ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

The New York Time သတင်းစာမှာ ဂုဏ်ပြုဖော်ပြခံရပြီး ရန်ကုန်ရဲ့ ဟီးရိုး သို့မဟုတ် ရပ်၊ သွားဆိုတဲ့ အာဏာတခုကို ခရီးသွား ပြည်သူက ကြည်ကြည်ဖြူဖြူ ခံယူတဲ့ ပြည်သူ့ဝန်ထမ်းကောင်း ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်အား ပြည်သူထဲမှ ပြည်သူ တယောက်အနေဖြင့် လေးစား ဂုဏ်ပြု အပ်ပါသည်။

 The New York Time သတင်းစာမှာ  ဂုဏ်ပြုဖော်ပြခံရပြီး ရန်ကုန်ရဲ့ ဟီးရိုး သို့မဟုတ် ရပ်၊ သွားဆိုတဲ့ အာဏာတခုကို ခရီးသွား ပြည်သူက ကြည်ကြည်ဖြူဖြူ ခံယူတဲ့ ပြည်သူ့ဝန်ထမ်းကောင်း ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်အား ပြည်သူထဲမှ ပြည်သူ တယောက်အနေဖြင့် လေးစား ဂုဏ်ပြု အပ်ပါသည်။

အလုပ်လုပ်သူတွေ အတွက် နေရာတနေရာစာ အမြဲရှိလေသည်...

နိုဝင်ဘာလ ၂၁ရက်နေ့ ရက်စွဲနဲ့ The New York Time ရဲ့ သတင်းတပုဒ်မှာ ပြည်သူ့အချစ်တော် ယာဉ်ထိန်းရဲ ခင်မြင့်မောင် အကြောင်း ဂုဏ်ပြုရေးသားထားတဲ့ Yangon’s Hero, Wielding Power of Stop and Go ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရသည်။

ရန်ကုန်မြို့ရဲ့  ပြည်သူ့အချစ်တော် ယာဉ်ထိန်းရဲ တဦး ကမ္ဘာထိပ်တန်း သတင်းစာ တစောင်မှာ နိုင်ငံတကာမှ ကျော်ကြားသူများ နည်းတူ ဖော်ပြခံလိုက်ရသည့် အတွက် ဂုဏ်ယူ ဝမ်းမြောက်မိလေသည်။

ပြီးခဲ့တဲ့ တခေါက် ရန်ကုန် ပြန်ရောက်စဉ်က ရန်ကုန်မြို့ပြရဲ့ ကားပိတ်ဆို့မှုဒဏ်ကို  နေ့စဉ် ဓူဝ  ခါးစီးခံနေရတဲ့ တက္ကစီ ဒရိုင်ဘာ တချို့နဲ့ ခရီးသည် တချို့ထံမှ ကြားသိခဲ့ရသည်။ တနေ့ အကြောင်းကိစ္စ တခုအတွက် တက္ကစီ ငှားစီးရင်းက ရန်ကုန်မြို့ရဲ့ အဆိုးဝါးဆိုး ယာဉ်ပိတ်ဆို့မှု နေရာများမှ တခုဖြစ်တဲ့ ဦးထောင်ဗိုလ် အဝိုင်းအရောက်မှာတော့ ယာဉ်ပိတ်ဆို့မှု အဆိုးဝါးဆုံး ကြုံတွေနေရသည်။ ဖြစ်ချင်တော့ အဆိုပါ အဝိုင်းနဲ့ ကပ်လျှက် ယာဉ်ထိန်းရဲ ကင်းတဲမှာတော့ ပြည်သူ့ဝန်ထမ်း ဆိုတဲ့ ယာဉ်ထိန်းရဲ လေးဦးခန့် ရှိနေကြသည်။ အချို့မှာအပေါ်ယူနီဖောင်း မပါ စွပ်ကြယ် လက်ပြတ်ဖြင့် တာဝန်ချိန် ထိုင်နေကြသည်...။

တက္ကစီယာဉ်မောင်းက ကင်မရာလွယ်ထားသည့် ကျွန်တော့်အား သတင်းထောက် ထင်လေသလားမသိ အဆိုပါ အလုပ်မလုပ်သူ ကင်းတဲအတွင်းမှ ယာဉ်ထိန်းရဲများအား မေတ္တာပို့ရင်းက ဆရာရယ် သတင်းထောက် ဆိုရင် ဒီဦးထောင်ဗိုလ် အဝိုင်းနဲ့ ဦးဝိစာရ အ၀ိုင်းက အလုပ်မလုပ်တဲ့ ယာဉ်ထိန်းရဲတွေအကြောင်း ရေးပေးစမ်းပါဗျာ.. ကျွန်တော်တို့ ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေ ဒုက္ခရောက်လွန်းလို့ ပါဗျာ။ ဒီလူတွေ ယာဉ်တိုက်မှု ဖြစ်မှ အပြင်ထွက်ပြီး စားပေါက် ရှာကြတယ်။ ကျန်တဲ့ အချိန်ဆို အခု ဆရာမြင်တဲ့ အတိုင်း ခုလို ကားတွေ ပိတ်နေတာေ-ာက်လုပ် မလုပ်ပဲ ထိုင်နေကြတယ်ဗျာ..တဲ့။

ဒီလိုနဲ့ စကားစပ်ရင်းက ရန်ကုန်မြို့ရဲ့ နေ့စဉ် မပါရင် မပြောမဖြစ်တဲ့ ကားပိတ်ဆို့မှု အကြောင်း ပြောရင်းက ကျွန်တော်လည်း ဒါနဲ့ နေပါဦးဗျ ဂျပန်JICA နည်းပညာနဲ့ ယာဉ်ကြောပိတ်ဆို့ မှုကိုဖြေရှင်းမယ့် အစီအစဉ်ရော ဘာထူးလဲဗျလို့ မေးမိတော့..။ မေးမနေပါနဲ့တော့ ဆရာရယ် ပျက်သွားပြီလို့ကြားတယ်။ JICA မကလို့ JICA အဖေပဲ ဖြစ်ဖြစ် မိဘပြည်သူများ ခင်ဗျားဆိုတဲ့ သမ္မတကြီးပဲ ဖြစ်ဖြစ် ဘယ်လောက်နည်း ပညာတွေ ကောင်းကောင်း အောက်ခြေက အကျင့်ပျက်မှုတွေကို သေချာမလေ့လာ မသိရင်တော့ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးဆရာ။
ဘာလို့ ဆိုတော့ အရင် JICA က ဂျပန်နည်းပညာနဲ့ မြေနီကုန်း မီးပှိုင့်မှာ Auto Censor တပ်ပြီး မီးပှိုင့်ထိန်းချုပ် စံနစ်လည်း ပြန်ဖြုတ်သွား ပြီကြားတယ်..။ ဘာလို့လဲ ဆိုတော့ ဆရာရယ် လိုင်းကားတွေက ယာဉ်ထိန်းရဲကို ငွေပေးထားတော့ မီးပှိုင့်ကို ဘတ်စ်ကားလိုင်း အကြိုက် လိုတိုးပိုလျှော့ အချိန်ကို ညှိပေးနေတာလေ..။ ဒါတပ်လိုက်တော့ သူတို့ စားပေါက် ပိတ်တာပေါ့..။ ဘတ်စ်ကားလိုင်းတွေက လိုင်းကြေးပေးထားတော့ ရပ်ချင်တဲ့ နေရာရပ် တင်ချင်တဲ့ နေရာတင် မောင်းချင်တဲ့ လမ်းက မောင်းနေကြတာ ဆရာလည်း မြင်မှာပါ။ ဒီထက်ဆိုးတာ စစ်တပ်နဲ့ ပတ်သက်တဲ့ ဦးပိုင်က လိုင်းကားတွေ ဆို ဖမ်းတောင် ဖမ်းရဲတာမဟုတ်တဲ့...။ ကြားရတာ နားမသက်သာ စရာပါပဲ...။

ဒီလိုနဲ့ ဓမ္မစေတီလမ်းစုံကို ဖြတ်သန်းဖို့ စောင့်ဆိုင်းချိန်မှာတော့ ခုန တက္ကစီးဒရိုင်ဘာရဲ့ မျက်နှာ ပြုံးယောင်သန်းလာတာကို မြင်တွေ့လိုက်ရသည်။ နေပူကြဲတဲမှာ ယူနီဖောင်းကို သေသေသပ်သပ် စမတ်ကျကျ ဝတ်ဆင်ထားပြီး စီးလာတဲ့ ကားသမားတွေကို ပြုံးပြ.. ဦးထုပ်လေးကို အပေါ်မတင် အရိုအသေ ပေးပြီးတာဝန်ထမ်းဆောင် နေတဲ့ ရန်ကုန်မြို့ပြရဲ့ နာမည်ကျော် ပြည်သူ့ အချစ်တော် ကိုခင်မောင်မြင့်ကို တွေ့လိုက်ရချိန်မှာတော့ ကျွန်တော်တို့ အပြုံးတွေ ကူးစက်သွားသလို ခံစားလိုက်ရပြီး တဒင်္ဂ အမောတွေ ပြေပျောက်သွားရသလို ပြည်သူ့ ဘဏ္ဍာစားပြီး ပြည်သူကို ပြည်သူဟု မထင်တဲ့ ပြည်သူ့ဝန်ထမ်းများ ကြားမှ ရှားပါးလှတဲ့ ပြည်သူ့ဝန်ထမ်းကောင်း တယောက် ပါပေလားဟု မှတ်ချက်ပြုမိသည်။

ဆက်လက်ပြီး တက္ကစီ ဒရိုင်ဘာက ကျွန်တော်မမေးမြန်းရမှီ ဆရာရေ ဒီကောင်လေးကတော့ ရှာမှရှားပါ ဆရာ ကျွန်တော်တို့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ သူ့ကို ချစ်ခင်ကြတယ်လေ။ တချို့ဆို တကူးတကတောင် လာကြည့်ကြတာ..။ သူကို ရာထူးတိုးပြီး နေပြည်တော် လွှတ်တာ ဒီမှာ ဒီကလူကြီးတွေက ပြန်ခေါ်ပြီး ဒီမှာပဲ ထားခိုင်းတယ်လေ။ တချို့ခရီးသွားတွေ ယာဉ်မောင်းတွေ ရေသန့်ဘူးတွေ မုန့်တွေ စားစရာတွေ ငွေသားတွေက အစရဲကင်းတဲမှာ သွားထည့်ထား ပေးကြတယ်လေ...။ ပြည်သူ့မေတ္တာရောင်ပြန်ဟပ်တာပေါ့...။ ဒီလို သူ့အတွက် ရေသန့်ဘူးတွေ မုန့်တွေ စားစရာတွေ ငွေသားတွေပေးတာကို သိနေတဲ့ အခြေအနေမဲ့ တချို့က သူ့ရဲကင်းတဲထဲက သွားခိုးကြသေးတယ်လေတဲ့..။ ဒါပေမယ့် သူကတော့ ဘယ်အချိန်ကြည့်ကြည့် မိုးရွာထဲ နေပူထဲမှာ  ပြည်သူ့ဝန်ထမ်းကောင်း ပြီသစွာ အပြုံးမပျက် သူ့တာဝန်ကို ကျေပြွန်စာ ထမ်းဆောင်နေလေရဲ့...။

ထိုနေ့တရက်တာ တက္ကစီ စီးရင်းက မြင်တွေ့ခဲ့ရတဲ့ မတူညီတဲ့ မြင်ကွင်း ၂ခုကို ဆင်ခြင် သုံးသပ်မိသည်။ ငယ်ငယ်တုန်းက ဖတ်မိခဲ့တဲ့ စာသားလေး တကြောင်းကိုလည်း သုံးသပ်မိသည်..။ * ဒီလိုနေက ဒီလိုနေရမည်တဲ့* အလုပ်လုပ်သူတွေ အတွက် နေရာတနေရာစာ အမြဲရှိလေသည်...။  အလုပ်မလုပ်ပဲ စိန်နားကပ်ရောင်နှင့် ပါးပြောင်နေသူများ အရည်အချင်း မရှိ အလုပ်မလုပ်ပဲ အကပ်ကောင်း၍ နေရာကောင်း ရနေသူများ အရည်အချင်း မရှိ မသမာနဲ့ နည်းနဲ့ နေရာမှန် လူမှန် မဟုတ်သူများ သမားရိုးကျ မဟုတ်ပဲ အများဆန္ဒမပါ..အလုပ်မလုပ်ပဲ ပြည်သူ့ဆန္ဒယောင်ယောင် တိုင်းပြည်တာဝန် ရယူထားနေသူများသည်.. နေရာနှင့် မတန် မမှန်ကန်သည့် အတွက် အကျနာကြပေမည်..။ လူမှန် နေရာမှန် ရောက်တဲ့ တနေ့ ပြည်သူ့ဘဏ္ဍာကို စားသုံးနေကြသည်ဟု အုပ်ချုပ်သူများ အမြင်မှန် ရလာတဲ့ တနေ့ ကျွန်တော်တို့ မြန်မာပြည် တိုးတက်တဲ့ တနေ့ရောက်ရှိပေမည်..။

နိုဝင်ဘာလ ၂၁ရက်နေ့ The New York Time ပါ.. မြန်မာမှသည် ကမ္ဘာသိတိုင်အောင် ကျော်ကြားလာခဲ့သည့် ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်သည် အကပ်ကောင်း၍ ဖော်ပြခံရခြင်း မဟုတ် လာဘ်သိပ်ထိုး၍ ဂုဏ်ပြုရေးသား ဖော်ပြခံရခြင်းမဟုတ် အတင်းအကြပ် မရေးမနေရ ဖော်ပြခံရခြင်း မဟုတ် အများပြည်သူ ဆန္ဒမဲလိမ်၍ ဖော်ပြခံရခြင်း မဟုတ် မိမိပြုလုပ်တဲ့ အလုပ်နှင့်  တာဝန်ကို ကျေပွန်မှု ပြည်သူအပေါ် လေးစား၊ ချစ်ခင်မှု...၊  မိမိအလုပ်အပေါ် လေးစားချစ်ခင်မှု  စသည့် လုပ်ရပ်များကြောင့် ဂုဏ်ပြုခံရခြင်း ဖြစ်သည်။ .
. ဦးအောင်သောင်းတို့ကဲ့သို့ ဒံပေါက် ကျွေး၍ ရုပ်ပျက်ဆင်းပျက်  ထောက်ခံပွဲ လုပ်စရာ မလိုသလို  ဖေ့စ်ဘွတ်ပေါ် မိမိပုံတင်   မည်သို့ အလုပ်လုပ် နေကြောင်း စွမ်းဆောင်နေကြောင်း  ရေချိုးတာက အစ ဖော်ပြ အများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောဆိုနေတဲ့ နွား ခြေရာခွက်ထဲက ဖါးသူငယ် ဦးလှဆွေတို့ကဲ့သို့သော လွှတ်တော် အမတ်များနှင့် အပုံကြီး ကွာခြားလှပေသည်။

အများအလုပ် မလုပ်တာထက် ကိုယ်အလုပ် လုပ်တာကို သက်သေပြပြီး ပြည်သူ့မေတ္တာနှင့် ပြည်သူ့သတင်းစကားကြောင့်  ကမ္ဘာ့ အရှိန်အဝါကြီးသည့် သတင်းစာကြီး တခုမှာပင် ဂုဏ်ပြူခံရလေပြီ...။ The New York Time သတင်းစာမှာ  ဂုဏ်ပြုဖော်ပြခံရပြီး ရန်ကုန်ရဲ့ ဟီးရိုး ရပ်၊ သွားဆိုတဲ့ အာဏာတခုကို ခရီးသွား ပြည်သူက ကြည်ကြည်ဖြူဖြူ ခံယူတဲ့ ပြည်သူ့ဝန်ထမ်းကောင်း ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်အား ပြည်သူထဲမှ ပြည်သူ တယောက်အနေဖြင့် လေးစား ဂုဏ်ပြုဖော်ပြအပ်ပေသည်။

ဒီမိုဝေယံ
ဓာတ်ပုံ The New York Time
http://www.nytimes.com/2014/11/22/world/asia/myanmar-yangon-traffic-cop-khin-myint-maung.html?partner=rssnyt&emc=rss

အိမ်ခြံ၊ မြေ၊ တိုက်ခန်းရှာသူများအတွက် အကောင်း ဆုံး Smartphone Apps..

အိမ်ခြံ၊ မြေ၊ တိုက်ခန်းရှာသူများအတွက် အကောင်း ဆုံး Smartphone Apps

သမာရိုးကျ စနစ်ဖြစ်တဲ့ သတင်းစာနဲ့ အေးဂျင့်များမှ တဆင့် အိမ်၊ခြံ၊မြေ၊ တိုက်ခန်းများ ရှာတဲ့ ခေတ်ဟာ တဖြည်းဖြည်း နဲ့ ဒီဂျစ်တယ် ရှာဖွေရေး စနစ်သို့ ကူးပြောင်းလာပါပြီ။
ယနေ့ မြန်မာပြည် မြို့ပြကြီးများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မြို့တွေမှာ ပြည်သူများအနေနဲ့ အင်တာနက်မှမိမိ ကြိုက်နှစ်သက်ရာ အိမ်၊ခြံ၊မြေ၊ တိုက်ခန်း၊ ကွန်ဒို များကို လွယ်ကူ သက်သာစွာရှာဖွေ နေတယ်ဆိုတာကို တွေ့ နိုင်ပါတယ်။ ယခုလို ရှာဖွေတဲ့ စနစ်ဟာ ကွန်ပြူတာ သုံး အင်တာနက် မှသာမက မိုဘိုင်း အခြေခံ အင်တာနက်မှလည်း အသုံးပြုရှာဖွေနိုင်ပါပြီ ။ မိုဘိုင်းမှ တဆင့်ရှာဖွေတဲ့ စနစ် ဟာနောက်ဆုံးသုံး စနစ်နဲ့ လွယ်ကူစွာ ရှာဖွေတဲ့ စနစ်ဖြစ်တဲ့ အတွက်ကြောင့် အသုံးပြုသူများ အတွက် အကောင်းဆုံးသော user experience ကိုပေးပါတယ်။ ဒီတော့် ယနေ့မြန်မာပြည်အတွင်း အကောင်းဆုံးဖြစ်တဲ့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ကွန်ဒို များရှာတဲ့အခါမှာ အသုံးပြုတင့်တဲ့ Android Apps နဲ့ iOS Apps ကို တင်ပြသွားလိုပါတယ်။

ငွေထိန်းချုပ်နည်းနဲ့ ရှာဖွေသည့် အကောင်းဆုံး Apps များ
အိမ်၊ခြံ၊မြေ၊တိုက်ခန်းများ ဌားရန်သို့မဟုတ် ရောင်းတဲ့ အခါမှာ ပထမဦးစွာသိထားဖို့လိုတာကတော့် မိမိရဲ့ ငွေ ဘယ်ကို ရောက်သွားနိုင်တယ်ဆိုတာကိုကြိုတင်သိထားခြင်းဖြစ်ပါတယ်။ ဒီအတွက် Android သုံးသူများအနေနဲ့ Moneywise Apps ဖြစ်တဲ့ မိမိရဲ့ အသုံးငွေကို စီမံခန့်ခွဲပေးတဲ့ Apps ကို သုံးရင် ပိုပြီး အဆင်ပြေပါတယ်။ ဒီ Apps ဟာ ဘဏ္ဍာငွေကို အကောင်းဆုံး နည်းစနစ်နဲ့ ထိန်းပေးတဲ့ Android Apps ဖြစ်ပါတယ်လို့ Lifehacker က 2012 မှာ အသိအမှတ်ပြုသွားပါတယ်။ iOS အတွက်ကတော့် Mint ဆိုတဲ့ အသုံးစရိတ် ကို ထိန်းချုပ်ပေးတဲ့ Apps ဖြစ်ပါတယ်။

အိမ်ခြံ မြေ တိုက်ခန်း များ အတွက် သိတင့်သည့် ဝေါဟာရများဖော်ပြပေးသည့် အကောင်းဆုံး Apps များ
မိတ်ဆွေအနေနဲ့ အိမ်ခြံမြေ အတွက် professional usage အသုံးအနှုန်း များကို အင်္ဂလိပ်ဘာသာအားဖြင့်သိဖို့လိုပါတယ်။ ဒါကြောင့် အကောင်းဆုံး အိမ်ခြံမြေသုံး Apps ဖြစ်တဲ့ Glossary of Real Estate Terms နှင့် Kaplan Real Estate Terms app များကို အသုံးပြုနိုင်ပါတယ်။ အေးဂျင့်များ နှင့်အိမ်ခြံမြေအကြောင်း ကျွမ်းကျင်လေ့လာသူများ အနေနဲ့ သာမာန်သူများ နားမလည်နိုင် သည့် အသုံး အနှုန်းများကို မကြာခဏသုံးလေ့ရှိပါတယ်။ ဤ Apps များကို အသုံးပြုခြင်းအားဖြင့် သတင်းအချက် အလက် နဲ့ သိတင့််တဲ့ အိမ်ခြံမြေအရောင်းဝယ် သုံး ဝေါဟာရများကို သိမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ရှာရန်အတွက် အကောင်းဆုံး Apps များ
မြန်မာနိုင်ငံအတွင်း လွန်ခဲ့ တဲ့ ဇူလိုင်မှာ http://www.house.com.mm/ မှ Android Apps ကို အိမ်ခြံမြေ ရှာသည့် ပထမဦးဆုံး Apps အနေနဲ့ ဈေးကွက် မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဤ Apps ဟာအိမ်၊ ကွန်ဒို နှင့် တိုက်ခန်များ ရောင်း၊၀ယ်လိုသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးတဲ့ Apps ဖြစ်ပါတယ်။ လောလောဆယ်မှာတော့် house apps မှ မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေတိုက်ခန်းပေါင်း ၂၀၀၀၀ ကျော်ကို လွယ်ကူစွာ ရှာနိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။
မိတ်ဆွေရဲ့ ချေးငွေ အပေါင် ပစ္စည်း ကို အကောင်းဆုံး စီမံခန့်ခွဲပေးသည့် Apps
ဈေးကွက်မှာ ချေးငွေ အပေါင် ပစ္စည်း ကို စီမံခန့်ခွဲပေးသည့် Apps တော်တော်များများရှိနေပါပြီ။ အသင့်တော်ဆုံး Apps များကတော့် Karl’s Mortgage Calculator နဲ့ Mortgage Calculator များဖြစ်ပါတယ်။ ဒီ Apps နှစ်ခုကတော့် အတိုးငွေ၊ အမြတ် နဲ့ ကြိုတင်ပေးရမယ့် စနစ်များကို သင်ပြပေးတဲ့ Apps ဖြစ်ပါတယ်။

အိမ်မပြောင်းခင် သုံးသင့်သည့် အကောင်းဆုံး Apps များ
မိတ်ဆွေ အနေနဲ့ အိမ် တိုက်ခန်း ကို ပြုပြင်ပြောင်းလည်းသို့မဟုတ် ရွှေ့ပြောင်းခြင်း ပြုလုပ်လိုပါက တိုင်းထွာသည့် Apps ဖြစ်တဲ့ My Measures & Dimensions ဟာ အကောင်း ဆုံးဖြစ်ပါတယ်။ ဤ Apps ဟာ ဓာတ်ပုံနှင့် တကွ တိုင်းထွာသည့် စနစ်ကိုပေး သည့်အတွက် သုံးသူများအတွက် ပို၍ အဆင်ပြေနိုင်ပါတယ်။

Admin

ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..

ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..

ရခိုင်အရေးဖြစ်တော့ ရိုဟင်ဂျာဆိုသူတွေ မြန်မာနိုင်ငံသားမဟုတ် ခေါ်လိုသည့် နိုင်ငံများ ခေါ်ယူသွားကြပါ ဆိုပြီး မိဘပြည်သူများ ခင်ဗျားမှ ထုံးစံအတိုင်း အချိန်ကိုက် နတ်သံနှော ညာသံပေးတော့ ဒါမှ တို့သမ္မတကြီး ဆိုပြီး ထောက်ခံပွဲတွေ ချိမ့်ချိမ့်သဲပေါ့..။ ပြီးတော့ ထုံးစံအတိုင်း အဖျားရှူးပေါ့။
နောက်တခါ အဆိုပါ ညာသံပေးပြီး မကြာမှီမှာပဲ (OIC)ကို ဝင်ခွင့်ပြုမယ်ဆိုပြီး တို့ပြည်သူတွေဘက် မျှားဦးလှည့် လာလို့ ကန့်ကွက်လိုက်ရတာလည်း ဖတ်ဖတ်မောပေါ့။

ယခု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီ... တဲ့ကဲ ဘာကြောင့် ပြန်ခေါ်ယူရတယ်ဆိုတာ မိဘပြည်သူများ ခင်ဗျားဆိုပြီး နတ်သံနှောပြီး ဖြစ်ကြောင်းရယ် ကုန်စင် ပြန်လည် ရှင်းပြပေးဖို့ တောင်းဆိုပါရစေ။ ဒီတခါ ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ ကိစ္စမှာ အရင်တခါလိုပဲ ပြည်သူ့ဆန္ဒဆိုပြီး နတ်သံနှော မမေးမြန်းတော့ ပေဘူးလား။ ပြည်သူတွေရဲ့ ဆန္ဒပါပါရဲ့လား။ အဆိုပါ ပြန်လည်ခေါ်ဆောင်မဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေဟာ တပါးသူဆီမှာ အငှားကိုယ်ဝန်ဆောင်ပြီး မွေးထားတဲ့ မြန်မာနိုင်ငံသားတွေ စစ်စစ်တွေ ဟုတ်ပါသလားခင်ဗျာ...။

အပေါ်မြှောက်လိုက် ရိုက်ချလိုက် အပြောတမျိုး အလုပ်တမျိုးလုပ်နေတဲ့ လုပ်ရပ်တွေ အတွက်
ကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်ပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်စရာတွေ ပြင်ဆင်ရအောင်ပါ..။
အမြဲတမ်း ပြည်သူတွေ Tempo တက်နေချိန်မှာ သခင်မျိုးဟေ့ တို့ဗမာလုပ်လိုက် အချိန်ကြာသွားလို့ မေ့လောက်ပြီဖြစ်မှ သခင်မျိုးဟေ့ တို့မပါဆိုပြီး အဖျားရှူးသွားတတ်တဲ့ မိဘပြည်သူများ ခင်ဗျား ခင်ဗျာ.... လွှတ်တော်အတွင်းမှ ဆင်၊ မျောက်၊ ခါဘင်္ဂလီ (၃)ဦး အကြိုက် လုပ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ အစစ်အမှန် မိဘပြည်သူများ ကိုယ်စား.. မိဘပြည်သူများ ခင်ဗျားအား တိုက်တွန်းအပ်ပါတယ်။

ဒီမိုဝေယံ

(သတင်း).. အစုံအလင်ကတော့
ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီဟုဆို

ဒါကာ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည် ခေါ်ယူခြင်းလုပ်ငန်းအား ၂ လ အတွင်း ပြန်လည် စတင်ရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုသည်။

“စိစစ်ပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံတာကို ၂ လအတွင်း စတင်ဖို့ သဘောတူ ခဲ့ပြီး မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ၃၂၀၀၀ အနက် ၂၄၁၅ ဦးနဲ့ စတင်မှာပါ။ ဒါ ဟာ အရေးပါတဲ့ ရလဒ်အဖြစ် မှတ်ယူထား ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မဒ်ရှဟီဒူဟဇ်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံခြားရေးရုံးများ၏ ၈ ကြိမ်မြောက် အစည်းအဝေး တွင် ထိုသို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီဒုက္ခသည် များနှင့် ၎င်းတို့၏ သားသမီးများ ကို ပြန်လည်ခေါ်ယူရန် ကော်မတီတစ်ခု ဖွဲ့စည်းမည်ဟု မြန်မာနိုင်ငံက သဘော တူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခန့်မှန်းချက်အရ ၁၉၉၁ နောက်ပိုင်း မြန်မာ စစ်အစိုးရ ၏ ဖိနှိပ်မှုကြောင့် ထွက် ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည် ၂၅၀၈၇၇ ဦးရှိသည် ဟု ဆိုသည်။ ၎င်းတို့အနက် ၂၃၆၅၉၉ ဦးအား ၂ နိုင်ငံ သဘောတူညီမှုအရ UNHCR ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။ ၂၀၀၅ တွင် ဘင်္ဂါလီ ဒုက္ခသည် ၉၂ ဦး ပြန်ပို့ခဲ့ပြီးနောက် ထိုလုပ်ငန်းစဉ် ရပ်တန့်သွား ခဲ့သည်။

လက်ရှိတွင် ကော့ဘဇားခရိုင်အတွင်း ကူတူ ပါကောင်းနှင့် နာယာပါရာရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ဘင်္ဂါလီဒုက္ခသည် ၃၂၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ၂၀၀၄ က ထို ဒုက္ခသည်စခန်းများတွင် မိသားစု ၂၉၇၆ စုနှင့် လူဦးရေ ၁၉၈၄၁ ဦး ရှိသော်လည်း မွေးဖွားနှုန်း မြင့်မားသဖြင့် လူဦးရေ အလျင်အမြန် တိုးပွား လာနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဒုက္ခသည်စခန်းများ၏ အပြင်ဘက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီ ဒုက္ခသည် ၃၀၀၀၀၀ နှင့် ၅၀၀၀၀၀ အထိရှိသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုပြီး အဆိုပါ ဒုက္ခသည်များအရေး ဆွေးနွေးရန် အစည်း အဝေးတွင် ပြောကြား ခဲ့သော်လည်း မြန်မာဘက်က အကြောင်းပြန်ကြားခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ကော့ဘဇာ ဒေသများတွင် တရားမ၀င် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များအား အသေးစိတ် စစ်တမ်းကောက်ယူနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက် သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် က “အကြောင်းအရာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံက ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားကြောင်း ပြသခဲ့ပါတယ်။ ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံဖို့ မြန်မာနိုင်ငံက ရည်ရွယ်ထားကြောင်း ပြသခဲ့ပါတယ်”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

၂၀၀၅ တွင် စီစစ်အတည်ပြုခဲ့သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်စာရင်း အား ပြန်လည် စီစစ်ရန် လုပ်ငန်း ကော်မတီတစ်ခုကို ၂ နိုင်ငံ ပူးတွဲဖွဲ့စည်းမည် ဟု ဆိုသည်။ ထိုဒုက္ခသည်များမှ ၂၀၀၅ နောက်ပိုင်းတွင် မွေးဖွား ခဲ့သူများ ကိုလည်း စာရင်းတွင် ထပ်မံဖြည့်သွင်းမည်ဟု သိရသည်။

“၂ လအတွင်း ပြင်ဆင်မှုတွေပြုလုပ်ပြီး ဒုက္ခသည် တွေ ပြန်လည်ပို့ဆောင်မှု ဘယ်လောက်မြန်မြန်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားမှာပါ။ ဒီဆွေးနွေးပွဲ ရလဒ်အ တွက် ကျွန်တော်တို့ အလွန်ပျော်ရွှင်နေပါတယ်”ဟု မစ္စတာ ရှဟီဒူဟဇ် က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲမှာ ၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အား မစ္စတာ ရှဟီဒူဟဇ်က ဦးဆောင်ကာ မြန်မာ ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော် က ဦးဆောင်ခဲ့သည်။

ငါးခိုးဖမ်းမှု အများစုအပါအ၀င် ပြစ်မှုငယ်များဖြင့် တစ်ဖက်နိုင်ငံ အသီးသီး တွင် ထောင်ဒဏ်ကျခံနေရ သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား များအား အပြန်အလှန် ပြန်လည်ခေါ်ယူနိုင်ရေးကိုလည်း ဆွေးနွေး သဘောတူ ခဲ့သည်ဟု ဆိုသည်။ တရားဝင်ခန့်မှန်းချက်အရ မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များ တွင် မြန်မာနိုင်ငံအား ၁၁၀ ခန့်ရှိသည်။

ဆွေးနွေးပွဲတွင် ၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ၅ နှစ်စာ သဘောတူညီမှု တစ်ခုလည်း ရရှိခဲ့သည်ဟု ဆိုသည်။ လာမည့် နှစ်စပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နိုင်ငံခြားရေးဝန်ကြီး အဆင့် ၂ နိုင်ငံ ပူးပေါင်းကော်မရှင်ဆွေးနွေးပွဲ ပြုလုပ်ရန်လည်း သဘောတူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ၂ နိုင်ငံ အပြန်လှန် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် အကာအကွယ်ပေးရေးနှင့် နာ့ဗ်မြစ် မြောက်ပိုင်း နယ်နိမိတ် သတ်မှတ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
KHTun

Ref - Daily Star
Photo - UNHCR

Credit.. The Ladies News Journal

နတ်နဲ့ နဂါး မလှည့်စားပါနဲ့ ဆိုတာထက် နတ်၊ နဂါးနဲ့ မလှည့်ဖျားပါနဲ့..

နတ်နဲ့ နဂါး မလှည့်စားပါနဲ့ ဆိုတာထက် နတ်၊ နဂါးနဲ့ မလှည့်ဖျားပါနဲ့..

မြန်မာလူမျိုးတွေ မကြာခဏ ပြောနေကျ၊ ကြားနေကျ စကားဖြစ်တဲ့ နတ်နဲ့ နဂါး မလှည့်စားနဲ့တဲ့..
ဆိုလိုတာက နတ်နဲ့ နဂါးကို ကတိကဝက် ပေးပြီးရင် မဖျက်နဲ့ ဆိုလေသလား။ မမြင်ရတဲ့ အရာကို ပျက်ရယ် မပြုသင့်ဟု ဆိုလေသလား၊
ယနေ့ မြန်မာ့နည်း မြန်မာဟန်နဲ့ ဓမ္မစေတီမင်း ခေါင်းလောင်း ဆယ်ယူရာမှာ ဝိဇ္ဇာနဲ့ သိပ္ပံ အားပြိုင်လေသလား ဂမ္ဘီရနဲ့ လောကဓာတ်ပညာ အားပြိုင်လေသလား..

သို့ပေတည့် ယနေ့ အရပ်သား အစိုးရ လက်ထက်မှာတော့ အစိုးရနဲ့ အတိုက်အခံ ဆိုတာထက်.. ပြည်သူအချင်းချင်း ကဏ္ဍအသီးသီးမှာ သွေးကွဲတာကတော့ ပိတ်ကားပေါ်မှာ ကွင်းကွင်းကွက်ကွက် ကိုမြင်နေရသည်။ ပယောဂပါတာက အကြောင်းမဟုတ် ခေတ်လူငယ်များ၏ အမြင်တွင် ဂမ္ဘီရ၊ ဝိဇ္ဇာနှင့် ဗုဒ္ဓဘာသာ အပေါ် အရောရော အထွေးထွေးဖြစ်ကာ ဘာသာတရားအပေါ် အထင်မှား အမြင်မှား ဖြစ်ကြမှာ အထူးစိုးရိမ်စရာပင်ဖြစ်သည်..။

ယခုရှာဖွေ တွေ့ရှိထားပါသည် ဆိုသော နိုင်ငံတကာက စောင့်ကြည့်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် အချိန်တွင် ထင်ထားသည့်အတိုင်း မဟုတ်ပဲ.. အခြားသောအရာဝတ္ထုတခု ဖြစ်ခဲ့ပါသော် မဆယ်မှီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားသော စကားကျွံပြောဆို မှုများအတွက် ပေးဆပ်ရမှာ ဖြစ်သလို မြန်မာပြည်မှ ဝိဇ္ဇာယုံကြည်သူများ အတွက် အရှက်ကွဲ၊ အရှက်ရဖွယ် ဖြစ်ပြီး မြန်မာပြည်သူများ အတွက်လည်း အရှက်ရဖွယ်ဖြစ်သည်။ ဘာသာတရားနှင့်ပါ အရောရော အထွေးထွေး လူအထင်သေးစရာ ဖြစ်ပေမည်...။ နိုင်ငံတကာမှာလည်း ပြောစရာ အဖြစ်ကျန်ခဲ့ပေမည်။ ဆယ်ယူသူများ အတွက်မူ ပြောဖွယ် ဆိုဖွယ်မရှိပေ..

ထိုသို့ မဟုတ်ပဲ အမှန်တကယ် ဆယ်ယူရရှိခဲ့ပါသော်... မြန်မာပြည်၏ အခြေအနေသည် တန်ခိုးရှင်၊ နတ်၊ နဂါး၊ ဝိဇ္ဇာ အပေါင်းတို့၏ အောက်၌ ပြားပြားဝပ်ရပြီး အရည်းကြီးခေတ် တခေတ် ပြန်ထလာမည်ကိုလည်း စိုးရိမ်စရာပင် ဖြစ်သည်။ ခေါင်းလောင်းနှင့် မြှောက်ပြီး နတ်နဂါးနှင့် ခြောက်ကျပေတော့မည်...။ တန်ခိုးရှင် အားကိုးစိတ်များ ခေါင်းထောင် လာပေတော့မည်...။ တိုင်းပြည် အတွက်လည်း ရင်လေးစရာ ဖြစ်သည်။ ခေါင်းလောင်းတော်ကြီး ဆိုပြီး ဘုရားကို ခေါင်းလောင်း ကွယ်ကာ ဆီးမီး၊ ဖယောင်းထွန်း ပူဇော်ကန်တော့ ကြမည့် ဂိုဏ်းအဖွဲ့အစည်းများ ပေါ်ပေါက်လာမည်မှာ ဆိုဘွယ် မရှိပေ။

ထိုသို့ မဟုတ်ပါက ယုံကြည်သူနဲ့ မယုံကြည်သူများ ပဋိပက္ခ ဖြစ်လာနိုင်သည့် အတွက် မိမိနိုင်ငံ အတွက် ဘယ်ဘက်ဘက်က ကြည့်ကြည့် အရှုံးပင် ဖြစ်နိုင်သလို ဘာသာ တရားအတွက်လည်း အနှုတ်လက္ခဏာ ဖြစ်လာဖို့ပင် ရှိတော့သည်။

မမြင်ရသော အရာကို မရှိဟု မဆိုလို။ အနေအထား တခုအထိ မိမိဥာဏ် မမှီသည့် အရာကို မယုံကြည်ဟုလည်း မပြောလို...။ တကယ် တွေ့ရှိခဲ့သည် ဆိုဦး မြန်မာ့နည်း မြန်မာဟန် ထုံးတမ်းစဉ်လာကိုလည်း မပယ်။ သိပ္ပံနည်းလည်း အသုံးပြု အညမည ပေါင်းစည်း ဆယ်ယူလျှင် မဖြစ်နိုင်ပေဘူးလား။ နည်းပညာ အကူအညီနှင့် မြန်မာ့နည်း မြန်မာ့ဟန် ထုံးတမ်းစဉ်လာ ပေါင်းစပ် ဆယ်ယူရရှိခဲ့သော် သိပ္ပံဘက်သမား ထောက်ခံသူ အတွက်ရော ဝိဇ္ဖာ ဘက်သမားထောက် ခံသူအတွက်ပါ စိတ်ဝမ်းကွဲစရာ မဖြစ်နိုင်တော့ပေ။

ယခုကဲ့သို့ ခေါင်လောင်း မဆယ်မှီကပင် နှုတ်ကျွံ့၊ စကားကျွံ့ခဲ့မှုများ မှသည် နောက်ဆုံး တွေ့ရှိပြီဟု ကြေငြာခဲ့သည့် အချိန်မှာပင် ထပ်ဆင့်လောင်း၍ ကျွန်တော်တို့ မသိသော နာမ်လောကကို ထပ်မံ အတည်ပြုပေးခဲ့သလို ကြေငြာခဲ့သည်။ နတ်နှင့် နဂါး မလှည့်စားနှင့် ဆိုတာထက် ကျွန်တော်တို့ နိုင်ငံလည်း အာဏာရှင်က တဖုံ၊ နတ်နဂါးနှင့် အစုံ အကြီးအကဲ ဆိုသူတွေ လှည့်စား လှည့်ဖြားခဲ့လို့ အရှေ့တောင် အာရှမှာပင် အောက်ဆုံး အဆင့် နိုင်ငံများနှင့် အတူရပ်တည် နေခဲ့ရပြီး ဖြစ်သည်။

နတ်နှင့် မြှောက်ပြီး နဂါးနှင့် မခြောက်ဖို့ နတ်၊ နဂါးနဲ့ မလှည့်ဖျားဖို့ မိမိနှင့် မဆိုင်သလို မိမိနှင့် မသက်ဆိုင်သလို မိမိဘက် မလှည့်လျှင် ပြီးရောဆိုပြီး လွှတ်မထားဖို့ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံမှ အကြီးအကဲ ဆိုသူများအား တိုက်တွန်းအပ်ပေသည်။

ဒီမိုဝေယံ

ဘာများ ဖြစ်သွားမှာမို့လို့လဲကွယ် (Written by: မောင်စံပေါ)

ဘာများ ဖြစ်သွားမှာမို့လို့လဲကွယ်

(Written by: မောင်စံပေါ)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာနေသော မိသားစုဝင်တစ်စုအား ဧပြီလအတွင်းက တွေ့ရစဉ်

(၁) သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနဲ့ ကားကလေးတစ်စီးနဲ့ တစ်ယောက်က မောင်း နောက်တစ်ယောက်နံဘေးက ထိုင်လို့ ကားတွေကလည်း ဒီကနေ့ မဟာရန်ကုန်ရဲ့ သရုပ်သကန်ကို အပီအပြင်ဖော်လို့ ကျပ်လို့။

“ဟာ ကျော်သွားပြီ လမ်းကျော်သွားပြီ”

ပြောပြောဆိုဆိုဘဲ ကားကို ဘရိတ်အုတ်“ဂ”ငယ်ကွေ့ပြန်ကွေ့ဖို့ တစ်ဖက်ယာဉ်ကြောကို ခေါင်းတစ်စောင်းထိုးပြီး ရပ်တယ်။ ဘယ်ကွေ့မယ့် အချက်ပြမီးက ဖွင့်လိုက် ပိတ်လိုက်နဲ့။

ရုတ်တရက် ရပ်လိုက်တဲ့နေရာက မျဉ်းသေကြောမှာ ဖြတ်သန်းခွင့်မရှိတဲ့နေရာမှာ နောက်က ကားတွေရပ်ပြီး ဟွန်းတွေတီးကြသလို ရှေ့ကလာတဲ့ ကားတွေလည်း မောင်းမရတော့ပါ။ ကားတစ်စီး စည်းကမ်းမဲ့စွာ ရုတ်တရက်ကိုးလို့ ကန့်လန့် ရပ်လိုက်တာနဲ့ ယာဉ်ကြောလေးကြောမှာ နှစ်ကြော မောင်းမရတော့ဘူးဖြစ်သွားပြီ။

မီးအချက်ပြ အရှိန်လျှော့ပြီး ဖြည်းဖြည်းမောင်းသွား ကားကွေ့လို့ရတဲ့ မျဉ်းပြတ်နေရာကျမှ ကိုယ့်ယာဉ်ကြောထဲမှာ သပ်သပ်ရပ်ရပ်ကလေး ခဏရပ်ပြီးစောင့်ရင် မကောင်းဘူးလား သူငယ်ချင်းရယ်။

အဲဒီလိုလေး စည်းနဲ့ကမ်းနဲ့ တခြားကားတွေကိုလည်း ကိုယ်ချင်းစာစိတ်ကလေး နဲ့မောင်းရင် ဘာများဖြစ်သွားမှာမို့လို့လဲ။

(၂) ဒီရက်ပိုင်းမှာ ဟိုတယ်အခန်းတွေ လူဝင်နည်းတယ်။ ဒီတော့ အခန်းရှင်းရတာ နည်းတယ်။ ၀တ္တရားအရ အခန်းတံခါးကို ခေါက်တယ်။

“အခန်း သန့်ရှင်းရေးလုပ်မလို့ပါရှင်”

ဘာမှ ထူးသံမကြားရဘူး။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တယ်။ အခန်းထဲမှာ ကစားစရာတွေရယ်၊ စားစရာတွေရယ်၊ အ၀တ်တွေရယ်၊ စာအုပ်တွေရယ်ပွလို့။ ခြောက်နှစ် ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ရယ်၊ ၁၅၊ ၁၆ အရွယ် မိန်းကလေးတစ်ယောက်ရယ် မောင်နှမနှစ်ယောက် တည်းခိုတဲ့အခန်းလေး။ မနက်ခင်းကတောင် အဲဒီက လေးလေး ဘောလုံးတစ်လုံးနဲ့ ဟိုတယ်နံဘေးမှာ ကစားနေတာ တွေ့သေးတယ်။

မောင်လေးနဲ့ဆို အရွယ်တူလောက်ရှိမှာပေါ့။ စဉ်းစားရင်း ဖတဆိုးမောင်လေးနဲ့ အဖေကို သတိရမိတယ်။ သူတို့ ဒုက္ခသည်စခန်းမှာ ဘယ်လိုများနေကြပါလိမ့်။ အစားအသောက်မှ အဆင်ပြေကြရဲ့လား။ မောင်လေးကော စာသင်ရရဲ့လား။ ဒီအခန်းက ကလေးလေးလို လွတ်လွတ်လပ်လပ်ပျော်ရွှင်စွာ ကစားနိုင်မှာ မဟုတ်တာတော့ သေချာတယ်။ အဖေကတော့ ကောင်းကင်ဘုံမှာ အေးဆေးနေရောပေါ့။ မိုင်းထိတဲ့ဒဏ်ရာက သွေးထွက်လွန်ပြီး အဖေဆုံးခဲ့တာ မောင်လေးတစ်သက် နီးပါးလေ။

ဒီဟိုတယ်မှာ အလုပ်ကလေး အခြေတည်မိသွားရင် အမေတို့ကိုခေါ်မယ်။ တောကြား၊ တောင်ကြားမှာ မြင်မြင်ရာကြောက်နေရတဲ့ ဒုက္ခသည်ဘ၀နဲ့စာရင် ဒီမှာအများကြီးအဆင်ပြေမှာ။ နောက်ပြီး မောင်လေးကိုလည်း ကျောင်းထားပေးရမယ်။

မောင်လေးကို သတိရစွာနဲ့ အခန်းသန့်ရှင်းရေးလုပ်ရင်း ဝေါ့ကင်းရှူးလေး ညစ်ပတ်နေတာတွေ့တယ်။ အို မနက်က ဒီအခန်းက ကလေးလေး ဒီအခန်းက မောင်လေး ဘောလုံးကစားရင်း ပေနေတာနေမှာပေါ့။ ဝေါ့ကင်းရှူးလေးကို တယုတယကိုင်ပြီး သေသေချာချာသန့်ရှင်းရေး လုပ်ပေးလိုက်တယ်။

“ကလင်၊ ကလင်”အခန်းထဲက ဖုန်း မြည်လာတယ်။“သူငယ်ချင်း မပြီးသေးဘူးလား။ အခန်းလည်း ဘာမှမများဘဲနဲ့”

“အေးပါဟယ်၊ ငါ ငါ့မောင်လေးရဲ့ ဝေါ့ကင်းရှူးလေး ညစ်ပတ်နေလို့ သန့်ရှင်းပေးနေတာ” “နင့်မောင်လေးက နင့်အမေနဲ့ တောမှာဆို” “သြော် ဟုတ်တယ်ဟဲ့။ ဒါက ဒီအခန်းမှာ တည်းတဲ့ ကလေးလေးရဲ့ ဖိနပ်ဟ” “ပြီးရော ထမင်းစား နောက်ကျနေဦးမယ်”

ထမင်းစားနောက်ကျတော့ ဘာဖြစ်လဲ နော့။ စေတနာထားပြီး သေသေချာချာလုပ် တာ။ အခန်းရှင်းတဲ့တာဝန်ထဲမှာ မပါတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၃) “ချောကလက်တောင့်တွေ ကျန်နေသေးတယ်။ သိမ်းလိုက်ဦးမယ်”

ချာ့ကလက်ဘူးကတော့ ဖောက်ပြီးသားပေမယ့် မစားရသေးတဲ့ ချောကလက်တောင့်တွေက အသစ်အတိုင်းရယ်။ သိသားပဲ တမင်တားထားတဲ့ ဟာကို။

“သိမ်းမနေပါနဲ့ မိန်းမရယ်။ ဟိုတယ်က အခန်းရှင်းတဲ့ကလေးတွေ စားကြပါစေ။ နောက်ပြီး အဲဒါတွေ စားပြီးရင် မင်းဂျင် (Gym) ထပ်သွားနေရဦးမယ်။

ဟုတ်တယ်လေး။ နှမြောစိတ်နဲ့ အတင်းစားမှာနဲ့ စာရင် ဒီကကလေးတွေ စားဖို့ထား ပေးခဲ့လိုက်တော့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၄) မူလတန်းကျောင်းကလေးရဲ့ ဆရာ၊ ဆရာမများ နားနေခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ နားနေခန်းဆိုပေမဲ့ ခါးလောက်အမြင့် ၀ါးထရံကာထားတာဆိုတော့ စာသင်ခန်းကလေးကို အလွယ်တကူမြင်ရပါတယ်။
အို ဒီကလေး နေ့လယ်ထမင်းစားချိန်မှာ အပြင်မထွက် မုန့်မစားအခန်းထဲမှာ စာဖတ်နေတာများပါ ပကောလား။

စာကြိုးစားတာ လက်ခံနိုင်ပေမဲ့ ထမင်းချိုင့်မပါတာ လက်ခံနိုင်ပေမဲ့ ဒီလိုပဲကြည့်ပြီး အမှတ်တရနဲ့ နေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့တဲ့ ကိုယ့် ကိုယ်ကိုယ်တော့ လက်မခံချင်တော့ပါ ဘူး။

ထမင်းစားတာကို ရပ်လိုက်တယ်။ မ၀သေးပေမဲ့ အဆာတော့ပြေသွားခဲ့ပြီ။ ချိုင့်ထဲမှာ ထမင်းကတစ်ဝက်ရယ်၊ ငါးဆုပ်ကြော်လေးရယ်။ ကန်စွန်းရွက်လေးရယ် ကျန်နေသေးတယ်။ စာသင်ခန်းလေးတွေဆီ ပြန်ခဲ့တယ်။

“သားရေ ရော့ ဆရာမထမင်းချိုင့်၊ အကျန်မဟုတ်ဘူးနော်။ ဆရာမသပ်သပ် စားထားတာ အခန်းတွေ”

ကျောင်းသားလေး ခေါင်းခါတယ်။ သူ့ကို ဘာမှပြောခွင့်မပေးဘဲ ပြောလိုက်တယ်။

“သားစားပြီးရင် ဆရာမတို့ ပန်းကန်ဆေးတဲ့နေရာမှာ ဆပ်ပြာနဲ့သေသေချာချာ ဆေးပေးဟုတ်လား။ ထမင်းလုံးတွေ ပွမနေစေနဲ့”

ကျောင်းသားလေးရဲ့ မျက်လုံးလေးတွေ ၀င်းလက်သွားတယ်။ ဟုတ်တယ်လေ။ စားရမှာ ရဲသွားတယ်။ ဆရာမရဲ့ ထမင်းချိုင့်လေး ပြောင်လက်နေအောင် ဆေးပေးမယ်။

ချမ်းသာတာ ဆင်းရဲတာမဟုတ်ပါဘူးကွယ်။ လိုအပ်တဲ့ သူကို ကိုယ့်မှာရှိတာ မျှဝေကူညီလိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၅) မြို့ကလေးရဲ့ ဘုရားပွဲမှာ လူတွေ စည်ကားလှတယ်။ အပျော်အပါး ရှားပါးတဲ့နေရာ ဆိုတော့ ဘုရားပွဲကို မျှော်ကြ။ ဘုရားပွဲမှာ ပျော်ကြတာ မဆန်းလှပါဘူး။ ဒီဘက်ခေတ်ရောက်လာတော့ ဟိုအရင်ခေတ်က တိုးတိတ်တိတ် ဘုံဆိုင်လေးတွေ ပျောက်သွားပြီး တံဆိပ်ကြီးကြီးနဲ့ ဘီယာဆိုင်တွေပေါ်လာတာ အရက်တွေဖောချင်း သောချင်းရလာတာ။

ဘုရားပွဲမှာ စောင်ထုပ်ကို ညာပခုံးမှာထမ်းပြီး လျှောက်လာတဲ့ လူငယ်တစ်ယောက် နဲ့ တခြားလူရွယ်တစ်ယောက် ပခုံးချင်းတိုက် မိတယ်။

“ဟေ့ကောင် လူတစ်ယောက်လုံး မမြင်ဘူးလား”

“မတော်လို့ဖြစ်တာဗျာ။ ဒီမှာစောင်ထုပ်ကြီးနဲ့ မတွေ့ဘူးလား”

“လူကို တမင်ဝင်တိုက်ပြီးတော့မှများ မင်းက”

“ခင်ဗျားကြီး မူးပြီးလာရမ်းမနေနဲ့”

“ရမ်းတော့ ဘာလုပ်ချင်သလဲ။ ကဲကွာ”

ဘုရားပွဲခန်းမျာ အကျည်းတန်တဲ့ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့တယ်။

အစ်ကိုရေ မတော်လို့ တိုက်မိတာပါ။ စိတ်မရှိပါနဲ့နော်ဆိုတဲ့ လူငယ်ရဲ့စကားအဆုံး အေးပါကွာ ညီလေးရာ။ မင်းက အလေးအပင်ကြီးနဲ့လာတာ။ ငါကရှောင်ရမှာကွ ဆိုတာမျိုးဆိုရန် ဘယ်လောက်လှမလဲဗျာ။ ပြေပြေလည်လည်နဲ့ နားလည်မှုရှိစွာ ပြောဆိုဆက်ဆံကြတော့ ဘာများဖြစ်သွားမှာ မို့လို့လဲ။

(၆) ကမ္ဘာကျော်ကုန်တိုက်ကြီးတစ်ခုရဲ့ ဂေါက်ပစ္စည်း အရောင်းဆိုင်ကြီး တစ်ခုမှာပါ။ တံဆိပ်တစ်မျိုးတည်းကိုပဲ သီးသန့်ရောင်းတာဖြစ်ပြီး ဂေါက်တုတ်တွေကလည်း ဈေးကြီးလှပါတယ်။

“ဘော့စ် နောက်ဆုံးထွက်တဲ့ မော်ဒယ်တွေရောက်နေပြီ။ Limited Edition နော်”

အရောင်းမန်နေဂျာ မိန်းကလေးက လှိုက်လှဲပျူငှာစွာ ခရီးဦးကြိုပြုတယ်။ ၀ယ်နေ့ကျ ဖောက်သည်ပေကိုး။

“ဒီတုတ်က အရှေ့တောင်အာရှမှာ တစ်စုံပဲရှိတာ”

မိန်းကလေးက သိပ်မပြောရသေးဘူး။ ကိုယ့်ဆရာက ၀ယ်ချင်နေပြီ။ သိတာပေါ့ ဆရာတပည့်ပေါင်းခဲ့တာ နှစ်တွေက မနည်းတော့တာ။ သူဌေးကြီး သားသမီးတွေ တစ်ဖက်၊ အခုမြေးတောင်ရနေပြီလေ။

ဒီတစ်ခေါက် ခရီးမထွက်ခင်ရွာမှာ ဧရာဝတီမြစ်ရေတိုးလို့ ကမ်းပါးပြိုပြီး ရွာဦးကျောင်းနဲ့ စာသင်ကျောင်းရေထဲပါသွားတာ သတိရမိတယ်။ အဲဒီအတွက် ဆရာက ငါးသောင်း လှူခဲ့သေးတယ်။

“ဟေ့ကောင် ငါမေးနေတာမကြားဘူးလား။ ဒေါ်လာငါးသောင်းတဲ့ ဘယ်လိုနေလဲ”

“ခင်ဗျားဒေါ်လာငါးသောင်း၊ သိန်းငါး ရာနီးပါး။ အဲဒါဆိုရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအသစ်ပြန်ဆောက်ဖို့ လောက်တယ်ဆရာ။

“ဟာ ဒီကောင် ငါမေးနေတာ ဒီဂေါက်တုတ် ၀ယ်သွားပြီး ရန်ကုန်မှာ ရိုက်ရင် ကွင်းကလူတွေ ဘယ်လိုအထင်ကြီးမလဲ။ ဘာလဲမေးတာ။ တော်တော် နောက်ဆို မင်းကို နိုင်ငံခြား အဖော်မခေါ်တော့ဘူး”

ဆရာသမား မခေါ်တော့လည်း မလိုက်ရရုံပဲပေါ့ဗျာ။ သူ့အိမ်မှာ စတိုခန်းအပြည့် အကောင်းစားဂေါက်တုတ်တွေရှိတာ အသိဆုံး။ အရမ်းချမ်းသာမှန်း လူတွေသိပြီးသား သူတစ်ယောက်အတွက် ဒါတွေဝယ်သုံးပြီး ချမ်းသာကြောင်းပြဖို့ လိုသေးလို့လား။ ကြွားစရာလိုသေးလို့လား။ အဲဒါတွေ မ၀ယ်ဘဲနဲ့ ရွာကဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအတွက် လှူတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၇) နေထိုင်စားသောက်ဖို့အတွက်
သင့်မှာ အလုံအလောက်ရှိခဲ့ပြီးရင်လည်း
ပိုလျှံတာနည်းနည်းလောက်တော့
ခွဲဝေမျှခြမ်းပေးကမ်းသင့်ပါတယ် တဲ့

၂၀၀၈ ခုနှစ် နာဂစ်အပြီးမှာ ကြားခဲ့ဖူးတဲ့ မျိုးချစ်မြန်မာရဲ့ သီချင်းသံလေးကြား ယောင်မိလာတယ်။ ဘ၀ရာထောင် သုံးမကုန်အောင် စုဆောင်းသိုမှီးထားတော့ရော တကယ်သုံးရမှာမို့လို့လား။ ဒီဘ၀ပါပဲ။ ဒီတစ်ဘ၀ဆိုတာတောင်မှ အခြေအနေပေးပါမှ။ မကျန်းမာလို့ အိပ်ရာထဲ ပက်လက်ဖြစ်နေချိန်မှာ အာရောဂျံကို ၀ယ်လို့မရဘူးလေ။ စက်တွေ ဆေးတွေအကူအညီနဲ့ အသက်ကို ဆွဲဆန့်လို့ ရတယ်ထား လူသိသူသိ၊ လူမသိသူမသိ ခံစားရတဲ့ ဝေဒနာကို ကိုယ်သာအသိဆုံးလေ။

လောဘတွေ အတ္တတွေလျှော့လိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲကွယ်။

ဒီကိစ္စတွေ ဘယ်လို ဆက်လက်ဖြေရှင်းမလဲ ဦးခင်ရီဖြေပါ...

ဒီကိစ္စတွေ ဘယ်လို ဆက်လက်ဖြေရှင်းမလဲ ဦးခင်ရီဖြေပါ...

ဒီဓာတ်ပုံပါ လိုလျှင်ညာ ကိစ္စတွေ မပြောခင် ကမ္ဘာပေါ်မှာ ဒုတိယ ကင်ဆာဖြစ်ပွားမှု အများဆုံးဆု လက်ခံရရှိထားတဲ့ မြန်မာပြည်မှ စားသောက်ကုန်ဆိုင်ရာ ဥပဒေရဲ့ လစ်ဟာမှုတွေ အတွက်မေးခွန်းထုတ်ချင်သည်။ တလောက အသိမြန်မာ ဆရာဝန်တဦးနှင့် တွေ့ဆုံ စကားပြောဖြစ်ရင်း မြန်မာပြည်အတွင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ စားသုံးရန် မသင့်ဆိုသော စားသောက်ကုန်များနှင့် ပတ်သက်ပြီး မေးမြန်းကြည့်မိသည်။

စားသုံးရန် မသင့်သော စားသောက်ကုန်များအဖြင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ ကြေငြာသည်။
နောက်ဆက်တွဲ မည်သို့ အရေးယူသည် ဟူသော ကြေငြာချက် မကြားမိ။ ပြင်းပြင်းထန်ထန် အရေးယူသည် ဟူသော နောက်ဆက်တွဲ သတင်းများ မဖတ်မိ မမြင်မိ။
အဆိုပါ ကုမ္ပဏီများ မည်သို့ဆက်လက် လုပ်ဆောင်ပါသလဲဟု မေးမြန်းကြည့်မိတယ်...။
ကုမ္ပဏီအမည်သစ်နဲ့ ဆက်လက်သွင်းယူပါတယ်တဲ့..။

ဒါနဲ့ တဆက်တည်း ယနေ့ Reuters သတင်းဋ္ဌာနရဲ့ စစ်တွေမြို့ ဘင်္ဂလီရွာများမှ သန်းခေါင်စာရင်း ကောက်ယူစဉ် မြင်တွေ့ရတဲ့ ဓာတ်ပုံများကို ကြည့်မိသည်..။
ပြည်ပမှ ဘင်္ဂလီအော်ချက်များ၊ လှုံဆော်ချက်များကြောင့် ဘင်္ဂလီအိမ်များနှင့် နားမလည် ပါးမလည် ဘင်္ဂါလီ ကလေးသူငယ်များပါ မကျန် ရိုဟင်ဂျာဟု ရေးသွင်းရန် လှုံဆော်ထားချက်များကို တွေ့ရှိရသည်..။

ရိုဟင်ဂျာဟု ဖြေလျှင် သန်းခေါင်စာရင်း မသွင်းဆိုရုံနှင့် ယခုကိစ္စသည် ပြီးစီးသွားမည် မဟုတ်ပေ..။ နောက်ဆက်တွဲ မည်သို့ အရေးယူမည် မည်သို့ လုပ်ကိုင် ဆောင်ရွက်မည်ဟူသော ဗျူဟာများ ချမှတ်ထားသည်ကို ရှင်းရှင်းလင်းလင်း သိလိုသည်...။ အများပြည်သူ သိအောင်ချပြသင့်သည်။

လူကို အန္တရယ် ပြုစေနိုင်သော အစာအစာများအား ကဲ့သို့ မစားသုံးသင့်ဟု ကြေငြာသည် နောက်ဆက်တွဲ အရေးယူမှုများ ပေါ်ထွက်မလာခဲ့...။
ယခုဘင်္ဂလီ အရေးသည်လည်း ကင်ဆာရောဂါကဲ့သို့ အမြစ်တွယ်နေပေပြီ...။ ကင်ဆာရောဂါဟု အဖြေပေးနေရုံနှင့် မပြီး မည်သည့်ဆေးနှင့် ကုသမည် မည်သို့ ကိုင်တွယ် ဆောင်ရွက်မည် ဆိုသည့် နောက်ဆက်တွဲ အဖြေသိဖို့ လိုပေသည်...။ ရိုဟင်ဂျာဟု ဖြေဆိုလျှင် သန်းခေါင်စာရင်း မသွင်းဟုဆိုသော ဖြေဆေး၊ သွေးဆေး၊ မန်းဆေးလောက်နှင့် လတ်တလော မီးစင်ကြည့်ကခဲ့၍ တိုင်းပြည်နစ်နာပေါင်းလဲ များပေပြီ။ ကင်ဆာကဲ့သို့ အန္တရာယ်ကြီးသော ကိစ္စအား သေချာ မကိုင်တွယ်နိုင်လျှင် အချုပ်အချာ အာဏာကိုပါ ထိပါး နှောင့်ယှက်လာလေမည်။

ပြည်တွင်း လူကြီးမင်းတို့ ကြံ့ဖွံ့ပါတီဝင် လွှတ်တော်တွင်းမှ အရှင်မွေး၍ နေ့ချင်းကြီးသူ အမတ်၃ဦးမှလည်း ရိုဟင်ဂျာဟု ဖြေဆိုလျှင် မည်သို့အရေးယူမည်နည်း။ ယခုလက်ရှိ ရိုဟင်ဂျာဟု ဖြေဆိုသူ ဘင်္ဂလီများအား သန်းခေါင်းစာရင်း မကောက်လျှင် လူဦးရေစာရင်းတွင် မည်သို့ဆက်လက် ဆောင်ရွက်မည်နည်း။ ဥပဒေအတိုင်း ဆောင်ရွက်မည် ဆိုလျှင် မည်သို့ အရေးယူမည်နည်း။ အဆိုပါသူများသည် မိမိတိုင်းပြည်တွင်း ပြည်သူ့ဘဏ္ဍာများအား အသုံးပြု၍ လက်ခံထားရခြင်း ဖြစ်သည်...။ ရေရှည် မည်သို့ ဆောင်ရွက်မည်နည်း။ လူကြီးမင်းတို့ ယာယီ White Card ထုတ်ပေးထားသူများသည် မည်သည့်လူမျိုးဟု ထည့်သွင်းထားသနည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ဖြေကြားပေးပါရန်..။



ဒီမိုဝေယံ

ဓာတ်ပုံ Soe Zay Yar (Reuters)

ဘာ ဘာတဲ့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေက ဘင်္ဂလီတွေကို ဘင်္ဂလားဒေရှ့် နိုင်ငံနဲ့ ပေါင်းပေးရမယ် ဟုတ်စ...

ဘာ ဘာတဲ့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေက ဘင်္ဂလီတွေကို 
ဘင်္ဂလားဒေရှ့် နိုင်ငံနဲ့ ပေါင်းပေးရမယ် ဟုတ်စ...

ေေ  ရေးသား ပေးပို့သူ (ဝံသာနု ရက္ခိတ..)

ဘင်္ဂလားဒေရှ် Dhaka Tribune သတင်းစာမှာ ပါတဲ့ A referendum in Rakhine state? ဆောင်းပါးပါ ( http://www.dhakatribune.com/op-ed/2014/mar/20/referendum-rakhine-state ) ဘူးသီးတောင်၊ မောင်တော၊ စစ်တွေက ရိုဟင်ဂျာတွေကို ခရိုင်းမီးယားလို ဆန္ဒခံယူပွဲလုပ်ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံနဲ့ ပေါင်းပေးရန် ရေးလာတာကို ဖတ်ရတော့ သနားစရာလို့ ဘဲ ပြောလို်က် ချင်ပါတယ်။

ခရိုင်းမီးယားမှာ ရုရှားက ဝင်စွက်ဖက်ပြီး ဟန်ပြမဲဆန္ဒယူတာလုပ်တာကို မသိတာ ၊ သဘောမပေါက်တာ လှစ်ဟပြလိုက်တာပါဘဲ။ ခရိုင်းမီးယား ဒေသက ရုရှားလူမျိုး ရုရှားဘာသာ စကားပြောသူတွေနေတာ။ တကယ်တော့ ယူကရိန်းမှာကို ဆိုဗီယက်ခေတ်က ရုရှးဘာသာက ရုံးသုံးစကား။ ရုရှားလက်အောက်က လွတ်မြော်ကလာတာ မကြာသေး။

ဒီတော့ ရုရှားက သူလူမျိုးတွေကိုကာကွယ်ဖို့ ဗြောင်ပြော ဝင်လာတာ။ နိုင်ငံတကာက ပြောဖို့  အခက်တွေ့ နေတယ်။

ဒီမှာ ၁၉၈၀ ဝန်းကျင် ခိုးဝင်ဘင်္ဂလီ ကုလားတွေကို နိုင်ငံသားစစ်တော့ ဘင်္ဂလီကုလားတွေ ထွက်ပြေးကြတယ်။ ဘင်္ဂလားဒေရှ့် က သူလူတွေ မဟုတ်လို့ ယနေ့ အထိငြင်းနေတယ်။ ၁၉၉၀ မှာ တစ်ကြိမ်ငြင်းနေတယ်။ ဘင်္ဂါလီစကားဘဲ တတ်ကြသူတွေကို သူလူမျိုးမဟုတ်ငြင်းဆိုခဲ့တာ သမိုင်းတစ်လျောက်လုံး။ အခုလဲ ရိုဟင်ဂျာအော်နေတယ်။

အခုကျတော့ သူတို လူမျိုးလို့  ပြောလိုက်တဲ့ အဓိပါယ်သက်ရောက်နေတဲ့ တောင်းဆိုမှု။ ဘင်္ဂလီမျိုးတူက ကိုယ်ပြောလိုက်တာ ဘယ်လိုဂယက် ရိုက်လာမယ်မသိဘဲ သနားဖို့ တောင်ကောင်းသေး။ ဒီတော့ ဘူးသီးတောင် မောင်တော က ဘင်္ဂလီစကားပြော ကုလားတွေဟာ ဘင်္ဂလားဒေရှ့် က ခိုးဝင်နေသူတွေ ဆိုတာကို ဘင်္ဂလားဒေရှ့်  သတင်းစာဆရာက ဝန်ခံလိုက်ပြီ။

ဒီခိုးဝင် ဘင်္ဂါလီတွေကိုမှ ရိုဟင်ဂျာ ဆိုပြီး သန်းကောင်စာရင်းကောက်သူဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘင်္ဂါလီခိုးဝင်တွေကို မဲထဲ့ခွင့် ပါတီထောင်ခွင့်ပေးပြီး ပြဿ
နာပေါ်အောင်လုပ်၊ ရွေးကောက်ပွဲအပြီး ဆူပူအကြမ်းဖက်မှုတွေ လုပ်ပြီး အာဏာပြန်သိမ်းရအောင် နိုင်ငံရေးကစားဖို့  ခြေလှမ်းပြင်နေတာ ထင်ရှားနေပါပြီ။

အချုပ် ဘင်္ဂလားဒေရှ့်က တော့ ဝန်ခံလိုက်ပြီ။ နယ်စပ်က ဘင်္ဂါလီစကားပြော ဘင်္ဂလိမ်တွေဟာ ဘင်္ဂလီလူမျိုးတွေ လို့  ဝန်ခံလိုက်ပြီ။
သတ္တိရှိရင် ရုရှားက စစ်တပ်နဲ့  ကျူးကျော်သလို လာစမ်းကြည့်လိုက်လေ ဘင်္ဂလားဒေ့ရှ်ရေ။ တပြည်လုံးရှိ ခိုးဝင်တွေ ဖေါ်ထုတ်ပွဲကြီးကို ပျော်ပျော်ကြီးဆင်နွှဲ လိုက်ကြရုံပေါ့။

ခိုးဝင်ဘင်္ဂါလီတွေကို နိုင်ငံတော် စီမံချက်နဲ့  DNA စစ်ဖို့ လိုနေပြီဆိုတာ တပ်လှန့် လိုက်တာပါဘဲ။ ဗိုလ်သိန်းစိန် ၊ ဗိုလ်ရွှေမန်းတို့  နိုင်ငံတော် လုံခြုံရေးအမြင် ဘယ်လောက် စူးရှတယ် ကြည့်ကြသေးတာပေါ့။ သူတို့ စစ်တပ်အုပ်ချုပ်လို့  ဒီစောက်ဘင်္ဂလိမ် ပြသနာတက်ရတာ။

ေေေေေေေေေ   ရေးသား ပေးပို့သူ
   (ဝံသာနု ရက္ခိတ..)

၂၀၁၂နှစ် ၆လပိုင်းက (ဝံသာနု ရက္ခိတ..) ရေးသားတဲ့ ဘင်္ဂလီစစ်တမ်း ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2012/06/blog-post_7423.html

စာမြည်း...

(၄) အာရပ်ကုန်သည်တွေက ဆင်းသက်လာခြင်း

နောက် ဒီဘင်္ဂလိမ်တွေဟာ သူတို့လိမ်ပြောနေသလို အာရပ်သွေး ပါတယ်ဆိုရင် အာရပ်နိုင်ငံတွေကို သွားတောင်းဆိုပေါ့။ အာရပ်နိုင်ငံတွေကို ကျနော်တို့ဆီမှာ ခင်ဗျားတို့ ဒီအင်အေ သွေးတွေ ရှိနေတယ် သွားပြောပေါ့။ နိုင်ငံသား ခံယူတယ်ဆိုတာ ဖခင်မျိုးရိုးကို ဆက်ခံရတာလေ။ သဘောင်္ပျက်လို့ သောင်တင် လာပြီး ဖြစ်လာတယ်ဆိုရင် အာရပ် အမျိုးသမီး ကုန်သည်တွေ မပါပဲ ဘယ်လိုလုပ် လူဦးရေတိုးပြီး လူမျိုးစု ဖြစ်လာတာလဲ။ သဘောင်္ပင်လယ်ထဲ မျောလာတာ အာရပ်ကုန်သည်မ တွေလို့မှ လိမ်မထားတာ။ နောက်သူတို့ ဘာသာမှာ မိန်းမတွေက ကုန်သွယ် ခရီးထွက်ခွင့် မရှိဘူးလေ။

(၅) ဒီသင်္ဘောပျက် ပုံပြင်လေးကို

အနောက်နိုင်ငံက မီဒီယာကြိးတွေ လူအခွင့်အရေးအဖွဲ့က ဆရာကြီးတွေကို ပြောလိုပါတယ်။ ဒီဘင်္ဂလီ တွေကတော့ လိမ်ရမှာ တစ်စက်လေးမှ ၀န်မလေးပါဘူး သူတွေဖြစ်တော့ ကြံရာမရ လိမ်မှာဘဲ။ သူတို့ အတွက်လိမ်ဖို့ရာ တစ်စက်လေးမှ ၀န်မလေးသလို မထူးဆန်းပါဘူး။ ပညာကမတတ်တော့ ဖြစ်နိုင်ခြေရှိမရှိကို မသုံးသပ်ဘဲ ပါးစပ်ထဲ တွေ့ကရာတွေ လိမ်လာပါတယ်။ ခင်ဗျားတို့က ပညာတွေ တတ်ထားသူတွေ။ ရထားတဲ့ဘွဲ့ ကိုထောက်ထားပြီး ချင့်ချင့်ချိန်ချိန်လေးလဲယုံကြဖို့ သင့်ပါတယ်။

ကဲဒီ အာရပ်ကုန်သည်တွေ သင်္ဘောပျက်လို့ ဆိုတာကို ပြန်ဆန်းစစ်ကြည့်ပါ။ လွန်ခဲ့တဲ့ နှစ်၁၀၀၀-ကျော် အချိန်ကဆိုတော့ A.D-700-800 ၀န်းကျင်ပေါ့။ ကမ္ဘာ့သင်္ဘော ရေကြောင်းလိုင်း သမိုင်းကို ဘီဘီစီသတင်းဌာနကြိးက မှတ်တမ်းပြုပြီးရုပ်သံလွှင့်ကနေ တင်ဆက်ထားတာကတော့ A.D.-1400-ကျော်ဝန်းကျင်မှာ တရုတ် ရေတပ်မတော်ကြီးတခု အာရေဗျ ဒေသအထိ တစ်ကြိမ် ရောက်လာဖူးကြောင်း တင်ဆက်ထားပြီး ဒီမတိုင်ခင် ပင်လယ်ဖြတ်ကူးမှု အထူးသဖြင့် အိန္ဒိယ သမုဒ္ဒရာဖက်မှာ ကူးလူးတာ မရှိသေးဘူး ဆိုထားပါတယ်။ တရုတ်ရေတပ်ကြီး နောက်ပိုင်း နှစ်တရာကျော်ကြာမှ ပေါ်တူဂီက Vasco da Gama 1497 နှစ်မှာ အိန္ဒိယဘက်ကို ရွက်လွှင့်ခဲ့တာပါ။ သစ်ပင်ရှားပါးတဲ့ အာရပ်ဒေသက လူတွေ ရေကြောင်း မချီနိုင်ခဲ့ပါဘူး။

နောက် ဘီဘီစီက ဆရာကြိးတွေကို ပြောချင်ပါသေးတယ်။ ဆူမားတြားကျွန်း ဘက်လာတဲ့ အာရပ်ကုန်သည် သင်္ဘောတွေ မုန်တိုင်းမိလို့ ပျက်ပါတယ်ဆိုရင် အဲဒီသင်္ဘောတွေဟာ သီဟိုလ်ကျွန်းဘက်ကိုဘဲ မျောသွားပါမယ်။ နောက်ဆုံး ဆူမားတြား ဘက်ကိုဘဲ မျောသွားပါမယ် ဆိုတာ ခင်ဗျားတို့ ခိုလှုံနေထိုင်နေတဲ့ အင်္ဂလန်နိုင်ငံက ကမ္ဘာ့သင်္ဘောလိုင်းတွေ အားထားနေရတဲ့ ပင်လယ်ရေပြင်ကြီး အကြောင်း နှစ်စဉ် ထုတ်ပြန်နေတဲ့ ကမ္ဘာကျော် ရေကြောင်းဆိုင်ရာ အချက်အလက် ဆော့ဝဲလ်ကိုထုတ်နေတဲ့ Admiralty Digital Publications ADP ကို လေ့လာပါဦး ပြောချင်ပါတယ်။ ဘီဘီစီဌာန မှာ ရှိပါတယ်။ The United Kingdom Hydro lographic Office..Admiralty Way, Tauton, Somerset TA 1 2DN,UK ..( Tel )+44 (0) 1823 723366 email.customservices@ukho.gov.uk ကို ဆက်သွယ်ပြီး သူတို့အမြင် ပညာရှင်စစ်စစ်တွေရဲ့ သဘောထားကို တောင်းခံကြည့်ပါဦးလို့ ပြောချင်ပါတယ် ။

နောက်တစ်ခုပေါ့။ မနှစ်မိုးကုန်စက ဧရာဝတီမြစ်ဝကို လေကြမ်းမွှေလိုက်ပြီး ဧရာဝတီမြစ်ပေါက်မှာ ၀ါးတွေနဲ့ လုပ်ထားတဲ့ ကျားဖေါင်တွေ ရခိုင်ဘက်ကို မမျောဘဲ အောက်ဘက် Andaman Islands ဘက်ကို မျောသွားတာ မှတ်မိပါဦးမယ်။ ဘင်္ဂလီတွေ လိမ်ထားတာတွေ ဟုတ်မဟုတ် ပြန်စဉ်းစား ချင့်ချိန်ပါဦး။ ဒေါ်လာမက်ပြီး အဖန်ဖန် ရဲရဲလိမ်နိုင်ရင် အမှန်ဖြစ်လာမယ်ဆိုတဲ့ အာဏာရှင်ကြီး ဟစ်တလာ အကျင့်ဆိုးတွေကို ဒီမိုကရေစီနိုင်ငံမှာခိုလှုံ ဒီမိုကရေစီ အသံလွှင့်ဌာနကြီးရဲ့ ငွေတွေစားနေပြီး ကပြောင်းကပြန် လုပ်နေတာ အလွန်မှ မသင့်လျှော်ပါကြောင်း။

အခုလဲ ကျနော်တို့ ဧရာဝတီမြစ်ပေါက် အလွန်ကနေ ပစ္စည်းတွေ မျောကြည့်ပါဦး။ ဒီလိုဘဲ ဆူမားတြား ပင်လယ်ကနေလဲ ဆယ်ကြိမ်ဆီလောက် မျှောကြည့်ပါဥိးလို့ စိန်ခေါ်လိုက်ပါတယ်။ ပြောပြန်ရင်လဲ လူစွာလုပ်တယ် ပြောခံရပါဦးမယ်။ ကျနော် အသက်၁၃-နှစ်သား လောက်ကထည်းက လူတိုင်းပြောဆိုနေတဲ့ ပုံပြင်လေးကို ဆန့်ကျင်လို့ ခဏခဏ ပြသနာ တက်ခဲ့ရပါတယ်။ ဆင်သေကောင်နဲ့ ကျီးကန်းမိုက် ပုံပြင်လေးပါ။ ကျနော်ငယ်ငယ် ပင်လယ်ဘက်ကို မကြာခန ရောက်ခဲ့ဘူးပြီး လူကလဲ လူကြိးတွေကို မေးခွန်းထုတ်တတ်တဲ့ အကျင့်ရှိတော့ ပင်လယ်ပေါက်ကနေ ဘာပစ္စည်းမှ ပင်လယ်ထဲကို မျောမသွားဘူး ပင်လယ်ပေါက် အနီးမြစ်ပေါက်ဝ ထဲမှာဘဲ တ၀ဲလည်လည် ရှိနေတာဆိုတဲ့ အသိလေး ရလိုက်တော့ ခေါင်းထဲ ဆင်သေကောင်ကြီး ပင်လယ်ထဲ မျောသွားတယ်ဆိုတာ လက်မခံနိုင်တော့ပါဘူး။

(၆) ဗြိတိသျှဂေဇက် မှတ်တမ်းများ

၂၀၁၂နှစ် ၆လပိုင်းက ရေးသားတဲ့ ဘင်္ဂလီစစ်တမ်း ဆက်ဖတ်လိုလျှင် http://www.demowaiyan.org/2012/06/blog-post_7423.html

ရိုးသားစွာ ထမင်းဆိုင်ရောင်းနေတဲ့ ဗိုလ်ချုပ်လွန်းမောင်(ငြိမ်း)...

ရိုးသားစွာ ထမင်းဆိုင်ရောင်းနေတဲ့ ဗိုလ်ချုပ်လွန်းမောင်(ငြိမ်း)
Khing Maung Win (AP)ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်..။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အငြိမ်းစားပေးခံရတဲ့ နိုင်ငံတော်စာရင်းစစ်ချုပ်
အငြိမ်းစားဗိုလ်ချုပ်လွန်းမောင် ကိုဘီလင်းမြို့အစွန်မှာ ဖွင့်ထားတဲ့ အောင်ပြည့်စုံစားသောက်ဆိုင် မှာ တွေ့ ခဲ့ရပါတယ်။ ကျနော်တို့ ရောက်သွားတဲ့ ည၇နာရီပေါ့။ ဆိုင်မှာလူရှင်းနေပါတယ်။

ဆိုင် အတွင်းမှာတော့စားပွဲတွေကို တ ယောက်ထဲရှင်းနေပြီး ရေ နွေးအိုးတွေလိုက်သိမ်းနေပါတယ်။ ကျနော်တို့ ဆိုင် ထဲကိုဝင် လာတာနဲ့ ခရီးဦးကြိုပြုပါတယ်ထိုင်ကြပါကွယ်..။ ဘာများသုံးဆောင်ကြမလဲ အေးအေးဆေးဆေးနာကြနော်လို့ တယောက်ထဲ စားပွဲထိုးပေးနေပါတယ်။ စာစောင်တွေထဲမှာ မကြာ မကြာပါနေတော့ သူ့အကြောင်း ဖတ်ဖူးထားပါတယ်။ ကျနော့ဆရာမနဲ့ သူ့ ယောကျာင်္းက စပြီးသွားနှုတ်ဆက်ပါတယ်။ 

အန်ကယ်နေ ကောင်းပါလားဆိုပြီး မိတ်ဆက်လိုက်တော့ ဗိုလ်ချုပ်ကလဲ မြင် ဘူးနေပါတယ်ဆိုပြီး နှုတ်ဆက်ကြ၊ စကားစမြီပြောကြရင်း ဒီထမင်းဆိုင်လေးကို လွန်ခဲ့တဲ့၁၄နှစ်လေလာက် ကတည်းက သူ့ ဇနီးကဖွင့်ထားတာဖြစ်ကြောင်း သူ့ ရဲ့ လည်ပင်း ကင် ဆာဖြစ်လို့ သွားကုသရင်း နောင်ရေးအတွက်ဘာမှမပြင် ဆင် ရသေးကြောင်း ဒါကြောင့် သူ့ ဇနီးက ဝါးတဲလေးနဲ့ စဖွင့်တာပါလို့ ပြောပြခဲ့ပါတယ်။


အခုသူ့ ကို အနားပေးလိုက်တဲ့အချိန်မှာ သူ့ ဇနီးကို ကူညီလိုက်ကိုင်ပေးရင်းဘဝကိုရိုးသားစွာ အေးချမ်းစွာဖြတ်သန်းနေပါတယ်လို့ ပြောပြရင်း တချက်တချက်မှာတော့ စိတ်က အ ဝေးကိုပြန့် သွားတတ်ပြီး လူတချို့ကို နာကျည်းနေပါတယ်.။
စပြီးဆိုင် ထိုင် ခါစမှာ အသားမကျမှု တချို့ ရှိခဲ့ပေမဲ့ အခုတော့အသားကျ သွားပါပြီ ဝိပသနာတရား အားထုတ်ရင်း လည်ပင်းကင်ဆာလဲ ပျောက်သွားပါပြီလို့ ရယ် ရယ်မောမောပြောပြရင်း လုပ်လက်စ အလုပ်တွေကို ဆက်လုပ်နေပါတယ်။


ကျနော်တို့ လည်း ရှေ့ခရီးဆက်စရာ ရှိနေလို့ နှုတ်ဆက် ရင်း ရိုးသားစွာ စားပွဲထိုးပေးနေတဲ့ နိုင် ငံတော် စာရင်းစစ်ချုပ်ဟောင်း ဗိုလ်ချုပ်လွန်းမောင် အား လေးစားသမှုဖြင့်

(ဗိုလ်ချုပ်လွန်းမောင်လို လူမျိုးကိုလေးစားပါတယ်)


Khing Maung Win (AP)ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်..။


ရိုးသားတဲ့သူတွေ ဘေးရောက်တဲ့ ခေတ်..

ဗိုလ်ချုပ်လွန်းမောင်အကြောင်း ဒီသတင်းဆောင်းပါးလေးကို ဖတ်မိရင်းက တလောက မီဒီယာရုပ်သံ အမေးအဖြေတခုမှာ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ဆိုတာတောင် နားမလည် တန်ဖိုးထားကောင်း ရမှန်းမသိ ငါတကောကောခဲ့တဲ့ နေဝင်းမီးငြိမ်းခေတ်က ဖိန့်ဖိန့်တုန်အောင် တန်ခိုးအာဏာထွားခဲ့သူ ကော်ဖီဆိုင်ဖွင့်၊ သစ်ခွ ရောင်းနေပါတယ်ဆိုတဲ့ ယခုတိုင် မာနမြေမကျသေးတဲ့ ဟိုပုဂ္ဂိုလ်နဲ့တော့ ဆီနဲ့ရေလိုပါပဲ။

ဒီမိုဝေယံ

ဓါတု လက်နက်စက်ရုံမှုခင်း အပေါ် ဥပဒေကြောင်း သုံးသပ်ချက် ဦးအောင်ထူး (ရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ

ဓါတု လက်နက်စက်ရုံမှုခင်း အပေါ် ဥပဒေကြောင်း သုံးသပ်ချက်
ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ

မကွေးတိုင်း ပေါက်မြို့ နယ်တွင် စစ်အစိုးရ တည်ထောင်ထားသော လက်နက်စက်ရုံသတင်း ကို ယူနီတီ ဂျာနယ်တွင် ဖေါ်ပြခဲ့သဖြင့် သတင်းထောက်ကိုလူမော်နိုင်အား ဖမ်းဆီးပြီး တရားဝင်လျှို့ ဝှက်ချက် ဥပဒေအရ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အရေးလိုက်သည့်အပြင် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း နှင့် အခြားသတင်းထောက် သုံးဦး တို့ အား ဆက်လက် ဖမ်းဆီးထားသည့် မှုခင်းနှင့် စပ်လျှဉ်း၍[1] ဥပဒေကြောင်းအခြေခံမှလည်းကောင်း၊ လူတဦး ချင်းစီ၏ အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖေါ်ခွင့် ရှုဒေါင့်နှင့် တိုင်းပြည်၏ အကျိုးဖြစ်သည့် တရားဝင် လုံခြုံမှု ရှုဒေါင့် တို့ မှ လည်းကောင်း ချဉ်းကပ်သုံးသပ်ပါမည်။

ထိုကဲ့သို့ သတင်းစာဆရာများအား အရေးယူလိုက်ခြင်းမှာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို ဆုံရှုံးစေ သဖြင့် ဒီမိုကရေစီကို ထိခိုက်စေသည်ဟူ၍လည်းကောင်း၊ အဆိုပါသတင်းစာဆရာများသည် တိုင်းပြည်၏ လျှို့ ဝှက် ချက်ကို ဖေါ်ထုတ်လိုက်သဖြင့် တည်ဆဲဥပဒေကို ချိုးဖေါက်လိုက်ခြင်းဖြစ်သည် ဟူ၍လည်း ကောင်း အလွယ်တကူ နိဂုံးမချုပ်သင့်ပါ။ ပထမ တခုသည် လူတဦးချင်းစီ၏ အခွင့်အရေးကို အဓိက ထားသည်။ ဒုတိယ တခုသည် လူ့ အဖွဲ့  အစည်းတရပ်လုံး၏ အကျိုးစီးပွားကို အဓိကထားသည်။ ဤနှစ်ခုကို မှန်ကန်စွာ ပေါင်းစပ်နိဂုံးချုပ် အဖြေရှာရန် လိုအပ် လာသည်။

လွတ်လပ်စွာထုတ်ဖေါ်ခွင့်သည် လူ့ အဖွဲ့ အစည်း၏ အသက်သွေးကြောဖြစ်သည်။ သို့ ရာ တွင် လွတ် လပ်စွာထုတ်ဖေါ်ခွင့်သည် အကန့် အသတ်မဲ့ မဟုတ်ပါ။ အကန့် အသတ်နှင့် ကျင့်သုံးရသည်။ တချိန်တည်း၌ ကန့်  သတ်မှု နည်းနိုင်သမျှ နည်းအောင် ကြိုးစားရသည်။[2] ကန့် သတ်မှု နည်းလေလေ၊ လွတ်လပ်မှု ပိုရလေလေဖြစ်သည်။ ရှိသင့် သော အကန့် အသတ်အောက်တွင် ယူနီတီဂျာနယ်မှသတင်းစာဆရာများအား အရေးယူလိုက်ခြင်းဖြစ် သလား၊ သို့ မဟုတ် ကျယ်ပြန့် ပြီး ဒီမိုကရေစီ၏ အနှစ် သာရ ကို ထိပါးစေနိုင်သည့် အကန့် အသတ်အောက်တွင် အရေးယူခံရ သလား ဟူသည်ကို ဆန်းစစ်ရန် လိုအပ်လာသည်။

ဥရောပ တိုက်၏ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် အဖြစ်မှ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံစာရင်း ၀င်အဖြစ်သို့  နှစ်ပေါင်း ရှစ်ဆယ်မျှအတွင်းပြောင်းလဲ သွားခဲ့သောဆွီဒင် နိုင်ငံတွင် လွတ်လပ်ထုတ်ဖေါ်ခွင့်ကို ကိုင်စွဲ၍ ဒီမိုကရေစီကို ဖေါ်ဆောင်ကြောင်း ကျေညာကျင့်သုံးသည်။ အကျိုးဆက်အနေဖြင့် ရှင်းရှင်းလင်း လင်းရှိမှုကို ဆန်းစစ်ဖေါ်ထုတ်သော နိုင်ငံတကာအဖွဲ့ အစည်း[3] ၏ အကဲဖြတ်ချက်အရ ဆွီဒင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လာဘ် စားမှု အရှင်းလင်းဆုံးနိုင်ငံ များစာရင်းတွင် ထိပ်ဆုံးပိုင်းမှ ပါလေ့ရှိပြီး ၂၀၁၃ ခုနှစ်တွင် ဖင်လန် နိုင်ငံနှင့် ပူးတွဲ ၍ တတိယ နေရာတွင် ရှိသည်။ လာဘ်စားမှု အရှင်းလင်းဆုံးနိုင်ငံများအနက် ပထမ နေရာတွင် ပူးတွဲရှိနေသူ များမှာ ဒိန်းမတ် နှင့် နယူးဇီလန် တို့  ဖြစ်သည်။

လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို ကျင့်သုံးခွင့်အများဆုံးရနေသော ဆွီဒင်နိုင်ငံမှာပင် လက်နက် စက်ရုံ ပေါင်း မြောက်များစွာရှိသည်။ လက်နက်များ၊ လက်နက်ထုတ်လုပ်ရေး နည်းပညာများ ကို အခြားနိုင်ငံ များသို့ ရောင်းချ ကာ ၀င်ငွေရှာသည်။ ယင်းတို့ သည် နိုင်ငံ၏တည်ဆဲဥပဒေအရ[4] ယေဘုယျအားဖြင့် လျှို့ ဝှက်သတင်း[5] များဖြစ်သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖေါ်ပြ ပုံနှိပ်ထုတ်ဝေ ဖြန့် ချီ ခွင့်မရှိ။ ဥပဒေအရ အရေးယူ အပြစ်ပေးခံရပေမည်။ သူလျှိုလုပ်မှု[6] သို့ မဟုတ် သူလျှိုလုပ်ရန် အားထုတ်မှုသည် ကြီးလေးသည့် ရာဇ၀တ်မှု ကျူးလွန်ရာရောက်သည်။

၂၀၁၂ ခုနှစ်မတ်လတွင် ဆွီဒင်နိုင်ငံမှ လက်နက်ထုတ်လုပ် သည့် နည်းပညာများကို အသုံးချ ကာ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ သွားရောက်ပြီး လက်နက်စက်ရုံတည်ပေးရန် ဆွီဒင် အစိုးရ၏ အားထုတ်မှုကို ဆွီဒင် ရေဒီယိုသတင်းထောက်သုံးဦး[7] က ဖေါ်ထုတ်ရေးသားခဲ့သည်။ ယင်းမှာ အစိုးရ၏ ကာကွယ်ရေးမူဝါဒ[8] နှင့် ဆိုင်သော လျှို့ ဝှက်သတင်းဖြစ်သည်။ သတင်းထောက်များမှာ သူလျှိုလုပ်မှုဖြင့်အရေးယူမခံရသည့် အပြင် ၂၀၁၃ ခုနှစ် ဧပြီလ တွင် စုံစမ်းစစ်ဆေးမှုအပေါ်အခြေခံသည့် သတင်းပညာဆု[9] ရရှိသွားကြသည်။[10]

ယူနီတီ ဂျာနယ်မှ သတင်းထောက်အပေါ် စွဲဆိုထားသည့် တရားဝင်လျှို့ ဝှက်ချက် ဥပဒေ[11] ပုဒ်မ ၃ (၁) မှာ သူလျှိုလုပ်မှု[12] ဖြစ်သည်။ ပုဒ်မ (၉) သည် အားထုတ်မှုဖြစ်သည်။ ဗြိတိသျှအုပ်စိုးသည့် ခေတ် ၁၉၂၃ ခုနှစ်တွင် ယင်းဥပဒေကို အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံ လုံးတွင် ပြဌာန်းကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျင့်သုံးပုံခြင်း အတူ တူ လူ့ အဖွဲ့ အစည်းနောက်ခံကွာခြားသော အခါ အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံထက်များစွာသာလွန်ကြောင်းတွေ့ နိုင်သည်။ အိန္ဒိယတွင် ဒီမိုကရေစီကိုတန်ဘိုးထားသည့်အပြင် လွတ်လပ်သော တရားစီရင်ရေးစနစ် လွန်စွာအားကောင်းသည်။ တရားဝင်လျှို့ ဝှက်ချက် ဥပဒေ ကို ချိုး ဖေါက်ကြောင်းဖြင့် အိန္ဒိယ အစိုးရက သတင်းထောက် ဂီလာနီ ဆိုသူအား ၂၀၀၂ ခုနှစ် ဇွန်လတွင် တရား စွဲခဲ့သော်လည်း ခုနှစ်လခန့် အချုပ်နှင့်ရင်ဆိုင်ခဲ့ရပြီးနောက် အမှုကို ပြန်လည်ရုပ်သိမ်းပေး လိုက်သည်။[13]

“တရားဝင်လျှို့ ဝှက်ချက် ဥပဒေဟာ အလွန်ရှေးကျလွန်းတယ်။ လျှို့ ဝှက်ချက် ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုချက် မရှင်းလင်းဘူး။ ဗြိတိန်မှာ ၁၉၈၉ ခုနှစ်မှာ အဲဒီဥပဒေကို ဖျက်သိမ်း ခဲ့ပြီး လုံးဝ ကွဲပြားတဲ့ဥပဒေကို ကျင့်သုံး နေပြီ။ ဒီဥပဒေကို အိန္ဒိယမှာ တစစီဖျက်ပစ်သင့်နေပြီ” ဟု ဂီလာနီက ပြောခဲ့သည်။[14] မြန်မာနိုင်ငံတွင်လည်း အလားတူ သုံးသပ်ရမည် မုချဖြစ်သည်။

ဗြိတိန်ုနိုင်ငံတွင် အများပြည်သူ အကျိုးစီးပွားဖေါ်ထုတ်ခွင့်ဥပဒေ ကို ၁၉၉၈ ခုနှစ်တွင် ပြဌာန်းခဲ့ သည်။[15] ၄င်းအရ ဆိုလျှင် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမှုနှင့် ရာဇ၀တ်ပြစ်မှု စသည်တို့ နှင့် စပ်လျှဉ်း၍ ဖေါ်ထုတ် ခြင်းအား အကာအကွယ်ပေးကြောင်း ပြဌာန်းထားသည်။ ယင်းဥပဒေတွင် ပုဂ္ဂိုလ်ရေး အကာအကွယ်ပေးမှုများနှင့် စပ်လျှဉ်း၍ အငြင်းပွားမှုများရှိခဲ့သဖြင့် ပြင်ဆင်မှုများပြုခဲ့ရသော်လည်း ဥပဒေ အရ တာဝန်ရှိမှုကို ချိုးဖေါက်ခြင်းကဲ့သို့  သော အများ ပြည်သူအကျိုးစီးပွားကို ဦးတည်သည့် ဖေါ်ထုတ်မှုကိုမူ ဆက်လက်အတည်ပြုပြဌာန်းထားသည်။[16]

မြန်မာနိုင်ငံ၏ တည်ဆဲ တရားဝင်လျှို့ ဝှက်ချက် ဥပဒေ၏ မိခင်ဖြစ်သည့် ဗြိတိန် နိုင်ငံတွင် ယင်းဥပဒေ ထက်များစွာပိုကောင်းသော 1989 ခုနှစ် ဥပဒေ[17] ကိုသာမက အများပြည်သူ အကျိုးစီးပွားဖေါ် ထုတ်ခွင့်ဥပဒေ ကိုပါ ၁၉၉၈ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ယင်းကို ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၂၉ ရက်နေ့ တွင်နောက်ဆုံး ပြင်ဆင်ခဲ့သည်။ ထို့ အပြင် ၂၀၀၀ ခုနှစ်တွင် သတင်း လွတ်လပ်မှုဥပဒေကိုပါ ပြဌာန်းခဲ့ပြန်သည်။[18] ယင်းသို့ ဖြင့် လွတ်လပ် စွာ ထုတ် ဖေါ်ခွင့်သည် ပို၍ အားကောင်းလာခဲ့သည်။ အိမ်နီးခြင်း ဖြစ်သည့် ထိုင်းနိုင်ငံမှာပင် ၂၀၁၀ ခုနှစ် တရားဝင်သတင်း ဆိုင်ရာ ဥပဒေပေါ်ပေါက်လာခြင်းဖြင့် ပြည်သူလူထု၏ သိရှိခွင့်[19] ကို များစွာပို၍ အားဖြစ်စေသည်။

မြန်မာနိုင်ငံတွင်မူ လွန်ခဲ့သော နှစ်ပေါင်း ၉၁ နှစ်က ပြဌာန်းခဲ့သည့် ဥပဒေဟောင်းကြီးကို ယနေ့ တိုင် သုံးစွဲ နေဆဲ ဖြစ်သည်။ ဗြိတိန်နိုင်ငံကဲ့သို့  အများပြည်သူ အကျိုးစီးပွားဖေါ်ထုတ်ခွင့်ဥပဒေ သာ ရှိမည်ဆိုပါက ဓါတု လက်နက်များ ထုတ်လုပ်နေသည်ဟု ယူဆနိုင်သည့် လက်နက်စက်ရုံ အကြောင်း ဖေါ်ထုတ်ရေးသားသော ယူနီတီ
ဂျာနယ်မှ သတင်းထောက်များသည် ဆွီဒင်ရေဒီယိုမှ သတင်းထောက်များ ဆုရသကဲ့သို့  စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံသည့် သတင်းပညာဆု ရရှိကြပေမည်။ ဦးသိန်းစိန်အစိုးရ အနေဖြင့် နိုင်ငံတကာဥပဒေအရတာဝန်ရှိမှုအပေါ် လိုက်နာမှုရှိမရှိ စုံစမ်းစစ်ဆေး ဖေါ်ထုတ်နိုင်ရန် ကြိုးစား သောကြောင့်ဖြစ်သည်။ ယင်း မှာ အဘယ်နည်း။

ဓါတုလက်နက် ထုတ်လုပ်မှုကို နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားသည်။[20] ဤသည်ကို တကမ္ဘာ လုံးရှိ နိုင်ငံအားလုံးလိုက်နာကြရသည်။ သို့ ဖြစ်၍ ယင်းနှင့်စပ်ဆိုင်သည့် သတင်းအား တိုင်းပြည် ၏ တရားဝင်လျှို့ ဝှက် ချက် အနေဖြင့်လည်းကောင်း၊ တိုင်းပြည်ကာကွယ်ရေး နှင့် သက်ဆိုင်သည့် သတင်း အနေဖြင့်လည်းကောင်း ဖုံးကွယ် ထားခွင့်မရှိပါ။ ယင်းသို့ ဖြစ်ပါက နောင်နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ဆီးရီးယားနိုင်ငံတွင် အာဆတ်အစိုးရ ထုတ် လုပ် ခဲ့သည့် ဓါတုလက်နက်စက်ရုံများအား ကုလသမဂ္ဂက ကြီးကြပ်ပြီးဖျက်ဆီးပစ်ရသည့် အနေအထားမျိုးကဲ့သို့  ရောက်သွားနိုင်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် အထူးရံပုံငွေ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်သည် မည်သည့် အဖွဲ့ အစည်း၏ စာရင်းစစ်ဆေးမှုမျှ ခံယူစရာမလိုဘဲ တိုင်းပြည်ဘဏ္ဍာငွေများအား ထင်သလို အသုံးချခွင့်ရနေသည်။ ယင်းငွေများကို ဓါတုလက်နက် စက်ရုံအတွက်သုံးနေမည်ဆိုလျှင်လည်း မည်သူမျှ မသိနိုင်။ လူ့ အဖွဲ့ အစည်းနောက်ခံ သည် အမှောင်ဖုံးနေဆဲဖြစ်သဖြင့် အမှန်တရားဖေါ်ထုတ်ရန်ကြိုးပမ်းမှုများ ရှိနေသည်မှာ သဘာဝကျသည်။

ယူနီတီ ဂျာနယ်မှ သတင်းထောက်များသည် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို လူတဦးချင်း အနေဖြင့် ရိုးရိုးကျင့်သုံး နေခြင်း မဟုတ်။ Investigative Journalism ဟုခေါ်သည့် စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်း ပညာ ကို အသုံးပြု ကာ တိုင်းပြည်လူထု အကျိုးစီးပွားကို ဖေါ်ဆောင်ရန်ကြိုးပမ်း နေကြခြင်းဖြစ်ပုံရသည်။ ယင်းသို့ ဖြစ် ပါက ယူနီတီ ဂျာနယ်သည် သတင်းခေတ်တခေတ်ကို စတင်ဦးဆောင် နေခြင်းဟု အသိအမှတ်ပြုရပါမည်။ စုံစမ်းစစ် ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာကို လိုက်စားသော နိုင်ငံသားသတင်းသမားများ[21] အမြောက်အများပေါ်လာ ပါက လူ့ အဖွဲ့ အစည်းအပြောင်းအလဲကို ကြီးမားစွာ အထောက်အပံ့ဖြစ်ပါမည်။

၂၀၀၈ ဖွဲ့ စည်းပုံပေါ်အခြေခံတည်ဆောက်ထားသော လွှတ်တော်မှာမူ လူ့ အဖွဲ့ အစည်းကို စစ်မှန် သော လမ်းကြောင်းသို့ ဦးတည်ပြောင်းလဲနိုင်စွမ်း ရာနုန်းပြည့်ကင်းမဲ့လျှက်ရှိသည်။ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံရေး ဥပဒေအပါအ၀င် စစ်အာဏာရှင်အစိုးရအဆက်ဆက် ပြဌာန်းခဲ့သည့် မည်သည့် မတရားဖိနှိပ်သည့် ဥပဒေတခု တလေ ကို မျှ မရုပ်သိမ်းနိုင်။ ဒီမိုကရေစီ၏ အသက်သွေးကြော ဖြစ်သော အခြေခံလွတ်လပ်မှု အခွင့်အရေးသုံးရပ် (လွတ်လပ် စွာထုတ်ဖေါ်ခွင့်၊ စည်းရုံးခွင့် စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့  စည်းခွင့်) တို့ ကိုအာမခံပေးနိုင်သည့် ဥပဒေများအား မပြ ဌာန်း နိုင်ရုံသာမက ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေကဲ့သို့  ဗြိတိသျှကိုလိုနီခေတ်က ကျန်ရစ်ခဲ့ သည့် ဥပဒေအမွေ ကောင်းများကို ဖျက်ပစ်ခဲ့သည်။ လွတ်လပ်ရေးရစခေတ်က စည်းရုံးခွင့်၊ စုဝေးခွင့်များအား အောင်မြင်စွာကျင့်သုံးခွင့်ရ ခဲ့ သည့် ရဲဥပဒေများအား ချောင်ထိုးထားပြီး မတရားဖိနှိပ်သည့် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည် ခွင့် ဥပဒေကို ပြဌာန်းခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို အထောက်အပံ့ဖြစ်စေရန် တရားဝင် သတင်းဆိုင်ရာ ဥပဒေ မျိုးကို ပြဌာန်းပေးရန် မည်သည့် လွှတ်တော်အမတ်ကမျှ မမြွက်ဟကြရုံသာမက ဗြိတိသျှကိုလိုနီခေတ်က ကျန်ခဲ့ သည့် ဥပဒေအမွေဆိုးဖြစ်သော ၁၉၂၃ ခုနှစ် တရားဝင် လျှို့ ဝှက်ချက် ဥပဒေကို ပယ်ဖျက်ရုပ်သိမ်းရန် သို့ မဟုတ် အစားထိုးရန် မည်သူကမျှ အဆိုတင်သွင်းခြင်းမရှိ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လူထုထံမှ အကြံပေးစာ များ ရရှိသည်ဟု ဆိုသော်လည်း ၂၀၀၈ ဖွဲ့ စည်းပုံသည် ဖက်ဒရယ်အခြေခံလမ်းကြောင်းနှင့် ကင်းလွတ်လျှက်ရှိကြောင်း မည်သည့် လွှတ်တော်အမတ်မျှ မဆွေးနွေးရဲကြ။ ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ တွင် ဖက်ဒရယ် ဥပဒေရေးဆွဲရန် ဦးတီခွန်မြတ် နှင့် ဒေါ်နန်းဝါနုတို့ အား တာဝန်ပေးကြောင်း မိန့် မိန့် ကြီး ကြေငြာခဲ့သည့် လွှတ်တော်ဥက္ကဌ ဦးရွှေမန်း သည် မသိခြင်ယောင်ဆောင်လျှက်ရှိသည်။ ဖက်ဒရယ် ဥပဒေသည် ဘယ်ရောက်နေသည် မသိ။ ဥပဒေ အထက်မှာ လွှတ်တော် ရှိတယ် ဟူ၍ ကလိရုံမျှ ကလိခဲ့သည့် ဒေါက်တာဆိတ်ဖွား ဆိုသူအား ရှူးရှူးရှားရှားလုပ်ကာ ခုတ်မယ်၊ ထစ် မယ်၊ ပါးပါးလှီးမယ် ကြိမ်းဝါးခဲ့ကြသော လွှတ်တော်သည် ယခုတော့ သူတို့ နှင့် မဆိုင်သယောင်ပြုနေသည်။

“ဘယ်နိုင်ငံရေးပါတီကိုမျှ ဂရုမစိုက်၊ အစိုးရကို အတိုက်အခံလုပ်တဲ့ နိုင်ငံရေးသမားတွေကို ထောင်ချ ပစ်မယ်။” ဟူ၍ အသားလွတ် ကြိမ်းမောင်းခြိမ်းခြောက်နေသော နယ်လှည့်ပါးရိုက်ဝန်ကြီး ဗိုလ်ချုပ်ဟောင်းအုန်းမြင့် အား အရေးယူရန် ဝေးစွ။ လွှတ်တော်က မသိယောင်ပြုလျှက်ရှိသည်။ အနည်းအပါး ဝေဘန်ပြောဆိုမည်လားဟူသော မြှော်မှန်းချက်ကလေးဖြင့် ဒီဗွီဘီ သတင်းထောက်က အင်တာဗျူးသောအခါ လွှတ်တော်အမတ်တဦးက “ပန်းနဲ့ ပေါက် သလာက်ဘဲ သဘော ထားပါတယ်။” ဟူ၍ မခို့ တရို့ အပြုံးဖြင့် ပြန်ကြားခဲ့သည်။

လွှတ်တော်အမတ်ဟူသည် ပုဂ္ဂိုလ် တဦးအနေဖြင့် မိမိ၏ ခံစားချက်ကို ရှေ့ တန်းတင်ပြောရန်မဟုတ်။ လူ့ အဖွဲ့ အစည်း လျှောက်သင့်သည့် လမ်းကြောင်း ကို ဦးတည်၊ လူထု၏ နစ်နာမှုကို ကိုယ်စားပြုဖွင့်ချကာ၊ တရားမှု အတွက် တိုက်ပွဲဝင်ရန် တာဝန်ရှိသည်။ ဗိုလ်ချုပ် ဟောင်းအုန်းမြင့် သည် ဒီမိုကရေစီကို အတိအလင်း စော်ကားနေ ခြင်းဖြစ်သည်။ ယင်းမှာ လူထုကို စော်ကားခြင်းဖြစ်သည်။ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို တလွဲ အသုံးချနေခြင်း လည်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် လွတ် လပ်စွာ ထုတ်ဖေါ်ခွင့် ဆိုသည်မှာ အစိုးရအာဏာပိုင် များထံတွင်သာ ရှိကြောင်း သက်သေပြနေခြင်းဖြစ်သည်။ ဤသည်ကို မဖေါ်ထုတ်ဘဲ “ပန်းနဲ့ ပေါက် သလာက်ဘဲ သဘော ထားပါ တယ်။” ဟူ၍ ခေါင်းစင်းခံပေးနေသော လွှတ်တော်အမတ်များသည် စနစ်ဟောင်းကို ပြောင်းနိုင်ဘွယ်မရှိပါ။

လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို အထောက်အပံ့ဖြစ်စေမည့် ဥပဒေသစ်များ ပြဌာန်းပေးရန် ဝေး၍ မတရားဥပဒေဖြင့် အရေးယူခံနေရသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များမှုခင်းကိုလည်း လွှတ်တော်အတွင်း မည်သည့် ဆွေးနွေးမှုမျှမပြု။ ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် ဦးရွှေမန်းခေါင်းဆောင်လျှက်ရှိ သော လွှတ်တော်သည် မည်သို့ လျှင် လူ့ အဖွဲ့ အစည်းကို ပြောင်းလဲနိုင်မည်နည်း။

၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ သို့ ပြောင်းသွားခြင်းမှာ လွှတ်တော်က ဦးဆောင်စတင် ခဲ့ခြင်း မဟုတ်ပါ။ အစိုးရ၏ လူ့ အခွင့်အရေးချိုးဖေါက်မှုများကို လူထုအသင်းအဖွဲ့ များက ဖေါ်ထုတ်ရာတွင် သတင်းမီဒီ ယာများက တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ကြသည်။ အမှန်တရားကို ဖေါ်ထုတ်ကြသည်။ ဥပဒေရေးရာ အဖွဲ့  အစည်းများက ပံ့ပိုးပေးကြသည်။ ယင်း၏ အကျိုးဆက်အနေဖြင့် ကျောင်းသားများ၊ အခြေခံလူထုများ၊ နိုင်ငံရေး အင်အားစုများ ပါဝင်သည့် လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆယ်ဂဏန်းတချို့ မျှ အရေအတွက် ရှိသည့် စစ်ဗိုလ်များ အင်ဒိုနီးရှားလွှတ်တော်မှ ထွက်တော်မူ နန်းကခွါခဲ့ရသည်။ လတ်တလော မြန်မာနိုင်ငံ အခြေအနေ တွင် သတင်းမီဒီယာများသည် စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာ ကို ယခုထက်ပို၍ အသုံးပြုလာကြ မည်ဆိုလျှင် ယင်းသို့ မြှော်လင့်ဘွယ်ရှိလာနိုင်သည်။

ယခုအငြင်းပွားသည့် လက်နက်စက်ရုံမှာ လက်ရှိသမတ ဦးသိန်းစိန် က နအဖစစ်အစိုးရ၏ ၀န်ကြီး ချုပ်အနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ထားခဲ့သည့် စက်ရုံဖြစ်သည်။ ယူနီဖေါင်း ချွတ်၊ အရပ်ဝတ် ပြောင်းကာ သမတ တာဝန်စတင်ယူခဲ့စဉ်က ရှင်းရှင်းလင်းလင်းရှိမှု [22] နှင့် တာဝန်ခံမှု [23] ဟူ သော စကားလုံးများကို ရွှန်းရွှန်းဝေအောင် သုံးခဲ့သူဖြစ်၏။ သို့ ဖြစ်ပါလျှက် ၄င်းသည် လူ့ အဖွဲ့ အစည်း ရှင်းရှင်းလင်းလင်း ရှိစေရန် ပံ့ပိုးကူညီ နေသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များကို အဘယ်ကြောင့် အရေးယူနေသနည်း။ အပြောတခြား၊ အလုပ် တလွဲဖြစ်သည်။ အရပ်ဝတ်ပြောင်းထားခြင်းမှာ ၀ိုင်အရက်ဟောင်းကို ပုလင်းသစ်ထဲ သို့ ထည့်ထားခြင်းသာဖြစ်ကြောင်း ပို၍ထင်ရှားလာသည်။ ယင်းသို့ မဟုတ်ဟု ဆိုပါက ယူနီတီဂျာနယ်မှ သတင်းထောက်များအား ဖမ်းဆီး အရေးယူထား ရာမှ ချက်ခြင်းလွှတ်ပေးပြီး အငြင်းပွားလက်နက်စက်ရုံမှာ ဓါတုလက်နက် စက်ရုံမဟုတ်၊ ရိုးရိုး စက်ရုံသာဖြစ်ကြောင်း၊ မယုံလျှင် နိုင်ငံတကာမှ အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း ထုတ်ပြန် လိုက်ရုံမျှ နှင့် ဤပြသနာပြီးဆုံး သွားပါမည်။

မြန်မာနိုင်ငံသည် အမှောင်ဖုံးနေသည့် စစ်အာဏာရှင်အုပ်ချုပ်မှု ဆယ်စုနှစ် ငါးစုကျော် ဖြတ်သန်းခဲ့ ရသော နိုင်ငံဖြစ်သည်။ အလင်းခေတ်ကို ရောက်ရန် သတင်းထောက်များအပါအ၀င် အခြေခံလူထုများသည် နည်း ပေါင်းစုံနှင့် ဆက်လက်ကြိုးပမ်း နေ ကြဆဲဖြစ်သည်။ အလင်းခေတ်ကို မရောက်သေးသည်မှာ အတိအကျဖြစ်သည်။ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု ဟူသည်မှာ အမည်ခံမျှသာ ဖြစ်နေပြီး ယင်းအောက်တွင် စစ်အာဏာ ရှင်စနစ် ကြီးထွားအောင်သာ ဖေါ်ဆောင်ခြင်း ခံနေရသည်။ သာဓက ဖြစ်ရပ်အတော်များများကို ထောက်ပြ လျှက် “သတင်းစာ၊ ဂျာနယ်တွေ လွတ်လပ်ခွင့်ရလာ တယ်ဆိုတာ အာဏာပိုင်တွေ ကြိုက်တာတွေ ရေးနေ ကြလို့ ပါဗျာ။” ဟူ၍ လက်ရှိ ပြည်တွင်းသတင်းထောက် တဦးက ပြောဘူးသည်။

မည်သို့ ပင်ဖြစ်စေ၊ ရေးခွင့်ရ ပြောခွင့်ရသမျှလေးကို အသုံးချလျှက် ရိုးရိုးသတင်းများကို လိုက်လံစု ဆောင်းဖေါ်ပြနေရာမှ တဆင့်မြှင့်ပြီး စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာကို အသုံးချကာ ရှင်းရှင်းလင်း လင်း ရှိသည့် လူ့ အဖွဲ့ အစည်းဖြစ်လာနိုင်ရေးအတွက် ပိုင်းခြားဝေဘန်သုံးသပ်ချက်များတိတိပပ လုပ်လာသည့် သတင်း သမားများအား လေးစားရပါမည်။

ရှင်းရှင်းလင်းလင်းရှိမှုကို စောင့်ကြည့်လေ့လာသည့် နိုင်ငံတကာ အဖွဲ့ အစည်းကြီးက ဖေါ်ပြသည့် ၂၀၁၃ ခုနှစ်အတွက် လာဘ်စားမှု အကင်းစင်ဆုံးနိုင်ငံများစာရင်းတွင် ဒိန်းမတ်နိုင်ငံနှင့် ယှဉ် တွဲ၍ ပထမနေရာရ သည် မှာ နယူးဇီလန်နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံတွင် စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာ အားကောင်းသည်။ နစ်ကီ ဟေဂါ [24] ကဲ့သို့  သတင်းထောက်များနံမည်ကြီးသည်။ မြန်မာနိုင်ငံကဲ့သို့ ပင် နယူးဇီလန်နိုင်ငံတွင် (၁၉၅၁ ခုနှစ်) တရားဝင်လျှို့ ဝှက်ချက်ဥပဒေ မျိုးရှိသော်လည်း ၁၉၈၂ ခုနှစ်၌ တရားဝင်သတင်း ဆိုင်ရာ ဥပဒေပြဌာန်းပြီးနောက်တွင် လွတ်လပ်စွာ ထုတ်ဖေါ် ခွင့် အဆများစွာ ပိုရလာခဲ့သည်။ မြန်မာနိုင်ငံကဲ့သို့ အာဏာပိုင်များလာဘ်စားရာတွင် ထိပ်ဆုံး တန်းနေရာတွင်ပင် ရှိနေ သေးသည့် တိုင်းပြည်၌ စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာ[25] ဖွံ့ ဖြိုးလာမှသာ ဥပဒေစိုးမိုးရေး အတွက် အထောက်အပံ့ဖြစ်စေပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် စီမံလုပ်ဆောင်နေမှုများ၊ အာဏာအလွဲသုံးစား မှုများ၊ လာဘ်စားမှုများ တဖြေးဖြေးလျော့ပါးသွားစေကာ ရှင်းရှင်းလင်းလင်း ရှိသည့် အလင်း ခေတ်သို့ တည်နိုင်ပါ မည်။

ယင်းအတွက် မည်သည့်ပြစ်မှုမျှ ကျူးလွန်ခြင်းမရှိသောယူနီတီဂျာနယ်မှ ဖမ်းဆီးအရေးယူခံ သတင်း သမားများ အားလုံးအား ချွင်း ချက်မရှိ ပြန်လွှတ်ပေးရန် အာဏာပိုင်များ အား ဥပဒေအထောက်အကူပြုကွန်ယက်က တောင်းဆိုလိုက်သည်။ ၄င်းတို့ လွတ်မြောက်လာရေးအတွက် အောက်ပါ အင်အားစုများအနေဖြင့် တခဲနက် စုပေါင်း လှုပ်ရှားကြရန်လည်း အလေးအနက် မေတ္တာရပ်ခံပါသည်။

(၁) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများ။
စစ်အစိုးရများသည် ဓါတု လက်နက် ထုတ်လုပ်သုံးစွဲခဲ့သည့် သာဓကများအား ကရင်ပြည်နယ် နှင့် ကချင်ပြည်နယ် တိုက်ပွဲများအတွင်း တစုံတရာ တွေ့ ကြုံခဲ့ရသည်။ စစ်အစိုးရအဆက်ဆက်သည် မည်သည့် နိုင်ငံခြား တိုင်းပြည်နှင့်မျှ စစ်ခင်းခဲ့ခြင်းမရှိ။ စစ်ခင်းနိုင်ဘွယ်အခြေအနေလည်း မရှိ။ ဓါတု လက်နက်ထုတ်လုပ်သည့် သတင်းမှန်လျှင် ယင်းလက်နက်များမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများကို ချေမှုန်းရန်မှ တပါး အခြားမရှိ။
ယူနီတီ ဂျာနယ်မှ သတင်းထွက်ပေါ်လာခြင်းဖြင့် ယင်းလုပ်ငန်းစဉ် စီမံချက်ကို တစုံတရာ အဟန့် အတားဖြစ်စေ နိုင်သည်။

(၂) ဒီမိုကရေစီ အင်အားစုများ
လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်သည် ဒီမိုကရေစီ ၏ အသက်သွေးကြောဖြစ်သည်။ နိုင်ငံတကာ ဥပဒေ၏ စိုးမိုးမှုအောက်တွင် ဓါတုလက်နက်ကင်းစင်သော နိုင်ငံအနေဖြင့် ရပ်တည်နိုင်ရန် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ကို သုံးစွဲကာ အမှန်တရားကို ဖေါ်ထုတ်ရန် ကြိုးစားသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များ ချွင်းချက်မရှိ လွတ် မြောက်လာရေး အတွက် ကြိုးပမ်းပေးသင့်ပါသည်။

(၃) ဥပဒေပညာရှင်များ နှင့် လူထုအသင်းအဖွဲ့ များ
ဤမှုခင်းမျိုးအား လူ့ အလွှာအလိုက် အကျိုးသက်ရောက်စေနိုင်သည့် မှုခင်း[26] ဟူ၍ နိုင်ငံတကာ တွင် သတ်မှတ်ကြပါသည်။ ဆိုလိုသည်မှာ ဤကဲ့သို့ အချက်အခြာကျသည့် မှုခင်းဖြစ်ရပ်တခုအား ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးနိုင်လျှင် ယင်းနှင့် သက်ဆိုင်သော အလွှာတခုလုံးအတွက် သက်သာခွင့်ရစေမည် ဖြစ်သည့် အပြင် မိမိတို့ နောက်တွင် လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေပညာရှင်များ၊ ဥပဒေရေးရာ အဖွဲ့ အစည်းများ၊ လူထု အသင်းအဖွဲ့ များ ရှိပါကလား ဟူ၍ စိတ်အားတက်ကြွလာစေခြင်းဖြင့် လူ့ အဖွဲ့ အစည်းအပြောင်းအလဲအတွက် ထိ ရောက်သည့် အားဖြစ်စေပါမည်။ စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာကို ကျင့်သုံးသော သတင်းမီဒီယာ လောက အားကောင်းလာစေသင့်သည်။

ဥပဒေအထောက်အကူပြုကွန်ရက် ဖေဖေါ်ဝါရီလ (၄) ရက် ၂၀၁၄ ခုနှစ်

အသေးစိပ်သိလိုပါလျှင်

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
ဆက်သွယ်ရန် ဖုံး၊ (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅

[1] ဖမ်းဆီးခံမိသားစုများ စိုးရိမ်ပူပန်နေကြသည့် သတင်းကို အောက်ပါ လင့်ခ် တွင် ကြည့်ရှုနိုင်ပါသည်။ ယူနီတီ ဂျာနယ် မှ သတင်းထောက်များသည် ထောင်ဒဏ် ၁၄ နှစ်ပြစ်ဒဏ်ကျခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
http://www.youtube.com/watch?v=RBs7B3Ihi14&feature=youtu.be

ပတိရူပဒေသ၀ါသ သင့်လျော်ကောင်းမြတ်သော အရပ်ဒေသ

ပတိရူပဒေသ၀ါသ
သင့်လျော်ကောင်းမြတ်သော အရပ်ဒေသ

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မြတ်စွာဘုရားရှင် ဟောပြောညွန့်ပခဲ့သော မင်္ဂလာတရားတော်များသည် အင်မတန်တန်ဖိုးရှိသည့် စနစ်ကျသည့်တရား တော်များ ဖြစ်ပါတယ်။ လူပညာရှိတွေ၊ နတ်ပညာရှိတွေ ၀ိုင်းဝန်းငြင်းကြခုံကြ အဖြေရှာကြတာ ၁၂ တိုင်တိုင်ကြာ ညောင်းခဲ့ပါတယ်။ ဒါပေမဲ့စစ်မှန်တဲ့ အဖြေကိုမရခဲ့ပါဘူး။ နောက်ဆုံးမြတ်စွာဘုရားထံမှောက်ကို ရောက်ပြီး
မေးမြန်းလျှောက်ထားတော့မှ မြတ်စွာ ဘုရားက မင်္ဂလာတရား ၃၈ ပါးကိုသေချာစွာ ဟောပြော ညွှန်ပြပေးခဲ့လို့အဖြေရခဲ့ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မင်္ဂလာတ ရားတော်တွေဟာ အလွယ် ပေါ်ပေါက်လာတာ မဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်။

မင်္ဂလာတရားတော်တွေကို သေချာစွာလိုက် နာကျင့်သုံးမည်ဆိုလျှင် လိုက်နာကျင့်သုံးသူတွေအတွက် မင်္ဂလာတရား တော်က အာမခံချက်ပေးထားတာက ၀ုဒ္ဓိကာရဏံ၊ ဣဒ္ဓိကာရဏံ၊ သဗ္ဗသမ္ပတ္တိ ကာရဏံ ဧတေသန္တိ မင်္ဂလံ ဆိုသည့်အတိုင်း မိမိ တို့ဘ၀ ကြီးပွါးတိုးတက်မည်၊ အောင်မြင်ကျော်ကြားမည်၊ အလုံးစုံသော မည်သည့်ကိစ္စကိုမဆို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် လို့ဆိုထားပါတယ်။ ဒါကြောင့်တစ်ပါးဆီကို သေချာကျနစွာလေ့လာပြီး လိုက်နာကျင့်သုံးသင့်ပါတယ်။

တချို့သောသူတွေမေးလာတာ ရှိပါတယ်၊ ယနေ့မြန်မာနိုင်ငံမှာ ဆရာတော်တွေရဲ့ တရားပွဲပေါင်း မြောက်များစွာ၊ တရား စခန်းပွဲပေါင်းမြောက်များစွာ၊တရားစာအုပ်ပေါင်းမြောက်များစွာရှိပါတယ်။ အဲဒီတရားပွဲတွေ၊ တရားစခန်းတွေ၊ တရားစာအုပ် တွေမှာလဲ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ဗြဟ္မစိုရ်တရားတွေ၊ သစ္စာရှိဖို့၊ ရိုးသားဖြောင့်မတ်ဖို့စသည့် ကောင်းတဲ့တရား တွေကို မြောက်များစွာ ဟောကြ၊
ရေးကြ၊ ပို့ချကြပါလျက် မြန်မာလူမျိုး အများစုကြီးကို ကြည့်လိုက်သည့်အခါမှာ အခုပြောခဲ့တဲ့ ကောင်းမြတ်တဲ့အချက်တွေဟာ တော်တော် အားနည်းနေတာကိုတွေရပါတယ်။

အဲဒါဘာကြောင့်ပါလဲလို့မေးလာပါတယ်။ဒီမေးခွန်း ကခဏခဏအမေးခံရပါတယ်။အားလုံးဝိုင်းစဉ်းစားပြီးဖြေဆိုရမည့်မေးခွန်းဖြစ်ပါတယ်။ သေသေချာချာ သုတေသနလုပ်ပြီး ဖြေဆို နိုင်ရင်တော့ပိုကောင်းပါတယ်။သူတို့မေးကြသလို တကယ်ပဲ အများစုကြီးက အကောင်းတရားကင်းမဲ့ပြီး အနည်းစုကပဲ ကောင်း နေကြတာလား။
ဒါမှမဟုတ် အနည်းစုလောက်ပဲ မကောင်းပြီးတော့ အများစုကြီးက အကောင်းတရားတွေ ကျင့်သုံးနေကြသလား ဆိုတာကို သေချာစွာ သုတေသနလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ အဲဒါဆိုရင်တော့ မိမိတို့သာသနာပြုတွေက တကယ်ပဲ ကောင်းတဲ့လူက အနည်းစုဖြစ်ပြီးတော့ အများစုကြီးက မေတ္တာတရားတွေခေါင်းပါးပြီး ကိုယ်ချင်းစာတရားကင်းမဲ့ကာ ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုပြီး ကိုယ့်တဖို့တည်း ကြည့်တဲ့သူတွေများနေမယ်၊ အချင်းချင်းသစ္စာရှိမှုတွေ ကင်းပျောက် ရိုးသား မှုတွေအလျဉ်းမ၇ှိကြတော့ပဲ ကျော်မယ် ခွမယ် ပါးပါးလှီးမယ်ဆိုတဲ့ ကလိမ်ကကျစ် သမားတွေများလာမယ် ဆိုရင်တော့ မိမိတို့သာ သနာပြုလမ်းစဉ်ကိုလည်း ပြန်လည်ကာ သေချာစစ်ဆေးရပါမယ်။

ဒီထက်ပိုမိုထိရောက်တဲ့ အောင်မြင်မှု လမ်းစဉ်က ဘယ်လမ်းစဉ် ဆိုရင် အဆင်ပြေမလဲ။ မအောင်မြင်ဘူးဆိုရင်လဲ ဘာကြောင့်မအောင်မြင်ရတာလဲဆိုတာကို သေချာစွာဝိုင်းဝန်းအဖြေရှာကြမယ် ဆိုရင်အင်မတန် ကောင်းမြတ်ပါတယ်။

လူအများစုကြီးရဲ့ရင်ထဲမှာအခုပြောခဲ့တဲ့ ဗုဒ္ဓဟောဖေါ်ညွှန်ပြထားတဲ့ တရားဓမ္မတွေဟာ လူတွေရဲ့နှလုံးသားထဲမှာဘာ ကြောင့်မရောက်သလဲ။ ဘာကြောင့် မကျင့်ကြသလဲဆိုတဲ့ အမြင်လေးကို သိသလောက် လေ့လာလို့ရသလောက်ကို ဆွေးနွေးပြချင်ပါတယ်။ မြတ်စွာ ဘုရားရှင် ဟောဖေါ်ညွှန်ပြထားတဲ့ မင်္ဂလာတရားတော်တွေထဲက ပတိရူပဒေသ၀ါသမင်္ဂလာ တရားတော်ကို မိမိနားလည် သလောက် ဆွေးနွေးပြချင်ပါတယ်။ ပတိရူပဒေသ၀ါသ
ဒေသ၀ါသ ရဲ့အဓိပ္ပါယ်ကသင့်လျော် လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသမှာ ကျင့်သုံးနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မိမိတို့နေထိုင်ရသော အရပ်ဒေသ သည် တကယ် ပတိရူပဒေသ၀ါသ အရပ်ဒေသဟုတ်ရဲ့လားဆိုတာကို သေချာစွာ စီစစ်ကြည့်ဖို့လိုပါတယ်။

ယနေ့မြန်မာနိုင်ငံရဲ့အခြေအနေကို ဥပမာတခုနဲ့ တင်စားပြီးနှိုင်းယှဉ် ဆွေးနွေးကြည့်ရအောင်ပါ။ နံရံလေးဘက်ရှိတဲ့ အခန်းကြီးရဲ့နံရံတွေကို အဖြူရောင်ဆေးတွေ သုတ်လိမ်းထားပါတယ်။ အဲဒီနံရံတွေမှာ မေတ္တာ၊ ကရုဏာ၊မုဒိတာ၊ သစ္စာ၊ သီလ၊သမာဓိ၊ပညာ၊ မဂ္ဂင် ၈ပါး၊ ဗောဓိပက္ခိယတရား ၃၇ ပါး စသည့်ကောင်းမြတ်တဲ့တန်ဖိုးရှိတဲ့ ဗုဒ္ဓရဲ့တရားတွေရေးလိုက်ပါ။ အားလုံးကို ထင်ထင်ရှားတွေ့ရမှာဖြစ်ပါတယ်။ အဲဒီလိုရေးပြီးတဲ့အချိန်မှာ အခန်းရဲ့အလယ်မှာ မီးခိုးမှိုင်းတွေအင်မတန်ထွက်တဲ့ ဖားမီးခွက်ကြီး ၁၀ လုံးလောက်ထွန်းလိုက်ပါ။ အဲဒီဖားမီးခွက်ကြီးကို မီးထွန်းထားတာ ကြာလာတာနှင့်အမျှ ခုနကမြင်တွေ့နေရတဲ့ မေတ္တာ၊ ကရုဏာ၊မုဒိတာ၊ သစ္စာ၊ သီလ၊ သမာဓိ၊ ပညာ၊ မဂ္ဂင်၈ပါး၊ ဗောဓိပက္ခိယတရား ၃၇ ပါး စသည့်ကောင်းမြတ် တဲ့တန်ဖိုးရှိတဲ့ ဗုဒ္ဓရဲ့တရားတော်တွေဟာ မီးခိုးမှိုင်းတွေအဖုံးခံရပြီးတော့ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

မီးခိုးမှိုင်းတွေစွဲနေပြီးတော့မှ အဲဒီနံရံတွေပေါ်မှာ ခုနကဖေါ်ပြခဲ့တဲ့ ကောင်းမြတ်တဲ့တရားတွေကို ထပ်ပြီးရေးမယ်ဆိုရင်လည်း ကောင်းစွာမြင်ရမှာ မဟုတ်တော့ပါဘူး။

ယနေ့မြန်မာနိုင်ငံရဲ့ အခြေအနေကိုပြန်ကြည့်တော့ မြန်မာနိုင်ငံကြီးဟာ မီးခိုးမှိုင်းတွေဘအင်မတန်ထွက်တဲ့ ဖားမီးခွက်ကြီး တွေအလုံးပေါင်းမြောက်များစွာ တနိုင်ငံလုံး အထွန်းခံထားခဲ့ ရပါတယ်။ ဦးနေ၀င်းကြီး အာဏာသိမ်းချိန်ကစလို့ ရေတွက်မယ်ဆိုရင် ယနေ့ထိ နှစ်ပေါင်း ၅၁ နှစ်ကြာခဲ့ပါပြီ။ မြန်မာပြည်သူတွေရဲ့ပကတိဖြူစင်တဲ့ နှလုံးသားတွေမှာ အချိန်ပေါင်းမြောက်များစွာ မှိုင်း တွေအစွဲခံခဲ့ကြရပါတယ်။ ဒီမှိုင်းတွေထွက်နေတဲ့ မီးခွက်ကြီးတွေ မဖယ်ရှားနိုင်သရွေ့ နံရံတွေဟာမှိုင်း တွေထပ်စွဲကာ ထပ်ထပ်ဖုံး နေအုံး မှာဖြစ်ပါတယ်။

ဒီမီးခွက်ကြီးတွေကို ငြိမ်းဖို့ သာသနာအာဇာနည် ဆရာတော်တွေ အသက်နှင့်လဲကာ ရင်ပြီး ဟောကြပြော ကြရေးသားကြတယ်။ တွန်းလှန်တိုက်ပွဲတွေ ၀င်ကြတယ်။ သာသနာ့ အာဇာနည်တွေ ပျံလွန်တော်မူကြရတယ်။ တချို့အနှိပ်စက်ခံရလို့ ရူးသွပ်ကာ ဘ၀တွေပျက်သွားကြရတယ်။ ပညာရှင်နိုင်ငံ အာဇာနည်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ ပြည်သူအာဇာနည်တွေ စုပေါင်းကာဒီမီးခွက်ကြီးတွေကိုငြိမ်းဖို့ကြိုးစားကြတယ်။ ကြိုးစားတိုက်ပွဲရင်း
သေပွဲဝင်ခဲ့ကြရတယ်။ မီးခွက်ကြီးတွေတော်တော်များများကိုလည်း ဖယ်ရှားပေးနိုင်ခဲ့ကြပါတယ်။

ဆရာတော်တွေက မေတ္တာတရားတွေ သစ္စာတရားတွေ ကောင်းမြတ်တဲ့ တရားတွေကို ကျင့်ဆောင်ကြဖို့ ဓမ္မာရုံကြီးထဲမှာ ဟောပြလိုက်တယ်။ ဓမ္မာရုံကြီး အပြင်ရောက်လို့ ဖိနပ်ကြည့်လိုက်တော့ မိမိဖိနပ်က မရှိတော့ဘူး။ မှိုင်းကအဖုံးခံရပြီ။ ဆက်ကျင့် သေးတယ်၊ ဖိနပ်ပျောက်လည်းကိစ္စမရှိဘူး၊ လှူတာပေါ့ ခန္တီ သည်းခံရမယ်။ ရှေ့ဆက်သွားတယ်။ ကားစီးပြီ၊ စပါယ်ယာက ဟောက်တယ်။ ကားချောင်ချောင်စီးချင်ရင် ကိုယ်ပိုင်ကားစီးရှေ့ကိုတိုး ပြောနေတာမရဘူးလား။

မှိုင်းကအဖုံးခံရပြီ၊ အိမ်ပြန်ရောက် တော့ တရားပွဲကပါလာတဲ့ တရားခွေလေး ထိုးကြည့်တယ်။ မီးကပျက်သွားတယ်။ ပူအိုက်လို့ရေချိုးအုံးမှဆိုပြီး ရေဖွင့်တော့ ရေကမလာ၊ တော်ကြာဧည့်စာရင်းစစ်မယ်ဆိုပြီး ရောက်လာဟောက်လား ငေါက်လားဆဲလားဆိုလားတွေလုပ်။ အိမ်ရှင်လည်း ခွင့်မတောင်း ၀င်ချင်သလိုဝင်ထွက်ချင်သလိုထွက် ဘာမှပြောဆိုပိုင်ခွင့်မရှိ။ လယ်မြေယာမြေ ခြံမြေ သူတို့သာလိုချင်ချက်ခြင်း ထွက်ပေးရတယ်။ ဟိုကြေးဒီကြေး အခွန်အခ ကောက်ခံမှုတွေကများ၊ မိမိဘ၀၊မိသားစုဘ၀ ဘာမှလုံခြုံမှုမရှိ၊ သားသမီးတွေရဲ့ အနာဂါတ်ကြည့် တော့ ဘွဲ့ရပညာတတ်တွေကအစ ဆိုက်ကားနင်းနေကြရ၊ သူများနိုင်ငံတွေမှာ ရောင်းစားခံနေကြရဆိုတော့ အကုန်လုံးပြန် ကြည့်တော့ မှိုင်းတွေက တနိုင်ငံလုံး ထွက်ချင်တိုင်း ထွက်နေလေတော့ ဖြူစင်တဲ့နှလုံးသားတွေဟာ မှိုင်းတွေ အဖုံးခံနေကြရပါတယ်။ အာဏာမှိုင်းတွေမြောက်များစွာ အဖုံးခံရတဲ့နိုင်ငံဟာ ပတိရူပဒေသ၀ါသ သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အရပ် ဒေသမဟုတ်ပါဘူး။

အထူးကံကောင်းသည်မှာ သာသနာအာဇာနည်ဆရာတော်တွေက မှိုင်းတွေဖုံးနေတဲ့ကြားထဲက အသက်ကို ပဓာနမထားပဲ မှိုင်းမီးခွက်ကိုလည်းပယ်ရှားကာ တရားဓမ္မတွေကိုဟောပြလျက် မိမိနေထိုင်ရာ အမိနိုင်ငံတော်ကြီးကို ပတိရူပဒေ သ၀ါသ သင့်လျော် လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသကြီးဖြစ်အောင် ကြိုးစား ဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်းကို အသိပေးပြောကြားလိုက်ပါတယ်။

လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာနိုင်ပြီ..

လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာနိုင်ပြီ..

ပရိသတ်....

ဒီနေ့ အင်ဒိုနဲ့ ပွဲမှာ ပရိသတ်ပေါက်ကွဲ တာကို အပြစ်တင် မစောကြပါနဲ့ ကိုယ့်မြန်မာအသင်းကို ဖြစ်စေချင်တဲ့ဇော၊ နိုင်စေချင်တဲ့ဇောကြောင့် ဝင်ခွင့်လက်မှတ်ကို ပုဆိုးမနိုင် ပုဝါမနိုင် နေပူကြဲတဲမှာ တိုးကြိတ်ဝယ်ယူ၊ မရတော့လည်း ရှိတာလေး ပေါင်နှံမှောင်ခိုဈေးမှာ ၁၀ဆမက ဈေးနဲ့ဝယ်ယူ...။ အလုပ်ပျက်၊ အကိုင်ပျက် ရည်မှန်းချက် မျှော်မှန်းချက်တွေ အပြည့်နဲ့ အားပေးခဲ့ရရှာတာပါ..။ ရှုံးပြီဆိုတဲ့ အသိကို လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့ အချိန်မှာ Tempo မထိန်းနိုင်တဲ့ ပရိသတ်အချို့ ပေါက်ကွဲခဲ့ကြပြီပေါ့..။
ဘောလုံးကွင်းထဲမှာ သံပြိုင်အားပေး၊ တက်လာတဲ့ Tempo ကိုရှုံးတယ်ဆိုတဲ့ Breakဆွဲချလိုက်တော့ အရှိန်မထိန်းနိုင်ပဲ ပေါက်ကွဲမှုတွေ ဖြစ်ကုန်ကြရရှာပြီပေါ့..။ ကိုယ့်ပြည်ကိုယ့်မြေမှာ အုပ်စုပွဲမှာပင် ထွက်ရတယ်ဆိုတဲ့ ရလဒ်ဟာ ပရိသတ်အတွက် ခဲလေသမျှ သဲရေကျခဲ့ရတာပါ..။

မြန်မာအသင်း...

ဂိုးတလုံးဝင်ရင် သိန်းတရာ(ဒေါ်လာ၁သောင်း)ဆိုတဲ့ ဘဏ်တခုရဲ့ ငါးစာဟာလည်း ဘောလုံးသမားတွေအတွက် အိပ်မက်တခု ဖြစ်စေသလို Selfish ဆိုတဲ့ စိတ်ဓာတ်ကို ရိုက်သွင်းပေးသလို ဖြစ်နေတော့ မြန်မာနိုင်ငံလို ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်း ထပ်တူကြဖို့ မဖြစ်နိုင်တဲ့ အားကစားသမားတွေ အတွက် သိန်းတရာအရေး သူနိုင်ကိုယ်နိုင် အပြိုင်သွင်းကြပြီပေါ့။ ဒီပွဲကို ပြန်ကြည့်လိုက်တော့လည်း ပယ်နယ်တီဆိုတဲ့ အဆုံးအဖြတ် တခုဟာ အနိုင်အရှုံးရဲ့ အဖြေဖြစ်ခဲ့ရပါတယ်..။

နည်းပြ...

ဒီနေ့ Lineup စကတည်းက သရေဆိုရင် တက်ပြီဆိုတဲ့ တက်မ ထောင်မှုနဲ့ အရံတွေကို ထုတ်သုံး ပြိုင်ဘက်အသင်းကို အထင်သေး လူရွေးမှား လူသွင်းမှားတဲ့ အဓိကတာဝန်ရှိသူ တဦးလို့ မြင်ပါတယ်...။

ဒိုင်...

ဒိုင်သူ့အလုပ် သူလုပ်တယ်ဆိုပေမယ့် ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်သလို မလိုအပ်ပဲ ပစ်ဒဏ်ဘောတွေ ပေးနေတဲ့အတွက် ဝီစီသံတရွှင်ရွှင်နဲ့ ဘောလုံးအရသာ ပျက်ခဲ့ရပါတယ်..။

ပရိသတ်.. အတိုင်းထက်အလွန် အားပေးခဲ့ကြသည်။ ရည်မှန်းချက် ကြီးမားခဲ့ကြသည်.။

သို့ပေတည့် ကျွန်တော်တို့တတွေ ဘယ်လောက်ပင် ဘောလုံးသမားတွေ ကောင်းကောင်း လူမှန် နေရာမှန် မသုံးတတ်သရွေ့၊ အားကစားနဲ့ အသက်မွေးဝမ်းကြောင်းမှု တထပ်တည်း မကျသရွေ့၊ ဘောလုံးနဲ့ အားကစားကို ငယ်စဉ်ကတည်းက ကျောင်းတွေမှာ လေ့ကျင့်မပျိုးထောင်သရွေ့၊ ကျောင်းတိုင်းမှာ ကစားကွင်းတွေ သတ်သတ်မှတ်မှတ် မထားပေးသရွေ့၊ ဘယ်လောက်ပင် တော်တော် လူကြီးနဲ့ နီးစပ်သူတွေ အကပ်ကောင်းသူတွေသာ ရွေးချယ်ခံရတဲ့ လူကြီးခေတ် မကုန်သရွေ့၊ မီးခဲပြာဖုံးတွေ အပေါ်မရောက်သရွေ့၊ ရွှေပြည်တော် မျှော်လေတိုင်းဝေးနေဦးမှာပါ။

အချုပ်အားဖြင့် ဆိုသော်...
မြန်မာဘောလုံးအသင်းကို နိုင်စေချင်တဲ့ ကျွန်တော်တို့တတွေ
မြန်မာဘောလုံးအသင်း ကိုယ့်နိုင်ငံ့ကိုယ်စားပြု ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေသရွေ့ မှတပါး အခြားမရှိသည့်အတွက် ဆက်လက် အားပေးနေကြရဦးမှာပါ..။

လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာဆိုတဲ့ အိပ်ပျော်နေတဲ့ နဂါး ပြန်လည် နိုးထလာမှာပါ..။

ဒီမိုဝေယံ

အသေထွက် ကျော်သူ (နိုင်မြန်မာ)

အသေထွက် ကျော်သူ
(နိုင်မြန်မာ)

    “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် ချမ်းသာအောင်လုပ်” ၊ “ဘကွန်းကို မနှောက်ယှက်နဲ့၊ နှောက် ယှက်ရင် ဒီ… ဝါးရင်းတုတ်နဲ့တွေ့မယ်” ၊ “ကျူးကျော်စော်ကားလာသူတို့ကို ဖြောင်းဖျပြောဆိုနေလို့ အလကားဘဲ၊ မိမိရရ ရိုက်နှက်ဆုံးမခြင်းသာ အကောင်းဆုံးဘဲ” ၊ “တူ ဖြစ်ခဲ့တုန်းက သူများတကာကို ထုခဲ့ ပြီးတော့၊ ပေ ဖြစ်တဲ့အခါ ခံနိုင်ရည်ရှိမှ ယောင်္ကျားပီသတယ်” ၊ “လူက ကျားကိုသတ်တော့ အမဲလိုက် တယ်တဲ့၊ ကျားက လူကိုကိုက်တော့ ကျားဆိုးတယ်တဲ့” စသည့်စကားလုံးများ၊ ဒဿနများဖြင့် ပြည်သူ လူထုတို့၏ နှလုံးသားအားဆွဲကိုင်လှုပ်ခဲ့သော ကျွန်တော်၏ ကျေးဇူးရှင် အဘဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဍား ဘကွန်းဝတ္ထုအား ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျွန်တော်၏ဖခင် ဦးစိန်တင်၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီအတွက်ရိုက်ကူးခဲ့သော ကျော်သူ၊ ထက်ထက်မိုးဦး၊ စိုးမြတ်နန္ဒာ၊ ဇာဂနာ၊ ဇော်ဦးတို့ ပါဝင်သရုပ် ဆောင်ခဲ့သည့် “ပုဏ္ဍားဘကွန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် တေးရေး နိုင်မြန်မာ ၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသော စကားလုံးများဖြင့် ပုဏ္ဍားဘကွန်း၏ အနစ်နာခံပေးဆပ်မှုများအား ရေးဖွဲ့ထားသော သီချင်းသည်လည်း ကျွန်တော်၏ဘဝနှင့် ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူလူထုတို့အား အားမာန်အပြည့် ဖြည့်တင်းပေးနိုင်ခဲ့သော သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့သည်။

    “ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်” ဟူသော စကားလုံးသည်လည်း ကျွန်တော်၏ဘဝ တစ်ဆစ်ချိုးကို ပြောင်းလဲပစ်နိုင်သော အဖိုးတန် ဒဿနတစ်ခုဖြစ်ခဲ့သည်။ ယင်း စကားလုံးသည်လည်း ကျေးဇူးရှင် အဘ ဆရာကြီး မင်းသိင်္ခ၏ “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုထဲတွင် ပါဝင်သောစကားလုံးဖြစ်သည်။

ယင်း “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုအားလည်း ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မင်းသမီး ထွန်း အိန္ဒြာဗိုလ် ဖြင့်ရိုက်ကူး၍ အောင်မြင်ခဲ့သည့် DVD ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကား၏ ဇာတ်ဝင်တေးသီချင်းအားလည်း တေးရေးဆရာ နိုင်မြန်မာမှ ရေးဖွဲ့ပေးခဲ့သည်။ ထို့အပြင် မြန်မာ့ရုပ်ရှင် လောကတွင် အကယ်ဒမီဆု (၇)ဆု ရရှိခဲ့သော ကျွန်တော် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ကျွန်တော်၏ ဖခင်ကုမ္ပဏီဖြစ်သော အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သော “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားကြီး ၏ မိဘမေတ္တာ သရုပ်ဖော်သည့် တေးသီချင်းအားလည်း တေးရေး နိုင်မြန်မာမှ သီကုံးရေးဖွဲ့ပေးခဲ့သည်။

    ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ ခေတ်သမိုင်းဝင်ခဲ့သော (၈၈) အရေးအခင်းကာလမှ စ၍ ယနေ့တိုင် ဂန္တဝင်ကျောင်းသားသီချင်းဖြစ်သည့် “ကမ္ဘာမကြေဘူး” သီချင်းကြီးအားလည်း ကိုယ်တိုင် ပြည်သူလူထုနှင့် ထပ်တူခံစား၍ ရေးဖွဲ့ခဲ့သူသည်လည်း တေးရေးဆရာ နိုင်မြန်မာ ဖြစ်တော့သည်။

    ထိုထိုသော တန်ဖိုးမဖြတ်နိုင်သော ဂန္တဝင်သီချင်းများအား ရေးဖွဲ့ခဲ့သည့် အစ်ကိုကြီးဖြစ်သူ နိုင်မြန်မာနှင့် ကျွန်တော် မဆုံစည်းခဲ့ရသည်မှာ (၁ဝ) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ယခု ကျွန်တော်ကိုယ်တိုင် လူမှုရေးသမားတစ်ယောက် ဖြစ်လာသော အချိန်ကာလတွင် ကျွန်တော်သည်လည်း လူမှုရေးသမားများ၏ ခံစားချက်များ၊ ပြည်သူလူထုတို့၏ဘဝများနှင့် ထပ်တူကျကာ ပြည်သူလူထုကိုယ်စား၊ လူမှုရေးအသင်းအဖွဲ့ များ ကိုယ်စားရေးသားခဲ့ဖူးသော ဆောင်းပါးများ၊ အင်တာဗျူးများအားပေါင်းစီး၍ ထုတ်ခဲ့သော “ကျွန်တော် သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်ဟူ၍ ပဉ္စဂံစာပေတိုက်မှ ထုတ်ဝေခဲ့သည်။ ယင်း “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်အား ကျွန်တော်၏ အသက် (၅၄) နှစ်မြောက် မွေးနေ့အဖြစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ရာ ကျွန်တော်၏ မိတ်ဆွေဟောင်းများ၊ ကျေးဇူးရှင်များ၊ နိုင်ငံဂုဏ်ဆောင်ပုဂ္ဂိုလ်များနှင့် စာပေပညာရှင်များ အား ဖိတ်ကြားခဲ့ရာတွင် တေးရေးဆရာ နိုင်မြန်မာ ပါဝင်ခဲ့သည်။

ထိုအချိန်တွင် တေးရေးဆရာ နိုင်မြန်မာ သည် ကျန်းမာရေးကြောင့် ကြွရောက်နိုင်ခြင်း မရှိခဲ့ချေ။ ကျွန်တော်သည်လည်း ထိုစာအုပ်မိတ်ဆက်ပွဲအပြီး ကချင်ပြည်နယ်၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကရင်ပြည်နယ်များသို့ ဗြဟ္မစိုရ်ခြေလှမ်း ပရဟိတဟောပြောပွဲ ဖိတ်ကြားထားသည့်အတွက် မအားလပ်ခဲ့ချေ။

ကျွန်တော်ရန်ကုန်မြို့သို့ ၂၈.၁၁.၂ဝ၁၃ ရက်နေ့ ညအချိန် တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နားချိန်မရှိ အများအကျိုးကိစ္စရပ်များအား လုပ်ကိုင်ခဲ့ရာ ယနေ့ ၃ဝ.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်ခန့်တွင် ကျွန်တော်ထံ အစ်ကိုကြီးဖြစ်သူ တေးရေး နိုင်မြန်မာ ရောက်ရှိ လာခဲ့တော့သည်။ ကျွန်တော့်အား  “ကျုပ်တို့လူကြီး (ကိုကျော်သူ) ၅၄ နှစ်ပြည့် မွေးနေ့အမှတ်တရ” ဟု ရေးသားထားသော “အသေထွက်” ဟူသော ကဗျာတစ်ပုဒ်အား မွေးနေ့လက်ဆောင်အဖြစ် လာရောက်ပေး ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဂန္တဝင် တေးရေး နိုင်မြန်မာ ရေးဖွဲ့ပေးထားသော “အသေထွက်” ဟူသော ကဗျာ အား အများပြည်သူတို့ထံသို့ ကျွန်တော်ချပြမိပါတော့သည်။

အသေထွက်
လူနဲ့လူချင်းတောင်မှ
အင်အားနဲ့နင်းခြေ
အာဏာတွေနဲ့ အော်ငေါက်
ဓနငွေနဲ့ ပစ်ပေါက်ပြီး
ချော့တစ်ခါ ခြောက်တစ်လှည့်မို့
သူရို့တွေ ခြေဖဝါးအောက်
ရောက်မြဲတိုင်း ဘဝတွေ

အခုတော့ဖြင့် “ပြီးပါပြီ”… လေ
ကမ္ဗည်းစာတွေကို ကဗျာတွေစီလို့
ငါမသေမီ ရောက်အောင်ပို့ခဲ့မယ်
ချို့ငဲ့သူတွေ …

ဘယ်သူသေသေ
“ဒူဝေဝေ”… ကြေးစည်ထုပါလို့
သွားလေသူတို့ရဲ့ နောက်ဆုံးခရီးမှာ
အတန်တန်ကြီးသာ… မှာလိုက်ချင်ရဲ့
သည်းခြေမဲ့ သတ္တဝါတွေလို
နင်တို့တွေ အမှတ်မရှိ
နောက်တစ်ခါ ပြန်မလာမိကြစေနဲ့
မခင်တွယ်လေနဲ့တော့… ဒီတိုင်းပြေ

နာကျည်းစရာတွေနဲ့သာ ပြည့်နှက်လို့
အဲဒီလူတွေလက်အောက်က
အသေထွက်ရရှာတဲ့ ဘဝတွေ
လွတ်ရာကိုသာ သွားကြပေတော့
နင်တို့တွေ သေလို့ပြီးတဲ့နောက်
ငါ့အလှည့်ရောက်တဲ့အခါ
မငဲ့မညှာ
ဆက်ဆက်သာ.. လိုက်လာခဲ့မှာမို့
ကြေးစည်ကိုသာ… နာနာထုပါလို့
ငါတို့လူ.. ကျန်သူတချို့ရယ်က
တစ်လှည့်… ငါ့ကိုပို့ ။
                                          
    နိုင်မြန်မာ
                                              ၂၉ နိုဝင်ဘာ ၂ဝ၁၃
(ကျုပ်  တို့  လူ  ကြီး  “ ကို  ကျော် သူ ”  ၅ ၄  နှစ်  ပြည့်  မွေး  နေ့  အ  မှတ်  တ  ရ)