနိုင်ငံမှ လာရောက် တပ်ဆင်တည်ဆောက် ပေးထားတာလို့ ဆိုပါတယ်...။
  မြောက်ကိုရီယားထံမှ ဝယ်ယူထားတဲ့ လေယာဉ်ပစ် အမြှောက်တင် ထရပ်ကားတစ်စီး
 အထက်ပါ ဓာတ်ပုံမှာ  မြောက်ကိုရီးယားနိုင်ငံမှ ဝယ်ယူထားတဲ့ လေယာဉ်ပစ် အမြှောက်တင် ထရပ်ကား တစ်စီးဖြစ်ပါတယ်...။ အဆိုပါ ထရပ်ကားမှ ရန်သူလေယာဉ်အား ခေတ်မှီ ရေဒါနည်းစံနစ်ဖြင့် ပစ်မှတ်ရှာပြီး အော်တိုပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်...။ မြောက်ကိုရီးယားရဲ့ နည်းပညာဖြင့် ပြုလုပ်ထားတဲ့ အဆိုပါ...။ လေယာဉ်ပစ် အမြှောက်တင် ထရပ်ကားမှ အစိတ်အပိုင်းများအား ပုံတူ ကော်ပီကူးချပြီး ယူကရိန်းနဲ့ ဖက်ဆစ် ပုံစံတူ ပြန်လည် ထုတ်လုပ်နေကြောင်း သိရှိရပါတယ်..။ အဆိုပါ ပုံစံတူ ကော်ပီကူးချ ပြုလုပ်နေမှုအား မြောက်ကိုရီယားမှ သိရှိခြင်း မရှိဘူးလို့ ဆိုပါတယ်...။ အဆိုပါ ဖျောက်ဆိပ်ပင် ရေဒါစခန်း၊ တင့်ကားစက်ရုံ စီမံကိန်းများရဲ့ တာဝန်ခံ ကတော့ ဗိုလ်ချုပ်သိန်းထိုက်ဖြစ်ပြီး ဒုထုတ်ချုပ်ကတော့ ဗိုလ်ချုပ်အောင်မျိုးမင်း ဖြစ်ပါတယ်...။
ယင်းမာပင် တင့်ကားစက်ရုံ အဆောက်အဦး အပြင်ပိုင်း မြင်ကွင်းတစ်ခု
အဆိုပါ တင့်ကားစက်ရုံ စီမံကိန်းဟာ အင်မတန် ကြီးမားတဲ့ စီမံကိန်းဖြစ်ပါတယ်...။ ဤကဲ့သို့သော စက်ရုံ ဂိုဒေါင်များနှင့် စက်ပစ္စည်း အစိတ်အပိုင်းထုတ် စက်ရုံ (၇၀)ထက်မနည်း တည်ဆောက်ထားတယ်လို့ ဆိုပါတယ်...။ အဆိုပါ ထုတ်လုပ်ပြီး တင့်ကားများအား ပြည်တွင်း၌ အသုံးပြုရန်နှင့် အာဖရိကမှ မငြိမ်မသက် ဖြစ်နေတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ဆိုမာလီ၊ ဆူဒန်စတဲ့ နိုင်ငံများသို့ လျှို့ဝှက် ရောင်းချရန် စီစဉ်လျှက် ရှိတယ်လို့ ဆိုပါတယ်...။ ကမ္ဘာ့ကုလသမဂ္ဂမှ မြောက်ကိုးရီးယားနိုင်ငံအား စစ်လက်နက် ရောင်းဝယ်ခြင်းအား ပိတ်ပင် တားမြစ်တဲ့ ဥပဒေများ ထုတ်ပြန်ထားလင့်ကစား မြန်မာနိုင်ငံတွင်းမှ စစ်အာဏာရှင်များနဲ့ စစ်လက်နက် ပစ္စည်းများ လျှို့ဝှက်ရောင်းချနေခြင်း၊ မြန်မာပြည်တွင်း၌ မြောက်ကိုရီးယား လက်နက်ပညာရှင်များ ခြေချင်းလိမ်အောင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ပူပေါင်း တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်နေခြင်းဟာ ကုလသမဂ္ဂမှ မြောက်ကိုရီးယားအပေါ် ပိတ်ပင်ထားတဲ့ ဥပဒေအား မြန်မာစစ်အာဏာရှင်များမှ မထီမဲ့မြင် ဗြောင်ချိုးဖောက်ရာ ရောက်နေပါတယ်..။
စက်ရုံအတွင်းမှ ထုတ်လုပ်ပြီး တင့်ကားများ...
အချုပ်အားဖြင့် ဆိုရသော် ယခင်နအဖ စစ်အာဏာရှင်များဟာ တိုင်းပြည်ရဲ့ နေရာအနှံအပြားမှာ  လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများအား ဆက်လက်လုပ်ကိုင် ဆောင်ရွက်ခဲ့ပါတယ်...။ အထက်ပါ လျှို့ဝှက် တည်ဆောက်ရေး စီမံကိန်းများအတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေများအား မည်မျှ ပမာဏအထိ သုံးစွဲတည်ဆောက် နေတယ်ဆိုတဲ့ အချက်ကိုတော့ အများပြည်သူ သိရှိရခြင်း မရှိသလို.. ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အတိုက်အခံ အမတ်မင်းများမှလည်း နိုင်ငံတကာနဲ့ အများသိရှိပြီးဖြစ်တဲ့ အဆိုပါ လျှို့ဝှက်စီမံကိန်းများနဲ့ ပတ်သက်ပြီး ကြားသိထားသမျှအား လွှတ်တော်အတွင်း၌ ယနေ့ထက်တိုင် မေးမြန်းဖော်ထုတ်ခြင်း မရှိသေးပါဘူး...။ နိုင်ငံတခုမှာ အင်မတန်မှ အရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ဘတ်ဂျက် ရာခိုင်နှုန်း အနည်းငယ်သာ  အသုံးပြုပြီး စစ်အသုံးစားရိတ်အား ရာခိုင်နှုန်းများစွာ အသုံးပြုနေခြင်းဟာလည်း စီးပွားရေးချွတ်ခြုံကျမှုရဲ့ ကြီးမားသော အကြောင်းရင်းတရပ် ဖြစ်ပါသည်...။ နအဖ တဖြစ်လဲ အရပ်သားအစိုးရဟာ ယနေ့ထက်တိုင် အဆိုပါ စီမံကိန်းများနှင့် စစ်ဘက်ဆိုင်ရာ စီမံကိန်း အများအပြားအား ဆက်လက် လျှို့ဝှက်လုပ်ကိုင် ဆောင်ရွက်လျှက်ရှိကြောင်း အများပြည်သူ သိရှိနိုင်စေရန် တင်ပြလိုက်ပါတယ်..။

ပြည်ချစ်၊ မျိုးချစ်စစ်သည်များအား အစဉ်လေးစား ဦးညွှတ်လျှက်....။

ဒီမိုဝေယံ....

နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၃) ပြန်ဖတ်ချင်ရင်.. http://www.demowaiyan.co.cc/2011/02/blog-post_22.html




ဒီမိုဝေယံ....


ခရမ်းမြို့နယ်၏ အရက်စက်ဆုံး မြို့နယ်ဆရာဝန်ကြီး အကြောင်း သိကောင်းစရာ (တိုင်ကြားစာ)


ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ရက်အကန့်သတ်မရှိ ရပ်ဆိုင်းနှင့် ပြည်တွင်း သတင်းတိုများ...

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ရက်အကန့်သတ်မရှိ ရပ်ဆိုင်း

ရေကြောင်းကုန်တင် တင်ပို့သည့် သဘောင်္များ မလက္ကာရေလက်ကြားအား ပတ်၍ ဖြတ်သန်းရသည့် ခရီးအကွာအဝေးအား တိုတောင်းစေပြီး မြန်မာနိုင်ငံ တနသာင်္ရီတိုင်း ထားဝယ်မြို့မှ ထိုင်းနိုင်ငံ ကချာနာဘူရီ Phu Nam Ron မြို့သို့ ဖြတ်သန်း ဆက်သွယ်ပေးမည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား စစ်အစိုးရမှ ရက် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါတယ်..။ 

(၂၀၀၈)ခုနှစ်က မြန်မာစစ်အစိုးရနဲ့ Italian – Thai  Development  ကုမ္ပဏီတို့ စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ကွယ်က အဓိက ရင်းနှီးမြုပ်နှံနေတာကတော့ ဂျပန်ကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုပါတယ်..။ အဆိုပါ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ မြန်မာစစ်အစိုးရက အဆိုပါ စီမံကိန်းအတွက် လာရောက် ရင်းနှီးမြုပ်နှံတဲ့ လုပ်တဲ့ကုမ္ပဏီတွေရဲ့ အာမခံကိစ္စကို ပြည်တွင်းမှာပဲ အာမခံပြုလုပ်ခိုင်းတယ် လို့ဆိုပါတယ်..။ နိုင်ငံခြားကုမ္ပဏီများမှ အင်တာနေရှင်နယ် ဖြစ်အောင် အာမခံကိစ္စအား နိုင်ငံခြားမှာပဲလုပ်မယ်ဟု တောင်းဆိုခဲ့ပါတယ်..။ အဆိုပါတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်ပေါ်လာတဲ့အတွက် စစ်အစိုးရမှ ရက်ကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တာ ဖြစ်ကြောင်း သိရှိရပါတယ်..။
အချိန်အခါမဟုတ် ရန်ကုန်မိုး

ယခုရက်ပိုင်းများ အတွင်း ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းလျှက် ရှိပြီး လေအေးများ တိုက်ခတ်ခဲ့ကြောင်း သိရှိရပါတယ်..။ အဆိုပါ နွေရာသီ အချိန်အခါ မဟုတ်မိုးကြောင့် ပဲများ  အညှောင့်တွေ ထွက်ကုန်ပြီဖြစ်တဲ့ အတွက် ပဲဈေးတွေ ၊ ဆန်ဈေးများ တက်နိုင်ကြောင်း  ဒိုက်ဦးဘက်မှ ပဲစိုက်တဲ့သူတွေမှ ပြောဆိုကြောင်း သိရှိရပါသည်။ 

စစ်အသုံးစားရိတ်
ဆက်လက်ပြီး ၂၀၁၁ ဧပြီလ နှစ်သစ်ဘတ်ဂျတ် စာရင်းမှာ နအဖရဲ့ နိုင်ငံတော်ကာကွယ်ရေးစရိတ် ဆက်လက် ထည့်သွင်းထားကြောင်းလည်း သိရှိရပါသည်။

သတင်း..... ဒီမိုဝေယံ

ကျွန်တော်တို့ ကျောင်းအကြောင်းလေးပါ 
ဆိုပြီး ပေးပို့လာတာကတော့
မအူပင်တက္ကသိုလ်ကတော့ ဘယ်ကျောင်းမှမတွေ့ရပါဘူး။ နေပူပူ မိုးရွာရွာ မီတာ250 ကိုအသွားအပြန် လမ်းလျှောက် နေရတာပါ။ ဘေးမှာက လယ်ကွင်းတွေနဲ့ အရိပ်လဲမရှိပါဘူး မိုးတွင်းဆိုရင်လဲ မိုးအစိုခံပြီး စာသင်နေရတာပါ။ ဒါတွေကအပြင်ပန်းပါ။ တက္ကသိုလ်ကျောင်းသားရဲ့ လွတ်လပ်ခွင့်လဲ ကျွန်တော်တို့ မသိသလို ရလဲမရပါဘူး။ အင်္ဂလိပ်စာဌာန ပါမောက္ခ ဌာနမှူး ဦးစိုးကိုကို ဟာအခုအချိန်ထိ တက္ကသိုလ် ကျောင်းသားတွေကို ကြိမ်လုံးနှစ်လုံးပူးနဲ့ ရိုက်တုန်းပါ။ ပထမနှစ်ကနေ တတိယနှစ် သင်ရသမျှအကုန်ပါပဲ..။ အဲ့ထက်ဆိုးတာက သူနဲ့ပြဿနာတက်တဲ့ ကျောင်းသားတွေကိုလဲ စာမေးပွဲနဲ့ ချိန်းခြောက်တုန်းပါပဲ။ ကျွန်တော်တို့ တက္ကသိုလ်ရဲ့နွဲ့ဆိုး ဆရာတစ်ယောက်ပါ။ ကျွန်တော်အပြစ်မလုပ်မိပဲနဲ့ ပြဿနာရှာပြီး ဌာနအရှေ့မှာ မိဘနာမည်တက်ပြီး အဆဲခံခဲ့ရတာ အခုလေးတင်ပါပဲ။ 

ကျောင်းထဲကိုလဲ ဆိုင်ကယ်ပေးမ၀င်ပါဘူး...။ အားလုံးဆိုရင်တော့ ဘာမှမဟုတ်ပါဘူး။ အခုဟာက ကန်တင်းကသူတွေ၊ ဆရာတွေ၊ ၀န်ထမ်းတွေ၊ ဆိုင်ကယ် နောက်ထိုင်သမားတွေ ၀င်ခွင့်ပေးထားပါတယ်။ ကျောင်းသားတွေက ကယ်ရီသမား တွေလောက်တောင် အဆင့်မရှိဘူးလားခင်ဗျာ RC Room ကလဲ ဆောက်လုပ်စ  ရပ်ထားပါတယ်ခင်ဗျာ။ ကျွန်တော်တို့ အားလုံးသိချင်လိုချင်တာက တက္ကသိုလ်ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူဆက်ဆံ ခံရရေးပါ။ ကျွန်တော်တို့ တက္ကသိုလ်မှာ ၀န်ထမ်းတွေ စာရေးတွေ ကိုတောင် ပြန်ကြောက် နေရပါတယ်ခင်ဗျာ။ ဒါကို DVB ကနေတဆင့် ကျောင်းသားသမဂ္ဂ ကိုမေးမြန်းပြီး ဖြေကြားပေးစေလိုပါတယ်။ လူသားတိုင်း တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် ရရှိကြပါစေလို့ ဆန္ဒပြုလျက်။ ဒီသတင်းလေးကို ကြည့်လုပ်ပေးပါ.. ကိုဒီမို။ ဖုန်းနဲ့လဲ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (ရဟတ်ယာဉ်ပျက်ကျတဲ့ မှတ်တမ်း၊ ဓာတ်ပုံများ-၁)

ကျွန်ုပ်နှင့် မဒွယ်ရေခဲတောင်မှ နတ်ရေကန် ရှာပုံတော် အပိုင်း(၁) ခရီးကြမ်းမှတ်တမ်း...
မဒွယ်ရေခဲတောင် နတ်ရေကန် ရှာပုံတော် စွန့်စားခန်း ခရီးကြမ်း မှတ်တမ်းစာအုပ်မှ မြိုင်ရာဇာ တေဇ၏ လက်မှတ်နှင့် အမှာစာ..
(၂၁.၂.၂၀၀၁) မနက်(၇း၃၀)ခန့်တွင် အပေါ်ကောင်းကင်ရာသီဥတု ကင်းရှင်းပြီး အဝေးမှ မြင်ရသည့် "ခါကာဘိုရာဇီ" တောင်ကိုပင် Camera Zoom ဆွဲ၍ ဥက္ကဋ္ဌမှ မှတ်တမ်းတင်ထားသည့်ပုံ...
နတ်ရေကန်အသွား မဒွယ်တောင် ပေ(15,110) တောင်ကို အဝေးမှ Zoom ဆွဲရိုက်ထားပုံ.. (နတ်ရေကန်သွားရှာတယ် ဆိုတော့ ဘာအကြံလည်းတော့မသိပါ)
  • မြန်မာပြည်၏ အထူးဂုဏ်ယူရသည့် ကမ္ဘာပေါ်တွင် အမြင့်ပေ(10,000) အထက်တွင် မြင်ရန် အလွန်ရှားပါးလှသည့် သစ်တောကြီးများပုံ ဖြစ်သည်..။
  • ၎င်းတောများထဲတွင် ရှားပါးလှသည့် မရှော့၊ ခမ်းတောက်မြစ်၊ သစ်မွှေးများ ရှိသကဲ့သို့ ရှားပါးလှသော သားမင်း၊ Red Panda၊ တောင်ဆိတ်များ၊ ဖက်ဂျီများလည်း အလွန်ပေါများလှသည်..။ 
ဝတိမ်ဖျားမှ နတ်ရေကန်အား ဖြတ်ပျံစဉ် ရေခဲ၍ တင်းနေသော နတ်ရေကန်ကို လေယာဉ်ပျက်မကျမှီ ဥက္ကဋ္ဌမှ အမှတ်တရ မှတ်တမ်းတင်နိုင်ခဲ့ပုံ..
ရေကန်မှာ ၂ဆင့်ရှိပြီး ယခုအောက်နတ်ရေကန်ကို ဥက္ကဋ္ဌမှ မှတ်တမ်းတင် ရိုက်ထားပုံ (ရဟတ်ယာဉ်ပျက်ကျစဉ် သတင်းမီဒီယာများရဲ့ မေးမြန်းခန်းမှာတော့ ဝန်ထမ်းတွေ ရေခဲတောင်တက်ဖို့ လမ်းကြောင်းရှာတာလို့ ဆိုပါတယ်..။ တပ်ချုပ်ကြီးအတွက် နတ်ရေကန် ရှာပေးတာလား စဉ်းစားချင့်ချိန်စရာပါ)
ရဟတ်ယာဉ်ပျက်ကျပြီး ရသမျှပစ္စည်းများ ထုတ်နေပုံ..
ရှေ့တွင် ပေ(2,000)ခန့်နက်သည့် ကျောက်ဆောင်နှင့် နတ်ရေကန်တို့ အကြား ကံကောင်းစွာ ပျက်ကျလဲလျောင်းနေသော မိမိတို့ ရဟတ်ယာဉ်ကို ဦးသက်ထွန်းမှ အမှတ်တရ မှတ်တမ်းတင်ထားပုံ..
မိမိတို့ အဖွဲ့မှ ရဟတ်ယာဉ် ပျက်ကျပြီး ဘာလုပ်သင့်သလဲ တိုင်ပင်နေပုံကို ဦးသက်ထွန်းမှ မှတ်တမ်းတင်ထားပုံ....
ရဟတ်ယာဉ်ပေါ်ပါသည့် ရေ(၂)ဗူးနှင့် ရသမျှ ပစ္စည်း စစုဆောင်းကာ တောင်အောက်သို့ ရသမျှ ဆင်းရန် ပြင်ဆင်နေပုံ...

 ဥက္ကဋ္ဌကြီးဦးတေဇရဲ့ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ အပိုင်း(၁)ပါ.. အပိုင်း (၂)ကို ဆက်လက်ဖော်ပြပေးပါမယ်...။ အမိမြန်မာပြည် အမှတ်တရပေါ့ဗျာ...။ ရေခဲတောင်ကနေ စင်ကာပူ ဆေးရုံရောက်တဲ့အထိ စွန့်စားခန်းမှတ်တမ်း ဓာတ်ပုံတွေပါ....။ ဆက်လက်ဖော်ပြပေးပါမယ်..။

ဒီမိုဝေယံ

မှတ်တမ်း အပိုင်း(၂)မှာ ပါတဲ့  ဥက္ကဋ္ဌကြီးဦးတေဇပုံပါ...

ကျန်းမာရေးဝန်ကြီး “ ဖော ” ပြီ

ကျန်းမာရေးဝန်ကြီး “ ဖော ” ပြီ (ရေးသား ပေးပို့သူ ကိုအောင်မျိုးထွန်း)

ဒီနေရာမှာ ကျွန်တော်တို့က သင်္ကန်းကျွန်းအမတ် ကော့ကရိတ်ဦးသိန်းညွန့်ကို ပြုံးပြရမှာဘဲ။ ” ကျွန်တော်လည်း လွှတ်တော်က အပြန် သင်္ကန်းကျွန်း ပြည်သူ့ဆေးရုံကြီးကို သွားကြည့်ဦးမှဘဲ...” ဦးသိန်းညွန့် စကားပါ။ နိုင်ငံရေးမှာ လူထုခံစားမှုက သွေဖည်သွားရင် စီပွားရေးသမား ဖြစ်သွားလိမ့်မယ်။ အဲဒီလို ရိုးရိုးလေးဘဲ မြင်မိပါတယ်။

သိပ်မကြာပါဘူး။ အွန်လိုင်း မိတ်ဆွေ တစ်ယောက်ဆီက ဖုန်းလာပြန်တယ်။ အစ်ကိုရေ..." ကျန်းမာရေးဝန်ကြီး ညာနေပြီ...” တဲ့။ “ ပုံပြင်တွေ ပြောနေတာ သည်းခံပြီး နားထောင်လိုက်ဦး... အမှန်တွေကို ဖော်ထုတ်ကြတာပေါ့...” လို့  ပြောလိုက်ပါတယ်။

ဘယ်လိုရှုထောင့်မျိုးက၊ ဘယ်နေရာက၊ ဘယ်လိုနည်းနာတွေနဲ့ ကျွန်တော်တို့ ပြည်သူကဘ၀င်ကျ ရမှာတုန်း။ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးထားတယ်...။ ဆေးပဒေသာပင်တွေ ထူထောင်ပေးထားတယ်...။ ငွေကြေး မတတ်နိုင်သူတွေကို ဆေးဝါးတွေ အလကားပေး၊ ကုသမှုတွေ အတွက် စရိတ်ပေးစရာ မလိုဘူး... ဒါတွေကို ကျန်းမာရေးဝန်ကြီးက လွှတ်တော်ထဲမှာ ပြန်ချေပ သွားတော့ ထကွိုင်တဲ့ အမတ်က သူ့ဟာသူ ပြန် ရုပ်သိမ်းသွားသတဲ့လေ။ အားလုံးအတွက် ရယ်စရာကြီး ဖြစ်နေပါတယ်။

စရိတ်မျှပေး ကျန်းမာရေး ” အတွက် ပြည်သူတွေက တကယ်မငြိုငြင်ပါဘူး။ ကျန်းမာရေး ၀န်ထမ်းတွေရဲ့ မိသားစုချို့တဲ့မှုတွေ၊ လူမှုရေး မပြည့်စုံမှုတွေကို ဆေးရုံလာတက်တဲ့သူတွေက စာနာ သဘောပေါက်ပြီးသားပါ။ လာဘ်ယူကြတယ်၊ လာဘ်ပေးရတယ်လို့ စိတ်ထဲ လုံးဝမထားပါဘူး။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေဆိုတာ တကယ်တော့ ပြည်သူထဲက ပြည်သူတွေ မဟုတ်လား။ အတူတူနဲ့ အနူနူ စနစ်ဆိုးရဲ့ ဒဏ်ရာတွေကို ဘုန်းဘုန်းလဲအောင် ခံနေကြရသူတွေဘဲလေ။

မနှစ်ကပေါ့။ ကျွန်တော့်သမီးနဲ့ သား မူလတန်းကျောင်းသား နှစ်ယောက်ကို စမ်ချောင်းဒေသန္တရ ဆေးခန်း (ဗားကရာလမ်းနဲ့ ပန်းခြံလမ်းထောင့်မှာ ရှိတယ်) မှာ ကိုယ်အလေးချိန် ချိန်ဖို့၊ အရပ်တိုင်းဖို့ ရောက်သွားတော့ ဒု- ၀န်ကြီးလာလိမ့်မယ်၊ နောက်နေ့ မှ လာခဲ့ ဆိုတာနဲ့ တပ်ခေါက်ခဲ့ရပြီး နောက်နေ့  သွားတော့ လက်ဘက်ရည်ဘိုး ပေးခဲ့ရပါတယ်။ ကလေးတွေ ကျောင်းက သွေးအမျိုးအစား စစ်ဆေးပေးဖို့  တစ်ယောက်ကို ( ၅၀၀ ) ကျပ်စီ ပေးလိုက်ရပါတယ်။

ပေးရတာကို မကျေမနပ် မဖြစ်မိပါဘူး။ ဒါ... မိဘတိုင်းရဲ့  ဖီလင်ပါ။ နားလည်နိုင်တယ်၊ မြိုချလို့ ရပါတယ်။ အောက်ခြေမှာ ဖြစ်နေတာက “ ဂ ” ငယ်တွေပါ...“ ပ ” မဟုတ်ပါဘူး။ ဒါတွေ ဖြစ်နေတယ်...။ တီဗီကနေပြီး တလွဲတွေ လျှောက်ပြောနေတာကို ပြည်သူတွေက အမြင်ကတ်နေကြတယ်၊ မပြောရင်လည်း မပြောနဲ့ ရှော့ခ် မရှိဘူး... ပြောရင်တော့ ပြည်သူတွေရဲ့ခံစားမှုနဲ့ မဝေးစေနဲ့ ..မဟုတ်ရင် တိုင်းပြည် အနာဂတ်အတွက် မှောင်မည်းနေဦးမှာဘဲ...။ ဒီနေ့ အစိုးရသတင်းကို နားထောင်ပြီး ပြည်သူတွေရဲ့ တုန့်ပြန်ချက်တွေက လွှတ်တော်ထဲရောက် ၀န်ကြီးတချို့ အတွက် နံမည်ပျက်စေပါတယ်။

ကျွန်တော့်ဇနီးရဲ့ အစ်ကိုဆို F.R.C.S. ဘွဲ့ ရထားတဲ့ ခွဲစိပ်အထူးကု တစ်ယောက်ပါ။ ဆရာဝန်ကြီးတွေလည်း သူတို့ရတဲ့ ပိုက်ဆံထဲက မရှိဆင်းရဲသား လူနာတွေအတွက် တတ်နိုင်သမျှ လှူဒါန်းကူညီပေးကြပါတယ်။ ဒါပေမယ့်...ဆင့်ပါးစပ် နှမ်းပက်သလိုဘဲ၊ တောင်မင်း မြောက်မင်း မကယ်နိုင် ဖြစ်နေပြီ လို့  ကျွန်တော့်ကို ညည်းတွားဖူးပါတယ်။ ဆေးရုံတွေမှာ ဘာတွေ ဖြစ်နေသလဲ၊ ဘာတွေ လိုအပ်နေသလဲ...သူတို့ အသိဆုံးပါ။ ကျွန်တော်တို့ ဆိုတာ ခပ်လှမ်းလှမ်းက ငချွတ် တွေပါ။

” ဦးမျိုးရေ...အခြေအနေ မကောင်းဘူး ” ဆိုတာ ယောက်ဖတော်ရဲ့ စကားပါ။

လွှတ်တော်ထဲက အမတ်မင်းတွေရဲ့ အမေးတွေ၊ အဆိုတွေကို စိတ်ဝင်တစားကြီး မဟုတ်တောင် မယုံတယုံနဲ့တော့ လူထုကြီးက နားစွင့်နေပါတယ်။ အမတ်မင်းတွေလည်း ကျေနပ်လောက်ဖွယ် အဖြေကို မရလို့ ပက်လက်လန် နေကြပါတယ်။ ၀န်ကြီးတွေ ပြန်လည် ချေပသွားတာတွေက နအဖအစိုးရရဲ့ ကောင်းကွက် တွေကို ဟိုင်းလိုက် လုပ်ပြီး ၀ါဒဖြန့် နေသလို ဖြစ်နေတယ်လို့  တချို့က သုံးသပ်ကြတယ်။ မေးခွန်းတွေ၊ အဆိုတွေ ဆိုတာ လွှတ်တော်ဆီ ပို့ ထားတာ ကြာလှပြီ မဟုတ်လား။

ပြည်သူတွေထဲမှာ နိုင်ငံရေးပါး ၀ တဲ့သူတွေ ရိုက်သတ်လို့ မကုန်ပါဘူး...။

လွှတ်တော်က နိုင်ငံရေးပါး မ၀တာ ခက်တယ်...။


အောင်မျိုးထွန်း
၁၀- ၃- ၂၀၁၁

ပေးပို့ပေးတဲ့ ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်..။


စစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေထဲက ဖျောက်ဆိပ်ပင် ရေဒါစခန်း မြင်ကွင်းပုံတွေပါ...။ ဒီလိုလူသူမရောက်တဲ့ တောင်ကြို၊ တောင်ကြားတွေထဲမှာ ဆောက်လုပ်ထားတဲ့ အတွက် ကုန်ကျစားရိတ် အင်မတန်များပြားသလို၊ မီးအပြတ်မခံတဲ့ အဆိုပါ စက်ရုံတွေ အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ပုံမှာ မြင်ရတဲ့အတိုင်း တာဝါတိုင်တွေကနေ ပို့လွှတ်ပေးပါတယ်..။ လက်ရှိ စစ်အစိုးရ ပြည်သူလူထုအတွက် ဆောက်လုပ်နေပါတယ် ဆိုတဲ့ ပြည်တွင်းက လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွေဟာ အမှန်တကယ် လိုအပ်တဲ့ ပြည်သူလူထု အတွက်လား ဒါမှမဟုတ်.. အဆိုပါ လျှို့ဝှက်စီမံကိန်းတွေ အတွက်လား ဆိုတာ စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်..။ 

လျှပ်စစ်ဓာတ်အား ပမာဏအများအပြားကို ဒီလို ပြည်သူလူထုမသိနိုင်တဲ့ လျှို့ဝှက်စီမံကိန်း နေရာတွေမှာ အသုံးပြုနေရပါတယ်..။  ဒီလိုလျှို့ဝှက် တည်ဆောက်ရေး တစ်ခုစီမှာ အစိတ်အပိုင်းထုတ်တဲ့  စက်ရုံပေါင်း အနည်းဆုံး ၂၀ကျော်မှ တစ်ချို့စီမံကိန်းတွေမှာ ဆိုရင် အများဆုံး စက်ရုံ ၉၀လောက်အထိရှိတဲ့  ကြီးမားတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်..။ ဒီလို စီမံကိန်းတွေမှာ အသုံးပြုဖို့အတွက် ပြည်တွင်းမှာ ဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ဓာတ်အား မီဂါဝပ်များစွာ ခွဲဝေအသုံးပြု နေရပါတယ်...။  ထို့အတွက်ကြောင် မြန်မာပြည် အတိုင်းအတာ အသာထား ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာတောင် မီးအပြည့်အဝ မပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်..။
ဆောက်လုပ်ပြီးစ စက်ရုံ အဆောက်အဦး တစ်ခုမြင်ကွင်း
 ဆောက်လုပ်ပြီးစ ရေဒါစက်ရုံမြင်ကွင်းတစ်ချို့.. လျှို့ဝှက်စီမံကိန်းအတွင်းမှ အဆောက်အဦးများဟာ  တောင်ကြား တွေမှာ တည်ဆောက်ထားပြီး လေယာဉ်ပေါ်မှ ကြည့်လျှင် ရုတ်တရက် မမြင်နိုင်စေရန်.. အစိမ်းရောင်ဖြင့် သုတ်ထားပါတယ်..
ဖျောက်ဆိပ်ပင် တောင်ကြောအတွင်းမှ စက်ရုံတစ်ရုံပုံပါ..။ မြောက်ကိုရီးယား ပညာရှင် တော်တော်များများဟာ ဒီလို စက်ရုံဂိုဒေါင်တွေထဲမှာ အလုပ်လုပ်ရင်း နေထိုင်ကြပါတယ်..။

နောက်ဆုံးရရှိတဲ့ သတင်းအရ ပြီးခဲသည့် ၂၀၁၀ နှစ်ကုန်ပိုင်းက မြင်းခြံမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်းပါးမှာ ရှိတဲ့ မြေနေရာများအား တပ်မတော် စက်မှုဇုံတည်ဆောက်ရေး ဟုဆိုကာ မူလပထမ စီမံကိန်းအတွက် ဧက(၁၀၀၀) သိမ်းယူတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ စက်မှုဇုံအတွက် မြေနေရာ အကျယ်အဝန်း မလောက်ငဟူသော အကြောင်းပြချက်ဖြင့် ဧက(၃၀၀၀) ခန့်အား သိမ်းယူခဲ့ကြောင်း သိရှိရပါသည်။ အင်မတန်ကြီးမားတဲ့ မြေဧရိယာ အကျယ်အဝန်းတစ်ခု ဖြစ်ပါတယ်..။ အဆိုပါ တပ်မတော် စက်မှုဇုံစီမံကိန်းအတွင်း ဆိပ်ခံ တံတားတစ်ခုလည်း ပါဝင်ကြောင်း သတင်းရရှိပါသည်။

 ပြည်ချစ် မျိုးချစ်စစ်သည်များအား လေးစားဦးညွှတ်လျှက်..

ဒီမိုဝေယံ...
နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၂) ပြန်ဖတ်ချင်ရင်.. http://www.demowaiyan.co.cc/2011/01/blog-post_9984.html

ယခင်ဦးပိုင် ယခုမောင်ပိုင် အကြောင်း တစေ့တစောင်း...

မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ ဦးပိုင်ရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးတင်အေးရဲ့ ချမ်းသာသမျှ ဆိုပြီး GRW မှ အတွင်းသိ ပေးပို့လာတာကို အားလုံးသိအောင် ဖော်ပြလိုက်ရပါတယ်...

ကိုဒီမို ဘလော့(ဂ်)မှာ ဦးပိုင်အကြောင်းပါလို့ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး အကြောင်းနဲ့ အောက်ခြေ စစ်သည်တွေရဲ့ ဘဝတွေအကြောင်း ရေးသားပေးပို့လိုက်ရပါတယ်။ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး လောက်မပြောနဲ ဦးပိုင်က အစွယ်အပွားတွေ တောင်ချမ်းသာတာ။ ဦးတင်အေးအိမ်မှာ သူတို့လက်ထဲမှာ သိန်း ၃ သောင်း အထက်ရှိတယ်။ တစ်နေ့တစ်သိန်း သုံးတယ်ထား တစ်နှစ် သိန်း၃၆၀နဲ့ နှစ်တစ်ရာကျော် ထိုင်စားလို့ရတယ်..။ု သိန်း၃သောင်းကျော်နော် စဉ်းစားသာကြည့်  သူတို့ကို နိုင်ငံတော်က ပေးထားတဲ့ ကားတင်ပဲ သိန်း၂ထောင်ကျော်တန်တယ်..။ သူတို့စီးဖို့ပေါ့နော် အဲ့လိုမျိုး လိုင်စင်ဆို သူတို့ပဲရတာ။ လန်ခရုဆာလို အဖြူတွေ. ဦးတင်အေးက သား၂ ယောက် သမီးတစ်ယောက်လေ...။ မိန်းမနာမည်က ဒေါ်ကြည်ကြည်အုန်း ..။ သားအငယ် ဥက္ကာအေးက အရင်တိုင်မှုး PSO ခု တော့ ဗိုလ်မှုးပေါ့..။ နောက်အကိုကြီးက ဇော်မင်းအေး သူလည်း စီးပွားရေးသမားပဲ..။ ဒါပေမယ့် နာမည်မထွက်ဘူး ရွှေမန်းသားတွေလိုတော့...။ အဲ့တော့ တွက်ကြည့်ပေါ့..။ .. ကား၊ စိန်၊ အိမ်.. သိန်း၃သောင်း အထက်ရှိတယ်။ ဦးတင်အေးတို့ အဆင့်ဆိုရင်... နှစ်တရာ စားမကုန်ဘူး.. အခုခေတ် အလုပ်လုပ်တဲ့ သာမန် သူဋ္ဌေးတွေတောင် သိန်းကို ထောင်ဂဏန်းတော့ ရှိတယ်လေ။ နည်းနည်းပိုချမ်းသာရင် သောင်းဂဏန်းရှိမယ်..။ သူတို့က အလကားရတဲ့ငွေတွေက သိန်းကို သိန်းချင်းထပ်နေတာ..။
 အိမ်ကနေ စတွက်ကြည့်ရအောင် ဦးတင်အေးတို့နေတဲ့ ရန်ကုန်က မီးမပြတ်တဲ့ ဗိုလ်ချုပ်ရွာ အကျယ် ပေ၁၀၀ပတ်လည်.. အိမ်တွေရဲ့ ဈေးက သိန်း ၅ထောင် လောက်တော့ရှိတယ်။  ကဲကား တွက်ကြည့်ရအောင် နိုင်ငံတော်က ပေးထားတဲ့ လောလောဆယ် ပြန်ရောင်းလို့တော့ မရတဲ့ လန်ခရုဆာလို အဖြူကားက အနည်းဆုံး သိန်း ၂၀၀၀ နီးပါးရှိတယ်..။ သူတို့ အိမ်မှာရှိတဲ့ ကားတွေ ကြည့်ရအောင် ဇူဇူကီးလေ. လက်ရှိ အနည်းဆုံး ၂၀၀နဲ့တွက် အိမ်တိုင်းရှိတယ်။ ဗိုလ်ချုပ်အဆင့်တွေရတဲ့  ပရာဒို သိန်း ၂ ထောင်နဲ့တွက် ဆလွန်းအကောင်းစား သိန်း ၁ထောင်တန်ရှိတယ်။ အနည်းဆုံး ၄စီးနဲ့ တွက်လိုက်တယ်.......။ နေ့စဉ် အန်တီကြီးတွေ ၀တ်သောအရာများ နားကပ် သိန်း ၄၀၀ လက်စွပ်သိန်း ၂၀၀ ဆွဲသီး သိန်း ၇၀ လက်ကောက် သိန်း ၅၀ ဒါနေ့စဉ် ၀တ်တာကို တွက်ပြတာနော်...။ ဒါလက်ရှိမြင်ရတာကို တွက်ပြတာ..။ မမြင်ရတဲ့ အတွင်းပစ္စည်း ဘယ်လောက်ရှိမယ်ဆိုတာ စဉ်းစားကြည့်..။

ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ကို ဖမ်းတုန်းက ရွှေချောင်းတွေ ဒေါ်လာတွေ ဖမ်းမိတာ အားလုံးအသိပဲလေ..။ လက်ရှိ နအဖခေတ်မှာ သာမန် စီးပွားရေးလုပ်နေပါပီဆိုတဲ့ ကားစီးနေတဲ့ သူဌေးတစ်ယောက်မှာ သိန်း ၁ထောင်နဲ့ပဲတွက်ပြီး သူတို့မှာ ရှိတာတွေကို တွက်ကြည့်တာလေ...။ သူရရွှေမန်းတို့ ဆိုရင်တော့ သိန်းကို သိန်းချင်းထပ်နေတာ..။ ဗိုလ်ချုပ်ကြီးတွေ ချမ်းသာတာကို ကြည့်ပြီး ဗိုလ်ချုပ်တွေရော ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေပါ ချမ်းသာချင်ပြန်ရော.. အဲ့တော့ ၀န်ထမ်းတွေထဲက ပေးနိုင်သူကို နေရာပေးရော..။ စားရတဲ့ နေရာပေးတော့ မတရားတာလုပ်ရော ..၀န်ကြီးဌာနတွေမှာ ၀န်ကြီးထက် ဒုဝန်ကြီးတွေ ကပိုဆိုးတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ် ကောင်းတော့မလည်း ဒီနိုင်ငံ။

ကဲမြင်သလောက် ပြောကြရအောင် ပြီးခဲတဲ့နှစ် တောင်ကြီး သင်္ကြန်မှာ အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်း မဏ္ဍပ်က အစည်ဆုံးပေါ့ ..။ ရန်ကုန်က အဆိုတော်တွေ နဲ့စည်လို့ကားလို့ အဆိုတော်တွေ အလကားတော့ မဆိုကြပါဘူး...။ အာဇာနည် ၃ရက် သိန်း၁၀၀နီးပါး ရှင်းရတယ်..။ ၃ရက်ကို သိန်း (၃၀) နီးပါး အဆိုတော် တွေလည်းပါတယ်..။ တောင်ကြီးလိုနေရာမှာ သကြီန်အတွက်ကို သိန်း ၅၀၀ကနေ ၁၀၀၀အတွင်း သုံးတယ်.။ ဘယ်ကပိုက်ဆံလည်း အဲ့ဒါ ...စပွန်ဆာတွေ ဆီကဆိုရင် လည်း စပွန်ဆာဘယ်သူက အလကားပေးမလည်း။ ခုထိတောင်ကြီးဘက်မှာ သစ်ခိုးထုတ်တဲ့ လမ်းတွေ   ဘိန်းလမ်းကြောင်းတွေက ရှိနေတုန်းပဲ။

ကဲ အဲ့လို့ ပိုက်ဆံတွေ အကုန်ခံပြီး ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်ထဲမှာ ဖိနပ် တောင် သားသမီးကို မဆင်နိုင်တဲ့ စစ်သားတွေ မိသားစုတွေ.... ဆေးကုဖို့ မရှိလို့ ကင်ဆာနဲ့ ဆုံးကြတဲံ့မိသားစုတွေ၊ ကျောင်းမတတ်နိုင်လို့ ကျောင်းထွက် ထင်းခွေရတဲ့ သူတွေဟာ သူတို့ အတွက် လိုအပ်ချက်တွေ အများအတွက် .. လိုအပ်တာတွေ မသုံးပဲ တပျော်တပါး မလိုအပ်တဲ့နေရာမှာ သုံးနေကြတာ နားမလည်နိုင်ဘူး။ စစ်သားမိန်းမတွေ မလောက်ငှလို့ ညဘက်ထွက် ညဥ့်ငှက်လုပ်နေကြသူတွေ အများကြီးပဲ။ တစ်ခါက တပ်ထဲကို စာရင်းစစ် လာမယ်ပြောလို့ စာရင်းစစ်တွေအတွက် လိုအပ်ရင် ကျွန်မတို့ကိုပဲ ခေါ်ပါလို့ ပေါ်တင်ပြောတဲ့ စစ်သားမိန်းမလေး တွေကိုမြင်ဘူးလို့ပါ..။

ဒါကလောလောဆယ် သိသမျှ ပါးပါးလေး ရေးသားလိုက်တာပါ..။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်..။ အခုမကြာခင် တရားမဝင်စားနေတာကနေ နောက်တစ်ပတ်လောက်ကြာရင် တရားဝင် ဥပဒေနဲ့ စားနိုင်တော့မယ်လေ..။ လွှတ်တော်ထဲ ၁၀ရာခိုင်နှုန်းတောင် မပြည့်ချင်တဲ့ အတိုက်အခံတွေလည်း ပြည်သူ့အတွက်ပဲ ဖြစ်လာမလား ကိုဒီမိုရေးသလို အများလို အနည်းစားခြေပဲ ဖြစ်ပြီး အလိုတူ အလိုပါ ကြံရာပါတွေပဲ ဖြစ်မလား ဆိုတာ အားလုံး စောင့်ကြည့်ကြတာပေါ့ ကိုဒီမိုရေ...နောက်အချိန်ရရင် ထပ်ပြီးပို့ပေး လိုက်ပါဦးမယ်..။

လေးစားစွာဖြင့်

GRW အတွင်းသိ...။

GRW အတွင်းသိ... ရဲ့ ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း.... ပြန်ဖတ်ချင်ရင်.. http://www.demowaiyan.co.cc/2010/07/generals-and-their-relatives-watchers.html

မြန်မာပြည်ကလာတဲ့စာ... (ဖြစ်ကြောင်းရယ် စုံလင် မဟာရန်ကုန် တခွင်)


ဒီမိုဝေယံ ဘလော့(ဂ်)ရဲ့ မြန်မာပြည်ကလာတဲ့စာ ပင်တိုင် ဆောင်ပါးရှင် KSL ရဲ့ယနေ့လက်ရှိ ရန်ကုန်မြို့အခြေအနေ သင်ပုန်းကြီး ဖတ်စာကို ရေးသား ဖော်ပြလိုက်ပါတယ်...။ ဖြစ်ကြောင်းရယ် စုံလင် မဟာရန်ကုန် တခွင်....

 ဓာတ်ဆီ။
ကိုဒီမိုရေ ရန်ကုန်က ဓာတ်ဆီတွေကို နယ်ကနေတောင် ဆင်းလာပြီး ဓာတ်ဆီ ထုတ်နေကျပြီလေ..။ ရန်ကုန်က ဘုန်းကြီးကျောင်းတွေမှာတည်းပြီး ဆီဆိုင် ပတ်ထုတ်နေကြတယ်လေ..။  ခက်တာက အခု အရင်လို မဟုတ်တော့ဘူး။ အရမ်းကြပ်ကုန်ပြီ... ဆီတန်းစီတဲ့ကား တန်းက အရမ်းရှည်လာပြီ...။ တစ်ရက် ဂါလံ ၃၀ ရဖို့ မနည်း ထုတ်မှရမယ်။ ဆိုင်တွေက ဆီကုန်လို့ စောပိတ်တာများတယ်။ တစ်ချို့လဲ ၄ ဂါလံကနေ ၃ ဂါလံဖြစ်ကုန်တယ် ဆီဆိုင်တွေ ခွဲတမ်းလျှော့ လိုက်တယ်ပြောတယ်။ ကျွန်တော်တောင် လိုင်းပြောင်းရတော့မယ်.လွှတ်တော်ကို ဇွတ်ခေါ်ဖို့ ပြည်သူတွေ အလုပ်များအောင် လုပ်ပေးထားတဲ့ သဘောပေါ့..။

ဟန်ဖုန်း
ဒေါ်လာဈေးကလဲ ပြန်တက်ချင်လာတယ်.. ဒေါ်လာဈေးက မြန်မာငွေမာလို့ ဈေးကျတာမဟုတ်ဘူး..။ ဆိုတော့ကာ ဒီတစ်ခေါက်တက်ရင်တော့ အတက်ကြမ်းမယ်ထင်တယ်။ ပဲသမားလဲ အလဲအကွဲဖြစ်နေပြီ..။ ပဲတွေရှုံးကျတယ်...။ ရွှေလဲကျတယ်... လောလောဆယ် မြန်မာပြည်မှာတော့ ဈေးအကုန်ကျနေတယ်။ ကားဈေးလဲ ပိုးစိုးပက်စက်ကျတယ်။ အရင် ၁၀၀၀ ကျော်တန် ကားတွေအခုဆို ၇၀၀ ၈၀၀ လောက်ပဲဖြစ်ကုန်ပြီ။ ဖုန်းကလဲခွင်ရိုက်ပြန်ပြီ... ကျတော်တို့ နည်းပညာပိုင်းအရ ပြောရမယ်ဆိုရင်... ။ ဖုန်းတွေကို တစ်ထစ်ချင်း တစ်ရစ်ချင်း ပိုက်ဆံကို ခေါင်းစဉ်အမျိုးအမျိုးတပ်ပြီး ပြည်သူတွေလက်ထဲက ပိုက်ဆံကိုကဲ့ယူနေတယ်။ ဖုန်းတွေလဲမျိုးစုံနေပြီ...။ အခု နောက်ဆုံး mc will ဆိုတာက အင်တာနက်ပါ သုံးလို့ရတယ်။ ၅သိန်း cdma 800 mhz အမျိုးအစား.. နောက်ပြီးတော့ နေပြည်တော် gsm လဲ ၅ သိန်း နောက်ပြီးတော့ cdma 800 အဲဒါလဲ ၅သိန်း သူက အရင်က ထုတ်ထားတဲ့သူတွေ အင်တာနက်သုံးချင်ရင် SIM card လာပြန်လဲရမယ်။ လဲခ ၃သောင်း.. အဲဒါ တမင် လုပ်တာလေ... အရင် က ချထားပေးတာ တစ်သိန်း ကျော် ရှိတယ် အလုံးရေ ဆိုတော့ အင်တာနက်သုံးမယ်ဆိုရင်.. ၃၀၀၀၀ ဆိုတော့ စဉ်းစားကြည့်ပေတော့ အစ်ကိုရေ..။ အလုံး တစ်သိန်းလောက်သာ sim card လာလဲရင် သိန်း ၃သောင်းလာထားပဲ။ တကယ်ဆို server ကနေ ဖွင့်ပေးလိုက်လို့ရမယ်လို့ ထင်တာပဲ။ အဲဒါကို တမင်ကဒ်လာလဲခိုင်းတယ်လို့ ယူဆတယ်...။ နောက်တစ်ခုက ကဒ်ဟောင်းကို အပ်ခိုင်းတယ်...။ တကယ်ဆို ကဒ်ဟောင်းက သုံးလို့မရတော့ဘူးလေ..။ သူတို့ server ကနေ ဖျက်လိုက်ရင်ရပြီ။ အဲဒါကို သက်သက် အလုပ်ရှုပ်အောင်လုပ်တာ...။ ငွေတောင်းကောင်းအောင် လုပ်တာလေ..။ လူတွေကလဲ ဘာမှကို ပြန်မပြောနိုင်ကျတော့ဘူး။ သူတို့ ခင်းပေးထားတဲ့လမ်းမှာ စက်ရုပ်ဆန်ဆန် လျှောက်လှမ်းနေရသလို ဖြစ်နေပြီ။

လမ်း။
ရန်ကုန်တစ်မြို့လုံးလဲ ကွန်ကရစ်လမ်းတွေ ဖြစ်တော့မယ်..  ။ ကတ္တရာလမ်းတွေကနေ ကွန်ကရစ်လမ်း ဖြစ်သွားတာဟာ တိုးတက်လာတာလား နောက်ပြန်ဆုတ် နေတာလား...။ ကွန်ကရစ်လမ်းတွေ များလာရင်တော့ တာယာသမားတွေ ပွပေါက်ပေါ့။ တာယာမြန်မြန်ကုန် များများရောင်းရပေါ့လေ..။ အော် အခု ဂက်စ်သမားတွေက ပြောနေကျတယ်။ ဓာတ်ဆီသမားတွေ ၀ဋ်လည်နေပြီတဲ့... ။ မကြာဘူးထင်တယ် ဒီဇယ်လဲလာဦးမယ် ထင်တာပဲ..။ ပိုက်ဆံရှိရင် ဒီဇယ်ကားဝယ်ထားဖို့ ကောင်းတယ်။ ကြိုတင်စီမံကိန်းလေ..။ ဒါမှ ဒီတစ်ခါ ဒီဇယ်လဲလိုသလောက်မရ ဈေးကလဲတက် တဲ့အချိန် ကိုယ်ကလည်း ဒီဇယ်ကားနဲ့ဆိုတော့ ကွက်တိ တန်းပြီးလုပ်စားယုံပေါ့။ 

မီး။
အခု နွေရောက်တော့မယ်.. လွှတ်တော်ကို ဇွတ်ခေါ်ချင်လို့ ပြည်သူတွေဆူမှာစိုးလို့..။ မီးတွေမှန်နေသလားလို့ တွေးမိတယ်...။ နွေရောက်လို့ ရေမရတော့တဲ့ အချိန်ကျရင် လွတ်တော်လဲ ခေါ်ပြီးပြီလေ.. အဲဒီကျတော့ အမှောင်ထုလွှမ်းတဲ့ ရန်ကုန်ညတွေ ပြန်ဖြစ်ဦးမယ် ထင်တယ်...။ အဲဒီကျရင် ဒီဇယ်ကဈေးတက် ဆိုင်တွေကလဲ လိုသလောက် မပေးတော့တဲ့အချိန်.. ဒီဇယ်တစ်စခန်းထမှာ မြင်ယောင်သေးတယ်ဗျာ..။ 

တကယ့် အခြေအနေအဆိုးဆုံး မီးပြတ်မဲ့အချိန်က လာမဲ့ ၄လပိုင်း ၅ လပိုင်းလောက်ဖြစ်မယ်ထင်တယ်။ မီးကို ရောင်းမစားပဲ ပေးရင်တော့ လောက်ပါတယ်ဗျာ။ ဒီနွေမှာတော့ ရေက မနှစ်ကထက် ဆိုးမယ်ထင်တယ်.. ။ ဓာတ်ဆီက လိုသလောက် မပေးနိုင်လို့ ခွဲတမ်းဖြစ်သွားတာ..။ ဆိုလိုတာက လိုသလောက် ပြန်ပေးနိုင်ဖို့ ဆိုတာက မလွယ်တော့ဘူး။ မြန်မာပြည်မှာ တန်းစီတဲ့ခေတ်က မကုန်သေးပါဘူး အစ်ကို..။ ဘာပဲဖြစ်ဖြစ်တန်းစီ နေရဆဲပါ.။ တန်းစီတယ်ဆိုတာ အရှည်ကြီးတွေ စီတာပြောတာနော်..။ ဖုန်းဘီလ်ဆောင်လဲတန်း အရှည်ကြီးစီ..။ ဆီတန်းစီလဲအရှည်ကြီး...။ ပတ်စ်ပို့ရုံးမှာလဲ အရှည်ကြီး။ တန်းတွေကို စီနေတာပဲ။ မီးပွိုင့်ဆိုလဲ ကားတန်းအရှည်ကြီး။ လွှတ်တော်မှာလည်း တောင်ရှည်ပုဆိုးတွေ အရှည်ကြီးနဲ့ ခေါင်းပေါင်းစတွေ ညာချပြီး နှစ်ရှည် အာဏာယူ စီမံကိန်းလည်း ရှည်ဦးမယ်လေ...။

အင်တာနက်။
အင်တာနက် လိုင်းတွေက မနေ့က နေ့လည်လောက်ကစပြီး လေးသွားတယ်။ မနေ့ညကလုံးဝ ကျသွားတယ်..။ ဒီနေ့မနက် ပြန်တက်တယ်..။ လေးနေတယ် အခုမှ နည်းနည်းကောင်းသွားတာ အခုဖုန်းတွေကို အင်တာနက်ချပေးတာလဲ။ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသလိုပဲ..။ အခုတော့ ကောင်းသေးတယ် နောက်တော့ သုံးတဲ့ဖုန်းများလာရင် bandwidth ကကျသွားမှပဲလေ။ အဲဒီကျတော့ ဖုန်းကလဲ. ဟဲလို ဟဲလို.. ကြားလာကြားလား မကြားရဘူး ဂလုံဂလွမ်ဖြစ်နေတယ်။ အင်းအင်း ပြန်ဆက်မယ်နဲ့ပဲ ပြီးတော့မယ် ကိုဒီမိုရေ..။ ဟန်ဖုန်းဆိုတာ တစ်ခြားနိုင်ငံမှာ နှစ်ကိုယ်ကြားပြောတာ ..။ မြန်မာပြည်မှာ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား လူအမြင်ကပ်အောင် အော်ပြောနေရတာ..။

အဲ့ဒါပဲ ကိုဒီမိုရေ.. လတ်တလော ရန်ကုန်က အခြေအနေလေးတွေပါပဲ..။ 

KSL

နအဖရဲ့ ကဘောက်တိ ကဘောက်ချာ စီမံကိန်းတွေကြားမှာ ရန်ကုန်သားတွေ နေ့စဉ် စီးမျောနေရတဲ့ အဖြစ်တွေပေါ့..။  လက်ရှိ မဟာရန်ကုန်မြို့ရဲ့ ပုံတစ်ချို့ကို ရန်ကုန် အလွမ်းပြေ ဖော်ပြလိုက်ပါတယ်..။
 
 ရန်ကုန် ဆိပ်ကမ်း.
ရန်ကုန် ရွှေတိဂုံဘုရားအနီးဝန်းကျင်က ညဘက် မြင်ကွင်းတစ်ခု
မပြောင်းလဲသေးတဲ့ ရန်ကုန်၊ ဒလကူးတို့ဆိပ်နဲ့ နေဝင်ချိန် မြင်ကွင်း...
ဓာတ်ပုံ ဒီမိုဝေယံ

နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၂)

 ဖျောက်ဆိတ်ပင် ရေဒါစက်ရုံ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်တစ်ခုပါ.. ညာဘက်က နှစ်ဦးကတော့ မြောက်ကိုရီးယား နိုင်ငံသားတွေဖြစ်ပြီး .. ဘယ်ဘက်က ဝေါ်ကီတော်ကီ.. ခါးကြားညှပ်ထားတာကတော့ စစ်အရာရှိတစ်ဦးပါ..။

မြန်မာစစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံအပြားမှာ လျှို့ဝှက်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ နှစ်များက စပြီးစစ်အစိုးရရဲ့ လျှို့တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ မြောက်ကိုရီးယား ပညာရှင် ၁၀၀ဦးခန့် လက်ရှိမြန်မာပြည်တွင်းမှာ ရောက်ရှိနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပက်သတ်ပြီး လက်ခံရရှိထားတဲ့ သတင်းတချို့ထဲက ကျောက်ဆည်မြို့နဲ့ ၁၇မိုင်အကွာမှာ လျှို့ဝှက်လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဖျောက်ဆိပ်ပင် ရေဒါစခန်းအကြောင်းအား မျိုးချစ်တပ်မတော်သားတစ်ဦး ပေးပို့လာတဲ့ သတင်းဓာတ်ပုံနဲ့အတူ ရေးသား တင်ပြလိုက်ရပါတယ်..။

ဖျောက်ဆိပ်ပင်ရေဒါစက်ရုံဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ မွေးရာဇာတိ ကျောက်ဆည်မြို့အရှေ့ဘက် ၁၇မိုင်ခန့်အကွာက တောင်ကြားတစ်ခုမှာ တည်ဆောက်ထားပါတယ်..။ တောင်ကြားမှာ ရှိနေတဲ့ စက်ရုံကို အစိမ်းရောင်နဲ့ ဆေးသုတ်ထားတဲ့ အတွက် ရုတ်တရက်ကြည့်ရင် ပတ်ဝန်းကျင်တောင်ပေါ်က သစ်ပင်အရောင်တွေနဲ့ တစ်ထပ်တည်းကျနေတဲ့ အတွက် ရုတ်တရက်ကြည့်ရင် မမြင်နိုင်ပါဘူး (စက်ရုံဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမယ်)။ အဆိုပါဒေသကို ကျောက်ဆည်မြို့ အရှေ့ဘက်ကနေ (ရှမ်းပြည်ဘက်) သွားတဲ့လမ်းမှာတော့ စက်မှု(၁)ဝန်ကြီးဋ္ဌာနရဲ့ စက်ဘီးစက်ရုံ၊ ဖိနပ်စက်ရုံစတဲ့ လူသိမများတဲ့ စက်ရုံတွေကို လမ်းတစ်လျှောက်မှာ တွေ့မြင်ရပါမယ်...။ Google Earth ကနေရှာကြည့်မယ် ဆိုရင်တော့  ဖြောင့်ဖြူးနေတဲ့ ကွန်ကရစ်လမ်းတွေက အစမြင်ရတယ်လို့ ဆိုပါတယ်.။ အဆိုပါ ဖျောက်ဆိပ်ပင် ဒေသနှင် အနီးအနား၌  ဖျောက်ဆိပ်ပင် ရေဒါတပ်၊ မိုင်းမောဆိုတဲ့ သံချပ်ကာတပ် ယင်းမာပင် တင့်ကားစက်ရုံက ထုတ်လုပ်လိုက်တဲ့ တင့်ကားများအား ပြင်ဆင်သည့်စက်ရုံ၊ ပခန ဆိုတဲ့ ပင်မခဲယမ်းမီးကျောက် ထုတ်လုပ်ရေး အလုပ်ရုံနဲ့ သပိတ်ကျင်းတပ်တို့ ရှိတယ်လို့ ဆိုပါတယ်...။

အဆိုပါ စက်ရုံစီမံကိန်း တွေကိုတော့ မန္တလေးက GE တပ်ကကိုင်တွယ် ဆောင်ရွက်တာလို့ ဆိုပါတယ်။ အဲ့ဒီ ဖျောက်ဆိပ်ပင်ကျေးရွာမှာ ရေဒါတပ်နဲ့ အဆင့်မြင့် ဆက်သွယ်ရေးတပ်ကို ဖွဲ့စည်းထားပြီး  လက်ရှိတပ်မှူးကတော့ ဗိုလ်မှူးချုပ်ဝေလွင် (ရေးသားထားချက်၌ အမည်စာလုံး ဝေဝါးနေပါသဖြင့် အနီးစပ်ဆုံးအမည်) ဖြစ်ပါတယ်။ စက်ရုံအဆောက်အဦး အများအပြား ယခုလက်ရှိ ဆောက်လုပ်လုပ်ကိုင် ဆောင်ရွက်နိုင်ပါတယ်..။ အဆိုပါစီမံကိန်းအား (၂၀၀၇) ကတည်းက စတင်ဆောင်ရွက်နေခဲ့ပြီး ဆက်စပ် ဖျောက်ဆိပ်ပင် ရေဒါစခန်းမှာ စက်ရုံပေါင်း (၂၇)ရုံရှိပါတယ်။

အဆိုပါဖျောက်ဆိပ်ပင် ဒေသ၌ မြောက်ကိုရီးယား ပညာရှင် (၁၀၀)ခန့် အဝင်အထွက်ရှိနေပြီး ၎င်းတို့အား ရန်ကုန်မြို့မှာထားရှိခြင်းမရှိပဲ မြောက်ကိုရီးယားမှ တရုတ်ပြည်ကူးမင်းမြို့သို့ရောက်ရှိလာပြီး ကူမင်းမှတစ်ဆင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက် ခေါ်ဆောင်လာတာဖြစ်ပါတယ်။ မန္တလေး ကူမင်း တိုက်ရိုက်ပျံသန်းနေတဲ့ လေယာဉ်နဲ့ ခေါ်ဆောင်လာတာပါ..။ ပြီးခဲ့တဲ့နှစ် မေလက မြောက်ကိုရီးယား အယောက် (၂၀)ခန့် ထပ်မံ ရောက်ရှိလာခဲ့ပြီး သပိတ်ကျင်းဒေသမှာတော့ အယောက်(၆၀)ခန့်ရှိတယ်လို့ သိရှိရပါတယ်..။ အများစုသော ပညာရှင်များဟာ ဆင်းရဲမွဲတေသည့် အသွင်အပြင်ဆောင် နေသည်ဟု ဆိုပါတယ်။ မြောက်ကိုရီးယား ပညာရှင် အများစုဟာ ဆင်းရဲ မွဲတေကြပြီး မိမိတို့ရဲ့ အရေးကြီး စာအုပ်စာတမ်းနဲ့ ပစ္စည်းများအား သေတ္တာများဖြင့် သယ်ဆောင်လာနိုင်ခြင်း မရှိပဲ ဂုံနီအိတ်ကဲ့သို့သောအိတ်များ ဂုံနီကြိုးများဖြင့် ထုတ်ပိုး သယ်ဆောင် လာကြပါတယ်...။

လက်ရှိ ထုတ်လုပ်နေတဲ့ ရေဒါအမျိုးအစား များထဲမှ တစ်ချို့ အဆင့်မြင့်ရေဒါတွေဟာ ဝေါ်ကီတော်ကီ အရွယ်အစားခန့်သာ ရှိပေမယ့် မိုင်(၁၀၀) အကွာအဝေးအထိနဲ့  မြေအောက်ပေတစ်ရာ အနက် လှိုဏ်ခေါင်းထဲအထိ ဖမ်းမိနိုင်ကြောင်း ဆိုပါတယ်။ အဆိုပါရေဒါ စက်ရုံစီမံကိန်းဟာ ကုန်ကြမ်းပြတ်လတ်မှုကြောင့် ၂၀၀၉ခုနှစ် မတ်လမှာ ခေတ္တရပ်နားခဲ့ပြီး ၂၀၁၀မှာ ပြန်လည် ထုတ်လုပ်နေပြီဖြစ်ပါတယ်..။ အဆိုပါဒေသ စီမံကိန်းများ၌ ရေဒါများစက်ပစ္စည်းများနဲ့ အတူ ရေဒါပဲ့ထိန်းစံနစ်ပါ ထိန်းချုပ် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါဒေသများသို့ အပြင်လူများ လုံးဝဝင်ရောက်ခွင့် မရှိကြောင်းသိရှိရပါတယ်။ အဆိုပါ ဖျောက်ဆိပ်ပင် ဆောက်လုပ်ရေး စီမံကိန်းများအား  ဦးစိုင်းတင့်အောင် (ကျိုင်းတုံရှိ နောင်တုံ ဆောက်လုပ်ရေး ကုမ္ပဏီ)မှ ကန်ထရိုက် ရယူ  လုပ်ဆောင်ပေးလျှက် ရှိပါတယ်...။ အဆိုပါ ကန်ထရိုက် ဦးစိုင်းတင့်အောင်ဟာ ယခုလက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးတာဝန်ယူစဉ်က ဗိုလ်ချုပ်သိန်းစိန်ရဲ့ အလွန်ရင်းနှီးတဲ့ ပါတနာတစ်ဦး ဖြစ်ပါတယ်။

အဆိုပါ အစိမ်းရောင်သုတ်ထားတဲ့ အဆောက်အဦးများဟာ တောင်နံရံကို ပေါင်မုန့်ဖြတ်သလို ဖြတ်ပြီး ထိုအထဲမှာမှ ထည့်သွင်း တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် လေယာဉ်ပေါ်မှ ကြည့်လျှင်ပင် မမြင်နိုင်ပဲ ကွန်ကရစ်လမ်းများသာ တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။ အထဲ၌လည်း မည်သည့်နေရာ၌ မည်သည့် အဆောက်အဦးရှိသည်ကို မသိနိုင်ကြောင်း ရေးသားထားပါတယ်။ အဓိက ထုတ်လုပ်နေတာကတော့ အဆင်မြင့် ရေဒါစက်တွေနဲ့ ပဲ့ထိန်းသုံးရေဒါ စံနစ်ဖြစ်ကြောင်းသိရှိရပါတယ်..။

ယခုလက်ရှိ အဆိုပါစီမံကိန်းများအား ယခုဆက်သွယ်ရေး ဒုဝန်ကြီးဗိုလ်ချုပ်သိန်းထွန်း (ယခုကြံ့ဖွတ်အမတ် ဦးသိန်းထွန်း)မှ တာဝန်ယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်...။ ဗိုလ်ချုပ်သိန်းထွန်းဟာ ဆက်သွယ်ရေး ဒုဝန်ကြီးမဖြစ်ခင်က  (ကကဆက်) ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေး ညွန်ကြားရေးမှူးရုံးရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ယခင်ဖော်ပြခဲ့တဲ့ နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်းအကြောင်း ပြန်ဖတ်ချင်ရင်. http://www.demowaiyan.co.cc/2010/12/blog-post_30.html

နောက်ဆုံးသိရှိရတဲ့ သတင်းများအရ အဆိုပါ မိတ္ထီလာ လေယာဉ်စက်ရုံမှ UAV (မောင်းသူမဲ့လေယာဉ်) နှင့် MISSILE ဒုံးကျည်များ စမ်းသပ်ထုတ်လုပ် အောင်မြင်နေပြီး ဖျောက်ဆိပ်ပင် ရေဒါစခန်းမှ ရေဒါပဲ့ထိန်းစံနစ်ဖြင့် ထိန်းချုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်. အဆိုပါ လျှို့ဝှက်တည်ဆောက်ရေး လုပ်ငန်းများဟာ တစ်ခုနဲ့တစ်ခု အဆက်အစပ်ရှိနေကြောင်း သိရှိရပါတယ်။

သတင်းများ ဆက်လက်ဖော်ပြပေးပါမယ်...။

ပြည်တွင်းမှ ပြည်ချစ်စစ်သည်များအား လေးစားဦးညွှတ်လျှက်..

သတင်း၊ ဓာတ်ပုံ .. ဒီမိုဝေယံ..။

မြန်မာပြည်ကလာတဲ့စာ.. (ခေတ်သစ် ဆီသည် ယောင်္ကျား)

ဆီထုတ်ပြီး ပြန်လည်ရောင်းချသည့် နေရာမှ မြင်ကွင်းတစ်ခု.. ဓာတ်ပုံ..news-eleven ဂျာနယ်

စင်ကာပူကို အလည်အပတ် ရောက်ရှိနေတဲ့ တေဇသတင်း.....

လွတ်လပ်ရေးနေ့ ညစာစားပွဲမှာ မပူဇော်ထိုက်သူကို ပူဇော်ပြီး လက်အုပ်ချီလျှက် တွေ့ရတဲ့ တေဇ (နောက်ဆုံးမှ ကန်တော့နေသူ)
ဆရာ ဆရာမ ကို ကျေးဇူးသိတတ်တာ ကောင်းတဲ့ အလေ့ပေမယ့်  ပြိုင်ဘက်မရှိတဲ့ သူခိုးကြီး၊ လက်နက်ပွဲစား လုပ်ပြီး မတရားသမှုဖြင့် ရထားတဲ့ တိုင်းပြည် ဘဏ္ဍာငွေတွေကို အလွယ်တကူ ဖြုန်းတီး နေတဲ့ တေဇရဲ့  စင်ကာပူ ခရီးစဉ်ကို ရေးပို့လိုက်ပါတယ်.. ကိုဒီမို..။

T.T.C ကျောင်းသား ဟောင်း တေဇက သူရဲ့ T.T.C ဆရာ၊ ဆရာမဟောင်းများနှင့် သူငယ်ချင်းများ အဖွဲ့ အပါအဝင် လူခြောက်ဆယ်ကို MAI လေယာဉ် လက်မှတ်ဖိုး စါးရိတ်ခံပြီး စင်ကာပူ အလည်ပို့ဆောင် ပေးသတဲ့။ လက်မှတ်ဖိုး အပြင်၊ စားစရိတ်၊ နေစရိတ်တွေကိုပါ.. တာဝန် ယူ ပြီး ကိုယ်တိုင် လိုက်ပို့ပါ သေးတယ်။ ဒါတင် ဘယ်ကဦးမလဲ၊ ဆရာ၊ ဆရာမတွေနဲ့ လူအယောက် သုံးဆယ်ကျော် သုံးဖို့  တစ် ဦးကို စင်ကာပူ ဒေါ်လာ ၂၀၀၀စီ ကန်တော့ပါသေးတယ်၊ ကျန်တဲ့သူတွေ အတွက်တော့ ဘယ်လောက် ပေးလဲတော့ မသိပါဘူး။

 Marina Bay Sands Hotel ဆက်သွယ်ရန် ဖုန်းနံပါတ်.. Book online or call + 65 6688 8888

သူတို့ အဖွဲ့တွေ (၆)ရက်နေ့က စင်ကာပူ ရောက်ပြီး လည်ပတ်နေကြပါပြီ။ မနက်ဖြန်၁၀ ရက်နေ့ ပြန်ကြပါလိမ့်မယ်။ တစ်ရက် တစ်နေရာစီ တည်းကြတာပါ..။  ဒီနေ့ (ဇန်န၀ါရီ ၉ရက်) မှာတော့ ဟိုတစ်လောကမှ ဖွင့်ခဲ့တဲ့ အရမ်းဈေးကြီးတဲ့ Marina Bay Sands Hotel မှာ တစ်ခန်း ကို တစ်ရက် စင်ကာပူ ဒေါ်လာ ၃၇၀ ပေးပြီးတောင် ဖြုန်းလိုက် ပါသေးတယ်။ အဲဒီအဖွဲ့ထဲမှာ တေဇရဲ့ T.T.C ငယ်သူငယ်ချင်း ဖြစ်သူ အဆိုတော် ဇော်ဝင်းထွဋ် တောင်ပါလိုက်သေး။ ငယ်ငယ်တုံးက ဇော်ဝင်းထွဋ် ကို အားပေးခဲ့တာ အခုတော့ ရှက်လိုက်တာ။

ဒီစင်ကာပူ ၅ ရက်စာ ခရီးအတွက် ဒေါ်လာတစ်သိန်းကျော်ကို အလွယ်တကူ သုံး လိုက် တာများ နှမြောစရာ ကောင်းလိုက်တာ။ အဲဒီ့လို သုံးမယ့်အစား ဆရာမတွေကို မြန်မာပြည်မှာပဲ ငွေကန်တော့ပြီး ကိုကျော်သူ့တို့ နာရေးကူညီမှု အသင်းအဖွဲ့ ကိုများ လှူလိုက်ရင် ပြည်သူတွေ အများကြီး အကျိုး ဖြစ်မှာပဲ။

စင်ကာပူက မြန်မာတွေနဲ့ မြန်မာပြည်သူတွေ သိရအောင် ပေးပို့ တင်ပြလိုက်ပါတယ်...။

ရန်ကုန်သား

ပေးပို့ပေးတဲ့ ရန်ကုန်သားအား ကျေးဇူးတင်ပါသည်...။

တေဇအကြောင်း ပို့စ်များ ပြန်ဖတ်လိုလျှင်...

တေဇဆိုတာ ဘယ်လိုကောင်လဲ http://www.demowaiyan.co.cc/2009/10/blog-post_30.html

မြန်မာပြည်ရဲ့စီးပွားရေးဘီလူး တေဇပိုင်တဲ့ ဟိုတယ်များအကြောင်း http://www.demowaiyan.co.cc/2010/08/blog-post_720.html

အလံတစ်ခု (၂၅၀၀)ကျပ် မဝယ်မနေရတဲ့ (မြန်မာပြည်ကလာတဲ့စာ..)

 တို့ပြည်ထောင်စု အလံတော်သည် ... ၂၅၀၀ကျပ်တန်ပါသည်.. ပြည်သူအပေါင်းတို့ မလိုချင်ပြီ အတင်းထိုးရောင်းခဲ့ရပါသည်.. (ရယက)

မြန်မာပြည်မှာ လွတ်လပ်ရေးရတာ (၆၃)နှစ်ကြာပြီ ဖြစ်ပေမယ့် မြန်မာပြည်သူတွေ လွတ်လပ်ရေးမရတာ ကြာလှပြီပေါ့ဗျာ... လောလောဆယ် လွတ်လပ်ရေးနေ့မှာ စစ်အစိုးရက အတင်းဓမ္မ လုပ်ငန်းရှင်တွေ၊ ဆိုင်ရှင်တွေကို အလံတွေ ထောင်ခိုင်းနေတယ်တဲ့။ မြန်မာပြည်သားတစ်ယောက် ပေးပို့လာတာ တင်ပြလိုက်ရပါတယ်...။

ကိုဒီမိုရေ မနက်ဖန် လွတ်လပ်ရေးနေ့အတွက် အလံတွေ အတင်းလွှင့်ထူခိုင်း နေပါတယ်။ ရယက ကပေါ့ လုပ်ငန်းရှင်တွေ နောက်ဆိုင်ရှင်တွေကိုပေါ့..။ လူနေအိမ်တော့ သူတို့ဘယ်ပြောရဲမလဲ.. ပျော်ပွဲရွင်ပွဲတွေလဲ လုပ်ခိုင်းနေတယ်.. မစည်စည်အောင်ဆိုပြီး..။ အလံသစ်ကို အတင်း ထောက်ခံတဲ့ ပုံစံ လုပ်ခိုင်းချင်တာလားတော့ မသိဘူး။  လွတ်လပ်ရေးနေ့ကို မေ့တောင်နေပါပြီ အကိုရာ..။ မလွတ်မလပ် နေရတာကြာတော့ အလံထူတာတောင် ထူချင်မှန်းမသိ မထူချင်မှန်း မသိ မလွတ်လပ်တာလေ..။

ကျွန်တော့်တို့ဆိုင်တွေကို အလံစုတ် တစ်ခု ၂၅၀၀ကျပ်နဲ့ မယူမနေရဆိုပြီး ဒီနေ့မနက်ပိုင်းက ရယကတွေ လာပေးတယ်လေ။ ကျွန်တော်တို့ ဆိုင်ရှင်တွေက မ၀ယ်ဘူးပြောတော့ မရဘူးတဲ့ဗျ.. အတင်းကို ရောင်းတာ မ၀ယ်မနေရတဲ့လေ...။ ဆိုဒ်ကလည်း ခပ်သေးသေး... (၂)ပေပတ်လည်လောက်ရှိမယ်။ ချုပ်ရိုး ချူပ်သားကလဲဗျာ ကြမ်းသုတ်ဝတ်ကတောင် သူ့ထက် သားနားဦးမယ်..။ အလံကို အစကတည်းက စိတ်မဝင်စားတော့ အပြင်မှာ ဈေးဘယ်လောက် ရှိမှန်းရာင်းမှန်းတောင် မသိဘူး..။ နောက်ဆုံး မဝယ်ရင်မရ ပေကပ်နေတော့ ပြသနာအဖြစ်မခံချင်လို့ ကျွန်တော်တို့လဲ ၀ယ်လိုက်ပါတယ်။ ပြောတော့ပြောလိုက်တယ် ၀ယ်တယ် နော် အလံမလွှင့်ရင်ရော ဖြစ်တယ်မလားလို့... မေးတော့ ပိုက်ဆံရတော့ ဘာတစ်ခွန်းမှ မပြောဘူး။ ငွေရတော့ လစ်သွားရော ကိုဒီမိုရေ.. ဆိုင်တွေတိုင်းပါပဲ..ဝယ်လိုက်ကြရတာ။ အလံဒီဇိုင်းလုပ်တုန်းက ကျွန်တော်တို့ ပြည်သူတွေ ဆန္ဒမမေးပဲ လုပ်ချင်တိုင်းလုပ်ခဲ့ပြီးတော့..။ အခုအလံကျတော့လည်း ဆန္ဒမပါပဲ ဝယ်ရပြုရနဲ့ အဲ့ဒါပဲ ကိုဒီမို လွှတ်တော်ခေါ်ပြီး အရေခြုံ အစိုးရတက်လာရင်လည်း.. ဘာထောက်ခံပွဲ ညာထောက်ခံပွဲတွေ လာဦးမယ်ထင်တယ်...။ အားလုံးသိအောင် ပြောပြလိုက်ရတာပါ.. ပြည်တွင်းကလူတွေရဲ့ လွတ်လပ်ရေးနေ့မှာ မလွတ်လပ်တဲ့ အလံလွှင့်နေရတဲ့ဘဝကိုပါ..။

ရန်ကုန်သား
 ရန်ကုန်သားပေးပို့ လာတာပါ...။ အောက်မှာတော့  ရန်ကုန်မြို့လယ်ရဲ့ မပြောင်းလဲနိုင်တဲ့ အမှတ်တရပုံတွေ ဖော်ပြလိုက်ပါတယ်...။
 ၃ရက်နေ့ ရန်ကုန်ည ရှုခင်း ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေးဘုရားလမ်းထောင့်
မပြောင်းလဲသေးတဲ့ နေပြည်တော် ရုပ်ရှင်ရုံ...
ဓာတ်ပုံ.. ဒီမိုဝေယံ

ငါးမင်းဆွေက ဇန္နဝါရီလ (၄)ရက်နေ့မှာ The Voice ဂျာနယ်ရုံးချုပ်ရှေ့မှာ ဆန္ဒပြမယ်တဲ့......

ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့... Voice ဂျာနယ်

ပြီးခဲ့သည့် နိုဝင်ဘာလက အန်အယ်ဒီရုံးချုပ်ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့သော ငါးမင်းဆွေသည် ယခု ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့တွင် The Voice ဂျာနယ် ရုံးချုပ်တည်ရှိရာ ရန်ကုန်မြို သမ္မတ ဟော်တယ်ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြမည်... ဖြစ်ပါသည်။ The Voice ဂျာနယ်နှင့် ငါးမင်းဆွေတို့၏ ဖြစ်ကြောင်းရယ် ကုန်စင်အား အောက်ပါ Scribd ဖိုင်တွင် ရှူစားတော်မူကြပါ။ ဆန္ဒပြပွဲတွေလည်း မကြည့်ရတာ ကြာပြီဆိုတော့ အပျင်းပြေမလားလို့ ။

အောင်မျိုးထွန်း
၁- ၁- ၂၀၁၁
ငါးမင်းဆွေ အကြောင်း ပြန်ဖတ်ချင်ရင်တော့..
အဖွဲချုပ်ရုံးရှေ့ ငါးမင်းဆွေ ရမ်းကားမှု... http://www.demowaiyan.org/2010/11/blog-post_25.htmlhttp://www.demowaiyan.org/2010/12/blog-post_9141.html >
ငါးမင်းဆွေ(သို့မဟုတ်) နွားတစ်ကောင်၏ သရုပ်မှန်  http://www.demowaiyan.org/2010/12/blog-post_9141.html
"အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြထုတ်ဖော် သွားမည်" ဆိုသည့် ငါးမင်းဆွေ(ခ) နွားမင်းဆွေ၏ ၃.၆.၂၀၁၂ခုနှစ် လှည်းတန်းမီးပှိုင့်မှာ ဝေငှနေသည့်စာ.....
http://www.demowaiyan.org/2012/06/blog-post_04.html
ငါးမင်းဆွေမှ The Voice ဂျာနယ်သို့ အိတ်ဖွင့်ပေးစာ..

သီရိမင်္ဂလာဈေးသားတစ်ဦးရဲ့ ...ပေးပို့လာတဲ့စာ

သီရိမင်္ဂလာဈေး ဓာတ်ပုံ မဇ္ဈိမ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄)ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့. သီရိမင်္ဂလာဈေးသစ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပေးပို့လာတဲ့ စာကို ဖော်ပြလိုက်ပါတယ်.။ ဈေးဖွင့်တာ တစ်ပတ်ပဲရှိပါသေးတယ်..။ အသံတွေကတော့ ကြားနေရပါပြီ။

ကိုဒီမိုရေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄)ရက်နေ့က ဖွင့်လှစ်လိုက်တဲ့ သီရိမင်္ဂလာဈေးသစ်က နောက် (၃)နှစ်ပြည့်တာနဲ့ ၀ါးတစ်ရာဘက်ကို ထပ်ပြောင်းပေးရမယ်လို့ ပြောနေပြန်ပါပြီ..။ အဲဒီဘက်ကို ဧရာဝတီတိုင်းကနေ ရထားလမ်းဖောက်နေတာ ပြီးရင် ပြောင်းပေးရဦးမယ်တဲ့ဗျာ..။ နေရာကတော့ အတိအကျမသိသေးဘူး ကိုဒီမိုရေ..။ အဲဒီအတွက် အခု ဈေးကိုလဲ ယာယီသဘောပဲ လုပ်ထားတယ်။ သိတဲ့အတိုင်းပေါ့ အာဏာပိုင်တွေရဲ့ သေချာလုပ်ပါတယ်ဆိုတဲ့ ဈေးတွေတာင် အခြေအနေမကောင်းတာ ယာယီဈေးဆို ပြောမနေနဲ့တော့။ ဂျီအက်စ်အမ်တွေ သုံးစားလို့မရ ..လိုင်းမမိလို့ ဈေးထဲကလူတွေ ငါးသိန်းဖုံး အပြေးအလွှားဝယ်နေရတယ်ဗျို့..။

ကြိုးဖုန်းကလဲ ကားလမ်းမကြီးပေါ်တက်ပြီးဆက်မှ ရှိတာလေ။ ကြိုးဖုန်းဆိုလို့ အများကြီးရှိတယ် ... မထင်နဲ့ဦး မြန်မာ့ဆက်သွယ်ရေးက လိုင်းဖုန်းလေး ၄/၅ လုံးကို ၀ိုင်းခေါ်နေရတယ်။ ဈေးရဲ့ဘေးဘက်မှာ ပိတောက်ချောင်း ရဲစခန်းရှိပေမယ့်.. ဒုစရိုက်မှုတွေအစုံ ဖြစ်ပွားနေတယ်လေ...။ စိတ်ညစ်လွန်းလို့ တစ်ခုချင်းတော့ ပြောမနေတော့ပါဘူး။ ရဲစခန်းရှိတာတောင် ဖြစ်နေတာနော် ဘာအမှုတွေလဲဆိုတာ စဉ်းစားသာကြည့်... ။ ဘေးဘက်ဆိုတာ သီရိမင်္ဂလာဈေးသစ်ကြီးကို ကားလမ်းမဘက်နေ မျက်နှာမှုကြည့်လိုက်ရင် ညာဘက်မှာ ကပ်ရပ် ပိတောက်ချောင်း ရဲစခန်းဝင်းရှိတယ်။ ကမာရွတ်မြို့နယ်ရဲ့ စခန်းခွဲပေါ့။ ဘယ်ဘက်မှာ အသစ်ဆောက်ပြီး မကြာသေးခင်ကမှ ဖွင့်တဲ့ဆီဆိုင်ရှိတယ်..။ octane နဲ့ ဒီဇယ်ပဲရောင်းတယ်..။ ၀င်ဝင်ချင်းဘယ်ညာမှာ ကား parking ရှိတယ် မပြီးသေးဘူး လုပ်နေတုံး.. ဆိုင်ခန်းတွေ အပိုလုပ်ထားတာ အများကြီးပဲ...။ ထုံးစံအတိုင်းပေါ့ တပ်ချုပ်ကြီးအတွက် ကဘယ် နှစ်ခန်း ဒုချုပ်အတွက်ဘယ်နှစ်ခန်း.. ဒါမျိုးတွေရှိတယ်။ သူတို့အတွက် ဆိုင်ခန်းအနည်းဆုံး ၁၀၀ ကျော်တယ်..။ အပို ထွက်လာမယ့်ပုံမရှိဘူး...။ အကြမ်းဖျင်းပြောရရင် ၀င်သွားတာနဲ့ ကားလမ်း ပေါ့ ...။ ကားလမ်းဘေး ဘယ်ညာက ကားပတ်ကင် ပြီးတာနဲ့ ဘယ်ကနေ ညာကို ...က ခ ဂ ရုံသုံးရုံ.. သူ့နောက်မှာ စ ဆ ဇ ဆိုပြီး ရုံသုံးရုံ ..။ သူ့နောက်မှာ တစ်ရုံကျန်တယ်။ အခုဈေးရဲ့ ဘယ်ဘက်က ကွက်လပ်ကိုလဲ ... ငါးဈေး သစ်ကြီးဆောက်နေတယ်။ ကြည့်မြင်တိုင်ကမ်းနားက ငါးဈေးလဲ အဲဒီကိုပြောင်းရမယ်။ ဆောက်တာတော့ အခုမှမြေကြီးထဲပဲ ရှိပါသေးတယ်။

ဆိုင်ပိုင်ရှင်တွေကတော့ ဈေးဟောင်းကိုပဲ လွမ်းကြတာပေါ့.. ဘယ်တတ်နိုင်မလဲ.. ။ ပျံကျဈေးသည်တွေ ဘဝကသနားဖို့ကောင်းပါတယ်..။ ဈေးဖွင့်ပွဲနေ့က ပျံကျဈေးသည်နှစ်ဦး မြို့တော်ဝန် အောင်သိန်းလင်း ကားရှေ့မှောက်အိပ်လို့ ပြသနာတက်ကြတယ်လေ..။ အဲ့နေ့မတိုင်မှီ ညထဲကဖြစ်နေတာ.. အဖမ်းခံရတဲ့ သူတွေလည်းရှိတယ်..။ လွတ်မလွတ်တော့ မသိပါဘူးကိုဒီမိုရာ .။ လူတွေက တော့ သိတဲ့အတိုင်းပေါ့ ထားရာနေ စေရာသွားပေါ့ ... ။ နအဖခေတ် ဟိုပြောင်းရ ဒီသိမ်းရနဲ့ အသားကျနေပါပြီ။ အသားကျတော့ အရိုးပဲကျန်တော့တယ် ဆိုသလိုပေါ့ဗျာ။ ဘာမှမပြောင်းလဲနိုင်တဲ့ နှစ်သစ်ကို အဟောင်းလေးတွေနဲ့ပဲ ခိုင်ထူးသီချင်းလိုပဲ ပျော်သလိုသာနေလိုက်ကျ ငိုရင် လူဖြစ်ရှုံးမယ်ဆိုသလိုပေါ့..။ လောလောဆယ် ကျွန်တော်တို့ သီရိမင်္ဂလာဈေးသားတွေရဲ့ အခြေအနေလေးပါ။ အများသိအောင်ပေါ့.. နောက်ပိုင်းတော့ မျှော်ဆိုသလိုပါပဲ.။ ထူးခြားရင်တော့ ဆက်ရေးပို့ပါဦးမယ်။

သီရိမင်္ဂလာဈေးသားတစ်ဦး

မြန်မာပြည်တွင်း ရဟန်းတော်များ၏ ပြည်ပထွက်ခွာ၍ ပညာသင်ကြားရန် ခက်ခဲနေသော ပြဿနာများအား အသိပေး အကြောင်းကြားခြင်း...

မြန်မာပြည်တွင်း ရဟန်းတော်များ၏ ပြည်ပထွက်ခွာ၍ ပညာသင်ကြားရန် ခက်ခဲနေသောပြဿနာများအား အသိပေး အကြောင်းကြားခြင်း

ဒကာကြီး ဦးဇင်းတို့ မြန်မာပြည်တွင်းက ဘုရားသားတော် ရဟန်းတော်တွေ နိုင်ငံခြားထွက်ဖို့ ပတ်စ်ပို့စာအုပ် လုပ်မယ်ဆိုရင် တော်တော်လေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်..။ ကိုယ်သွားမယ့်နိုင်ငံက စပွန်စာတောင်းပါတယ်။ ပြည်ပထွက်ခွာမယ်ဆိုရင် စာအုပ်လုပ်တဲ့ နေရာမယ်လည်း စာအုပ်လုပ်ဖို့ စပွန်ဆာတောင်းပါတယ်.. ဒကာကြီး.. ထွက်ခွာတဲ့နေရာမယ်လည်း ထပ်ပြီးတော့ စပွန်စာတောင်းပါတယ်။ အဆင့်ဆင့် စပွန်စာတွေ အပြိုင်တောင်းနေကြပါတယ်...။ စာအုပ်ရတဲ့ အခါမယ်လည်း ပြည်ပထွက်ခွာမယ်ဆိုရင် နေပြည်တော်ထိ ထွက်ခွာခွင့် တံဆိပ်တုံးသွားထုရပါတယ်။ ရန်ကုန်က ညပိုင်းထွက်ပြီး နေပြည်တော်ကို မနက်ခင်း အစောကြီး ရောက်သွားရင်လည်းမြို့ထဲကို ၀င်ခွင့်မပြုပါဘူး..။ ရောက်တဲ့နေရာမယ် ဒီအတိုင်းဘဲ ထိုင်စောင့်နေရတာပါ.. မြို့အ၀င်မှာပေါ့။ မြန်မာပြည်တွင်းမှာလည်း မဟန ထောက်ခံစာ တံဆိပ်တုးံတွေ သွားတောင်းရပါတယ်။ အဲ့ဒီအခါမှာလည်း မဟန ဆရာတော် မြို့နယ်သံဃာ့နာယက ..ဆရာတော်တွေကို ထောက်ခံစာရဖို့အတွက် ဖားရပါတယ်။ နောက်ပြီးတော့ မြို့နယ် ရဲစခန်းမှာ ထောက်ခံစာလည်း သွားတောင်းရပါတယ်။ အဲဒီအခါမှာလည်း သက်ဆိုင်ရာတွေကို အပေးအကမ်းတွေရှိမှ အဆင်ပြေတာဆိုတော့.. သူတို့အတွက်ဆိုပြီး.. ဦးဇင်းတို့မှာ ရှိစုမဲ့စုထဲက နည်းနည်းပါးပါး လက်ဆောင်တွေ ၀ယ်သွားရပါတယ်။

မဟန ဘုန်းကြီးတွေက ပိုဆိုးပါတယ်။ နအဖနဲ့ နီးစပ်သူတွေ ဆိုတော့ စကားပြောရတာလည်း မာရေခက်ထန်ကြီးတွေချည်းပါဘဲ။ အာဏာရှင်နအဖ တွေထက်တောင် ကြမ်းတမ်း နေပါတယ်။ မောက်လည်းမောက်မာပါတယ် အဲဒိလို အစရှိသည် ဦးဇင်းတို့မှာ ပြည်ပ အတွေ့အကြုံ ပြည်ပဗဟုသုတ ပြည်ပနိုင်ငံတွေကို ပညာသွားသင် ရှာမှီးရတဲ့အခါမယ် အရမ်းခက်ခဲပါတယ်။  နအဖ က ထောက်ပံ့ကြေးမပေးတဲ့ အပြင် ဦးဇင်းတို့ပြည်ပနိုင်ငံကို ထွက်ခွာခွင့်၊ ပညာရှာခွင့် အရမ်းခက်ခဲအောင် တားဆီးပိတ်ပင်ထားမှုတွေ လုပ်ထားတာကို အားလုးံသိအောင် ကမ္ဘာကသိအောင် မီဒီယာတွေက နေတစ်ဆင့် ပြန့်ပွားအောင် အားလုးံဝိုင်းဝန်ပြီး လုပ်ဆောင်ပေးကြပါလို့။ တိုက်တွန်းနှိုးဆော်ပါတယ်..။

အာဏာရှင်လက်အောက် အခက်အခဲများ ကို ရင်ဆိုင်ဖြေရှင်းနေရသော မြန်မာရဟန်းတော်များ (ပြည်တွင်း)

အထက်ပါစာကတော့ အာဏာရှင်လက်အောက် ဘုရားသားတော် ရဟန်းသံဃာတွေ  အာဏာနဲ့ လာဘ်ပေးလာဘ်ယူ ကြားထဲမှာ အခက်အခဲတွေ ဖြစ်နေရကြောင်း ပေးပို့လာတဲ့စာပါ...။

နောက်တစ်စောင်ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာအခွန်ရုံးက အာဏာရှင်လက်အောက် အာဏာရှင် ဝန်ထမ်းများရဲ့ ရဟန်း၊ သံဃာတွေကို လေးစား ရိုသေရကောင်းမှန်းမသိ ရိုင်းရိုင်းပြပြ ဆက်ဆံတဲ့ အနေအထားတွေ ရေးသားပေးပို့လာတာ ဖော်ပြလိုက်ပါတယ်..။

မြန်မာနိုင်ငံရှိ ရဟန်းတော်များ စာအုပ်လုပ်ဖို့ရန်အတွက် ဦးဇင်းတို့လက်ရှိ ပညာသင်ကြားနေတဲ့ ထိုင်းနိုင်ငံရှိ ဗမာသံရုးံကို စပွန်စာ သွားလုပ်တော့လည်း အာမခံပြီး လုပ်မပေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပတ်စ်ပို့မရှိတဲ့အတွက် လုပ်မပေးနိုင်ဘူးလို့ပြောလွှတ်တယ်။ သံရုးံက စပွန်စာတံဆိပ်တုးံ ထုပေးတဲ့ ဒေးဗစ် ဆိုတဲ့ ဒကာကလည်း ဘုန်းကြီးတွေကို မရိုမသေဆက်ဆံပါတယ်။ စကားပြောရင်လည်း ခပ်မာမာနဲ့ ဘယ်သော်အခါမှ ယဉ်ယဉ်ကျေးကျေးမပြောပါဘူး။ စပွန်စာ တံဆိပ်တုံး ထုခွင့်ရရင်လည်း တုံးထုပေးခဆိုပြီး ရဟန်းတော်တွေလည်း.. ပိုက်ဆံထိုင်းငွေဘတ်တစ်ထောင် တောင်းလို့ပေးခဲ့ရပါတယ်။ များသောအားဖြစ် လုံးဝ တံဆိပ်တုန်း ထုခွင့်မရတာ များပါတယ်..ဒကာကြီး ဒီအတွက်ကြောင့် ထိုင်းနိုင်ငံမှာ ပညာသင်ကြားချင်တဲ့ သံဃာတွေ နိုင်ငံရပ်ခြားထွက်ချင်တဲ့ ပြည်တွင်းက ဦးဇင်းတို့ သံဃာတွေ အင်မတန်မှ အခက်အခဲဖြစ် ဒုက္ခရောက်ကြရပါတယ်။ နောက်ပြီးထိုင်းနိုင်ငံ မြန်မာသံရုံး ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးမပြေပြစ် ရိုင်းစိုင်းပုံကိုလည်း  ဒကာကြီးတို့ ပြည်ပ သတင်းဋ္ဌာနတွေ မီဒီယာတွေကနေ အများပြည်သူသိအောင် ဖော်ပြပေးစေလိုပါတယ်..။

ပြည်ပရောက် မြန်မာ ရဟန်းတော် စာသင်သားတစ်ဦး.. 
ဒီပေးပို့စာနဲ့ အတူမြန်မာသံရုံး ဝန်ထမ်းတွေ သာသနာနဲ့ အာဏာရှင်အပေါ်မှာ ယုံကြည်ကိုးကွယ် ဆည်းကပ်မှုတွေ ကွဲပြားခြားနား ကွာခြားပုံကို အောက်ကပုံတွေနဲ့ နှိုင်းယှဉ် တင်ပြလိုက်ရပါတယ်..။
 မြန်မာသံရုံးဝန်ထမ်းတွေ ဗုဒ္ဓဘာသာဝင်လို့ ဆိုကြပေမယ့် ကိုးကွယ်ရာအစစ် ရဟန်းသံဃာတွေ အပေါ်မှာသာ ဆက်ဆံရေး မပြေပြစ် ငရဲမကြောက် မချေမငံ ဆက်ဆံကြပေမယ့်..။ သီလပြည့်စုံ မပြည့်စုံမှန်းမသိတဲ့ အာဏာရှင်ကို ကိုးကွယ် ဆည်းကပ်တဲ့ နေရာမှာ တဖက်ကမ်း တက်ကျွမ်းကြပါတယ်.။  ပုံမှာတော့ ၂၀၀၈ခုနှစ်က တရုတ်ပြည်က သံရုံးဝန်ထမ်းတွေ သွားလေသူ ဗိုလ်ချုပ်ရွှေမန်းအား နဖူးနဲ့ကြမ်းပြင်ထိ ကိုးကွယ်ဆည်းကပ် ပုံတွေကို တွေ့မြင်နိုင်ပါတယ်...။ အကန်တော့ခံ ပုဂ္ဂိုလ်ကတော့ ဖိနပ်တောင် အစီးမပြတ် ကန်တော့ ခံခဲ့ပါတယ်။ အကန်တော့ခံ ပုဂ္ဂိုလ်ကတော့ ကန်တော့ရသော အကျိုးအားကြောင့် ယခုတော့ ကြားရသိရတဲ့ အတိုင်းပါပဲဗျာ...။ သြော်ကောင်းလေစွ....

နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်း အကြောင်းတစ်စေ့ တစ်စောင်း.... (၁)

မြန်မာပြည်ရဲ့စစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံမှာ လျှို့ဝှက်စီမံကိန်းတွေ တည်ဆောက် လုပ်ကိုင်နေပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ သယံဇာတ ပစ္စည်းတွေရဲ့ ရောင်းရငွေ အထူးသဖြင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေထဲက ရရှိတဲ့ ပြည်သူပိုင် တိုင်းပြည်ဘဏ္ဍာငွေတွေကို တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးစားရိတ်ဟာ အင်မတန်မှ နည်းပါးနေပြီး စစ်တပ်အသုံးစားရိတ် ကတော့ကြောက်ခမန်းလိလိပါဘဲ...။ ယခုနှစ်ဇွန်လက ပေါက်ကြားခဲ့တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းရဲ့ စစ်အစိုးရရဲ့ နျူကလီးယား လျှို့ဝှက်စီမံကိန်းများအကြောင်း ဖွင့်ဟထုတ်ဖော် ခဲ့တဲ့ အဖြစ်အပျက်ဟာလည်း စစ်အာဏာရှင်တွေရဲ့ အရှိုက်ကို ထိစေခဲ့ပါတယ်..။  စကားချပ် (အဆိုပါ သပိတ်ကျင်း နျူကလီးယား စီမံကိန်းအား ယခုအခါ ရပ်နားထားကြောင်း သိရှိရပါတယ်)။ ဒီလျှို့ဝှက်စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး နောက်တပ်လာမယ့် အရေခြုံအရပ်သား အစိုးရတစ်ပိုင်း ကြံ့ဖွံ့ကို အတိုက်အခံ လုပ်မယ်ဆိုသူများကကော လွှတ်တော်ထဲမှာ ဘယ်လောက် အတိုင်းအတာထိ ပြောနိုင်မယ်.. ဆိုနိုင်မယ်.. ဆိုတာကတော့ သံသယဖြစ်ဖွယ်ပါပဲ။ ယခုလတ်တလော ရရှိထားတဲ့ သတင်းတွေထဲက မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းက တရုတ်ပညာရှင်တွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လေယာဉ် စက်ရုံ စီမံကိန်းအကြောင်းတင်ပြလိုက်ရပါတယ်..။

မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းမှာပဲ တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံများကို ဆောက်လုပ်နေပါတယ်..။ အဆိုပါလေတပ်စခန်းအတွင်းမှာ လောလောဆယ် ဆောက်လုပ်နေတဲ့ စက်ရုံပေါင်း (၇၀)ကျော်ရှိတယ်လို့ ဆိုပါတယ်..။ လောလောဆယ် တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တာတွေကို လုပ်ကိုင်နေပေမယ့် နောက်ပိုင်းမှာ အဆိုပါလေယာဉ်များအား ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို ရောင်းချဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်..။ တပ်ဆင်ပြီးလေယာဉ်များကိုတော့ မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း)မှ လေတပ် လေယာဉ် Pilot များမှ စမ်းသပ်မောင်းနှင်ရပါတယ်..။ အဆိုပါ ပစ္စည်းတွေတပ်ဆင် ထုတ်လုပ်တာတော့ မိတ္ထီလာ ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ) (၁)နဲ့ (၁၀)ကပါ..။ ကပစမှာ အသေးစားနဲ့ အကြီးစားဆိုတာ နှစ်မျိုးရှိပြီး လောလောဆယ် .. လေယာဉ်တပ်ဆင်စက်ရုံကအစ ယူကရိန်းနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့.. တင့်ကားစက်ရုံတွေအထိ လျှို့ဝှက်လုပ်ကိုင်နေပါတယ်..။ ခုလောလောဆယ် ပြည်ပကို ပို့ဖို့အတွက် Export Ware House ဋ္ဌာနအထိ လုပ်ကိုင်ဆောင်ရွက်နေပါပြီ..။ 

 အဆိုပါ လေယာဉ်တပ်ဆင် စက်ရုံအတွက် လိုအပ်တဲ့ အစိတ်အပိုင်းအများအား တရုတ်မှ ကွန်တိန်နာလိုက် ဝယ်ယူပြီး ပြန်လည်တပ်ဆင်ပါတယ်..။ နောက်ဆုံးအဆင့် အဆိုပါလေယာဉ်များအား တစ်ပုံစံတည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် စက်ရုံများ ဆောက်လုပ်နေပါတယ်..။ ဆက်လက်ပြီး မောင်းသူမဲ့ လေယာဉ်များအား ထုတ်လုပ်နိုင်ရန် စမ်းသပ်လျှက်ရှိကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အထူးစိတ်ဝင်စားလျှက်ရှိပြီး... ယခုနှစ်အတွင်း (၇)ကြိမ်ထက်မနည်း လာရောက်ကြည့်ရှုခဲ့ပါတယ်.။ .. ပြီးခဲ့တဲ့ (၁)လခွဲခန့်က  တပ်ချုပ်ကြီးမှ နောက်ဆုံးအကြိမ် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများရဲ့ ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ယခင်ဗိုလ်ချုပ်ကြီးတင်အေးမှ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး.. ယခုလက်ရှိ ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ဗိုလ်ချုပ်သိန်းထိုက်ဖြစ်ပြီး.. သူ့လက်အောက်မှာ ဒုထုတ်လုပ်ရေး အရာရှိချုပ်ကတော့ ဗိုလ်ချုပ်အောင်မျိုးမင်းဖြစ်ပါတယ်..။

သတင်းများ ဆက်လက်ဖော်ပြပေးပါမယ်...။

ပြည်တွင်းမှာ ဗိုလ်မှုးစိုင်းသိန်းဝင်းကဲ့သို့ အမြင်ကျယ်ပြီး တိုင်းပြည်တိုးတက် စေချင်တဲ့ မျိုးချစ်စစ်သည်များ အများအပြားရှိပါတယ်..။
သတင်း.. ဒီမိုဝေယံ။

ယနေ့ မြန်မာစာပေလောကတွင် ကြုံတွေ့နေရသော ပြဿနာများ...

အဓိကအားဖြင့် မြန်မာစာပေလောကမှာ ကြုံနေရတဲ့ ပြဿနာတွေဟာ စာပေစိစစ်ရေးကြောင့် ဖြစ်ပါတယ်။ ကျွန်တော်ဟာ မြန်မာစာပေလောကသား တစ်ယောက်ပါ။ ဒါကြောင့် မြန်မာစာပေနယ်မှာ စာပေစိစစ်ရေးဟာ ဘယ်လောက်ဆိုးရွား ဒုက္ခပေးလှတယ်ဆိုတာကို အချက်အလက်တွေ ရှာဖွေပေးပို့လိုက်ပါတယ်။ ဖြစ်နိုင်ရင် BBC အနေနဲ့ တစ်ပြည်လုံးသိအောင် ဖြန့်ချိပေးပါခင်ဗျား....

၁။ စာပေစိစစ်ရေးတွင် တိကျသော မူဝါဒမရှိပါ။

စာပေစိစစ်ရေးဟာ မြန်မာစာပေအညွန့်တုံးဖို့သက်သက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့ရဲ့ စည်းကမ်းတွေဆိုပြီး စာအုပ်စိမ်းလေးတစ်အုပ်နဲ့ စည်းကမ်းချက်၁၀၀လောက်ထုတ်ထားပါတယ်။ ဒါပေမယ့် တိကျရေရာတဲ့၊ ဥပဒေသဘောသက်ဝင်တဲ့ အချက်တစ်ချက်မှ မပါပါ။ အကုန်ယေဘုယျသဘော လျှောက်ရေးထားတာချည်းပါပဲ။ ဥပမာအားဖြင့် ... မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သော စာပေများရေးသားခွင့်မပြု ဆိုတာမျိုး လူငယ်များ အတုယူမှားစေနိုင်သော စာပေများမရေးသားရ ဆိုတာမျိုးတွေ ချည်းပါ။ အဲဒီလို အချက်တွေက အဓိပ္ပါယ်ကောက်ရ တော်တော်ခက်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သောဆိုတာ ဘာကို ခေါ်တာလဲ။ လုံချည်မ၀တ်တာ ဘောင်းဘီဝတ်တာ ကို ဆိုလိုတာလား။

ဒါဆို တပ်မတော်နေ့ အခမ်းအနားဟာ ပိတ်ပင်သင့်တဲ့ အခမ်းအနားတစ်ခုဖြစ်တယ်။ အားလုံး ဘောင်းဘီဝတ်ကြလို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်သူမှ မညီတာကြောင့်ပါ။ တကယ်တော့ စည်းမျဉ်းတစ်ခုဆိုတာ ဒီလိုယောင်ဝါးဝါးချလို့ ရတာမှမဟုတ်ဘဲ။ တိတိကျကျ အဓိပ္ပါယ် သတ်မှတ်ချက်ရှိရမယ်။ ဒါမှ လိုက်နာဖို့ ဥပဒေဖြစ်မယ်လေ။

၂။ စာပေစိစစ်ရေးဝန်ထမ်းများမှာ အရည်အချင်းမပြည့်မီပါ။

အထူးသဖြင့် စာပေကို နားလည်နိုင်တဲ့ ဥာဏ်ရည်မရှိတာပါပဲ။ ညွှန်မှုးကစလို့ အဆင့်ဆင့် ၀န်ထမ်းအားလုံးဟာ အကြောက်တရားနဲ့သာ လည်ပတ်နေကြတာဖြစ်တယ်။ ဒီစာလေးလွှတ်လိုက်ရင် ငါ့ကို အထက်လူကြီးကများ ဆူလေမလား အပြစ်ပြောလေမလား။ အလုပ်ဖြုတ်လေမလားဆိုတဲ့ စိတ်နဲ့ လုပ်ကိုင်နေရတာကြောင့် မလိုလားအပ်ပဲ စာပေများစွာ ဖြတ်တောက်ခြင်းခံနေပါတယ်။ ဒါဟာလည်း အထက်အချက်၁မှာ ပြောထားသလို အဓိပ္ပါယ်တိကျတဲ့ ဥပဒေမရှိတာကြောင့်ဖြစ်ပါတယ်။ သူတို့လုပ်ပုံက အထက်လူကြီး တစ်ယောက်ယောက်လာရင် သြ၀ါဒတွေခြွေသွားတယ်။ အဲဒါကို စာအုပ်လေးနဲ့လိုက်မှတ်ပြီး အဲဒီလူကြီး ပြောသွားတာတွေဟာ ဥပဒေတွေဖြစ်နေရောပဲ။ ဥပဒေကို ဒီလိုပြဌာန်းလို့ရသလား။ အဖွဲ့အစည်းနဲ့စနစ်တကျ တည်ဆောက်ပြဌာန်း ရမှာမဟုတ်ဘူးလား။ 

ပြီးတော့ စိစစ်ရေးရဲ့ ဌာနတွင်း အစည်းအဝေးတွေ ဟာလည်း အဆင်ဆင့် ဆူပူကြိမ်းမောင်းတဲ့ ပွဲတစ်ပွဲသာဖြစ်နေပါတယ်။ အပတ်စဉ်အစည်းအဝေးရှိပါတယ်။ များသောအားဖြင့် ဗိုလ်မှုးတင့်ဆွေဆိုတဲ့လူက သူ့ထက်အသက်ကြီး ၀ါကြီးတဲ့ ၀န်ထမ်းတွေကို ၂ပြားမတန်အောင် ဆဲနေတဲ့ပွဲတွေချည်းပါပဲ။ ဒီတော့ စိစစ်ရေး ၀န်ထမ်းအားလုံးဟာ အပတ်စဉ်မှာ အဆဲမခံရရေးသည်သာ ဦးစားပေး လုပ်ဆောင်တဲ့အရာဖြစ်နေပါတယ်။

၃။ စာပေစိစစ်ရေးတွင် အကြီးအကျယ်လာဘ်စားနေကြသည်။

ရုတ်တရက်ကြည့်ရင် ဘာစားပေါက်မှ မရှိဘူးထင်ရတဲ့ စိစစ်ရေးညွှန်မှုး ဗိုလ်မှုးတင့်ဆွေဟာ သိန်းထောင်ကျော်တန် ကွန်ဒိုတိုက်ခန်းကြီး ၀ယ်ထားပါပြီ။ လာဘ်ပေးသူတွေကို မျက်နှာလိုက်ပြီး လာဘ်မပေးနိုင်သူတွေကို ဖိနှိပ်တာ စာပေစိစစ်ရေးရဲ့ ထုံးစံလိုဖြစ်နေပါတယ်။ စာအုပ်တစ်အုပ်ပဲတင်တင် စာနယ်ဇင်းပဲတင်တင် ရုံးအတွက် လက်ဆောင်ဆိုပြီး သပ်သပ်ပေးရပါတယ်။ အနည်းဆုံး ဂျာနယ်ဆို ၃၀ ၄၀။ စာအုပ်ဆို ၅၀ ၆၀ ပေး၇တာပါ။ အဲဒါတွေကို ထုတ်ဝေသူတွေက မဖြန့်ရသေးခင် သူတို့က အပြင်မှာ ရောင်းစားပါတယ်။ စာနယ်ဇင်းတွေထဲမှာ မြတ်ခိုင်ရဲ့ လျှပ်တပြက်အုပ်စု၊ စာပေတိုက်တွေထဲမှာ အောင်မြင်စာပေတို့ဟာ  စိစစ်ရေးကို လာဘ်အကြီးအကျယ် ပေးနေသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် မြတ်ခိုင်တို့ဂျာနယ်တွေဟာ တခြားသူတွေထက် အခွင့်အရေးအများကြီးပိုရတယ်။ တခြားမှာ ဖြုတ်တဲ့သတင်းကို သူတို့ဆီထည့်ခွင့်ရတယ်။ တချို့မျက်နှာမွဲ ဂျာနယ်လေးတွေဆို အရေးကြီးတဲ့သတင်းတွေကို နောက်ဆက်တွဲတင်ချိန်မှ ထည့်ရဲတယ်လို့ သိရပါတယ်။ ဂျာနယ်တွေအတွက် ထွက်ခါနီးမှ ကပ်ရတဲ့အရေးကြီးသတင်းတွေကို နောက်ဆက်တွဲဆိုပြီး တင်လို့ရပါတယ်။ တကယ်လို့ သတင်းတစ်ခုဟာ ကိုယ့်ဂျာနယ်အတွက် လှုပ်လောက်တဲ့သတင်းဖြစ်နေမယ်ဆိုရင် ကြိုတင်ထားလို့ကတော့
စာပေစိစစ်ရေးက စာရေးမတွေက မြတ်ခိုင်ကို ဖုန်းနဲ့ သတင်းပေးပါတယ်မြတ်ခိုင်က စိစစ်ရေးကို ပိုက်ဆံပေးထားပြီး တခြားဂျာနယ်တွေရဲ့ သတင်းဦးကို အဲဒီလိုခိုးပါတယ်။ အောင်မြင်စာပေကျတော့ စာရေးဆရာအစစ်မယ်မယ်ရရမရှိပဲ စာရေးချင်သူတွေဆ်ီက စာမူတွေကို ၃သောင်း၎သောင်း လောက်နဲ့ဝယ်ပြီး ကလောင်နာမည် အမျိုးမျိုးတပ်ရောင်းစားပါတယ်။ သူတို့ထုတ်သမျှကလည်း ညစ်ညမ်းစာပေ အဆိပ်အတောက် စာပေတွေချည်းများပါတယ်။ အဲဒီစာမူမျိုးတွေ တခြားတိုက်က တင်ရင် မကျပေမယ့် သူတို့တိုက်ကတော့ လာဘ်ပေးထားတာကြောင့် ဆင်ဆာခွင့်ပြုပါတယ်။

၎။ စာပေစိစစ်ရေးသည် အကြွင်းမဲ့အာဏာရှင်ပုံစံဖြင့် တည်ဆောက်ထားသည်။

လူဆိုးသူခိုးပဲဖြစ်ဖြစ် မုဒိန်းမှု လူသတ်မှုပဲဖြစ်ဖြစ် အယူခံဝင်လို့ရပါတယ်။ စာမူတစ်ခု စာအုပ်တစ်အုပ်ကို ပိတ်ပင်ရင်တော့ လုံးဝအယူခံဝင်ခွင့်မရှိပါ။ စာရေးဆရာတွေဆို အပိတ်ပင်ခံရတဲ့ သူတို့စာမူကို ပြန်ထုတ်ယူခွင့်တောင် မရတော့ပါ။ သိမ်းတယ်ဆိုပြီး အပြီးအပိုင်ပိတ်လိုက်ပါတယ်။ ဘာကြောင့်ပိတ်သလဲ အကြောင်းပြချက်မပေးပါ။ ပေးရင်လဲ အချက်၁ မှာဖော်ပြထားသလို ယောင်ဝါးဝါး အကြောင်းပြချက်တွေချည်းပါပဲ။ တကယ်လို့ စာရေးဆရာတစ်ယောက်ဟာ ကိုယ့်စာမူအပိတ်ခံရလို့ ညွှန်မှုးကို ၀င်တွေ့ချင်ရင်လည်း အတွေ့မခံပါ။ ညွှန်မှုးရုံးခန်းရှေ့က စာရေးကတင် အတော်ရိုင်းရိုင်းပျပျ ဆက်ဆံတာခံရပါတယ်။ ညွှန်မှုးရှိလျက်နဲ့ မရှိဘူးပြောတာမျိုး။ ခင်ဗျားတို့လို ကိစ္စအသေးအဖွဲအတွက် ညွှန်မှုးခေါင်းရှုပ်မခံနိုင်ဘူး စတဲ့စကားတွေနဲ့ မိုက်မိုက်ရိုင်းရိုင်းပြောလွှတ်ပါတယ်။ ညွှန်မှုးရုံးခန်းဟာ တံခါး၂ပေါက်ရှိပါတယ်။ ညွှန်မှုးဝင်တဲ့အပေါက်က တစ်ဘက်။ စာပေလောကသားတွေဝင်ဖို့ မလွယ်ပေါက်လေးက တစ်ဘက်ပါ။ အဲဒီမလွယ်ပေါက်လေးက ၀င်ခွင့်ရဖို့တောင် ညွှန်မှုးကို လာဘ်ထိုးနေကြသူတွေသာ ၀င်နိုင်ပြီး အပေါက်စောင့်စာရေးကို လာဘ်ပေးပြီးမှ ဖြတ်သန်းရတာ ဖြစ်ပါတယ်။

၅။ စာပေစိစစ်ရေးသည် စာပေဆိုင်ရာ စီးပွားရေးလုပ်ငန်းအား စစ်အာဏာရှင်တစ်စုသာ လုပ်နိုင်အောင် ကန့်သတ်ထားသည်။ 

အခု ထုတ်နေတဲ့ ဂျာနယ်တွေကို ကြည့်ပါ။ အများစုက စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ 

7Days အုပ်စုက သောင်းစုငြိမ်းဆိုတဲ့ ၀န်ကြီးသား။
Eleven Media Group က စိုးရှိန်ဆိုတဲ့ ဗိုလ်ချုပ်မှုးကြီးတူ ရှယ်ယာပါတယ်။
ရန်ကုန်မီဒီယာဂရုပ်က ကိုကို(စက်မှု) ဆိုတဲ့ ဖော်လံဖား။
ပြည်မြန်မာအုပ်စုက ကြံဖွံအမတ် ဒေါက်တာတင်ထွန်းဦး။
ပေါ်ပြူလာအုပ်စုက ဗိုလ်ချုပ်ဝင်းမြင့်ရဲ့ သားသမီးတွေ။
လျှပ်တပြက်အုပ်စုကတော့ သစ္စာဖောက်မြတ်ခိုင်။
... အစရှိသဖြင့် အားလုံးဟာ စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်း ဖြစ်ပါတယ်။ အဲဒီလိုလူတွေကိုတော့ တစ်ဦးတစ်ဦးကို ဂျာနယ် ၅စောင် ၆စောင်စီလောက် လုပ်ခွင့်ပေးထားပြီး စာပေသမား စစ်စစ်တွေအတွက်ကတော့ ဂျာနယ်ထုတ်ဝေခွင့်ကတ် ၀ယ်ထုတ်ကြရပါတယ်။ သတင်းဂျာနယ်အတွက် ထုတ်ဝေခွင့်ကတ်က အပြင်ပေါက်ဈေး သိန်း၅၀အထက်မှာရှိပြီး တခြားအမျိုးအစား ဂျာနယ်တွေ အတွက်ကတော့ သိန်း၃၀၀န်းကျင်မှာရှိပါတယ်။ ဒါတောင် နောက်ခံ စစ်အာဏာရှင် အဆက်အသွယ်မရှိပဲ ထုတ်ရင် ခဏခဏအပိတ်ခံရတာမျိုး အဖြတ်အတောက် သူများထက်ပိုခံရတာမျိုးနဲ့ အမျိုးမျိုးဒုက္ခပေးပါတယ်။

၆။ စာကောင်းပေမွန်များ အထွက်နည်းရေးသည် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်ဖြစ်သည်။

တော်ရုံတန်ရုံလူဟာ စာအုပ်ထုတ်ဖို့ဆိုရင် စာပေစိစစ်ရေးကိုကြောက်တာနဲ့ စိတ်ပျက်သွားလောက်ပါတယ်။ စာအုပ်တစ်အုပ်ကို သုံးကြိမ်တိတိအပြန်ပြန်အလှန်လှန်တင်ပြပြီးမှ ခွင့်ပြုချက်ပေးပါတယ်။ ပထမအဆင့် - စာမူတင်ပြရတာပါ။ စာမူသုံးစုံ တင်ပြရပါတယ်။ အဲဒီစာမူသုံးစုံကို စာစစ်မှုးလို့ခေါ်တဲ့စာရေးကနေ ဌာနခွဲမှုး၊ ဌာနမှုး၊ လက်ထောက်ညွှန်မှုး၊ ဒုညွှန်မှုး။ ညွှန်မှုးစသဖြင့် အဆင်ဆင့်ဖတ်ပြီး အကြိမ်ကြိမ်ဖြတ်တောက်ပြင်ဆင်မှုပြုပါတယ်။ အဆင့်တစ်ဆင့်တစ်ဆင့်(လူတစ်ယောက်တစ်ယောက်ဆီ)မှာ အချိန်၃လစီ ကြာခွင့်ရှိပါတယ်။  ဒီအဆင့်မှာတင် ခွင့်ပြုချက်မရတော့တာက တစ်လကို အုပ်၄၀၀ခန့်ရှိပါတယ်။ ဒုတိယအဆင့် - မျက်နှာဖုံးတင်ပြရပါတယ်။  ဒီအခါမှာလည်း ခုနကလိုပဲ အဆင့်ဆင့် ဖြတ်တောက် ပြင်ဆင်ကြသေးတာပါ။ ဒီလိုမျက်နှာဖုံးတင်ချိန်မှာ မျက်နှာဖုံးကို မကြိုက်ရင် အကြိမ်ကြိမ် ပြောင်းလဲခိုင်းသလို ဒီအချိန်ကျမှ စာပေစိစစ်ရေးမှာ မူဝါဒအပြောင်းအလဲဖြစ်တာကြောင့် ပထမအဆင့်ခွင်ပြုထားပြီးသား စာမူကိုပါ ပြန်ပိတ်လိုက်တာမျိုးလည်း ရှိပါတယ်။ မူဝါဒအပြောင်းအလဲဆိုတာကလဲ တစ်လတစ်ကြိမ်လောက်ဖြစ်နေတာမျိုးပါ။ အပတ်စဉ်အစည်အဝေးမှာ အထက်လူကြီးရဲ့ နှုတ်ထွက်စကားတစ်ခွန်းဟာ ဥပဒေပါပဲ။ ဒီလိုအဆင့်ကျမှ ပြန်အပိတ်ခံရတဲ့ စာမူပေါင်းက ပျမ်းမျှ တစ်လကို အုပ်၁၀၀ခန့်ရှိပါတယ်။ နောက်ဆုံးအဆင့်ကတော့ - ချုပ်လုပ်ပြီး ဖြန့်ချီရန်စာအုပ်တင်ပြရတာပါ။ ဒါကို မူချောတင်တယ် ခေါ်ပါတယ်။ ဒီအချိန်မှာလည်း အခန့်မသင့်ရင် ပြန်ပိတ်တာမျိုးရှိနိုင်ပါတယ်။ ဒါမှမဟုတ် စာမူဘ၀မှာသူတို့ ဖြတ်တောက်ပြင်ဆင်ထားတဲ့ထဲက တစ်လုံးတစ်လေများ မှားယွင်းရိုက်မိရင် တစ်ခါတည်း စာအုပ်အားလုံး ပြန်ရိုက်ခိုင်းပါတယ်။ ဒီလိုအဆင့်ဆင့်စော စိတ်ဒုက္ခငရဲတွေကို ဖြတ်သန်းပြီးလို့မှ စာအုပ်စာတမ်းအဖြစ် ထုတ်ဝေလိုက်ပြီဆိုပါစို့။ သူတို့ဂရုမပြုမိလိုက်တဲ့ အရေးအသား တစ်ခုတစ်လေကိုများ ကောင်းနိုးရာရာ တင်ပြတဲ့သဘောနဲ့ နိုင်ငံရပ်ခြားအသံလွှင့်ဌာနတွေက တင်ပြလိုက်တာမျိုးဖြစ်စေ။ ပြည်သူတွေကြား ပျံ့နှံ့သွားတာမျိုးဖြစ်စေ ...
သူတို့မကြိုက်တာမျိုးဖြစ်လာရင်တော့ အဲဒီစာရေးဆရာကို တစ်ခါတည်း Black List သွင်းလိုက်တော့တာပါပဲ။ နောက်နောင် သူရေးသမျှ လိုက်ပိတ်တော့တာပေါ့။ ဒါကြောင့် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်သည် စာကောင်းပေမွန်များ အထွက်နည်းရေးဖြစ်သည်လို့ ပြောတာဖြစ်ပါတယ်။

အားလုံး သိသင့်သိထိုက်တာတွေ ဖော်ပြ ပေးပို့ပေးတဲ့ သခင်ကိုယ်တော်မှိုင်းအား ကျေးဇူးတင်ပါသည်...