ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပေးဆပ်သူတို့၏ ရွှေဝါရောင်နှလုံးသား...

ပေးဆပ်သူတို့ရဲ့ ရွှေဝါရောင်နှလုံးသား...

ချီလီငလျင်ကြောင့် ဆူနမီရေလှိုင်းများ ဂျပန်ကမ်းခြေအချို့သို့ ဝင်ရောက်နိုင်



မနေ့က ချီလီနိုင်ငံမှာ လှုတ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၈ ရှိတဲ့ ငလျင်ကြောင့် အမြင့်၁မီတာမှ ၃ မီတာရှိတဲ့ ဆူနမီရေလှိုင်းများ ဂျပန်စံတော်ချိန် ယနေ့နေ့လည် ၁နာရီခွဲမှ စတင်၍ ဂျပန်ကမ်းခြေများသို့ ဝင်ရောက်နိုင်ကြောင်း အထူးသတိပေးချက်များ ထုတ်ပြန်နေပါတယ်။


ချီလီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၈ ရှိတဲ့ငလျင်..

ပြည်သူတွေကို ရွဲ့ပြီး စောင်းမြောင်းရေးနေသော ကြေးမုံသတင်းစာ.....

NP1

ဖေဖော်ရီဝါရီလ(၂၇)ရက်နေ့ထုတ် ကြေးမုံသတင်းစာ

ဖေဖော်ဝါရီလ(၂၄)ရက်နဲ့ (၂၇) စစ်အစိုးရ ကြေးမုံဝါဒဖြန့်သတင်းစာ(၂)စောင်လုံးမှာ စာမျက်နှာ ရွဲ့စောင်းနေတာ ပါလာတာကို တွေ့ရပါတယ်။ အတိတ်နိမိတ်တွေပဲလား မဆင်ခြင်ပဲလားဆိုတာတော့ မပြောတတ်ပါဘူး။ အရင်ကတည်းက ပြည်သူတွေကို ရွဲ့ပြီး စောင်းမြောင်းရေးတတ်တဲ့ စစ်အစိုးရအာဘော် သတင်းစာက ရွဲ့စောင်းနေတာ့ ပညတ်သွားရာ ဓာတ်သတ်ပါ ဆိုသလိုပါပဲ....။

သတင်းစာကို ပုံမှန်ဖတ်ရင် အမှန်မဟုတ်ဘူး စောင်းဖတ်ရင် သတင်းမှန်ပေါ်တဲ အဓိပ္ပါယ်လား။ ဒါမှမဟုတ် ကြေးမုံဆိုတော့ ကြေးမုံမှန်ရှေ့မှာ ထောင်လိုက်ရင် စာတွေ ပြောင်းပြန်ပေါ်သလို ပြောင်းပြန် ပြန်ဖတ်ရင် အမှန်ပဲလား....။ ဒါမှမဟုတ် ဗေဒင်သဘောအရ ရွဲ့စောင်းနေတယ် ဆိုတော့ ဗုဒ္ဓဟူးနဲ့အင်္ဂါနံဆိုတော့ ဗုဒ္ဓဟူးနံ ရွှေပါတဲ့ ပုဂ္ဂိုလ်ပဲ ဆင်းရတော့မလား... ရွှေပါတဲ့ ပုဂ္ဂိုလ်ပဲ ဆင်းပြီး အင်္ဂါနံပါတဲ့ စုပဲအထက်ရောက်တော့မလားပေါ့.. အမျိုးမျိုးစဉ်းစားမိတာပါ...။ မသိဘူးလေဗျာ မြန်မာပြည်မှာက အုပ်ချုပ်တဲ့လူက အစ ယတြာတွေချေ နိမိတ်တွေကောက်ဆိုတော့... ။ နောက်အဖြူပါရင် တိရိစ္ဆာန်တောင်မှ မြင့်မြတ်တယ်လို့ ကိုယ်တော်မြတ်တွေက သမုတ်ကြလို့ပါ..။ သေချာတာကတော့ သတင်းစာက ဘေးတိုက်ဖြစ်နေတယ် ဆိုတော့ ဗိုလ်ချုပ်တွေ ထော်လော်ကန်လန့် အများနဲ့ဆန့်ကျင်ပြီး ဘေးတိုက်သွားနေတာကတော့ ကျိန်းသေပဲဗျ.....။ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဘေးတိုက်သွားတော့မယ် ထင်တယ်။ ဒီထက်ပိုပြီးသေချာတောကတော့ သေသေချာချာ ကြည့်ရင် ၂၄ရက်နဲ့ ၂၇နှစ်ရက်လုံး စာမျက်နှာက (၈)(၉)တွေဗျ....။ ၈၉(ရှစ်ဆယ်ကိုး)ဆိုတော့ ရှေ့ဆက်ခိုးဦးမလား မသိဘူးဗျို့....

NP

ဖေဖော်ရီဝါရီလ(၂၄)ရက်နေ့ထုတ် ကြေးမုံသတင်းစာ

သွားကြည့်ချင်ရင်တော့ ကြေးမုံအတင်းစာ


ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင်.....


ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်) စက္ကူကျားတို့ရဲ့ ဟိန်းဟောက်သံ

ကောက်ကျစ်မှု၊ ဥာဏ်များမှုမှာ သရဖူဆောင်းလောက်အောင် အပါးဝနေတဲ့ စစ်အာဏာရှင်များဟာ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထပ်မံ ပယ်ချခဲ့ပါတယ်။ အာ ဏာမက်သော စစ်အာဏာရှင်ဟာ သူတို့ရဲ့အာဏာတည်မြဲရေး နဲ့ တရားဝင်ဖြစ်ရေးအတွက် သူတို့တစ်ဖက် သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ဖြစ်ရေးအတွက် ၂၀၁၀ မှာ ရွေးကောက်ပွဲကု သူတို့ရဲ့ ယမ်းငွေ့မခြောက်သေးတဲ့ သေနတ်ပြောင်းဝအောက်မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒါကြောင့်ပဲ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဓမ္မကို တော်လှန်ရဲသော ရဟန်းရှင်လူ၊ ကျောင်းသား အပါအ၀င် ဒီမိုကရေစီရေး တတ်ကြွလှုပ်ရှားသူအများကို မတရားဖမ်းဆီးထောင်ချအပြစ်ပေး ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူထုခေါင်းဆောင်များ မရှိမှသာ သူတို့ စိတ်တိုင်းကျ ချယ် လှယ်ချုပ်ကိုင်နိုင်မယ်လို့ နအဖစစ်အာဏာရှင်တို့ ထင်နေပုံရပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်းဆန်းစု ကြည်ကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချထားတာ ဆယ်စုနှစ် နှစ်စု ရှိနေပါပြီ။ သိသာတဲ့အချက်က တော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်မြောက်ဖို့ နီးကပ်နေတဲ့ ၂၀၀၉ မေလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တင်သွင်းတဲ့အယူခံကို စစ်အာဏာရှင်တို့က ပယ်ချခဲ့တာပါ။ မေ ၇ ရက် စစ်အာဏာရှင်တို့ရဲ့ သတင်းစာကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်သစ်တွေ စတင်ပြီး သူတို့ရဲ့ က လိမ်စေ့ငြမ်းစင် ဇာတ်လမ်းတစ်ခုကို စတင်ခဲ့ပြီး သြဂုတ်လ ၁၁ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ဒဏ် ၁၈ လ ထပ်မံချမှတ်ခဲ့ပါတယ်။

စစ်အာဏာရှင်ရဲ့ အတုအယောင် ဇာတ်လမ်းကြီး စကတည်းက ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ခေါင်းဆောင် များ အပါအ၀င် မြန်မာ့အရေးစိတ်ဝင်စားသူများ၊ အသင်းအဖွဲ့များက အမျိုးမျိုးထင်ကြေးပေးကြပါတယ်။ ဗမာစစ် အာဏာရှင်ကို ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ စာ နှင့်တစ်မျိုး၊ စကားနှင့်တစ်ဖုံ ရှုတ်ချဝေဖန် တောင်းဆိုခဲ့ ကြပေမယ့် ဗမာစစ်အာဏာရှင်က အဆံမပါ အသံသာမြည်မောက်တဲ့ သင်္ကြန်အမြှောက် ပမာ သဘောထားကာ လျစ်လျှူရှုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “ဒီစွတ်စွဲချက်တွေဟာ လုံးဝကို မတရားတဲ့အပြင်၊ ယုတ္တိမရှိဘူး ” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုမပါလို့ နအဖစစ်ဗိုလ်ချုပ်တွေ စိတ်တိုင်းကျ ဖြစ်ခဲ့ရပါတယ်။ ဒီမတရားတဲ့ တရားစီရင်မှု နဲ့ ပတ်သတ်ပြီး နိုင်ငံတကာ ခေါင်းဆောင်ကြီးများ နှင့် အဖွဲ့အစည်း အများ ပါဝင်ပတ်သတ်သူများ၏ ပြောဆို၊ တုန့်ပြန်ချက်များမှ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ရှာဖွေ စုဆောင်း တင်ပြပေးလိုက်ပါတယ်။ ဗမာနိုင်ငံကို တကယ်ပြုပြင်ပြောင်းလဲလိုလျှင် ထိရောက်တဲ့ အရေးယူမှုမပါ ဘဲ မရကြောင်းကို ထပ်မံအသိပေးလိုခြင်းဖြစ်ပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၁၉၉၇ ဖေဖော်ဝါရီလ ၄ ရက် “ International Herald Tribune ” သတင်းစာကြီးကို ဆိုခဲ့သလို
“ကျွန်ုပ်တို့၏ လွတ်လပ်ခွင့်တွေ မြှင့်ဖို့ သင်တို့ရဲ့ လွတ်လပ်ခွင့်တွေကို အသုံးချပေးကြပါ ” ( Please use your liberty to promote Ours. ” ကို ပြည်တွင်း၊ ပြည်ပ ရှိ ရဟန်းရှင်လူ၊ ကျောင်းသားအပေါင်းက မမေ့ကြပဲ မတရားတဲ့ စစ်အာဏာရှင်များ နှင့် မတရားတဲ့ အမိန့်မှန်သမျှကို တာဝန်တရပ်လို့ သဘောထားပြီး ဆန့်ကျင် သွားကြဖို့ လိုပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

“We are facing a crisis of constitution, not a constitutional crisis.”
Aung San Suu Kyi
-Speaking of the Validity of the charges against her at her trial.


“ ယနေ့ချမှတ်လိုက်တဲ့ မတရားတဲ့ စီရင်ချက်ဟာ ကျွန်တော်တို့ကို သတိပေးသလိုပါဘဲ။ ဗမာနိုင်ငံမှာ ဒေါ် အောင်ဆန်းစုကြည် ကဲ့သို့သော ထောင်ပေါင်းများစွာသော အမှန်တရားအတွက် အကျဉ်းကျခံနေကြသူတွေ ဟာ သူတို့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရပါတယ်။ သူတို့ဟာ ပြည်သူတွေရဲ့ သဘောဆန္ဒ၊ အခွင့်အရေး ကို အလေးထားတဲ့ အစိုးရတစ်ခုပေါ်စေရန် နှင့် ဗမာပြည်သူ၊ ပြည်သား အားလုံးကို လှုံ့ဆော်ခဲ့မှုကြောင့်သာ ဖြစ်တယ်။ ”
Barrack Obama
US President

“ အဲ့တာဟာ ကျွန်တော်တို့ အကြီးမားဆုံး စမ်းသပ်လိုက်တာပါပဲ။ ဒီလို မတော်မတရားမှုတွေကို ကြုံတွေ့နေရတဲ့ အခါမှာ ကျွန်တော်တို့တွေအနေနဲ့ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ ဗမာပြည်က ကြမ်းတမ်းပြီး ဖိနှိပ်လွန်းတဲ့ စစ် အာဏာရှင်တွေကို ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေကိုပါ တပါတည်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ”
Gordon Brown
British Prime Minister
“ သူတို့ကိုယ်သူတို့ အစိုးရတစ်ရပ်လို့ ဟစ်ကြွေးနေတဲ့ ဒီလူလိမ်လူကောက်အုပ်စုဟာ ဗမာပြည်သူတွေရဲ့ မှန် ကန်တဲ့ ခေါင်းဆောင်ကို ဆက်လက်နှိပ်ကွပ်နေပါတယ်။ ဒီလို အကောက်ဥာဏ်ဆင်ပြီး မတရားတဲ့ တရားစီရင် ချက်ဟာ စစ်အာဏာရှင်တွေရဲ့ အင်အားကို ပြရာမရောက်ဘဲ သူတို့ရဲ့ သရဲဘောကြောင်မှု နဲ့ ကြောက်ရွံ့မှုကို သာ ပြသနေပါတယ်။ သူတို့ဟာ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို လမ်းပေါ်ထွက် လမ်းလျှောက် ခွင့်မပြုရဲလောက်အောင် ကြောက်နေကြတာပါ။ ”
U2
Irish Rock Band

“ ကျွန်မတွေ့နေရတာကတော့ လူထုက ဒီမိုကရေစီနည်းလမ်းတကျဖြင့် ရွေးကောက်ထားတဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရာစုနှစ် လေးပုံတစ်ပုံ လောက် နှိပ်ကွပ်မှုတွေနဲ့ဘဲ ခံနေရတာကိုပါဘဲ။ ”
Navi Pillay
The UN High Commissioner for Human Rights

“ ဒီစီရင်ချက်ဟာ စစ်အစိုးရအနေနဲ့ ဗမာပြည်တွင်း တရားဝင် ဒီမိုကရေစီနည်းလမ်းကျသော ရွေးကောက်ပွဲကို လုပ်ဆောင်ဖို့ အလေးအနက်ထားခြင်း မရှိသေးကြောင်း ပြသလိုက်တာပါဘဲ။ ”
Stephen Harper
Canada Prime Minister

“ သူမအပေါ်ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ ကြောက်ခမန်းလုပ်လိုက်တာပါဘဲ။ စစ်အာဏာရှင်ရဲ့ ရည်ရွယ်ချက် ကတော့ သူမကို ချုပ်နှောင်ထားဖို့ပါဘဲ။ သူမဟာ မျှော်လင့်ချက်နဲ့ ခံနိုင်ရည်ရှိမှုတွေရဲ့ မီးရှူးတန်ဆောင်တစ်ခု လည်း ဖြစ်လို့ပါဘဲ။
Gordon Brown
British Prime Minister
“ ဗုဒ္ဓဘာသာဝင်တစ်ဦးတစ်ယောက်အနေနဲ့ ကျွန်ုပ်ထပ်မံအယူခံလိုတာကတော့ သူမကို ပြန်လွှတ်ပေးခြင့်ဖြင့် သဘောထားကြီးမှုနှင့် နားလည်ခံစားတတ်မှုကို ဖော်ပြကြပါ။ အဲ့ဒီလို ပြုမူခြင့်ဖြင့် ပြန်လည်သင့်မြတ်ရေးကို ရှေးရှုစေမှာဖြစ်သလို စိတ်စေတနာကောင်းရှိရာကို ပြသရာ ရောက်ပါလိမ့်မယ်။ ”
His Holiness the Dalai Lama

ဒီဖြစ်ရပ်ဟာ အားလုံးနဲ့ဆိုင်တဲ့ ကိုယ်ကျင့်တရားတစ်ခုပါဘဲ။ မှားယွင်းခြင်း၊ မှန်ကန်ခြင်း ကိစ္စပါဘဲ။ ဒီဆုံးဖြတ် ချက်ဟာ မှားယွင်းပါတယ်။ ”
The Elders’ Chair, Archbishop Emeritus Desmond Tutu

“ ငြိမ်းချမ်းသောနည်းလမ်းနဲ့ သံတမန်နည်းအရ ချဉ်းကပ်မှုတွေအတွက် အချိန်ဟာ ပြီးဆုံးသွားပါပြီ။ တိုင်းပြည် အားလုံး အထူးသဖြင့် ကိုယ်ကျိုးကြည့် အိမ်နီးခြင်း တိုင်းပြည်များဟာ တရားဥပဒေဘက်က ရပ်တည်ရမယ်။ သူတို့ဟာ စစ်ဗိုလ်ချုပ်တွေ ယခုလို ရာဇ၀တ်မှုတွေဖောက်ဖျက် ကျူးလွန်ရဲအောင် အားပေးတဲ့ အနေအထား တွေကို ရပ်တန့်ဖို့ လိုပါတယ်။ ”
Burmese exile PM Sein Win

“ ဒီတရားစီရင်မှုဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်စေရန် ပိုမိုစိတ်ချရအောင် စစ် အာဏာရှင်ရဲ့ နိုင်ငံရေးကစားပွဲတစ်ခုသာ ဖြစ်ပါတယ်။ ”
Burmese activist Khin Ohn Mar, a secretary of the Forum for Democracy in Burma

“ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲဖို့ အထူးလိုအပ်ပါတယ်။ ဒီပြောင်းလဲမှုဟာ မြန်မာပြည်လုံခြုံရေးအတွက် သာမက ဘင်္ဂလားဒေ့်ရှ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံအားလုံးရဲ့ လုံခြုံရေးအတွက်လည်း မရှိ မဖြစ်လိုအပ်ပါတယ်။ ”
Thai FM Kasit Piromya

“ ကျွန်တော်တို့ဟာ အလွန်ကောင်းမွန်တဲ့အချက်တစ်ခုဘဲရှိပါတယ်။ အဲ့ဒါကတော့ သူမဟာ ဥပဒေချိုးဖောက် တာမရှိတဲ့အပြင် သူမအပေါ်ချမှတ်ထားတဲ့ တင်းကြပ်ကန့်သတ်မှုတွေကိုလည်း ဖောက်ဖျက်ခဲ့တာ မရှိတာပါဘဲ။”
Lawer Kyi Win

ဗိုလ်မှုးချုပ်အေးမြင့်ရဲ့ ဥပဓိရုပ်
“ တရားမ၀င် ၀င်ရောက်လာသူကို သက်ဆိုင်ရာကို သတင်းပို့ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ”
Major General Aye Myint

“ ကုလသမဂ္ဂအထွေထွေညီလာခံ နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာအရေးနဲ့ပတ်သတ်ပြီး ဆုံး ဖြတ်ချက် ၃၅ စောင် ထုတ်ပြန်နေချိန်မှာ လုံခြုံရေးကောင်စီအနေနဲ့ ထုတ်ပြန်ချက်တစ်ခုသာ ထုတ်နိုင်ခဲ့ပါ တယ်။ ”
Paulo Sergio Pinheiro, Former UN Human Rights reporteur in Burma

“ ဒီအမှုဟာ ပြည်တွင်းဥပဒေကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကိစ္စတရပ် မဟုတ်ပါဘူး။ ”
Burmese Foreign Minister Nyan Win

“ ယခုအချိန်ဟာ ဗမာအာဏာရှင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တင်ထားတဲ့ စွဲချက်အားလုံးကို ပယ် ဖျက်ဖို့ လိုတယ်။ ထို့အပြင် သူမနဲ့ နိုင်ငံရေးအကျဉ်းသမားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ လိုပါတယ်။ ”
US President Barrack Obama

“အာဆီယံအနေနဲ့ ဒီ Statement ကို ချစ်ခြင်းတရား ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ပြန်ခဲ့ပြီး ဗမာ ပြည်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ရှေ့ဆက်လှမ်းဖို့အတွက်လည်း မျှော်လင့်ပါတယ်။ ကျွန် တော်တို့ဟာ ပြည်တွင်းရေး ကိစ္စကို ၀င်စွတ်ဖတ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗမာ့အရေးကို စိုးရိမ်ကြောင်း ကိုတော့ ပြချင်ပါတယ်။ ”
Kasit Piromya, Thailand’s FM

ကျွန်မတို့ဟာ သူမကိုဆုံးရှုံးသွားရင် အဲ့ဒါဟာ ကျွန်မတို့ရဲ့ စိတ်အသိဥာဏ်ကို ထိစေလိမ့်မယ်။ ”
Rama Yada, France’s Human Rights Minister

“ ကိုရီးယားနိုင်ငံဟာလည်း ဒီမိုကရေစီမရခင်က စစ်အာဏာရှင်အောက်မှာ အချိန်ကြာမြင့်စွာ ရုန်းကန်ခဲ့ရပါ တယ်။ ကျွန်ုပ်ဆိုရဲပါတယ်။ သင့်ရဲ့အမှန်တရား နဲ့ ဗမာပြည်တွင်းလွတ်မြောက်မှုတွေအတွက် သမိုင်းက မှတ် တမ်းတင်လိမ့်မယ် ဆိုတာပါဘဲ။ ”
Kim Dae-Jung, Former President of South Korea

“ ကျွန်ုပ်၏ စိတ်အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လုပ်ကြံခံရလိမ့်မယ်။ အဲ့ဒါကြောင့် အဲ့ဒီကို သွားခဲ့တာပါ။ ”
John W-Yattaw, the America man who swan to visit Burma’s democracy leader ASSK

“ တရားရုံးတော်က တရားသူကြီးတွေ၊ စွဲချက်တွေ၊ ထုချေလွှာတွေအားလုံးဟာ အယောင်ပြတွေပါ။ ကျွန်တော် ထင်ပါတယ်။ အဆုံးသတ် ဆုံးဖြတ်ချက်ကို ရေးဆွဲပြီးပြီဆိုတာကိုပါ။ ”
Mark Canning, British Ambassador to Burma

“ သင်တို့ရဲ့ရောက်ရှိလာမှုနဲ့ ထောက်ခံမှုအပေါ် အလွန်ဘဲကျေးဇူးတင်မိပါတယ်။ အခုနေအခါမှာ တယောက် ချင်းစီကို မတွေ့နိုင်ပေမယ့် ပိုကောင်းမယ့်နေ့တွေမှာ သင်တို့ကိုတွေ့နိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်မိပါတယ်။ ”
Aung San Su Kyi

မြန်မာ့အရေးကိစ္စကို မြန်မာပြည်သူတွေကဘဲ ဆုံးဖြတ်သင့်ပါတယ်။ မြန်မာပြည်တွင်းရှိ သက်ဆိုင်ရာပါတီတွေ ဟာ တွေ့ဆုံဆွေးနွေးပွဲတွေကတဆင့် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးတိုးတတ်ရေးတို့အတွက် သဘောပေါက်လာကြမယ်လို့ မျှော်လင့်မိပါတယ်။ ”
China Foreign Minister spokeman Ma Zhaoxu

“ သူမနဲ့အတိုက်အခံအားလုံးကို အကျဉ်းချထားခြင်းဟာ ဗမာနိုင်ငံတွင်း ဒီမိုကရေစီမျှော်လင့်ချက်တွေကို ပိုပြီး ချောမွေ့သွားစေပါတယ်။ ”
France’s first lady Carla Bruni-Sarkozy

“ ဒေါ်အောင်ဆန်းစုကြည်ကို သိစေချင်တာကတော့ သင်ဟာ ဘယ်တော့မှအထီးမကျန်ပါဘူး။ ”
British Prime Minister Gordo Brown
“ သူမကို ဆက်လက်ချုပ်နှောင်နှိပ်ကွပ်နေတာကို ကျွန်မတို့တွေ့နေရပါတယ်။ သူမကို ချွင်းချက်မရှိ ချက်ချင်းပြန် လွှတ်ဖို့ ကျွန်မတို့တောင်းဆိုပါတယ်။ သူမကိုဆက်လက်ထိန်းသိမ်းထားတာ အခုနောက်ဆုံးတရားစီရင်မှုတွေ ဟာ နိုင်ငံတကာအဆင့် တရားမျှတတဲ့ စီရင်မှု စံနှုန်းနဲ့လုပ်ငန်းစဉ်ကို ချိုးဖောက်ရာ ရောက်ပါတယ်။ ”
Navi Pillay, UN High Commissioner for Human Rights

“ မြန်မာအစိုးရကို ဒီအမှုနဲ့ပတ်သတ်ပြီး အမြန်ဆုံး ဖြေရှင်းဖို့ နဲ့ အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ”
Philippine Foreign Affair security Alberto Romulo

“ ရှင်းရှင်းပြောရရင် သူမ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါဟာ လူတိုင်းအတွက်လည်း အလေးထားစရာတစ်ခုဖြစ်လို့ပါဘဲ။ ”
Thai Prime Minister Abhisit Veijjajiva

“ အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချပြီးနောက်ပိုင်း အင်တာနက်အသုံးပြုမှုအပေါ် တင်းကြပ်မှုတွေတိုးမြှင့် ခြင်းဟာ စစ်အစိုးရအနေနဲ့ ဗမာနိုင်ငံကို အထီးကျန်အောင် ထပ်လုပ်သလို ဖြစ်ပါတယ်။ ဒီလိုအပြုအမူမျိုးကို ကျွန်ုပ်တို့အနေနဲ့ အလွန်ဘဲ ရှုတ်ချပါတယ်။ ဒါ့အပြင် သတင်းစီးဆင်းမှုကို ခွင့်ပြုဖို့ အစိုးရကို ဖိအားပေးရန် အတွက်လည်း အာဆီယံကို တိုက်တွန်းချင်ပါတယ်။ ”
Reporters Without Borders

“ ဒီအမှုဟာ အာဆီယံလုပ်နိုင်တဲ့ အကောင်းဆုံးကိစ္စတစ်ခုပါ။ ဒီဒေသဆိုင်ရာအုပ်စုကြီးဟာ အရေးကြီးအခွင့် အရေးကို လက်လွှတ်သွားနိုင်ပါတယ်။ ဒီအဖွဲ့ကြီးဟာ အမြဲဘဲ လက်ဖက်ရည်ဆိုင်သာသာပဲ ဖြစ်နေပါတယ်။ ”
Sanai Phasuk, Thai representative of Human Rights Watch

“ သူမအပေါ်စွပ်စွဲချက်တွေဟာ လုံးဝမလျှော်ကန်ပါဘူး။ အမေရိကန်နိုင်ငံသား သူမအိမ်ကို ရေကူးဝင်လာတာနဲ့ ဘာကြောင့်များ သူမကို ထောင်ချရမှာလဲ။ ”
Teuku Faizasyah, policeman of Indonesia Foreign Ministry

“ ကျွန်ုပ်တို့အနေနဲ့ ဖြစ်ပေါ်တိုးတတ်မှုတွေကို အလေးထားပြီး အနီးကပ်စောင့်ကြည့်နေပါတယ်။ ဒီသ၀ဏ်လွှာ ကိုလည်း မြန်မာအစိုးရထံ ပို့ပြီး ဖြစ်ပါတယ်။ ”
င်္Former Japan’s Foreign Minister Hirofumi Nakasone

“ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လည်းဖြစ်၊ ဥရောပပါလီမန်ရဲ့ Sakharov ဆုရှင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သူမ၏ နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနှင့် စွပ်စွဲပြီး ထောင်ချလိုက်သည်ဆိုသည့် သတင်းကြားပြီးက တည်းက ကျွန်တော်အနေနဲ့ သူမကို မတုံ့ဆိုင်းဘဲ ချွင်းချက်မရှိ လွှတ်ပေးရန် ဗမာအာဏာပိုင်တွေကို အပြင်းအ ထန် တောင်းဆိုလိုက်ပါတယ်။ ”
Hans-Gert pottering, President of the European Parliament

“ နိုင်ငံတကာဥပဒေနှင့်စံနှုန်းများကို လိုက်နာကျင့်သုံးရန် စစ်အာဏာရှင်တို့အား တောင်းဆိုမှုကို နှစ်ပေါင်းများ စွာ အတောမသတ်လုပ်ပြီးနောက် နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ စစ်အာဏာရှင်တွေနဲ့ ဒိုင်လော့ လုပ်ဖို့ဆို တာ မဖြစ်နိုင်ကြောင်း သိလာရပါတယ်။ ထောင်ပေါင်းများစွာရှိသော ဗမာပြည်မှ ဒုက္ခသည်များအရေးဟာ လည်း အချက်တစ်ခုဖြစ်နေပြီး ဘာမှ မယ်မယ်ရရမလုပ်နိုင်သေးပါဘူး။ ဒီနောက်ဆုံး ဖြစ်ထွန်းမှုအရေးကိစ္စဟာ အားလုံးနိုးနိုးကြားကြား ပြင်းပြင်းထန်ထန် တောင်းဆိုဖို့ ဖြစ်လာပါတယ်။
Valcav Havel, first President of the Czech Republic

“ ဒီ စီရင်ချက်နဲ့ပတ်သတ်ပြီး စင်္ကာပူအစိုးရအနေနဲ့ စိတ်ပျက်ရပါတယ်။ အဲ့ဒီစီရင်ချက်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေပါတယ်။ ”
Singapore Foreign Ministry

“ သူဟာ အလွန်ဘဲ ငြိမ်းချမ်းရေးဟာ လိုလားသူပါ။ စိတ်သဘောထား ကောင်းမွန်သူပါ။ နူးညံ့တဲ့ စိတ်လည်း ရှိ ပါတယ်။ သူဟာ သူမအပေါ် အကောင်းဆုံးဖြစ်စေဖို့ ရည်ရွယ်ခဲ့တာပါ။ ”
Betty Yettaw, wife of John Willian Yettaw

“ ငါတို့ရဲ့ ညီမလေးကို ချက်ချင်းလွှတ်ပါ။ စိတ်ပျက်ဖွယ်ကောင်းတဲ့ ဒီအမှုဟာ သူမကို ဖမ်းဆီးချုပ်နှောင်မှု သက် တမ်းတိုးဖို့ စွပ်စွဲချက်တစ်ခု သက်သက်သာဖြစ်ပါတယ်။ ”
Desmond Tatu, the chairman of the Elders

“ ကျွန်တော်တို့တွေ အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်နေပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း သူမ ချက်ချင်းလွှတ်ပေးဖို့ ၀ိုင်းဝန်းတောင်းဆိုပေးပါရန် ဆော်သြပါတယ်။ ”
Jimmy Carter, Former President of the US

“ အောင်ဆန်းစုကြည်ကို တရားမ၀င်ဖမ်းဆီးချုပ်နှောင်ထားတာဟာ ၁၃ နှစ်ကျော်ရှိနေပါပြီ။ ဒီအမှုဟာလည်း တရားမ၀င်ပါဘူး။ ”
Mary Rominson, Former President of Ireland

“ ကျွန်မတို့အနေနဲ့ တရုတ်နိုင်ငံကဲ့သို့ အခြားနိုင်ငံများနှင့်အတူတူရှိနေပါတယ်။ဗမာပြည် လူ့အခွင့်အရေးစံနှုန်းတွေနဲ့ မညီ ပါဘူး။ သူမကို ခြိမ်းခြောက်ရန် အကျဉ်းချထားဖို့လုပ်ဆောင်နေတဲ့ ဒီအားထုတ်ဂွင်ဆင်နေမှု မှ အောင်ဆန်းစု ကြည်ကို ကယ်ထုတ်ဖို့ ရှာဖွေရမယ်။ ”
Hillary Clinton, US Secretary of State

“ သူမကို ထောင်ဒဏ်ပေးလိုက်ခြင်းဟာ ဗမာပြည်အတွင်း ဒိမိုကရေစီအရေးကို ထပ်မံဖိနှိပ်ရာရောက်ပါတယ်။ သူမကို ထောက်ခံသူပြည်သူတွေနဲ့ သူမလို ရဲရင့်တဲ့ခေါင်းဆောင်ကို စည်းခြားလိုက်တာလည်းဖြစ်ပါတယ်။ ”
David Cameron, Leader of the British Conservative Party

“ ကနေဒါနိုင်ငံအနေနဲ့ အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်အသစ်ချမှတ်လိုက်ခြင်းအပေါ် အလွန်ဘဲ စိုးရိမ်မိပါ တယ်။ ဗမာအာဏာပိုင်တွေကိုလည်း လူ့အခွင့်အရေးနဲ့ဗမာပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားကြဖို့ ဆော်သြပါတယ်။ ”
Lawrence Cannon, Canada’s Minister of Foreign Affair

“ ဒေါ်အောင်ဆန်းစုကြည် ကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့ သြစတြေးလျ နိုင်ငံအနေနဲ့ အချိန်ကြာမြင့်ကတည်း က တောင်းဆိုရပ်တည်ခဲ့တာပါ။ ယနေ့ဒီအချက်ကို ထပ်မံတောင်းဆိုပါတယ်။ ”
Australian Foreign Minister Stephen Smith


“ လူအများက ဒီစိတ်ပျက်စရာကောင်းတဲ့ အမေရိကန်နိုင်ငံသားအပေါ် အလွန်ဘဲ ဒေါသထွက်နေကြပါတယ်။ သူဟာ ဒီပြဿနာရပ်အားလုံးရဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။ သူဟာ တကယ်ကို မိုက်မဲသူပါ။ ”
Kyi Win, Suu Kyi’s Lawyer

“ အောင်ဆန်းစုကြည်ဟာ ရာဇ၀တ်မှုကို မကျုးလွန်ခဲ့ပါဘူး။ သူမဟာ စစ်အာဏာပိုင်တွေရဲ့ လှည့်စားခံရသူ တစ်ဦးသာ ဖြစ်ပါတယ်။ သူမအိမ်ကို ကျူးကျော်ဝင်ရောက်လာသူက တစ်ဦးပါ။ ဒါပေမယ့် သူမတစ်ဦးတည်းသာ အကျဉ်းကျခံနေရတယ်။ ”
Zoya Phan, the International coordinator at Burma Campaign UK

“ ကျွန်တော်တို့ဟာ ဒီစစ်အာဏာရှင်တွေရဲ့ ဥပဒေခြုံထည်ကိုသုံးပြီး အောင်ဆန်းစုကြည်အပေါ် ဆက်လက် ထိန်းသိမ်းရန်ကြိုးပမ်းချက်တွေကို တညီတညွတ်တည်း ရှုပ်ချဖို့လိုပါတယ်။ ”
Jared Genser, Suu Kyi’s US based legal counsel


အလင်းဆက်
၂၇.၂.၂၀၁၀
ခမိခဆဲ http://kamikaze-2010.blogspot.com ကူညီသည်။။

ပေးပို့လာသူ ညီငယ်အလင်းဆက်..........

ရခိုင်အမျိုးသားသတင်းစာ.....

ရခိုင်အမျိုးသား သတင်းစာ....

ပေးပို့လာသူ ကိုလှအေးမောင်....

ပအိုဝ်းအမျိုးသားနေ့ ထုတ်ပြန်ကြေငြာချက်....

Pa-Oh National Day Statement _ 27 Feb 2010

ခေတ်အဆက်ဆက်က ရွှေတိဂုံစေတီတော်မြတ်ကြီး သမိုင်းနှင့် အဓမ္မဝါဒီခေတ် အခြေအနေ.....

ရွှေတိဂုံစေတီတော်မြတ်ကြီး
ဒဏ္ဍာရီအဆိုအရ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထားခဲ့ပါတယ် လို့ပြောကြပါတယ်။ ဗိသုကာပညာရှင်တွေကတော့ စေတီတော် ရဲ့ Stupa လက်ရာတွေအရ ၆ ရာစု နဲ့ ၇ ရာစုကြားက မွန်တွေ တည်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ( အမှန်က ယခုဖူးမြင်နေရသော ဥာဏ် တော်အမြင့် ၃၂၀ ပေကျော်မှာ မွန်မိဘုရားကြီးရှင်စောပု လက်ထက်က တည်ထားခဲ့ခြင်းဖြစ်သည်။ အပြင် ပန်း နှင့် ဓါတ်တော်သမိုင်းကို ခွဲခြားသိရန်လိုသည်။ မှတ်ချက် )

ရှေးပညာရှိများနှင့် ကျမ်းဂန်အထောက်အထားများအရ ဗုဒ္ဓပရိနိဗ္ဗာန်မပြုခင်ကာလ (BC 486) ကတည်းက တည်ထားခဲ့ကြောင်း သိရပါတယ်။ ဒီစေတီရဲ့ မူလအစကတော့ ရာမညတိုင်းမှ ကုန်သည်နှစ်ဦးဖြစ်တဲ့ တဖုဿ နှင့် ဘလ္လိက ညီနောင်တို့ကို မြတ်ဗုဒ္ဓက ဆံတော်ရှစ်ဆူ ပေးသနားခြင်းမှစခဲ့ပါတယ်။ ညီနောင်နှစ်ပါးဟာ ဥက္က လာပမင်းကြီးရဲ့ အကူအညီနဲ့ သိဂုတ္တရတောင်ပေါ်မှာ ဆံတော် (၄) ဆူကို ရှေးရှေးသော ဘဒ္ဒကမ္ဘာမှ ဘုရား ၃ ဆူရဲ့ ဓါတ်တော်များကိုပါ စုပေါင်းပြီး ရွှေတိဂုံစေတီတော်အတွင်း ဠာပနာသွင်း လှူဒါန်းတည်ထားခဲ့ပါတယ်။

ဓါတ်တော်ကြုတ်ကနေ ဠာပနာဖို့ ဆံတော်ကိုယူတဲ့အခါမှာ မယုံနိုင်သော ထူးခြားဆန်းကြယ်မှုတွေ ဖြစ်ခဲ့ပါ တယ်။ ဗုဒ္ဓ၏ မြင့်မြတ်တဲ့ ဆံတော်ကနေထွက်လာတဲ့ ရောင်ခြည်တော်တွေဟာဆိုရင်ဖြင့် အထက်ဘ၀ဂ်မှအောက်နရက်၊ ငရဲပြည်အထိတိုင်အောင်ပါဘဲ။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်အစွမ်းသတ္တိတွေကြောင့် မျက်မမြင်တွေ စက္ခု အလင်းပြန်ရခဲ့ကြတယ်။ နားပင်သူတွေ ကြားနိုင်ကြသလို ဆွံ့အသူတွေလည်း ပြန်ကောင်းလာကြပါတယ်။ ကမ္ဘာမြေကြီးသိမ့်သိမ့်တုန်အောင် တုန်လှုပ်ခဲ့ပြီး လေပြင်းမုန်တိုင်းတွေ ပင်လယ်ပြင်မှာ ကျရောက်ခဲ့ပါတယ်။ မေယုတောင်ကြီးတခုလုံး တုန်လှုပ်ခဲ့ပြီး လျှပ်စီးတွေလက်ပါတယ်။ ဒူးထိနစ်အောင်မိုးတွေရွာသွန်းပြီး အချိန်ရာ သီမဟုတ်ဘဲ ဟိမ၀န္တာတောင်တန်းမှ ပန်းပေါင်းစုံ၊ သစ်သီးမျိုးစုံ ဖူးပွင့်၊ သီးလာကြပါတော့တယ်။

သမိုင်းကိုပြန်ကောက်ရရင် မွန်ဘုရင်ဘုရားဦး မတိုင်ခင် လွန်ခဲ့သော နှစ်ပေါင်း (၁၃၀၀) ကဆိုရင် စေတီတော်ဟာ ယိုယွင်းလာခဲ့ပါတယ်။ ယခင်ဥာဏ်တော်ဟာ (၁၈) မီတာ ( ပေ ၆၀ ) သာ ရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက်ပြု ပြင်မွမ်းမံခဲ့ရာ ယခုဖူးမြင်နေရသော ဥာဏ်တော်အမြင့် ( ၉၈ မီတာ ) ( ပေ ၃၂၀ ) ဟာ ၁၅ရာစုကမှဖြစ်ပါတယ်။ မွန်ဘုရင့် နိုင်ငံတော်ခေတ်မှာ ကြီးမားတဲ့ စေတီတော်ကြီး နှစ်ဆူဖြစ်တဲ့ ရွှေတိဂုံ နှင့် ရွှေမော်ဓော စေတီတော်ကြီးများကို ပြန်လည်မွမ်းမံတည်နိုင်ခဲ့ကြပါတယ်။

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီဟာ အစပထမက ၂၇ ပေသာ ဥာဏ်တော်အမြင့်ရှိခဲ့ရာမှ မွန်ဘုရင်ဗညားဦးက ၁၃၆၂ မှာ ဥာဏ်တော် ၆၆ ပေထိ မြှင့်တင်တည်ခဲ့ပါတယ်။ ဓမ္မစေတီမင်း ရဲ့ ဆွေတော်မျိုးတော်ကြီးဖြစ်တဲ့ ယောက္ခမတော် ကြီး မိဖုရား ရှင်စောပု ( ၁၄၅၃-၇၂) က ဥာဏ်တော်အမြင့် မီတာ ၄၀ ( ပေ ၁၂၉ ) ကို မြှင့်တင်ခဲ့ပါတော့တယ်။

၁၄၇၂ မှာ မိဖုရားကြီးရှင်စောပု က ဓမ္မစေတီမင်းကို နန်းအပ်ပြီး အငြိမ်းစားယူရန် ဒဂုံ ( ယ္ခု ရန်ကုန် ) ကို ဆင်း လာခဲ့ပါတယ်။ သူမ မသေခင်ခေါင်းချရာနေရာကနေ ရွှေရောင်တ၀င်းဝင်းနဲ့ မြင့်မြတ်တဲ့စေတီတော်ကြီးကို ဖူး မြင်လိုစိတ်ရှိခဲ့ပါတယ်။ ၁၆ ရာစုနှစ်မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံအတွင်း လူသိအများ ဆုံး ဘုရားဖူးနေရာဖြစ်လာပါတော့သည်။

နောက်ပိုင်းရာစုတွေအတွင်း ငလျင်ဒဏ်အကြိမ်ကြိမ်ခံစားရလို့ ပျက်စီးယိုယွင်းလာခဲ့ပါတယ်။ အဆိုးဆုံးပျက်စီးမှု ကတော့ ၁၇၆၈ ကလှုပ်ခဲ့သော ငလျင်ကြောင့်ဖြစ်ပြီး စေတီအထက်ပစ္စယံ မြေခခဲ့ပါတယ်။ ဆင်ဖြူရှင်မင်းက ပြန်လည်ပြုပြင်တည်ထားခဲ့ပါတယ်။ ယခုဖူးမြင်နေရသော ထီးတော်သစ်ကိုတော့ မင်းတုန်းမင်း ၁၈၇၁ က တည် ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ဟာ မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံး ( ရန်ကုန် အပါအ၀င် ) ကို အင်္ဂလိပ်က သိမ်းပိုက်ထားတဲ့အချိန်ဖြစ်ပါတယ်။ ( ၁၈၅၂ မှာ ဒုတိယ အင်္ဂလိပ်၊ မြန်မာစစ်ဖြစ် )

၁၉၇၀ မှာ မြေငလျင်ကြောင့် ထီးတော်စောင်းသွားခဲ့ပါတယ်။ ၁၉၄၅ ဒုတိယကမ္ဘာစစ်ကြီးကာလကလည်း ငြမ်း တည်ဆောက်ခြင်း နှင့် အကြီးစားပြင်ဆင်မှု လုပ်ခဲ့ပါတယ်။

ဒီဇိုင်း

သိဂုတ္တရရင်ပြင်ပေါ်ရှိ စေတီတော်၏ ရင်ပြင်ပေါ်ရောက်ရန် ၀င်ပေါက်မုခ်လေးမုခ်ရှိပါတယ်။ ၀င်ပေါက်တိုင်းမှာ ခြင်္သေ့ရုပ်တစ်စုံစီဖြင့် စောင့်ကြပ်ထားပါတယ်။ အောက်ပစ္စယံကို ရွှေချထားသော အုတ်များဖြင့် တည်ထားပါ တယ်။ အထက်ပစ္စယံကိုတော့ ဘုန်းကြီး နှင့် အမျိုးသားများဟာ တတ်ရောက်နိုင်ကြပါတယ်။ နောက် ခေါင်း လောင်းပုံသဏ္ဍာန်ဖြစ်ပါတယ်။ ဒီအထက်က ဖောင်းရစ် (turnban) ၊ နောက် “ သပိတ် ” ပုံ၊ နောက် “ ကြာ မှောက် ကြာလှန် ” ၊ နောက် “ ငှက်ပျောဖူး ” ပုံ ၊ နောက် “ သရဖူ “ ပုံ ၊ နောက် စိန်ပေါင်း ၅၄၄၈ နှင့် ပတ္တမြား ၂၃၁၇ လုံး စီခြယ်သထားသော ထီးတော်၊ နောက်ဆုံးမှာတော့ ၇၆ ကာရက် ( ၁၅ ဂရမ် ) အရေအသွေးရှိ စိန်ဖူး တော် ဘဲ ဖြစ်ပါတယ်။

အထက်ပစ္စယံရှိ ရွှေတွေကတော့ ရွှေစစ်စစ်တွေဖြစ်ပုံရပြီး မူလီစုပ်ထားပါတယ်။ မြန်မာပြည်အနှံ့အပြားရှိ ပြည် သူများနဲ့ ဘုရင်များမကျန် စေတီတော်ကြီး အထွန့်ရှည် ထိန်းသိမ်းနိုင်ရန် လှူဒါန်းခဲ့ကြပါတယ်။ ၁၅ ရာစုနှစ်က မွန်မိဖုရားကြီး ရှင်စောပု ဟာ သူမ၏ ကိုယ်အလေးချိန်နှင့်ညီမျှတဲ့ ရွှေစင်ကို စေတီတော်ကြီးအတွက် လှူဒါန်း ခဲ့ပါတယ်။

ထုံးတမ်းအစဉ်အလာ

အခြားစိတ်ဝင်စားဖွယ်တစ်ခုကတော့ ဂြိုဟ်ခုံ နဲ့ ဂြိုဟ်ရုပ်တွေဘဲ ဖြစ်ပါတယ်။ ဥပမာ -အင်္ဂါနေ့မှာ ဖွားမြင်သူများဟာ အင်္ဂါထောင့်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ ရေသပ္ပါယ်ခြင်း၊ လှူဖွယ်ပစ္စည်းများ လှူ ဒါန်းခြင်း နဲ့ ဆုတောင်းမှုများ ပြုကြပါတယ်။

ဗုဒ္ဓဘာသာအများစုဟာ စေတီတော်ကို လက်ယာရစ် (clockwise) လှည့်ပတ်ပူဇော်ကြတာများပါတယ်။ နေ့ရှစ် ရက်အတွက် ရှစ်တိုင် နှင့် ဂြိုဟ်သင်္ကေတရုပ် ၈ ရုပ်ရှိပါတယ်။

တနင်္လာသားသမီးအတွက် ( ကျားရုပ်)

အင်္ဂါသားသမီးအတွက် ( ခြင်္သေ့ )

ဗုဒ္ဓဟူးသားသမီးအတွက် ( ဆင် )

ကြာသပတေးသားသမီးအတွက် ( ကြွက် )

သောကြာသားသမီးအတွက် ( ပူး )

စနေသားသမီးအတွက် ( နဂါး )

တနင်္ဂနွေသားသမီးအတွက် ( ဂဠုန် )

ရာဟုသားသမီးအတွက် (ဗုဒ္ဓဟူး ညမွေး ) ( ဟိုင်းဆင် ) အဆွယ်မပါ

အရုပ်တစ်ခုချင်းစီအပေါ်တွင် ဂြိုဟ်မင်းဟု သတ်မှတ်သော နတ်ရုပ်များ ရှိသည်။

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသော မြန်မာလူမျိုးအများစုမှာ ဟိန္ဒူဗြဟ္မာဏ မှ ဆင်းသက်သော ဗေဒင် ပညာရပ်၊ နက္ခတ်ဗေဒပညာရပ်များကိုလည်း ယုံကြည်ကြ၍ ဂြိုဟ်တိုင်များတွင် လူများဖြင့် စည်ကားနေသည်။

ဗေဒင်နက္ခတ်ပညာရှင်များ၏ အကြံပေးမှုကြောင့်လည်း လှူဒါန်းရန် နှင့် ယတြာချေရန်အတွက်လည်း လာ ရောက်ကြသည်။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအများမှာ ဘုရားကျောင်းကန်သို့ သွားခြင့်ဖြင့် သူတို့ခံစားနေရသော စိတ်သောက ဝေဒနာများ သက်သာပျောက်ကင်းသွားတယ်လို့ ခံစားကြတယ်။ ထို့ပြင် ဘုရားကျောင်းကန်တွေမှာ မြင့်မြတ်ပြီး အကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်တွေရှိပြီး ဗုဒ္ဓကို ရည်မှတ်ပြီး တည်ထားကိုးကွယ်ထားတဲ့ စေတီ ၄ မျိုး ကို ဖူးမြင်ရပြီး ဘုရားရဲ့ ဂုဏ်တော်၊ တရားရဲ့ ဂုဏ်တော်၊ သံဃာရဲ့ ဂုဏ်တော် များကို ပိုမိုဆင်ခြင်မိပြီး ကုသိုလ်ကောင်းမှုတွေ လည်း လုပ်နိုင်လို့ အလွန်ကောင်းမြတ်ခြင်းလို့ ယုံကြည်ကြပါတယ်။

ကမ္ဘာ့စာပေထဲက ရွှေတိဂုံ

အင်္ဂလိပ်ကဗျာဆရာကြီး ရုဒ်ကပလန် ( Rudyard Kipling) က ၁၈၈၉ မှာ ရွှေတိဂုံ သို့ ရောက်ရှိလာခဲ့ပြီး နောက် ၁၀ နှစ်ကြာတဲ့ ၁၈၉၉ မှာ သူ၏ “ From sea to sea and other Sketches ” ခရီးသွားဆောင်းပါး အတွဲ ၁ မှာ ရွှေတိဂုံစေတီတော်ကြီး နှင့် ပတ်သတ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။

ကပလင်း (Kapling) က -
ရွှေရောင်တ၀င်းဝင်းနှင့် အင်မတန်ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဂမ္ဘီရဆန် ရွှေတုံးကြီးဟာ မိုးကုတ်စက်ဝိုင်း ထက်မြင့်မြင့်မားမားထွက်လို့ နေရောင်အောက်မှာ တဖျက်ဖျက် နှင့် သူ့ပုံသဏ္ဍာန်ကတော့ ဟိန္ဒူဘုရားကျောင်း တွေနဲ့လည်းမတူ၊ မွတ်စလင်ဗလီတွေနဲ့လည်း အသွင်ကွဲ၊ တမူထူးလို့ တင့်တယ်ဖွယ်အတိနဲ့ စိမ်းလဲ့လဲ့ တောင် ကုန်းပေါ်မှာ မားမားကြီးတည်လို့နေ။ အခြားလူနေအိမ်အဆောက်အဦးတွေ၊ ချုံဖုတ်တွေ နဲ့ စက်ရုံများရယ် သူ့ အောက်ခြေ၀ယ် အစီအရီပေါ့။ ကျွန်ုပ်စိတ်ဝယ် အင်္ဂလိပ်တို့ရဲ့ နတ်ဘုရားအသစ်တစ်ပါး ထိုင်နေရော့သလား အံ့ချီးဖွယ် တွေးထိမိတဲ့စိတ်ကို မထိန်းချုပ်နိုင်အောင်ဖြစ်ရပါရဲ့ ….. လို့ ဖွဲ့ဆိုထားပါတယ်။

သူကဆက်လက်ပြီး ရွှေတိဂုံပေါ့လို့ ကျွန်တော့်မိတ်ဆွေကပြောတော့ “ အံ့ဖွယ်အတိ ” လို့ စိတ်ထဲကပြောမိ တယ်။ ဒါပေမယ့် အဲ့ဒါဟာ ကျိန်တွယ်ပြောစရာမလိုတဲ့ အရာတစ်ခုပါ။ ( တကယ်မျက်မြင်ဖြစ်လို့ )။ အဲ့ဒီ အံ့ချီး ဖွယ်အရာထဲက ကျွန်တော့်ကို ရန်ကုန်ကိုလာစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒုတိယကတော့ ကမ္ဘာမြေပေါ်က အချမ်းသာဆုံး နဲ့ ရှားပါးတဲ့အရာတွေရှိနေလို့။

1885 ခုနှစ်က ရွှေတိဂုံစေတီတော်ပုံ
စန္ဒကူးပန်းရနံ့တွေ ထုံသင်းနေတဲ့ နံသာမြိုင်တောကြီးတွေနဲ့ အသွင်ဆန်း၊ အဆင်ခြားနေတဲ့ ဒီရွှေမြေမှာ ကျွန်ုပ် ၏ မျက်စိပသာဒ မှာ မဆုံးနိုင်၊ မပြီးနိုင် ဖြစ်ခဲ့ရပေါ့။ ရွှေအတိနဲ့အဆောက်အအုံကြီးကတော့ ပြောတယ် “ ဒါဟာ မြန်မာပြည်တဲ့၊ မင်းတို့သိတဲ့ အခြားနယ်မြေတွေနဲ့ လားလားမျှ မတူနိုင်ဘူးတဲ့။ ” “ အဲ့ဒါဟာ အလွန်ကျော်ကြား တဲ့ ဘုရားကျောင်းအိုကြီးတစ်ခုပေါ့ ” လို့ ကျွန်တော့်မိတ်ဆွေက ရှင်းပြတယ်။ ယခုအခါ တောင်ငူ၊ မန္တလေး လမ်းဖွင့်ပြီဖြစ်လို့ အနယ်နယ်အရပ်ရပ်က ထောင်ပေါင်းများစွာသော ဘုရားဖူးတွေ လာရောက်ဖူးမျှော်နိုင်ပြီ ဖြစ်သည်တဲ့။ သူတို့အဆို “ ထီးတော် ” လို့ခေါ်တဲ့ တန်ဖိုးကြီးပြီး ထိပ်နားကတင်ထားတဲ့ အရာကတော့ ငလျင် ဒဏ်ကြောင့် မဲ့နေတယ်။ တတိယမြောက် ထီးတော်ကို ပြန်တင်မလို့ ၀ါးတွေနဲ့ခြံရံပြီး လုပ်နေတာကိုတွေ့ခဲ့ရပါ တယ်။ အဲ့ဒါတွေ ဖယ်ရှားလိုက်ရင်တော့ သင်တို့တွေ ပြန်တွေ့ရတော့မှာပါ။ အခုအခါမှာတော့ ရွှေရောင်တဖျက် ဖျက် နဲ့ ပြန်လည်တင့်တယ်နေပါပြီ ….. လို့ မှတ်တမ်းတင်ထားပါတယ်။

စစ်ဘေး နဲ့ ကျူးကျော်မှု

၁၆၀၈ ခုနှစ်မှာတော့ ငဇင်ကာ လို့ ခေါ်တဲ့ ပေါ်တူဂီလူမျိုး နယ်မြေသစ်ရှာသူ ဖိလစ်ဒပရစ်တို ဟာ ရွှေတိဂုံစေတီ တော်ကြီးကို ဖျက်ဆီးခဲ့ပါတယ်။ သူ့လူတွေဟာ မိဖုရားကြီး ရှင်စောပု ကို နန်းဆက်ခံတဲ့ ဓမ္မစေတီမင်း ၁၄၈၅ မှာ လှူဒါန်းခဲ့တဲ့ တန်ချိန် ၃၀၀ နီးပါးရှိ ဓမ္မစေတီခေါင်းလောင်းကြီးကို ယူဆောင်သွားခဲ့ပါတယ်။ ဒီပရစ်တိုက တော့ ပဲခူးကိုဖြတ်ချိန်မှာ ခေါင်းလောင်းတော်ကြီးရေထဲကျသွားခဲ့ပါတယ်။ ယခုချိန်ထိ ပြန်လည်ဆယ်ယူလို့ မရသေးပါဘူး။

စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီး

၁၈၂၄ မေ ၁၁ မှာ အင်္ဂလိပ်တွေ မြန်မာပြည်ကို ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကြီး အတွင်းရောက်ရှိလာပြီး ရွှေတိ ဂုံဘုရားကို သိမ်းပိုက်ခဲ့ပါတယ်။ သူတို့ဟာ မထွက်ခွာမီ နှစ်နှစ်အတွင်း ရွှေတိဂုံစေတီတော်ကြီးကို ခံတပ်တစ်ခု အဖြစ် အသုံးပြုခဲ့ပါတယ်။ သူတို့ဟာ လုယက်ဖျက်ဆီးသူတွေ။ လူရမ်းကားတွေ ဖြစ်ကြပါတယ်။ အရာရှိတ ယောက်ဆိုရင် စေတီတော်ကြီး၏ အောက်ကို ဥမင်လိုဏ်ခေါင်းတူးပြီး ယမ်းမှုန့်၊ ယမ်းတောင့်များကို ရှာဖွေရန် ကြိုးစားခဲ့ပါတယ်။ စဥ့်ကူးမင်း ၁၇၇၉ မှာ သွန်းလုပ်လှူဒါန်းခဲ့တဲ့ တန်ချိန် ၂၃ တန်ရှိ မဟာဂန္ဓခေါင်းလောင်းအ မည်ရှိ စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီးကို အင်္ဂလိပ်တပ်တွေက ကာလကတ္တားကို သင်္ဘောနဲ့ အရည်ကျိုဖို့ သယ်သွားခဲ့ပါတယ်။ အဲ့ဒီခေါင်းလောင်းတော်ကြီးဟာလည်း ဓမ္မစေတီခေါင်းလောင်းနည်းတူ ရေထဲကျခဲ့ပါတယ် အင်္ဂလိပ်တပ်တွေက ပြန်လည်ဆယ်ယူရန် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ပိုင်း ပြည်သူတွေက စေတီတော်ကြီးမှာ ပြန်လည်ထားရန် ကြိုးပမ်းကူညီနိုင်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ( ၁၉၅၂ ) မှာ အင်္ဂလိပ်တွေ ရွှေတိဂုံကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး နှစ်ပေါင်း ၇၇ နှစ် ကြာ ၁၉၂၉ အထိ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေကို လာရောက်ဖူးမျှော်ခွင့်ပြုခဲ့ကြပါတယ်။

ရွှေတိဂုံစေတီတော်ကြီး နဲ့ မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ

၁၉၂၀ ပထမကျောင်းသားသပိတ်မှောက်ဖို့ တက္ကသိုလ်ကျောင်းသားကြီးများဟာ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ် မှာဘဲ စုဝေးတိုင်ပင်ပြီး တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ တက္ကသိုလ်ကျောင်း သားကြီးများ စုဝေးတိုင်ပင်ခဲ့တဲ့နေရာကို အမှတ်တရာ ကမ္ဗည်းကျောက်တိုင် ထိုးထားပါတယ်။ ထိုသပိတ်ကြီး ကြောင့်ဘဲ အမျိုးသားကျောင်းတွေ ပေါ်လာခဲ့ရပြီး ပထမကျောင်းသားသပိတ်စတင်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်အတွင်း ကာလမှာလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ သပိတ်စခန်းတည် ရာဖြစ်ခဲ့ပါတယ်။

၁၉၃၈ မှာ မြန်မာနိုင်ငံအလယ်ပိုင်း ချောက် နှင့် ရေနံချောင်း ရေနံမြေအလုပ်သမားထုကြီး သပိတ်မှောက်ဆန္ဒပြ ပြီး ရန်ကုန်ကို ချီတတ်လာခဲ့ရာမှာလည်း ရွှေတိဂုံစေတီတော်ကြီးမှာ သပိတ်စခန်းလုပ်ခဲ့ပါသေးတယ်။ ဒီသပိတ် ဟာ ပြည်သူကော ကျောင်းသားတွေကပါ ထောက်ခံမှုကြောင့် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အဖြစ် တွင်ခဲ့ပါ တယ်။

ယခင်က အင်္ဂလိပ်လူမျိုးနဲ့အခြား အင်္ဂလိပ်အာဏာပိုင်များဟာ ဖိနပ်မချွတ်ဘဲ ဘုရားရင်ပြင်တော်ပေါ်သို့ တတ် ရောက်ကြပါတယ်။ မြန်မာတို့က အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့ ဆန့်ကျင်တောင်းဆိုခဲ့လို့ ၁၉၁၉ မှာ အင်္ဂလိပ် က ဥပဒေ ထုတ်ပေးခဲ့ရပါတယ်။

၁၉၄၆ ဇန်န၀ါရီ ဟာ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ သမိုင်းဝင်လှတဲ့ ရွှေတိဂုံအလယ်ပစ္စ ယံ လူထုအစည်းအဝေးပွဲကြီးကို ကျင်းပပြီး လွတ်လပ်ရေးအတွက် သမိုင်းဝင် မိန့်ခွန်းကို ပြောခဲ့ပါတယ်။

၁၉၈၈ မှာတော့ ဗိုလ်ချုပ်သမီးဒေါ်အောင်ဆန်းစုကြည် ဟာလည်း လူထု ၅ သိန်းကျော်ကို ရွှေတိဂုံစေတီတော် ရင်ပြင်ကြီးမှာ ဒီမိုကရေစီရေးအတွက် မိန့်ခွန်းခြွေခဲ့ပါတယ်။ သံဃာတော်များ၏ စက်တင်ဘာ ငြိမ်းချမ်းစွားလှုပ်ရှားမှု ၂၀၀၇ စက်တင်ဘာလမှာ လူထုတွေရဲ့စားဝတ်နေရေး ကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်း အဆမတန်ကြီးမားမှု ကြောင့် နေရာအနှံ့အပြားမှာ သံဃာတော်များ ဦးဆောင်ပြီး လူထုဆန္ဒပြပွဲကြီးများ ဖြစ်ခဲ့ပါတယ်။
၂၀၀၇ စက်တင်ဘာ ၂၄ ရက်နေ့မှာ ၂၀၀၀၀ ကျော်ခန့်ရှိသော သံဃာတော်များ နှင့် သီလရှင်များဟာ ရွှေတိဂုံ ဘုရားသို့ ချီတတ်ပြီး လူထုအတွက် ဘာသာ၊ သာသနာအတွက် စုရုံးပြီး မိစ္ဆာစစ်အာဏာရှင်တွေကို မလိုလား ကြောင်း ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်းခဲ့ကြပါတယ်။ နောက်နေ့များမှာလည်း သံဃာတော် ၁၅၀၀၀ ကျော် ဦးဆောင်တဲ့ လူထု ၃၀၀၀၀ ကျော်ဟာ ရွှေတိဂုံစေတီတော်ကြီးမှ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရုံးရှေ့ကို ဖြတ်ပြီး ချီတတ်ခဲ့ပါတယ်။ နောက်နေ့တွေမှာတော့ ရဟန်းသံဃာတော်များမှာ မတရား ဖမ်းဆီးနေအိမ် အကျယ်ချုပ်ကျခံနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရဲရဲဝံ့ဝံ့ ချီတတ် မေတ္တာပို့ပေးခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ ၂၅ မှာ သံဃာတော် ၂၀၀၀ ခန့်နှင့် ထောက်ခံသူများကို မိစ္ဆာစစ် အာဏာပိုင်များက ခြိမ်းခြောက်သတိပေးခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေများဟာ ရွှေတိဂုံစေတီ တော်ကြီး နှင့် အခြား ရန်ကုန်မြို့ရှိနေရာများမှာ စစ်တပ်တွေ လက်နက်အပြည့်အစုံနဲ့ ချထားပါတယ်။

၂၀၀၇ စက်တင်ဘာ ၂၆ မှာတော့ လုံခြုံရေးတပ်တွေက ရက်စက်စွာ ပစ်ခတ်နှိမ်နှင်းလို့ ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ လူအများလေးစားကြည်ညိုရတဲ့ မြင့်မြတ်လှတဲ့ နယ်မြေဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးမှာတောင် မကောင်းဆိုးဝါးဝင်စီးနေသော စစ်မိစ္ဆာအာဏာရှင်များ နှင့် လက်ပါးစေများ ဟာ ရဟန်းသံဃာတော်။ သီလရှင်၊ ကျောင်းသား၊ သက်ကြီးရွယ်အိုများပါမကျန် အားလုံးကို အကြမ်းဖတ်ပစ် ခတ်၊ ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ် ကြပါတယ်။ မြန်မာသမိုင်းမှာကော၊ ကမ္ဘာ့သမိုင်းမှာပါ အကျည်းတန်ဆုံး၊ အယုတ်မာဆုံးဖြစ်တဲ့ ဘာသာ၊ သာသနာ၊ စော်ကားမှုကြီးကို ဗုဒ္ဓဘာသာဝင်တွေ အားကိုးယုံကြည် ကြည်ညိုရ တဲ့ ရွှေတိဂုံစေတီတော်ကြီးမှာပါ ဗမာစစ်အာဏာရှင်များက သက်သေပြ မော်ကွန်းတင်လိုက်ခဲ့ပါပြီ။ မြင့်မြတ်တဲ့ သာသနာ့နယ်မြေမှာ ရဟန်းရှင်လူ တို့ရဲ့ သွေး စွန်းပေခဲ့ရပါပြီ။ အာဏာကို ပူဇော်ကန်တော့နေတဲ့ စစ်အာဏာ ရှင်တို့က ပန်းပေါင်းနံ့သာတွေနဲ့ အသရေရွမ်းတင့်တယ်နေတဲ့ ရွှေတိဂုံစေတီတော်ကြီးကို သူတို့ရဲ့ လူသတ် လက်နက် ယမ်းငွေ့မီးလောင်ဗုံးတွေနဲ့ လိမ်းကြံခဲ့ကြပါတယ်။

အေးချမ်းသော ပရဝဏ်မှ အကျည်းတန် မြင်ကွင်း

ဘာသာခြားလူမျိုးခြား နယ်ချဲ့သူတွေလက်ထက်က ယခုလို သာသနာနယ်မြေမှာ သွေးမြေမကျခဲ့ပါဘူး။ ယခု အာဏာရူး နအဖ စစ်အာဏာရှင်လက်ထက်ကျမှ ဘုရားရှင်လက်ထက်ကတည်းက အသရေရွှန်းတင့်တယ်ခဲ့ သော ရွှေတိဂုံစေတီတော်ကြီး အပါအ၀င် မြန်မာနိုင်ငံအနှံ့ဘုရားစေတီတော်များ၊ ကျောင်းကန်အားလုံးဟာ ပျက်ဆီးခဲ့ရပါတယ်။ စစ်အာဏာရှင်လက်ပါးစေများဟာ သူတို့အာဏာမြဲဖို့အတွက် ရွှေတိဂုံအပါအ၀င် စေတီပု ထိုးများကို မကောင်းသောဆန္ဒတွေ၊ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တွေ ညှိုးမှိန်အောင် အမျိုးမျိုး လုပ်နေ တာကို အားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။

ဒါကြောင့် ယခုအခါမှာ ဘာသာ၊ သာသနာ လူမျိုးနှင့်မိမိတို့၏ နောက်မျိုးဆက်တွေရဲ့ အကျိုးကို လိုလားသော ရ ဟန်း၊ ရှင်လူ၊ ကျောင်းသား၊ လူငယ်အပေါင်းတို့ဟာ ဒီ အဓမ္မ၀ါဒီ စစ်အာဏာရှင် ကို စုပေါင်းညီညာစွာ ဆန့်ကျင် ဖယ်ရှားဖို့ လိုနေပါပြီ။ အဓမ္မတွေပျောက်ပြီး ဓမ္မတရားတွေ ထွန်းကားမှသာ ဘာသာ၊ သာသနာ နှင့် လူမျိုးဟာ ဂုဏ်တင့်မှာ အမှန်ပင်ဖြစ်ပါတော့တယ်။

အလင်းဆက်
၂၅ . ၂ . ၂၀၁၀

ပေးပို့လာသူ ညီငယ်အလင်းဆက်နှင့် ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။