ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

The New York Time သတင်းစာမှာ ဂုဏ်ပြုဖော်ပြခံရပြီး ရန်ကုန်ရဲ့ ဟီးရိုး သို့မဟုတ် ရပ်၊ သွားဆိုတဲ့ အာဏာတခုကို ခရီးသွား ပြည်သူက ကြည်ကြည်ဖြူဖြူ ခံယူတဲ့ ပြည်သူ့ဝန်ထမ်းကောင်း ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်အား ပြည်သူထဲမှ ပြည်သူ တယောက်အနေဖြင့် လေးစား ဂုဏ်ပြု အပ်ပါသည်။

 The New York Time သတင်းစာမှာ  ဂုဏ်ပြုဖော်ပြခံရပြီး ရန်ကုန်ရဲ့ ဟီးရိုး သို့မဟုတ် ရပ်၊ သွားဆိုတဲ့ အာဏာတခုကို ခရီးသွား ပြည်သူက ကြည်ကြည်ဖြူဖြူ ခံယူတဲ့ ပြည်သူ့ဝန်ထမ်းကောင်း ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်အား ပြည်သူထဲမှ ပြည်သူ တယောက်အနေဖြင့် လေးစား ဂုဏ်ပြု အပ်ပါသည်။

အလုပ်လုပ်သူတွေ အတွက် နေရာတနေရာစာ အမြဲရှိလေသည်...

နိုဝင်ဘာလ ၂၁ရက်နေ့ ရက်စွဲနဲ့ The New York Time ရဲ့ သတင်းတပုဒ်မှာ ပြည်သူ့အချစ်တော် ယာဉ်ထိန်းရဲ ခင်မြင့်မောင် အကြောင်း ဂုဏ်ပြုရေးသားထားတဲ့ Yangon’s Hero, Wielding Power of Stop and Go ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရသည်။

ရန်ကုန်မြို့ရဲ့  ပြည်သူ့အချစ်တော် ယာဉ်ထိန်းရဲ တဦး ကမ္ဘာထိပ်တန်း သတင်းစာ တစောင်မှာ နိုင်ငံတကာမှ ကျော်ကြားသူများ နည်းတူ ဖော်ပြခံလိုက်ရသည့် အတွက် ဂုဏ်ယူ ဝမ်းမြောက်မိလေသည်။

ပြီးခဲ့တဲ့ တခေါက် ရန်ကုန် ပြန်ရောက်စဉ်က ရန်ကုန်မြို့ပြရဲ့ ကားပိတ်ဆို့မှုဒဏ်ကို  နေ့စဉ် ဓူဝ  ခါးစီးခံနေရတဲ့ တက္ကစီ ဒရိုင်ဘာ တချို့နဲ့ ခရီးသည် တချို့ထံမှ ကြားသိခဲ့ရသည်။ တနေ့ အကြောင်းကိစ္စ တခုအတွက် တက္ကစီ ငှားစီးရင်းက ရန်ကုန်မြို့ရဲ့ အဆိုးဝါးဆိုး ယာဉ်ပိတ်ဆို့မှု နေရာများမှ တခုဖြစ်တဲ့ ဦးထောင်ဗိုလ် အဝိုင်းအရောက်မှာတော့ ယာဉ်ပိတ်ဆို့မှု အဆိုးဝါးဆုံး ကြုံတွေနေရသည်။ ဖြစ်ချင်တော့ အဆိုပါ အဝိုင်းနဲ့ ကပ်လျှက် ယာဉ်ထိန်းရဲ ကင်းတဲမှာတော့ ပြည်သူ့ဝန်ထမ်း ဆိုတဲ့ ယာဉ်ထိန်းရဲ လေးဦးခန့် ရှိနေကြသည်။ အချို့မှာအပေါ်ယူနီဖောင်း မပါ စွပ်ကြယ် လက်ပြတ်ဖြင့် တာဝန်ချိန် ထိုင်နေကြသည်...။

တက္ကစီယာဉ်မောင်းက ကင်မရာလွယ်ထားသည့် ကျွန်တော့်အား သတင်းထောက် ထင်လေသလားမသိ အဆိုပါ အလုပ်မလုပ်သူ ကင်းတဲအတွင်းမှ ယာဉ်ထိန်းရဲများအား မေတ္တာပို့ရင်းက ဆရာရယ် သတင်းထောက် ဆိုရင် ဒီဦးထောင်ဗိုလ် အဝိုင်းနဲ့ ဦးဝိစာရ အ၀ိုင်းက အလုပ်မလုပ်တဲ့ ယာဉ်ထိန်းရဲတွေအကြောင်း ရေးပေးစမ်းပါဗျာ.. ကျွန်တော်တို့ ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေ ဒုက္ခရောက်လွန်းလို့ ပါဗျာ။ ဒီလူတွေ ယာဉ်တိုက်မှု ဖြစ်မှ အပြင်ထွက်ပြီး စားပေါက် ရှာကြတယ်။ ကျန်တဲ့ အချိန်ဆို အခု ဆရာမြင်တဲ့ အတိုင်း ခုလို ကားတွေ ပိတ်နေတာေ-ာက်လုပ် မလုပ်ပဲ ထိုင်နေကြတယ်ဗျာ..တဲ့။

ဒီလိုနဲ့ စကားစပ်ရင်းက ရန်ကုန်မြို့ရဲ့ နေ့စဉ် မပါရင် မပြောမဖြစ်တဲ့ ကားပိတ်ဆို့မှု အကြောင်း ပြောရင်းက ကျွန်တော်လည်း ဒါနဲ့ နေပါဦးဗျ ဂျပန်JICA နည်းပညာနဲ့ ယာဉ်ကြောပိတ်ဆို့ မှုကိုဖြေရှင်းမယ့် အစီအစဉ်ရော ဘာထူးလဲဗျလို့ မေးမိတော့..။ မေးမနေပါနဲ့တော့ ဆရာရယ် ပျက်သွားပြီလို့ကြားတယ်။ JICA မကလို့ JICA အဖေပဲ ဖြစ်ဖြစ် မိဘပြည်သူများ ခင်ဗျားဆိုတဲ့ သမ္မတကြီးပဲ ဖြစ်ဖြစ် ဘယ်လောက်နည်း ပညာတွေ ကောင်းကောင်း အောက်ခြေက အကျင့်ပျက်မှုတွေကို သေချာမလေ့လာ မသိရင်တော့ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးဆရာ။
ဘာလို့ ဆိုတော့ အရင် JICA က ဂျပန်နည်းပညာနဲ့ မြေနီကုန်း မီးပှိုင့်မှာ Auto Censor တပ်ပြီး မီးပှိုင့်ထိန်းချုပ် စံနစ်လည်း ပြန်ဖြုတ်သွား ပြီကြားတယ်..။ ဘာလို့လဲ ဆိုတော့ ဆရာရယ် လိုင်းကားတွေက ယာဉ်ထိန်းရဲကို ငွေပေးထားတော့ မီးပှိုင့်ကို ဘတ်စ်ကားလိုင်း အကြိုက် လိုတိုးပိုလျှော့ အချိန်ကို ညှိပေးနေတာလေ..။ ဒါတပ်လိုက်တော့ သူတို့ စားပေါက် ပိတ်တာပေါ့..။ ဘတ်စ်ကားလိုင်းတွေက လိုင်းကြေးပေးထားတော့ ရပ်ချင်တဲ့ နေရာရပ် တင်ချင်တဲ့ နေရာတင် မောင်းချင်တဲ့ လမ်းက မောင်းနေကြတာ ဆရာလည်း မြင်မှာပါ။ ဒီထက်ဆိုးတာ စစ်တပ်နဲ့ ပတ်သက်တဲ့ ဦးပိုင်က လိုင်းကားတွေ ဆို ဖမ်းတောင် ဖမ်းရဲတာမဟုတ်တဲ့...။ ကြားရတာ နားမသက်သာ စရာပါပဲ...။

ဒီလိုနဲ့ ဓမ္မစေတီလမ်းစုံကို ဖြတ်သန်းဖို့ စောင့်ဆိုင်းချိန်မှာတော့ ခုန တက္ကစီးဒရိုင်ဘာရဲ့ မျက်နှာ ပြုံးယောင်သန်းလာတာကို မြင်တွေ့လိုက်ရသည်။ နေပူကြဲတဲမှာ ယူနီဖောင်းကို သေသေသပ်သပ် စမတ်ကျကျ ဝတ်ဆင်ထားပြီး စီးလာတဲ့ ကားသမားတွေကို ပြုံးပြ.. ဦးထုပ်လေးကို အပေါ်မတင် အရိုအသေ ပေးပြီးတာဝန်ထမ်းဆောင် နေတဲ့ ရန်ကုန်မြို့ပြရဲ့ နာမည်ကျော် ပြည်သူ့ အချစ်တော် ကိုခင်မောင်မြင့်ကို တွေ့လိုက်ရချိန်မှာတော့ ကျွန်တော်တို့ အပြုံးတွေ ကူးစက်သွားသလို ခံစားလိုက်ရပြီး တဒင်္ဂ အမောတွေ ပြေပျောက်သွားရသလို ပြည်သူ့ ဘဏ္ဍာစားပြီး ပြည်သူကို ပြည်သူဟု မထင်တဲ့ ပြည်သူ့ဝန်ထမ်းများ ကြားမှ ရှားပါးလှတဲ့ ပြည်သူ့ဝန်ထမ်းကောင်း တယောက် ပါပေလားဟု မှတ်ချက်ပြုမိသည်။

ဆက်လက်ပြီး တက္ကစီ ဒရိုင်ဘာက ကျွန်တော်မမေးမြန်းရမှီ ဆရာရေ ဒီကောင်လေးကတော့ ရှာမှရှားပါ ဆရာ ကျွန်တော်တို့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ သူ့ကို ချစ်ခင်ကြတယ်လေ။ တချို့ဆို တကူးတကတောင် လာကြည့်ကြတာ..။ သူကို ရာထူးတိုးပြီး နေပြည်တော် လွှတ်တာ ဒီမှာ ဒီကလူကြီးတွေက ပြန်ခေါ်ပြီး ဒီမှာပဲ ထားခိုင်းတယ်လေ။ တချို့ခရီးသွားတွေ ယာဉ်မောင်းတွေ ရေသန့်ဘူးတွေ မုန့်တွေ စားစရာတွေ ငွေသားတွေက အစရဲကင်းတဲမှာ သွားထည့်ထား ပေးကြတယ်လေ...။ ပြည်သူ့မေတ္တာရောင်ပြန်ဟပ်တာပေါ့...။ ဒီလို သူ့အတွက် ရေသန့်ဘူးတွေ မုန့်တွေ စားစရာတွေ ငွေသားတွေပေးတာကို သိနေတဲ့ အခြေအနေမဲ့ တချို့က သူ့ရဲကင်းတဲထဲက သွားခိုးကြသေးတယ်လေတဲ့..။ ဒါပေမယ့် သူကတော့ ဘယ်အချိန်ကြည့်ကြည့် မိုးရွာထဲ နေပူထဲမှာ  ပြည်သူ့ဝန်ထမ်းကောင်း ပြီသစွာ အပြုံးမပျက် သူ့တာဝန်ကို ကျေပြွန်စာ ထမ်းဆောင်နေလေရဲ့...။

ထိုနေ့တရက်တာ တက္ကစီ စီးရင်းက မြင်တွေ့ခဲ့ရတဲ့ မတူညီတဲ့ မြင်ကွင်း ၂ခုကို ဆင်ခြင် သုံးသပ်မိသည်။ ငယ်ငယ်တုန်းက ဖတ်မိခဲ့တဲ့ စာသားလေး တကြောင်းကိုလည်း သုံးသပ်မိသည်..။ * ဒီလိုနေက ဒီလိုနေရမည်တဲ့* အလုပ်လုပ်သူတွေ အတွက် နေရာတနေရာစာ အမြဲရှိလေသည်...။  အလုပ်မလုပ်ပဲ စိန်နားကပ်ရောင်နှင့် ပါးပြောင်နေသူများ အရည်အချင်း မရှိ အလုပ်မလုပ်ပဲ အကပ်ကောင်း၍ နေရာကောင်း ရနေသူများ အရည်အချင်း မရှိ မသမာနဲ့ နည်းနဲ့ နေရာမှန် လူမှန် မဟုတ်သူများ သမားရိုးကျ မဟုတ်ပဲ အများဆန္ဒမပါ..အလုပ်မလုပ်ပဲ ပြည်သူ့ဆန္ဒယောင်ယောင် တိုင်းပြည်တာဝန် ရယူထားနေသူများသည်.. နေရာနှင့် မတန် မမှန်ကန်သည့် အတွက် အကျနာကြပေမည်..။ လူမှန် နေရာမှန် ရောက်တဲ့ တနေ့ ပြည်သူ့ဘဏ္ဍာကို စားသုံးနေကြသည်ဟု အုပ်ချုပ်သူများ အမြင်မှန် ရလာတဲ့ တနေ့ ကျွန်တော်တို့ မြန်မာပြည် တိုးတက်တဲ့ တနေ့ရောက်ရှိပေမည်..။

နိုဝင်ဘာလ ၂၁ရက်နေ့ The New York Time ပါ.. မြန်မာမှသည် ကမ္ဘာသိတိုင်အောင် ကျော်ကြားလာခဲ့သည့် ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်သည် အကပ်ကောင်း၍ ဖော်ပြခံရခြင်း မဟုတ် လာဘ်သိပ်ထိုး၍ ဂုဏ်ပြုရေးသား ဖော်ပြခံရခြင်းမဟုတ် အတင်းအကြပ် မရေးမနေရ ဖော်ပြခံရခြင်း မဟုတ် အများပြည်သူ ဆန္ဒမဲလိမ်၍ ဖော်ပြခံရခြင်း မဟုတ် မိမိပြုလုပ်တဲ့ အလုပ်နှင့်  တာဝန်ကို ကျေပွန်မှု ပြည်သူအပေါ် လေးစား၊ ချစ်ခင်မှု...၊  မိမိအလုပ်အပေါ် လေးစားချစ်ခင်မှု  စသည့် လုပ်ရပ်များကြောင့် ဂုဏ်ပြုခံရခြင်း ဖြစ်သည်။ .
. ဦးအောင်သောင်းတို့ကဲ့သို့ ဒံပေါက် ကျွေး၍ ရုပ်ပျက်ဆင်းပျက်  ထောက်ခံပွဲ လုပ်စရာ မလိုသလို  ဖေ့စ်ဘွတ်ပေါ် မိမိပုံတင်   မည်သို့ အလုပ်လုပ် နေကြောင်း စွမ်းဆောင်နေကြောင်း  ရေချိုးတာက အစ ဖော်ပြ အများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောဆိုနေတဲ့ နွား ခြေရာခွက်ထဲက ဖါးသူငယ် ဦးလှဆွေတို့ကဲ့သို့သော လွှတ်တော် အမတ်များနှင့် အပုံကြီး ကွာခြားလှပေသည်။

အများအလုပ် မလုပ်တာထက် ကိုယ်အလုပ် လုပ်တာကို သက်သေပြပြီး ပြည်သူ့မေတ္တာနှင့် ပြည်သူ့သတင်းစကားကြောင့်  ကမ္ဘာ့ အရှိန်အဝါကြီးသည့် သတင်းစာကြီး တခုမှာပင် ဂုဏ်ပြူခံရလေပြီ...။ The New York Time သတင်းစာမှာ  ဂုဏ်ပြုဖော်ပြခံရပြီး ရန်ကုန်ရဲ့ ဟီးရိုး ရပ်၊ သွားဆိုတဲ့ အာဏာတခုကို ခရီးသွား ပြည်သူက ကြည်ကြည်ဖြူဖြူ ခံယူတဲ့ ပြည်သူ့ဝန်ထမ်းကောင်း ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်အား ပြည်သူထဲမှ ပြည်သူ တယောက်အနေဖြင့် လေးစား ဂုဏ်ပြုဖော်ပြအပ်ပေသည်။

ဒီမိုဝေယံ
ဓာတ်ပုံ The New York Time
http://www.nytimes.com/2014/11/22/world/asia/myanmar-yangon-traffic-cop-khin-myint-maung.html?partner=rssnyt&emc=rss

ဗိုလ်ချုပ် နှစ်တရာပြည့် အတွက် Caricature နဲ့ ပုံဖော်ဂုဏ်ပြုထုတ်လုပ်လိုက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆို အမိန့်များ(အင်္ဂလိပ်-မြန်မာ)

ဗိုလ်ချုပ် နှစ်တရာပြည့် အတွက် Caricature နဲ့ ပုံဖော်ဂုဏ်ပြုထုတ်လုပ်လိုက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆို အမိန့်များ(အင်္ဂလိပ်-မြန်မာ)

လာမယ့် ၂၀၁၅ခုနှစ်ဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်(၁၀၀)ပြည့်ဖြစ်သလို... မြန်မာနိုင်ငံရေး အချိုးအကွေ့ရဲ့ အရေးပါတဲ့ နှစ်လည်း ဖြစ်ပါတယ်..။ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်(၁၀၀)ပြည့်ကို ဂုဏ်ပြုတဲ့ အနေနဲ့   ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှတ်သားဖွယ် အဆိုအမိန့်တွေကို စာရေးဆရာ အလင်းဆက် (IR)မှ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဘာသာပြန်ဆို ဂုဏ်ပြုစုစည်း ဖော်ပြလိုက်ပြီး ဗိုလ်ချုပ်ရဲ့ Caricature နဲ့  တမူထူးခြားတဲ့ အသွင်သဏ္ဍာန်ပုံတွေကိုတော့  ကာတွန်းဆရာ ဆရာကနောင်မှ ဂုဏ်ပြုရေးဆွဲပြီး ထုတ်ဝေလိုက်ပါပြီ..။

အပြည့်အစုံ ဖတ်ချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်..။
http://www.mediafire.com/view/312vevnvktaxouk/General_Aung_San.pdf 

ဒီမိုဝေယံ