ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၁၉၆၇ခုနှစ်က ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် (ရုပ်သံဖိုင်)

ဥပဓိရုပ်၊ အရည်အချင်း၊ နိုင်ငံတကာရဲ့လေးစားမှုဂုဏ်ပါရရှိတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် 
ပြည်တွင်းပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?vcovldaaj9ky8tv

ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ ကျွန်တော်တို့ နိုင်ငံ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် .... ရဲ့ ရုပ်သံမြင်ကွင်းတွေပါ...။ ပထမပိုင်းမှာတော့ ၁၉၆၇ခုနှစ်က ဖေဖော်ဝါရီလက ရန်ကုန်မြိုသို့ ခေတ္တအားလပ်ရက်အတွင်း ပြန်လည်ရောက်ရှိလာပြီး မိခင်ကြီး ဒေါ်နန်းသောင်အပါအဝင် မိသားစုဝင်များနဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ရုပ်သံပါ...။ ဒုတိယပိုင်းမှာတော့ ၁၉၆၇ခုနှစ် ဇွန်လက အီဂျစ်၊ အစ္စရေး ကိစ္စကိုဝင်ရောက် ဖြေရှင်းပေးခဲ့ရစဉ်က ရုပ်သံပါ...။ ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာကလေးစားရတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် ဟာ ၁၉၆၁ခုနှစ်မှာ နိုဝင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ခံရပြီး ၁၉၇၁ခုနှစ် ဒီဇင်ဘာလအ ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်...။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တခေတ်တခါက ဦးသန့်ကဲ့သို့ ကမ္ဘာသိ ကမ္ဘာကလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့သလို... ယနေ့အချိန်မှာတော့ နှစ်စဉ်ကမ္ဘာ့ လူဆိုးစာရင်း အာဏာရှင်စာရင်းမှာ အမြဲ ပထမ၊ ဒုတိယ၊ တတိယ လူဆိုး စာရင်းဝင်တွေလည်း ထိပ်ကနေရှိပါတယ်...။ ယနေ့အချိန်ခါမှာ ကျွန်တော်တို့ လူမျိုးတွေ မျက်နှာငယ်ရ၊ အနှိမ်ခံနေရတာတွေဟာ ဘာကြောင့်ဆိုတာ အားလုံးသိပြီးတဲ့ အတိုင်း အထွေအထူး ပြောနေစရာ မလိုတော့ပါဘူး။ ယနေ့ခေတ် လူငယ်လူရွယ်တွေ သိရှိနိုင်ဖို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့်ရဲ့ ရှားပါး ဗီဒီယိုဖိုင်ကို ရှာဖွေတင်ပြလိုက်ပါတယ်...။

ဒီမိုဝေယံ

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံ)

 ဓာတ်ပုံ AP
ဓာတ်ပုံ.. ဦးမြသိန်း

မေ(၃၀) ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားအား ယနေ့ တိုကျိုမြို့ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် နေ့လည် ၃း၀၀ နာရီမှ ၄း၄၅ နာရီအထိ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ http://nldlajb.blogspot.com/မှ

ချက်ချင်းလွှတ်...


ကိုသော်ကြီး ရေးဖွဲ့ ခံစားတင်ပြသည်....

ဗမာဟေ့ ဗမာကွ.. (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဗမာဟေ့ ဗမာကွ
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) 
ဒီစကားလေး သုံးဖို့အတော်လေး စဉ်းစားရတယ်။ သုံးသပ်ရတယ်။ တိုင်းရင်းသားတွေက အမြင်လွှဲလေမလားပေါ့။ ဗမာလူမျိုးကြီး ၀ါဒသမားလို့ အပြောခံရမှာ အထင်လွှဲ လာနိုင်ကြလို့ပါ။ ဒါပေမယ့် အကြိမ်ကြိမ် တွေးကြည့်တယ်။ ဒါလွန်ခဲ့တဲ့ ကျနော်တို့ဗမာတွေ စစ်တိုက်ချီတိုင်း ဗမာတွေက ရှမ်း၊ ကဒူး၊ မွန်တလိုင်း အကုန်စုစည်းပြီး တိုက်ခဲ့ရတာပါ။ ဦးစီးက ဗမာများလို့ ဗမာဟေ့ ဆိုပြီး မာန်တက်အောင် ပွဲသိမ်း တိုက်ပွဲကြီးတွေမှာ ညာသံပေးခဲ့ကြတာပါ။ ရာဇ၀င်စာအုပ်တချို့ မှာဆိုရင် ဗမာက ရှမ်းတွေမွန်တွေ ရှေ့က ထားပြီးနောက်က တိုက်တယ်အထိ ဆိုထားတာတွေ ရှိပါတယ်။

အခု ရှေးက ပြီးခဲ့တာရေးလာလို့ အဝေဖန် မစောကြပါနဲ့ဦး။ ကဲအရေးဆိုရင် ဇာတိသွေး ဇာတိမာန်က အလွန်အရေးကြီး အရေးပါလို့ ရေးရတာပါ။ တရုတ်တွေ ကျူးကျော်လာတာလေး စကြရအောင်ပါ။ ၁၉၅၂- ကနေ ၅၉ -အထိ တရုတ်ဖြူ ကျူးကျော်တပ်တွေကို မြန်မာ့တပ်မတော်က တွန်းလှန်ခဲ့ရပါတယ်။ အဲဒါ ဒီမီုကရေစီခေတ်က လေကြောင်း တိုက်ပွဲကြိးတွေမှာ ဗိုလ်ပီတာ ဆိုတာ သူရဲကောင်းအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ ၁၉၅၈- လောက်ကထင်တယ်။ ဗိုလ်ပီတာ အသက်စွန့်ပြီး တရုတ်ဖြူ စစ်လေယာဉ်ကြီးကို မိမိလေယာဉ်နဲ့ အသေခံထိုးချပစ်ခဲ့တာ။ ကျနော်တို့က ငယ်သေးတယ်။ ဒါပေမဲ့ ဗိုလ်ပီတာ ပုံကို ကျောင်းမှာ ပြတယ်။ သူ့သတ္တိနဲ့ သူအသက်စွန် ခဲ့တာကို ချီးမွှန်းကြ ရှင်းပြကြတော့ ငယ်ငယ် ချာတိတ်ဘဝက စစ်သားလုပ်ချင်လိုက်တာ။ ကျနော်တင်မဟုတ်ဘူး။ အတော်များများက အသေခံ တိုက်ရတာ ချချင်ကြတာ။ ကျောင်းမှာ စစ်တိုက်တမ်း ကစားကြရင် ဗိုလ်ပီတာကွ အော်ကြရတာ။

အခု တရုတ်ကြီးက သန်းရွှေ အသုံးမကျ ညံ့တာကို အညှာကိုင် ပြည်သူတွေ သူ့ကို မကြည်လေ မျက်ဖြူဆိုက်လေ ယီးစင်း ကြိုက်လေပေါ့။ ခါးပိုက်ထဲ ထဲ့ထားလို့ အပီပေါ့။ စကားချပ် (မြန်မာ့ရေပြင်၌ တရုတ်နိုင်ငံမှ ခေတ်မှီ ငါးဖမ်းသဘောင်္များ တရားမ၀င် ၀င်ရောက် ဖမ်းဆီးနေကြောင်း သတင်း ဆောင်းပါး အဆုံးမှာ ထပ်ဖြည့်ပေးထားပါတယ်.. ဒီသတင်းနဲ့ ပတ်သက်ပြီး ဆရာပြန်ရေးထားတာပါ..။ တချို့သတင်းတွေ ဆရာဘာကြောင့် သိနေတယ်ဆိုတာ စာဖတ်ပရိသတ်ကို ထပ်ပြောပြချင်တာကတော့ ဒေါက်တာလှိုင်မြင့်ဟာ သန်းရွှေသား ထွန်းနိုင်ရွှေ၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ညာလက်ရုံး ထောက်လှမ်းရေး အဆင့်မြင့်အရာရှိ ဗိုလ်မှုးချုပ်ကျော်သိန်းနဲ့မယား ညီအကိုတော်သူပါ) ငါးဖမ်းခွင့်က သန်းရွှေ လက်ထဲမှာလေ။ ငါးဖမ်းခွင့်ကို မသိချင်ယောင် ဆောင်ပေးတာက $$$$$ နောက် သူကလည်း ပီကင်းမှာ အိမ်ရှိတယ်လေ။ အိမ်ကြီးတွေမှ ရပ်ကွက်လိုက်။ ပြီးဆွေမျိုး ပေါက်ဖေါ် ဆိုလား။ ဖင်ပေး ပေါင်းနေရတာလေ။


အမေ့အိမ် (ပညာဒါန) ပထမအကြိမ် အာစရိယ ပူဇော်ပွဲနှင့် နွေရာသီတန်းခွဲများ သင်တန်းဆင်းပွဲ...

အမေ့အိမ် နွေရာသီ သင်တန်းဆင်းပွဲ

2011 summer course နွေရာသီသင်တန်းဆင်းပွဲကို မေလ (၂၉ )ရက် မနက်(၁၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ NLD အဖွဲ့ချုပ်မှ လူကြီးများဖြစ်ကြသော ဦးဝင်းထိန်၊ ဦးဟံသာမြင့်၊ ဦးအောင်ကြည်ညွန့်၊ Dr.မျိုးအောင်၊ ဒေါ်မေ၀င်းမြင့်၊ ဒေါ်ခင်ဋ္ဌေးကြွယ်၊ ဒေါ်အေးအေးမာ၊ ဒေါ်ခင်စောမူ နှင့်ကိုဖြိုးမင်းသိန်း။ အနုပညာရှင်များဖြစ်ကြသော ကိုရဲလွင်၊ ကိုတိုးလွင်၊ ကိုတင်အုန်း၊ ကိုသားထွေး၊ ကိုညီညီလွင်၊ ကိုဝဲ၀ဲ၊ ကိုဟိန်းမြတ်ဇော် နှင့်ကိုမျိုးထွန်း၊ အထူးဧည့်သည်အဖြစ် Englishစာဆရာကြီးဦးမြကြိုင်တို့ တက်ရောက်အားပေး ချီးမြှင့်ကြပါသည်။

သင်တန်းဆင်း ကျောင်းသား(၃၇၆)ယောက်နှင့် ဧည့်သည်အယောက် (၂၀၀)ခန့် တက်ရောက်ကြပါသည်။ အခမ်းအနားတွင် လူကြီးများမှ အမှာစကား ပြောကြားခြင်း၊ ဆရာဆရာမများအား ကန်တော့ခြင်း၊ ထူးချွန်ကျောင်းသားများအား ဆုချီးမြင့်ခြင်း၊ အနုပညာရှင်များမှ တေးဂီတဖြင့် ဖျော်ဖြေခြင်း၊ ကြက်သားပလာတာ၊ အအေး ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ကြွရောက်အားပေးကြသော လူကြီးများ၊ အနုပညာရှင်များ၊ စေတနာဖြင့် သင်ကြားပေးသော ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ အလှူရှင်များ၊ ၀ိုင်းဝန်းကူညီကြသော သူငယ်ချင်းများ အားလုံးအား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

အမေ့အိမ်ပညာရေးကော်မတီ

အလျှုရှင်များနှင့် သူငယ်ချင်များအားလုံး မင်္ဂလာပါ...

အမေ့အိမ် ပညာဒါနကျောင်းရဲ့  Summer Course သင်တန်းများကို လာမည့် 29th May မှာ သင်တန်းဆင်းပွဲ ကိုကျင်းပပြုလုပ် ပါမည်။ အမှတ်တရအဖြစ် အမေ့အိမ်ရဲ့ ကိုယ်ပိုင် facebook စာမျက်နှာကို 29th May , 2011 တွင် စတင်ဖွင့်လှစ်ပါမည်။

Facebook name မှာ '' အမေ့အိမ် ( Mother's house ) '' ဖြစ်ပါသည်။

ကျောင်းလိပ်စာ။
အမှတ် ၅၄၈ , မေခလမ်း , ၁၄ ရပ်ကွက် , လှိုင်သာယာမြိုနယ်, ရန်ကုန်တိုင်း။

လေးစားစွာဖြင့်
ကိုငယ်
095162060

ဘုရား သော်မှ ငြင်းမရ...


ဘုရား သော်မှ ငြင်းမရ


၁၉၆၀ခုနှစ်က ဝန်ကြီးချုပ်ဦးနုရဲ့ ပါလီမာန်ဒီမိုကရေစီ အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ မြင်ကွင်း (ရုပ်သံ)

၁၉၆၀ခုနှစ် ပါလီမာန်ဒီမိုကရေစီ အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ ရုပ်သံ... ဒေါင်းလုပ် လုပ်ချင်ရင်.. http://www.mediafire.com/?d9wvwba354a1faq

၁၉၅၈ခုနှစ် ကသမိုင်းတရားခံ ဦးနေဝင်းရဲ့ အိမ်စောင့် အစိုးရမှအာဏာ လွှဲပြောင်းရရယူပြီး ၂နှစ်အကြာ ၁၉၆၀ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း ဦးနုရဲ့ သန့်ရှင်း ဖဆပလ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုနဲ့ ၁၉၆၀ခုနှစ် ဧပြီလ ၄ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ရုပ်သံပါ...။ သမ္မတက မန်းဝင်းမောင်ဖြစ်ပြီး ဝန်ကြီးချုပ်ဦးနု၊ နိုင်ငံခြားရေးဝန်ကြီး စော(၀်)ခွန်ချို၊ ဘဏ္ဍာရေးဝန်ကြီးဦးတင်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဦးရာရှစ် စတဲ့ လူမှန်နေရာမှန် ဝန်ကြီးအဖွဲ့မှ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်...။ ပြည်တွင်း သတင်းထောက်များလည်း လွတ်လွတ်လပ်လပ်လပ် ဓာတ်ပုံ ရိုက်ယူ မှတ်တမ်းတင်ခွင့်ကို ရရှိခဲ့တာပါ..။ (ကြည့်ချင်ရင် Click)

ပါလီမာန် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ၂၀၁၁အာဏာရှင် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ဘာတွေကွာနေသလဲ နှိုင်းယှဉ်ကြည့်ကြပါ..။ ယနေ့ခေတ်တံခါးပိတ် လွှတ်တော်နဲ့ တကယ့်ပြည်သူတွေ ရွေးကောက်တင်မြောက်ခဲ့တဲ့ လွှတ်တော် ဘာတွေကွာပါလဲ။ ရိုးရိုးလေးပါ ဘာအဆောင်အယောင်မှ မပါပါဘူး...။ ဘယ်သူမှလည်း ကျောက်ရုပ်တွေလို အသက်မရှိတဲ့လူတွေလို တစုံတရာကို ကြောက်ရွံနေရသလို လှုပ်ရှားသွားလာခြင်း မရှိကြပါဘူး။

ရုပ်သံထဲက ဝန်ကြီးချုပ်ဦးနု အိန္ဒိယကို ချစ်ကြည်ရေး မထွက်ခင်မှာ ရန်ကုန်လေဆိပ်ကို လိုက်ပါပို့ဆောင်ကြတဲ့ ဝန်ကြီးဦးဝင်း (ကွယ်လွန်သူ ခေတ်ပြိုင် အယ်ဒီတာ ဦးတင်မောင်ဝင်း ဖခင်) အပါအဝင် သံတမာန်များလိုက်ပါ ပို့ဆောင်ကြပါတယ်...။ ရုပ်သံ အဆုံးပိုင်းမှာ စစ်ယူနီဖောင်းနဲ့ သမိုင်းတရားခံ ဦးနေဝင်းကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ ငါတို့တိုင်းပြည်တော့ မကြာခင်မှာ ရေတိမ်နစ် ရတော့မှာပါလားဆိုတာ တွေးမိရင်း စိတ်မသက်မသာ ဖြစ်ရပါတယ်...။

အရင်ခေတ်နဲ့ ပါလီမာန် ဒီမိုကရေစီခေတ်နဲ့ အာဏာရှင်ဒီမိုကရေစီခေတ် အခြေအနေတွေနဲ့ ကွာခြားချက်လေးတွေကို နှိုင်းယှဉ်ပြတာပါ...။ အမှန်အကန်နဲ့ အကြံအဖန် ပါလီမာန်နှစ်ခု မြင်ကွင်းပါ...။ ပြန်တမ်းတတယ် ဆိုတာထက် ကျွန်တော်တို့ နိုင်ငံမှာ လူတိုင်း ကိုယ်စီကိုယ်ငှ တန်းတူညီမျှ လူတန်းစေ့ နေထိုင် စားသောက်နိုင်ဖို့ ကောင်းမွန်တဲ့ စံနစ်တစ်ခုအတွက် ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်ငှမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ရပါတယ်..။
အာဏာရှင် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ
အလုံပိတ် ပါလီမာန် AFP ရုပ်သံ..

၁၉၈၈ အရေးအခင်းကာလ အတွင်းက ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်သံမြင်ကွင်းများ..

သတင်းရုပ်ပုံများ ရပ်ဆိုင်းသွားပါက ခေတ္တစောင့်ဆိုင်းပြီး ကြည့်ရှုနိုင်ပါတယ်...။
ထိုစဉ်က လူထုဆန္ဒပြပွဲများ၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် ကြေငြာချက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဗိုလ်ချုပ်စောမောင်ရဲ့ အာဏာသိမ်း ကြေငြာချက် စသည်တို့ ပါဝင်တဲ့ ရှားပါး ရုပ်သံဖိုင်တွေပါ.... ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကို မမှီ၊မသိရှိလိုက်တဲ့ ယနေ့ခေတ် လူငယ်များ လေ့လာသိရှိနိုင်ဖို့ ရှာဖွေ တင်ပြလိုက်ပါတယ်...

ဒီမိုဝေယံ

ပြည်တွင်း ပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင်
http://www.mediafire.com/?a9aoqa0qnhun2af (file 1)

ဒီမိုကရေစီစနစ်ကို သွားနေပါပြီဆိုတဲ့ သိန်းစိန် ၀န်ကြီးချုပ်ဦးနုကဲ့သို့ ဒီလိုမိန့်ခွန်းတွေပြောရဲလား မပြောရဲရင် သွားလေရာ ထမိန်ဝတ်သွားပါ....

ဝန်ကြီးချုပ်ဦးနုနှင့် မဟတ္တမဂန္ဒီတို့ တွေ့စုံစဉ်မြင်ကွင်း..
ဝန်ကြီးချုပ်ဦးနုသည် တိုင်းပြည်အုပ်ချုပ်စဉ် တိုင်းပြည်တွင်း လှည့်လည်၍ မိန့်ခွန်းပြောသည့်အခါ အောက်ပါ ဒီမိုကရေစီ သဘောတရား (၇)ချက်ကို အမြဲတိုင်း ထည့်ပြောလေ့ ရှိပါသည်။

။..... နိုင်ငံတစ်နိုင်ငံဟာ လူတစုသာပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံး စုပေါင်းပြီးပိုင်တဲ့ အားလုံးပိုင် ပစ္စည်းဖြစ်တယ်။

။.... ဒီလိုပိုင်တာကြောင့် နိုင်ငံသူနိုင်ငံသား လူများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြောက်ခြင်းကို ခံရတဲ့ ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့ကသာလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ်နိုင်ခွင့်ရှိတယ်။

။.... အုပ်ချုပ်တဲ့အခါ ထင်သလို အရမ်းမအုပ်ချုပ်ရဘူး။ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရွေးကာက်တင် မြောက်ထားတဲ့ အမတ်တွေက ရေးဆွဲပြီး အတည်ပြု ပြဌာန်းထားတဲ့ ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။

။... ပြည်သူလူထုဟာ ဂုဏ်သိက္ခာ ရှိတဲ့လူတွေလို နေနိုင်အောင် လွတ်လပ်စွာ ဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီးပွါးရှာဖွေခွင့်၊ မတရား ဖိနှိပ်ချုပ်ချယ်မှုများကို ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။

။... အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့် ရှိရမယ်။

။... ပြည်သူလူထု လူများစုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရ အဖွဲ့ဟာ အလိုအလျောက် ရာထူးက နှုတ်ထွက် ပေးရမယ်။

။... အခုပြောခဲ့တဲ့ အဓိကအချက်တွေကို လက်ခံနိုင်တဲ့ နိုင်ငံရေးသဘောတရားဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေကို အခြေခံထားတဲ့ သဘောတရားဖြစ်တယ်။ ဒီသဘောတရားကို ဒီမိုကရေစီလို့ ခေါ်တယ်။ ဒီမိုကရေစီ မရှိတဲ့နိုင်ငံမှာ လူဖြစ်ရတာဟာ ဂွေးသင်းခံထားရတဲ့ နွားဖြစ်တာနဲ့ အတူတူပါပဲ။ မခြားနားပါဘူး။ အဲဒါကြောင့် ဒီမိုကရေစီ ဖျက်ဆီးသူ မှန်သမျှကို ခံချရမယ်။ တိုက်ထုတ်ရမယ်။

ပြည်သူလူထုကြီးခင်ဗျား အခုတက်လာတဲ့ အစိုးရသစ်ဟာ ခုဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီပါသလား။ စဉ်းစားဝေဖန် ဆုံးဖြတ်၍ မညီပါက ဒီမိုကရေစီ ရရှိရေးအတွက် အားလုံး ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြပါ။

မှတ်ချက်။  ။ ၀န်ကြီးချုပ်ဟောင်း ဦးနု ရေးတဲ့ တာတေစနေသားစာအုပ်မှ ကူးယူဖေါ်ပြပါသည်။

ဘုန်းဘုန်း မင်းသုညအား ကျေးဇူးတင်ပါသည်....။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့မှာ ကျင်းပတဲ့ လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား....

အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် အမှုဆောင် လူကြီးများအား တွေ့ရစဉ်...
အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦးအား အဖွဲ့ချုပ် ပါတီဝင် အမျိုးသမီးကြီးတစ်ဦးမှ ဂုဏ်ပြုပန်းစည်းပေးအပ်နေပုံ
အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် အခမ်းအနား ကျင်းပရာ အဖွဲ့ချုပ်ရုံးချုပ်သို့ အလာတွင် အဖွဲ့ချုပ်ပါတီဝင် အမျိုးသမီးများမှ ဂုဏ်ပြုပန်းစည်းများနှင့် ကြိုဆိုနှုတ်ဆက်နေကြစဉ်...
အဖွဲ့ချုပ်လူငယ် တာဝန်ခံကိုရာဇာနှင့် ရင်းနှီးစွာ နှုတ်ဆက် စကားပြောနေတဲ့ HIP HOP အဆိုတော် ကိုဇေယျာသော်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် စာတမ်း ကိုင်ဆောင်ထားသော အဖွဲ့ချုပ် ပါတီဝင်တစ်ဦးအား အဖွဲ့ချုပ်ရုံးရှေ့၌ ယနေ့နံနက် ၁၀း၃၀ အချိန်တွင်တွေ့ရစဉ်...

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၁ နှစ်မြောက်နေ့ ဖြစ်သည့်  ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင်  လွတ်မြောက် နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင်လူကြီးများ၊ အဖွဲ့ချုပ်ပါတီဝင်များနှင့် HIP HOP အဆိုတော် ကိုဇေယျာသော်၊ ကိုမျိုးသိန်း(ခ)ဂျွန်နသန် အစရှိသည့် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံကြခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အကျဉ်းသား(၅၆)ဦး တက်ရောက်ခဲ့ပါသည်။ 

NLD ကို မဲပေးဖူးသည်.. ဆောင်းပါးရှင် (အောင်မျိုးထွန်း)

 NLD ကို မဲပေးဖူးသည်.. 
ဆောင်းပါးရှင် (အောင်မျိုးထွန်း)
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်မြောက်ပြီး (၆)လ ကျော်အကြာမှာ စီစဉ်ကျင်းပသွားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ (၂၁)နှစ်ပြည့်အခမ်းအနားက ဒေါ်စုနဲ့ဦးတင်ဦးတို့ရဲ့ ဟောပြောမှုတွေကို VOA၊ BBC တို့မှတဆင့် နားထောင်လိုက်ရပါတယ်။ အထူးသဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းသွားတဲ့ စကားလုံးတွေဟာ ဒေါ်စုလွတ်လာပြီးနောက် အုပ်ချုပ်သူအစိုးရကို အမာထန်ဆုံး ဝေဖန်လိုက်တာဘဲလို့ မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို “ပျော့သွားပြီ”လို့ ၀ိုင်းဝန်း သုံးသပ်နေကြတာတွေ ခေတ္တတုန့်ဆိုင်း သွားကြတော့မယ့်ပုံပါဘဲ။
ဒေါ်အောင်ဆန်းစုကြည် VOA အသံဖိုင်
ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့နှစ်တွေက အလကားဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက် ခံရကျိုးနပ်အောင်လုပ်ပါ” လို့ ဒေါ်စု ပြောလိုက်တာဟာ ဟိုးတုန်းကဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တွေ့ ရှိလိုက်ရသလို ခံစားရပါတယ်။ (၄၄)နှစ်သူ ဒေါ်စုကို ရိုးတိုးရိတ်တိတ် တွေ့လိုက်ရသလိုပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေယူလေသိမ်းဟာ တစုံတရာကို စိတ်မရှည်တော့ဟန် ရှိပုံရပါတယ်။

ဦးတင်ဦးလည်း အခုအုပ်ချုပ်နေတဲ့သမ္မတကို “ခင်ဗျား..”လို့ သုံးနှုန်းပြောဆိုသွားတာ ကြားရပြီး ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ လုံးဝဥသုံလွတ်မြောက်ရေးအတွက် ပြတ်ပြတ်သားသား တိုက်တွန်းသွားတာ နားထောင်ရ သိပ်ကောင်းပါတယ်။ ၉၀ ရွေးကောက်ပွဲရလဒ်ဘက်က ယနေ့ထိ ခုခံကာကွယ် ပြောဆိုသွားတာ ကြက်သီးထမိပါတယ်။ ၉၀ ရွေးကောက်ပွဲတုန်းက NLD ကို မဲပေးခဲ့တဲ့ သာမန်ပြည်သူ တစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့လည်း ကိုယ် မဲပေးခဲ့တဲ့ ပါတီခမျာ ရေရေလည်လည် နိုင်ခဲ့လျက်သားနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရခဲ့တာနဲ့ ပတ်သက်ပြီး ခုထိ တနုံ့ နုံ့ ခံစားနေရတာမို့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ နာကျင်ဒေါသကို မျှဝေခံစားမိပါတယ်။ “သေသောသူ ကြာရင်မေ့”ဆိုပေမယ့်လည်း ရှင်သန်နေကြတုန်းမို့ မေ့ပစ်လိုက်ဖို့ အချိန်မတန်သေးပါဘူး။ မျှတကောင်းမွန်တဲ့ သမိုင်းထက် မမျှတ၊ မလှပတဲ့သမိုင်းကို လူသားတွေဟာ ပိုမိုစွဲလမ်းတတ်ကြပါတယ်။ ပြတ်ပြတ်ထင်ထင် ပိုရှိတတ်ပါတယ်။ ဆယ်စုနှစ် (၂)ခုတော့ ကျော်လွန်ခဲ့ပါပြီ။


အောင်မျိုးထွန်း
၂၇- ၅- ၂၀၁၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ဦးဖြိုးမင်းသိန်း၊ SNLD မှ ဦးစိုင်းစောအောင်နဲ့ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်တို့ ပြောကြားချက်များ...

၂၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မ၀င်ခဲ့သလဲ (ဦးဖြိုးမင်းသိန်း) ဟောပြောချက်

မြန်မာ နိုင်ငံသား အလုပ်သမားများသမဂ္ဂ အဖွဲ့ချုပ်(ဂျပန်ပြည်) FWBC၏ အလုပ်ရုံ ဆွေးနွေးပွဲ အမှတ်စဉ် (၁၅) ဖိတ်ကြားလွှာ..


မည်သည့် မြန်မာနိုင်ငံသားမဆို (သမဂ္ဂ၀င်များနဲ့ သမဂ္ဂအဖွဲ့ဝင် မဟုတ်သူများပါ) တက်ရောက် နိုင်ပါသည်။ ဝင်ကြေး မရှိပါ။
ဦးသန်းဝင်းမှ ပေးပို့ပါသည်...။

သမ္မတကြီးဦးသိန်းစိန်ရဲ့ ဆွေပြ၊ မျိုးပြပွဲ တရုတ်နိုင်ငံ ခရီးစဉ် (ဓာတ်ပုံ)

 ပြီးခဲ့တဲ့နှစ် တပ်ချုပ်ကြီး တရုတ်သွားစဉ်က အတင်းဆင်းခိုင်းတာ မဆင်းပဲ ပေကပ်ကပ်လုပ်နေတာလေ...
ဆင်းဆိုတော့လည်း ဆင်းပေးရတာပေါ့..
အခုလည်း ဒီပုံစံ အတိုင်းပါပဲ ရန်သူနဲ့တွေ့တော့ ပန်းလိုကျင့်ပြီး မျက်နှာချိုသွေးရ .... ပြည်သူနဲ့ တွေ့တော့ မီးလိုကျင်ပြီ့း ပြည်သူကို အနိုင်အထက်ပြုတဲ့ တရုတ်ပြည်ရောက် ဆရာ တပည့်(၂)ယောက်ရဲ့ အဖြစ်.... (ခေတ်သစ် တရုတ်ပြေးမင်းတွေလေ တခုခုအရေးအကြောင်းဆို တရုတ်ဆီပြေးပြေးပြီး သံတော်ဦးတင်ရ မော်ဖူးရပေါ့)

မရိုမသေစကားဗျာ ဆရာ့ရှေ့မှာ  -ီးတောင် ပေါက်ရဲမလားမသိ.. ပုံကို ကြည့်ရတာ ကြောက်လိုက်ပုံက..
သမ္မတကြီးဦးသိန်းစိန်ရဲ့ ၂၆ရက်နေ့က တရုတ်နိုင်ငံကို ရောက်ရှိလာတဲ့ ခရီးစဉ်ပါ..။ ၂၆ရက်နေ့မှ ၂၉ရက်နေ့အထိ နေထိုင်မှာ ဖြစ်ပါတယ်... ။
ဓာတ်ပုံ AP, Reuters, Getty Images

သူခိုးစည်း ဓါးပြစည်းနှင့် စည်းမဲ့ စစ်ဘီလူး ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

သူခိုးစည်း ဓါးပြစည်းနှင့် စည်းမဲ့ စစ်ဘီလူး 
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

တစ်ဦးက ဒီမိုဝေယံ စီဘောက်ပေါ်မှာ ထောင်အကြောင်းတွေ မရေးနဲ့ ခေတ်နောက်ကျနေပြီတဲ့။ ထောင်အကြောင်းနဲ့ နိုင်ငံရေး အငြင်းအခုန်ဖြစ်နေရတဲ့ နိုင်ငံရေးအကျဉ်းသား ရှိ / မရှိ ကိစ္စ ကိုသူ သဘောမပေါက်တာလို့ နားလည်လိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသား မရှိလို့ အစိုးရက တချိန်လုံး လိမ်နေတာကို အရင်ရပ်ပေးရင် ဒါက ရေးနေစရာမလိုတဲ့ ကိစ္စပါ။ မရှိဘူး ငြင်းနေသမျှ ခေတ်နောက်ကျတယ် လုပ်မနေနဲ့ ကိုယ့်လူ။ နိုငံရေးအကျဉ်းသား ၀ိသေသများ အရင်က တင်ထားတာရှိရင် ဖတ်တောင်ဖတ်ချင်ပါတယ်ဗျာ။  ကျနော်က ရေးရတာ ခေါင်းထဲက စဉ်းစားထုတ်ရေးရတာ အလုပ်တဖက်နဲ့ဆိုတော့ ကျန်ခဲ့တာ ကိုယ်တိုင် သတိမထားမိ မသိတာတွေ အများကြီးကျန်နေလို့ပါ။ အခုအဲဒီဝိသေသ တင်ပြိး ရက်အတော်ကြာမှ နိုင်ငံရေး အကျဉ်းသားတွေကို တမင်တကာ ဒုက္ခရောက်အောင် မိသားစုနဲ့ဝေးရာ နယ်ထောင်တွေပို့ ထားတဲ့ အင်မတန် အရေးကြိးတဲ့ အချက် ကျနော်မေ့ခဲ့တယ်။

ဒီကိစ္စက မီဒီယာတွေမှာ အော်ချက်ထုတ်နေရတဲ့ကိစ္စ။ နောက်တခုက ပြင်ပကို ထွက်ဆေးကုသခွင့်ကိစ္စ။ အများကြီးနဲ့ တကယ့်အရေးကြီးတာကျန်ခဲ့တာပါ။ အဲဒီလူ သိပြီးသား ခေတ်နောက်ကျနေတယ် ပြောရင် ကျနော်ကို ညွှန်ပြပါဦး။ ကျနော်ရေးတာ မပြည့်စုံလို့ပါ။ ခိုးဆိုးတွေကို ဆရာဝန်က အပြင်ထုတ်ကုဖို့ လိုတယ်လို့ မှတ်ချက်ပေးလိုက်ရင် လွယ်လွယ်လေး။ နိုင်ငံရေး အကျဉ်းသားကျတော့ နယ်ထောက်ကနေ ရန်ကုန် ထောက်လှမ်ရေးအထိ အကြောင်းကြားရတာ။ ရှင်းနေတယ်။ နိုင်ငံရေးသမားကို ထောက်လှမ်းရေးက ကိုင်ထားတာ။ လွယ်လွယ်နဲ့ မရဘူး။ ထောင်ပိုင်တွေကလဲ နိုင်ငံရေးသမားထုတ်ရမှာ သိပ်ဝန်လေးတယ်။

အခုထောင်အကြောင်း သက်သက်ပါ။ ထောင်ကိုအခြေခံ ရေးရတဲ့ကိစ္စပါ။ ထောင်ထဲမှာဆုံခဲ့တဲ့ သူခိုးအကြောင်းပါ။ မကြိုက်ရင်မဖတ်ပါနဲ့။ ကြိုက်သူတွေလည်း ရှိကြမပေါ့။ ရေးရတာကလဲ သူခိုးကြီးတယောက် အကြောင်းပါ။ မန္တလေးထောင်မှာ မန္တလေးမှာ အင်မတန်မှ နာမည်ကြိးတဲ့ ရမ်ဘို@ တရုတ်ကြီး@သူခိုးကြီး အကြောင်းပါ။ သူခိုးဆိုမှတော့ ဘယ်သူခိုးမှ လူကောင်းမဟုတ်ဘူး။ ဒါပေမဲ့ သူကတော့ သူခိုးထဲက သူခိုးအကောင်းလို့ ပြောလို့ရတဲ့သူ။ သူ့မှာ သူကိုကိုးကွယ်တဲ့ တပည့်တွေကလဲ မနည်းဘူး။ သတ္တိကတော့ ခင်ဗျားတို့ ကျနော်တို့ စံပြုယူရလောက်အောင် သစ္စာရှိသူ သတ္တိပြောင်မြောက်သူပါ။ ချလည်း ချရဲတယ်။ ခံစရာရှိလဲ အသက်သာ အသေခံမယ် သူ့ ဆီက တစွန်းတစ မှ မထွက်စေရဘူး။ ဘာတစမှ မထွက်စေရဘူး။ အရေးကြီးတာကော မကြီးတာကော။ သေသာသွားမယ်။  SORRY ဘဲ။
မန္တလေးထောင်
သူခိုးတွေ အကြောင်းမပြောခင် သူခိုးစည်း / ဓါးပြစည်း ရှိတာလေး သူပြောပြ သလောက်လေးပေါ့။  သူကလည်း သူတို့ကောင်းကြောင်း အသံလွှင့်တာလည်း တစ်ပိုင်း ကိုယ်ကလည်း မသိတာလည်းပါပါတယ်။ သူပြောပြတော့ အော်ဟုတ်နိုင်သားဘဲ တွေးတောကြည့်မိတယ်။ ဖြစ်နိုင်ခြေ ရှိ / မရှိတော့ ကိုယ်ပိုင်သာ သုံးသပ်ကြပါ။ အဆိုရှိတာက သူခိုးကြီတော့ ဓါးပြ/ ဓါးပြကြီးတော့ စစ်ဘီလူးပေါ့။ သူခိုးက ခိုးနိုင်လှ ဓါးပြ အိပ်နေသလောက်ပေါ့။ တခါဓါးပြကလည်း တိုက်နိုင်လှ စစ်ဗိုလ်ချုပ်တွေ သတိမေ့နေ သလောက်ဘဲရှိပါမယ်။  အိပ်နေတာထက် သတိလစ်နေတာထက် ပိုတယ်နော်။

ကျနော်တို့ ဆေးကျောင်းတုန်းက အ၀တ်တွေလာခိုးတဲ့ သူခိုးတွေကို တခါတရံမိတယ်။ သူခိုးတွေကို ကျောင်းသားတွေက ၀ိုင်းသမကြတာ မပြီး။ ကျနော်က မကြည့်ရက်ဘူး။ သေလုနီးပါးဖြစ်နေတာကို ချနေကြတုန်း။ ကျနော်မကြည့်ရက်တော့ ၀င်တားရာကနေ ထိုးမယ် ကြိတ်မယ်တွေ ဖြစ်ကုန်ကြတယ်။ ကျနော်က လူကိုချတာ မလွှဲနိုင် မရှောင်နိုင်လို့ချတာ။ ဒီလို အရှုံးပေးထားသူ မှောက်နေသူကို မလုပ်ရက်ဘူး။ အဲဒါယောင်္ကျား မဟုတ်သူတို့ သတ္တိ။ နောက်မိန်းမကို ရိုက်တာလဲ ယောက်ျားမဟုတ်သူတို့  သတ္တိ။ သန်းရွှေနဲ့ ကြံ့ဖွတ်တွေက မိန်းမတွေကိုတောင် မှောင်ရိပ်ခို လူဆယ်ဆလောက်နဲ့မှ ဆေးတွေကျွေး အရက်တိုက်ပြီးမှ ရိုက်ရဲသူတွေနော်။ ရွံတယ် ထွီး။ ယောကျာ်းဖြစ်ပေမဲ့ လဥမှာ အဆံချောင်နေတဲ့ အကောင်တွေ။


မြန်မာပြည်အကြောင်း ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းတို တစ်ခု....


Altered Focus: Burma
from Hot Knees Media on Vimeo.
ပြည်တွင်း ပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?t7zj1pb6avpf8bd
ကိုနစ်အား ကျေးဇူးတင်ပါသည်..။

ကောင်းဘွိုင်မျောက်....

ပြည်တွင်းမှ ပရိသတ်များ ကောင်းဘွိုင်မျောက်.... ရုပ်သံ ဒေါင်းလုပ်လုပ်ချင်ရင်... http://www.mediafire.com/?88kim9guh82o5e5
နိုင်ငံရေးသတင်းတွေ ကြားထဲကနေ စာဖတ်ပရိသတ်အတွက် ကိုယ်သိထားတဲ့ ရယ်စရာမောစရာ သတင်းလေးတစ်ခုကို မျှဝေပေးချင်လို့ ဒီရုပ်သံလေးကို ဖော်ပြလိုက်ပါတယ်...။ မနေ့က ဂျပန်သတင်းဋ္ဌာန တစ်ခုက ပြသွားတဲ့  ဂျပန်နိုင်ငံ နယ်ဘက်ခိတဂါဝမြို့က တောဝက်တွေ မွေးထားတဲ့ ခြံထဲမှာ လာရောက် သောင်းကျန်းနေတဲ့ မျောက်တကောင် အကြောင်းပါပဲ...။ မျောက်ပါးဝတယ် ပြောမလား .... အကျဉ်းချုပ် ပြောရရင်တော့  ခြံပိုင်ရှင်က တောဝက်တွေ အစာကျွေးချိန် မနက်ပိုင်းမှာ ဒီမျောက်က တောထဲကနေ ခိုးကြောင်ခိုးဝှက် ရောက်လာပါလေကောဗျာ။ တောဝက်တွေ ကျွေးတဲ့အစာကိုလည်း စားပေါ့ ... ပြီးတော့ တောဝက်တွေကျောပေါ် ကောင်းဘွိုင် ပုံစံတက်စီးပါလေကော...။ တစ်ခါ.... တက်စီးရတာ အဆင်မပြေရင် သူက စိတ်ပျက်တဲ့ ပုံစံနဲ့ ပိုစ့်လုပ်ပြပါသေးတယ်...။ (အနှေးပြကွက် ပြန်ပြထားပါတယ်...) အဲ့လိုအဆင်မပြေတဲ့အခါ သူက ဟင်းသီးဟင်းရွက် တွေစားပြီး ပြန်အားယူပါတယ်တဲ့ဗျာ... နောက် တောဝက်တွေ ကျောပေါ်ပြန်တက်စီးပေါ့ တောဝက်တွေလည်း နေ့စဉ်နဲ့ အမျှ ဒီမျောက်ဒဏ်ကို ခံစားနေရတာလေ...။ ကောင်းဘွိုင်သေလို့ ဝင်စားတဲ့ မျောက်ထင်ပါတယ်...။ အဆိုပါမြို့မှာတော့ တမြို့လုံး ဟာသကို ဖြစ်လို့တဲ့.. ရယ်လည်း ရယ်ရ စိတ်လည်းဝင်စားဖို့ ကောင်းတဲ့ရုပ်သံလေးပါ...

ဒီရုပ်သံကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဒီမျောက်ရဲ့ အမျိုးအနွယ်တွေ ထင်ပါရဲ့.. ဗျာ..။ မြန်မာပြည်သူတွေ ကျွေးတဲ့ထမင်းစားပြီး ဂုတ်ပေါ်တက်ခွစီးနေတာ (၂၃)နှစ်ကြာပြီဆိုပဲ...။ စိန်မျောက်မျောက်တို့ ရွှေမျောက်မျောက်တို့ဆိုလားပဲ.... မျောက်နေပြည်တော် ဆိုလား ဘာလား ရှိတယ်ဆိုပဲ..။ မျောက်ရှုံးအောင် စားတယ်လို့လဲ ကြားမိပါရဲ့..။ နောက်ပိုင်း လူတွေ ဂုတ်ပေါ်တက်ခွစီးတာ တင်မက မတန်မရာ ဘုရင်ထိုင်တဲ့ ပလ္လင်တောင် တက်ထိုင်မယ် ဆိုလားပဲ..။  မြန်မာပြည်က မျောက်တွေ သောင်းကျန်းပုံတွေ ကြားမိတာလေးပါဗျာ....။

တလက်စတည်း ဘလော့(ဂ်)ဂါ တစ်ယောက်ရဲ့ မျောက်ကဗျာလေး ပြန်ဖတ်ချင်ရင် Click

စာဖတ်သူတွေ အားလုံးချမ်းမြေ့ကြပါစေ....

ဒီမိုဝေယံ

ဦးသိန်းစိန်နဲ့ ယတြာပလ္လင်...

ပလ္လင်တော် ရုံးခန်းထဲရောက်နေတဲ့ မြန်မာသတင်းရုပ်သံ..
မြန်မာတစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ အမျိုးသား အမွေအနှစ် သီဟာသနပလ္လင်တော်ကြီးဟာ နေပြည်တော်က သမ္မတကြီးသိန်းစိန် ရုံးခန်းထဲရောက်ရှိနေပါတယ်..။ ခေတ်အဆက် သမိုင်းအမွေအနှစ် သီဟာသနပလ္လင်တော်ကြီးဟာ မြန်မာတစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ အမျိုပလ္လင်တော်ကြီးပါ...။ တစ်ဦးတစ်ယောက်ပိုင် မဟုတ်ပါဘူး..။ အိမ်တွင်း အလှပြပစ္စည်းမဟုတ်ပါ... တမျိုးသားလုံးနဲ့ ဆိုင်တဲ့အတွက် အများပြည်သူ... ကြည့်ရှု လေ့လာခွင့်ရှိတဲ့ အမျိုးသားပြတိုက်လို နေရာမျိုးမှာ ထားသင့်ပါတယ်...။ ရှိသမျှ မြေပေါ် မြေအောက် သယံဇာတကအစ သမိုင်းအမွေအနှစ်တွေအထိ ထင်တိုင်းကြဲနေတာ ရပ်တန်းက ရပ်သင့်ပါပြီ... လွှတ်တော်အမတ်များကို ဘေးချိတ်ထားပြီး သမိုင်းပညာရှင်များနဲ့ သုတေသီများမှ ဝိုင်းဝန်းကန့်ကွက် သင့်ပါတယ်...။ ယတြာလားဘာလား ဆိုတာ ပြုလုပ်စီရင်သူတွေ အသိဆုံးဖြစ်မှာပါ....။

စင်ကာပူကို ခေတ္တ အလည်အပတ် ရောက်နေတဲ့ ပြည်တွင်းက ဝေဒပညာရှင် တစ်ဦးအွန်လိုင်းက တစ်ဆင့် ပြောလာတာကတော့ " ကိုဒီမိုရေ ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့ ပလ္လင်ဆိုတာ ပ ကြာသာပတေး ၅နဲ့ လ ဗုဒ္ဓဟူး ၄ပေါင်းထားတဲ့ ၉ဏန်း ယတြာကြီးပါတဲ့၊ ခြင်္သေခံ ပလ္လင်ဖြစ်တယ်ဆိုတော့ တနင်္လာနဲ့သောကြာ ပေါင်းထားတဲ့ ခြင်္သေ့ကလည်း ဂြိုလ်သက် ပေါင်းရင် ၉ ဂဏန်းပဲ ပြန်ရပါတယ်...။ ဒါကြောင့် ၉ ဂဏန်းကို ခပ်တည်တည်နဲ့ ရုံးခန်းထဲထည့်ပြီး ယတြာလာချေထားတာလေ..နောက်ပြီး ရုံးခန်းထဲက ပလ္လင်မှာ ဘာအစီအရင်တွေ ထည့်ထားတယ် ဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ မြင်ရသိရတာ မဟုတ်ဘူးလေ အင်မတန် မလုပ်သင့်တဲ့ အရာပါပဲဟု " သူ့အမြင်ကို ပြောဆိုသွားပါတယ်..။

သူ့ရဲ့ဝေဒ အမြင်နဲ့ ပြောတော့လည်း ဟုတ်နေသလိုလို ဘာကြောင့်ဆိုတော့ အထက်က တီဗီသတင်းထဲမှာ ဦးသိန်းစိန်ကို လာရောက်တွေ့ဆုံတဲ့ နိုင်ငံခြားသံတမာန်တွေကို ခေါ်ဆောင်လာသူ တစ်ဦးက ဦးညွတ်အရိုအသေ ပြုတော့ အားလုံးက ဦးညွတ်ကြရပါတယ်...။ ဦးသိန်းစိန် အနောက်တည့်တည့်မှာ ပလ္လင်တော်ကြီး ဆိုတော့ ပလ္လင်ကိုပါ ဦးညွတ်သလိုပေါ့ ဆရာပြောသလို အစီအရင်တွေ ထည့်ထားလားဆိုတာ စဉ်းစားစရာပါပဲ...။ ထားပါတော့ဗျာ... ဘာပဲဖြစ်ဖြစ် တမျိုးသားလုံးပိုင် အမျိုးသား အမွေအနှစ်ကိုတော့ တစ်ဦးတစ်ယောက်ပိုင် တစ်စုပိုင် မောင်ပိုင်စီး ပြုလုပ်ထားကိုတော့ အများပြည်သူကို စော်ကားတဲ့ လုပ်ရပ်အဖြစ် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်...။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ကြေငြာချက်အမှတ် ၁၀/၀၅/၁၁


သက်ဆိုင်သူများသို့ ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ဆောင်းပါးမှာ ရုရှားရောက် စစ်ဗိုလ်လေးတွေကို ထိခိုက်ပြောလာတာများတော့ စာဖတ်ပရိသတ်တွေရော ရုရှားစစ်ဗိုလ်လေးတွေကိုတိုင် ကျနော်က စစ်ဗိုလ်လေးတွေအပေါ် အစာမကြေဘူး ထင်လာကြပါတယ်။ ဟုတ်ပါတယ်။ သူတို့ဟာ ကျနော်တို့အတွက် ပြည်ထဲက မြန်မာလူငယ်တွေအတွက် မမြင်ရတဲ့ အန္တရာယ်ကောင်တွေပါ။ မင်းကိုနိုင်တို့ကို အင်တာနက်သုံးတာတွေ ထိုးဖေါက် ခိုးယူပြီး ထောင်ဒါဏ်- ၆၅-နှစ်ချခံရတာ ဒီရုရှားပြန်တွေရဲ့ လက်ချက်ပါ။ အခုလည်း ဗိုလ်မှူးစိုင်းသိန်းဝင်း အီးမေးလ်ကို ဖောက်ပြီး သိက္ခာချတာ အောက်တန်းကျတဲ့လုပ်ရပ်ပါ..။ ငါဖေါက်တာ  လို့ဘယ်သူ လက်မထောင်ရဲသလည်း Blinker Hacker Groupက န.အ.ဖ ကိုဆော်နေပါတယ် ဗြောင်ကျေငြာရဲသလို ကြေငြာရဲလား..။ သူတို့ကို ပုဂ္ဂိုလ်ရေးအရ ဘာမှ အစာမကြေစရာတော့ ဘာမှမရှိပါဘူး။ ဒီရုရှားသင်တန်းဆိုတာကလည်း စစ်တပ်ထဲမှာ နောက်ခံမရှိရှာကြတဲ့ သူတွေ သွားကြရတဲ့ သင်တန်းပါ။ ဗိုလ်မှုးကြီးအဆင့်လောက်ရဲ့ သားသမီးတွေဆို မလိုက်ရအောင် ရှောင်နိုင်အောင် ရှောင်ကြပါတယ်။ ငွေကြေး အာဏာ တတ်နိုင်သူတွေ မသွားကြပါဘူး။ မက်မောစရာ သင်တန်းမဟုတ်ပါဘူး။ ပိုဆိုးတာက ကနေ့ ကျနော်က ဒေါက်တာလှိုင်မြင့်လို့ ကိုယ့်ဂုဏ်ကို ဖေါ်ထုတ်ရေးတယ်ဗျာ။ ကိုကိုရုရှားတို့က သူတို့ ဘွဲ့ကိုဂုဏ်ယူ (ရဲ) ကြရင် ရေးလေ ဒေါက်တာတို့  ပီအိတ်ဒီတို့  (ရုရှား)ဆိုတာ ရေးကြလေ။ စစ်သားလုပ်ပြီး နာမည်မဖေါ်ရဲ ကိုယ်ကြိုးစားယူထားတဲ့ ဘွဲ့ကိုလဲ မတတ်ရဲ အဲဒါကို ကျုပ်တို့က ဘာအစာမကြေနေရမှာလဲ။ ဘယ်မိန်းခလေးတွေက သူက ရှရှားပြန် စစ်ဗိုလ်တော့လို့  ကြိုက်နေကြလို့ ရေပန်းစားနေကြလို့လဲ..?

အဲဒီရုရှားက စစ်ဗိုလ်ကော ပြည်တွင်းက စစ်ဗိုလ်တွေကိုပါ ကျနော်တယောက်မှမသိပါဘူး။ ဘယ်သူ့မှ နာမည်နဲ့တောင် မသိမှတော့ ဘယ်လိုလုပ် အာဃာတ ဖြစ်ဖြစ် အတွယ်အတာဖြစ်ဖြစ် ရှိနိုင်ပါ့မလဲ။ ကျုပ်တူ တယောက် (အကိုတ၀မ်းကွဲရဲ့ သား) အဖေလုပ်သူက အတင်းစစ်တက္ကသိုလ် အင်ဂျင်နီယာတက်ခိုင်းတယ်။ အခုတော့ နောင်တရနေရှာတယ်။ ကြားထဲ သမီးအကြီးက သားလုပ်သူရဲ့  သူငယ်ချင်းစစ်ဗိုလ်နဲ့ ညားတော့ ဆိုပြိး အမျိုးတွေထဲမှာ အပြတ်ပြောတတ်လို့ တချို့ကသူ့ ကို မကြည်ချင်ဘူး။ ရှိထားတာကိုး အမျိုးထဲမှာ ငါတို့ကို ယှဉ်နိုင်သူဘယ်သူမှ မရှိဘူး ဆိုတဲ့စကားက .....

အခုတိုင်းပြည်ထဲက နိုင်ငံအရေးစိတ်ဝင်စား လှုပ်ရှားနေကြသူတွေဟာ ဒီရှရှားပြန်တွေကို သေအောင်ရွံမုန်းကြ ကြောက်နေကြရတာပါ။ ကိုယ့်ရဲ့အဆက်အသွယ်ဆီ ဆက်သွယ်ရင်း သူတို့ကို ကျောချမ်းနေကြရတာပါ။ သူတို့ဟာ သူတပါးကို ဒုက္ခကြိးငယ်ရောက်အောင် လုပ်ရမှ သူတို့ ဘ၀တိုးတက်မှာ ရာထူးတက်မှာဆိုတော့ သူတို့ရာထူးတက်ဖို့အရေး ဘယ်သူသေသေ ထောင်ကျကျ အသတ်ခံရခံရ အညှင်းဆဲ ခံရခံရ သူတို့ တိုးတက်ရေး တဘို့ထဲကြည့်တဲ့ လူစားတွေပါ။ ဗုဒ္ဓတရားတော်ကနေ ကြည့်ရင် အင်မတန် ငရဲကြီးတဲ့ ၀မ်းရေးကြီးပါ။ သူတပါးကို နင်ပြီးမှ စားရတဲ့ အစာဟာ သံရည်ပူကို မြိုနေကြရတာဆိုတာ သူတို့ မစဉ်းစားတတ်ကြဘူး။

အဲဒီလိုလူတွေကို ထိုးနှက်ပြီး နာမည်ကျော်ချင်လို့  ထိုးနှက်နေတာလား ပြောလာတာတော့ စဉ်းစားပါဦးဘဲ ပြောချင်ပါတယ်။ ကံနှင့်ကံတရား လူဂုဏ်သိက္ခါ ရှုဒေါင့်ကနေကြည့်ရင် အင်မတန် စက်စုပ်ဖွယ်ဘ၀ ဗုဒ္ဓတရားတော်အလိုအရ နောက်ဘ၀မှာ ချီးတွင်းထဲက လောက်လို ဘ၀ကိုလား နေသူတွေကို တက်နင်းတယ်ပြောရင် သူ့နင်းရဖို့ ချီးတွင်းထဲကိုယ်က အရင်ဆင်းနေရတာနဲ့ တထေရာတည်းပါ။ အခုကျနော်လုပ်နေတာ ထင်ပေါ်ချင်လို့ လုပ်နေတာလဲမဟုတ်ပါဘူး။ ထင်ပေါ်မှု လိုချင်တာဟာ အတ္တစိတ်ပါဘဲ။ လုပ်ရပ်မှန်ရင် ငါ့စိတ်ကလေး ငါ့ရပ်တည်ချက်လေးတချို့  ငါ့တူသားတွေ ငါ့အမျိုးတွေ နမူနာ ယူနိုင်တာ ကျန်ရစ်ခဲ့ရင်ဆိုတာ ကျုပ်ရဲ့ဘ၀ ခံယူချက်ပါ။ အမှန်တွေပြောနေတာပါ။ ကျနော်ပြောတာကို ဒါကတော့ လွဲနေတယ် မှားတယ် ထောက်ပြဆွေးနွေးရင် ပိုကောင်းပါမယ်။


တပ်မတော် အင်အားရှိမှ တိုင်းပြည် ဟိုဒင်းဖြစ်မည် (၂)


ပြီးခဲ့တဲ့ တပ်မတော် အင်အားရှိမှ တိုင်းပြည် ဟိုဒင်းဖြစ်မည်.... ပိုစ့်နဲ့ပတ်သတ်ပြီး ရေးကြပြောကြ အသံတွေ ဆူဆူညံညံ ဖြစ်ခဲ့ပါတယ်...။ အပြုသဘောနဲ့ပဲ ဝေဖန်ဝေဖန် အပျက်သဘောနဲ့ပဲ ဝေဖန်ဝေဖန်..  အထူးသဖြင့် စစ်အစိုးရ ဆိုဒ်ဘက်က လာရောက်ရေးသားသူများ ကိုတော့ ကျွန်တော့်တို့ Logic နည်းနဲ့ပဲ ပြန် တွေးကြည့်ကြရအောင်.. ကျွန်တော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်နေသလို သူတို့လည်း သူတို့ အလုပ်သူတို့ လုပ်နေတယ်လို့ပဲ မြင်ပါတယ်...။ ကျွန်တော်တို့က ဒါအဖြူဆို သူတို့က ဒါကို အမဲလို့ မြင်အောင်လုပ်ရတာပါပဲ..။ အမှန်ဆိုလည်း အမှားဆိုပြီး လုပ်ရမှာ သူတို့ တာဝန်ပါ...။ တစ်ခုကွာတာကတော့ ကျွန်တော့် အမြင်ကို ချပြတဲ့အခါမှာ ကျွန်တော်တို့ဟာ ဘယ်အဖွဲ့အစည်း ဘယ်အစိုးရရဲ့ အထောက်အပံ့ကို ရယူလုပ်ကိုင်နေတာ မဟုတ်ပဲ တိုင်းပြည်ကောင်းစားရေးဆိုတဲ့ အမြင်နဲ့ ပြည်တွင်းက ကျွန်တော်တို့ ပြည်သူတွေ မပြောနိုင် မဆိုနိုင် မတင်ပြနိုင်တဲ့ အကြောင်းအရာတွေ မတရားမှုတွေကို ဖော်ထုတ် ရေးသားနေတာပါ...။ အဆိုပါ အဖြူကို အမဲလုပ်၊ အမှားကို အမှန်လိုက်လုပ်နေတဲ့ တစ်ချို့သော ပုဂ္ဂိုလ်တွေကတော့ အစိုးရရဲ့  လစာငွေ၊ သို့တည်းမဟုတ် တနည်းနည်းနဲ့ အာဏာရှင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ ပတ်သက်နေသူတွေ ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ နိုင်ငံရေး ဝက်ဆိုက်တွေ ဘလော့(ဂ်)တွေမှာ အမြင်ပြောင်းပြန် ဖြစ်အောင် ဝင်ရောက်ရေးသားပြီး သူတို့အလုပ် သူတို့လုပ်နေကြတယ်ပဲ မြင်ကြည့်လိုက်ကြပါ....။ ကျွန်တော်တို့လည်း ကိုယ်တတ်နိုင်တဲ့ တိုင်းပြည်ပြောင်းလဲရေးအတွက် ကိုယ့်အလုပ် ကိုယ်လုပ်ကြရအောင်ဗျာ.... 

ကွန်မာန့်တွေမှာ ယခင်ပို့စ်နဲ့ ပတ်သက်ပြီး Saction ကြောင့် အတိုက်အခံကြောင့် ဆိုပြီး ပြောဆိုတဲ့ အသံတွေ ကိုကြားရသလို တစ်ချို့ကလည်း ရန်ကုန်တွင်သာ မဟုတ်ပဲ ပဲခူး၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာလည်း အခြေအနေတွေ ဆိုးနေတာကို ရေးသားဖို့ တောင်းဆိုလာပါတယ်...။ Sanction ကြောင့် အတိုက်အခံကြောင့်လို့ ပြောနေတဲ့ စကားတွေကို ပြောင်းပြန် ပြန်တွေးကြည့်ရင် တည်ဆဲ အစိုးရတွေဟာ အနှစ်နှစ်ဆယ်ကျော်လုံးလုံး တိုင်းပြည်ကို ထူထောင်နေပါတယ် အောင်မြင်နေပါတယ် ဝါဒဖြန့်ပြောဆိုနေခဲ့သလို ရှေ့စကား နောက်စကားမညီ တိုင်းပြည် မတိုးတက်တာ အတိုက်အခံတွေကြောင့် ဆိုတော့ အတိုက်အခံတွေက အနှစ်နှစ်ဆယ်ကျော်လုံးလုံး လုပ်သမျှအောင်မြင်နေပြီး တောက်လျှောက် တိုင်းပြည်ကို မတရားအုပ်ချုပ်ခဲ့တဲ့ သူတွေက အနှစ်နှစ်ဆယ်ကျော်လုံးလုံး NLD နဲ့အတိုက်အခံတွေရဲ့  သြဇာလွှမ်းမိုးမှုကို အသုံးမကျစွာနဲ့ ခံနေရတာလားလို့ တွေးထင်စရာ ဖြစ်လာပါတယ်...။ အတိုက်အခံတွေကပဲ အောင်မြင်နေတာလားလို့ ပြောင်းပြန် ပြန်စဉ်းစားမိတာပါ..။  ထားလိုက်ပါတော့ဗျာ... 

ယခုပိုစ့်မှာတော့ ပြီးခဲ့တဲ့ ရုရှားခရီးသွား ကြော်ငြာပါ မြန်မာပြည်ရဲ့ Sex Mission အကြောင်း ဆက်စပ်ပါရှိတဲ့ SeX Tourism ဆိုတဲ့ ရုရှားအင်တာနက် စာမျက်နှာပါ.. မြန်မာနိုင်ငံက လိင်ဖျော်ဖြေမှုဆိုင်ရာ နေရာတွေကို သွားရောက်ခဲ့တဲ့ ရုရှားလူမျိုးတွေရဲ့  ရေးသားချက်တွေနဲ့ ဓာတ်ပုံအချို့ကို ဖော်ပြလိုက်ပါတယ်...။
သိမ်ကြီးဈေး(င)ရုံ က Palace နဲ့ Emperor Night Club တွေပါ..။ ညဘက်မှာ အဆိုပါအောက်ထပ် မှောင်ရိပ်ကျတဲ့ နေရာမှာ လိုက်လံ ခေါ်ယူနေတဲ့ လိင်ပွဲစားတွေထဲမှာ နယ်မြေခံ ရဲနယ်ထိန်းတွေပါ ပါပါတယ်တဲ့.. အဆိုပါ လိင်ပွဲစား ရဲနယ်ထိန်းတွေ ပါမှပိုစိတ်ချရတယ် လို့ဆိုပါတယ်...။ ကဲအောက်မှာ ဆက်ကြည့်ရအောင်...